ဘုရားသခင်ကို ယုံကြည်စဉ်တွင် လူပုဂ္ဂိုလ်တစ်ယောက်နောက်သို့လိုက်ခြင်းအား ဆင်ခြင်သုံးသပ်ခြင်း
ရှောင်လု တရုတ်နိုင်ငံ ၂၀၁၈၊ နိုဝင်ဘာလမှာ အထက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ လီကျန်က ကျွန်မတို့အလုပ်ကို ကြီးကြပ်ဖို့ ကျွန်မတို့အသင်းတော်ဆီလာတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၁ခုနှစ်မှာ လူသစ်တွေကို လီရှောင်နဲ့အတူ ရေလောင်းဖို့ ကျွန်မ တာဝန်ပေးခံရတယ်။ အစတော့ ကျွန်မက အလုပ်ကို သိပ်အကျွမ်းတဝင် မရှိလို့ လီရှောင်က ကျွန်မကို စည်းမျဉ်းတွေနဲ့ တာဝန်ရဲ့ လိုအပ်ချက်တွေအကြောင်း ပြောပြရင်း စိတ်ရှည်ရှည်နဲ့ ကူညီခဲ့တယ်။ အချိန်ကြာလာတော့ ကျွန်မ ဖြည်းဖြည်းချင်း နားလည်လာတယ်။ ဒါနဲ့ တချို့ပြဿနာတွေအကြောင်း သူသတိပေးတဲ့အခါ ကျွန်မက သိပြီးသားလို့ တွေးပြီး နားမထောင်ခဲ့ဘူး။ ဒါဟာ နောက်တော့ ကျွန်မအလုပ်မှာ လမ်းလွဲမှုတွေ ဖြစ်စေတယ်။ လီရှောင်သိသွားတော့ သူက ဒါတွေကို တိုက်ရိုက်ထောက်ပြပြီး ကျွန်မကို လုံ့လဝီရိယရှိဖို့ သတိပေးခဲ့တယ်။ အစတော့ ကျွန်မ တကယ်ကို ဝီရိယ မရှိသလို သူဆူတာကလည်း ကျွန်မအတွက် ကောင်းတဲ့ သတိပေးချက်ပဲလို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတော့ ကျွန်မအလုပ်မှာ သိသာတဲ့ ပြဿနာတချို့ ဆက်ဖြစ်လာတယ်။ ကျွန်မကို တာဝန်ပေးတဲ့ အလုပ်တွေကို လုပ်ဖို့ပျက်ကွက်ခဲ့ပြီး အလုပ်တိုးတက်မှုကို ထိခိုက်ကုန်တယ်။ ဒီအမှားတွေ ထပ်ထပ်ဖြစ်နေတာကို သူမြင်တော့ သူဝေဖန်တာက လေသံပိုကြမ်းလာပြီး ကျွန်မကို ပြစ်တင်ရှုတ်ချတာတောင်လုပ်တယ်။ “နင်ဘာလို့ မမှတ်မိတာလဲ။ ဘာလို့ နင့်အလုပ်ကို နင်မလုပ်တာလဲ” တဲ့။ သူက ကျွန်မကို ကိုယ့်ပြဿနာတွေနဲ့ လမ်းလွဲတာတွေကို အမြန်ပြင်ပြီး ကျွန်မရဲ့ တာဝန်မှာ ပိုကောင်းတဲ့ရလဒ်တွေရဖို့သာ ရည်ရွယ်မှန်း ကျွန်မသိပေမဲ့ သူ လေသံမာမာ သုံးသွားတာကို ကြားရတော့ ကျွန်မ စိတ်ပျက်အားလျော့သွားတယ်။ ကျွန်မ တွေးမိတယ်။ “ငါက ဒီမှာလုပ်လာတာ ဒီလောက် ကြာပြီးတာတောင် ကိုယ့်အလုပ်မှာ အရမ်းပေါ့ဆပြီး ဘာတစ်ခုမှ မှန်အောင် မလုပ်နိုင်တဲ့ပုံပေါက်အောင် သူကလုပ်နေတယ်။ သူများတွေက ဒီအကြောင်းကြားရင် ဘယ်လိုထင်မလဲ။ ပြဿနာရှိရင်တောင် တည်တည်ငြိမ်ငြိမ် ဆွေးနွေးလို့ မရဘူးလား။ ငါက တိုးတက်ချင်စိတ်မရှိတာမှ မဟုတ်တာ။ ထားလိုက်တော့။ အခုကစပြီး သူ့ကို ရှောင်လိုက်မယ်။ အဲဒါဆို သူ ငါ့ကို ဆူစရာလိုမှာ မဟုတ်ဘူး” ပေါ့။ အဲဒီနောက်မှာ သူ့ကို အရေးမလုပ်တော့ဘဲ ကိုယ့်မကျေနပ်ချက်ကို သူသိအောင်လို့ တစ်ခါတလေ သူ့ကို မကြည်ကြည့်ကြည့်ပြတယ်။ တစ်ခါတလေ သူနဲ့ အလုပ်ဆွေးနွေးဖို့ လိုပေမဲ့ သူ့ကို သွားတွေ့ပြီး ကျွန်မ အလုပ်မှာရှိတဲ့ ပြဿနာတချို့ကို သိသွားရင် ကျွန်မကို ဆူပူပြီး ကိုင်တွယ်ဖြေရှင်းမှာကို စိုးရိမ်ခဲ့တယ်။ အဲဒါဆို ကျွန်မ ပိုပြီးတော့တောင် နာမည်ပျက်မှာ မဟုတ်လား။ နောက်ပိုင်းမှာ သူနဲ့ တစ်ခုခုဆွေးနွေးဖို့လိုတဲ့အခါ တတ်နိုင်သမျှ အချိန်ဆွဲတယ်။ ဒါမှမဟုတ် ထုတ်မပြောခင် ကျွန်မကို သူ အရင်လာရှာတာ စောင့်လိုက်တယ်။ အချိန်ကြာလာတာတော့ လီရှောင်က ကျွန်မကြောင့် စိတ်ကျဉ်းကျပ်လာတယ်။ တစ်ခါတော့ သူပြောတာ ကျွန်မ ကြားလိုက်တယ်။ သူများတွေကို အကြံပေးရတာလွတ်လပ်ပေမဲ့ ကျွန်မနဲ့ရှိတဲ့အခါ စိတ်ကျဉ်းကျပ်တယ်တဲ့။ တစ်ခါတလေ ကျွန်မရဲ့အလုပ်ထဲမှာ ပြဿနာတွေနဲ့ လမ်းလွဲမှုတချို့ရှိတာ သူသတိပြုမိတဲ့အခါ ကျွန်မကို သူဘာပြောရမှန်း သေချာမသိဘူး။ သူ့လေသံမာသွားရင် ကျွန်မ စိတ်ဆိုးသွားမှာစိုးတယ်တဲ့။ ဒါကို ကြားတော့ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ ဒါပေမဲ့လည်း ကျွန်မ တွေးမိတယ်။ “နင်သာ ညင်ညင်သာသာပြောခဲ့ရင် ငါက ဒီလိုဖြစ်မှာ မဟုတ်ဘူး။ နင်ကိုက မာနထောင်လွှားလွန်းတယ်” ပေါ့။ ဒါကိုတွေးရင်း ကျွန်မ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်သေးဘူး။
