သားဖြစ်သူ အဖမ်းခံရခြင်းမှ ကျွန်တော် ရခဲ့သည့် သင်ခန်းစာများ

17.06.2026

ဝူဖန်၊ တရုတ်ပြည်

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလရဲ့ နေ့တစ်နေ့မှာ ညီအစ်မတစ်ယောက်က ဖုန်းဆက်ပြီး ကျွန်တော့်သားကို ရဲတွေ ဖမ်းသွားတယ်လို့ ပြောတယ်။ ဒီသတင်းကို ကြားတော့ ကျွန်တော် ကြက်သေသေသွားပြီး တွေးလိုက်မိတယ်၊ “ငါ့သား ဘုရားသခင်ကို ယုံကြည်လာတာ မကြာသေးဘူး၊ ပြီးတော့ အခြေခံလည်း မရှိဘူး။ သူ အလုပ်ထွက်ပြီး တာဝန်စလုပ်ကာစပဲ ရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး အဖမ်းခံရတာလဲ” လို့ပေါ့။ အရင်က ကျွန်တော် အဖမ်းခံရတုန်းက အသင်းတော်ရဲ့ ခေါင်းဆောင်တွေနဲ့ ငွေကြေးတွေကို သစ္စာဖောက်ဖို့ အတင်းအကျပ် ဖိအားပေးတဲ့အနေနဲ့ ရဲတွေက နည်းလမ်းပေါင်းစုံသုံးပြီး ကျွန်တော့်ကို ညှဉ်းပန်းနှိပ်စက်ခဲ့လို့ သေတာကမှ ကောင်းဦးမယ်လို့တောင် ခံစားခဲ့ရတာ။ အဲဒီရဲတွေ တစ်ယောက်ချင်းစီတိုင်းက ရက်စက်ကြမ်းကြုတ်တယ်၊ သူတို့က နတ်ဆိုးတွေပဲ။ ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်တော်တို့အပေါ် သူတို့က အရမ်းကို အမုန်းတရားကြီးကြတာလေ၊ ကျွန်တော်တို့ကို သေတဲ့အထိ ရိုက်နှက်ရင်တောင် သူတို့က အပြစ်ကင်းလွတ်ခွင့် ရနေကြတာ။ ကျွန်တော် စိုးရိမ်ပြီး တွေးမိတယ်၊ “ငါ့သားက ငယ်သေးတယ်၊ ပြီးတော့ အဲဒီလို ဆင်းရဲဒုက္ခမျိုး တစ်ခါမှ မကြုံဖူးဘူး။ သူသာ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ ယုဒဖြစ်သွားရင် သူ ကယ်တင်ခံရဖို့ အခွင့်အရေးကို လုံးဝ ဆုံးရှုံးသွားလိမ့်မယ်” လို့ပေါ့။ ဒါကို တွေးမိလေ ကျွန်တော် အရမ်းစိုးရိမ်ပူပန်ရလေပဲ။ နောက်ရက်တွေမှာ ကျွန်တော် ကောင်းကောင်း စားမဝင်၊ အိပ်မပျော်ခဲ့ဘူး။ နှလုံးသားကို ဓားနဲ့မွှန်းနေသလိုပဲ ခံစားရတယ်။ ကျွန်တော့်သားကိုယ်စား ကျွန်တော်သာ ဝင်ပြီး ဒုက္ခခံပေးလိုက်ချင်တော့တယ်။ ကျွန်တော့်သားကို ကြည့်ရှုစောင့်ရှောက်ဖို့ ဘုရားသခင်ဆီ အမြဲတမ်း ဆုတောင်းခဲ့တယ်။ စိတ်နှလုံးထဲမှာလည်း စောဒကတွေတက်နေပြီး တွေးမိတယ်၊ “ငါ့သားက ဘုရားသခင်ကို ယုံကြည်ခါစလေးပဲ ရှိသေးတယ်၊ တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်သွားတာလေ၊ ဘာလို့ ဘုရားသခင်က သူ့ကို မစောင့်ရှောက်ခဲ့တာလဲ၊ မကာကွယ်ခဲ့တာလဲ။ ရဲတွေက သူ့ကို အပြင်းအထန် ဒဏ်ရာရအောင်လုပ်လိုက်ရင် သူ ရှေ့လျှောက် ဘယ်လို အသက်ရှင်တော့မှာလဲ။ ပြီးတော့ သူတို့ အသေရိုက်သတ်လိုက်ရင် သူ့ကို ငါ ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး” လို့ပေါ့။ အဲဒီအကြောင်းကို တွေးလေလေ၊ ပိုပြီး စိတ်မကောင်းဖြစ်လေလေပဲ၊ ပြီးတော့ ကျွန်တော့်စိတ်နှလုံးက အမှောင်ထုထဲ ကျဆင်းသွားတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တဲ့အခါမှာတောင် စိတ်တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ဘူး၊ လုံခြုံတဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တစ်ယောက်ယောက်ကို တာဝန်မပေးလို့ ကျွန်တော့်သား အဖမ်းခံရတာဆိုပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကိုတောင် စိတ်ထဲမှာ အပြစ်တင်မိသေးတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိ သင်းထောက်တစ်ယောက်ဖြစ်ပြီး တော်တော်လေး အလုပ်များနေပေမဲ့ အလုပ်မှာ အာရုံစိုက်ဖို့ စိတ်က မလွတ်လပ်ခဲ့ဘူး၊ ကျွန်တော့်သားအကြောင်းကိုပဲ တွေးနေမိတာ။

