အန္တိခရစ်တစ်ဦးကို ကျွန်ုပ်တိုင်ကြားခဲ့ပုံ
ဝိန်ကျင့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မ ကိုယ့်တာဝန်ကို လုပ်ဖို့ မြို့ပြင်ကနေ ဒေသန္တရအသင်းတော်ဆီ ပြန်လာခဲ့တယ်။ ရေလောင်း...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ ငယ်ငယ်တုန်းက မိဘတွေက စားဝတ်နေရေးအတွက် အလုပ်များပြီး ကျွန်မကို ဂရုစိုက်ဖို့ အချိန်မရှိခဲ့လို့ ကျွေးမွေးပြုစုဖို့ အဖွားအိမ် ပို့ထားခဲ့ကြတယ်။ အဲဒီအချိန်က မိသားစုစီမံကိန်း သန်းခေါင်စာရင်း ကောက်နေတဲ့အချိန်၊ အဖွားအိမ်မှာ ကျွန်မနာမည်စာရင်း မသွင်းထားတော့ ဒဏ်ငွေမဆောင်ရအောင် ရွာက မိသားစုစီမံကိန်း စစ်ဆေးတဲ့အခါတိုင်း အဖွားက ကျွန်မကို ချီပြီး ဝှက်ထားရတယ်။ အိမ်နီးနားချင်းတွေက ကျွန်မမှာ အိမ်ထောင်စုမှတ်ပုံတင် မရှိလို့ လှောင်ပြောင်ပြီး “လူမမည်လေး” လို့ ခေါ်ကြတယ်၊ ပြီးတော့ အမေမရှိတဲ့ကလေးလို့ ပြောကြတယ်။ ကလေးပဲ ရှိသေးပေမဲ့ သူတို့တွေ ကျွန်မကို လှောင်ပြောင်နေမှန်း ကျွန်မ ပြောနိုင်တာပေါ့။ ကျွန်မ အရမ်းကို စိတ်ထိခိုက်ခဲ့ရတယ်။ သူတို့ကိုလည်း မမြင်ချင်ဘူး၊ တခြားကလေးတွေနဲ့လည်း မကစားချင်ခဲ့ဘူး။ အချိန်တော်တော်များများမှာ ကျွန်မက အိမ်ထဲမှာ တစ်ယောက်တည်း တီဗီထိုင်ကြည့်နေခဲ့တယ်၊ ဒါမှမဟုတ် အဖွားနဲ့ ကစားခဲ့တယ်။ ကျွန်မရဲ့ ကလေးဘဝက တော်တော်လေးကို ချုပ်တည်းခံထားရပြီး ငြီးငွေ့စရာကောင်းခဲ့တယ်။ နောက်ပိုင်း ကျောင်းနေရမဲ့အရွယ်ရောက်တော့ မိဘတွေက ကျွန်မကို အိမ်ပြန်ခေါ်သွားတယ်။ ကျွန်မက တသီးတသန့်နေတတ်ပြီး စကားပြောရတာမကြိုက်ဘူး၊ လူတွေ့ရင်လည်း မနှုတ်ဆက်တတ်လို့ အမေက ကျွန်မကို ထုံတယ်၊ ညီမလေးလောက် မလည်ဘူးလို့ ပြောတတ်တယ်။ ကျွန်မကိုယ်တိုင်ကလည်း ကိုယ့်မှာ တော်တော်လိုအပ်ချက်တွေ ရှိတယ်လို့ ထင်နေတော့ လူတွေနဲ့ ပိုပြီးတော့တောင် မဆက်ဆံချင်တော့ဘူး။ တဖြည်းဖြည်းနဲ့ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံရတာ ခက်ခဲလာမှန်း ကျွန်မ သတိထားမိလာတယ်၊ သူတို့နဲ့ စကားပြောရင် ဘာပြောရမှန်း၊ ဘယ်အကြောင်းအရာကနေ စပြောရမှန်းကို မသိတော့ဘူး။ တစ်ခါတလေ ကျွန်မစိတ်ထဲမှာ အကြောင်းအရာတွေ၊ ဖော်ပြချင်တဲ့အမြင်တွေ ရှိပေမဲ့ စကားပြောတဲ့အခါ ကြောက်စိတ်နဲ့ စိတ်လှုပ်ရှားမှုကြောင့် ဗလုံးဗထွေးဖြစ်နေရော။ အထူးသဖြင့် လူများတဲ့နေရာမှာ ကိုယ်နဲ့မရင်းနှီးတဲ့သူတွေနဲ့ စကားပြောရရင် ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး မျက်နှာတွေတောင် နီရဲလာတယ်။ ဒါကြောင့် အိမ်ကို ဆွေမျိုးတွေလာလည်တိုင်း ဒါမှမဟုတ် ညစာစားပွဲတစ်ခုခု သွားရတိုင်းမှာ ကျွန်မက ရှောင်လို့ရရင် အမြဲရှောင်တယ်၊ မဖြစ်မနေ သွားရရင်တော့ တိတ်တိတ်လေးပဲ ထောင့်တစ်နေရာမှာ ထိုင်နေခဲ့တယ်၊ တခြားသူတွေ စကားပြောရယ်မောနေတာတွေကို ကြည့်ရင်းပေါ့။
ဘုရားသခင်ကို တွေ့ရှိပြီးနောက်ပိုင်းမှာလည်း ကျွန်မက ဒီအတိုင်းပါပဲ။ တစ်ခါက စုဝေးပွဲတစ်ခုမှာ လူအယောက် ငါးဆယ်ခြောက်ဆယ်လောက် တက်တာကို တွေ့လိုက်ရတော့ ကျွန်မ ချက်ချင်းပဲ လန့်သွားတယ်။ လူအများကြီးနဲ့ဆိုတော့ ကျွန်မ စကားမပြောရဲခဲ့ဘူး။ ကျွန်မက စကားပြော မကျွမ်းကျင်တော့ ကိုယ်ပြောတာ မရှင်းလင်းလို့ တခြားသူတွေ နားမလည်ရင် တော်တော်လေး အနေရခက်ပြီး အရှက်ရစရာကြီး ဖြစ်မှာပဲလို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ကြီးကြပ်ရေးမှူးက ကျွန်မကို မိတ်သဟာယပြုခိုင်းတဲ့အခါတိုင်း ကျွန်မက တိတ်တိတ်နေပြီး နားထောင်သူသက်သက်ပဲ လုပ်ဖို့ ရွေးချယ်ခဲ့တယ်။ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ လေ့လာတဲ့အခါ ကြီးကြပ်ရေးမှူးက ကျွန်မတို့ကို ကိုယ့်အတွေးအမြင်တွေ ဝေမျှခိုင်းရင်လည်း စိတ်လှုပ်ရှားပြီး စကားမရှင်းမှာစိုးလို့ မိတ်သဟာယမပြုရဲပြန်ဘူး။ သုံးလေးခေါက်လောက်ဆို ကြီးကြပ်ရေးမှူးက နာမည်တပ်ခေါ်မှ မဖြစ်မနေ မိတ်သဟာယပြုခဲ့ရတယ်။ မိတ်သဟာယပြုနေတုန်းမှာ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး အသံပါပြောင်းသွားတယ်၊ စကားပြောလေလေ မျက်နှာက ပိုပိုပြီး ပူလာလေပဲ။ နောက်ဆုံးတော့ စကားကို ရှင်းအောင်မပြောနိုင်ဘဲ အရမ်းကို အရှက်ရသလို ခံစားခဲ့ရတယ်။ ကျွန်မ တွေးမိတယ်၊ “ငါ ဘာလို့ဒီလောက် အသုံးမကျရတာလဲ။ ကိုယ့်အမြင်ကို ပြောရုံလေးပဲကို ဘာလို့ ဒီလောက် ခက်ခဲပြီး စိတ်လှုပ်ရှားနေရတာလဲ။ စကားတောင် ရှင်းအောင်မပြောတတ်ဘူး၊ ငါ တကယ်ကို ငတုံးပဲ” ပေါ့။ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေက သဘာဝကျကျနဲ့ ချောချောမွေ့မွေ့ မိတ်သဟာယပြုနေတာကို မြင်တော့ ကျွန်မ အရမ်းကို အားကျမိတယ်၊ “ငါ့မှာ ဘာလို့ အဲဒီလို ယုံကြည်မှုနဲ့ သတ္တိမျိုး မရှိရတာလဲ။ ငါ့အတွက် စကားတစ်ခွန်းပြောဖို့၊ ကိုယ့်အတွေးအမြင်ကို ဖော်ပြဖို့က ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ” ပေါ့။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ကျွန်မကို အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်အောင် စီစဉ်ပေးခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါက တသီးတသန့်နေတတ်ပြီး စကားလည်း ကောင်းကောင်းမပြောတတ်ဘူး၊ လူများရင်လည်း စကားမပြောရဲတော့ဘူး။ ညီအစ်ကိုမောင်နှမတွေက မေးခွန်းတွေမေးလာလို့ ငါ ရှင်းရှင်းလင်းလင်း မဖြေနိုင်ရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆို အနေရခက်မှာမဟုတ်ဘူးလား” ပေါ့။ ကျွန်မက ကြီးကြပ်ရေးမှူးကို တခြားတစ်ယောက်ယောက် ရှာစေချင်ခဲ့တယ်၊ ကိုယ်တိုင်ကတော့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ပဲ တိတ်တိတ်လေး နေချင်ခဲ့တယ်။ ဒါပေမဲ့ တာဝန်ကို ငြင်းလိုက်ရင် ကြီးကြပ်ရေးမှူးက ကိုယ့်အပေါ် အမြင်မကောင်းဖြစ်သွားမှာကို စိုးရိမ်တော့ အဲဒီအတွေးကို ခေါင်းထဲကဖယ်ထုတ်လိုက်တယ်။ အဲဒီနောက်ပိုင်း ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ပေးတဲ့အခါမှာလည်း ကျွန်မ ကြောက်နေမိတုန်းပဲ။ သူတို့က မေးခွန်းတွေမေးလာရင် ကျွန်မက တခြားသူတွေကိုပဲ အမြဲတမ်း ဖြေခိုင်းချင်ခဲ့တယ်၊ ကိုယ်က ရှင်းရှင်းလင်းလင်း ရှင်းမပြနိုင်မှာ ဒါမှမဟုတ် သူတို့ရဲ့ပြဿနာတွေကို မဖြေရှင်းပေးနိုင်မှာ စိုးရိမ်လို့ပေါ့။ ရှောင်လွှဲလို့မရတဲ့အခါမျိုးမှာတော့ ဖျစ်ညှစ်ပြီး စကားနည်းနည်းပြောလိုက်ရပေမဲ့ စိတ်ထဲမှာတော့ အရမ်းကို စိတ်လှုပ်ရှားနေတုန်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုဖြစ်နေတာကိုမြင်တော့ အရမ်းကို စိတ်ပျက်မိတယ်။ ဒီအခြေအနေက တခြားသူတွေနဲ့ ပုံမှန်ပြောဆိုဆက်ဆံတာကိုရော၊ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်စွမ်းကိုပါ ဆိုးဆိုးရွားရွား သက်ရောက်မှုရှိနေမှန်း ကျွန်မ သဘောပေါက်လာတယ်။ ဒီအခြေအနေကို အမြန်ဆုံး မပြောင်းလဲနိုင်ရင် ကိုယ့်တာဝန်မှာ ပိုပိုပြီး တက်ကြွမှုမရှိတော့ဘဲ အလုပ်တွေကို နှောင့်နှေးစေမှာ သေချာတယ်။ ဒါကြောင့် ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို သတိရှိရှိနဲ့ ကျွန်မ ရှာဖွေခဲ့တယ်။
