ဝန်ထုပ်ဝန်ပိုးတစ်ခုက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်

23.01.2022

ယုန်ရွှေ တောင်ကိုရီးယားနိုင်ငံ

သိပ်မကြာသေးတဲ့ အသင်းတော် ရွေးကောက်ပွဲတစ်ခုမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရပါတယ်။ ဒါကို ကြားတော့ ကျွန်မ အံ့အားသင့်ပြီး တကယ်ကို မယုံရဲခဲ့ဘူး။ ကျွန်မက ခေါင်းဆောင်လား။ ဘယ်လိုဖြစ်နိုင်မှာလဲပေါ့။ အသင်းတော် ခေါင်းဆောင်ဆိုတာ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုထဲက ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားအပေါ် မိတ်သဟာယပြုနိုင်ဖို့ လိုတယ်လေ။ ဒါပေမယ့် ကျွန်မက ဘဝအတွေ့အကြုံ နည်းနည်းလေးနဲ့ အသက်ငယ်တယ်။ ဒါ့အပြင်၊ အရင်က ခေါင်းဆောင်ရာထူး မကိုင်ဖူးဘူးလေ။ တာဝန်နဲ့ ကျွန်မ ကိုက်ပါ့မလား။ ဒါက ကျွန်မကို ခဏလောက် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီး၊ အဲဒါကို ဘယ်လိုပဲကြည့်ကြည့်၊ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ လိုအပ်တဲ့အရာ ကျွန်မ မရှိဘူး၊ ကျွန်မ လက်ခံလို့ မရဘူးလို့ ခံစားရတယ်။ ကျွန်မ လက်မခံရင်၊ ပြီးတော့ ညံ့ဖျင်းတဲ့ အလုပ်လုပ်ခဲ့ရင်၊ အဲဒါက ဘုရားအိမ်တော်အဖို့၊ ကျွန်မရဲ့ညီအစ်ကို မောင်နှမတွေအဖို့ အကျိုးမဲ့စေတဲ့ အလုပ်ရပ်တစ်ခု ဖြစ်မှာမဟုတ်လား။ ဒါ့အပြင်၊ အယောက်တိုင်းက ကျွန်မကို ရိပ်စားမိမယ်၊ ကျွန်မကို တကယ့်အဖြစ်အတိုင်း မြင်ပြီး၊ အဲဒါက အရမ်းရှက်စရာ ဖြစ်မှာ။ ဆင်ခြေပေါင်းစုံ ကျွန်မ စိတ်ကူးရခဲ့ပေမယ့်၊ ညီအစ်မတစ်ယောက်က ဒီဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တွေ ဖတ်ပြခဲ့တယ်- “ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်း- ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှု ဝန်ထုပ် သင့်အပေါ် ဖိစီးလေလေ၊ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။...သင်သည် ဘုရားသခင်၏အလိုတော်ကို သတိရှိသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) ဒီဘုရားနှုတ်ကပတ်တော်တွေကို ကြားရတာက အဲဒီတာဝန်ပေးအပ်မှုကို ရရှိတာဟာ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့ ဘုရားအခွင့်အရေးပေးနေတာမှန်း နည်းနည်း နားလည်သွားစေခဲ့တယ်။ ကျွန်မက အကြီးအကျယ် ချို့တဲ့ပေမယ့် အဲဒီတာဝန်ကို လုပ်ဆောင်တာဟာ တခြားလူတွေကို ဦးဆောင်ပြီး သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရုံသာ မဟုတ်ဘဲ ကျွန်မရဲ့ တာဝန်ကနေတစ်ဆင့် သမ္မာတရားထဲ ဝင်ရောက်မှုအပေါ် ကိုယ်တိုင် အာရုံစိုက်တာကိုလည်း မြှင့်တင်ပေးတာပါ။ ပထမဦးဆုံးအနေနဲ့၊ ကိုယ့်ရဲ့ ကိုယ်ပိုင် ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့လိုတယ်။ အဲဒါက ညီအစ်ကို မောင်နှမတွေကို သူတို့ပြဿနာတွေနဲ့ပတ်သက်ပြီး ကူညီဖို့ ကျွန်မရဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံတွေကို အသုံးပြုဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ အဲဒီတာဝန်ကို ဘုရားက အပ်နှံတာဟာ ကျွန်မကို သူက ဝန်ထုပ်ဝန်ပိုးတစ်ခု ပေးခဲ့တာလည်း ဟုတ်တယ်။ အသင်းတော် ခေါင်းဆောင်အနေနဲ့၊ အသင်းတော်ရဲ့ ပြဿနာမျိုးစုံကို ကျွန်မ စိတ်ဝင်စားရမယ်၊ လူတွေ၊ ကိစ္စတွေနဲ့ အဖြစ်ရပ်တွေအများကြီးကို ကိုင်တွယ်ဖြေရှင်းပြီး ပြဿနာအများကြီးနဲ့ပတ်သက်ပြီး လုပ်ရမယ်၊ ပြီးတော့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား အသုံးပြုပုံကို သင်ရမယ်။ အဲဒါက သမ္မာတရားအပေါ် ကျွန်မ နားလည်ရာမှာ တိုးတက်မှု ပိုမြန်နိုင်ပြီး၊ ဘုရားရဲ့ ကွယ်ကာတာ ပိုခံရနိုင်မယ့်သဘော ဖြစ်ပါတယ်။ ဘုရားရဲ့ ဒီနှုတ်ကပတ်တော် ကျမ်းပိုဒ်ကိုလည်း ကျွန်မ သတိရမိတယ်- “သင်သည် ဘုရားသခင်၏စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများကို မရှာဖွေပါက၊ ထို့အပြင် စုံလင်ခြင်းကို သင်ရှာဖွေမှုတွင် အုပ်စုရှေ့တွင်ရှိဖို့ သင် မကြိုးပမ်းပါက၊ သင်သည် နောက်ဆုံးတွင် နောင်တဖြင့် ပြည့်မည်ဖြစ်သည်။ စုံလင်ခြင်းကိုရရှိဖို့ အကောင်းဆုံး အခွင့်အရေးမှာ ယခုဖြစ်သည်။ ယခုအချိန်သည် အလွန့်အလွန် ကောင်းမွန်သောအချိန် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလေးအနက် မကြိုးစားပါက၊ သူ၏အမှု အဆုံးသတ်သည်နှင့်တစ်ပြိုင်နက် အလွန် နောက်ကျသွားလိမ့်မည်- သင် အခွင့်အရေးကို လက်လွတ်သွားပြီး ဖြစ်လိမ့်မည်။ သင့် ရည်မှန်းချက်များ မည်မျှပင် ကြီးမားပါစေ၊ ဘုရားသခင်သည် အမှုကို ဆောင်ရွက်နေခြင်း မရှိတော့ပါက၊ သင် မည်မျှပင် အားထုတ်သည်ဖြစ်စေ၊ စုံလင်ခြင်းကို ဘယ်သောအခါမျှ ရရှိနိုင်လိမ့်မည်မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မရတဲ့ အခွင့်အရေးက အမှန်တော့ ဘုရားရဲ့ စုံလင်စေခြင်း အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာရှိတဲ့ ဘုရားရဲ့အမှုနဲ့ပတ်သက်ပြီး၊ ကျွန်မတို့တာဝန်ကို ထမ်းဆောင်ဖို့ အချိန် သိပ်မကျန်တော့ဘူး။ အဲဒီစေခိုင်းချက်တာဝန်ကို ငြင်းတာက ကျွန်မ တကယ်လိုချင်တဲ့အခါ နောက်ထပ်အခွင့်အရေးမှာ မဟုတ်တဲ့သဘောပါပဲ။ နောင်တရဖို့ အရမ်းနောက်ကျသွားမှာပါ။ ကျွန်မ အခက်အခဲတွေနဲ့ ဆက်ပြီးလောင်မြိုက် အသက်မရှင်နိုင်တော့သလို၊ ကျွန်မရဲ့ ကိုယ်ပိုင်မျက်နာနဲ့ အဆင့်အတန်းကိုပဲ မစဉ်းစားနိုင်တော့ဘဲ ဒါကို လက်ခံပြီး ကျိုးနွံနာခံရမယ်လို့ ခံစားရတယ်။ ဘုရားအပေါ် မှီခိုပြီး ကိုယ့်တာဝန်ကို လုပ်ဖို့ လိုလားရင်းနဲ့ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားဆီဆုတောင်းပြီး လက်တွေ့လုပ်ဆောင်ဖို့ မခွင့်အရေးအတွက် ကျေးဇူးတင်မိခဲ့တယ်။