နာကျင်မှုနဲ့ အကူအညီမဲ့နေတဲ့ကြားက ဘုရားသခင်ဆီ အဆက်မပြတ် ကျွန်တော် ဆုတောင်းခဲ့တယ်၊ သူ ယုဒမဖြစ်သွားအောင်၊ ညီအစ်ကို မောင်နှမတွေကို သစ္စာမဖောက်အောင် ကျွန်တော့်သားကို စောင့်ရှောက်ပြီး ကာကွယ်ပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်ကို သွားသတိရတယ်။ “သင်၌ ဖြစ်ပျက်သည့် အရာရာတိုင်း၌ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ယင်းသည် သင့်ကို အကျိုးကျေးဇူး ယူဆောင်လာပေးသင့်ပြီး သင့်ကို အပျက်သဘော မဆောင်စေသင့်ပေ။ မည်သို့ဆိုစေ သင်သည် ဘုရားသခင်၏ဘက်တွင် ရပ်နေစဉ် အမှုအရာများကို သုံးသပ်ဆင်ခြင်နိုင်သင့်ပြီး လူသား၏ ရှုထောင့်မှ ၎င်းတို့ကို မစိစစ်သင့်ပေ သို့မဟုတ် မလေ့လာသင့်ပေ (ဤသည်မှာ သင်၏အတွေ့အကြုံ၌ သွေဖည်မှု ဖြစ်ပေမည်)။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ) ဟုတ်တယ်၊ နေ့တိုင်း ကျွန်တော်တို့ ကြုံတွေ့ရတဲ့ အရာတွေဟာ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အားလုံးကို ဘုရားသခင်က စီစဉ်ပေးထားတာဖြစ်ပြီး အဲဒီအထဲမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ ပါဝင်ပါတယ်။ ကျွန်တော့်သား အဖမ်းခံရတာနဲ့ပတ်သက်ရင် သူ့ကို ဆင်းရဲဒုက္ခမခံစေချင်တဲ့ ဇာတိပကတိရှုထောင့်ကနေ ကျွန်တော် စဉ်းစားနေခဲ့တာ။ ဒါကြောင့် သူ့အဖမ်းခံရတာဟာ မကောင်းတဲ့အရာလို့ ထင်ခဲ့ပြီး သူ့ကို မစောင့်ရှောက်ပေးလို့ ဘုရားသခင်ကိုတောင် စောဒကတက်မိတယ်။ ယောဘရဲ့ အတွေ့အကြုံကို ကျွန်တော် တွေးမိတယ်၊ ယောဘက သူ့ရဲ့စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးပြီး သားသမီးတွေ ဘေးအန္တရာယ်ကြုံရတဲ့အပြင် သူ့ကိုယ်မှာ အနာစိမ်းတွေ ပေါက်ခဲ့တဲ့အချိန်တုန်းက သူ့မိန်းမက သူ့ကို လှောင်ပြောင်ပြီး ဘုရားသခင်ကို စွန့်ပစ်ဖို့ ပြောခဲ့တယ်လေ။ ဒါပေမဲ့ ယောဘက သူ့မိန်းမကို ဆုံးမပြီး ပြောခဲ့တယ်၊ “မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။” (ယောဘဝတ္ထု ၂:၁၀) ယောဘမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ရှိခဲ့တယ်။ သူဟာ ကောင်းတာကိုပဲရရ၊ ဆင်းရဲဒုက္ခကိုပဲကြုံကြုံ အဲဒါကို ဘုရားသခင်ဆီကနေ အမြဲတမ်း ခံယူနိုင်ခဲ့တယ်။ စောဒကတက်တာ၊ နှုတ်နဲ့ အပြစ်လုပ်တာ၊ ဒါမှမဟုတ် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားတာမျိုး မရှိဘဲနဲ့ပေါ့၊ ပြီးတော့ သူက ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့ပြီး ကိုယ်တော်ရဲ့ သန့်ရှင်းတဲ့ နာမတော်ကို ချီးမွမ်းနိုင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ယှဉ်ကြည့်လိုက်တော့ ကျွန်တော့်သား အဖမ်းခံရတယ်ဆိုတဲ့ သတင်းကိုပဲ ကြားရသေးတာ၊ သူ့အသက်အန္တရာယ်ရှိတယ်လို့ မကြားရသေးခင်မှာပဲ စောဒကတွေ စတက်ပြီး ကျွန်တော့်တာဝန်ကိုတောင် ထိခိုက်ခံခဲ့တယ်။ ကျွန်တော့်နာမည်က ယောဘနဲ့ ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ အရမ်း အရှက်ရဖို့ ကောင်းတာပဲ။ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်တော့်သားလေးက တာဝန်ထမ်းဆောင်နေတုန်း အဖမ်းခံရတာ၊ အခု သူ ဘယ်လိုနေလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူ ယုဒဖြစ်သွားပြီး နောင်မှာ အပြစ်ဒဏ်ပေးခံရမှာကို ကျွန်တော် ကြောက်ပါတယ်။ ဘုရားသခင်၊ ကျွန်တော့်ရဲ့ စိတ်နှလုံးက နာကျင်နေပြီး တာဝန်ထမ်းဆောင်တဲ့အခါမှာလည်း ကျွန်တော့်ရဲ့ အခြေအနေက နှောင့်ယှက်ခံနေရပါတယ်။ သားရဲ့ ပြဿနာကို ဆင်ခြင်သုံးသပ်ပြီး နားလည်ဖို့ ကျေးဇူးပြုပြီး လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်၊ “ငါသည် လူ့ဇာတိဆိုင်ရာ ခံစားချက် မရှိသည့်အတွက် လူများကို ၎င်းတို့၏ ခံစားချက်များအား ဖော်ပြခွင့် ငါမပေးသည့်အပြင် လွန်ကဲသောအတိုင်းအတာ တစ်ခုအထိ လူတို့၏ ခံစားချက်များကို ငါ တိုး၍ မုန်းတီးမိပြီဖြစ်သည်။ ငါသည် ဘေးဖယ်ခံခဲ့ရကာ ထိုသို့ဖြင့် ၎င်းတို့၏အမြင်ထဲတွင် ငါသည် ‘အပြင်လူ’ ဖြစ်သွားခဲ့သည်မှာ လူသားတို့အကြားက ခံစားချက်များကြောင့် ဖြစ်သည်။ ငါသည် မေ့လျော့ခြင်း ခံရပြီးဖြစ်သည်မှာ လူသားတို့အကြားရှိ ခံစားချက်များကြောင့် ဖြစ်သည်။ သူ၏ ‘အသိစိတ်’ကို အခွင့်ကောင်းယူ၍ အသုံးချသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ သူသည် ငါ၏ပြစ်တင်ဆုံးမမှုကို အစဉ်ပင် အလွန်အမင်း မနှစ်မြို့သည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ ငါ့ကို မျှတမှုမရှိသည့်အပြင် မတရားဟု အစဉ်သဖြင့် ဆိုကာ ငါ၏အမှုအရာများကို ကိုင်တွယ်ရာတွင် လူသား၏ ခံစားချက်များကို ငါ အလေးဂရုမပြုဟု သူဆိုသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်ပေသည်။ ငါသည် မြေကြီးပေါ်တွင် ဆွေမျိုးသားချင်းများလည်း ရှိပါသလော။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးအတွက် အစားအစာ သို့မဟုတ် အိပ်စက်ခြင်းကို မစဉ်းစားဘဲ နေ့ရောညပါ ငါကဲ့သို့ မည်သူ အလုပ်လုပ်ဖူးသနည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ နှိုင်းယှဉ်၍ရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ သဟဇာတ ဖြစ်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈))လူသားမျိုးနွယ်တစ်ရပ်လုံးသည် ခံစားချက် အခြေအနေဖြင့် အသက်ရှင်ကြ၏။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မရှောင်ဘဲ လူသားမျိုးနွယ် အားလုံး၏ စိတ်နှလုံးများထဲ၌ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်လေသည်။ လူတို့အနေဖြင့် မိမိတို့၏ ခံစားချက်များကို ဖယ်ရှားရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းသည် အသိစိတ်၏ စံနှုန်းများကို ကျော်လွန်သလော။ အသိစိတ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်သလော။ ခံစားချက်သည် ဒုက္ခတစ်လျှောက် လူတို့ကို ကူညီနိုင်သလော။ ဘုရားသခင်၏ အမြင်တွင် ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ရှင်းလင်းစွာ ဖော်ပြပြီးပြီ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ အခန်း (၂၈)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် လူတွေက သူတို့ရဲ့ ခံစားချက်တွေအတိုင်း အသက်ရှင်နေထိုင်ကြတာကို ဘုရားသခင် စက်ဆုပ်ရွံရှာတယ်ဆိုတာ ကျွန်တော် မြင်တွေ့ခဲ့တယ်။ လူတွေက ခံစားချက်တွေအတိုင်း လုပ်ဆောင်တဲ့အခါ မိသားစု တွယ်တာမှုတွေနဲ့ ဇာတိပကတိရဲ့ အကျိုးစီးပွားတွေကိုပဲ တွေးနေကြတာဖြစ်ပြီး သမ္မာတရားကို ရှာဖွေတာ၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေတာ လုံးဝ မရှိကြပါဘူး။ သူတို့လုပ်သမျှ အရာရာတိုင်းမှာ ဘုရားသခင်ကို အတိုက်အခံလုပ်နေကြတာပါ။ ကျွန်တော်ကလည်း အဲဒီအတိုင်း ကွက်တိပါပဲ။ ကျွန်တော့်သား အဖမ်းခံရတယ်ဆိုတာကို သိသိချင်းပဲ ကျွန်တော် ပထမဆုံးတွေးမိတာက ရဲတွေက သူ့ကို သေချာပေါက် ရိုက်နှက်ပြီး ဘုရားသခင်ကို ငြင်းပယ်ဖို့နဲ့ အသင်းတော်ရဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို သစ္စာဖောက်ဖို့ အတင်းအကျပ် ဖိအားပေးကြမှာ ဆိုတာပါပဲ။ သားသာ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ ယုဒဖြစ်သွားရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်လို့ ကျွန်တော် တွေးမိတယ်လေ။ ပြီးတော့ နောင်မှာ ကောင်းချီးတွေ မရနိုင်တော့မယ့်အပြင် ငရဲမှာလည်း အပြစ်ဒဏ်ပေးခံရမှာပဲပေါ့။ ကျွန်တော့်သားက ငယ်သေးတော့ သူ အရိုက်ခံရလို့ မသန်စွမ်းဖြစ်သွားရင် နောင်မှာ ဘယ်လိုများ ရပ်တည်အသက်ရှင်တော့မလဲလို့လည်း စဉ်းစားမိတယ်။ ပြီးတော့ သူ အသေရိုက်သတ်ခံရလို့ သေသွားရင် ကျွန်တော့်သားကို ထာဝရ ဆုံးရှုံးသွားရတော့မှာလေ။ ဒီလို ဆိုးရွားတဲ့ အကျိုးဆက်တွေကို တွေးမိတော့ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို စောဒကတွေတက်ပြီး ကျွန်တော့်သားကို မစောင့်ရှောက်ပေးလို့၊ မကာကွယ်ပေးလို့ဆိုပြီး ဘုရားသခင်ကို အပြစ်တင်မိတယ်၊ ကိုယ်တော့်ကိုတောင် ကျိုးကြောင်းပြပြောဆိုပြီး အော်ဟစ်ငြင်းခုံချင်နေသေးတယ်။ ကျွန်တော့်ရဲ့ ဆင်ခြင်တုံတရားက ဘယ်ရောက်နေခဲ့တာလဲ။ ကျွန်တော့်ရဲ့ လူ့သဘာဝကရော ဘယ်ရောက်နေခဲ့တာလဲ။ ခံစားချက်တွေအတိုင်း အသက်ရှင်တဲ့သူတွေဟာ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်တယ်ဆိုတာကို မြင်တော့မှ “ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်” ဆိုတာကို ဘုရားသခင် ဘာကြောင့် ကျွန်တော်တို့ကို ဖော်ထုတ်ပြခဲ့သလဲဆိုတာ နားလည်သွားတယ်။

