မြန်မာခရစ်ယာန်တစ်ယောက်၏ တမလွန်ဘဝ ငရဲရောက် အတွေ့အကြုံ

30.03.2023

ဒန်နီ မြန်မာနိုင်ငံ

ကျွန်မ ငယ်ငယ်တုန်းက ခရစ်ယာန်ဘာသာကို စိတ်ဝင်စားခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မိသားစုက ဗုဒ္ဓဘာသာဆိုတော့ ကျွန်မက ခရစ်ယာန်ဖြစ်မလာခဲ့ဘူး။ အဲဒီတုန်းက ငရဲအကြောင်းကို ကျွန်မ ကြားဖူးတယ်။ ဒါပေမဲ့ သိပ်မယုံခဲ့ဘူး။

၂၀၂၂ခုနှစ်၊ ဧပြီလမှာ သူငယ်ချင်းတစ်ယောက်က ကျွန်မကို အွန်လိုင်း စုဝေးပွဲတစ်ခုမှာ ပါဝင်ဖို့ ဖိတ်တယ်။ ဒါ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်မ ပထမဆုံးအကြိမ်ဖတ်ဖူးတာပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကောင်းကင်ဘုံက ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို စကားပြောနေတာလို့ ကျွန်မ ခံစားမိတယ်။ အဲဒီနောက်တော့ အွန်လိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီးဖတ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားဖြစ်တယ်၊ ဘုရားက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကမ္ဘာမြေကို ဆင်းကြွလာခဲ့တယ်ဆိုတာကို ကျွန်မ သိရတယ်။ ဒါပေမဲ့ ကျွန်မ မိသားစုက တားခဲ့သလိုကိုယ်ကလည်း လောကီအရာတွေကို ဖက်တွယ်နေခဲ့လို့ စုဝေးပွဲတွေကို ကျွန်မ ပုံမှန်မတက်ခဲ့တဲ့အပြင် ကျွန်မရဲ့ စုဝေးပွဲ ဂရုကနေတောင် ခဏ ထွက်ခဲ့သေးတယ်။

နောက်တော့ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့၊ မနက် ကိုးနာရီခွဲလောက်မှာ စုဝေးပွဲတစ်ခုပြီးတော့ ကျွန်မ ပင်ပန်းသလိုဖြစ်တာနဲ့ အနားယူဖို့ လှဲလိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မ မောင်လေးက ကျွန်မကို ပြန်ပြောပြတယ်။ ကျွန်မ မိသားစုက ဘယ်လောက် ကြိုးစားကြိုးစား ကျွန်မအိပ်နေတာကို နှိုးလို့မရခဲ့ဘူး။ အဲဒါနဲ့ အရေးပေါ်ကုသဖို့ ကျွန်မကို ဆေးရုံကို အမြန်ပို့ကြတယ်တဲ့။ ဆရာဝန်က ကျွန်မကို စစ်ဆေးပြီး ကျွန်မက အသက်မရှူတော့ဘူးလို့ ပြောတယ်။ အဲဒါနဲ့ သူက သေစာရင်း ထုတ်ပေးလိုက်တယ်။ ကျွန်မ မိသားစုက ကျွန်မကို အိမ်ကို ပြန်ခေါ်သွားရုံပဲရှိတယ်။ ရွေးစရာမရှိတော့ဘူးပေါ့။ ကျွန်မရဲ့ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေကို အသိပေးကြတယ်။ သုံးရက်ကြာပြီးရင် အသုဘချပြီး ကျွန်မကို မြေမြှုပ်ဖို့ ပြင်ဆင်ကြတယ်။

အဲဒီတုန်းက ကျွန်မတို့ အိမ်မှာ ဘာဖြစ်နေတယ်ဆိုတာကို ကျွန်မ မသိခဲ့ဘူး။ ကျွန်မ သိတာက တခြားလောကတစ်ခုကို ကျွန်မ ရောက်သွားတာပဲ။ ကျွန်မက အဖြူရောင်ဝတ်ရုံတစ်ခုကို ဝတ်ထားတယ်။ အလင်းမရှိဘဲ မီးခိုးတွေဝေနေတဲ့လမ်းလေးကို တစ်ယောက်တည်း လျှောက်နေတယ်။ ကောင်းကင်ကို မမြင်ရဘူး။ ရှေ့မှာ ဘာရှိတယ်ဆိုတာလည်း မမြင်ရဘူး။ လမ်းက ကုန်းဆင်းသွားပြီး ချိုင့်ခွက်တွေ၊ အပေါက်တွေအများကြီးပဲ။ လမ်းကြမ်းပြီး အကွေ့အကောက်များတယ်။ လမ်းရဲ့နှစ်ဘက်လုံးမှာ ကျွန်မ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ထူးဆန်းတဲ့အပင်မျိုးစုံကို ခပ်ရေးရေး မြင်ရတယ်။ အပင်တွေက ဆူးတွေနဲ့ပြည့်နေတယ်။ တိရစ္ဆာန်တွေရဲ့ အော်သံတွေကိုလည်း နေရာတကာမှာ ကြားရတယ်။ လမ်းပေါ်မှာ ကျွန်မက ခြေဗလာနဲ့ လျှောက်နေတော့ ခြေထောက်မှာ ဆူးတွေစူးနေတယ်။ ကျွန်မတစ်ကိုယ်လုံးက ပူလောင်နေပြီး အသက်ရှူရလည်း ခက်နေတယ်။ ကျွန်မ ဆက်လျှောက်သွားပြီးတော့ ဝတ်စုံအနက်ဝတ်ထားတဲ့ နတ်ဆိုးတစ်ကောင်ကို တွေ့တယ်။ ခေါင်းကနေ ခြေအထိ မည်းနက်နေတာပဲ။ သူ့မျက်နှာရော၊ ခြေထောက်ပါ မမြင်ရဘူး။ သူက ပြောတယ်။ “ငါနဲ့လိုက်ခဲ့”တဲ့။ အသံက တော်တော်ကြောက်စရာကောင်းတယ်။ ကျွန်မ ကြောက်ကြောက်နဲ့ မနည်းပြောရတယ်။ “ကျွန်မကို ဘယ်ခေါ်သွားမှာလဲ။ ဒီကို မရောက်ဖူးဘူး။ မသွားဘူး။ အိမ်ပြန်ချင်တယ်” ပေါ့။ ကျွန်မ ထွက်ပြေးချင်တယ်။ အဲဒီအချိန်မှာပဲ နက်ပြာရောင်ဝတ်ရုံတွေဝတ်ထားတဲ့ နတ်ဆိုးလေးငါးကောင်က ကျွန်မ အနားကို ပျံလာပြီး လှမ်းဆွဲရင်း ပြောတယ်။ “မင်းက သေသွားပြီ။ ပြန်သွားလို့မရဘူး။ မင်း အပြစ်တွေအများကြီး ကျူးလွန်ခဲ့တယ်။ မင်းအသက်ရှင်တုန်းမှာ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် အပြစ်ဒဏ်ခံရမယ်” တဲ့။

