အသင်းတော်များကို ထပ်ဆင့်ခွဲခြင်းမှ သင်ယူရရှိသည့် သင်ခန်းစာများ

22.05.2022

ရီးရှင် အမေရိကန်နိုင်ငံ

အရင်နှစ် အစောပိုင်းမှာ ကျွန်မတို့ရဲ့ လူသစ်အသင်းတော်တွေက သိပ်ကြီးလာတော့ ခေါင်းဆောင်က ကျွန်မနဲ့ တခြားတွဲဖက်အမှုဆောင်တွေရဲ့ တာဝန်တွေကို ပြန်ခွဲဖို့ ဆုံးဖြတ်တယ်။ အစတော့ ဒါကို ကျွန်မသိပ်မတွေးဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ဘာတွေဖြစ်နေသလဲဆိုတာကို ကျွန်မပိုသိလာတဲ့အချိန်မှာ ကျွန်မတာဝန်ယူရမဲ့ အသင်းတော်တွေက ပြဿနာတွေ ပိုရှိနေတာကို တွေ့ရတယ်။ အသင်းသားအများစုက သူတို့ယုံကြည်မှုမှာ ကောင်းကောင်းအခြေမကျသေးဘူး။ ခေါင်းဆောင်တွေ၊ သင်းထောက်တွေကိုလည်း အကုန် မရွေးချယ်ရသေးဘူး။ ဒါပေမဲ့ အစ်မလျူဦးဆောင်ရတဲ့ အသင်းတော်တွေက ကျွန်မအသင်းတော်တွေထက် အများကြီးပိုအဆင်ပြေနေတယ်။ အဲဒီယုံကြည်သူအသစ်တွေက တော်တော်အခြေခံခိုင်မာပြီး အစွမ်းအစကောင်းရှိကြတာ။ သူတို့ရဲ့ခေါင်းဆောင်တွေ၊ သင်းထောက်တွေကလည်း တကယ်ကို တာဝန်သိစိတ်ရှိကြတယ်။ ကျွန်မသူ့ကို မနာလိုမဖြစ်ဘဲ မနေနိုင်ခဲ့ဘူး။ ဘာကြောင့် သူက ပိုကောင်းတဲ့ အသင်းတော်တွေကို ရပြီး ကျွန်မအသင်းတော်တွေက ပြဿနာတွေအများကြီး ရှိနေတာလဲဆိုတာကို ကျွန်မတွေးနေမိတယ်။ ကျွန်မက တော်တော်အားစိုက်ပြီး လုပ်ရတော့မှာလေ။ အလုပ်တွေကို လည်ပတ်အောင် ကျွန်မ မလုပ်နိုင်ရင် ခေါင်းဆောင်က ကျွန်မကို ဘယ်လိုထင်မလဲ။ ကျွန်မက အရည်အချင်းမရှိဘူး၊ ဘာကိုမှ ပြီးအောင် မလုပ်နိုင်ဘူးလို့ ပြောမှာလား။ ကျွန်မကို သူသိပ်အထင်ကြီးမှာ မဟုတ်ဘူးပေါ့။ အဲဒီလိုစဉ်းစားမိတော့ တော်တော်မကျေမနပ်ဖြစ်မိရော။ နောက်ပိုင်းမှာ အဲဒီအသင်းတော်တွေရဲ့ စုဝေးပွဲတွေကိုသွားတော့ ကိုင်တွယ်ဖို့ အချိန်အများကြီးကုန်တဲ့ ပြဿနာတွေက အမြဲတမ်းရှိနေတယ်။ အသင်းတော်တွေ တစ်ပါးပြီးတစ်ပါး ဒီပြဿနာတွေအားလုံးရှိကြတယ်။ ကျွန်မအိပ်ချိန်လည်း သိပ်မရဘူး။ တော်တော်ကို ရုန်းကန်နေရတာ။ အစ်မလျူပြီးအောင်လုပ်ဖို့ တစ်နာရီလိုတဲ့ အလုပ်တစ်ခုက ကျွန်မအတွက် နှစ်နာရီ၊ သုံးနာရီကြာတယ်ဆိုပြီး တွေးမိတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ကျွမ်းကျင်မှုက နည်းတယ်။ ဒါပေမဲ့ အသင်းတော်တွေမှာ ပြဿနာတွေ အများကြီးရှိနေတာ။ အချိန်တွေ၊ အားအင်တွေ အများကြီးစိုက်ထုတ်ပေမဲ့ သိသာတဲ့ တိုးတက်မှုက ရှိမနေဘူး။ ဒီတော့ ခေါင်းဆောင်က ကျွန်မရလဒ်တွေကို အစ်မလျူရဲ့ ရလဒ်တွေနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ ကျွန်မက သာမန်ပဲ၊ ကျွန်မလုပ်တာ မကောင်းဘူး၊ အစ်မလျူကို လိုက်မမီဘူးလို့ သေချာပေါက် ခံစားရမှာပဲပေါ့။ အဲဒီအချိန်ကာလအတွင်း ကျွန်မက တော်တော်ဆိုးတဲ့ အခြေအနေမှာ ရှိနေတာ။ ပြဿနာတစ်ခုကို ကြုံရတဲ့အခါတိုင်း တော်တော်စိတ်ညစ်ပြီး မတရားခံရသလို ခံစားရတယ်။ ကိုယ်ရောစိတ်ပါ ပင်ပန်းနေခဲ့တာ။ အဲဒါနဲ့ ဆုတောင်းပြီး ရှာဖွေဖို့ ဘုရားရှေ့ကို ကျွန်မလာခဲ့တယ်။ “ဘုရားသခင်၊ ဒီအလုပ်ဖြန့်ဝေမှုကို ကိုယ်တော်က ခွင့်ပြုခဲ့ပြီး ကိုယ်တော်ရဲ့အစီအစဉ်တွေကို သမီးနာခံသင့်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ သမီးတွန့်ဆုတ်နေတုန်းပဲ။ ကိုယ်တော်ရဲ့အလိုတော်နဲ့ သမီးရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို နားလည်အောင် ဉာဏ်ဖွင့်ပေးတော်မူပါ” ဆိုပြီးလေ။

နောက်တော့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ကျွန်မဖတ်ရတယ်။ တစ်ပိုဒ်က အဲဒီအချိန်က ကျွန်မအခြေအနေနဲ့ ကွက်တိပဲ။ ဘုရားသခင်က ပြောသည်- “သင်၏ ဝန်ထုပ်ဝန်ပိုးကို တိုးမြှင့်ခြင်းသည် သင့်အတွက် ခက်ခဲစေရန် ပြုလုပ်ခြင်းမဟုတ်ဘဲ အတိအကျလိုအပ်သည့်အရာပင် ဖြစ်သည်။ ဤသည်မှာ သင့်တာဝန်ဖြစ်၏။ ထို့ကြောင့် မိမိစိတ်ကြိုက် ရွေးချယ်ရန်သော်လည်းကောင်း၊ ငြင်းရန်သော်လည်းကောင်း၊ ခေါင်းရှောင်ရန်သော်လည်းကောင်း မကြိုးစားနှင့်။ ဤသည်မှာ ခက်ခဲသည်ဟု အဘယ်ကြောင့် သင်ထင်သနည်း။ အမှန်တကယ်တွင် သင်သည် အနည်းငယ်ပို၍ ကြိုးစားလျှင် ဤအရာကို ဖြစ်မြောက်အောင် လုပ်နိုင်စွမ်း အပြည့်အဝ ရှိလိမ့်မည်။ ဤတာဝန်ကို ခက်ခဲသည်ဟု သင်ခံစားရခြင်း၊ သင့်အနေဖြင့် မမျှမတ ဆက်ဆံခံရသည့်အလား၊ အကျပ်ရိုက်အောင် တမင်ပြုလုပ်ခံထားရသည့်အလား ခံစားရခြင်းသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု ပွင့်အန်ထွက်လာခြင်း ဖြစ်သည်။ ဤသည်မှာ မိမိတာဝန်ကို ထမ်းဆောင်ဖို့ ငြင်းဆန်ခြင်းဖြစ်ပြီး ဘုရားသခင်ထံမှ လက်မခံခြင်းဖြစ်သည်။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ သင်သည် သင့်တာဝန်ကို မိမိစိတ်ကြိုက် ရွေးချယ်ယူပြီး အနေချောင်ကာ လွယ်ကူသောတာဝန်ကို၊ သင့်အား အမြင်ကောင်းစေသော တာဝန်ကို လုပ်ဆောင်သောအခါ ဤသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ သင်သည် လက်ခံခြင်းနှင့် နာခံခြင်းကို မစွမ်းဆောင်နိုင်လျှင် ဤသည်မှာ ဘုရားသခင်အပေါ် သင်ပုန်ကန်နေဆဲ ဖြစ်သည်ကိုလည်းကောင်း၊ သင်ပြန်လည်ခုခံနေကာ ငြင်းဆန်နေပြီး ရှောင်နေသည်ကိုလည်းကောင်း သက်သေပြ၏။ ယင်းသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်သည်ကို