ရှာဖွေနေတဲ့အချိန်အတွင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ထပ်ဖတ်ခဲ့တယ်၊ “ငါတို့ကို ဘုရားသခင် တောက်လျှောက် လမ်းပြခဲ့သည့် လမ်းကြောင်းသည် မဖြောင့်သန်းဘဲ ချိုင့်များပြည့်သည့် ကောက်ကွေ့သော လမ်းတစ်ခု ဖြစ်သည်ဆိုသည်မှာ ငါ၏ စဉ်ဆက်မပြတ် ခံစားချက်ဖြစ်သည်။ ထို့အပြင် လမ်းကြောင်းက ကြမ်းတမ်းလေလေ၊ ငါတို့၏ ချစ်သော နှလုံးသားများကို ထုတ်ဖော်ပြနိုင်လေလေ ဖြစ်သည်ဟု ဘုရားသခင်က ပြောလေသည်။ သို့တိုင် ထိုသို့သော လမ်းကြောင်းတစ်ခုကို ငါတို့ထဲမှ မည်သူမျှ မဖွင့်နိုင်ကြ။ ငါ၏ အတွေ့အကြုံတွင်၊ ငါသည် ကျောက်ဆောင်ကျောက်တုံး အတိပြီးသော၊ စိတ်မချရသည့် လမ်းကြောင်းများကို လျှောက်ပြီးဖြစ်ကာ ကြီးမားသည့် ဆင်းရဲဒုက္ခကို ငါ အောင့်ခံပြီးဖြစ်၏။ တစ်ခါတစ်ရံ ငါသည် အလွန် လုံးဝ သောကရောက်သည်မှာ အော်ဟစ်လိုက်ချင်ခဲ့၏၊ သို့သော် ငါသည် ဤလမ်းကြောင်းကို ယနေ့ထိ လျှောက်ခဲ့လေပြီ။ ဤသည်မှာ ဘုရားသခင် ဦးဆောင်သော လမ်းကြောင်းဖြစ်သည်ဟု ငါ ယုံကြည်၏၊ ထို့ကြောင့် ဆင်းရဲဒုက္ခအလုံးစုံ၏ ညှဉ်းဆဲမှုကို ငါ သည်းခံခဲ့ပြီး ဆက်လက် ရှေ့ဆက်ခဲ့သည်။ အကြောင်းမူကား ဤသည်မှာ ဘုရားသခင် စီမံထားသည့်အရာ သောကြောင့်ဖြစ်၏၊ ထို့ကြောင့် ယင်းထံမှ အဘယ်သူ လွတ်မြောက်နိုင်သနည်း။ ငါသည် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ ရရှိဖို့ရန် မတောင်းဆို။ ငါ တောင်းဆိုသမျှမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ငါ လျှောက်သင့်သည့် လမ်းကြောင့်ကို ငါ လျှောက်နိုင်ဖို့ ဖြစ်သည်။ အခြားသူများ လျှောက်သည့် လမ်းကြောင်းကို လျှောက်လှမ်းရင်း၊ ၎င်းတို့ကို ငါ အတုခိုးဖို့ မကြိုးစားပေ။ ငါ ကြိုးစားသမျှမှာ ငါ၏ သတ်မှတ်ထားသော လမ်းကြောင်းကို အဆုံးထိ လျှောက်ဖို့ရန် ငါ၏ ဆက်ကပ်မှုကို ပြည့်စုံစေနိုင်ဖို့ ဖြစ်သည်။ ငါသည် အခြားသူများ၏ အကူအညီကို မတောင်း။ ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ ငါသည် အခြားမည်သူ့ကိုမျှလည်း မကူညီနိုင်ပေ။ ဤကိစ္စရပ်အပေါ် ငါသည် အလွန်အမင်း ဆတ်ဆတ်ထိမခံ ဖြစ်ပုံရ၏။ အခြားသူများ မည်သို့ထင်သည်ကို ငါ မသိ။ ဤသည်မှာ လူတစ်ဦး ဒုက္ခခံရမည့် ပမာဏနှင့် ၎င်း၏ လမ်းကြောင်းအပေါ် ၎င်း လျှောက်လှမ်းရမည့် အကွာအဝေးကို ဘုရားသခင်က စီမံထားပြီး မည်သူမျှ အခြားတစ်ဦးတစ်ယောက်ကို တကယ် မကူညီနိုင်ဟု ငါ အမြဲ ယုံကြည်ထားသောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၆)) လူတစ်ယောက် သူ့တစ်သက်တာမှာ ဆင်းရဲဒုက္ခ ဘယ်လောက် ခါးစည်းခံရမယ်၊ ဘယ်လိုအခြေအနေတွေ ကြုံတွေ့ရမယ်ဆိုတာ အားလုံးကို ဘုရားသခင်က ဟိုးအရင်ကတည်းက အမိန့်နဲ့ ပြဋ္ဌာန်းထားပြီးသား ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်ခဲ့တယ်။ သားကို ဘုရားသခင်ဆီ အပ်နှံပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျွန်တော် ကျိုးနွံနာခံသင့်တာပေါ့။ ဒါဟာ ကျွန်တော့်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားနဲ့ လက်တွေ့လုပ်ဆောင်မှုပဲ။ ကျွန်တော့်သားက ဘုရားသခင်ကို ယုံကြည်တာ မကြာသေးဘူး၊ ပြီးတော့ ဘုရားသခင်နဲ့ သမ္မာတရားကို မုန်းတီးတဲ့ အဆင်းနီတဲ့ နဂါးကြီးရဲ့ အနှစ်သာရနဲ့ပတ်သက်ရင်လည်း သူ ပိုင်းခြားသိမြင်နေတာမျိုး မရှိခဲ့ဘူး။ သူ အခု အဖမ်းခံရပြီး ဆင်းရဲဒုက္ခခံစားရမယ့်အထဲမှာ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ပါဝင်တယ်၊ ပိုပြီး အရေးကြီးတာက ကျွန်တော့်သား သင်ယူရမယ့် သင်ခန်းစာတွေ အဲဒီအထဲမှာ ရှိနေတယ်။ ညီအစ်ကို မောင်နှမ ဘယ်နှယောက်လောက်ဟာ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းမှုကို ခံခဲ့ရပုံ၊ သူတို့ အများကြီး ဒုက္ခခံခဲ့ရပုံကို ကျွန်တော် တွေးမိတယ်၊ ဒါပေမဲ့ အဲဒီအတွေ့အကြုံတွေက သူတို့ကို ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ရစေခဲ့တာလေ။ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခတွေကြားမှာ ဘုရားသခင်ကို သစ္စာဖောက်မယ့်အစား ထောင်ထဲမှာ တစ်သက်လုံး ပုပ်သိုးသွားဖို့ သူတို့ ဆန္ဒရှိခဲ့ကြတယ်။ ဇာတိပကတိနဲ့ စာတန်ကို အောင်နိုင်ခဲ့ပြီး နောက်ဆုံးမှာ ဘုရားသခင်အတွက် လှပပြီး အားကောင်းတဲ့ သက်သေခံချက်တစ်ခုကို ပေးခဲ့ကြတယ်။ ကျွန်တော် ကိုယ်တိုင် အဖမ်းခံခဲ့ရတဲ့ အတွေ့အကြုံကိုလည်း ပြန်တွေးမိတယ်။ အဲဒီတုန်းက ကျွန်တော့် ဇာတိပကတိ နည်းနည်း ဒုက္ခခံခဲ့ရပေမဲ့၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို ကြုံရချိန်မှာ ကျွန်တော် ကြောက်ရွံ့ပြီး အားနည်းခဲ့ပေမဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ ဦးဆောင်မှုကို ခံရတဲ့အခါ ကိုယ်တော့်အပေါ် ကျွန်တော့်ရဲ့ ယုံကြည်ခြင်းလည်း ကြီးထွားလာခဲ့တယ်။ ဒီအတွေ့အကြုံကတစ်ဆင့် ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ အဆင်းနီတဲ့နဂါးကြီးရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို ပိုင်းခြားသိမြင်ဖို့ သင်ယူခဲ့ရုံသာမက ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာအကြောင်းကိုလည်း အထိုက်အလျောက် ကျွန်တော် နားလည်သွားခဲ့တယ်။ ဒီသိနားလည်မှုနဲ့ပဲ သားကို ဘုရားသခင်ဆီ အပ်နှံပြီး အရာအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားတာ၊ ပြင်ဆင်ပေးတာကို ခွင့်ပြုဖို့ ကျွန်တော် ဆန္ဒရှိခဲ့တယ်။

တစ်လကြာပြီးနောက်မှာတော့ ကျွန်တော့်သား ပြန်ရောက်လာတယ်၊ မျက်နှာက ဖြူဖပ်ဖြူရော်နဲ့ စိတ်ဓာတ်တွေ ကျနေတာပေါ့။ သားရဲ့ ဝိညာဉ်ရင့်ကျက်မှုက နည်းတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြောင်း သူ ဝန်မခံရဲခဲ့ဘူး၊ ဒါကြောင့် နောက်ဆုံးမှာ သူတို့က သားကို လွှတ်ပေးလိုက်တယ်။ ဒီကျရှုံးမှုကို ကြုံတွေ့ပြီးတဲ့နောက်မှာတော့ ကျွန်တော့်သားက သင်ခန်းစာတချို့ ရခဲ့ပြီး အဆင်းနီတဲ့ နဂါးကြီးအပေါ် ပိုပြီး ပိုင်းခြားသိမြင်လာတယ်။ သူ့ရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းငယ်ပြီး ဘုရားသခင်အပေါ် သူ့ယုံကြည်ခြင်းက လုံးဝ မစစ်မှန်ဘူးဆိုတာကိုလည်း သူ မြင်သွားတယ်။ ခြောက်လကြာပြီးနောက်မှာ သူ တာဝန် ပြန်ထမ်းဆောင်ခဲ့တယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာတော့ ကျွန်တော့်သား ထပ်ပြီး အဖမ်းခံရပြန်ပြီလို့ အသင်းတော်က ပေးတဲ့ စာတစ်စောင် ကျွန်တော် ရခဲ့တယ်။ သားတို့ အသင်းတော်က လူ ၃၀ ကျော် အဖမ်းခံရပြီး အဲဒီအထဲမှာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေလည်း ပါတယ်လေ။ ကျွန်တော့်သားမှာ အဖမ်းခံရတဲ့ မှတ်တမ်း ရှိနေပြီးသားဆိုတာကို ကျွန်တော် တွေးမိတယ်၊ ပြီးတော့ သူ ခေါင်းဆောင်လုပ်ခဲ့ဖူးတာကိုသာ ရဲတွေ သိသွားရင် အသင်းတော်ရဲ့ ငွေကြေးတွေ၊ ပြီးတော့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို သစ္စာဖောက်ဖို့ အတင်းအကျပ် သေချာပေါက် ဖိအားပေးကြမှာပဲ၊ ပြီးရင် သူ့ယုံကြည်ခြင်းကို စွန့်လွှတ်ကြောင်း “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးခိုင်းမှာပဲလေ။ အခုအချိန်က လူတွေကို ဘုရားသခင် ထုတ်ဖော်နေပြီး ယင်းတို့ရဲ့ အမျိုးအစားနဲ့အညီ ခွဲခြားသတ်မှတ်နေတဲ့ အချိန်ပါ၊ သားသာ ကွန်မြူနစ်ပါတီရဲ့ ဦးနှောက်ဆေးကြောတာကို ခံလိုက်ရရင်၊ ဒါမှမဟုတ် ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ရင် ငရဲတံခါးကို ဖွင့်လိုက်သလိုဖြစ်သွားပြီး ကယ်တင်ခံရဖို့ အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ်။ ဒါကို တွေးမိတော့ ရင်ထဲမှာ တစ်ဆို့နေသလို ခံစားရပြီး သားရဲ့ အနာဂတ်အလားအလာနဲ့ ကံကြမ္မာအတွက် ကျွန်တော် စိုးရိမ်လာကာ တာဝန်လုပ်ဖို့ကိုလည်း စိတ်မပါတော့ဘူး။ စိတ်နှလုံးထဲမှာတော့ ကျွန်တော့်သားအတွက် အဆက်မပြတ် ဆုတောင်းပေးနေခဲ့တယ်၊ သား ဒီအခက်အခဲကာလကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ သနားကရုဏာထားပြီး စောင့်ရှောက်ပေးပါလို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။ ကျွန်တော် စိတ်ဓာတ်ကျပြီး တစ်နေကုန် သက်ပြင်းတွေချလို့ မျှော်လင့်ချက်မဲ့နေတာကို ညီအစ်ကို မောင်နှမတချို့ မြင်တော့ သူတို့က ကျွန်တော်နဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အကြောင်း မိတ်သဟာယဖွဲ့ပေးပြီး ကျွန်တော့်ကို ကူညီဖို့ ဘုရားနှုတ်ကပတ်တော် အများကြီးကိုလည်း ရှာပေးခဲ့ကြတယ်။ ခံစားချက်တွေရဲ့ ဘောင်ခတ်တာကို ကျွန်တော် ထပ်ခံလိုက်ရပြန်ပြီဆိုတာကို သဘောပေါက်မိလို့ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်တော့်သားကို ရဲတွေ ထပ်ဖမ်းသွားပြန်ပါပြီ။ ကျွန်တော် အဲဒါကို လက်မလွှတ်နိုင်ဘဲ သူ့အသက်၊ သူ့အနာဂတ်နဲ့ ကံကြမ္မာအတွက် ကြောက်နေမိပါတယ်၊ သမ္မာတရားကို ရှာဖွေနိုင်ဖို့နဲ့ ဒီကိစ္စမှာ ဘောင်ခတ်မခံရဖို့ ကျွန်တော့်ကို လမ်းပြတော်မူပါ” လို့ပေါ့။

