တွဲဖက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းသည် တာဝန်တွင် အဓိကသော့ချက်ဖြစ်သည်

21.07.2022

ကျင့်ခေါက် အမေရိကန်နိုင်ငံ

၂၀၂၀ ခုနှစ် နွေရာသီမှာ အစ်မဝမ်နဲ့ ကျွန်မက အဆင့်မီ ဗီဒီယိုတွေကို ဆေးရောင်ခွဲဖို့ အတူလုပ်ကြတယ်။ ကျွန်မက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အလုပ်တွေကို တာဝန်ပေးခဲ့တာလေ၊ ဒီတော့ ရုပ်ရှင်တွေကို ကျွန်မ ကြီးကြပ်နေတုန်းမှာ တေးဂီတဗီဒီယိုတွေကို ကိုင်တွယ်ဖို့ အစ်မဝမ်ကို ကျွန်မ စီစဉ်ခဲ့တယ်။ ကိုယ့်ဘာသာ ရုပ်ရှင်ဆေးရောင်ခွဲတာ ကိုင်တွယ်နိုင်မယ်လို့ ထင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ အရင်က ရုပ်ရှင် တော်တော်များများကို ကျွန်မဖာသာ ပြီးခဲ့တာလေ။ အစ်မဝမ်လည်း အရင်က ရုပ်ရှင်တွေကို ဆေးခြယ်ခဲ့ဖူးပေမဲ့၊ သူ့ထက် ကျွန်မ ပိုလုပ်ခဲ့တာလေ။ ဒီတော့ သူ ပါစရာမလိုဘူးလို့ ခံစားခဲ့တယ်။ ဒါ့အပြင်၊ အဲဒါကို ကျွန်မ သီးခြား လုပ်လိုက်ရင်၊ ချီးကျူးတာကို ကျွန်မ ခံရမှာ၊ အဲဒါက ကျွန်မရဲ့ အစွမ်းအစတွေကို ပိုမီးမောင်းထိုးပေးမှာဖြစ်ပြီး၊ ညီအစ်ကို မောင်နှမတွေကို ကျွန်မအပေါ် အထင်ကြီးစေမှာ။ နောက်ပိုင်းမှာ အရောင်သတ်မှတ်ခြင်းမရှိတဲ့ ပုံနေတဲ့ ရိုက်ချက်တွေက ကျွန်မရဲ့ အလုပ်ပမာဏကို ပိုများစေခဲ့တယ်။ အပြီးသေးတဲ့ ရိုက်ချက်တွေကို အမှီလိုက်ဖို့ ကြိုးစားရင်းနဲ့ နေ့တိုင်း ကျွန်မ အချိန်ပိုလုပ်ခဲ့တယ်။ တစ်ခါတစ်ရံ ကျွန်မ ညနှက်သန်းခေါင် အလုပ်လုပ်နေတုန်းမှာ အစ်မဝမ်က စောစော အိပ်သွားတာကို မြင်ရတယ်။ အစ်မဝမ်က ကျွန်မ မနက်စောစော ပိုနိုးပြီး အရမ်း ပင်ပန်းခဲ့တယ်။ ဒါပေမဲ့ အစ်မဝမ်ကို ကျွန်မနဲ့အတူ ဝန်ထုပ်မျှဝေခွင့် မပေးချင်ခဲ့ဘူး။ သူ ပါဝင်တာနဲ့၊ ရုပ်ရှင်ရဲ့ အဆုံးမှာ အရောင်ခွဲတာကို ချီးကျူးရမဲ့ နာမည်နှစ်ခုရှိသွားမှာပဲလို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မ နာမည်တစ်ခုပဲ ဖြစ်လေ့ရှိခဲ့ပေမဲ့၊ အစ်မဝမ်ကို ဖြည့်လိုက်ရင်၊ ကျွန်မအလုပ်ထဲက ကျွန်မရဲ့ လုပ်နိုင်စွမ်းတွေက ညံ့တယ်လို့ ညီအစ်ကို မောင်နှမတွေက သေချာပေါက် ထင်ကြမှာ။ အဲဒါက ရှက်စရာ ဖြစ်မှာပဲ။ တစ်ခါတစ်လေ ကျွန်မ တွေးမိတယ်၊ အစ်မဝမ်ကို ကူညီခွင့်ပေးလိုက်ရင်၊ ကိစ္စတွေက ပိုမြန်ဆန်သွားမယ်၊ အရမ်း အလုပ်များမှာ မဟုတ်သလို၊ တစ်ယောက်တည်း လုပ်တာထက် ရလဒ်တွေ ပိုကောင်းမှာပဲလို့ပေါ့။ ဒါပေမဲ့ သူ့နဲ့အတူ ချီးကျူးခံရဖို့ တွေးတဲ့အခါ၊ ကျွန်မ မကျေမနပ် ဖြစ်သွားတယ်။ ဒီတော့၊ အဲဒီလိုနဲ့ပဲ ရုပ်ရှင်တွေကို ဆေးရောင်ခွဲရာမှာ လုံးဝ ပါဝင်ခွင့်မပေးခဲ့ဘူး။ အစ်မဝမ်က သူ့တာဝန်မှာ ဝန်မထမ်းဘူးလို့ ညီအစ်မတစ်ယောက်က ပြောပြပြီး သူ့ကို မိတ်သဟာယပြုပေးဖို့ တောင်းဆိုတဲ့ နေ့အထိ၊ အဲဒီတုန်းက ကျွန်မ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသုံးသပ်ခဲ့ဘူး။ ကျွန်မ ရုတ်တရက် တွေးမိတယ်၊ “အစ်မဝမ် ဝန်မထမ်းတာက ငါနဲ့ ဘာပတ်သက်လို့လဲ။ နေ့တိုင်း ငါ အရမ်းအလုပ်များနေပြီး၊ သူ့မှာ အချိန်ရှိတာ သိခဲ့ပေမဲ့ ရုပ်ရှင် ဆေးရောင်ခွဲတဲ့ အလုပ်တွေကို သူ့ကို တာဝန်မပေးခဲ့ဘူး၊ အဲဒါက သူ့ကို ဘာမှလုပ်စရာမရှိ ဖြစ်စေတာပဲ”လို့ပေါ့။ ဒါကို လုပ်တာက မမှန်သလို၊ ရုပ်ရှင်တွေကို ဆေးရောင်ခွဲတာ တစ်ယောက်တည်းလုပ်ရင်၊ နောက်ဆုံးမှာ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်နှေးစေမှာမှန်း ကျွန်မ ရေးရေးလေး သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ နည်းနည်း အချိန်ပိုပေးတာနဲ့ ကျွန်မ ကိုင်တွယ်နိုင်မယ် ထင်လို့ ကိစ္စတွေကို အဲဒီအတိုင်း ထားခဲ့လိုက်တယ်။ ကျွန်မရဲ့ ရည်ရွယ်ချက် မှားမှန်း သဘောပေါက်ပေမဲ့၊ ကျွန်မ လက်မလွှတ်နိုင်သေးဘူး၊ အဲဒါက ကျွန်မအတွက် အရမ်းကို နာကျင်စရာဖြစ်လို့၊ ကိုယ့်ရဲ့ မမှန်တဲ့ ရည်ရွယ်ချက်တွေကို စွန့်လွှတ်ရာမှာ လမ်းပြဖို့ တောင်းလျှောက်ရင်း ဘုရားဆီ ဆုတောင်းခဲ့တယ်။

တစ်နေ့၊ ကျွန်မရဲ့ ဝတ်ပြုဆုတောင်းခြင်းထဲမှာ၊ ဘုရားနှုတ်ကပတ်တော် ဖတ်တဲ့ ဗီဒီယိုကြည့်ခဲ့တယ်။ “ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အလုပ်ဖော်များရှိပြီး မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်သောသူတိုင်းတွင် အလုပ်ဖော် တစ်ယောက်ရှိသော်လည်း အန္တိခရစ်များသည် ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး သာမန်လူများထက်ပို၍တော်သည်၊ ထို့ကြောင့် သာမန်လူများသည် ၎င်းတို့၏ အလုပ်ဖော်ဖြစ်ရန် မထိုက်တန်ဘဲ အားလုံးက ၎င်းတို့ထက် နိမ့်ကျသည်ဟု ယုံကြည်ကြသည်။ ဤအတွက်ကြောင့် အန္တိခရစ်များသည် အဆုံးအဖြတ်ပေးလိုပြီး အမှုကိစ္စများကို အခြားမည်သူနှင့်မျှ မဆွေးနွေးလိုခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် မိုက်မဲပြီး