ဖောက်ပြန်ပျက်စီးမှု၏ ချည်နှောင်မှုများ

23.01.2022

ဝူရှီး တရုတ်နိုင်ငံ

၂၀၂၀ ခုနှစ်၊ မတ်လတုန်းကပေါ့။ ရွေးကောက်ပွဲတစ်ခုကို ကျွန်မ တာဝန်ယူထားတဲ့ ဘုရားကျောင်းမှာ ကျင်းပဖို့ ကျွန်မသွားခဲ့တယ်၊ ပြီးတော့ အစ်မချန်းက အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ အစ်မချန်းက အစွမ်းအစကောင်းရှိတယ်လို့ ကျွန်မ ထင်ပေမယ့်၊ သူက အသင်းတော်ခေါင်းဆောင်တာဝန်ကို အခုမှ စယူတာဖြစ်လို့၊ အသင်းတော်အလုပ်တွေကို သူသိပ်မရင်းနှီးသေးဘူး၊ ဒါကြောင့် ကျွန်မ သူ့ကို လေ့ကျင့်ပေးလို့ရအောင် အဲဒီမှာ ခဏနေပေးဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ အသင်းတော်အလုပ်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ရင်းနှီးပြီးကျင်လည်လာအောင် အစ်မကို ကူညီဖို့အတွက် အဖွဲ့ရဲ့အစည်းအဝေးတိုင်းကို ကျွန်မ သူနဲ့အတူ လိုက်သွားပြီး၊ အသင်းတော်အလုပ်ရဲ့ မူအချို့အကြောင်း သူ့ကို ကျွန်မပြောပြတယ်။ သိပ်မကြာခင်မှာပဲ သူဟာ အလုပ်တွေအားလုံးနဲ့ ရင်းနှီးလာခဲ့ပြီး ပြဿနာတွေ သူရင်ဆိုင်ရတဲ့အခါမှာ သမ္မာတရားကို ရှာဖို့ သူအာရုံစိုက်ခဲ့တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို သူ မိတ်သဟာယဖွဲ့တာက ဉာဏ်အလင်းရစေတယ်။ အစည်းအဝေးတက်တဲ့ အစ်ကို၊အစ်မအချို့က မေးခွန်းတွေမေးတဲ့အခါ၊ ကျွန်မ သေချာ မစဉ်းစားမိခင်မှာ အစ်မချန်းက ချက်ချင်းတုံ့ပြန်နိုင်ပြီး၊ အဖြေတစ်ခု ပြောဖို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မြန်မြန်ဆန်ဆန် ရှာပေးနိုင်တယ်။ အလုပ်အကြောင်း ဆွေးနွေးတဲ့အခါမှာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့အတွက် သက်ဆိုင်တဲ့မူတွေကို သူ ရှာပေးနိုင် တယ်။ အစ်မချန်းက အလုပ်ကို အတော်လေး လုပ်နိုင်စွမ်းရှိပြီး၊ မြန်မြန်ဆန်ဆန်တိုးတက်လာတာကို တွေ့ရတော့ ကျွန်မအပေါ် ဖိအားအနည်းငယ်ကျရောက်သလို ရုတ်တရက် ခံစားရတယ်။ ကျွန်မဟာ သူ့အလုပ်အတွက် တာဝန်ရှိတာကြောင့် အဖြေတွေကို သူမတွေ့ခင် ကျွန်မက တွေ့ရမှာဖြစ်တယ်။ ဒါပေမယ့် အချို့အရာတွေကို သူ့လောက်နှံ့စပ်အောင် ကျွန်မက မစဉ်းစားတာကြောင့် လတ်တလောကမှ ခန့်အပ်ခံရတဲ့ခေါင်းဆောင် တစ်ယောက်က ကျွန်မထက်ပိုပြီး စွမ်းဆောင်ရည်ရှိတယ် လို့ အခြားလူတွေက ထင်သွားမလား။ “မဖြစ်ဘူး။ ငါ့ရဲ့အလုပ်စွမ်းဆောင်နိုင်ရည်တွေကို သက်သေပြရမယ်။ အစ်ကိုတွေ၊ အစ်မတွေ ငါ့ကို အထင်သေးခွင့်ပေးလို့ မဖြစ်ဘူး” လို့ အဲဒီအချိန်မှာ ကျွန်မစဉ်းစားလိုက်တယ်။ အဲဒီအချိန်ကစပြီး အစ်မနဲ့ နောက်ထပ်အစည်းအဝေးတွေ သွားတဲ့အခါမှာ အခြားအစ်ကိုတွေ၊ အစ်မတွေ ဘယ်လိုမိတ်သဟာယ ဖွဲ့တယ်ဆိုတာကို ကျွန်မအထူးအာရုံစိုက်ပြီး၊ သူတို့ရဲ့အခြေအနေနဲ့ပတ်သက်တဲ့ ပြဿနာတွေက အခြေခံအား ဖြင့် ဘာလဲဆိုတာနဲ့ ဘာကြောင့်ဖြစ်တယ် ဆိုတာကို ကျွန်မ ဖော်ထုတ်ဖို့ ကြိုးစားတယ်။ ကျွန်မဟာ အစ်မချန်းထက်အရင် ပြဿနာတွေကို လုပြီးဖြေရှင်းဖို့ကိုသာ စိတ်ထဲမှာစွဲနေတယ်။ ဒါပေမယ့် အဲဒါတွေကိုဖြေရှင်းဖို့ ကျွန်မ ပိုပြီးမြန်မြန် ကြိုးစားလေ၊ ကျွန်မရဲ့စိတ်တွေ ပိုဖိစီးလာပြီး၊ ပိုပြီးစဉ်းစားရခက်လေဖြစ်လာတယ်။ အစ်ကိုတွေ၊ အစ်မတွေရဲ့ အခြေအနေတွေပေါ်ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူး။ နောက်တော့ အစ်မချန်းရဲ့ မိတ်သဟာယက ပြဿနာတွေကို ဖြေရှင်းပေးသွားတယ်။ ရှင်းရှင်းလင်းလင်းနဲ့ ထိထိရောက်ရောက် ဆွေးနွေးပြောဆိုနိုင်တဲ့အတွက် ကျွန်မတို့ရဲ့အစ်ကိုတွေ၊ အစ်မတွေက အစ်မချန်းကို ချီးမွမ်းတာ ကျွန်မကြားရပြီး၊ အဖြေတွေအတွက် သူ့ကို အားကိုးတာ ကျွန်မ တွေ့ရတော့ ကျွန်မ ပိုပြီးနေရထိုင်ရခက်လာတယ်။ ကျွန်မကိုယ်ကျွန်မ မုန်းတယ်၊ ငါဘာဖြစ်လို့ ဒီလောက် ညံ့ရတာ လဲ။ ငါဘာကြောင့် အစ်မချန်းလောက် မတော်နိုင်တာလဲလို့ပေါ့။ ကျွန်မမှာ အပျက်သဘောဆောင်တဲ့ စိတ်နည်းနည်းဝင်လာတယ်။ ကိစ္စတွေကဒီအတိုင်းဆက်သွားရင်၊ ဖုန်တောထဲမှာ ကျွန်မကျန်ခဲ့ မှာကို ကြောက်တယ်။