နောက်တော့ သားသမီးတွေအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို လက်လွှတ်တာနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ မိတ်သဟာယကို ကျွန်တော် သတိရသွားတယ်၊ အဲဒီနှုတ်ကပတ်တော်တွေကို ရှာပြီးတော့ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အချို့သော မသိနားမလည်သော မိဘများသည် ဘဝ၊ သို့မဟုတ် ကံကြမ္မာကို နားမလည်နိုင်ပေ။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိမြင်နိုင်ပေ။ ပြီးလျှင် သားသမီးများနှင့်ပတ်သက်လျှင် မသိနားမလည်သောအရာများကို လုပ်ဆောင်တတ်သည်။ ဥပမာ သားသမီးများက အမှီအခို ကင်းပြီးနောက်တွင် ၎င်းတို့သည် အထူးအခြေအနေများ၊ အခက်အခဲများ၊ သို့မဟုတ် အကြီးစားဖြစ်ရပ်များကို ကြုံရနိုင်သည်။ အချို့မှာ ဖျားနာမှုများကို ရင်ဆိုင်ရသည်။ အချို့မှာ အမှုအခင်းများတွင် ပါဝင်ပတ်သက်ရသည်။ အချို့မှာ ကွာရှင်းကြသည်။ အချို့မှာ လှည့်စားခံရပြီး အလိမ်ခံရသည်။ အချို့မှာ ပြန်ပေးဆွဲခံရသည်။ ဒုက္ခပေးခံရသည်။ ပြင်းထန်စွာ အရိုက်နှက်ခံရသည်၊ သို့မဟုတ် သေခြင်းတရားကို ရင်ဆိုင်ရသည်။ မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲသည့်အဖြစ်သို့ ရောက်သွားသူအချို့ပင် ရှိသည် စသည်တို့ဖြစ်သည်။ မိဘများသည် ဤသို့သော ထူးခြားသည့်၊ အရေးပါသည့်အခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မိဘအများစု၏ ပြုလုပ်နေကျ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် မိဘ၏ ပင်ကိုလက္ခဏာဖြင့် ဖန်ဆင်းခံများအဖြစ် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သလော။ လူစိမ်းတစ်ယောက်၌ ဤသို့ ဖြစ်ပျက်လျှင် မိဘများက ဤသို့သောသတင်းကို ကြားပြီး ဤသို့ တုံ့ပြန်သည်မှာ အလွန်ရှားသည်။ မိဘအများစုသည် ဆံပင်ဖြူသည်အထိ တစ်ညလုံးမအိပ်ဘဲနေသည်။ တစ်ညပြီးတစ်ည အိပ်ရေးပျက်သည်။ နေ့အချိန်တွင် အစာစားလိုစိတ်မရှိပေ။ ဦးနှောက်ခြောက်ခံ စဉ်းစားသည်။ ပြီးလျှင် အချို့မှာ မျက်လုံးများ နီရဲပြီး မျက်ရည်များခမ်းခြောက်သည်အထိ ခါးသီးစွာပင် ငိုကြွေးသည်။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်မှုကို ထည့်တွက်ပြီး ၎င်းတို့သားသမီးများကို ကာကွယ်ရန်၊ သားသမီးများအား ကူညီပေးပြီး ကောင်းချီးပေးရန်၊ သနားညှာတာရန်နှင့် သားသမီးများ၏ဘဝကို လွတ်ငြိမ်းချမ်းသာပေးရန် ဘုရားသခင်ထံ ပြင်းပြစွာ ဆုတောင်းသည်။ မိဘများက ဤသို့သောအခြေအနေသို့ ရောက်သောအခါ ၎င်းတို့၏ လူသားအားနည်းချက်များ၊ ပျော့ကွက်ရှိမှုများ၊ သားသမီးများအပေါ် ခံစားချက်များအားလုံးသည် ပေါ်လွင်သွားသည်။ အခြားမည်သည့်အရာ ပွင့်ထွက်လာသနည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ ပုန်ကန်မှုဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အနူးအညွတ်တောင်းပန်ပြီး ဆုတောင်းသည်။ သားသမီးများအား ဘေးဒုက္ခမရောက်စေရန်အတွက် တိုးလျှိုးတောင်းပန်သည်။ ကပ်ဘေးဖြစ်ပေါ်လျှင်ပင် သားသမီးများ မသေစေရန်လည်းကောင်း၊ အန္တရာယ်မှ လွတ်မြောက်နိုင်ရန်လည်းကောင်း၊ ဆိုးယုတ်သော လူများ၏ ဒုက္ခပေးခြင်းကို မခံရရန်လည်းကောင်း၊ ၎င်းတို့၏ ရောဂါသည် ပို၍ ဆိုးရွားမလာဘဲ သက်သာလာရန်လည်းကောင်း စသည်တို့ကို ဆုတောင်းသည်။ ၎င်းတို့သည် အမှန်တကယ်တွင် မည်သည့်အတွက် ဆုတောင်းနေသနည်း။ (ဘုရားသခင် ၎င်းတို့သည် စောဒကတက်သည့် အငွေ့အသက်ရှိသော ဤဆုတောင်းချက်များဖြင့် ဘုရားသခင်အား တောင်းဆိုနေခြင်းဖြစ်သည်။) တစ်ဖက်တွင် ၎င်းတို့သည် သားသမီးများ၏ အတိဒုက္ခနှင့်ပတ်သက်ပြီး အလွန်အမင်း မကျေမနပ်ဖြစ်ကာ ဘုရားသခင်သည် ၎င်းတို့သားသမီးများအပေါ် ဤသို့သောအရာများကို ဖြစ်ခွင့်မပြုသင့်ဟု စောဒကတက်နေခြင်းဖြစ်သည်။ ၎င်းတို့၏ မကျေနပ်မှုသည် စောဒကတက်ခြင်းနှင့် ရောထွေးနေသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်အား သူ၏ စိတ်ကိုပြောင်းရန်၊ ဤသို့ မပြုမူမဆောင်ရွက်ရန်၊ ၎င်းတို့သားသမီးများအား အန္တရာယ်မှ ကယ်ထုတ်ရန်၊ ဘေးကင်းအောင် ကာကွယ်ပေးရန်၊ သားသမီးများ၏ ရောဂါကိုကုသရန်၊ တရားစွဲဆိုမှုမှ လွတ်မြောက်ရန်၊ ဘေးဒုက္ခ ဖြစ်ပေါ်သောအခါ ရှောင်ရန် စသည်တို့ကို တောင်းဆိုသည်။ အတိုချုပ်အားဖြင့်ဆိုလျှင် အရာရာတိုင်းကို အဆင်ပြေချောမွေ့စေရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသို့ ဆုတောင်းခြင်းအားဖြင့် တစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်နေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်အား တောင်းဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ ပုန်ကန်ခြင်း၏ သရုပ်သကန်မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် လုပ်ဆောင်သည့်အရာသည် မမှန်ပေ၊ သို့မဟုတ် မကောင်းပေဟုလည်းကောင်း၊ သူသည် ဤသို့မလုပ်ဆောင်သင့်ဟုလည်းကောင်း လုံးဝဥဿုံပြောဆိုနေခြင်း ဖြစ်သည်။ ဤသူတို့မှာ ၎င်းတို့၏ သားသမီးများဖြစ်သောကြောင့်၊ ၎င်းတို့သည် ယုံကြည်သူများဖြစ်သောကြောင့် ဘုရားသခင်က ၎င်းတို့သားသမီးများအပေါ် ဤသို့သောအရာများကို ဖြစ်ပျက်ခွင့် မပြုသင့်ဟု ၎င်းတို့က ထင်သည်။ ၎င်းတို့သားသမီးများသည် အခြားလူများနှင့်မတူ။ ၎င်းတို့သည် ဘုရားသခင်ထံမှ ဦးစားပေးကောင်းချီးကို ရရှိသင့်သည်။ ဘုရားသခင်အပေါ် ၎င်းတို့ ယုံကြည်ခြင်းကြောင့် ဘုရားသခင်သည် ၎င်းတို့သားသမီးများကို ကောင်းချီးပေးသင့်သည်။ ပြီးလျှင် ဘုရားသခင်က ကောင်းချီး မပေးလျှင် ၎င်းတို့သည် စိတ်သောကရောက်သည်။ ငိုသည်။ သောင်းကျန်းသည်။ ပြီးလျှင် ဘုရားသခင်နောက်သို့ လိုက်မလျှောက်လိုတော့ပေ။ ၎င်းတို့၏ကလေးက သေလျှင် ၎င်းတို့သည်လည်း ဆက်လက်၍ အသက်မရှင်နိုင်ဟု ခံစားရသည်။ ဤသည်မှာ ၎င်းတို့စိတ်တွင်ရှိသော ခံယူချက်ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်အား ဆန့်ကျင်ဆန္ဒပြသည့် ပုံစံမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်အား ဆန့်ကျင်ဆန္ဒပြနေခြင်း ဖြစ်သည်။...ဘုရားသခင်က အခြားလူတစ်ယောက်၏ ကံကြမ္မာကို စီစဉ်ညွှန်ကြားသောအခါ၊ သို့မဟုတ် အုပ်စိုးသောအခါ ယင်းသည် သင်နှင့် လုံးဝ မသက်ဆိုင်သရွေ့ ကိစ္စမရှိဟု သင်ထင်သည်။ သို့သော် သူသည် သင့်သားသမီးများ၏ ကံကြမ္မာကို မအုပ်စိုးနိုင်သင့်ဟု သင်ထင်သည်။ ဘုရားသခင်၏ အမြင်တွင် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်။ ပြီးလျှင် မည်သူကမျှ ဘုရားသခင်၏ လက်နှင့် ပြင်ဆင်သော အချုပ်အခြာအာဏာနှင့် အစီအစဉ်များမှ မလွတ်မြောက်နိုင်ပေ။ သင်၏ သားသမီးများက အဘယ်ကြောင့် ခြွင်းချက်ဖြစ်သင့်သနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ဘုရားသခင်က စီမံပြီး စီစဉ်ဆောင်ရွက်သည်။ သင်က ယင်းကို ပြောင်းလဲလို၍ ရသလော။ (မရပါ။) မရပေ။ ထို့ကြောင့် လူတို့သည် မိုက်မဲသော၊ သို့မဟုတ် ကျိုးကြောင်းမသင့်သော အရာများကို မလုပ်ဆောင်ရပေ။ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် ကြိုတင်သတ်မှတ်ထားသော အကြောင်းနှင့်အကျိုးတရားအပေါ်တွင် အခြေခံသည်။ ယင်းသည် သင်နှင့် မည်သို့သက်ဆိုင်သနည်း။ သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ခုခံလျှင် သင်သည် သေခြင်းတရားကို ရှာဖွေနေခြင်း ဖြစ်သည်။ သင်သည် သင့်သားသမီးများအား ဤအရာများကို မတွေ့ကြုံစေလိုလျှင် ယင်းသည် ချစ်ခင်တွယ်တာမှုမှ အရင်းခံသည်။ တရားမျှတမှု၊ သနားကရုဏာ၊ သို့မဟုတ် ကြင်နာမှုမှ အရင်းခံခြင်း မဟုတ်။ ယင်းသည် သင်၏ ချစ်ခင်တွယ်တာမှု၏ သက်ရောက်မှုကြောင့်သက်သက်သာ ဖြစ်သည်။...