သင်သိသောအခါ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ အခြားတစ်ယောက်ယောက်ထံသို့ ခန့်ခွဲပေးထားသော တာဝန်တစ်ခုသည် ပြီးမြောက်ရန် နှစ်ညနေလောက်သာ ကြာမည်ဖြစ်သော်လည်း သင့်ထံ ပေးအပ်လာသော တာဝန်ကမူ သုံးရက်၊ သုံးညကြာနိုင်ကာ အတွေးနှင့် အားစိုက်မှုများစွာ လိုနိုင်သည်၊ သုတေသနများစွာ လုပ်တော့ရမည်ဟု သင်ခံစားရသောအခါ ဤအရာက သင့်ကို မပျော်မရွှင်ဖြစ်စေသည်။ သင်မပျော်ရွှင်သည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) သေချာပေါက် မမှန်ပေ။ ဤအရာက မှားသည်ဟု သင်ခံစားရသောအခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် သင်၏ စိတ်နှလုံးထဲတွင် အတိုက်အခံဖြစ်ပြီး ‘ဤသည်မှာ ငါက သဘောကောင်းပြီး အသုံးချရန် လွယ်ကူသောကြောင့်ဖြစ်သည်။ လွယ်ကူသော တာဝန်များ၊ လူများကို အမြင်ကောင်းစေသည့် တာဝန်များကို အခြားလူတို့ကိုသာ အစဉ်သဖြင့် ပေး၏။ ခက်ခဲ၊ ပင်ပန်း၊ ညစ်ပေသော တာဝန်များကို ငါတစ်ဦးတည်းသာ ရ၏။ ထိုအရာများကို ငါမလုပ်၍ မဖြစ်သလော။ အခြားတစ်ယောက်၏ အလှည့်မဟုတ်သလော။ ဤသည်မှာ မမျှတ။ ဘုရားသခင်သည် မဖြောင့်မတ်သလော။ ဤသို့သော ကိစ္စများတွင် သူသည် အဘယ်ကြောင့် မဖြောင့်မတ်သနည်း။ အဘယ်ကြောင့် ငါသည် အစဉ်ပင် အရွေးခံနေရသနည်း။ ဤသည်မှာ သဘောကောင်းသောသူတို့ကို ပစ်မှတ်ထားနေခြင်း မဟုတ်လော’ ဟူ၍ တွေးလျှင်၊ ဤသို့ သင်ထင်မြင်လျှင် သင်၌ ဤတာဝန်ကို ထမ်းဆောင်ရန် ရည်ရွယ်ချက် မရှိပေ။ သင်သည် ခေါင်းရှောင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုတာဝန်ကို မည်သို့လုပ်ဆောင်ရမည်နှင့်ပတ်သက်ပြီး စိတ်နိုးကြွမှုကို တွေ့မည်မဟုတ်ဘဲ လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ပြဿနာက မည်သည့်နေရာတွင် တည်ရှိသနည်း။ ပထမဦးစွာ သင့်သဘောထားက မှားယွင်းနေသည်။ ဤမှားယွင်းသော သဘောထားက မည်သည့်အရာကို ညွှန်းဆိုသနည်း။ သင်၌ သင့်တာဝန်အပေါ် မှားယွင်းသော သဘောထား ရှိနေခြင်းကို ရည်ညွှန်းသည်။ ဤသည်မှာ သင့်တာဝန်အပေါ် သင်ထားသင့်သည့် သဘောထားမဟုတ်ပေ။ မည်သည့်အရာကို သင်ကြေးများနေရသနည်း။ သင်သည် မညည်းညူဘဲ၊ မရွေးချယ်ဘဲ သင်လုပ်ရမည့်အရာများကို နာခံပြီး လက်ခံသင့်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူတစ်ဦး၏တာဝန်များထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ခံစားနည်း”) ဒါကိုဖတ်ရင်းနဲ့ အရင် သုံး၊ လေးရက်က ကျွန်မဖော်ပြခဲ့တဲ့အရာအပေါ် ပြန်ဆင်ခြင်ကြည့်မိတယ်။ ကျွန်မတာဝန်ယူရတဲ့ အသင်းတော်တွေရဲ့ အသင်းသားတွေက အခြေခံကောင်းကောင်း မရှိတဲ့အပြင် တော်တော်များများက တာဝန်ကို မယူနိုင်ကြတာ မြင်ရတော့ ကျွန်မအရမ်းတွန့်ဆုတ်နေခဲ့တာလေ။ ခေါင်းဆောင်တွေ၊ သင်းထောက်တွေကို အကုန် မရွေးချယ်ရသေးဘူး၊ ပရောဂျက်အမျိုးမျိုးကလည်း စီမံရခက်တယ်။ ဒီတော့ ကိစ္စတွေကို ကိုင်တွယ်ဖို့ အချိန်နဲ့ အားအင်တွေ သုံးရရုံတင်မကဘဲ ကိစ္စတွေက အဆင်ပြေချင်မှပြေမယ်။ ဒါဆိုရင် ကျွန်မအတွက် အမြင်ကောင်းမှာ မဟုတ်ဘူးပေါ့။ အဆင်ပြေနေပြီးသား အသင်းတော်တွေကိုပဲ ကျွန်မစီမံချင်ခဲ့တယ်။ ဒါဆိုရင် စိုးရိမ်နေစရာမလိုဘဲ ရလဒ်တွေကို ပိုပြီး အလွယ်တကူ ရနိုင်မယ်၊ တခြားလူတွေက ကျွန်မကို ပိုပြီးအကောင်းမြင်လာမယ်ပေါ့။ အလုပ်ကို အဲဒီပုံစံနဲ့ ခွဲတာက ကျွန်မအတွက် မမျှတဘူး၊ အစ်မလျူက သူ့ကို အမြင်ကောင်းစေမဲ့ လွယ်တဲ့အလုပ်ကို ရပေမဲ့ ကျွန်မက ခက်ခဲပင်ပန်းတဲ့အလုပ်ကို ရတယ်လို့ပဲ ဆက်တွေးနေမိတယ်။ ကျွန်မထင်ပေါ်မှာ မဟုတ်ဘူးပေါ့။ အဲဒါနဲ့ ကျွန်မက တော်တော်အတိုက်အခံဖြစ်နေပြီး လက်မခံချင်ခဲ့ဘူး။ ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး ကျွန်မစဉ်းစားတဲ့ပုံစံက အဲဒီတာဝန်ကို ငြင်းဆန်နေတာ၊ ဇီဇာကြောင်နေပြီး ကိုယ့်ကို ဂုဏ်မတက်စေတဲ့ ဘယ်အရာကိုမှ မလုပ်ချင်တာပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မတွေ့ခဲ့ရတယ်။ ကျွန်မက နည်းနည်းလေးမှကို မနာခံခဲ့တာပါ။ ကျွန်မက ကိုယ့်တာဝန်မှာ တကယ်တာဝန်သိတတ်ပြီး တာဝန်ခံတယ်လို့ အမြဲတမ်း ထင်ခဲ့မိတယ်။ ဒီလိုပုံစံနဲ့ ဖော်ထုတ်ခံရမယ်လို့ လုံးဝမမျှော်လင့်ခဲ့ဘူး။ တာဝန်ထမ်းရာမှာ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ အမြင်ရှုထောင့်တွေက မှားနေတာကို မြင်ခဲ့တယ်။ ဘုရားကို ကျေနပ်စေဖို့ ကြိုးစားရမဲ့အစား တခြားလူတွေရဲ့ လေးစားချီးကျူးမှုကို လိုချင်ခဲ့တယ်။ ကိုယ့်တာဝန်မှာ အဲဒီရည်ရွယ်ချက်တွေကို မွေးထားပြီး ဘုရားရဲ့ လက်ခံမှုကို ကျွန်မဘယ်လိုရနိုင်မှာလဲ။

