ဘုရားသခင် အလွန် ဖြောင့်မတ်သည်
ကျန်းလင် ဂျပန်နိုင်ငံ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်၊ အသင်းတော်အလုပ်ကို ကျွန်တော် ကွပ်ကဲနေချိန်တွင် ခေါင်းဆောင်ယန်ကျူးနှင့် ဆုံခဲ့ရသည်။ သူက...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လတုန်းက အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ ကာလတစ်ခုအထိ ယုံကြည်သူအသစ်သုံးယောက်ကို အွန်လိုင်းကနေ ကျွန်မ ရေလောင်းပေးခဲ့တယ်။ ဒီယုံကြည်သူအသစ်သုံးယောက်က စုဝေးပွဲတက်ဖို့ အရမ်းကို စိတ်အားထက်သန်ကြ၊ သူတို့ရွာမှာ အင်တာနက်မရှိတော့ အဝေးကြီးမှာရှိတဲ့ တောင်ပေါ်ကို တက်ပြီးမှ အင်တာနက်လိုင်း ရတယ်၊ ဒါတောင်မှ စုဝေးပွဲတိုင်းကို သူတို့ တက်ရောက်ခဲ့ကြတယ်။ သူတို့နဲ့ စကားစမြည်ပြောရင်းနဲ့ သူတို့ရဲ့ အိမ်နီးချင်းရွာနှစ်ရွာမှာ လူတစ်ရာကျော်စီလောက်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို မကြားဖူးသေးဘူးဆိုတာ ကျွန်မ သိလိုက်ရတယ်။ ဒီလူတွေကို ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်း သက်သေခံပြီး ဘုရားသခင်ရှေ့မှောက်ကို ခေါ်ဆောင်လာဖို့ ကျွန်မမှာ တာဝန်ရှိတယ်လို့ ခံစားခဲ့ရတယ်။ စုဝေးပွဲတစ်ခုအတွင်းမှာ ဒီယုံကြည်သူအသစ်သုံးယောက်ကို လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အကြောင်း ကျွန်မ မိတ်သဟာယပြုပေးခဲ့တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုလည်း သူတို့ကို ဖတ်ပြခဲ့တယ်။ “ဘေးအန္တရာယ်မျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ နိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးအန္တရာယ်များ ကြုံတွေ့ရလိမ့်မည်။ ကပ်ရောဂါ၊ အစာခေါင်းပါးခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် နေရာတိုင်း၌ ဖြစ်လေ၏။ ဤဘေးအန္တရာယ်များသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် သာ၍ သာ၍ ကျယ်ပြန့်သော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင် ပိုးမွှားကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ မြောက်မြားစွာသော တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ဒီလိုမိတ်သဟာယပြုခဲ့တယ်။ “အခု ဘုရားနှုတ်ကပတ်တော်တွေက တဖြည်းဖြည်း ပြည့်စုံလာနေပြီ၊ ဘေးအန္တရာယ်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာနေပြီ။ တခြားနိုင်ငံတွေမှာ ဘေးအန္တရာယ်တွေ ကြုံနေရတာတင်မကဘူး၊ ကျွန်မတို့ ဝပြည်နယ်မှာလည်း ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ခံစားနေရတယ်။ အခုဆို မြို့တွေ၊ ရွာတွေကို ပိတ်ထားပြီး လူတော်တော်များများလည်း သီးသန့်ခွဲခြားနေထိုင်နေရတယ်။ အဲဒီလို သီးသန့်နေထိုင်ရတဲ့ ကာလအတွင်းမှာ တချို့လူတွေက စားစရာ၊ သောက်စရာမရှိလို့ အဆောက်အအုံပေါ်ကနေ ခုန်ချသေဆုံးကြတယ်၊ တချို့ကလည်း ကပ်ရောဂါကူးစက်ခံရပြီး သီးသန့်နေထိုင်စရိတ်ကို မတတ်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေကြတယ်။ အပြင်ထွက်အလုပ်လုပ်တဲ့ တချို့ကလည်း မြို့တွေပိတ်ထားလို့ အိမ်မပြန်နိုင်ကြဘူး၊ မိသားစုဝင်တွေ သေဆုံးသွားတာတောင် နောက်ဆုံးအနေနဲ့ တွေ့ခွင့်မရလိုက်ကြဘူး။ နေ့တိုင်း ရောဂါကူးစက်ခံရတဲ့သူတွေက မရေမတွက်နိုင်အောင်ပဲ၊ သေဆုံးတဲ့သူအရေအတွက်ကလည်း တိုင်းတာလို့မရအောင်ပါပဲ။ ဒီနေ့ ကျွန်မတို့ အကောင်းပကတိ ရှိနေနိုင်ပေမဲ့ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ကျွန်မတို့ဟာ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံရပြီး ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားရတာ တကယ်ကို ကံကောင်းပါတယ်။ ကျွန်မတို့ရဲ့ မိသားစုတွေ၊ အိမ်နီးနားချင်းတွေနဲ့ မိတ်ဆွေတွေကို အမြန်ဆုံး ဘုရားသခင်ရဲ့ ဧဝံဂေလိတရားဟောရမယ်၊ ဒါမှ သူတို့လည်း ဘုရားသခင်ရဲ့ အသံတော်ကိုကြားပြီး ကိုယ်တော့်ရှေ့မှောက်ကို လာရောက်နိုင်မယ်၊ သမ္မာတရားကို ရရှိပြီး ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မှာလေ။ အခု သူတို့ကို ဧဝံဂေလိတရား မဝေမျှခဲ့ရင်၊ တစ်နေ့နေ့မှာ သူတို့ ရောဂါကူးစက်ခံရပြီး ဆုံးပါးသွားတဲ့အခါ ကျွန်မတို့ နောင်တရကြမှာ မဟုတ်ဘူးလား။ အဲဒီအချိန်ကျရင်တော့ သေမလောက်ငိုနေရင်တောင် အသုံးဝင်တော့မှာ မဟုတ်ဘူး။ ရှင်တို့ရွာက လူတွေကို ဧဝံဂေလိတရား ဟောချင်ကြလား” လို့ပေါ့။ ဒါကိုကြားပြီးနောက်မှာ သူတို့အားလုံးက လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်။ နောက်နေ့ညနေမှာ သူတို့က ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူ အတော်များများကို ခေါ်လာခဲ့ကြတယ်။ အဲဒီထဲမှာ ရွာသူကြီးရဲ့သားနဲ့ ရွာထဲမှာ ဩဇာအရှိန်အဝါ တော်တော်လေးရှိတဲ့ စာရင်းကိုင်တစ်ယောက်လည်း ပါဝင်တယ်။ ဧဝံဂေလိအမှုဆောင်က သူတို့ကို ဘုရားအစစ်နဲ့ ဘုရားအတုကို ခွဲခြားသိမြင်ခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားအကြောင်း၊ ဘုရားစစ်ကို ယုံကြည်ခြင်းအားဖြင့်သာ ဘေးအန္တရာယ်တွေကနေ အကာအကွယ်ပေးခံရနိုင်ပုံနဲ့ ဘုရားအတုတွေကို ယုံကြည်သူတွေက ဘေးအန္တရာယ်တွေထဲ ကျရောက်ရုံသာမက နောက်ဆုံးမှာ ကန့်နှင့်ရောသောမီးအိုင်ထဲကို ကျရောက်ရမှာဖြစ်ကြောင်း မိတ်သဟာယပြုပေးခဲ့တယ်။ သူတို့ထဲက တချို့က ဘုရားနှုတ်ကပတ်တော်ကို ကြားပြီးနောက်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်တစ်ပါးတည်းသာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်နိုင်တဲ့ တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင်ဖြစ်တယ်ဆိုတာကို နားလည်သွားကြတယ်။ သူတို့ဟာ ဘုရားနှုတ်ကပတ်တော်တွေကို ကြားရလို့ ဝမ်းသာပြီး မျက်ရည်ကျတဲ့အထိ တို့ထိခံခဲ့ရတယ်။ နောက်ပိုင်းမှာ သူတို့က လူ့သဘာဝတော်တော်ကောင်းတဲ့ သူတို့ရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို ဘုရားနှုတ်ကပတ်တော်တွေ နားထောင်ဖို့ ခေါ်လာခဲ့ကြတယ်။ ရက်နှစ်ဆယ်ကျော်လေးအတွင်းမှာပဲ ဒီရွာနှစ်ရွာကနေ လူတစ်ရာကျော်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လာရောက်စုံစမ်းစစ်ဆေးခဲ့ကြပြီး၊ ကျွန်မက သူတို့ထဲက လူခြောက်ဆယ်ကျော်ကို ရေလောင်းပေးဖို့ တာဝန်ယူခဲ့ရတယ်။ လူအများကြီးက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို တစ်ပြိုင်နက်တည်း လက်ခံကြလိမ့်မယ်လို့ ကျွန်မ တကယ်ကို မထင်ထားခဲ့ဘူး။