ကျွန်မ အံ့ဩသွားရတာက၊ ကျွန်မရဲ့ ပထမဆုံး အတားအဆီးကို ရက်အနည်းငယ်မှာပဲ တာဝန်သစ်ကို ယူရာမှာ တိုက်မိခဲ့တယ်။ စုဝေးအပွဲတစ်ခုမှာ၊ ကျွန်မတို့အထက်ခေါင်းဆောင်က နှစ်နှစ်ကျော် ယုံကြည်သူ ဖြစ်ခဲ့ပြီး၊ အစွမ်းအစတချို့ရှိပြီး အရမ်းကို မာနထောင်လွှားတဲ့ သင်းထောက်တစ်ယောက်ကို ခေါ်လာခဲ့တယ်။ သူက တာဝန်မှာ ဩဇာနဲ့အုပ်ချုပ်တတ်ပြီး၊ ဘယ်သူနဲ့မှ ဘာကိုမှ လုံးဝ မဆွေးနွေးဘူး။ ဘုရားအိမ်တော်ရဲ့ အမှုကို သူ ထိခိုက်မှုတချို့ ဖြစ်စေခဲ့တယ်။ အဲဒီလိုလူမျိုးကို ကျွန်မတို့ ဘယ်လိုတွေးလဲလို့ ခေါင်းဆောင်က မေးခဲ့တယ်။ ကျွန်မအတွေးက အဲဒီလူဟာ အရမ်း မာနထောင်လွှားတယ်၊ ညီအစ်ကို မောင်နှမတွေနဲ့ အတွဲညီညီ မလုပ်နိုင်ခဲ့တဲ့သူ၊ သင်းထောက်ဖြစ်ဖို့ နည်းနည်းမှ မသင့်တော်သလို သူ့ကို ဖယ်ရှားသင့်တယ်ပေါ့။ ကျွန်မရဲ့ အယူအဆကို ကျွန်မ မျှဝေခဲ့ပါတယ်။ ဒါပေမယ့် ဒီသင်းထောက်က ယုံကြည်သူ ဖြစ်တာ မကြာသေးဘူး၊ သူမှာ အစွမ်းအစတချို့ ရထားပြီး ဆိုးရွားတဲ့ မာနထောင်လွှားမှုကို ခံစားရပေမယ့်၊ သမ္မာတရားကို လက်ခံနိုင်သရွေ့ လေ့ကျင့်ပေးလို့ရသလို၊ သူ့ကို ကူညီ၊ ဖေးမဖို့ သမ္မာတရားနဲ့ပတ်သက်တဲ့ မိဿဟာယ ပိုလိုအပ်မှန်းကို ခေါင်းဆောင်ရဲ့ နောက်ဆက်တွဲ မိတ်သဟာယကနေပဲ ကျွန်မ နားလည်သွားခဲ့တယ်။ သူ့ကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းလို့လည်း ရပေမယ့် သူ့ကို စိတ်ကူးပေါက်ရာ ထုတ်ပယ်ပြီး ဖယ်ရှင်းလိုက်ဖို့က လုံးဝကို လက်ခံနိုင်စရာ မရှိခဲ့ပါဘူး။ ပထမတော့၊ ကျွန်မမှာ မမှန်တဲ့ ရှုထောင့်အမြင်ရှိပြီး နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပေမယ့်၊ လူတွေကို မျှမျှတတ ဆက်ဆံဖို့ အခြေခံသဘောတရားတစ်ခု နားလည်လာခဲ့တယ်၊ ဒီတော့ အဆုံးမှာ ဒါက ကောင်းတဲ့အရာတစ်ခုပါ။ ဒါပေမယ့် နောက်ပိုင်းမှာ၊ အသင်းတော် ခေါင်းဆောင်အများစုက ဒီကိစ္စအပေါ် ထိုးထွင်းသိမြင်မှုတချို့ ရှိနှင့်ပြီးသားဖြစ်တာကို ကျွန်မ သိခဲ့ရပြီး၊ သူတို့နဲ့ နှိုင်းရင် ကျွန်မက အရမ်းချို့တဲ့နေခဲ့တယ်။ သမ္မာတရားနဲ့ဆိုင်တဲ့ ကျွန်မရဲ့ နားလည်မှုက တိမ်တယ်၊ ချင့်ချိန်နိုင်စွမ်း မရှိသလို တခြားလူတွေကို ဆက်ဆံပုံမှာ ကျွန်မ ကိုယ်ကျင့်တရားမရှိခဲ့ဘူး။ ခေါင်းဆောင်တစ်ယောက်ရဲ့ အစွမ်းအစတွေ ကျွန်မ တကယ်ပိုင်ဆိုင်ခဲ့ရဲ့လား။ ခေါင်းဆောင်တစ်ယောက်လို ပြုမူတာက သမ္မာတရား သိနားလည်မှုနဲ့ လူမျိုးစုံနဲ့ စပ်လျဉ်းပြီး ထိုးထွင်းအမြင်တချို့ လိုတယ်လေ။ အသင်းတော်ထဲက လူမျိုးစုံအတွက် မှန်ကန်တဲ့ ချဉ်းကပ်မှုကို သိဖို့ လိုတယ်။ ဒါပေမယ့် အဲဒီအစွမ်းအစတွေကို ကျွန်မ လုံးဝ မပိုင်ဆိုင်ခဲ့မှန်း အချက်အလက်တွေက ဖော်ပြခဲ့တယ်။ အဲဒါတွေအားလုံးကို စေ့စေ့စဉ်းစားတာက စွန့်လွှတ်လိုက်ချင်စိတ် ဖြစ်စေခဲ့တယ်။ အဲဒါအပြင်၊ အဲဒီတာဝန်ကို ရက်နည်းနည်းပဲ လုပ်ရသေးတယ်၊ ကျွန်မအလုပ်တွေက ပုံနေသလို၊ အခက်အခဲတချို့ကိုလည်း ကြုံခဲ့ရပြီးပြီ။ အဲဒီတာဝန်က ကျွန်မအတွက် ပင်ပန်းပြီး ခက်ခဲသလို ခံစားနေခဲ့ရတယ်။ အဲဒီညမှာ၊ ကျွန်မ စိတ်က ကသောင်းကနင်းဖြစ်နေခဲ့ပြီး၊ ခေါင်းဆောင်အားလုံးထဲမှာ ကျွန်မက သာမန်အဖြစ်ဆုံး ဖြစ်ရမယ်လို့ တွေးနေမိတယ်။ ကျွန်မရဲ့ ခေါင်းဆောင်မှုမှာ စောစာပဲ လုပ်မှားမိခဲ့ပြီလေ- ကျွန်မတို့ အထက်ခေါင်းဆောင်က ရိပ်စားမိမှာပါ၊ ကျွန်မက ဝိညာဉ်ရင့်ကျက်မှုနည်းပြီး၊ အစွမ်းအစ ညံ့သလို ထိုးထွင်းသိမြင်မှု မဲ့တယ်လို့ မြင်မှာပဲ။ မြှင့်တင်ပေးရမယ့် စွမ်းရည်တစ်ခုမှ တကယ်ကို မရှိဘူးလို့ သူ ထင်ခဲ့မှာပဲ။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ဘာများထင်ကြမလဲ။ ကျွန်မက လုံးဝ ထိုးထွင်းအမြင် မရှိသလို၊ ကျွန်မကို ခေါင်းဆောင်အနေနဲ့ ရွေးတာက အမှားတစ်ခုပဲလို့ သူတို့ ပြောကြမလား။ ကျွန်မ အဲဒါကို တဝဲလည်လည်တွေးလေ၊ ခေါင်းဆောင်အနေနဲ့ မျက်နာမပြနိုင်ဘူးလို့ ခံစားရလေပဲ။ ဖြစ်နိုင်သမျှ မြန်မြန် ကျွန်မ အသိစိတ်ပြပြီး ရာထူးကနေ နှုတ်ထွက်သင့်တယ်လို့ တွေးမိခဲ့တယ်။ ဒါပေမယ့်၊ အဲဒီအတွေးက ကျွန်မကို ကသိကအောက် ဖြစ်စေခဲ့တယ်။ စေခိုင်းချက် တာဝန်ကို လက်ခံပြီးတဲ့နောက်မှာပဲ၊ ဘုရားဆီ ဆုတောင်းပြီး ဆုံးဖြတ်ချက် ချခဲ့တယ်၊ ဒါကြောင့် ကျွန်မက ဂရုမစိုက်ဘဲ ခေါင်းရှောင်လိုက်ရင်၊ ဘုရားကို သစ္စာဖောက်တာ ဖြစ်မယ်မဟုတ်လား။ အဲဒီညမှာ ကိုယ့်ကိုယ်ကိုယ် သိအောင်၊ ဒါကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သိအောင် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီး ကျွန်မရဲ့ အကျပ်အတည်းကို ဝေမျှခဲ့တယ်။