နောက်တော့ တံခါးဝအကြီးကြီးတစ်ခုရှေ့ ခေါ်သွားတယ်။ အဲဒီမှာ နတ်ဆိုးသုံးလေးကောင်က စောင့်နေတာကို တွေ့ရတယ်။ အဲဒီနတ်ဆိုးတွေက အရပ်ကလည်းရှည်၊ မျက်လုံးတွေ၊ နားတွေကလည်း အကြီးကြီးပဲ။ တချို့ နတ်ဆိုးတွေက သွားချွန်ချွန်ကြီးတွေ ငေါထွက်နေတာဟာ ထိတ်လန့်စရာ ပုံစံကြီးပေါ့။ သူတို့တွေက လက်နက်တွေ ကိုင်ထားကြပြီး အပေါ်ပိုင်းက အဝတ်ဗလာနဲ့။ အရိုးတွေကို ဆွဲကြိုးလုပ်ဆွဲထားပြီး သူတို့ ကိုယ်မှာ လူသေဦးခေါင်းခွံတွေကို တွဲလောင်းဆွဲထားတယ်။ တစ်ကိုယ်လုံး အမာရွတ်တွေ အပြည့်ပဲ။ တံခါးစောင့်တွေက တံခါးကို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် မချိတင်ကဲဝေဒနာခံစားရတဲ့ အသံနက်ကြီးတွေ အများကြီး ကြားရတယ်။ အနီးမှာရော၊ အဝေးမှာရော ဆိုးဆိုးဝါးဝါး မချိမဆံ့ ဝေဒနာကြောင့် ရုန်းကန်နေရတဲ့ အသံတွေချည်းပဲ။ အဲဒီမှာ ပူလောင်နေတာပဲ။ ခြစ်ခြစ်တောက်ပူနေတယ်။ ကျွန်မ အသားကုန်ကြောက်ပြီး နတ်ဆိုးတွေကို မေးလိုက်တယ်။ “ကျွန်မ ဘာအမှားလုပ်ခဲ့လို့လဲ။ ကျွန်မ ဒီမှာ မရှိသင့်ဘူး” ပေါ့။ သူတို့က ကျွန်မ အသက်ရှင်နေတုန်းမှာ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအကုန်လုံးကို ဘယ်နေ့၊ ဘယ်နနာရီမှာ စက္ကန့်မိနစ် အတိအကျနဲ့ကို ကျွန်မ လုပ်ခဲ့တာတွေကို တစ်ခုပြီးတစ်ခုပြတယ်။ ဘာမှမဟုတ်ဘူးထင်လို့ ကျွန်မ ပြောခဲ့တဲ့ အလိမ်အညာတစ်ခုကိုတောင် လုံးဝ အသေအချာကို မှတ်တမ်းတင်ထားတယ်။ ဥပမာပြောရရင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့မှာ ပေါ့။ ညီအစ်ကိုမောင်နှမတွေက စုဝေးပွဲတစ်ခုဆီလာဖို့ ကျွန်မကို ဖိတ်တယ်။ ဒါပေမဲ့ ကျွန်မက မိသားစုဖိအားကြောင့် စိတ်ညစ်နေပြီး မတက်ချင်ဘူး။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့မှာ ကျွန်မက စုဝေးပွဲတစ်ခုကို မတက်လိုက်ဘူး။ ညီအစ်ကိုမောင်နှမတွေကို မတွေ့ချင်တော့ သူတို့ ဖုန်းခေါ်တာတွေကို မကိုင်ဘူး။ ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့မှာ စုဝေးပွဲဂရုတွေအကုန်လုံးကနေ ကျွန်မ ထွက်ပြီး တခြားအသင်းဝင်တွေနဲ့ အဆက်အသွယ်ဖြတ်လိုက်တယ်။ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှာ ကျွန်မ လောကီရေပန်းစားတာတွေနဲ့ အပျော်တွေရှာဖို့အတွက် ဘုရားဆီကနေ ထွက်သွားခဲ့တယ်။ ကျွန်မ အံ့အားသင့်သွားတယ်။ ကျွန်မက အပြစ်တွေ ဘယ်လောက်ကျူးလွန်ထားတယ်ဆိုတာ မြင်ရတော့ တော်တော်ကြောက်သွားတယ်။