နောက်တော့ ကျွန်မရဲ့ ကြီးကြပ်ရေးမှူး သိသွားပြီး ကျွန်မနဲ့ သုံးလေးခါ မိတ်သဟာယပြုခဲ့တယ်။ သူများအပေါ် အာရုံမစိုက်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ဆင်ခြင်ဖို့ ကျွန်မကို ပြောတယ်။ အပြင်ပန်းမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တာကို ကြီးကြပ်ရေးမှူးနဲ့ ကျွန်မ ဆွေးနွေးနိုင်ပေမဲ့ စိတ်ထဲမှာ မတရားလုပ်တယ်လို့ ခံစားရပြီး လီရှောင်ကသာ ပြဿနာရှိတာလို့ တွေးမိတယ်။ ဒီတော့ ကိုယ့်အခြေအနေအကြောင်း ကျွန်မပြောတဲ့အခါတိုင်း လီရှောင်က ကျွန်မကို ဘယ်လိုလေသံမာမာနဲ့ ပြောတယ်ဆိုတာကို အလေးထားပြောခဲ့တယ်။ ကျွန်မ ဖောက်ပြန်ပျက်စီးမှုပြတာတွေက လီရှောင် မာနကြီးလို့ပဲဆိုတာကို ကြီးကြပ်ရေးမှူးကို ပြဖို့ပေါ့။ ကြီးကြပ်ရေးမှူးက သူနဲ့ မိတ်သဟာယပြုပြီး သူ့လေသံမာတာကို လျှော့ခိုင်းမယ်လို့ ကျွန်မ မျှော်လင့်ခဲ့တယ်။ အဲဒီတုန်းက ကျွန်မက ကိုယ့်ပြဿနာတွေကို သတိမပြုမိတာကို တခြားကြီးကြပ်ရေးမှူးတစ်ယောက်က တွေ့ပြီး သူ့အတွေ့အကြုံအကြောင်း ကျွန်မကို မိတ်သဟာယပြုပေးခဲ့တယ်။ သူက ဒီဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်ကိုလည်း ကျွန်မကို ဖတ်ပြခဲ့တယ်။ “အသင်းတော်တွင် လူအချို့သည် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်သောကြောင့် ပြုပြင်ခြင်းခံရသည်။ လူတစ်ယောက်အား ပြုပြင်သောအခါတွင် ပြောသောအရာများ၌ မကြာခဏဆိုသလိုပင် ထိုလူကို အပြစ်ဖော်ဆုံးမခြင်းပါဝင်ပြီး ဆူငေါက်ခြင်းပင် ပါဝင်ကောင်းပါဝင်နိုင်သည်။ ဤအရာသည် ၎င်းတို့ကို သေချာပေါက် စိတ်မချမ်းမသာဖြစ်စေလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဆင်ခြေများရှာပြီး ပြန်လည်ချေပလိုလိမ့်မည်။ ၎င်းတို့က ‘ကျွန်ုပ်အား သင်ပြုပြင်ခဲ့သည့်အချိန်က သင်ပြောသည့်အရာများသည် မှန်ကန်သော်လည်း ယင်းတို့ထဲမှ အချို့မှာ အမှန်တကယ်ပင် နားခါးလှသည်။ ပြီးလျှင် သင်သည် ကျွန်ုပ်ကို သိက္ခာကျစေပြီး ကျွန်ုပ်အား စိတ်ထိခိုက်စေသည်။ ကျွန်ုပ်သည် ဤနှစ်များအားလုံးတွင် ဘုရားသခင်ကို ယုံကြည်ခဲ့သည်။ မည်သည့်အရာမျှ ဖြစ်မြောက်အောင်မြင်ခြင်း မရှိလျှင်ပင် ကျွန်ုပ်သည် ဆင်းရဲဒုက္ခကို ခါးစည်းခံပြီးဖြစ်သည်။ ကျွန်ုပ်သည် အဘယ်သို့ ဤသို့ ဆက်ဆံခံရမည်နည်း။ သင်သည် မည်သို့ဖြစ်၍များ အခြားမည်သူ့ကိုမျှ မပြုပြင်ရသနည်း။ ဤအရာကို ကျွန်ုပ် လက်မခံနိုင်ပါ၊ သည်းမခံနိုင်ပါ’ ဆိုသကဲ့သို့သောအရာများကို ပြောသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စောဒကတက်ခြင်း၊ မနာခံခြင်း၊ ရန်ငြိုးထားခြင်းတို့မှတစ်ဆင့်သာ ထင်ရှားသည်။ သို့သော် ထိုစိတ်သဘောထားသည် လက္ခဏာအချို့ ပြနေပြီဖြစ်ပြီး ပေါက်ထွက်တော့မည့် နေရာသို့ စတင်ရောက်ရှိနေပြီဖြစ်သော်လည်း အပြင်းထန်ဆုံး အဆင့်သို့ မရောက်သေးပေ။ အထွတ်အထိပ်သို့ မရောက်သေးပေ။ ဤအရာပြီးသည်နှင့် မရှေးမနှောင်းတွင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ကျိုးနွံနာခံခြင်း မရှိကြပေ။ စိတ်ဆိုးသည်။ အာခံသည်။ မလိုမုန်းထားစိတ်ဖြင့် စတင် ပြုမူသည်။ စတင်၍ ရှာကြံအကြောင်းပြသည်။ ‘ခေါင်းဆောင်များ၊ အမှုဆောင်များသည် လူတို့ကို ပြုပြင်သောအခါတွင် အစဉ်သဖြင့် မှန်ကန်ခြင်းမရှိပါ။ ကျန်သည့် သင်တို့တွေက လက်ခံကောင်းလက်ခံနိုင်မည်။ သို့သော် ကျွန်ုပ် လက်မခံနိုင်ပါ။ ဤအရာကို သင်တို့ လက်ခံနိုင်သည်မှာ သင်တို့သည် မိုက်မဲပြီး ပျော့ညံ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ် လက်မခံပါ။ ဤအရာကို ဆွေးနွေးအဖြေရှာပြီး မည်သူက မှန်သည်၊ မှားသည်ကို ကြည့်ကြစို့’ ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် လူတို့က ၎င်းတို့အား မိတ်သဟာယပြုပြီး ‘မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပထမဆုံး သင်လုပ်ဆောင်ရမည့်အရာမှာ နာခံခြင်းဖြစ်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် အနည်းငယ်မျှပင် အစွန်းအထင်းမရှိသည်မှာ ဖြစ်နိုင်သလော။ သင်သည် အရာရာကို မှန်မှန်ကန်ကန်လုပ်ဆောင်သလော။ သင်သည် အရာရာကို မှန်ကန်စွာ လုပ်ဆောင်လျှင်ပင် ပြုပြင်ခံရခြင်းသည် သင့်အတွက် အထောက်အကူဖြစ်သေးသည်။ ကျွန်ုပ်တို့သည် သင်နှင့်အတူ စည်းမျဉ်းများကို အကြိမ်များစွာ မိတ်သဟာယဖွဲ့ခဲ့သည်။ သို့သော် သင်သည် မည်သည့်အခါမျှ နားမထောင်ဘဲ သင်နှစ်သက်သလိုသာ ကြောင်းကျိုးမမြင်ဘဲ လုပ်ဆောင်ရန် ရွေးချယ်သည်။ အသင်းတော်လုပ်အတွက် အဖျက်အမှောင့်များဖြစ်ပြီး ကြီးစွာသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ ဤသို့ဆိုလျှင် ပြုပြင်ခြင်းကိုအဘယ်သို့ မရင်ဆိုင်ရဘဲရှိနိုင်မည်နည်း။ စကားအသုံးအနှုန်းက ကြမ်းကောင်းကြမ်းနိုင်သည်။ နားထောင်ဖို့ ခက်နိုင်သည်။ သို့သော် ဤသည်မှာ ပုံမှန်ဖြစ်သည် မဟုတ်လော။ သင်သည် မည်သည့်အရာကို ငြင်းခုံနေသနည်း။ အခြားလူများကို သင့်အား ပြုပြင်ခွင့်မပြုဘဲ သင့်အား မကောင်းသောအရာများကိုသာ လုပ်ဆောင်ခွင့်ပေးသင့်သလော’ ဟူ၍ ပြောသည်။ သို့သော် ၎င်းတို့သည် ဤအရာကို ကြားပြီးနောက်တွင် ပြုပြင်ခြင်းကို လက်ခံနိုင်မည်လော။ လက်ခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဆင်ခြေများပေးခြင်း၊ အတိုက်အခံပြုခြင်းကိုသာ ဆက်လက်လုပ်ဆောင်လိမ့်မည်။ မည်သည့်စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်သနည်း။ နတ်ဆိုးဆန်ခြင်းဖြစ်သည်။ ယင်းသည် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ဖြစ်သည်။ အမှန်တကယ်တွင် ယင်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ ‘ငါသည် စိုးစဉ်းမျှသော စော်ကားခြင်းကိုပင် သည်းမခံ။ မည်သူကမျှ ငါ၏ခေါင်းပေါ်က ဆံပင်တစ်ချောင်းကို ထိရန် မကြိုးစားသင့်ပေ။ ငါ့ကို ထိပါးဖို့ မလွယ်ကူသည်ကို သင့်အား ငါပြလျှင် နောင်အချိန်တွင် သင်သည် ငါ့အား ပြုပြင်ရဲမည်မဟုတ်။ ဤသို့ဆိုလျှင် ငါ အနိုင်ရမည် မဟုတ်သလော’ ဟူ၍ ဖြစ်သည်။ အဘယ်သို့နည်း။ ၎င်းတို့၏ စိတ်သဘောထားက ဖော်ထုတ်ခံရပြီးဖြစ်သည်မဟုတ်လော။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေ အတိအကျကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်ပြီး ပေါ့ဆတယ်။ လီရှောင် သုံးလေးခေါက် ခိုင်းထားတဲ့ ကိစ္စတွေကို ကျွန်မ လုပ်ဖို့ ပျက်ကွက်ခဲ့ပြီး အလုပ် နှောင့်နှေးခဲ့တယ်။ ဒါဟာ ကျွန်မ အမှားပဲ။ ကျွန်မရဲ့ ပြဿနာကို ထောက်ပြတာက သူမှန်ပါတယ်။ သူ့လေသံက နည်းနည်းမာသွားပေမဲ့ အဲဒါဟာ ကျွန်မ ကောင်းကျိုးနဲ့ အသင်းတော်အလုပ်ရဲ့ ကောင်းကျိုးအတွက်ပါ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လုံးဝ မဆင်ခြင်ခဲ့ဘူး။ သူက ကျွန်မကို မလေးစားဘဲ ခက်ခဲအောင် လုပ်တယ်လို့တောင် ကျွန်မ တွေးခဲ့တယ်။ ကျွန်မရဲ့ ပြဿနာတွေကို သူထောက်ပြပြီး ကျွန်မ သိက္ခာကျအောင်လုပ်တယ်လို့ ခံစားရလို့ သူ့ကို မကြည်ကြည့် ကြည့်ခဲ့တယ်။ သူ့ကို ကျွန်မ စိတ်ကျဉ်းကျပ်စေခဲ့တယ်။ ကျွန်မ ကျိုးကြောင်းမသင့်ခဲ့မှန်း သဘောပေါက်သွားတယ်။ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရတော့ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ရုံမကဘဲ သူ့ကို မာနထောင်လွှားတယ်ဆိုပြီး ပြန်ပက်ခဲ့တာ။ သူ့ကို ကြီးကြပ်ရေးမှူးက ကိုင်တွယ်ဖြေရှင်းဖို့ မျှော်လင့်ပြီး သူ့အကြောင်းကို တိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် သိကြောင်းတောင်ပြလိုက်သေးတယ်။ ကျွန်မက တကယ်ကို ရက်စက်တဲ့ စိတ်သဘောထားရှိခဲ့တယ်။ ဒါတွေအားလုံးကို နားလည်သွားတော့ ကျွန်မ နည်းနည်းရှက်မိတယ်။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်ကို ကျွန်မ တွေ့ရတယ်။ “လူအများစုသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောအခါ ယင်းသည် ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းကြောင့် ဖြစ်နိုင်သည်။ မသိနားမလည်ခြင်းကြောင့် မှားယွင်းသောအရာတစ်ခုခုကို လုပ်မိပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်သောကြောင့်လည်း ဖြစ်နိုင်သည်။ ၎င်းတို့၏ တာဝန်ကို ဖြစ်သလိုလုပ်ဆောင်ဖို့ ကြိုးပမ်းမှုများသည် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်စေသောကြောင့်လည်း ဖြစ်နိုင်သည်။ အဆိုးဝါးဆုံးဖြစ်သော အကြောင်းပြချက်မှာ လူတို့သည် အကန့်အသတ်မရှိဘဲ ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း ပြောင်ပြောင်တင်းတင်းလုပ်ဆောင်ပြီ စည်းမျဉ်းများကို ချိုးဖောက်ကာ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်ဖျက်ဆီးသောအခါတွင် ဖြစ်သည်။ ဤသည်တို့မှာ လူတို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့် အဓိက အကြောင်းရင်းများဖြစ်သည်။ လူတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခံရခြင်းဖြစ်စေသည့် အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ ယင်းအပေါ်တွင် အရေးအပါဆုံးသဘောထားက မည်သည့်အရာနည်း။ ရှေးဦးစွာ ယင်းကို လက်ခံရမည်။ သင့်ကို မည်သူက ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ၊ မည်သည့်အကြောင်းပြချက်ဖြစ်စေ၊ ကြမ်းတမ်းသည့်ပုံစံရှိသည်ဖြစ်စေ၊ သို့မဟုတ် လေသံနှင့် စကားအသုံးအနှုန်းက မည်သို့ဖြစ်စေ ယင်းကို လက်ခံသင့်သည်။ ထို့နောက်တွင် မည်သည့်အရာကို သင် မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ဖော်ထုတ်ခဲ့ကြောင်းနှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်ဆောင်ရွက်ခဲ့ခြင်းရှိမရှိတို့ကို သင် သတိပြုမိသင့်သည်။ သင်သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရသောအခါ ရှေးဦးစွာ ဤသည်မှာ သင်ထားရှိသင့်သည့် သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ကျွန်မတို့ ကိုင်တွယ်ဖြေရှင်းခံရတာဟာ အကြောင်းရင်းရှိမှန်း ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် သိရတယ်။ ကိစ္စအများစုမှာ အကြောင်းရင်းက ကျွန်မတို့က ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေကို မရှာဖွေဘဲ ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ပဲ လုပ်ကြလို့ပါ။ ကျွန်မတို့က အသင်းတော်အလုပ်ကို ထိခိုက်နေလို့ ကိုင်တွယ်ဖြေရှင်းခံရတာပါ။ ဒီကိုင်တွယ်ဖြေရှင်းခြင်းက အလုပ်အတွက် တာဝန်သိစိတ်ကြောင့်ရယ်၊ အသင်းတော်အကျိုးစီးပွားကို ကာကွယ်ဖို့ရယ် လုပ်ရတာပါ။ ဒါက အပြုသဘောဆောင်တဲ့ အရာပဲ။ ကိုင်တွယ်ဖြေရှင်း ခံရပြီးတဲ့နောက်မှာ ကျွန်မတို့ ကိုယ့်ပြဿနာကိုသိနိုင်သည်၊ မသိနိုင်သည်ဖြစ်စေ လက်ခံသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး လုပ်ဆောင်ဖို့ စည်းမျဉ်းတွေကို ရှာသင့်တယ်။ ဒါက သမ္မာတရား လက်ခံမှုကို ပြတယ်။ အဲဒါဟာ ကိုင်တွယ်ဖြေရှင်းခံရတဲ့အချိန်မှာ ထားသင့်တဲ့ သဘောထားပဲ။ လီရှောင်နဲ့ ကျွန်မရဲ့အချိန်ကို ပြန်တွေးလိုက်တော့ ကျွန်မ အလုပ်နဲ့ အကျွမ်းတဝင် မရှိတုန်းက သူက ကျွန်မကို စိတ်ရှည်ရှည်နဲ့ တစ်ဆင့်ချင်း သင်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ခဏခဏ ဖြစ်သလိုလုပ်ခဲ့တယ်။ ကျွန်မက မစေ့စပ်သလို ကိုယ်တာဝန်ကျတဲ့ အလုပ်ကို မလုပ်ခဲ့ဘူး။ ရလဒ်အနေနဲ့ ကျွန်မတို့တိုးတက်မှုက ဆက်တိုက် နှောင့်နှေးနေတယ်။ အဲဒီကျမှသာ သူက ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး ဆူခဲ့တာပါ။ သူက ကျွန်မကို ကိုယ့်လုပ်ရပ်တွေကို ဆင်ခြင်ပြီး ပြုပြင်ခိုင်းဖို့ ကြိုးစားနေခဲ့တာ။ သူက စည်းမျဉ်းမရှိဘဲ ကျွန်မကို ဒေါသထွက်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို လက်မခံခဲ့သလို သူက ကျွန်မကို ဆူပြီး အကြံပြုတုန်းက ကျွန်မ မဆင်ခြင်ခဲ့ဘူး။ အဲဒီအစား ကျွန်မက သူနဲ့ သူ့လုပ်ရပ်တွေအပေါ် အာရုံစိုက်ခဲ့တယ်။ သူက ကျွန်မကို နည်းနည်း လေသံမာမာနဲ့ပြောတော့ ကျွန်မ အားနည်းချက်တွေကို ဝေဖန်နေတယ်၊ ကျွန်မကို အရှက်ခွဲပြီး အခက်အခဲဖြစ်အောင် လုပ်နေတယ်လို့ ထင်ခဲ့မိတယ်။ ကျွန်မက အတိုက်အခံလုပ်ပြီး လက်မခံနိုင်ခဲ့ဘူး။ ရလဒ်ကတော့ သင်ခန်းစာယူဖို့ အခွင့်အရေး တော်တော်များများနဲ့ လွဲခဲ့ရတယ်။ ကျွန်မရဲ့ အသက်ဝင်ရောက်မှုက ထိခိုက်ပြီး အသင်းတော်အလုပ်က နှောင့်နှေးသွားတယ်။ ကျွန်မ တော်တော် ကျိုးကြောင်းမသင့်ခဲ့တာပဲ။ အဲဒီနောက်မှာ အကြောင်းရင်းကို ဆင်ခြင်ကြည့်ခဲ့တယ်။ သူ့ဝေဖန်ချက်က ကျွန်မအတွက် အထောက်အကူဖြစ်ပြီး အသင်းတော်အလုပ်ကို အကျိုးပြုတာ သိသာပေမဲ့လည်း ကျွန်မက ကောင်းကောင်း လက်မခံခဲ့ဘဲ သူ့အပေါ် အမြင်တောင်စောင်းခဲ့သေးတယ်။ ကျွန်မ ရှာဖွေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်တွေ ကိုတွေ့ခဲ့တယ်။ “အန္တိခရစ်များသည် ပြုပြင်ခံရခြင်းကိစ္စနှင့် ပတ်သက်လျှင် လက်မခံနိုင်ကြပေ။ ၎င်းတို့ လက်မခံနိုင်ရသည့် အကြောင်းပြချက်များရှိသည်။ အဓိကတစ်ခုမှာ ၎င်းတို့သည် ပြုပြင်ခံရသောအခါတွင် မျက်နှာငယ်ရသည်၊ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးရသည်၊ လူတိုင်း၏ ရှေ့တွင် ၎င်းတို့သည် ခေါင်းမဖော်နိုင်အောင် ဖြစ်သွားသည်ဟု ခံစားရခြင်းဖြစ်သည်။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သက်ရောက်မှုတစ်ခု ရှိသောကြောင့် ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လက်ခံရန် ခက်ခဲသည်ဟု မြင်ကြသည်။ ၎င်းတို့ကို ပြုပြင်သူ မည်သူမဆိုသည် ၎င်းတို့အား အာဃာတဖြင့် ရန်လုပ်နေခြင်းဖြစ်ပြီး ၎င်းတို့၏ ရန်သူဖြစ်သည်ဟု ၎င်းတို့က ခံစားကြသည်။ ဤသည်မှာ ပြုပြင်ခြင်းခံရသောအခါတွင် အန္တိခရစ်တို့၏ စိတ်ထားဖြစ်သည်။ ဤအရာသည် အသေအချာပင်ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အမှန်တကယ်တွင် လူတစ်ယောက် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ၊ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိမှာ ပြုပြင်ခြင်းကို ခံရချိန်တွင် အပေါ်လွင်ဆုံး ဖြစ်သည်။ အန္တိခရစ်များက ပြုပြင်ခြင်းကို အလွန်အတိုက်အခံ ဖြစ်ခြင်းသည် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် အနည်းငယ်မျှပင် လက်မခံသည်ကို ပြရန် လုံလောက်သည်။ ဤသို့ဆိုလျှင် ဤသည်မှာ ပြဿနာ၏ အခရာပင်ဖြစ်သည်။ ၎င်းတို့၏ မာနသည် ဤအကြောင်းကိစ္စ၏ အခရာမဟုတ်ပေ။ သမ္မာတရားကို လက်မခံခြင်းသည် ပြဿနာ၏ အနှစ်သာရဖြစ်သည်။ အန္တိခရစ်များသည် ပြုပြင်ခြင်း ခံရသောအခါ သိမ်မွေ့သောလေသံနှင့် သဘောထားဖြင့် ပြုလုပ်ရန် တောင်းဆိုကြသည်။ ပြုလုပ်သူ၏ လေသံသည် ပြင်းထန်ပြီး သဘောထားသည် ကြမ်းတမ်းလျှင် အန္တိခရစ်တစ်ယောက်သည် အတိုက်အခံပြုလုပ်မည်။ ပြီးလျှင် ရှက်စိတ်ကြောင့် အာခံပြီး ဒေါသထွက်လိမ့်မည်ဖြစ်သည်။ ၎င်းတို့တွင် ပေါ်လွင်လာသောအရာသည် မှန်ကန်ခြင်း ရှိမရှိ၊ အဖြစ်မှန် ဟုတ်မဟုတ်ဆိုသည်ကို အရေးမစိုက်ပေ။ ပြီးလျှင် မည်သည့်နေရာတွင် ၎င်းတို့ မှားခဲ့သည်၊ သို့မဟုတ် သမ္မာတရားကို လက်ခံသင့်ခြင်း ရှိမရှိတို့ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ဘဝင်နှင့် မာနတို့ ထိခိုက်ခြင်း ရှိမရှိကိုသာ စဉ်းစားသည်။ အန္တိခရစ်များသည် ပြုပြင်ခြင်းက လူတို့အတွက် အထောက်အကူ ဖြစ်ကြောင်း၊ လူတို့အတွက် ချစ်ခြင်းဖြစ်ကြောင်း၊ လူတို့ကို ကယ်တင်ပေးကြောင်း၊ လူတို့အတွက် အကျိုးရှိကြောင်းတို့ကို လုံးဝ မသိမြင်နိုင်ကြပေ။ ဤအရာကိုပင် ၎င်းတို့ မမြင်နိုင်ပေ။ ဤသည်မှာ ၎င်းတို့က အနည်းငယ် ချင့်ချိန်နိုင်စွမ်း မရှိခြင်းနှင့် ကျိုးကြောင်းမသင့်ခြင်း မဟုတ်သလော။ ထို့ကြောင့် ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ အန္တိခရစ်တစ်ယောက်တွင် ထုတ်ဖော်သည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ထိုစိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထား ဖြစ်သည့်အပြင် မာနထောင်လွှားပြီး နှလုံးမာကျောသော စိတ်သဘောထားလည်းဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝအနှစ်သာရသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းဖြစ်သည် ဆိုသည်ကို ထုတ်ဖော်ပြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ဘုရားနှုတ်ကပတ်တော်ကနေ သိခဲ့ရတယ်။ အန္တိခရစ်တွေက သဘာဝအားဖြင့် သမ္မာတရားကို မုန်းပြီး အဆင့်အတန်းကို မက်တယ်။ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခံရတဲ့အခါ ဝေဖန်မှုက မှန်ကန်တိကျတာကို သူတို့ သိပေမဲ့လည်း သူတို့ကို သိက္ခာကျစေပြီး သူတို့ရဲ့ သဘာဝအမှန်ကို ဖော်ထုတ်လို့ ဒါကို လက်မခံချင်ကြဘူး။ သူတို့ကို ကိုင်တွယ်ဖြေရှင်းတဲ့သူကို ရန်သူလိုတောင် ငြင်းပယ်ကြလိမ့်မယ်။ ကျွန်မမှာ အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားမျိုးရှိခဲ့တယ်။ လီရှောင်က ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြတော့ သူပြောတာမှန်မှန်း ကျွန်မ သိခဲ့ပေမဲ့ ကျွန်မက သမ္မာတရားကို