နောက်နေ့မနက်မှာ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်နေတုန်းမှာ၊ ကျွန်မကို တကယ်တို့ထိတဲ့ ယောဘအကြောင်း တစ်ခုခု ဖတ်မိခဲ့တယ်- “သူ၏ ဂုဏ်သတင်းကြီးသော အဆင့်အတန်းနှင့် ဂုဏ်များရှိသော်လည်း၊ သူသည် ဤအရာများကို မည်သည့်အခါမျှ မချစ်ခဲ့ဖူးသကဲ့သို့ မည်သည့်အာရုံမျှလည်း မစိုက်ခဲ့ဖူးပေ။ သူ၏အဆင့်အတန်းကို အခြားသူများ မည်ကဲ့သို့ ရှုမြင်ခဲ့သည်ကို သူဂရုမစိုက်ခဲ့သကဲ့သို့၊ သူ၏ လုပ်ရပ်များ သို့မဟုတ် အပြုအမူတို့သည် သူ၏အဆင့်အတန်းအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှု တစ်ခုတစ်လေရှိမည်၊ မရှိမည်ကို သူပူပန်ခဲ့ခြင်းလည်း မရှိပေ။ သူသည် ဂုဏ်နှင့် သက်ဆိုင်သည့် ကောင်းချီးမင်္ဂလာများထဲတွင် သူမွေ့လျော်ခဲ့ခြင်း မရှိသကဲ့သို့၊ ဂုဏ်နှင့် အဆင့်အတန်းတို့နှင် အတူ ပါရှိလာသည့် ထင်ပေါ်ကျော်ကြားမှုတွင်လည်း မပျော်မွေ့ခဲ့ပေ။ သူသည် ယေဟောဝါဘုရားသခင်၏ အမြင်တွင် သူ၏ ရှင်သန်ခြင်း တန်ဖိုးနှင့် အရေးပါမှုကိုသာ ဂရုစိုက်ခဲ့သည်။ ယောဘ၏ စစ်မှန်သော ဇာတိမှာ သူ၏ တကယ့် အနှစ်သာရ ဖြစ်ခဲ့သည်- သူသည် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို မချစ်ခဲ့သကဲ့သို့၊ ကျော်ကြားမှုနှင့် အခွင့်အလမ်း အတွက် အသက်မရှင်ခဲ့ပေ။ သူသည် မှန်ကန်ပြီး ဖြူစင်ကာ လိမ်ညာမှု ကင်းခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားရဲ့ နှုတ်ကပတ်တော်တွေကနေ၊ ယောဘရဲ့ အဆင့်အတန်းက အရမ်းမြင့်မားပြီး၊ အရှေ့အရပ်က လူတွေထဲမှာ အကြီးမြတ်ဆုံးလူ ဖြစ်ခဲ့ပေမယ့်၊ တခြားလူတွေက သူ့ကို ဘယ်လိုမြင်တယ်၊ ချီးကျူးတယ်ဆိုတာကို ကိုယ်တိုင်က လုံးဝ ဂရုမစိုက်ခဲ့တာ တွေ့ရတယ်။ သူ့ရဲ့ ကိုယ်တစ်ခုလုံး အနာစိမ်းတွေနဲ့ ပြည့်နေတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ၊ သူ့ရဲ့ ခန္ဓာကိုယ်ကို အိုးခြမ်းပဲ့တွေနဲ့ ခြစ်ရင်း ပြာထဲမှာ ထိုင်နေတုန်း၊ ဒီအရာက သူ့ရဲ့ အဆင့်အတန်းနဲ့ ရာထူးအတွက် အပျက်သဘောဆောင်တဲ့ သက်ရောက်မှု ရှိမရှိ ဆိုတာကို စိတ်မဝင်စားခဲ့ဘူး။ သူ့အနီးနားရှိသူတွေက လှောင်ခဲ့ကြပေမယ့် အဲဒါကို နှလုံးမသွင်းခဲ့ဘူး။ ယောဘက နာမည်နဲ့ အဆင့်အတန်းကို မမက်ခဲ့ဘူး- သူ့အတွက် အရေးကြီးသမျှက သူ့ရဲ့ လုပ်ရပ်တွေအပေါ် ဘုရား ဘယ်လိုမြင်တယ်၊ အဲဒါတွေက ဘုရားကို စိတ်ကျေနပ်စေပြီး ဘုရားရဲ့လက်ခံမှုရမရ ဆိုတာပဲ။ အဲဒါက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်စေခဲ့တယ်။ ကျွန်မ အရေးစိုက်ခဲ့တာ ဘာလဲ။ ဘာလို့ ကျွန်မ အရမ်း စိတ်ဓာတ်ကျရတာလဲ။ ကျွန်မအတွက်အရေးကြီးဆုံးအရာက ကျွန်မရဲ့ စကားနဲ့လုပ်ရပ်တွေကို သက်ရောက်စေတဲ့အရာ ဖြစ်ပြီး၊ ကျွန်မရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သက်ရောက်စေတယ်။ အဲဒီလတ်တလော အတွေ့အကြုံက အဓိက ဥပမာတစ်ခုဖြစ်ခဲ့တယ်- ကျွန်မရဲ့ အားနည်းချက်တွေ ပေါ်သွားခဲ့တာ၊ လူတွေကို အခြေခံသဘောတရားအရ ဘယ်လိုဆက်ဆံရမယ်မသိခဲ့တာတွေပေါ့။ ဒါပေမယ့် ကျွန်မ တွေးနိုင်သမျှက ကျွန်မကို ခေါင်းဆောင်က အထင်သေးမလား၊ မသေးဘူးလား၊ ကျွန်မကို ရွေးခဲ့လို့ ညီအစ်ကို မောင်နှမတွေ နောင်တရကြမလား ဆိုတာတွေပါ။ ဘုရားရဲ့ အလိုတော်ဘာလဲ၊ ဘာသင်ခန်းစာ သင်ယူသင့်ပြီး အဲဒီအခြေအနေကနေ ဘယ်သမ္မာတရားကို ရသင့်တယ်ဆိုတာတွေကို ကျွန်မ တစ်စက်မှ မစဉ်းစားခဲ့ပါဘူး။ မမှန်တဲ့အရာတွေအားလုံးအပေါ် ကျွန်မ တကယ် အာရုံစိုက်မိနေခဲ့တာပါ။ ကျွန်မကို ဘုရားအပ်နှံခဲ့တဲ့ စေခိုင်းချက်တာဝန်ကို ကျွန်မရဲ့ မျက်နှာနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့နဲ့ပဲ စွန့်လွှတ်ချင်ခဲ့တယ်။ ကျွန်မက အရမ်းကို ပုန်ကန်တတ်လွန်းတယ်၊ ကျေးဇူးအရမ်းကန်းတယ်ဆိုတာ နားလည်ခဲ့ရတယ်။