လူတို့ကြားတွင် အမှန်တကယ် တည်ရှိသော ဆက်နွှယ်မှုသည် အသွေးအသား သံယောဇဉ်များအပေါ် အခြေခံခြင်းမဟုတ်ဘဲ ဘုရားသခင် ဖန်ဆင်းသည့် သက်ရှိတစ်ဦးနှင့် အခြားသက်ရှိတစ်ဦးကြား ဆက်နွှယ်မှု ဖြစ်သည်။ ဤဆက်နွှယ်မှုမျိုးသည် အသွေးအသားသံယောဇဉ် မရှိပေ။ အမှီအခိုကင်းသော သက်ရှိနှစ်ဦးကြားတွင်သာ ရှိသည်။ သင်သည် ဤရှုထောင့်မှ စဉ်းစားလျှင် မိဘများအနေဖြင့် သင့်သားသမီးများက ကံမကောင်းဘဲ ဖျားနာသောအခါ၊ သို့မဟုတ် ၎င်းတို့၏ဘဝ၌ အန္တရာယ်ကျရောက်သောအခါ သင်သည် ဤအမှုကိစ္စများကို မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ သင်သည် သင့်သားသမီးများ၏ ကံဆိုးမှုကြောင့်၊ သို့မဟုတ် ကွယ်လွန်ခြင်းကြောင့် သင့်တွင် ကျန်ရှိသောအချိန်ကိုလည်းကောင်း၊ သင်လျှောက်သင့်သည့် လမ်းကြောင်းကိုလည်းကောင်း၊ သင်ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများကိုလည်းကောင်း မစွန့်လွှတ်သင့်ပေ။ သင်သည် ဤအမှုကိစ္စကို မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ သင့်တွင် မှန်ကန်သော အတွေးအမြင်များရှိပြီး ဤအရာများကို ပိုင်းခြားသိမြင်နိုင်လျှင် သင်သည် စိတ်ပျက်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ တောင့်တခြင်းတို့အား လျင်မြန်စွာ ကျော်လွှားနိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး နဂိုက လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘာပတ်သက်မှုမှ မရှိတဲ့ အမှီအခိုကင်းတဲ့ သက်ရှိတွေဆိုတာကို ကျွန်တော် နားလည်ခဲ့တယ်။ ဝိညာဉ်က လူဝင်စားပြီး ဒီရုပ်ဝတ္ထုလောကထဲကို ရောက်လာမှသာ လူတွေမှာ မိသားစုတွေ ရှိလာတာလေ၊ လင်မယားတွေ၊ သားအဖတွေ၊ သားအမိတွေ စတဲ့ ဆက်ဆံရေးတွေ ရှိလာကြတာ။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အနှစ်သာရရှုထောင့်ကနေ ပြောရရင် နဂိုက တစ်ယောက်နဲ့တစ်ယောက် ဘာပတ်သက်မှုမှ မရှိပါဘူး။ ဒါပေမဲ့ လူတွေက ဒီကိစ္စတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘူးလေ၊ ဇာတိပကတိ မိသားစုတွယ်တာမှုတွေနဲ့ သွေးသားတော်စပ်မှုတွေကို အရာအားလုံးထက် ပိုအလေးထားကြတယ်။ သားသမီးတွေ ဘေးအန္တရာယ်နဲ့ ဖျားနာမှုတွေ ကြုံရတဲ့အခါ၊ ဒါမှမဟုတ် သူတို့အသက်အန္တရာယ် ရှိလာတဲ့အခါ မိဘတွေက သူတို့ရဲ့ ချစ်ခင်တွယ်တာမှုတွေထဲမှာပဲ နေကြပြီး သေတာကမှ ကောင်းဦးမယ်လို့ ဆန္ဒရှိတဲ့အထိ နာကျင်ကြရတာလေ။ တကယ်တော့ လူတွေ ဘယ်လမ်းကို လျှောက်မလဲ၊ ဘယ်လိုကံကြမ္မာတွေ ရှိမလဲဆိုတာကို ဘုရားသခင်က ဟိုးအရင်ကတည်းက အမိန့်နဲ့ပြဋ္ဌာန်းထားပြီးသားဖြစ်လို့၊ မိဘတွေ ဆုံးဖြတ်ပေးရမယ့်အရာ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ကျွန်တော့် အိမ်နီးချင်းတွေကိုပဲ ကြည့်လေ။ အဲဒီ ဇနီးမောင်နှံက တစ်သက်လုံး ချွေချွေတာတာ နေထိုင်ခဲ့ကြပြီး သူတို့ ခက်ခက်ခဲခဲ ရှာထားတဲ့ ပိုက်ဆံအားလုံးကို သူတို့သမီးအတွက် သုံးခဲ့ကြတယ်။ သမီးဖြစ်သူကို အကောင်းဆုံး ကျောင်းထားပေးပြီး အကောင်းဆုံး ပညာရေးကို ပေးခဲ့တယ်၊ နောင်မှာ သမီးအတွက် တည်ငြိမ်တဲ့ အလုပ်အကိုင်နဲ့ ငွေကြေးလုံခြုံမှု ရှိစေချင်တဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ သူတို့သမီးက မှန်ကန်တဲ့လမ်းကြောင်းကို မလိုက်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေး သုံးစွဲလာခဲ့တယ်။ နောက်ဆုံးမှာ မူးယစ်ဆေး ရောင်းဝယ်မှုနဲ့ အဖမ်းခံရပြီး ထောင်ဒဏ် ၁၃ နှစ် ကျသွားတယ်။ သူ့မိဘတွေကတော့ ရူးမတတ်ပါပဲ။ နောက်ပြီး ညီမလေးတစ်ယောက်ရှိသေးတယ်၊ သူ့မိဘတွေက နှစ်ပေါင်းများစွာ အဝေးမှာ အလုပ်သွားလုပ်နေကြလို့ သူ့ကို ဦးလေးဖြစ်သူဆီ အပ်ထားခဲ့ရတာ။ သူ့မိဘတွေက သူ့ပညာရေးအတွက် ဘာမှ ဂရုမစိုက်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာ သူက တက္ကသိုလ်ဝင်ခွင့်ရခဲ့ပြီး သူ့ဦးလေးနဲ့ အဒေါ်နောက်လိုက်ရင်း ဘုရားသခင်ကို ယုံကြည်ခဲ့တယ်။ အခု အဲဒီညီမလေးက သူ့တာဝန်ကို ထမ်းဆောင်နေပြီး ဘဝမှာ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနေတယ်။ ဒါက ဘာကိုပြနေလဲဆိုရင် လူတွေလျှောက်မယ့်လမ်းဟာ မိဘတွေက ဘယ်လိုကျွေးမွေးပြုစုပြီး ပညာပေးခဲ့လဲဆိုတာနဲ့ လုံးဝမသက်ဆိုင်ဘူးဆိုတာကိုပါပဲ၊ ပြီးတော့ မိဘတွေ ပြောင်းလဲပေးနိုင်တဲ့အရာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က ဒီအရာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး၊ သားရဲ့ အနာဂတ်အလားအလာနဲ့ ကံကြမ္မာအတွက် အမြဲတမ်း စိုးရိမ်ပူပန်နေပြီး တာဝန်ကို ပုံမှန် မထမ်းဆောင်နိုင်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တဲ့အချိန်မှာတောင် အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ ကျွန်တော့်သားသာ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ ဘုရားသခင်ကို သစ္စာဖောက်ပြီး ယုဒဖြစ်သွားရင် ကယ်တင်ခံရဖို့ သူ့အခွင့်အရေး ဆုံးရှုံးသွားမှာကိုပဲ ကျွန်တော် စိုးရိမ်နေခဲ့တာ။ အဲဒီနတ်ဆိုးတွေရဲ့ ရက်စက်မှုကနေ သားကို ကာကွယ်ပေးဖို့နဲ့ ဒီအခက်အခဲကာလကို ဘေးကင်းကင်း ဖြတ်ကျော်နိုင်အောင် သေချာလုပ်ပေးဖို့တောင် ဘုရားသခင်ကို တောင်းဆိုခဲ့သေးတယ်။ ကျွန်တော့်မှာ ဆင်ခြင်တုံတရား နည်းနည်းလေးတောင် ရှိသေးရဲ့လား။ သေချာ ပြန်တွေးကြည့်တော့ ကျွန်တော့်သား ပထမအကြိမ် အဖမ်းခံရတုန်းက သူ့ရဲ့ ဝိညာဉ်ရင့်ကျက်မှုက ငယ်သေးတော့ ဘုရားသခင်ကို ယုံကြည်ကြောင်းတောင် သူ ဝန်မခံရဲခဲ့ဘူး၊ သူ့မှာ သက်သေခံချက် မရှိခဲ့ဘူး။ ၁၀ နှစ်ကြာပြီးနောက်မှာ သူ ထပ်ပြီး အဖမ်းခံရတယ်ဆိုတာ ဘုရားသခင် သေချာပေါက် ခွင့်ပြုခဲ့လို့ပါ။ သားကို နောင်တရဖို့ အခွင့်အရေးတစ်ခု ကိုယ်တော် ပေးနေတာဖြစ်ပြီး ကိုယ်တော်က သူ့ကို စမ်းသပ်နေတာပါ။ ကျွန်တော့်သားသာ အဆင်းနီတဲ့ နဂါးကြီးရဲ့ အမှောင်စွမ်းအားရဲ့ ဘောင်ခတ်မှုတွေကို အောင်နိုင်ခဲ့ရင်၊ ဘုရားသခင်အတွက် သက်သေခံချက်မှာ အသက်စွန့်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ရင် ဒီတစ်ခါ သူ အဖမ်းခံရတာဟာ အင်မတန် အဓိပ္ပာယ်ရှိပြီး သူ့ကို စုံလင်အောင် ပြုပေးမယ့် နည်းလမ်းတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ ခံစားချက်တွေအပေါ် အခြေခံရင်း ကိစ္စတွေကို ရှုမြင်ခဲ့ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို မရှာဖွေခဲ့ဘူး၊ ဇာတိပကတိ ဆင်းရဲဒုက္ခကင်းတဲ့ သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်ကမှ သူ့အတွက် အကျိုးရှိမယ်လို့ ထင်ခဲ့တာလေ။ ကိစ္စတွေကို ကျွန်တော် ရှုမြင်ပုံက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ လုံးဝ မကိုက်ညီဘူး၊ တကယ်ကို အဓိပ္ပာယ်မရှိတာပဲ။ ဒီတစ်ခါ အဖမ်းခံရပြီးတဲ့နောက်မှာ ကျွန်တော့်သား သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မနိုင် ဆိုတာက သူ့ရဲ့ အနှစ်သာရ၊ သူ ပုံမှန် ဘာကို လိုက်စားတယ်ဆိုတာနဲ့ သူလျှောက်လှမ်းတဲ့ လမ်းကြောင်းပေါ်မှာပဲ မူတည်တယ်။ သားရဲ့ အနာဂတ်အလားအလာနဲ့ ကံကြမ္မာအတွက် အင်မတန် စိုးရိမ်ပူပန်ပြီး နာကျင်မှုထဲမှာ အသက်မရှင်သင့်တော့ဘူး။ ဒါကို နားလည်သွားတော့ ရင်ထဲမှာ နည်းနည်း ပေါ့ပါးသွားတယ်။

ရှာဖွေနေတဲ့အချိန်အတွင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ထပ်ဖတ်ခဲ့တယ်၊ “၎င်းတို့ကို မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ဘဝတွင် မိဘများ ထမ်းဆောင်ရသည့် တာဝန်မှာ ၎င်းတို့ ကြီးပြင်းလာရန် ပတ်ဝန်းကျင်တစ်ခုကို ပြင်ပမှ ပံ့ပိုးပေးဖို့သာဖြစ်ပြီး ထိုမျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းချက်သာလျှင် မည်သူ၏ ကံကြမ္မာအပေါ်မဆို သက်ရောက်မှု ရှိသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးတွင် မည်သို့သော အနာဂတ်မျိုး ရှိမည်ဟူသည်မှာ မည်သူကမျှ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။ ယင်းကို စောစီးစွာ ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်ကာ မိမိ၏ မိဘများကပင် ၎င်းတို့၏ ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်လာလျှင် လူတိုင်းသည် လွတ်လပ်ကြသည်၊ လူတိုင်းတွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ရှိကြသည်။ သို့ဖြစ်၍ မည်သူ၏ မိဘများကမျှ ၎င်းတို့၏ ဘဝကံကြမ္မာကို လုံးဝ မဟန့်တားနိုင်သည့်အပြင် ဘဝတွင် ၎င်းတို့ ပါဝင်ရမည့် အခန်းကဏ္ဍနှင့် ပတ်သက်လာလျှင်လည်း ၎င်းတို့ကို ကူညီရန် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ လူတစ်ဦးသည် မည်သည့် မိသားစုတွင် မွေးဖွားရန် ကြိုတင်ပြဋ္ဌာန်းခံရသည်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည်ဖြစ်စေ ဤအရာများသည် ၎င်းတို့၏ ဘဝ အထူးတာဝန်ကို ပြီးမြောက်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်များထက် မပိုကြောင်း ပြောဆိုနိုင်ပေသည်။ ယင်းတို့သည် လူတစ်ဦး၏ ဘဝကံကြမ္မာ သို့မဟုတ် ၎င်းတို့၏ အထူးတာဝန်ကို ပြီးမြောက်စေမည့် ကံကြမ္မာ အမျိုးအစားကို မည်သည့်နည်းနှင့်မျှ မဆုံးဖြတ်ပေ။ ထို့ကြောင့် မည်သူ၏ မိဘများကမျှ ၎င်းတို့၏ ဘဝအထူးတာဝန်ကို ပြီးမြောက်စေရန် မကူညီနိုင်သကဲ့သို့ မည်သည့် ဆွေမျိုးကမျှ ၎င်းတို့၏ ဘဝအခန်းကဏ္ဍကို ဖြည့်ဆည်းရန် မကူညီနိုင်ပေ။ လူတစ်ဦးသည် မိမိ၏ အထူးတာဝန်ကို မည်သို့ ပြီးမြောက်သည်နှင့် မည်သို့သော နေထိုင်မှု ပတ်ဝန်းကျင်တွင် မိမိ၏ အခန်းကဏ္ဍကို တာဝန်ယူသည်ဟူသောအချက်သည် ၎င်းတို့၏ ဘဝကံကြမ္မာအပေါ် လုံးလုံးလျားလျား မူတည်လေသည်။ တစ်နည်းအားဖြင့် မည်သည့် ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကမျှ ဖန်ဆင်းရှင် ကြိုတင်ပြဋ္ဌာန်းထားသည့် မည်သူ၏ အထူးတာဝန်ကိုမျှ လွှမ်းမိုးနိုင်ခြင်း မရှိပေ။ လူတိုင်းသည် မိမိတို့ ကြီးပြင်းလာသည့် သီးခြား ပတ်ဝန်းကျင်တွင် အရွယ်ရောက်လာကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ဘဝလမ်းကြောင်းပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းကြပြီး ဖန်ဆင်းရှင်က ၎င်းတို့အတွက် စီစဉ်ပေးထားသော ကံကြမ္မာကို ဖြည့်ဆည်းကြလေသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ဟူသော ကျယ်ပြောလှတဲ့ လူ့လောကကြီးထဲသို့ သဘာဝကျကျနှင့် အလိုအလျောက် ဝင်ရောက်လာကြပြီး ဘဝတွင် မိမိတို့၏ နေရာကို ယူကြကာ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းချက်အတွက်လည်းကောင်း၊ ကိုယ်တော်၏ အချုပ်အခြာအာဏာအတွက်လည်းကောင်း ဖန်ဆင်းခံတစ်ဦးအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ စတင် ဖြည့်ဆည်းကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) မိဘတွေက သားသမီးတွေအပေါ်ထားရှိတဲ့ တာဝန်ဝတ္တရားတွေနဲ့ပတ်သက်ပြီး ဘုရားသခင်က အင်မတန် ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ တာဝန်က သားကို အရွယ်ရောက်တဲ့အထိ ကျွေးမွေးပြုစုဖို့၊ ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့ သေချာလုပ်ပေးဖို့၊ သူ့ကို ဘုရားသခင်ရှေ့မှောက် ခေါ်ဆောင်လာဖို့၊ သူ့အသက်က ဘုရားသခင်ဆီက လာတယ်ဆိုတာကို ပြောပြဖို့၊ ပြီးတော့ သူ့ကို ဘုရားသခင်ကို ယုံကြည်လာအောင်နဲ့ မှန်ကန်တဲ့လမ်းကို လျှောက်လှမ်းလာအောင် လုပ်ပေးဖို့ပါပဲ။ ဒါတွေဟာ မိဘတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ တာဝန်တွေ၊ ဝတ္တရားတွေပဲ။ ဒါပေမဲ့ သား အဖမ်းခံရပြီးတဲ့နောက်မှာ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မနိုင်ဆိုတာနဲ့ သူ့ရဲ့ နောင်အနာဂတ် အဆုံးသတ်နဲ့ ခရီးဆုံးပန်းတိုင်တို့က ကောင်းချီးရမှာလား၊ ဒါမှမဟုတ် အပြစ်ဒဏ်ပေးခံရမှာလား ဆိုတာတွေကတော့ ကျွန်တော် ဆုံးဖြတ်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ဆင်ခြင်တုံတရားနဲ့ လက်ခံပြီး ကျိုးနွံနာခံသင့်ပါတယ်။ ဒါမှသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှာပါ။ ဒါကို နားလည်သွားတဲ့အခါ ကျွန်တော့်ရင်ထဲမှာ လုံးဝကို စိတ်သက်သာရာရသွားခဲ့တယ်။ ကျွန်တော့်သား သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည်ဖြစ်စေ၊ မရပ်တည်နိုင်သည်ဖြစ်စေ နောင်မှာ ကောင်းချီးပဲရရ၊ ဆင်းရဲဒုက္ခပဲကြုံကြုံ လက်ခံပြီး ကျိုးနွံနာခံဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။

