တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် ဝေဖန်အကဲဖြတ်ချက် လိုအပ်သည်

03.02.2022

မကြာသေးခင်က ခေါင်းဆောင်တစ်ယောက်နဲ့ သင်းထောက်နှစ်ယောက်ကို ညီအစ်မတစ်ယောက် တိုင်ကြားတဲ့စာ ရခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မရှင်းက လက်တွေ့အလုပ်မလုပ်ဘဲ၊ စုဝေးပွဲတွေမှာ ဟန်ဆောင် လုပ်ပြနေခဲ့သလို၊ တခြားလူတွေရဲ့ အခြေအနေ၊ အခက်အခဲတွေကို ဂရုမစိုက်ဘူးလို့ သူက ပြောတယ်။ တခြား သင်းထောက်နှစ်ယောက်မှာလည်း ပြဿနာတချို့ ရှိတယ်တဲ့။ ပြဿနာတွေကို မပြောခင်တုန်းက သူတို့ကို မိတ်သဟာယပြုပေးပြီး ကိုင်တွယ်ဖြေရှင်းခဲ့တာကို ကျွန်မ တွေးနေမိတယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် အသိစိတ်တချို့ ရခဲ့ကြပြီး၊ အစ်မရှင်းဆိုရင် နောင်တနဲ့ ငိုတောင်ငိုခဲ့တယ်။ သူတို့ကို ထပ်ပြီး အကူအညီပေးလို့ရတယ်၊ ထုတ်ပယ်စရာမလိုပါဘူးလို့ ကျွန်မ တွက်မိခဲ့တယ်။ လက်တွေ့ကျတဲ့အလုပ် သူတို့ လုပ်နိုင်မယ်လို့ သေချာခဲ့တာ။ ဒါ့အပြင် တိုင်ကြားတဲ့ ညီအစ်မက သူ့စာအတွက် ကူပေးတဲ့သူတချို့ ရှိတာ တွေ့ရပေမဲ့ သူတို့က ထက်သန်တဲ့ ရှာဖွေသူတွေ မဟုတ်ဘူး။ ပြီးတော့ တချို့က အသင်းတော်ကနေ နှင်ထုတ်ခံရတော့မှာလေ။ သူတို့ တိုင်ကြားနေတဲ့ ပြဿနာအတော်များများက အဲဒီလူသုံးယောက်ဟာ သူတို့တာဝန်မှာ ဘယ်လိုပြုမူခဲ့တယ်ဆိုတဲ့အကြောင်းပဲ ဖြစ်တယ်။ တိုင်ကြားမှု တချို့က လုံးဝ ရှင်းလင်းတိကျတာ မရှိဘူး။ ကျွန်မတွေးမိတယ်၊ စာကိုရေးခဲ့တဲ့ ညီအစ်မက တကယ် မာနထောင်လွှားတာပဲ ဖြစ်ရမယ်လို့ပေါ့။ သူ ဘာသိလို့လဲ။ ကိစ္စအနည်းငယ်အတွက် ခေါင်းဆောင်တစ်ယောက်နဲ့ သင်းထောက် သုံးယောက်ကို ပေါင်းပြီး တိုင်ကြားလိုက်တာက— သူတို့အထုတ်ခံရရင်၊ အသင်းတော် အလုပ်ကို ဘယ်သူလုပ်မလဲ။ အသင်းတော် အလုပ်ကို သူ ကာကွယ်နေတာလား၊ ဖြိုခွဲနေတာလား။ ကျွန်မတွေးမိတယ်၊ “သူတို့အလုပ်ကို ငါ ကြီးကြပ်နေတာ။ ပြဿနာရှိရင်၊ လက်တွေ့အလုပ်ကို သူတို့ မလုပ်နိုင်ရင် တခြားဘယ်သူမဆိုထက် ငါ ပိုသိသင့်တယ် မဟုတ်လား။ သူတို့မှာ ပြဿနာ တကယ်ရှိပေမဲ့ ငါတို့ ဘယ်သူမှ ပြည့်စုံတာ မရှိဘူးလေ၊ ဒီတော့ အမှားမလုပ်မိတဲ့သူ ဘယ်သူရှိလဲ။ ပြဿနာတစ်ခုရှိတာနဲ့ သူတို့ကို တိုင်ကြားပြီး ထုတ်ပယ်လိုက်ရင်၊ အဲဒါက ခေါင်းဆောင်တွေက အရမ်းမြင့်လွန်းတဲ့ စံနှုန်းတစ်ခုပဲ”လို့ပေါ့။ အဲဒီအကြောင်း တွေးလေလေ၊ တိုင်ကြားတဲ့ ညီအစ်မမှာ ပြဿနာရှိတယ်လို့ တွေးမိလေလေဖြစ်ပြီး၊ အဲဒီစာကို သိပ်မစဉ်းစားဖြစ်တော့ဘူး။ အဲဒီပြဿနာတွေကို ခေါင်းဆောင်နဲ့ သင်းထောက်တွေဆီ ကျွန်မ ပြောပြချင်ခဲ့ပါတယ်၊ သူတို့ကို နည်းနည်း ကိုင်တွယ်ဖြေရှင်းမယ်၊ ကူညီမယ်၊ ဒီလောက်ပဲ။

နှစ်ရက်၊ သုံးရက်ကြာပြီးတဲ့နောက်မှာ၊ အထက်ခေါင်းဆောင်က ရုတ်တရက် အဲဒီတိုင်ကြားမှုအကြောင်း တင်ပြလာတယ်။ ကျွန်မ မကိုင်တွယ်ခဲ့တာ မြင်တော့၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ အသင်းတော်ကို ယူဆောင်လာဖို့ ကျွန်မကို ပြောတယ်။ အဲဒီလိုလုပ်ဖို့ စကားအရ ကျွန်မ သဘောတူခဲ့ပေမဲ့၊ တကယ်အဲဒီအတိုင်း မလုပ်ခဲ့ဘူး။ ကျွန်မ တွေးမိတာက၊ အဲဒီလူတွေဟာ အလုပ်မှာ အတော်လေး စွမ်းဆောင်နိုင်ပြီး၊ သူတို့ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လူတကာကို ထုတ်ပြောလိုက်ရင်၊ သင့်တော်ပါ့မလား။ လူတိုင်းက သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ပါ့မလား။ သူတို့မှာ ပြဿနာတွေ အများကြီးရှိတယ်လို့တွေးပြီး သူတို့ရဲ့ ခေါင်းဆောင်မှုကို လက်မခံကြတော့ရင်ကော။ သူတို့ အလုပ်ကို ကျွန်မ ကာကွယ်ပေးသင့်တယ် မဟုတ်လားပေါ့။ ကျွန်မ သူတို့ကို သိုသိုသိပ်သိပ် ကူညီလို့ရတယ်၊ အပြောင်းအလဲလုပ်စေပြီးနောက်မှာ သူတို့တာဝန်ကို ကောင်းကောင်းမွန်မွန် သူတို့ လုပ်လို့ရတယ်လေ။ ကျွန်မက ခေါင်းဆောင် တောင်းဆိုတာကို လက်ခံဖို့ ငြင်းရင်းနဲ့ ပုန်ကန်တတ်သလို မာကြောမှန်း ဘုရားသိခဲ့တယ်။ အဲဒီညီအစ်မက ကျွန်မကို ပြန်ရှာခဲ့ပြီး၊ ကျွန်မရဲ့ မှားတဲ့အယူအဆတွေနဲ့ စိတ်သဘောထားကို အသေးစိတ် မိတ်သဟာယပြုခဲ့တယ်။ သူ ကျွန်မကို မေးခွန်းတစ်ခု ပြန်မေးတယ်၊ “ဘုရားအိမ်တော်မှာ သမ္မာတရားက ဩဇာလွှမ်းမိုးပြီး၊ လူတိုင်းကို ကျွန်မတို့ မျှမျှတတ ရှိရမယ်။ ပြဿနာတွေရှိတဲ့ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေအတွက် ဘာလို့ အစ်မက ကာပေးနေမှာလဲ။ ဘုရားဘက်မှာ ဘာလို့ မရပ်ရတာလဲ။ ရင်းနှီးတဲ့လူတစ်စု ဖွဲ့ထားတာ သူတို့ကို အကာအကွယ်ပေးနေတာ— ဒါဟာ အန္တိခရစ်ရဲ့ လမ်းကြောင်းတစ်ခုပဲ။ တခြားလူတွေအပေါ် အစ်မရဲ့ ဆက်ဆံရေးမှာ ဘာလို့ စည်းမျဉ်းတွေကို မလိုက်နာတာလဲ။ ဘုရားရွေးချယ်ထားတဲ့ လူတွေကို အစ်မ မယုံတာလား။ ဘုရားအိမ်တော်မှာ သမ္မာတရား အုပ်စိုးတာကို အစ်မ မယုံတာလား”တဲ့။ ပြီးတော့ နောက်ဆုံးမှာ၊ သူ အလေးပေးပြောခဲ့တာက၊ “အယောင်ဆောင် ခေါင်းဆောင်တွေကို ဖော်ထုတ်ဖို့ အစ်မငြင်းတယ်၊ သူတို့အတွက် ကာပေးနေပြီး သမ္မာတရားဘက်မှာ မရပ်တည်ဘူးပဲ”တဲ့။ အဲဒီတုန်းကတော့ ကျွန်မ လုံးဝ လက်မခံနိုင်ခဲ့ဘူး။ အတွင်းမှာ အငြင်းပွားပြီး ကျိုးကြောင်းပြောနေတုန်းပဲ။ အရင်က အယောင်ဆောင် ခေါင်းဆောင်ရဲ့ ဖိနှိပ်တာ ကျွန်မ ခံခဲ့ရပြီးပြီ၊ ပြီးတော့ သူတို့ကြီးကြပ်တော့ အသင်းတော် အလုပ်နဲ့ အသင်းသားတွေကို ထိခိုက်ခဲ့တာကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကြုံခဲ့ရတာလေ။ ပြီးတော့ သူတို့ရဲ့ အပြုအမူက ကျွန်မကို တကယ် ဒေါသထွက်စေတယ်။ အယောင်ဆောင် ခေါင်းဆောင်တွေအနေနဲ့ ဖော်ထုတ်ခံရသူတွေကို ကျွန်မ အမြဲ ချက်ချင်း ထုတ်ပယ်ခဲ့တယ်။ အယောင်ဆောင် ခေါင်းဆောင်တွေကို ကျွန်မ ဘယ်လိုလုပ် ကာပေးရတာလဲ။ ကျွန်မလုပ်ရပ်တွေရဲ့ သဘာဝကို သူက ဆက်ပြီးဆန်းစစ်နေခဲ့တယ်။ ကျွန်မကို သမ္မာတရား လက်တွေ့မလုပ်ဆောင်ဘဲ၊ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေ သုံးတဲ့ အယောင်ဆောင် ခေါင်းဆောင်လို ဖော်ထုတ်ရင်းနဲ့ပေါ့။ ကျွန်မက ကွန်မြူနစ် ပါတီအရာရှိတွေ သူတို့အချင်းချင်း ကာပေးကြသလို၊ အဲဒီခေါင်းဆောင်တွေကို ကာကွယ်ပေးခဲ့တယ်တဲ့။ အာဏာသာအပေးခံရရင်၊ ကျွန်မ အန္တိခရစ်ဖြစ်သွားမှာပဲတဲ့။ “အယောင်ဆောင် ခေါင်းဆောင်”နဲ့ “အန္တိခရစ်” ဆိုတဲ့ စကားလုံးတွေကို သူပြောတိုင်းမှာ ကျွန်မ စိတ်ဓာတ်ကျရတယ်။ ကျွန်မ အရမ်းစိတ်ပျက်မိပြီး အရမ်းကို မတရားခံရသလို ခံစားရတယ်။ ကျွန်မ မရပ်မနား ငိုနေမိတယ်။ မျက်ရည်တွေနဲ့ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ခေါင်းဆောင်က ကျွန်မရဲ့ တကယ့်ပြဿနာကို ဖော်ထုတ်နေမှန်း သိပါတယ်၊ ဒါပေမဲ့ အဲဒါကို ကျွန်မ မမြင်နိုင်ပါဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိပြီး သင်ယူသင့်တဲ့ သင်ခန်းစာကို သင်ယူနိုင်အောင် ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေး၊ လမ်းပြတော်မူပါ” လို့ပေါ့။

နောက်နေ့မှာ စုဝေးပွဲတစ်ခုကို ကျွန်မ စီစဉ်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ရယ်၊ အတိုင်ခံရတဲ့ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေအပေါ် သိမြင်ဖို့ရယ်ပေါ့။ ညီအစ်ကို မောင်နှမတွေက ကျွန်မ ထင်ထားသလို သူတို့ရဲ့ ပြဿနာတွေကို မရမကပြောမနေကြဘဲ၊ ဒီလူတွေ သူတို့တာဝန်တွေကို ဘယ်လို ထမ်းဆောင်ကြတယ်ဆိုတာကို ဆွေးနွေးဖို့ တိကျတဲ့ ဥပမာတွေကို သုံးရင်းနဲ့၊ အစီရင်ခံစာမှာပါတဲ့ ပြဿနာတွေအပေါ် မျှမျှတတနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ မိတ်သဟာယပြုခဲ့ကြတယ်။ အစ်မရှင်းအပေါ် ကျွန်မတို့ရဲ့ ဆွေးနွေးချက်က သူ့အပေါ် ကျွန်မရဲ့ အကဲဖြတ်ချက်ကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။ သူတို့ထဲက အများကြီးက သူဟာ လက်တွေ့ကျတဲ့ အလုပ် မလုပ်ဘူး၊ စုဝေးပွဲတွေမှာ ဟန်ဆောင်လုပ်ပြရုံသက်သက် လုပ်ပြနေတယ်၊ တကယ့် ပြဿနာတွေကို ဖြေရှင်းခဲ့သလို၊ အလုပ်အပေါ် နောက်ဆက်တွဲဆက် မလုပ်ဘူးတဲ့။ လူတိုင်းက ကိုယ့်တာဝန်မှာ ရုန်းကန်နေကြရပေမဲ့၊ သူက စိတ်မပူပန်ပေးခဲ့ဘူး။ အလုပ်အစီအစဉ်တွေကို လုပ်နေချိန်၊ လူတွေရဲ့ တာဝန်တွေကို ပြောင်းလဲနေချိန်မှာ သမ္မာတရားအပေါ် မိတ်သဟာယမပြုခဲ့ဘူး၊ ဒါကြောင့် ကိစ္စတွေ ခက်ခဲတဲ့အခါ သူတို့ဘာသာ သူတို့ အဖြေရှာခဲ့ရတယ်။ ဒါမှမဟုတ် အချင်းချင်း ကူညီခဲ့ရတယ်။ ခေါင်းဆောင်ကို ဘယ်မှာမှ ရှာမတွေ့ခဲ့ရဘူး။ အစ်မရှင်းရဲ့ အပြုအမူက တကယ်ကို ညီအစ်ကို မောင်နှမတွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့တယ်။ အကဲဖြတ်ချက် တစ်ခုစီက အစ်မရှင်းရဲ့ ဥပေက္ခာပြုခြင်းနဲ့ လက်တွေ့ကျတဲ့အလုပ် ကင်းမဲ့တာကို တိုင်ကြားချက်တစ်ခုဖြစ်ခဲ့တယ်။ ကျွန်မအပေါ်လည်း စွပ်စွဲခဲ့ခဲ့ကြတယ်။ သူတို့အားလုံး ထုတ်ပြောတာကို ကြားရတာ ကျွန်မကို ဖော်ပြလို့မရတဲ့ ခံစားချက်နဲ့ ကျန်ရစ်စေခဲ့တယ်။ ကျွန်မ အပြစ်ရှိသလို ခံစားရပြီး အရှက်ရမိခဲ့တယ်၊ ပြီးတော့ မျက်နှာကို ပြင်းပြင်း ဖြတ်ရိုက်ခံလိုက်ရသလိုပဲ ခံစားလိုက်ရတယ်။ ကျွန်မ ကြီးကြပ်တဲ့ အသင်းတော်က လက်တွေ့အလုပ်မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် ရှိခဲ့တယ်။ အဲဒါကို ကျွန်မ ဘာမှ မသိခဲ့ဘူး။ သူက သမ္မာတရားကို လိုက်စားပြီး ခေါင်းဆောင်အနေနဲ့ တကယ့်အလုပ်လုပ်တယ်လို့ တွေးရင်းနဲ့ ကျွန်မ ကိုယ့်ဘာသာ သေချာနေခဲ့တာ။ သူ့ပြဿနာတွေ တိုင်ကြားခံရတော့၊ အဲဒါတွေကို မလေ့လာ၊ မကိုင်တွယ်ခဲ့ဘဲ၊ အဲဒီအစား သူ့ကို ဆက်ပြီး သိုသိုသိပ်သိပ် ကူညီချင်ခဲ့တယ်။ ကျွန်မက အစ်မရှင်းနဲ့ ဘယ်လိုများ ကွာခြားခဲ့လို့လဲ။ တခြားလူတွေရဲ့ လိုအပ်ချက်တွေကို ကျွန်မ မစဉ်းစားခဲ့ဘူး၊ သူတို့ ပြဿနာတွေနဲ့ အခက်အခဲတွေကို မဖြေရှင်းခဲ့ဘူး။ ကျွန်မက တကယ့်လက်တွေ့အလုပ်မလုပ်ဘဲ ရာထူးအာဏာ ရထားတဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တယ်။ နောက်တော့ ညီအစ်ကို မောင်နှမတွေက အစ်မဝမ်က ကိစ္စတွေကို ကိုင်တွယ်ရာမှာ စိတ်ခံစားချက်များပြီး သူ့တာဝန်မှာ စည်းမျဉ်းတွေ ကင်းမဲ့တယ်လို့ ပြောရင်းနဲ့ သင်းထောက်နှစ်ယောက်ရဲ့ ပြဿနာတွေကို တင်ပြလာခဲ့ကြတယ်၊ သူက မာနလည်းထောင်လွှားပြီး လူတွေကို ဘောင်ခတ်ဖို့ သူ့ရာထူးကို သုံးခဲ့တယ်။ သူတို့ကို ဖိတောင်ဖိနှိပ်တယ်ဆိုပဲ။ သူက တကယ်ကို အရှက်မရှိဘဲ၊ ညီအစ်ကို မောင်နှမတွေကို ထိခိုက်မှုအများကြီး ဖြစ်စေခဲ့သလို၊ သူတို့တာဝန်မှာ နှောင့်နှေးစေခဲ့တယ်။ ဒါတွေက ကျွန်မ တွေးခဲ့သလို သေးငယ်တဲ့ ပြဿနာတွေ၊ နည်းနည်း မိတ်သဟာယပြုလိုက်တာနဲ့ ဖြေရှင်းလို့ရတဲ့ အရာတွေ မဟုတ်ခဲ့ဘူး။ လူတိုင်း ဝေမျှတဲ့အရာကို ကြားရတော့ ကျွန်မ ရှက်မိတယ်။ သူတို့က လက်တွေ့အလုပ်မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေ ဖြစ်ပုံတွေက ကျွန်မရှေ့မှာ တစ်ခုပြီးတစ်ခု ပေါ်လာတယ်။ ကျွန်မ ကြက်သေသေသွားတယ်။ သူတို့က ပြဿနာတွေနဲ့ ထူပြောနေတာ တခြားလူတွေရဲ့ ဒေါသကို နိုးဆမိတဲ့အထိတောင် ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက လုံးဝ သတိမမူမိခဲ့ဘူး။ ကျွန်မ ကိုယ့်တာဝန်မှာ ဘာကို လုပ်နေခဲ့တာလဲ။ အဲဒါက ခေါင်းဆောင်အနေနဲ့ ကိုယ့်အပိုင်းနဲ့ ပတ်သက်လို့ ဆိုးရွားတဲ့ ကျရှုံးမှု မဟုတ်လား။ နောက်တော့၊ ကျွန်မရဲ့ ပြဿနာနဲ့ပတ်သက်ပြီး ဆုတောင်း၊ သုံးသပ်ဖို့ ကိုယ့်ကိုယ်ကိုယ် နောက်ဆုံးမှာ ငြိမ်သက်စေခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အယောင်ဆောင် ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်ကြပေ။ အမျိုးမျိုးသော လုပ်ငန်းကျွမ်းကျင်မှုများကိုလည်း သွား၍ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း၊ သို့မဟုတ် ညွှန်ကြားခြင်းလုံးဝ မရှိပေ၊ သို့မဟုတ် မည်သို့ဖြစ်ပျက်နေသည်ကို သိရှိရန်အတွက် မတူညီသောအုပ်စုများသို့ အချိန်မီလည်ပတ်ပြီး အလုပ်က မည်သို့ တိုးတက်နေသည်၊ မည်သည့်ပြဿနာများရှိနေသေးသည်၊ အဖွဲ့ကြီးကြပ်သူက ၎င်း၏အလုပ်ကို လုပ်နိုင်စွမ်းရှိမရှိ၊ ညီအစ်ကိုမောင်နှမများက ကြီးကြပ်သူကို မည်သို့ တုံ့ပြန်ကြသည်၊ မည်သို့ ထင်မြင်သည်၊ တစ်ဦးတစ်ယောက်သည် အဖွဲ့ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်သူကြောင့် နှောင့်နှေးနေခြင်းရှိမရှိ၊ ပါရမီရှိသူ၊ သို့မဟုတ် သမ္မာတရားကိုလိုက်စားသူ တစ်ဦးတစ်ယောက်သည် အခြားလူတို့၏ နှိမ်ခြင်း၊ သို့မဟုတ် ဖယ်ကြဉ်ခံရခြင်းရှိမရှိ၊ ပို၍ ရိုးသားဖြောင့်မတ်သော သူတစ်ဦးတစ်ယောက်က အနိုင်ကျင့်ခံရခြင်းရှိမရှိ၊ အယောင်ဆောင် ခေါင်းဆောင်များကို ဖော်ထုတ်ပြီး တိုင်ကြားသောသူတို့သည် ဖိနှိပ်ခံရပြီး ထိန်းချုပ်ခံရခြင်းရှိမရှိ၊ သို့မဟုတ် လူတို့သည် မှန်ကန်သော အကြံပြုချက်များပြုလုပ်ကြသောအခါ ထိုအကြံများကို သဘောတူလက်ခံခြင်းရှိမရှိ၊ အဖွဲ့ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်သူသည် ဆိုးယုတ်သောသူတစ်ယောက်၊ သို့မဟုတ် လူတို့ကို အခက်အခဲဖြစ်စေရန်ပြုလုပ်ခြင်းကို နှစ်သက်သူတစ်ယောက် ဟုတ်မဟုတ်ဆိုသည်တို့ကို လုံးဝ စစ်ဆေးခြင်းမရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအလုပ်တစ်ခုမှ မလုပ်လျှင် လူစားလဲသင့်သည်။ ဥပမာအားဖြင့်၊ လူတို့ကို မကြာခဏ နှိမ်ပြီး နှောင့်နှေးစေသည့် ကြီးကြပ်သူတစ်ယောက်ရှိသည်ဟု တစ်စုံတစ်ယောက်က အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်အား တိုင်ကြားသည် ဆိုပါစို့။ ညီအစ်ကိုမောင်နှမတို့သည် ၎င်းတို့နှင့်ပတ်သက်ပြီး ထင်မြင်ချက်တစ်ခု ရှိသော်လည်း ထမပြောရဲပေ။ ကြီးကြပ်သူက သူ့ကိုယ်သူ သက်သေထူပြီး မှန်ကန်ကြောင်းပြောဆိုရန်အတွက် အမျိုးမျိုးသော ဆင်ခြေတို့ကိုရှာပြီး သူ၏ အမှားများကို မည်သည့်အခါမျှ ဝန်မခံပေ။ ဤကဲ့သို့သော ကြီးကြပ်သူသည် အဘယ်ကြောင့် ချက်ချင်း လူစားမလဲခံရသနည်း။ သို့သော် အယောင်ဆောင်ခေါင်းဆောင်က၊ ‘ဤသည်မှာ အသက်ထဲသို့ လူတို့၏ ဝင်ရောက်မှုနှင့် သက်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။ သူသည် မာနထောင်လွှားလွန်းသည်။ အစွမ်းအစနည်းပါးသော သူတိုင်းသည် မာနထောင်လွှားသည်။ အရေးမကြီးပေ။ ကျွန်ုပ်က သူနှင့် အနည်းငယ် မိတ်သဟာယပြုဖို့သာလိုသည်’ ဟူ၍ ပြောတတ်သည်။ မိတ်သဟာယပြုစဉ် အချိန်အတွင်းတွင် ကြီးကြပ်သူက ‘ကျွန်ုပ်က မာနထောင်လွှားသည်ကို ဝန်ခံပါသည်။ ကျွန်ုပ်၏ ကိုယ်ပိုင်ဝင့်ဝါမှုနှင့် ဂုဏ်အဆင့်အတန်းကို အရေးစိုက်သောအချိန်များရှိသည်ကို ဝန်ခံပါသည်။ သို့သော် အခြားလူတို့သည် ဤအလုပ်နယ်ပယ်တွင် မကျွမ်းကျင်ပေ။ တန်ဖိုးမရှိသော အကြံပြုချက်များကို မကြာခဏ ပေးတတ်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို ကျွန်ုပ်နားမထောင်သည့် အကြောင်းပြချက်တစ်ခုရှိပါသည်’ ဟူ၍ ပြောသည်။ အယောင်ဆောင်ခေါင်းဆောင်သည် အခြေအနေတစ်ခုလုံးကို နားလည်နိုင်စွမ်းမရှိပေ။ ၎င်းတို့သည် ကြီးကြပ်သူ၏ လူ့သဘာဝ၊ စိတ်သဘောထားနှင့် လိုက်စားမှုတို့သည် မည်ကဲ့သို့ဖြစ်သည်ကို လေ့လာစူးစမ်းဖို့ မဆိုထားနှင့်။ ကြီးကြပ်သူက မည်မျှ ကောင်းစွာ အလုပ်လုပ်သည်ကိုပင် မလေ့လာမစူးစမ်းပေ။ ၎င်းတို့လုပ်သမျှက ‘ဤအရာကို ကျွန်ုပ်ထံ တိုင်ကြားခဲ့သည်။ ထို့ကြောင့် သင့်အား ကျွန်ုပ်စောင့်ကြည့်နေမည်။ သင့်ကို ကျွန်ုပ် အခွင့်အရေးတစ်ခုပေးနေသည်’ ဟု ရွှင်ပျစွာ ပြောဆိုခြင်းပင်ဖြစ်သည်။ ပြောဆိုပြီးနောက်တွင် ကြီးကြပ်သူက နောင်တရချင်သည်ဟု ပြောသည်။ သို့သော် နောက်ပိုင်းတွင် သူသည် အမှန်တကယ် နောင်တရခြင်း၊ သို့မဟုတ် လိမ်ညာလှည့်စားခြင်း၊ ယခင်က အတိုင်း ဆက်လက်လုပ်ဆောင်ခြင်းတို့ရှိမရှိနှင့်ပတ်သက်၍၊ သူ၏အလုပ်သည် မည်ကဲ့သို့ရှိသည်နှင့်ပတ်သက်၍မူ အယောင်ဆောင်ခေါင်းဆောင်က အလေးမထားသကဲ့သို့ သိရှိရန်လည်း မကြိုးစားပေ။...