ကျွန်မတွေ့ခဲ့တဲ့ ဘုရားရဲ့ ကျမ်းပိုဒ်တစ်ခုရှိတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်၊ သင်လုပ်ဆောင်သမျှအရာတိုင်းတွင် ဆက်ကပ်ရန် သင်ဆန္ဒရှိပါက သင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ရုံ ထမ်းဆောင်၍မရနိုင်ပေ၊ သင့်အပေါ် ဘုရားသခင်နှင်းအပ်သည့် မည်သည့် တာဝန်ပေး ခိုင်းစေချက်ကိုမဆို လက်ခံရမည်။ သင့်အကြိုက်များနှင့် ကိုက်ညီပြီး သင့်စိတ်ဝင်စားမှုများ အတိုင်းအတာအတွင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် သင် မပျော်ပိုက်သော အရာတစ်ခု သို့မဟုတ် ယခင်က မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးသောအရာတစ်ခု ဖြစ်စေ၊ သို့မဟုတ် ခက်ခဲသောအရာတစ်ခု ဖြစ်စေဦးတော့၊ ယင်းကို သင်လက်ခံပြီး နာခံသင့်သည်။ သင် လက်ခံရမည်သာမက၊ ယင်းကို တက်ကြွထက်သန်စွာ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပြီး သင်ယူလေ့ကျက်ကာ ဝင်ရောက်မှုကို ရရှိရမည်။ အကယ်၍ သင်သည် ဒုက္ခဆင်းရဲခံစားရပြီး အရှက်ခွဲခံရကာ၊ လုံးဝ ကြံ့ကြံ့မခံလျှင်ပင် သင်၏ ဆက်ကပ်မှု၌ သင် သစ္စာစောင့်သိရဦးမည် ဖြစ်သည်။ ယင်းကို သင်ဖြည့်ဆည်းရမည့် တာဝန်အဖြစ် သင်မှတ်ယူရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်လုပ်ငန်း မဟုတ်ဘဲ သင်၏တာဝန်အဖြစ် မှတ်ယူရပေမည်။ လူတို့သည် သူတို့၏ တာဝန်များကို အဘယ်သို့ နားလည်သင့်သနည်း။ ဖန်ဆင်းရှင် ဘုရားသခင်က လူတစ်ဦးကို ပြုလုပ်ရမည့် အလုပ်တာဝန်တစ်ခု ပေးသည့်အခါနှင့် ထိုအခိုက်အတန့်တွင် ထိုလူ၏တာဝန် ပေါ်လာခြင်းဖြစ်သည်။ သင့်ကို ဘုရားသခင်ပေးသည့် အလုပ်တာဝန်များ၊ သင့်ကို ဘုရားသခင်ပေးသည့် တာဝန်ပေးခိုင်းစေချက်များ၊ ဤအရာများမှာ သင်၏ တာဝန်များဖြစ်သည်။ ယင်းတို့ကို သင်၏ ပန်းတိုင်များအဖြစ် သင်လိုက်လျှောက်ပြီး၊ ဘုရားသခင်ကို ချစ်သောနှလုံးသား သင်၌ အမှန်တကယ်ရှိသောအခါ၊ ငြင်းချက်တစ်ခု သင် ပြုနိုင်သေးသလော။ (မပြုနိုင်ပါ။) ဤသည်မှာ သင်လုပ်ဆောင်နိုင်သည့်၊ သို့မဟုတ် မလုပ်ဆောင်နိုင်သည့် အကြောင်းအရာတစ်ခုမဟုတ်ပါ။ ယင်းတို့ကို သင်မငြင်းဆန်သင့်ပေ။ ယင်းတို့ကို သင်လက်ခံသင့်ပေသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် အဘယ်နည်း။ (အရာခပ်သိမ်းတွင် လုံးလုံး ဆက်ကပ်အပ်နှံထားခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ အရာခပ်သိမ်းတွင် ဆက်ကပ်အပ်နှံခြင်း ဖြစ်သည်။ ဤနေရာတွင် အခရာအချက်သည် မည်သည့်နေရာ၌ တည်ရှိသနည်း။ ယင်းက ‘အရာခပ်သိမ်းတွင်’ ဖြစ်သည်။ ‘အရာခပ်သိမ်း’ ဆိုသည်မှာ သင်ရင်းနှီးကျွမ်းဝင်ပြီးသား အရာများကို ဆိုလိုရန် မဆိုထားနှင့်၊ သင်နှစ်သက်သည့် အရာများ၊ သို့မဟုတ် သင်ကျွမ်းကျင်သည့် အရာများကိုပင် သေချာပေါက် မဆိုလိုပေ။ တစ်ခါတစ်ရံတွင် သင်သည် တစ်စုံတစ်ခု၌ မကျွမ်းကျင်ပေ။ တစ်ခါတစ်ရံတွင် သင်ယူဖို့ လိုအပ်သည်။ တစ်ခါတစ်ရံတွင် သင်သည် အခက်အခဲများကို ကြုံတွေ့လိမ့်မည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ဒုက္ခခံရမည်။ သို့သော် မည်သည့်တာဝန်ပင် ဖြစ်ပါစေ ယင်းက ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာဖြစ်သည့် ကာလပတ်လုံး သင်သည် ယင်းကို သူ့ထံမှ လက်ခံရမည်၊ ယင်းကို သင်၏တာဝန်အဖြစ် မှတ်ယူရမည်၊ ယင်းကို ဖြည့်ဆည်းဖို့ ဆက်ကပ်အပ်နှံထားရမည် ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။ သင့်ထံ၌ မည်သည့်အရာဖြစ်ပျက်ပါစေ သင်သည် သမ္မာတရားကို အမြဲရှာဖွေရမည်ဖြစ်ပြီး မည်သည့်လက်တွေ့လုပ်ဆောင်မှုမျိုးက ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီကြောင်း သေချာသည်နှင့် တစ်ပြိုင်နက် ယင်းကို သင်လက်တွေ့လုပ်ဆောင်သင့်သည်။ ဤနည်းအားဖြင့် ပြုမူခြင်းသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ပြီး ထို့နောက်မှသာလျှင် သင်သည် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏”) ဒါကို ဖတ်ကြည့်တော့ မှန်တယ်ဆိုတာ ကျွန်မသိခဲ့တယ်။ တာဝန်ဆိုတာ ဘုရားဆီက လာတာပါ။ ဒါက ကျွန်မတို့အတွက် ဘုရားရဲ့ စေခိုင်းချက်ပဲ။ ကျွန်မတို့ရဲ့ တာဝန်ဝတ္တရားပဲ။ အဲဒါက ဘယ်လောက်ခက်ခဲပါစေ၊ ဂုဏ်ကျက်သရေ ဘယ်လောက်နည်းနည်းလေးပဲ ရှိပါစေ လက်ခံဖို့က ကျွန်မတို့ ဝတ္တရားပဲ။ ဒါက ကျွန်မတို့ရှိရမဲ့ သဘောထားပါ။ ဘုရားရှေ့မှာ ဖန်ဆင်းခံတစ်ယောက်က ကိုင်စွဲရမဲ့ အသိစိတ်လည်း ဟုတ်တယ်။ ကျွန်မစီမံရတဲ့ အဲဒီအသင်းတော်တွေက ကျွန်မလိုချင်တာမျိုး မဟုတ်ဘူး၊ ဂုဏ်အဆင့်အတန်းလိုချင်တဲ့ ကျွန်မဆန္ဒလည်း မပြည့်ဘူး။ ဒါပေမဲ့ ဒါက ကျွန်မအတွက် ဘုရားရဲ့ စေခိုင်းချက်ပဲ။ ဒါကို ကျွန်မလက်ခံဖို့လိုပြီး ကိုယ့်တာဝန်ကို မှားယွင်းတဲ့ ရှုထောင့်ကနေ ချဉ်းကပ်တာကို ရပ်တန့်ဖို့လိုတယ်။ ဘုရားရဲ့ အစီအစဉ်တွေကို နာခံဖို့၊ တာဝန်မှာ ကိုယ်တတ်နိုင်သမျှ လုပ်ဖို့ ယုံကြည်သူအသစ်တွေကို မှန်မှန်ကန်ကန်ရေလောင်းဖို့၊ မကြာခင်မှာ စစ်မှန်တဲ့လမ်းပေါ် အခြေခိုင်အောင် သူတို့ကို ကူညီပေးချင်တဲ့စိတ်နဲ့ ဆုတောင်းဖို့ ဘုရားရှေ့ ကျွန်မတိုးဝင်ခဲ့တယ်။ အဲဒီဆုတောင်းချက်ပြီးတဲ့နောက်မှာ တာဝန်အပေါ် ကျွန်မသဘောထားက နည်းနည်းတိုးတက်လာပြီး စိတ်မညစ်တော့ဘူး။