အစ်မချန်းနဲ့ လတ်တလောမှ ခန့်အပ်ထားတဲ့ အခြားသင်းထောက်တွေနဲ့အတူ ကျွန်မ အစည်းအဝေးလုပ်တဲ့နေ့တစ်နေ့ကို မှတ်မိတယ်၊ သူတို့ဟာ လူတွေရွေးချယ်တင်မြှောက်တာနဲ့ပတ်သက်တဲ့ မူတွေကို နားမလည်သေးဘူးဆိုတာကို အဲဒီမှာ ကျွန်မသိလိုက်ရတယ်။ ပြီးတော့ မသင့်တော်တဲ့လူအချို့ကို အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ရွေးချယ်ထားတယ်။ ဒီကိစ္စတွေကို ကျွန်မကြည့်ပြီး၊ အနည်းငယ်စိတ်ပူလာတယ်။ ကျွန်မဟာ အစ်မချန်းထက် ခေါင်းဆောင်ဖြစ်တာ အချိန်ပိုကြာ သလို၊ ရွေးချယ်တင်မြှောက်တာနဲ့ပတ်သက်တဲ့ မူတွေအပေါ် ကျွန်မရဲ့နားလည်မှုက သူ့ထက်ပိုသာတာကို ကျွန်မစဉ်းစားမိတော့၊ အဲဒီအကြောင်းကို သူတို့ကို ကျွန်မအနေနဲ့ ထိထိရောက်ရောက် ရှင်းပြပေးနိုင်မယ်၊ ပြီးတော့ ကျွန်မက သမ္မာတရားကိုနားလည်ပြီး အရာရာကို ရှင်းရှင်းလင်းလင်း သဘောပေါက်နိုင်သလို၊ အစ်မချန်းထက် ပိုပြီးတော်နေတုန်းပဲဆိုတာကို ကျွန်မတို့ရဲ့ညီအစ်ကိုမောင်နှမတွေ ကို ပြဖို့ အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်လို့ ကျွန်မ စဉ်းစားမိတယ်။ ဒါကြောင့် ဆီလျော်တဲ့မူအချို့ကို ကျွန်မရှာတွေ့ရှိပြီး၊ ကျွန်မတို့ အားလုံး အတူဆွေးနွေးကြတယ်။ အစ်မချန်းက ဒီမူတွေကို ထည့်သုံးပြီး ခေါင်းဆောင်တစ်ယောက် အနေနဲ့ အစေခံဖို့ ဘယ်လိုလူမျိုးကို ရွေးချယ်ရမယ်ဆိုတာကို ဆွေးနွေးတယ်။ တကယ့်နမူနာတွေကို အသုံးမပြုဘဲ အစ်မချန်းက မိတ်သဟာယဖွဲ့ တာကို နားထောင်လိုက်ရတော့၊ ကျွန်မ တိတ်တိတ်ကလေး သဘောကျမိတယ်။ အစ်မချန်းဟာ ခေါင်းဆောင်နေရာရတာ သိပ်မကြာသေးသလို၊ အတွေ့အကြုံလည်း သိပ်မရှိဘူး။ ကျွန်မကတော့ ပြီးရင် တကယ့်နမူနာအစစ်တွေသုံးပြီး ကျွန်မအနေနဲ့ နမူနာတွေနဲ့အသေးစိတ်အချက်အလက်တွေ အများကြီး ပေးနိုင်တာကို ကျွန်မတို့ရဲ့ညီအစ်ကိုမောင်နှမတွေက ကြားပြီး၊ အလုပ်အတွက် တာဝန်ယူဖို့ ကျွန်မဟာ ထိုက်တန်သလို၊ ကျွန်မရဲ့မိတ်သဟာယဖွဲ့မှုဟာ အသေးစိတ်ကျပြီး စုံလင်တယ်လို့ သူတို့သေချာပေါက် ခံစားကြရမှာပဲ။ ဒါကိုစဉ်းစားလိုက်တဲ့အခါမှာ ကျွန်မကိုယ်ကျွန်မ ကျေနပ်မိတယ်။ ကျွန်မ လည်ချောင်းရှင်း၊ ပြုံးလိုက်ပြီး၊ ရွေးကောက်ပွဲတွေမှာ အခြားအသင်းတော်တွေ ကြုံတွေ့ရတဲ့ ပြဿနာနဲ့အမှားမျိုးစုံအကြောင်းကို ပြောပြတယ်။ အဲဒီအကြောင်းတွေအားလုံးကို ကျွန်မ အချိန်နည်းနည်းယူပြီး ပြောပြတယ်၊ ကျွန်မပြောပြီးတဲ့အခါမှာ၊ ညီအစ်ကို မောင်နှမတွေ ကျွန်မကို ချီးမွမ်းတာကို စောင့်နေလိုက်တယ်။ ဒါပေမယ့် အသင်းတော်ရဲ့ လက်ရှိအဓိကပြဿနာဟာ လူတွေအနေနဲ့ အဖွဲ့ခေါင်းဆောင်ရွေးချယ်တာနဲ့ ပတ်သက်တဲ့မူ တွေကို မသိတာပဲဖြစ်ပြီး၊ အဲဒါနဲ့ ပတ်သက်တဲ့သမ္မာတရားတွေကို ကျွန်မတို့အနေနဲ့ ရှင်းရှင်းလင်းလင်းမိတ်သဟာယဖွဲ့ဖို့လိုတယ်လို့ အစ်မချန်းက ပြောတယ်။ ကျွန်မပေးတဲ့ နမူနာတွေက သိပ်အထောက်အကူမဖြစ်ဘူးလို့ သူက ပြောတယ်။ အစ်မချန်း ပြောပြီးတဲ့အခါမှာ၊ တခြားသင်းထောက်တစ်ယောက် က သူပြောတာကို သဘောတူတယ်လို့ ပြောတယ်။ အဲဒီအချိန်တုန်းက ဒါနဲ့ပတ်သက်ပြီး ကျွန်မသိပ်မကျေနပ်ဘူး။ သူတို့နှစ်ယောက်စလုံး ပြောတဲ့အရာတွေက ကျွန်မကို တော်တော်လေး အပျက်သဘောဆောင်တဲ့ပုံစံနဲ့ ထိခိုက်သလို၊ ကျွန်မ လုံးဝစိတ်ရှုပ်ထွေးသွားတယ်။ အဲဒီသင်းထောက်တွေအားလုံးက ကျွန်မကို ကြည့်နေကြတော့၊ ကျွန်မ ရှက်လည်းရှက်သွားတယ်။ အစက ကျွန်မအနေနဲ့ သိက္ခာနည်းနည်းဆယ်နိုင်မယ်လို့ ထင်ခဲ့ပေ မယ့်၊ မှားသွားတယ်။ ကျွန်မအနေနဲ့ သိက္ခာမဆယ်နိုင်ရုံတင်မက၊ ပိုပြီးတောင်အရှက်ရသွားတယ်။ ကျွန်မခေါင်းဆောင်ဖြစ်တာ အချိန်အရမ်းကြာခဲ့ပြီဖြစ်ပေမယ့်၊ အသစ်ခန့်အပ်ခံရတဲ့ ခေါင်းဆောင်တစ်ယောက်က ကျွန်မထက် ပိုတော်ပြီး ကျွန်မက မတော်ဘူးလို့ အခြားလူတွေ ထင်သွားမလား။ ဒါကို စဉ်းစားလိုက်မိတာနဲ့ ကျွန်မ ဘယ်သူ့ကိုမှ မကြည့်တော့ဘဲ ကသိကအောက်နဲ့ ထိုင်နေလိုက်တော့တယ်။ သိပ်မကြာခင်မှာဘဲ သင်းထောက်တစ်ယောက်က အစ်မချန်းကို မေးခွန်းတစ်ခုမေးပြီး၊ သူက အရမ်းရှင်းလင်းစွာနဲ့ မိတ်သဟာယဖွဲ့ပေးလိုက်တယ်။ သူက ကျွန်မကို လုံးဝကျော်သွားပြီလို့ ကျွန်မခံစားရပြီး ကျွန်မ စိတ်အားရှိသမျှ ကုန်သွားတယ်။ ကျွန်မ လုံးဝရှုံးနိမ့်သွားသလိုဖြစ်ပြီး ကျွန်မရဲ့ခေါင်းကိုတောင် မထောင်နိုင်တော့ဘူး။ အစ်မချန်းရဲ့ လျင်မြန်တဲ့တိုးတက်မှုနဲ့ ကောင်းမွန်တဲ့ အစွမ်းအစနဲ့ပတ်သက်လို့ ကျွန်မစဉ်းစားမိတယ်။ သူဟာ ကျွန်မထက် နည်းလမ်းအများကြီးနဲ့ ပိုပြီးတော်တယ်။ အဲဒီအကြောင်း ကျွန်မပိုစဉ်းစားလေ၊ ပိုပြီးဆိုးဆိုးရွားရွားခံစား ရလေပဲ။ သူက ကျွန်မဆီကနေ ထင်ရှားကျော်ကြားမှုကို လုံးဝ ခိုးယူသွားတယ်။ ကျွန်မ သူ့အပေါ် စပြီးမကောင်းမြင်လာသလို၊ ကျွန်မရဲ့တာဝန်မှာ သူနဲ့ဆက်တွဲလုပ်ဖို့တောင် ကျွန်မ မလိုလားတော့ဘူး။ တွေ့ဆုံပွဲအပြီးမှာ၊နှစ်ရက်နေရင် အဖွဲ့တစ်ခုရဲ့တွေ့ဆုံပွဲတစ်ခုကို အတူသွားတက်ဖို့ အစ်မချန်းက ကျွန်မကို အကြံပြုတယ်။ “အစ်မကျိုးနဲ့ကျွန်မ အဲဒီနေ့မှာ တခြားအဖွဲ့တစ်ခုကို သွားမှာ” လို့ ကျွန်မ သူ့ကိုတောင်မကြည့်ဘဲ အေးအေးစက်စက်ပြောလိုက် တယ်။ သူက မျက်နှာတော်တော်လေးနီသွားပြီး မသက်မသာ ဖြစ်သွားပုံရ တယ်။ ကျွန်မ ဆက်လျစ်လျူရှုလိုက်တော့ သူထွက်သွားတယ်။

