အခက်အခဲတစ်လျှောက် မဆုတ်မနစ်ကြိုးပမ်းခြင်း

05.06.2024

၂၀၂၂ခုနှစ် မေလမှာ၊ ရွာတချို့ရဲ့ ရွာသားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီနောက်မကြာခင်မှာပဲ၊ လူသစ်အတော်များများက စုဝေးပွဲတွေကို မလာကြတော့ဘူး။ စစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့ လက်နက်ကိုင်စစ်သားတွေ ညဘက်ကင်းလှည့်ပြီး စုဝေးပွဲတွေ လုပ်တဲ့သူဘယ်သူကိုမဆို ဖမ်းကြတာကို သိလိုက်ရတယ်။ တခြားနေရာတွေမှာ၊ ညီအစ်ကို မောင်နှမတချို့က သူတို့ရဲ့ ယုံကြည်မှုကြောင့် ဒဏ်ငွေရိုက်ခံရပြီး အဖမ်းခံရပြီးတော့ ထောင်ချခံရပြီးပြီ။ အဲဒီရွာတွေမှာရှိတဲ့ လူသစ်တွေက အရမ်းကြောက်လို့ စုဝေးပွဲတွေကို မတက်ရဲကြဘူး။ အဲဒီအချိန်မှာ ကျွန်မရဲ့ ခေါင်းဆောင်က လူသစ်တွေကို သွားအားပေးဖို့ အီဆာနဲ့ ကျွန်မကို တာဝန်ပေးတယ်။ အီဆာနဲ့ ကျွန်မက အဲဒီအချိန်မှာ လူသစ်တွေကို သီးခြားစီ ရေလောင်းနေခဲ့ကြတာလေ။

ကျွန်မ အိမ်ပြန်မသွားခင်တစ်ညမှာ၊ အီဆာက ကျွန်မကို ရုတ်တရက် ဖုန်းဆက်ပြီး ပြောတယ်၊ ကျွန်မတို့ရဲ့ အိမ်ရှင်အစ်မက ဒဏ်ငွေရိုက်ခံရမှာ၊ ထောင်ချခံရမှာကြောက်ပြီး အိမ်ကနေဆင်းပေးဖို့ ပြောနေတယ်တဲ့။ ကျွန်မတွေးမိတယ်။ “ဒီအချိန် ဘယ်နေရာမှာ အိမ်ရှင်တစ်ယောက်ကို ငါတို့ ရှာတွေ့ဖို့ ဖြစ်နိုင်မှာလဲ”ပေါ့။ နောက်ပိုင်းမှာ၊ ညီအစ်မ ရာနာကို ကြိုးစားကြည့်လိုက်ရပေမဲ့ ရာနာနဲ့ သူ့သားက အဖမ်းခံရမှာကြောက်ပြီး ကျွန်မတို့ကို ဧည့်မခံရဲကြဘူး။ အဲဒါနဲ့ ညသန်းခေါင်အချိန်ကြီးမှာ ကျွန်မတို့ အိမ်ခြေရာမဲ့ဖြစ်သွားတယ်။ ကျွန်မအရမ်းဝမ်းနည်းပြီး မတရားခံရသလို ခံစားရတယ်။ အဲဒီညမှာ မိုးရွာနေခဲ့တယ်။ အီဆာနဲ့ ကျွန်မက ဘယ်သွားရမှန်းမသိသလို အဲဒီနေရာကနေ ထွက်သွားချင်ခဲ့ကြပေမဲ့၊ ရေလောင်းပေးပြီး အားပေးဖို့လိုတဲ့ လူသစ်တွေ အများကြီးရှိသေးတယ်။ အဲဒီကနေ ကျွန်မတို့ ထွက်သွားပြီး လူသစ်တွေက ရေလောင်းတာမခံရရင်၊ သူတို့ဘာသာ ပိုလို့တောင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာ မဟုတ်သလို၊ ကျွန်မတို့က ကိုယ့်တာဝန်ကို ခေါင်းရှောင်နေတာ ဖြစ်မှာပဲ။ ဒါကို သဘောပေါက်တော့၊ နေလိုက်ပြီး ကျွန်မတို့ကို တခြားတစ်ယောက်ယောက်က ဧည့်ခံချင်မလား ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ၊ လူသစ်တစ်ယောက်က သူ့အိမ်မှာ ကျွန်မတို့ကို နေခွင့်ပေးဖို့ လိုလားခဲ့ပေမဲ့၊ အဲဒီမှာ တစ်ညပဲ နေလို့ရတယ်။ အဲဒီအချိန်မှာ ကျွန်မက၊ “ငါ တစ်ညပဲ နေလို့ရပြီးတော့ အိမ်ခြေရာမဲ့ဖြစ်သွားမှာ။ ငါ အလုပ်လုပ်ပြီး ကြီးမားတဲ့ အတားအဆီးတွေကို ရင်ဆိုင်ချင်တယ်။ အဲဒီနေရာကို ငါတို့ မရင်းနှီးသလို၊ ငါတို့ ဧဝံဂေလိ၊ ဖြန့်တာကို အစိုးရက သိသွားရင် အဖမ်းခံရပြီး နှိပ်စက်ခံရမှာ”လို့ တွေးရင်းနဲ့ ငိုနေမိတယ်။ ကျွန်မ အရမ်းစိတ်ဓာတ်ကျပြီး နုတ်ထွက်လိုက်ချင်ခဲ့တယ်။ ကျွန်မ ထွက်သွားချင်တာကို ကျွန်မရဲ့ ကြီးကြပ်ရေးမှူးက ကြားတော့၊ သူက ပြောတယ်၊ “လူသစ်တွေက သမ္မာတရားကို နားမလည်ကြသလို၊ တွန့်ဆုတ်မှုနဲ့ အကြောက်တရားထဲမှာ အသက်ရှင်ကြတယ်။ သူတို့ ရေလောင်းပေးတာနဲ့ အားပေးတာလိုအပ်တယ်။ လူသစ်တွေနဲ့ပတ်သက်လို့ ငါတို့ နှုတ်ထွက်လို့မရဘူး၊ နေလို့ရမဲ့နည်းလမ်းရှာတွေ့နိုင်မလား ကြည့်ပါဦး။ ဘုရားကို မှီခိုဖို့ ငါတို့ သင်ယူရမယ်၊ သူက နင့်အတွက် နေရာတစ်ခု ပြင်ဆင်ပေးမှာပါ”တဲ့။ ဒီခက်ခဲတဲ့ အချိန်ကာလအတွင်းမှာ ဘုရားအပေါ် ကျွန်မ ပိုမှီခိုသင့်တယ်ဆိုတာကို သူ့ရဲ့ အကြံဉာဏ်ကြောင့် ကျွန်မ သဘောပေါက်သွားတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး ကျွန်မတို့အတွက် လမ်းတစ်ခုဖွင့်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ နောက်တော့ ကျွန်မတို့ အင်တာနက် စကားဝိုင်းက စာတချို့ကို ကြည့်ရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့ရတယ်။ “ဘုရားသခင်က နောဧအား သင်္ဘောတည်ဆောက်ခြင်းကို ပေးအပ်ခဲ့သည့် အချိန်မှစ၍ နောဧသည် မည်သည့်အချိန်၌မျှ ‘ဘုရားသခင်က ကမ္ဘာကြီးကို မည်သည့်အချိန်တွင် ဖျက်ဆီးမည်နည်း။ သူသည် ထိုသို့လုပ်ဆောင်မည်ဟု မည်သည့်အချိန်တွင် အချက်ပြမည်နည်း’ ဟု သူ့ဘာသာသူ မစဉ်းစားခဲ့ချေ။ ထိုသို့သော အကြောင်းအရာများကို တွေးဆနေမည့်အစား နောဧသည် ဘုရားသခင်က သူမှတ်မိအောင် ပြောထားခဲ့သည့် အရာတစ်ခုချင်းစီကို မှတ်သားရန်၊ ထို့နောက် တစ်ခုချင်းစီကို ဆောင်ရွက်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။ ဘုရားသခင်က သူ့အား တာဝန်ပေးစေခိုင်းခဲ့သောအရာကို လက်ခံပြီးနောက်၊ နောဧသည် ဘုရားသခင် ပြောသည့် သင်္ဘောတည်ဆောက်ခြင်းကို ဆောင်ရွက်ခြင်းနှင့် ပြီးမြောက်အောင်မြင်ခြင်းကို နှောင့်နှေးကြန့်ကြာဖို့ အတွေးတစ်ခုမျှမရှိဘဲ သူ၏ဘဝ၌ အရေးအကြီးဆုံး အရာတစ်ခုအလား စတင် လုပ်ဆောင်ခဲ့သည်။ နေ့ရက်များ ကျော်ဖြတ်ကာ နှစ်များကုန်လွန်လျက် တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်ခဲ့သည်။ ဘုရားသခင်သည် နောဧအပေါ် မည်သည့်ဖိအားမျှ လုံးဝမပေးခဲ့သော်လည်း နောဧသည် သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားသော အရေးကြီးဆုံးအလုပ်၌ ဤအချိန်ကာလတစ်လျှောက်လုံး မဆုတ်မနစ်ကြိုးပမ်းခဲ့သည်။ ဘုရားသခင် မိန့်မြွက်ပြီးသော စကားလုံးတိုင်းနှင့် စကားစုတိုင်းကို ကျောက်ပြားပေါ်တွင် ထွင်းထုထားသော စာလုံးများကဲ့သို့ နောဧ၏ နှလုံးသားထက်တွင် ရေးထိုးထားခဲ့လေသည်။ သူသည် ပြင်ပလောကရှိ အပြောင်းအလဲများ၊ သူ၏ပတ်ဝန်းကျင်၌ ရှိသောသူတို့၏ လှောင်ပြောင်သရော်မှု၊ ပါဝင်သည့် ခက်ခဲမှု၊ သို့မဟုတ် သူကြုံတွေ့ရသော အခက်အခဲများကို မမှုဘဲ သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားခဲ့သော အရာ၌ မည်သည့်အခါမျှ စိတ်ပျက်ခြင်းမရှိ သို့မဟုတ် လက်လျှော့ဖို့ စိတ်ကူးမရှိဘဲ တစ်ချိန်လုံး အပတ်တကုတ်ကြိုးစားခဲ့သည်။ ဘုရားသခင်၏ စကားများကို နောဧ၏နှလုံးသားပေါ်၌ ရေးထိုးထားခဲ့ပြီး ယင်းတို့က သူ၏ နေ့စဉ် လက်တွေ့အရှိတရား ဖြစ်လာခဲ့ပြီးဖြစ်သည်။ နောဧသည် သင်္ဘောဆောက်လုပ်ဖို့ လိုအပ်သည့်ပစ္စည်းများ တစ်ခုချင်းစီကို ပြင်ဆင်ခဲ့သည်၊ ဘုရားသခင်အမိန့်ပေးထားသည့် သင်္ဘော၏ပုံစံနှင့် အသေးစိတ်သတ်မှတ်ချက်များက နောဧ၏ တူနှင့်ဆောက်တို့၏ ဂရုတစိုက် ထုရိုက်ချက်အသီးသီးတို့နှင့်အတူ တဖြည်းဖြည်း ပုံပေါ်လာခဲ့၏။ လူတို့က သူ့ကို ရယ်သွမ်းသွေးပြီး အသရေပျက်အောင် မည်သို့ ပြောဆိုကြသည်ဖြစ်စေ တစ်နှစ်ပြီးတစ်နှစ် လေနှင့်မိုးတစ်လျှောက်လုံး နောဧ၏အသက်တာမှာ ဤပုံစံအတိုင်း ရှေ့ဆက်ခဲ့သည်။ ဘုရားသခင်သည် သူ့ကို နောက်ထပ် စကားမိန့်မြွက်ခြင်း မရှိဘဲ နောဧ၏ လုပ်ဆောင်ချက်တိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူ၏စိတ်နှလုံးကို နောဧက တို့ထိခဲ့လေသည်။ သို့သော်လည်း နောဧသည် ဤအရာကို သိလည်းမသိ၊ ခံလည်းမခံစားခဲ့ပေ။ သူသည် အစမှအဆုံးတိုင် သင်္ဘောကိုသာ ဆောက်လုပ်ခဲ့ပြီး ဘုရားသခင်၏စကားကို မမှိတ်မသုန် သစ္စာစောင့်သိခြင်းဖြင့် သက်ရှိသတ္တဝါမျိုးစုံကို စုဝေးစေခဲ့သည်။ နောဧ၏ စိတ်နှလုံးထဲတွင် သူလိုက်နာသင့်ပြီး လုပ်ဆောင်သင့်သော ထို့ထက်ပိုမြင့်မားသည့် ညွှန်ကြားချက်မရှိပေ။ ဘုရားသခင်၏စကားများက သူ၏ ရာသက်ပန်ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က သူ့အား မည်သည့်အရာကို ပြောခဲ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ လုပ်ဆောင်ရန် မည်သည့်အရာကို ခိုင်းစေခဲ့သည်ဖြစ်စေ၊ အမိန့်ပေးခဲ့သည်ဖြစ်စေ နောဧက အပြည့်အဝလက်ခံသည်။ အသေအချာ မှတ်သားပြီး သူ့ဘဝ၏ အရေးအကြီးဆုံးအရာအဖြစ် အလေးထားကာ ထိုအတိုင်း ကိုင်တွယ်လေသည်။ သူသည် မမေ့လျော့ရုံသာမက၊ ယင်းကို သူ၏စိတ်ထဲတွင် အာရုံစိုက်ရုံသာမက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် ဆောင်ရွက်ရန်အတွက် သူ၏အသက်တာကို အသုံးပြုလျက် ယင်းကို သူ၏ နေ့စဉ်အသက်တာ၌ အကောင်အထည် ဖော်ခဲ့လေသည်။ ဤသို့ဖြင့် ပျဉ်ပြားတစ်ချပ်ပြီးတစ်ချပ်ဖြင့် သင်္ဘောကို ဆောက်လုပ်ခဲ့သည်။ နောဧ၏ လှုပ်ရှားမှုတိုင်း၊ သူ၏ နေ့ရက်စဉ်တိုင်းကို ဘုရားသခင်၏ ပညတ်ချက်များနှင့် စကားများအတွက် ရည်စူးထားခဲ့သည်။ နောဧသည် အလွန်အရေးပါသော တာဝန်တစ်ရပ်ကို ထမ်းဆောင်နေသည့်ပုံ ပေါက်ကောင်းပေါက်မည် မဟုတ်သော်လည်း ဘုရားသခင်၏ အမြင်တွင်ကား နောဧပြုလုပ်ခဲ့သမျှ၊ တစ်စုံတစ်ရာ ဖြစ်မြောက်အောင်လုပ်ဖို့ သူလှမ်းခဲ့သော ခြေလှမ်းတိုင်း၊ သူ့လက်အားဖြင့် လုပ်ဆောင်သည့် အားထုတ်မှုတိုင်း— ၎င်းတို့အားလုံးမှာ အဖိုးတန်ပြီး ဂုဏ်ပြုထိုက်ကာ ဤလူသားမျိုးနွယ်က အတုယူထိုက်လေသည်။ နောဧသည် သူ့အား ဘုရားသခင် တာဝန်ပေး စေခိုင်းထားခဲ့သည့်အရာကို လိုက်နာစောင့်ထိန်းခဲ့သည်၊ သူသည် ဘုရားသခင်မိန့်မြွက်ခဲ့သည့် စကားတိုင်း မှန်ကန်သည်ဟူသည့် မဆုတ်မနစ်သော ယုံကြည်မှုရှိခဲ့ကာ၊ ယင်းနှင့်ပတ်သက်၍ ၎င်း၌ သံသယလုံးဝ မရှိခဲ့ပေ။ ရလဒ်အနေဖြင့် သင်္ဘောသည် ပြီးစီးခြင်းသို့ရောက်ခဲ့ပြီး သက်ရှိသတ္တဝါမျိုးစုံက ယင်းအပေါ်၌ အသက်ရှင်နိုင်ခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၁)) နောဧက ဘုရားနှုတ်ကပတ်တော်တွေကို ကြားပြီး သူ့နှုတ်ကပတ်တော်နဲ့ စေခိုင်းချက်တာဝန်ကို အနီးကပ် နှလုံးသွင်းထားတယ်။ သင်္ဘောဆောက်တာကို သူ့ဘဝရဲ့ အရေးအကြီးဆုံး ကဏ္ဍတစ်ခု၊ သင်္ဘောပြီးစီးတာကို သူ့ရဲ့ အကြီးဆုံးတာဝန်အနေနဲ့ သဘောထားခဲ့တယ်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးပြီး၊ ဆင်းရဲဒုက္ခ၊ ပင်ပန်းနွမ်းလျမှု၊ အခက်အခဲ၊ ဆိုးရွားတဲ့ ရာသီဥတု၊ တခြားလူတွေရဲ့ အသရေဖျက်ပြောတဲ့စကား၊ လှောင်ပြောင်မှုနဲ့ စွန့်ပစ်မှုတွေရှိခဲ့ပေမဲ့၊ ဘုရားပေးတဲ့ စေခိုင်းချက်တာဝန်မှာ သူ မဆုတ်မနစ်လုပ်ခဲ့ပြီး၊ နှုတ်ထွက်ဖို့ တစ်ကြိမ်မှ မစဉ်းစားခဲ့ဘူး။ သူ့မှာ ဘုရားကိုကြောက်တဲ့စိတ်နှလုံးရှိခဲ့လို့ သူ ဒါကို လုပ်ခဲ့တာ။ ဒါကြောင့် ဘုရားရဲ့ နှုတ်ကပတ်တော်တိုင်းကို သူ့ နှလုံးထဲမှာ စွဲမှတ်ထားတယ်။ နောဧရဲ့ အပြုအမူနဲ့ ကျွန်မရဲ့ အပြုအမူကို ယှဉ်ကြည့်တော့၊ ကျွန်မက ကိုယ့်တာဝန်ကို အမြဲ အဆင်ချောစေချင်ခဲ့ပြီး၊ ဘာအခက်အခဲမှ မကြုံစေချင်ခဲ့ဘူး။ ကျွန်မတာဝန်မှာ အခက်အခဲတွေ ဖြစ်ပေါ်ပြီး၊ နေဖို့နေရာမရှိသလို၊ အဖမ်းခံရမဲ့အန္တရာယ်ရှိတဲ့အခါ၊ ကျွန်မ အမြဲ နောက်တွန့်ချင်ခဲ့သလို၊ ဆင်းရဲဒုက္ခခံတာနဲ့ အဖိုးအခပေးတာကို မကြိုက်ခဲ့ဘူး။ ဘုရားရဲ့အလိုတော်ကို ကျွန်မ ဂရုမစိုက်ခဲ့ဘူး၊ ဘုရားကို စိတ်ကျေနပ်အောင် တကယ်တမ်း မလုပ်ချင်ခဲ့ဘူးဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ နောဧရဲ့ အတွေ့အကြုံက ကျွန်မအတွက် တော်တော်စိတ်အားတက်စရာဖြစ်ပြီး အရှက်လည်းရစေခဲ့တယ်။ ကျွန်မရဲ့ ဇာတိပကတိကို ကျွန်မ အလိုမဖြည့်ချင်တော့ဘဲ လူသစ်တွေကို အားပေးဖို့ နောက်ချန်နေခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်သူကမှ ကျွန်မကို ဧည့်မခံရင်၊ ကွင်းပြင်မှာ ကျွန်မသွားအိပ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မ ဧဝံဂေလိ ဖြန့်ပြီး လူသစ်တွေကို ရေလောင်းရာမှာ မဆုတ်မနစ်ကြိုးပမ်းခဲ့တယ်။

နောက်ပိုင်းမှာ၊ အီဆာနဲ့ ကျွန်မက နေဗင်လို့ခေါ်တဲ့ လူသစ်တစ်ယောက်ဆီ ရောက်ပြီး၊ သူ့ ကွင်းပြင်မှာရှိတဲ့ သစ်သားအိမ်လေးထဲမှာ နေလို့ရမလားလို့ မေးတယ်။ နေဗင်နဲ့ သူ့မိဘတွေအားလုံးက ခွင့်ပြုကြတယ်။ ဘုရားက ကျွန်မတို့အတွက် လမ်းတစ်ခု ဖွင့်ပေးခဲ့ပြီမှန်း ကျွန်မ သိလိုက်တယ်။ အဲဒီနောက်တော့၊ ရွာထဲမှာရှိတဲ့ လူသစ်အားလုံးကို စုဝေးဖို့တစ်ပြိုင်တည်း ဆင့်ခေါ်ပြီး၊ သူတို့နဲ့ ကျွန်မ မိတ်သဟာယပြုလိုက်တယ်။ “လူတွေကို ကယ်တင်ဖို့ ဘုရားက သူ့အမှုတော်ကို လုပ်ဆောင်တဲ့အခါ၊ စာတန်က အဆက်မပြတ် အနှောင့်အယှက်တွေ ဖြစ်စေတယ်။ ဘုရားက လူရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို စုံလင်စေဖို့နဲ့ လူတွေကို ထုတ်ဖာ်ပြပြီး ဖယ်ရှားဖို့အပြင် သူတို့ရဲ့ ယုံကြည်ခြင်းကို စစ်ဆေးဖို့ စာတန်ရဲ့ အနှောင့်အယှက်နဲ့ နှိပ်စက်ညှဉ်းပန်းမှုကို အခွင့်ပေးတယ်။ ကျွန်မတို့ ယုံကြည်သူတွေက သမ္မာတရားနဲ့ အသက်ကို လိုက်စားချင်ရင်၊ ဆင်းရဲဒုက္ခကြောင့် နောက်တွန့်လို့မရဘူး။ ဖိနှိပ်မှုကြောင့်၊ ကျွန်မတို့အိမ်မှာ စုဝေးပွဲတွေ လုပ်လို့မရလို့၊ တောင်တွေထဲမှာ ကျွန်မတို့ စုဝေးကြရတယ်။ ဒီအခြေအနေတွေရဲ့ အခက်အခဲရှိပေမဲ့၊ ကျွန်မတို့ ဖြတ်သန်းခဲ့ရတဲ့ ဆင်းရဲဒုက္ခက အဓိပ္ပာယ်ရှိတယ်။ ဘုရားကိုယုံကြည်ဖို့ ဆိုးယုတ်တဲ့ အစိုးရစနစ် ပြိုလဲပြီး ဖိနှိပ်မှု ရပ်သွားတဲ့အထိ ကျွန်မတို့ စောင့်ရင်၊ ဘုရားရဲ့အမှုတော်က အဆုံးသတ်နှင့်ပြီးဖြစ်မှာ၊ ပြီးတော့ ကယ်တင်ခံရမဲ့ ကျွန်မတို့ရဲ့ အခွင့်အရေးကို ဆုံးရှုံးသွားမှာပဲ။ ဘာလို့ ဧဝံဂေလိကို ကျွန်မတို့ ဖြန့်သင့်လဲ။ ဘာလို့လဲဆိုတာ့ ဒါတွေက နောက်ဆုံးသောနေ့ရက်ကာလဖြစ်ပြီး ဒါက လူသားမျိုးနွယ်ကို ဘုရားရဲ့ ကယ်တင်ခြင်းအမှုမှာ နောက်ဆုံးအဆင့်ဖြစ်လို့ပဲ။ ဒီအချိန်နဲ့ ကျွန်မတို့ လွဲသွားရင်၊ လုံးဝ ကယ်တင်ခံရမှာ မဟုတ်ဘူး။ အနာဂတ်မှာ၊ ကပ်ဘေူးတွေက အရင်ထက် ပိုဆိုးပြီး မခံနိုင်အောင် ဖြစ်လာမှာ။” အဲဒီတုန်းက ကျွန်မတို့ အတော်လေး မိတ်သဟာယပြုခဲ့ကြပြီး၊ နောက်ပိုင်းမှာ လူသစ်တချို့က ပြောကြတယ်၊ “ဒီကပ်ဘေးတွေကနေ ကိုယ့်ကိုယ်ကို ငါတို့ မကာကွယ်နိုင်သလို၊ ဘယ်သူကမှ၊ အစိုးရကတောင် ငါတို့ကို မကယ်နိုင်ဘူး။ ဘုရားကပဲ ငါတို့ကို ကယ်နိုင်တယ်၊ ဒါကြောင့် ဘုရားကို ယုံကြည်ပြီး စုဝေးပွဲတွေ တက်ရမယ်”တဲ့။ တချို့လူသစ်တွေက ပြောကြတယ်၊ “အစိုးရရဲ့ အဖမ်းခံရမှာ၊ ဒဏ်ငွေအရိုက်ခံရမှာကို ကြောက်လို့မရဘူး၊ အရာရာက ဘုရားလက်ထဲမှာရှိပြီး ငါတို့ ဆက်စုဝေးရမယ်”တဲ့။ အဲဒီနောက်မှာ၊ လူ့ဇာတိခံခြင်းနဲ့ တရားစီရင်ခြင်း အမှုတော် သမ္မာတရားကို ကျွန်မတို့ မိတ်သဟာယပြုကြတယ်။ နောက်ထပ် ဆယ်ရက် ရေလောင်းပြီးတဲ့နောက်မှာ၊ သူတို့အားလုံးက စုဝေးပွဲတွေကို ပုံမှန်တက်နိုင်ခဲ့ကြတယ်။