နောက်ပိုင်း ကျွန်မရဲ့ သုံးသပ်ဆင်ခြင်မှုမှာ၊ အဲဒီအမှားက ကျွန်မရဲ့တာဝန်ကို မလုပ်ချင်တော့တဲ့အဆင့်ထိ ကျွန်မကို ဘာလို့ အရမ်းနာကျင်စေခဲ့တာလဲလို့ တွေးမိတယ်။ ကျွန်မကို ထိန်းချုပ်နေခဲ့တာက ဘာစိတ်သဘောထားများလဲလို့ပေါ့။ အဲဒီနောက်ဘုရားရဲ့ ဒီနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ဖတ်ခဲ့ရတယ်။ “အန္တိခရစ်ကဲ့သို့ ထိုသို့သော အရာများသည် သစ္စာဖောက်တတ်ပြီး စဉ်းလဲသည်။ ၎င်းတို့သည် မည်သည့်အရာမျှ မထုတ်ဖော်ပြဘဲ သတိဖြင့် ချင့်ချင့်ချိန်ချိန် စကားပြောပြီး၊ ၎င်းတို့ ထုတ်ဖော်ပြသည့် အရာတစ်ခု ပြောလျှင်ပင်၊ ယင်းကို ၎င်းတို့ ပြန်ပြင်လိုက်ကြသည်။ ယင်းကို ၎င်းတို့ မည်သို့ ပြန်ပြင်ကြသနည်း။ ၎င်းတို့သည် ယင်းကို ချက်ချင်း ပြန်ပြင်၍ရကောင်း ရနိုင်မည်မဟုတ်၊ ထိုအခြေအနေတွင် ၎င်းတို့သည် နေ့ည စားမဝင် အိပ်မပျော်ဖြစ်ကြသည်။ ၎င်းတို့ ထိုင်စဉ်တွင်၊ ၎င်းတို့ လမ်းလျှောက်စဉ်တွင် ၎င်းတို့က ‘ငါ့ ဂုဏ်သတင်း၊ ငါ့နာမည်ကောင်းတို့ကို မည်သို့ ပြန်အဖတ်ဆယ်မည်နည်း။ ငါ၏ ရာထူးနေရာကို ငါ မည်သို့ ကာကွယ်မည်နည်း။ အခြားသူများက ငါ့အား အထင်သေးခြင်းနှင့် ရိပ်စားမိခြင်းတို့မှ မည်သို့ တားဆီးမည်နည်း’ ဟု တွေးကြသည်။ ၎င်းတို့၏အတွေးများအားလုံးသည် ဤအရေးကိစ္စပေါ်တွင်သာ ရှိကြသည်။ တစ်ခါတစ်ရံ ၎င်းတို့က အနည်းငယ် သစ္စာစောင့်သိသကဲ့သို့ အဖိုးအခ အတော်အတန် ပေးကောင်းပေးနိုင်ပြီး၊ အပြင်ပန်းတွင် မှန်ကန်ပုံပေါ်သည့် အရာများကို ၎င်းတို့ လုပ်ဆောင်နိုင်သော်လည်း ဤလုပ်ရပ်များနောက်ကွယ်၌ ၎င်းတို့ မည်သည့်အခါမျှ ဖွင့်မပြောသည့် လျှို့ဝှက်ချက်တစ်ခု ရှိပေသည်။ အန္တိခရစ်တစ်ဦး၏ ရာထူးအဆင့်အတန်းနှင့် ဂုဏ်သတင်းတို့သည် အမှုကိစ္စများ ၎င်းတို့ စတင်နားလည်သည့်အချိန်တွင် လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ တစ်သက်တာလုံးတွင် ဆက်လက်လုပ်ဆောင်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်သည်။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ သဘာဝနှင့် အနှစ်သာရ ဖြစ်သည်။ တစ်နေ့တွင် ၎င်းတို့သည်လည်း မှားယွင်းသည့်၊ ချို့ယွင်းချက်ရှိသည့်၊ ယုံကြည်မှုနည်းသည့် နေရာများကို အခြားသူများအား မြင်စေလျက်၊ ၎င်းတို့ အမှားလုပ်မိပြီး မိမိတို့ကိုယ်ကိုယ် အရှက်ရစေပါက၊ ဤအရာကို ၎င်းတို့က ကောင်းမွန်သော ဖြစ်ရပ်တစ်ခုအဖြစ် သဘောမထားသကဲ့သို့၊ ထိုကိစ္စအားဖြင့် အလွန်အမင်းစိတ်ဆင်းရဲပြီး ယင်းက ၎င်းတို့အား စိတ်သောကရောက်စေကာ၊ နေမထိထိုင်မသာ ဖြစ်ကြလေသည်။ ၎င်းတို့သည် စား၍မဝင် အိပ်၍မပျော်ဖြစ်ကာ၊ မကြာခဏ အာရုံထွေပြားကြသည်။ ၎င်းတို့ အဘယ့်ကြောင့် အာရုံထွေပြားသည်ကို အခြားသူများက ၎င်းတို့အား မေးမြန်းသည့်အခါ၊ ၎င်းတို့၏တာဝန်က ၎င်းတို့ကို အလွန် အလုပ်ရှုပ်စေသည်မှာ ၎င်းတို့ အိပ်မပျော်ကြဟု ပြောကြသည်၊ ယင်းက အမှန်တရားနှင့် မည်သို့မျှ မနီးစပ်ပေ- ၎င်းတို့သည် အခြားသူများကို လှည့်စားဖို့ တတ်နိုင်သမျှ လုပ်ဆောင်ကြသည်။ မည်သည့်အရာကို ၎င်းတို့ မိမိတို့ဘာသာ တွေးကြသနည်း။ ၎င်းတို့က ‘ငါတော့ အမှားလုပ်ပြီး မိမိကိုယ်ကို အရှက်ရစေပြီ။ မိမိကိုယ်ကို ငါ မည်သို့ အဖတ်ဆယ်နိုင်မည်နည်း။ ငါ အဘယ်အရာကို အကြံအဖန်လုပ်နေသည်ကို အခြားသူများ မမြင်စေဘဲ မိမိကိုယ်ကို မည်သို့ အဖတ်ဆယ်နိုင်မည်နည်း။ ဤအမှုကိစ္စအတွက် ငါ မည်သည့် ဟန်ပန်၊ မည်သည့် လေသံကို သုံးသင့်သနည်း။ ငါက ထိုကိစ္စအကြောင်း ပြောပြနေသည်ဟု အခြားသူများ သတိမပြုမိဘဲ ငါ့ပါးစပ်ကို မည်သို့ဟရမည်နည်း။’ ဟု တွေးနေကြသည်။ ၎င်းတို့သည် ထိုကိစ္စကို ရှုထောင့်တိုင်းမှ ဆင်ခြင်တွေးတောလျက် အလွန် အသေးစိတ် စဉ်းစားကြသည်မှာ ၎င်းတို့ ဦးနှောက်ခြောက်ကြပြီး စားဖို့သောက်ဖို့ မတွေးကြသည်အထိ ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)”) ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ကျွန်မရဲ့ ကိုယ်ပိုင် အပြုအမူက ဘုရားဖော်ထုတ်ခဲ့တဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ တွေးတဲ့ အန္တိခရစ်တွေနဲ့ အတူတူပဲဆိုတာ မြင်ခဲ့ရတယ်။ တစ်ခုခုကို မွှေမိလို့ ကျွန်မ အရှက်ရပြီး ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မရဲ့ အားနည်းချက်ကို မြင်ကြတယ်- အဲဒါက တကယ်အရှက်ရစရာ ဖြစ်သလို ခံစားခဲ့ရတယ်၊ ဒါကြောင့် ကျွန်မကို သူတို့ ဘာများတွေးမလဲ ဆိုတာကို စိတ်စွဲလမ်းလာခဲ့တယ်။ နေ့ခင်းအတောအတွင်းမှာ ကျွန်မရဲ့တာဝန်ကို လုပ်ဆောင်ဖို့တောင် စိတ်မငြိမ်နိုင်ခဲ့သလို၊ အဲဒီအတွက်နဲ့ ညမှာ အိပ်ရေးပျက်ခဲ့ရတယ်။ နေ့ရောညပါ အဲဒါက ခြောက်လှန့်နေခဲ့တယ်။ တခြားလူတွေက မြင်နှင့်ပြီးပြီဆိုတော့ အခြေအနေကို အဖတ်ဆယ်ဖို့ ကျွန်မအတွက် နည်းလမ်းမရှိခဲ့ဘူးလေ။ ကျွန်မရဲ့ သိက္ခာ ပြန်မရနိုင်ခဲ့သလို ထွက်လိုက်ချင်သလို ခံစားရင်းနဲ့ တာဝန်ကို လုပ်လိုစိတ် လုံးဝပျောက်ဆုံးခဲ့တယ်၊ အနည်းဆုံးတော့ ကျရှုံးပြီး စွမ်းဆောင်ရည် ညံ့တဲ့ ရာထူးတစ်ခု ရှိပြီး အယောက်တိုင်းရဲ့ အထင်သေးတာ ခံရမှာ မဟုတ်ဘူးလေ။ ဒီအရာကိုလည်း ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်မ အသိပေးခံခဲ့ရတယ်- “အန္တိခရစ်တစ်ဦး၏ ရာထူးအဆင့်အတန်းနှင့် ဂုဏ်သတင်းတို့သည် အမှုကိစ္စများ ၎င်းတို့ စတင်နားလည်သည့်အချိန်တွင် လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ တစ်သက်တာလုံးတွင် ဆက်လက်လုပ်ဆောင်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်သည်။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ သဘာဝနှင့် အနှစ်သာရ ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)”) ဒါက အန္တိခရစ်တစ်ယောက်ရဲ့ အဓိက လက္ခဏာရပ်တွေထဲက တစ်ခုဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ စကားပြောပြီး ပြုမူတာ ဖြစ်မှန်း ကျွန်မကို ပြခဲ့တယ်။ အဲဒါတွေက သူတို့ လိုက်စားပြီး သူတို့ဘဝတစ်လျှောက် အလုပ်လုပ်ခဲ့တဲ့ အရာတွေလည်း ဖြစ်တယ်။ အန္တိခရစ်တွေက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျန်တဲ့အရာအားလုံး အထက်မှာ ထားတယ်။ အဲဒါက ကျွန်မကိုလည်း ဖော်ပြမှန်း နားလည်ခဲ့တယ်။ ကျွန်မ ကျောင်းတက်ခဲ့တဲ့ နေ့တွေတစ်လျှောက်လုံးမှာ၊ အတန်းထဲ ထိပ်ဆုံးမှာ အမြဲ ရှိချင်ခဲ့တယ်။ ဒါမှ ကျွန်မရဲ့ ဆရာတွေက ကျွန်မကို အထင်ကြီးပြီး မိသားစုနဲ့ သူငယ်ချင်းတွေက ချီးကျူးကြမှာလေ။ ဘုရားအိမ်တော်မှာ တာဝန်တွေကို လုပ်ဆောင်တဲ့ ဒီနှစ်တွေထဲမှာ၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာ အဓိပ္ပာယ်မရှိမှန်း၊ အဲဒါတွေအားလုံးကို ပိုင်ဆိုင်တာက သမ္မာတရားကို ပိုင်ဆိုင်တာ လုံးဝမဟုတ်မှန်း သဘောတရားအရ သိခဲ့ပါတယ်။ အပေါ်ယံမှာတော့ အဲဒီအရာမျိုးတွေနောက် ကျွန်မ လုံးဝ မလိုက်ခဲ့ပါဘူး။ ဒါပေမယ့်၊ စိတ်ထဲမှာ ဂုဏ်သိက္ခာကို ကျွန်မ မြတ်နိုးတုန်းပဲ၊ ပြီးတော့ တခြားလူတွေက ကျွန်မကို ချီးကျူးပြီး လေးစားအောင်လို့ ကျွန်မ လုပ်တဲ့အရာတစ်ခုစီတိုင်းမှာ ကောင်းကောင်း လုပ်ချင်ခဲ့တယ်။ အသင်းတော် ခေါင်းဆောင်အနေနဲ့ ရာထူးကို လက်ခံခဲ့ချိန်မှာ၊ “ခေါင်းဆောင်”ဆိုတဲ့ ရာထူးနဲ့ ထိုက်တန်နိုင်မယ်၊ ပြီးတော့ ရာထူးကို ယူတာနဲ့တစ်ပြိုင်နက် လူတိုင်းက ကျွန်မကို ထောက်ခံကြမယ်လို့ မျှော်လင့်ခဲ့တယ်။ တစ်ခုခုမှာ ကျွန်မ ကျရှုံးတဲ့အခါ၊ ညီအစ်ကို မောင်နှမတွေက အထင်သေးမယ်၊ ကျွန်မရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်း ထိခိုက်မယ်လို့ ထင်ခဲ့တယ်၊ ဒါကြောင့် အဲဒီတာဝန်ကို ကျွန်မ ဆက်မလုပ်ချင်ခဲ့ဘူး။ ကျွန်မက ကျွန်မရဲ့တာဝန် လုပ်ဆောင်ခွင့်ကို မြတ်နိုးရမယ့်အစား၊ တခြားလူတွေရဲ့ စိတ်ထဲက ပုံရိပ်ကိုပဲ မြတ်နိုးခဲ့တာကို မြင်ရတယ်။ ကျွန်မရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်း ထိခိုက်တဲ့အခါ၊ ဘုရားရဲ့ တာဝန်ပေးအပ်မှုအပေါ် လက်လျှော့ချင်ခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက တခြားအရာအားလုံးအထက်မှာ ရှိတယ်လို့ ယူဆခဲ့တယ်။ ကျွန်မရဲ့ သွေးကြောတွေထဲ စီးဆင်းခဲ့တာက အဲဒီအန္တိခရစ်ရဲ့ စိတ်သဘောထားမျိုးမှန်း ကျွန်မက အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ်မှာ ရှိမှန်း တွေ့ခဲ့ရတယ်။ ဘာလို့ ငါ့ရဲ့ ညီအစ်ကို မောင်နှမတွေက ငါ့ကို လေးစားသင့်တာလဲ။ ငါသမ္မာတရားကို မပိုင်ဘူး၊ လက်တွေ့ကျတဲ့ အတွေ့အကြုံတစ်ခုမှ မရှိဘူး၊ အစွမ်းအစက ညံ့ဖျင်းပြီး၊ ငါ့ရဲ့ အဆင့်အတန်းထဲမှာ ငါ နစ်မြှုပ်နေတုန်းပဲ။ ဆိုးယုတ်တဲ့ စိတ်သဘောထားရဲ့ သိမ်းပိုက်တာခံရတဲ့ ငါ့လိုလူတစ်ယောက်က တခြားလူတွေကို လေးစားခိုင်းစေချင်သေးတယ်။ အရှက်မဲ့လိုက်တာလို့ တွေးမိခဲ့တယ်။