အရည်အချင်းမရှိသည့်ပုံပေါ်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်သို့သော အမြင်မျိုးဖြစ်သနည်း။ အဘယ်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုဖြစ်သလော။ အမှုကိစ္စများကို သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆွေးနွေးခြင်းသည်၊ ၎င်းတို့ထံမှ အဖြေကို ရှာဖွေပြီး မေးခွန်းများမေးခြင်းသည် သိက္ခာမရှိဖြစ်ပြီး အောက်ကျသည်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုအား ထိခိုက်စေခြင်းဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ မိမိကိုယ်ကို လေးစားမှုအား ကာကွယ်ရန်အတွက် ထိုသူတို့နှင့် ဆွေးနွေးဖို့ မဆိုထားနှင့်၊ ၎င်းတို့လုပ်သမျှတွင် ပွင့်လင်းမြင်သာမှုကို ခွင်မပြုသကဲ့သို့ အခြားလူများကိုလည်း မပြောပြပေ။ အခြားလူများနှင့် ဆွေးနွေးခြင်းသည် သူတို့ကိုယ်သူတို့ အရည်အချင်းမရှိဟု ပြခြင်းဖြစ်သည်၊ အခြားလူများ၏ ထင်မြင်ချက်ကို အစဉ်တောင်းခံခြင်းသည် တုံးအခြင်းဖြစ်ပြီး မိမိအတွက် စဉ်းစားနိုင်စွမ်း မရှိခြင်းဖြစ်သည်၊ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင်၊ သို့မဟုတ် ပြဿနာအချို့ကို ဖြေရှင်းရာတွင် အခြားလူတို့နှင့် အလုပ်လုပ်ခြင်းသည် ၎င်းတို့အား အသုံးမဝင်သည့် ပုံစံပေါ်စေသည်ဟု ၎င်းတို့က ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ မာနထောင်လွှားပြီး အဓိပ္ပာယ်မရှိသော စိတ်ထားမဟုတ်သလေား။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမဟုတ်သလော။ ၎င်းတို့အတွင်းရှိ မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်ခြင်းသည် သိသာလွန်းသည်။ ၎င်းတို့သည် သာမန်လူသားအကြောင်းပြချက်အားလုံး ဆုံးရှုံးခဲ့ပြီး စိတ်မတည်ငြိမ်ပေ။ ၎င်းတို့သည် အရည်အချင်းများရှိသည်၊ အမှုကိစ္စများကို မိမိတို့ဘာသာ ပြီးမြောက်စေနိုင်သည်၊ သူတစ်ပါးတို့နှင့် ညှိုနှိုင်းဆောင်ရွက်ရန်မလိုအပ်ဟု အစဉ်ထင်မြင်ကြသည်။ ၎င်းတို့တွင် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသောကြောင့် ၎င်းတို့သည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို မရရှိနိုင်ကြပေ။ ၎င်းတို့က အခြားလူများနှင့် အလုပ်လုပ်ခြင်းသည် ၎င်းတို့၏ အာဏာကို လျော့စေပြီး ပြိုကွဲစေသည်၊ အလုပ်ကို အခြားလူတို့နှင့် ဝိုင်းလုပ်သည့်အခါ ၎င်းတို့၏ ကိုယ်ပိုင်အာဏာသည် လျော့နည်းသွားသည၊ ၎င်းတို့ကိုယ်တိုင်အတွက် မည်သည့်အရာကိုမျှ မဆုံးနိုင်ပေ၊ ဤသည်မှာ တကယ့်အာဏာမရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရသည်၊ ၎င်းတို့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့တွင် မည်သည့်အရာဖြစ်ပျက်ပါစေ ၎င်းတို့သည် ယင်းကိုနားလည်ပြီး မည်သို့ကိုင်တွယ်ရမည်ကို သိသည်ဟု ၎င်းတို့က ယုံကြည်လျှင် အခြားမည်သူနှင့်မျှ မဆွေးနွေးပေ။ ၎င်းတို့သည် ယင်းကို ဆက်လက် ထိန်းချုပ်လိုလိမ့်မည်။ ၎င်းတို့သည် အခြားလူတို့ကို ပေးသိရမည့်အစား အမှားများကိုသာ ပြုလုပ်လိုကြသည်။ အခြားလူတစ်ယောက်နှင့် အာဏာကို မျှဝေရမည့်အစား မှားယွင်းခြင်းသာဖြစ်လိုကြသည်။ အခြားလူတို့ကို ၎င်းတို့အလုပ်အား ဝင်ရောက်စွက်ဖက်ခွင့်ပြုမည့်အစား အထုတ်ခံရခြင်းကိုသာ ပို၍နှစ်သက်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အာဏာကို အခြားတစ်ယောက်ယောက်နှင့် မျှဝေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုသာ ထိခိုက်စေမည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုသာ အလောင်းအစားလုပ်မည်။ ၎င်းတို့သည် အလုပ်အစိတ်အပိုင်းတစ်ခု၊ သို့မဟုတ် အချို့ကိစ္စများကို ကိုင်တွယ်သည့်အခါတွင် အယူဝါဒအချို့ကို ၎င်းတို့နားလည်ပြီး ၎င်းတို့ကိုယ်တိုင် လုပ်ကိုင်နိုင်စွမ်းရှိသရွေ့ အခြားမည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်ရန် မလိုအပ်ဟု ထင်မြင်ကြသည်။ တစ်ဦးတည်းဆောင်ရွက်ပြီး ပြီးမြောက်သင့်သည်၊ ဤသည်ကသာ ၎င်းတို့ကို အရည်အချင်း ရှိစေသည်ဟု ထင်ကြသည်။ ဤအမြင်မှာ မှန်ကန်သလော။ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ခြင်းရှိမရှိကို ၎င်းတို့မသကြိပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းပေ။ ထို့ကြောင့် ဘုရားသခင်၏ စေခိုင်းချက်ကို အပြီးမသတ်နိုင်ဘဲ အစေခံခြင်းသာ ပြုလုပ်ကြသည်။ တာဝန်ထမ်းဆောင်ရာတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရမည့်အစား ၎င်းတို့၏ အတွေးများ၊ ရည်ရွယ်ချက်များနှင့်အညီ အာဏာကို အသုံးချသည်။ ကြွားဝါသည်။ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြကြသည်။ ၎င်းတို့၏ အလုပ်ဖော်သည် မည်သူဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကိစ္စများကို မည်သည့်အခါမျှ မဆွေးနွေးလိုပေ။ ၎င်းတို့သည် မိမိတို့ဘာသာ ဆောင်ရွက်လိုကြသည်။ အစဉ်သဖြင့် အဆုံးအဖြတ်ပေးခွင့် ရရှိလိုကြသည်။ ၎င်းတို့သည် အမှုကိစ္စများလုပ်ဆောင်ရန်အတွက် သိသိသာသာပင် အာဏာကို ဆော့ကစားနေပြီး အာဏာကို အသုံးပြုနေခြင်းဖြစ်သည်။ အန္တိခရစ်အားလုံးသည် အာဏာကို ချစ်သည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိသောအခါ အာဏာကိုပို၍ ရချင်သည်။ အန္တိခရစ်များသည် အာဏာကို ပိုင်ဆိုင်သောအခါ ကြွားဝါတတ်ကြသည်။ မိမိတို့ကိုယ်ကို ပြစားဝင့်ဝါကြသည်။ လူအစုအဝေးထဲတွင် ထင်ပေါ်လိုကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် အာဏာနှင့် အဆင့်အတန်းကို စွဲလန်းပြီး ယင်းကို မည်သည့်အခါမျှ လုံးဝ စွန့်လွှတ်မည်မဟုတ်ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်မှာ၊ အန္တိခရစ်တွေဟာ အရမ်းမာနထောင်လွှားတဲ့ စိတ်သဘောထားရှိပြီး ဘယ်သူနဲ့မှ မပူးပေါင်းတာကို တွေ့ရတယ်။ တခြားလူတွေနဲ့ အလုပ်မျှလုပ်ရင်၊ အရည်အချင်း မပြည့်တဲ့ပုံပေါ်မယ်၊ အာဏာက လွင့်ပြယ်သွားပြီး တခြားလူတွေရဲ့ လေးစားတာ ခံရမှာမဟုတ်ဘူးလို့ ထင်ကြတယ်။ ဒါကြောင့်၊ သူတို့က တခြားလူတွေနဲ့ အလုပ်မျှလုပ်တာထက် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်ခွင့်ပြုကြမှာပဲ။ ကျွန်မလည်း အတူတူပဲဖြစ်မှန်း သုံးသပ်ပြီး သဘောပေါက်သွားတယ်။ အစ်မဝမ်ရဲ့ ပါဝင်မှုက ကျွန်မကို အရည်အချင်း မပြည့်သလို ထင်စေပြီး ကျွန်မပုံရိပ်ကို ထိခိုက်မှာကြောက်လို့ ရုပ်ရှင်ဆေးရောင်ခွဲရာမှာ သူ့ကို မပါစေချင်ခဲ့ဘူး၊ ဒါကြောင့် တစ်ယောက်ထဲ လုပ်ခဲ့တာ။ အကျိုးဆက်အနေနဲ့ ကျွန်မ မောပြီး အလုပ်က နှောင့်နှေးသွားတယ်။ ကျွန်မ တကယ်ကို မာနထောင်လွှားပြီး ယုတ္တမတန်လွန်းခဲ့တာ။ ဘုရားအိမ်တော်ထဲမှာ ဘာအလုပ်ပဲရှိရှိ၊ တစ်ယောက်ထဲ ဘယ်သူမှ မလုပ်နိုင်ဘူး။ လူတိုင်းက တွဲဖက်နဲ့ အကူအညီလိုပြီး၊ ဘယ်သူမှ မပြည့်စုံလို့ ညီအစ်ကို မောင်နှမတွေက အလုပ်ပြီးစီးဖို့ တစ်စိတ်တစ်ဝမ်းတည်းနဲ့ အတူအလုပ်လုပ်ဖို့ လိုတယ်။ သူတို့ရဲ့ အစွမ်းအစ ဘယ်လောက်ပဲမြင့်ပါစေ၊ သူတို့ရဲ့ ဆုကျေးဇူးနဲ့ ပါရမီတွေ ဘာပဲဖြစ်ဖြစ်၊ လူတိုင်းမှာ အားနည်းချက်နဲ့ ချွတ်ယွင်းချက်တွေ ရှိသလို၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ပြီး၊ ဘုရားစေခိုင်းချက်ကို ပြီးစီးဖို့ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး ကိုယ့်တွဲဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သင်ယူဖို့ လိုတယ်။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားပြီး ကြီးကျယ်ခဲ့တယ်။ ကိုယ့်တာဝန်မှာ ရည်မှန်းချက် ကြီးလွန်းခဲ့တယ်၊ ချီးကျူးတာအားလုံး လိုချင်ခဲ့ပြီး တခြားလူတွေကို ကျွန်မအပေါ် လေးစားစေချင်ခဲ့တယ်၊ ဒါကြောင့် ဘယ်သူနဲ့မှ တွဲမလုပ်ခဲ့ဘူး။ ကျွန်မအလုပ်ကို လူတွေ ပူးပေါင်း၊ နှောင့်ယှက်ခွင့်ပေးဖို့ထက် ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်နှေးစေချင်ခဲ့တယ်။ ကျွန်မတာဝန်ကို ဒီလိုလုပ်ခြင်းအားဖြင့်၊ ကောင်းတဲ့လုပ်ရပ်တွေ တိုးပွားနေတာမဟုတ်ဘူး၊ မကောင်းမှု လုပ်နေခဲ့တာ။ ဒါကို သဘောပေါက်သွားတော့၊ အရမ်းဝမ်းနည်းမိလို့၊ ဘုရားရှေ့လာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မ အရမ်းမာနထောင်လွှားပြီး လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား မရှိခဲ့မှန်း မြင်ပါတယ်။ နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် သိအောင် ကျွန်မကို လမ်းပြပါ” လို့ပေါ့။

တစ်နေ့ ကျွန်မရဲ့ အခြေအနေနဲ့ ဆက်နွှယ်တဲ့ ဘုရားနှုတ်ကပတ်တော် အပိုင်းတွေကို ရှာနေခဲ့ပြီး၊ ဒီစာပိုဒ်ကို တွေ့ခဲ့တယ်၊ “မိမိတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ မိမိတို့၏ စိတ်နှလုံး၊ အားအင်ရှိသမျှဖြင့် ထမ်းဆောင်ရမည်။ စိတ်နှလုံး၊ အားအင်ရှိသမျှကို အသုံးပြုခြင်းဆိုသည်မှာ တာဝန်ထမ်းဆောင်သည့်အပေါ်တွင် မိမိ၏ အတွေးများအားလုံးကို ထားရှိခြင်း၊ အခြားသောအရာများကို လွှမ်းမိုးခွင်မပေးခြင်း၊ ထို့နောက်တွင် မိမိတွင်ရှိသော အားအင်ကို အသုံးချခြင်း၊ မိမိ၏ အစွမ်းအလုံးစုံကို အသုံးပြုခြင်း၊ မိမိ၏ အစွမ်းအစ၊ ဆုကျေးဇူး၊ အားသာချက်များနှင့် တာဝန်ကို ခံယူရန် မိမိတို့နားလည်သည့်အရာများကို ယူဆောင်လာခြင်းအား ဆိုလိုသည်။ သင်သည် နားလည်သဘောပေါက်ကာ လက်ခံတတ်ပြီး ကောင်းသောစိတ်ကူးတစ်ခုရှိလျှင် ယင်းကို အခြားလူတို့နှင့် ဆက်သွယ်ပြောဆိုရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်သည့် အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ပုံ၊ သင့်တာဝန်တွင် ကျေနပ်ဖွယ်စွမ်းဆောင်မှုကို ရရှိမည့်ပုံ ဖြစ်သည်။ အလုပ်အားလုံးကို အစဉ်သယ်ဆောင်ပြီး အရာရာတိုင်းကို သင့်ဘာသာ တာဝန်ယူလုပ်ဆောင်ဖို့ ဆန္ဒရှိလျှင်၊ အခြားသူများအစား သင့်ကိုယ်သင်ပြသလျှင် သင့်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သလော။ သင်လုပ်ဆောင်သည့်အရာသည် အာဏာရှင်စနစ်ဟုခေါ်သည်။ ကြွားဝါနေခြင်းဖြစ်သည်။ ယင်းသည် ဆိုးယုတ်သော အပြုအမူဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ မိမိတို့၏ အားသာချက်များ၊ ဆုကျေးဇူးများ၊ သို့မဟုတ် အထူးပါရမီများက မည်သို့ဖြစ်စေ မည်သူကမျှ အလုပ်အားလုံးကို မိမိတို့ဘာသာ တာဝန်မယူနိုင်ပေ။ အသင်းတော်အလုပ်ကို ကောင်းစွာလုပ်ဖို့ဆိုလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူရမည်။ ထိုအတွက်ကြောင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတာဝန်ထမ်းဆောင်ခြင်း၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ အားအင်ရှိသမျှကို၊ သင်၏ သစ္စာစောင့်သိမှုရှိသမျှကို အသုံးချပြီး သင်လုပ်နိုင်သည့်အရာရာတိုင်းအား ပေးဆပ်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်တွင် အတွေး၊ သို့မဟုတ် စိတ်ကူးတစ်ခုရှိလျှင် အခြားသူများသို့ ပြောလော့။ ထိန်းမထားနှင့်၊ သို့မဟုတ် လျှိုမထားနှင့်။ သို့သော် အခြားလူတို့၏ ထင်မြင်ချက်များကိုလည်း အရေးစိုက်ရန် မပျက်ကွက်နှင့်။ မှန်ကန်သည့် မည်သူမဆို၏ စိတ်ကူးကို လက်ခံပြီး လိုက်နာရမည်။ ဤအရာကို လုပ်ဆောင်လော့။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို သင် စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ မိမိတာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်သည့် အဓိပ္ပာယ်ဖြစ်သည်။ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် အရာရာတိုင်းကို သင်ကိုယ်တိုင် တာဝန်မယူရသကဲ့သို့ အလွန်ပင်ပန်းစွာ အလုပ်မလုပ်ရပေ၊ သို့မဟုတ် ‘တစ်ပွင့်တည်းသောပန်း’ မဖြစ်ရပေ၊ သို့မဟုတ် ထူးခြားမနေရပေ။ ထို့ထက် သူတစ်ပါးတို့နှင့် မည်သို့ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ကို သင်ယူရမည်။ သင်တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ သင်၏ တာဝန်များကို ဖြည့်ဆည်းရမည်။ သင်၏ အားအင်အလုံးစုံကို အသုံးပြုရမည်။ ယင်းမှာ သင့်တာဝန်ကိုထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ရလဒ်တစ်ခုကို ရရှိရန်အလို့ငှာ် သင့်တွင်ရှိသော အစွမ်းနှင့် အလင်းအားလုံးကို ထုတ်ဖော်ပြရန် ဖြစ်သည်။ ယင်းမှာ လုံလောက်သည်။ အစဉ်သဖြင့် ကြွားဝါရန်၊ အစဉ်သဖြင့် အဆင့်မြင့်ပုံရသော အရာများကို ပြောဆိုရန် မကြိုးစားနှင့်။ သူတစ်ပါးတို့ကို မဆန့်ကျင်နှင့်။ အခြားလူတို့၏ အကြံပြုချက်များကို နားထောင်ပြီး ၎င်းတို့၏ အားသာချက်များကို ရှာဖွေတွေ့ရှိဖို့ သာ၍ အာရုံစိုက်လော့။ ဤနည်းအားဖြင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် လွယ်ကူလာသည်။ သင်သည် အစဉ် ကြွားဝါပြီး သင်ပြောသည့်အတိုင်း ဖြစ်စေလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နေခြင်းမဟုတ်ပေ။ မည်သည့်အရာကို သင်လုပ်ဆောင်နေခြင်းဖြစ်သနည်း။ သင်သည် အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းဖြစ်သည်။ အခြားသူတို့အားအနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းသည် စာတန်၏နေရာတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းသည် တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေသောအရာများကို အစဉ်လုပ်ဆောင်လျှင် သင်သည် မည်မျှ အားစိုက်ထုတ်ပါစေ၊ သို့မဟုတ် မည်မျှဂရုစိုက်ပါစေ ဘုရားသခင်က အမှတ်ရမည်မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) ဘုရားနှုတ်ကပတ်တော်ကို တွေးဆရင်းနဲ့ ကျွန်မ ရှက်မိတယ်။ ဘုရားနှုတ်ကပတ်တော်က ကျွန်မအခြေအနေကို ထုတ်ဖော်ပြခဲ့တယ်။ ကြွားဝါပြီး မိမိကိုယ်ကိုယ် တည်ဆောက်ဖို့နဲ့ အထင်ကြီးခံရဖို့၊ ရုပ်ရှင် အရောင်ခွဲတဲ့ အလုပ်ကို အစ်မဝမ် ပါဝင်ခွင့်မပေးဘဲ၊ တစ်ယောက်ထဲ ယူချင်ခဲ့တယ်။ ရုပ်ရှင်တိုင်းကို အရောင်ခွဲတာ သီးခြားလုပ်လေ့ရှိခဲ့လို့၊ အစ်မဝမ်ပါဝင်ခဲ့ရင် ချီးကျူးခံရတာကို ကျွန်မဆီက လုယူသွားမှာလို့ ခံစားခဲ့တယ်။ အဲဒီလိုနဲ့ ဘယ်သူကမှ ကျွန်မကို လေးစားမှာ မဟုတ်သလို၊ ကြွားစရာ အရင်းအနှီး ရှိမှာ မဟုတ်ဘူး။ အဲဒီအတိုင်း ဘေးဖယ်ပေးရမှာလို့ တွေးခဲ့တယ်။ ရုပ်ရှင်အတွက် အရောင်ခွဲတဲ့အလုပ်ပမာဏက များမှန်း၊ တစ်ယောက်ထဲလုပ်ရင် နှောင့်နှေးစေမှာဖြစ်ပြီး၊ ကျွန်မအစ်မ ပါဝင်ရင်၊ အလုပ်ပိုမြန်မြန်ပြီးပြီး ရလဒ်တွေ ပိုကောင်းမယ်မှန်းသိခဲ့ပေမဲ့၊ ပြီးတော့ အဖွဲ့ထဲက အလုပ်အများစုက ကျွန်မလက်ထဲမှာရှိမှန်း၊ ကျွန်မအစ်မက မကြာခဏ အားနေပြီး အလုပ်မရှိသလို သူ့အခြေအနေ ထိခိုက်မှန်း သိခဲ့ပေမဲ့၊ သူ့ကို ကျွန်မနဲ့ ဝန်ထုပ်မျှခံခွင့်မပေးဘဲ ရှိနေတုန်းပဲ။ အရေးပါတဲ့ ပံ့ပိုးမှုလုပ်ဖို့သာမက၊ ကျွန်မမှာ ကောင်းမွန်တဲ့ နည်းပညာနဲ့ အတတ်ပညာ ကျွမ်းကျင်မှုရှိတာကိုလည်း သက်သေပြဖို့ ရုပ်ရှင်အားလုံးနဲ့ အရောင်ခွဲတာကို ကိုယ့်ဘာသာ လုပ်ချင်ခဲ့တယ်။ ကျွန်မ တစ်ချိန်လုံး တွေးနေခဲ့တာက ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်း ဖြစ်မှန်း တွေ့ရတယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို လုံးဝ မစဉ်းစားခဲ့သလို၊ ကျွန်မအစ်မရဲ့ ခံစားချက်တွေကို ဂရုမစိုက်ခဲ့ဘူး။ ကျွန်မမှာ တကယ်ကို အသိစိတ် ဒါမှမဟုတ် လူ့သဘာဝ မရှိခဲ့တာ။ အပြင်ပန်းမှာ၊ ကျွန်မ ဝန်ထုပ်ထမ်း၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သလိုမျိုး၊ စောစောထပြီး နေ့တိုင်း ကြိုးစားအလုပ်လုပ်ခဲ့ပေမဲ့၊ တကယ်တော့ ကျွန်မက ကိုယ်ရေးကိုယ်တာ အားထုတ်မှုတွေ လုပ်ပြီး ကိုယ့်ကိုယ်ပိုင် ရည်မှန်းချက်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်းနေခဲ့တာပဲ။ အဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းနေခဲ့တာ လုံးဝ မဟုတ်ဘူး။ ကိုယ့်တာဝန်ကို လုပ်နေတယ်ဆိုတဲ့ မမှန်တဲ့ အကြောင်းပြချက်အောက်မှာ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်နေမိခဲ့တယ်။ ပြီးတော့ အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ် တွေ့ခဲ့တယ်။ “လူသားတို့အား မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ဘုရားသခင် တောင်းဆိုသည့်အခါ၊ ၎င်းတို့အား အလုပ်တာဝန်များကို အရေအတွက်တစ်ခုထိ ပြီးစီးဖို့၊ သို့မဟုတ် ဧရာမတာဝန်ယူမှု တစ်ခုတလေကို ပြီးမြောက်ဖို့ တောင်းဆိုနေခြင်း မဟုတ်ပေ၊ သို့မဟုတ် မည်သည့် ကြီးမားသည့် တာဝန်ယူခြင်းကိုမျှ ဆောင်ရွက်စေခြင်း မဟုတ်ပေ။ ဘုရားသခင်က လိုချင်သည်မှာ လူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ၎င်းတို့တတ်နိုင်သမျှအားလုံးကို လုပ်နိုင်စွမ်းရှိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ နေထိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ကြီးမြတ်ခြင်း သို့မဟုတ် မြင့်မြတ်ခြင်း ရှိစေလိုသည် မဟုတ်သကဲ့သို့၊ သူသည် သင့်အား အံ့သြဖွယ်ရာတစ်ခုခုကို ဖြစ်ပွားစေလိုသည်လည်း မဟုတ်၊ ထို့ပြင် သင့်အထဲ၌ နှစ်လိုဖွယ် အံ့အားသင့်စရာများကို တွေ့လိုခြင်းလည်း မဟုတ်ပေ။ ထိုသို့သောအရာများကို မြင်တွေ့လိုသည်လည်း မဟုတ်ပေ။ ကိုယ်တော်သည် ထိုကဲ့သို့သော အရာများကို အလိုရှိသည် မဟုတ်ပေ။ ဘုရားသခင် လိုအပ်သမျှမှာ သူ၏ နှုတ်ကပတ်တော်များနှင့်အညီ တည်ကြည်ခိုင်မာစွာ သင်လက်တွေ့လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်နားထောင်သည့်အခါ သင်နားလည်ခဲ့သည့်အရာကို လုပ်ဆောင်ပါ။ သင်သဘောပေါက်သည့်အရာကို ဆောင်ရွက်ပါ။ သင်မြင်ပြီးခဲ့သည့်အရာကို သတိရပါ။ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ဖို့ အချိန်ကျသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ပါ။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏အသက်၊ သင်၏လက်တွေ့အရှိတရားနှင့် သင် အသက်ရှင်နေထိုင်သည့် အရာဖြစ်လာနိုင်ပေသည်။ ဤအကြောင်းကြောင့် ဘုရားသခင် စိတ်ကျေနပ်လိမ့်မည်။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှုနှင့် ဂုဏ်အဆင့်အတန်းကို အစဉ်ရှာဖွေနေသည်။ သင်သည် ဂုဏ်သရေကို အစဉ်ရှာဖွေသည်။ ဘုရားသခင်သည် ၎င်းအဖြစ်ကိုတွေ့ပါက မည်သို့ခံစားရမည်နည်း။ ကိုယ်တော်သည် ၎င်းကို စက်ဆုပ်ပြီး မကြည့်လိုပေ။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှု စသောအရာများနောက်ကို လိုက်လေလေဖြစ်ပြီး၊ အခြားသူများထက် သာလွန်သော၊ အောင်မြင်သော၊ ထူးချွန်သော၊ ဂရုပြုထိုက်သောသူ ဖြစ်လိုလေလေ၊ ဘုရားသခင်သည် သင့်အားစက်ဆုပ်လေလေ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် သင့်ကို စက်ဆုပ်ရွံရှာပြီး စွန့်ပစ်လိမ့်မည်။ ဘုရားသခင် စက်ဆုပ်သောသူ မဖြစ်လေနှင့်။ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်အောင်နေလော့။ ဤသို့ဆိုလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို အကြင်သူသည် မည်သို့ ရရှိနိုင်သနည်း။ သမ္မာတရားကို ကျိုးကျိုးနွံနွံ လက်ခံခြင်း၊ ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ရပ်တည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်သဘောထားဖြင့် ပြုမူဆောင်ရွက်ခြင်း၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်း၊ ရိုးသားသောသူတစ်ဦးဖြစ်ဖို့ ကြိုးစားခြင်းနှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းအားဖြင့် ဖြစ်ပေသည်။ ဤသည်မှာ လုံလောက်ပေသည်။ ဘုရားသခင်သည် ကျေနပ်လိမ့်မည်။ လူတို့သည် လူတို့သည် ရည်မှန်းချက်များကို မကိုင်စွဲထားရန်၊ သို့မဟုတ် အချည်းနှီး အိပ်မက်များကို လက်သင့်မခံရန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို မရှာဖွေရန်၊ သို့မဟုတ် လူအများထဲတွင် ထင်ပေါ်ဖို့ မကြိုးစားရန် သေချာလုပ်ရမည်။ ထို့အပြင် ၎င်းတို့သည် လူသားတို့အလယ်တွင် သာလွန်ပြီး အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် ထင်ရှားကျော်ကြားသူတစ်ဦး၊ သို့မဟုတ် စွမ်းအားရှင်တစ်ဦး ဖြစ်ဖို့ မကြိုးစားရပေ။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အလိုဆန္ဒဖြစ်ပြီး ယင်းမှာ စာတန်လျှောက်သော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော လူများကို မကယ်တင်ပေ။ အကယ်၍ လူများက ကျော်ကြားမှု၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ပြီး နောင်တရဖို့ ငြင်းဆန်နေဆဲဖြစ်ပါက၊ ၎င်းတို့အတွက် ကုစားမှု မရှိပေ၊ ပြီးလျှင် ၎င်းတို့အတွက် အဆုံးသတ် တစ်ခုတည်းသာ ရှိသည်။ ဖယ်ရှားခံရဖို့ ဖြစ်ပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”)လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် မကောင်းမှုပြုသူဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထိုအစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အတိအကျဆိုလျှင် စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေးဘဲ၊ တကယ်တမ်းတွင် သင့်အမူအကျင့်မှာ ဆိုးယုတ်မှုသို့ ပြောင်းသွားပြီဖြစ်သည်။ ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်မည့်အပြင် သင်သည် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ ကြိုးစားသနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကနေ သူ့အလိုတော်ကို နားလည်သွားတယ်။ အမှန်တော့၊ လူသားအပေါ် ဘုရားရဲ့ သတ်မှတ်ချက်တွေက ရိုးရှင်းတယ်။ ကြီးမားတဲ့ အရာတွေကို လူတွေ လုပ်တာ၊ ကမ္ဘာတုန်လောက်တဲ့ လုပ်ဆောင်ချက်တွေ အများကြီး လုပ်တာကို ဘုရားမလိုအပ်သလို၊ ထူးခြားဖို့၊ ကြီးမြတ်တဲ့ လူတွေဖြစ်ဖို့လည်း မတောင်းဆိုဘူး။ အဖန်ဆင်းခံ တစ်ယောက်ရဲ့ နေရာမှာပဲ ကျွန်မတို့ကို ရပ်တည်စေချင်တယ်၊ သမ္မာတရားကို ပွင့်ပွင့်လင်းလင်း လိုက်စားစေချင်တယ်၊ ကျွန်မတို့တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ပြီး ဘုရားနှုတ်ကပတ်တော်ကို လိုက်နာစေချင်တယ်။ ကျွန်မတို့ တာဝန်တွေမှာ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ကျွန်မတို့ ဘယ်လောက် စွမ်းဆောင်ရရှိတယ်၊ ကျွန်မတို့ရဲ့ ပံ့ပိုးမှု အရွယ်အစားအပေါ် အခြေခံပြီး ဘုရားက အကဲမဖြတ်ဘဲ၊ အမှုအရာတွေကို လုပ်ဆောင်ဖို့အတွက် ကျွန်မတို့ရဲ့ ရည်ရွယ်ချက်နဲ့ စမှတ်တွေက ဘုရားအလိုတော်ကို အလေးထားခြင်း ရှိမရှိဆိုတာနဲ့ ကျွန်မတို့ အစွမ်းကုန် လုပ်ခြင်းရှိမရှိဆိုတဲ့အပေါ် အကဲဖြတ်မှန်းလည်း သဘောပေါက်သွားတယ်။ ကျွန်မတို့အနေနဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်ရှိပြီး မှန်တဲ့ လမ်းကြောင်း လျှောက်တဲ့အခါမှသာ တာဝန်မှာ သက်သေခံချက် ရှိနိုင်တယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ပဲ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ၊ ဘယ်လောက် အားထုတ်မှုတွေ လုပ်ပါစေ၊ ဘယ်လောက် ပံ့ပိုးပါစေ၊ နောက်ဆုံးမှာ ဘုရားရဲ့ စက်ဆုပ်တာခံရပြီး စွန့်ပစ်ခံရမှာပါ။ ကျွန်မတာဝန်အတွက် ချီးကျူးမှု အကုန်လုံးကို ကျွန်မ အမြဲ ထိန်းသိမ်းချင်ခဲ့မှန်း သဘောပေါက်သွားတယ်။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ကျွန်မကို အလုပ်အားလုံး လုပ်စေချင်ခဲ့ပြီး ကျွန်မရဲ့ တွဲဖက်နဲ့ မပူးပေါင်းစေချင်ခဲ့ဘူး။ ကျွန်မကို တခြားလူတွေ အထင်ကြီးစေဖို့ ကျွန်မ အလုပ်ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ပင်ပန်းစေခဲ့တယ်။ ကျွန်မရဲ့ ဘယ်အားထုတ်မှုမှ ဘုရားကို စိတ်ကျေနပ်စေဖို့ မဟုတ်ခဲ့ဘူး၊ အားလုံးက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ဆန္ဒတွေနဲ့ ရည်မှန်းချက်တွေ ဖြည့်ဆည်းဖို့ပဲ။ ကျွန်မ အလုပ်များခဲ့ပေမဲ့၊ အများကြီး ဆင်းရဲဒုက္ခခံ၊ အမှုအရာတချို့ စွမ်းဆောင်ရရှိခဲ့ပြီး၊ တခြားလူတွေရဲ့ လေးစားမှုနဲ့ လက်ခံမှုကို ရခဲ့ပေမဲ့၊ အဓိပ္ပာယ်က ဘာလဲ။ ဒီအရာထဲက ဘယ်ဟာကမှ ကိုယ့်တာဝန်ကို အရည်အချင်း ပြည့်မီတဲ့ပုံစံနဲ့ ဆောင်ရွက်တဲ့ သဘော မဟုတ်ခဲ့သလို၊ ကျွန်မမှာ ဘုရားရဲ့ လက်ခံမှုရှိတယ်ဆိုတဲ့ သဘောလည်း မဟုတ်ခဲ့ဘူး။ နောက်ဆုံးမှာ၊ မမှန်တဲ့ လမ်းကြောင်း လျှောက်မိခဲ့လို့၊ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ ပြုမူပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်မိခဲ့လို့၊ ဘုရားရဲ့ ငြင်းပယ်၊ စွန့်ပစ်တာ ခံရမှာပဲ။ အစ်မဝမ်နဲ့ ပူးပေါင်းလုပ်တာက ကျွန်မတာဝန်မှာရှိတဲ့ ကျွန်မရဲ့အားနည်းချက်တွေကို ထေမိစေမှာလို့လည်း တွေးမိတယ်။ သူက သင်ယူတာကို အာရုံစိုက်တယ်၊ လေ့လာဖို့ လိုလားသလို၊ သူ့ရဲ့ ကျွမ်းကျင်မှုတွေက မြန်မြန်ဆန်ဆန် တိုးတက်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက မတိုးတက်ခဲ့သလို၊ များသောအားဖြင့် ကိုယ့်အတွေ့အကြုံအပေါ် မှီခိုခဲ့တယ်။ ဒီတာဝန်ကို ကျွန်မ လုပ်နေခဲ့တာ ကြာပြီဖြစ်ပေမဲ့၊ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေက သိပ်မတိုးတက်ခဲ့ဘူး။ ဒါ့အပြင်၊ လူတစ်ယောက်ရဲ့ အတွေးနဲ့ ရသပညာတွေက အမြဲ အကန့်အသတ်ရှိပြီး မပြည့်စုံဘူး။ ကိုယ့်ကိုယ်ကိုယ် သိတဲ့ လူတွေက တာဝန်မှာ သူတို့ကိုယ်သူတို့ လက်လွှတ်နိုင်ကြသလို၊ တာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ တခြားလူတွေနဲ့ ပူးပေါင်းဖို့ လိုလားကြတယ်။ ဒါက ကျွန်မတို့ ပိုင်ဆိုင်သင့်တဲ့ ဆင်ခြင်တုံတရားနဲ့ လက်တွေ့လုပ်ဆောင်သင့်ပုံ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားခဲ့တယ်၊ ကိုယ်မှန်တယ်ထင်ပြီး အဆင့်အတန်းကို လိုချင်ခဲ့တယ်။ ကျွန်မရဲ့ အကျိုးစီးပွားတွေကို လက်မလွှတ်ချင်ခဲ့သလို၊ ကျွန်မအစ်မနဲ့ မပူးပေါင်းချင်ခဲ့ဘူး။ ဒီအရာတွေက အလုပ်ရဲ့ တိုးတက်မှုနဲ့ ရလဒ်တွေကို ထိခိုက်ခဲ့တယ်။ သူနဲ့ စောစော ပူးပေါင်းပြီး ကျွန်မတို့ အချင်းချင်း ကူညီခဲ့ရင်၊ အလုပ်ရဲ့ ရလဒ်တွေနဲ့ တိုးတက်မှုက အများကြီး ပိုကောင်းခဲ့မှာပဲ။ သုံးသပ်လေ၊ ကျွန်မက အရမ်း မာနထောင်လွှားပြီး လူ့သဘာဝ မရှိခဲ့မှန်း ပိုမြင်ရလေဖြစ်သလို၊ ကိုယ့်ကိုယ်ကိုယ် ပိုမုန်းပြီး ကိုယ့်လုပ်ရပ်တွေအတွက် နောင်တရလေပဲ။ ဒီရည်ရွယ်ချက်တွေနဲ့ ကိုယ့်တာဝန်ကို ကျွန်မ မလုပ်ချင်ခဲ့ဘူး။ ဘုရားရှေ့လာပြီး ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကိစ္စတွေကို ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် ကျွန်မ လုပ်ရင်း၊ ကိုယ့်တာဝန်ကို ရည်မှန်းချက်နဲ့ အမြဲ လုပ်ခဲ့တယ်။ ဒီလို ကျွန်မ နောက်ထပ်မလိုက်စားချင်တော့ဘူး။ နောင်တရချင်ပါတယ်၊ မမှန်တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို စွန့်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ကျွန်မအစ်မနဲ့ တွဲဖက်ညီညီ လုပ်ချင်ပါတယ်” လို့ပေါ့။

နောက်နေ့မနက် ကျွန်မရဲ့ ဝတ်ပြုဆုတောင်းခြင်း အတွင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်၊ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုသည်၊ သို့တိုင်အောင် သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်ဂုဏ်၊ ဂုဏ်သတင်းသို့မဟုတ် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ အဆုံးစွန် သစ္စာရှိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန်လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး တွက်ဆလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အစွမ်းအစ ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သမျှ၌ သင်သည် သင်ကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ သို့မဟုတ် နှစ်သက်မှုများကို မဖြည့်ဆည်းပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားသည်။ သင်သည် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း မရှိကောင်း မရှိနိုင်သော်လည်း၊ သင်၏စိတ်နှလုံးသည် ပြုပြင်ပြီးဖြစ်သည်။ ထို့ထက်ပိုပြီးလျှင် သင်၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ပါက၊ သင်၏တာဝန်သည် စံနှုန်းပြည့်မီပြီး သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ ဤသည်မှာ သက်သေခံခြင်း ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီးတဲ့နောက်မှာ၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာတွေ့ခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့၊ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားကို လက်လွှတ်ပြီး၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို စဉ်းစားရမယ်။ ကိုယ့်ကိုယ်ပိုင် သိက္ခာ၊ အဆင့်အတန်းက ထိခိုက်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ အရေးကြီးတာက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ပဲ။ ဘုရားအလိုတော်ကို နားလည်တဲ့နောက်မှာ၊ သမ္မာတရား လက်တွေ့လုပ်ဆောင်ဖို့ လှုံ့ဆော်မှု ကျွန်မ ရှိခဲ့တယ်။ ချီးကျူးရာမှာ နာမည်ဘယ်လောက်ရှိမယ်ဆိုတာ မစဉ်းစားတော့သလို၊ နောက်ဆုံးမှာ ကျွန်မအပေါ် တခြားလူတွေ ဘာထင်မယ်ဆိုတာကို စိတ်မဝင်စားတော့ဘူး။ ကျွန်မတာဝန်ကို ဘယ်လိုကောင်းကောင်း ဖြည့်ဆည်းပြီး ဘုရားကို ကျေနပ်စေမယ်ဆိုတာပဲ တွေးခဲ့တယ်။ ဒါကြောင့် အစ်မဝမ်ကို ရုပ်ရှင် အရောင်ခွဲတဲ့ အလုပ်တွေကို ကျွန်မ တာဝန်ပေးလိုက်ပြီး၊ သူက ခပ်မြန်မြန် သဘောတူလိုက်တယ်။ မကြာခင်မှာ၊ အစ်မဝမ်ရဲ့ အခြေအနေက ပြောင်းပြန် ဖြစ်သွားတယ်၊ အရင်လောက် မအားတော့သလို၊ အလုပ်ပုံနေတာကို ကျွန်မတို့ အောင်အောင်မြင်မြင် ရှင်းလိုက်ကြတယ်။ ဒီအရာပြီးတဲ့နောက်၊ ကျွန်မ အရမ်းစိတ်အေးလက်အေး ဖြစ်သွားတယ်။ သမ္မာတရား လက်တွေ့လုပ်ပြီး တာဝန်မှာ တွဲဖက်ညီညီ ပူးပေါင်းလုပ်ဖို့ ဘယ်လောက်ကောင်းမှန်းလည်း ကျွန်မ တကယ်ကို သဘောပေါက်သွားတယ်။