နောက်ပိုင်းမှာ ရွာနှစ်ရွာကနေ မှန်တဲ့ လမ်းခရီးကို လာရောက်စုံစမ်းစစ်ဆေးတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ပိုပိုများလာတယ်။ အိမ်နီးချင်းရွာက ခရိုင်အစိုးရအရာရှိတစ်ယောက်က ရွာသားတွေ ကျွန်မတို့ဆီမှာ တရားဒေသနာတွေ နားထောင်နေကြတာကို သိသွားတော့၊ ကင်းလှည့်စစ်ဆေးမှုတွေလုပ်ဖို့ ရွာရဲ့ပြည်သူ့စစ်တွေကို စုစည်းခဲ့တယ်။ မှန်တဲ့ လမ်းခရီးကို စပြီးစုံစမ်းစစ်ဆေးနေတဲ့ ယုံကြည်သူအသစ် ဆယ့်ခြောက်ယောက် အဖမ်းခံခဲ့ရပြီး ဒဏ်ငွေလည်း တပ်ခံခဲ့ရတယ်။ ပြည်သူ့စစ်တွေက နေ့ရောညပါ ကင်းလှည့်နေတော့၊ ရွာသားတွေက ရွာထဲမှာ တရားဒေသနာတွေကို မနားထောင်ဝံ့ကြတော့ဘူး၊ တချို့ဆိုရင် စုဝေးပွဲတွေအတွက် တောင်ပေါ်ကိုတောင် မတက်လာကြတော့ဘူး။ ရွာမှာ အင်တာနက်မရှိတော့ သူတို့ကိုယ်တိုင် အင်တာနက်လိုင်းရှာပြီး ကျွန်မကို ဆက်သွယ်တာမျိုး မလုပ်ရင် ယုံကြည်သူအသစ်တွေကို ဆက်သွယ်ဖို့ တကယ်ကို ခက်ခဲခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ ဇာတ်သိမ်းပြီ၊ တခြားလူတွေကို ဧဝံဂေလိတရား ဟောကြားဖို့ကို ပြောနေစရာတောင်မလိုဘူး၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ဘုရားရဲ့အမှုတော်ကို လက်ခံခဲ့တဲ့ ယုံကြည်သူအသစ်တွေတောင်မှ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာ မဟုတ်လောက်ဘူး လို့ ခံစားလိုက်ရတယ်။ အဲဒီအချိန်မှာပဲ စုဝေးပွဲအဖွဲ့ခေါင်းဆောင်တစ်ယောက်က တောင်ပေါ်မှာ အင်တာနက်လိုင်းတက်ရှာပြီး ကျွန်မကို ဆက်သွယ်လာတယ်။ သူက ပြောတယ်၊ “အခု အခြေအနေက တကယ်ကို ဆိုးနေပြီ၊ ရဲနဲ့ ပြည်သူ့စစ်တွေက နေရာတိုင်းမှာ နေ့တိုင်း ကင်းလှည့်နေတယ်။ ကျွန်တော်တို့ တစ်လတစ်ခါလောက်ပဲ စုဝေးလို့ရမလား” လို့ပေါ့။ ကျွန်မ ကိုယ့်ဘာသာ တွေးလိုက်တယ်။ “အဲဒါတော့ မဖြစ်ဘူး။ ယုံကြည်သူအသစ်တွေက ဝိညာဉ်ရင့်ကျက်မှု နည်းသေးတယ်၊ သူတို့ နားမလည်တဲ့ သမ္မာတရားတွေ အများကြီးရှိသေးတော့ ဆက်ပြီး ရေလောင်းပေးဖို့နဲ့ ထောက်ပံ့ပေးဖို့လိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်သူအသစ်တွေ စုဝေးပွဲတက်နိုင်အောင်တော့ သေချာပေါက် လုပ်ပေးရမယ်” လို့ပေါ့။ အဖွဲ့ခေါင်းဆောင်နဲ့ ကျွန်မဟာ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို အတူတူကြည့်ခဲ့ကြတယ်။ ကျွန်မက ပြောတယ်။ “မောရှေက ဣသရေလလူတွေကို အီဂျစ်ပြည်ကနေ ဦးဆောင်ခေါ်ထုတ်လာတဲ့အချိန်မှာ၊ သူတို့ရှေ့မှာ ပင်လယ်နီရှိပြီး နောက်မှာတော့ လိုက်လံဖမ်းဆီးတဲ့ တပ်တွေရှိနေခဲ့တယ်။ အဲဒီအချိန်မှာ ရှေ့ဆက်သွားစရာလမ်းမရှိတော့ပေမဲ့၊ သူတို့တွေ စိတ်ကိုငြိမ်သက်စေပြီး ဘုရားသခင်ကို ဆုတောင်းတဲ့အပြင် ကိုးစားခဲ့ကြတယ်၊ ဒါနဲ့ ဘုရားသခင်က သူတို့အတွက် လမ်းဖွင့်ပေးခဲ့တယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ ဩဇာအာဏာကို မျက်ဝါးထင်ထင် တွေ့ခဲ့ကြရတယ်။ ဘုရားသခင်က ပင်လယ်နီကို နှစ်ပိုင်းခွဲလိုက်ပြီး အလယ်မှာ ခြောက်သွေ့တဲ့မြေကို ပေါ်စေခဲ့တယ်။ ဣသရေလလူတွေ ပင်လယ်နီကို ဖြတ်ကူးသွားခဲ့ကြပြီး လိုက်လံဖမ်းဆီးတဲ့ တပ်တွေကတော့ ပင်လယ်ရေထဲမှာ နစ်မြုပ်ကုန်ကြတယ်။ ဒါက ဘုရားသခင် ကယ်တင်ဖို့ ဆုံးဖြတ်ထားတဲ့သူတွေကို ကိုယ်တော်က သေချာပေါက် လမ်းပြလိမ့်မယ်ဆိုတာကို ပြနေတာပဲ” လို့ပေါ့။ ပြီးတော့ သူ့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြခဲ့တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) အဲဒီနောက် ကျွန်မက ဒီလိုမိတ်သဟာယပြုခဲ့တယ်။ “အပေါ်ယံမှာတော့ အစိုးရအရာရှိက ကျွန်မတို့ ဘုရားသခင်ကို ယုံကြည်ခြင်းကို တားဆီးနေပုံရပေမဲ့၊ ဒီနောက်ကွယ်မှာ စာတန်ရဲ့ နှောင့်ယှက်မှု ရှိနေတယ်။ စာတန်က ကျွန်မတို့ ဘုရားနှုတ်ကပတ်တော်တွေကို ကြားရတာကို မလိုလားဘူး၊ ဒါကြောင့် ကျွန်မတို့ကို ယုံကြည်ခြင်း စွန့်လွှတ်အောင်ဖိအားပေးဖို့ အစိုးရအရာရှိကိုသုံးပြီး ညှဉ်းပန်းဖမ်းဆီးနေတာ။ ယောဘ စုံစမ်းသွေးဆောင်ခြင်းခံရပြီး သူ့ရဲ့စည်းစိမ်ဥစ္စာအားလုံးကို ဆုံးရှုံးခဲ့တုန်းကလိုပဲပေါ့၊ အပေါ်ယံမှာတော့ ဓားပြတွေရဲ့ လုပ်ရပ်လို ထင်ရပေမဲ့၊ တကယ်တမ်းမှာတော့ ဒါဟာ စာတန်က ယောဘကို စုံစမ်းသွေးဆောင်ပြီး တိုက်ခိုက်နေခဲ့တာပဲ။ ယောဘက ဒီစမ်းသပ်မှုတွေအားလုံးကို ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ကို မညည်းညူဘဲ ယေဟောဝါ ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းခဲ့တယ်။ စာတန်က ယောဘကို ဘယ်လိုပဲ နှောင့်ယှက်ပါစေ သူက ဘုရားသခင်ကို မစွန့်လွှတ်ခဲ့ဘူး၊ နောက်ဆုံးမှာတော့ စာတန်က အရှက်ရပြီး ဆုတ်ခွာသွားခဲ့ရတယ်။ အခု အစိုးရအရာရှိရဲ့ နှောင့်ယှက်မှုနဲ့ ညှဉ်းပန်းမှုကို ရင်ဆိုင်နေရတဲ့အခါ၊ ကျွန်မတို့က တစ်လမှာ တစ်ခါပဲ ဘုရားနှုတ်ကပတ်တော်ကို နားထောင်ဖြစ်တဲ့အထိ ဘောင်ခတ်ခံရရင် အဲဒါဆိုရင် စာတန်ရဲ့ပရိယာယ် အောင်မြင်သွားတာမျိုး မဖြစ်ဘူးလား။ ဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့က စုဝေးဖို့ ဇွဲရှိရှိကြိုးစားနေမယ်ဆိုရင် စာတန်က အရှက်ရသွားမှာပဲ” လို့ပေါ့။ ကျွန်မရဲ့ မိတ်သဟာယပြုခြင်းကို ကြားပြီးနောက်မှာ အဖွဲ့ခေါင်းဆောင်က သူပြန်သွားပြီး ဒီယုံကြည်သူအသစ်တွေကို စုဝေးပွဲတက်ဖို့ ဖိတ်ခေါ်လိုပါတယ်လို့ ပြောခဲ့တယ်။ အဖွဲ့ခေါင်းဆောင်ရဲ့ မိတ်သဟာယပြုခြင်းအားဖြင့် ယုံကြည်သူအသစ်တွေက တစ်ယောက်ပြီးတစ်ယောက် ဒီလိုပြောကြတယ်။ “ဘုရားသခင် ခွင့်မပြုဘဲ ဘာမှမဖြစ်နိုင်ဘူး။” “ကျွန်တော်တို့ အဖမ်းခံရခြင်း၊ မခံရခြင်းက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်။” “စာတန်က အစိုးရရဲ့ နှောင့်ယှက်မှုကိုသုံးပြီး ကျွန်တော်တို့ကို ယုံကြည်ခြင်း စွန့်လွှတ်စေချင်တယ်၊ ငရဲကို ဆွဲချချင်နေတာ။ သူတို့ ဘယ်လိုပဲ ညှဉ်းပန်းပါစေ၊ ကျွန်တော်တို့က ဘုရားသခင်နောက်ကို သေချာပေါက်လိုက်မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး” လို့ပေါ့။ အခြေအနေက အရမ်းကို ဆိုးရွားနေပေမဲ့၊ ပိုပြီးစိတ်အားထက်သန်တဲ့ ယုံကြည်သူအသစ်တချို့က စုဝေးပွဲတက်ဖို့ အင်တာနက်လိုင်းရအောင် နည်းလမ်းရှာခဲ့ကြတုန်းပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ စုဝေးတဲ့နေရာတွေက ဖော်ထုတ်ခံလိုက်ရတဲ့အတွက်၊ အရင်ကလို လူခြောက်ဆယ်၊ ခုနစ်ဆယ်လောက် အုပ်စုလိုက် မစုဝေးနိုင်ကြတော့ဘူး၊ စုဝေးတဲ့နေရာတစ်ခုမှာ အများဆုံး လူအယောက်နှစ်ဆယ်လောက်ပဲ ရှိနိုင်တော့တယ်။ ကျွန်မတို့က စုဝေးပွဲကို အုပ်စုငယ်တွေခွဲပြီး စီစဉ်ဖို့ ပြင်ဆင်နေတုန်းမှာပဲ နောက်ထပ်အခက်အခဲတစ်ခုကို ကြုံတွေ့ခဲ့ရပြန်တယ်။ ဘာလို့လဲဆိုတော့ ယုံကြည်သူအသစ်တွေမှာ အင်တာနက်သုံးလို့ရတဲ့ ဆင်းမ်ကတ်နှစ်ကတ်ပဲ ရှိတဲ့အတွက်၊ စုဝေးပွဲကို အုပ်စုခွဲလိုက်ရင် ဆင်းမ်ကတ်က မလုံလောက်တော့ဘူး၊ ဒီတော့ ရွာသားတချို့က ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်နိုင်မှာ မဟုတ်သေးဘူး။ ပြီးတော့ လူအယောက်နှစ်ဆယ်က ဖုန်းတစ်လုံးတည်းနဲ့ စုဝေးတဲ့အခါ၊ လိုင်းမကောင်းတဲ့အချိန်ဆို တချို့လူတွေက မိတ်သဟာယပြုတဲ့အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်းမကြားရဘဲ စုဝေးပွဲက ထိရောက်မှုရှိမှာ မဟုတ်ဘူး။ ဒါနဲ့ ကျွန်မလည်း အားပြန်ငယ်သွားပြီး အခြေအနေက တကယ်ကို ခက်ခဲလှပါလားလို့ ခံစားလိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်မ တွေးမိတယ်၊ “ငါသာ အဲဒီကို ကိုယ်တိုင်သွားနိုင်ရင်၊ အဲဒါဆို သူတို့ကို လူကိုယ်တိုင် ရေလောင်းပေးနိုင်မှာ” လို့ပေါ့။ အဲဒီနောက် ကျွန်မရဲ့အတွေးတွေကို ကြီးကြပ်ရေးမှူးကို ပြောပြတော့၊ ကြီးကြပ်ရေးမှူးက ကျွန်မကို အဲဒီဒေသကို သွားခွင့်ပြုခဲ့တယ်။