အိမ်အပြန်လမ်းမှာ တွေ့ဆုံပွဲကို အစ်မချန်းတစ်ယောက်တည်း တက်ရမယ့်အကြောင်းကို ကျွန်မ စဉ်းစားမိတယ်။ သူက အဲဒီအဖွဲ့ထဲကလူတွေကို ကောင်းကောင်းမသိဘူး။ ဖြေရှင်းဖို့အတွက် အပြန်အလှန်ဆွေးနွေးဖို့လိုတဲ့ အကြောင်းအရာ တစ်ခု ပေါ်လာရင် ဘယ်လိုလုပ်မလဲ။ ကျွန်မ မသွားခဲ့ဘဲ၊ သူဘယ်လိုဖြေရှင်းရမှန်း မသိတဲ့ အရာတစ်ခုကို ရင်ဆိုင်ရရင်၊ ကျွန်မတို့ရဲ့အလုပ်ကို ကြန့်ကြာသွားစေမလားလို့ပေါ့။ ကျွန်မပြန်သွားပြီး သူ့ကိုရှာချင်ခဲ့တယ်။ ဒါပေမယ့် တွေ့ဆုံပွဲတုန်းက ကျွန်မ ဘယ်လိုအရှက်ရခဲ့တယ်ဆိုတဲ့ အကြောင်းကို စဉ်းစားလိုက်တဲ့အခါမှာ၊ ကျွန်မ စိတ်မကောင်းဖြစ်သွားပြီး၊ “မင်းရဲ့အစွမ်းအစက သိပ်ကောင်းပြီး၊ အရာရာမှာ တော်တယ်ဆိုတော့၊ မင်းဘာသာမင်းပဲလုပ်” လို့ ကျွန်မ သူ့အပေါ် စပြီးဆန့်ကျင်ပြောလိုက်တယ်။ ဒါကြောင့် ကျွန်မရဲ့ဖောက်ပြန်ပျက်စီးနေတဲ့စိတ်သဘောထားက ကျွန်မရဲ့ပေါ်ထွက်လာတဲ့အသိစိတ်ကို အနိုင်ယူသွားတယ်။ ဘာတုံ့ဆိုင်းမှုမှမရှိဘဲ၊ ကျွန်မ စက်ဘီးပေါ်တက်ပြီး အိမ်ကို တန်းပြန်ခဲ့တယ်။ အဲဒီညမှာ ကျွန်မ အိပ်ရာပေါ်လှဲပြီး လူးလိမ့်ရင်းနဲ့ လုံးဝအိပ်လို့မရ ဘူး။ အစ်မချန်း ဘယ်လိုမြန်မြန်ဆန်ဆန်တိုးတက်ခဲ့တယ်၊ လူတိုင်းက သူ့ကို ဘယ်လိုလေးစားအားကျတယ်ဆိုတဲ့အကြောင်းကိုပဲ ကျွန်မ စဉ်းစားနေမိတယ်။ ကျွန်မ အဲဒီအသင်းတော်မှာ ဆက်နေရင်၊ ကျွန်မဟာ သူ့အတွက် ဒေါက်တိုင်တစ်ခုအနေနဲ့ပဲ ဖြစ်နေမယ် မဟုတ်လား။ ဒီအသင်းတော်က ထွက်တာပဲ ကောင်းတယ်လို့ ကျွန်မ တွက်ဆ လိုက်တယ်။ ဒါပေမယ့် ဒီအတွေးက ကျွန်မကို စိတ်မသက်မသာ ဖြစ်စေတယ်။ အစ်မချန်းက အသင်းတော်မှာ တကယ်ကို ကောင်းကောင်း လုပ်ကိုင်နေခဲ့ပေမယ့်၊ သူနဲ့တချို့သင်းထောက်တွေအားလုံးက အသစ်တွေ ဖြစ်တယ်။ သူတို့ အပြည့်အဝနားမလည်သေးတဲ့ မူတွေအများကြီး ရှိပြီး၊ အဲဒါကနေ အမှားတွေဖြစ်စေနိုင်တယ်။ အခု ဒါက ဘုရားသခင်အိမ်တော်ရဲ့အလုပ်အတွက် ဆိုးသွားနိုင်တယ်။ အဲဒီမှာ ခဏကြာကြာနေပြီး သူတို့ကို ကူညီပေးသင့်တယ်၊ ရုတ်တရက်ထွက်သွားရင် တာဝန်မဲ့ရာကျမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ အဲဒီလိုအခြေအနေမှာ ကျွန်မရောက်နေတာ မှားတယ်ဆိုတာကို ကျွန်မသိလို့၊ ဘုရားသခင်ရှေ့မှောက်ကိုသွားပြီး၊ သူ့ရဲ့အလိုတော်ကို နားလည်ဖို့နဲ့ ကျွန်မကိုယ်ကျွန်မသိအောင် လမ်းပြပေးဖို့ သူ့ကို ဆုတောင်းလိုက်တယ်။