နောက်ထပ် ဆယ်ရက်လောက်မှာ၊ ရဲတွေက နောက်ထပ် ညကင်းလှည့်ကြတယ်။ နေဗင်က အမှုပတ်မှာစိုးပြီး၊ သူ့သစ်သားအိမ်မှာ ကျွန်မတို့ကို ဆက်ပြီးကြာကြာ မနေစေချင်တော့ဘူး။ ဒီအခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မ မညည်းတွားဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မတို့မှာ ရေလောင်းပြီး အားပေးရမဲ့ လူသစ်တွေ အများကြီးရှိတယ်၊ ကျွန်မတို့အလုပ်မှာ အခက်အခဲတွေ အများကြီးရှိပြီး နေ့ဖို့ နေရာတစ်ခုတောင် မရှိဘူး။ ကျွန်မ အတော်လေး စိတ်မကောင်းဖြစ်ပြီး လူသစ်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးချင်စိတ်မရှိခဲ့ဘူး။ နောက်ပိုင်းမှာ၊ ညီအစ်မတစ်ယောက်က ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးတယ်။ “အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့်အရာကို လူတစ်ဦးက လက်ခံလိုက်သည့်အခါ၊ ၎င်းတို့၏ လုပ်ရပ်များက ကောင်းသည် ဆိုးသည်၊ ပြီးလျှင် ထိုလူက နာခံသည် မနာခံသည်၊ ထိုလူက ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပေးသည် မဖြည့်ဆည်းပေးသည်ဆိုသည်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာသည် စံနှုန်းမီသည် မမီသည်ဆိုသည်တို့ကို အကဲဖြတ်ခြင်းအတွက် ဘုရားသခင်ထံတွင် စံနှုန်းတစ်ခုရှိပေသည်။ ဘုရားသခင် ဂရုစိုက်သည့်အရာမှာ လူ၏စိတ်နှလုံး ဖြစ်သည်၊ အပေါ်ယံက ၎င်းတို့၏ လုပ်ရပ်များမဟုတ်ပေ။ ၎င်းတို့ မည်သို့လုပ်ဆောင်သည်ကို ပဓာနမထားဘဲ၊ တစ်စုံတစ်ရာကို ၎င်းတို့လုပ်ဆောင်သရွေ့၊ ဘုရားသခင်က တစ်စုံတစ်ဦးကို ကောင်းချီး ပေးသင့်သည် ဆိုသည်မှာ မမှန်ပေ။ ဤသည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ရှိကြသည့် နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာများ၏ အဆုံးသတ် ရလဒ်ကိုသာ ကြည့်သည်မဟုတ်ဘဲ၊ အမှုအရာများ တိုးတက်မှု ဖြစ်စဉ်အတွင်း၌ လူတစ်ဦး၏စိတ်နှလုံးက မည်သို့ရှိပြီး လူတစ်ဦး၏သဘောထားက မည်သို့ရှိသည် ဆိုသည်တို့အပေါ် သာ၍အလေးပေးကာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နာခံမှု၊ အရေးထားမှုနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒတို့ ရှိမရှိ ဆိုသည်ကိုလည်း ကြည့်ရှုလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့၊ ကျွန်မကိုယ့်ကိုယ်ကို သုံးသပ်တယ်။ လူသစ်တွေကို ကျွန်မ ပထမဆုံး စအားပေးခဲ့တုန်းက၊ ကျွန်မက တာဝန်ကို ထမ်းဆောင်နေခဲ့တာဖြစ်တယ်၊ အဆင်ပြေချောမွေ့သင့်တယ်၊ လူသစ်တွေက ကျွန်မကို နားလည်မယ်၊ ဧည့်ခံပြီး ကာကွယ်ပေးမယ်လို့ ထင်ခဲ့တယ်။ ဖိနှိပ်မှုကို ကြုံရတော့၊ ဘယ်သူကမှ ကျွန်မကို ဧည့်မခံခဲ့ဘူး။ ပြီးတော့ ကျွန်မတို့ အလုပ်မှာ ပြဿနာအတော်များများ ပေါ်လာခဲ့တယ်။ ကျွန်မ ဘယ်လောက်ခက်တဲ့အခြေအနေမှာ ရှိတယ်၊ ပြီးတော့ လူသစ်တွေက သမ္မာတရားအတွက် စိတ်ထက်သန်မှုမရှိဘူးဆိုပြီးတော့ပဲ ကျွန်မ ညည်းခဲ့တယ်။ အလုပ်က ကျွန်မအတွက် တကယ်ကိုပဲ ခက်တယ်လို့ ခံစားရပြီး အိမ်ပြန်ချင်ခဲ့တယ်။ ဒုက္ခခံတာ၊ အဖိုးအခပေးဆပ်တာနဲ့ ပတ်သက်ရင် ကျွန်မ နာခံခြင်းကို မရှိချင်ခဲ့ဘူး။ ကျွန်မရဲ့ ဇာတိအကျိုးစီးပွားကိုပဲ စဉ်းစားပြီး ဘုရားအလိုတော်ကို လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ဒါကို တွေးမိတော့ ကျွန်မ အရမ်းရှက်မိတယ်။ နောက်ပိုင်းမှာ၊ ညီအစ်မတစ်ယောက်က ကျွန်မကို ဒီသတိပေးချက်ပို့တယ်။ “အစ်မက ဒုက္ခခံတာ၊ အဖိုးအခပေးဆပ်တာနဲ့ ပတ်သက်ရင် ဘာလို့ မနာခံနိုင်ရတာလဲ။ အစ်မရဲ့ ဇာတိအကျိုးစီးပွားကိုပဲ အစ်မ ဘာလို့ အမြဲ ထည့်တွက်ခဲ့တာလဲ။ ဘယ်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဒါကို ဖြစ်စေခဲ့တာလဲ”တဲ့။ အဲဒီညီအစ်မရဲ့ မေးခွန်းတွေကို ကျွန်မ ဆက်တိုက် သေချာတွေးကြည့်ခဲ့တယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်မထင်တွေ့မိတယ်။ “ယခုတွင် သင့်အယူအဆများနှင့် မကိုက်ညီသော သင့်အပေါ်ကျရောက်သည့် အရာများသည် သင်၏တာဝန်ထမ်းဆောင်မှုကို ထိခိုက်နိုင်သလော။ ဥပမာအနေဖြင့် တစ်ခါတစ်ရံတွင် အလုပ်သည် ပို၍များများလာပြီး လူတို့သည် ၎င်းတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် ဆင်းရဲဒုက္ခအချို့ကို ခါးစည်းခံပြီး အဖိုးအခအနည်းငယ်ပေးဆပ်ဖို့ လိုသည်။ ထို့နောက်တွင် လူအချို့သည် ၎င်းတို့၏ စိတ်တွင် အယူအဆများဖြစ်ပေါ်လာပြီး ၎င်းတို့၌ အတိုက်အခံ ဖြစ်ပေါ်လာသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏အလုပ်တွင် အပျက်သဘောဆောင်ပြီး အချောင်ခိုလာနိုင်သည်။ တစ်ခါတစ်ရံတွင် အလုပ်မရှုပ်ဘဲ လူတို့၏ တာဝန်များက ထမ်းဆောင်ရန် ပို၍လွယ်ကူလာကာ လူအချို့က ထိုအချိန်တွင် ပျော်ရွှင်ပြီး ‘ငါ၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အစဉ် ဤမျှလွယ်ကူလျှင် အလွန်ကောင်းမည်’ ဟု တွေးကြသည်။ ၎င်းတို့သည် မည်သို့သောလူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် ခန္ဓာသက်သာမှုများကို လောဘကြီးသော ပျင်းရိသူများဖြစ်ကြသည်။ ဤသို့သောသူတို့သည် ၎င်းတို့တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာရှိသလော။ (မရှိပါ။) ဤသို့သောလူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံလိုစိတ်ရှိသည်ဟု အခိုင်အမာဆိုကြသည်။ သို့သော် ၎င်းတို့၏ ကျိုးနွံနာခံခြင်းက သတ်မှတ်ချက်များ ရှိသည်။ အမှုအရာများက ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီရမည်ဖြစ်ပြီး ၎င်းတို့ကျိုးနွံနာခံရန်အတွက် မည်သည့်ဆင်းရဲဒုက္ခကိုမျှ ခံစားရအောင် မလုပ်ရပေ။ ၎င်းတို့သည် အခက်အခဲကို ကြုံရနိုင်ပြီး ဆင်းရဲဒုက္ခကို ခါးစည်းခံရဖို့ လိုအပ်ကောင်း လိုအပ်နိုင်လျှင် ၎င်းတို့သည် များစွာ စောဒကတက်ပြီး ဘုရားသခင်ကိုပင် ပုန်ကန်ပြီး ဆန့်ကျင်ကြသည်။ ၎င်းတို့သည် အဘယ်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောလူများ ဖြစ်သည်။ ဘုရားသခင်၏ လုပ်ရပ်များက ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ ဆန္ဒများနှင့် ကိုက်ညီသောအခါ၊ ဆင်းရဲဒုက္ခကို ခါးစည်းခံဖို့ မလိုသောအခါ၊ သို့မဟုတ် အဖိုးအခပေးဆပ်ရန် မလိုသောအခါ ၎င်းတို့သည် ကျိုးနွံနာခံနိုင်ကြသည်။ သို့သော် ဘုရားသခင်၏ အမှုတော်က ၎င်းတို့၏ အယူအဆများ၊ သို့မဟုတ် နှစ်သက်မှုများနှင့် မညီလျှင်၊ ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခကို ခါးစည်းခံပြီး အဖိုးအခပေးဆပ်ဖို့ လိုအပ်လျှင် ၎င်းတို့သည် ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့က ပွင့်လင်းစွာ မဆန့်ကျင်လျှင်ပင် ၎င်းတို့၏ စိတ်နှလုံး၌ အတိုက်အခံဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ကြသည်။ ၎င်းတို့သည် ကြီးသော ဆင်းရဲဒုက္ခကို ခါးစည်းခံသည်ဟု မိမိတို့ကိုယ်ကို မြင်ပြီး ၎င်းတို့၏ စိတ်နှလုံး၌ မကျေနပ်ချက်များ ထားရှိကြသည်။ ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ယင်းသည် သမ္မာတရားကို ၎င်းတို့ မချစ်သည်ကို ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ သိရတာက၊ လူတချို့က သူတို့တာဝန်မှာ ကိစ္စတွေ အဆင်ချောတာပဲ လိုချင်ကြတယ်။ အခက်အခဲတွေ ကြုံရပြီး၊ ဆင်းရဲဒုက္ခခံရမယ် ဒါမှမဟုတ် အဖိုးအခပေးရမယ်ဆိုတာနဲ့ အတိုက်အခံလုပ်ပြီး ညည်းကြတော့တာပဲ။ အဲဒီလိုလူတွေက ပျင်းရိတယ်၊ ဇာတိရဲ့ သက်သာမှုတွေကို မက်မောတယ်။ သူတို့တာဝန်မှာ သစ္စာမရှိဘူး၊ ဘုရားအလိုတော်ကို နည်းနည်းမှ ဂရုမစိုက်သလို၊ သမ္မာတရားကို မချစ်ကြဘူး။ ကျွန်မက အဲဒီအတိုင်းပဲဆိုတာ သဘောပေါက်လိုက်တယ်။ လွယ်တဲ့တာဝန်နဲ့ အလုပ်ကို ချောချောမွေ့မွေ့ ရှေ့ဆက်ဖို့ပဲ လိုချင်တယ်။ ဆင်းရဲဒုက္ခခံဖို့၊ အဖိုးအခပေးဖို့ လိုလားမနေခဲ့ဘူး။ ဖိနှိပ်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ၊ လူသစ်တွေက ကျွန်မတို့ကို ဧည့်မခံရဲတဲ့အခါ၊ အဖမ်းခံရမှာကြောက်လို့ မစုဝေးရဲသလို၊ နေဖို့ နေရာမရှိတာကနေ ကျွန်မရဲ့ဇာတိ ဆင်းရဲဒုက္ခခံရရုံမက၊ လူသစ်တွေကို ရှာပြီး ဘုရားနှုတ်ကပတ်တော်အကြောင်း မိတ်သဟာယပြုပြီး၊ ကူညီပေးဖို့ ပိုကြီးမားတဲ့ အဖိုးအခလည်းပေးရမဲ့အချိန်မှာ၊ ဖိနှိပ်မှုအောက်မှာ ခက်ခဲပုံ၊ လူသစ်တွေက တွန့်ဆုတ်ကြပုံအကြောင်းကို ကျွန်မ ညည်းခဲ့ပြီး၊ ကျွန်မတာဝန်ကို နှုတ်ထွက်ပြီး ထွက်ပဲထွက်သွားလိုက်ချင်ခဲ့တယ်။ အခက်အခဲတွေကို ကြုံရတာနဲ့တစ်ပြိုင်နက်၊ ကိုယ့်ကိုယ်ပိုင် ဇာတိအကျိုးစီးပွားကို စတွေးမိပြီး၊ သစ္စာစောင့်သိမှုနဲ့ ကျိုးနွံနာခံမှု နည်းနည်းမှ မရှိခဲ့ဘူး။ ဘုရားက ဒီအခြေအနေကို ဖြစ်ခွင့်ပေးခဲ့တာဖြစ်ပြီး၊ ကျွန်မကို သမ္မာတရား ရှာစေချင်ခဲ့သလို ဒီအတွေ့အကြုံကနေ သင်ခန်းစာ သင်ယူစေချင်ခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မက အသက်ဝင်ရောက်မှုကို တန်ဖိုးမထားခဲ့ဘူး၊ ဇာတိသက်သာမှုတွေကို အမြဲ မက်မောပြီး၊ ကျွန်မရဲ့တာဝန်ကို ကိုယ့်ကိုယ်ပိုင် နှစ်သက်မှုတွေအရ ရှုမြင်ခဲ့တယ်။ ကျွန်မက သမ္မာတရားကို ချစ်တဲ့သူတစ်ယောက်ကို မဖြစ်ချင်ခဲ့တာ။ ကျွန်မအပေါ် အရမ်းသက်ရောက်မှုတစ်ခုရှိတဲ့ နောက်ထပ် ကျမ်းပိုဒ်တစ်ခုရှိတယ်။ ဘုရားသခင်က ပြောသည် “ယနေ့တွင် သင်သည် ငါပြောသောစကားများကို မယုံကြည်သကဲ့သို့၊ ယင်းတို့ကို သင် အာရုံမစိုက်ပေ။ ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ ပုံမှန်ထက်ပိုခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။...ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မသဘောပေါက်လိုက်တယ်။ ဘုရားက သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြတယ်၊ လူတွေကို ရေလောင်း၊ ထောက်ပံ့ပေးပြီး၊ ကျွန်မတို့တာဝန်တွေမှာ သမ္မာတရားကို လိုက်စားပြီး၊ ရရှိမယ်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုရရှိပြီး ကယ်တင်ခံရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မတို့တာဝန်တွေကို ထမ်းဆောင်ဖို့ အခွင့်အရေးပေးတယ်။ ဒါက ဘုရားရဲ့ ချီးမြှောက်ခြင်းနဲ့ ကျေးဇူးတော်ပဲ။ သမ္မာတရားကို ချစ်တဲ့သူတွေက အဲဒီလို အခွင့်အရေးတွေကို တန်ဖိုးထားတယ်။ သူတို့တာဝန်တွေတစ်လျှောက်မှာ၊ သမ္မာတရားကို လိုက်စားပြီး ရရှိကြတယ်။ ကျွန်မကတော့ သမ္မာတရားကို မချစ်ခဲ့သလို၊ ကိုယ့်တာဝန်မှာ အခက်အခဲတွေ ကြုံရတော့၊ အတိုက်အခံလုပ်ပြီး ကိုယ့်အခြေအနေကို ညည်းခဲ့တယ်။ ဒါက အရမ်းပင်ပန်းပြီး ခက်ခဲလွန်းတယ်လို့ ကျွန်မ ခံစားမိတယ်။ ဆင်းရဲဒုက္ခခံဖို့၊ အဖိုးအခပေးဖို့ လိုလားမနေခဲ့သလို ခေါင်းပဲရှောင်လိုက်ချင်ခဲ့တယ်။ သမ္မာတရားလိုက်စားဖို့ ကျွန်မ ပျင်းပြီး မလိုမလားဖြစ်နေပုံကို ထောက်ရင်၊ တကယ့်အဆုံးထိ ဘုရားနောက် ကျွန်မလိုက်ရင်တောင်၊ သမ္မာတရားကို လုံးဝ ရရှိမှာမဟုတ်ဘူး၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရမှာမဟုတ်သလို၊ နောက်ဆုံးမှာ ဖယ်ရှားပြီး အပြစ်ပေးခံရမှာပဲ။ ကိုယ့်ဇာတိအလိုဖြည့်တာကို ကျွန်မ ရပ်ရမယ်၊ ဒါကို စွန့်ပစ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ရမယ်။ ဒီလူသစ်တွေက ယုံကြည်ခြင်းကို ဝင်ရောက်ခါစပဲ ရှိသေးပြီး လမ်းမှန်ပေါ်မှာ သူတို့ကိုယ်သူတို့ အမြစ်တွယ်အောင် မလုပ်ရသေးဘဲ သမ္မာတရားကို နားမလည်တာကြောင့် သူတို့တွေက တွန့်ဆုတ်ပြီး ကြောက်နေတယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ သူတို့ကို ရေလောင်းပြီး အားပေးဖို့ ကျွန်မ အဖိုးအခမပေးသလို၊ ဆင်းရဲဒုက္ခနည်းနည်း မကြုံခဲ့ရင်၊ ဒီလူသစ်တွေက သူတို့ဘာသာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ အလားအလာမရှိသလို၊ ကျွန်မလည်း အပြစ်တစ်ခုအတွက် မှတ်သားခံရမှာပဲ။ ကျွန်မတို့မှာ ဧည့်ခံမဲ့ မိသားစုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခ ကြုံရသည်ဖြစ်စေ၊ ကျွန်မတာဝန်မှာ မဆုတ်မနစ်ကြိုးပမ်းပြီး ကိုယ့်ဝတ္တရားကို ဖြည့်ဆည်းဖို့ လိုလားနေခဲ့တယ်။ အဲဒီမှာ နေဗင်ရဲ့အမေက ကွင်းပြင်တွေမှာရှိတဲ့ ကျွန်မဆီ ရောက်လာပြီး၊ “စစ်သားတွေက သူတို့ ညကင်းလှည့်တာတွေကို အခုစနေပြီ။ သမီးက ရွာထဲမှာ အဝင်အထွက်လုပ်နေတဲ့ အပြင်လူတစ်ယောက်ဆိုတော့ သူတို့နဲ့ဆုံမိမှာကို အန်တီတို့ စိုးရိမ်နေတာ”လို့ ပြောတယ်။ သူတို့ကို ကျွန်မက၊ “သောဒုံမြို့ကို ဖျက်ဆီးဖို့ ဘုရား ပြင်ဆင်တဲ့အချိန်မှာ၊ သောဒုံမြို့သားတွေက ဘုရားစေလွှတ်ခဲ့တဲ့ ကောင်းကင်တမန်နှစ်ပါးကို အန္တရာယ်ပေးချင်ခဲ့ကြတယ်။ လောတက အဲဒီကောင်းကင်တမန်နှစ်ပါးကို ဧည့်ခံခဲ့လို့ အသက်ရှင်ကျန်ခဲ့တယ်။ ဘုရားက အခု လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ သူ့အမှုတော်ရဲ့ နောက်ဆုံးအဆင့်ကို လုပ်နေပြီ။ ယုံကြည်သူတွေကို နှိပ်စက်တဲ့ ဒီလူတွေက သောဒုံမြို့သားတွေလောက် ဆိုးယုတ်ကြတယ်။ စိုးရိမ်တာ ပုံမှန်ဖြစ်ပေမဲ့၊ ကျွန်မတို့ ယုံကြည်ခြင်း ရှိရမယ်။ ကျွန်မတို့ကို စစ်သားတွေ တွေ့မလား၊ မတွေ့ဘူးလားဆိုတာ ဘုရားလက်ထဲမှာရှိတယ်။ ကျွန်မတို့ ဘုရားဆီပိုဆုတောင်းရမယ်၊ သူက သူ့ကိုယ်ပိုင် အမှုတော်ကို ကွယ်ကာမှာပါ။ အန်တီတို့က ကျွန်မတို့ကို ဧည့်မခံဘဲနဲ့ ကျွန်မတို့ ထွက်သွားရမယ်ဆိုရင်၊ အန်တီတို့ကို ရေလောင်းပေးနိုင်မှာ မဟုတ်ဘူး။ ဒီမှာ ဧဝံဂေလိဖြန့်နေတုန်း အန်တီတို့က ဧည့်ခံပေးမယ်ဆိုရင်၊ ဒါက အန်တီတို့ရဲ့ ကောင်းတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး ဘုရားက ဒါကို အောက်မေ့မှာပါ။” ကျွန်မရဲ့ မိတ်သဟာယပြီးသွားတော့၊ သူက သိပ်မကြောက်တော့သလို၊ အတော်လေးတောင် ဝမ်းသာသွားတယ်။ အဲဒီနောက်မှာ၊ သူက ကျွန်မတို့ကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့သလို၊ ကျွန်မ အခြေကျပြီး လူသစ်တွေနဲ့ မိတ်သဟာယပြုနိုင်ခဲ့တယ်၊ နေ့ရောညပါ စုဝေးပွဲတွေ လုပ်နိုင်ခဲ့တယ်။ တချို့ သမ္မာတရားတွေကို နားလည်ပြီးတဲ့နောက်မှာ၊ လူသစ်တွေက သူတို့ မိတ်ဆွေတွေနဲ့ မိသားစုကို ဧဝံဂေလိနားထောင်ဖို့ ဖိတ်ကြတယ်။ နှစ်လအတွင်းမှာပဲ၊ ရွာသား ၁၂၀ က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ဒီလူသစ်တွေအားလုံးက စုဝေးပွဲတွေ တက်ကြတာမြင်တော့ ကျွန်မ အရမ်းဝမ်းသာတယ်။ ခက်ခဲတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး နည်းနည်း ဆင်းရဲဒုက္ခခံစားရတာ မှန်ပေမဲ့၊ ကျွန်မတာဝန်ကို ဖြည့်ဆည်းခဲ့ရတာသိတော့ စိတ်အေးချမ်းတယ်။ ဘုရားရဲ့ လမ်းပြမှုကို မျက်မြင်တွေ့ရတဲ့အခါ၊ ကျွန်မ ယုံကြည်ခြင်းရခဲ့တယ်။