နောက်တော့ ဝတ်စုံအနက်ဝတ်ထားတဲ့ နတ်ဆိုးက ကျွန်မကို တခြားတစ်နေရာခေါ်သွားတယ်။ အဲဒီမှာ သစ်သားဆိုင်းဘုတ်တစ်ခုရှိတယ်။ ဤနေရာသည် ဘုရားကို ဆန့်ကျင် လိမ်ညာသော၊ အကဲဖြတ်သော၊ စော်ကားသောသူများ အပြစ်ဒဏ်ခံရသောနေရာဖြစ်၏ လို့ ရေးထားတယ်။ ဒီနေရာက အပြင်းထန်ဆုံး ပြစ်ဒဏ်တွေကို ကျွန်မ မြင်ရတဲ့နေရာပဲ။ ပထမအပြစ်ဒဏ်အမျိုးအစားက အပြစ်ခံရတဲ့သူတွေရဲ့ ပါးစပ်နဲ့ အရေပြားတွေကနေ ပိုးကောင်တွေ ဖောက်ထွက်လာပြီး သူတို့ကို ကိုက်တာပဲ။ အဲဒီတော့ ပိုးကောင်တွေက သူတို့တစ်ကိုယ်လုံးကို တတိတိကိုက်ကြတာပေါ့။ တော်တော်ကြောက်စရာကောင်းတယ်။ ဒုတိယအမျိုးအစားကျတော့ အပြစ်ဒဏ်ခံရသူတွေက အဝတ်အစားမပါဘူး။ သူတို့ကို လူဆယ်ယောက်ကို တစ်ပြိုင်တည်း အပြစ်ဒဏ်ပေးလို့ရတဲ့ သစ်သားပြားအရှည်ကြီးတစ်ခုဆီကို တစ်ယောက်ချင်းခေါ်သွားတယ်။ သူတို့ကို ဒူးထောက်ခိုင်းတယ်။ လက်တွေကို နောက်မှာ ချည်ထားပြီး သူတို့မေးစေ့တွေကို သစ်သားပြားပေါ်မှာ တင်ထားတယ်။ သူတို့လည်ပင်းက ကြိုးတွေကို ဆောင့်ဆွဲလိုက်တော့ သူတို့ လျှာတွေ ထွက်လာတယ်။ သစ်သားပြားရဲ့ တစ်ဖက်မှာ ခေါင်းမှာ ချိုတွေနဲ့ အရုပ်ဆိုးဆိုး နတ်ဆိုးတစ်ကောင်က သူတို့လျှာတွေကို ချိတ်တွေနဲ့ ချိတ်တယ်။ ပြီးတော့ အားနဲ့ ဆောင့်ဆွဲလိုက်တယ်။ တချို့လူတွေဆို လျှာတွေက နှစ်ဆလောက်ရှည်ထွက်လာတယ်။ နောက်တော့ နတ်ဆိုးက ဘောပင်တစ်ချောင်းလောက်ရှည်တဲ့ သံတစ်ချောင်းနဲ့ လျှာတွေကို သစ်သားပြားပေါ်မှာ ရိုက်ထားလိုက်တယ်။ အောက်ကနေ မီးတွေလောင်နေတယ်။ အဲဒီနတ်ဆိုးက လျှာတွေပေါ်ကို ဆူပွက်နေတဲ့ မီးရည်တွေကိုလည်း ဆက်တိုက်လောင်းတယ်။ ဒီ မီးလိုမျိုးရေတွေကို အဝေးတစ်နေရာက ကန်တစ်ကန်ကနေ သယ်လာပြီး နတ်ဆိုးတွေအကုန်လုံးကို ဆက်တိုက် ပေးနေတာလေ။ လူတစ်ယောက်ရဲ့ လျှာပေါ်လောင်းလိုက်တော့ လျှာက လုံးဝ ပျက်စီးသွားတယ်။ တချို့လူတွေဆို မျက်လုံးတွေတောင် ပြုတ်ထွက်ကျတယ်။ နောက်တော့ နတ်ဆိုးတွေက ဒီလူတွေရဲ့ တစ်ကိုယ်လုံးပေါ်ကို မီးရေတွေလောင်းချတော့ တစ်ကိုယ်လုံး ပျက်စီးသွားတယ်။ အပြစ်ဒဏ်ခံရသူတွေက ဒုက္ခဝေဒနာတွေနဲ့ အော်ဟစ်ငိုကြွေးရင်း သေကြရတယ်။ တော်တော်ကြောက်ဖို့ကောင်းတဲ့ မြင်ကွင်းပဲ။ တချို့လူတွေက မခံနိုင်ဘဲ သိပ်မကြာခင်မှာ သေသွားကြတယ်။ ဒါပေမဲ့ နောက်ထပ် အပြစ်တွေအတွက် ဒဏ်ခတ်ဖို့ လိုသေးတယ်ဆိုရင် ဆက်ပြီး အပြစ်ဒဏ်ခံရဖို့အတွက် ပြန်ရှင်လာကြတယ်။ သူတို့အပြစ်ဒဏ်ပြီးသွားတဲ့အချိန်မှာ မသေသေးရင် ပိုးကောင်တွေက သူတို့ကိုယ်ခန္ဓာတွေထဲကနေ ထွက်လာပြီး သူတို့ကို စားပစ်ကြတယ်။ ပြီးတော့ သူတို့က အသက်ပြန်ရှင်လာပြီး နောက်တစ်နည်းနဲ့ အပြစ်ဒဏ်ခံရတယ်။