ခဏကြာပြီးတဲ့နောက်၊ ကျွန်မတို့ရဲ့ ရုပ်ရှင်အရောင်ခွဲတာ ပြီးသွားတော့၊ ပြဇတ်တွေနဲ့ ဂီတရုပ်ရှင်တွေကို လုပ်ခဲ့ကြတယ်။ ဒီအချိန်မှာတော့၊ ကျွန်မ အလိုလိုတွေးမိတယ်၊ “ပြဇာတ်ရဲ့ အရောင်ခွဲတာကို ငါ တာဝန်ယူလိုက်ရင်၊ ချီးကျူးတာကို ဝေမျှစရာလိုမှာ မဟုတ်ဘူး။ ပြဇာတ်တွေက ရုပ်ရှင်တွေထက် ပိုလွယ်တယ်။ ငါ့အစွမ်းအစတွေနဲ့ဆိုရင်၊ တစ်ယောက်ထဲ လုပ်နိုင်တယ်။ အစ်မဝမ်ကို ဝင်ပါခိုင်းဖို့ မလိုဘူး။ ပြဇာတ်တစ်ခုက အရောင်ခွဲဖို့ လူနှစ်ယောက်လိုရင် ငါအရည်အချင်းမပြည့်မီတဲ့ပုံပေါ်မှာ။ ငါ့ညီအစ်ကို မောင်နှမအားလုံးက ငါ့ကို လှောင်ရယ်ကြမှာပဲ” လို့ပေါ့။ အဲဒါကို တွေးမိတော့၊ အစ်မဝမ်ကို ဂီတရုပ်ရှင် အရောင်ခွဲတာ အတင်းလုပ်စေချင်ခဲ့ပြီး၊ ပြဇာတ်တွေကို ကိုယ့်ဘာသာ ကိုင်တွယ်ချင်ခဲ့တယ်။ အဲဒီအချိန်မှာ၊ ကျွန်မရဲ့ ရည်ရွယ်ချက်တွေ မှားမှန်း သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို အလုပ်အကျွေးပြုဖို့ ကျွန်မ ဆောင်ရွက်နေတုန်းပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို သတိရသွားတယ်၊ “သင်၏ စိတ်နှလုံးတွင် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို စွဲလမ်းနေဆဲဖြစ်လျှင်၊ ကြွားဝါခြင်းနှင့် သူတစ်ပါးတို့၏ လေးစားမှုကိုရယူခြင်းတို့ဖြင့် စိတ်တွင်လွှမ်းမိုးနေဆဲဖြစ်လျှင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက်မဟုတ်သကဲ့သို့၊ သင်သည် မှားယွင်းသောလမ်းကြောင်းကို လျှောက်နေသည်။ သင်လိုက်စားသောအရာမှာ သမ္မာတရားမဟုတ်သကဲ့သို့ အသက်လည်းမဟုတ်ဘဲ သင်ချစ်သောအရာများဖြစ်သည်။ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့ဖြစ်သည်။ ဤသို့ဆိုလျှင် သင်လုပ်ဆောင်သည့် မည်သည့်အရာကမျှ သမ္မာတရားနှင့် သက်ဆိုင်မည်မဟုတ်ပေ။ အားလုံးက မကောင်းမှုလုပ်ဆောင်ခြင်း၊ အစေခံမှု လုပ်ဆောင်ခြင်းအဖြစ် အကျုံးဝင်လိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်”) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို နိုးထစေခဲ့တယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ အရာတွေကို ကျွန်မ အမြဲ အလိုလိုလုပ်ခဲ့တယ်။ တကယ်ကို သိမ်ဖျင်းပြီး ကိုယ်ကျိုးရှာခဲ့တာပါ။ အရမ်းဖောက်ပြန်ပျက်စီးခဲ့တဲ့အတွက် ကျွန်မကိုယ်ကျွန်မ မုန်းမိခဲ့သလို၊ ကိုယ့်ရဲ့ မမှန်တဲ့ ရည်ရွယ်ချက်တွေကို စွန့်ပြီး သမ္မာတရားကို လက်တွေ့လုပ်ချင်ခဲ့တယ်။ ဒါကြောင့် ကျွန်မနဲ့အတူ ပြဇာတ်အရောင်ခွဲရာမှာ အစ်မဝမ်ကို ကျွန်မ ပါခိုင်းခဲ့တယ်။ အဲဒီကတည်းက၊ အလုပ်တွေကို တာဝန်ပေးဖို့ အချိန်ကျတဲ့အခါ၊ အစ်မဝမ်နဲ့ ကျွန်မ အမြဲ တိုင်ပင်ပြီး သူ့ ထင်မြင်ချက်ကို တောင်ခံခဲ့သလို၊ ချီးကျူးတာတွေအားလုံး ရဖို့ အလုပ်အားလုံးကို ကျွန်မ လိုချင်ခဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ စွန့်လွှတ်ပြီး၊ တာဝန်ရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံပြီး အစ်မဝမ်ကို အလုပ်တာဝန်တွေ ပေးခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ရင်းနဲ့ အေးချမ်းပြီး စိတ်အေးလက်အေး ခံစားခဲ့ရတယ်။

ဒီအတွေ့အကြုံက ကျွန်မရဲ့ မာနထောင်လွှားတဲ့ ရည်မှန်းချက်နဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို သဘောပေါက်စေခဲ့တယ်။ တွဲဖက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှုက တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းရာမှာ အဓိကသော့ချက်ဖြစ်မှန်းလည်း သဘောပေါက်စေခဲ့တယ်။ ကိုယ့်ဘာသာ ကိုယ့်တာဝန်ကို လုပ်ဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်ဘူး။ လက်တွဲညီညီ ပူးပေါင်းလုပ်ခြင်းအားဖြင့်ပဲ ဘုရားရဲ့ ကောင်းချီးတွေနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ရနိုင်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုယ်ပိုင်ဟန်ဖြစ်ရန် ကြိုးစားခြင်းနောက်ကွယ်တွင်ရှိသောအရာ

လီကျိ တရုတ်နိုင်ငံ ၂၀၁၉မှာ ကျွန်တော်က အသင်းတော်မှာ ဗီဒီယိုတွေ ထုတ်လုပ်တယ်။ ကျွန်တော်က ဒီတာဝန်ထမ်းဆောင်တာကြာပြီး အတွေ့အကြုံနဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။