အဲဒီညနေမှာပဲ ကျွန်မ ဒေသခံဧည့်ခံတဲ့အိမ်ကို ရောက်သွားတယ်။ အဲဒီအချိန်မှာပဲ ယုံကြည်သူအသစ်တွေရဲ့ အဖွဲ့ခေါင်းဆောင်တွေက ကျွန်မဆီကို မက်ဆေ့ချ်ပို့လာကြတယ်၊ ဒါနဲ့ ကျွန်မက သူတို့ကို နောက်နေ့မွန်းတည့်ချိန်မှာ ညီအစ်ကိုမောင်နှမတွေကို စုဝေးပွဲအတွက် ဖိတ်ခေါ်ခိုင်းလိုက်တယ်၊ လူဘယ်လောက်ခေါ်နိုင်သလဲဆိုရင် ခေါ်နိုင်သလောက်ခေါ်ပြီး ပုန်းကွယ်လို့ကောင်းတဲ့နေရာတစ်ခု ရှာဖို့ပါ ပြောလိုက်တယ်။ နောက်နေ့မှာ ကျွန်မတို့ သဘောတူထားတဲ့နေရာကို ရောက်သွားတော့၊ ကျွန်မ ကြက်သေသေသွားတယ်။ ကျွန်မ ထင်တောင်မထင်ထားဘူး၊ ယုံကြည်သူအသစ် ခြောက်ဆယ်ကျော်လုံး ရောက်လာကြပြီး၊ တစ်ယောက်ပြီးတစ်ယောက် ကျွန်မကို လက်ဆွဲနှုတ်ဆက်ကြတယ်၊ ပွေ့ဖက်ကြတယ်၊ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အလုအယက် မိတ်ဆက်ကြတယ်။ သူတို့ဟာ ပျော်ရွှင်နေတဲ့ ငှက်အုပ်လေးလိုပဲ၊ ဒါဟာ ကျွန်မ တစ်ခါမှမမြင်ဖူးတဲ့ မြင်ကွင်းမျိုးပါပဲ။ အဲဒီနေ့ စုဝေးပွဲပြီးတဲ့နောက်မှာ သူတို့က တခြားရွာတစ်ရွာက ယုံကြည်သူအသစ်တွေကို ဧဝံဂေလိတရား လာနားထောင်ဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။ သုံးရက်မြောက်နေ့မှာ အဖွဲ့ခေါင်းဆောင်က ကျွန်မတို့ကို ရှည်လျားတဲ့တောင်ပေါ်လမ်းအတိုင်း ခေါ်သွားပြီး၊ ကျွန်မတို့ တိတ်ဆိတ်ပြီး ပုန်းကွယ်လို့ကောင်းတဲ့နေရာတစ်ခုကို ရှာတွေ့ခဲ့တယ်။ ယုံကြည်သူအသစ် အယောက်ငါးဆယ်လောက် လာခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ စုဝေးနေတုန်းမှာပဲ နွားကျောင်းနေတဲ့ ဘာသာတရား မရှိသူတစ်ယောက်က ကျွန်မတို့ကို မြင်သွားတယ်။ ကျွန်မ တွေးမိတယ်၊ “သူ ငါ့ကို သွားတိုင်လိုက်မလား။ အစိုးရအရာရှိ ဒါမှမဟုတ် ရဲတွေက ငါ့ကို လာဖမ်းကြမလား” လို့ပေါ့။ ထွက်ပြေးဖို့ပဲ ကျွန်မ စဉ်းစားမိတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အရင်က ကျွန်မဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရလိုက်တယ်။ “အန္တိခရစ်များသည် ၎င်းတို့၏ ဘေးကင်းမှုကို ကာကွယ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ထင်မြင်သည်မှာ ‘ငါ၏ လုံခြုံမှုကို အပြည့်အဝ သေချာအောင်လုပ်ဆောင်ရမည်။ မည်သူက အဖမ်းခံရသည်ဖြစ်စေ ငါမဖြစ်ရ’ ဟူ၍ ဖြစ်သည်။...နေရာတစ်ခုက လုံခြုံလျှင် အန္တိခရစ်များသည် အလုပ်လုပ်ရန် ထိုနေရာကို ရွေးချယ်လိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ကြီးမားသော ‘တာဝန်သိစိတ်’နှင့် ‘သစ္စာစောင့်သိခြင်း’ တို့ကို ပြစားလျက် အမှန်ပင် အလွန်တက်ကြွပြီး အပြုသဘောဆောင်သည့် ပုံစံရှိလိမ့်မည်။ အချို့သောအလုပ်သည် စွန့်စားရခြင်း ပါဝင်ပြီးထိခိုက်မှုဖြစ်ဖွယ်ရှိပါက၊ လုပ်ဆောင်သူသည် အဆင်းနီသော နဂါးကြီး၏ တွေ့ရှိခံရဖွယ်ရှိပါက ၎င်းတို့သည် ဆင်ခြေများပေးပြီး ငြင်းဆန်ကာ ယင်းမှ ထွက်ပြေးဖို့ အခွင့်အရေးရှာကြသည်။ အန္တရာယ်ရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် အန္တရာယ်၏ အရိပ်အယောင်ရှိသည်နှင့်တစ်ပြိုင်နက် ညီအစ်ကို မောင်နှမများကို ဂရုစိုက်ခြင်းမရှိဘဲ ကိုယ်လွတ်ရုန်းပြီး မိမိတို့တာဝန်ကို စွန့်ပစ်မည့်နည်းလမ်းများ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အန္တရာယ်မှ လွတ်စေဖို့သာ ဂရုစိုက်ကြသည်။ စိတ်နှလုံးတွင် ၎င်းတို့ ပြင်ဆင်ထားနှင့်ပြီး ဖြစ်နိုင်သည်။ အန္တရာယ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ် မည်သို့ဖြစ်နေသည်၊ သို့မဟုတ် ယင်းက ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား မည်သည့် ဆုံးရှုံးမှုရောက်စေမည်၊ သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို ဂရုမစိုက်ဘဲ ၎င်းတို့ လုပ်နေသည့် အလုပ်ကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြသည်။ ၎င်းတို့အဖို့ အရေးကြီးသည်မှာ ထွက်ပြေးဖို့ ဖြစ်သည်။ မိမိတို့ကိုယ်ကို ကာကွယ်မည့် အစီအစဉ်၊ ‘ဝှက်ဖဲ’ပင် ရှိကြသည်။ ၎င်းတို့အပေါ် အန္တရာယ် ကျရောက်သည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ အဖမ်းခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းဖို့ ရှိသမျှသော တာဝန်ဝတ္တရားမှ မိမိတို့ကိုယ်ကို ရှင်းလင်းစေပြီး လွတ်ငြိမ်းခွင့်ပေးလျက် ၎င်းတို့ သိသမျှကို ပြောကြလေတော့သည်။ ဤသည်မှာ ၎င်းတို့၌ အသင့်ရှိသော အစီအစဉ်ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တွေဟာ အန္တရာယ်မရှိတဲ့အခါမှာ သူတို့ရဲ့တာဝန်တွေကို ပုံမှန်အတိုင်း ထမ်းဆောင်ပြီး အလုပ်လုပ်နိုင်ကြပေမဲ့၊ အန္တရာယ်ကျရောက်လာတဲ့အခါမှာတော့ သူတို့ ပထမဆုံးစဉ်းစားတာက ကိုယ့်ရဲ့လုံခြုံရေးပဲ။ သူတို့က ကိုယ့်ရဲ့လုံခြုံရေးကို အရေးကြီးဆုံးအရာအဖြစ် ရှုမြင်ပြီး၊ အသင်းတော်ရဲ့အကျိုးစီးပွားကို တစ်စက်ကလေးမှ ထည့်မစဉ်းစားဘူး။ အန္တိခရစ်တွေဟာ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်၊ ပြီးတော့ အသိစိတ် ဒါမှမဟုတ် ဆင်ခြင်တုံတရား လုံးဝမရှိဘူး။ ကျွန်မရဲ့ အပြုအမူကလည်း အန္တိခရစ်တစ်ယောက်လိုပါပဲလား။ အစပိုင်းမှာတော့ ကျွန်မ ယုံကြည်သူအသစ်တွေနဲ့အတူ စုဝေးဖို့ တောင်ပေါ်ကို တက်နိုင်ခဲ့တယ်၊ အလုပ်နည်းနည်းပါးပါးလုပ်ပြီး ဒုက္ခနည်းနည်းပါးပါး ခံနိုင်ခဲ့ပုံရတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့လုံခြုံရေးကို ထိခိုက်လာတာနဲ့တစ်ပြိုင်နက် ကိုယ့်တာဝန်ကို စွန့်ပစ်ပြီး ထွက်ပြေးချင်ခဲ့တယ်။ ကျွန်မက ကိုယ့်လုံခြုံရေးကို အရာအားလုံးထက် ပိုအလေးထားခဲ့ပြီး၊ ဒီယုံကြည်သူအသစ်တွေကို အရင်ဆုံး ဘယ်လိုစီစဉ်ပေးရမလဲဆိုတာ လုံးဝမစဉ်းစားခဲ့ဘူး။ ယုံကြည်သူအသစ်တွေ ဒီလောက်များတာ၊ သူတို့သာ အဖမ်းခံရရင် ဝိညာဉ်ရင့်ကျက်မှု နုနယ်သေးလို့ ပျောက်သွားနိုင်ချေများတယ်၊ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကနေ လွတ်မြောက်ဖို့ပဲ စိတ်ပူနေခဲ့တယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်တာပဲ။ ဒီလိုတွေးမိတော့ ကျွန်မ ဒီယုံကြည်သူအသစ်တွေကို လုံခြုံတဲ့နေရာကို အမြန်ပို့လိုက်တယ်။ တချို့ကို မြောင်းထဲမှာ၊ တချို့ကို မြက်ပင်တွေကြားထဲမှာ၊ တချို့ကိုတော့ တောအုပ်ထဲမှာ ပုန်းခိုင်းလိုက်တယ်။ နွားကျောင်းသမား ထွက်သွားပြီးတဲ့နောက်မှာ ကျွန်မတို့ စုဝေးပွဲကို ဆက်လုပ်ခဲ့ကြပြီး၊ ညီအစ်ကိုတချို့ကို ကင်းစောင့်ဖို့ စီစဉ်ခဲ့တယ်။ စုဝေးပွဲပြီးတော့ နောက်တစ်ခါ စုဝေးမယ့်အချိန်ကို ကျွန်မတို့ သတ်မှတ်ခဲ့ကြတယ်။
