ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခ ကြားမှ ရွေးချယ်မှု

15.05.2026

ထျန်ရှင်း၊ တရုတ်ပြည်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူ၏ အသက် ဝင်ရောက်မှုတွင် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိပကတိနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏ နေ့စဉ်အသက်တာ၌ သူ၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများနှင့် အယူတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်းဆီသို့ သူလျှောက်ရမည့် လမ်းကြောင်းအပြင် ကယ်တင်ခြင်း ရရှိဖို့အတွက် ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်သင့်ပုံ၊ မည်သို့ကျိုးနွံနာခံသင့်ပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး ခိုင်မာစွာ ရပ်တည်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား) အရင်တုန်းက ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်တဲ့အခါ ကျွန်မမှာ လက်တွေ့ကျတဲ့ နားလည်သဘောပေါက်မှု မရှိခဲ့ဘူး၊ ဒါမှမဟုတ် ဘုရားနှုတ်ကပတ်တော်ရဲ့ အဓိပ္ပာယ်ကို အမှန်တကယ် သဘောမပေါက်ခဲ့ဘူး။ နောက်ပိုင်းမှာ အသင်းတော်က အတိုင်းအတာကြီးမားတဲ့ ဖမ်းဆီးနှိပ်ကွပ်မှုကို ရင်ဆိုင်ရတဲ့အခါ ကျွန်မ သူရဲဘောကြောင်ပြီး ကြောက်ရွံ့မှုတွေနဲံ အသက်ရှင်ခဲ့ရတယ်၊ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ သတ္တိမရှိခဲ့ဘူး၊ အဲဒီအချိန်မှာ ကျွန်မကို ယုံကြည်ခြင်းပေးပြီး အပျက်သဘောဆောင်တာနဲ့ အားနည်းတာတွေကနေ ထလာနိုင်အောင် လမ်းပြပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါ။ စာတန်ရဲ့ ဆိုးယုတ်တဲ့ စွမ်းအားတွေကို ကျွန်မ မကြောက်တော့ဘူး၊ ဘုရားသခင်ကို အားကိုးရင်း နောက်ဆက်တွဲ အလုပ်တွေကို ကျွန်မ ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် ဘုရားသခင်ရဲ့ ဩဇာအာဏာနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ နားလည်သဘောပေါက်မှုတချို့ ကျွန်မ ရရှိခဲ့တယ်။

၂၀၁၉ ခုနှစ် သြဂုတ်လ အစောပိုင်းမှာပါ။ အထွေထွေရေးရာ သင်းထောက်က နောက်ယောင်ခံနေရလို့ သူ့တာဝန်ကို ဆက်မထမ်းဆောင်နိုင်တော့ဘူး၊ ဒါကြောင့် ခရိုင်ခေါင်းဆောင်တွေက အထွေထွေရေးရာ အလုပ်ကို လွှဲယူဖို့ ကျွန်မကို တောင်းဆိုခဲ့တယ်။ ၁၉ ရက်နေ့မှာ ခရိုင်ခေါင်းဆောင်တွေ အသင်းတော်တွေကို အဆက်အသွယ်မလုပ်တာ နှစ်ရက်ရှိပြီဆိုတာ ကျွန်မ သတိထားမိတယ်၊ ပြီးတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ညီအစ်ကိုမောင်နှမ ဆယ်ယောက်ကျော် အဖမ်းခံလိုက်ရတယ်ဆိုတာ ဆက်တိုက် ကြားနေရတယ်။ ဒီလူတွေက မဖမ်းခံရခင်မှာ ခရိုင်ခေါင်းဆောင်တွေနဲ့ မကြာခဏ အဆက်အသွယ် ရှိခဲ့တဲ့သူတွေလေ။ ရဲတွေက တစ်ပြိုင်နက်တည်း ဖမ်းဆီးနှိပ်ကွပ်မှု မလုပ်ခင်မှာ သူတို့ရဲ့ အချက်အလက်အသေးစိတ်ကို သိရအောင် ယုံကြည်သူတွေကို အကြာကြီး နောက်ယောင်ခံလိုက်ပြီး စောင့်ကြည့်လေ့ရှိတယ်ဆိုတာ တွေးမိတော့ ကျွန်မ စိတ်ထင့်သွားပြီး တွေးမိတယ်၊ “ခရိုင်ခေါင်းဆောင်တွေလည်း အဖမ်းခံလိုက်ရပြီလား” လို့ပေါ့။ ညီအစ်မ ယွမ်လင်ရဲ့ အိမ်ကို ကျွန်မ အမြန်သွားခဲ့တယ်။ သူ့ကို မြင်လိုက်တာနဲ့ သူက ကျွန်မကို စိုးရိမ်တကြီး ပြောတယ်၊ “ပြဿနာတော့တက်ပြီ၊ ခရိုင်ခေါင်းဆောင် သုံးယောက်နဲ့ အထွေထွေရေးရာ ဝန်ထမ်းတွေ အဖမ်းခံလိုက်ရပြီ” တဲ့။ ကျွန်မ ရင်ထိတ်သွားတယ်၊ “တကယ် ဖြစ်သွားပြီပဲ။ သူတို့က လူတွေနဲ့ နေအိမ် တော်တော်များများကို သိထားတာ။ ညီအစ်ကိုမောင်နှမတွေ ပုန်းရှောင်ဖို့နဲ့ နေရာရွှေ့ပြောင်းဖို့ ချက်ချင်း အကြောင်းကြားမှ ဖြစ်မယ်” လို့ပေါ့။ သူတို့ကို အကြောင်းကြားပြီးလို့ အိမ်ပြန်လမ်းလျှောက်လာတုန်းမှာ ကျွန်မ စိတ်ပူပြီး ကြောက်လန့်နေခဲ့တယ်၊ တွေးမိတယ်၊ “ဒီတစ်ခေါက် ညီအစ်ကိုမောင်နှမတွေ အများကြီး ဆက်တိုက် အဖမ်းခံရတာ၊ ရဲတွေက သူတို့ကို မဖမ်းခင် အကြာကြီး စောင့်ကြည့်နေခဲ့တာ နေမှာ။ ဒီကိစ္စ မဖြစ်ခင်တုန်းက ငါက ခရိုင်ခေါင်းဆောင်တွေနဲ့ နေ့တိုင်း တွေ့နေတာလေ။ နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေ ရှိတယ်၊ ပြီးတော့ ငါက အမြဲတမ်း သွားလာလှုပ်ရှားနေတာဆိုတော့ ရဲတွေက ငါ့ကိုလည်း စောင့်ကြည့်နေဖို့ အရမ်း များတယ်။ နောက်ထပ် အဖမ်းခံရတဲ့တစ်ယောက်ဟာ ငါ ဖြစ်သွားနိုင်တယ်” လို့ပေါ့။ အဖမ်းခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ညီအစ်ကိုမောင်နှမတွေအကြောင်း၊ တချို့ဆိုရင် အဆင်းနီတဲ့ နဂါးကြီးရဲ့ လက်သည်းအောက်မှာ သနားစရာကောင်းလောက်အောင် သေဆုံးခဲ့ရတာတွေကို ကျွန်မ တွေးမိတယ်၊ ပိုတွေးမိလေ ကျွန်မ ပိုကြောက်လာလေပဲ၊ တွေးမိတယ်၊ “ငါသာ အဖမ်းခံရပြီး ရဲတွေက ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ဖို့ အတင်းအကျပ်ခိုင်းရင် ဘယ်လိုလုပ်မလဲ။ ညှဉ်းပန်းနှိပ်စက်တာကို ငါ မခံနိုင်ဘဲ ယုဒ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါက ငါ့ရဲ့ ယုံကြည်ခြင်း ခရီးလမ်းဆုံးသွားတာ မဟုတ်ဘူးလား။ မဖြစ်ဘူး၊ ငါ တာဝန်ထမ်းဆောင်တာကို ရပ်ပြီး ခဏလောက် သွားပုန်းနေမှ ဖြစ်မယ်” လို့ပေါ့။ အဲဒီလို တွေးမိတော့ ကျွန်မ အပြစ်ရှိသလို ခံစားရတယ်။ အခု ခရိုင်ခေါင်းဆောင်တွေနဲ့ အထွေထွေရေးရာ ဝန်ထမ်းတွေ အဖမ်းခံထားရပြီ၊ အသင်းတော်အတော်များများ အဆက်အသွယ် ပြတ်တောက်သွားပြီ၊ ညီအစ်ကိုမောင်နှမတွေက ဘုရားသခင်ရဲ့ နောက်ဆုံး နှုတ်ကပတ်တော်တွေကို မစားသောက်နိုင်ကြဘူး၊ ပြီးတော့ အန္တရာယ်ရှိတဲ့ ညီအစ်ကိုမောင်နှမတွေက ချက်ချင်း နေရာရွှေ့ပြောင်းဖို့ လိုနေတာ။ အခု ကျွန်မ ရပ်တန့်လိုက်လို့ မရဘူး။ ဒါပေမဲ့ ငါလည်း စောင့်ကြည့်ခံနေရနိုင်တယ်လို့ တွေးမိတဲ့အခါ ကျွန်မ စိတ်ဒွိဟဖြစ်ရတယ်။ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ဒီအခြေအနေမှာ သမီး ကြောက်ရွံ့နေပါတယ်၊ ဒါပေမဲ့ နောက်ဆုတ်လို့ မရဘူးဆိုတာ သမီး သိပါတယ်။ သမီးစိတ်နှလုံးထဲက ကြောက်ရွံ့မှုကို ဖယ်ရှားပစ်ဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ တွေးမိတယ်။ “စကြဝဠာရှိ အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။ ငါပြောသည့်အရာအတိုင်းသည် ဆောင်ရွက်ပြီးကြပြီး၊ လူသားများထဲမှ မည်သူသည် ငါ၏ သန္နိဋ္ဌာန်ကို ပြောင်းလဲစေနိုင်သနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) အရင်တုန်းက ကျွန်မ ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ မိတ်သဟာယပြုခဲ့ဖူးတယ်၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲတယ်၊ ဘာပဲဖြစ်ဖြစ် ဘုရားသခင်ကို အားကိုးရမယ်လို့ ပြောရင်းနဲ့ပေါ့။ ဒါပေမဲ့ အခု အန္တရာယ်က ကျွန်မဆီ ရောက်လာတော့ ကျွန်မ ကြောက်ရွံ့ပြီး နောက်ဆုတ်ချင်နေတယ်။ အရင်က ကျွန်မ ပြောခဲ့သမျှ အရာအားလုံးဟာ စကားလုံးတွေနဲ့ အယူဝါဒတွေကလွဲပြီး ဘာမှမဟုတ်ပါလားဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဘယ်နည်းလမ်းနဲ့များ ကျွန်မမှာ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိခဲ့လို့လဲ။ ဘုရားနှုတ်ကပတ်တော်တွေက အရမ်း ရှင်းလင်းပါတယ်။ အရာအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတယ်၊ အရာအားလုံးမှာ နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိတာက ဘုရားသခင်ပါပဲ။ ကျွန်မက ခေါင်းဆောင်တွေနဲ့ နေ့တိုင်း အဆက်အသွယ် ရှိနေရင်တောင်မှ ကျွန်မ အဖမ်းခံရမယ်၊ မခံရဘူး ဆိုတာက ရဲတွေအပေါ်မှာ မူတည်တာ မဟုတ်ဘူး။ ကျွန်မသာ အဖမ်းခံခဲ့ရရင်တောင် ဒါက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့မှ ဖြစ်မှာပါ။ အဲဒါကို စိတ်ထဲစွဲမှတ်ထားလိုက်တော့ ကျွန်မ သိပ်ပြီး မကြောက်ရွံ့တော့ဘူး။

အဲဒီနောက်မှာ ကျွန်မနဲ့ တွဲဖက်ညီအစ်မက ဘုရားသခင်ကို အားကိုးပြီး ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ရွှေ့ပြောင်းခဲ့ကြတယ်။ ဒီအချိန်အတွင်းမှာ ကျွန်မတို့ အမြဲတမ်း သတိထားခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် အမြဲ သတိပေးခဲ့ကြတယ်။ နေ့တိုင်း အဝတ်အစားတွေ၊ ဆံပင်ပုံစံတွေ ပြောင်းကြတယ်၊ အပြင်ထွက်တဲ့အခါ စောင့်ကြည့်ကင်မရာတွေကို ရှောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်။ မကြာခင်မှာပဲ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရတဲ့သတင်းတွေ ကျွန်မ ဆက်တိုက် ကြားနေရတယ်၊ ကျွန်မ တကယ်ပဲ စိတ်တွေတင်းကျပ်ပြီး ကြောက်ရွံ့လာတယ်၊ ဘယ်နေရာမှ မလုံခြုံတော့သလို ခံစားရတယ်။ နှစ်ရက်ကြာတော့ အလုပ်တာဝန်ယူထားတဲ့ ညီအစ်မ ဆုန့်ယန်က ကျွန်မနဲ့တွေ့ဖို့ စီစဉ်တယ်။ သူတို့ တာဝန်တွေကို ပုံမှန်အတိုင်း ဆက်ထမ်းဆောင်နိုင်ဖို့ လုံခြုံတဲ့အိမ်တစ်လုံး အမြန်ရှာဖို့ လိုတယ်လို့ သူက ပြောတယ်။ ကျွန်မ အရမ်း စိတ်ပူသွားပြီး တွေးမိတယ်၊ “အခု ခရိုင်ခေါင်းဆောင်တွေ အဖမ်းခံထားရပြီ၊ ညီအစ်ကိုမောင်နှမတွေ အများကြီး နေရာရွှေ့ပြောင်းဖို့ လိုနေတာ။ လုံခြုံတဲ့အိမ် ဒီလောက်အများကြီးကို ငါ ဘယ်က သွားရှာရမလဲ” လို့ပေါ့။ နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေ ရှိနေတာ၊ ညီအစ်ကိုမောင်နှမတွေ ပိုပိုပြီး အဖမ်းခံနေရတာတွေကိုလည်း ကျွန်မ တွေးမိတယ်။ ရဲတွေက ဘယ်နေရာကနေ တိတ်တဆိတ် စောင့်ကြည့်နေမလဲဆိုတာ ကျွန်မ မသိဘူး။ လူတွေနဲ့ အိမ်တွေရှာဖို့ ကျွန်မသာ အပြင်ဆက်ထွက်နေရင် ပစ်မှတ်ထားခံရတာနဲ့ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ အဲဒါတွေအားလုံးကို တွေးမိတော့ ကျွန်မ အရမ်း စိတ်ဗျာများရတယ်၊ ဒါနဲ့ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆုန့်ယန်ကို ဖွင့်ပြောပြလိုက်တယ်။ ဆုန့်ယန်နဲ့ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို အတူတူ ဖတ်ခဲ့ကြတယ်။ “လူသားများက ဘုရားသခင် ၎င်းတို့အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပေသည်။ ဤသည်မှာ လူ၏ အမြင့်ဆုံးသော တာဝန်ဖြစ်ပြီး သူ၏ အသက်နှင့်ပင် ထပ်တူအရေးကြီးသည်။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ပေါ့ပေါ့တန်တန် သဘောထားပါက