အဲဒီတုန်းက၊ ဒီသမ္မာတရားရဲ့ ရှုထောင်ကို ကျွန်မလည်း အချိန်ယူစဉ်းစားပြီး ရှာဖွေခဲ့တယ်။ ကျွန်မ ဖတ်ခဲ့တဲ့ နောက်ထပ် အထောက်အကူပြုတဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ရှိတယ်- “ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ သင် လာသည့်အခါ၊ သင်၏တာဝန်ကို သင် ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် သင့်တော်သည့် အရာဖြစ်သည်။ လူတို့သည် ဖန်ဆင်းခံများ၏တာဝန်အား ထမ်းဆောင်သင့်သည်ကို ထောက်ဆ၍၊ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် သာ၍ ကြီးမြတ်သော အမှုတော်ကို တစ်ဖန်ဆောင်ရွက်ပြီးဖြစ်သည်။ လူသားမျိုးနွယ်အပေါ် အမှု၏နောက်ထပ်တစ်ဆင့် သူ ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် ယင်းမှာ အဘယ်အမှုနည်း။ လူသားမျိုးနွယ်သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် သူ့ထံမှ သမ္မာတရားကို ရရှိပြီး ထိုသို့အားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့နှင့် သန့်စင်ခြင်းခံရဖို့ ခွင့်ပြုလျက် ဖန်ဆင်းရှင်က ၎င်းတို့အား သမ္မာတရားကို ပေးသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို စိတ်ကျေနပ်စေလာပြီး၊ အသက်တာ၌ လမ်းကြောင်းမှန်ပေါ် စတင်လျှောက်လှမ်းကာ အဆုံး၌ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်၊ စုံလင်သော ကယ်တင်ခြင်းကို ရရှိနိုင်ပြီး စာတန်၏ ဒုက္ခပေးမှုများကို မခံရတော့ပေ။ ဤသည်မှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် အဆုံးသတ်၌ ဘုရားသခင်က လူသားမျိုးနွယ်တို့အား စွမ်းဆောင်ရရှိစေလိုမည့် အဓိက အကျိုးတရားဖြစ်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင်၊ သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းက သင်၏အသက်တာအတွက် ဆောင်ကြဉ်း ပေးလာသည့် တန်ဖိုးနှင့် အရေးပါမှုတို့ကို ခံစား ရရုံသက်သက်သာ မဟုတ်တော့ပေ။ ဤအရာအပြင်၊ သင်သည် သန့်စင်ခြင်းခံရပြီး ကယ်တင်ခြင်းခံရကာ အဆုံး၌ ဖန်ဆင်းရှင် မျက်နှာတော်၏ အလင်းရောင်တွင် ရှင်သန်လာကြသည်။...ယခုခေတ်တွင် ဘုရားသခင် ရှေ့မှောက်သို့ လာရောက်ပြီး မိမိတို့၏တာဝန်ကို ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဆောင်ရွက်ကြသူတိုင်းသည် လူသားမျိုးနွယ်အကြားတွင် တန်ဖိုး အရှိဆုံးနှင့် အလှဆုံးအရာကို ဘုရားသခင်ထံမှ လက်ခံရရှိကြသည်။ လူသားမျိုးနွယ်ထဲမှ မည်သည့် ဖန်ဆင်းခံတစ်ဦးမျှ ဖန်ဆင်းရှင်၏ လက်တော်ထဲမှ တိုက်ဆိုင်မှုသက်သက်ဖြင့် ထိုသို့သော ကောင်းချီးမင်္ဂလာများကို လက်ခံရရှိနိုင်ခြင်း မရှိချေ။ ထိုသို့သော လှပပြီး ကြီးမြတ်သော အရာကို အန္တိခရစ်မျိုးများက အရောင်းအဝယ် တစ်ခုအဖြစ်သို့ မလိမ့်တစ်ပတ်လုပ်ကြသည်၊ ယင်းတွင် ၎င်းတို့က ဖန်ဆင်းရှင်၏လက်တော်မှ သရဖူနှင့် ဆုလာဘ်များကို တောင်းခံကြလေသည်။ ထိုသို့သော အရောင်းအဝယ် လုပ်ခြင်းတစ်ခုသည် အလွန်လှပပြီး ဖြောင့်မတ်သည့် အရာတစ်ခုကို အကျည်းတန်ဆုံးနှင့် အဆိုးယုတ်ဆုံး အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုသည့် အရာမဟုတ်လော။ ဤအရာကို အကဲဖြတ်သည့်အခါ၊ အန္တိခရစ်များသည် ဆိုးယုတ်သလော။ ၎င်းတို့သည် တကယ့်ကို အတော်အတန် ဆိုးယုတ်ပေသည်၊ ပြီးလျှင် ဤသည်မှာ ၎င်းတို့ ဆိုးယုတ်မှု၏ သွင်ပြင်လက္ခဏာတစ်ခုနှင့်သက်ဆိုင်သည့် သရုပ်သကန်တစ်ခုမျှသာ ဖြစ်ပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၆)”) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားရင်းနဲ့၊ ကျွန်မ နားလည်လိုက်တာက၊ အဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်ရှေ့ကို လာပြီး၊ ဘုရားရဲ့ စီမံခန့်ခွဲခြင်း အမှုတော်ရဲ့ နယ်ပယ်ထဲမှာ သူတို့တာဝန်ကို လုပ်ဆောင်ခွင့်ရတဲ့အခါ၊ ဒါက အလှပဆုံးနဲ့ အဖြောင့်မတ်ဆုံး အရာတစ်ခု ဖြစ်တယ်ဆိုတာပဲ။ ကျွန်မတွေးမိတယ်၊ ကျွန်မတို့တာဝန်ကို လုပ်တာက အလှပဆုံးနဲ့ အဖြောင့်မတ်ဆုံး အရာတစ်ခုလို့ ဘုရားက ဘာလို့ ပြောရတာလဲလို့ပေါ့။ ဘာလို့လဲဆိုရင် ဘုရားက ကျွန်မတို့အပေါ် သမ္မာတရားအများကြီး ကိုယ်ကျိုးမငဲ့ဘဲ အပ်နှင်းလို့ပါ၊ သူက သူ့ရဲ့အိမ်တော်မှာ ကျွန်မတို့ရဲ့တာဝန်ကို လုပ်ခွင့်ပေးပြီး၊ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့ အခွင့်အရေးတွေ ပေးတယ်။ ကျွန်မတို့ရဲ့ တာဝန်ကို လုပ်ဆောင်တဲ့ တစ်လျှောက်လုံးမှာ သမ္မာတရားကို ကျွန်မတို့ နားလည်လာပြီး ရရှိကြသလို အသက်တာမှာ တဖြည်းဖြည်း ကြီးထွားနိုင်ကြတယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သိနိုင်၊ သင်ယူနိုင်ပြီး ဖြေရှင်းနိုင်ရုံသာမက၊ ဘုရားကို သိနားလည်မှုအစစ်အမှန် ရနိုင်ပြီး၊ နောက်ဆုံးမှာ ကျွန်မတို့အတွက် ဘုရားရဲ့ ရယူတာကို ခံရနိုင်စေရင်းနဲ့ ဘုရားကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့ လမ်းပေါ် ခြေလှမ်းလှမ်းနိုင်တယ်။ ကျွန်မတို့အပေါ် သမ္မာတရားနဲ့ အသက် အပ်နှင်းဖို့ ကျွန်မတို့တာဝန်ကို ဘုရားက လုပ်ခွင့်ပေးတယ်- အပြန်အလှန်အနေနဲ့ ဘာကိုမှ လုံးဝ မမျှော်လင့်ဘဲ ကျွန်မတို့ကို သန့်စင်ပြီး ကယ်တင်ဖို့ပေါ့။ ပြီးတော့ အဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ ကျွန်မတို့ရဲ့ တာဝန်မှာ စစ်မှန်၊ရိုးသားတဲ့ စိတ်နှလုံးနဲ့ ဘုရားရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်မတို့ မြင်ပြီး နားလည်သင့်သလို၊ ဘုရားရဲ့ မေတ္တာကို ပြန်ပေးဆပ်နိုင်ဖို့ တာဝန်မှာ အစွမ်းရှိသမျှ အားထုတ်သင့်တယ်။ ဖန်ဆင်းရှင်နဲ့ ဖန်ဆင်းခြင်းတွေကြားမှာ၊ ဘုရားက ကိုယ်ကျိုးမငဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်သူဖြစ်နေတုန်းမှာပဲ၊ လူသားတွေက ဘုရားကို အစစ်အမှန် ကျိုးနွံနာခံပြီး ပြန်ပေးဆပ်သင့်သူတွေပါ။ နောက်ဆုံးမှာ ဘုရားဆီက လာတဲ့ သမ္မာတရားတွေကို ကျွန်မတို့ ရကြတယ်၊ စာတန်ဆီကလာတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို စွန့်ပစ်ကြတယ်၊ လူသားသဏ္ဍာန်ကို အသက်ရှင်နေထိုင်ကြပြီး ဘုရားရဲ့ စိတ်နှလုံးကို နှစ်သိမ့်လာနိုင်ကြတယ်။ ဒါက ချစ်စရာကောင်းတဲ့ အရမ်းဖြူစင်တဲ့ ဆက်ဆံရေးတစ်ခုပဲ။ ပြီးတော့၊ ဖန်ဆင်းရှင်ရဲ့ စေခိုင်းချက်ကို လက်ခံပြီး ကိုယ့်တာဝန်ကို လုပ်ဆောင်တဲ့ အဖန်ဆင်းခံတစ်ဦးက သူ့မိဘတွေကို သားသမီးအချစ်နဲ့ချစ်တဲ့ ကလေးတစ်ယောက်လိုပဲ။ အဲဒါက မှန်ပြီး သင့်တော်တယ်။ လုပ်သင့်တဲ့ အခြေခံအကျဆုံး အရာတစ်ခုပဲ။ ပြီးတော့ ကျွန်မတို့ရဲ့တာဝန်မှာ ကျွန်မတို့က ကိုယ့်ကိုယ်ပိုင်လုပ်ငန်းကို ဆောင်ရွက်နေကြတာ မဟုတ်ဘဲ လူတွေအများကြီး ဘုရားရှေ့လာနိုင်ဖို့ ဧဝံဂေလိကို ဖြန့်ဖို့ ကိုယ့်အပိုင်းကို လုပ်နေကြတာပါ။ ဒါက ကမ္ဘာပေါ်မှာ အဖြောင့်မတ်ဆုံး ကြိုးပမ်းအားထုတ်မှုပါ။ ဒါပေမယ့် ဆင်ခြင်တုံတရားအားလုံးကို ဆန့်ကျင်ရင်းနဲ့၊ ဆိုးယုတ်တဲ့အရာ၊ အကျည်းတန်တဲ့အရာတစ်ခုအဖြစ်ကို ကျွန်မ လှည့်လိုက်တာက ဒီနှစ်သက်စရာ ဖြောင့်မတ်တဲ့အရာပါ။ အဲဒါကို ကျွန်မ အဆင့်အတန်း ရနိုင်၊ မရနိုင်ဆိုတဲ့နေရာမှာ အလဲအလှယ်အနေနဲ့ ကူးပြောင်းပေးလို့ရတဲ့ အရာတစ်ခုအနေနဲ့ သဘောထားခဲ့တယ်။ ကျွန်မရဲ့ အဆင့်အတန်းကို မြှင့်တင်ခဲ့ရင် အဲဒါကို လုပ်ဖို့ ကျွန်မ လိုလားခဲ့ပေမယ့်၊ မဟုတ်ရင်၊ တခြားတစ်ယောက်ယောက်ပေါ် တွန်းတင်ရင်းနဲ့ ငြင်းခဲ့တယ်။ ကျွန်မရဲ့ မကောင်းတဲ့ ရည်မှန်းချက်တွေကို ရရှိဖို့ ဘုရားရဲ့ ချီးမြှောက်ခြင်းနဲ့ ကျေးဇူးတော်ကို အမြတ်ထုတ်နေမိခဲ့တယ်။ ကျွန်မ ဘယ်လောက် မယုံနိုင်အောင် ဆိုးယုတ်ပြီး ဘုရားရဲ့ အဖန်ဆင်းခံ သတ္တဝါတွေထဲက တစ်ယောက်တောင် မဖြစ်ထိုက်တာကို မြင်ခဲ့ရတယ်။ ကိုယ့်တာဝန်အပေါ် ကျွန်မရဲ့ သဘောထားကို ပြန်တွေးကြည့်တော့၊ နောင်တနဲ့ ကျွန်မ ပြည့်သွားခဲ့တယ်။ ကျွန်မ ဘုရားရှေ့ကို ဆုတောင်းခြင်းနဲ့လာခဲ့တယ်- “ဘုရားသခင်၊ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစ ဒါမှမဟုတ် ဘဝထဲက နုံချာတဲ့ အတွေ့အကြုံကြောင့် ကျွန်မဆီက ကိုယ်တော် လှည့်ထွက်မသွားခဲ့ဘူး။ လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးကို ကိုယ်တော် ပေးနေဆဲပဲဖြစ်သလို ကျွန်မအတွက် ဒါက ကောင်းချီးမင်္ဂလာတစ်ခုပါ။ ဒါတောင်မှ၊ ကိုယ်တော်နဲ့ အပေးအယူတွေ လုပ်ဖို့ ကျွန်မရဲ့ တာဝန်ကို အသုံးချဖို့ ကျွန်မ ကြိုးစားခဲ့မိတုန်းပဲ။ ကျွန်မ အရမ်းဆိုးယုတ်ပါတယ်။ ဘုရားသခင်၊ ကျွန်မရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တဝဲလည်လည် ကျွန်မ မတွေးချင်တော့ပါဘူး။ ဒါပေမယ့် ကိုယ်တော့်ကို စိတ်မပျက်မိစေဖို့ ဒီအခွင့်အရေးကို တကယ် တန်ဖိုးထားပြီး ဒီတာဝန်ကို လုပ်ဆောင်ရာမှာ ရှိသမျှအားထည့်ပြီး လုပ်နိုင်သမျှ လုပ်ချင်ပါတယ်။” ကျွန်မဆုတောင်းပြီးတဲ့နောက်မှာ၊ အများကြီး ပိုစိတ်အေးသွားသလို၊ အများကြီး ပိုအေးချမ်းသွားခဲ့တယ်။ နောက်မှသိလာတာက၊ အဲဒီတာဝန်ကို ယူပြီးတဲ့နောက်မှာပဲ ကျရှုံးမှုကို တွေ့ကြုံပြီး မျက်နာနည်းနည်း ပျက်ရတာက အပေါ်ယံမှာ ဆိုးတဲ့အရာတစ်ခုလို ဖြစ်ပေမယ့် တကယ်တော့ ကောင်းတဲ့ အရာတစ်ခု ဖြစ်ခဲ့တယ် ဆိုတာပါပဲ။ အဲဒါက ကျွန်မရဲ့ လိုက်စားမှုထဲမှာရှိတဲ့ ဦးတည်ချက်နဲ့ ရည်မှန်းချက်တွေကို ဘုရားက ပြုပြင်ပေးနေခဲ့တာပါ။ ကျွန်မ မျှော်လင့်ခဲ့မိတာက ကျွန်မရဲ့ ရာထူးကို ယူလိုက်တာနဲ့ ကောင်းကောင်း လုပ်ဆောင်တဲ့ ကြီးမြတ်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့၊ ညီအစ်ကို မောင်နှမတွေရဲ့ ချီးကျူးဂုဏ်ပြုတာနဲ့ လေးစားတာ ရဖို့ပေါ့။ ဒါပေမယ့် ဒီအတွေ့အကြုံက ကျွန်မကို ကျော်ကြားမှုနဲ့ အဆင့်အတန်းတွေကို လိုက်စားတာဟာ မှားတဲ့လမ်းကြောင်းနဲ့ ကျရှုံးတဲ့ လမ်းကြောင်းဖြစ်မှန်း ပြခဲ့တယ်။ အဲဒီတာဝန်ကို ထမ်းဆောင်တာက ကျွန်မရဲ့ အားနည်းချက်တွေကို ဖော်ထုတ်နိုင်ပြီး၊ ကျွန်မလုပ်ဖို့လိုတာက ကိုယ့်ရဲ့ ကျရှုံးမှုကို သိမှတ်ပြီး အမှန်တရားတွေကို ရင်ဆိုင်ဖို့၊ အဲဒီနောက် တစ်လှမ်းချင်း ရှေ့ဆက်နိုင်ဖို့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင် ကြိုးစားဖို့၊ တာဝန်ကို ကောင်းကောင်းလုပ်ပြီး ဘုရားကို ကျေနပ်စေဖို့မှန်း မြင်ခဲ့ရတယ်။ အထက်ခေါင်းဆောင်ရဲ့ တန်ဖိုးထားတာခံရဖို့၊ ညီအစ်ကို မောင်နှမတွေရဲ့ လေးစားမှုကို ရဖို့ ကျွန်မ အားမထုတ်သင့်ဘူး။ ကျွန်မရဲ့ အားနည်းချက်၊ အခြေခံသဘောတရားအတိုင်း လူတွေကို ဘယ်လိုဆက်ဆံရမယ်မှန်း မသိတာ ပေါ်သွားခဲ့ပြီဖြစ်ပေမယ့်၊ အဲဒါက ကျွန်မက သမ္မာတရားရဲ့ စစ်မှန်မှု တကယ်ကင်းမဲ့တာ သိမှတ်ဖို့၊ ကျွန်မရဲ့ သင်ခန်းစာကို သင်ယူပြီး အခြေခံသဘောတရားတွေကို သဘောပေါက်ဖို့ လိုအပ်တဲ့ သဘောပါပဲ။ တစ်ခါကျရှုံးတာနဲ့ အရမ်းလန့်သွားစရာ မလိုပါဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အနာဂတ်မှာ ကြီးထွားနိုင်တာက ပြဿနာရဲ့ တကယ့်ချက်ပါ။ ကျွန်မအတွက် နောက်ထပ် တွေးမိတဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်က ဒါပါ- “လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်မိတာက၊ ခေါင်းဆောင်မှုတာဝန်ကို ယူဖို့ လူတစ်ယောက်က သမ္မာတရားတစ်ခုမကျန် နားလည်ပြီး လုံလောက်တဲ့ ဝိညာဉ်ရင့်ကျက်မှု ရှိစရာ လုံးဝ မလိုဘူးဆိုတာပါပဲ။ ဒါ့အပြင်၊ ပထမဆုံး အစပြုတဲ့အချိန်မှာ ဘယ်သူမှ ခေါင်းဆောင်အလုပ်နဲ့ တကယ် မကိုက်ကြပါဘူး။ ဘုရားက တာဝန်တွေကတစ်ဆင့် ကျွန်မတို့ကို လေ့ကျင့်ပေးပြီး၊ ဒီလေ့ကျင့်မှုကနေတစ်ဆင့် ကျွန်မတို့ကို ဘုရားက ဦးဆောင်ပြီး စုံလင်စေတာပါ။ ကျွန်မတိုရဲ့တာဝန်ကို လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ကနေ၊ အမှားအများပြီး ကျွန်မတို့ ဖော်ပြလေ့ရှိတဲ့အပြင်၊ ကျရှုံးမှုတချို့နဲ့ ဆုတ်ဆိုင်းမှုတွေ ရင်ဆိုင်ရသလို၊ ကျွန်မတို့ ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်း ခံရမှာပါ။ သမ္မာတရားကို ရှာဖွေပြီး အခြေခံသဘော တရားတွေကို တဖြည်းဖြည်း ကိုင်စွဲမိတာနဲ့၊ ဝိညာဉ်ရင့်ကျက်မှုကို ကျွန်မတို့ တဖြည်းဖြည်း တိုးတက်စေနိုင်ပါတယ်။ ဒီဖြစ်စဉ်တစ်လျှောက်မှာ၊ တချို့အရာတွေကို ကျွန်မတို့ နားမလည်မှာ၊ စွမ်းဆောင်မရရှိနိုင်မှာ၊ ကျရှုံးမှုနဲ့ ဆုတ်ဆိုင်းမှုတွေ ရှိမှာက လုံးဝ ပုံမှန်ပါပဲ။ ဖြတ်သန်းသွားဖို့က ကျွန်မတို့အတွက် အရမ်း အရေးကြီးတဲ့ အရာတစ်ခုလည်း ဖြစ်တယ်။ မျက်နှာပျက်မှာ၊ အရှက်ရမှာကို ကြောက်ပြီး၊ ဒီလိုနဲ့ ဒီတာဝန်ကို မလုပ်ချင်ခဲ့လို့၊ ဘုရားရဲ့ စုံလင်စေတာခံရမယ့် ဒီအခွင့်အရေးကို ငြင်းမယ်ဆိုရင် ကျွန်မ ဘယ်လောက် ကြောင်းကျိုးမမြင် ဖြစ်မယ်ဆိုတာကို သဘောပေါက်ခဲ့ရတယ်။ ဒီအတွေးက ကျွန်မအတွက် တကယ်ရှင်းနေခဲ့တယ်။ ကျွန်မရဲ့ အစွမ်းအစက ညံ့တယ်၊ သမ္မာတရားကို ကျွန်မ နားမလည်သလို၊ ကျွန်မရဲ့ အသက်ဝင်ရောက်မှုက အနည်းဆုံးဖြစ်မှန်း သိပေမယ့်၊ ကျွန်မ အလုပ်ကြိုးစားပြီး အဖိုးအခပေးနိုင်သလို သမ္မာတရားအတွက် ကြိုးပမ်းနိုင်ခဲ့တယ်။ အဲဒီတုန်းက ခေါင်းဆောင်တွေအားလုံးထဲမှာ အချို့တဲ့ဆုံးဖြစ်ခဲ့ရင်တောင်၊ တစ်နေ့မှာ တိုးတက်မှုတချို့ ကျွန်မ လုပ်နိုင်မှာပဲလေ။ အရင်က သင်္ဘောမဆောက်ဖူးခဲ့ပေမယ့် စိတ်နှလုံးထဲမှာ စစ်မှန်ပြီး ဆက်ကပ်တဲ့ နောဧကို တွေးမိခဲ့တယ်၊ သူက လမ်းပြမှုအတွက် ဘုရားအပေါ် မှီခိုခဲ့တယ်။ နှစ်ပေါင်း ၁၂၀ ကြာ မဆုတ်မနစ်လုပ်ခဲ့ပြီး၊ နောက်ဆုံးမှာ ဘုရားရဲ့ စေခိုင်းချက်တာဝန်ကို ပြီးစီးရင်းနဲ့ သင်္ဘောကို ဆောက်ပြီးသွားခဲ့တယ်။ အဲဒီတုန်းက၊ ဘုရားဆီက နှုတ်ကပတ်တော်အများကြီး ဒါမှမဟုတ် သူ့ကိုကူညီတဲ့သူ အများကြီး မရှိခဲ့ဘူး။ ဒါပေမယ့် ကျွန်မကို လမ်းပြနေတဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့အတူ ကျွန်မခေါင်းဆောင်ရဲ့ လမ်းညွှန်မှုအပြင် အရမ်းများတဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ပူးပေါင်းလုပ်ဆောင်ပြီး အားပေးမှုတွေနဲ့ ကျွန်မ တာဝန်ထဲက ပြဿနာတွေနဲ့ ပတ်သက်လို့ ကျွန်မမှာ ဘာများ ညည်းညူပိုင်ခွင့်ရှိလို့လဲ။ အဲဒီလို ဆက်ညည်းနေဖို့ အကြောင်းပြချက် တကယ်ကို မရှိတာပါ။ ဒီအတွေးက တွေးဆဖို့ တစ်ခုခု ပေးခဲ့တယ်။ လက်တွေ့ကျတဲ့ အလုပ်တချို့ကို ဆောင်ရွက်နိုင်ဖို့ ကျွန်မရဲ့ တာဝန်ကို ဘယ်လို ထမ်းဆောင်သင့်လဲ။