နောက်ပိုင်းမှာ၊ ကျွန်မတို့ရဲ့ ကြီးကြပ်ရေးမှူးက တခြားရွာတစ်ရွာက လူသစ်တွေကို အားပေးဖို့ ကျွန်မတို့ကို တာဝန်ပေးတယ်။ အရင်ဆုံး ညီအစ်ကို ဂျွန်လို့ခေါ်တဲ့ လူသစ်တစ်ယောက်ရဲ့ အိမ်ကို ကျွန်မတို့ သွားတယ်။ ဂျွန်က သူ့တာဝန်တွေမှာ အတော်အတန် တက်ကြွပြီး၊ စုဝေးပွဲတွေအတွက် လူသစ်တွေကို ခေါ်နိုင်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဖမ်းခံရမှာကြောက်တဲ့အတွက် စုဝေးပွဲတွေကို မတက်တော့ဘူး။ ဂျွန်ကို အရင်ဆုံး ကျွန်မတို့ အားပေးပြီး၊ အဲဒီနောက် သူ့ကနေတစ်ဆင့် တခြားလူသစ်တွေကို အားပေးချင်ခဲ့တယ်။ ဒါပေမဲ့ ဂျွန်က ကျွန်မတို့ကို စကားမပြောချင်ဘူး။ သူ့မိန်းမက ပြောတယ်။ “ကျွန်မတို့ရွာမှာ အစည်းအဝေးတစ်ခုလုပ်နေတုန်းမှာ တရားဒေသနာတွေ နားမထောင်ဖို့၊ ဘုရားကို မယုံကြည်ဖို့ သူတို့ ပြောကြတယ်။ ပြည်သူ့စစ်တွေက ညကင်းလှည့်တာတွေ လုပ်ပြီး နားထောင်နေတာကို မိတဲ့ ဘယ်သူကိုမဆို ဖမ်းမှာ။ သူတို့က ကျွန်မတို့ကို တရားဒေသနာတွေ နားမထောင်ဖို့ တားမြစ်ထားတယ်၊ ကျွန်မတို့ အဖမ်းခံရမှာ ကြောက်တယ်။ ပြီးတော့ ကျွန်မတို့ အတော်လေး အလုပ်များပြီး နားထောင်ဖို့ အချိန်မရှိဘူး”တဲ့။ ဒီလိုပြောပြီးတော့ သူက ကျွန်မတို့ကို လျစ်လျူပဲရှုနေခဲ့တယ်။ ဒီလူသစ်က ကျွန်မတို့ကို စကားပြောခွင့်တောင်မပေးဘဲ ရှောင်နေပုံကို မြင်တော့ ကျွန်မအတွက်တော့ တကယ်ကို ပြဿနာနဲ့ ထိပ်တိုက်တွေ့နေပုံရတယ်။ ရွာကို ခေါက်တုံ့ခေါက်ပြန် ခရီးသွားတာက ရှည်လျားပြီး ပင်ပန်းတဲ့ ခရီးတစ်ခုပဲ။ ဒါကြောင့် လူသစ်တွေကို ကျွန်မ အားမပေးတော့ဘဲ တခြားအလုပ်ကို ဆက်လုပ်နေလိုက်တယ်။ နည်းနည်းကြာတော့၊ ကြီးကြပ်ရေးမှူးက လူသစ်တွေဟာ နေ့အချိန်မှာ အလုပ်များကြမှာဖြစ်ပြီး ကျွန်မအနေနဲ့ ညအချိန်မှာ သွားလို့ရတယ်လို့ ကျွန်မကို ထပ်သတိပေးတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “သူတို့က ငါတို့ကို ရှောင်နေကြပြီး နားမထောင်ချင်ကြဘူး။ ငါ သွားရင်တောင်၊ ဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး။ အဲဒီကိုရောက်ဖို့က ခရီးရှည်ကြီးတစ်ခုဖြစ်ပြီး၊ ညမှာ ပိုလို့တောင် ခက်မှာပဲ” ပေါ့။ ဒါကြောင့် မသွားချင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မ သိလိုက်တာက၊ ကျွန်မက သွားဖို့ကို အဆက်မပြတ် ရွှေ့ဆိုင်းပြီး ကိုယ့်တာဝန်ကို ခေါင်းရှောင်နေတာပဲဆိုတာပေါ့။ အယောင်ဆောင် ခေါင်းဆောင်တွေ အလုပ်လုပ်ပုံနဲ့ဆိုင်တဲ့ ဘုရားရဲ့ ထုတ်ဖော်ပြချက်ကို တွေးမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “လူတစ်ဦးက တစ်လအတွင်းပြီးမြောက်နိုင်သည့်အလုပ်တစ်ခု ရှိသည်ဆိုပါစို့။ ဤအလုပ်ကို လုပ်ဆောင်ရန် ခြောက်လကြာလျှင် ဤငါးလက ဆုံးရှုံးမှုနှင့် အလားတူပင် ဖြစ်သည် မဟုတ်လော။ ဧဝံဂေလိဖြန့်ဝေခြင်းနှင့်ပတ်သက်သည့် ဥပမာအချို့ကို ငါပေးမည်။ လူအချို့သည် စစ်မှန်သည့်လမ်းကို စုံစမ်းစစ်ဆေးလိုစိတ်ရှိပြီး ပြောင်းလဲရန်အတွက် တစ်လသာ လိုအပ်သည်။ ထို့နောက်တွင် ၎င်းတို့သည် အသင်းတော်တွင် ပါဝင်ပြီး ဆက်လက်၍ ရေလောင်းခြင်း၊ ပံ့ပိုးခြင်းကို ခံယူသည်။ အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ရန်မှာ ခြောက်လသာ ကြာသည်။ သို့သော် ဧဝံဂေလိဖြန့်ဝေနေသူ၏ သဘောထားသည် စိတ်မဝင်စားခြင်း၊ ဝတ်ကျေတမ်းကျေဖြစ်လျှင်၊ ခေါင်းဆောင်၊ အမှုဆောင်များက တာဝန်သိစိတ်မရှိလျှင် လူတစ်ယောက်ကို ပြောင်းလဲရန်အတွက် နှစ်ဝက်ကုန်သွားလျှင်၊ ဤနှစ်ဝက်သည် ၎င်းတို့၏ဘဝအတွက် ဆုံးရှုံးမှုဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် ကပ်ဘေးကြီးကို ကြုံတွေ့ရပြီး စစ်မှန်သော လမ်းခရီးတွင် အခြေခံအုတ်မြစ်မရှိလျှင် အန္တရာယ်ရှိမည်ဖြစ်ပြီး သင်သည် ၎င်းတို့အပေါ် တစ်ခုခုအကြွေးတင်လိမ့်မည် မဟုတ်လော။ ဤသို့သော ဆုံးရှုံးမှုကို ငွေကြေးဖြင့်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများဖြင့်ဖြစ်စေ မတိုင်းတာပေ။ သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှုကို သင်က နှစ်ဝက်ရပ်တန့်စေခဲ့သည်။ အခြေခံအုတ်မြစ်ကို ၎င်းတို့ တည်ဆောက်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအား သင်က နှစ်ဝက် နှောင့်နှေးစေခဲ့သည်။ ဤအတွက် မည်သူက တာဝန်ယူမည်နည်း။ ဤအတွက် ခေါင်းဆောင်များ၊ အမှုဆောင်များက တာဝန်ယူနိုင်သလော။ တစ်စုံတစ်ဦး၏ ဘဝကို ထိန်းသိမ်းပေးရခြင်း၏ တာဝန်သည် မည်သူမဆို၏ ခံယူနိုင်စွမ်းထက် ကျော်လွန်သည်။ ဤတာဝန်ကို မည်သူကမျှ မယူနိုင်သည့်အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လုပ်ဆောင်ရန် သင့်တော်သည့်အရာမှာ အဘယ်နည်း။ စကားလုံးလေးလုံး ဖြစ်သည်။ အားကုန်ကြိုးစား။ မည်သည်ကို လုပ်ဖို့ အားကုန်ကြိုးစားရမည်နည်း။ သင်၏ကိုယ်ပိုင်တာဝန်များကို ကျေပွန်ရန် သင်၏မျက်လုံးများဖြင့် တပ်အပ်မြင်နိုင်သမျှကို လုပ်ဆောင်ရင်း သင်၏ကိုယ်ပိုင်စိတ်နှလုံးဖြင့် တွေးခေါ်ပြီး သင်၏ကိုယ်ပိုင်အစွမ်းအစဖြင့် အောင်မြင်မှုကို ရယူလော့။ ဤသည်မှာ အားကုန်ကြိုးစားခြင်းဖြစ်သည်။ ဤသည်မှာ သစ္စာရှိခြင်းနှင့် တာဝန်သိခြင်းဖြစ်သည်။ ထို့ပြင် ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ကျေပွန်သင့်သည့်တာဝန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) ဘယ်အလုပ်ကိုပဲ လုပ်ပါစေ၊ တစ်လအတွင်း ပြီးနိုင်ပေမဲ့ ပြီးစီးဖို့ ခြောက်လကြာသွားခဲ့မယ်ဆိုရင်၊ အရမ်းကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်စေတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် သိလိုက်ရတယ်။ ဥပမာအနေနဲ့၊ ဧဝံဂေလိ ဖြန့်တဲ့ ကိစ္စမှာ၊ တစ်ယောက်ယောက်က မှန်တဲ့လမ်းခရီးကို စုံစမ်းစစ်ဆေးဖို့ လိုလားနေရင်၊ သူတို့ကို တစ်လအတွင်း ယုံကြည်ခြင်းထဲ ခေါ်ဆောင်လို့ရနိုင်ပြီး၊ ဧဝံဂေလိ ဖြန့်သူက သူ့တာဝန်ကို ဖြည့်ဆည်းရင် ဘုရားအိမ်တော်ထဲ အချိန်မီ ဝင်ရောက်ခိုင်းလို့ရတယ်။ ဒါဆိုရင် သမ္မာတရားကို သူတို့ စောစောနားလည်ပြီး လမ်းမှန်ပေါ်မှာ အမြစ်တွယ်လာမှာပဲ။ ကျွန်မတို့တာဝန်မှာ အဖိုးအခမပေးရင်၊ ကျွန်မတို့က သာမန်ကာလျှံကာဖြစ်ပြီး ဝတ်ကျေတမ်းကျေဖြစ်တဲ့ သဘောထားရှိပြီး၊ ဒီလူကို ယုံကြည်ခြင်းထဲ ခေါ်ဆောင်ဖို့ ခြောက်လကြာရင်၊ ဒါက သူ့ကိုယ်ပိုင်ဘဝအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်မှာပဲ။ ကပ်ဘေးတွေ ဖြစ်ပြီး၊ ဒီလူတွေက ဘုရားရဲ့အမှုတော်ကို လက်မခံရသေးသလို၊ သမ္မာတရားရဲ့ ရေလောင်း၊ ထောက်ပံ့တာ ကင်းမဲ့ပြီး သေသွားခဲ့ရင်၊ အဲဒီလို သေခြင်းတွေအတွက် ဘယ်သူကမှတာဝန်မယူနိုင်ဘူးလေ။ ဒါကြောင့် ကျွန်မတို့ လိပ်ပြာလုံဖို့အတွက် ကျွန်မတို့ တာဝန်မှာ အချိန်မဆွဲဘဲ တာဝန်တွေကို အစွမ်းကုန်ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ လူသစ်တွေကို အားပေးပြီး ဧဝံဂေလိကို ဖြန့်နေတုန်းမှာ၊ ကျွန်မက အဖိုးအခ ပေးဖို့ လိုလားမနေခဲ့သလို၊ ဆင်းရဲဒုက္ခမခံချင်ခဲ့ဘူး။ လူသစ်တွေကို အားပေးပြီး အဲဒီရွာမှာ ဧဝံဂေလိဖြန့်ဖို့ ကျွန်မကို တာဝန်ပေးတဲ့အချိန်မှာ အခက်အခဲတွေနဲ့ ခရီးရှည်တစ်ခုကို ရင်ဆိုင်ရတဲ့အချိန်မှာ ကျွန်မက ကိုယ့်ဇာတိအလိုကို ဖြည့်ပြီး မသွားချင်ခဲ့ဘူး။ တစ်နေ့ပြီး တစ်နေ့ အချိန်ဆွဲနေခဲ့တယ်။ ဒီလူသစ်တွေက အစိုးရ ဖိနှိပ်မှုကြောင့် တွန့်ဆုတ်ကြတယ်၊ ကြောက်ကြပြီး စုဝေးပွဲတွေ မတက်ရဲကြဘူး။ သူတို့ကို သမ္မာတရား နားလည်ခွင့်ပေးပြီး အချုပ်အချယ်တွေကနေ ချိူးဖျက်လွတ်မြောက်စေဖို့ ရေလောင်းပေးတာနဲ့ အားပေးတာတွေ တော်တော်လေးကို လိုခဲ့တယ်။ ဘရားရဲ့အမှုတော် အဆုံးသတ်လာပြီး၊ ဒီလူတွေက မှောင်မိုက်အင်အားစုကနေ ချိုးဖျက်လွတ်မြောက်ခြင်း မရှိသေးဘဲ၊ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေကို နားမထောင်ခဲ့ရင်၊ သမ္မာတရားကို သူတို့ သိမှာမဟုတ်ဘူး၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ရမှာမဟုတ်သလို၊ ကပ်ဘေးတွေထဲမှာ ဝါးမျိုခြင်းခံရမှာပဲ။ ဒါ့အပြင်၊ အဲဒီရွာထဲမှာ ဘုရားအသံကို မကြားရသေးတဲ့သူတွေ အများကြီးပဲ။ တခြားလူတွေက ကျွန်မလိုပဲ အခက်အခဲတွေကို ရင်ဆိုင်ရာမှာ ဧဝံဂေလိ ဖြန့်တာကို လက်လျှော့ပြီး သူတို့ဇာတိအလိုကိုဖြည့်ရင်၊ အဲဒီလူတွေက ဘုရားအသံကို ကြားပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ရမှာမဟုတ်ဘူး။ ကျွန်မ အချိန်ဆွဲတာရပ်ပြီး ကိုယ့်ရဲ့ စိုးရိမ်မှုတွေကို ဘေးဖယ်ထားရမယ်။ ဘယ်အခြေအနေပဲ ပေါ်ထွက်သည်ဖြစ်စေ၊ ကျွန်မ ဖြတ်သန်းပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းရမယ်။

နောက်ပိုင်းမှာ၊ နောက်ထပ်ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေးမိတယ်။ “ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်နောက်သို့ လိုက်လျှောက်သူများထဲမှ တစ်ဦးအနေဖြင့် လူတစ်ဦး၏ အသက်အရွယ်၊ လိင်က မည်သို့ပင်ဖြစ်စေ သို့မဟုတ် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဧဝံဂေလိတရားဖြန့်ဝေခြင်းသည် လူတိုင်း လက်ခံရမည့် အထူးတာဝန်နှင့် တာဝန်တစ်ရပ်ဖြစ်သည်။ အကယ်၍ ဤအထူးတာဝန်သည် သင့်ထံရောက်လာပြီး သင့်အနေဖြင့် သင့်ကိုယ်သင် အသုံးခံဖို့၊ အဖိုးအခပေးဆပ်ဖို့၊ သို့မဟုတ် သင့်အသက်ကိုပင် စွန့်လွှတ်ဖို့ လိုအပ်လာပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းကို လက်ခံဖို့ မဖြစ်မနေလုပ်သင့်သည်။ ဤသည်မှာ သမ္မာတရားတည်း။ ၎င်းသည် သင်နားလည်သင့်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းသော အယူဝါဒတစ်ခုမဟုတ်ပေ။ ၎င်းသည် သမ္မာတရားဖြစ်သည်။ ယင်းသည် သမ္မာတရားဖြစ်သည်ဟု အဘယ်ကြောင့် ငါ ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် အချိန်မည်သို့ပြောင်းလဲသွားပါစေ၊ ဆယ်စုနှစ်များ မည်သို့ကုန်လွန်သွားပါစေ သို့မဟုတ် နေရာများနှင့် တည်နေရာများ မည်သို့ပြောင်းလဲပါစေ၊ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့သည် အစဉ်သဖြင့် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်နေလိမ့်မည်။ ယင်း၏အဓိပ္ပာယ်နှင့်တန်ဖိုးတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ အချိန် သို့မဟုတ် ပထဝီတည်နေရာအပြောင်းအလဲများ၏ လွှမ်းမိုးခြင်းကို လုံးဝခံရလိမ့်မည်မဟုတ်ပေ။ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့သည် အဆုံးမရှိထာဝရဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် ယင်းကို လက်ခံသင့်ပြီး လက်တွေ့လုပ်ဆောင်သင့်သည်။ ဤသည်မှာ ထာဝရသမ္မာတရားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်းတို့ထိခဲ့တယ်။ ဘုရားရဲ့အသံကို ကျွန်မ ကြားနိုင်ခဲ့တာ ဘုရားကျေးဇူးတော်ပါ။ ဧဝံဂေလိဖြန့်ပြီး လူသစ်တွေကို ရေလောင်းတာက ကျွန်မတာဝန်ဖြစ်ပြီး၊ ဒီအလုပ်ပြီးစီးတာကို ကျွန်မ မြင်ရမယ်။ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဖို့ လိုတဲ့အချိန်မှာ ကျွန်မ အကြွင်းမဲ့ လက်ခံသင့်တယ်။ ဘယ်အခက်အခဲတွေ၊ အခြေအနေတွေကိုပဲ ရင်ဆိုင်ရပါစေ၊ ကျွန်မ ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းရမယ်။ ဒါကို သဘောပေါက်တော့၊ ရွာကို ကိုယ့်ဘာသာ သွားလိုက်တယ်။ ကျွန်မ စထွက်တဲ့အချိန်မှာ မှောင်စပျိုးချိန်ဖြစ်ပြီး မိုးစရွာနေခဲ့ပြီ။ လမ်းအတိုင်း ကျွန်မ လျှောက်နေရင်းနဲ့ ဘုရားဆီ ဆုတောင်းတယ်။ နောက်တော့၊ လမ်းလျှောက်နေတုန်း အဘွားတစ်ယောက်နဲ့ အမှတ်မထင်ဆုံတယ်။ သူ့ရွာကို ကျွန်မသွားနေတာဖြစ်တယ်လို့ ကျွန်မ ပြောပြပြီး ကျွန်မတို့ ရှေ့ဆင့်နောက်ဆင့် လျှောက်ကြတယ်။ ရွာကို ရောက်သွားတော့ အဲဒီအဘွားကို ထပ်မတွေ့ရတော့ဘူး။ အချိန်က မှောင်နေပြီ။ ကျွန်မက လမ်းတွေကို မကျွမ်းသလို၊ ဘယ်သွားရမှန်း မသိဘူး။ ဒါကြောင့်၊ လမ်းဘေးမှာပဲ ထိုင်ချလိုက်တယ်။ ကျွန်မ အတော်လေး စိတ်သောကရောက်တယ်၊ ညကင်းလှည့်သူတစ်ယောက်နဲ့ ဆုံရင် ဘာပြောရမှန်း မသိလို့ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် စိတ်နှလုံးထဲမှာ ဘုရားကို အဆက်မပြတ် အော်ခေါ်နေမိခဲ့တယ်။ အဲဒီအချိန်မှာပဲ အမျိုးသမီးတစ်ယောက်က စိုက်ခင်းတွေမှာ အလုပ်လုပ်ရာကနေ ပြန်လာပြီး၊ ကျွန်မတစ်ယောက်တည်း ထိုင်နေတာ တွေ့တော့၊ “အဲဒီမှာ ထိုင်ပြီး ဘာလုပ်နေတာလဲ။ နင်ငါနဲ့အတူ အိမ်ကိုလာလို့ရတယ်”လို့ ပြောတယ်။ ကျွန်မ သူ့အိမ်ကို ပြန်လိုက်သွားပြီး၊ သူ့ကို ဧဝံဂေလိ ဖြန့်ဝေတော့ သူက လက်ခံတယ်။ နောက်ပိုင်းမှာ၊ သူက အတူနားထောင်ပေးဖို့ တခြားလူတွေ ခေါ်လာခဲ့တယ်။ ကျွန်မ ဧဝံဂေလိ ဖြန့်နေတာကို လူတွေကြားတဲ့အခါ၊ တချို့က ကျွန်မကို ကိုယ်တိုင် လာရှာပြီး၊ ဧဝံဂေလိ ဖြန့်ဝေပေးဖို့ သူတို့အိမ်ကို လာခိုင်းကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ သက်သေခံခဲ့ပြီး၊ သူတို့က အဲဒီအကြောင်း နားထောင်ရတာ တကယ် နှစ်သက်ကြတယ်။ တချို့က ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ ယေရှုပဲ။ သူတို့က ဘုရားတစ်ပါးတည်းပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ငါတို့ ဆက်နားထောင်သင့်တယ်”တဲ့။ တခြားလူတွေက၊ “အစိုးရက ငါတို့ကို ဖိနှိပ်ရင်တောင် ငါတို့ ဆက်နားထောင်မယ်”လို့ ပြောကြတယ်။ လူသစ်တချို့က စုဝေးပွဲတွေမှာ အတော်လေး စိတ်ထက်သန်ကြတယ်။ သူတို့က နေ့ရော၊ ညရော လာကြပြီး၊ တရားဒေသနာ စုဝေး၊ နားထောင်ဖို့ တကယ် ဆာငတ်ပြီး ဆန္ဒရှိကြတယ်။ ကျွန်မ အတော် အံ့ဩသွားတယ်။ အရင်တုန်းက၊ ကျွန်မ ကိုယ့်ဇာတိအလိုကို အမြဲ ဖြည့်ခဲ့ပြီး၊ ဆင်းရဲဒုက္ခခံ၊ အဖိုးအခပေးဖို့ လိုလားမနေခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်အခြေအနေကို ပြင်ပြီး ပူးပေါင်းလုပ်ဖို့ လိုလားလာတဲ့အခါ၊ ဘုရားလုပ်တဲ့အရာက ကျွန်မတို့ စိတ်ကူးကို ကျော်လွန်တာ တွေ့ရတယ်။ အဲဒီအမျိုးသမီးကတစ်ဆင့် ကျွန်မတို့ရဲ့ ဧဝံဂေလိ ဖြန့်ဝေမှု တိုးချဲ့နိုင်စွမ်းက ဘုရားသခင်က သူ့အမှုကို စလုပ်နေတဲ့ နိမိတ်လက္ခဏာတစ်ခုပဲ။ ဒီဟာကြောင့် ဘုရားရဲ့ ဩဇာအာဏာကို ကျွန်မ မြင်ပြီး ဧဝံဂေလိ ဆက်ဖြန့်ဖို့ ကျွန်မရဲ့ ဆုံးဖြတ်ချက် ခိုင်မာသွားတယ်။ တစ်လလောက်အကြာမှာ၊ တစ်ရွာလုံးကိုကျွန်မတို့ ဧဝံဂေလိ ဖြန့်ပြီးခဲ့ပြီ။ အရင်က အဖမ်းခံရမှာ ကြောက်ခဲ့ကြတဲ့ လူသစ်တွေက စုဝေးပွဲကို အားလုံးနီးပါး ပြန်စကြတယ်။ ရွာသား ၈၀ ကျော်က ပုံမှန် စုဝေးနေခဲ့ကြပြီး အသင်းတော်တစ်ပါးကို ကျွန်မတို့ အစပြုနိုင်ခဲ့ကြတယ်။ ဘုရားကျေးဇူးတော်ပဲ။