ဤသည်မှာ ဘုရားသခင်ကို အဆိုးရွားဆုံး သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ယုဒထက် ပို၍ ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ခြင်းခံရထိုက်ပေသည်။ လူတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို မည်သို့ သဘောထားပြုမူရမည်ကို နှံ့စပ်သေချာသော နားလည်သဘောပေါက်မှု ရှိရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ဘုရားသခင်က လူကို တာဝန်ပေးစေခိုင်းချက်များ အပ်နှံခြင်းသည် လူကို သူ၏ ချီးမြှောက်ခြင်းဖြစ်ကာ လူကို သူ အထူးကျေးဇူးပြုခြင်းဖြစ်ပြီး ယင်းမှာ ဘုန်းအသရေအရှိဆုံးသော အမှုအရာလည်း ဖြစ်ကြောင်းကို ၎င်းတို့သည် နားလည်ရမည်။ ပြီးလျှင် မိမိ၏ အသက်ပင် အပါအဝင် အခြားအရာအားလုံးကို စွန့်လွှတ်နိုင်သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကိုမူ ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ အရမ်း စိတ်လှုပ်ရှားသွားတယ်။ အသင်းတော်တွေက ဒီလောက် အန္တရာယ်များတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး ခရိုင်ခေါင်းဆောင်တွေ အကုန်လုံး အဖမ်းခံထားရတဲ့အချိန်မှာ အသင်းတော်တွေရဲ့ အခြေအနေကို ကျွန်မထက် ဘယ်သူကမှ ပိုမသိနိုင်ဘူး။ ဒီလို အရေးကြီးတဲ့အချိန်မှာ ကျွန်မသာ တာဝန်ကနေ ထွက်ပြေးတဲ့သူ ဖြစ်သွားရင်၊ ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးကို မတွေးတဲ့အပြင် လက်ကျန်အလုပ်တွေကို မြန်မြန် ကိုင်တွယ်ဖို့လည်း ပျက်ကွက်ရင် ဒါဟာ ဘုရားသခင်ကို ကြီးကြီးမားမား သစ္စာဖောက်တာပဲ။ ညီအစ်ကိုမောင်နှမတွေကို ကာကွယ်ဖို့နဲ့ အသင်းတော်အလုပ် မနှောင့်နှေးစေဖို့ သေချာလုပ်ဆောင်ရမှာက ကျွန်မတာဝန်ပါ။ ဒါပေမဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးမှုတွေကို ရင်ဆိုင်ရတဲ့အခါ အသင်းတော်အလုပ်ကို ကာကွယ်ရမယ့်အစား ကိုယ်တိုင် အဖမ်းခံရမှာကိုပဲ ကျွန်မ ပိုစိုးရိမ်နေခဲ့တယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ ကျွန်မက လိပ်လို ခေါင်းဝှက်ချင်နေခဲ့တာ။ ကျွန်မက တကယ်ပဲ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာစရာကောင်းလိုက်တာ။ ကျွန်မရဲ့ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ရည်ရွယ်ချက်တွေကို ပုန်ကန်ပြီး လက်ကျန်အလုပ်တွေကို မြန်မြန် ကိုင်တွယ်သင့်တယ်။ အဲဒီနောက် ချက်ချင်းပဲ ကျွန်မနဲ့ တွဲဖက်ညီအစ်မ လျူနာတို့ ပူးပေါင်းဆောင်ရွက်ဖို့ ဘုရားသခင်ကို အားကိုးခဲ့ကြတယ်။ နောက်တစ်နေ့ညနေမှာ ဆုန့်ယန်နဲ့ တခြားလူတွေကို လုံခြုံတဲ့အိမ်တစ်လုံးဆီ ကျွန်မတို့ ရွှေ့ပြောင်းပေးလိုက်နိုင်တယ်၊ အဲဒီအခါ ကျွန်မ စိတ်သက်သာရာရသွားတယ်။

သုံးလေးရက်ကြာတော့ အဖမ်းခံထားရတဲ့ ခရိုင်ခေါင်းဆောင် ဝမ်ဂျွမ် ရှိတဲ့ အသင်းတော်ကနေ စာတစ်စောင် ရောက်လာတယ်၊ ရဲတွေက ဝမ်ဂျွမ်ကို အကြာကြီး စောင့်ကြည့်နေခဲ့တာ၊ ဝမ်ဂျွမ် သွားခဲ့တဲ့ အိမ်တွေအားလုံးကို ရဲတွေ သိထားတယ်ဆိုတာကို ဝမ်ဂျွမ်ရဲ့အမေက ရဲတွေဆီကနေ သိခဲ့ရတယ်လို့ စာထဲမှာ ပါလာတယ်။ သူတို့ဖမ်းထားတဲ့ ယုံကြည်သူတွေကို လွယ်လွယ်နဲ့ ပြန်လွှတ်ပေးမှာ မဟုတ်ဘူး၊ ဝန်မခံရင် ထောင်ဒဏ်ချမှတ်မယ်လို့လည်း ရဲတွေက ပြောတယ်တဲ့။ ကျွန်မ ရင်ထိတ်သွားပြီး တွေးမိတယ်၊ “ဒီညီအစ်ကိုမောင်နှမတွေ အားလုံး တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံရတာက ရဲတွေ ဝမ်ဂျွမ်ကို နောက်ယောင်ခံလိုက်နေလို့ ဖြစ်နိုင်တယ်။ အထွေထွေရေးရာကို ကိုင်တွယ်ရတဲ့ ကိုယ့်တာဝန်ကို စထမ်းဆောင်ကတည်းက အလုပ်ကိစ္စ ဆွေးနွေးဖို့ သူ့ကို ငါ နေ့တိုင်း သွားတွေ့နေခဲ့တာ။ သူ အဖမ်းမခံရခင် တစ်ရက်အလိုတုန်းကတောင် လမ်းဆုံတစ်ခုမှာ ငါတို့ လမ်းခွဲခဲ့ကြသေးတာ။ အခုလောက်ဆိုရင် ငါက ရဲတွေ နောက်ယောင်ခံလိုက်နေတဲ့ အဓိက ပစ်မှတ် ဖြစ်နေလောက်ပြီ၊ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ ငါသာ အဖမ်းခံရပြီး ရဲတွေက ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ဖို့ အတင်းအကျပ်ခိုင်းရင် ဘယ်လိုလုပ်မလဲ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထောင်တွေက လူ့ပြည်က ငရဲလိုပဲ၊ ပြီးတော့ အဆင်းနီတဲ့ နဂါးကြီးက အရမ်း ကောက်ကျစ်ပြီး ယုတ်မာတာ။ ငါသာ နှုတ်ပိတ်နေရင် အရိုက်ခံရလို့ မသေရင်တောင် ဒုက္ခိတ ဖြစ်သွားမှာ...” လို့ပေါ့။ ကျွန်မ ဆက်မတွေးရဲတော့ဘူး၊ ဘာကြောင့်မှန်းမသိတဲ့ ကြောက်ရွံ့မှုတွေ ကျွန်မရင်ထဲ ဒလဟော ဝင်ရောက်လာတယ်။ ခဏလောက် ရပ်ပြီး ယာယီ သွားပုန်းနေရမလား၊ တခြားညီအစ်မတွေကို အလုပ်တာဝန် ခဏ လွှဲပေးထားရမလား။ ဒါပေမဲ့ တခြားညီအစ်မတွေက အသင်းတော်တွေရဲ့ အခြေအနေကို မရင်းနှီးဘူးဆိုတာ ကျွန်မ တွေးမိပြန်တယ်၊ ကျွန်မသာ ရပ်လိုက်ရင် အသင်းတော် အလုပ်အမျိုးမျိုးဟာ ပုံမှန်အတိုင်း လည်ပတ်နိုင်မှာ မဟုတ်ဘူး၊ အလုပ်တွေ နှောင့်နှေးကုန်မယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ မရပ်ရင်လည်း အဖမ်းခံရမှာကို ကျွန်မ စိုးရိမ်တယ်။ ကျွန်မ ကြောက်ရွံ့ထိတ်လန့်မှုထဲမှာ အသက်ရှင်နေခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ သွားတဲ့လမ်းမှာ ကျွန်မ အလိုလိုနေရင်း နောက်လှည့်ကြည့်တယ်၊ ပတ်ဝန်းကျင်ကို အကဲခတ်တယ်၊ လမ်းတစ်လျှောက်က စောင့်ကြည့်ကင်မရာတွေ အားလုံးကို မြင်ရင် ကျွန်မ စိတ်ပူလာတယ်။ တစ်ခါတလေ အိမ်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဖတ်နေတုန်း ခြံထဲကခွေးတွေ ခဏခဏ ဟောင်သံကြားရင် ကျွန်မ ရင်တဒိတ်ဒိတ် ခုန်လာပြီး “ရဲများလား” လို့ တွေးမိတယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ကျွန်မ အမြန် ဝှက်ထားလိုက်တယ်။ သုံးလေးရက်ကြာတော့ ကျွန်မရဲ့ အခြေအနေ မှားနေမှန်း သတိပြုမိလိုက်တယ်၊ ဒါနဲ့ ကျွန်မ ဒူးထောက်ပြီး ဘုရားသခင်ဆီ အမြန် ဆုတောင်းလိုက်တယ်၊ ဒီအခြေအနေကို ပြောင်းလဲဖို့ လမ်းပြပေးပါလို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ သတိရမိတယ်။ “စာတန်က မည်မျှပင် ‘အလွန့်အလွန် အာဏာရှိ’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်မှန်းချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော ၎င်း၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို ၎င်း၏ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းနှင့် မျှားခေါ်နိုင်စွမ်းတို့က မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို ၎င်းခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ ၎င်းဖြစ်တည်နေသည့် ပုံစံက မည်မျှပင် မဆုံးနိုင်အောင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ ၎င်းမချပေးနိုင်ခဲ့ပေ။ သို့မဟုတ် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ ၎င်း အုပ်စိုးပြီး အချုပ်အခြာအာဏာ ကိုင်စွဲနိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် ၎င်းကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ ၎င်း၏ အချုပ်အခြာအာဏာအောက်တွင်ဖြစ်စေ၊ ၎င်း၏ အုပ်စိုးခံရခြင်းဖြစ်စေ မရှိချေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က လောက်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏ကဏ္ဍသည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ ၎င်း၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ကောက်ကျစ်ဆိုးယုတ်ပါစေ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံမှုပေးခြင်းဟူသည့် ၎င်း၏ တာဝန်ကို ကျေပွန်စွာ လိုက်နာရန်နှင့် အဖြည့်ခံတစ်ဦးအနေဖြင့် ကောင်းမွန်စွာ အစေခံရန် ဖြစ်၏။ ယင်းမှာ စာတန်၏ အခြေအမြစ်နှင့် မူလနေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ အစေခံမှုအတွက် ဘုရားသခင် အသုံးချသည့် စက်ယန္တရားတစ်လုံးသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လာတာက ဖြစ်ရပ်အားလုံးနဲ့ အရာခပ်သိမ်းဟာ ဘုရားသခင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်၊ ပြီးတော့ အဆင်းနီတဲ့ နဂါးကြီးက ဘယ်လောက်ပဲ သောင်းကျန်းပြီး ရက်စက်ကြမ်းကြုတ်ပါစေ၊ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘုရားသခင် သတ်မှတ်ထားတဲ့ အကန့်အသတ်ကို သူ မကျော်နိုင်ဘူး ဆိုတာပါပဲ။ ကျွန်မရဲ့အသက်က ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်၊ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ရဲတွေက ကျွန်မကို ဘာမှလုပ်လို့မရဘူး။ စာတန်ကို ယောဘဆီ စမ်းသပ်ခွင့် ဘုရားသခင် ပေးခဲ့တုန်းကလိုပေါ့၊ စာတန်က ယောဘရဲ့ ခန္ဓာကိုယ်ကို ညှဉ်းဆဲခဲ့ပေမယ့် ယောဘရဲ့ အသက်ကို ယူခွင့် ဘုရားသခင် မပေးခဲ့ဘူး၊ ဒါကြောင့် စာတန်က အဲဒီဘောင်ကို မကျော်ရဲခဲ့ဘူးလေ။ စမ်းသပ်မှုတွေကနေတစ်ဆင့် ယောဘရဲ့ ယုံကြည်ခြင်းက စုံလင်ခြင်းသို့ ရောက်ခဲ့တယ်။ အခု အဆင်းနီတဲ့ နဂါးကြီးရဲ့ ခရစ်ယာန်တွေကို သွေးရူးသွေးတန်း ညှဉ်းပန်းနှိပ်စက်တာနဲ့ ဖမ်းဆီးတာတွေကလည်း ဘုရားသခင် ခွင့်ပြုထားတာပါပဲ။ သမ္မာတရားကို လိုက်စားတဲ့သူတွေက ဒီပတ်ဝန်းကျင်အခြေအနေကို တွေ့ကြုံရတာကနေ သူတို့ရဲ့ ယုံကြည်ခြင်း စုံလင်ခဲ့ကြတယ်၊ ပြီးတော့ သူတို့က ဘုရားသခင်အတွက် သက်သေခံခဲ့ကြတယ်။ သမ္မာတရားကို မလိုက်စားတဲ့သူတွေကတော့ ကြောက်ရွံ့မှုနဲ့ သူရဲဘောကြောင်မှုကြောင့် နောက်ဆုတ်သွားကြတယ်။ ဒီလိုနဲ့ သူတို့ဟာ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းတာ ခံလိုက်ရတယ်။ ဘုရားသခင်က အသင်းတော်ထဲမှာ ဘယ်သူက အမှန်တကယ် ယုံကြည်လဲ၊ ဘယ်သူက မယုံကြည်ဘူးလဲ ဆိုတာကို ဖော်ထုတ်ဖို့အတွက် အဆင်းနီတဲ့ နဂါးကြီးကို အစေခံ တန်ဆာပလာတစ်ခုအနေနဲ့ အသုံးပြုတာပါ။ လူတွေဟာ သူတို့၏ အမျိုးအစားနဲ့အညီ ခွဲခြားသတ်မှတ်တာကို အမှုမဲ့အမှတ်မဲ့နဲ့ ခံလိုက်ရပြီ။ ဝမ်ဂျွမ် အကြာကြီး နောက်ယောင်ခံလိုက်ခံနေရတယ်ဆိုတာ ကြားလိုက်ရတဲ့အခါ ကျွန်မ ဘယ်လောက် ကြောက်ရွံ့ထိတ်လန့်သွားလဲ၊ ပြီးတော့ ကိုယ့်လုံခြုံရေးအတွက် ဘယ်လောက် မြန်မြန် ပုန်းရှောင်ချင်ခဲ့လဲ ဆိုတာတွေကို ကျွန်မ တွေးမိတယ်။ ကျွန်မမှာ ယုံကြည်ခြင်း နည်းနည်းလေးပဲ ရှိတယ်ဆိုတာနဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို အမှန်တကယ် နားမလည်ခဲ့ဘူးဆိုတာ ကျွန်မ သတိပြုမိလိုက်တယ်။ တကယ်တော့ ကျွန်မ ဝမ်ဂျွမ်နဲ့ နေ့တိုင်း တွေ့ရင်တောင်မှ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိရင် ရဲတွေက ကျွန်မကို ဖမ်းနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်မကို အဖမ်းခံရဖို့ ဘုရားသခင် ခွင့်ပြုရင်လည်း လွတ်လမ်းရှိမှာ မဟုတ်ဘူး။ ပြီးတော့ ညီအစ်ကိုမောင်နှမ ဘယ်လောက်များများ အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရလဲ ဆိုတာကိုလည်း ကျွန်မ တွေးမိတယ်။ ရဲတွေရဲ့ ခြိမ်းခြောက်တာတွေ၊ ရိုက်နှက်တာတွေအောက်မှာ သူတို့ အပျက်သဘောဆောင်တာနဲ့ အားနည်းတာတွေ ကြုံခဲ့ရပေမယ့် ဆုတောင်းပြီး ဘုရားသခင်နဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုကို အားကိုးတော့ သူတို့က အဆင်းနီတဲ့ နဂါးကြီးနဲ့ အပေးအယူမလုပ်ခဲ့ဘဲ အဆုံးမှာ သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြတယ်။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာ၊ ပြီးတော့ အံ့သြစရာ ကာကွယ်စောင့်ရှောက်မှုတို့ကို သူတို့ အမှန်တကယ် တွေ့ကြုံခဲ့ရတယ်။ စာတန်ရဲ့ ဆိုးယုတ်ပြီး ရုပ်ဆိုးတဲ့ မျက်နှာကိုလည်း သူတို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်။ ဒါတွေက တန်ဖိုးရှိတဲ့ အမြတ်တွေပါ။ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိတယ်၊ ပြီးတော့ အဆင်းနီတဲ့ နဂါးကြီးက ဘယ်လောက်ပဲ သောင်းကျန်းပါစေ၊ သူက ဘုရားသခင်ရဲ့ အလုပ်အတွက် အစေခံပေးတဲ့ တန်ဆာပလာတစ်ခုပဲ ဖြစ်တယ်ဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်းကို စုံလင်စေဖို့ ဘုရားသခင်က သူ့ကို အသုံးပြုနေတာပါ။ အဲဒါကို တွေးမိပြီး ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တယ်၊ “ကျွန်မ အဖမ်းခံရဖို့ ဘုရားသခင် ခွင့်ပြုရင်၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်ထားရှိမှုတွေကို ကျွန်မ လိုလိုလားလား ကျိုးနွံနာခံပြီး ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပါမယ်” လို့ပေါ့။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ပိုပြီး နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်သောသူတို့နှင့် သမ္မာတရား လိုက်စားသောသူအားလုံးကို မတူကွဲပြားသည့် ပတ်ဝန်းကျင်မျိုးစုံဖြင့် စုံလင်စေသည်။ သူသည် လူတို့အား အမျိုးမျိုးသော ပတ်ဝန်းကျင်များ၊ သို့မဟုတ် စမ်းသပ်မှုများမှတစ်ဆင့် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံစေဖို့ ထောက်ကူပေးပြီး ထိုသို့ဖြင့် သမ္မာတရားအပေါ် သိနားလည်၍ သူ့အပေါ် စစ်မှန်သည့် အသိကို ရရှိကာ နောက်ဆုံးတွင် သမ္မာတရားကို ရရှိဖို့ ထောက်ကူပေးသည်။ ဘုရားသခင်၏ အမှုတော်ကို ဤပုံစံဖြင့် သင်တွေ့ကြုံလျှင် သင်၏ အသက် စိတ်သဘောထား ပြောင်းလဲလိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့် အသက်ကို ရရှိနိုင်လိမ့်မည်။ ဤတွေ့ကြုံသည့်နှစ်ကာလများတစ်လျှောက်တွင် သင်သည် များစွာ ရရှိပြီးဖြစ်သလော။ (ရရှိပြီးဖြစ်ပါသည်။) သို့ဆိုလျှင် သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် ဆင်းရဲဒုက္ခအနည်းငယ် ခါးစည်းခံခြင်းနှင့် အဖိုးအခ အနည်းငယ် ပေးခြင်းသည် လုပ်ရကျိုးမနပ်သလော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကို သင် ရရှိပြီးပြီနည်း။ သင်သည် သမ္မာတရား များစွာကို နားလည်ပြီးလေတကား။ ဤသည်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်မှုမှတစ်ဆင့် မည်သည့်အရာကို လူတို့ ရရှိချင်ကြသနည်း။ သမ္မာတရားနှင့် အသက်ရရှိရန် ဖြစ်သည် မဟုတ်လော။ ဤပတ်ဝန်းကျင်များကို တွေ့ကြုံခြင်းမရှိဘဲ သမ္မာတရားကို သင် ရရှိနိုင်သည်ဟု ထင်သလော။ လုံးဝ မရရှိနိုင်။ အထူးအခက်အခဲအချို့က သင့်အပေါ် ကျရောက်သည့်အခါ သို့မဟုတ် အထူးပတ်ဝန်းကျင်အချို့ကို သင် ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ရှောင်ရှားရန် သို့မဟုတ် ထွက်ပြေးရန် ကြိုးစားခြင်း၊ ယင်းတို့ကို အသည်းအသန် ငြင်းပယ်ပြီး ဖယ်ရှားရန် ကြိုးပမ်းခြင်း၊ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံရန် ဆန္ဒမရှိခြင်း၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ဆန္ဒမရှိခြင်း၊ သမ္မာတရားအား သင့်ကို အုပ်စိုးခွင့်ပြုရန် ဆန္ဒမရှိခြင်း၊ အစဉ်သဖြင့် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိလိုပြီး သင်၏ စာတန်ဆန်သော စိတ်သဘောထားအပေါ် မှီခိုကာ မိမိကိုယ်နှင့်ဆိုင်သော အရာခပ်သိမ်းကို ထိန်းချုပ်လိုခြင်း ဟူသည့် အမြဲတစေ တူညီသောသဘောထား သင်၌ ရှိသည်ဟု ဆိုကြပါစို့။ ထိုသို့ဖြစ်ပါက အကျိုးဆက်များမှာ ဘုရားသခင်သည် သင့်ကို မုချ ဘေးဖယ်ထားမည် သို့မဟုတ် စာတန်ထံသို့ အပ်နှံမည်ဖြစ်ပြီး ဤအရာသည် အနှေးနှင့်အမြန်ဆိုသလို