တစ်နေ့မှာ ကျွန်မရဲ့ အခြေအနေကို အတိအကျ ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သူရဲဘောကြောင်သည့် လူများသည် အခက်အခဲအချို့နှင့် ကြုံရသည့်အခါ နောက်ပြန်တွန့်သွားကြသည်။ ဤသို့ အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ အကြောင်းရင်းတစ်ခုမှာ ဤအရာကို ၎င်းတို့၏ သိမ်ငယ်သော စိတ်ခံစားချက်က ဖြစ်စေခြင်း ဖြစ်သည်။ ၎င်းတို့သည် သိမ်ငယ်ကြသောကြောင့် လူတို့ရှေ့ မသွားဝံ့ကြချေ။ မိမိတို့ ယူသင့်သည့် တာဝန်နှင့် ဝတ္တရားများကိုပင် မယူနိုင်ကြသကဲ့သို့ မိမိတို့၏ စွမ်းရည်နှင့် အစွမ်းအစ နယ်ပယ်အတွင်းနှင့် မိမိတို့ကိုယ်ပိုင် လူ့သဘာဝ အတွေ့အကြုံ နယ်ပယ်အတွင်းရှိ ၎င်းတို့ အမှန်တကယ် စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့်အရာကို တာဝန်မယူနိုင်ကြချေ။ ဤသိမ်ငယ်သော စိတ်ခံစားချက်သည် ၎င်းတို့ လူ့သဘာဝ၏ သွင်ပြင်လက္ခဏာတိုင်းကို ထိခိုက်၏။ ၎င်းတို့၏ တည်ကြည်မှုကို ထိခိုက်ပြီး ၎င်းတို့၏ ပင်ကိုစရိုက်ကိုလည်း ထိခိုက်သည်မှာ အမှန်ဖြစ်၏။ အခြားသူများအနီးတွင် ရှိချိန် ၎င်းတို့သည် မိမိတို့ ကိုယ်ပိုင် အမြင်များကို ဖော်ပြခဲကြပြီး ၎င်းတို့ကိုယ်ပိုင် ရှုထောင့်၊ သို့မဟုတ် အယူအဆအား ၎င်းတို့ ရှင်းသည်ကို တစ်ခါမျှ သင် မကြားရချေ။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရသည့်အခါ စကားမပြောဝံ့ကြဘဲ ထိုအစား စဉ်ဆက်မပြတ် နောက်တွန့်ကာ နောက်ဆုတ်ကြလေသည်။ လူအနည်းငယ် ရှိသည့်အခါ ထိုသူတို့ကြားတွင် ထိုင်ရလောက်အောင် သတ္တိရှိကြသော်လည်း လူများစွာရှိသည့်အခါ အခြားသူများကြား မလာဝံ့ဘဲလျက် ထောင့်တစ်နေရာကို ရှာပြီး အလင်းရောင် မှိန်သည့်နေရာကို ဦးတည်ကြလေသည်။ တစ်စုံတစ်ရာကို ခိုင်မာစွာနှင့် တက်ကြွစွာ ပြောဆိုပြီး မိမိတို့ တွေးသည့်အရာ မှန်ကန်သည်ဟု ပြသရန် မိမိတို့ကိုယ်ပိုင် အမြင်များနှင့် အယူအဆများကို ဖော်ပြချင်သည်ဟု ၎င်းတို့ ခံစားရသည့်အခါတိုင်းတွင် ထိုသို့လုပ်ဆောင်ရန် သတ္တိပင် မရှိကြချေ။ ထိုသို့သော စိတ်ကူးများ ရှိသည့်အခါတိုင်းတွင် ၎င်းတို့၏ သိမ်ငယ်သော စိတ်ခံစားချက်သည် တစ်ပြိုင်နက် ပွင့်အံထွက်လာပြီး ‘မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် မတော်ပါ။ သင်၏ အမြင်များကို မဖော်ပြနှင့်။ သင်၏ စိတ်ကူးများကို မိမိဘာသာ သိမ်းထားပါ။ သင်အမှန်တကယ် ပြောချင်သည့်အရာတစ်ခုခု သင့်စိတ်နှလုံးတွင်ရှိလျှင် ကွန်ပျူတာပေါ်တွင် မှတ်ချက်တစ်ခုသာ ပြုလုပ်ပြီး ထိုအရာကို မိမိဘာသာ ပြန်ပြောင်းစဉ်းစားပါ။ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုအကြောင်းကို သင်သိခွင့်ပေးရမည်မဟုတ်။ တစ်စုံတစ်ရာ သင်အမှားပြောမိလျှင် မည်သို့ ဖြစ်မည်နည်း။ ယင်းမှာ အလွန်ပင် အရှက်ရစရာ ဖြစ်လိမ့်မည်’ဟု ၎င်းတို့ကို ပြောလျက် ၎င်းတို့ကို ထိန်းချုပ်ကာ ချုပ်တည်းစေလေသည်။ ဤအသံက သင်ပြောလိုသည့် စကားများကို ပြန်မျိုသိပ်စေလျက် ဤအရာကို မလုပ်ဆောင်ရန်၊ ထိုအရာကို မလုပ်ဆောင်ရန်၊ ဤအရာကို မပြောရန်၊ ထိုအရာကို မပြောရန် သင့်ကို ပြောမြဲပြောနေသည်။ သင့်စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ သင် ပြန်ပြောင်းတွေးနေခဲ့သည့် သင် ပြောလိုသောအရာ တစ်စုံတစ်ခုရှိသည့်အခါ သင် နောက်ဆုတ်ကာ ထိုအရာကို မပြောဝံ့ချေ၊ သို့မဟုတ်ပါက ထိုအရာကို သင် မပြောသင့်ဟု ယုံကြည်လျက် ပြောဆိုရန် ရှက်မိပြီး သင် ပြောမိပါက အချို့သော စည်းမျဉ်းများကို ဖောက်ဖျက်မိပြီး ဖြစ်သည့်အလား၊ ဥပဒေကို ချိူးဖောက်မိပြီးဖြစ်သည့်အလား သင် ခံစားလေသည်။ တစ်နေ့တွင် သင်၏ ကိုယ်ပိုင် အမြင်များကို သင် တက်ကြွစွာ ဖော်ပြသည့်အခါ သင့်စိတ်အတွင်းနက်နက်တွင် နှိုင်းယှဉ်၍မရအောင် စိတ်အနှောင့်အယှက်ဖြစ်ပြီး မသက်မသာ ခံစားရလေသည်။ အလွန် စိတ်မသက်မသာဖြစ်သည့် ဤခံစားချက်သည် တဖြည်းဖြည်း လျော့ပါးသွားသော်လည်း သင်၏ သိမ်ငယ်သော စိတ်ခံစားချက်သည် စကားပြောလိုခြင်း၊ မိမိကိုယ်ပိုင် အမြင်များကို ဖော်ပြလိုခြင်း၊ ပုံမှန်လူတစ်ဦး ဖြစ်လိုခြင်းနှင့် အခြားလူတိုင်းနှင့်သာ တူလိုခြင်းအတွက် သင် ရှိထားသည့် စိတ်ကူးများ၊ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို ဖြည်းညင်းစွာ ချုပ်တည်းလိုက်လေသည်။ သင့်ကို နားမလည်သူများက သင်သည် စကားနည်းသူ၊ နှုတ်ဆိတ်သူ၊ ရှက်တတ်သည့် ပင်ကိုစရိုက်ရှိသူ၊ လူအုပ်ထဲမှ မထင်ပေါ်ချင်သူတစ်ဦးအဖြစ် ယုံကြည်လိုက်သည်။ အခြားလူများစွာရှေ့တွင် သင် စကားပြောသည့်အခါ သင်သည် ရှက်တက်တက်ဖြစ်ပြီး မျက်နှာနီမြန်းသွားသည်။ သင်သည် အတော်အတန် တသီးတသန့်နေတတ်ပြီး အမှန်တွင် သင် သိမ်ငယ်နေသည်ကို သင်တစ်ဦးသာ သိ၏။...ဤစိတ်ခံစားချက်ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဖြစ် ပြော၍မရနိုင်သော်လည်း ပြင်းထန်သည့် အပျက်သဘောဆောင်သော အကျိုးဆက်ကို ဖြစ်စေနှင့်ပြီး ဖြစ်သည်။ ထိုအရာက ၎င်းတို့၏ လူ့သဘာဝကို ပြင်းထန်စွာ ထိခိုက်နစ်နာစေပြီး ၎င်းတို့ ပုံမှန်လူ့သဘာဝ၏ အမျိုးမျိုးသော စိတ်ခံစားချက်များ၊ စကားနှင့် လုပ်ရပ်များအပေါ် အလွန်ဆိုးရွားသည့် အကျိုးဆက်များဖြင့် ကြီးမားသည့် အပျက်သဘောဆောင်သော သက်ရောက်မှုတစ်ခု ရှိလေသည်။ ယင်း၏ သေးငယ်သော လွှမ်းမိုးမှုမှာ ၎င်းတို့၏ ပင်ကိုစရိုက်၊ ၎င်းတို့၏ မက်မောမှုများနှင့် ရည်မှန်းချက်များကို ထိခိုက်ရန်ဖြစ်သည်။ ယင်း၏ အကြီးစား လွှမ်းမိုးမှုက ဘဝတွင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် ဦးတည်ချက်များကို ထိခိုက်ရန် ဖြစ်သည်။ ဤသိမ်ငယ်သော စိတ်ခံစားချက်၏ အကြောင်းတရားများမှ၊ ယင်း၏ ဖြစ်စဉ်နှင့် လူတစ်ဦးထံ ဆောင်ကြဉ်းသည့် အကျိုးဆက်များမှ၊ သင် ကြည့်သည့် မည်သည့် ရှုထောင့်မဆိုမှ၊ ထိုအရာမှာ လူတို့ လက်လွှတ်သင့်သည့် အရာတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) နှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာမှ ကျွန်မဟာ တကယ်ကို သိမ်ငယ်စိတ်ရှိတဲ့သူတစ်ယောက်မှန်း သဘောပေါက်သွားတယ်။ ဘုရားသခင် ဖော်ထုတ်ထားတဲ့ သိမ်ငယ်စိတ်ရဲ့ အခြေအနေနဲ့ သရုပ်သကန်တွေအားလုံးဟာ ကျွန်မဆီမှာ ရှိနေခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးဟာ သိမ်ငယ်စိတ်ရဲ့ ချည်နှောင်မှုကို ခံနေရပြီး ကိုယ်က ဟိုဟာလည်းမတော်၊ ဒီဟာလည်းမတော်ဘူးလို့ အမြဲခံစားခဲ့ရတယ်။ လူတွေနဲ့ ဆက်ဆံတဲ့အခါ လူများလာရင် စကားမပြောရဲတော့ဘူး၊ ဒါမှမဟုတ် ထောင့်တစ်နေရာမှာ ပုန်းပြီး တိတ်တိတ်လေး နေခဲ့တယ်။ ကိုယ့်တာဝန်မှာ ကိုယ့်အတွေးအမြင်တွေကို ဖော်ပြဖို့ လိုအပ်လာတိုင်းမှာ ကျွန်မ မရည်ရွယ်ဘဲ စိတ်လှုပ်ရှားလာတယ်။ အဲဒီအခါ ကျွန်မစိတ်ထဲမှာရှိတာက အားလုံးနဲ့အတူ ပူးပေါင်းပြီး တာဝန်ကို ဘယ်လိုကောင်းကောင်း ဖြည့်ဆည်းမလဲဆိုတာ မဟုတ်ဘဲ ကိုယ့်ရဲ့ဘာသာစကားကျွမ်းကျင်မှုက အားနည်းတယ်၊ ကိုယ့်စကားက လိုရင်းမရောက်ဘူး၊ တခြားသူတွေကို မိတ်သဟာယပြုစေချင်ခဲ့တယ်။ ကိစ္စတချို့အပေါ်မှာ ကျွန်မမှာ အမြင်တွေ၊ အတွေးအခေါ်တွေ ရှိတဲ့အခါမှာ ချီတုံချတုံ ဖြစ်နေခဲ့တယ်၊ “ငါ ပြောသင့်လား၊ မပြောသင့်ဘူးလား။ ငါ့အမြင်က မှန်ရဲ့လား။ တခြားသူတွေ သဘောတူပါ့မလား။ ထားလိုက်ပါတော့၊ မပြောတာပဲ ကောင်းတယ်။ သူများတွေရဲ့ အမြင်တွေကို နားထောင်လိုက်တာ အကောင်းဆုံးပဲ” လို့ တွေးမိတယ်။ ကျွန်တော့်ရဲ့ ပါးစပ်ကို ပိတ်ပြီး လည်ချောင်းကို ဆို့ထားသလိုမျိုး ဒီအတွေးတွေရဲ့ လွှမ်းမိုးမှုကို မကြာခဏ ခံခဲ့ရတယ်၊ ဒါကြောင့် အခြေအနေတော်တော်များများမှာ ကိုယ့်ရဲ့ အမြင်တွေနဲ့ ရပ်တည်ချက်ကို ဖော်ပြနိုင်ခြင်း မရှိခဲ့ဘူး။ ကြီးကြပ်ရေးမှူးက ကျွန်မကို အဖွဲ့ခေါင်းဆောင်လုပ်ခိုင်းတော့ ဒီတာဝန်ကို ယူထားပြီးမှတော့ ကိုယ့်တာဝန်ကိုယ်ဖြည့်ဆည်းသင့်မှန်း သိပေမဲ့ အလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ပေးရတိုင်းမှာ ကျွန်မ စကားမပြောနိုင်ခဲ့ဘူး၊ ကိုယ်ရှင်းပြတာ မရှင်းလင်းလို့ တခြားသူတွေ နားမလည်မှာကိုပဲ စိုးရိမ်နေခဲ့တယ်။ အဲဒါဆို တကယ်ကို အရှက်ရစရာကြီးပဲလေ။ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေရဲ့ မေးခွန်းတွေကို စကားပြောစွမ်းရည် ပိုကောင်းတဲ့သူတစ်ယောက်ယောက်ကို ဖြေစေချင်ခဲ့တယ်၊ ကျွန်မကတော့ ဘေးကနေ နားထောင်ပြီး သဘောတူရုံလုပ်မှာပေါ့။ ရလဒ်အနေနဲ့ ကျွန်မ ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေကို မဖြည့်ဆည်းနိုင်ခဲ့ဘဲ ကိုယ့်တာဝန်မှာ ပိုပိုပြီး တက်ကြွမှုမရှိတော့ဘူး ဖြစ်လာတယ်။ ဒီသိမ်ငယ်စိတ်ဆိုတဲ့ အပျက်သဘောဆောင်တဲ့ ခံစားချက်က ကျွန်မအပေါ် တကယ်ကို ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပြီး ကျွန်မကို ပိုပိုပြီး ကြောက်လာစေတယ်၊ တက်ကြွမှုမရှိ ဖြစ်လာစေတယ်။ ပြီးတော့ တခြားသူတွေနဲ့ ပုံမှန် ဆက်ဆံရေးတောင် မလုပ်နိုင်တော့ဘူး။ ကျွန်တော် တာဝန်ယူစိတ်နဲ့ တွန်းအားကို ဆုံးရှုံးခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် အပျက်သဘောနဲ့ပဲ ရှုမြင်ပြီး ကိုယ့်ဘာသာကိုယ် အဆုံးအဖြတ်တွေ ချနေမိတယ်၊ နောက်ဆုတ်ချင်တဲ့စိတ်ကလည်း ပိုပိုပြီး ပြင်းထန်လာတယ်။ ဒီသိမ်ငယ်စိတ်တွေနဲ့ ချည်နှောင်ခံရပြီး ကန့်သတ်ခံရတာက ဘယ်လောက်နာကျင်စရာကောင်းတယ်ဆိုတာကို ကျွန်မ တွေ့မြင်ခဲ့ရတယ်။
အဲဒီနောက်မှာ ဒီပြဿနာအတွက် ဖြေရှင်းနည်းကို ကျွန်မ ရှာဖွေခဲ့ပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “အပေါ်ယံအားဖြင့် သိမ်ငယ်မှုသည် လူတို့တွင် ထင်ရှားသည့် စိတ်ခံစားမှုတစ်ခု ဖြစ်သည်။ သို့သော် အမှန်တွင် ထိုအရာ၏ ဖြစ်ကြောင်းရင်းမြစ်မှာ လူတို့ အသက်ရှင်နေထိုင်သည့် ဤလူမှုအဖွဲ့အစည်း၊ လူသားမျိုးနွယ်နှင့် ပတ်ဝန်းကျင်တို့ ဖြစ်သည်။ လူတို့၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များကလည်း ယင်းကို ဖြစ်ပေါ်စေသည်။ လူမှုအဖွဲ့အစည်းနှင့် လူသားမျိုးနွယ်သည် စာတန်ထံမှလာသည်မှာ သိသာထင်ရှားပေသည်။ ဆိုးယုတ်သူတစ်ဦး၏ တန်ခိုးအာဏာအောက်တွင် လူသားမျိုးနွယ်အားလုံး တည်သောကြောင့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နက်ရှိုင်းစွာ ခံခဲ့ရပြီး မည်သူကမျှ နောက်မျိုးဆက်ကို သမ္မာတရားနှင့်အညီ၊ သို့မဟုတ် ဘုရားသခင်၏ သွန်သင်ချက်များနှင့်အညီ တကယ့်ကို မသွန်သင်နိုင်ဘဲ ထိုထက် စာတန်ထံမှ လာသည့် အရာများနှင့်အညီ သွန်သင်ကြလေသည်။ ထို့ကြောင့် နောက်မျိုးဆက်နှင့် လူသားမျိုးနွယ်ကို စာတန်နှင့်သက်ဆိုင်သည့် အမှုအရာများအား သွန်သင်ပေးခြင်း အကျိုးဆက်မှာ လူတို့၏ စိတ်သဘောထားများနှင့် အနှစ်သာရကို ဖောက်ပြန်ပျက်စီးစေခြင်းအပြင် လူတို့တွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဖြစ်ပေါ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် ယာယီဖြစ်ပါက လူတစ်ဦး၏ ဘဝကို ကြီးမားသည့် သက်ရောက်မှုတစ်ခု ရှိလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် လူတစ်ဦး၏ အတွင်းကျကျ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်တို့အတွင်းတွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုတစ်ခုသည် နက်ရှိုင်းစွာ အမြစ်တွယ်လာပြီး ထိုနေရာတွင် ဖျက်မရအောင် တွယ်ကပ်လာနေပါက ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ လုံးဝ မမေ့ပျောက်နိုင်ပါက၊ သို့မဟုတ် မဖယ်ရှားနိုင်ပါက ထိုလူ၏ ဆုံးဖြတ်ချက်တိုင်း၊ လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနှင့် အမှုအရာမျိုးစုံကို ၎င်းတို့ ချဉ်းကပ်သည့်နည်းလမ်း၊ စည်းမျဉ်းနှင့်ဆိုင်သည့် အဓိကကျသော ကိစ္စများကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့ ရွေးချယ်သည့်အရာနှင့် မိမိတို့ဘဝတွင် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းတို့ကို သေချာပေါက် ထိခိုက်လိမ့်မည်။ ဤသည်မှာ တကယ့် လူမှုအဖွဲ့အစည်းက လူတစ်ဦးစီတိုင်းအပေါ် ရှိသည့် သက်ရောက်မှု ဖြစ်သည်။ အခြားသော သွင်ပြင်လက္ခဏာမှာ လူတို့၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ကြီးပြင်းလာသည်နှင့်အမျှ မိမိတို့ ရရှိကြသည့် ပညာရေးနှင့် သွန်သင်မှုများ၊ ၎င်းတို့ လက်ခံသည့် ကျင့်ကြံပြုမူရန် နည်းလမ်းများနှင့်အတူ အတွေးများနှင့် စိတ်ကူးများအားလုံးအပြင် အမျိုးမျိုးသော လူသားအဆိုများ၊ အားလုံးသည် စာတန်ထံမှ လာသည်မှာ လူတို့က ၎င်းတို့ ကြုံရသည့် ဤပြဿနာများကို မှန်ကန်သည့် ရှုထောင့်အမြင်နှင့် ရှုထောင့်မှ ကိုင်တွယ်ပြီး ပပျောက်စေနိုင်စွမ်းမရှိသည်အထိပင် ဖြစ်ပေသည်။ ထို့ကြောင့် ဤပြင်းထန်သည့် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ ရှိပြီး ထိုအရာ၏ ဖိနှိပ်ပြီး ထိန်းချုပ်ခြင်းကို ခံရလျက် လူသည် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ ဖြစ်ပေါ်ကာ ၎င်းတို့ ဖြေရှင်းနိုင်စွမ်း၊ ပြောင်းလဲနိုင်စွမ်း၊ သို့မဟုတ် ပပျောက်စေနိုင်စွမ်း မရှိသည့် ပြဿနာများကို ခုခံရန် ကြိုးစားဖို့ ထိုအရာများကို အသုံးပြုသည်မှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ချေ။ ဥပမာအနေဖြင့် သိမ်ငယ်မှု ခံစားချက်ကို ကြည့်ကြစို့။ သင်၏ မိဘများ၊ ဆရာများ၊ သင်၏ လူကြီးသူမများနှင့် သင့်အနီးအနားရှိ အခြားသူအားလုံးတွင် သင်၏ အစွမ်းအစ၊ လူ့သဘာဝနှင့် ပင်ကိုအရည်အသွေးတို့အပေါ် လက်တွေ့မကျသည့် အကဲဖြတ်ချက်တစ်ခုရှိပြီး နောက်ဆုံးတွင် ဤအရာက သင့်ကို လုပ်ဆောင်သည်မှာ သင့်ကို ဝေဖန်ထိုးနှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ချုပ်ထိန်းခြင်း၊ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းဖြစ်သည်။ နောက်ဆုံးတွင် ခုခံရန် သင် နောက်ထပ် မည်သို့မျှ ခွန်အားမရှိသည့်အခါ မိမိအနေဖြင့် သင့်တော်လှသည်ဟု မယုံကြည်သော်ငြားလည်း စော်ကားမှုများနှင့် အရှက်ရစေခြင်းတို့ကို တိတ်ဆိတ်စွာ လက်ခံရသည့်၊ ဤမမျှတ၊ မတရားသော လက်တွေ့အရှိတရားမျိုးကို တိတ်ဆိတ်စွာ လက်ခံရသည့် ဘဝကို ရွေးချယ်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ ဤလက်တွေ့အရှိတရားကို သင်လက်ခံသည့်အခါ သင့်အထဲတွင် နောက်ဆုံး ဖြစ်ပေါ်သည့် ခံစားမှုများမှာ ပျော်ရွှင်သည့်၊ စိတ်ကျေနပ်သည့်၊ အပြုသဘောဆောင်သည့်၊ သို့မဟုတ် တိုးတက်မှုရှိသော စိတ်ခံစားမှုတစ်ခု မဟုတ်ချေ။ သင်သည် လူ့ဘဝအတွက် တိကျပြီး မှန်ကန်သည့် ရည်မှန်းချက်များကို လိုက်စားရန်မဆိုထားနှင့်၊ သာ၍များပြားသော စိတ်လှုံ့ဆော်မှုနှင့် ဦးတည်ချက်တို့ဖြင့် အသက်ရှင်ခြင်းမရှိဘဲ ထို့ထက် သင့်အထဲတွင် နက်နဲသည့် သိမ်ငယ်မှု ခံစားချက်တစ်ခု ဖြစ်ပေါ်လေသည်။ ဤစိတ်ခံစားမှု သင့်အထဲတွင် ဖြစ်ပေါ်သည့်အခါ ခိုကိုးရာမဲ့သည်ဟုသင် ခံစားရသည်။ အမြင်တစ်ခု သင် ဖော်ပြရန် လိုအပ်သည့် ပြဿနာတစ်ခုကို သင် ကြုံရသည့်အခါ သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် သင် ပြောလိုသည့် အရာနှင့် သင်ဖော်ပြရန် ဆန္ဒရှိသည့် အမြင်ကို အကြိမ်မည်မျှ သင်စဉ်းစားလိမ့်မည်မှာ မည်သူသိမည်နည်း။ သို့တိုင် သင်သည် ထိုအရာကို မိမိဘာသာပင် ထုတ်မပြောနိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။ သင် စွဲကိုင်ခဲ့သည့် အလားတူ အမြင်ကို တစ်စုံတစ်ဦးက ဖော်ပြသည့်အခါ သင်သည် အခြားသူများထက် သာ၍ ညံ့ခြင်းမရှိဟူသည့် အတည်ပြုချက်၊ ခံယူချက်တစ်ခု သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင် ခံစားခွင့်ပေးလိုက်သည်။ သို့ရာတွင် အလားတူ အခြေအနေ တစ်ဖန် ဖြစ်ပျက်သည့်အခါ သင်က ‘ငါသည် သာမန်ကာလျှံကာ စကားမပြောနိုင်ပါ၊ မည်သည့်အရာကိုမျှ စိတ်မြန်လက်မြန် မလုပ်နိုင်ပါ၊ သို့မဟုတ် မိမိကိုယ်ကို အဟားခံရသူ ဖြစ်စေ၍ မရပါ။ ငါသည် မတော်ပါ၊ နုံအပါသည်၊ မိုက်မဲပါသည်၊ ငါသည် လူအတစ်ယာက်ဖြစ်ပါသည်။ စကားမပြောဘဲ မည်သို့ ပုန်းကွယ်ပြီး နားထောင်ရုံမျှ နားထောင်ရမည်ကို ကျွန်ုပ် သင်ယူရမည်’ဟု မိမိကိုယ်ကို သင်ပြောနေဆဲ ဖြစ်သည်။ ဤအရာမှ ကျွန်ုပ်တို့ မြင်နိုင်သည်မှာ သိမ်ငယ်မှု ခံစားချက်ဖြစ်ပေါ်သည့် အချိန်မှစ၍ လူတစ်ဦး၏ အတွင်းကျကျ စိတ်နှလုံးတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာသည့်အချိန်ထိ ထိုသူသည် မိမိအပေါ် ဘုရားသခင် ပေးသနားခဲ့သည့် မိမိ၏ လွတ်လပ်သော အလိုဆန္ဒနှင့် သဘာဝကျသော လုပ်ပိုင်ခွင့်များ ပိတ်ပင်ခံရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသူသည် ဤအရာများကို ခံစားခွင့်မရဘဲ ပိတ်ပင်ခံထားရပြီး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်မ ဘာကြောင့် ဒီလောက်တောင် ကြောက်တတ်ပြီး သိမ်ငယ်စိတ်တွေ ရှိနေရသလဲဆိုတာကို ပြန်စဉ်းစားမိတယ်၊ ပြီးတော့ ကိုယ့်ရဲ့အတိတ်ကို မတွေးဘဲ မနေနိုင်ခဲ့ဘူး။ ငယ်ငယ်တုန်းက မိသားစုစီမံကိန်း သန်းခေါင်စာရင်းစစ်တာကို ရှောင်ဖို့ အဖွားအိမ်မှာ ကြီးပြင်းခဲ့ရပြီး အဖွားနဲ့အတူ ခဏခဏ ထွက်ပြေးပုန်းရှောင်ခဲ့ရတယ်။ ဒါက ကျွန်မစိတ်နှလုံးထဲမှာ အရိပ်တစ်ခု ထင်စေခဲ့ပြီး ကျွန်မ တကယ်ကို ကြောက်ရွံ့တတ်လာခဲ့တယ်။ မိဘတွေ မရှိလို့ အိမ်နီးနားချင်းမိသားစုက အဒေါ်တစ်ယောက်က ကျွန်မကို “လူမမည်လေး” လို့ လှောင်ပြောင်ခဲ့သလို၊ ကျွန်မနဲ့ရွယ်တူကလေးတွေကလည်း အမေမရှိတဲ့ကလေးလို့ လှောင်ပြောင်ကြတယ်။ အဲဒီအချိန်မှာ နေမထွက်တဲ့ မီးခိုးရောင်ကောင်းကင်အောက်မှာ နေထိုင်နေရသလိုမျိုး ခံစားခဲ့ရပြီး ကျွန်မ တကယ်ကို အထီးကျန်ပြီး စိတ်ဖိစီးခဲ့ရတယ်။ ကိုယ်က တခြားကလေးတွေနဲ့ မတူဘူးလို့ တွေးနေမိတယ်။ သူတို့ဘေးမှာ မိဘနှစ်ပါးစလုံး ရှိပေမဲ့ ကျွန်မမှာတော့ မရှိခဲ့ဘူး။ အဲဒီနောက်ပိုင်းမှာ ကျွန်မ အပြင်မထွက်ချင်တော့ဘူး၊ လူတွေနဲ့တွေ့ဖို့ ကြောက်လာပြီး တစ်နေ့တခြား စကားနည်းလာခဲ့တယ်။ ကျောင်းစတက်ပြီးနောက်မှာ ကျွန်မက ကြောက်တတ်ပြီး လုံခြုံမှုမရှိဘူးလို့ ခံစားရတဲ့အတွက် အားလပ်ချိန်တွေမှာ အတန်းဖော်တွေနဲ့ စကားအပြောအဆို နည်းပါးခဲ့တယ်။ ကျောင်းဆင်းချိန်မှာ သူတို့တွေ စကားပြော၊ ရယ်မောပြီး ကစားနေကြတာကို ကျွန်မကြည့်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်က ကြည့်ပြီး အားကျရုံပဲ တတ်နိုင်ခဲ့တယ်၊ ကိုယ်က သူတို့နဲ့ မတူဘူးလို့ အမြဲခံစားနေခဲ့ရတယ်။ ကျွန်မအတွက် နက်နက်ရှိုင်းရှိုင်း အမှတ်တရဖြစ်စေခဲ့တဲ့ အတွေ့အကြုံတစ်ခုက တရုတ်စာအတန်းမှာ ဖြစ်ခဲ့တာပေါ့။ ကျွန်မက မေးခွန်းဖြေတဲ့အခါ အသံအရမ်းတိုးလို့ ဆရာမက လှောင်တဲ့လေသံနဲ့ ပြောလိုက်တယ်။ “နင့်အတွက် အော်လန်တစ်ခုယူပေးရမှာ” တဲ့။ သူစကားဆုံးတာနဲ့ တစ်တန်းလုံးက ဟားတိုက်ပြီး ရယ်ကြတော့တာပဲ။ အဲဒီအခိုက်အတန့်မှာ ကျွန်မက တစ်တန်းလုံးရဲ့ လှောင်စရာဖြစ်သွားပြီး မျက်နှာကို ဝှက်လို့သာထားချင်ခဲ့တယ်။ ကျွန်တော့်ရဲ့ အဆင့်က သာမန်ဖြစ်ပြီး ဆရာမကလည်း မထီမဲ့မြင်ပြုတဲ့အတွက် ဒီလို လှောင်ပြောင်ခံရပြီးနောက်မှာ ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်က ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့တယ်။ အိမ်ပြန်ရောက်တော့ မိဘတွေက ခဏခဏ ရန်ဖြစ်နေကြတာကို တွေ့ရတော့ ကျွန်မ ပိုပြီးတော့တောင် စိတ်ဖိစီးပြီး အထီးကျန်တယ်လို့ ခံစားခဲ့ရတယ်။ ဒီစိတ်ခံစားမှုအခြေအနေမှာ အချိန်အကြာကြီး ကျွန်မ ပိတ်မိနေခဲ့တဲ့အတွက် အတွေးတွေ၊ ခံစားချက်တွေ အများကြီးကို ကိုယ့်ဘာသာကိုယ်ပဲ မျိုသိပ်ဖြေရှင်းခဲ့ရတယ်။ ကျွန်မက အမြဲတမ်း တိတ်တိတ်နေပြီး လူတွေနဲ့ဆက်ဆံရာမှာ ဒါမှမဟုတ် အခြေအနေတွေကို ကိုင်တွယ်ရာမှာ အိုးတိုးအန်းတန်းဖြစ်နေတတ်တော့ မိဘတွေက ကျွန်မကို ဒေါသထွက်ပြီး ကူကယ်ရာမဲ့တဲ့ခံစားချက်နဲ့ ချဉ်းကပ်ပြီး ပြောကြတယ်၊ “နင်က ငတုံးလား။ စကားတောင် ကောင်းကောင်းမပြောတတ်ဘူး၊ အာစေးမိနေသလိုပဲ” တဲ့။ အချိန်ကြာလာတော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အသုံးမကျတဲ့သူ၊ စကားမပြောတတ်တဲ့သူအဖြစ် လက်ခံလိုက်မိတယ်။ ဒီအကဲဖြတ်ချက်တွေက ကျွန်မအပေါ်မှာ စတစ်ကာတွေလို