ကြီးကြပ်သူက သူ့ကို လှည့်စားနေသည်၊ မျက်နှာချိုသွေးနေသည်ကို သူမသိနိုင်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့အောက်မှ လူတို့က် ကြီးကြပ်သူနှင့်ပတ်သက်၍ မည်သည့်အရာ တိုင်ကြားသည်ကို အရေးမစိုက်ပေ။ ဤလူ၏ ပြဿနာ မည်မျှဆိုးသည်၊ ၎င်းတို့အောက်မှ လူတို့ တိုင်ကြားသော ပြဿနာသည် တည်ရှိနေခြင်းရှိမရှိ၊ အမှန်တကယ် ဟုတ်မဟုတ်၊ ဤလူကို လူစားလဲသင့်မလဲသင့်ဆိုသည်တို့ကို တကယ်သွား၍ မကြည့်ပေ။ ၎င်းတို့သည် ဤပြဿနာများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ကိစ္စများကို ရွှေ့ဆိုင်းခြင်းသာ ဆက်၍ ပြုလုပ်နေသည်။ ဤပြဿနာများအပေါ် အယောင်ဆောင်ခေါင်းဆောင်၏ တုံ့ပြန်မှုသည် အလွန်အမင်း လေးကန်နှေးကွေးသည်။ အလွန်နှေးကွေးစွာ ပြုမူလှုပ်ရှားသည်။ ၎င်းတို့သည် ဝေ့လည်လည် လုပ်နေသည်။ လူတို့ကို နောက်ထပ်အခွင့်အရေး ဆက်၍ပေးနေသည်။ လူတို့ကို ၎င်းတို့ပေးသော ဤအခွင့်အရေးများသည် အလွန်တန်ဖိုးရှိပြီး အရေးကြီးသည့်အလား၊ ၎င်းတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့်အလား ဖြစ်သည်။ လူတစ်ယောက်တွင် ထင်ရှားသည့်အရာမှတစ်ဆင့် ထိုလူ၏ သဘာဝနှင့် အနှစ်သာရကို မြင်ရန်၊ ဤလူ၏ သဘာဝနှင့် အနှစ်သာရအရ သူသည် မည်သည့်လမ်းမျိုးကို လျှောက်လှမ်းသည်ကို အကဲဖြတ်ရန်၊ လူတစ်ယောက်သည် သူလျှောက်သည့်လမ်းအရ ကြီးကြပ်သူတစ်ယောက်ဖြစ်ရန် သင့်တော်ခြင်းရှိမရှိကို ကြည့်ရန် ၎င်းတို့အနေဖြင့် မဖြစ်နိုင်ပေ။ ဤပုံစံဖြင့် ၎င်းတို့ မကြည့်နိုင်ပေ။ ၎င်းတို့တွင် လှည့်ကွက်နှစ်ခုသာရှိသည်။ စကားပြောဆိုရန် လူတို့အား ခေါ်ယူခြင်းနှင့် ၎င်းတို့အား နောက်ထပ် အခွင့်အရေးပေးခြင်းဖြစ်သည်။ ဤသည်ကို အလုပ်လုပ်ခြင်းအဖြစ် မှတ်ယူ၍ရပါသလား။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့နှင့် ၎င်းတို့၏ ပြောဆိုမှုများ၊ လူတို့ကို ၎င်းတို့ပြောဆိုသည့် အသေးအဖွဲကိစ္စများ၊ အနှစ်မရှိသော စကားများ၊ အယူဝါဒများကို အလွန်တန်ဖိုးရှိပြီး အရေးကြီးသည်ဟု မြင်သည်။ ဘုရားသခင်၏ အမှုတော်သည် စကားပြောရုံသာမဟုတ်ဘဲ လူတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်း၊ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ အရေးကြီးသော အခြေအနေများတွင် လူတို့ကို စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းတို့လည်း ပါရှိသည်ကို ၎င်းတို့ သတိမပြုမိကြပေ။ နည်းလမ်းတစ်ခုတည်းသာ မဟုတ်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အဘယ်ကြောင့် အလွန်သေချာနေကြသနည်း။ ၎င်းတို့၏ အယူဝါဒအနည်းငယ်ကို ပြောဆိုခြင်းနှင့် ပေါ်ပင်ရေပန်းစားသော စကားလုံးအနည်းငယ်ကို ထပ်ခါထပ်ခါပြောခြင်းသည် လူတို့ကို လက်ခံယုံကြည်စေနိုင်သလော။ ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် အဘယ်သို့ အလွန် မသိနားမလည်ဖြစ်ပြီး နုံအရသနည်း။ အမှုအရာများကို လုပ်ဆောင်ရာတွင် လူတစ်ယောက်၏ မှားယွင်းသောနည်းလမ်းနှင့် ဖောက်ပြန်ပျက်စီးသော အပြုအမူကို ပြုပြင်ခြင်းသည် ဤမျှ လွယ်ကူနိုင်မည်လော။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာသည် ဖြေရှင်းရန် ဤမျှ လွယ်ကူသလော။ အယောင်ဆောင် ခေါင်းဆောင်များသည် မိုက်မဲလွန်းပြီး အပေါ်ယံဆန်လွန်းသည်။ ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးမှုပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုသာ အသုံးမပြုဘဲ နည်းလမ်းများစွာကို အသုံးပြုသည်။ လူတို့ကို ဖွင့်ချပြီး စုံလင်စေရန်အတွက် သူသည် မတူညီသော ပတ်ဝန်းကျင်တို့ကို ပြင်ဆင်သည်။ အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ် လုပ်ဆောင်ပုံသည် ရိုးရှင်းလွန်းသည်။ ၎င်းတို့သည် လူတို့ကို စကားပြောရန် ခေါ်ယူသည်။ အယူအဆပိုင်းဆိုင်ရာ အလုပ်အနည်းငယ် လုပ်သည်။ အကြံအနည်းငယ်ပေးသည်။ ပြီးလျှင် ဤသည်မှာ အလုပ်လုပ်ခြင်း ဖြစ်သည်ဟု ထင်ကြသည်။ ဤသည်မှာ အပေါ်ယံဆန်သည်၊ မဟုတ်လော။ ဤအပေါ်ယံဆန်မှု၏ နောက်ကွယ်တွင် မည်သည့်ပြဿနာက ပုန်းကွယ်နေသနည်း။ နုံအမှုလော။ ၎င်းတို့သည် အလွန်အမင်း နုံအသည်။ လူတို့အပေါ် ၎င်းတို့၏ အမြင်တွင် အလွန်အမင်း နုံအကြသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထက် မည်သည့်အရာကမျှ ပြုပြင်ရန် ပိုမခက်ခဲပေ။ ဆိုရိုးစကားရှိသည့်အတိုင်း၊ ‘ကျားသစ်သည် သူ၏ အစက်အပျောက်များကို မပြောင်းလဲနိုင်ပေ။’ အယောင်ဆောင်ခေါင်းဆောင်များသည် ဤပြဿနာများကို သိမြင်နားလည်မှုမရှိကြပေ။ အသင်းတော်တွင် လူတို့အတွက် အခက်အခဲဖြစ်စေရန် ပြုလုပ်ရခြင်းကို နှစ်သက်သော၊ အသင်းတော်အလုပ်ကို နှောင့်ယှက်သော၊ လူတို့ကို အစဉ်သဖြင့် နှောင့်နှေးစေသော ကြီးကြပ်သူမျိုးနှင့်ပတ်သက်လာသည့်အခါ၊ အယောင်ဆောင်ခေါင်းဆောင်တို့သည် စကားပြောရုံကလွဲ၍ ဘာမျှမလုပ်ပေ။ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သည့် စကားအနည်းငယ်ပြောပြီး ထိုမျှသာဖြစ်သည်။ ၎င်းတို့သည် လူတို့အား ပြန်လည်နေရာချထားပေးရန်၊ သို့မဟုတ် လူစားလဲရန် မမြန်ဆန်ကြပေ။ အလားတူပင်၊ အမှုအရာများကို လုပ်ဆောင်ရာတွင် အယောင်ဆောင်ခေါင်းဆောင်များ၏ နည်းလမ်းသည် အသင်းတော်အလုပ်အပေါ် ကြီးမားသည့် ထိခိုက်နစ်နာမှုကိုလည်း ဖြစ်စေသည်။ ဤအလုပ်ကို ပုံမှန်၊ အောင်မြင်စွာ၊ ထိရောက်စွာ တိုးတက်ခြင်းကို မကြာခဏ ဟန့်တားပြီး မကြာခဏပင် ဆိုးယုတ်သောသူ၏ အနှောင့်အယှက်ကြောင့် နှောင့်နှေးမှုများ၊ ထိခိုက်နစ်နာမှုနှင့် ကြန့်ကြာမှုများဖြစ်ပေါ်စေသည်။ ဤအရာအားလုံးသည် အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို မှန်ကန်စွာ အသုံးမပြုခြင်းကြောင့် ဖြစ်ပေါ်သော ကောင်းကျိုးမပေးသည့် အကျိုးဆက်များဖြစ်သည်။ အပြင်ပန်း အသွင်အပြင်တွင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များကဲ့သို့ မကောင်းမှုကို တမင်လုပ်ဆောင်နေခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေကို တမင်တကာ တည်ဆောက်ပြီး ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် သွားခြင်းမဟုတ်ပေ။ သို့သော် ၎င်းတို့အလုပ်၏ နယ်ပယ်အတွင်းတွင် အယောင်ဆောင်ခေါင်းဆောင်များသည် ကြီးကြပ်သူများကြောင့်ဖြစ်သော အမျိုးမျိုးသော ပြဿနာများကို အလျင်အမြန် မကိုင်တွယ်နိုင်ပေ။ ၎င်းတို့သည် အဆင့်မမီသော ကြီးကြပ်သူများကို ချက်ချင်း ပြန်လည်နေရာချထားပြီး လူစားလဲခြင်း မပြုလုပ်နိုင်ပေ။ ယင်းက အသင်းတော်အလုပ်အား ပြင်းထန်စွာ ထိခိုက်စေပြီး အားလုံးက အယောင်ဆောင်ခေါင်းဆောင်၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၃)”) ဒါကို ဖတ်လိုက်ရတာက ဘုရားနှုတ်ကပတ်တော်တွေဟာ ကျွန်မကို ကိုယ်တိုင်ကိုယ်ကျ တရားစီရင်ပြီး ဖော်ထုတ်နေသလိုပဲ။ ခေါင်းဆောင်နဲ့ သင်းထောက်တွေနဲ့ပတ်သက်လို့ တိုင်ကြားချက်တစ်ခုကို ကျွန်မ လက်ခံရရှိခဲ့ချိန်မှာ၊ အဲဒါနဲ့ပတ်သက်ပြီး ပေါ့တန်တဲ့ သဘောထား ရှိခဲ့တယ်။ ကိစ္စတွေကို မှန်ကြောင်းအတည်မပြုချင်ခဲ့ဘူး၊ ချက်ချင်း ဂရုမစိုက်ချင်ခဲ့ဘူး။ သူတို့မှာ ပြဿနာတချို့ရှိခဲ့ပေမဲ့လည်း တကယ့် အလုပ်ကို လုပ်နိုင်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါကြောင့် သူတို့ကို ဆက်ပြီး ကူညီနိုင်ခဲ့တယ်။ ကျွန်မက ကိစ္စတွေကို နိုင်နိုင်နင်းနင်း ကိုင်မနေခဲ့သလို၊ နောက်ပိုင်းမှာ သူတို့ တိုင်တော့ ကိုယ့်ကိုယ်ကိုယ် သေချာနေခဲ့ပြီး ကိုယ်ယုံကြည်တဲ့အတိုင်း ခိုင်ခိုင်မာမာရပ်တည်ခဲ့တယ်။ ကိုယ့်အကဲဖြတ်ချက်ကိုပဲ ယုံကြည်ခဲ့ပြီး တခြားလူတွေပြောတာကို အလေးမထားခဲ့ဘူး။ စာရေးတဲ့သူတွေက အဲဒါကို ပုံကြီးချဲ့နေပြီး မမျှမတပြောနေကြတာလို့တောင် ထင်ခဲ့တယ်။ ကျွန်မက လက်တွေ့ကျတဲ့အလုပ်ကို လုပ်မနေခဲ့သလို၊ မမြင်မကန်း ဖြစ်နေခဲ့ရုံမက၊ မသိနားမလည်သလို မာနထောင်လွှားခဲ့မှန်း ကျွန်မ မြင်ခဲ့ရတယ်။ လက်တွေ့ကျတဲ့အလုပ် မလုပ်တဲ့အကြောင်း အရင်နှစ်လတုန်းက အစ်မရှင်းကို ကျွန်မ မိတ်သဟာယပြုခဲ့ပြီး သူ နောင်တတရားကို ပြခဲ့တယ်။ ကျွန်မရဲ့ အလုပ်ပြီးသွားပြီ၊ ပြဿနာ ပြေလည်သွားပြီလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တော့၊ လူတိုင်းက ပြောပြလို့ အပြောင်းအလဲ မရှိခဲ့မှန်းကို မြင်ရတယ်။ သူ့မျက်ရည်တွေက အတုအယောင်တွေ၊ ဒါပေမဲ့ ကျွန်မ ချင့်ချိန်နိုင်စွမ်း ဘာမှမရှိခဲ့ဘူး။ ကျွန်မ သူ့ကို သနားကရုဏာပြချင်ခဲ့ပြီး၊ သူ့ကို ဆက်ကူညီ၊ အခွင့်အရေး ဆက်ပေးချင်ခဲ့တယ်။ ပြီးတော့ အစ်မဝမ်လေ သူက အမြဲ မာနထောင်လွှားပြီး စိတ်ဆတ်တယ်၊ ပြီးတော့ တစ်ယောက်ယောက် ဒါကို အကြိမ်ကြိမ် တိုင်ကြားခဲ့တယ်။ ဒါပေမဲ့ အဲဒါက ယာယီ ဖောက်ပြန်ပျက်စီးခြင်း ပြသတာလို့ ထင်ခဲ့ပြီး အာရုံသိပ်မစိုက်ခဲ့ဘူး။ တစ်ခါတလေ သူနဲ့ ကျွန်မ စကားနည်းနည်းပြောပြီး