ဖြစ်ပျက်လာလိမ့်မည်။ လူတို့သည် ဤအရေးကိစ္စကို နားလည်သဘောပေါက်ပါက သူတို့သည် လျင်မြန်စွာ နောက်ကြောင်းပြန်လှည့်ရမည်ဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့် မှန်ကန်သောလမ်းကြောင်းနှင့်အညီ ဘဝတွင် မိမိတို့၏ လမ်းကြောင်းကို လိုက်လျှောက်ရမည်။ ဤလမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်သည်၊ လမ်းကြောင်းမှန်ကန်သောအခါ ဦးတည်ချက်လည်း မှန်ကန်သည်ဟု အဓိပ္ပာယ်ရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) လူတွေကို စုံလင်စေဖို့နဲ့ ရယူဖို့အတွက် ဘုရားသခင်က အမျိုးစုံတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်းရဲဒုက္ခတွေ၊ စမ်းသပ်မှုတွေနဲ့ စစ်ဆေးခြင်းတွေကို စီစဉ်ပြီး လူတွေကို စမ်းသပ်မယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို သဘောပေါက်စေခဲ့တယ်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး နောက်လိုက်တဲ့သူတွေက ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားနိုင်ကြတယ်၊ အခြေအနေတွေ ဘယ်လောက်ပဲ အန္တရာယ်များပါစေ၊ အသင်းတော်အလုပ် ချောချောမွေ့မွေ့ ဖြစ်ဖို့အတွက် အဲဒါတွေကို တွေ့ကြုံခံစားဖို့ သူတို့က ဘုရားသခင်ကို အားကိုးနိုင်ကြတယ်။ ဒါပေမဲ့ ကျွန်မကျတော့ အခြေအနေရဲ့ အန္တရာယ်ကို မြင်ပြီး အဖမ်းခံရမှာ၊ ညှဉ်းပန်းနှိပ်စက်ခံရမှာနဲ့ အသက်ဆုံးရှုံးမှာကို ကြောက်ခဲ့တယ်၊ ပြီးတော့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘဲ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို သစ္စာဖောက်မိပြီး ကယ်တင်ခြင်း အခွင့်အရေး ဆုံးရှုံးသွားမှာကိုလည်း စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် အသင်းတော်ရဲ့ အကျိုးစီးပွားကို လုံးဝ မထည့်တွက်တဲ့အပြင် ကျွန်မ ပုန်းရှောင်ပြီး ကိုယ့်တာဝန်မထမ်းဆောင်ချင်တော့ဘူး ဖြစ်နေခဲ့တာ။ ကျွန်မက တကယ်ပဲ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းလိုက်တာ၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား လုံးဝ မရှိဘူး။ လက်ရှိအခြေအနေကို ကျွန်မ တွေးကြည့်တယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးမှုတွေကြောင့် ညီအစ်ကိုမောင်နှမတွေ အဆက်အသွယ် ပြတ်တောက်ပြီး အသင်းတော် အသက်တာ မရှိကြတော့ဘူး၊ အသင်းတော်အလုပ် အသီးသီးကလည်း ရပ်တန့်နေတယ်။ ဘုရားသခင်ရဲ့ စိတ်နှလုံး ဘယ်လောက်တောင် ဝမ်းနည်းပြီး ပူပန်ကြောင့်ကြနေမလဲ။ ဒီလို အရေးကြီးတဲ့အချိန်မှာ အသင်းတော်အလုပ် ပုံမှန်အတိုင်း ဆက်သွားနိုင်ဖို့ တစ်ယောက်ယောက်က ထရပ်ပြီး ဒီတာဝန်ကို ထမ်းရွက်သင့်တာ။ ဒါပေမဲ့ ကျွန်မရဲ့ လုံခြုံရေးအတွက်နဲ့ အသင်းတော်အလုပ်၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုကို မထည့်တွက်ဘဲ လိပ်လို ခေါင်းဝှက်ပြီး ကျွန်မ နောက်တွန့်ချင်နေခဲ့တယ်။ ကျွန်မက လုံးဝကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာစရာကောင်းလိုက်တာ။ သခင်ယေရှုရဲ့ စကားတွေကိုလည်း ကျွန်မ သတိရမိတယ်။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၆:၂၅) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးဆပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်တာနဲ့ ဖမ်းဆီးတာတွေကို ရင်ဆိုင်ရတဲ့အခါ ဘာလို့ ကျွန်မက အမြဲတမ်း ပုန်းရှောင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်နေရတာလဲ။ ဘာလို့လဲဆိုတော့ ကျွန်မက ကိုယ့်အသက်ကို အရမ်း တန်ဖိုးထားလွန်းလို့ပါ။ ကျွန်မက ကိုယ့်ရဲ့ ဇာတိပကတိအသက်ကို အရမ်း အရေးပေးလွန်းပြီး အသက်နဲ့ သေခြင်းရဲ့ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်ခဲ့လို့ပါ။ လူတစ်ယောက်က ဘုရားသခင်ရဲ့ လမ်းခရီးကို လိုက်လျှောက်ဖို့ သူ့အသက်ကို စွန့်လွှတ်ချင်တယ်ဆိုရင်၊ အဲဒီလိုလူမျိုးဟာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရပါတယ်။ သမိုင်းတစ်လျှောက်က သန့်ရှင်းသူတွေလိုပေါ့၊ သူတို့က ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့အတွက် အာဏာရှိသူတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရတယ်၊ တချို့ဆိုရင် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ သေဆုံးသွားပုံရပေမယ့် သူတို့က ဖြောင့်မတ်ခြင်းအတွက် မာတုရအဖြစ် အသေခံခဲ့ပြီး သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြတယ်၊ ပြီးတော့ ဘုရားသခင်မှာ သူတို့ရဲ့ စိတ်ဝိညာဉ်တွေအတွက် တခြားအစီအစဉ် ရှိခဲ့တယ်။ သူတို့ရဲ့ သေခြင်းတရားတွေက တန်ဖိုးရှိပြီး ဘုရားသခင်က အမှတ်ရနေပါတယ်။ ဒါပေမဲ့ ကျွန်မသာ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ရဲ့ ဇာတိပကတိအသက်ကို ထိန်းသိမ်းဖို့နဲ့ ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်ဖို့အတွက် ကိုယ့်တာဝန်ကို စွန့်လွှတ်လိုက်ရင်၊ ခဏတာတော့ ကိုယ့်လုံခြုံရေးကို ထိန်းသိမ်းထားနိုင်ပုံရပေမယ့် ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့လို့၊ ဒါမှမဟုတ် အသင်းတော်အလုပ်ကို မကာကွယ်ခဲ့လို့ ဘုရားသခင်က ကျွန်မကို စက်ဆုပ်ရွံရှာလိမ့်မယ်၊ ပြီးတော့ ကျွန်မက လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုမျိုးပဲ ဆက်ပြီး အသက်ရှင်နေရမှာ။ အဲဒါကို နားလည်လိုက်တော့ ကျွန်မ ဒူးထောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်။ အရာအားလုံးကို ကိုယ်တော်က စီရင်ထားတာပါ။ သမီး အဖမ်းခံရမယ်၊ မခံရဘူး ဆိုတာကလည်း ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုအောက်မှာ ရှိပါတယ်။ မနက်ဖြန်ကျရင် အဖမ်းခံရမယ့်သူက သမီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲဒါကလည်း ကိုယ်တော်ရဲ့ ခွင့်ပြုချက်နဲ့ပဲ ဖြစ်မှာပါ။ မနက်ဖြန် ဘာပဲဖြစ်ဖြစ်၊ ဒီနေ့ သမီး အဖမ်းမခံရသရွေ့ ဒီနေ့ အသင်းတော်အလုပ်ကို သမီး ကောင်းကောင်း လုပ်ဆောင်ချင်ပါတယ်။ သမီးရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့အောင် လုပ်ပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်” လို့ပေါ့။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ သဟဇာတဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်၊ ပြီးတော့ အန္တရာယ်ရှိတဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးကို လုံခြုံတဲ့နေရာတွေဆီ ကျွန်မတို့ ရွှေ့ပြောင်းပေးခဲ့ကြတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ အသင်းတော် အသက်တာကို ပြန်စနိုင်ခဲ့ကြတယ်၊ ကျွန်မရင်ထဲမှာ ပြောမပြတတ်အောင် ဝမ်းမြောက်မှုနဲ့ လွတ်မြောက်မှု ခံစားချက်ကို ခံစားခဲ့ရတယ်။

ဒီအခြေအနေကို ဖြတ်သန်းပြီးနောက်မှာ ကျွန်မ ယုံကြည်ခြင်းတချို့ ရရှိခဲ့တယ်။ ကိုယ့်တာဝန်ထမ်းဆောင်ပြီးလို့ အိမ်ပြန်လမ်းလျှောက်လာတိုင်း ကျွန်မ အလိုလိုနေရင်း ဓမ္မတေးတစ်ပုဒ်ကို ညည်းဆိုမိနေတတ်တယ်။ “ဘုရားသခင် ဘုန်းအသရေ ရရှိမည့်နေ့ရက်ကို ကျွန်ုပ် မြင်တွေ့လိုပါသည်

............

၂  ဘုရားသခင်၏ တိုက်တွန်းနှိုးဆော်ချက်ကို စိတ်နှလုံးထဲတွင် ထားရှိလျက် စာတန်ရှေ့၌ ဒူးထောက်မည် မဟုတ်ပါ။ ကျွန်ုပ်ဦးခေါင်း ပြတ်ကျ၍ သွေးများ ယိုဖိတ်ကျစေကာမူ ဘုရားသခင်၏ လူများ၏ မဏ္ဍိုင်ကို ချိုးဖျက်၍ မရနိုင်ပါ။ ဘုရားသခင်အတွက် အားကောင်းသော သက်သေခံချက်ကို ကျွန်ုပ် ပေးမည်ဖြစ်ပြီး နတ်ဆိုးများနှင့် စာတန်ကို အရှက်ခွဲပါမည်။ နာကျင်မှုနှင့် အခက်အခဲများသည် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားခြင်း ဖြစ်သည်၊ ကိုယ်တော့်အပေါ် သေသည်အထိ သစ္စာစောင့်သိပြီး ကျိုးနွံနာခံပါမည်။ ဘုရားသခင်ကို ထပ်၍ ငိုကြွေးစေခြင်း သို့မဟုတ် ပူပန်စေခြင်း မည်သည့်အခါမျှ ပြုမည်မဟုတ်ပါ။ ဘုရားသခင်ထံ ကျွန်ုပ်၏ မေတ္တာနှင့် သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ပြီး ကိုယ်တော့်ကို ဘုန်းထင်ရှားစေရန် ကျွန်ုပ်၏ အထူးတာဝန်ကို ပြီးမြောက်ပါမည်။

၃  ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်ကို ယုံကြည်ခြင်း ပေးသည်၊ သံမဏိဆန္ဒဖြင့် ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်လျှောက်ပါမည်။ အသက်ရှူနေသရွေ့ မတုန်လှုပ်သော ခိုင်မာသည့် စိတ်ပိုင်းဖြတ်ချက်ဖြင့် ဧဝံဂေလိတရား ဟောပြောခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းကို ဆက်လက် ပြုလုပ်ပါမည်။

—သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ညတစ်ညမှာ စာတစ်စောင် ကျွန်မ လက်ခံရရှိခဲ့တယ်၊ တခြားအသင်းတော်တစ်ခု ဖမ်းဆီးမှုတွေ ကြုံလိုက်ရပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ ညီအစ်မတစ်ယောက် အဖမ်းခံလိုက်ရတယ်တဲ့။ အသင်းတော် ခေါင်းဆောင်တွေက အသက်စွန့်ပြီး စာအုပ်တွေကို တခြားနေရာတစ်ခုဆီ ရွှေ့ပြောင်းခဲ့ပေမယ့် အဲဒီဒေသမှာ အတိုင်းအတာကြီးမားတဲ့ ဖမ်းဆီးမှုတွေ အများကြီး ရှိနေလို့ စာအုပ်တွေ သိမ်းထားဖို့ လုံခြုံတဲ့အိမ် မရှိတော့ဘူး၊ ဒါကြောင့် စာအုပ်တွေကို ပိုလုံခြုံတဲ့နေရာတစ်ခုဆီ မြန်မြန် ရွှေ့ပြောင်းပေးဖို့ သူတို့က ကျွန်မတို့ကို လိုအပ်နေတာပါ။ စာကို ဖတ်ပြီးတဲ့နောက် ကျွန်မ ထိတ်လန့်ကြောက်ရွံ့မှုတွေ လွှမ်းမိုးသွားပြီး တွေးမိတယ်၊ “စာအုပ်တွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ညီအစ်မ အခုလေးတင် အဖမ်းခံလိုက်ရတာ၊ အသင်းတော် ခေါင်းဆောင်တွေက အသက်စွန့်ပြီး စာအုပ်တွေကို ရွှေ့ပြောင်းခဲ့ပေမယ့် ရဲတွေက သူတို့ကို စောင့်ကြည့်နေမလား။ သူတို့သာ နောက်ယောင်ခံလိုက်နေရရင် ငါတို့ စာအုပ်တွေသွားရွှေ့တဲ့အခါ ငါနဲ့ ညီအစ်ကိုမောင်နှမတွေပါ နောက်ယောင်ခံလိုက်ခံရပြီး အဖမ်းခံရမလား။ ငါ မသွားသင့်ဘူး ထင်တယ်” လို့ပေါ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ကာကွယ်ဖို့ ကြိုးစားနေမှန်း သတိပြုမိလိုက်တယ်၊ ဒါနဲ့ ဘုရားသခင်ဆီ အသံတိတ် ဆုတောင်းလိုက်တယ်၊ ကျွန်မရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးဖို့၊ တည်ငြိမ်အောင် ကူညီပေးဖို့နဲ့ ကြောက်ရွံ့မှုထဲမှာ မနေထိုင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “လူတို့သည် ‘ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်’နှင့် ‘အရာခပ်သိမ်းသည် ဘုရားသခင် လက်ထဲတွင်ရှိသည်’ဟု မကြာခဏ ဆိုကြသော်လည်း အခြေအနေအချို့နှင့် ကြုံတွေ့ရသည့်အခါ ‘ဘုရားသခင်သည် ဤအရာအပေါ် အမှန်တကယ် အချုပ်အခြာအာဏာ ကိုင်စွဲနိုင်ပါ၏လော။ သူသည် အမှန်တကယ် မှီခိုလို့ ရပါ၏လော။ ငါသည် အခြားသူများကိုသာ မှီခိုလိုက်သည်က ပိုကောင်းမည်။ ပြီးလျှင် အကယ်၍ ယင်းသည် အလုပ်မဖြစ်ပါက ငါ့ဘာသာငါ တစ်ခုခု ကြံဆမည်’ ဟုတွေးကြသည်။ ယင်းနောက် သူတို့သည် မည်မျှပင် မရင့်ကျက်ဘဲ အဓိပ္ပာယ်မဲ့ကာ ဝိညာဉ်ရင့်သန်မှု သေးငယ်သည်ကို သဘောပေါက်ကြတော့သည်။ သို့နှင့် သူတို့သည် ဘုရားခင်ကို မှီခိုလိုကြသဖြင့် နောက်ထပ် ပြန်လှည့်ကြသော်လည်း လမ်းကြောင်းမရှိသေးသည်ကိုသာ တွေ့ကြရသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်ထဲတွင် ဘုရားသခင်က သစ္စာစောင့်သိပြီး သူ့ကို မှီခိုနိုင်သည်ဟု အတွင်းနက်နက်၌ သူတို့သိကြသော်လည်း သူတို့သည် သေးငယ်သော ယုံကြည်မှုရှိပြီး အစဉ်အမြဲ လွန်စွာ သံသယပွားနေကြခြင်းသာဖြစ်သည်။ ဤပြဿနာကို မည်သို့ဖြေရှင်းမည်နည်း။ သင်သည် သင်၏ အတွေ့အကြုံနှင့် သမ္မာတရားကို လိုက်စားနားလည်ခြင်းတို့ အပေါ်မှီခိုရမည်။ သို့မှသာ သင်သည် စစ်မှန်သော ယုံကြည်မှု ဖြစ်ပေါ်နိုင်မည်။ သင်ပိုမို တွေ့ကြုံရလေလေနှင့် ဘုရားသခင်အပေါ် ပိုမိုမှီခိုလေလေ သူ့ကို မှီခိုနိုင်သည်ဟု သင်ပိုမို ခံစားလာရလေလေဖြစ်သည်။ သင်သည် ကိစ္စများကို ပိုမိုကြုံတွေ့လာရပြီး ဘုရားသခင်က သင့်ကို အခက်အခဲများနှင့် အန္တရာယ်တို့ကို‌ ရှောင်လွှားနိုင်ရန် ကူညီပေးရင်း အကြိမ်ကြိမ် ကာကွယ်ပုံကို မြင်ရသဖြင့် သင့်တွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုနှင့် မှီခိုမှုတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ်လာလိမ့်မည်။ ဘုရားသခင်သည် ယုံကြည်ထိုက်ကာ ကိုးစားထိုက်သည်ဟု သင်ခံစားရမည်။ သင့် စိတ်နှလုံးတွင် ဤယုံကြည်မှု ပထမဦးစွာရှိလာရန် လိုအပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိဖို့ဆိုတာ ကျွန်မတို့က အရာရာကို လက်တွေ့ကျကျ တွေ့ကြုံရမယ်၊ ပြီးတော့ အဲဒီလို အတွေ့အကြုံတွေကို ဖြတ်သန်းပြီးမှပဲ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို ကျွန်မတို့ နားလည်သဘောပေါက်နိုင်မှာ။ မနှစ်က ဖြစ်ပျက်ခဲ့တဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေအကြောင်း ကျွန်မ တွေးမိတယ်။ ကျွန်မတို့ အဲဒီလို အန္တရာယ်များတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပေမယ့် ဘုရားသခင်ကို အားကိုးတာမျိုး၊ နှုတ်ကပတ်တော်ရဲ့ လမ်းပြမှု၊ ဆုတောင်းတာမျိုးတွေနဲ့ ကျွန်မတို့ ကျော်ဖြတ်နိုင်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှု၊ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို ကျွန်မတို့ မျက်မြင်တွေ့ခဲ့ရတယ်။ အခု ကျွန်မ ဘုရားသခင်ကို ယုံကြည်ခြင်းရှိသင့်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို မြန်မြန် ရွှေ့ပြောင်းသင့်တယ်။ နောက်တစ်နေ့မှာ ကျွန်မနဲ့ ညီအစ်ကိုမောင်နှမတွေ ချိန်းထားတဲ့နေရာကို ရောက်လာကြတယ်။ စာအုပ်တွေ ရွှေ့နေတုန်း ရဲတွေက ကားတွေကို စစ်ဆေးနေတာ မြင်လိုက်ရတယ်၊ ဒါနဲ့ ကျွန်မတို့ ဘုရားသခင်ဆီ ဆုတောင်းပြီး လမ်းကြားလေးတစ်ခုမှာ ခဏ ပုန်းနေခဲ့ကြတယ်၊ အဆုံးမှာတော့ စာအုပ်တွေကို လုံခြုံတဲ့အိမ်တစ်လုံးဆီ ကျွန်မတို့ အောင်အောင်မြင်မြင် ရွှေ့ပြောင်းနိုင်ခဲ့ကြတယ်။

ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို တွေ့ကြုံရတာကနေတစ်ဆင့် ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သဘာဝကို ကျွန်မ နားလည်လာခဲ့တယ်။ အဆင်းနီတဲ့ နဂါးကြီးကို အစေခံဖို့ အသုံးပြုတဲ့ ဘုရားသခင်ရဲ့ ဉာဏ်ပညာကိုလည်း ကျွန်မ မြင်ခဲ့ရတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို ပိုပြီး စစ်မှန်တဲ့ နားလည်သဘောပေါက်မှု ရရှိခဲ့တယ်။ ဘုရားသခင်နောက်လိုက်တဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းက ပိုတောင် ခိုင်ခံ့လာခဲ့ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခေါင်းဆောင်တစ်ဦး မဖြစ်လိုခြင်း၏ နောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်နေသနည်း

ပက်ထရီရှာ၊ တောင်ကိုရီးယားနိုင်ငံ၂၀၂၄ ခုနှစ်၊ မေလအစပိုင်းမှာ ကျွန်မက အသင်းတော်မှာ အကတာဝန်ကို ထမ်းဆောင်နေခဲ့တယ်။ တစ်ညနေမှာ ခရိုင်ခေါင်းဆောင်က...

လူတစ်ဦးကို မျက်ကန်းယုံကြည်ခြင်း၏ အကျိုးဆက်များ

လီရွှမ်း ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာပေါ့၊ ညီအစ်ကိုမောင်နှမတချို့က ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် အစ်မဝမ်ကို လက်တွေ့ကျကျ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။