နောက်တစ်နေ့မှာ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ” ထဲက ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ ဒီအပိုဒ်ကို ကျွန်မတွေ့လိုက်တယ်။ အပိုဒ် ၅- “မည်သူတစ်ယောက်ကိုမျှ မိမိတို့ကိုယ်ကိုယ် စုံလင်သည် သို့မဟုတ် ဂုဏ်ရှိပြီး မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မတွေးထင်စေနှင့်။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို ကွဲပြားခြားနားသည်ဟု အမြဲတမ်း တွေးထင်ခြင်း- ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ မိမိ၏ အားနည်းချက်များကို မည်သည့် အခါမျှ လက်ခံနိုင်ခြင်းမရှိဘဲ၊ မိမိ၏ အမှားများနှင့် ရှုံးနိမ့်မှုများကို မည်သည့်အခါမျှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိခြင်း- ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိထက် မည်သည့်အခါမျှ ပို၍မြင့်မားခွင့်မပြု၊ သို့မဟုတ် မိမိထက် ပို၍သာခွင့်မပြု- ဤအရာကို မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ အင်အားကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ- ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ အရေးကိစ္စတစ်ခုနှင့် ပတ်သက်၍ အခြားသူများကို မိမိထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က ခွင့်ပြုသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ၊ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး၊ စိတ်ပျက် အားလျော့ကာ စိတ်ညစ်လာကြသည်- ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင့်ကို အခြားသူများ၏ လမ်းပြမှုကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်ကိုယ်တိုင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိဖြစ်စေကာ၊ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်၏ ဂုဏ်သတင်းကို ချစ်မြတ်နိုးစေနိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ၊ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ဖြစ်ပေါ်စေနိုင်ပြီး၊ သင်သည် ဘောင်ခတ်ခံရနိုင်သည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘဲ၊ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ကရော်ကမည်နိုင်လာသည် အထိပင် ဖြစ်တော့သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ဖြစ်ပေါ်စေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက အရမ်းရှင်းလင်းတယ်။ လူတွေဟာ မာနထောင်လွှားမှုနဲ့နေကြတဲ့အခါ အမြဲထိပ်မှာ ရောက်ချင်ပြီး သူများထက်သာချင်ကြတယ်။ အဲဒီလိုလူစားမျိုးက သူတို့ရဲ့ဂုဏ်သတင်းနဲ့ဂုဏ်ဒြပ်ကို ကျန်တာတွေအားလုံးထက် ပိုပြီးအလေးထားကြတယ်။ အခြားလူတွေထက် သူတို့မသာနိုင်တဲ့အခါ၊ ဒါမှမဟုတ် အခြားလူတွေရဲ့လက်ခံမှုကို မရနိုင်တဲ့အခါ၊ သူတို့က အပျက်သဘောဆောင်လာကြပြီး စိတ်ပျက်လက်ပျက် ဖြစ်လာတဲ့အပြင်၊ သူတို့ရဲတာဝန်တွေ ထမ်းဆောင်ဖို့ကိုတောင် ငြင်းဆန်လာကြတယ်။ ကျွန်မဟာ ဘုရားသခင် ဖော်ထုတ်နေတဲ့ အဲဒီလိုလူစားမျိုးမှန်း ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မဟာ တကယ်မာနထောင်လွှားတဲ့ စိတ်သဘောထားရှိပြီး နာမည်နဲ့ဂုဏ်ဒြပ်တွေကို တမ်းတတယ်။ အစ်မချန်းကို ကျွန်မ စသိချိန်တုန်းက၊ ကျွန်မဟာ ပိုလုပ်နိုင်ကိုင်နိုင်စွမ်းရှိပြီး၊ ပြဿနာတွေဖြေရှင်းဖို့ သမ္မာတရားအပေါ် ပိုပြီးမိတ်သဟာယဖွဲ့နိုင်တယ်လို့ ကျွန်မထင်ခဲ့သလို၊ သူနဲ့အတူမိတ်သဟာယဖွဲ့ပြီး သူ့ကိုကူညီဖို့ ကျွန်မ ဆန္ဒရှိခဲ့တယ်။ ဒါပေမယ့် နောက်တော့ သူရဲ့အစွမ်းအစကောင်းပုံနဲ့ မြန်မြန်သင်ယူနိုင်ပုံ၊ ပြီးတော့ အခြားလူတွေကလည်း သူ့ကို အထင်ကြီးတယ်ဆိုတာ တွေကို တွေ့လိုက်ရတော့ ကျွန်မရဲ့ကိုယ်ပိုင်ရာထူး ခြိမ်းခြောက်ခံရသလို ခံစားရတယ်။ ဒါကြောင့် ကျွန်မကိုယ်ကျွန်မ သူနဲ့ စပြီးနှိုင်းယှဉ်လာတယ်၊ ဘာမဆို သူ့ထက်ပိုတော်ပုံပေါက်အောင် ကြိုးစားခဲ့တယ်။ ကျွန်မရဲ့ကိုယ်ပိုင်စွမ်းဆောင်ရည်ကိုလည်း သက်သေပြချင်ခဲ့ တယ်။ အထူးသဖြင့် အဖွဲ့ခေါင်းဆောင်တစ်ယောက် ရွေးချယ်တာနဲ့ ပတ်သက်ပြီး၊ ကြွားဝါပြီး လေးစားအားကျခံရဖို့အတွက် မူတွေနဲ့ပတ်သက်တဲ့ ကျွန်မရဲ့မိတ်သဟာယကို အသုံးပြုချင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မရဲ့မိတ်သဟာယတချို့က မထိရောက်ခဲ့လို့ အစ်မချန်းက ကျွန်မထက် သာသွားတယ်။ ကျွန်မကိုယ်ကျွန်မ ဆင်ခြင်သုံးသပ်မှုမရှိခဲ့သလို၊ သူ့အ‌ပေါ် မကျေမနပ်ဖြစ်လာပြီး ကျွန်မ သူနဲ့အတူ အလုပ်မလုပ်ချင်တော့ဘူး။ ကျွန်မရဲ့တာဝန်ကို စွန့်လွှတ်ပြီး အဲဒီအသင်းတော်ကတောင် ထွက်ချင်ခဲ့တယ်။ ကျွန်မဟာ ဂုဏ်သတင်းနဲ့ဂုဏ်ဒြပ်တွေကိုပဲ လုံးဝအာရုံရောက်နေပြီး၊ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းလုပ်ဖို့ လုံးဝမစဉ်းစားခဲ့တာကို ကျွန်မ ဆင်ခြင်သုံးသပ်ရာကတစ်ဆင့် တွေ့လိုက်ရတယ်။ ကျွန်မရဲ့တာဝန်ကို ကျွန်မ တမင်ပျက်ကွက်ခဲ့မှန်း ကျွန်မအသိတရားရသွားတယ်။ ကျွန်မအနေနဲ့ ဆင်ခြင်သုံးသပ်နိုင်ဖို့နဲ့ ကျွန်မရဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ရှုထောင့်အမြင်တွေကို တည့်မတ်စေဖို့၊ ဘုရားသခင်ရဲ့တရားစီရင်မှုနဲ့ပြစ်တင်ဆုံးမခြင်းတွေဟာ ကျွန်မအပေါ် ဘယ်လိုရှိမယ်ဆိုတာကို အဲဒီနည်းလမ်းနဲ့ ဖော်ထုတ်ပြလိုက်တာပဲဖြစ်တယ်။ ဘုရားသခင်ရဲ့အလိုတော်ကို နားလည်သွားတဲ့နောက် ကျွန်မရဲ့စိတ်က ပိုပြီးအေးချမ်းသွားတယ်။

အဲဒီနောက် အန္တိခရစ်ရဲ့စိတ်သဘောထားတွေကို ဖော်ထုတ်ပြသပေးတဲ့ ဘုရားသခင်ရဲ့ နောက်ထပ် နှုတ်ကပတ်တော်တွေကို ကျွန်မဖတ်တယ်။ “အန္တိခရစ်တို့က အုပ်စုတစ်စုအတွင်း၌ မိမိတို့၏တာဝန်များကို ဖြည့်ဆည်းသည့်အခါတွင် ၎င်းတို့၏ပထမဆုံး အတွေးမှာ မိမိတို့၏ကိုယ်ပိုင် တာဝန်များ၌ လိုအပ်သည့် အခြေခံသဘောတရားများ၊ ဘုရားသခင် လိုအပ်သည့်အရာ၊ သို့မဟုတ် ဘုရားအိမ်တော်၏ စည်းမျဉ်းများသည် မည်သည့်အရာဖြစ်သည်တို့ကို ရှာဖွေရန် မဟုတ်ပေ။ ယင်းထက် မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းက သာ၍များသောလူများ ၎င်းတို့ကို အထင်ကြီးသည့် အကျိုးဆက် ရှိမည် ဟုတ်မဟုတ်ကိုလည်းကောင်း၊ ဤအရာကို အထက်က သိမည် ဟုတ်မဟုတ်ကိုလည်းကောင်း၊ အုပ်စုထဲရှိ မည်သူက မိမိတို့၏အလုပ်၌ အတော်ဆုံးဖြစ်ပြီး မည်သူက ကြီးကြပ်သူဖြစ်ကြောင်းကိုလည်းကောင်း မေးကြသည်။ မိမိတို့၏တာဝန်များကို ဖြည့်ဆည်းဖို့ နေရာဖြစ်သည့် ပတ်ဝန်းကျင်များကို ၎င်းတို့ဝင်ရောက်သည်နှင့်၊ ၎င်းတို့တွေးသည့်အရာ၊ ၎င်းတို့ သိလိုပြီး နားလည်လိုသည့်အရာတို့သည် သမ္မာတရားနှင့် အခြေခံအားဖြင့် မဆက်နွှယ်နေပေ၊ သို့မဟုတ် မိမိတို့၏တာဝန်များကို မည်သို့ဖြည့်ဆည်းရမည်နှင့်သက်ဆိုင်သည့် ပြဿနာကို မဖြေရှင်းပေ၊ သို့မဟုတ် တုံ့ဆိုင်းမှုများဖြစ်စေ၊ အနှောင့်အယှက်များကိုဖြစ်စေ ဖြစ်ပေါ်စေခြင်းကို မည်သို့ရှောင်ရှားဖို့၊ သို့မဟုတ် မိမိတို့၏တာဝန်များကို မည်သို့ကောင်းစွာဖြည့်ဆည်းနိုင်မည်ဖြစ်ပြီး ဘုရားသခင်၏အလိုတော်ကို မည်သို့ပြည့်ဝစေဖို့တို့နှင့်လည်း မဆက်နွှယ်ချေ။ ယင်းထက် ၎င်းတို့၏ပထမဆုံးအတွေးမှာ အုပ်စုအတွင်း၌ မိမိတို့အတွက် ခြေကုပ်ယူခြင်းအကြောင်း၊ မိမိတို့၏ရာထူးကို ခိုင်မာစေခြင်း၊ လေးစားမှုကို ရယူခြင်းနှင့် အုပ်စုထဲတွင် ထင်ပေါ်ခြင်းတို့အကြောင်း ဖြစ်သည်။ ၎င်းတို့က အခြားသူများအထက်တွင် ၎င်းတို့မည်သို့ရှိနိုင်မည့်အကြောင်းနှင့် အုပ်စုခေါင်းဆောင် မည်သို့ဖြစ်လာနိုင်သည့်အကြောင်းကို စဉ်းစားကြသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းနေခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်လာပြီးဖြစ်သနည်း။ (ရာထူးတစ်ခုကိုင်စွဲဖို့ ဖြစ်ပါသည်။) ၎င်းတို့က ‘ကျွန်ုပ်အတွက်မူ လောကီကမ္ဘာ၌ အခြားမည်သူထက်မဆို ကျွန်ုပ် သာအောင်လုပ်ချင်သည်။ ကျွန်ုပ် မည်သည့်အုပ်စုထဲ၌ ရှိပါစေ၊ ကျွန်ုပ်သည် အစဉ် အထက်လူကြီးဖြစ်မည်၊ ကျွန်ုပ်သည် မည်သည့်အခါမျှ လက်အောက်ခံတစ်ယောက်အဖြစ် ပါဝင်လုပ်ဆောင်မည် မဟုတ်။ မည်သူကမျှ ကျွန်ုပ်အား နောက်လိုက်ဖြစ်စေဖို့ မကြိုးစားလျှင် ကောင်းမည်။ ကျွန်ုပ် မည်သည့်အုပ်စုကို သွားပါစေ၊ ကျွန်ုပ် ခေါင်းဆောင်ဖြစ်မည်ဖြစ်ပြီး အပြီးသတ် ဆုံးဖြတ်ချက်ကို ကျွန်ုပ် ချလိုသည်။ ၎င်းတို့က ကျွန်ုပ်အား နားမထောင်ပါက၊ ၎င်းတို့အားလုံးကို သိမ်းသွင်းစည်းရုံးဖို့နှင့် ကျွန်ုပ်အား ရွေးချယ်စေဖို့ ကျွန်ုပ် နည်းလမ်းရှာမည်။ ပြီးလျှင် ၎င်းတို့က ကျွန်ုပ်အား ရွေးချယ်သည်နှင့်၊ ကျွန်ုပ်ပြောသည့်အရာကို နာခံရမည်ဖြစ်ပြီး၊ ကျွန်ုပ် သဘောရှိသည့်မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ဆောင်မည်’ ဟု ဆိုကြသည်။ မည်သည့်အုပ်စု၌မဆို၊ အန္တိခရစ်တစ်ဦးက မိမိ၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ၎င်းသည် အရေးမပါသည့် နောက်လိုက်တစ်ဦးအဖြစ် မရောင့်ရဲပေ။ ၎င်းတို့သည် အဘယ်အရာနှင့်ပတ်သက်၍ စိတ်အပြင်းပြဆုံး ဖြစ်သနည်း။ အမိန့်ပေးခြင်းနှင့် ၎င်းတို့ လိုချင်သည့်အရာကို အခြားသူများအား လုပ်ဆောင်စေခြင်းတို့ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင်တာဝန်များကို ဖြည့်ဆည်းခြင်း၊ အလုပ်ပိုကြိုးစားခြင်း၊ သာ၍ကြီးမားသော အဖိုးအခပေးခြင်း၊ သာ၍များသော အချိန်နှင့် အင်အားတို့ကို အသုံးခံခြင်း၊ သို့မဟုတ် ၎င်းတို့အပေါ် ကျရောက်လာသည့် ဝေပုံကျ အလုပ်တာဝန်ကို ဖြည့်ဆည်းခြင်းတို့နှင့်ပတ်သက်၍ စိတ်မပြင်းပြချေ။ ယင်းထက် အမှုထမ်းဆိုင်ရာနှင့် မိမိတို့၏အလုပ်အကိုင်များနှင့် ကိစ္စရပ်များ၌ အခြားသူများကို ဦးဆောင်သည့်လူများဖြစ်လာဖို့နည်းလမ်းကို ၎င်းတို့ လေ့လာသင်ယူကြသည်။ ၎င်းတို့က အခြားသူများ၏ ဦးဆောင်ခံရဖို့ လိုလိုလားလား မရှိနေကြပေ။ ၎င်းတို့က နောက်လိုက်များ မဖြစ်လိုကြပေ၊ သို့မဟုတ် သိုက်မြိုက်သော အခမ်းအနား မပါဘဲ မိမိတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းနှင့်ပတ်သက်၍ လုပ်ဆောင်လိုခြင်း မရှိပေ။ ၎င်းတို့၏တာဝန်များသည် မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့က အရေးပါသည့်သူမဖြစ်ပါက၊ ၎င်းတို့က ခေါင်းဆောင်ဖြစ်၍မရပါက၊ မိမိတို့၏တာဝန်များ ဖြည့်ဆည်းခြင်း၌ ရည်ရွယ်ချက်ကို ၎င်းတို့ မရှာနိုင်ကြချေ။ ၎င်းတို့က မိမိတို့လိုချင်သည့်အရာကို