တတိယအပြစ်ဒဏ်အမျိုးအစားက မီးရေတွေရှိတဲ့ ကန်ထဲကို ပစ်ချခံရတာပဲ။ ကြိုးလေးချောင်းနဲ့ဆက်ထားတဲ့ သံပြားအကြီးကြီးကို ကျွန်မ မြင်ရတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ လူ တစ်ရာ၊ နှစ်ရာလောက်က တခြားအပြစ်ဒဏ်ခံရတဲ့နေရာကနေ ရောက်လာပြီး သံပြားပေါ်မှာ ပေါ်လာတယ်။ သူတို့က ဘာအဝတ်အစားမှမရှိဘဲ ပူလောင်နေတဲ့ သံပြားကြီးပေါ်မှာ ဒူးထောက်ကြတယ်။ သူတို့ကိုယ်ပေါ်က ဆူးကြိုးတွေက သူတို့လက်တွေနဲ့ အပေါ်ပိုင်း ကိုယ်ခန္ဓာကို သူ့အလိုလို ချည်ပစ်လိုက်တယ်။ ဒီလူတွေက ဘာသာနဲ့ လူမျိုးစု အမျိုးမျိုးကနေ လာကြတာ။ တချို့တွေက ဘုရားကို မယုံကြဘူး။ တချို့ကကျတော့ ခရစ်ယာန်၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာဝင်တချို့ပါတယ်။ သူတို့တွေက ဘုရားရဲ့ အမှုတော်သစ်ကို လက်မခံခဲ့ကြလို့၊ ဘုရားကို ဆန့်ကျင်စော်ကားပြီး ဝေဖန်ခဲ့ကြလို့ အပြစ်ဒဏ်ခံရတာ။ တချို့တွေက ဘုရားရဲ့ အမှုတော်သစ်ကို လက်ခံကြပေမဲ့ သူတို့ယုံကြည်ခြင်းက အပေါ်ယံ၊ ဝတ်ကျေတမ်းကျေဆန်တယ်။ ဘုရားကို လှည့်စားကြတယ်။ အဲဒီလိုလူမျိုးလည်း ဘုရားက အပြစ်ဒဏ်ပေးတာကို ခံရတယ်။ သူတို့အားလုံးက သူတို့ယုံကြည်ရှိတဲ့ ဘုရားတွေကို အော်ခေါ်နေကြတယ်။ တချို့က ဒီဘုရားကို ခေါ်တယ်။ တချို့က ဟိုဘုရားကို ခေါ်တယ်။ အသံတွေက ဆူညံနေတာပဲ။ ရှင်းရှင်းလင်းလင်း မကြားရဘူး။ ဒါပေမဲ့ သူတို့ ဘယ်လိုအော်အော် အရေးမပါဘူး။ ဘာအဖြေမှ ပြန်မရဘူး။ အဲဒီနောက်တော့ ဒီလူတွေကို ကန်အကြီးကြီးတစ်ခုဆီကို ခေါ်သွားတယ်။ အဲဒီကန်ထဲမှာ ဆူပွက်နေတဲ့ မီးရေတွေရှိတယ်။ သူတို့ကြိုးတွေက သူ့အလိုလို လျော့သွားပြီး သံပြားကြီးက စောင်းသွားပြီးတော့ သူတို့အားလုံး အောက်ကျသွားတယ်။ သူတို့တွေက အပြုတ်ခံ၊ အကြော်ခံနေရတာပေါ့။ နာလွန်းလို့ ငယ်သံပါအောင် အော်ဟစ်ရတဲ့အထိ လောင်မြိုက်နေကြတယ်။ တချို့လူတွေက အစွန်မှာရှိနေပြီး ကန်ထဲကနေ ကူးပြီးထွက်ဖို့ အားကုန်ကြိုးစားကြပေမဲ့ ပြန်ကျသွားကြတယ်။ မကြာခင်မှာပဲ အော်တဲ့အသံတွေက ပျောက်သွားတယ်။ လူအားလုံး သေသွားပြီး မီးရေကန်ရဲ့ မျက်နှာပြင်ပေါ်မှာ ပေါလောပေါ်နေကြတယ်။ သူတို့အားလုံးသေသွားတော့ ပိုက်ကွန်အကြီးကြီးက သူတို့အားလုံးကို ကော်ယူပြီး နောက်ထပ် အပြစ်ဒဏ်ခံဖို့ သူတို့တွေက ပြန်အသက်ရှင်လာကြတယ်။

နောက်တော့ ကျွန်မကို တခြားတစ်နေရာကို ခေါ်သွားကြတယ်။ မိဘတွေ၊ လူကြီးတွေ၊ ဆရာတွေကို စော်ကားတဲ့အတွက် နည်းပေါင်းစုံနဲ့ အပြစ်ဒဏ်ပေးခံရတဲ့ နေရာတွေကိုပေါ့။ တချို့လူတွေက အဝတ်မပါဘူး။ လည်ပင်းမှာ သံကြိုးနဲ့ချည်ထားတယ်။ လက်နဲ့ ခြေထောက်တွေကို ဆူးပါတဲ့ သံကြိုးတွေချည်ထားတယ်။ သွေးသံရဲရဲ စုတ်ပြတ်အောင် ကြာပွတ်နဲ့ အရိုက်ခံထားရတော့ သူတို့သွေးတွေ၊ အသားစတွေက အောက်ကို စီးကျနေတယ်။ နာကျင်ပြီး ရုန်းကန် အော်ဟစ်နေကြတယ်။ ငရဲသားတွေက ပုဆိန်တွေနဲ့ သူတို့လက်တွေ၊ ခြေတွေကို ဖြတ်တယ်။ ပြီးတော့ တူလိုဟာကြီးနဲ့ သူတို့တွေကို အမှုန့်ချေပစ်တယ်။ အပြစ်ဒဏ်ခံနေရတုန်းမှာ သူတို့တွေကို မေးတယ်။ “အဲဒီအချိန်တုန်းက ဒီအပြစ်ကို မကျူးလွန်ဖို့ စဉ်းစားခဲ့သလား”တဲ့။ သူတို့တွေက နောင်တရကြတယ်။ ဒါပေမဲ့ ဘယ်သူမှ သူတို့ကို မကယ်နိုင်ဘူး။ သေတဲ့အထိ နှိပ်စက်ခံရတယ်။ အဲဒီနောက်တော့ သူတို့တွေက အသက်ပြန်ရှင်လာပြီး နောက်ထပ် အပြစ်ဒဏ်ကို ခံရတယ်။ တချို့လူတွေက အရှင်လတ်လတ် မြေမြုပ်ခံရတယ်။ အဲဒီမှာရှိတဲ့ မြေကြီးက ပြင်းပြင်းထန်ထန် ရွေ့လျားပြီး အလိပ်လိပ်ထနေတယ်။ မြေကြီးထဲမှာ မီးတွေ တောက်လောင်နေတယ်။ အပြစ်ဒဏ်ခံရတဲ့သူတွေက တဖြည်းဖြည်းချင်း မြေမျိုတာခံရပြီး မသေမချင်း မြေကြီးထဲ နစ်နစ်သွားတယ်။