အဲဒီနောက် မကြာခင်မှာ၊ ဒီဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ဖတ်မိခဲ့တယ်- “သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် သတိရှိသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအခြေအနေတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းတွင်၊ သင်သည် ဤကဲ့သို့သော ကိစ္စများကို အလေးထားပြီး၊ ဤပြဿနာများကို ကျွန်ုပ် မည်သို့ ဖြေရှင်းမည်နည်းဟု သင် စဉ်းစားလိမ့်မည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများအား လွတ်မြောက်မှုကို ရရှိပြီး ဝိညာဉ်ရေးရာ မွေ့ပျော်မှုကို ရှာတွေ့စေရန် ကျွန်ုပ် မည်သို့ထောက်ကူနိုင်မည်နည်း။ သင်သည် မိတ်ဿဟာယဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေချိန်တွင်၊ ဤကိစ္စများနှင့် ဆက်နွှယ်သော သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင်အာရုံစိုက် ပါလိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို စားသောက်စဉ်တွင်လည်း သင်သည် ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလည်း သယ်ဆောင်ပါမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သည့် လမ်းကြောင်း လျှောက်ရမည် ဆိုသည်နှင့်ပတ်သက်၍ သာ၍ ရှင်းလင်းသော စိတ်ကူးတစ်ခုကို သင် ရရှိလိမ့်မည်။ ဤသည်မှာ သင့်ဝန်ထုပ်က ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းဖြစ်ပြီး ဤသည်မှာ သင့်အပေါ် နှင်းအပ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ လမ်းပြမှုလည်း ဖြစ်သည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အာရုံစိုက်လိမ့်မည်မဟုတ်။ ဝန်ထုပ်ကို သယ်ဆောင်နေစဉ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါ၊ ထိုနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သင် သဘောပေါက်နိုင်သည်၊ မိမိလမ်းခရီးကို ရှာတွေ့နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ပေသည်။ ထို့ကြောင့်၊ သင်၏ ရှေ့တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ပိုမိုရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းသည် သာ၍ ကြီးမားသော အကျိုးတစ်ခု ရှိဖို့အလို့ငှာ၊ သင်သည် သူ၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်၍ ကြီးထွားဖို့အလို့ငှာနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင် သာ၍ ခံရနိုင်စွမ်းရှိလာဖို့အလို့ငှာ၊ သင်၏ဆုတောင်းချက်များတွင်၊ ဘုရားသခင်သည် သာ၍များသော ဝန်ထုပ်များကို သင့်အပေါ် ထားရှိဖို့နှင့် သာ၍ပင် ကြီးမားသော အလုပ်တာဝန်များကို သင့်ထံ အပ်နှံဖို့ တောင်းဆုပြုသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်လိုက်တာက၊ တာဝန်ကို ကောင်းကောင်းလုပ်ခြင်းအတွက် အဓိကအချက်က အဲဒီအတွက် ဝန်ထုပ်တစ်ခုကို တကယ်ထမ်းရွက်တာနဲ့ အဲဒါကို တကယ်စိတ်ဝင်စားခြင်းပဲဖြစ်တယ် ဆိုတာပါပဲ။ ကျွန်မအလုပ်မှာ ပြဿနာတွေ တွေ့တော့ ဒါမှမဟုတ် ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုမှာ အခက်အခဲတွေ တွေ့ရင်၊ အဲဒါတွေကို ဘယ်လိုဖြေရှင်းရမယ် ဆိုတဲ့အပေါ် ဦးနှောက်ခြောက်အောင် စဉ်းစားသင့်တယ်။ ဆုတောင်းသင့်တယ်၊ ကျွန်မရဲ့ ဝန်ထုပ်နဲ့ ပတ်သက်တဲ့ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်သင့်ပြီး၊ စိတ်ထဲက ဒီလက်တွေ့ပြဿနာတွေနဲ့ သမ္မာတရားကို ကျွန်မ ရှာတဲ့အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုနဲ့ အသိဉာဏ်ပွင့်လင်းစေခြင်းတွေကို ရဖို့ ကျွန်မအတွက် ပိုလွယ်မှာပါ။ အဲဒီကစပြီး စုဝေးပွဲတွေမှာ၊ သူတို့ကိုယ်ပိုင် အတွေ့အကြုံနဲ့ ပတ်သက်လို့ ညီအစ်ကို မောင်နှမတွေရဲ့ မိတ်ဿဟာယအပေါ် စပြီး စိတ်နှစ်ထားခဲ့တယ်၊ ပြီးတော့ သူတို့ရဲ့ အခြေအနေတွေ၊ ပြဿနာတွေနဲ့ အဲဒါကို ကျွန်မရဲ့ မိတ်ဿဟာယမှာ ဘုရားနှုတ်ကပတ်တော်နဲ့ ဘယ်လိုပေါင်းစပ်သင့်တယ်ဆိုတာတွေကို တကယ်စဉ်းစားခဲ့တယ်။ တချို့ကိစ္စကြောင့် ကျွန်မ ဝင်နှောက်ခံရတဲ့အခါ၊ ပြဿနာရဲ့ ပိုရှင်းလင်းတဲ့အမြင်ရနိုင်ဖို့ ဆွေးနွေးပြီး၊ ကျွန်မနဲ့ အနီးကပ်ဆုံး အလုပ်လုပ်တဲ့ ညီအစ်မနဲ့ ရှာဖွေရာမှာ ပါဝင်ခဲ့တယ်။ ဒါက ကျွန်မတိုရဲ့ စုဝေးပွဲတွေအတွက် အကျိုးရှိခဲ့ပါတယ်။ တစ်ကြိမ်မှာ၊ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ယုံကြည်သူတွေနဲ့ စုဝေးပွဲတစ်ခုမှာပေါ့၊ ကျွန်မ အရမ်းစိတ်လှုပ်ရှားနေတာ ကိုယ်တိုင် သိလိုက်ရတယ်၊ ကျွန်မရဲ့ မိတ်ဿဟာယက ကိုယ့်အပိုင်းနဲ့ ပတ်သက်ပြီး နားလည်မှု ကင်းမဲ့တာကို ထုတ်ဖော်မိပြီး၊ သူတို့ရဲ့ ပြဿနာတွေ ပြေလည်မသွားမှာကို စိုးရွံ့မိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အရှက်ရစေမိပြီး အလှောင်ခံမှာ၊ ပြီးတော့ ကျွန်မက အရမ်းငယ်ရွယ်တော့၊ ကလေးမလေးက အကြီးကြီး ပြောနေတယ်လို့ပဲ ထင်မှာကို စိုးမိခဲ့တယ်။ ကျွန်မ နှုတ်ပိတ်မြဲပိတ်နေခဲ့တယ်။ စိတ်ထဲမှာတော့ ပွင့်ပွင့်လင်းလင်း မိတ်ဿဟာယပြုနိုင်ဖို့ ကျွန်မကို ဆွဲထားတဲ့ နာမည်နဲ့ အဆင့်အတန်းရဲ့ ဒီအချုပ်အချယ်တွေကနေ လွတ်မြောက်အောင် လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းနေခဲ့တာပေါ့။ ကျွန်မရဲ့ သဘောထားက တဖြည်းဖြည်း ပြောင်းလဲတာ စခံစားခဲ့ရပြီး ကျွန်မ တွေးမိတာက၊ မိတ်သဟာယဆိုတာ တခြားလူတွေရဲ့ လက်ခံမှုကို ရဖို့ စိတ်ကူးအကောင်းဆုံး၊ အမြင့်ဆုံးအရာကို ပြောတာမဟုတ်ဘဲ၊ စစ်မှန်တဲ့ လူတစ်ယောက်ဖြစ်ပြီး ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာထိ ကိုယ့်ရဲ့ ကိုယ်ပိုင်နားလည်မှုကို ဝေမျှခြင်းပဲဆိုတာပေါ့။ ဘယ်သူနဲ့ စုဝေးတာဖြစ်ပါစေ၊ ကျွန်မတို့အားလုံးက ဘုရားရှေ့မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်နေကြတာပါ၊ ကျွန်မနဲ့သက်ဆိုင်ပြီး၊ တစ်ယောက်ယောက်က ဘာကိုပဲ တွေးပါစေ၊ ကျွန်မရဲ့ တာဝန်တွေကို ဖြည့်ဆည်းရမယ်။ ကျွန်မရဲ့ သဘောထားကို ပြင်လိုက်တာနဲ့၊ စိတ်နှလုံးထဲမှာ အများကြီး ပိုလွတ်လပ်ပြီး၊ ကျွန်မရဲ့ အတွေးတွေကို ရှင်းလင်းနိုင်ခဲ့တယ်။ ပိုရှင်းတဲ့ သိနားလည်မှုနဲ့ ပြဿနာတွေကို မြင်ခဲ့ပြီး၊ မိတ်ဿယအတွက် ကျွန်မ တစ်ခုခု ဝေမျှနိုင်တယ်လို့ သဘောပေါက်သွားခဲ့တယ်။ ဒါက ကျွန်မရဲ့ ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုအပေါ် အမှီမပြုဘဲ၊ ဘုရားရဲ့ အသိဉာဏ်ပွင့်လင်းစေခြင်းနဲ့ လမ်းပြမှုဆီက လာတယ်ဆိုတာ တကယ်ခံစားရတယ်။ အဲဒါက ကျွန်မကိုယ့်ဘာသာ သက်သက် လုံးဝ မရနိုင်မယ့် အရာတစ်ခုခုပဲ။ အဲဒီအတွေ့အကြုံတွေနောက်မှာ၊ တိုးတက်မှု တချို့ ကျွန်မ လုပ်နိုင်ခဲ့ပြီလို့ ခံစားခဲ့ရပြီး၊ ဒီတာဝန်ကို လုပ်ဆောင်တဲ့အပေါ် အရှုံးမပေးမိခဲ့လို့ အရမ်း ပျော်ရွှင်ခဲ့ရတယ်။ မဟုတ်ရင်၊ အဲဒီအကျိုးကျေးဇူးတွေကို ကျွန်မ လုံးဝ ဖန်တီးခဲ့မိမှာမဟုတ်ဘူး။ ဒီဘုရားနှုတ်ကပတ်တော်တွေက ဘယ်လောက် မှန်တဲ့အကြောင်းလည်း ပိုပြီးတောင် သေချာလာခဲ့တယ်- “သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် သတိရှိသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) ဒီနှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး လုံးဝ ငြင်းလို့မရနိုင်ပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်လိုက်တာနဲ့၊ သူ့ရဲ့ ဦးဆောင်မှုနဲ့ ကောင်းချီးမင်္ဂလာတွေကို တကယ် မြင်ခဲ့ရတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မာနထောင်လွှားမှုမှ ကျွန်ုပ် လွတ်မြောက်ခဲ့ပုံ