နောက်ပိုင်းမှာ လူတစ်ရာကျော်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ အဲဒီအချိန်မှာ ရွာနှစ်ရွာက ယုံကြည်သူအသစ်တွေဟာ အယောက်နှစ်ရာနီးပါး ရှိလာခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လာနားထောင်တဲ့သူ ဒီလောက်များလာတာက အရာရှိရဲ့ အာရုံစိုက်မှုကို ပိုပြီးတော့တောင် ဆွဲဆောင်သလို ဖြစ်သွားတယ်၊ သူက ရွာထဲက ဘာသာတရား မရှိသူတွေနဲ့ မူလတန်းကျောင်းသားတွေကိုပါ တောင်ပေါ်မှာ ကင်းလှည့်ခိုင်းခဲ့တယ်။ အရာရှိက ကျွန်မတို့ စုဝေးတဲ့နေရာကို ရှာတွေ့ရင် တစ်ယောက်ကို ယွမ်တစ်ရာဆုချမယ်လို့လည်း ပြောခဲ့တယ်။ အဲဒီအချိန်မှာ ရွာထဲမှာတင်မကဘူး၊ တောင်ပေါ်မှာပါ ကင်းလှည့်တဲ့သူတွေ ရှိနေခဲ့တယ်။ ဒါကြောင့် အခြေအနေက တစ်နေ့တခြား ပိုဆိုးလာခဲ့တယ်၊ ဒါပေမဲ့ နေ့တိုင်း ယုံကြည်သူအသစ်တွေက သူတို့ရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို ဘုရားနှုတ်ကပတ်တော်တွေ နားထောင်ဖို့ ဆက်ပြီး ခေါ်ဆောင်လာခဲ့ကြတယ်၊ ရွာနှစ်ရွာလုံးက ရွာသူကြီးနဲ့ ဒုတိယရွာသူကြီးတွေတောင် ဘုရားနှုတ်ကပတ်တော်တွေ လာနားထောင်ခဲ့ကြတယ်။ အရာရှိရဲ့ ညှဉ်းပန်းမှုကြောင့် ကျွန်မတို့ စုဝေးတဲ့နေရာကို အဆက်မပြတ် ပြောင်းခဲ့ရတယ်။ တစ်ခါတလေ လယ်ကွင်းတွေထဲမှာ စုဝေးတယ်၊ တစ်ခါတလေ သဲမြေတွေပေါ်မှာ၊ တစ်ခါတလေ တောအုပ်တွေထဲမှာ၊ တစ်ခါတလေဆိုရင် အဝေးကြီးမှာရှိတဲ့ တောင်တန်းတွေပေါ်အထိ သွားပြီး စုဝေးခဲ့ရတယ်။ ကျွန်မ ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ သွားတဲ့အခါ နေ့တိုင်း အရာရှိရဲ့ အိမ်ရှေ့ကနေ ဖြတ်သွားရတယ်။ ဒါက ကျွန်မနေ့တိုင်း သွားရမဲ့လမ်းဖြစ်လို့ ရှောင်လို့မရဘူး၊ အရာရှိနဲ့ ရဲတွေက ကျွန်မကိုတွေ့လို့ အရာရှိရဲ့ဂိတ်ရှေ့မှာ ရုတ်တရက်တားပြီး ဖမ်းလိုက်မှာကို ကျွန်မ ခဏခဏ စိုးရိမ်မိတယ်။ ကျွန်မသာ အဖမ်းခံရပြီး မိသားစုက သိသွားရင် ဘယ်လိုလုပ်မလဲ။ သူတို့က ကျွန်မရဲ့ယုံကြည်ခြင်းကို အစကတည်းက ဆန့်ကျင်နေတာ၊ ကျွန်မအဖမ်းခံရတာကို သူတို့သိရင် ကျွန်မကို ပိုပြီးတောင် ညှဉ်းပန်းကြမှာ မဟုတ်ဘူးလား။ ဒီလိုဖြစ်မှာကို နေ့တိုင်း ကျွန်မခေါင်းထဲမှာ စဉ်းစားနေမိပြီး၊ အဲဒီအကြောင်းကို စဉ်းစားလိုက်ရုံနဲ့တင် ကျွန်မ အရမ်းကြောက်တယ်။ နေ့တိုင်း ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ သွားတဲ့အခါ ကျွန်မ တကယ်ကို ရင်တထိတ်ထိတ်နဲ့ပဲ။ အရာရှိရဲ့အိမ်ရှေ့က ဖြတ်သွားတဲ့အခါဆိုရင် အသက်တောင်မရှူရဲဘူး၊ မော်တော်ဆိုင်ကယ်ကို အရှိန်တင်ပြီး နောက်ကို လှည့်မကြည့်ရဲဘဲ မောင်းသွားတယ်။ ကြောက်တဲ့အခါ ကျွန်မစိတ်ထဲကနေ ဘုရားသခင်ကို တိတ်တဆိတ် အော်ခေါ်တယ်။ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ သတိရလိုက်တယ်၊ “ဘုရားစုံလင်စေသော အရာသည် ယုံကြည်ခြင်းဖြစ်သည်” “နောက်ဆုံးသောကာလ အမှုတွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှ ပေါ့ဆလိုက်ရုံနှင့် ငါတို့ ခလုတ်တိုက်မိကောင်း တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူတို့၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံရပြီးဖြစ်ကာ ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြရမည်၊ ဤသည်မှာ ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြဖို့ လိုအပ်သည်။ သေသည်အထိ ၎င်းတို့ ကျိုးနွံနာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈)) ဒီဓမ္မတေးကို ကျွန်မ ဆိုလိုက်တဲ့အခါ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ခွန်အားရလာသလို ခံစားခဲ့ရတယ်။ ကျွန်မ နားလည်လိုက်တာကတော့ ဘုရားသခင်က ကျွန်မကို ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို တွေ့ကြုံခံစားစေပြီး ကိုယ်တော်အပေါ်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေဖို့ ဒီအခြေအနေကို ဖြစ်ပေါ်ခွင့်ပြုခဲ့တာပဲ ဆိုတာပါပဲ။ ဒီရွာကိုမလာခင်က ကျွန်မကိုယ်ကျွန်မ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကြီးမားတယ်လို့ ခံစားခဲ့ရပေမဲ့၊ အဖြစ်မှန်တွေ ကျရောက်လာတဲ့အခါမှာတော့ ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို ဖော်ပြလိုက်တယ်။ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ယုံကြည်ခြင်းက သေးငယ်လွန်းတယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဘုရားသခင်က ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဒီညှဉ်းပန်းမှု ပတ်ဝန်းကျင်ကို အသုံးပြုနေတာပဲ။ ကျွန်မလည်း ကိုယ်တော်ကို ကိုးစားပြီး ဒီအတွေ့အကြုံကို ဖြတ်သန်းဖို့ ဆန္ဒရှိလာတယ်။ နောက်ပိုင်းမှာ အရာရှိရဲ့ ညှဉ်းပန်းမှုက ပိုပြီးတော့တောင် ဆိုးရွားလာခဲ့တယ်။ သူက ရွာသားတွေကို စုဝေးနေတဲ့သူ ဘယ်သူ့ကိုမဆို တွေ့ရင် သတင်းပို့ခိုင်းပြီး၊ ယုံကြည်သူတစ်ယောက်ကို သတင်းပို့ရင် ယွမ် ၅၀၀၊ နှစ်ယောက်ဆိုရင် ယွမ် ၁၀၀၀ ဆုချမယ်လို့ ပြောခဲ့တယ်။ ဒီလူတွေက တကယ်ကို ကောက်ကျစ်ဆိုးယုတ်တာပဲလို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မတို့ ဘုရားသခင်ကို ယုံကြည်တာက ရာဇဝတ်မှုကျူးလွန်တာမှ မဟုတ်တာ၊ ဒါတောင် သူတို့က ကျွန်မတို့ကို ဖမ်းဖို့ နည်းလမ်းပေါင်းစုံသုံးနေကြတယ်။ ကျွန်မစိတ်ထဲမှာ သူတို့ကို တကယ်ကို မုန်းတီးသွားတယ်။ သူတို့ မတွေ့အောင်လို့ ကျွန်မတို့က မနက် ၁၀ နာရီ စုဝေးချိန်ကို မနက် ၆ နာရီကို ပြောင်းလိုက်တယ်။ အဲဒီအချိန်က ဒီဇင်ဘာလဖြစ်ပြီး ရာသီဥတုက အရမ်းအေးပေမဲ့၊ ယုံကြည်သူအသစ်တွေက စုဝေးပွဲတွေကို စိတ်အားထက်သန်စွာနဲ့ လာခဲ့ကြတုန်းပါပဲ။ တချို့က အသက် ၆၀ ကျော်နေပြီဖြစ်ပေမဲ့ စုဝေးပွဲကို ဇွဲရှိရှိ တက်ကြတယ်၊ တချို့က မိသားစုလိုက်လာကြတယ်၊ တချို့ကတော့ တစ်လသားအရွယ် ကလေးငယ်လေးတွေကို ချီပြီးတော့တောင် တောင်ပေါ်စုဝေးပွဲကို လာကြတယ်။ သူတို့တွေ စုဝေးပွဲကို တက်တက်ကြွကြွ ပါဝင်ကြတာကို မြင်တော့၊ ကျွန်မ အရမ်းကို တို့ထိခံရပြီး ရှက်လည်းရှက်မိတယ်၊ ကိုယ့်ရဲ့ယုံကြည်ခြင်းက သူတို့လောက်တောင် မခိုင်ခံ့ဘူးလို့ တွေးမိတာပေါ့။ ဒီစာတန်အစိုးရကိုလည်း ကျွန်မ မုန်းတီးခဲ့တယ်၊ လူတွေ ဘုရားနှုတ်ကပတ်တော်တွေ မကြားရအောင်၊ ယုံကြည်သူတွေနဲ့ပတ်သက်လို့ ကင်းလှည့်ပြီး သတင်းပို့ခိုင်းဖို့ ရွာသားအားလုံးကို စည်းရုံးခဲ့တယ်။ ဒီလိုတွေရှိနေပေမဲ့လည်း ဧဝံဂေလိအလုပ်ကတော့ တစ်စက်ကလေးမှ ထိခိုက်မှုမရှိခဲ့ဘဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားက ဒီဒေသမှာ ဆက်ပြီး ပျံ့နှံ့နေခဲ့တယ်။ ပြီးတော့ ကင်းလှည့်တဲ့သူတွေက ကျွန်မတို့ကို တစ်ခါမှတောင် မတွေ့ခဲ့ကြဘူး။ တကယ်ကို ဘုရားသခင်ရဲ့ ကွယ်ကာစောင့်ရှောက်မှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။