ကပ်နေပြီးတော့ ကျွန်မမှာ သိမ်ငယ်စိတ်တွေ စွဲကျန်ရစ်စေခဲ့တယ်။ အခုအချိန်ထိတောင် ကိုယ့်တာဝန်မှာ အမြင်တွေ ဖော်ပြဖို့ လိုအပ်လာတဲ့အခါမှာ ကျွန်မမှာ အမြင်တွေ၊ အတွေးအခေါ်တွေ ရှင်းရှင်းလင်းလင်းရှိနေပေမဲ့ မပြောရဲခဲ့ဘူး၊ ကျွန်တော့်ရဲ့ စကားတွေက မသင့်တော်ဘဲ ငြင်းပယ်ခံရမှာကို အမြဲတမ်း ကြောက်ခဲ့တယ်၊ အဲဒီလိုဆိုရင် ကျွန်တော့်ကို ပိုဆိုးသွားပုံပေါက်စေမှာလေ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ နောက်ပိုင်းမှာ ကျွန်မရဲ့ အမြင်တွေ၊ အကြံပြုချက်တွေ အများကြီးက သင့်တော်ပြီး ထည့်သွင်းစဉ်းစားထိုက်မှန်း သက်သေပြခဲ့တယ်။ ဒီအကြောင်းတွေကို ဆင်ခြင်သုံးသပ်ကြည့်မှ ကျွန်မရဲ့ သိမ်ငယ်စိတ်တွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာခဲ့တယ်။ ပြင်ပဝန်းကျင်အခြေအနေတွေရဲ့ လွှမ်းမိုးမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အပျက်သဘောနဲ့ပဲ အမြဲတမ်း ရှုမြင်ပြီး အဆုံးအဖြတ်တွေ ချမှတ်ခဲ့တယ်၊ အချိန်ကြာလာတော့ ကျွန်မရဲ့ တက်ကြွမှုတွေ ပျောက်ဆုံးသွားပြီး တခြားသူနဲ့ ပြောဆိုဆက်ဆံရာမှာရော၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာပါ ပိုပိုပြီး တက်ကြွမှုမရှိတော့ဘဲ ကြောက်တတ်တဲ့သူ ဖြစ်လာခဲ့တယ်။
အဲဒီနောက်မှာ ကျွန်မ ဆက်ရှာဖွေခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “သင်၏သိမ်ငယ်သော စိတ်ခံစားချက်ကို မည်သည့် အခြေအနေက ဖြစ်ပေါ်စေသည်ဖြစ်စေ၊ မည်သူ မည်သည့် အဖြစ်အပျက်က ဖြစ်ပေါ်စေသည်ဖြစ်စေ သင်၏ ကိုယ်ပိုင် အစွမ်းအစ၊ သင်၏ ကိုယ်ပိုင် အားသာချက်၊ သင်၏ ပါရမီများနှင့် သင်၏ ကိုယ်ပိုင် ကိုယ်ကျင့်စရိုက်အပေါ် မှန်ကန်သည့် သိနားလည်မှု သင် ရှိထားသင့်သည်။ သိမ်ငယ်နေရန်မှာ မမှန်သကဲ့သို့ ထောင်လွှားနေရန်မှာလည်း မမှန်ပေ။ ထိုအရာနှစ်ခုလုံးသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်သည်။ သိမ်ငယ်မှုက သင်၏ လုပ်ရပ်များ၊ သင်၏ အတွေးများကို ချည်နှောင်နိုင်ပြီး သင်၏ အမြင်များနှင့် ရှုထောင့်အမြင်ကို လွှမ်းမိုးနိုင်သည်။ အလားတူစွာ ထောင်လွှားမှုကလည်း ဤအပျက်သဘောဆောင်သည့် သက်ရောက်မှု ရှိသည်။ ထို့ကြောင့် သိမ်ငယ်မှုဖြစ်စေ၊ အခြားသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်ဖြစ်စေ သင်သည် ဤခံစားမှုကို ဖြစ်ပေါ်စေသည့် အဓိပ္ပာယ်ကောက်ခြင်းများအပေါ် မှန်ကန်သည့် သိနားလည်မှု ရှိထားသင့်သည်။ ပထမဦးစွာ ထိုအဓိပ္ပာယ်ကောက်ချက်များသည် မမှန်ကန်ကြောင်းနှင့် သင်၏ အစွမ်းအစ၊ ပါရမီနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ သင်၏ ကိုယ်ကျင့်စရိုက်နှင့် စပ်လျဉ်း၍ ဖြစ်စေ သင်နှင့်ပတ်သက်၍ ထိုအရာများက ပြုလုပ်သည့် အကဲဖြတ်ချက်များနှင့် ကောက်ချက်များသည် အမြဲ မှားယွင်းကြောင်း သင် နားလည်သင့်သည်။ ထို့ကြောင့် သင့်ကိုယ်သင် မည်သို့ မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိမြင်ကာ သိမ်ငယ်သော စိတ်ခံစားချက်မှ ရုန်းထွက်လွတ်မြောက်နိုင်မည်နည်း။ မိမိကိုယ်ကို သိကျွမ်းခြင်း၊ သင်၏ လူ့သဘာဝ၊ အစွမ်းအစနှင့် ပါရမီတို့က မည်ကဲ့သို့ရှိပြီး မည်သည့် အားသာချက်များ သင်၌ ရှိသည်ဆိုသည်တို့ကို သိရှိအောင်လုပ်ခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် ဘုရားနှုတ်ကပတ်တော်များကို သင် ခံယူသင့်သည်။...ဤအခြေအနေမျိုးတွင် သင်သည် မှန်ကန်သည့် အကဲဖြတ်မှု ပြုလုပ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်ကိုယ်သင် မှန်မှန်ကန်ကန် နှိုင်းဆချင့်ချိန်ရမည်ဖြစ်သည်။ သင် သိရှိပြီးသည့်အရာနှင့် သင်၏ အားသာချက်များ တည်ရှိသည့်နေရာကို သင် သတ်မှတ်သင့်ပြီး သင် လုပ်နိုင်သည့် မည်သည့်အရာကိုမဆို သွား၍ လုပ်ဆောင်သင့်သည်။ သင် မလုပ်နိုင်သည့် အရာများ၊ သင်၏ အားနည်းချက်များနှင့် ချို့တဲ့ခြင်းများအတွက်မူ ထိုအရာများကို သင် ဆင်ခြင်သုံးသပ်ကာ သိသင့်ပြီး သင်၏ အစွမ်းအစက မည်သည့်အရာနှင့်တူသည်ဆိုသည်ကိုလည်းကောင်း ထိုအရာက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိရှိသင့်သည်။ သင်၏ ကိုယ်ပိုင် ပြဿနာများအပေါ် နားမလည်နိုင်လျှင်ဖြစ်စေ၊ ရှင်းလင်းသည့် သိမြင်မှု မရရှိနိုင်လျှင်ဖြစ်စေ သင့်အနီးအနားရှိ သိနားလည်မှုရှိသည့်လူများကို သင့်အပေါ် အကဲဖြတ်ချက်ပြုလုပ်ရန် တောင်းဆိုသင့်သည်။ ၎င်းတို့ ပြောဆိုသည့်အရာ မှန်ကန်တိကျခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်အဖို့ ကိုးကားရန် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင့်အား ပေးမည်ဖြစ်ပြီး မိမိကိုယ်ကို အခြေခံကျသော အကဲဖြတ်ချက် သို့မဟုတ် သရုပ်ဖော်ခြင်းတစ်ခု ရရှိဖို့ သင့်ကို ထောက်ကူပေးမည်ဖြစ်သည်။ ထိုအခါ သင်သည် သိမ်ငယ်သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်နှင့်ဆိုင်သော ပဓာနကျသည့် ပြဿနာကို ဖြေရှင်းနိုင်ပြီး ထိုအရာများမှ တဖြည်းဖြည်း လွတ်လာလိမ့်မည်။ သိမ်ငယ်သော စိတ်ခံစားချက်ကို ပိုင်းခြားသိမြင်နိုင်ကာ ယင်းကို သတိပြုမိကာ သမ္မာတရားကို ရှာဖွေပါက ယင်းကို ဖြေရှင်းရန် လွယ်ကူ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်မရဲ့ သိမ်ငယ်စိတ်တွေကို ဖယ်လွှတ်ဖို့ လမ်းစကို ကျွန်မ တွေ့ရှိခဲ့တယ်။ အဲဒါကတော့ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ဓမ္မဓိဋ္ဌာန်ကျကျနဲ့ မျှမျှတတ သုံးသပ်ဖို့ပါပဲ။ ကျွန်မဟာ ဒီအမှတ်တရဟောင်းတွေထဲမှာပဲ ဆက်ပြီး နစ်မွန်းနေလို့ မဖြစ်ဘူး၊ အတိတ်ရဲ့အရိပ်တွေနဲ့ တခြားသူတွေရဲ့ မှားယွင်းတဲ့အကဲဖြတ်မှုတွေရဲ့ ဘောင်ခတ်မှုကိုခံရင်း ဒီအရာတွေကို ကျွန်တော့်ရဲ့ အတွေးအခေါ်တွေနဲ့ ဘဝကို ထိန်းချုပ်ခွင့်ပေးတဲ့အထိတောင် ဖြစ်နေခဲ့တယ်။ ကျွန်မဟာ ဘုရားနှုတ်ကပတ်တော်အတိုင်း ကိုယ့်ကိုယ်ကိုယ် တိုင်းတာသုံးသပ်ပြီး ကိုယ့်ရဲ့အားသာချက်နဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန် ရှုမြင်သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ဓမ္မဓိဋ္ဌာန်ကျကျ ဆုံးဖြတ်နိုင်ဖို့ ပတ်ဝန်းကျင်ကလူတွေရဲ့ အကဲဖြတ်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားလို့ရတယ်။ ကျွန်မနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဘယ်လိုသုံးသပ်ခဲ့ကြသလဲဆိုတာကို ကျွန်မ သတိရမိတယ်။ သူတို့က ကျွန်မရဲ့အစွမ်းအစက သာမန်ပဲ၊ နားလည်သဘောပေါက်မှုက မလွဲချော်ဘူး၊ အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ ကိုယ်ပိုင်အတွေးအခေါ်တွေရှိပြီး တာဝန်မှာလည်း ဝန်တာထားတဲ့စိတ်နဲ့ တာဝန်ယူစိတ်ရှိတယ်လို့ ပြောခဲ့ကြတယ်။ ကျွန်မက သိပ်မစွမ်းဆောင်နိုင်ဘူး၊ မထက်မြက်ဘဲ အစွမ်းအစလည်း သိပ်မမြင့်ပေမဲ့ အစွမ်းအစမရှိတဲ့သူ ဒါမှမဟုတ် အတွေးအခေါ်မရှိတဲ့သူတစ်ယောက်လည်း မဟုတ်ဘူးဆိုတာကို ကျွန်မ မြင်လိုက်ရတယ်။ ဒါ့အပြင် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို တသီးတသန့်နေတတ်လို့၊ စကားကောင်းကောင်းမပြောတတ်လို့ဆိုပြီး မကြိုက်တာမျိုး မရှိခဲ့ဘူး။ အဲဒီအစား ကျွန်မ စိတ်လှုပ်ရှားပြီး စကားကို ရှင်းရှင်းလင်းလင်း မပြောနိုင်တဲ့အခါမှာ သူတို့က ကျွန်မပြောချင်တာကို ရှင်းလင်းအောင် ကူညီဖြည့်စွက်ပေးခဲ့ကြတယ်။ ဒါကြောင့် အထင်သေးတာ၊ မထီမဲ့မြင်ပြုတာမျိုး မရှိဘဲ ညီအစ်ကိုမောင်နှမတွေကြားက စစ်မှန်တဲ့အကူအညီကို ကျွန်မ ခံစားခဲ့တယ်။