ဒီအတွေ့အကြုံကတစ်ဆင့်၊ ကိုယ့်တာဝန်မှာ ကိုယ့်သဘောထားက အရမ်းအရေးကြီးမှန်း သိခဲ့ရတယ်။ ဘုရားအလိုတော်ကို ကျွန်မတို့ ကျိုးနွံနာခံပြီး ဂရိုစိုက်တဲ့အခါ၊ ကျွန်မတို့အလုပ် ဘယ်လောက်ပဲခက်ပါစေ၊ စစ်မှန်ရိုးသားစွာနဲ့ ကျွန်မတို့ ပူးပေါင်းလုပ်သရွေ့၊ ဘုရားရဲ့လမ်းပြမှုက သိသာထင်ရှားလာမှာပဲ။ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြပေမဲ့၊ အပျက်သဘောဆောင်ပြီး အားနည်းပြီး နုတ်ထွက်ချင်ပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ လမ်းပြမှုနဲ့ ထောက်ပံ့မှုကတစ်ဆင့်၊ ဧဝံဂေလိ ဖြန့်တာကို ကျွန်မ လက်မလျှော့ခဲ့သလို၊ နောင်တကို ချန်မထားခဲ့ဘူး။ ဒီအရာအားလုံးက ဘုရားရဲ့ ကွယ်ကာမှုနဲ့ဖြစ်ခဲ့တာပါ။ ဒီအတွေ့အကြုံကတစ်ဆင့်၊ ယုံကြည်ခြင်းကို ကျွန်မရပြီး ဘဝမှာ တိုးတက်မှုဖြစ်စေခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မကျန်းမာမှုနှင့် ဆင်းရဲဒုက္ခတို့က ကျွန်မ၏ သရုပ်မှန်ကို ပြခဲ့သည်

