အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံသော ယုံကြည်ခြင်း၏ အကျိုးဆက်များ
၂၀၀၄ ခုနှစ်မှာ ကိုယ်တော့်အိမ်တော်ကို ရောက်ရှိဖို့ ဘုရားသခင်က ကျွန်မကို ရွေးချယ်ခဲ့ပါတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ စည်းဝေးရင်း၊ တစ်ခါတလေ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက ကျွန်တော် အသင်းတော် ခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရတယ်။ အစပိုင်းမှာ တွဲဖက်တွေဆီကနေ ကျွန်တော် တက်တက်ကြွကြွ သင်ယူခဲ့ပြီး တာဝန်မျိုးစုံမှာ ပါဝင်ခဲ့တယ်၊ အလုပ်နည်းနည်းများပြီး ပင်ပန်းပေမဲ့ တကယ်ကို ကျေနပ်စရာကောင်းတယ်လို့ ခံစားခဲ့ရတယ်။ အချိန်နည်းနည်း ကြာလာတော့ အသင်းတော်အလုပ်ရဲ့ ကိစ္စရပ်အမျိုးမျိုးမှာ ပြဿနာတွေကို စုံစမ်းဖို့၊ ဆက်လက်လုပ်ဆောင်ဖို့နဲ့ ပြေလည်အောင် ဖြေရှင်းရာမှာ ပါဝင်ဖို့ လိုအပ်နေတာကို တွေ့လိုက်ရတယ်၊ ပြီးတော့ အဲဒါက အချိန်နဲ့ ခွန်အား အများကြီး ယူရတယ်လေ။ “အလုပ်တိုင်းမှာ ငါ တကယ်ပါဝင်ရင် ပိုပြီးအလုပ်များ၊ ပိုပြီးပင်ပန်းရမှာ မဟုတ်ဘူးလား” လို့ ကျွန်တော် တွေးမိတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ဧဝံဂေလိအလုပ်ကို တာဝန်ယူခဲ့ရတာ၊ ဒါပေမဲ့ အစပိုင်းမှာ ကျွန်တော် နားမလည်တာတွေ အများကြီးရှိတယ်၊ ပြီးတော့ အလုပ်ကို ကောင်းကောင်းလုပ်ဖို့ သင်ယူရာမှာ၊ ရှာဖွေရာမှာ အချိန်နဲ့ ခွန်အား ပိုစိုက်ထုတ်ဖို့ လိုအပ်ခဲ့ပေါ့။ အရင်က ခေါင်းဆောင်လုပ်ခဲ့ဖူးတဲ့ မိုလီကို ကျွန်တော် သွားသတိရတယ်။ ဧဝံဂေလိအလုပ်ကို ဘယ်လို အကောင်အထည်ဖော်ပြီး နောက်ဆက်တွဲ လိုက်လုပ်ရမယ်ဆိုတာကို သူက ကျွန်တော့်ထက် ပိုနားလည်တယ်လေ။ ဧဝံဂေလိအလုပ်ကို သူ့ကို ကြီးကြပ်ခိုင်းလိုက်ရင် အဆင်ပြေမယ်လို့ ကျွန်တော် ခံစားရတယ်၊ ပြီးတော့ အတွေ့အကြုံရှိတဲ့သူက အလုပ်ကို ကိုင်တွယ်ရင် ကျွန်တော့်အတွက် ကိစ္စတွေက အများကြီး ပိုလွယ်ကူသွားမှာပေါ့။ အဲဒီနောက်မှာ ဧဝံဂေလိအလုပ်ကို ခဏလောက် မိုလီကို ကြီးကြပ်ခိုင်းလိုက်တယ်၊ ပြီးတော့ စုဝေးပွဲတိုင်းမှာ ဧဝံဂေလိအလုပ် ဘယ်လိုအနေအထားရှိလဲဆိုတာကိုပဲ သူ့ကို မေးဖြစ်တယ်။ လိုအပ်တဲ့ အလုပ်တွေအားလုံးကို အကောင်အထည်ဖော်ပြီးပြီလို့ သူ ပြောတာကိုပဲ ကျွန်တော် နားထောင်ခဲ့တယ်၊ ဒါကြောင့် အသေးစိတ်ကို ကျွန်တော် မမေးတော့ဘဲ အလုပ်ကို သေသေချာချာ ဆက်လုပ်ဖို့ပဲ သူ့ကို ပြောလိုက်တယ်။ အဲဒီအချိန်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်ရဲ့ အသေးစိတ်ကို နောက်ဆက်တွဲ လိုက်လုပ်ဖို့ လိုတယ်ဆိုတာကို သိပေမဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်း မပင်ပန်းစေချင်ခဲ့ဘူး။ မိုလီက တာဝန်ယူထားတာ အဆင်ပြေပါတယ်လို့ တွေးလိုက်လို့ ဧဝံဂေလိအလုပ်အကြောင်းကို သိပ်မမေးဖြစ်တော့ဘူး။ အချိန်နည်းနည်း ကြာပြီးတဲ့နောက်မှာတော့ ဘယ်ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေကို တရားဟောလို့ရလဲ၊ ဘယ်သူတွေကို ဟောလို့မရဘူးလဲ ဆိုတာကို အထက်ခေါင်းဆောင်တွေက စာပို့ပြီး မေးလာတယ်။ ဒီလို တိကျတဲ့ အသေးစိတ်တွေကို ကျွန်တော် နားမလည်ထားလို့ လန့်သွားတာပေါ့။ ဒါနဲ့ပတ်သက်ပြီး မိုလီကို ကျွန်တော် မေးလိုက်တယ်၊ ဒါပေမဲ့ သူက ဒါနဲ့ပတ်သက်ပြီး ယေဘုယျလောက်ပဲ နားလည်ထားတယ်လို့ ပြောတယ်၊ ပြီးတော့ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူ တစ်ယောက်ချင်းစီရဲ့ အသေးစိတ်ကို သူလည်း မသိတဲ့အပြင် တကယ်လည်း နောက်ဆက်တွဲ လိုက်မလုပ်ရသေးဘူးတဲ့လေ။ ဒါကို ကြားပြီးတော့ ကျွန်တော် ဒေါသထွက်သွားတယ်၊ ပြီးတော့ ကျွန်တော် တွေးမိတယ်၊ “မင်းက ဧဝံဂေလိအလုပ်ကို ကြီးကြပ်နေတာလေ၊ အဲဒါတောင် အသေးစိတ်ကို နားမလည်သေးဘူးလား။ မင်းက လက်တွေ့ကျတဲ့ အလုပ်ကို လုပ်မနေဘူးပဲ” လို့ပေါ့။ နောက်ပိုင်းမှာ အသေးစိတ်ကို ကျွန်တော် လိုက်စုံစမ်းကြည့်လိုက်တော့ မိုလီက ဧဝံဂေလိအလုပ် အစီအစဉ်တွေကို အကောင်အထည်ဖော်တဲ့အခါ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဖတ်ရုံလောက်ပဲ လုပ်လေ့ရှိတယ်ဆိုတာကို အဲဒီတော့မှ သိလိုက်ရတယ်၊ ပြီးတော့ သူက အသေးစိတ် မိတ်သဟာယဖွဲ့တာ ဒါမှမဟုတ် စီစဉ်တာတွေ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေဆီကနေ အဲဒီလို တင်ပြလာတာကို ကြားရတော့ ကျွန်တော် စိတ်မသက်မသာ ဖြစ်သွားတယ်၊ မိုလီဟာ သူ့တာဝန်တွေမှာ တော်တော်ကို ဝတ်ကျေတမ်းကျေလုပ်ခဲ့တာပဲလို့ တွေးမိတယ်။ အဲဒီအချိန်မှာ အဓိကပြဿနာက ကျွန်တော့်ဆီမှာဆိုတာကိုလဲ ကျွန်တော် သဘောပေါက်သွားတယ်။ ပုံမှန်အားဖြင့် စုဝေးပွဲတွေမှာ အလုပ်ကို ကျွန်တော် စီစဉ်ပေးရုံပဲရှိတယ်၊ ညီအစ်ကိုမောင်နှမတွေကို သူတို့ရဲ့ တာဝန်တွေမှာ ပိုပြီး အားစိုက်ထုတ်ကြဖို့ ပြောခဲ့ပြီး အခက်အခဲတွေ ကြုံလာရင် ဘုရားသခင်ကို မှီခိုဖို့ ပြောခဲ့ပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်က အယူဝါဒတွေနဲ့ ဆောင်ပုဒ်တွေလောက်ကိုပဲ ပြောနေခဲ့တာ၊ အလုပ်ရဲ့ အသေးစိတ်ကို မေးတာ ရှားတယ်၊ အဲဒါက တာဝန်ကနေ ခေါင်းရှောင်တာနဲ့ အတူတူပဲလေ။ ဧဝံဂေလိအလုပ်မှာလိုမျိုးပေါ့၊ မိုလီကို တာဝန်တွေ ပေးပြီးတဲ့နောက် အလုပ်ကို သူ ကောင်းကောင်း ပြီးမြောက်အောင် လုပ်ပေးမယ့်အချိန်ကိုပဲ စောင့်နေခဲ့တယ်၊ ကျွန်တော်ကတော့ အေးဆေးထိုင်ပြီး ရလဒ်ကို အသင့်ယူဖို့ပဲလေ။ ဒီနည်းနဲ့ဆို ကျွန်တော့်တာဝန်တွေကို ဘယ်လိုလုပ် ကောင်းကောင်း ထမ်းဆောင်နိုင်မှာလဲ။ အလုပ်မှာ ပြဿနာတွေ ဖြစ်ရတာက ကျွန်တော်က သက်သာရာကို မွေ့လျော်ခံစားပြီး ဝတ်ကျေတမ်းကျေ လုပ်ခဲ့လို့ချည်းပဲ။ အဲဒီအချိန်က ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူ နှစ်ယောက် ရှိခဲ့တာကို ကျွန်တော် မှတ်မိသေးတယ်၊ ဒါပေမဲ့ အချိန်မီ ကျွန်တော် မစုံစမ်းခဲ့၊ နောက်ဆက်တွဲ လိုက်မလုပ်ခဲ့တဲ့အတွက် သူတို့ကို ဧဝံဂေလိတရားဟောဖို့ နှောင့်နှေးသွားခဲ့တယ်။ နောက်ပိုင်းမှာ တရားဟောဆရာက ကျွန်တော့်ကို သတိပေးတယ်၊ “ခင်ဗျား ခေါင်းဆောင်ဖြစ်လာတာ တစ်လရှိပြီလေ။ ဘာဖြစ်လို့ ဒီအလုပ်တွေကို နားမလည်သေးတာလဲ။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် တကယ် ဆင်ခြင်သုံးသပ်သင့်တယ်” တဲ့။