မရှာဖွေဘူး။ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ဘူး။ သူက ကျွန်မရဲ့ချို့ယွင်းချက်တွေကို တိုက်ရိုက် ဖော်ထုတ်ပြီး ကျွန်မကို သိက္ခာကျအောင်လုပ်လို့ သူ့နည်းပေးလမ်းပြမှုတွေကို ကျွန်မမယူခဲ့ဘူး။ သူက ကျွန်မကို အခက်အခဲဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတယ်လို့ ထင်ခဲ့တယ်။ ကိုယ့်ဂုဏ်သတင်းကို ကာကွယ်ဖို့ သူစိတ်ကျဉ်းကျပ်အောင် သူ့ကို မကြည်ကြည့်ကြည့်ရုံတင်မကဘဲ ကိုယ့်ကြီးကြပ်ရေးမှူးကိုတောင် သူ့အကြောင်း တိုင်တန်းခဲ့တယ်။ ကြီးကြပ်ရေးမှူးက သူ့ကို ကိုင်တွယ်ဖြေရှင်းပြီး ကျွန်မကို ဝေဖန်တာကို တားအောင်လို့ပေါ့။ ကျွန်မက အန္တိခရစ်တွေလိုပဲ သမ္မာတရားကို မုန်းတီးတဲ့ စိတ်သဘောထားရှိတာကို သဘောပေါက်လိုက်တယ်။ သမ္မာတရားကို လက်ခံနိုင်တဲ့သူက ကိုယ့်အားနည်းချက်တွေကို ထောက်ပြတဲ့ အလုပ်ဖော်ရှိတာကို အထောက်အကူဖြစ်မှန်း သိတယ်။ ဒီနည်းနဲ့ဆို ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအရ ကိုယ့်တာဝန်ကို လုပ်တာရယ်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်တာရယ်ကို ရှောင်နိုင်တယ်။ ဒါက သူတို့အတွက်ရော၊ အသင်းတော်အလုပ်အတွက်ပါ အကျိုးရှိတယ်။ ဒီလိုနဲ့ သူတို့က တခြားလူတွေရဲ့ ပြုပြင်ခြင်းနဲ့ ဝေဖန်ခြင်းကို လက်ခံနိုင်ကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ချို့ယွင်းချက်တွေနဲ့ပြည့်နေပြီး ကျွန်မအလုပ်မှာ ပြဿနာတွေ ရှိနေတာ သိသာတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဘယ်သူ့ကိုမှ အဲဒါတွေကို ထောက်မပြစေချင်ဘူး။ ထောက်ပြလာတဲ့အခါ ပါးပါးနပ်နပ် လုပ်ဖို့ သူ့ကို ကျွန်မ တောင်းဆိုခဲ့တယ်။ ကိုယ်သိက္ခာမကျအောင်လို့ပေါ့။ သူပြောတဲ့ဟာက ကိုယ့်အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို ခြိမ်းခြောက်လာတော့ ကျွန်မက ဘုရားကို ကြောက်ဖို့မပြောနဲ့ အသင်းတော်အလုပ်၊ ဒါမှမဟုတ် သူ့ခံစားချက်တွေကို လုံးဝမတွေးဘဲ သူ့ကို ရန်သူတစ်ယောက်လို သဘောထားပြီး သူ့ကို ဖယ်ထားဖို့ နည်းလမ်းရှာခဲ့တယ်။ ကျွန်မက အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာ။ ကျွန်မ နောင်တမရရင် ဘုရားက ကျွန်မကို မုန်းတီးပြီး ထုတ်ပယ်မှာ။
နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့တယ်။ “အခြေအနေကို ဖန်တီးယူခြင်းဘက်တွင် စကားကို မည်သို့ ဖော်ပြသနည်း။ ယင်းမှာ အဓိကအားဖြင့် အားပေးခြင်း၊ ညွှန်ကြားပေးခြင်း၊ လမ်းပြခြင်း၊ တိုက်တွန်းခြင်း၊ သိနားလည်ခြင်းနှင့် နှစ်သိမ့်ခြင်းတို့ ဖြစ်သည်။ ထို့အပြင် တစ်ခါတစ်ရံတွင် အခြားသူများ၏ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ အမှားများကို တိုက်ရိုက်ထောက်ပြပြီး ဝေဖန်ရန် လိုအပ်သည်။ ဤသည်မှာ လူတို့အတွက် အလွန်အကျိုးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် တကယ့်အကူအညီဖြစ်ပြီး ၎င်းတို့အတွက် အပြုသဘောဆောင်သည် မဟုတ်လော။ ဥပမာအားဖြင့် သင်သည် အထူးပင် တဇွတ်ထိုးလုပ်တတ်ပြီး မာနထောင်လွှားသည် ဆိုကြပါစို့။ သင့်အနေဖြင့် ဤအရာကို လုံးဝ သတိမထားမိသော်လည်း သင်နှင့် အကျွမ်းဝင်သောသူ တစ်ယောက်သည် ဤပြဿနာကို သင့်အား တည့်တည့်ကြီး ပြောပြသည်။ သင်က ‘ငါတဇွတ်ထိုးလုပ်တတ်သလော။ မာနထောင်လွှားသလော။ အခြားဘယ်သူမျှ ငါ့ကို မပြောပြဝံ့ကြ။ သို့သော် သူကမူ ငါ့ကို နားလည်၏။ ဤစကားမျိုးကို သူပြောရက်ခြင်းက ဤအရာ တကယ်မှန်ကြောင်း ပြနေသည်။ ဤအရာကို အချိန်ခဏယူပြီး ငါသုံးသပ်ကြည့်ရမည်’ ဟူ၍ စဉ်းစားသည်။ ထို့နောက်တွင် ထိုသူကို သင်က ‘အခြားလူများသည် ကျွန်ုပ်ကို ကောင်းသည့်အရာများသာ ပြောကြ၏။ ချီးမွမ်းကြ၏။ မည်သူကမျှ ကျွန်ုပ်ကို စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်း မပြောဖူးပါ။ ကျွန်ုပ်၌ရှိသည့် ဤအားနည်းချက်များ၊ ပြဿနာများကို မည်သူမျှ မထောက်ပြဖူးပါ။ သင်တစ်ဦးတည်းကသာ ကျွန်ုပ်ကို ပြောပြနိုင်၏၊ စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောနိုင်၏။ ဤသည်မှာ အင်မတန် ကောင်းပါသည်။ ကျွန်ုပ်အတွက် တော်တော်အထောက်အကူဖြစ်ပါ၏’ ဟုပြောသည်ဆိုပါစို့။ ဤသည်မှာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်းဖြစ်သည် မဟုတ်လော။ တဖြည်းဖြည်းချင်းဖြင့် အခြားလူသည် သူ၏ စိတ်တွင်ရှိသောအရာကို၊ သင်နှင့်ပတ်သက်သည့် သူ၏ အတွေးများကို၊ ဤကိစ္စနှင့်ပတ်သက်ပြီး သူ့တွင် အယူအဆများ၊ စိတ်ကူးများ၊ အပျက်သဘောဆောင်မှုများ၊ အားနည်းချက်များ ရှိခဲ့ပုံနှင့်သက်ဆိုင်သည့် သူ၏ အတွေ့အကြုံများကို သင့်အား သိစေပြီး သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် လွတ်မြောက်နိုင်သွားသည်။ ဤသည်မှာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်းဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ချင်း မိတ်သဟာယဖွဲ့မှု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၃)) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် သိခဲ့ရတယ်။ လူတွေကို အားပေးပြီး နှစ်သိမ့်တဲ့ စကားတွေအပြင် လူတွေရဲ့ပြဿနာတွေကို ထိပ်တိုက်တွေ့ပြီး သူတို့ ချို့ယွင်းချက်တွေကို ထောက်ပြတဲ့ စကားတွေကလည်း တကယ်ကို အထောက်အကူဖြစ်တယ်ဆိုတာပေါ့။ တစ်ခါတလေ ကျွန်မတို့က ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက အမိန့်ပေးတာကို ခံရပြီး ကိုယ့်ပြဿနာတွေကိုရော၊ ကိုယ့်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်တဲ့ စကားတွေက ပိုလို့တောင် အကျိုးဖြစ်စေတယ်ဆိုတာကိုရော မမြင်ကြဘူး။ အဲဒီအချိန်လေးမှာ ကျွန်မတို့ သိက္ခာကျနိုင်ပေမဲ့ ဒီဝေဖန်မှုနဲ့ ပံ့ပိုးမှုတွေက ကျွန်မတို့ကို သမ္မာတရား ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်အောင် ဘုရားရှေ့ကိုလာဖို့ တွန်းပို့ပေးနိုင်တယ်။ ဒါဟာ ကျွန်မတို့ အသက်ဝင်ရောက်မှုအတွက် တကယ်ကို အကျိုးဖြစ်စေတယ်။ ကျွန်မက အသက်ဝင်ရောက်မှုအပေါ် အလေးမထားဘဲ ကိုယ့်ကိုယ်ကိုယ် ထိထိရောက်ရောက် မဆင်ခြင်ခဲ့ဘူး။ လီရှောင်က ကျွန်မနဲ့ နီးစပ်နေတော့ ကျွန်မရဲ့ အလုပ်မှာ ဘာပြဿနာတွေ ရှိမှန်း သူသေချာသိတယ်။ သူ့မှာ ဖြောင့်မတ်တဲ့စိတ်ရှိတယ်၊ တာဝန်သိသိ အလုပ်လုပ်တယ်၊ ကျွန်မရဲ့ ပြဿနာတွေနဲ့ လမ်းလွဲမှုတွေကို တိုက်ရိုက်ထောက်ပြနိုင်တယ်။ သူက မပါးနပ်တာ၊ ကြမ်းတာတွေရှိနိုင်ပေမဲ့ ကျွန်မကို တကယ်ကို ကူဖို့ကြိုးစားခဲ့တာပါ။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကြောင့် သူစိတ်ကျဉ်းကျပ်ချိန်မှာတောင် ကျွန်မကို အငြိုးမထားခဲ့ဘဲ အရင်အတိုင်းပဲ ကျွန်မနဲ့ ဆက်ပူးပေါင်းခဲ့တယ်။ လီရှောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်ပြီးမှသာ ကျွန်မ စိတ်သောကရောက်ပြီး ကိုယ့်ပြဿနာကို ဆင်ခြင်ဖို့ ဘုရားရှေ့မှောက်ကို လာရကောင်းမှန်း သိခဲ့တယ်။ ဖြည်းဖြည်းချင်း ကျွန်မရဲ့တာဝန်မှာ ကိုယ့်သဘောထားကို ပြုပြင်လာခဲ့တယ်။ ဒီတိုးတက်မှုတွေက လီရှောင်က ကျွန်မကိုဆူပြီး ကိုင်တွယ်ဖြေရှင်းတဲ့ ရလဒ်အနေနဲ့ ဖြစ်လာတာပါ။ ဒါပေမဲ့ ကျွန်မက ကိုယ့်အတွက် ဘာကောင်းမှန်း မသိခဲ့ဘူး။ သူက လေသံမာတော့ ကျွန်မကို အငြိုးထားပြီး ကျွန်မရဲ့ အားနည်းချက်တွေကို အပြစ်ရှာနေတယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မက ဆက်ရှောင်တယ်၊ ခုခံတယ်။ လက်ခံဖို့ ငြင်းပယ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ကို အာရုံမစိုက်ဘူး။ အဆုံးမှာ ကျွန်မက လုံးဝ မပြောင်းလဲဘဲ သမ္မာတရားရဖို့ အခွင့်အရေးနဲ့ လွဲခဲ့ရတယ်။ ကျွန်မက မိုက်မဲလိုက်တာ။ ကျွန်မရဲ့ ပြဿနာတွေကို မထောက်ပြတဲ့ လူ့အကြိုက်လိုက်သူတစ်ယောက်နဲ့သာ တွဲခဲ့ရရင် အပြင်ပန်းမှာ ကျွန်မ သိက္ခာကျမှာ မဟုတ်ပေမဲ့ လက်တွေ့မှာ ကျွန်မအတွက် အထောက်အကူ တစ်စက်မှ ဖြစ်မှာ မဟုတ်သလို ကျွန်မရဲ့ အသက်ဝင်ရောက်မှု၊ ဒါမှမဟုတ် အသင်းတော်အလုပ်အပေါ် အကျိုးရှိခဲ့မှာ မဟုတ်ဘူး။ ဒီနားလည်မှုတွေကတစ်ဆင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရခဲ့တယ်။ ရှေ့လျှောက် ကျွန်မ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ ကောင်းပြီး နှစ်လိုဖွယ်ရာ မှတ်ချက်တွေကိုသာ မကြိုက်သင့်ဘူး၊ ဂုဏ်နဲ့ အဆင့်အတန်းကိုသာ မစဉ်းစားသင့်ဘူးဆိုတာ ကျွန်မ သိခဲ့တယ်။ ကိုင်တွယ်ဖြေရှင်းခံရတာကို ကျွန်မ လက်ခံသင့်ပြီး လူတွေရဲ့ ဝေဖန်ချက်တွေအရ သမ္မာတရားကို ရှာဖွေသင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး ကိုယ့်လုပ်ရပ်တွေကို ချက်ချင်း နောင်တရပြီး ပြုပြင်သင့်တယ်။ ဒီလိုမျိုး သူများတွေနဲ့ လက်တွဲမှသာ ကျွန်မရဲ့တာဝန်နဲ့ ဝတ္တရားကို ကောင်းကောင်း ဖြည့်ဆည်းနိုင်မယ်။