အခုဆိုရင် သားအကြောင်းတွေးမိတဲ့အခါ နည်းနည်း စိုးရိမ်မိသေးပေမဲ့ ကျွန်တော့် အခြေအနေအပေါ် လွှမ်းမိုးမှုမရှိတော့ဘဲ ကိုယ့်တာဝန်ကို ပုံမှန် ထမ်းဆောင်နိုင်နေပါပြီ။ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အသင်းတော်အလုပ်ကို ကာကွယ်ခြင်းက ကျွန်မ၏ တာဝန်ဖြစ်သည်

ယီးရွှင် ဂျပန်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အသင်းတော်က ခေါင်းဆောင်သစ်ရွေးကောက်ဖို့ လိုအပ်ခဲ့တယ်။ တစ်နေ့မှာ၊ ခေါင်းဆောင်တွေက၊...

သက်သေခံချက် ရေးသားခြင်းမှ ရရှိခဲ့သည့်အရာ

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ ခုတစ်လော ညီအစ်ကို မောင်နှမ အတော်များများက သူတို့ အတွေ့အကြုံတွေအကြောင်း သက်သေခံချက်တွေ ရေးတာ သတိထားမိတယ်။...

ကျွန်မ လေးစားအားကျခဲ့တဲ့ ခေါင်းဆောင်တစ်ယောက် ဖြုတ်ချခံရပြီးနောက်

လီလန်၊ တရုတ်ပြည်။လီချန်က အသင်းတော် ခေါင်းဆောင်တစ်ယောက်ပါ၊ သူက လူတွေကို ရှင်းလင်းပစ်တဲ့၊ နှင်ထုတ်တဲ့အလုပ်ကို အဓိကတာဝန်ယူရပြီး...

မိမိတာဝန်တွင် စည်းမျဉ်းများ ရှာဖွေဖို့ရန် အလွန်အရေးကြီးသည်

ဒေစီ၊ ဂရိအရင်တုန်းက ကိုယ့်တာဝန်နဲ့ပတ်သက်ပြီး ကျွန်မမှာ ဒီလိုအယူအဆတစ်ခု ရှိခဲ့ဖူးတယ်။ ကျွန်မမှာ ရည်ရွယ်ချက်ကောင်းရှိပြီး ကိုယ့်တာဝန်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။