တစ်နေ့မှာ ဘာသာတရား မရှိတဲ့ ကျွန်မခင်ပွန်းက တပ်ကနေ ရုတ်တရက် အိမ်ပြန်ရောက်လာတယ်။ သူက နှစ်သစ်ကူးမှ ပြန်လာရမှာဖြစ်ပေမဲ့ ထင်တောင်မထင်ထားဘဲ သူ ဒီတစ်ခါ စောစောပြန်လာခဲ့တယ်။ သူက ကျွန်မအိမ်မှာမရှိတာကိုတွေ့တော့ ဘယ်သွားနေလဲလို့ ဖုန်းဆက်မေးပြီး၊ နောက်နေ့မနက်ချက်ချင်း အိမ်ပြန်လာဖို့ ပြောတယ်။ နောက်နေ့မှာ သူက ကျွန်မပြန်မလာသေးတာကိုတွေ့တော့ ကျွန်မဆီကို မက်ဆေ့ချ်ပို့ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မဆီမှာ အင်တာနက်မရှိတော့ သူ့ကိုစာမပြန်ဖြစ်ဘူး၊ ဒါနဲ့ သူ အရမ်း စိတ်ဆိုးသွားတယ်။ နောက်ပိုင်းမှာ ကျွန်မခင်ပွန်းက အိမ်ပြန်လာဖို့ ဖုန်းဆက်ပြီး တောက်လျှောက်တိုက်တွန်းခဲ့တယ်၊ အမြန်မပြန်ရင် ကျွန်မကို ကွာရှင်းမယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်။ ကျွန်မ စိတ်အားလျော့သွားတယ်။ ကျွန်မမိသားစုက အစကတည်းက ကျွန်မ ဘုရားသခင်ကို ယုံကြည်တာကို ဆန့်ကျင်နေတာဖြစ်ပြီး ကျွန်မယောက္ခမကလည်း ကျွန်မခင်ပွန်းကို ကျွန်မနဲ့ကွာရှင်းဖို့ မကြာခဏ တိုက်တွန်းခဲ့တယ်။ ကျွန်မသာ အိမ်မပြန်ရင် ကျွန်မခင်ပွန်းက ကျွန်မကို တကယ်ပဲ ကွာရှင်းတော့မှာလား။ ကျွန်မရဲ့ နှလုံးသားက နာကျင်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး၊ “ငါ အိမ်ကို ရက်အနည်းငယ်လောက် ပြန်လိုက်ရမလား” လို့ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မသိတယ်၊ ကျွန်မသာ ပြန်သွားရင် နောက်တစ်ခါပြန်ထွက်လာဖို့ ခက်တော့မှာ။ ဒီယုံကြည်သူအသစ်တွေကို ဘယ်သူက ရေလောင်းပေးမှာလဲ။ ကျွန်မရဲ့ နှလုံးသားက အရမ်းကို ပူလောင်ခဲ့ရပြီး၊ ကျွန်မရဲ့ နှလုံးသားထဲမှာ ညည်းညူမှုတွေ တဖွားဖွားပေါ်လာတာကို မတားနိုင်ခဲ့ဘူး။ “ဘုရားသခင်က ဘာလို့ ကျွန်မအပေါ်မှာ ဒီလိုအဖြစ်အပျက်မျိုးကို ခွင့်ပြုရတာလဲ။ ကျွန်မခင်ပွန်းက ကျွန်မကို အိမ်ပြန်ဖို့ ဆက်တိုက်ဖိအားပေးနေတယ်၊ မပြန်ရင် ကွာရှင်းမယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်မသာ အိမ်ပြန်သွားရင် ကျွန်မရဲ့တာဝန်ကို ဘယ်လိုဆက်ပြီး ထမ်းဆောင်နိုင်မှာလဲ” လို့ပေါ့။ ကျွန်မစိတ်ထဲမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတာကို ဆက်ပြီး စဉ်းစားချင့်ချိန်နေခဲ့တယ်။ ကျွန်မ စဉ်းစားချင့်ချိန်နေရင်းနဲ့ ရုတ်တရက် ဘုရားနှုတ်ကပတ်တော်ကို သတိရလိုက်တယ်။ “ဘုရားသခင်ကို လူတို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရာတွင် အဓိကအရာမှာ ၎င်းတို့တွင် သူ့အပေါ် လွန်ကဲသော စိတ်ဆန္ဒများ၊ သို့မဟုတ် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များ တစ်ခုတလေ ရှိမရှိဖြစ်သည်။ ဘုရားသခင်ကို လူတို့ အမြဲ တောင်းဆိုမှုများ ပြုလျှင် ယင်းက သူ့ကို ၎င်းတို့ ကျိုးနွံနာခံခြင်း မရှိသည်ကို သက်သေပြ၏။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်ပါစေ သင်သည် ထိုအရာကို ဘုရားသခင်ထံမှ လက်မခံသကဲ့သို့ သမ္မာတရားကို မရှာဖွေဘဲ သင်ကိုယ်တိုင်အတွက် အမြဲ ငြင်းခုံပြီး သင်သာ မှန်ကန်သည်ဟု အမြဲခံစားနေလျှင်၊ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတရားတို့ ဖြစ်သည်ကို သံသယပင် ထားနိုင်စွမ်းရှိလျှင် သင်သည် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူတို့သည် မာနအထောင်လွှားဆုံးနှင့် ဘုရားသခင်ကို အပုန်ကန်ဆုံးသော သူများ ဖြစ်ကြ၏။ ဘုရားသခင် အပေါ် အမြဲတောင်းဆိုမှုများ ပြုကြသည့် လူများသည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ သင်သည် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုလျှင် ဤအရာက သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေသည်၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒကို သင်ရွေးချယ်နေပြီး သင်၏ ထိုအတိုင်း သင်ပြုမူနေသည်ကို သက်သေပြ၏။ ဤတွင် ဘုရားသခင်ကို သင်သစ္စာဖောက်နေပြီး ကျိုးနွံနာခံမှု ကင်းမဲ့ပေသည်။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းသည် သူ့ကိုယ်၌က အသိစိတ်မဲ့ခြင်း ဖြစ်သည်။ သူက ဘုရားသခင် ဖြစ်သည်ကို သင် အမှန်တကယ် ယုံကြည်လျှင် သူ့အပေါ် တောင်းဆိုမှုများကို သင် လုပ်ဝံ့လိမ့်မည်မဟုတ်သကဲ့သို့ ထိုတောင်းဆိုမှုများက ကျိုးကြောင်းဆီလျော်သည်ဟု သင် တွေးသည်ဖြစ်စေ၊ မတွေးသည်ဖြစ်စေ သူ့အပေါ် တောင်းဆိုမှုများ ပြုဖို့ သင် အရည်အချင်းပြည့်မီသည်ဟုလည်း ခံစားရလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှုရှိပြီး သူက ဘုရားသခင်ဖြစ်သည်ကို ယုံကြည်လျှင် သူ့ကိုသာ ကိုးကွယ်ပြီး ကျိုးနွံနာခံလိမ့်မည်ဖြစ်ကာ အခြားရွေးချယ်စရာမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်) ကျွန်မဟာ ဘုရားသခင် ဖော်ထုတ်ခဲ့တဲ့အတိုင်း ဖြစ်နေမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင်က ကျွန်မရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ အခြေအနေတွေကို ဖန်တီးပေးတဲ့အခါမှာတော့ ကျွန်မက ကျိုးနွံနာခံလိုစိတ်ရှိပြီး၊ ကျွန်မရဲ့ဆန္ဒနဲ့ မကိုက်ညီတဲ့အခါမှာတော့ ကျိုးနွံနာခံလိုစိတ်မရှိဘဲ ဘုရားသခင်ဆီမှာ ဆင်ခြင်တုံတရားမရှိတဲ့ တောင်းဆိုမှုတွေကို ဆက်လုပ်နေခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်ကိုထမ်းဆောင်ပြီး ဧဝံဂေလိတရားဟောနေတဲ့အတွက် ဘုရားသခင်က ကျွန်မကို စောင့်ရှောက်ပြီး ကျွန်မခင်ပွန်းရဲ့ ညှဉ်းပန်းမှုနဲ့ နှောင့်ယှက်မှုတွေကနေ ကာကွယ်ပေးသင့်တယ်၊ သူ့ကို အိမ်စောစောမပြန်လာစေသင့်ဘူး၊ သူသာ အိမ်ပြန်ရောက်လာရင် ကျွန်မ ဆက်ပြီး ဧဝံဂေလိတရားဟောနိုင်တော့မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို ကျွန်မရဲ့တောင်းဆိုမှုတွေအတိုင်း လိုက်လုပ်စေချင်ခဲ့ပြီး၊ ကိုယ်တော်က မလိုက်လုပ်တဲ့အခါမှာတော့ ကိုယ်တော်ရဲ့ စီစဉ်မှုတွေက မသင့်တော်ဘူးလို့ ညည်းညူပြီး ကိုယ်တော်နဲ့ တစ်ဇွတ်ထိုး ငြင်းခုံခဲ့တယ်။ ကျွန်မက တကယ်ကို ဆင်ခြင်တုံတရားမရှိတာပဲ။ အရင်က ကျွန်မ ဧဝံဂေလိတရားဟောဖို့ အိမ်ကနေ ထွက်ခွာနိုင်ခဲ့တုန်းက ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှု ရှိလာပြီ၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီလို့ ခံစားခဲ့ရတယ်။ အခုတော့ နောက်ဆုံးမှာ ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို ရှင်းရှင်းလင်းလင်း မြင်တော့တယ်။ ဒီအဖြစ်အပျက်က ကျွန်မရဲ့အယူအဆတွေနဲ့ မကိုက်ညီပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့အတွက်တော့ အခွင့်အရေးကောင်းတစ်ခုပါပဲ။