တစ်နေ့မှာ အတွေ့အကြုံဆိုင်ရာ ဆောင်းပါးတစ်ခုထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီး အဲဒါတွေက ကျွန်မရဲ့ စိတ်နှလုံးကို နည်းနည်း တောက်ပစေခဲ့တယ်၊ ကျွန်မရဲ့ သီးသန့်နေတတ်တဲ့ စရိုက်ရဲ့ ဘောင်ခတ်မှုကနေ လွတ်မြောက်စေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ပုံမှန် လူ့သဘာဝ၌ နေထိုင်သောလူများသည် ရုပ်ခန္ဓာဆိုင်ရာ ဗီဇများစွာနှင့် ရုပ်ခန္ဓာဆိုင်ရာ လိုအပ်ချက်များစွာ၏ ကန့်သတ်ခြင်းကိုလည်း ခံရသည်။...တစ်ခါတစ်ရံတွင် လူတို့သည် ခံစားချက်များနှင့် ရုပ်ခန္ဓာဆိုင်ရာ လိုအပ်ချက်များ၏ ဘောင်ခတ်ခြင်းကို ခံရနိုင်ပြီး တစ်ခါတစ်ရံတွင် ရုပ်ခန္ဓာဆိုင်ရာ ဗီဇများ၏ ကန့်သတ်ချက်များကိုဖြစ်စေ၊ အချိန်နှင့် ပင်ကိုစရိုက်တို့၏ ကန့်သတ်ချက်များကိုဖြစ်စေ ခံရနိုင်သည်၊ ဤသည်မှာ ပုံမှန်ဖြစ်ပြီး သဘာဝကျသည်။ ဥပမာအနေနှင့်၊ အချို့သောသူတို့သည် ငယ်စဉ်ကတည်းကပင် အတော်အတန် သီးသန့်နေထိုင်တတ်ကြ၏။ သူတို့သည် စကားပြောရန် မနှစ်သက်ကြသည့်အပြင် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးတွင်လည်း ရုန်းကန်ကြရသည်။ အသက် သုံးဆယ်၊ လေးဆယ်အရွယ်သို့ ရောက်သည့်တိုင် ဤပင်ကိုစရိုက်ကို သူတို့ ကျော်လွှားနိုင်ခြင်း မရှိသေးပေ။ သူတို့သည် စကားပြောဆိုရာ၌ ကျွမ်းကျင်မှုမရှိသေးပေ၊ သို့မဟုတ် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေး၌လည်း ကောင်းမွန်ခြင်းမရှိကြသေးပေ။ သူတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးသည့်နောက်တွင် ဤပင်ကိုစရိုက်လက္ခဏာသည် သူတို့၏အလုပ်ကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ပြီး အဟန့်အတားဖြစ်စေကာ ဤသည်က သူတို့ကို မကြာခဏ စိတ်ဆင်းရဲမှုနှင့် စိတ်ပျက်အားငယ်မှုကို ဖြစ်စေလျက် အလွန် ဘောင်ခတ်ခံနေရသကဲ့သို့ ခံစားရစေသည်။ သီးသန့်နေတတ်ခြင်းနှင့် စကားပြောရန် မနှစ်သက်ခြင်းတို့သည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်များဖြစ်ကြသောကြောင့် ယင်းတို့ကို ဘုရားသခင်အား ပြစ်မှားခြင်းများဟု ယူဆရမည်လော။ မဟုတ်ပေ၊ ယင်းတို့သည် ပြစ်မှားခြင်းများ မဟုတ်ကြသည့်အပြင် ဘုရားသခင်သည် ၎င်းတို့ကို မှန်မှန်ကန်ကန် ဆက်ဆံလိမ့်မည်။ သင်၏ပြဿနာများ၊ ချို့ယွင်းချက်များ၊ သို့မဟုတ် အပြစ်အနာအဆာများ မည်သို့ပင်ရှိစေ ဘုရားသခင်၏အမြင်တွင် ဤအရာများအနက်မှ တစ်ခုမှ ပြဿနာများမဟုတ်ကြချေ။ သမ္မာတရားကို သင်မည်သို့ရှာဖွေပုံ၊ သမ္မာတရားကို သင်မည်သို့လက်တွေ့လုပ်ဆောင်ပုံ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်မည်သို့ပြုမူပုံနှင့် ပုံမှန်လူ့သဘာဝ၏ ပင်ကိုအခြေအနေများအောက်တွင် ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်မည်သို့လိုက်လျှောက်ပုံတို့ကိုသာ ဘုရားသခင်က ကြည့်သည်။ ဤအရာများသည် ဘုရားသခင်က ကြည့်သည့်အရာများ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ကျွန်မက တသီးတသန့်နေတတ်လို့၊ စကားမပြောတတ်လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမြဲမကြိုက်ခဲ့ဘူး၊ ပြီးတော့ အတန်းဖော်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မထီမဲ့မြင်ပြုတာနဲ့ အထင်အမြင်သေးတာကို ခဏခဏ ခံခဲ့ရတယ်၊ ဒါပေမဲ့ ဘုရားသခင်က ဒါတွေဟာ ပုံမှန်လူ့သဘာဝရဲ့ သရုပ်သကန်တွေပဲလို့ ပြောတယ်။ ကျွန်မဟာ တသီးတသန့်နေတတ်တာနဲ့ စကားမပြောတတ်တာက အမှားမဟုတ်ဘူး၊ ရှက်စရာကိစ္စလည်း မဟုတ်ဘူးဆိုတာကို နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားတယ်။ လူတစ်ယောက်ရဲ့ မွေးရာပါပင်ကိုစရိုက်ကို ပြောင်းလဲလို့မရဘူး၊ ဘုရားသခင်ရဲ့အမှုတော်က လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်ကို ပြောင်းလဲဖို့ မဟုတ်ဘူး၊ တသီးတသန့်နေတတ်တဲ့သူကို အပေါင်းအသင်းဝင်ဆန့်တဲ့သူဖြစ်အောင်၊ စကားမပြောတတ်တဲ့သူကို စကားပြောကောင်းတဲ့သူဖြစ်အောင် ပြောင်းလဲပေးတာမျိုး မဟုတ်ဘူး။ ဘုရားသခင်ရဲ့အမှုတော်က လူတစ်ယောက်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ပြီး ပြောင်းလဲပေးဖို့ကိုပဲ အာရုံစိုက်တယ်၊ ပုံမှန်လူ့သဘာဝထဲက ချို့တဲ့မှုတွေ၊ လိုအပ်ချက်တွေကို ဘုရားသခင်က အပြစ်မတင်ဘူး။ ဘုရားသခင် ကြည့်တာက လူတစ်ယောက်က သမ္မာတရားကို လိုက်စားနိုင်ခြင်း ရှိမရှိနဲ့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်အတိုင်း နားထောင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုပါ။ ဒါကို နားလည်သွားတော့ ကျွန်မရဲ့ တသီးတသန့်နေတတ်တဲ့ ပင်ကိုစရိုက်နဲ့ စကားပြောစွမ်းရည်ညံ့ဖျင်းမှုကြောင့် စိတ်မညစ်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း မမုန်းတော့ဘူး။ ကိုယ့်ရဲ့ချို့တဲ့မှုတွေကို မှန်မှန်ကန်ကန် ဆက်ဆံသင့်တယ်၊ ကိုယ့်အမြင်ကို ဖော်ပြရမယ့်အခါမှာ “ငါ မလုပ်နိုင်ဘူး။ ငါက တသီးတသန့်နေတတ်တာပဲ၊ စကားမပြောတတ်ဘူး” လို့ အမြဲမတွေးဘဲ အဲဒီအစား ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းပြီး စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ရမယ်။ ကိုယ့်တာဝန်တွေကို ရှေ့ဆက်လုပ်ဆောင်တဲ့အခါမှာ ဘုရားနှုတ်ကပတ်တော်အတိုင်း သတိရှိရှိနဲ့ ကျွန်မ လက်တွေ့လုပ်ဆောင်ခဲ့တယ်။