အချိန်နည်းနည်းကြာတော့ အသင်းတော်တွေ ထပ်ထပ်ပြီး တည်ထောင်လာကြတယ်။ အဲဒီတော့ ခေါင်းဆောင်က ကျွန်မတို့တာဝန်တွေကို ထပ်ပြီး ခွဲတယ်။ ကျွန်မရဲ့ နယ်ပယ်ထဲက အသင်းတော်တွေထဲမှာ နည်းနည်းပိုအဆင်ပြေနေတဲ့ တစ်ခုတည်းသော အသင်းတော်နဲ့ ရေလောင်းတဲ့ တာဝန်ယူထားပြီး ကောင်းကောင်းလုပ်ကိုင်နေတဲ့ ညီအစ်မတစ်ယောက်ကို တခြားလူတွေရဲ့ စီမံမှုထဲ ချပေးလိုက်ရော။ ဒါနဲ့ပတ်သက်လို့ ကျွန်မတော်တော်စိတ်တိုပြီး မပျော်ခဲ့ဘူး။ ပြဿနာအများဆုံးရှိတဲ့ အသင်းတော်တွေကို တာဝန်ယူထားရပြီး တအားကြိုးစား လုပ်နေရတဲ့ ကျွန်မအခြေအနေကို သူတို့တွေ ကောင်းကောင်းနားလည်ရဲ့သားနဲ့လို့ ကျွန်မခံစားမိတာ။ သေချာလုပ်နေတဲ့ ရေလောင်းတာဝန်နဲ့ အဲဒီညီအစ်မကို မနည်းရှာထားရတာကို ခေါ်သွားကြတယ်လေ။ ဒီတော့ ကျွန်မအလုပ်မှာ တစ်ခုခုပြီးအောင် ဘယ်လိုလုပ်နိုင်မှာလဲပေါ့။ ရလဒ်ကောင်းတွေရဖို့ ဆက်ပြီးရုန်းကန်နေရရင် သူများတွေက ကျွန်မကို ဘယ်လိုထင်မလဲပေါ့။ ကျွန်မက အသုံးမကျဘူး၊ ကိစ္စတွေကို ပြီးအောင်မလုပ်နိုင်ဘူးလို့ ထင်ကြမှာပဲပေါ့။ ဒါဆိုရင် တော်တော်ရှက်စရာကောင်းမှာပဲလေ။ နောက်ပိုင်း တွဲဖက်အမှုဆောင် အစည်းအဝေးတွေမှာ ကျွန်မဘယ်လိုမျက်နှာပြရမှာလဲပေါ့။ စိတ်ထဲမှာ ဒါကို တွေးမိတော့ မျက်ရည်တွေကျလာရော။ ကျွန်မအနေနဲ့ နောက်တစ်ခါ မကျေမနပ်ဖြစ်ပြီး မနာခံလာတာကိုလည်း သတိပြုမိခဲ့တယ်။ ကျွန်မချက်ချင်းပဲ ဒူးထောက်ဆုတောင်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်ခဲ့တယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိတယ်။ “၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်တစ်ဦးဖြစ်သည့် လူစားမျိုးသည် ဘုရားအိမ်တော်၏အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ဝတ်ကျေတန်းကျေ အားစိုက်ထုတ်မှုတစ်ခုသာ လုပ်ကြသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ရာထူးနှင့် အာဏာကို ထိန်းသိမ်းသည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။...၎င်းတို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့အပေါ် အများအမြင်ကို မြှင့်ပေးမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့၊ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အဆင့်အတန်းကိုသာ အရေးစိုက်ကြသည်။ ၎င်းတို့က မည်သည့်တာဝန်ကို လုပ်ဆောင်နေပါစေ၊ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ၊ မိမိ၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အခြေခံသဘောတရားအတိုင်း အမှုအရာများကို မည်သို့ လုပ်ဆောင်ရမည့်အကြောင်း၊ ၎င်းတို့ သစ္စာရှိခဲ့ခြင်း ရှိမရှိ၊ ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ စံသွေခဲ့ခြင်းရှိမရှိ၊ ပြဿနာတစ်ခုခုရှိမရှိ တို့ကို မည်သည့်အခါမျှ ထည့်မစဉ်းစားပေ။ ဘုရားအိမ်တော်က တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ အလိုတော်သည် မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမ၊ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့ကို ဖြည့်ဆည်းဖို့တို့အတွက်သာ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး အမှုကိစ္စများကို လုပ်ဆောင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ အလိုများနှင့် အသိတရားကင်းမဲ့သော တောင်းဆိုမှုများဖြင့် ပြည့်လျှံနေပုံကို အပြည့်အဝ ဖော်ထုတ်လေသည်။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် အုပ်စိုးထားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အရင်းခံအကြောင်းနှင့် အစပြုမှတ်တို့မှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ အလိုများနှင့် အသိတရားကင်းမဲ့သော တောင်းဆိုမှုများသာ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သမားရိုးကျ သရုပ်သကန်ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)”) အန္တိခရစ်တွေက ဘယ်လိုတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတယ်၊ တာဝန်ထမ်းရာမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ ဆန္ဒတွေရှိပြီး ကိစ္စတွေကို ချဉ်းကပ်တဲ့နေရာမှာလည်း ကိုယ်ပိုင်အကျိုးစီးပွားကို အမြဲတမ်းကာကွယ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ပြောပြတယ်။ ဘယ်တာဝန်ကိုပဲ သူတို့လုပ်ဆောင်ပါစေ ဘုရားအလိုတော်တို့၊ တာဝန်ကို ဘယ်လိုကောင်းကောင်းလုပ်ရမယ်တို့ကို လုံးဝ မတွေးဘူး။ ဘုရားအိမ်တော်ရဲ့အလုပ် မထိခိုက်တာ သေချာအောင် လုံးဝမလုပ်ဘူး။ အသင်းတော်ကို အရေးမစိုက်ဘဲ နာမည်နဲ့ ဂုဏ်အဆင့်အတန်းကိုပဲ စဉ်းစားကြတာ။ ကျွန်မအပြုအမူကို တွေးကြည့်ရင် ကိုယ့်လက်အောက်က အသင်းတော်တွေမှာ ပြဿနာအများကြီးရှိတာ မြင်တော့ ကျွန်မစိတ်ထဲ ပထမဆုံးတွေးမိတာက သူတို့ကို ပံ့ပိုးဖို့အတွက် အကောင်းဆုံးလုပ်ဖို့ ဘုရားကို ဘယ်လိုအမှီပြုရမလဲဆိုတာ မဟုတ်ဘူး။ အဆင်မပြေဘဲ သူများတွေက ကိုယ့်အပေါ် အထင်သေးမှာကို ကြောက်ရွံ့စိတ်ပဲ။ ဒါဆိုရင် ရှက်စရာပဲပေါ့။ အလုပ်ဖြန့်ဝေပုံနဲ့ပတ်သက်လို့ ကျွန်မအတိုက်အခံဖြစ်ပြီး မပျော်ခဲ့ဘူး။ တာဝန်မှာတောင် အားလျော့လာတယ်။ ကျွန်မလက်အောက်မှာလုပ်နေတဲ့ တော်တော်လုပ်ကိုင်နိုင်တဲ့ ညီအစ်မတစ်ယောက်က ပြောင်းရွှေ့ခံရတော့မယ်ဆိုတာ သိလိုက်ရတော့ ကျွန်မရဲ့ ပထမဆုံး တုံ့ပြန်မှုက အမှုဆောင်ကောင်းတစ်ယောက်ကို ဆုံးရှုံးရပြီမို့ အလုပ်မှာ ငါ့ကိုယ်ပိုင်အောင်မြင်မှုတွေ နည်းသွားမယ်။ ဒါဆိုရင် ငါအသုံးမကျဘူး၊ အသင်းတော်အလုပ်ကို ငါမကိုင်တွယ်နိုင်ဘူးလို့ ခေါင်းဆောင်က ထင်မှာပဲ ဆိုတာပဲ။ ကိုယ့်တာဝန်မှာ ကျွန်မတွေးသမျှက