မရနိုင်ပါက၊ ယင်းသည် ၎င်းတို့အတွက် သာ၍ပင် စိတ်ဝင်စားမှုနည်းပါးဖွယ် ဖြစ်လာပြီး၊ မိမိတို့၏တာဝန်များကို ဖြည့်ဆည်းဖို့ ၎င်းတို့ စိတ်ဆန္ဒများ သာ၍ပင် နည်းပါးလာလေသည်။ သို့ရာတွင် ၎င်းတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်စဉ်တွင် အရေးပါသည့်သူဖြစ်ပြီး အဆုံးသတ်ဆုံးဖြတ်ချခွင့်ရနိုင်ပါက၊ ၎င်းတို့က အခြားမည်သူထက်မဆို မိမိတို့၏ကဏ္ဍကို သာ၍များသော အားမာန်ဖြင့် လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့၏စိတ်နှလုံးများထဲတွင်၊ အခြားသူများကို သာလွန်ဖို့ ၎င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏စိတ်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းလျက်၊ ၎င်းတို့၏တာဝန်များသည် အခြားသူများထက် များစွာ သာလွန်သည်ဟု သဘောပေါက်ထားသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၇)”) လူတွေက ဘာကြောင့် အခြားလူတွေနဲ့ယှဉ်ရင် သာမည မဖြစ်ချင်ရတာလဲဆိုတာနဲ့ ဘာကြောင့် သူတို့ဟာ ဂုဏ်ဒြပ် နောက်ကို အမြဲလိုက်နေတယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ပိုင်းခြားစိတ်ဖြာပြီး ပြသပေးတယ်။ မြတ်နိုးခံရပြီး လေးစားအားကျခံရချင်တဲ့ လိုအင်ဆန္ဒတွေက သူတို့ကို မောင်းနှင်တာဖြစ်ပြီး၊ ဒါဟာ အန္တိခရစ်တစ်ယောက် ရဲ့လမ်းကြောင်းဖြစ်တယ်။ အန္တိခရစ်တွေအတွက် စာတန်ဟာ အခြားအရာတွေအားလုံး ထက် ပိုပြီးအရေးကြီးတယ်။ သူတို့ဟာ သမ္မာတရားကိုနားလည်ဖို့၊ ဒါမှမဟုတ် မူတွေကို ကျင့်သုံးဖို့ သူတို့ရဲ့တာဝန်တွေကို ဘယ်တော့မှ မလုပ်သလို၊ ဘုရားသခင်ကို ကျေနပ်အောင်လုပ်ဖို့လည်း ဂရုမစိုက်ကြဘူး။ သူတို့ဟာ အခြားလူတွေပေါ် ဆရာလုပ်ဖို့၊ သူတို့ကို အခြားလူတွေ အားကျအောင်လုပ်ဖို့အပြင်၊ ဘုရားသခင် ရဲ့လူတွေကို သိမ်းယူဖို့ဖြစ်တဲ့ သူတို့ရဲ့ရိုင်းတဲ့ရည်မှန်းချက်ကို အထမြောက်အောင် နည်းလမ်းတွေကိုပဲ ကြံစည်နေကြတယ်။ အန္တိခရစ်တွေနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ် တော်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ကျွန်မက သိပ်ဆိုးရွားတဲ့အခြေအနေကို မရောက်သေးတာ တွေ့ရပေမယ့်၊ အန္တိခရစ်တစ်ယောက်ရဲ့စိတ်သဘောထားလက္ခဏာတွေကို ကျွန်မပြသနေပြီဖြစ်တယ်။ အစ်မချန်း အရမ်းတိုးတက်နေပြီး၊ ညီအစ်ကိုမောင်နှမတွေ တွေက သူ့ကို ချီးမွမ်းနေကြတာ တွေ့ရတဲ့အခါ၊ ကျွန်မ သူ့ကို စပြီးမနှစ်မြို့တော့သလို၊ သူ့ကို ချန်လှပ်ခဲ့တယ်။ ကျွန်မရဲ့ထင်ပေါ်မှုကို သူက ဟန့်တားနေပြီး၊ ကျွန်မရဲ့အောင်မြင်မှုကို ခိုးသွားတယ်လို့ ကျွန်မခံစားရ တယ်။ ကျွန်မဟာ “ကျန်တဲ့လူတွေရဲ့ အပေါ်မှာ နေရမယ်” ဆိုတာနဲ့ “ပထမဦးဆုံးအမျိုးသား တစ်ယောက်တည်း ရှိတယ်” ဆိုတာတွေလို ဆိုးယုတ်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေခဲ့တာပါ။ ကျွန်မဟာ ပထမဖြစ်ဖို့ ဂုဏ်ဒြပ်အတွက် အမြဲတမ်း တိုက်ပွဲဝင် နေခဲ့တယ်။ ထိပ်ကရှိတဲ့သူ ဘယ်သူမဆိုဟာ အာဏာရှိပြီး အဆုံးအဖြတ်ပေးလို့ရသလို၊ အာဏာနဲ့ဂုဏ်ဒြပ်ဟာ ဘယ်အရာမဆိုထက် ပိုပြီးအရေးကြီး တယ်လို့ ကျွန်မထင်ခဲ့တယ်။ ဂုဏ်ဒြပ်အတွက် တိုက်ပွဲဝင်ဖို့နဲ့ ကျွန်မရဲ့ ထိခိုက်စေတဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ ဘုရားသခင်ရဲ့အသင်းတော်ကို တောင် ကျွန်မရဲ့ကိုယ်ပိုင်ပြိုင်ကွင်းအနေနဲ့ အသုံးပြုခဲ့တယ်။ ကျွန်မက အန္တိခရစ်တစ်ယောက်ရဲ့လမ်းကြောင်းပေါ် ရောက်နေခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ရင်းနဲ့ ဘုရားသခင် ရဲ့စိတ်သဘောထားကို ဆိုးဆိုးရွားရွား ပုန်ကန်ပြစ်မှားနေခဲ့ တယ်။ ကျွန်မရောက်နေတဲ့လမ်းကြောင်းဟာ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာနဲ့ အဲဒါကို ဘုရားသခင်က ဘယ်လောက်မုန်းတီးတယ်ဆိုတာ ကျွန်မတွေ့လိုက်ရတယ်။ အစ်မချန်းအတွက် သူ့ရဲ့တာဝန်ကို စိမ်းနေသေးတဲ့ အချက်လည်း ရှိတော့၊ သူ့ကို ကန့်သတ်ချုပ်ချယ်ထားရင် သူ့ရဲ့အလုပ်မှာ အဟန့်အတားဖြစ်မှာဖြစ်ပြီး၊ အဲဒါက သူလုပ်နေတဲ့တာဝန်ကို ထိခိုက်လာရင် ကျွန်မဟာ မကောင်းမှုကို လုပ်နေတာပဲဖြစ်မှာ။ ကျွန်မ တကယ်အပြစ်ရှိသလို ခံစားရပြီး ရာထူးအတွက်ပဲ ရုန်းကန်ရင်းနဲ့၊ ကျွန်မရဲ့ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ ကျွန်မ အသက်ရှင်နေပုံကို တွေ့လိုက်ရတယ်။ အဲဒါဟာ အခြားလူတွေကို ထိခိုက်စေပြီး အနှောင့်အယှက်ပေး ရုံတင်မကဘဲ မကောင်းမှုကို လုပ်ပြီး အသင်းတော်ရဲ့အလုပ်ကို ထိခိုက်စေတဲ့ အတွက် ကျွန်မလည်း ထုတ်ပယ်ခံရနိုင်တယ်။ ကိုယ်ပိုင်ဂုဏ်ဒြပ်နောက် လိုက်တာဟာလျှောက်ဖို့ ကောင်းတဲ့ လမ်းကြောင်းတစ်ခုမဟုတ်ဘူးဆိုတာ ကျွန်မ တကယ်တွေ့လိုက်ရတယ်။ ကျွန်မ တကယ်ကိုကြောက်သွားပြီး အဲဒီဖောက်ပြန်ပျက်စီးနေ တဲ့စိတ်သဘောထားနဲ့ အသက်မရှင်ချင်တော့ဘူး။ ကျွန်မ ဘုရားသခင်ဆီ နောင်တရချင်ခဲ့တယ်။