ဒီယုံကြည်သူအသစ်တွေ ဘုရားနှုတ်ကပတ်တော်တွေကို ဘယ်လောက်တောင် စိတ်အားထက်သန်စွာ တောင့်တကြသလဲဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ရာသီဥတု ဘယ်လောက်ပဲအေးပါစေ၊ ခရီး ဘယ်လောက်ပဲဝေးပါစေ၊ အခြေအနေ ဘယ်လောက်ပဲဆိုးရွားပါစေ၊ သူတို့က စုဝေးပွဲတွေကို ဇွဲရှိရှိ တက်ရောက်ခဲ့ကြတယ်။ ကျွန်မသာ အိမ်ပြန်သွားရင် သူတို့ကို ဘယ်သူက ရေလောင်းပေးမှာလဲ။ ဒါပေမဲ့ မပြန်ရင်လည်း ကွာရှင်းခံရနိုင်တယ်။ ကျွန်မ ဆုံးဖြတ်ချက်ချဖို့ ရုန်းကန်နေရတဲ့အချိန်မှာပဲ အရင်တုန်းက ကြီးကြပ်ရေးမှူး မျှဝေပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင့်အတွက် စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် အထူးတာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် အဘယ်မှာနည်း။ နောင်လာမည့်ခေတ်၏ သခင်အဖြစ် သင် မည်သို့ ကောင်းမွန်စွာ အစေခံမည်နည်း။ သခင်ဖြစ်ခြင်း၏ ခိုင်မာသောအသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ဟူသည်ကို သင် မည်သို့ ရှင်းပြအပ်သနည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ ၎င်းတို့ကို ထိန်းကျောင်းရန် သင့်ကို လူမည်မျှက စောင့်မျှော်နေကြသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည် အမှောင်ထဲတွင် မြည်တမ်းလျက် ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး မည်သည့်အရာကို လုပ်ရမှန်းမသိ ဖြစ်နေကြပေသည်၊ လမ်း အဘယ်မှာနည်း။ ကြယ်ကြွေသကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏ အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့သည် ယင်းအတွက် စိုးရိမ်တကြီး မျှော်လင့်ပြီး နေ့ရောညပါ အောက်မေ့တမ်းတကြသည်မှာ ဤအရာကို မည်သူက အပြည့်အဝ သိနိုင်မည်နည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် ထိုနေ့တွင်ပင် အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါမှ ၎င်းတို့ အငိုရပ်မည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံဆိုးမိုးမှောင်ကျမှုသည် အကြင်နာကင်းမဲ့သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းပန်းမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ ပြီးလျှင် လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာကတည်းက ဆိုးယုတ်သူ၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများအားလုံးကို ကယ်တင်ဖို့ ဘုရားသခင်အတွက် သင်၏ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို ကိုယ့်အသွေးအသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ ခွန်အားဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အတိအကျ သဘောပေါက်နားလည်မည်နည်း။ သင်သည် ဘုရားသခင်ကို အစေခံသည့် ဘုရားတရားကိုင်းရှိုင်းသော လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဋ္ဌာန်နှင့် ယုံကြည်ခြင်းတို့ အမှန်တကယ် ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ် အထူးတာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဘုရားသခင်က ပေါ်ထွန်းပြီး နှစ်တွေအများကြီး အမှုတော်ကို ဆောင်ရွက်နေခဲ့ပြီ၊ ဒါပေမဲ့ လူအများကြီးက အခုထိမသိသေးဘဲ ဘုရားအတုတွေကို ကိုးကွယ်နေကြတယ်၊ စာတန်ရဲ့ လှည့်ဖြားမှုထဲမှာ အသက်ရှင်နေကြတုန်းပဲ။ ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို အရင်ဆုံးလက်ခံရရှိခဲ့တဲ့ ကျွန်မတို့မှာ သူတို့ဆီကို ဘုရားသခင်ရဲ့ အမှုတော်ကို သက်သေခံဖို့ တာဝန်ရှိတယ်၊ ဒါမှ သူတို့က ဘုရားသခင်ရဲ့ အသံတော်ကိုကြားပြီး ဘုရားသခင်ရှေ့မှောက်ကို အမြန်ဆုံး ရောက်လာနိုင်ကြမှာ။ ဒီယုံကြည်သူအသစ်တွေနဲ့ စုဝေးခဲ့ရတာတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ၊ ကျွန်မတို့က သူတို့ကို ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြတဲ့အခါမှာ၊ အသက်အရွယ်၊ ကျားမ မခွဲခြားဘဲ သူတို့အားလုံးရဲ့မျက်လုံးတွေထဲမှာ တောင့်တမှုတွေနဲ့ ပြည့်နေခဲ့တယ်၊ မှောင်မိုက်တဲ့လောကကြီးထဲကို အလင်းရောင်ဝင်လာတာကို မြင်လိုက်ရသလိုပဲ၊ အလင်းရောင်ရောက်လာဖို့ အချိန်အကြာကြီး စောင့်မျှော်နေခဲ့ပြီး နောက်ဆုံးမှာ မျှော်လင့်ချက်ကို ရှာတွေ့သွားသလိုမျိုးပေါ့။ အစိုးရရဲ့ ညှဉ်းပန်းမှုကို ရင်ဆိုင်နေရပြီး အဖမ်းခံရ၊ ဒဏ်ရိုက်ခံရမယ့် အန္တရာယ်ရှိနေတာတောင်မှ၊ ခရီးရှည်ကြီးကို သွားခဲ့ရရင်တောင်မှ၊ တချို့မှာ တစ်လသားအရွယ် ကလေးငယ်လေးတွေ ရှိနေရင်တောင်မှ၊ သူတို့က စုဝေးပွဲ တစ်ကြိမ်လေးတောင် မလွဲချင်ခဲ့ကြဘူး၊ တစ်နေကုန် ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်ဖို့ စုဝေးချင်ခဲ့ကြတယ်။ သူတို့က အစိုးရရဲ့ ညှဉ်းပန်းမှုကို မကြောက်ခဲ့ကြဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို မကြားရမှာနဲ့ စုဝေးပွဲ မတက်ရမှာကိုပဲ ကြောက်ခဲ့ကြတယ်။ ယုံကြည်သူအသစ်တချို့က ပြောတယ်၊ “အစ်မ၊ မကြောက်နဲ့။ ကျွန်တော်တို့ စာတန်နဲ့ ပြောက်ကျားစစ်တိုက်ကြမယ်။ သူတို့ တောင်ပေါ်တက်ရင် ကျွန်တော်တို့ တောင်အောက်ဆင်းမယ်။ ကျွန်တော်တို့ စုဝေးဖို့ နည်းလမ်းရှာကြမှာပါ။” ဒါကိုကြားရတာ တကယ်ကို တို့ထိခံခဲ့ရတယ်။ ကျွန်မသာ သူတို့ကို ဒီအတိုင်းထားသွားပြီး ဘုရားနှုတ်ကပတ်တော်တွေ မကြားနိုင်အောင် ဖြစ်စေခဲ့ရင်၊ ကျွန်မ လိပ်ပြာလုံမှာ မဟုတ်ဘူး။ ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရားတွေ ဘယ်လောက်များများ ဖော်ပြခဲ့သလဲ၊ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့ပေးမှုကို ခံစားခဲ့ရပြီး သမ္မာတရားရဲ့ နက်နဲမှုများစွာကို နားလည်ခဲ့ရတယ်၊ ပြီးတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားဖို့ လမ်းခရီးကိုလည်း ရရှိခဲ့တယ်။ ဘုရားသခင်က ကျွန်မကို အများကြီး ပေးသနားခဲ့တယ်၊ ကိုယ်တော်ရဲ့ မေတ္တာက အရမ်းကို ကြီးမားလှပါတယ်။ ကျွန်မက ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်မယ်၊ ဘုရားသခင်ကို စိတ်မပျက်စေရဘူး၊ ကျွန်မအပေါ်ထားတဲ့ ကိုယ်တော်ရဲ့မေတ္တာကို သစ္စာမဖောက်ဘူးလို့ ပါးစပ်ကနေ အမြဲပြောနေခဲ့ပေမဲ့၊ ကျွန်မခင်ပွန်းက ကျွန်မကို ကွာရှင်းမှာကြောက်လို့၊ ကိုယ့်တာဝန်ကို စွန့်ပစ်ပြီး ယုံကြည်သူအသစ်တွေကို ထားခဲ့ချင်ခဲ့တယ်။ ဘာဖြစ်မလဲဆိုတာကို ကျွန်မ စဉ်းတောင်မစဉ်းစားမိခဲ့ဘူး၊ ကျွန်မသာ ထွက်သွားရင် အရာရှိက သူတို့ကို ဆက်ပြီး ညှဉ်းပန်းနေမှာ၊ သူတို့ကို ဖမ်းမိရင် ဒဏ်ရိုက်မယ်၊ ထောင်ချမယ်လို့ ခြိမ်းခြောက်နေမှာပဲ။ သူတို့ အားလျော့သွားပြီး ကြောက်ရွံ့သွားတဲ့အပြင် စုဝေးပွဲတွေ မတက်ဝံ့တော့မှာ မဟုတ်ဘူးလား။ သူတို့ကို ရေလောင်းပေးမယ့်သူမရှိရင် သူတို့ အပျက်သဘောဆောင်ပြီး နောက်ဆုတ်သွားကြမှာ မဟုတ်ဘူးလား။ သူတို့က သမ္မာတရားကို အရမ်းတောင့်တကြလို့ ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်ဖို့ မိုးမလင်းခင်ကတည်းက စုဝေးတဲ့နေရာကို ရောက်ပြီး ကျွန်မကို စောင့်နေခဲ့ကြတာ။ သူတို့သာ ဘုရားနှုတ်ကပတ်တော်တွေကို မကြားရရင် သူတို့ရဲ့စိတ်ထဲမှာ ပူလောင်ပြီး နာကျင်နေမှာ မဟုတ်ဘူးလား။ ကျွန်မသာ ဒီအတိုင်း ထွက်သွားခဲ့ရင်၊ ဘုရားသခင်အပေါ်ရော၊ သူတို့အပေါ်ရော ကျွန်မ တရားမျှတပါ့မလား။ ကွာရှင်းမှာကြောက်ရုံနဲ့ ဒီယုံကြည်သူအသစ်တွေကို ကျွန်မထားခဲ့ပြီး သူတို့ အားလျော့ပြီး နောက်ဆုတ်သွားအောင် ဖြစ်စေခဲ့ရင် ကျွန်မ ဘုရားသခင်ရှေ့မှာ မျက်နှာပြဝံ့မှာ မဟုတ်တော့ဘူး။ ကျွန်မ ဒီအကြောင်းကို စဉ်းစားလေလေ၊ ဘုရားသခင်ကို ပိုပြီး အကြွေးတင်သလို ခံစားခဲ့ရတယ်။
နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “ဘုရားသခင် အလုပ်လုပ်တော်မူသောအခါ၊ ဘုရားသခင်သည် လူတစ်ဦးကို ဂရုစိုက်၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတော်မူသောအခါ၊ ကိုယ်တော်သည် ထိုသူကို ထိုက်တန်သည်ဟုတွေ့ရှိ၍ အသိအမှတ်ပြုတော်မူသောအခါ စာတန်သည် အနီးကပ် နောက်ယောင်ခံလိုက်လျက် ထိုသူကို အထင်အမြင်မှားစေရန်နှင့် ဆိုးရွားစွာ ဒုက္ခပေးရန် ကြိုးစား၏။ ဘုရားသခင်သည် ဤပုဂ္ဂိုလ်ကို ရယူရန် အလိုရှိတော်မူသောကြောင့် စာတန်သည် ဟန့်တားရန် သူ၏တန်ခိုးစွမ်းအားရှိသမျှဖြင့် အရာရာကို ပြုလုပ်၏။ ဘုရားသခင်၏အလုပ်ကို အနှောင့်အယှက်ပေးရန်နှင့် ပျက်စီးစေရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းအမျိုးမျိုးကို အသုံးပြုလျက် ၎င်း၏ မပြောပြနိုင်သော ရည်ရွယ်ချက်ကို အောင်မြင်စေရန်အလို့ငှာ ဖြစ်၏။ ဤရည်ရွယ်ချက်ကား အဘယ်နည်း။ ၎င်းသည် ဘုရားသခင်က မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရယူသည်ကို မလိုလားပေ။ ဘုရားသခင် ရယူရန် ရည်ရွယ်တော်မူသောသူတို့ကို လုယူလို၏။ သို့မှသာ ၎င်းသည် ထိုသူတို့ကို သိမ်းပိုက်နိုင်မည်၊ ထိန်းချုပ်နိုင်မည်၊ စိုးမိုးနိုင်မည် ဖြစ်ပြီး ထိုသူတို့သည် ၎င်းကို ကိုးကွယ်၍ ဘုရားသခင်ကို ဆန့်ကျင်ရန် မကောင်းမှုကိုပြုလုပ်ရာ၌ ၎င်းနှင့်အတူ ပူးပေါင်းကြမည် ဖြစ်၏။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော ကြံရွယ်ချက် မဟုတ်လော။...ဘုရားသခင်နှင့် စစ်တိုက်ရာ၌လည်းကောင်း၊ ကိုယ်တော့်နောက်သို့ နောက်ယောင်ခံလိုက်ရာ၌လည်းကောင်း စာတန်၏ရည်ရွယ်ချက်မှာ ဘုရားသခင် လုပ်ဆောင်လိုတော်မူသောအလုပ်အားလုံးကို ဖြိုဖျက်ရန်၊ ဘုရားသခင် ရယူလိုတော်မူသောသူတို့ကို သိမ်းပိုက်၍ ထိန်းချုပ်ရန် ဖြစ်၏။ သူသည် ဘုရားသခင် ရယူလိုတော်မူသောသူတို့ကို လုံးဝဖျက်ဆီးလို၏၊ သို့မဟုတ် ထိုသူတို့ မပျက်စီးပါက ၎င်းတို့ကို ပိုင်ဆိုင်၍ အသုံးပြုလို၏။ ဤသည်ကား ၎င်း၏ရည်ရွယ်ချက် ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားချင့်ချိန်ရင်းနဲ့ ဘုရားသခင်ရဲ့ အမှုတော် ဘယ်နေရာကို ရောက်ရောက်၊ စာတန်ရဲ့ နှောင့်ယှက်မှုက နောက်ကနေ လိုက်တယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်က ကိုယ်တော့်ကို အမှန်တကယ်ယုံကြည်တဲ့ ဒီလူတွေကို ရယူလိုခဲ့ပေမဲ့၊ စာတန်ကတော့ အစိုးရကိုသုံးပြီး သူတို့ကို ညှဉ်းပန်းခဲ့တယ်၊ ဘုရားသခင်ကို ယုံကြည်ခြင်းကနေ တားဆီးဖို့ နည်းလမ်းပေါင်းစုံသုံးခဲ့တယ်။ ဒီလိုညှဉ်းပန်းမှုက သူ့ရဲ့ရည်မှန်းချက်ကို မပြီးမြောက်စေနိုင်တာကို စာတန်တွေ့တဲ့အခါမှာတော့ သူက နည်းဗျူဟာပြောင်းပြီး၊ ကျွန်မခင်ပွန်းကို ကွာရှင်းမယ်လို့ ခြိမ်းခြောက်ခိုင်းခဲ့တယ်၊ ကျွန်မကို ဒီရွာကနေ ထွက်သွားအောင် ဖိအားပေးဖို့ ကြိုးစားခဲ့တာ၊ ဒီလိုဆိုရင် ဒီယုံကြည်သူအသစ်တွေကို ရေလောင်းပေးမယ့်သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူးလေ။ စာတန်ရဲ့ ရည်ရွယ်ချက်က သူတို့ ဘုရားနှုတ်ကပတ်တော်တွေ မကြားရအောင် တားဆီးပြီး တဖြည်းဖြည်း နောက်ဆုတ်သွားအောင် လုပ်ဖို့ပဲ။ တကယ်ကို စက်ဆုပ်စရာကောင်းပြီး အရှက်မရှိဘူး။ ကျွန်မသာ အိမ်ပြန်သွားရင် စာတန်ရဲ့ ပရိယာယ်ထဲ ကျရောက်သွားမှာပေါ့။ စာတန်ရဲ့ ဆိုးညစ်တဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မြင်ပြီးတဲ့နောက်မှာ၊ ဒီယုံကြည်သူအသစ်တွေကို ကောင်းကောင်းမွန်မွန် ရေလောင်းပေးဖို့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။ ပြီးတော့ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ သမီး အိမ်မပြန်တော့ပါဘူး။ ဒီရွာနှစ်ရွာက ယုံကြည်သူအသစ်တွေကို ကောင်းကောင်းမွန်မွန် ရေလောင်းပေးနိုင်ဖို့ ကိုယ်တော့်ကိုပဲ ကိုးစားပါ့မယ်။ ခင်ပွန်းက သမီးကို ကွာရှင်းရင်တောင်မှ သမီး ပြန်သွားမှာမဟုတ်ပါဘူး” လို့ပေါ့။ ကွာရှင်းဖို့အတွက် ကျွန်မကိုယ်ကျွန်မ ပြင်ဆင်ပြီးတဲ့အခါမှာ၊ ကျွန်မ လုံးဝမထင်ထားခဲ့တာကတော့ နောက်နေ့မှာပဲ ကျွန်မခင်ပွန်းက ကျွန်မဆီကို မက်ဆေ့ခ်ျပို့ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ပြောခဲ့တယ်။ သူက အေးလို့ အဝတ်အစားများများဝတ်ဖို့နဲ့ ဧဝံဂေလိတရားဟောတဲ့အခါ ပိုပြီးဂရုစိုက်ဖို့ ပြောခဲ့တယ်။ သူက ကျွန်မ ပြန်လာချင်တဲ့အချိန် ပြန်လာလို့ရတယ်လို့လည်း ပြောပြီး ဆောင်းတွင်းအဝတ်အစားတွေဝယ်ဖို့ ယွမ် ၄၀၀၀ တောင် လွှဲပေးခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို တကယ်ပဲ ကျေးဇူးတင်မိတယ်။
နောက်ပိုင်းရက်တွေမှာ ကျွန်မခင်ပွန်းရဲ့ ဘောင်ခတ်တာကို သိပ်မခံရတော့ပေမဲ့ အရာရှိရဲ့ ညှဉ်းပန်းမှုကတော့ လျော့မသွားတဲ့အပြင် ပိုပိုပြီးတော့တောင် ဆိုးရွားလာခဲ့တယ်။ နောက်ပိုင်းမှာ “ခရစ်တော်နောက်သို့ လိုက်ရာတွင် သေသည့်တိုင်အောင် ကျွန်ုပ် မည်သည့်အခါမျှ နောက်ကြောင်းပြန်လှည့်မည် မဟုတ်” ဆိုတဲ့ ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ ကြားခဲ့ရတယ်။
နောက်ဆုံးသော ကာလ၏ လူသားသည် သမ္မာတရားကို ဖော်ပြပြီး မရေမတွက်နိုင်သော စိတ်နှလုံးများကို နိုးကြားစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရားဖြစ်ကြောင်း ကျွန်ုပ် မြင်တွေ့ရသဖြင့် ကိုယ်တော့်နောက်သို့ လိုက်လျှောက်ပါသည်။ အဆင်းနီသော နဂါးကြီး စာတန်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အရူးအမူး ဖိနှိပ်ပြီး ဖမ်းဆီးသည်။ ခရစ်တော်နောက်သို့ လိုက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သူများသည် သူတို့၏ အသက်ကို စွန့်စား၍ ထမ်းဆောင်ကြရသည်။ တစ်နေ့တွင် ဘုရားသခင်အတွက် သက်သေခံခြင်းကြောင့် ကျွန်ုပ် ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရနိုင်သည်။ ဤသည်မှာ ဖြောင့်မတ်ခြင်းအတွက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဖြစ်ကြောင်း ကျွန်ုပ်စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ နားလည်ပါသည်။ တစ်နေ့တွင် ဧဝံဂေလိတရားဟောခြင်းကြောင့် ကျွန်ုပ် ဖမ်းဆီးခံရပြီး ထောင်ချခံရနိုင်သည်။ ဤသည်မှာ ကိုယ်တော့်နောက်လိုက်သူများအတွက် ဘုရားသခင် အမိန့်ဖြင့်ပြဋ္ဌာန်းထားသော