နောက်တော့ လီရှောင်နဲ့ မိတ်သဟာယမှာ ကိုယ်သိခဲ့တာကို ပွင့်ပွင့်လင်းလင်း ဝေမျှခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မတို့နှစ်ယောက်လုံး အရမ်း လွတ်မြောက်သွားပြီး နောက်ဆုံးတော့ သူနဲ့ ကျွန်မ ပုံမှန်အတိုင်း ပြန်လက်တွဲနိုင်ခဲ့တယ်။ တစ်ခါ လူသစ်တစ်ယောက်က ပြဿနာတချို့ကို ကြုံနေရလို့ ကျွန်မ နားလည်တာကို သူ့ကို မိတ်သဟာယပြုပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မပြောတာကို လီရှောင်ကြားတော့ သူက ကျွန်မကို တဲ့တိုးပြောတယ်။ ကျွန်မရဲ့ မိတ်သဟာယက လူသစ်ကို နည်းနည်းလေး အားပေးတာပဲရှိပြီး သူ့ပြဿနာ ပြေလည်မှာ မဟုတ်ဘူးတဲ့။ သူပြောတဲ့စကားကြောင့် ကျွန်မ နည်းနည်း အရှက်ရခဲ့တယ်။ အပြင်ပန်းမှာ ကျွန်မက သူ့ရဲ့ ဝေဖန်ချက်ကို နားလည်ပုံပြပေမဲ့ စိတ်ထဲမှာ သူ့ကို သိပ်မကြည်ဘူး။ ဒါပေမဲ့လည်း ကိုယ့်အခြေအနေ မမှန်တာကို သဘောပေါက်လို့ ဘုရားဆီမှာ ချက်ချင်း ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ယခုတွင် သင်တို့၏ တာဝန်ကို လုပ်ဆာင်ခြင်း၏ အရေးအပါဆုံးသော အပိုင်းမှာ ကျိုးနွံနာခံရန် သင်ယူဖို့၊ သမ္မာတရားနှင့် ဘုရားသခင်ထံမှလာသော အရာများကို ကျိုးနွံနာခံရန် သင်ယူဖို့ ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်နောက် သင်တို့ လိုက်သည်နှင့်အမျှ သင်တို့၏ သင်ခန်းစာများကို သင်ယူနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်နိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်) အမှန်ပဲ၊ ပြဿနာနဲ့ ရင်ဆိုင်ရတဲ့အခါ သမ္မာတရားနဲ့ ကိုက်ညီပြီး ကိုယ့်တာဝန်အတွက် အကျိုးရှိတဲ့ စကားကို ကျွန်မတို့ လက်ခံရမယ်။ ဒါဟာ ဘုရားရဲ့ တောင်းဆိုချက်ဖြစ်ပြီး ကျွန်မတို့ လုပ်ရမယ့်အရာပဲ။ လီရှောင်က ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြတဲ့အတွက် သူ့ဝေဖန်ချက်ကို ကျွန်မ လက်ခံသင့်တယ်။ ရှာဖွေပြီး ဆင်ခြင်သင့်တယ်။ ဆုတောင်းခြင်းနဲ့ အာရုံပြုဆင်ခြင်ခြင်းကတစ်ဆင့် လူသစ်ရဲ့ပြဿနာကို ကျွန်မ တကယ်ကို နားမလည်သလို ကိစ္စရဲ့ အဓိကအချက်ကို မိတ်သဟာယမပြုရသေးမှန်း သိရတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းကတစ်ဆင့် ကိုယ့်လမ်းလွဲမှုတွေနဲ့ ချို့ယွင်းချက်တွေကို နည်းနည်း နားလည်သွားပြီး ဒီသမ္မာတရားရှုထောင့်နဲ့ပတ်သက်ပြီး အသိအမြင်ပိုရခဲ့တယ်။ ဒီလိုအလုပ်ဖော်မျိုး ကိုယ့်ဘေးမှာရှိတာက ကိုယ့်အသက်ဝင်ရောက်မှုရော၊ ကိုယ့်တာဝန် လုပ်ဆောင်ရာမှာပါ အရမ်း အကျိုးရှိတာကို တကယ်ကို တွေ့လိုက်ရတယ်။ သူများတွေရဲ့ ဝေဖန်မှုကို လက်ခံခြင်းရဲ့ အကျိုးကိုလည်း ခံစားခဲ့ရတယ်။ အခုကစပြီး ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့ ဝေဖန်မှုတွေကို လက်ခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တော့မယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ရှောင်လု တရုတ်နိုင်ငံ ၂၀၁၈၊ နိုဝင်ဘာလမှာ အထက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ လီကျန်က ကျွန်မတို့အလုပ်ကို ကြီးကြပ်ဖို့ ကျွန်မတို့အသင်းတော်ဆီလာတယ်။...
မုချယ်၊ တရုတ်နိုင်ငံ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်းမှာ အသင်းတော်မှာ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ကျွန်မ ထမ်းဆောင်နေခဲ့တယ်။ အစပိုင်းမှာတော့...
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မနဲ့ တွဲလုပ်ရတဲ့ အစ်မက ရဲတွေ ဖမ်းတာခံလိုက်ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပါ။...
စူးချင်၊ တရုတ်နိုင်ငံကျွန်မဟာ ဆင်းရဲတဲ့ ကျေးလက်တောရွာ မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ အထက်တန်းကျောင်းတက်တုန်းက ကျွန်မမိဘတွေက ကျုရှင်ခ...