နောက်တော့ သူများသားမယားပြစ်မှားသူတွေကို အပြစ်ဒဏ်ခတ်တဲ့နေရာကို ကျွန်မကို ခေါ်သွားတယ်။ သူတို့တွေက အသက်ရှင်သန်ဖို့ ပြေးနေကြရတယ်။ တချို့တွေက မြှားတွေနဲ့ ပစ်သတ်ခံရတယ်။ တချို့ကကျတော့ ဓားနဲ့ထိုးသတ်တာခံရတယ်။ တချို့ကကျတော့ တိရစာ္ဆန်တွေကလိုက်ပြီး အသေ ကိုက်စားတာ ခံရတယ်။ နောက်ဆုံးမှာ ဘယ်သူမှ မလွတ်နိုင်ဘဲ အကုန်လုံး သေကြရတယ်။ အဲဒီအချိန်မှာ သေသွားတဲ့သူတွေက နောက်ထပ် အပြစ်ဒဏ်ခံရဖို့ ပြန်ရှင်လာကြတယ်။

နောက်နေရာတစ်ခုကို ကျွန်မ မြင်ရတယ်။ အဲဒီနေရာက သူများတွေအပေါ် လိမ်ညာတဲ့သူတွေ၊ မကောင်းတဲ့စိတ်မွေးတဲ့သူတွေ၊ လူတွေအပေါ် အခွင့်ကောင်းယူတဲ့သူတွေ၊ သူများတွေအပေါ် တွက်ချက်တဲ့သူတွေ၊ မနာလိုဖြစ်တဲ့သူတွေကို အပြစ်ပေးတဲ့နေရာပေါ့။ လက်တန်းနှစ်ခုလုံး ချွန်ထက်တဲ့ ဆူးကြိုးတွေပါတဲ့ သစ်သားကြိုးတံတားတစ်ခုရှိတယ်။ အချွန်ပါတဲ့ ဆူးကြိုးတွေကို ကိုင်ရတော့ သွေးတွေထွက်နေပေမဲ့ ကိုင်မထားရင် ပြုတ်ကျမှာပဲ။ အောက်မှာကျတော့ မီးကန်ကြီးရှိနေတယ်။ အောက်ပြုတ်မကျရင်တောင် လူတွေက အသားကြိတ်စက်ကြီးတစ်ခုကို ဖြတ်ရပြီး အကြိတ်ခံရတယ်။ နောက်တော့ မီးကန်ကြီးထဲကို ပြုတ်ကျရတာပဲ။

တချို့လူတွေက ပုံပန်းသဏ္ဌာန်ကို အရမ်း ဂရုစိုက်ပြီး ကောင်းကောင်းဝတ်စားဖို့ကြိုးစားရင်းနဲ့ အချိန်ဖြုန်းကြတယ်။ ဒါပေမဲ့ ဘုရားကို လုံးဝ မယုံကြည်ဘူး။ ပြီးတော့ ဘုရားကိုတောင် ဝေဖန်စော်ကားကြတယ်။ သူတို့မျက်နှာတွေကို အင်းဆက်ပိုးမွှားတွေ တစ်စချင်းကိုက်စားကြတယ်။ သူတို့တွေအပြင်ကို သူများတွေကို ကျိန်ဆဲလို့၊ ပစ္စည်းတွေခိုးလို့ စသည်ဖြင့် ပြစ်ဒဏ်ခံရတဲ့သူတွေလည်းရှိတယ်။ သူတို့ကျူးလွန်တဲ့ အပြစ်တွေကို မူတည်ပြီးတော့ လူတွေက တစ်နည်းနဲ့ ထပ်ခါထပ်ခါ ပြစ်ဒဏ်ခံရပြီး နောက်ထပ် ဒဏ်ခတ်တဲ့ အမျိုးအစားတစ်ခုကို ပြောင်းသွားကြရတယ်။ ဒီမြင်ကွင်းကိုမြင်ရတော့ ကျွန်မ တစ်ကိုယ်လုံး ကြောက်ပြီး တုန်နေတာပေါ့။ ဒီလိုမျိုး တကယ် အပြစ်ဒဏ်ခံရတာ တော်တော်ဆိုးရွားမှာပဲ။ ကျွန်မ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို နောင်တရမိတယ်။ ဒါပေမဲ့ ဘယ်သူ့ကို အသနားခံရမလဲ၊ ဘယ်သူက ကျွန်မကို ကယ်နိုင်မလဲ ဆိုတာ ကျွန်မ မသိဘူး။ အဲဒီအချိန်မှာ ကျွန်မ မူးဝေနေရင်းနဲ့ သုတ်တချို့ကို ရွတ်တယ်။ ဒါပေမဲ့ ဘာမှမထူးခြားဘူး။ ကျွန်မ ကြောက်နေတာလည်း လျော့မသွားဘူး။ ကျွန်မ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခဲ့တာကို ရုတ်တရက် သတိရသွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ပြောတဲ့အရာတစ်ခုက ကျွန်မ စိတ်ထဲပေါ်လာတယ်။ “သင်၏ နေ့စဉ်အသက်တာတွင် မည်သည့်အခက်အခဲများကို ကြုံရပါစေ ဘုရားသခင်ရှေ့မှောက်သို့ သင်လာရမည်။ သင်လုပ်ဆောင်သင့်သော ပထမဆုံးအရာမှာ ဘုရားသခင်ရှေ့တွင် ဒူးထောက်ဆုတောင်းခြင်းဖြစ်သည်။ ဤသည်မှာ အရေးပါဆုံး ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏) ဘုရားသခင်က အရာရာကို အုပ်စိုးတယ်၊ ကျွန်မ ရင်ဆိုင်နေရတာက သူ့ခွင့်ပြုချက်နဲ့ ဖြစ်ပျက်နေတာကြောင့် သူ့ကို ခေါ်သင့်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မရဲ့ အပြစ်အမျိုးမျိုးကို တွေးမိတယ်။ ကျွန်မက ဘုရားသခင်အပေါ် ဝတ်ကျေတမ်းကျေဆန်ခဲ့ပြီး သူ့ကို ဖယ်ထုတ်ခဲ့တယ်။ ကျွန်မ စိတ်ကြည်တဲ့အချိန်မှာ ကျွန်မ ယုံကြည်ခြင်းကို ကျင့်သုံးပြီး စုဝေးပွဲတွေကို တက်တယ်။ ဒါပေမဲ့ စိတ်မကြည်တဲ့အချိန်ကျတော့ စုဝေးပွဲတွေ မတက်ဘူး။ ခရစ်ယာန်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ ဘုရားကို အမှန်တကယ် ယုံကြည်ခြင်းမရှိခဲ့ဘူး။ ကျွန်မက ဘုရားအပေါ် ဝတ်ကျေတမ်းကျေဆန်ပြီး လှည့်စားခဲ့တယ်။ ကျွန်မက အပျော်ရှာပြီး ကျွန်မအချိန်တွေကို ဖြုန်းပစ်ရတာ ကျေနပ်ပေမဲ့ ဘုရားကို ကိုးကွယ်ဖို့ အချိန်ကို လုံးဝ မသုံးခဲ့ဘူး။ ဒါတွေအားလုံးကို တွေးကြည့်တော့ ကျွန်မ တော်တော်နောင်တရပြီး စိတ်နှလုံးထဲကနေ ဘုရားကို ဆုတောင်းလိုက်တယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်၊ အပြစ်များစွာကို သမီးကျူးလွန်ခဲ့ပါတယ်။ သမီးက စိတ်မဝင်စားဘဲနေပြီး ကိုယ်တော့်ကို အေးတိအေးစက် ဆက်ဆံခဲ့ပါတယ်။ အပြစ်ပြုပြီး ပျော်နေရတာကို မွေ့လျော်ပြီး သမီးတာဝန်ကို ကောင်းကောင်းမလုပ်ခဲ့ဘူး။ အခု သမီး အရမ်းကြောက်ပြီး နောင်တတွေနဲ့ ပြည့်နေပါတယ်။ ဒီအပြစ်တွေအတွက် သမီး ဒီကိုလာပြီး ဒဏ်မခံချင်ပါဘူး။ နောင်တရဖို့ အသင့်ဖြစ်နေပြီ။ သမီးကို နောင်တရဖို့ အခွင့်အရေးပေးတော်မူပါ။ ကိုယ်တော်ရဲ့ အစီအစဉ်တွေကို နာခံပြီး အရာရာကို ကိုယ်တော့်အလိုတော်အတိုင်း လုပ်ဆောင်ချင်ပါတယ်” ပေါ့။ ကျွန်မ ဒီလိုမျိုး ထပ်ခါထပ်ခါ ဆုတောင်းပြီး ဝန်ချတယ်။ ကျွန်မ ကျူးလွန်ခဲ့တဲ့အပြစ်တွေကို တစ်ခုချင်း ဘုရားဆီမှာနောင်တရတယ်။ တဖြည်းဖြည်းနဲ့ စိတ်ငြိမ်လာပြီး အရမ်းမကြောက်တော့ဘူး။ နောက်ပိုင်းကျတော့ ကျွန်မနာမည်ကို ခေါ်နေတဲ့ အသံတစ်ခုကြားရသလိုမျိုး ခံစားမိတယ်။ အလင်းတန်းတစ်ခုကို ကျွန်မ တွေ့လိုက်ရပြီး အသံတစ်ခုက အလင်းထဲကနေ ထွက်လာပြီး ကျွန်မကို ပြောတယ်။ “ဒန်နီ၊ မင်း နောင်တရပြီးပြီလား။ အပြစ်တွေ အများကြီးကို မင်း ကျူးလွန်ခဲ့တယ်။ ဘုရားကို အမှီပြုပြီး ဒီအပြစ်တွေ ကျူးလွန်နေတာကို ရပ်ဖို့ လိုတယ်။ နောင်တရဖို့အတွက် အပြစ်ဒဏ်ခံရတဲ့အထိ စောင့်လို့မရဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို မင်းစိတ်ထဲစွဲမှတ်ပြီး သမ္မာတရားကို လိုက်စားပါ။ မင်းနားလည်ပြီး လက်တွေ့လုပ်တဲ့အရာက မှန်ကန်ရမယ်။ ဒါ မင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ။ နောက်တစ်ကြိမ်မှာ ကယ်တင်ခြင်းကို မင်း ထပ်ပြီး ရမှာမဟုတ်ဘူး။ အသက်ရှင်နေတုန်းမှာ မင်းတာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားရဲ့ နိုင်ငံတော်ထဲကို ဝင်ဖို့ ကြိုးစားပါ။ မင်းရဲ့ အပြစ်တွေ၊ မင်းရဲ့အမှားတွေကို ထပ်မလုပ်ပါနဲ့။ မင်းနောင်တရမဲ့အရာတွေကို မလုပ်ပါနဲ့။ မင်းရဲ့တာဝန် မပြီးမြောက်သေးတော့ မင်း သေမှာမဟုတ်ဘူး။ ကပ်ဘေးထဲကို ကျတဲ့သူတွေကို မင်း ကယ်တင်ရမယ်” တဲ့။