ဝတ်ပြုချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့တယ်။ “အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်နှင့်ဆိုင်သည့် အဓိက စရိုက်လက္ခဏာမှာ အယူဝါဒအကြောင်း ပေါက်တတ်ကရပြောဆိုပြီး ဆောင်ပုဒ်များကို သံယောင်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏ အမိန့်များကို ထုတ်ပြန်ပြီးနောက်တွင် ထိုအမှုကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့တာဝန်မယူကြတော့ပေ။ အလုပ်၏ နောက်ပိုင်း တိုးတက်ဖြစ်ပေါ်မှုအကြောင်း မေးခွန်းများ မမေးမြန်းကြပေ။ ပြဿနာတစ်စုံတစ်ရာ၊ လမ်းလွဲမှုတစ်စုံတစ်ရာ သို့မဟုတ် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းရှိမရှိ မမေးမြန်းကြပေ။ ၎င်းတို့သည် အလုပ်တာဝန်ချပေးပြီးသည်နှင့် ၎င်းတို့၏ အလုပ် ပြီးဆုံးပြီဟု မှတ်ယူကြသည်။ အမှန်တကယ်တွင် ခေါင်းဆောင်တစ်ယောက်အနေဖြင့် အလုပ်များကို စီစဉ်ပေး၍ ပြီးသွားပြီးနောက်တွင် အလုပ်၏ တိုးတက်မှုကို နောက်ဆက်တွဲ လိုက်လုပ်ရမည် ဖြစ်သည်။ သင်သည် ဤအလုပ်နယ်ပယ်ကို မရင်းနှီးလျှင်ပင်၊ ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သိမြင်မှုမျှ မရှိလျှင်ပင် ထိုအလုပ်ကို လုပ်ဆောင်ရန် နည်းလမ်းရှာနိုင်သည်။ စိစစ်မှုကို ဆောင်ရွက်ပြီး အကြံပြုချက်များပေးရန် ယင်းကို အမှန်တကယ် နားလည်သဘောပေါက်သော၊ အဆိုပါ အတတ်ပညာကို နားလည်သောသူတစ်ဦးကို သင်ရှာဖွေနိုင်သည်။ သူတို့၏ အကြံပြုချက်များမှ သင့်တင့်လျောက်ပတ်သော စည်းမျဉ်းများကို သင် ရှာဖွေဖော်ထုတ်နိုင်သည်။ ဤသို့ဖြင့် သင်သည် အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်နိုင်လိမ့်မည်။ အဆိုပါ အတတ်ပညာနှင့် သင် ရင်းနှီးခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ယင်းကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သင်သည် ထိုအလုပ်ကို ဦးစီးဆောင်ရွက်ရမည်၊ နောက်ဆက်တွဲ လိုက်လုပ်ရမည်ဖြစ်ပြီး ယင်း၏ တိုးတက်မှုနှင့်ပတ်သက်၍ အဆက်မပြတ် စုံစမ်းခြင်းနှင့် မေးခွန်းများ မေးခြင်းတို့ကို ပြုလုပ်ရမည်။ ထိုသို့သော ကိစ္စများကို နားလည်သဘောပေါက်မှုအား သင်ထိန်းသိမ်းထားရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ယင်းသည် သင့်အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အလုပ်ကို နောက်ဆက်တွဲမလုပ်ခြင်း၊ တာဝန်ချပေးပြီးသည်နှင့် မည်သည့်အရာမျှ ဆက်မလုပ်တော့ခြင်း၊ ယင်းနှင့် လုံးဝ မပတ်သက်တော့ခြင်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များက ကိစ္စများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ အလုပ်နှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ မလုပ်ခြင်းဖြစ်စေ၊ လမ်းညွှန်ချက်မပေးခြင်းဖြစ်စေ၊ စုံစမ်းမှု မပြုခြင်းဖြစ်စေ၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို မဖြေရှင်းခြင်းဖြစ်စေ၊ အလုပ်၏ တိုးတက်မှုကို သို့မဟုတ် ထိရောက်မှုကို သဘောမပေါက်ခြင်းဖြစ်စေ ဤသည်တို့မှာလည်း အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) “အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်၏ တိုးတက်မှုနှင့်ပတ်သက်၍ မသိရှိသောကြောင့်၊ ၎င်းတို့သည် အလုပ်တွင် ပေါ်ပေါက်လာသည့် ပြဿနာများကိုဖြေရှင်းနိုင်စွမ်း ရှိဖို့ မဆိုထားနှင့်၊ အချိန်မီ ဖော်ထုတ်နိုင်စွမ်းမရှိကြသောကြောင့် ယင်းက ထပ်ခါထပ်ခါ နှောင့်နှေးမှုများ မကြာခဏဖြစ်စေသည်။ အချို့အလုပ်တွင် လူတို့သည် စည်းမျဉ်းများကို နားလည်သဘောပေါက်ခြင်း မရှိသောကြောင့်၊ တာဝန်ခံရန်၊ သို့မဟုတ် ဦးဆောင်ရန် သင့်တော်သောသူ မည်သူမျှမရှိသောကြောင့် အလုပ်ကို ဆောင်ရွက်နေသောသူတို့သည် အပျက်သဘောဆောင်ခြင်း၊ မတက်မကြွဖြစ်ခြင်း၊ စောင့်ဆိုင်းခြင်းအခြေအနေတွင် မကြာခဏရှိကြသည်။ ယင်းသည် အလုပ်တိုးတက်မှုကို အလွန်အမင်းထိခိုက်သည်။ ခေါင်းဆောင်က သူ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီးဖြစ်လျှင်၊ သူသည် အလုပ်ကို ဦးဆောင်ခဲ့လျှင်၊ ရှေ့ဆက်စေခဲ့လျှင်၊ ကြီးကြပ်ခဲ့လျှင်၊ အလုပ်ကို လမ်းညွှန်ပြသရန် ထိုနယ်ပယ်ကို နားလည်သောသူတစ်ယောက်အား တွေ့ခဲ့လျှင် အလုပ်သည် ထပ်ခါထပ်ခါ နှောင့်နှေးမှုများ ကြုံရခြင်းထက် ပို၍ မြန်ဆန်စွာ တိုးတက်ခဲ့ပြီးလိမ့်မည်။ ဤသို့ဆိုလျှင် ခေါင်းဆောင်များအတွက် အလုပ်၏ အခြေအနေကို နားလည်သဘောပေါက်ရန် မရှိမဖြစ်လိုအပ်သည်။ တိုးတက်မှုသည် အလုပ်၏ ထိရောက်မှုနှင့်လည်းကောင်း၊ ဤအလုပ်က ရရှိသင့်သည့် ရလဒ်တို့နှင့်လည်းကောင်း ဆက်နွှယ်နေသည့်အတွက်၊ အလုပ်သည် မည်သို့တိုးတက်နေသည်ကို နားလည်သဘောပေါက်ရန် ခေါင်းဆောင်များအတွက် အလွန်ပင် လိုအပ်သည်မှာလည်း မှန်ပေသည်။ အသင်းတော်အလုပ်က မည်သို့ရှေ့ဆက်နေသည်ကို ခေါင်းဆောင်များ၊ အမှုဆောင်များက သဘောမပေါက်လျှင်၊ ၎င်းတို့သည် အမှုအရာများအား နောက်ဆက်တွဲ လိုက်မလုပ်လျှင်၊ သို့မဟုတ် မကြီးကြပ်လျှင် အသင်းတော်အလုပ်တိုးတက်မှုသည် နှေးကွေးမည်မှာ အသေအချာပင်ဖြစ်သည်။ ဤသည်မှာ တာဝန်များကို ထမ်းနေသောလူအများစုသည် ဆိုးရွားစွာ ယုတ်ညံ့သော သူများဖြစ်သည့်၊ ဝန်တာထားစိတ်မရှိဘဲ မကြာခဏ အပျက်သဘောဆောင်၍ မတက်မကြွဖြစ်ကာ ဝတ်ကျေတမ်းကျေလုပ်သည့်အချက်ကြောင့် ဖြစ်သည်။ အလုပ်အတွက် တာဝန်ယူလျက် လက်တွေ့ကျသောပုံစံဖြင့် ဝန်တာထားစိတ်နှင့် အလုပ်လုပ်နိုင်စွမ်းရှိသည့်၊ အလုပ်၏ တိုးတက်မှုကို အချိန်မီသိရှိအောင်ပြုလုပ်သည့်၊ တာဝန်များကို ထမ်းဆောင်သည့် အလုပ်လုပ်သူများကို လမ်းညွှန်သည့်၊ ကြီးကြပ်သည့်၊ ဆုံးမပဲ့ပြင်ပြီး ပြုပြင်သည့် သူတစ်ဦးမျှမရှိလျှင် အလုပ်ထိရောက်မှုအဆင့်သည် သဘာဝအလျောက် အလွန်နိမ့်ကျမည်ဖြစ်ပြီး အလုပ်၏ ရလဒ်များသည် အလွန်ပင် ညံ့ဖျင်းလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကိုပင် ရှင်းလင်းစွာ မမြင်နိုင်လျှင် ၎င်းတို့သည် မိုက်မဲပြီး မမြင်မကန်းဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်တိုးတက်မှုကို ချက်ချင်း စူးစမ်းရမည်။ နောက်ဆက်တွဲလိုက်လုပ်ပြီး သဘောပေါက်ရမည်။ တာဝန်ထမ်းဆောင်နေသော လူများတွင်ရှိသည့် မည်သည့်ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်ကို စူးစမ်းရမည်။ ပြီးလျှင် ပိုမိုကောင်းမွန်သော ရလဒ်များရရှိရန်အတွက် မည်သည့်ပြဿနာများအား ဖြေရှင်းသင့်သည်ကို နားလည်ရမည်။ ဤအရာများအားလုံးသည် အလွန်အရေးပါသည်။ ခေါင်းဆောင်အဖြစ် လုပ်ဆောင်နေသောသူသည် ဤအရာများကို ရှင်းလင်းစွာ သိရမည်။ သင့်တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်အတွက် သင်သည် အပေါ်ယံအလုပ်တစ်ခုခုကို လုပ်ဆောင်ပြီး ထို့နောက်တွင် မိမိ၏တာဝန်ကို ကောင်းစွာလုပ်ဆောင်ခဲ့သည်ဟု ထင်သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကဲ့သို့ မဖြစ်ရပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့အလုပ်တွင် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်း လုပ်ဆောင်သည်။ တာဝန်သိစိတ်မရှိ။ ပြဿနာများ ဖြစ်ပေါ်သောအခါ မဖြေရှင်းပေ။ ပြီးလျှင် ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်နေပါစေ အပေါ်ယံသာ လုပ်ဆောင်ပြီး ယင်းကို ဝတ်ကျေတမ်းကျေဆန်စွာ ကိုင်တွယ်သည်။ ၎င်းတို့သည် စကားကြီးစကားကျယ်များသာ ပြောသည်၊ အယူဝါဒများနှင့် အနှစ်မဲ့သောစကားများကို ကရားရေလွှတ်ပြောဆိုသည်။ ပြီးလျှင် ၎င်းတို့အလုပ်၌ ဖြစ်သလိုသာလုပ်ဆောင်သည်။ အကြမ်းဖျင်းအားဖြင့် ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်နည်းလမ်းနှင့်ဆိုင်သော အခြေအနေ ဖြစ်သည်။ အန္တိခရစ်များနှင့် ယှဉ်ကြည့်လျှင် အယောင်ဆောင်ခေါင်းဆောင်များသည် လူသိရှင်ကြား ဆိုးယုတ်သော အရာတစ်ခုကိုမျှ မလုပ်ဆောင်သကဲ့သို့ မကောင်းမှုကို တမင်သက်သက် မလုပ်ဆောင်သော်လည်း ၎င်းတို့အလုပ်၏ ထိရောက်မှုကို ကြည့်သောအခါတွင် ၎င်းတို့အား ဝတ်ကျေတမ်းကျေဆန်သူများအဖြစ်၊ ဝန်တာစိတ်မရှိသူများအဖြစ်၊ တာဝန်မဲ့ပြီး မိမိတို့၏ တာဝန်အပေါ် သစ္စာစောင့်သိမှု မရှိသူများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းသည် တရားနည်းလမ်းကျပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဟာ သူတို့ရဲ့အလုပ်မှာ ဘယ်လိုသဘောထားမျိုး ရှိသင့်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်က ထောက်ပြထားတယ်၊ အဲဒါကတော့ အလုပ်ရဲ့ တိုးတက်မှုကို တက်တက်ကြွကြွ နောက်ဆက်တွဲ လိုက်လုပ်ဖို့၊ မေးမြန်းဖို့နဲ့ စုံစမ်းဖို့ပါပဲ၊ ပြီးတော့ အလုပ်တွေ ချောချောမွေ့မွေ့ တိုးတက်ဖို့အတွက် ပြဿနာတွေ၊ အခက်အခဲတွေ အမျိုးမျိုးကို ဖြေရှင်းပေးဖို့ပေါ့။ ဒါတွေဟာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့ တာဝန်တွေပါပဲ။ အတွေ့အကြုံ မရှိရင်တောင်မှ အတတ်ပညာကျွမ်းကျင်တွေကို နားလည်တဲ့သူတွေဆီကနေ ရှာဖွေနိုင်ပါတယ်၊ ပြီးတော့ အဲဒီကနေတစ်ဆင့် လက်တွေ့လုပ်ဆောင်တဲ့ စည်းမျဉ်းတွေကို ရှာဖွေနိုင်တာကြောင့် အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်နိုင်မှာပါ။ ဒါပေမဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ကတော့ လက်ရှိအခြေအနေတွေ ဒါမှမဟုတ် အလုပ်ရဲ့ တိုးတက်မှုကို နားလည်သဘောပေါက်တာမျိုး မရှိဘူး၊ ပြီးတော့ အလုပ်တစ်ခုချင်းစီကနေ ဘယ်လိုရလဒ်တွေ ရသင့်တယ်ဆိုတာ ဒါမှမဟုတ် လူတွေ ဘယ်လိုအခြေအနေရှိကြလဲဆိုတာကို သူတို့ နားမလည်ကြဘူး။ သူတို့က အပေါ်ယံနဲ့ ဖြစ်ကတတ်ဆန်း လုပ်ကြတယ်၊ လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်ဘဲ ဟန်ပြလောက်ပဲ လုပ်ကြတယ်လေ၊ အဲဒါက အလုပ်ကို တိုးတက်မလာစေဘူး။ ဘုရားသခင် ဖော်ထုတ်ခဲ့တာက ကျွန်တော့်ရဲ့ အပြုအမူ အတိအကျပါပဲ။ ဧဝံဂေလိအလုပ်မှာတုန်းက အစပိုင်းမှာ နားမလည်ဘူးဆိုတာကို အကြောင်းပြချက်အနေနဲ့ သုံးပြီး အလုပ်ကို ကြီးကြပ်ဖို့ မိုလီ့ဆီ လွှဲပေးခဲ့တယ်လေ။ သူက ခေါင်းဆောင်လုပ်ခဲ့ဖူးပြီး ဧဝံဂေလိအလုပ်နဲ့ ရင်းနှီးတဲ့အတွက် သူ တာဝန်ယူနိုင်လောက်တယ်လို့ ကျွန်တော် တွေးခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ တရားဟောလို့ရတဲ့ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေ သူတို့ရဲ့တာဝန်တွေမှာ ဘာပြဿနာတွေ၊ အခက်အခဲတွေ ရှိနေလဲဆိုတာကို ကျွန်တော် တကယ်တမ်း နောက်ဆက်တွဲ လိုက်မလုပ်ခဲ့ဘူး၊ မမေးမြန်းခဲ့ဘူး။ အလုပ်တွေအားလုံး အကောင်အထည်ဖော်ပြီးပြီလို့ မိုလီက ပြောထားတဲ့အတွက်ကြောင့်၊ ပြီးတော့ သူက အခက်အခဲ တစ်ခုမှ မပြောပြတဲ့အတွက်ကြောင့် ကျွန်တော့်မှာ စိတ်ပူစရာ သိပ်မရှိဘူးလို့တောင် တွေးခဲ့တယ်၊ ဒါကြောင့် ဧဝံဂေလိအလုပ်မှာ ကျွန်တော် မပါဝင်ခဲ့ဘူး။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်ရဲ့ ကိစ္စရပ်အားလုံးရဲ့ တိုးတက်မှုနဲ့ အခြေအနေတွေကို ဆက်လုပ်ဖို့၊ စုံစမ်းဖို့နဲ့ ကြီးကြပ်ဖို့ ကျွန်တော့်မှာ တာဝန်ရှိတာပါ၊ ဧဝံဂေလိအလုပ်ကို မိုလီကို ကြီးကြပ်ခိုင်းထားရင်တောင်မှ အသေးစိတ်တွေကို ကျွန်တော်က နောက်ဆက်တွဲ လိုက်လုပ်ဖို့၊ ကြီးကြပ်ဖို့နဲ့ စုံစမ်းဖို့ လိုသေးတာပဲလေ။ အလုပ်က ရလဒ်မထွက်ဘူးဆိုရင် အကြောင်းရင်းတွေကို ရှာပြီး ပြဿနာတွေနဲ့ အခက်အခဲတွေကို အချိန်မီ ကျွန်တော် ဖြေရှင်းပေးရမှာပေါ့။ ဒါပေမဲ့ အလုပ်ကို သူများတွေဆီ ပုံချခဲ့ပြီး လက်ရှောင်တဲ့ သဘောထားမျိုး စထားခဲ့တယ်၊ ရလဒ်အနေနဲ့ ဧဝံဂေလိအလုပ်က နှောင့်နှေးသွားခဲ့တယ်။ အပေါ်ယံကြည့်ရင်တော့ ကျွန်တော်ဟာ သိသာတဲ့ မကောင်းမှု၊ အနှောင့်အယှက် တစ်ခုမှ မလုပ်ထားဘဲ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေပုံပေါက်တယ်၊ ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဇာတိပကတိကို လိုက်လျောပြီး လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်ခဲ့ဘူးလေ၊ ဒါက ဧဝံဂေလိအလုပ်ကို ရလဒ်မထွက်စေခဲ့ဘူး။ ကျွန်တော်က အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ပါ၊ ဒီတာဝန်နဲ့ လုံးဝ မထိုက်တန်ပါဘူး။ ဒါကို တွေးမိတော့ ကျွန်တော် အတော်လေး နောင်တရမိတယ်။ ဒီအတိုင်း ဆက်သွားလို့ မရတော့ဘူး၊ ကိုယ့်တာဝန်တွေအပေါ်ထားတဲ့ သဘောထားကို အမြန်ဆုံး ပြောင်းလဲရမယ်။ အဲဒီနောက်မှာ ဧဝံဂေလိအလုပ်ကို ကျွန်တော် တကယ်တမ်း စပြီး နောက်ဆက်တွဲ လိုက်လုပ်ခဲ့တယ်၊ ပြီးတော့ အလုပ်မှာ ပြဿနာတွေ တွေ့တဲ့အခါ ဖြေရှင်းဖို့ မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ဧဝံဂေလိအလုပ်ဟာ တဖြည်းဖြည်း ရလဒ်တွေ ထွက်လာတော့တယ်။ အချိန်အတော်ကြာ အလုပ်လုပ်ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် နည်းနည်းပြောင်းလဲသွားပြီလို့ ထင်ခဲ့တယ်၊ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်တော် ထပ်ပြီး ထုတ်ဖော်ခံလိုက်ရတယ်လေ။
သုံးလေးလလောက်ကြာတော့ အခြားအသင်းတော်တစ်ခုမှာ ခေါင်းဆောင်လုပ်ဖို့ ကျွန်တော် ပြောင်းရွှေ့ခံရတယ်၊ ကျွန်တော့်ရဲ့ အဓိကတာဝန်က အသင်းတော်ရဲ့ သန့်စင်တဲ့အလုပ်ကို ကြီးကြပ်ဖို့ပါ။ မယုံကြည်သူတွေနဲ့ ဆိုးယုတ်တဲ့လူတွေကို ဖယ်ရှားဖို့ အထောက်အထားတချို့က မပြည့်စုံဘဲ အချက်အလက်ဆိုင်ရာ သက်သေအထောက်အထားတွေ ထပ်ဖြည့်ဖို့ လိုနေတာကို တွေ့ရလို့ သန့်စင်တဲ့အလုပ် လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော် မိတ်သဟာယဖွဲ့ခဲ့တယ်။ ဒါပေမဲ့ သူတို့က လေ့ကျင့်တာ သိပ်မကြာသေးဘူးဆိုတော့ စည်းမျဉ်းတွေကို နားမလည်ကြတဲ့အပြင် အဓိကအချက်တွေကိုလည်း သဘောမပေါက်နိုင်ကြဘူးလေ၊ ဒါကြောင့် သူတို့ဖြည့်စွက်ထားတဲ့ အထောက်အထားတွေက မပြည့်စုံဘဲ ပြင်ဆင်ဖို့ အခေါက်ခေါက်အခါခါ လုပ်နေရတယ်။ တစ်ခါက သူတို့ဖြည့်စွက်ထားတဲ့ အထောက်အထားတွေမှာ အသေးစိတ်တွေ လိုနေသေးတာကို တွေ့လိုက်ရတယ်၊ အဲဒီအခါ ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒီစည်းမျဉ်းတွေကို ငါ ခဏခဏ မိတ်သဟာယဖွဲ့ပေးပြီးပြီ။ သဘောတရားအရတော့ သူတို့ နားလည်ပေမဲ့ လက်တွေ့မှာ မတူညီတဲ့ အခြေအနေတွေနဲ့ ကြုံလာရတဲ့အခါ ဘာလုပ်ရမှန်း မသိကြဘူး။ သူတို့ မြန်မြန်ဆန်ဆန် တတ်ကျွမ်းလာအောင် အထောက်အထားတချို့ စုစည်းရာမှာ သူတို့ကို ငါကိုယ်တိုင် လက်တွေ့ လမ်းပြပေးမှ ရတော့မယ်ထင်တယ်။ ဒါဆို သူတို့ရဲ့တာဝန်တွေကို ပိုပြီး ထိထိရောက်ရောက် လုပ်ကြမှာပေါ့” လို့လေ။ ဒါပေမဲ့ ပြန်တွေးကြည့်တော့ “သန့်စင်ခြင်း အထောက်အထားတွေ စုစည်းရာမှာ သူတို့ကို ငါကူညီပေးရင် အချိန်နဲ့ ခွန်အားတွေ အများကြီး ကုန်မှာပဲ။ အခုတောင် ငါ့တာဝန်တွေနဲ့ ငါ အရမ်းအလုပ်များနေတာ၊ အဲဒါဆို ဘယ်လောက်တောင် ပင်ပန်းသွားမလဲ ဘယ်သူသိမှာလဲ။ ပြီးတော့ ငါက ဒီအလုပ်တွေကို လစ်လျူရှုထားတာမှ မဟုတ်တာ၊ သူတို့ လေ့ကျင့်ဖို့ လိုတယ်လေ၊ ပြီးတော့ ငါက ကြီးကြပ်ပေးပြီး စစ်ဆေးပေးရုံဆိုရင် အဆင်ပြေမှာပါ။ ဒါမှပဲ သူတို့ တိုးတက်လာနိုင်မှာ” လို့ပေါ့။ ဒီလိုမျိုးတွေ တွေးပြီးတော့ သူတို့ကို မိတ်သဟာယဖွဲ့တာနဲ့ ဆန်းစစ်ပြတာလောက်ပဲ လုပ်ခဲ့တယ်၊ ဒီအထောက်အထားတွေကို သူတို့ဘာသာပဲ ဖြည့်စွက်ခိုင်းလိုက်တယ်။ ဒါပေမဲ့ ဖြည့်စွက်ထားတဲ့ အထောက်အထားတွေမှာ လိုအပ်ချက်တွေ ရှိနေတုန်းပဲလေ၊ ပြီးတော့ အထောက်အထား တော်တော်များများကို ခဏခဏ ပြန်လုပ်နေရတော့ အလုပ်တိုးတက်မှုကို အတော်လေး နှောင့်နှေးသွားစေတယ်။ နောက်ပိုင်း စုဝေးပွဲတစ်ခုမှာတော့ သန့်စင်တဲ့အလုပ် ဘယ်လိုအနေအထား ရှိလဲဆိုတာကို အထက်ခေါင်းဆောင်တွေ သိသွားပြီး ကျွန်တော့်ကို ထောက်ပြကြတယ်၊ “ဒီအလုပ်တွေနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေကို ခင်ဗျားက မိတ်သဟာယဖွဲ့ပေးပြီး သုံးသပ်ပေးခဲ့တယ် ဆိုပေမဲ့ ဒီအထောက်အထား တစ်ခုချင်းစီကို သူတို့က အခေါက်ခေါက်အခါခါ ဖြည့်စွက်နေရတော့ ဒါက အလုပ်တိုးတက်မှုကို အများကြီး နှောင့်နှေးသွားစေတယ်။ အခုအခြေအနေမှာ ခင်ဗျားက ဒီအထောက်အထားတွေကို စုဆောင်းတာနဲ့ စီစဉ်တာတွေမှာ သူတို့နဲ့အတူတူ လိုက်လုပ်ပေးဖို့ လိုတယ်၊ သူတို့ကို အမှန်တကယ် လေ့ကျင့်ပေးပြီး သူတို့ရဲ့ တာဝန်တွေမှာ ထိရောက်မှု တိုးတက်အောင် လုပ်ပေးရမယ်။ ဒါဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ပဲ” တဲ့။ ခေါင်းဆောင်တွေက ကျွန်တော့်ကို ဒီလို ထောက်ပြတာကို ကြားတော့ အပြစ်ရှိသလို နည်းနည်းခံစားရတယ်။ ဒီအလုပ်မှာ ကျွန်တော်ကိုယ်တိုင် လက်တွေ့ကျကျ ပါဝင်ခဲ့ရင် အလုပ်က ဒီလောက်ကြီး နှောင့်နှေးသွားမှာ မဟုတ်ဘူးလေ။
စုဝေးပွဲမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်တို့ ဖတ်ခဲ့ကြတယ်။ “‘ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ’ ဟူသည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့နေစဉ် မကြာခဏ ပြောဆိုဆွေးနွေးကြပြီးဖြစ်သည့် နောက်ထပ် အယောင်ဆောင် ခေါင်းဆောင်တစ်မျိုးရှိသည်။ ဤအမျိုးအစားတွင် အစွမ်းအစ အနည်းငယ်ရှိသည်။ ၎င်းတို့သည် ဉာဏ်မထက်မြက်သူများ မဟုတ်ကြပေ။ ၎င်းတို့၏ အလုပ်တွင် နည်းလမ်းများနှင့် နည်းစနစ်များ ရှိသည့်အပြင် ပြဿနာများကို ဖြေရှင်းခြင်းအတွက် အစီအစဉ်များလည်း ရှိကြပြီး ၎င်းတို့အား အလုပ်တစ်ခု ပေးအပ်သည့်အခါ မျှော်လင့်ထားသည့် စံနှုန်းများနှင့် နီးစပ်အောင် အကောင်အထည်ဖော်နိုင်ကြသည်။ အလုပ်တွင် ပေါ်ပေါက်လာသည့် မည်သည့်ပြဿနာကိုမဆို ၎င်းတို့က ရှာဖွေတွေ့ရှိနိုင်ပြီး အချို့ကိုလည်း ဖြေရှင်းပေးနိုင်ကြသည်။ အချို့လူများ တင်ပြသည့် ပြဿနာများကို ကြားရသည့်အခါ သို့မဟုတ် အချို့လူများ၏ အပြုအမူ၊ သရုပ်သကန်များ၊ စကားနှင့် လုပ်ရပ်များကို သတိပြုမိသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် တုံ့ပြန်မှုတစ်ခုရှိကြပြီး ၎င်းတို့တွင် ကိုယ်ပိုင်ထင်မြင်ချက်နှင့် သဘောထားတစ်ခု ရှိကြသည်။ ဤလူများက သမ္မာတရားကို လိုက်စားပြီး ဝန်တာစိတ်ရှိကြလျှင် ဤပြဿနာအားလုံးကို ဖြေရှင်း၍ရပေသည်။ သို့သော် ယနေ့ ငါတို့ မိတ်သဟာယဖွဲ့နေသည့် လူအမျိုးအစား၏ တာဝန်အောက်ရှိ အလုပ်တွင်မူ ပြဿနာများက မမျှော်လင့်ဘဲ မဖြေရှင်းဘဲ ကျန်ရှိနေသည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤလူများသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သက်သာလွယ်ကူမှုကို နှစ်သက်ပြီး ကြိုးစားအားထုတ်ရခြင်းကို မုန်းတီးကြသည်။ ၎င်းတို့သည် အပေါ်ယံအားဖြင့် ဝတ်ကျေတမ်းကျေ အားထုတ်မှုများကိုသာ ပြုလုပ်နေကြသည်။ ၎င်းတို့သည် အလုပ်မရှိဘဲ အားနေခြင်းနှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းအား နှစ်သက်ကြပြီး လူများကို အမိန့်ပေးခြင်းအား နှစ်သက်ကြသည်။ ၎င်းတို့သည် ပါးစပ်ကိုသာ အနည်းငယ် လှုပ်ရှားပြီး အကြံဉာဏ်အချို့ ပေးကာ ထို့နောက်တွင် မိမိတို့၏အလုပ် ပြီးပြီဟု မှတ်ယူကြသည်။ အသင်းတော်၏ လက်တွေ့ကျသော အလုပ် သို့မဟုတ် ဘုရားသခင်က ၎င်းတို့အား အပ်နှံသည့် အရေးကြီးသောအလုပ် တစ်ခုတလေကိုမျှ နှလုံးမသွင်းကြပေ။ ၎င်းတို့တွင် ဤဝန်တာစိတ် မရှိကြသည့်အပြင် ဘုရားအိမ်တော်က ဤအရာများကို ထပ်တလဲလဲ အလေးပေးပြောဆိုလျှင်ပင် ၎င်းတို့က နှလုံးမသွင်းကြသေးပေ။ ဥပမာအားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် သို့မဟုတ် စာနှင့်ပတ်သက်သောအလုပ်တွင် ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် စုံစမ်းမေးမြန်းရန် အလိုမရှိကြသကဲ့သို့ ဤအလုပ်အမျိုးအစားများက မည်သို့ တိုးတက်နေသည်ကိုလည်းကောင်း၊ မည်သည့်ရလဒ်များ စွမ်းဆောင်ရရှိနေသည်ကိုလည်းကောင်း စစ်ဆေးရန် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် သွယ်ဝိုက်သော စုံစမ်းမေးမြန်းမှုအချို့ကိုသာ ပြုလုပ်ကြပြီး လူများက ဤအလုပ်နှင့်ပတ်သက်၍ အလုပ်များနေကြပြီး ဤအလုပ်အား လုပ်ဆောင်နေကြသည်ကို သိလိုက်သည်နှင့်တစ်ပြိုင်နက် ယင်းကို နောက်ထပ် ဂရုမစိုက်ကြတော့ပေ။ အလုပ်တွင် ပြဿနာများရှိကြောင်း ၎င်းတို့ လုံးဝ ကောင်းစွာ သိသည့်အခါတွင်ပင် ၎င်းတို့သည် မိတ်သဟာယဖွဲ့ပြီး ထိုပြဿနာများကို မဖြေရှင်းချင်ကြသေးသည့်အပြင် လူများက မိမိတို့၏ တာဝန်များအား မည်သို့ ထမ်းဆောင်နေကြသည်ကိုလည်း စုံစမ်းမေးမြန်းခြင်း သို့မဟုတ် စစ်ဆေးခြင်း မရှိကြပေ။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများကို စုံစမ်းမေးမြန်းခြင်း သို့မဟုတ် စစ်ဆေးခြင်း မရှိကြသနည်း။ ၎င်းတို့က ထိုအရာများကို စစ်ဆေးလျှင် ဖြေရှင်းပေးရမည့် စောင့်ဆိုင်းနေသော ပြဿနာများစွာ ရှိလိမ့်မည်ဖြစ်ပြီး ယင်းမှာ အလွန် စိတ်ပူပန်စရာ ဖြစ်လိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်။ ပြဿနာများကို ၎င်းတို့ အမြဲ ဖြေရှင်းနေရမည်ဆိုလျှင် ဘဝက အလွန်အမင်း ပင်ပန်းစရာဖြစ်လိမ့်မည်ဖြစ်ခြင်း။ အကယ်၍ ၎င်းတို့ အလွန်အမင်း စိုးရိမ်ပူပန်ပါက အစားအစာသည် ၎င်းတို့အတွက် အရသာရှိတော့မည် မဟုတ်ဘဲ ကောင်းစွာ အိပ်စက်နိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့၏ ဇာတိပကတိသည် ပင်ပန်းလိမ့်မည်ဖြစ်ပြီး ထိုအခါ ဘဝသည် စိတ်မချမ်းမြေ့စရာ ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ပြဿနာတစ်ခုကို ၎င်းတို့ မြင်သည့်အခါတွင် ရှောင်လွှဲနိုင်လျှင် ရှောင်လွှဲပြီး လျစ်လျူရှုနိုင်လျှင် လျစ်လျူရှုကြသည်။ ဤလူအမျိုးအစားနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ (၎င်းတို့ အလွန်ပျင်းရိကြပါသည်။) မည်သူသည် ဆိုးရွားသော ပြဿနာ ရှိသလောဟူသည်ကို ငါ့အား ပြောလော့။ ပျင်းရိသောလူများလော၊ သို့မဟုတ် အစွမ်းအစညံ့ဖျင်းသောလူများလော။ (ပျင်းရိသောလူများဖြစ်ပါသည်။) အဘယ်ကြောင့် ပျင်းရိသောလူများက ဆိုးရွားသောပြဿနာရှိသနည်း။ (အစွမ်းအစနည်းသောလူများသည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင် မဖြစ်နိုင်သော်လည်း ၎င်းတို့တတ်စွမ်းနိုင်သမျှ တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါတွင် အတော်အတန် ထိရောက်နိုင်သည်။ သို့ရာတွင် ပျင်းရိသောလူများက မည်သည့်အရာကိုမျှ မလုပ်နိုင်ပေ။ ၎င်းတို့သည် အစွမ်းအစရှိလျှင်ပင် ယင်းက အကျိုးသက်ရောက်မှု မရှိပါ။) ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်လက်တွေ့ကျသည့် အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် လူများ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခများကို ခါးစည်းခံရန် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် မွေ့လျော်ခံစားရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မထိုက်တန်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းတို့သည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) အယောင်ဆောင်ခေါင်းဆောင်တွေ လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်ရတဲ့ အဓိကအကြောင်းရင်းဟာ ပျင်းရိမှုကြောင့်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့က ဇာတိပကတိ သက်သာရာကို မွေ့လျော်ခံစားတယ်၊ လူတွေကို ဆရာလုပ်ရတာကို သဘောကျပြီး ပြဿနာတွေကို မြင်ရင်တောင် မဖြေရှင်းချင်ကြဘူးလေ။ သူတို့ရဲ့တာဝန်တွေအတွက် ဝန်တာထားစိတ် ဒါမှမဟုတ် တာဝန်ယူစိတ် လုံးဝမရှိဘူး၊ သူတို့ရဲ့ အစွမ်းအစက ဘယ်လောက်ပဲ ကောင်းနေပါစေ အသုံးမကျသေးပါဘူး။ ဘုရားသခင် ဖော်ထုတ်ထားတဲ့ အယောင်ဆောင်ခေါင်းဆောင်တွေရဲ့ အပြုအမူ အမျိုးမျိုးဟာ ကျွန်တော့်ရဲ့ အပြုအမူကို ဖော်ပြနေသလိုပဲ ခံစားရတယ်။ မကြာသေးခင်က ကျွန်တော့်ရဲ့တာဝန်ဆိုတာ လူတွေကို ဆရာလုပ်ခိုင်းစေရုံသက်သက်ပဲ ဖြစ်နေခဲ့တာ။ ကျွန်တော်ဟာ အပြောပဲ ရှိနေခဲ့ပြီး ကိစ္စတွေ အခြေခံအဆင့်မှာ ဘယ်လိုအခြေအနေရှိလဲဆိုတာပဲ အမြဲမေးခဲ့တယ်။ ရလဒ်တွေကို မရှာဖွေခဲ့သလို ပြဿနာတွေကိုလည်း မဖြေရှင်းခဲ့ဘူး၊ အနှစ်သာရအားဖြင့် ကျွန်တော်ဟာ လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်ဘဲ ကိုယ့်အဆင့်အတန်းရဲ့ အကျိုးခံစားမှုတွေကိုပဲ ပျော်မွေ့ခံစားနေခဲ့တာလေ။ အထူးသဖြင့် ပျင်းတဲ့သူတွေမှာ ကိုယ်ကျင့်စရိုက် ပြဿနာတွေရှိတယ်လို့ ဘုရားသခင် ပြောထားတာကို ကျွန်တော် တွေ့လိုက်ရတယ်၊ သူတို့က သူတို့ရဲ့တာဝန်တွေမှာ ဒုက္ခမခံချင်ကြဘူး၊ အဖိုးအခ မပေးဆပ်ချင်ကြဘူး၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တယ်၊ သူတို့ရဲ့ အလုပ်လုပ်ပေးတာကတောင် စံနှုန်းမပြည့်မီဘူး၊ ပြီးတော့ ဘုရားသခင်က အဲဒီလိုလူမျိုးတွေကို တကယ်ပဲ စက်ဆုပ်ရွံရှာတယ် ဆိုတာကိုပေါ့။ ဒါက ကျွန်တော့်ကို အရမ်း ဝမ်းနည်းစေခဲ့တယ်။ ကိုယ့်တာဝန်မှာ ကျွန်တော့်ရဲ့ စိတ်နှလုံးနဲ့ ခွန်အားကို မစိုက်ထုတ်နိုင်ခဲ့တဲ့အပြင် ကိုယ့်ဝတ္တရားတွေကို ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့ရုံသာမက ဘုရားသခင် စက်ဆုပ်ရွံရှာတဲ့လူတစ်ယောက်လည်း ဖြစ်လာခဲ့ပြီလေ။ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ရတာဟာ ဘုရားသခင်ဆီကနေ ကြီးမားတဲ့ ချီးမြှောက်မှုတစ်ခု ဖြစ်နေပြီးသားပါ၊ ပြီးတော့ ဒါဟာ ကျွန်တော့်ကို လေ့ကျင့်ဖို့ ဘုရားသခင် ပေးထားတဲ့ အခွင့်အရေးတစ်ခုပါ။ ဒီတာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသင့်တယ်၊ ဒါက ကျွန်တော့်ရဲ့ အသက်တာ ကြီးထွားမှုအတွက်လည်း အကျိုးရှိစေမှာပါ။ လူတွေကို ဖယ်ထုတ်ပစ်ဖို့ အထောက်အထားတွေ စီစဉ်နေတဲ့ ညီအစ်ကိုမောင်နှမတွေဟာ လေ့ကျင့်ခါစပဲ ရှိသေးတယ်ဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိထားတယ်၊ ပြီးတော့ သူတို့က စည်းမျဉ်းတွေကို သဘောမပေါက်သေးဘူး၊ အခေါက်ခေါက်အခါခါ ဖြည့်စွက်ပြီးတဲ့နောက်မှာတောင် အထောက်အထားတွေက မပြည့်စုံသေးဘူးလေ။ ဒီအတိုင်းသာ ဆက်သွားနေရင် အလုပ်ကို နှောင့်နှေးသွားစေမှာပါ။ ဒီကိစ္စအတွက် ကျွန်တော် ပိုပြီး ဂရုတစိုက်နဲ့ သူတို့ကို အသေးစိတ် လမ်းပြပေးသင့်တာ။ သူတို့ စည်းမျဉ်းတွေကို အမြန်ဆုံး သဘောပေါက်နိုင်ဖို့အတွက် အထောက်အထားတချို့ စုစည်းရာမှာ ကျွန်တော်ကိုယ်တိုင် သူတို့နဲ့ လိုက်ပါလုပ်ဆောင်ပေးဖို့ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် အချိန်နဲ့ ခွန်အားတွေ အများကြီး ကုန်မယ်လို့ ကျွန်တော် ခံစားခဲ့ရတယ်၊ အဲဒါက ဇာတိပကတိ ဆင်းရဲဒုက္ခခံရပြီး ပင်ပန်းရမယ်ဆိုတဲ့ သဘောလေ၊ ဒါကြောင့် ဒီပြဿနာကို လက်တွေ့ကျကျ မဖြေရှင်းချင်ခဲ့ဘူး။ သူတို့ တိုးတက်လာဖို့အတွက် သူတို့ဘာသာ လေ့ကျင့်ဖို့ လိုတယ်ဆိုပြီးတော့တောင် အကြောင်းပြချက်တွေ ပေးခဲ့သေးတယ်။ ရလဒ်အနေနဲ့ အထောက်အထား တော်တော်များများဟာ မဖြည့်စွက်ရသေးဘဲ ရှိနေတာ အချိန်တော်တော်ကြာခဲ့တယ်။ တကယ်တော့ ကျွန်တော်သာ ပိုပြီး ဂရုတစိုက်နဲ့ အဖိုးအခ ပေးဆပ်ခဲ့မယ်ဆိုရင် ဒီပြဿနာတွေ ပြေလည်နိုင်ခဲ့မှာပါ၊ ဒါပေမဲ့ ကျွန်တော်က အရမ်းပျင်းလွန်းပြီး တာဝန်တွေမှာ ကိုယ့်ဇာတိပကတိအတွက်ပဲ စဉ်းစားနေခဲ့တာကိုး။ ကျွန်တော့်မှာ ဝတ်ကျေတမ်းကျေ လုပ်တဲ့ သဘောထားရှိပြီး အလုပ်အပေါ်မှာ ဝန်တာထားစိတ်၊ ဒါမှမဟုတ် တာဝန်ယူစိတ် လုံးဝမရှိခဲ့ဘူး၊ အဲဒီရဲ့ရလဒ်ကတော့ သန့်စင်တဲ့အလုပ်ဟာ နှောင့်နှေးသွားခဲ့ရတာပါပဲ။ ဒီအတိုင်းသာ ဆက်သွားရင် အနှေးနဲ့အမြန်ဆိုသလို ဘုရားသခင် ဖယ်ရှားရှင်းလင်းတာကို ကျွန်တော် ခံရမှာပဲ။ အရင်လိုမျိုး ဆက်သွားလို့ မရတော့ဘူးလေ။ ကိုယ့်တာဝန်တွေကို ပခုံးပြောင်းထမ်းပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ရမယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဟာ လက်တွေ့ကျတဲ့ အလုပ်ကို ဘယ်လိုလုပ်ရမယ် ဆိုတာနဲ့ပတ်သက်ပြီး လမ်းကြောင်းတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အလုပ်တာဝန်တစ်ခုအတွက် ကနဦး လမ်းပြမှုပေးသည့်အခါ အထူးအခြေအနေများအတွက် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များကို ပေးခြင်းအပြင် သာမန်အစွမ်းအစနှင့် အတော်အတန် ညံ့ဖျင်းသော အလုပ်လုပ်နိုင်စွမ်းရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပို၍ တိကျပြီး အသေးစိတ်ကျသော လမ်းပြမှု ပေးသင့်သည်။ ဤလူတို့သည် အလုပ်တာဝန်တစ်ခုအတွက် စည်းမျဉ်းများနှင့် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များကို အယူဝါဒအရ နားလည်နိုင်သော်လည်း အမှန်တကယ် အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်လာသည့်အခါ ယင်းတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြသေးပေ။ အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့သည့် အနည်းငယ်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို သင် မည်သို့ သဘောထားသင့်သနည်း။...