ကိုယ့်ရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အကျိုးစီးပွားတွေပဲ ဖြစ်နေတာ၊ သိပ်အားမထုတ်ရဘဲ ဘယ်လိုဖြတ်သန်းရမယ်၊ အမြင်လည်းကောင်းပြီး သူများတွေရဲ့ လေးစားမှုကို ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေပဲဖြစ်တာကို ကျွန်မသဘောပေါက်ခဲ့တယ်။ ကျွန်မက အသင်းတော်အလုပ်ကို ခြုံငုံပြီး မကြည့်ခဲ့ဘူး။ အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တာ။ ဒါက အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားပဲ။ ဒါကို သေချာစဉ်းစားကြည့်တော့ ပိုပြီးခက်တဲ့ အသင်းတော်တွေအပေါ် ကျွန်မကို ဦးဆောင်ခိုင်းတာက ဘုရားအလိုတော်ပဲဆိုတာ ကျွန်မသိခဲ့တယ်။ အဲဒီအသင်းတော်တွေမှာ အခြေမခိုင်သေးတဲ့ လူသစ်တွေ ပိုရှိတော့ ကျွန်မအနေနဲ့ အဲဒီအခက်အခဲတွေအားလုံးကို ဖြေရှင်းဖို့ ဘုရားကို အမှီပြုပြီး သမ္မာတရားကို ပိုရှာဖွေခဲ့ရတယ်။ သူတို့ကို ပံ့ပိုးဖို့ ပိုပြီးတော့လည်း အဖိုးအခပေးဆပ်ခဲ့ရတယ်။ ဘုရားအမှုတော်ရဲ့ သမ္မာတရားကို သူတို့သိပြီး စစ်မှန်တဲ့လမ်းမှာ အခြေခံအုတ်မြစ်တစ်ခု ရဖို့အတွက်ပေါ့။ ဒါက ကျွန်မအတွက် အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ ကိစ္စတွေက ပိုပြီးခက်လေလေ၊ သမ္မာတရားကို ရှာဖွေပြီး ဖြေရှင်းချက်တွေ တွေ့ဖို့အတွက် ဘုရားဆီ လာဖို့ ကျွန်မကို ဖိအားပေးလေလေပဲ။ အဆုံးမှာ အဲဒီနည်းနဲ့ သမ္မာတရားအများကြီးကို ကျွန်မသင်ယူနိုင်အောင်ပေါ့။ ဒါက ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက် ကောင်းခဲ့ပါတယ်။ နောက်တော့ အဲဒီတာဝန်ဟာ တစ်ယောက်ယောက်က ကျွန်မအတွက် ခက်ခဲအောင်လုပ်ဖို့ ကြိုးစားနေတာမဟုတ်ဘဲ ဘုရားရဲ့ချစ်ခြင်းနဲ့ ကောင်းချီးပဲဆိုတာကို ကျွန်မသဘောပေါက်ခဲ့တယ်။ ဒါကို ကျွန်မလက်ခံပြီး နာခံရမယ်။ စိတ်နှစ်လုပ်ရမယ်ပေါ့။ ဒီလိုသဘောပေါက်သွားတော့ ကျွန်မသဘောထားက ပြောင်းလဲသွားပြီး မကောင်းသလို မခံစားရတော့ဘူး။

အဲဒီနောက်မှာ ကျွန်မပြဿနာကို ပိုပြီးနားလည်အောင် ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို နာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ဂုဏ်သိက္ခာ်နှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်၊ ဘုရားအိမ်တော်၏ အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ဤအရာများကို ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ဤအရာများ ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအားလုံး— ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် ဘုရားအိမ်တော်၏အလုပ်ကို အထူးသဖြင့် အဆက်ပြတ်စေကာ၊ နှောင့်ယှက်ပြီး၊ ထိခိုက်စေသည်။ အဆင့်အတန်းနှင့် သိက္ခာတို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ယင်းက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်— ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် ဘုရားအိမ်တော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ ဖြိုဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် အဟန့်အတားတို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ၊ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။ လူများ မိမိတို့၏ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ၊ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို လိုက်စားစဉ်တွင် ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာစေကြသောကြောင့် ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများ၏ ပုံမှန်ဝင်ရောက်မှုကို အနှောင့်အယှက် ပေးကြပြီးလျှင် အခြားလူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် စားသောက်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းအပေါ် ဩဇာလွှမ်းမိုးမှုတစ်ခုပင် ရှိကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိလေသည်။ ပို၍ပင် စိုးရိမ်ရသောအရာမှာ လူတို့က မိမိတို့၏ကိုယ်ပိုင် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သောအခါ ထိုသို့သော အပြုအမူနှင့် လုပ်ရပ်များကို ဘုရားသခင့်အမှုတော်၏ ပုံမှန်တိုးတက်မှုအား အဆုံးစွန် အတိုင်းအတာအထိ ထိခိုက်နစ်နာစေပြီး တားဆီးပိတ်ပင်ရာနှင့် အသင်းတော်ရှိ သူရွေးချယ်ထားသော လူတို့အလယ်တွင် ဘုရားသခင်၏ အလိုတော်အား ပုံမှန်လုပ်ဆောင်ခြင်းမှ ဟန့်တားရာ၌ စာတန်နှင့်အတူ ပူးပေါင်းနေခြင်းအဖြစ် လက္ခဏာဖော်ပြနိုင်ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သဘောထားကွဲလွဲကြောင်း ထုတ်ဖော်ပြောဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ဘုရားသခင်၏အိမ်တော်နှင့် အသင်းတော်တို့၌ ၎င်းတို့သည် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားသောအခါ၊ ၎င်းသည် ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်၏ ဝန်တာကို သတိရှိနေသည်။ သူ၏ တာဝန်ကို ထမ်းဆောင်သောအခါ အရေးကိစ္စတိုင်းတွင် ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းသည်။ သူသည် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ကြသည်၊ သူသည် ညီအစ်ကိုမောင်နှမများအတွက် အကျိုးကျေးဇူးကို ဆောင်ကြဉ်းပေးသည်၊ ပြီးလျှင် ၎င်းတို့ကို ထောက်ပံ့သည်။ ပံ့ပိုးပေးသည်။ ဘုရားသခင်က ဂုဏ်ကျက်သရေနှင့် သက်သေခံချက်ကို ရရှိပြီး ယင်းကြောင့် စာတန်ကို အရှက်ရစေသည်။ ထိုသူ၏ အားထုတ်မှုရလဒ်အနေဖြင့် ဘုရားသခင်သည် သူ့အား အမှန်တကယ် ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်စွမ်းရှိသည့်၊ သူ့အား ကိုးကွယ်နိုင်သည့် ဖန်ဆင်းခံတစ်ဦးကို ရရှိသည်။ ထိုသူ၏ အားထုတ်မှု ရလဒ်အနေဖြင့် ဘုရားသခင်၏ အလိုတော်ကိုလည်း လုပ်ဆောင်ကာ ဘုရားသခင်၏ အမှုတော်မှာ တိုးတက်နိုင်လေသည်။ ဘုရားသခင်၏အမြင်၌ ထိုကဲ့သို့သော အားထုတ်မှုမှာ အပြုသဘောဆောင်ကာ၊ ယင်းသည် တည်ကြည်သည်၊ ဘုရားအိမ်တော်၏ အလုပ်နှင့် အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောသူတို့အတွက် အကြီးဆုံးသော အကျိုးကျေးဇူးပင် ဖြစ်လေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) ကိုယ်ကျိုးနောက် ကျွန်မလိုက်တဲ့ကိစ္စအပေါ် ဒီကျမ်းပိုဒ်က ပိုပြီးနားလည်စေတယ်။ လူတွေက ဒီလိုလုပ်တဲ့အခါမှာ သူတို့ဟာ စာတန်ရဲ့ကိုယ်စား ပြုမူနေကြတာဖြစ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ဖို့အတွက် စာတန်ရဲ့အသုံးချပစ္စည်း ဖြစ်လာတယ်ဆိုတာ ကျွန်မသဘောပေါက်ခဲ့တယ်။ အရင်တုန်းက ကျွန်မထင်တာက သိသိသာသာ မကောင်းတာတွေကို လုပ်မှ၊ ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ အသင်းတော်အသက်တာကို ပြတ်ပြတ်သားသား နှောင့်ယှက်နေမှ စာတန်ရဲ့ လက်ပါးစေအဖြစ် ပြုမူတာဖြစ်တယ်ပေါ့။ ဒါပေမဲ့ နောက်တော့ ကိုယ့်တာဝန်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ အကျိုးစီးပွားတွေနောက်ကို လိုက်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို အလေးမထားရင် အသင်းတော်အလုပ်အပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုရှိပြီး အနှောင့်အယှက်ဖြစ်စေမှာပဲဆိုတာကို မြင်ခဲ့တယ်။ ကိုယ့်တာဝန်မှာ ကျွန်မပြသခဲ့တာတွေကို စဉ်းစားမိတယ်။ ကျွန်မက ဘယ်တော့မှ အလကားငြိမ်မနေတဲ့ပုံစံရှိပေမဲ့၊ ခက်တဲ့အလုပ်တချို့ကို ကိုင်တွယ်နိုင်ပြီး ညဉ့်နက်တဲ့အထိ အလုပ်လုပ်နိုင်တဲ့ပုံစံရှိပေမဲ့၊ သိသိသာသာ အနှောင့်အယှက်ဖြစ်စေတာမျိုး ဘာတစ်ခုမှ မလုပ်ခဲ့ပေမဲ့ တာဝန်ထမ်းရာမှာ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ မရှိခဲ့ဘူး။ ဘုရားကို ကျေနပ်စေဖို့ မဟုတ်ခဲ့ဘူး။ ထင်ပေါ်ပြီး သူများတွေရဲ့ လေးစားမှုကို ရဖို့အတွက် အားထုတ်တာပဲ ဖြစ်ခဲ့တယ်။ အလုပ်ခွဲတဲ့ပုံစံကို ကျွန်မ မကြိုက်တဲ့အခါမှာ တကယ်ကို မကျေမနပ်ဖြစ်ပြီး မလုပ်ချင်ခဲ့ဘူး။ နာခံပြီးတော့ အဲဒီတာဝန်ကို ဘယ်လိုကောင်းကောင်းလုပ်ရမယ်တို့၊ ညီအစ်ကိုမောင်နှမတွေကို ချက်ချင်း ဘယ်လိုပံ့ပိုးပေးရမယ်တို့ကို မစဉ်းစားနိုင်ခဲ့ဘူး။ သတိမထားမိလိုက်ဘဲ ကျွန်မက ကျွန်မတို့ရဲ့ ရေလောင်းတဲ့အလုပ်ကို နှောင့်နှေးအောင် လုပ်ပြီးနေပြီ။ အမှန်ကတော့ ကျွန်မက ကိုယ့်တွဲဖက်အမှုဆောင်တွေထက် ပိုပြီး အတွေ့အကြုံရှိတယ်။ တခြားညီအစ်မတချို့အတွက် ဒီအလုပ်က အသစ်ဖြစ်နေပြီး အသင်းတော်အလုပ်နဲ့ မရင်းနှီးဘူးလေ။ ဒါကြောင့် သူတို့အတွက် ပိုကောင်းတဲ့အသင်းတော်တွေနဲ့ ရေလောင်းသူတွေကို ချပေးတာက ခြုံကြည့်ရင် ကျွန်မတို့အလုပ်အတွက် ကောင်းတယ်။ ဒါပေမဲ့ ကျွန်မက တစ်ကိုယ်ကောင်းဆန်ခဲ့တာ။ ပိုကောင်းတဲ့အသင်းတော်တွေနဲ့ ရေလောင်းသူတွေကို ကိုယ့်ဦးဆောင်မှုအောက်မှာ ထားချင်တယ်။ ဒါပေမဲ့ ကိစ္စတွေက ကျွန်မဖြစ်စေချင်တဲ့အတိုင်းဖြစ်ပြီး တွဲဖက်အမှုဆောင်အသစ်တွေက ပြဿနာတွေပိုရှိတဲ့ အသင်းတော်တွေကို တာဝန်ယူရင် အလုပ်က ထိခိုက်မှာပဲ။ ထိရောက်မှုရှိမှာ မဟုတ်ဘူး။ ဒါဆိုရင် ဘုရားအိမ်တော်အတွက် ကောင်းမှာမဟုတ်ဘူး။ ကျွန်မအသင်းတော်တွေက ပြဿနာတွေပိုရှိပေမဲ့ ဒါဟာ တကယ်တမ်းတော့ ကျွန်မအတွက် အလေ့အကျင့်ကောင်းတစ်ခုပဲ။ ကျွန်မအနေနဲ့ နည်းနည်းပိုအားစိုက်ထုတ်ပြီး တချို့ကိစ္စတွေကို ပြီးအောင်လုပ်လို့ရတာပဲ။ ဒါဆိုရင် စုစုပေါင်းထိရောက်မှုက တိုးတက်လာနိုင်တယ်လေ။ ဒါက အကောင်းဆုံး အစီအစဉ်မဟုတ်ဘူးလား။ အဲဒီမှာ ဒီတာဝန်က ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်၊ ဆိုးဝါးပြီး ကျိုးကြောင်းမသင့်လျော်တဲ့ စဉ်းစားပုံကို ထုတ်ပြလိုက်တာ ကျွန်မသဘောပေါက်သွားတယ်။ တာဝန်ထမ်းရာမှာ ကိုယ်ကျိုးရှာတဲ့ စိတ်ဝင်စားမှုတွေရှိရင် ဘုရားအိမ်တော်ရဲ့အလုပ်ကိုပဲ ထိခိုက်စေနိုင်တာကိုလည်း ကျွန်မမြင်ခဲ့တယ်။ အရင်တုန်းက တာဝန်ထမ်းရာမှာ နာမည်နဲ့ ဂုဏ်အဆင့်အတန်း၊ ကိုယ်ကျိုးစီးပွားတွေနောက်ကိုပဲ ကျွန်မလိုက်ပြီး ပြစ်မှားမှုတွေကို ကျူးလွန်ခဲ့တယ်။ ဒီတစ်ခါ ကျွန်မ မပြောင်းလဲခဲ့ဘဲ ကိုယ်ပိုင်အကျိုးစီးပွားတွေကိုသာ ခေါင်းမာမာနဲ့ ဆက်ပြီးကာကွယ်နေရင် ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိခိုက်မိဦးမယ်၊ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး စွန့်ပစ်ခံရမယ်ဆိုတာကို ကျွန်မသိခဲ့တယ်။ ဒါက ကျွန်မအတွက် ကြောက်စရာ အတွေးပါပဲ။ ကျွန်မဆုတောင်းပြီး နောင်တရဖို့ ဘုရားရှေ့ကို လာခဲ့တယ်။ ကျွန်မပြောလိုက်တယ်။ “ဘုရားသခင်၊ သမီးဟာ တာဝန်မှာ အသင်းတော်အလုပ်နဲ့ ကိုယ်တော်ရဲ့အလိုတော်ကို လုံးဝ မစဉ်းစားဘဲ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ရုံကလွဲပြီး တခြားဘာမှမလုပ်ခဲ့ပါဘူး။ သမီးရဲ့ လူ့သဘာဝနဲ့ သမီးဟာ တာဝန်တစ်ခုကို ယူဖို့ မထိုက်တန်ပါဘူး။ ဘုရားသခင်၊ သမီးအမှန်တကယ် နောင်တရချင်ပါတယ်” ပေါ့။