အဲဒီအသံက ကျွန်မ သိတဲ့သူတွေထဲမှာ မရှိဘူး။ လေရဲ့ အသံနဲ့ ပြောနေတဲ့ ပုံစံရှိတယ်။ လုံးဝ ရှင်းရှင်းလင်းလင်း ဖြစ်နေတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ကြားတော့ ကြားရတယ်။ စကားတွေက ကြမ်းပေမဲ့ တွန်းအားပေးတယ်။ ငြိမ်းချမ်းမှုပေးတယ်။ နွေးထွေးပြီး လုံခြုံသလို ခံစားရတယ်။ ကျွန်မ အရင်က တစ်ခါ မသိခဲ့ဖူးတဲ့ ပျော်ရွှင်မှုကို ကျွန်မ ခံစားရတယ်။ ဘုရားက ကျွန်မကို ကယ်တင်နေတယ်၊ ဘဝမှာ ဒုတိယအခွင့်အရေးပေးနေတယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒီအသံကို ကြားပြီးတော့ ကျွန်မ တဖြည်းဖြည်းချင်း သတိပြန်လည်လာတယ်။

နိုးလာပြီးတော့ ကျွန်မက တုန်နေပြီး တော်တော်ကြောက်နေတုန်းပဲ။ အပြစ်တွေအများကြီး ကျူးလွန်ခဲ့တာကို ကျွန်မ စိတ်ညစ်ပြီး တော်တော်နောင်တရမိတယ်။ ဒါ ဘုရားက ကျွန်မကို သတိပေးတာပဲဆိုတာ ကျွန်မ သိခဲ့တယ်။ ဘုရားသခင်ပြောသမျှက မှန်တယ်။ သူပြောတာကို ကျွန်မ ယုံကြည်ပြီး သူပြောတာကို နားထောင်ရမယ်။ သူ့ကို ဖယ်ထုတ်ပြီး ဝတ်ကျေတမ်းကျေဆန်နေလို့မရဘူး။ ကျွန်မ ထပ်ပြီး လက်လွတ်လို့ မဖြစ်တဲ့ အခွင့်အရေးတစ်ခုကို ဘုရားက ကျွန်မကို ပေးနေတာပါ။ ကျွန်မ မောင်လေးကို ကျွန်မ ပြောလိုက်တယ်။ “အစ်မဆန်းမားနဲ့ ငါ စကားပြောချင်တယ်” ဆိုပြီးတော့။ အစ်မဆန်းမားက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ရေလောင်းသူတစ်ယောက်ပဲ။ ကျွန်မနဲ့ အွန်လိုင်းမှာ ခဏခဏ စုဝေးတယ်။ ဆန်းမားက ကျွန်မအခြေအနေကို သိသွားတော့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မဆီ ပို့ပေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် လူ့ဘဝ တစ်ခုစီတိုင်းအတွက် တာဝန်ရှိပြီး၊ တကယ့်အဆုံးသတ်အထိ သူကတာဝန်ရှိသည်။ ဘုရားသခင်က သင့်ကို ထောက်ပံ့ပေးပြီး၊ စာတန်ဖျက်ဆီးခဲ့သည့် ဤပတ်ဝန်းကျင် ထဲတွင် သင်သည် နေမကောင်းဖြစ်စေခြင်း၊ သို့မဟုတ် ညစ်ညမ်းစေခြင်း သို့မဟုတ် ချိုးဖောက်ထိပါးခြင်း ခံနေရလျှင်ပင် ကိစ္စမရှိပေ၊ ဘုရားသခင်က သင့်ကို ကြည့်ရှုစောင့်ရှောက်ပြီး သင့်ကို ဆက်လက်အသက်ရှင်ခွင့် ပေးလိမ့်မည်။ ဤအရာ၌ သင်ယုံကြည်မှု ရှိသင့်သည်။ ဘုရားသခင်သည် လူသားတစ်ဦးကို ပေါ့ပေါ့တန်တန် သေဖို့ အခွင့် ပေးမည် မဟုတ်ချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)) “သင့်ကို မွေးဖွားသောအချိန်မှသည် ယခုအချိန်အထိ တစ်လျှောက်လုံး၊ ဘုရားသခင်သည် သင့်အပေါ်တွင် အမှုများစွာ လုပ်ဆောင်ပြီးသော်လည်း၊ သူ လုပ်ဆောင်ပြီးဖြစ်သည့် အရာရာတိုင်း၏ ပြည့်စုံစေ့စပ်သော မှတ်တမ်းတစ်ခုကို သင့်အား မပြောပေ။ ဘုရားသခင်သည် သင့်အား ဤအရာကို သိခွင့်မပေးခဲ့သလို၊ သင့်အား ပြောပြခဲ့ခြင်းလည်း မရှိပါ။ သို့ရာတွင် လူသားမျိုးနွယ် အတွက်၊ သူပြုသမျှ အရာရာတိုင်းသည် အရေးကြီး၏။ ဘုရားသခင်နှင့် ပတ်သက်သရွေ့၊ ယင်းသည် သူလုပ်ရမည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏နှလုံးသားထဲ၌၊ ဤအရာများ တစ်ခုတစ်လေထက် သာလွန်သော သူ လုပ်ရန်လိုအပ်သည့် အရေးကြီးသောအရာတစ်ခု ရှိသည်။ ဆိုလိုသည်မှာ လူသား မွေးဖွားသော အချိန်မှသည် ယခုအထိတိုင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးရမည် ဖြစ်သည်။...