ချိချိန် မြန်မာနိုင်ငံ ၂၀၁၉ ဇွန်လမှာ၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ တစ်နှစ်ကြာပြီးတော့၊...

မိမိကိုယ်ကိုယ်အပေါ် မဖြစ်စေချင်မည့်အရာကို အခြားသူများထံ မလုပ်ခြင်းနှင့် ပတ်သက်၍ သုံးသပ်ဆင်ခြင်မှုများ

ပိုင်ရွှဲ တောင်ကိုရီးယားနိုင်ငံ ကျွန်မ တာဝန်မှာ ပြဿနာ အကြီးရော၊ အသေးပါ အများကြီး ပေါ်ပေါက်ခဲ့တယ်။ တချို့က သတိမမူလွန်းရာကနေ ဖြစ်ပြီး၊...

သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ မည်သည့်အရာက ကျွန်မကို ပိတ်ပင်ခဲ့သနည်း

စုအိုက် အီတလီနိုင်ငံ ညီမက ဂရတ်ဖစ်ဒီဇိုင်းအလုပ်လုပ်ဖို့ အသင်းတော်က တခြားလူတချို့နဲ့ တွဲရတယ်။ တစ်နေ့တော့ ခေါင်းဆောင်က ညီမကို ပြောတယ်။...

ကျွန်ုပ် အပြောအဆိုမတတ်၍ ဖြစ်လာသော သိမ်ငယ်စိတ်ကို ကျွန်ုပ် ခံစားရတော့မည် မဟုတ်ပါ

ငယ်ငယ်ကတည်းက ကျွန်မက တော်တော်လေး တသီးတသန့်နေတတ်ပြီး ကိုယ်ပြောချင်တာကို ကောင်းကောင်းမပြောတတ်ဘူး။ လူစိမ်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ စကားပြောဖို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်