အဲဒီနောက်မှာ လက်တွေ့လုပ်ဆောင်ရမယ့်လမ်းကြောင်းရှာဖို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်မဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်က သင့်အား မိုက်မဲအောင်ပြုပါက၊ သင်၏မိုက်မဲမှု၌ အဓိပ္ပာယ်ရှိပေသည်။ အကယ်၍ သူက သင့်အား ထက်မြက်အောင်ပြုပါက၊ သင်၏ထက်မြက်မှု၌ အဓိပ္ပာယ်ရှိ၏။ ဘုရားသခင်က သင့်အား မည်သည့် ကျွမ်းကျင်မှုကိုမဆို ပေးပါစေ၊ သင်၏အားသာချက်များက မည်သည့်အရာဖြစ်ပါစေ၊ သင်၏ဉာဏ်ရည်ဉာဏ်ကဲက မည်မျှမြင့်မားပါစေ၊ ယင်းတို့အားလုံးသည် ဘုရားသခင်အတွက် ရည်ရွယ်ချက် တစ်ခုရှိလေသည်။ ဤအရာများအားလုံးကို ကြိုတင်ပြဋ္ဌာန်းထားသည်။ သင်ပါဝင်လုပ်ဆောင်သည့် အခန်းကဏ္ဍ၊ သင်ဖြည့်ဆည်းသည့်တာဝန်— ဤအရာများကိုလည်း ဘုရားသခင်က ကြာမြင့်စွာကတည်းက သတ်မှတ်ပိုင်းခြားထားသည်။ လူအချို့က ယုံကြည်လက်ခံခြင်း မရှိကြပေ။ ၎င်းတို့က သာ၍ သင်ယူလေ့လာခြင်း၊ သာ၍မြင်ခြင်းနှင့် သာ၍ လုံ့လဝီရိယရှိခြင်းတို့အားဖြင့် အမှုကိစ္စများကို ပြောင်းလဲလိုကြသည်။ သို့ရာတွင် ၎င်းတို့က မသာလွန်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ၊ ၎င်းတို့သည် အတွေ့အကြုံမှ ဤအရာကို သိရှိလိမ့်မည်။ သင်မည်မျှ တွန်းလှန်တိုက်ခိုက်ပါစေ ကံကြမ္မာကို မတိုက်ခိုက်နိုင်ချေ။ သင်ဖြစ်မည့်အရာကို ဘုရားသခင်က သတ်မှတ်ထားပြီးဖြစ်ကာ သင်၏တွန်းလှန်တိုက်ခိုက်ခြင်းသည် အချည်းနှီးဖြစ်ပေသည်။ သင်သည် မည်သည့်အရာ၌ တော်ပါစေ၊ ယင်းသည် သင်အားထုတ်ကြိုးပမ်းရမည့် နေရာဖြစ်သည်။ သင်၏ကျွမ်းကျင်မှုအပိုင်းအခြား၏ ပြင်ပနယ်ပယ်များကို အားစိုက်ထုတ်ဖို့ မကြိုးစားနှင့်၊ အခြားသူများကို အားမကျနှင့်။ လူတိုင်း၌ ၎င်းတို့၏အသုံးဝင်မှုရှိသည်။ အခြားသူများ၏ အလုပ်များကို တာဝန်ယူလုပ်ဆောင်ဖို့ အစဉ် ဆန္ဒရှိလျက်၊ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှမဟုတ်ဘဲ သင့်ကိုယ်သင် ထုတ်ဖော်ကြွားဝါလျက်၊ သင့်ဘာသာ အရာအားလုံးကို လုပ်ဆောင်နိုင်ကြောင်း၊ သင်သည် စုံလင်ကြောင်း၊ သင်သည် အခြားသူများထက် သာကြောင်း မတွေးလေနှင့်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ ဥပမာအနေဖြင့် သင် ကသည့်အခါတွင် စည်းဝါးကိုက်အောင်လုပ်ခြင်း၌ အတော်အတန် တော်နိုင်သည်— ဤသည်မှာ သင်သည် အဆုံးအဖြတ်ပေးသူတစ်ဦး ဖြစ်လာသင့်သည့်၊ အခက်အခဲမှ လွန်မြောက်မှုကို စွမ်းဆောင်ရရှိနိုင်သည့်၊ အခြေခံသဘောတရားများကို ကျွမ်းကျင်ပိုင်နိုင်ပြီး သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်သင့်သည့် နေရာဖြစ်သည်။ လူအချို့က အဝတ်အထည်များ ဒီဇိုင်းဆွဲရသည်ကို နှစ်သက်ကြပြီး ယင်း၌ အတော်အတန် ကျွမ်းကျင်ပိုင်နိုင်ကြသည်။ သို့ဖြစ်၍ ဤသည်မှာ အားထုတ်ကြိုးပမ်းမှု ပြုပြီး သင်၏လေ့လာမှုများကို တိုးတက်စေသင့်သည့်နေရာဖြစ်သည်။ မည်သည့်အရာကိုမျှ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိဟု တွေးသည့်သူများ ရှိပေသည်။ ယင်းမှာ မှန်ကန်ပါက၊ သင်သည် အခြားသူများ၏ ညွှန်ကြားချက်များကို အသိဉာဏ်ရှိရှိ နားထောင်သည့်သူတစ်ဦးသာ ဖြစ်သင့်သည်။ သင်လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ပြီး ယင်းကို အစွမ်းကုန် ကောင်းစွာ လုပ်ဆောင်လော့။ ယင်းမှာ လုံလောက်ပေသည်။ ဘုရားသခင် စိတ်ကျေနပ်ပေလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ခြင်းအားဖြင့်၊ လူတစ်ယောက်က တစ်ယောက်ယောက်ရဲ့ အစွမ်းအစ ဘယ်လောက်ကြီးမားပါ စေ၊ ဒါမှမဟုတ် သူတို့မှာ ဘယ်လိုဆုကျေးဇူးတွေ ရှိပါစေ၊ အားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာ ဖြစ်တယ်၊ ပြီးတော့ အားလုံးက ဘုရားသခင်ရဲ့ဉာဏ်ပညာ ပါရှိတယ် ဆိုတာကို ကျွန်မကို တွေ့လိုက်ရတယ်။ ဘုရားသခင်အတွက် ကျွန်မတို့အနေနဲ့ အားလုံးကို နားလည်ဖို့၊ အားလုံးကို လုပ်ဖို့နဲ့ ကျန်တဲ့လူအားလုံးထက် ပိုတော်ဖို့ မလိုအပ်ဘူး။ သူက ကျွန်မတို့ရဲ့ကိုယ်ပိုင်အခန်းကဏ္ဍတွေကို ကောင်းကောင်းဖြည့်ဆည်းစေချင်တာပဲရှိတယ်။ ကျွန်မတို့ရဲ့ကိုယ်ပိုင်အားတွေစိုက်ထည့်နိုင်ပြီး ကျွန်မတို့ရဲ့ ကိုယ်ပိုင်အစိတ်အပိုင်းတွေကို အကောင်းဆုံးအသုံးပြုရင် သူကကျေနပ်တယ်။ ကျွန်မတို့က မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ အပြင်၊ ကိုယ်တိုင်အတွက် အမြဲကြိုးပမ်းချင်နေရင်၊ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်အရူးလုပ်ပြီး စိတ်မချမ်းမြေ့ စရာကောင်းတဲ့ဘဝတွေမှာပဲ အသက်ရှင်နေမိမှာပါ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲမှာ လက်တွေ့ လုပ်ဆောင်ရမယ့်လမ်းကြောင်းတစ်ခုကိုလည်း ကျွန်မ တွေ့သွားတယ်၊ အဲဒါက ကျွန်မရဲ့အားနည်းချက်တွေကို ဝန်ခံရလောက်အောင် သတ္တိရှိဖို့ပဲဖြစ်တယ်။ အစ်မချန်းရဲ့ အစွမ်းအစ ကျွန်မမှာ မရှိသလို၊ သူ့ရဲ့ အလုပ်ကျွမ်းကျင်မှုမျိုးလည်း ကျွန်မမှာ မရှိဘူး။ အဲဒါတွေက ဘုရားသခင်က သတ်မှတ်ပေးထားတဲ့ အမှန်တရားတွေပဲ ဖြစ်တယ်။ ကျွန်မအနေနဲ့ ဆင်ခြင်တုံတရားရှိဖို့လိုပြီး ဘုရားသခင်ရဲ့ အုပ်စိုးမှုနဲ့အစီအစဉ်တွေကို ကျိုးနွံနာခံဖို့၊ တာဝန်ကျေကျေ သိက္ခာရှိတဲ့လူတစ်ယောက်ဖြစ်ဖို့၊ ကျွန်မရဲ့တာဝန်မှာ အပြည့်အဝစိတ်နှစ်ထားပြီး အစ်မချန်းနဲ့ ဘယ်လိုလက်တွဲပြီးလုပ်ကိုင်ရမယ်ဆိုတာကို ပိုစဉ်းစားဖို့လိုတယ်၊ ဒါမှ အသင်းတော်ရဲ့အလုပ်ကို အဖွဲ့တစ်ဖွဲ့အနေနဲ့ ကျွန်မတို့ တာဝန်ယူနိုင်မှာဖြစ်တယ်။ ဒါဟာ တကယ့်ကို ဘုရားသခင်ရဲ့အလိုတော်ပဲ။ ဘုရားသခင်အိမ်တော်ရဲ့အလုပ်ကို ဘယ်သူမှ တစ်ယောက်တည်း တာဝန်မယူနိုင်ဘူးဆိုတာကိုလည်း ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲမှာ ဖော်ပြထားတယ်။ လူတိုင်း အတူတကွလုပ်ဖို့ လိုတယ်။ ကျွန်မတို့အားလုံးက ကိစ္စတွေကို မြင်တဲ့ပုံချင်း မတူကြဘူး၊ ဒါကြောင့် တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးတဲ့အခါမှာ ကျွန်မတို့အနေနဲ့ ပိုကျယ်ပြန့်တဲ့ ရှုထောင့်ကနေ မြင်မှာဖြစ်တယ်။ ကျွန်မတို့ စည်းစည်းလုံးလုံးနေတဲ့အခါမှသာ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မတို့ကို လမ်းပြပြီး၊ ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့တာဝန်တွေမှာ ထိရောက်နိုင်တာ ဖြစ်တယ်။ ဒါတွေအားလုံးကို အသိတရားရသွားတာနဲ့၊ ကျွန်မ အစ်မချန်းကိုရှာပြီး အဲဒီကာလတစ်လျှောက် ကျွန်မရဲ့ အခြေအနေကို သူ့ကိုဖွင့်ပြောလိုက်ပြီး ကျွန်မ သူ့ကိုတောင်းပန်လိုက်တယ်။ အဲဒီအချိန်ကစပြီး တွေ့ဆုံပွဲတွေကို အတူသွားရာမှာ၊ သူ့ထက်ပိုကောင်းအောင် မိတ်သဟာယဖွဲ့တာမျိုး ကျွန်မ မလုပ်တော့ဘဲ သူစကားပြောတဲ့အခါ အသေအချာနားထောင်ပြီး စိတ်နှလုံးအကြွင်းမဲ့နဲ့ ကျွန်မ နားထောင်ခဲ့တယ်။ ကျွန်မ တစ်ခုခုလွတ်သွားရင် ကျွန်မရဲ့မိတ်သဟာယဖွဲ့ မှုနဲ့အတူ ဝင်ပြောဖို့ကြိုးစားတယ်။ ကျွန်မနားလည်သလောက်ပဲ ဝေငှပြီး၊ အဲဒါထက် ပိုမပြောဘူး။ အဲဒီလိုပူးပေါင်းဆောင်ရွက်မှုမျိုးနဲ့၊ ကျွန်မတို့ရဲ့ မိတ်သဟာယဖွဲ့မှုက ပိုပိုပြီးထိရောက်လာသလို၊ အစ်မချန်းနဲ့ကျွန်မဟာ အရင်ထက် ပိုပြီးရင်းနှီးလာတယ်။