ထင်ထင် တရုတ်နိုင်ငံ ကျွန်မငယ်ငယ်ကတည်းက ခေါင်းကိုက်လေ့ရှိတယ်။ တစ်ခါတလေ အရမ်းနာတာ အိပ်ရာပေါ်မှာပဲ လူးလှိမ့်နေရတယ်။...

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို နာခံရန် အလွန်အရေးကြီးပါသည်

ချောင်ဝေ၊ ရှန်ဟိုင်းမြို့ လွန်ခဲ့သောအချိန်ကာလ၌ ကျွန်မနှင့်အတူ တာဝန်များအား လုပ်ဆောင်ခဲ့သော ညီအစ်မ တစ်ယောက်သည် သူမက ဘုရားသခင်၏...

ဘုရား၏ နှုတ်ကပတ်တော်များက ကျွန်တော့် အယူအဆများကို ဖယ်ရှားသည်

ရှောင်ရွီ၊ စီချွမ်စီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်၌ ကျွန်တော့် ၏တာဝန်သည် သတင်းကောင်းဝေငှခြင်းဖြစ်သည့်အချိန်တွင်၊...

ဖွင့်ပြောရမည်ကို ကြောက်ရွံ့ခြင်း၏ နောက်ကွယ်တွင် တည်ရှိသောအရာ

ရီရှင်းခေါင် မြန်မာနိုင်ငံ ၂၀၂၀ခုနှစ်၊ မတ်လတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ လက်ခံခဲ့သည်။ မကြာခင်တွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။