ဤ ‘ဘေးကင်းရေး’ ဟူသည်မှာ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟု ဆိုလိုသည်။ ဤသည်မှာ အရေးကြီးပါ၏လော။ စာတန်၏ ဝါးမျိုမခံရခြင်း- ဤသည်မှာ သင်၏ဘေးကင်းရေးနှင့် သက်ဆိုင်သလော မသက်ဆိုင်သလော။ မှန်သည်၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ဘေးကင်းရေးနှင့် သက်ဆိုင်သကဲ့သို့၊ သာ၍အရေးကြီးသည့်အရာ မရှိနိုင်တော့ပေ။ သင်သည် စာတန်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဝိညာဉ်နှင့် သင်၏ ခန္ဓာသည် ဘုရားသခင်နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင့်အား ကယ်တင်တော့မည် မဟုတ်ချေ။ ဘုရားသခင်သည် စာတန်၏ ဝါးမျိုခြင်းခံရသည့် ဝိညာဉ်များနှင့် လူတို့ကို စွန့်ပစ်၏။ ထို့ကြောင့် ဘုရားသခင် ပြုရမည့် အရေးကြီးဆုံးအရာမှာ သင်၏ဤဘေးကင်းရေးကို အာမခံချက် ပေးရန်၊ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည် မဟုတ်ဟူသော အာမခံချက် ပေးရန် ဖြစ်သည်ဟု ငါ ပြော၏။ ဤသည်မှာ လွန်စွာ အရေးကြီးသည် မဟုတ်ပါလော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး လုံခြုံမှုကို ကျွန်မ ခံစားရတယ်။ အားကိုးစရာတစ်ခုခုရှိနေသလိုမျိုးပေါ့။ ဒီအတွေ့အကြုံက ကျွန်မကို ပိုပြီးတော့တောင် ရှင်းရှင်းလင်းလင်း ပြသခဲ့တယ်။ မွေးစကနေ လက်ရှိအချိန်ထိ ဘုရားက ကျွန်မတို့ကို လမ်းပြနေတယ်။ အချိန်တစ်ခုစီတိုင်းမှာ ကျွန်မတို့ကို ကြည့်ရှုပြီး ကာကွယ်ပေးနေတယ်။ ဘုရားရှေ့ကို ကျွန်မ လာသင့်တယ်။ တာဝန်ထမ်းဆောင်သင့်တယ်။ သူ့ရဲ့ သိပ်ကြီးမြတ်တဲ့ ကျေးဇူးတော်ကို ပြန်ပေးဆပ်သင့်တယ်။ ဘုရားက တကယ်ကို အရာအားလုံးကို အုပ်စိုးတယ်။ ကျွန်မတို့မျက်လုံးနဲ့ မမြင်နိုင်တဲ့ ဝိညာဉ်ကမ္ဘာလည်းပါဝင်တယ်ဆိုတာ ကျွန်မ သက်သေခံဖို့လိုတယ်။ ငရဲက တကယ်ကိုရှိပါတယ်။ ငရဲရဲ့ အပြစ်ဒဏ်ရဲ့ ဆင်းရဲဒုက္ခကို ကျွန်မ မခံစားခဲ့ရပေမဲ့ ငရဲမှာ လူတွေ အပြစ်ဒဏ်ခံနေရတဲ့ မြင်ကွင်းကို မြင်ခဲ့ပါတယ်။ လောကီရေပန်းစားတာတွေနောက်လိုက်တဲ့သူတွေ၊ စာတန်နောက်လိုက်သူတွေ ကျွန်မနားမှာ အများကြီးရှိတယ်။ သူတို့က ဘုရားရှေ့ကို မလာရသေးဘူး။ ကျွန်မ သူတို့အတွက် တော်တော်စိတ်ပူတယ်။ ကျွန်မသိတဲ့သူတွေကို ငရဲကို မသွားစေချင်ဘူး။ ဒီလို ဒုက္ခမခံစေချင်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို သူတို့ လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ကျွန်မ တာဝန်ကို ဖြည့်ဆည်းမယ်။ ငရဲက တကယ်ရှိပါတယ်၊ ဘုရားရဲ့ ဩဇာအာဏာက တကယ်ရှိပါတယ်ဆိုတာ သူတို့ကို သက်သေခံမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကသာ ငရဲရဲ့ ဆင်းရဲဒုက္ခကနေ ကျွန်မတို့ကို ကယ်တင်နိုင်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရှေ့ကို မလာရသေးတဲ့သူတွေအတွက်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးပေမဲ့ သူ့ရဲ့ ကယ်တင်ခြင်းကို တန်ဖိုးမထားတဲ့သူတွေအတွက် သူ့ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြချင်ပါတယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဆုတ်ဆိုင်းမှုမှ သင်ယူခဲ့ရသည့်အရာ

စွတ်ဖန့် ကိုးရီးယားနိုင်ငံ ၂၀၁၄ မှာ ကျွန်တော်က အသင်းတော်အတွက် ဗီဒီယိုထုတ်လုပ်သူအဖြစ် လေ့ကျင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗီဒီယိုအသစ်တစ်ခုကို...

ဝတ်ကျေတမ်းကျေဆန်ခြင်းကြောင့် ဖြစ်သော ထိခိုက်မှု

ရှင်းကျိ အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ အောက်တိုဘာမှာ လူသစ်တွေကို ရေလောင်းတာကို ကျွန်မ စလေ့ကျင့်တယ်။ တစ်ပတ်ကြာတော့ ကျွန်မ သင်ရမှာတွေ...

သမ္မာတရားကိုနားလည်ခြင်းဖြင့်သာ မိမိကိုယ်ကို စစ်မှန်စွာ သိမြင်ခြင်း

ဝန်ဝန်၊ ချန်းချူ မြို့၊ ဂျီလင်းစီရင်စု ကျွန်တော့်အမြင်တွင်တော့ ဖောက်ပြန်ပျက်ဆီးမှု တစ်စုံတစ်ရာ မမြင်ရသည့် အပြင်ပန်း...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။