ဆင်းရဲဒုက္ခ ဖြစ်သည်။ ဧဝံဂေလိတရားဟောခြင်း လမ်းကြောင်းတွင် ကျွန်ုပ် မည်မျှကြာအောင် ဆက်လျှောက်နိုင်မည်ကို မသိပါ၊ သို့သော် ကျွန်ုပ် အသက်ရှင်နေသရွေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိပြီး ခရစ်တော်အတွက် သက်သေခံပါမည်။ သမ္မာတရားကို လိုက်စားရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန်အတွက်သာ ကျွန်ုပ်သည် မိမိကိုယ်ကို အသုံးခံပါသည်။ ဤဘဝတွင် ခရစ်တော်နောက်သို့ လိုက်ပြီး သက်သေခံရခြင်းက ကျွန်ုပ်စိတ်နှလုံးကို ဂုဏ်ယူမှုများဖြင့် ပြည့်စေသည်။ နိုင်ငံတော် အကောင်အထည်ဖော်မည့် နေ့ရက်ကို ကျွန်ုပ် မမြင်တွေ့နိုင်လျှင်ပင် ယနေ့တွင် သက်သေခံနိုင်ပြီး စာတန်ကို အရှက်ခွဲနိုင်ခြင်းကပင် လုံလောက်ပါသည်။ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဆင်းရဲဒုက္ခကြားတွင် ဘုရားသခင်သည် ကျွန်ုပ်နှင့်အတူ ရှိသည်၊ ကိုယ်တော်သည် ကျွန်ုပ်၏ ကျောထောက်နောက်ခံ ဖြစ်သည်။ ကျွန်ုပ်အသက်တာသည် ခဏတာတောက်သော မီးရှူးမီးပန်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားနိုင်သော်လည်း ဘုရားသခင်အတွက် မာတုရအဖြစ် သေဆုံးရခြင်းသည် အားကောင်းသော သက်သေခံချက်ကို ပေးခြင်းဖြစ်သည်။ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ရေးအတွက် ကျွန်ုပ်၏ သေးငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ခဲ့သည်။ ကျွန်ုပ်တွင် ညည်းညူမှု မရှိ၊ နောင်တရခြင်း မရှိပါ။ ဘုရားသခင်အတွက် သက်သေခံနိုင်သဖြင့် ကျွန်ုပ်ဘဝသည် အလဟဿ မဖြစ်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်၏ အမိန့်ဖြင့်ပြဋ္ဌာန်းချက်ဖြစ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ချီးမွမ်းကာ ကျေးဇူးတင်ပါသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့သွားသည်၊ ခရစ်တော်၏ နိုင်ငံတော်သည် လူတို့ကြားတွင် ပေါ်ထွန်းလာပြီ။ ဘေးအန္တရာယ်များကြားတွင် ဘုရားသခင်သည် သူ့အတွက် သက်သေခံနေသော အောင်နိုင်သူတစ်စုကို စုံလင်စေခဲ့ပြီ။ အမှောင်ထုသည် လွင့်စင်ပျောက်ကွယ်နေပြီး ဖြောင့်မတ်ခြင်း၏ အရုဏ်ဦး ပေါ်ထွန်းလာပြီ။ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး စာတန်ကို အနိုင်ယူခဲ့ပြီ။ ဘုန်းအသရေကို ရရှိခဲ့သော ဘုရားသခင်ကို ချီးမွမ်းကြလော့။
—သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ
ဒီဓမ္မတေးကို နားထောင်ပြီးတဲ့နောက်မှာ ကျွန်မ တကယ်ကို တို့ထိခံရပြီး အားတက်ခဲ့ရတယ်။ ဒီရွာနှစ်ရွာက ယုံကြည်သူအသစ်တွေကို ရေလောင်းပေးလို့ ကျွန်မ အဖမ်းခံရပြီး ညှဉ်းပန်းခံရနိုင်တယ်။ ဘုရားသခင် ဘုန်းအသရေရတဲ့နေ့ကို မမြင်တွေ့ခင်မှာ သေဆုံးတဲ့အထိတောင် ဖြစ်သွားနိုင်ပေမဲ့။ ကျွန်မ နောင်တရမှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံနိုင်ပြီး ကိုယ်တော်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ချိနိုင်တာဟာ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်လဲ။ ဒါကို သဘောပေါက်သွားတော့ ဘာပဲဖြစ်လာဖြစ်လာ တွေ့ကြုံခံစားဖို့ ကျွန်မမှာ ပိုပြီးတောင် ယုံကြည်ခြင်း ရှိလာခဲ့တယ်။
ကျွန်မတို့ မနက် ၆ နာရီတိုင်း စုဝေးကြတာကို အရာရှိက သိသွားတော့၊ သူက မနက် ၅ နာရီကတည်းက သူ့ခြံထဲမှာ မီးဖိုပြီး ကျွန်မတို့ကို စောင့်နေတတ်တယ်။ ကျွန်မ သူ့အိမ်ရှေ့ကနေ မော်တော်ဆိုင်ကယ်နဲ့ ဖြတ်မောင်းသွားတဲ့အခါ၊ သူမြင်သွားမှာစိုးလို့ ဆိုင်ကယ်မီးကိုပိတ်တယ် ဒါမှမဟုတ် စက်ကိုသတ်ပြီး ဆိုင်ကယ်ကို တွန်းသွားတယ်။ ကျွန်မတို့ တောင်ပေါ်တက်တဲ့အခါ ဓာတ်မီးတွေ မဖွင့်ရဲဘူး၊ တစ်ခါတလေ မိုးရွာရင် ရွာထဲက ခပ်လှမ်းလှမ်းမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အိမ်တွေမှာ စုဝေးကြတယ်။ သူတို့မတွေ့အောင်လို့၊ စုဝေးပွဲပြီးတဲ့အခါ၊ ညီအစ်ကိုမောင်နှမတချို့က ထင်းစည်းတွေထမ်းပြီး အိမ်ပြန်ကြတယ်၊ တချို့က နွားတွေမောင်းပြီး ပြန်ကြတယ်၊ တချို့ကတော့ တောဟင်းသီးဟင်းရွက်တွေ ခူးပြီး အိမ်ပြန်ကြတယ်။ အရာရှိက သူ့ခြံထဲမှာ မီးလှုံပြီး ကျွန်မတို့ကို စောင့်နေပေမဲ့၊ ကျွန်မတို့ကို တစ်ခါမှတောင် ရှာမတွေ့ခဲ့ဘူး။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိနေပြီး ကိုယ်တော်က အရာရှိရဲ့ မျက်စိကို ကွယ်ထားခဲ့တယ်ဆိုတာကို ကျွန်မသိခဲ့တယ်။ ဒီလိုအခြေအနေမျိုးကို တွေ့ကြုံခံစားခဲ့ရတော့ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာအပေါ်မှာ ကျွန်မ နားလည်မှုတချို့ ရရှိခဲ့တယ်။ နောက်ပိုင်းမှာ ဒီရွာနှစ်ရွာကလူတွေဟာ၊ အရာရှိ၊ သူ့ဇနီးနဲ့ လူ့သဘာဝမကောင်းတဲ့ လူအနည်းငယ်ကလွဲရင် အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ အရာရှိရဲ့ ညီ၊ ညီမ၊ ယောက်မနဲ့ ယောက္ခထီးတောင်မှ လက်ခံခဲ့ကြတယ်။ နောက်ဆုံးမှာ ကျွန်မတို့က သူတို့ကတစ်ဆင့် တခြားရွာတစ်ရွာက လူတွေကို ဧဝံဂေလိတရားဟောကြားခဲ့ပြီး အဲဒီအချိန်တုန်းက လူ ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်က အမှုတော်ကို လက်ခံခဲ့ကြတယ်။ အရာရှိက ဘယ်လိုပဲ ညှဉ်းပန်းပါစေ ဒီယုံကြည်သူအသစ်တွေက စုဝေးပွဲတွေကို တက်တက်ကြွကြွ လာခဲ့ကြတုန်းပဲ၊ ပြီးတော့ ယုံကြည်သူအသစ် အရေအတွက်ကလည်း ဆက်ပြီး တိုးပွားလာခဲ့တယ်။ ဒါဟာ တကယ်ကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ရဲ့ ရလဒ်ပါပဲ။ စာတန်က ဘယ်လိုနည်းလမ်းပဲသုံးသုံး ဧဝံဂေလိအလုပ်ရဲ့ ပျံ့နှံ့မှုကို ဟန့်တားလို့မရဘူးဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။
အဲဒီအချိန်တုန်းက ကျွန်မ ခန္ဓာကိုယ် ဆင်းရဲဒုက္ခတချို့ကို ခံစားခဲ့ရပြီး အစိုးရရဲ့ ညှဉ်းပန်းမှုနဲ့ ခင်ပွန်းရဲ့ နှောင့်ယှက်မှုကိုလည်း တွေ့ကြုံခံစားခဲ့ရတယ်၊ အဲဒီအချိန်မှာ တော်တော်လေး နာကျင်ခံစားခဲ့ရပေမဲ့၊ ကျွန်မရရှိခဲ့တာတွေကလည်း အများကြီးပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ကျန်းလင် ဂျပန်နိုင်ငံ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်၊ အသင်းတော်အလုပ်ကို ကျွန်တော် ကွပ်ကဲနေချိန်တွင် ခေါင်းဆောင်ယန်ကျူးနှင့် ဆုံခဲ့ရသည်။ သူက...
၂၀၂၁ ခုနှစ် မေလမှာ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် အစေခံဖို့ ကျွန်မရွေးချယ်ခံရပြီး ကျွန်မတို့ရဲ့ဗီဒီယိုထုတ်လုပ်ရေးပိုင်းကို အဓိကအနေနဲ့...
၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ၊ ကျွန်တော့် အဖွဲ့ဝင် စစ်သားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဧဝံဂေလိကို ကျွန်တော့်ဆီ ဝေမျှခဲ့တယ်။ အဲဒီနောက်...
မကြာသေးခင်က ခေါင်းဆောင်တစ်ယောက်နဲ့ သင်းထောက်နှစ်ယောက်ကို ညီအစ်မတစ်ယောက် တိုင်ကြားတဲ့စာ ရခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မရှင်းက...