အဲဒီနောက်မှာ ကျွန်မကို ဝင်ရောက်မှုလမ်းကြောင်းတစ်ခု တကယ်ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ရတယ်။ “သို့ရာတွင် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားသခင့် အိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ကိုယ်ပိုင်အကျိုးများ နှင့် သူ၏ အမှုတော်တို့ကို စဉ်းစားသင့်ပြီး၊ ဤအရာများကို ဦးစွာပထမ ထည့်သွင်းစဉ်းစားသင့်၏။ ထို့နောက်တွင်မှ၊ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ မြင်သည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို ဤအဆင့်များအဖြစ်သို့ ပိုင်းခြားလိုက်ပြီး အပေးအယူအချို့ ပြုလုပ်သည့်အခါ၊ အနည်းငယ် ပိုမို လွယ်ကူသွားသည်ဟု သင် မခံစားရသလော။ ခဏတာ ဤအရာကို သင် လုပ်ဆောင်လျှင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ခက်ခဲခြင်းမရှိဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်သင့်သည်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်သင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်နှင့် သူ၏အိမ်တော်တို့၏ အကျိုးများကို ဦးစားပေးနိုင်သင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ အသက်ရှင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စိတ်သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် ယုတ်မာခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဖြစ်ပျက်သမျှ အရာရာတိုင်းမှာ ကိုယ့်တစ်ကိုယ်ရေ အကျိုးအမြတ်ကို မဟုတ်ဘဲ ဘုရားအိမ်တော်ကို အရင်ဆုံး ဦးစားပေးရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ကျွန်မသင်ယူခဲ့ရတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက ယာယီပါပဲ။ အဲဒါတွေနောက် လိုက်တာက အဓိပ္ပာယ်မရှိဘူး။ ဖောက်ပြန်ပျက်စီးခြင်းထဲမှာ မရှင်သန်တာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ ဘုရားအလိုတော်ကို လုပ်ဆောင်တာကသာ ဘုရားရဲ့ လက်ခံမှုကို ရဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ဒါကို နားလည်သွားတော့ ကျွန်မဉာဏ်အလင်းပွင့်သွားတယ်။ အလုပ်ကို ဘယ်လိုပဲ ခွဲပါစေ ကျွန်မရဲ့ ကိုယ်ကျိုးစီးပွားတွေ၊ နာမည်နဲ့ အဆင့်အတန်းတွေကို ဆက်ပြီးကာကွယ်နေလို့ မရဘူး။ လိုက်နာပြီးတော့ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ရမယ်။ သိပ်ကောင်းတဲ့ ရလဒ်တွေ မရခဲ့ရင်တောင် ဘုရားရှေ့မှာ အသက်ရှင်ပြီး ဘုရားရဲ့ စိစစ်မှုကို လက်ခံဖို့ အာရုံစိုက်ရမယ်။ သူများတွေက ကျွန်မကို ဘယ်လိုပဲ ထင်ပါစေ ကျွန်မတာဝန်အပေါ် စိတ်နှစ်မြှုပ်ပြီး တာဝန်သိတတ်တာကသာ ဘုရားအလိုတော်ကို လုပ်ဆောင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။

နောက်နေ့တွေမှာ ကိုယ့်တာဝန်ကို စိတ်နှစ်လုပ်ကိုင်တယ်၊ ကိုယ်ပိုင်အကျိုးစီးပွားတွေကို မစဉ်းစားဘူး။ အဲဒီလိုလုပ်လိုက်တော့ ကိုယ့်ဖောက်ပြန်ပျက်စီးမှုရဲ့ ထိန်းချုပ်တာကို မခံရသလို ကျွန်မခံစားမိတယ်။ နောက်သုံး၊ လေးရက်ကြာတော့ ညီအစ်မတစ်ယောက်နဲ့ အလုပ်ကိစ္စဆွေးနွေးတဲ့အခါ သူက ပြောတယ်။ သူ့အင်္ဂလိပ်စကားပြောက သိပ်မကောင်းဘူး။ လူသစ်တွေရဲ့အသင်းတော်ကို သူသွားစစ်ဆေးတဲ့အချိန်မှာ စကားပြန်တစ်ယောက်လိုတယ်တဲ့။ သူအခက်အခဲတွေရှိနေပြီး သူ့တာဝန်မှာ သိပ်မအောင်မြင်ဘူးတဲ့။ သူက ဒီလိုပြောတဲ့အခါ ကျွန်မစဉ်းစားတယ်။ ကျွန်မအင်္ဂလိပ်စကားက အဆင်ပြေပါတယ်။ ဒီတော့ ကျွန်မသူနဲ့ နေရာလဲလို့ရတယ်။ အဲဒီအသင်းတော်ရဲ့အလုပ်ကို စောင့်ကြည့်လို့ရတယ်ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မတွေးမိတယ်။ အဲဒီအသင်းတော်က ပြဿနာတွေ အများကြီးရှိတယ်။ ဒီတော့ တာဝန်ယူရင် တော်တော်အားစိုက်ရဖို့များတယ်။ တိုးတက်မှု သိပ်မရှိလောက်ဘူးပေါ့။ ကျွန်မအပေါ် သူများတွေရဲ့ ထင်မြင်မှုကို သက်ရောက်နိုင်တယ်ဆိုပြီး စိုးရိမ်မိတယ်။ ဒီတော့ ကျွန်မသူနဲ့ နေရာမလဲချင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီလိုတွေးမိတဲ့အခါ ကျွန်မက ကိုယ်ပိုင်အကျိုးအမြတ်ကိုပဲ ထည့်တွက်နေပြီး နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်နေပြန်ပြီဆိုတာကို သဘောပေါက်မိတယ်။ အဲဒါနဲ့ ဘုရားရှေ့ကို အမြန်တိုးဝင်ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ဖို့အတွက် လမ်းပြဖို့ ဘုရားကို ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဒီအခြေအနေဟာ ဘုရားက ကျွန်မကို စမ်းသပ်နေတာဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးပေးနေတာပဲဆိုတာ ကျွန်မသဘောပေါက်လိုက်တယ်။ အရင်လို ကိုယ်ပိုင်အကျိုးစီးပွားတွေကို