မာန်မာနနှင့် ဂုဏ်သတင်းက ကျွန်မကို ထိခိုက်စေခဲ့သည်
၂၀၁၇ ခုနှစ်မှာ ခေါင်းဆောင်နေရာအတွက် ကျွန်မရွေးချယ်ခံရပြီးတော့ အသင်းတော်သုံးခု လေးခုရဲ့အမှုတော်အတွက် တာဝန်ပေးအပ်ခံရပါတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ဒီသုံးလေးနှစ်အတွင်းမှာ အသင်းတော်ရဲ့ ဖယ်ရှားရေးအလုပ်ကို ကျွန်မတာဝန်ယူခဲ့တယ်။ ဒီတာဝန်ကို တော်တော်ကြာကြာ ထမ်းဆောင်ခဲ့ပြီး စည်းမျဉ်းတချို့ကို နားလည်ထားတာကြောင့် ပုံမှန်ဆိုရင် ကျွန်မတာဝန်ကနေ ဖိအားသိပ်မခံစားရဘဲ အလုပ်ကို အေးအေးဆေးဆေး ပြီးအောင်လုပ်နိုင်ခဲ့တယ်။ မရည်ရွယ်ဘဲနဲ့ ကျွန်မဟာ ကိုယ့်စိတ်ကူးပေါက်ရာအတိုင်း တာဝန်ထမ်းဆောင်ပြီး အလုပ်ကို စိမ်ပြေနပြေနဲ့ လုပ်စပြုလာခဲ့တယ်။ သိပ်မကြာခင်မှာ ခေါင်းဆောင်တွေက ဖယ်ထုတ်ပစ်ဖို့ လိုအပ်တဲ့သူတွေကို ရွေးထုတ်ဖို့အတွက် စေ့စပ်သေချာတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို တောင်းဆိုခဲ့ပါတယ်။ ရွေးထုတ်ထားတဲ့သူတွေရဲ့ အမည်စာရင်းကို ခေါင်းဆောင်တွေကို ကျွန်မပေးခဲ့တယ်။ နောက်ပိုင်းမှာ သူတို့က အမည်စာရင်းထဲက လူတစ်ယောက်ချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေအကြောင်း ကျွန်မကို ခဏခဏ မေးတယ်။ ပြီးတော့ ဖယ်ထုတ်ပစ်ရေးအတွက် အချက်အလက်ကုန်ကြမ်းတွေကို ဘယ်တော့ ပြီးအောင် စီစဉ်နိုင်မလဲ စတာတွေကို မေးခဲ့ကြတယ်။ ခေါင်းဆောင်တွေရဲ့ ကြီးကြပ်မှုနဲ့ စစ်ဆေးတာကို ကြုံရတော့ ကျွန်မ တွေးလိုက်တယ်။ “ငါ အဲဒီကိစ္စကို လုပ်နေပြီပဲ မဟုတ်ဘူးလား။ ငါ ဒီမှာ ဘာမှမလုပ်ဘဲ ထိုင်နေတာ မဟုတ်ဘူးလေ။ ငါ့ကို မယုံကြဘူးလား။ အချက်အလက်တွေ ဖြည့်စွက်တာနဲ့ အတည်ပြုတာကို ဒီလောက်မြန်မြန် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ ဘာလို့ ဒီလောက် အနီးကပ် စစ်ဆေးနေရတာလဲ။ ငါ့ကို နည်းနည်း လွတ်လပ်ခွင့် ပေးလို့ မရဘူးလား”ပေါ့။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်မ ဒါကို မြန်မြန်နဲ့ပြီးအောင်မလုပ်ရင် ခေါင်းဆောင်တွေက ကျွန်မမှာ ဝန်တာထားစိတ် မရှိဘူးလို့ ပြောနိုင်တယ်ဆိုတာ သဘောပေါက်သွားတယ်။ ဒါကြောင့် အချက်အလက်တွေကို အမြန်ဆုံး အတည်ပြုပြီး ဖြည့်စွက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး။ အဲဒီနောက်မှာ ကျွန်မ နေ့တိုင်း အချိန်ဇယား ပြည့်နေအောင် လုပ်ခဲ့တယ်။ ဒီလိုလုပ်တာက ကျွန်မတာဝန်ထမ်းဆောင်နေတုန်းမှာ ချုပ်ထိန်းခံရသလို၊ ဖိနှိပ်ခံရသလို ခံစားရစေခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မအလုပ်ကို တင်ပြတဲ့အခါ ကျွန်မရဲ့ စုံစမ်းစစ်ဆေးမှုထဲက သီးခြားပုဂ္ဂိုလ်တချို့ရဲ့ အမည်စာရင်းကို မပေးခဲ့ဘူး။ ခေါင်းဆောင်တွေက ကျွန်မ အလုပ်ပြီးခါနီးပြီလို့ ထင်ပြီး အရင်ကလို ခဏခဏ စစ်ဆေးတာနဲ့ ကြီးကြပ်တာကို ရပ်လိုက်တယ်။ ဒါကြောင့် ကျွန်မရဲ့ အရေးတကြီးလုပ်ချင်စိတ် ပျောက်ဆုံးသွားခဲ့တာပေါ့။ တစ်ခါတလေဆို အချက်အလက်တွေ ဖြည့်စွက်ဖို့ကို မနက်ပိုင်းမှာလုပ်နိုင်တာ သိသာပါရဲ့နဲ့ အသင်းတော်ကို သွားဖို့ နေ့လည်အထိ အချိန်ဆွဲတတ်တယ်။ ကျွန်မမှာ ရှင်းရှင်းလင်းလင်း အစီအစဉ်လည်း မရှိဘူး၊ ကိစ္စတွေကို စိတ်ကူးပေါက်ရာအတိုင်း လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်တွေက ဖယ်ထုတ်ပစ်ဖို့ လိုအပ်တဲ့သူတချို့ရဲ့ အမည်စာရင်းကို ကျွန်မ မတင်ပြခဲ့တာ သိသွားခဲ့ကြတယ်။ သူတို့က ကျွန်မကို ကိုယ့်တာဝန်မှာ တစ်ဇွတ်ထိုးနိုင်တာတွေ၊ ကြီးကြပ်မှုကို လက်မခံတာတွေ၊ ပြီးတော့ အသင်းတော်အလုပ်ကို လုံးဝ အလေးမထားတာတွေအတွက် ပြုပြင်ပေးခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်း အတိုက်အခံလုပ်စိတ် ဖြစ်မိတယ်။ ကျွန်မက သူတို့ကို အမည်စာရင်းအပြည့်အစုံ မတင်ပြခဲ့တာပဲရှိတာ၊ ဒါပေမဲ့ အဲဒါဟာ အဲဒီအလုပ်ကို မလုပ်နေခဲ့ဘူးဆိုတဲ့ သဘောမှမဟုတ်တာလို့ တွေးခဲ့တယ်။ နောက်ပြီးတော့လည်း ကျွန်မ တာဝန်ကို မနှောင့်နှေးစေခဲ့ဘူးလေ။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အန္တိခရစ်တို့သည် ၎င်းတို့၏အလုပ်တွင် အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်၊ သို့မဟုတ် မိမိတို့ကို ကြီးကြပ်ခွင့် ပေးရန် ၎င်းတို့ ငြင်းဆန်ကြသည်။ ၎င်းတို့အလုပ်ကို နောက်ဆက်တွဲလုပ်ရန်၊ သို့မဟုတ် ပို၍ သိရအောင်လုပ်ရန်၊ သို့မဟုတ် ကြီးကြပ်ရန်အတွက် ဘုရားအိမ်တော်က မည်သည့်အစီအစဉ်များကို ပြုလုပ်သည်ဖြစ်စေ ယင်းတို့ကို ကဖျက်ယဖျက်လုပ်ပြီး ငြင်းဆန်ရန် နည်းလမ်းမျိုးစုံကို ၎င်းတို့ အသုံးချလိမ့်မည်။ ဥပမာအားဖြင့် လူအချို့သည် အထက်က ပရောဂျက်တစ်ခု တာဝန်ပေးသည်ကို ခံရသောအခါ တိုးတက်မှုလုံးဝမရှိဘဲ အချိန်အတန်ကြာသွားသည်။ ၎င်းတို့သည် ထိုအလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိ၊ သို့မဟုတ် အခြေအနေမည်သို့ရှိသည်၊ သို့မဟုတ် ကြားဖြတ်ဝင်ရောက်သော အခက်အခဲဖြစ်စေ၊ ပြဿနာဖြစ်စေ တစ်ခုတလေရှိမရှိတို့ကို အထက်အား မပြောပေ။ ၎င်းတို့သည် တုံ့ပြန်မှုမရှိ။ အချို့အလုပ်သည် အရေးတကြီးဖြစ်ပြီး နှောင့်နှေး၍မရ။ သို့တိုင်အောင် အလုပ်ကိုမပြီးဘဲ အချိန်ကြာရှည်စွာလုပ်ဆောင်လျက် အချိန်ဆွဲသည်။ ဤသို့ဆိုလျှင် အထက်က စုံစမ်းမေးမြန်းမှုများ ပြုရမည်။ အထက်က ဤသို့လုပ်ဆောင်သောအခါ ဤလူတို့က စုံစမ်းမေးမြန်းမှုများကို မခံနိုင်အောင် ရှက်ဖွယ်ဖြစ်သည်ဟု မြင်ပြီး စိတ်နှလုံး၌ အတိုက်အခံဖြစ်ကြသည်။ ‘ကျွန်ုပ်သည် ဤအလုပ်ကို တာဝန်ပေးခြင်းခံရသည်မှာ ဆယ်ရက်ခန့်သာရှိသည်။ ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။ အထက်က စုံစမ်းမေးမြန်းမှုများ ပြုနေပြီဖြစ်သည်။ လူတို့အပေါ် ၎င်းတို့၏ သတ်မှတ်ချက်များသည် မြင့်လွန်းခြင်းပင်ဖြစ်သည်’ ဟူ၍ ဖြစ်သည်။ ၎င်းတို့ကို ကြည့်လော့၊ စုံစမ်းမေးမြန်းခြင်းတွင် အမှားများရှာနေကြခြင်းဖြစ်သည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ငါ့ကို ပြောလော့၊ အထက်က စုံစမ်းမေးမြန်းမှုများ ပြုခြင်းသည် အလွန်ပင် သာမန်ဖြစ်သည်မဟုတ်လော။ ယင်း၏ တစ်ပိုင်းမှာ အလုပ်တိုးတက်မှု၏ အခြေအနေအကြောင်းနှင့် ဖြေရှင်းရန် မည်သည့်အခက်အခဲများ ကျန်ရှိသည်ကိုပါ ပို၍သိလိုခြင်းဖြစ်သည်။ ထိုအရာအပြင် ဤအလုပ်ကို ၎င်းတို့ တာဝန်ပေးခဲ့သောလူများက မည်သည့်အစွမ်းအစမျိုး ရှိသည်ကိုလည်းကောင်း၊ ပြဿနာများကို ၎င်းတို့ အမှန်တကယ်ဖြေရှင်းနိုင်ပြီး အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်၊ မလုပ်ဆောင်နိုင်မည်ကိုလည်းကောင်း ပို၍သိလိုခြင်းဖြစ်သည်။ အထက်က အဖြစ်မှန်များကို အရှိအတိုင်း သိလိုသည်။ အချိန်အများစုတွင် ၎င်းတို့သည် ထိုသို့သောအခြေအနေများတွင် စုံစမ်းမေးမြန်းမှုများ ပြုသည်။ ယင်းသည် ၎င်းတို့ လုပ်ဆောင်သင့်သော အရာတစ်ခုမဟုတ်သလော။ ပြဿနာများအား မည်သို့ဖြေရှင်းရမည်ကို သင်မသိသကဲ့သို့ အလုပ်အား သင်မကိုင်တွယ်နိုင်မည်ကို အထက်က စိတ်ပူသည်။ ဤအတွက်ကြောင့် ၎င်းတို့က စုံစမ်းမေးမြန်းမှုများပြုရခြင်း ဖြစ်သည်။ အချို့သောလူတို့သည် ဤသို့သော စုံစမ်းမေးမြန်းခြင်းများကို အလွန်ပင် အတိုက်အခံဖြစ်ပြီး စက်ဆုပ်သည်။ ၎င်းတို့သည် လူတို့အား စုံစမ်းမေးမြန်းမှုများ ပြုခွင့်ပေးလိုစိတ်မရှိဘဲ လူတို့က ဤသို့ပြုသရွေ့ ၎င်းတို့သည် အတိုက်အခံဖြစ်ပြီး အစဉ်သဖြင့် သံသယများဖြစ်ကာ ‘၎င်းတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် စုံစမ်းမေးမြန်းမှုများပြုပြီး ပို၍သိရှိရန် စူးစမ်းနေသနည်း။ ငါ့ကို မယုံကြည်ဘဲ အထင်သေးခြင်းလော။ ငါ့ကို မယုံကြည်လျှင် သူတို့သည် ငါ့ကို အသုံးမပြုသင့်’ ဟူ၍ အစဉ် အပြန်အလှန်စဉ်းစားသည်။ အထက်၏ စုံစမ်းမေးမြန်းခြင်းနှင့် ကြီးကြပ်ခြင်းကို ၎င်းတို့ လုံးဝ နားမလည်ဘဲ အတိုက်အခံပြုသည်။ ဤသို့သော လူများ၌ ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့သည် အဘယ်ကြောင့် အထက်ကို စုံစမ်းမေးမြန်းမှုများပြုခွင့်၊ ၎င်းတို့ကို ကြီးကြပ်ခွင့် မပြုသနည်း။ ထို့အပြင် ၎င်းတို့သည် အဘယ်ကြောင့် အတိုက်အခံဖြစ်ပြီး အာခံသနည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် ထိရောက်မှုရှိမရှိ၊ အလုပ်တိုးတက်မှုကို နှောင့်နှေးစေမည် ဟုတ်မဟုတ် ဆိုသည်ကို ၎င်းတို့ ဂရုမစိုက်။ ၎င်းတို့တာဝန်ကို ထမ်းဆောင်သောအခါ၌ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေဘဲ ၎င်းတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ရလဒ်များအကြောင်းကို၊ သို့မဟုတ် အလုပ်၏ ထိရောက်မှုကို မတွေးပေ။ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ မတွေးပေ။ ဘုရားသခင် ရည်ရွယ်ပြီး တောင်းဆိုသည့်အရာများကိုဆိုလျှင် ပို၍ပင် မတွေးပေ။ ၎င်းတို့၏ အတွေးမှာ ‘ငါ၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ငါ့တွင် ကိုယ်ပိုင်နည်းလမ်းများ၊ လုပ်ရိုးလုပ်စဉ်များရှိသည်။ ငါ့ကို အလွန်အကျွံမတောင်းဆိုနှင့်၊ သို့မဟုတ် အလွန်အသေးစိတ် မတောင်းဆိုနှင့်။ ငါ၏တာဝန်ကို လုပ်ဆောင်နိုင်ခြင်းက လုံလောက်နေပြီ ဖြစ်သည်။ ငါသည် အလွန်မောပန်းနွမ်းနယ်၍၊ သို့မဟုတ် ဒုက္ခခံ၍ မရပါ’ ဟူ၍ ဖြစ်သည်။ ၎င်းတို့အလုပ်ကို ပိုသိရန် အထက်က စုံစမ်းမေးမြန်းခြင်းများ၊ ကြိုးပမ်းမှုများကို ၎င်းတို့ နားမလည်ပေ။ ၎င်းတို့၏ ဤနားလည်မှုကင်းမဲ့ခြင်းတွင် မည်သည့်အရာ လိုအပ်နေသနည်း။ ကျိုးနွံနာခံခြင်းကို လိုအပ်နေခြင်း မဟုတ်လော။ တာဝန်သိစိတ်ကို လိုအပ်နေခြင်းမဟုတ်လော။ သစ္စာစောင့်သိမှုလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် အမှန်တကယ်ပင် တာဝန်သိပြီး သစ္စာစောင့်သိလျှင် ၎င်းတို့အလုပ်အပေါ် အထက်၏ စုံစမ်းမေးမြန်းမှုများကို ငြင်းပယ်မည်လော။ (ငြင်းပယ်မည်မဟုတ်။) ၎င်းတို့ နားလည်နိုင်လိမ့်မည်။ ၎င်းတို့က အမှန်တကယ် နားမလည်နိုင်လျှင် ဖြစ်နိုင်ချေတစ်ခုသာရှိသည်။ ၎င်းတို့တာဝန်ကို ၎င်းတို့၏ အသက်မွေးမှု၊ စားဝတ်နေရေးအဖြစ်မြင်ပြီး ယင်းအပေါ်၌ အရင်းအနှီးပြုကာ ၎င်းတို့ထမ်းဆောင်သည့်တာဝန်ကို ဆုလာဘ်ရယူရန် အခြေအနေနှင့် အလဲအလှယ်တစ်ခုအဖြစ် အစဉ်မှတ်ယူသည်။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ၎င်းတို့၏တာဝန်၊ ၎င်းတို့၏ ဝတ္တရားအဖြစ် မှတ်ယူရန် ကြိုးပမ်းခြင်းလုံးဝမရှိဘဲ အထက်နှင့် အဆင်ပြေရန် သိက္ခာရှိသော အလုပ်အနည်းငယ်ကိုသာ လုပ်လိမ့်မည်။ ထို့ကြောင့် အထက်က ၎င်းတို့အလုပ်ကို စုံစမ်းမေးမြန်းမှုများ ပြုသောအခါ၊ သို့မဟုတ် ကြီးကြပ်သောအခါ ၎င်းတို့သည် စက်ဆုပ်သော၊ အတိုက်အခံဖြစ်သော စိတ်နေစိတ်ထားသို့ ရောက်ရှိသွားသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤပြဿနာသည် မည်သည့်နေရာမှ အရင်းခံသနည်း။ ယင်း၏ အနှစ်သာရမှာ အဘယ်နည်း။ အလုပ်စီမံကိန်းအပေါ် ၎င်းတို့၏ သဘောထားမှာ မှားယွင်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ထိရောက်မှုနှင့် အကျိုးစီးပွားများအကြောင်းကို တွေးရမည့်အစား ဇာတိပကတိဆိုင်ရာ အေးဆေးမှုနှင့် သက်သာမှုကိုသာ၊ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ကိုသာ တွေးသည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် လုံးဝ မကြိုးစားပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)) အန္တိခရစ်တွေဟာ သူတို့ရဲ့ အလုပ်ကို လူတွေ ကြီးကြပ်တာကို ခွင့်ပြုဖို့ မလိုလားဘူးလို့ ဘုရားသခင်က ဖော်ထုတ်ပါတယ်။ ခေါင်းဆောင်တွေက သူတို့ရဲ့ အလုပ်ကို စစ်ဆေးပြီး မေးမြန်းတဲ့အခါ သူတို့က အတိုက်အခံလုပ်စိတ် ဖြစ်ပြီး ကိစ္စတွေကို ကိုယ့်ဆန္ဒအတိုင်း လုပ်ကြတယ်။ သူတို့အလုပ်ရဲ့ ထိရောက်မှုကို ဂရုမစိုက်ကြဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မလည်း ဒီလိုအပြုအမူမျိုး ပြသခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မရဲ့ အလုပ်တိုးတက်မှုအကြောင်း မေးတဲ့အခါ အရမ်း အတိုက်အခံလုပ်စိတ် ဖြစ်မိတယ်။ ကျွန်မ အလဟဿ မနေခဲ့ဘူး၊ သူတို့က အရမ်း ဖိအားပေးနေခဲ့တယ်လို့ တွေးခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ အလုပ်ဆက်လုပ်ခဲ့ပေမဲ့ စိတ်မပါ့တပါနဲ့ လုပ်ခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုမှာ ရွေးထုတ်ထားတဲ့သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ရိုးရိုးသားသား မတင်ပြဘဲတောင် သူတို့ကို လှည့်စားခဲ့သေးတယ်။ ဒီတော့ ကျွန်မရဲ့ အလုပ်ကို ခေါင်းဆောင်တွေ ကြီးကြပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီလိုနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အစီအစဉ်တွေအတိုင်း ကိုယ့်တာဝန်ကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်မှာလေ။ အပေါ်ယံမှာတော့ ကျွန်မ အလဟဿ မနေခဲ့ပါဘူး။ ဒါပေမဲ့ အမှုကိစ္စတွေကို လုပ်ရိုးလုပ်စဉ်အတိုင်း အလုပ်လုပ်တဲ့ ကျွန်မရဲ့ အေးအေးဆေးဆေးသဘောထားက အလုပ်ရဲ့ တိုးတက်မှုကို တိုက်ရိုက် ထိခိုက်ခဲ့တယ်။ ကျွန်မတာဝန်မှာ တာဝန်ယူစိတ် ကင်းမဲ့ခဲ့ပြီး ယုံကြည်စိတ်ချလို့ မရဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ခေါင်းဆောင်တစ်ဦးက သင်၏အလုပ်ကို ကြီးကြပ်ခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းက ၎င်းတို့သည် အသင်းတော်၏ အလုပ်အတွက် တာဝန်ယူနေသည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်၊ ၎င်းတို့၏ တာဝန်ယူမှု ဖြစ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်းက ၎င်းတို့သည် အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦး၊ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ကြောင်း သက်သေပြသည်။ သင့်ကို လုံးဝလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများ ပေးထားပြီး သင်သည် သင်အလိုရှိသမျှကို လုပ်ဆောင်နိုင်လျှင်၊ သင်၏ အလိုဆန္ဒများကို လိုက်နာနိုင်လျှင်၊ လွတ်လပ်မှုအပြည့်နှင့် ဒီမိုကရေစီကို ခံစားနိုင်လျှင်၊ သင်လုပ်ဆောင်သည့်အရာ သို့မဟုတ် သင်လုပ်ဆောင်ပုံ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်က ဂရုမစိုက်ဘဲ သို့မဟုတ် ကြီးကြပ်ခြင်းမရှိလျှင်၊ သင့်ကို မည်သည့်အခါမျှ မေးခွန်းမထုတ်လျှင်၊ သင်၏အလုပ်ကို မစစ်ဆေးလျှင်၊ ပြဿနာများ တွေ့ရှိသည့်အခါ ထုတ်မပြောလျှင်၊ သင့်ကို ချော့မော့ခြင်း သို့မဟုတ် ညှိနှိုင်းခြင်းတို့သာ ပြုလျှင် ၎င်းတို့သည် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်မည်လော။ မဟုတ်သည်မှာ ရှင်းနေပါသည်။ ထိုသို့သော ခေါင်းဆောင်သည် သင့်ကို အန္တရာယ်ပြုနေခြင်း ဖြစ်သည်။ ၎င်းတို့သည် သင်၏ မကောင်းမှုပြုခြင်းကို လိုက်လျောသည်၊ သင်သည် စည်းမျဉ်းများကို ဆန့်ကျင်ပြီး သင်အလိုရှိသကဲ့သို့ လုပ်ဆောင်သည်ကို ခွင့်ပြုသည်။ ၎င်းတို့သည် သင့်ကို မီးကျင်းထဲသို့ တွန်းချနေခြင်း ဖြစ်သည်။ ဤသည်မှာ တာဝန်သိပြီး စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး မဟုတ်ချေ။ တစ်ဖက်တွင်မူ ခေါင်းဆောင်တစ်ဦးက သင့်ကို ပုံမှန် ကြီးကြပ်နိုင်လျှင်၊ သင်၏အလုပ်ထဲမှ ပြဿနာများကို ရှာဖွေဖော်ထုတ်ပြီး သင့်ကို ချက်ချင်း သတိပေးခြင်း သို့မဟုတ် ပြစ်တင်ကြိမ်းမောင်းပြီး ဖော်ထုတ်ခြင်း၊ သင်၏ မှားယွင်းသော လိုက်စားမှုများနှင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် လမ်းလွဲမှုများကို အချိန်မီ ပြုပြင်ပေးပြီး ကူညီပေးလျှင်၊ ၎င်းတို့၏ ကြီးကြပ်မှု၊ ပြစ်တင်ကြိမ်းမောင်းမှု၊ ထောက်ပံ့မှု၊ အကူအညီတို့အောက်တွင် သင်၏ တာဝန်အပေါ် မှားယွင်းသော သဘောထား ပြောင်းလဲသွားလျှင်၊ သင်သည် အဓိပ္ပာယ်မရှိသော အမြင်အချို့ကို စွန့်ပယ်နိုင်လျှင်၊ သင်၏ ကိုယ်ပိုင်စိတ်ကူးများနှင့် တဇောက်ကန်းဖြစ်ခြင်းမှ ဖြစ်ပေါ်လာသော အရာများ တဖြည်းဖြည်း လျော့နည်းသွားလျှင်၊ သင်သည် မှန်ကန်ပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဖြစ်သော ပြောဆိုချက်များနှင့် အမြင်များကို အေးဆေးတည်ငြိမ်စွာ လက်ခံနိုင်လျှင် ဤသည်မှာ သင့်အတွက် အကျိုးရှိသည် မဟုတ်လော။ အကျိုးကျေးဇူးများမှာ အမှန်ပင် ကြီးမားလှပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)) ကျွန်မ နားလည်အောင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ကူညီပေးခဲ့တာက၊ ခေါင်းဆောင်တွေရဲ့ တာဝန်က အလုပ်ကို ကြီးကြပ်ပြီး စစ်ဆေးဖို့ပဲဆိုတာပါပဲ။ ဒါက သူတို့ရဲ့ တာဝန်တွေကို တာဝန်ယူတာကိုလည်း ပြသပြီး အသင်းတော်အလုပ်ကိုလည်း ကောင်းကောင်း လုပ်ဖို့ ရည်ရွယ်တာပါ။ တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့သူတွေက ခေါင်းဆောင်တွေရဲ့ ကြီးကြပ်မှုနဲ့ ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခဏခဏ ဆင်ခြင်သုံးသပ်ကြမှာဖြစ်ပြီး၊ သူတို့ရဲ့ တာဝန်တွေမှာ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေကို အချိန်နဲ့တစ်ပြေးညီ အကျဉ်းချုပ်ပြီး ပြင်ဆင်ကြမှာပါ။ ဒီလိုနဲ့ သူတို့ရဲ့ တာဝန်တွေမှာ ပိုကောင်းတဲ့ ရလဒ်တွေ ရရှိအောင်လို့ပေါ့။ ကျွန်မ ဖယ်ရှားတဲ့အလုပ်ကို စလုပ်ခါစတုန်းက ဘာစည်းမျဉ်းမှ နားမလည်ခဲ့တာကို မှတ်မိတယ်။ ညီအစ်ကိုမောင်နှမတွေ ခဏခဏ မိတ်သဟာယပြုပြီး ကူညီပေးပြီးမှပဲ ကျွန်မ စည်းမျဉ်းတချို့ကို နားလည်နိုင်ခဲ့ပြီး လူမျိုးစုံရဲ့ အပြုအမူတွေကို ပိုင်းခြားသိမြင်မှုတချို့ရခဲ့တယ်။ ဒါက ကျွန်မ ဒီတာဝန်ကို ထမ်းဆောင်ဖို့အတွက် အထူးအခွင့်အရေးတစ်ခုဖြစ်ပြီး ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။ အသင်းတော်က ကျွန်မကို ဒီအလုပ် ခန့်အပ်ခဲ့တဲ့အတွက် ကျွန်မဟာ ဒီတာဝန်ကို ထမ်းရွက်ခဲ့သင့်ပြီး အလုပ်မှာ ချောချောမွေ့မွေ့ တိုးတက်တာ သေချာစေဖို့ စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်စွမ်းရှိသမျှနဲ့ အစွမ်းကုန် လုပ်ခဲ့သင့်ပါတယ်။ ဒါက အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတာကို ပြသတာပါပဲ။ ဒါပေမဲ့လည်း ကျွန်မက ကိုယ့်တာဝန်ကိုယ် အေးအေးဆေးဆေး ထမ်းဆောင်နေခဲ့ပြီး လုပ်စရာအလုပ်တွေ ရှိရုံနဲ့ပဲ ကျေနပ်နေခဲ့တယ်။ အလုပ်ရဲ့ တိုးတက်မှုကို မစဉ်းစားခဲ့ဘူး။ ကျွန်မအလုပ်ကို ခေါင်းဆောင်တွေ စစ်ဆေးတာနဲ့ ကြီးကြပ်တာကို တားဆီးဖို့အတွက် အသေးစိတ်အချက်အလက်တွေကို မတင်ပြဘဲ သူတို့ကိုတောင် လှည့်စားခဲ့သေးတယ်။ ဒီလိုနည်းနဲ့ တာဝန်ထမ်းဆောင်ပြီး ကျွန်မမှာ အသိစိတ် ဒါမှမဟုတ် လူ့သဘာဝ ရှိတယ်လို့ ဘယ်လိုများ ပြောနိုင်မှာလဲနော်။ ကျွန်မဟာ ကြီးကြပ်မှုကို အမြဲ ရှောင်ရှားခဲ့ပြီး ချုပ်ထိန်းခံရတာကို မလိုချင်ခဲ့ဘူး။ ဒါက ကျွန်မဇာတိပကတိကို သက်သာစေခဲ့ပေမဲ့ အလုပ်ကို နှောင့်နှေးစေခဲ့ပြီး ပြစ်မှားခြင်းကို ကျူးလွန်စေခဲ့တယ်။ ကျွန်မ အရမ်းကို မိုက်မဲခဲ့တာပေါ့။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့ပါတယ်။ “တာဝန်ဆိုသည်မှာ အဘယ်နည်း။ လူတို့ထံ ဘုရားသခင်က အပ်နှင်းသည့် စေခိုင်းချက်တစ်ခုဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူတိုင်း ခံယူသင့်သည့် တာဝန်၊ ဝတ္တရားတစ်ခုဖြစ်သည်။ တာဝန်သည် သင်၏ အသက်မွေးမှုဖြစ်သလော။ ပုဂ္ဂိုလ်ရေးဆိုင်ရာ မိသားစု ကိစ္စတစ်ခုဖြစ်သလော။ သင်သည် တာဝန်ပေးအပ်ခြင်း ခံရသည်နှင့်တစ်ပြိုင်နက် ဤတာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စဖြစ်လာသည်ဟု ပြောလျှင် မှန်နိုင်သလော။ ဤကဲ့သို့ လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်၏ တာဝန်ကို မည်သို့ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များ၊ နှုတ်ကပတ်တော်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းအားဖြင့် သင်၏ အပြုအမူကို လူသား၏ တစ်ဖက်သတ်ဆန်သော ဆန္ဒများအပေါ်အခြေခံခြင်းထက် သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံခြင်းအားဖြင့် ဖြည့်ဆည်းသင့်သည်။ လူအချို့က ‘ကျွန်ုပ်ကို တာဝန်ပေးအပ်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ကျွန်ုပ်၏ ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်၏တာဝန်သည် ကျွန်ုပ်၏ အလုပ်တာဝန် ဖြစ်ပြီး ကျွန်ုပ်အား အလုပ်တာဝန်ပေးအပ်ခြင်း ခံရသည့်အရာသည် ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် ကိုင်တွယ်ပါက ကျွန်ုပ်သည် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်မည်ဟု ဆိုလိုသည်မဟုတ်လော။ ယင်းကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် သဘောထားမဆက်ဆံပါက ယင်းကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်မည်လော’ ဟု ပြောကြသည်။ ဤစကားများသည် မှန်သလော၊ မှားသလော။ ယင်းတို့မှာ မှားယွင်းပေသည်။ ယင်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်နေသည်။ တာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စမဟုတ်ပေ၊ ယင်းသည် ဘုရား၏ အလုပ်ကိစ္စဖြစ်သည်၊ ယင်းသည် ဘုရားအမှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင်လုပ်ဆောင်ရမည်၊ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့်သာ သင်သည် စံနှုန်းနှင့် ကိုက်ညီနိုင်သည်။ သင်၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့်အညီ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့်အညီ တာဝန်ကို အစဉ် ထမ်းဆောင်လျှင် သင်သည် စံနှုန်းနှင့် မည်သည့်အခါမျှ ကိုက်ညီမည်မဟုတ်ပေ။ သင်ဆန္ဒရှိသည့်အတိုင်း တာဝန်ကို ထမ်းဆောင်ခြင်းသက်သက်သည် တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနယ်ပယ်အတွင်းတွင် မရှိပေ။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်မဟုတ်ပေ။ ယင်းအစား သင်သည် သင်၏ ကိုယ်ပိုင် လုပ်ငန်းကို စီမံကွပ်ကဲနေခြင်းဖြစ်ပြီး သင်၏ ကိုယ်ပိုင်လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သောကြောင့် ဤသည်ကို ဘုရားသခင်က အမှတ်မထားပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ တာဝန်တွေဟာ ဘုရားသခင်ဆီက လာပြီး ဒါတွေဟာ ဘုရားသခင် နောက်လိုက်တိုင်းရဲ့ တာဝန်နဲ့ ဝတ္တရားပဲဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဒါက လူတွေ ကြိုက်သလို လုပ်လို့ရတဲ့ အိမ်မှုကိစ္စတွေ ကိုင်တွယ်တာမျိုးလို မဟုတ်ဘူးလေ။ အဲဒီအစား သူတို့ဟာ သမ္မာတရားကို လိုက်စားပြီး စည်းမျဉ်းတွေအတိုင်း သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်သင့်ပါတယ်။ ကျွန်မက အသင်းတော်ရဲ့ ဖယ်ရှားတဲ့အလုပ်အတွက် တာဝန်ရှိခဲ့တယ်။ ဒီတာဝန်အပေါ်မှာ ဘုရားသခင်ရဲ့ တောင်းဆိုချက်က အန္တိခရစ်တွေ၊ ဆိုးယုတ်သူတွေနဲ့ မယုံကြည်သူတွေကို အသင်းတော်ကနေ အမြန်ဆုံး ဖယ်ရှားဖို့၊ ညီအစ်ကိုမောင်နှမတွေအတွက် ကောင်းမွန်တဲ့ အသင်းတော်အသက်တာကို ပံ့ပိုးဖို့ပါပဲ။ ဒါပေမဲ့လည်း ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မအလေးမထားခဲ့ဘူး။ စည်းမျဉ်းတွေအတိုင်း ဒီအလုပ်ကို ဘယ်လို မြန်မြန်ဆန်ဆန် ဖြစ်မြောက်အောင်လုပ်မလဲ ကျွန်မ မစဉ်းစားခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့ ဇာတိပကတိကို ဘယ်လို သက်သာအောင်လုပ်မလဲ၊ ဆင်းရဲဒုက္ခနဲ့ ပင်ပန်းတာကို ဘယ်လို ရှောင်ရှားမလဲဆိုတာကိုပဲ နေ့တိုင်း တွေးခဲ့တယ်။ ကိုယ့်တာဝန်ကိုယ် တစ်ဇွတ်ထိုး၊ စိမ်ပြေနပြေနဲ့ အေးအေးဆေးဆေး လုပ်ခဲ့တယ်။ စောစောစီးစီး ပြီးစီးနိုင်တဲ့ အလုပ်တွေကိုလည်း ပြီးမြောက်အောင် တွန်းပြီးမလုပ်ခဲ့ဘူး။ လုပ်နိုင်တဲ့အချိန်မှာတောင် အလုပ်ပိုလုပ်ဖို့ မလိုလားခဲ့ဘူး။ ပြီးတော့ ဖယ်ထုတ်ပစ်ဖို့ စံသတ်မှတ်ချက် ပြည့်မီတဲ့သူတွေရဲ့ အမည်စာရင်းကို တမင်တကာ ဖုံးကွယ်ခဲ့တယ်။ ခေါင်းဆောင်တွေကို အလုပ်ရဲ့ အသေးစိတ် အခြေအနေကို မသိအောင် လုပ်ခဲ့တယ်။ ဒီလိုနဲ့ သူတို့လည်း ကျွန်မကို ကြီးကြပ်လို့ မရ၊ ကျွန်မလည်း သိပ်အလုပ်မများအောင်၊ မပင်ပန်းအောင်ပေါ့။ ဇာတိပကတိ သက်သာမှုအတွက် ကျွန်မ လိမ်ညာခဲ့ပြီး လှည့်ဖြားခဲ့တယ်။ ကျွန်မ ဒီတာဝန်နဲ့ တကယ်ကို မထိုက်တန်ခဲ့ဘူး။
နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဘာဖြစ်လို့ ကြီးကြပ်မှုကို ကျွန်မ လက်မခံချင်တာလဲ၊ ပြီးတော့ ဘာဖြစ်လို့ ကိုယ့်ဆန္ဒအတိုင်းပဲ အမြဲ လုပ်ချင်နေတာလဲပေါ့။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဒီအပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးစိုက်သော သူများသည် မည်သည့်ပုံစံရှိသနည်း။ ၎င်းတို့သည် အစားအစာ၊ အဝတ်အထည်၊ နေအိမ်နှင့် သယ်ယူပို့ဆောင်ရေးတို့ကဲ့သို့သော ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ရိုးရှင်းသောနည်းလမ်းဖြင့် မှတ်ယူသောသူများ ဖြစ်သည်။ ဤအရာများသည် သာမန်စံနှုန်းကို ပြည့်မီသရွေ့ ၎င်းတို့အတွက် လုံလောက်သည်။ ၎င်းတို့သည် ဘဝတွင်ရှိသော ၎င်းတို့၏ လမ်းကြောင်း၊ လူသားများအဖြစ် ၎င်းတို့၏ အထူးတာဝန်၊ ၎င်းတို့၏ ဘဝအပေါ် ရှုမြင်သုံးသပ်ချက်နှင့် စံနှုန်းများကို ပို၍ အရေးစိုက်ကြသည်။ အလားအလာမရှိသောသူများသည် မည်သည့်အရာကို တစ်နေကုန် တွေးတောကြသနည်း။ ၎င်းတို့သည် မည်သို့ အချောင်ခိုရမည်၊ တာဝန်ကို ရှောင်နိုင်ရန်အတွက် မည်သို့ လှည့်စားရမည်၊ မည်သို့ ကောင်းစွာ စားသောက်ပြီး ပျော်အောင်နေရမည်၊ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနှင့် ဇိမ်ခံမှုတို့ဖြင့် မည်သို့ အသက်ရှင်ရမည်ဆိုသည်တို့ကို အစဉ်သဖြင့် တွေးတောနေပြီး မည်မည်ရရဖြစ်သော အရာများကို ထည့်မစဉ်းစားပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်တွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရသည့် နေရာနှင့် ပတ်ဝန်းကျင်တွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။...၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးမစိုက်သော၊ မိမိတို့ နှစ်သက်သလို လုပ်ဆောင်သော ဤလူများသည် ဤ သင့်တင့်လျောက်ပတ်သောအရာများကို မလုပ်ဆောင်လိုပေ။ ၎င်းတို့ အလိုရှိသည့်အရာမှန်သမျှကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့ ရရှိလိုသည့် အဆုံးစွန်ပန်းတိုင်မှာ ရုပ်ပိုင်းဆိုင်ရာ ဇိမ်ခံမှု၊ သာယာမှုနှင့် သက်သာမှုတို့ဖြစ်ပြီး မည်သည့်နည်းဖြင့်မျှ ချုပ်ထိန်းခြင်းကိုဖြစ်စေ၊ မတရားပြုခြင်းကိုဖြစ်စေ မခံရရန်ဖြစ်သည်။ ၎င်းတို့ စားလိုသည့်အရာမှန်သမျှကို ကျေနပ်လောက်အောင် စားနိုင်ပြီး ၎င်းတို့ နှစ်သက်သကဲ့သို့ လုပ်ဆောင်ရန် ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့် စိတ်အတွင်းတွင်ရှိသော လိုက်စားမှုကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ၎င်းတို့ မကြာခဏ ခံစားရခြင်းဖြစ်သည်။ သင်သည် ၎င်းတို့နှင့် သမ္မာတရားအကြောင်းကို မည်သို့ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့က ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရမှုက ပြေလည်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤသို့သောသူမျိုးများသာ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်သောသူများသာဖြစ်သည်။ အပေါ်ယံတွင် မည်သည့် ကြီးမားသော မကောင်းမှုကိုမျှ လုပ်ဆောင်ခဲ့သည့် ပုံစံမရှိသော်လည်း၊ သို့မဟုတ် မကောင်းသောသူများ ဖြစ်သည့် ပုံစံမရှိသော်လည်း၊ စည်းမျဉ်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းရန် ပျက်ကွက်သည့် ပုံစံမျှသာရှိသော်လည်း လက်တွေ့တွင် ၎င်းတို့၏ သဘာဝအနှစ်သာရသည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးမစိုက်ခြင်း၊ သို့မဟုတ် လမ်းမှန်ကို မလိုက်လျှောက်ခြင်းသာ ဖြစ်သည်။ ဤသို့သောသူများသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်။ ပြီးလျှင် ပုံမှန်လူ့သဘာဝ၏ အသိဉာဏ်ကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝရှိသောလူများက လိုက်စားသင့်သည့် ပန်းတိုင်များ၊ သို့မဟုတ် ပုံမှန်လူ့သဘာဝရှိသောလူများ ခံယူသင့်သည့် ဘဝသဘောထားများနှင့် ဖြစ်တည်မှု နည်းလမ်းများကို စဉ်းစားခြင်း၊ တွေးတောခြင်း၊ သို့မဟုတ် လိုက်စားခြင်းမရှိပေ။ ၎င်းတို့ စိတ်များသည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနှင့် သာယာမှုကို မည်သို့ရှာဖွေရမည်ဆိုသည့် အတွေးများနှင့် နေ့စဉ် ပြည့်နေသည်။ သို့ရာတွင် အသင်းတော်၏ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ နှစ်သက်မှုများကို မဖြည့်ဆည်းနိုင်သောကြောင့် အနေရခက်ပြီး ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်ခံစားချက်များ ဖြစ်ပေါ်လာသည့် ပုံစံဖြစ်သည်။ ငါ့ကို ပြောလော့။ ဤသို့သောသူများတွင် ပင်ပန်းနွမ်းနယ်သော ဘဝများမရှိသလော။ (ရှိပါသည်။) ၎င်းတို့၏ ဘဝများက သနားစဖွယ်ဖြစ်သလော။ (သနားစဖွယ် မဖြစ်ပါ။) မှန်သည်။ ၎င်းတို့သည် သနားစဖွယ်မဟုတ်ပေ။ ပေါ့ပေါ့တန်တန် ဆိုရလျှင် ဤလူတို့သည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးမစိုက်သောသူများဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်သူများမှာ မည်သူတို့ ဖြစ်သနည်း။ လူပေလူတေများ၊ မိုက်ရူးရဲများ၊ တစ်ဝက်တစ်ပျက်သမားများ၊ လူရမ်းကားများ၊ လူဆိုးလူမိုက်များနှင့် လူလေလူလွင့်များ ဖြစ်သည်။ ဤသို့သော သူများဖြစ်သည်။ ၎င်းတို့သည် မည်သည့်ကျွမ်းကျင်မှု၊ သို့မဟုတ် အရည်အချင်းအသစ်ကိုမျှ မသင်ယူလိုပေ။ ပြီးလျှင် ၎င်းတို့သည် ရပ်တည်နိုင်ရန်အတွက် အရေးကြီးသော အသက်မွေးအလုပ်များ နောက်သို့ မလိုက်လိုပေ၊ သို့မဟုတ် အလုပ်တစ်ခုကို မရှာဖွေလိုပေ။ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ လူပျင်းများနှင့် လူလေလူလွင့်များဖြစ်သည်။ ၎င်းတို့သည် အသင်းတော်သို့ ထိုးဖောက်ဝင်ရောက်လာပြီး တစ်စုံတစ်ခုကို အလကားရရှိလိုသည်။ ပြီးလျှင် ၎င်းတို့၏ ကောင်းချီးဝေစုကို ရရှိလိုသည်။ ၎င်းတို့သည် အခွင့်အရေးသမားများဖြစ်သည်။ ဤအခွင့်အရေးသမားများသည် ၎င်းတို့၏ တာဝန်များကို မည်သည့်အခါမျှ ထမ်းဆောင်လိုစိတ်မရှိပေ။ အမှုကိစ္စများက ၎င်းတို့၏ သဘောကျဖြစ်ရန် အနည်းငယ်မျှ အတိမ်းအစောင်း ရှိလျှင်ပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ၎င်းတို့သည် အစဉ်သဖြင့် လွတ်လပ်စွာ နေလိုကြသည်။ မည်သည့်အလုပ်မျိုးကိုမျှ မထမ်းဆောင်လိုပေ။ သို့တိုင်အောင် ကောင်းသောအစားအစာကို စားပြီး ကောင်းသော အဝတ်ကို ဝတ်လိုကြသေးသည်။ ၎င်းတို့ စားလိုသည့် မည်သည့်အရာကိုမဆို စားပြီး အိပ်လိုသည့် မည်သည့်အချိန်တွင်မဆို အိပ်ချင်ကြသေးသည်။ ဤသို့သောနေ့ရက် ရောက်ရှိလာလျှင် သေချာစွာပင် အလွန်ကောင်းလိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခအနည်းငယ်မျှကိုပင် မခံလိုဘဲ ဇိမ်ခံရသော ဘဝကို ဆန္ဒရှိကြသည်။ ဤလူတို့သည် အသက်ရှင်ရခြင်းကိုပင် ပင်ပန်းနွမ်းနယ်သည်ဟု မြင်ကြသည်။ ၎င်းတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ချည်နှောင်ခြင်းကို ခံရသည်။ ၎င်းတို့သည် မိမိတို့ နှစ်သက်သလို မလုပ်ဆောင်ရသောကြောင့် မကြာခဏ ပင်ပန်းပြီး စိတ်ရှုပ်ထွေးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးမစိုက်လိုပေ၊ သို့မဟုတ် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အရေးကိစ္စများကို မကိုင်တွယ်လိုပေ။ ၎င်းတို့သည် အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ချင်သကဲ့သို့ အစမှအဆုံးထိ စဉ်ဆက်မပြတ် မလုပ်ဆောင်လိုပေ။ ၎င်းတို့၏ ကိုယ်ပိုင်အလုပ်အကိုင်နှင့် အလုပ်တာဝန်အဖြစ်၊ တာဝန်နှင့် ဝတ္တရားအဖြစ် သဘောမထားလိုပေ။ ၎င်းတို့သည် ကောင်းစွာ မလုပ်ဆောင်လိုဘဲ ရလဒ်များကိုလည်း မရရှိလိုပေ၊ သို့မဟုတ် ဖြစ်နိုင်သမျှ အကောင်းဆုံး စံနှုန်းဖြစ်အောင် မလုပ်ဆောင်လိုပေ။ ၎င်းတို့သည် မည်သည့်အခါမျှ ဤသို့ မစဉ်းစားပေ။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့်သာ လုပ်ဆောင်လိုပြီး ၎င်းတို့၏တာဝန်ကို စားဝတ်နေရေးအတွက် ငွေရှာရန် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလိုကြသည်။ ၎င်းတို့သည် ဖိအားအနည်းငယ်၊ သို့မဟုတ် ထိန်းချုပ်မှုပုံစံတစ်ခုခုကို ရင်ဆိုင်ရသောအခါ၊ သို့မဟုတ် အနည်းငယ်ပို၍ မြင့်သော စံနှုန်းပြည့်မီအောင် ဆောင်ရွက်ရန် ၎င်းတို့ကို သတ်မှတ်ချက်ပေးသောအခါ၊ သို့မဟုတ် တာဝန်အနည်းငယ်ကို ပခုံးထမ်းယူခိုင်းသောအခါ ၎င်းတို့သည် အနေရခက်ပြီး ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ၎င်းတို့အတွင်းတွင် ဖြစ်ပေါ်လာပြီး ရှင်သန်ရခြင်းက ၎င်းတို့အတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်ကာ စိတ်ဆင်းရဲကြသည်။ အသက်ရှင်ရခြင်းက ၎င်းတို့အတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်ရသည့် အခြေခံကျသော အကြောင်းရင်းတစ်ခုမှာ ဤသို့သောသူများသည် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် ချို့တဲ့သည်။ ၎င်းတို့သည် စိတ်ကူးယဉ်လျက်၊ အိပ်မက်ထဲတွင်၊ မိုးတိမ်ထဲတွင် နေထိုင်လျက် တစ်နေကုန် ကုန်ဆုံးကြပြီး အထိန်းအကွပ်အမဲ့ဆုံးသော အရာများကို အစဉ် စိတ်ကူးကြသည်။ ထို့ကြောင့် ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရမှုကို ဖြေရှင်းဖို့ အလွန်ခက်ခဲခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားဘဲ မယုံကြည်သူများဖြစ်သည်။ ငါတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့အား ဘုရားအိမ်တော်မှ ထွက်ခွာရန် ကမ္ဘာလောကဆီသို့ ပြန်သွားကာ ၎င်းတို့၏ ကိုယ်ပိုင်ငြိမ်းအေးပြီး သက်သာသည့်နေရာကိုရှာခိုင်းခြင်းသာ ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့တာက ကိုယ့်တာဝန်တွေကို ကိုယ့်စိတ်တိုင်းကျ ထမ်းဆောင်ပြီး မှန်ကန်တဲ့အလုပ်ကို အာရုံမစိုက်သူတွေဟာ မှန်ကန်တဲ့ကိစ္စတွေကို ဘယ်တော့မှ မစဉ်းစားကြဘူးဆိုတာပါပဲ။ သူတို့ဟာ သူတို့ရဲ့ ဇာတိပကတိကို ဘယ်လို သက်သာအောင်လုပ်မလဲဆိုတာကိုပဲ နေ့တိုင်းတွေးကြတယ်။ သူတို့ တာဝန်တွေကို ဘယ်လောက်နှစ်တွေအများကြီး လုပ်ခဲ့လုပ်ခဲ့၊ သူတို့ဟာ ဖြစ်သလို နေထိုင်တဲ့ သဘောထားကို အမြဲ ဆုပ်ကိုင်ထားကြပြီး၊ လောကီကမ္ဘာက လူပျင်း၊ လူလေလူလွင့်တွေနဲ့ ဘာမှ မကွာပါဘူး။ ဒီလိုလူတွေဟာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြဘူး၊ အပြုသဘောဆောင်တဲ့ အရာတွေကို မချစ်ကြဘူး။ ဒါကြောင့် သူတို့ဟာ မယုံကြည်သူစစ်စစ်တွေပါပဲ။ သူတို့ နောင်တမရရင် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရကိန်း ကြုံမှာပါ။ ကျွန်မ အရင်က လူပျင်းနဲ့ လူလေလူလွင့်တွေကို အထင်သေးခဲ့ဖူးတယ်။ အဲဒီလူတွေဟာ မှန်ကန်တဲ့အလုပ်ကို အာရုံစိုက်ရမဲ့အစား လေလွင့်နေကြတယ်လို့ တွေးခဲ့တာပေါ့။ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ နှိုင်းယှဉ်ကြည့်တော့ အခု ကျွန်မလည်း အဲဒီလိုလူတွေအတိုင်းပဲဆိုတာ တွေ့ခဲ့ရတယ်။ ကျွန်မတာဝန်မှာ ကြီးကြပ်ခံရတာ ဒါမှမဟုတ် တိုက်တွန်းခံရတာကို မလိုချင်ခဲ့ဘူး။ လွတ်လပ်မှုနဲ့ ဘာချုပ်ထိန်းမှုမှ မရှိတာကိုပဲ ကျွန်မ လိုချင်ခဲ့တယ်။ ကိုယ့်ရဲ့ အဓိကအလုပ်အပေါ် တာဝန်ယူစိတ် တစ်စက်လေးမှ မပြခဲ့ဘူး။ မှန်ကန်တဲ့အလုပ်ကို အာရုံမစိုက်ဘဲ သက်သာမှုမှာ ကျွန်မ မွေ့လျော်ခဲ့တယ်။ ကျွန်မမှာ တည်ကြည်စိတ်နဲ့ ဂုဏ်သိက္ခာ တစ်စက်လေးတောင် ရှိခဲ့ရဲ့လား။ ကျွန်မက အလုပ်တချို့ လုပ်ပုံပေါက်ပေမဲ့ ဘုရားသခင်အပေါ် ကျွန်မမရိုးသားခဲ့ဘူး။ ကျွန်မတာဝန်မှာ လှည့်စားပြီး ခိုကပ်ခဲ့တယ်။ ကိုယ်တော့်ရဲ့ ကောင်းချီးတွေကို ရရှိဖို့အတွက် ဘုရားသခင်ကို အရူးလုပ်ပြီး အောင်မြင်အောင် လုပ်နိုင်မယ်လို့ တွေးခဲ့တယ်။ ကျွန်မဟာ တာဝန်တချို့ကို ကိုယ့်ရဲ့ ရှေ့ရေးနဲ့ ရည်မှန်းချက်အတွက်ပဲ လုပ်ခဲ့တာလေ။ ကျွန်မ အခွင့်အရေးသမားလုံးလုံး မဟုတ်ခဲ့ဘူးလား။ ဘုရားသခင်က အရာအားလုံးကို စိစစ်ပါတယ်။ ကိုယ့်တာဝန်တွေမှာ မရိုးသားတဲ့သူတိုင်း ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ကျွန်မက လှည့်ဖြားတတ်တဲ့ နည်းလမ်းတွေကနေ ဘုရားသခင်ရဲ့ ကောင်းချီးကို ရရှိနိုင်မှာပဲလို့တွေးမိအောင် ကိုယ့်ကိုယ်ကိုယ် လှည့်စားခဲ့တယ်။ အဲဒါ အရမ်းမိုက်မဲတာ မဟုတ်ဘူးလား။ ကျွန်မရဲ့ သရုပ်သကန်တွေ အားလုံးက ဖယ်ထုတ်ပစ်ခံခဲ့ရတဲ့ မယုံကြည်သူတွေရဲ့ သရုပ်သကန်တွေနဲ့ ဘယ်လိုများ ကွာခြားခဲ့လို့လဲ။ ဒီလို ဆက်လုပ်နေရင် ကိုယ့်ရဲ့ ကိုယ်ပိုင်အဆုံးသတ်နဲ့ ပန်းတိုင်ကို ဖျက်ဆီးမိမှာပဲပေါ့။ ဒါကို ပိုတွေးလေလေ၊ ပိုကြောက်လေလေဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီမှာ နောင်တရဖို့ ဆုတောင်းခဲ့ပြီး ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို လိုက်စားချင်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ အားလုံးသည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးစိုက်သောသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုစိတ် ရှိကြသည်။ အလုပ်တစ်ခုကို တာဝန်ယူထမ်းရွက်နိုင်ပြီး ၎င်းတို့၏ အစွမ်းအစနှင့် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းစွာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အစပိုင်းတွင် ဤအသက်တာကို နေသားတကျဖြစ်အောင် ပြုလုပ်ရန် အခက်အခဲ ဖြစ်နိုင်သည်မှာ မှန်သည်။ သင်သည် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နိုင်သည်။ သို့ရာတွင် သင်သည် ကိုယ့်ကဏ္ဍကိုယ် လုပ်ဆောင်ရန် အမှန်တကယ် စိတ်ပြတ်သားမှုရှိပြီး ပုံမှန်ဖြစ်ပြီး ကောင်းမွန်သော သူတစ်ယောက် ဖြစ်လာလိုစိတ်ရှိလျှင်၊ ကယ်တင်ခြင်းကို ရရှိလိုစိတ်ရှိလျှင် သင်သည် အဖိုးအခအနည်းငယ်ပေးဆပ်ပြီး ဘုရားသခင်က သင့်ကို ပဲ့ပြင်ဆုံးမသည်ကို ခွင့်ပေးရမည်။ သင်သည် တစ်ဇွတ်ထိုးလုပ်ဆောင်လိုစိတ် ပြင်းပြသောအခါ ယင်းကို ပုန်ကန်ပြီး လက်လွှတ်ရမည်။ တဖြည်းဖြည်းချင်းဖြင့် သင်၏ တစ်ဇွတ်ထိုးလုပ်ဆောင်မှုနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို လျှော့ချရမည်။ အရေးပါသော ကိစ္စများတွင်၊ အရေးပါသော အချိန်များတွင်၊ ပြီးလျှင် အရေးပါသောအလုပ်တာဝန်များတွင် ဘုရားသခင်၏ အကူအညီကို သင် ရှာဖွေရမည်။ သင်သည် အမှန်ပင် စိတ်ခိုင်မာမှုရှိလျှင် ဘုရားသခင်အား သင့်ကို ရိုက်နှက်ဆုံးမပြီး ပဲ့ပြင်ဆုံးမရန်၊ သမ္မာတရားကို နားလည်နိုင်ဖို့ သင့်အား ဉာဏ်အလင်းဖွင့်ပြရန် တောင်းဆိုသင့်သည်။ ဤနည်းအားဖြင့် သင်သည် ပို၍ကောင်းသောရလဒ်များကို ရရှိလိမ့်မည်။ သင်သည် အမှန်တကယ် စိတ်ခိုင်မာမှုရှိလျှင်၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် ဘုရားသခင်အား ဆုတောင်းပြီး အသနားခံလျှင် ဘုရားသခင်က အလုပ်လုပ်လိမ့်မည်။ သူသည် သင်၏ အခြေအနေနှင့် အတွေးများကို ပြောင်းလဲလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အနည်းငယ် အလုပ်လုပ်လျှင်၊ သင့်အား အနည်းငယ်တို့ထိပြီး အနည်းငယ် ဉာဏ်အလင်းဖွင့်ပြလျှင် သင်၏ စိတ်နှလုံးက ပြောင်းလဲလိမ့်မည်။ သင်၏ အခြေအနေလည်း ပြောင်းလဲလိမ့်မည်။ ဤပြောင်းလဲမှု ဖြစ်ပေါ်သောအခါ ဤသို့အသက်ရှင်ခြင်းသည် မွန်းကျပ်မှုမရှိဆိုသည်ကို သင်ခံစားရလိမ့်မည်။ သင်၏ ဖိနှိပ်ချုပ်ချယ်ခံရသည့် အခြေအနေနှင့် စိတ်ခံစားချက်များသည် ပြောင်းလဲပြီး သက်သာသွားလိမ့်မည်။ ယခင်ကနှင့် တူမည်မဟုတ်တော့ပေ။ ဤသို့အသက်ရှင်ခြင်းသည် ပင်ပန်းခြင်းမရှိသည်ကို သင်ခံစားရလိမ့်မည်။ သင်သည် ဘုရားအိမ်တော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်လျက် ပျော်မွေ့မှုကို ရှာတွေ့လိမ့်မည်။ ဤနည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ ဆင်းရဲဒုက္ခကို ခံယူပြီး အဖိုးအခ ပေးဆပ်ခြင်း၊ စည်းကမ်းများကို လိုက်လျှောက်ပြီး စည်းမျဉ်းများကို အခြေခံကာ အမှုအရာများကို လုပ်ဆောင်ခြင်းတို့သည် ကောင်းသော အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်ဟု သင်ခံစားရမည်။ ဤသည်မှာ ပုံမှန်လူတို့ရှိသင့်သည့် ဘဝမျိုးဖြစ်သည်ဟု သင်ခံစားရမည်။ သင်သည် သမ္မာတရားဖြင့် အသက်ရှင်ပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်သောအခါ သင်၏ စိတ်နှလုံးက တည်ငြိမ်ပြီး ငြိမ်သက်ခြင်း ရှိသည်ဟုလည်းကောင်း၊ သင်၏ ဘဝက အဓိပ္ပာယ် ရှိသည်ဟုလည်းကောင်း ခံစားရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တာက ဘုရားသခင်အပေါ် ရိုးရိုးသားသား ယုံကြည်ကြတဲ့သူတွေဟာ မှန်ကန်တဲ့အလုပ်ကို အာရုံစိုက်ကြတယ်။ သူတို့ရဲ့ တာဝန်တွေကို ဘယ်လို ကောင်းကောင်း ထမ်းဆောင်မလဲ၊ အကောင်းဆုံး ရလဒ်တွေ ရရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို အမြဲ စဉ်းစားကြတယ်။ သူတို့ဟာ ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ဖို့ ဆန္ဒရှိကြတယ်။ ပြီးတော့ တခြားသူတွေရဲ့ ကြီးကြပ်မှုကိုလည်း လက်ခံနိုင်ကြတယ်။ သူတို့ရဲ့ အလုပ်မှာ လမ်းလွဲတာတွေကို ခဏခဏ ဆင်ခြင်သုံးသပ်ပြီး ဘယ်လိုပြဿနာတွေကိုမဆို တွေ့တာနဲ့ ချက်ချင်း ပြင်ဆင်ကြတယ်။ ဘုရားသခင်အိမ်တော်ရဲ့ အလုပ်ကို ပိုအလေးထားပြီး မှန်ကန်တဲ့ ကိစ္စတွေကို စိတ်ထဲမှာ ထားရင် နည်းနည်းလေး ဒုက္ခခံရလို့ စိတ်ဓာတ်ကျတာမျိုး ဒါမှမဟုတ် ချုပ်ထိန်းခံရတာမျိုး ခံစားရမှာမဟုတ်ဘူးဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ အချိန်တစ်ခုကြာတော့ ဆိုးယုတ်တဲ့သူတစ်ယောက်အကြောင်း အချက်အလက်တွေ ကျွန်မစုဆောင်းခဲ့တယ်။ ခေါင်းဆောင်တွေက သိသွားတဲ့အခါ ဒါကို ဘယ်တော့ စီစဉ်ပြီးနိုင်မလဲလို့ မေးခဲ့ပါတယ်။ ကျွန်မ တွေးလိုက်တယ်။ “ဒီလူက အခုမှ တခြားအသင်းတော်ကနေ ငါတို့ အသင်းတော်ကို ပြောင်းလာတာ။ သူ့ရဲ့ ဒုစရိုက်အမှုတချို့အတွက် သူ့ရဲ့ အရင်အသင်းတော်နဲ့ မေးမြန်းပြီး အတည်ပြုဖို့ လိုတယ်။ အဲဒီတော့ ဒါကိုစုစည်းဖို့ လွယ်မှာမဟုတ်ဘူး။ နောက်ပြီးတော့လည်း ငါ့မှာ အမြန်ဆုံး ဖြည့်စွက်ဖို့ လိုတဲ့ တခြားအချက်အလက်တွေလည်းရှိသေးတယ်။ ငါ့ရဲ့ဇာတိပကတိကတော့ ဒုက္ခနည်းနည်း ထပ်ခံရဦးမယ်ထင်ပါတယ်လေ”ပေါ့။ အဲဒီအချိန်မှာ ကျွန်မဟာ ဇာတိပကတိကို အလေးထားနေပြန်ပြီဆိုတာကို သဘောပေါက်ခဲ့တယ်။ အရင်က ကျွန်မဟာ အလုပ်တိုးတက်မှုကို ဘယ်လို နှေးကွေးစေခဲ့လဲဆိုတာကို ဆင်ခြင်သုံးသပ်ရင်း အခုတော့ ထပ်နှောင့်နှေးလို့မဖြစ်နိုင်တာကို သိခဲ့တယ်။ နောက်ပြီး ဒီလူက အသင်းတော်ထဲ ညီအစ်ကိုမောင်နှမတွေ စိတ်သဘောထားမတိုက်ဆိုင်အောင် လှုံ့ဆော်ပြီး ဖိနှိပ်နေခဲ့တာလေ။ ဒီလူကို အမြန်ဆုံး ဖယ်ရှားဖို့လိုအပ်ပါတယ်။ အချက်အလက်တွေကို ကျွန်မ နားလည်ပြီး အတည်ပြုလို့ရအောင် ကူညီပေးဖို့ သက်ဆိုင်တဲ့သူတွေ ချက်ချင်းပဲ စီစဉ်လိုက်တယ်။ လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေ အားလုံးကို မကြာခင်မှာ စုဆောင်းပြီးစီးခဲ့တာပေါ့။ ညီအစ်ကိုမောင်နှမ ၈၀% ရဲ့ သဘောတူညီချက်နဲ့ အဲဒီဆိုးယုတ်တဲ့သူကို အသင်းတော်ကနေ နှင်ထုတ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ ဇာတိပကတိကို အလေးမထားဘဲ ကိုယ့်တာဝန်အပေါ် အာရုံစိုက်တဲ့အခါ ကျွန်မစိတ်နှလုံးထဲမှာ အရမ်းတည်ကြည်ခိုင်မာတယ်လို့ ခံစားလိုက်ရတယ်။ အဲဒီအချိန်ကစပြီး ကျွန်မ တာဝန်တွေ ထမ်းဆောင်တဲ့အခါ ကျွန်မအလုပ်ကို အချိန်နဲ့တစ်ပြေးညီ တင်ပြခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မအလုပ်ကို ကြီးကြပ်ပြီး စစ်ဆေးတဲ့အခါ အတိုက်အခံလုပ်စိတ် မရှိတော့ဘူး။ အဲဒီအစား သူတို့ရဲ့ ကြီးကြပ်မှုကနေ ကျွန်မအလုပ်မှာ လမ်းလွဲမှုတွေကို ကျွန်မ တွေ့ရှိခဲ့ပြီး အဲဒါတွေကို ချက်ချင်း ပြင်ဆင်ခဲ့တယ်။ ဥပမာအနေနဲ့ အလုပ်တိုးတက်မှု နှေးကွေးတာနဲ့ ပတ်သက်ပြီး မေးတဲ့အခါ ကျွန်မတို့ရဲ့ အကျဉ်းချုပ်ကနေတစ်ဆင့် ဆင်ခြင်သုံးသပ်ပြီး ဒါဟာ အဓိကအားဖြင့်တော့ ပိုအရေးကြီးတဲ့ အလုပ်တွေကို ကျွန်မ ဦးစားပေးနိုင်စွမ်း မရှိတာကြောင့် ဖြစ်တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ချက်ချင်း ပြုပြင်ခဲ့တယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်တဲ့အခါ ကျွန်မဟာ ဖိနှိပ်ခံရတဲ့စိတ် ဒါမှမဟုတ် အတိုက်အခံလုပ်စိတ် မရှိတော့ဘူး။ နောက်ပြီးတော့ ကျွန်မတာဝန်ရဲ့ ထိရောက်မှုဟာလည်း သိသိသာသာ တိုးတက်လာခဲ့တယ်။ တစ်လအတွင်း ရွေးထုတ်တဲ့ အချက်အလက်ပမာဏက အရင်ကထက် နှစ်ဆ ပိုများလာခဲ့တယ်။ ဒါတွေအားလုံးက ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ ရလဒ်ကြောင့်ဆိုတာ ကျွန်မ သိတယ်လေ။ ပြီးတော့ ကျွန်မ ဘုရားသခင်ကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
၂၀၁၇ ခုနှစ်မှာ ခေါင်းဆောင်နေရာအတွက် ကျွန်မရွေးချယ်ခံရပြီးတော့ အသင်းတော်သုံးခု လေးခုရဲ့အမှုတော်အတွက် တာဝန်ပေးအပ်ခံရပါတယ်။...
ဂျိန်း ဖိလစ်ပိုင်နိုင်ငံ ၂၀၁၉ ဇူလိုင်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ...
လီချမ်း တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်၊ သြဂုတ်လနောက်ပိုင်းမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရပြီး ရှင်းယန်နဲ့ တွဲလုပ်ရတယ်။...
ဂျွိုင်း ဖိလစ်ပိုင်နိုင်ငံဒီနေ့ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်က ဂျွိုင်းလို့အမည်ရပါတယ်။ သူက ဖိလစ်ပိုင်က ညီမတစ်ယောက်ပါ။ အရင်တုန်းက သူက လူတွေကို...