နှစ်လလောက်ကြာပြီးတဲ့နောက်၊ အစ်မချန်း ရာထူးတိုးသွား ပြီး၊ ကျွန်မတို့ အတူတွဲပြီး အလုပ်လုပ်နေခဲ့ကြတယ်။ အသင်းတော်အချို့ရဲ့အလုပ်တွေကို ကျွန်မတို့ ပူးတွဲစီမံခန့်ခွဲကြတယ်။ တစ်နေ့မှာ ကျွန်မတို့အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုက အရမ်းအောင်မြင်တယ်လို့ပြောတဲ့ သတင်းစကားတစ်ခုကို ခေါင်းဆောင်တစ်ယောက်ဆီက ရတယ်။ အဲဒါကို အစ်မချန်းက တာဝန်ယူဆောင်ရွက်ခဲ့တယ်ဆိုတာကို ခေါင်းဆောင်က သိသွားရင်၊ သူ့ကို ပိုပြီးအထင်ကြီး သွားမလားလို့ စဉ်းစားမိပြီး ကျွန်မစိတ်ဓာတ်ကျသလို ဖြစ်သွားတယ်။ အဲဒီညနေမှာ အဲဒီအလုပ်ကို ပိုပြီးထိရောက်အောင် သူဘယ်လိုလုပ်ရမလဲလို့ အစ်မချန်းက ကျွန်မကို မေးတယ်။ “ဒီအလုပ်ဟာ ရလဒ်တွေ ရနှင့်ပြီးပြီပဲ။ ငါတို့အတူဆွေးနွေးလိုက်ရင် ပိုပြီးတော့ပဲ ကောင်းသထက် ကောင်းလာမှာ။ အဲဒါဆိုရင် သူက ငါ့ထက် တကယ်ပိုပြီးတော်သလို ဖြစ်မသွားဘူးလား”လို့ ကျွန်မစဉ်းစားမိတယ်။ အဲဒီလိုစဉ်းစားပြီးတော့ ကျွန်မ သူနဲ့ မဆွေးနွေးချင်တော့ဘူး။ ဒါပေမယ့် နောက်တော့ ကျွန်မက နာမည်နဲ့ အကျိုးအမြတ် အတွက် ထပ်ပြီးကြိုးပမ်းနေတဲ့အနေအထားတစ်ခုထဲကို ပြန်ရောက်သွားတယ်ဆိုတာ ကျွန်မ အသိတရားရသွားတယ်။ ဒါကြောင့် ကျွန်မဘုရားသခင်ကို ဆုတောင်းပြီး ကျွန်မရဲ့ဇာတိပကတိကို စွန့်လွှတ်ဖို့ အားထုတ်လိုက်တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ဒီနှုတ်ကပတ်တော်တွေကို ကျွန်မသတိရသွားတယ်- “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ကျွန်မတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတစ်ခုတည်းကိုပဲကျွန်မတို့ စဉ်းစားလို့မရဘူး၊ ဘုရားသခင်အိမ်တော်ရဲ့ အကျိုးစီးပွားတွေနဲ့အလုပ်ကို ဦးစားပေးရမှာဖြစ်တယ်လို့ ဘုရားသခင်က ပြောတယ်။ အခြားလူတွေရဲ့ အသက်ဝင်ရောက်မှုကို အကျိုးပြုမယ့်အရာ တွေကို ကျွန်မတို့ လုပ်ရမယ်။ ကျွန်မတို့ရဲ့တာဝန်မှာ ကျွန်မတို့ ဆက်ကပ်ထားတယ်ဆို တာကိုပြဖို့ အဲဒါက တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်။ ဘုရားသခင် တောင်းဆိုတဲ့အရာကို ကျွန်မလုပ်ရမှာဖြစ် တယ်ဆိုတာ သိလိုက်တော့ အဲဒီအလုပ်နဲ့ လက်ရှိပြဿနာတွေနဲ့ပတ်သက်လို့ ကျွန်မတို့ ဘယ်လိုလုပ်နိုင်မယ်ဆိုတာနဲ့ အဲဒါတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာကို ကျွန်မ အစ်မချန်းနဲ့ ပြောခဲ့တယ်။ နောက်တစ်နေ့ တွေ့ဆုံပွဲတစ်ခုမှာ ကျွန်မရဲ့လက်ရှိအခြေအနေနဲ့ အဲဒီကနေ ကျွန်မ နားလည်ခဲ့ တာအားလုံးနဲ့ပတ်သက်ပြီး ကျွန်မ မိတ်သဟာယဖွဲ့ခဲ့တယ်။ ကျွန်မ ပိုပြီးဝေငှလေ၊ နာမည်နဲ့ဂုဏ်ဒြပ်နောက်ကို လိုက်နေတာဟာ ကောင်းတဲ့လမ်းကြောင်းမဟုတ်ဘူးဆိုတာ ကျွန်မ ပိုခံစားရလေ ဖြစ်လာတယ်။ ကျွန်မကိုယ်ကျွန်မ အရမ်းရွံရှာပြီး မုန်းတီးမိတယ်။ ကျွန်မရဲ့ ဆိုးယုတ်တဲ့စိတ်သဘောထားရဲ့ ချည်နှောင်မှုကို ကျွန်မ မခံချင်တော့ဘူး။ ဘုရားသခင်ရဲ့တရားစီရင်မှုနဲ့ပြစ်တင်ဆုံးမခြင်းတွေကို ကျွန်မဝမ်းသာအားရနဲ့လက်ခံခဲ့ပြီး ကျွန်မရဲ့တာဝန်ကို လက်တွေ့ကျကျလုပ်တယ်။ အဲဒီအချိန်ကတည်းက၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တိုင်းမှာ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး၊ ဘုရားသခင်အိမ်တော်ကို ဘာက အကျိုးပြုမယ်ဆိုတာကို ကျွန်မ တကယ် စဉ်းစားတယ်။ ကျွန်မတို့ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးနိုင်အောင် အစ်မချန်းရဲ့ အားသားချက်တွေ အပေါ် ကျွန်မ သင်ယူခဲ့တယ်။ ဒီလိုလုပ်ခြင်းက့် ကျွန်မကို သက်သောင့်သက်သာဖြစ်စေပြီး အေးချမ်းတယ်လို့ ခံစားစေသလို၊ အခုကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့တာဝန်တွေကို ပိုပြီးထိရောက်အောင် လုပ်နိုင်တယ်။ ကျွန်မ ရလိုက်တဲ့ ဒီပြောင်းလဲမှုသေးသေးလေးဟာ ဘုရားသခင်ရဲ့တရားစီရင်မှုနဲ့ပြစ်တင်ဆုံးမခြင်းတွေရဲ့ ကျေးဇူးကြောင့်သာဖြစ်တယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင် အလုပ်ခန့်သည့် လူများကို လုံးဝ သံသယမရှိခြင်း၏ အကျိုးဆက်

ရွှင်းချို အမေရိကန်နိုင်ငံ ပြီးခဲ့တဲ့နှစ်က အသင်းတော်ရဲ့ ရေလောင်းခြင်းနဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ ကြီးကြပ်ရေးမှူးဖြစ်ခဲ့တယ်။ စခါစဆိုတော့...

မုသားပြောခြင်း၏ ဒုက္ခ

ညီချန်း မြန်မာနိုင်ငံ ၂၀၁၉ အောက်တိုဘာမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါတယ်။ စုဝေးပွဲတွေမှာ...

အစားထိုးခံရပြီးနောက်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော...

မိမိတာဝန်ကို စွဲမြဲစွာလုပ်ခြင်း

ယမ်မှု တောင်ကိုရီးယားနိုင်ငံညီအစ်ကိုမောင်နှမများ ဘုရားသခင်ကို ချီးမွမ်းခြင်း တင်ဆက်ခြင်း၊ သီချင်းဆိုခြင်းနှင့် ကခုခြင်းတို့ကို မြင်သည့်အခါ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။