နောက်ပိုင်းမှာ အလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ပေးနေတုန်း ညီအစ်ကိုမောင်နှမတချို့က သူတို့တာဝန်တွေမှာ တက်ကြွမှုမရှိတာကို ကျွန်မ သတိထားမိတယ်။ သူတို့ကို တိုက်တွန်းအားပေးဖို့ ကျွန်မ စဉ်းစားလိုက်တယ်၊ ဒါပေမဲ့ စာပို့တော့မယ့်အချိန်မှာ ကျွန်မ စိုးရိမ်လာတယ်၊ တွေးမိတယ်၊ “ငါ ဒါကို ဘယ်လိုပြောရမလဲ။ စာကို သူတို့ တက်တက်ကြွကြွ တုံ့ပြန်ပါ့မလား။ သူတို့က ငါ့ကို မေးခွန်းတွေမေးလာလို့ ငါ ရှင်းရှင်းလင်းလင်း မဖြေနိုင်ရင် တော်တော် အနေရခက်မှာပဲ” ပေါ့။ ဒီလိုတွေးလိုက်တော့ စာမပို့ရဲတော့ဘူး။ ကျွန်မ သိမ်ငယ်စိတ်ရဲ့ ချည်နှောင်မှုကို နောက်တစ်ခါ ခံနေရပြန်ပြီမှန်း သဘောပေါက်သွားတယ်။ လွန်ခဲ့တဲ့သုံးလေးရက်က ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ စဉ်းစားမိလိုက်တယ်။ “သင်၏ပြဿနာများ၊ ချို့ယွင်းချက်များ၊ သို့မဟုတ် အပြစ်အနာအဆာများ မည်သို့ပင်ရှိစေ ဘုရားသခင်၏အမြင်တွင် ဤအရာများအနက်မှ တစ်ခုမှ ပြဿနာများမဟုတ်ကြချေ။ သမ္မာတရားကို သင်မည်သို့ရှာဖွေပုံ၊ သမ္မာတရားကို သင်မည်သို့လက်တွေ့လုပ်ဆောင်ပုံ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်မည်သို့ပြုမူပုံနှင့် ပုံမှန်လူ့သဘာဝ၏ ပင်ကိုအခြေအနေများအောက်တွင် ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်မည်သို့လိုက်လျှောက်ပုံတို့ကိုသာ ဘုရားသခင်က ကြည့်သည်။ ဤအရာများသည် ဘုရားသခင်က ကြည့်သည့်အရာများ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) အဲဒီအခိုက်အတန့်မှာ ကျွန်မမှာ ဦးတည်ချက်နဲ့ လျှောက်ရမဲ့လမ်းကြောင်း ရှိသွားပြီလို့ ခံစားလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေက တက်တက်ကြွကြွ တုံ့ပြန်သည်ဖြစ်စေ၊ မတုံ့ပြန်သည်ဖြစ်စေ ကိုယ့်တာဝန်ကိုတော့ ဖြည့်ဆည်းသင့်တယ်။ ဒါနဲ့ သူတို့ရဲ့အလုပ်တွေကို တိုက်တွန်းအားပေးဖို့ ကျွန်မ စာပို့လိုက်တယ်။ သူတို့က ကျွန်မကို မေးခွန်းတချို့မေးလာတဲ့အခါ ကျွန်မသိသလောက် ဖြေပေးခဲ့တယ်၊ ဒီလိုလက်တွေ့လုပ်ဆောင်လိုက်ရတော့ စိတ်ထဲမှာ အရမ်းကို တည်ငြိမ်အေးချမ်းသွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေက တကယ်ပဲ လူတွေ ဘယ်လိုပြုမူသင့်သလဲဆိုတဲ့ လမ်းညွှန်မှုနဲ့ စံသတ်မှတ်ချက်တွေဖြစ်ကြောင်း ကျွန်မ တွေ့ကြုံခံစားခဲ့ရတယ်။
နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က ကျွန်မကို ဆင်ခြင်သုံးသပ်ဖို့ သတိပေးတယ်၊ ကိုယ့်တာဝန်မှာ အမြဲတမ်း တက်ကြွမှုမရှိဘဲ နောက်ဆုတ်နေတာက သိမ်ငယ်စိတ်ရဲ့ လွှမ်းမိုးမှုအပြင် တခြားဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ဘောင်ခတ်နေသေးလဲပေါ့။ အဲဒီညီအစ်မက ကျွန်မဆီကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့တယ်၊ အဲဒီအချိန်ကျမှပဲ ကျွန်မရဲ့ သိမ်ငယ်စိတ်နောက်ကွယ်က အရင်းမြစ်ကို ကျွန်မ သဘောပေါက်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိသားစုသည် လူတို့အား ဆိုရိုးစကားတစ်ခု၊ သို့မဟုတ် နှစ်ခုဖြင့်သာ ပုံစံသွင်းခြင်းမဟုတ်ဘဲ လူသိများသော ကိုးကားချက်များနှင့် ဆောင်ပုဒ်များ အများအပြားတို့ဖြင့် ပုံစံသွင်းခြင်းဖြစ်သည်။ ဥပမာ သင်၏ မိသားစုရှိ လူကြီးသူမများနှင့် မိဘများသည် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ ဟူသည့် ဆိုရိုးစကားကို မကြာခဏ ပြောဆိုသလော။ (ပြောဆိုပါသည်။) ၎င်းတို့က သင့်အား ‘လူတို့သည် ၎င်းတို့၏ ဂုဏ်သတင်းအတွက် အသက်ရှင်ရမည်၊ လူတို့သည် အခြားလူများကြားတွင် ကောင်းသော ဂုဏ်သတင်းကို ရအောင်ဖန်တီးပြီး အထင်အမြင်ကောင်းစေရန်အတွက်မှလွဲ၍ ၎င်းတို့၏ ဘဝသက်တမ်းတွင် အခြားမည်သည့်အရာကိုမျှ မရှာဖွေပေ။ သင်မည်သည့်နေရာသို့ သွားသည်ဖြစ်စေ နှုတ်ဆက်ခြင်း၊ စကားစမြည်ပြောဆိုခြင်း၊ ချီးမွမ်းခြင်းတို့၌ ပို၍ ရွှန်းရွှန်းဝေအောင် ပြောပြီး ပို၍ ကြင်နာသော စကားများကို ပြောလော့။ လူတို့အား စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဘဲ ထိုအစား ကောင်းမှုများနှင့် ကြင်နာသော လုပ်ဆောင်မှုများကို ပို၍ လုပ်ဆောင်လော့’ ဟု ပြောနေခြင်းဖြစ်သည်။ မိသားစုက အသုံးပြုသော ဤသီးသန့် ပုံစံသွင်းသည့် သက်ရောက်မှုသည် လူတို့အား ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန်အလေးထားစေသည့် မလွဲဧကန်ဖြစ်သော အကျိုးဆက်ရှိပြီး လူတို့၏ အပြုအမူ၊ သို့မဟုတ် ပြုမူနေထိုင်မှုစည်းမျဉ်းများအပေါ် သက်ရောက်မှုတစ်ခုခုရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း၊ သိက္ခာ၊ လူတို့၏ စိတ်တွင် ၎င်းတို့ ဖန်တီးသော အမြင်၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ၎င်းတို့ ဖော်ပြသည့် ထင်မြင်ချက်တိုင်းအပေါ် အခြားလူများ၏ ထင်မြင်ယူဆချက်တို့ကို အလွန်အလေးထားသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန်အလေးထားခြင်းအားဖြင့် သင်သည် သင်ထမ်းဆောင်သည့် တာဝန်က သမ္မာတရားနှင့်လည်းကောင်း၊ စည်းမျဉ်းများနှင့်လည်းကောင်း ကိုက်ညီခြင်းရှိမရှိ၊ သင်သည် ဘုရားသခင်ကို ကျေနပ်အောင် လုပ်နေခြင်း ရှိမရှိ၊ သင့်တာဝန်ကို လုံလောက်စွာ ထမ်းဆောင်နေခြင်း ရှိမရှိတို့အပေါ် အလေးထားမှုသည် အမှတ်တမဲ့ နည်းသွားသည်။ သင်သည် ဤအရာများကို သိပ်အရေးမကြီးသော၊ ဦးစားမပေးသောအရာများအဖြစ် မြင်ပြီး သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ ဟူသည့် ဆိုရိုးစကားကမူ သင့်အတွက် အလွန့်အလွန်အရေးကြီးလာသည်။...သင်လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေရန်လည်းမဟုတ်ဘဲ ထိုအစား သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းအတွက် ဖြစ်သည်။ ဤသို့ဖြင့် သင်လုပ်ဆောင်သည့် အရာရာတိုင်းသည် စင်စစ်အားဖြင့် မည်သည့်အရာ ဖြစ်လာသနည်း။ စင်စစ်အားဖြင့် ဘာသာရေးလုပ်ဆောင်မှုတစ်ခု ဖြစ်လာသည်။ သင်၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်လာသနည်း။ သင်သည် ဖာရိရှဲစင်စစ် ဖြစ်လာသည်။ သင်၏ လမ်းကြောင်းက မည်သည့်အရာ ဖြစ်လာသနည်း။ အန္တိခရစ်များ၏ လမ်းကြောင်း ဖြစ်လာသည်။ ဤသည်မှာ ဘုရားသခင်က သတ်မှတ်သည့် ပုံစံဖြစ်သည်။ ထို့ကြောင့် သင်လုပ်ဆောင်သမျှတိုင်း၏ အနှစ်သာရသည် အရောင်စွန်းထင်းလာသည်။ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေပေ၊ သို့မဟုတ် မလိုက်စားပေ။ ထိုအစား ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားနေသည်။ အခြေခံအားဖြင့် ဘုရားသခင်၏ ထင်မြင်ချက်တွင် သင်၏ တာဝန်ထမ်းဆောင်မှုသည် တစ်နည်းဆိုရလျှင် မလုံလောက်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်က သင့်အား အပ်နှံခဲ့သောအရာအပေါ်၊ သို့မဟုတ် ဖန်ဆင်းခံအနေဖြင့် သင်၏ တာဝန်အပေါ်ကို ဆက်ကပ်အပ်နှံခြင်းထက် သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းအပေါ်သာ ပေးအပ်မြုပ်နှံထားခြင်းကြောင့်ဖြစ်သည်။...အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်သမျှတိုင်း၏ အနှစ်သာရမှာ သင်၏ ဂုဏ်သတင်းအတွက်သက်သက်ဖြစ်သောကြောင့်လည်းကောင်း၊ ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ဟူသည့် ဆိုရိုးစကားကို လက်တွေ့လုပ်ဆောင်ရန်အတွက် သက်သက်ဖြစ်သောကြောင့်လည်းကောင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားနေခြင်းမရှိပေ။ သို့တိုင်အောင် ယင်းကို သင်ကိုယ်တိုင်မသိပေ။ ဤဆိုရိုးစကားသည် လုံးဝ မှားယွင်းခြင်းမရှိဟု သင်ထင်သည်။ လူတို့သည် အဘယ်ကြောင့်များ ၎င်းတို့၏ ဂုဏ်သတင်းအတွက် အသက်မရှင်သင့်သနည်း။ ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ဟူသည့် လူသိများသည့် ဆိုရိုးစကားကဲ့သို့ဖြစ်သည်။ ဤဆိုရိုးစကားသည် အလွန်အပြုသဘောဆောင်ပြီး သဘာဝကျသည့်ပုံစံရှိသည်။ ထို့ကြောင့် သင်သည် သတိမမူမိဘဲ ယင်း၏ ပုံစံသွင်းသည့် သက်ရောက်မှုကို လက်ခံပြီး အပြုသဘောဆောင်သောအရာအဖြစ် မှတ်ယူလိုက်သည်။ ဤဆိုရိုးစကားကို အပြုသဘောဆောင်သောအရာအဖြစ် သင် မှတ်ယူလိုက်သည်နှင့် သင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် ယင်းကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည် ယင်းကို သမ္မာတရားအဖြစ်၊ သမ္မာတရား၏ စံသတ်မှတ်ချက်အဖြစ် အမှုမဲ့အမှတ်မဲ့ဖြင့်၊ စိတ်ရှုပ်ထွေးစွာဖြင့် အဓိပ္ပာယ်ကောက်လွဲသည်။ သင်သည် ယင်းကို သမ္မာတရား၏ စံသတ်မှတ်ချက်အဖြစ် မှတ်ယူသောအခါ ဘုရားသခင်ပြောသည့်အရာကို သင် နားမထောင်တော့သကဲ့သို့ နားလည်နိုင်ခြင်းလည်းမရှိပေ။ သင်သည် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ဟူသည့် ဤဆောင်ပုဒ်ကို မစဉ်းမစားဖြင့် လက်တွေ့လုပ်ဆောင်ကာ ယင်းနှင့်အညီ ပြုမူဆောင်ရွက်သည်။ အဆုံး၌ ယင်းမှ သင်ရရှိသည့်အရာမှာ ကောင်းသော ဂုဏ်သတင်းဖြစ်သည်။ သင် ရရှိလိုသောအရာကို သင်ရရှိပြီးဖြစ်သော်လည်း ဤသို့ လုပ်ဆောင်ရာတွင် သင်သည် သမ္မာတရားကို ချိုးဖောက်ပြီး စွန့်ပစ်ခဲ့သည်။ ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) နှုတ်ကပတ်တော်ထဲကနေ ကျွန်မဟာ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့ အတွေးအခေါ်ရဲ့ ပြင်းပြင်းထန်ထန် လွှမ်းမိုးမှုကို အမြဲခံခဲ့ရပြီး ကိုယ့်ဂုဏ်သတင်းကို အရမ်းတန်ဖိုးထားတယ်၊ တခြားသူတွေ ကိုယ့်ကို ဘယ်လိုထင်မြင်မလဲဆိုတာကို အရမ်း ဂရုစိုက်တတ်တယ်ဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်မက ရုပ်သေးရုပ်တစ်ရုပ်လိုပဲ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းရဲ့ ချည်နှောင်မှုကို ခံခဲ့ရတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကို အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ပေးတာဟာ တကယ်တော့ ကျွန်မအတွက် လေ့ကျင့်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ပြောဆိုဆက်ဆံရင်း၊ အတူတကွ သင်ယူရင်းနဲ့ ကိုယ့်ရဲ့ချို့တဲ့မှုတွေကို ဖြည့်ဆည်းဖို့ အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်တယ်။ ကျွန်မရဲ့အမြင်တွေက မှားနေရင်တောင် ညီအစ်ကိုမောင်နှမတွေက ဘယ်လိုလမ်းလွဲမှုမျိုးကိုမဆို ကူညီပြင်ဆင်ပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့မာနကြောင့် အမြဲတမ်း ဘောင်ခတ်ခံခဲ့ရပြီး လူအများကြီးတွေ့လို့ ကိုယ့်အမြင်ကို ဝေမျှရတော့မယ်ဆိုရင် ကိုယ့်ရဲ့ပထမဆုံးတုံ့ပြန်မှုက အမြဲ “ငါ မလုပ်နိုင်ဘူး” ဆိုတာပါပဲ။ ကိုယ့်ရဲ့အားနည်းချက်တွေ ဖော်ထုတ်မိမှာ၊ ညီအစ်ကိုမောင်နှမတွေက ကိုယ့်အပေါ် အမြင်မကောင်းဖြစ်ပြီး အထင်သေးမှာကို ကြောက်ခဲ့တယ်။ ရလဒ์အနေနဲ့ ပြောသင့်တဲ့စကားကို မပြောခဲ့ဘူး၊ ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေကိုလည်း မဖြည့်ဆည်းခဲ့ဘူး၊ ဒါကြောင့် ကိုယ့်တာဝန်မှာ အရမ်းကို တက်ကြွမှုမရှိတော့ဘူး ဖြစ်လာခဲ့တယ်။ ကျွန်မက ကိုယ့်ရဲ့မာနနဲ့ အဆင့်အတန်းကို အလေးထားလွန်းခဲ့တယ်။ အဲဒါတွေကို ကာကွယ်ဖို့အတွက် ကျွန်မဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ တာဝန်တွေကို ဖြည့်ဆည်းဖို့ အခွင့်အရေးတွေ အများကြီးကို လွဲချော်ခဲ့ရတယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရရှိဖို့ အခွင့်အလမ်းတွေ အများကြီးကိုလည်း ကျွန်မ လက်လွှတ်ခဲ့ရတယ်။ ကျွန်မ သမ္မာတရားကို သတိရှိရှိနဲ့ လက်တွေ့လုပ်ဆောင်ရမယ်၊ မာနနဲ့ အဆင့်အတန်းအတွက် အသက်မရှင်တော့ဘူး။
နောက်ပိုင်းမှာ အလုပ်လိုအပ်ချက်အရ တခြားအဖွဲ့တစ်ခုမှာ ကျွန်မ တာဝန်ထမ်းဆောင်ခဲ့ရပြီး အဖွဲ့ခေါင်းဆောင်က ကျွန်မကို ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်ကို လိုက်ကြည့်ပေးဖို့နဲ့ အဖွဲ့လိုက်စုဝေးပွဲတွေကို ဦးဆောင်ဖို့ တာဝန်ပေးခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါက စကားမပြောတတ်ဘူး။ ငါ ရှင်းပြတာ မရှင်းလင်းလို့ ညီအစ်ကိုမောင်နှမတွေက နားမလည်ရင် လူတွေ ငါ့ကို အထင်သေးကြမှာ မဟုတ်ဘူးလား” လို့ပေါ့။ ကျွန်မ နည်းနည်း စိတ်လှုပ်ရှားပြီး နေမထိထိုင်မသာ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို ဝန်တာတစ်ခုပေးပြီး ပိုပြီးလေ့ကျင့်ခွင့်ရအောင် ဒီတာဝန်ကို ကျွန်မအတွက် ခွင့်ပြုခဲ့တာပဲဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ဒါကြောင့် ဒီတာဝန်ကို ကျွန်မ လက်ခံခဲ့တယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးတဲ့အခါ ကျွန်မရဲ့ တွဲဖက်နဲ့အတူတူ ပူးတွဲကျင်းပခဲ့တယ်၊ မိတ်သဟာယမပြုခင်မှာ စိတ်လှုပ်ရှားနေတုန်းပဲ၊ ကိုယ် မိတ်သဟာယပြုတာ မကောင်းရင် ညီအစ်ကိုမောင်နှမတွေက အထင်သေးမှာကို စိုးရိမ်နေခဲ့တယ်။ ဒါပေမဲ့ ဒါက ကိုယ့်တာဝန်ပဲလို့ တွေးလိုက်တဲ့အခါ တာဝန်ယူစိတ်တစ်ခု ဝင်လာပြီး သတ္တိရှိရှိနဲ့ မိတ်သဟာယပြုနိုင်ခဲ့တယ်။ မိတ်သဟာယပြုနေစဉ်အတွင်းမှာ စိတ်လှုပ်ရှားနေတုန်းပဲဖြစ်ပေမဲ့ စုဝေးပွဲနည်းနည်းလုပ်ပြီးတဲ့နောက်မှာတော့ ဘုရားနှုတ်ကပတ်တော်ကို စိတ်နှလုံးထဲမှာ သေချာ တွေးဆပြီးတဲ့အခါ မိတ်သဟာယပြုတဲ့အခါမှာ အရင်လောက် စိတ်မလှုပ်ရှားတော့ဘူးဆိုတာကို ကျွန်မ တွေ့ရှိခဲ့တယ်။ ကိုယ့်ရဲ့မိတ်သဟာယပြုခြင်းက ကောင်းလားမကောင်းလားဆိုတာကို သိပ်ပြီး ဂရုမစိုက်တော့ဘူး၊ စိတ်ထဲမှာလည်း ပေါ့ပါးသွားသလို ခံစားခဲ့ရတယ်။ ကျွန်မ ဒီအပြောင်းအလဲလေးကိုတောင် လုပ်နိုင်ခဲ့တာဟာ ဘုရားနှုတ်ကပတ်တော် လမ်းပြမှုရဲ့ ရလဒ်ဖြစ်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ဝိန်ကျင့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မ ကိုယ့်တာဝန်ကို လုပ်ဖို့ မြို့ပြင်ကနေ ဒေသန္တရအသင်းတော်ဆီ ပြန်လာခဲ့တယ်။ ရေလောင်း...
ချူးရှင်း တောင်ကိုရီးယားနိုင်ငံအရင်တစ်ခါတုန်းက ထရီဆာလို့ ခေါ်တဲ့ ဖီလစ်ပိုင်လူမျိုး ခရစ်ယာန်တစ်ယောက်နဲ့ အွန်လိုင်းမှာ ကျွန်မ တွေ့ခဲ့တယ်။...
ထုံရှင်း ကိုးရီးယားနိုင်ငံ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ၊ ဗီဒီယို ကြီးကြပ်တဲ့အလုပ်ကို ကျွန်မလုပ်နေခဲ့တာ။ အစ်ကို လီယိုနဲ့ အစ်မ ကလယ်ရာတို့နဲ့...
ကျိုးယွင်၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မက တရားဟောဆရာအနေနဲ့ အစေခံဖို့ ရွေးချယ်ခံရပြီး အသင်းတော်တချို့မှာ အလုပ်ကို...