သင်သည် သင်ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရမည်၊ သင်သည် အတော်အတန် အားနည်းပြီး အလုပ်လုပ်နိုင်စွမ်း အတော်အတန် ညံ့ဖျင်းသူများ တာဝန်ယူထားသည့် အသင်းတော်များကို ထည့်သွင်းစဉ်းစားရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စရပ်များတွင် အထူးဂရုပြုပြီး အထူးလမ်းပြမှု ပေးရမည်။ အထူးလမ်းပြမှုဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအပြင် သင်သည် ပို၍ တိကျပြီး အသေးစိတ်ကျသော ညွှန်ကြားမှုနှင့် အကူအညီကိုလည်း ပေးရမည်ဖြစ်ပြီး ယင်းမှာ ဆက်သွယ်ပြောဆိုရာတွင် ပို၍ အားထုတ်ရန် လိုအပ်သည်။ အကယ်၍ သင်သည် အလုပ်ကို ၎င်းတို့အား ရှင်းပြပြီး ၎င်းတို့ နားမလည်သေးသည့်အပြင်၊ မည်သို့ အကောင်အထည်ဖော်ရမည်ကို မသိပါက၊ သို့မဟုတ် ၎င်းတို့သည် ယင်းကို အယူဝါဒအရ နားလည်ပြီး မည်သို့ အကောင်အထည်ဖော်ရမည်ကို သိပုံရသော်လည်း၊ အမှန်တကယ် အကောင်အထည်ဖော်မှုက မည်သို့ဖြစ်လိမ့်မည်ကို သင် မသေချာသေးသည့်အပြင် အနည်းငယ် စိုးရိမ်နေပါက မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့ကို လမ်းပြရန်နှင့် တာဝန်ကို ၎င်းတို့နှင့်အတူ အကောင်အထည်ဖော်ရန် ဒေသခံအသင်းတော်ထဲသို့ ကိုယ်တိုင် ဝင်ရောက်သွားရန် လိုအပ်သည်။ စည်းမျဉ်းများကို ၎င်းတို့အား ပြောပြရင်း၊ တစ်ချိန်တည်းတွင် အလုပ်အစီအစဉ်များ၏ သတ်မှတ်ချက်များနှင့်အညီ ဦးစွာ မည်သည့်အရာ လုပ်ဆောင်ရမည်၊ ဆက်လက်၍ မည်သည့်အရာကို လုပ်ရမည်၊ လူတို့အား မည်သို့ ကောင်းစွာ ခွဲဝေပေးရမည်ဟူသကဲ့သို့သော တိကျသော စီစဉ်မှုများ ပြုလုပ်ရမည်။ ဤအရာများအားလုံးကို ကောင်းမွန်စွာ စီမံခန့်ခွဲရမည်။ ဤသည်မှာ ဆောင်ပုဒ်များ ကြွေးကြော်ခြင်း သို့မဟုတ် လက်ညှိုးထိုး ခိုင်းစေခြင်း၊ အယူဝါဒအချို့ဖြင့် ၎င်းတို့ကို ဟောပြောပို့ချပြီးနောက် သင်၏အလုပ် ပြီးပြီဟု မှတ်ယူခြင်းတို့နှင့် ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏အလုပ်တွင် ၎င်းတို့ကို လက်တွေ့ကျကျ လမ်းပြခြင်း ဖြစ်သည်။ ယင်းမှာ တိကျသော အလုပ်ကို လုပ်ဆောင်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်သည့်အပြင် ဆောင်ပုဒ်များ ကြွေးကြော်ခြင်းနှင့် လူတို့ကို ဩဇာပေးခြင်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ မဟုတ်ပေ။ ဒေသခံအသင်းတော် ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်သူများက အလုပ်ကို တာဝန်ယူနိုင်ပြီး အလုပ်သည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားကာ အခြေခံအားဖြင့် ကြီးမားသော ပြဿနာများ မရှိတော့သည့်အခါမှသာ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်က ထွက်သွား၍ရသည်။ ဤသည်မှာ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်တွင် ဖော်ပြထားသည့် ပထမဆုံး တိကျသော တာဝန်ဖြစ်သည့် လမ်းပြမှုပေးခြင်း ဖြစ်သည်။ သို့ဆိုလျှင် လမ်းပြမှုကို အတိအကျ မည်သို့ ပေးသင့်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဦးစွာ အလုပ်အစီအစဉ်များကို တွေးဆဆင်ခြင်ပြီး မိတ်သဟာယဖွဲ့ခြင်း၊ အလုပ်အစီအစဉ်များ၏ အမျိုးမျိုးသော တိကျသည့် သတ်မှတ်ချက်များကို လေ့လာပြီး နားလည်သဘောပေါက်ခြင်း၊ အလုပ်အစီအစဉ်များအတွင်းရှိ စည်းမျဉ်းများကို နားလည်ပြီး သဘောပေါက်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်သည်။ ထို့နောက် ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအတွက် အဆင့်အားလုံးတွင်ရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့်အတူ တိကျသော အစီအစဉ်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သင့်သည်။ ထို့အပြင် ၎င်းတို့သည် အထူးအခြေအနေများအတွက် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များကို ပေးသင့်ပြီး နောက်ဆုံးတွင် အတော်အတန် အားနည်းပြီး အတော်အတန် ညံ့ဖျင်းသော အစွမ်းအစရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပို၍ အသေးစိတ်ကျပြီး တိကျသော အကူအညီနှင့် ညွှန်ကြားမှုကို ပေးသင့်သည်။ အကယ်၍ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်ကို လုံးဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိပါက ထိုသို့သောအခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အထက်အဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး တာဝန်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကာ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းပြီး အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ဟူသည်နှင့် စည်းမျဉ်းများနှင့်အညီ အလုပ်အား မည်သို့ အကောင်အထည်ဖော်ရမည်ဟူသည်တို့ကို ၎င်းတို့အား သင်ယူစေသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀)) ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ လက်တွေ့ကျတဲ့ အလုပ်ကို ဘယ်လိုလုပ်ရမယ် ဆိုတဲ့ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ဘုရားသခင်က ထောက်ပြထားတယ်။ စည်းမျဉ်းတွေကို သဘောမပေါက်သေးဘဲ အလုပ်လုပ်နိုင်စွမ်း အားနည်းတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျွန်တော်တို့က ပိုပြီး အသေးစိတ်ကျတဲ့၊ တိကျတဲ့ အကူအညီနဲ့ လမ်းပြမှုတွေကို ပေးသင့်တာပေါ့။ ဒါဟာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဆီကနေ ဘုရားသခင် တောင်းဆိုတဲ့အရာပါပဲ။ သန့်စင်ခြင်းအလုပ်မှာ လေ့ကျင့်ခါစဖြစ်ပြီး စည်းမျဉ်းတွေကို သဘောမပေါက်သေးတဲ့ ဒီညီအစ်ကိုမောင်နှမတွေအတွက် ကျွန်တော်က အသေးစိတ်ကျပြီး တိကျတဲ့ လမ်းပြမှုတွေ ပေးခဲ့သင့်တယ်၊ ပြီးတော့ တကယ့်လက်တွေ့ အလုပ်အခြေအနေတွေမှာ သူတို့ကို ကိုယ်တိုင် သင်ပေးခဲ့သင့်တာလေ။ ဒါပေမဲ့ ကိုယ့်ဇာတိပကတိကိုပဲ အလေးထားပြီး လုပ်ဖို့လိုအပ်တဲ့ လက်တွေ့ကျတဲ့ အလုပ်ကို ဘာတစ်ခုမှ မလုပ်ခဲ့ဘူး၊ ရလဒ်အနေနဲ့ အလုပ်ကို နှောင့်နှေးသွားစေတယ်။ ဒါဟာ ကျွန်တော့်တာဝန်ကို ဆိုးဆိုးရွားရွား ပျက်ကွက်ခဲ့တာပါပဲ။ အသင်းတော်ရဲ့ သန့်စင်တဲ့အလုပ်ကို တာဝန်ယူထားရတော့ အသင်းတော်ထဲက မယုံကြည်သူတွေကိုရော အသင်းတော် အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တဲ့ ဆိုးယုတ်တဲ့လူတွေနဲ့ အန္တိခရစ်တွေကိုပါ ကျွန်တော် ဖယ်ရှားပစ်ဖို့ လိုအပ်တယ်၊ ဒါမှသာ ညီအစ်ကိုမောင်နှမတွေဟာ ကောင်းမွန်တဲ့ အသင်းတော် အသက်တာကို ရရှိနိုင်မယ်၊ သမ္မာတရားကို ပိုကောင်းကောင်း မိတ်သဟာယဖွဲ့နိုင်ပြီး အသက်တာ ကြီးထွားရင့်ကျက်လာနိုင်မှာပါ။ ဒါပေမဲ့ ကျွန်တော်က လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်ခဲ့တဲ့အတွက် အသင်းတော်ကနေ ဖယ်ရှားတာခံရသင့်တဲ့သူတွေဟာ အချိန်မီ ဖယ်ရှားတာကို မခံခဲ့ရဘူးလေ၊ အဲဒါက အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်နစ်နာစေတယ်။ ဒီကိစ္စမှာ အနှစ်သာရအားဖြင့် ကျွန်တော် ဒုစရိုက်အမှု လုပ်နေတာပါပဲ။ အဲဒီအချိန်ကစပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကျွန်တော့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်လာတယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက စည်းမျဉ်းတွေကို မြန်မြန်ဆန်ဆန် သဘောပေါက်ပြီး သူတို့ရဲ့တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်ဖို့ ချက်ချင်း မိတ်သဟာယဖွဲ့ပေးပြီး လမ်းပြပေးချင်လာတယ်။
မကြာခင်မှာပဲ အချက်အလက်ဆိုင်ရာ သက်သေအထောက်အထားတွေ အရေးတကြီး ဖြည့်စွက်ဖို့ လိုအပ်နေတဲ့ သန့်စင်ခြင်း အထောက်အထားတချို့ကို အထက်ခေါင်းဆောင်တွေက ပြန်ပို့လိုက်တယ်။ ဒီအလုပ်ကို ညီအစ်ကိုမောင်နှမတွေဆီ တာဝန်ချပေးလိုက်ဖို့ ကျွန်တော် တွေးမိပေမဲ့ သူတို့က စည်းမျဉ်းတွေကို သဘောမပေါက်သေးဘူးဆိုတာ သတိပြုမိသွားတယ်၊ ပြီးတော့ ဒီအထောက်အထားတွေကို သူတို့ကို ဖြည့်စွက်ခိုင်းမယ်ဆိုရင် အလုပ်တိုးတက်မှုကို သေချာပေါက် နှောင့်နှေးစေမှာပဲလေ။ ဒါနဲ့ပဲ သူတို့ဆီသွားပြီး စည်းမျဉ်းတွေကို သူတို့နဲ့အတူတူ သုံးသပ်ပြီး မိတ်သဟာယဖွဲ့ခဲ့တယ်။ ခေါင်းဆောင်တွေ ထောက်ပြခဲ့တဲ့ ပြဿနာတွေကို အခြေခံပြီး သူတို့ရဲ့ အမြင်တွေကို အရင်ပြောပြခိုင်းတယ်၊ အဲဒီနောက်မှာ စည်းမျဉ်းတွေကို အခြေခံပြီး သူတို့မှာ ဘာတွေ လိုအပ်နေလဲဆိုတာကို သူတို့နဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်၊ အဲဒါက သူတို့ကို စည်းမျဉ်းတချို့ သဘောပေါက်သွားစေတယ်။ ကျွန်တော့်တာဝန်ကို ကောင်းကောင်းလုပ်ချင်စိတ် ရှိလာတဲ့အခါ သိပ်မပင်ပန်းတော့ဘူးဆိုတာကို တွေ့လိုက်ရတယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့ရဲ့ တာဝန်တွေမှာ တိုးတက်လာကြတယ်။ ဒီလိုမျိုး လက်တွေ့လုပ်ဆောင်တာက ကျွန်တော့်ကို စိတ်အေးချမ်းမှု ပေးတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့အတူ အထောက်အထားတွေကို သုံးသပ်တော့ လူတွေကို ပိုင်းခြားသိမြင်ဖို့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး ကျွန်တော် ပိုနားလည်လာတယ်။ ဒီရလဒ်တွေအားလုံးဟာ လက်တွေ့ကျတဲ့ အလုပ်လုပ်ရာကနေတစ်ဆင့် ရရှိခဲ့တာပါ။
ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဟာ လက်တွေ့ကျတဲ့ အလုပ်ကို လုပ်ဖို့ဆိုတာ တကယ်ကို အရေးကြီးတယ်ဆိုတာကို ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်တော် မြင်တွေ့လာရတယ်၊ ဘာလို့လဲဆိုတော့ အဲဒါက အသင်းတော် အလုပ်ရဲ့ တိုးတက်မှုအပေါ် တိုက်ရိုက် သက်ရောက်မှုရှိလို့ပါပဲ။ တစ်ချိန်တည်းမှာပဲ လူတွေက ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့အညီ သူတို့ရဲ့ တာဝန်တွေကို လက်တွေ့ကျကျ ထမ်းဆောင်တဲ့အခါ ရလဒ်တချို့ ရနိုင်တယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
၂၀၀၄ ခုနှစ်မှာ ကိုယ်တော့်အိမ်တော်ကို ရောက်ရှိဖို့ ဘုရားသခင်က ကျွန်မကို ရွေးချယ်ခဲ့ပါတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ စည်းဝေးရင်း၊ တစ်ခါတလေ...
၂၀၂၁ ခုနှစ်၊ ဇွန်လမှာ တကယ့်အလုပ်ကို မလုပ်တဲ့အတွက် ကျွန်မတို့ အသင်းတော်က ခေါင်းဆောင်နှစ်ယောက် အထုတ်ခံခဲ့ရတယ်။ သူတို့ရဲ့ အပြုအမူကို...
ဝိန်ကျင့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မ ကိုယ့်တာဝန်ကို လုပ်ဖို့ မြို့ပြင်ကနေ ဒေသန္တရအသင်းတော်ဆီ ပြန်လာခဲ့တယ်။ ရေလောင်း...
၂၀၂၂ခုနှစ် မေလမှာ၊ ရွာတချို့ရဲ့ ရွာသားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ဒါပေမဲ့...