ကာကွယ်ရင်း ဖောက်ပြန်ပျက်စီးခြင်းထဲမှာ ဆက်ရှင်သန်နေလို့ မဖြစ်ဘူး။ ဒီပြောင်းလဲမှုကို လုပ်တာက ဘုရားအိမ်တော်ရဲ့ အလုပ်ကို အကျိုးဖြစ်စေမယ်ဆိုရင် ကျွန်မလုပ်ရမှာပဲ။ အဲဒါနဲ့ တခြားတွဲဖက်အမှုဆောင်တွေရဲ့ တာဝန်တွေကို ကျွန်မနည်းနည်းစဉ်းစားလိုက်ပြီး အဲဒီညီအစ်မနဲ့ နေရာလဲလိုက်တာက ကျွန်မအတွက် တကယ်အကောင်းဆုံးပဲလို့ ခံစားမိတယ်။ ခေါင်းဆောင်ကို ကျွန်မအတွေး ပြောပြလိုက်တော့ သူနဲ့ တခြားတွဲဖက်အမှုဆောင်တွေအားလုံးက သဘောတူကြတယ်။ ပြောင်းလဲမှုတွေလုပ်ပြီးတဲ့နောက်မှာ ကျွန်မတကယ်ကို စိတ်သက်သာရာရသွားတယ်။ ဒါကို ကျွန်မပြောမပြတတ်လောက်အောင် တန်ဖိုးထားမိတာ။ ကျွန်မက နောက်ဆုံးတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး စစ်မှန်တဲ့သူတစ်ယောက်ဖြစ်နေသလို ခံစားမိတယ်။ ဘုရားသခင်ပြောသလိုပဲ။ “သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်သင့်သည်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်သင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်နှင့် သူ၏အိမ်တော်တို့၏ အကျိုးများကို ဦးစားပေးနိုင်သင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ အသက်ရှင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စိတ်သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် ယုတ်မာခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)

အဲဒီနောက်မှာ ကျွန်မဦးဆောင်ရတဲ့ အသင်းတော်တွေအပေါ် အပျက်သဘောဆောင်တာတွေ ကျွန်မ မလုပ်တော့ဘဲ အသင်းတော်တိုင်းရဲ့အလုပ်ကို ဂရုစိုက်ဖို့ အကောင်းဆုံးလုပ်ခဲ့တယ်။ ရေလောင်းအဖွဲ့က လူတချို့က သူတို့အလုပ်အခက်အခဲတွေကို စောဒကတက်လာတဲ့အခါ သူတို့ရဲ့ မှားတဲ့ရှုထောင့်အမြင်တွေကို ပြုပြင်ဖို့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မမိတ်သဟာယပြုပြတယ်။ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဘုရားကို အမှီပြုပြီး သမ္မာတရားကို ရှာဖွေတယ်။ တချို့လူသစ်တွေက ပြဿနာတွေအများကြီးရှိပြီး စုဝေးပွဲတွေ မတက်တာကို ကျွန်မမြင်တဲ့အခါ ခက်အောင်လုပ်လို့ဆိုပြီး သူတို့ကို ကျွန်မအပြစ်မတင်တော့ဘဲ သူတို့အခက်အခဲတွေကို နားလည်အောင် ညီအစ်ကိုမောင်နှမတွေနဲ့ တကယ်ပြောဆိုဆွေးနွေးတယ်။ သူတို့နဲ့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့တယ်။ ခေါင်းဆောင်တွေ၊ သင်းထောက်တွေ လုံလုံလောက်လောက် မချထားတာနဲ့ပတ်သက်ပြီး ပင်ကိုအစွမ်းအစရှိသူတွေကို လေ့ကျင့်ပေးဖို့ ပိုလုပ်တယ်။ ပိုပြီး အစွမ်းအစရှိတဲ့၊ အဲဒီနေရာတွေနဲ့ ပိုပြီးသင့်တော်တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ တာဝန်ထမ်းဆောင်ခြင်းရဲ့ အရေးပါမှုနဲ့ စည်းမျဉ်းတွေကို မိတ်သဟာယဖွဲ့တယ်။ ပြီးတော့ အချိန်ပေးပြီး သူတို့နဲ့အတူ ယှဉ်တွဲအလုပ်လုပ်တယ်။ အသင်းတော်တွေမှာ အတော်လေးရှုပ်ထွေးတဲ့ အလုပ်တချို့ရှိနေပြီး ဘယ်သူကမှ မစစ်ဆေးကြတာကို ကျွန်မသတိထားမိတဲ့အခါမှာ ကျွန်မပဲ တကူးတက တာဝန်ယူလိုက်တယ်။ အစတော့ ကျွန်မကောင်းကောင်းလုပ်နိုင်မလားဆိုတာ မသိဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ အဲဒီကိစ္စတွေကို ရှောင်နေလို့မဖြစ်တာ၊ ကိုယ့်အလုပ်နယ်ပယ်လေးကိုပဲ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ ထည့်တွက်နေလို့မရဘဲ ဘုရားအလိုတော်ကို ထည့်တွက်ပြီး အသင်းတော်ရဲ့ အလုပ်အားလုံးကို ထိန်းသိမ်းရမယ်ဆိုတာ သံသယမရှိခဲ့ဘူး။ အချိန်နည်းနည်းကြာတော့ ကျွန်မအလုပ်မှာ တိုးတက်မှုရှိလာတယ်။ ခေါင်းဆောင်တွေ၊ သင်းထောက်တွေအားလုံးက ကျွန်မစီမံနေတဲ့ အသင်းတော်တွေမှာ အရွေးခံရတယ်။ အသင်းတော်တချို့မှာဆို တာဝန်ယူနေတဲ့လူတွေက နှစ်ဆပိုများတယ်။ လူသစ်တချို့ကလည်း အလုပ်ကို သူတို့ဘာသာလုပ်နိုင်တယ်။ အရင်က သိပ်အဆင်မပြေတဲ့ အသင်းတော်တွေမှာ အလုပ်ကဏ္ဍတိုင်းက တိုးတက်လာနေတယ်။ ဒီနေရာမှာ ဘုရားရဲ့ လုပ်ဆောင်မှုတွေကို ကျွန်မတကယ်မြင်နိုင်တယ်။ ဘုရားသခင်အလိုရှိတာက လူတွေရဲ့ စိတ်နှလုံးနဲ့ နာခံမှုဖြစ်တယ်ဆိုတာကိုလည်း ကျွန်မအမှန်တကယ် ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မတို့က ဘုရားအလိုတော်ကို ထည့်တွက်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကိုပဲ စဉ်းစားနိုင်ရင်၊ ကိုယ်ပိုင်အကျိုးစီးပွားတွေကို မစဉ်းစားရင် ဘုရားရဲ့လမ်းပြမှုနဲ့ ကောင်းချီးတွေကို ကျွန်မတို့ ရရှိနိုင်တယ်။ ဒါကိုနားလည်တော့ ဘုရားအပေါ် ကျွန်မရဲ့ ယုံကြည်မှုက ပိုအားကောင်းလာတယ်။ ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်၏- လူကို အဘယ်ကြောင့် ကိုးကွယ်ရမည်နည်း

ယိုရှင်း တောင်ကိုရီးယားနိုင်ငံ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ တာဝန်ယူခဲ့ရတဲ့အချိန်တုန်းက ကျွန်မတို့အဖွဲ့လုပ်တာ သိပ်မကောင်းဘူး။...

တဖန်မွေးဖွားခြင်း

ယန်ကျင်း၊ ဟေးလုံကျန်း စီရင်စု ကျွန်တော်သည် အတွေးအခေါ် ခေတ်နောက်ကျပြီး ဆင်းရဲသော ကျေးလက်နေ မိသားစုတစ်စုထဲတွင် မွေးဖွားခဲ့သည်။ ကျွန်တော်သည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။