ကျွန်မအလုပ် ပြီးသွားပြီ၊ နောက်ပိုင်းမှာ သူပြောင်းလဲသွားပြီလို့ ထင်ခဲ့တယ်။ ဒါတွေပေါ် အခြေခံပြီး သူ့အနှစ်သာရကို ကျွန်မ မသိမြင်ခဲ့ဘူး၊ စည်းမျဉ်းတွေအရ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ မရှာဖွေခဲ့ဘူး။ သမ္မာတရားကင်းမဲ့ပြီး ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေရဲ့ တိုင်ကြားချက်က ကျွန်မကို ချင့်ချိန်နိုင်စွမ်းပေးအောင်လို့ ဘုရားက ကိစ္စတွေကို စီစဉ်ခဲ့ပေမဲ့၊ အားလုံးကို ကျွန်မ လျစ်လျူရှုခဲ့တယ်၊ ဘုရားအမှုတော်ကို သတိမမူသလို၊ တခြားလူတွေကို ကိုးစားမနေခဲ့ဘူး။ ကျွန်မကိုယ့်အမြင်တွေကို ခေါင်းမာမာ ယုံကြည်ခဲ့မိတယ်။ ကောင်းကောင်းမွန်မွန် မကိုင်တွယ်ခဲ့ချိန်မှာ ခေါင်းဆောင်တစ်ယောက်က ကျွန်မ လိုအပ်တဲ့အရာကို ထေမိအောင် တခြားလူတွေနဲ့ အဖြေရှာကြည့်ဖို့ ပြောရင်းနဲ့ ကျွန်မကို ကူညီခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မလုပ်ခဲ့ဘူး၊ အဆင်မပြေမှာ စိုးခဲ့တယ်။ ကျွန်မက သိသာတဲ့ အဆင့်ထိကို တကယ် မာနထောင်လွှားခဲ့မှန်း တွေ့ရတယ်။ ခေါင်းဆောင်နဲ့ သင်းထောက်တွေက သူတို့တာဝန်တွေကို နှစ်ချီ လုပ်နေခဲ့ပြီးပြီဖြစ်ပေမဲ့၊ အတော်လေး ဝေဖန်ပြီး ဆုံးမပဲ့ပြင်ပြီးတဲ့နောက်မှာ သူတို့ မပြောင်းလဲကြသေးဘူး။ ဆိုလိုတာက သမ္မာတရားကို သူတို့ လက်မခံကြတာ။ နောက်ထပ် မိတ်သဟာယနဲ့ အကူအညီက ဘာကောင်းကျိုးပေးမှာလဲ။ နောက်ထပ် နည်းနည်း မိတ်သဟာယပြုလိုက်ရင် အဲဒါ ပြေလည်မှာပဲလို့ ရိုးရိုးတွေးခဲ့တယ်။ သိသိသာသာကို ကျွန်မ စိတ်နှလုံးထဲမှာ၊ ကျွန်မရဲ့ အကူအညီနဲ့ ဝေမျှတဲ့ မိတ်သဟာယက ဘုရားရဲ့ နှုတ်ကပတ်တော်တွေထက် ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းတွေထက် ပိုအလုပ်ဖြစ်မယ်လို့ ထင်ခဲ့မိတယ်။ အဲဒါ ကျွန်မက အရမ်းကို မလျော်ကန်တာ၊ မာနထောင်လွှားခဲ့တာပဲ။ စက်ဆုပ်စရာပါ။ အဲဒီအချိန်မှာ၊ တိုင်ကြားချက်က တခြားလူတွေရဲ့ ပြဿနာတွေအကြောင်းဖြစ်ပေမဲ့၊ ကျွန်မရဲ့ ပြဿနာတွေကိုလည်း ဖော်ထုတ်နေခဲ့သလို ခံစားမိခဲ့တယ်။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက ကျွန်မ ရှေ့တည့်တည့်မှာရှိခဲ့ပေမဲ့ သူတို့ကို မမြင်ခဲ့ဘူး၊ အခြေအနေကို မကိုင်တွယ်ခဲ့ဘူး။ ဒါက ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေခဲ့ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကြန့်ကြာစေခဲ့တယ်။ ကျွန်မက ဘုရားသခင်ဖော်ထုတ်တဲ့ လက်တွေအလုပ်မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်လိုမျိုး အတိအကျ ပြုမူနေခဲ့တာပါ။ ဖြည်းဖြည်းချင်း မောက်မာတာ လျော့ လာခဲ့တယ်။

သူတို့ရဲ့ စွမ်းဆောင်မှုအရ၊ သူတို့ဟာ လက်တွေ့ကျတဲ့ အလုပ်မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေမှန်း ကျွန်မတို့ ဆုံးဖြတ်ပြီး၊ ထုတ်ပယ်လိုက်တယ်။ တိုင်ကြားချက်ကို ကိုင်တွယ်တာ ပြီးသွားခဲ့ပေမဲ့၊ အဲဒီအတွေ့အကြုံက စိတ်နှလုံးပေါ်မှာ စွဲသွားတယ်။ ခေါင်းဆောင်တွေက ကျွန်မကို အပြစ်ဖော်ဆုံးမခဲ့ပုံ၊ ဒီလူတွေကို ကျွန်မ ကာပေးနေတယ်၊ အယောင်ဆောင် ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ကျွန်မ မဖော်ထုတ်ခဲ့ဘူးလို့ ပြောတာကို တွေးကြည့်တော့ ကျွန်မ ဖော်ပြလို့မရအောင် စိတ်မသက်မသာ ဖြစ်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ် မုန်းမိတယ်။ အဲဒီလိုအရာတစ်ခုကို ကျွန်မ ဘယ်လို လုပ်ရက်နိုင်ခဲ့တာလဲ။ ဆုတောင်းခြင်း၊ ရှာဖွေခြင်းနဲ့ ဘုရားရှေ့ကို ကျွန်မ ထပ်ရောက်လာတယ်၊ “ဘုရားသခင်၊ ကျွန်မ အရမ်းဖောက်ပြန်ပျက်စီးပါတယ်။ ကိုယ်တော် တောင်းဆိုတဲ့အတိုင်း ကျွန်မတာဝန်ကို မလုပ်နိုင်ပါဘူး။ ကိစ္စတွေကို ကျွန်မ ဖျက်လိုဖျက်ဆီး မလုပ်ဘဲ မနေနိုင်ပါဘူး။ ဘုရားသခင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကနေ လွတ်ပြီး တာဝန်ကို ကောင်းကောင်းလုပ်နိုင်ဖို့် ကိုယ့်ကိုယ်ကိုယ် လေးလေးနက်နက် သုံးသပ်ပြီး သမ္မာတရားကို သုံးရင်း ကိုယ့်ပြဿနာတွေကို ဖြေရှင်းချင်ပါတယ်။ ကျေးဇူးပြုပြီး လမ်းပြ၊ ဉာဏ်အလင်းပေးတော်မူပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ အဲဒီစာကို ရတုန်းက ကျွန်မ တွေးခဲ့တာ၊ အဲဒီအပေါ် ကျွန်မရဲ့ သဘောထားနဲ့ ရှုထောင့်အမြင်ကို ကျွန်မ အချိန်ယူပြန်စဉ်းစားခဲ့တယ်။ အဲဒီတုန်းက ကျွန်မ ကိုယ့်ဘာသာ ကြီးကျယ်ခဲ့ပုံ၊ စိတ်ကြီးဝင်ပြီး မာနထောင်လွှားခဲ့ပုံကို သတိရခဲ့တယ်။ ဆုတောင်းတာ၊ ရှာဖွေတာ တစ်ခုမှမလုပ်ဘဲ၊ အားလုံးမြင်နိုင်တဲ့ အမြင်တချို့ရှိခဲ့သလိုမျိုး စီရင်၊ ဆုံးဖြတ်မှုတိုင်းကို လုပ်ခဲ့တယ်။ ဒီကိစ္စကို ကျွန်မကိုင်တွယ်ရာမှာ သံသယနည်းနည်းမှ မရှိခဲ့သလို၊ ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာခဲ့ဘူး။ ကိစ္စတွေကို မှန်မှန်ကန်ကန် လုပ်နေတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ဒါက ကျွန်မကို ကျောချမ်းသွားစေခဲ့တယ်။ ကျွန်မ ဘယ်လိုဖြစ်ပြီး ကိုယ်ကိုယ်ကိုယ် သေချာလွန်း၊ စိတ်ကြီးဝင်လွန်းမိခဲ့တာလဲ။

ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်က စိတ်ထဲရောက်လာတယ်။ ဘုရားသခင်က ပြောသည်- “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”)လူသားတို့၏ အတွေးအခေါ်များသည် လူတို့အတွက် အများအားဖြင့် ကောင်းမွန်၍ မှန်ကန်ပုံရပြီး ၎င်းတို့သည် သမ္မာတရားကို ထိုမျှလောက် ချိုးဖောက်မည်မဟုတ်ဟု ထင်ရသည်။ လူတို့က ထိုပုံစံအတိုင်း အမှုအရာများကိုပြုခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ဖြစ်မည်ဟု ထင်ကြသည်၊ အမှုအရာများကို ထိုနည်းအတိုင်းပြုခြင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်မည်ဟု သူတို့ထင်ကြသည်။ အကယ်စင်စစ် လူတို့မှာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေနေခြင်းနှင့် ဤအရာအကြောင်းကို ဘုရားသခင်ထံ ဆုတောင်းနေခြင်း မဟုတ်သကဲ့သို့၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းမွန်စွာ ကြိုးပမ်းလုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ သူတို့၌ ဤစစ်မှန်သောအခြေအနေ မရှိကြသကဲ့သို့၊ သူတို့၌ ဤမျှလောက် ဆန္ဒလည်း မရှိကြချေ။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှု၌ ၎င်းတို့ပြုကြသော အကြီးဆုံးအမှား ဖြစ်၏။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သင်သည် ဘုရားသခင်ကိုသင်၏ စိတ်နှလုံးထဲ၌ ထိန်းသိမ်းမထားပေ။ ဤအရာမှာ အပြစ်တစ်ခုမဟုတ်ဘဲ အဘယ်သို့ ဖြစ်မည်နည်း။ သင့်ကိုယ်သင် လိမ်လည်လှည့်ဖြားနေသည် မဟုတ်လော။ ထိုပုံစံဖြင့် သင် ဆက်လက်ယုံကြည်နေပါက မည်သည့် အကျိုးသက်ရောက်မှုမျိုးများကို သင်ရိတ်သိမ်းနိုင်မည်နည်း။ ထို့ပြင် ယုံကြည်ခြင်း၏ အရေးပါမှုကို အဘယ်သို့ ပေါ်လွင်အောင်ပြသနိုင်မည်နည်း။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏”) ဒီစာပိုဒ်တွေကို ကောင်းကောင်းမွန်မွန် သိနှင့်ပြီးပေမဲ့၊ အဲဒါတွေက အထူးသဖြင့် အဲဒီတုန်းက စိတ်ထိခိုက်စရာ ဖြစ်ခဲ့တယ်။ ကိုယ့်ရဲ့ အကျည်းတန်မှုကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြခြင်းကတစ်ဆင့် ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက ခေါင်းဆောင်နဲ့ သင်းထောက်တွေကို တိုင်ခဲ့ပေမဲ့ ကျွန်မက မတူမတန်သလိုပဲ သဘောထားခဲ့တယ်။ သူတို့တွေကိုရော၊ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကိုပါ ကျွန်မသိတယ်၊ တခြားလူတွေက ကျဉ်းမြောင်းတဲ့ အမြင်ရှိပေမဲ့ ကိုယ်အမြင်ကျယ်တယ်လို့ ခံစားခဲ့ရတယ်။ ကိစ္စတွေကို ကိုယ့်နည်းလမ်းအတိုင်း လုပ်တာက ကျွန်မတို့အလုပ်အတွက် အကောင်းဆုံးလို့ ထင်ခဲ့တယ်။ ခေါင်းဆောင်က တိုင်ကြားချက်ကို ရှင်းရှင်းလင်းလင်း ကိုင်တွယ်ဖို့ ပြောခဲ့ပေမဲ့၊ ပွင့်ပွင့်လင်းလင်း ကိုင်တွယ်တာက တခြားလူတွေကို ဘက်လိုက်တာတွေ ဖြစ်စေပြီး အဲဒါက အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်စေမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မရဲ့ လူမသိသူမသိ မိတ်သဟာယနဲ့ အကူအညီက အမြော်အမြင်အရှိဆုံး ကိုင်တွယ်မှုလို့ ထင်ခဲ့တယ်။ ကိစ္စတစ်ခုလုံး တစ်လျှောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုကို ထိန်းထားခဲ့တယ်။ ကိုယ့်နည်းကိုယ့်ဟန်အတိုင်း လုပ်တာက အကောင်းဆုံး ကိုင်တွယ်မှုလို့ သေချာနေခဲ့တယ်။ ကျွန်မ ဆုမတောင်းသလို၊ ဘုရားရဲ့ အလိုတော်ကို လုံးဝ မရှာခဲ့ဘူး။ ပြီးတော့ ဒါဟာ ကျွန်မကို အသိပေးဖို့ ဘုရားပြင်ဆင်တဲ့ ပတ်ဝန်းကျင်တစ်ခုလို့ သတိတောင် မပြုမိခဲ့ဘူး။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားက နေရာမရှိခဲ့ဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အယူအဆက ဘုရားရဲ့ ကိုယ်ပိုင် အယူအဆတွေကို ကိုယ်စားပြုနိုင်သလိုမျိုး အရာရာကို ကျွန်မ နားလည်ပြီး သမ္မာတရားကို ပိုင်ဆိုင်တယ်လို့ ထင်ခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဘုရားနေရာမှာ ထားနေတာ၊ သူ့ကို လုံးဝ အရေးမထားခဲ့တာ မဟုတ်လား။ ကျွန်မ ခေါင်းဆောင်ရာထူးမှာ ရှိတာ နှစ်လသုံးလပဲရှိသေးသလို၊ သမ္မာတရား အများကြီး နားမလည်သေးဘူးလေ။ တိုင်ကြားစာကို ကိုင်တွယ်တာ ကျွန်မရဲ့ ပထမဆုံးအကြိမ်ပဲ။ ဒါပေမဲ့လည်း၊ ကိုယ့်ရဲ့ အတွေးနဲ့ ရှုထောင့်အမြင်တွေမှာ အဆုံးစွန် ယုံကြည်စိတ်ချမှု ရှိခဲ့တယ်။ ခေါင်းဆောင်တွေကို ဆန်းစစ်ရာမှာ အသင်းတော်ရဲ့ ရှင်းလင်းတဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုခဲ့တယ်။ ကိုယ့်ခံစားချက်တွေအတိုင်း ဆုံးဖြတ်ရင်း၊ သူတို့အပေါ် ကိုယ့်ထင်မြင်ချက်၊ အပေါ်ယံအလုပ်တွေအတိုင်း သူတို့ကို သုံးသပ်ရင်းနဲ့ပေါ့။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဂရုမစိုက်ဘဲ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် စိတ်ကူးတွေကို သမ္မာတရားအနေနဲ့ သဘောထားခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားမရှိခဲ့ဘူး- တကယ်ကို ဆင်ခြင်တုံတရား မရှိလောက်အောင် မာနထောင်လွှားခဲ့တာ။ အဲဒီလူတွေကို ကျွန်မ ကောင်းကောင်း သိတယ်၊ သူတို့ကို ကျွန်မ မိတ်သဟာယပြုပြီး ကူညီခဲ့သလို၊ သူတို့မှာ သိနားလည်မှုတချို့ ရှိတဲ့အတွက် သူတို့ကို ဆက်ထိန်းထားလို့ရမယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြဿနာတွေ ဆန်းစစ် ခံခဲ့ရပြီး အဲဒါတွေကို အရင်က သူတို့ မြင်ပြီးသားလေ၊ ဒီတော့ သူတို့ကို အဲဒီလို ထပ်ဖော်ထုတ်တယ်ဆိုတာက သူတို့ နောင်တရပြီး မပြောင်းလဲဘူး၊ သမ္မာတရားကို တကယ် လက်မခံဘူးဆိုတဲ့ သဘောပဲ။ ဘုရားက ကျွန်မရဲ့ စိတ်ကူးတွေကို ဖြစ်ရပ်မှန်တွေနဲ့ ရိုက်ချိုးခဲ့တယ်။ စစ်မှန်တဲ့ ကိုယ့်ကိုယ်ကိုယ် သိခြင်း၊ ဒါမှမဟုတ် နောင်တနဲ့ ပြောင်းလဲခြင်းက ဘာလဲဆိုတာကိုတောင် ကျွန်မ သိခဲ့တာမဟုတ်ဘူး။ ကိစ္စတွေကို မှန်မှန်ကန်ကန် မြင်ခဲ့တယ်၊ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ကိုယ့်ရဲ့ မာနထောင်လွှားမှုကို စဉ်းစားတာ စက်ဆုပ်စရာနဲ့ ရှက်စရာပါ။ ဘုရားက ဖန်ဆင်းခြင်းရဲ့ အရှင်၊ သမ္မာတရားရဲ့ ပြယုဂ်ပါ။ သူက အရာခပ်သိမ်းကို အုပ်စိုးပြီး ကျွန်မတို့ရဲ့ နှလုံးနဲ့ စိတ်တွေထဲကို မြင်ပေမဲ့၊ သူက နည်းနည်းမှ မာနမထောင်လွှားခဲ့ဘူး။ သူက နှိမ့်ချပြီး ချစ်ခင်စရာကောင်းတယ်။ ဒါပေမဲ့ ကျွန်မက စာတန်ကြောင့် အရမ်း ဖောက်ပြန်ပျက်စီးတာဟာ လူသားပုံသဏ္ဌာန်၊ မှန်ကန်တဲ့ ဆင်ခြင်တုံတရား တစ်ခုတစ်လေတောင် မရှိခဲ့ဘူး။ ကျွန်မက လုံးဝကို ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိဘဲ၊ မပြီးနိုင်မဆုံးနိုင် မာနထောင်လွှားနေတုန်းပဲ။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်ရင်းနဲ့ လူပြက်တစ်ယောက်လို ပြုမူနေမိခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် လှိုက်လှိုက်လှဲလှဲ စက်ဆုပ်ပြီး အထင်သေးမိတယ်၊ ပြီးတော့ ဘုရားသခင် ဘယ်လိုသန့်ရှင်းတယ် ဆိုတာကိုလည်း ခံစားမိတယ်။ ကျွန်မရဲ့ အတွေးတိုင်းနဲ့ လုပ်ဆောင်ချက်တိုင်းကို ဘုရားမြင်ခဲ့ပြီးတာ ကြာပြီဖြစ်သလို၊ ကျွန်မရဲ့ မာနထောင်လွှားမှုကို ထုတ်ဖော်ပြဖို့၊ စည်းမျဉ်းမရှိဘဲ ဘယ်လောက် ကျွန်မ အားနည်းချက်ရှိပြီး အလုပ်ပြီးအောင် မလုပ်နိုင်တာကို ပြဖို့ တိုင်ကြားစာကို အသုံးပြုခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ သိအောင် ကူညီခဲ့တဲ့ သူ့ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းအတွက် ဘုရားကို ကျွန်မ တကယ် ကျေးဇူးတင်မိတယ်။ ကျွန်မကို တိုက်ရိုက်ညွှန်ကြားတဲ့ ခေါင်းဆောင်မရှိဘဲ၊ ကျွန်မ ဘယ်လောက်ဝေးဝေး လမ်းလွဲသွားခဲ့မယ်၊ စည်းမျဉ်းကို ဆန့်ကျင်ပြီး အသင်းတော်အလုပ်ကို ဘယ်လောက်နှောင့်ယှက်နေခဲ့မိမယ်ဆိုတာကို ဘယ်သူသိမလဲ။ ဘုရားက နောင်တရပြီး ပြောင်းလဲဖို့ အခွင့်အရေး ကျွန်မကို ပေးနေခဲ့တာ၊ အဲဒါက သူ့ရဲ့ အထူးကျေးဇူးတော်ပဲ။ ကျွန်မရဲ့တာဝန်မှာ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်၊ ငြင်းပယ်ဖို့၊ ရှာဖွေခြင်းနဲ့ ဘုရားရှေ့ ပိုလာပြီး စည်းမျဉ်းတွေအတိုင်း အလုပ်လုပ်ဖို့ ကိုယ့်ရဲ့ သန္နိဋ္ဌာန်ကို ကျွန်မ ချမှတ်ခဲ့တယ်။

တိုင်ကြားမှုကို အဲဒီလို ကိုင်တွယ်တဲ့ အကျိုးဆက်တွေနဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေကို နားလည်အောင် ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “သင်သည် ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ခြင်းမှာ မည်သို့အဓိပ္ပာယ်ရသနည်း။ လူတို့ကို ၎င်းတို့၏ သင်ခန်းစာများသင်ယူရာတွင်၊ လူများ၊ ဖြစ်ရပ်များ၊ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ပေါ်ပေါက်သော အရာများမှ အမှန်တကယ် သင်ယူရာတွင် လမ်းပြပေးခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အမှန်တကယ် တွေ့ကြုံခြင်း၊ အမှုအရာများနှင့် လူများအား အရှိအတိုင်း အမှန်တကယ် မြင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ အစွမ်းအစကို သင်၌ တွေ့ရသည်နှင့် တစ်ပြိုင်နက်၊ ဘုရား အိမ်တော်က လူတို့ကို ပြုစုပျိုးထောင်ပေးသည့် အစွမ်းအစ၊ သို့မဟုတ် သတ်မှတ်ချက်များ သင်၌ တွေ့ရသည်နှင့် တစ်ပြိုင်နက် သင်သည် စတင် ဦးဆောင်သင့်သည်။ ညီအစ်ကိုမောင်နှမများ၏ နေ့စဉ်အသက်တာတွင်ရှိသော အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များ၊ အမှုကိစ္စများကို အရှိအတိုင်းမည်သို့ သိနိုင်မည်ကို သင်ယူရာတွင် ညီအစ်ကိုမောင်နှမများအား လမ်းပြသင့်သည်။ ဤသို့ဖြင့် ၎င်းတို့သည် သမ္မာတရားအပေါ် သိနားလည်မှုကို ရရှိစေရန်၊ အသင်းတော်အလုပ်ကို ကြားဖြတ်ဝင်ရောက်နှောင့်ယှက်သော မတူညီသော လူအမျိုးအစားတို့အပေါ် မည်သို့တုံ့ပြန်ရမည်ကို သိရှိစေရန်၊ သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိပြီး အမျိုးမျိုးသော လူအမျိုးအစားတို့အပေါ် စည်းမျဉ်းနှင့် ပြုမူဆောင်ရွက်စေရန်ဖြစ်သည်။ ဤအရာအားလုံးသည် သင်၏ တာဝန်ဖြစ်သည်။...ပို၍ပင် အရေးကြီးသည့်အရာမှာ သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အနေဖြင့် ဤကဲ့သို့သော အခွင့်အရေးကို ပေးခြင်း၊ ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပေါ်ပေါက်လာသောအခါ ယင်းတို့ကို မည်သို့ ခွဲခြားသင့်သည်၊ မည်သည့်သင်ခန်းစာကို ၎င်းတို့ သင်ယူသင့်သည်၊ ဤအရာများ မဖြစ်ပျက်မီတွင် မတူညီသော လူအမျိုးအစားတို့အပေါ် မည်သည့်အယူအဆများ၊ စိတ်ကူးများ၊ မှားယွင်းသောအမြင်များ ၎င်းတို့၌ ရှိသည်၊ အချို့အမှုအရာများကို ကြုံတွေ့ပြီးနောက်တွင် မည်သည့်သင်ခန်းစာများကို ၎င်းတို့ သင်ယူခဲ့ရသည်၊ မည်သည့်မှားယွင်းသော အယူအဆများနှင့် အမြင်ရှုထောင့်များက ပြုပြင်ပြီးမှန်ကန်စေကာ ဘုရားနှုတ်ကပတ်တော်တို့အပေါ် သန့်စင်သော သိနားလည်မှုကို ရရှိသည်၊ ဘုရားနှုတ်ကပတ်တော်တို့သာ သမ္မာတရားဖြစ်သည်၊ ဤနှုတ်ကပတ်တော်တို့သည် မည်သို့ ပြည့်စုံသည်တို့ကို နားလည်ရာတွင် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုကိစ္စများကို အတူတကွ ကိုင်တွယ်ရာ၌ သင့်အား ညီအစ်ကိုမောင်နှမတို့ကို လမ်းပြနိုင်စေခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်သင့်သည်။ ၎င်းတို့ သင်ရသည့် သင်ခန်းစာများသည် အပြင်ပန်းအသွင်အပြင်များနှင့် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများကို အမှီပြုခြင်းထက် အခြားလူတို့အပေါ် ၎င်းတို့က ပြုမူပုံတွင် ဘုရားနှုတ်ကပတ်တော်တို့ကို ပိုမိုကောင်းမွန်စွာအသုံးချခြင်းနှင့် အခြားသူတို့အပေါ် ၎င်းတို့ ရှုမြင်ပုံတွင် သာ၍ သမာသမတ်ကျခြင်း ဖြစ်သင့်သည်။ ၎င်းတို့သည် လူများနှင့် အမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ရှုမြင်ကြလိမ့်မည်။ လူတစ်ယောက်၏ လူ့သဘာဝနှင့် ထိုသူသည် အမှန်တကယ် သမ္မာတရားကို လိုက်စားသူ ဟုတ်မဟုတ်ကို တိုင်းတာရန် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုကြလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့ မြင်သည့်၊ ခံစားရသည့်၊ အကြံရသည့်၊ သို့မဟုတ် စိတ်ကူးမိသည့်အရာအပေါ် အမှီပြုခြင်းထက် ဘုရားနှုတ်ကပတ်တော်များကို အရာရာအား ၎င်းတို့ တိုင်းတာသည့် စံနှုန်းအဖြစ် အသုံးပြုကြလိမ့်မည်။ ဤသင်ခန်းစာများကို ၎င်းတို့သင်ယူပြီးမှသာ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ အလုပ်သည် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး၊ ဤတာဝန်ကို ဖြည့်ဆည်းပြီး ဖြစ်သည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းပြီးသည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမတို့သည် ဤအကျိုးကျေးဇူးများကို ရိတ်သိမ်းရလိမ့်မည်။ သင်သည် များစွာ ကြုံတွေ့ဖြတ်သန်းပြီးသော်လည်း သင်ခန်းစာများသင်ယူရာတွင် ညီအစ်ကိုမောင်နှမတိုအား လမ်းမပြနိုင်လျှင်၊ မတူညီသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အရှိအတိုင်း မခွဲခြားနိုင်လျှင် သင်သည် မျက်ကန်းဖြစ်ပြီး ထုံထိုင်းကာ အသိတရားမရှိပေ။ သင့်အပေါ်တွင် ဤအရာများဖြစ်ပျက်သည့်အခါ၊ သင်သည် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်ကြိုးစားရသည်သာမက၊ ဤအလုပ်ကို မခံယူနိုင်သည်သာမက၊ ဤအရာတို့ကို ညီအစ်ကိုမောင်နှမများက ကြုံတွေ့သည့်ပုံစံအပေါ်လည်း သင်က ထိခိုက်မှုရှိသည်။ သင်လုပ်သမျှက ဤအရာတို့ကို ညီအစ်ကိုမောင်နှမများက ကြုံတွေ့သည့်ပုံစံကို ထိခိုက်မှုရှိခြင်းသာဖြစ်လျှင် ပြဿနာသည် အလွန်မဆိုးဝါးပေ။ သို့သော် သင်သည် ဤအရာကို မှန်မှန်ကန်ကန် မကိုင်တွယ်လျှင်၊ ပြောသင့်သည့်အရာကို မပြောဘဲ၊ မိတ်သဟာယပြုရမည့် သမ္မာတရား စကားတစ်လုံးမျှ မိတ်သဟာမပြုဘဲ၊ လူတို့ကို အကျိုးဖြစ်သော၊ သို့မဟုတ် တည်ဆောက်စရာဖြစ်သော မည်သည့်အရာကိုမျှ မပြောဘဲ သင်၏အလုပ်တွင် ကျရှုံးလျှင်၊ ဤအနှောင့်အယှက်၊ အဟန့်အတားဖြစ်စေသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပေါ်ထွက်လာသောအခါ လူများစွာတို့သည် ဘုရားသခင်ထံမှ နားလည်မှုကို လက်ခံရရှိရန် မတတ်နိုင်ရုံမက၊ ဤအရာများကို တက်ကြွစွာ တုံ့ပြန်နိုင်စွမ်းမရှိသကဲ့သို့၊ ယင်းတို့မှ သင်ခန်းစာ သင်ယူနိုင်စွမ်းမရှိသည်သာမက၊ ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ သာ၍ရှိကြပါက၊ ဘုရားသခင်အား ပို၍ သတိထားလာကြပြီး၊ ဘုရားသခင်အား ပို၍ အယုံအကြည်ကင်းမဲ့ပြီး သံသယဖြစ်ပါက၊ ဤတွင် သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင်၏ တာဝန်ကို ဖြည့်ဆည်းရန် ကျရှုံးပြီမဟုတ်လော။ သင်သည် အသင်းတော်၏အလုပ်ကို ကောင်းမွန်စွာ မဆောင်ရွက်ခဲ့ပေ။ ဘုရားသခင်က သင့်ထံ အပ်နှံခဲ့သော စေခိုင်းချက်ကို သင် မပြီးမြောက်ခဲ့ပေ။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ တာဝန်ကို သင် မဖြည့်ဆည်းခဲ့ပေ။ ညီအစ်ကိုမောင်နှမများကို စာတန်၏ လွှမ်းမိုးမှုံမှ မခေါ်ဆောင်ခဲ့ပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထဲတွင်၊ စာတန်၏ သွေးဆောင်မှုအလယ်တွင် ရှင်သန်နေထိုင်ကြဆဲဖြစ်သည်။ သင်သည် လူတို့ကို မထိခိုက်မနစ်နာစေသလော။ သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် ခန့်အပ်ခံရသည့်အခါ၊ ဘုရားသခင်က သင့်ကို အပ်နှံပြီးဖြစ်သည့် တာဝန်ကို ဖြည့်ဆည်းရမည်ဖြစ်သည်။ ညီအစ်ကို မောင်နှမများကို ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားစည်းမျဉ်းများ၊ အစဉ် ပိုမိုတိုးတက်ကြီးထွားနေသော ဘုရားသခင်ပေါ် ၎င်းတို့၏ ယုံကြည်မှုဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ရန် ထောက်ကူပေးလျက် ညီအစ်ကိုမောင်နှမများကို ဘုရားရှေ့သို့ ဦးဆောင်ခေါ်ယူရမည်ဖြစ်သည်။ သင်သည် ဤအရာတို့ကို မပြီးမြောက်သေးလျှင်၊ ၎င်းတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ညီအစ်ကိုမောင်နှမများသည် ဘုရားသခင်အား ပို၍ပင် သတိထားလာပြီး၊ဘုရားသခင်နှင့်ပတ်သက်၍ ပို၍ပင်ကြီးမားသော အထင်လွဲမှားမှုရှိကြကာ၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပို၍ပင် တင်းမာပြီး ကွဲလွဲဆန့်ကျင်လာလျှင် သင်သည် မကောင်းမှုကို ပို၍လွယ်ကူစေသည်မဟုတ်လော။ ဤသည်မှာ မကောင်းမှုပြုခြင်း မဟုတ်သလော။ သင်သည် ညီအစ်ကိုမောင်နှမများကို အပြုသဘောဆောင်သော ဝင်ရောက်မှုရရှိပြီး သင်ခန်းစာတစ်ခုကို သင်ယူရရှိဖို့ ကူညီပေးရန် ကျရှုံးခဲ့ရုံသာမက ၎င်းတို့အား ဘုရားသခင်နှင့် အဝေးသို့ ခေါ်ဆောင်ခဲ့ပြီဖြစ်သည်။ ဤသည်မှာ ဆိုးဝါးသော ပြဿနာတစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။)” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၂၀)”) ကျွန်မကို ဘုရားက မျက်နှာချင်းဆိုင် ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာနေသလိုမျိုး၊ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ စိတ်နှလုံးထဲ တည့်တည့်ဝင်သွားတယ်။ မျက်ကန်း၊ ထုံထိုင်း၊ အသိစိတ်မဲ့— အဲဒါ ကျွန်မပါပဲ။ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေဟာ ညီအစ်ကို မောင်နှမတွေရဲ့ ကြီးကြပ်မှုလိုတယ်၊ ဒါကြောင့် တစ်ယောက်ယောက် သူတို့ကို တိုင်ကြားတဲ့အခါ၊ ခေါင်းဆောင်အနေနဲ့၊ သင်ခန်းစာ သင်ယူဖို့ ပူးတွဲရှာဖွေရာမှာ တခြားလူတွေကို ကျွန်မ လမ်းပြပြီး၊ မူအရဖြစ်တဲ့ နည်းလမ်းနဲ့ သူတို့ကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ သိသင့်တယ်။ ဒါပေမဲ့ အဲဒီတိုင်ကြားစာအပေါ် ကျွန်မရဲ့ သဘောထားက ဘာလဲ။ မတုန်လှုပ်ခြင်းနဲ့ပါလာတဲ့ မတူမတန် သဘောထားခြင်းတစ်ခုပဲ။ ကျွန်မမှာ သမ္မာတရားရှာဖွေဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ဘုရားရဲ့ အလိုတော် ဘာလဲ၊ ကိုယ့်တာဝန်ကို အမှန်တကယ်လုပ်တာ ဘာဖြစ်မလဲဆိုတာကို မစဉ်းစားဘဲ၊ အဲဒါကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကိုပဲ တွေးနေမိတယ်။ “သင်သည် ခေါင်းဆောင်တစ်ယောက်ဖြစ်သည်” “သင်၏ တာဝန်” “လူတို့ကို ထိခိုက်နစ်နာစေခြင်း” နဲ့ “မကောင်းမှုကို ပို၍လွယ်ကူစေသည်” ဆိုတဲ့ စကားတွေက ကျွန်မကို တကယ့် ရိုးတွင်းခြင်ဆီအထိ ထိသွားတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးခဲ့ရတယ်- ခေါင်းဆောင်အနေနဲ့၊ ကျွန်မ ဘာလုပ်ခဲ့လဲ။ ကျွန်မက သူများတွေနဲ့ သမ္မာတရား ရှာဖွေဖို့၊ ချင့်ချိန်နိုင်စွမ်း ရပြီး သင်ခန်းစာယူဖို့ တိုင်ကြားစာကို မသုံးခဲ့သလို၊ တခြားလူတွေ အဲဒီအကြောင်း သိသွားမှာတောင် မလိုချင်ခဲ့ဘူး။ သူတို့မှာ လူတိုင်းရှေ့ ချပြဖို့ ပြဿနာတွေ အရမ်းများလွန်းတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ သူတို့ကို ဘယ်သူမှ နားထောင်တော့မှာ မဟုတ်ဘူး၊ အဲဒါဆို အလုပ်ကို ကျွန်မတို့ ဘယ်လိုပြီးအောင် လုပ်မလဲပေါ့။ အခု အဲဒါကို ပြန်ကြည့်တော့၊ ကျွန်မရဲ့ ရှုထောင့်အမြင်က တကယ် အဓိပ္ပာယ်မဲ့မှန်း မြင်လို့ရတယ်။ ပွင့်လင်းတဲ့ ဆွေးနွေးမှုအတွက် ခေါင်းဆောင်တွေရဲ့ ဘယ်ပြဿနာတွေကို လူတိုင်းရှေ့ ယူသွားလို့ မရနိုင်တာလဲ။ လတ်တလောမှာ သူတို့ အဲဒီရာထူးမှာ ရှိသည်ဖြစ်စေ၊ အထုတ်ပယ်ခံရပြီးသည်ဖြစ်စေ၊ သူတို့ ဘာပြဿနာတွေပဲရှိရှိ၊ ခေါင်းဆောင် ဒါမှမဟုတ် သင်းထောက်တစ်ယောက်လို ဆက်အစေခံဖို့ သူတို့ သင့်တော်ခြင်းရှိမရှိဆိုတာ ဘုရားအိမ်တော်မှာ အဲဒီကိစ္စတွေအတွက် စည်းမျဉ်းတွေ ရှိပါတယ်။ ဒီအရာအပေါ် ကျွန်မတို့ ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုသရွေ့၊ ညီအစ်ကို မောင်နှမတွေက အလိုလို ကောက်ချက်တစ်ခုကို ရမှာပါပဲ။ သူတို့ကို ကာကွယ်တာ ကျွန်မအတွက် ဘာအသုံးဝင်လို့လဲ။ တခြားလူတွေ မသိအောင်လို့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ကျွန်မ ကာပေးဖို့ တမင် ကြိုးစားနေခဲ့တာ မဟုတ်လား။ အမှန်တော့ ကျွန်မက ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေကို ကာပေးပြီး ဖူးဖူးမှုတ်ထားနေခဲ့တာပဲ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့အတွက် တိုက်ကြားချက်ကို ယူလာတာက ကျွန်မအနေနဲ့ အမှန်တရားနဲ့ ချင့်ချိန်နိုင်စွမ်းကို ပိုသင်ယူလို့ရပြီး ကျွန်မတာဝန်အတွက် စည်းမျဉ်းတွေကို သဘောပေါက်နိုင်အောင်လို့ ကျွန်မရဲ့ လိုအပ်ချက်တွေကို ထေမိစေမှာပါ။ ပထမတော့ ဘာလို့ အဲဒီလိုလုပ်ဖို့ လိုတာလဲလို့ ကျွန်မ နားမလည်ခဲ့သလို၊ အဲဒီအရာကို လက်ခံလို့မရသေးဘူး။ ခေါင်းဆောင်ဆီက အဲဒီတောင်းဆိုချက်ကို ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ အခုတော့ အဲဒီလို လက်တွေ့လုပ်ဆောင်မှုမျိုးက ဘယ်လိုအရေးကြီးတယ်ဆိုတာကို နောက်ဆုံးမှာ တွေ့ခဲ့ရတယ်။ လုံးလုံးကို ကျွန်မတို့အားလုံး အမှန်တရားကို သိပြီး ချင့်ချိန်နိုင်စွမ်းရဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်လိုက်တော့၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ ခေါင်းဆောင်တွေ၊ သင်းထောက်တွေရဲ့ အလုပ်အပေါ် ဒီထက်စစ်ဆေးဖို့၊ တခြားလူတွေက ပြဿနာတွေကို တိုင်ကြားတဲ့အခါ ပြဿနာတွေကို ရှာပြီး ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်မ စပြီး ဦးမဆောင်ခဲ့ဘူး။ ပြီးတော့ ပြဿနာကို ချောင်ထိုးထားရင်းနဲ့ ကျွန်မက ကိုယ့်အယူအဆတွေနဲ့ မာနထောင်လွှားမှုကို အခြေခံပြီး ဆောင်ရွက်နေမိခဲ့တယ်။ အဲဒါက လက်တွေ့ကျတဲ့ အလုပ် လုပ်နေတာ မဟုတ်ရုံမက၊ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို တကယ် ကာပေးနေတာပဲ။ ညီအစ်ကို မောင်နှမတွေက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး တိုင်ကြားဖို့ သတ္တိမွေးခဲ့ကြပေမဲ့၊ စကားတစ်ခွန်းမှမပြောဘဲ အဲဒါကို ကျွန်မ ဖိနှိပ်မိခဲ့တယ်။ သူတို့က ခေါင်းဆောင်နဲ့ သင်းထောက်တွေရဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ တိုင်ကြားချက် အရာမရောက်တာ၊ ပြဿနာရှာတတ်တဲ့ ခေါင်းဆောင်နဲ့ သင်းထောက်တွေက မကောင်းမှုလုပ်ရင်းနဲ့ နေမြဲအတိုင်းနေနိုင်ကြတာကို မြင်တော့၊ နောင်မှာ ပြဿနာတွေကို သူတို့ တိုင်ကြားရဲမှာ မဟုတ်တော့ဘူး။ ခေါင်းဆောင်တွေလို့ခေါ်တဲ့ ကျွန်မတို့က အချင်းချင်းရဲ့ နောက်ကျောကို ကာပေးနေကြတဲ့ အရာရှိတွေလိုပဲလို့ သူတို့ သေချာပေါက် ထင်ကြမှာဖြစ်ပြီး၊ ဘုရားအိမ်တော်မှာ သမ္မာတရား မစိုးမိုးဘူးလို့ ထင်ကြမှာပဲ။ ကျွန်မက လူတွေကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ အသင်းတော်ရဲ့ အလုပ်ထိန်းသိမ်းခြင်းကနေ တားဆီးရင်းနဲ့ ဖြောင့်မတ်ခြင်းတရားကို ဖိနှိပ်နေခဲ့တာပဲ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အားပေးရင်း၊ သူတို့ကို ဘုရားရှေ့ ခေါ်ဆောင်ရင်းနဲ့ သမ္မာတရားထဲ ဝင်ရောက်ဖို့ တခြားလူတွေကို ကျွန်မ ဦးဆောင်မနေခဲ့ဘဲ၊ ဖြောင့်မတ်ခြင်းတရားကို ဖိနှိပ်နေခဲ့တယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်တဲ့ စိတ်အားထက်သန်မှုကို ချိုးဖျက်နေခဲ့တယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ခေါင်းဆောင်တွေရဲ့ ပြဿနာတွေကို ရင်ဆိုင်ဖော်ထုတ်ဖို့ ကြောက်စေခဲ့တယ်။ ဒါက လူတွေကို ဘုရားနဲ့ ဘုရားရဲ့ အိမ်တော်အပေါ် အထင်လွဲဖို့ ဖြစ်စေခဲ့တယ်။ ကျွန်မက လူတွေကို ဘုရားဆီကနေ အဝေးကို၊ ဘုရားကို စွန့်လွှတ်တဲ့ ဆိုးယုတ်တဲ့ လမ်းကြောင်းပေါ် လမ်းပြနေခဲ့တာ မဟုတ်လား။ အဲဒီအကြောင်း တွေးလေလေ၊ ကျွန်မက အနှောင့်အယှက် ပေးတတ်ပြီး အကြီးအကျယ် ထိခိုက်စေတယ်လို့ ပိုခံစားရလေပဲ။ ကျွန်မ ဘယ်လိုလုပ် အရမ်း မိုက်မဲနိုင်လွန်းခဲ့ရတာလဲ။ အဲဒါက တကယ့် အယောင်ဆောင် ခေါင်းဆောင် လုပ်မယ့်အရာ မဟုတ်လား။ ကျွန်မအပေါ် ခေါင်းဆောင်ရဲ့ ဝေဖန်မှုကို ပြန်တွေးကြည့်တော့၊ ကျွန်မကို အယောင်ဆောင် ခေါင်းဆောင်၊ အန္တိခရစ်တစ်ယောက်လို့ ခေါ်တာက ကျွန်မရဲ့ သဘာဝနဲ့ အနှစ်သာရ၊ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြနေခဲ့မှန်း စိတ်နှလုံးထဲမှာ သိခဲ့တယ်။ ကျွန်မက မာနထောင်လွှားပြီး ကိုယ့်တာဝန်မှာ စည်းမျဉ်းကင်းမဲ့ခဲ့တာပါ။ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ကြန့်ကြာစေပြီး၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်စေရင်းနဲ့ အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို ကာပေးနေခဲ့မိတယ်။ ကျွန်မကို ခေါင်းဆောင်က အချိန်မီ မဖော်ထုတ်ခဲ့ရင်၊ တခြားလူတွေရဲ့ တိုင်ကြားချက်တွေကို ကျွန်မ ဆက်ဖိနှိပ်နေမိဦးမှာ၊ လက်တွေ့အလုပ် မလုပ်တဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ကာပေးနေမိဦးမှာပဲ။ ဘုရားစီစဉ်ပေးခဲ့တဲ့ ပတ်ဝန်ကျင်းနဲ့ပတ်သက်လို့ ပြန်တွေးကြည့်တော့၊ အဲဒီလို ကျွန်မကို ဖော်ထုတ်တာက တကယ် ကျွန်မကို ကယ်တင်နေတာပဲ။ ကျွန်မကို သန့်စင်စေပြီး ကျွန်မအထဲက ဖောက်ပြန်ပျက်စီးခြင်းကို ပြောင်းလဲပေးဖို့ပဲ။ ကျွန်မ အဲဒီလို ကိုင်တွယ်ဖြေရှင်း မခံခဲ့ရရင်၊ ကျွန်မရဲ့ မာနထောင်လွှားမှုက ဘယ်လောက်ဆိုးရွားမှန်း မြင်ခဲ့မှာ မဟုတ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိစ္စတွေကို ကျွန်မတို့ လုပ်ရင်၊ ကျွန်မတို့ တာဝန်မှာ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို မရှာဖွေရင်၊ ဘုရားအတွက် ကြောက်ရွံ့တတ်တဲ့ စိတ်နှလုံးမရှိရင်၊ ခလုတ်တိုက် လဲကျဖို့ အလားအလာရှိတယ်။ အဲဒါကို ကျွန်မ သဘောပေါက်လိုက်တော့၊ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပြီး တိတ်တဆိတ် ဆုတောင်းတယ်၊ နောင်တရဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေလိုက်နာဖို့ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ဖို့ အဆင့်သင့်ဖြစ်ခဲ့တယ်။

နောက်သိပ်မကြာခင်မှာ၊ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့၊ အစ်မရှောက်ရဲ့ ပြဿနာတချို့ကို အသင်းတော်ထဲက ညီအစ်မတစ်ယောက်က ရုတ်တရက် မျှဝေခဲ့တယ်။ တခြားလူတွေနဲ့ မဆွေးနွေးဘဲ၊ စည်းမျဉ်းတွေ မပါဘဲ ကိစ္စတွေကို လုပ်ခဲ့တယ်။ အဲဒီလို အပြုအမူမျိုးကို ကျွန်မ ကြားတဲ့အခါ၊ ကျွန်မသူ့ကို ခေါင်းဆောင်ဖြစ်ဖို့ ခုလေးတင် ရာထူးတိုးပေးခဲ့ပြီး သူက လေ့ကျင့်မှုက နှစ်လပဲရှိသေးတာလေ၊ အဲဒီတုန်းက ညီအစ်ကို မောင်နှမတွေရဲ့ အထင်ကြီးတာကို သူ ခံခဲ့ရတာကို ကျွန်မ တွေးမိတယ်။ သူ့တာဝန်မှာ သူ စိတ်အားထက်သန်တယ်လို့ ပြောကြတယ်။ ပြီးတော့ သူ့တာဝန်မှာ သူ ကောင်းကောင်းလုပ်ပြီး လက်တွေကျတဲ့အလုပ် လုပ်ခဲ့တယ်လို့ ခံစားခဲ့ရတယ်။ အစ်မရှောက်ရဲ့ ကိစ္စက ခြေခြေမြစ်မြစ်ဖြစ်တဲ့ ပြဿနာတစ်ခုလား။ သူ့အနေနဲ့ စိတ်ရှည်သည်းခံမှု၊ အကူအညီ ပိုလိုအပ်ခဲ့လားပေါ့။ အစ်မရှောက်က အယောင်ဆောင် ခေါင်းဆောင်အနေနဲ့ အရမ်းကို မြန်မြန်ဆန်ဆန် ဖော်ထုတ်ခံရမှာကို ယုံဖို့ ခက်ခဲခဲ့တယ်။ နောက်တော့၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ ဘုရားသခင်က ပြောသည်- “သင်၏ အသက်တာ အတွေ့အကြုံတွင် ကိစ္စရပ်တိုင်းကို လေ့လာဆန်းစစ်ရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် မည်သို့ ကိုင်တွယ်ရမည်ကို သိဖို့ရန်အလို့ငှာ ကိစ္စရပ်အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သမ္မာတရားတို့နှင့်အညီ လုံးလုံးလျားလျား ချင့်ချိန်စဉ်းစားရမည်။ ထိုအခါ သင်၏ အတ္တအလိုဆန္ဒမှ ထွက်ပေါ်လာသည့် အရာများကို စွန့်ပစ်နိုင်ပေမည်။ အမှုအရာများကို ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ လုပ်ဆောင်ရမည်ကို သင် သိလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့ကို သွား၍ လုပ်ဆောင်လိမ့်မည်၊ အရာရာတိုင်းက သူ့အလိုလို ဖြစ်ပျက်နေသကဲ့သို့ ခံစားရလိမ့်မည်ဖြစ်ပြီး အလွန့်အလွန် လွယ်ကူပုံရလိမ့်မည်။ ဤသည်မှာ သမ္မာတရားရှိသည့် လူတို့က အမှုအရာများကို လုပ်ဆောင်ပုံ ဖြစ်သည်။ ထို့နောက် သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ကို အခြားသူတို့အား သင် အမှန်တကယ် ပြသနိုင်ပြီး၊ ကောင်းသည့် လုပ်ရပ်အချို့ကို သင် သေချာပေါက် လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားနှင့်အညီ အမှုအရာများကို သင်လုပ်ဆောင်ကြောင်းနှင့် အရာအားလုံးကို သင် မှန်မှန်ကန်ကန် လုပ်ကြောင်းကို ၎င်းတို့ မြင်ကြလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို နားလည်ပြီး လူသားပုံသဏ္ဌာန် အမှန်ရှိသည့် သူတစ်ဦးဖြစ်သည်။ ထိုအတိုင်းပင်၊ လူတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ရလဒ်များ ခံစားရပြီးဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) လက်တွေ့လုပ်ဆောင်ဖို့ စည်းမျဉ်းတွေနဲ့ ပတ်သက်လို့ ဘုရားနှုတ်ကပတ်တော်တွေက သိပ်ရှင်းတယ်။ ကိုယ့်ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ကျွန်မတို့ မပြုမူသင့်ဘဲ သမ္မာတရားကို ရှာဖွေသင့်သလို၊ ကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်တွေအတိုင်း မြင်သင့်၊ စီမံသင့်ပြီး ပြဿနာတွေကို စည်းမျဉ်းတွေအတိုင်း ဖြေရှင်းသင့်တယ်။ အဲဒါ ဘုရားအလိုတော်ကို လိုက်လျှောက်တာပဲ။ အစ်မရှောက်အပေါ် အကဲဖြတ်ချက်ကို ကျွန်မ မြင်ပြီး သူနဲ့ မကြာခဏ သူ့တာဝန်ကို ဆွေးနွေးခဲ့ပေမဲ့၊ သူနဲ့ ကျွန်မ သိပ်အဆက်အသွယ်မရှိခဲ့သလို၊ သူ့ကို ကောင်းကောင်း သိတာ မဟုတ်ဘူး။ တစ်ယောက်ယောက်က တိုင်ကြားမှတော့၊ အဲဒါကို အလေးအနက်ထားပြီး ကျွန်မ အသေးစိတ် နားလည်သင့်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကနေ ချင့်ချိန်နိုင်စွမ်းရပြီး စည်းမျဉ်းအရ ကိစ္စတွေကို ကိုင်တွယ်သင့်တယ်။ ကိုယ့်ကိုယ်ပိုင် ဆုံးဖြတ်ချက်နောက်ကို ကျိုးကြောင်းမမြင်ဘဲ လိုက်လို့မဖြစ်ဘူး။ အစ်မရှောက်ကို ကောင်းကောင်းသိတဲ့ ညီအစ်ကို မောင်နှမတချို့ကို သုံးသပ်ချက်တချို့ ကျွန်မ ရေးခိုင်းခဲ့တယ်။ လက်တွေ့ကျတဲ့အလုပ်ကို လုပ်ဖို့ သူ ပျက်ကွက်ခဲ့ပုံကို ရှင်းပြထားတဲ့ စာတစ်ကြောင်းပြီး တစ်ကြောင်းကို တွေ့တော့၊ ကျွန်မ ထပ်ပြီး အရှက်ရမိတယ်။ သူ တော်တော်လေး လက်တွေ့ကျတယ်လို့ ကျွန်မ အမြဲခံစားခဲ့ရပေမဲ့၊ တကယ်တော့၊ သူက သူ့တာဝန်မှာ လူတွေကို ဆရာလုပ်နေခဲ့တာပဲ။ သူက လုံးဝ လက်တွေ့မဆန်ဘူး၊ လက်တွေ့ကျတဲ့ ပြဿနာတွေကို မဖြေရှင်းသလို၊ သူ့ရဲ့ အောင်မြင်မှုတွေနဲ့ပတ်သက်လို့ပဲ အစီရင်ခံခဲ့တာပဲ။ လက်တွေ့ကျတဲ့ အလုပ်လုပ်နိုင်တယ်လို့ သူ ထင်ခဲ့ပေမဲ့၊ ဖြစ်ရပ်မှန်တွေက ကျွန်မအမြင်ကို တကယ်ပွင့်စေခဲ့ပြီး လှည့်ဖြားခံခဲ့ရသလို ခံစားလိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်မကို ဘာနဲ့ဖန်တီးထားသလဲဆိုတာ တွေ့လိုက်ရတာပဲ။ ကျွန်မမှာ သမ္မာတရားရဲ့ စစ်မှန်မှု၊ တခြားလူတွေအပေါ် ချင့်ချိန်နိုင်စွမ်း တစ်ခုမှ မရှိခဲ့ဘူး။ ကျွန်မထဲက အဲဒီမာနထောင်လွှားမှုက မသိလိုက်ခင်မှာ နည်းသွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်၊ “ညီအစ်ကိုမောင်နှမများ၏ နေ့စဉ်အသက်တာတွင်ရှိသော အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များ၊ အမှုကိစ္စများကို အရှိအတိုင်းမည်သို့ သိနိုင်မည်ကို သင်ယူရာတွင် ညီအစ်ကိုမောင်နှမများအား လမ်းပြသင့်သည်။ ဤသို့ဖြင့် ၎င်းတို့သည် သမ္မာတရားအပေါ် သိနားလည်မှုကို ရရှိစေရန်၊ အသင်းတော်အလုပ်ကို ကြားဖြတ်ဝင်ရောက်နှောင့်ယှက်သော မတူညီသော လူအမျိုးအစားတို့အပေါ် မည်သို့တုံ့ပြန်ရမည်ကို သိရှိစေရန်၊ သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိပြီး အမျိုးမျိုးသော လူအမျိုးအစားတို့အပေါ် စည်းမျဉ်းနှင့် ပြုမူဆောင်ရွက်စေရန်ဖြစ်သည်။ ဤအရာအားလုံးသည် သင်၏ တာဝန်ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၂၀)”) ပြီးခဲ့တဲ့ အခေါက်က ကျွန်မလက်တွေ့လုပ်ဆောင်ခဲ့တဲ့ အပြုသဘောဆောင်တဲ့ ရလဒ်တွေအကြောင်း တွေးမိတယ်။ ညီအစ်ကို မောင်နှမတွေက ပြဿနာနဲ့ ကြုံရတဲ့အခါ၊ သမ္မာတရားကို အတူတူ ကျွန်မတို့ ရှာဖွေပြီး တကယ့် သင်ခန်းစာကို ယူသင့်တာ ကျွန်မ သိခဲ့တယ်။ နောက်ပိုင်းမှာ အသင်းတော်တစ်ခုလုံးရဲ့ စုဝေးပွဲတစ်ခုမှာ အစ်မရှောက်ရဲ့ အပြုအမူကို ကျွန်မတို့ ဆွေးနွေးခဲ့ကြပြီး လူတိုင်းက ဘုရားနှုတ်ကပတ်တော်တွေအရ၊ သူဟာ လက်တွေ့ကျတဲ့ အလုပ်မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်ပဲလို့ သဘောတူခဲ့ကြတယ်။ အရင်က သူဟာ အတော်အတန် စွမ်းဆောင်နိုင်တယ်လို့ ညီအစ်ကို မောင်နှမတချို့က ထင်ခဲ့ပေမဲ့၊ ခေါင်းဆောင်အနေနဲ့ အစေခံဖို့ လူတစ်ယောက်ရဲ့ သင့်တော်မှုကို ဘယ်လို အကဲဖြတ်ရမယ်ဆိုတာကို မိတ်သဟာယကတစ်ဆင့် သူတို့ သိသွားကြတယ်။ စိတ်အားထက်သန်ပြီး အလုပ်များပုံပေါ်တာက ခေါင်းဆောင်တစ်ယောက်ကို အကဲဖြတ်ဖို့ စံနှုန်းမဟုတ်ဘဲ၊ လက်တွေ့ကျတဲ့အလုပ်ကို သူတို့ လုပ်မလုပ်ဆိုတာနဲ့ အသင်းတော်ရဲ့ တကယ့် ပြဿနာတွေကို သူတို့ ဖြေရှင်းနိုင်တာမျိုး ရှိမရှိဆိုတာတွေမှန်း တွေ့သွားကြတယ်။ သူ့ရဲ့ တကယ့်အပြုအမူတချို့အကြောင်းကိုလည်း ကျွန်မတို့ ဆွေးနွေးခဲ့ပြီး၊ သူ့စိတ်သဘောထားနဲ့ အနှစ်သာရ၊ သူ လျှောက်တဲ့ လမ်းကြောင်းတွေကို မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ဆက်စပ်စဉ်းစားခဲ့ကြတယ်။ ချင့်ချိန်နိုင်စွမ်း ရလာတဲ့အချိန်မှာ၊ အဲဒါကို သတိပေးချက်တစ်ခုအနေနဲ့လည်း လူတိုင်းက ယူနိုင်ခဲ့ကြတယ်။ အဲဒီလို လုပ်တာက ကျွန်မ စိတ်နှလုံးကို တကယ်အေးချမ်းစေပြီး ညီအစ်ကို မောင်နှမတွေကို တကယ် ဦးဆောင်ပြီး ကူညီဖို့ ခေါင်းဆောင် လုပ်သင့်တဲ့ အလုပ်မျိုးက ဘာမျိုးလဲဆိုတာ ပိုနက်ရှိုင်းတဲ့ သိနားလည်မှု ပေးခဲ့တယ်။

ခုတစ်လော ညီအစ်ကို မောင်နှမတွေက ခေါင်းဆောင်တွေရဲ့ ပြဿနာမျိုးစုံကို ကျွန်မဆီ တိုင်ကြားနေကြတယ်။ တချို့က အတိုင်းအတာတစ်ခုထိ ကျွန်မ သိတဲ့ လူတွေဖြစ်ပေမဲ့၊ သူတို့ကို ထင်ရာမြင်ရာ အကဲဖြတ်ဖို့၊ အရင်လောက် အရှက်မရှိလုပ်ဖို့၊ မာနထောင်လွှားပြီး၊ ခေါင်းမာမာနဲ့ ထင်ရာလုပ်ဖို့၊ ကိုယ့်ရဲ့ သိနားလည်မှုဆိုတာကို အားမကိုးရဲဘူး။ ကျွန်မမှာ အများကြီး ပိုကောင်းတဲ့၊ မဝင့်ဝါတဲ့ သဘောထားတစ်ခု ရှိသွားပြီ။ ပြဿနာတွေ ပေါ်လာတဲ့အခါ၊ အရမ်းကို သာမန်ကာလျှံကာ မဖြစ်သလို၊ ကိုယ့်ကိုယ်ကိုယ် သေချာစိတ်ချမှု မရှိတော့ဘဲ၊ လက်တွေ့ကျတဲ့ သိနားလည်မှုကို ရနိုင်သလို၊ တခြားလူတွေနဲ့ ဆွေးနွေးနိုင်တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ စည်းမျဉ်းတွေအတိုင်း သတိရှိရှိ ပြုမူဆောင်ရွက်နိုင်တယ်။ ခေါင်းဆောင်ရဲ့ ကိုင်တွယ်ဖြေရှင်းတာနဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်တာ မခံရဘဲနဲ့၊ ကိုယ့်ရဲ့ မာနထောင်လွှားမှုကို လုံးဝ မြင်ခဲ့မှာ မဟုတ်သလို၊ ကိုယ့်ကိုယ်ကိုယ် လုံးဝ ငြင်းပယ်ခဲ့မှာ မဟုတ်ဘူး။ သမ္မာတရားကို ရှာဖွေခြင်းနဲ့ အရာရာမှာ ခေါင်းဆောင်အနေနဲ့ စည်းမျဉ်းတွေကို လိုက်လျှောက်ခြင်းရဲ့ အရေးကြီးမှုကို ကျွန်မ သဘောပေါက်ခဲ့မှာ မဟုတ်ဘူး။ ဒီလို ကိုင်တွယ်ဖြေရှင်းတာက ကျွန်မဘဝအတွက် အဲဒီလောက် ကြီးမားတဲ့ အကူအညီ ဖြစ်စေခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ ရိုးသားစွာ ပြုမူနေထိုင်နိုင်ခြင်းမရှိသည့် အကြောင်းရင်း

ရှောင်ဖန် တရုတ်နိုင်ငံ လူသစ်တွေကို ရေလောင်းတဲ့ အလုပ်ကို ကျွန်မ ပထမဆုံး စကြီးကြပ်တော့ ကျွန်မရဲ့ တွဲဖက် အစ်မကျန်းက စုဝေးပွဲတွေမှာ အယူဝါဒကို...

တရားစီရင်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သိမြင်လာခြင်း

ဆွန်ယု နယ်သာလန်နိုင်ငံ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊...

လူကောင်းတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ်မှာ မည်သည့်အရာဖြစ်သည်ကို နားလည်ခြင်း

ရဲရင်း မြန်မာနိုင်ငံ ကျွန်မ ငယ်ငယ်တည်းက ကျွန်မမိဘတွေက သူများတွေကို မျှတဖို့၊ ယုတ္တိတန်ဖို့၊ ကြင်နာဖို့၊ သူများအခက်အခဲတွေကို နားလည်ဖို့နဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်