ကျွန်မ၏ မိဘများက အသင်းတော်မှ အထုတ်ခံရသောအခါ
အိုက်ယီး တရုတ်နိုင်ငံ ၂၀၁၈၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ ကြီးကြပ်ရေးမှူးတစ်ယောက်က ညီမကိုပြောတယ်။ “ညီမ မိဘတွေက အသင်းတော်ကနေ ဖယ်ရှားခံရတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အဲဒါက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဖြစ်ပြီး၊ ကျွန်မတို့ ဘုရားကျောင်းက ခေါင်းဆောင် နှစ်ယောက် ဖမ်းဆီးခံခဲ့ရတယ်။ အဲဒီသတင်းကို ကြားပြီးတဲ့နောက်၊ ကျွန်မရဲ့ ညီအစ်ကို၊မောင်နှမတွေနဲ့ ကျွန်မတို့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မြန်မြန်ဆန်ဆန် ကိုင်တွယ် ဖြေရှင်းခဲ့ရတယ်။ ရက်အနည်းငယ်ကြာတော့၊ ကျွန်မ စာတစ်စောင် လက်ခံရရှိခဲ့တယ်၊ တခြားအသင်းတော်တွေက ညီအစ်ကို၊မောင်နှမ တချို့ကို ရဲတွေက ဆက်လက်ဖမ်းဆီးနေတယ်ဆို တာနဲ့၊ ကျွန်မရဲ့တံခါးအပြင်မှာ မသင်္ကာစရာ လူတစ်ယောက် ရှိနေခဲ့တာကြောင့် ကျွန်မလည်း စောင့်ကြည့်ခံနေရနိုင်တယ်ဆိုတာ ရေးထားတယ်။ ကျွန်မ အိမ်မပြန်သင့်ဘဲ၊ ပိုလုံခြုံတဲ့နေရာတစ်ခုကို သွားသင့်ပြီး၊ အဲဒီနေရာကနေ အသင်းတော်ရဲ့ အလုပ်ကို လုပ်ဖို့ စာထဲမှာ ရေးထားတယ်။ စာဖတ်ပြီးတဲ့အခါမှာ ကျွန်မ အရမ်းစိုးရိမ်လာ တယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က လမ်းတွေထဲမှာ ရဲကားတွေ အဆက်မပြတ် ကင်းလှည့်နေတာ အပြင်၊ နေရာအနှံ့ စောင့်ကြည့်နေနိုင်တယ်ဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မက အသင်းတော်ရဲ့ သင်းထောက်ဖြစ်မှန်း သူတို့ သိသွားပြီလား။ ကျွန်မကို ထိန်းသိမ်းဖို့ ကျွန်မအိမ်ကို သူတို့ စောင့်ကြည့်နေကြတာလား။ ဖမ်းဆီးခံခဲ့ရပြီးဖြစ်တဲ့ ညီအစ်ကို၊မောင်နှမတွေ အားလုံးကို စဉ်းစားမိတယ်၊ တချို့ဆို ဒုက္ခိတဖြစ်သွားတဲ့အထိ ရိုက်နှက်ခံရ တယ်၊ တချို့ကတော့ သေတဲ့အထိ ရိုက်နှက်ခံကြရ တယ်။ ဒီရက်ပိုင်းတွေမှာ ကျွန်မက အသင်းတော်ရဲ့အလုပ် ကိုလုပ်ပြီး၊ အပြင်မှာ အမြဲသွားလာနေရတယ်။ ရဲတွေက နောက်ကလိုက်ပြီး ကျွန်မကိုဖမ်းရင်၊ ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မ ပိုစဉ်းစားလေ၊ ကျွန်မ ပိုကြောက်လာလေပဲ။ ကျွန်မကို သေတဲ့အထိ တကယ်ရိုက်နှက်ခဲ့ရင်၊ ကျွန်မအနေနဲ့ ကယ်တင်ခြင်းနဲ့ထာဝရအသက်ကို ဘယ်လိုလုပ်ပြီး ရနိုင်တော့မှာလဲ။ ကျွန်မနှလုံးသားပေါ်ကို ကျောက်တုံးကြီးတစ်တုံး ဖိထားသလို ကျွန်မ ခံစားရတယ်။ ကျွန်မ အသက်ရှူဖို့တောင် ခက်ခဲလာတယ်။ နောက်တော့၊ ကျွန်မရဲ့ဆွေမျိုးတစ်ယောက်အိမ်မှာ ရက်အနည်းငယ်လောက် သွားပြီးနေလိုက်တယ်။ ကျွန်မအမျိုးသားက ကျွန်မကို ရှာတွေ့သွားပြီး တော့၊ “ဒီမှာလည်း စိတ်မချရဘူး။ တခြားပြည်နယ်တစ်ခု မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်အိမ်မှာ မင်း သွားပြီးပုန်နေသင့်တယ်။ မင်းက အသင်းတော်ရဲ့ သင်းထောက်တစ်ယောက် မှန်း ရဲတွေက သိတယ်။ သူတို့က ဘာဖြစ်လို့ မင်းကို အလွတ်ပေးမှာလဲ” လို့ သူက ပြောတယ်။ ကျွန်မအမျိုးသားပြောတာကို ကြားပြီးတဲ့အခါ ကျွန်မ ချီတုံချတုံဖြစ်သွားတယ်၊ အထူးသဖြင့် ကျွန်မတို့အသင်းတော်ရဲ့ ခေါင်းဆောင်တွေ အဖမ်းခံထားရပြီးတာကြောင့် ဖြစ်တယ်။ ဒါပေမယ့် အရေးတကြီးလုပ်စရာတွေ အများကြီး ကျန်သေးတာကြောင့်၊ ကျွန်မ ထွက်သွားရင်၊ အသင်းတော်ရဲ့အလုပ်ကို ဆက်ပြီးလုပ်မယ့်သူ ရှိမှာမဟုတ်တော့ဘူး။ ဒါပေမယ့် ကျွန်မ မသွားဘဲ၊ ရဲတွေဖမ်းတာ ခံလိုက်ရရင်၊ ကျွန်မကို သေတဲ့အထိ နှိပ်စက်မယ်၊ ဒါမှမဟုတ် ကျွန်မ ဒုက္ခိတတစ်ယောက်အနေနဲ့ ဖြစ်ကျန်ခဲ့မယ်။ ဒါကြောင့် ကျွန်မ ထွက်သွားပြီး ရက်အနည်းငယ်လောက် ပုန်းနေပြီး၊ အကြောင်းကိစ္စတွေ အေးသွားမှ ပြန်လာပြီး ကျွန်မတာဝန်ကို ဆက်ထမ်းဆောင်တာ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ကျွန်မရဲ့တာဝန်ကို စွန့်လွှတ်ထားခဲ့ပြီး အခြားပြည်နယ်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့အိမ်ကို သွားလိုက်တယ်။ တကယ်တော့၊ ကျွန်မရဲ့တာဝန်ကို စွန့်လွှတ်တဲ့ အချိန်ဟာ ဒီအရေးကြီးတဲ့အချိန်မှာ ဖြစ်နေခဲ့တယ်။ ဒါဟာ ဘုရားသခင်ကို သစ္စာဖောက်တဲ့လုပ်ရပ်ပဲ။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်မက ကိုယ့်ကိုယ်ပိုင်လုံခြုံမှုကိုပဲ စဉ်းစားနေပြီး၊ လုံးဝယုံကြည်မှုမရှိခဲ့ဘူး။ ပြီးတော့ ကျွန်မလုပ်ခဲ့တဲ့အရာရဲ့ သဘာဝကိုလည်း နားမလည်ခဲ့ဘူး။
နောက်တော့၊ ကျွန်မရဲ့သူငယ်ချင်းက ကျွန်မကြောင့် သူပါ ရောပါမှာစိုးလို့၊ ရွာပြင်မှာရှိတဲ့ သူ့ရဲ့ ယိုယွင်းနေတဲ့အိမ်တစ်အိမ်မှာ ကျွန်မကို နေဖို့ စီစဉ်ပေးတယ်။ အိမ်က အရမ်းချုံးချုံးကျနေတော့ တံခါးတောင် ပိတ်လို့မရဘူး၊ ပြီးတော့ စားစရာလည်း ဘာမှမရှိဘူး၊ သုံးစရာ ရေလည်း မရှိဘူး။ အဲဒီလိုအနေအထားမျိုး ရင်ဆိုင်ရတော့ ကျွန်မ အရမ်းစိတ်ဆင်းရဲခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်မ စပြီးပြန်သုံးသပ်မိတယ်။ တခြားပြည်နယ်တစ်ခုမှာ သွားပုန်းဖို့အတွက် ကျွန်မရဲ့တာဝန်ကို စွန့်လွှတ်တာ ကျွန်မ မှန်ရဲ့ လား။ အဲဒီအခါမှာ ကျွန်မ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို တွေ့တယ်- “လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက၊ မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါမှာ ကျွန်မရဲ့နှလုံးသားမှာ ဆူးစူးသလို ခံစားရတယ်။ ကျွန်မဟာ ဘုရား ဖော်ထုတ်တဲ့ အဲဒီလို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့တဲ့လူ တစ်ယောက်ဆိုတာ တွေ့လိုက်ရတယ်။ ကျွန်မတို့ရဲ့ အသင်းတော်ခေါင်းဆောင်တွေ အဖမ်းခံရပြီးနောက်၊ နောက်ဆက်တွဲအကျိုးဆက် တွေကို ချက်ချင်းကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ခဲ့ တယ်။ အဲဒီအရေးကြီးတဲ့အချိန်မှာ၊ ကျွန်မ ကျွန်မရဲ့ ညီအစ်ကို၊မောင်နှမတွေကို ကာကွယ်ပေးရင်းနဲ့ ဘုရားသခင်ကို အားကိုးပြီး၊ အသင်းတော်အလုပ်ကို ဆက်လုပ်သင့်တယ်။ ဒါပေမယ့် ကျွန်မရဲ့ကိုယ်ပိုင်လုံခြုံမှုကိုပဲ စဉ်းစားခဲ့ ပြီး သူရဲဘောကြောင်တဲ့သူတစ်ယောက် ဖြစ်သွား တယ်၊ ကျွန်မဘာသာကျွန်မ ပုန်းနေလိုက်ပြီး၊ အသင်းတော်ရဲ့အလုပ်ကိုလည်း စွန့်လွှတ်ခဲ့တဲ့ အပြင်၊ ကျွန်မရဲ့ ညီအစ်ကို၊မောင်နှမတွေရဲ့ အသက်တွေကို လည်း လုံးဝဂရုမစိုက်ခဲ့ဘူး။ ဒါဟာ ဘုရားသခင်ကို အကြီးအကျယ်သစ္စာဖောက် တာပဲ။ အခုအချိန်မှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဓမ္မသီချင်းက စာသားတချို့ကို ကျွန်မ ပြန်မှတ်မိခဲ့တယ်- “အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို ပေးကြပြီးဖြစ်သည်၊ လည်စင်းခံကြပြီးဖြစ်ကာ မိမိတို့အသွေးကို သွန်းကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားအတွက် အဘယ်အရာကို သင်ရင်းနှီးမြှုပ်နှံပြီးပြီနည်းကျူး”) အမှန်ပါပဲ၊ ကျွန်မ ဘုရားသခင်ကို ဘာများ ဆက်ကပ်ခဲ့ပြီးပြီလဲ။ အာဗြဟံကတော့ ဘုရားသခင် ကျေနပ်အောင် သူရဲ့သားကို ယဇ်ပူဇော်နိုင်ခဲ့တယ်၊ သူကျေနပ်အောင် ယောဘက အားလုံးပေးဆပ်ခဲ့ တယ်။ ကျွန်မကျတော့ရော။ ဖမ်းမိပြီး သေတဲ့အထိ ညှဉ်းပန်းခံရမှာ ကြောက်တာ ကြောင့်၊ ကျွန်မကိုယ်ပိုင်လုံခြုံမှုအတွက် ထွက်ပြေး ခဲ့တယ်။ သတ္တိရှိရှိ သေခြင်းကို ရင်ဆိုင်မယ့်အစား၊ အသက်ကို အကြောက်ကြီးစွာနဲ့ တွယ်ဖက်ရင်းနဲ့ တပ်ပြေးတစ်ယောက်လို ဖြစ်မနေခဲ့ဘူးလား။ ဆိုရိုးစကားထဲမှာ ပါသလိုပဲ၊ “အကြီးအကျယ် ကြိုတင်ပြင်ဆင်ခြင်းက နောက်ဆုံးမှာ အောင်မြင် တယ်။” သင်းထောက်တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ဘုရားသခင်ရဲ့ အိမ်တော်က ပြုစုပျိုးထောင်ခဲ့ပြီး၊ ဒီအရေးကြီးဆုံးအချိန်မှာ ကျွန်မကို အပ်နှံထား တဲ့အရာကို တစ်ချက်မှမစဉ်းစားခဲ့သလို၊ အသင်းတော်ရဲ့အလုပ်ကို ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာလဲ မစဉ်းစားခဲ့ဘူး။ ကိုယ့်အတွက်ကိုပဲ စဉ်းစားခဲ့တယ်၊ ကိုယ့်ရဲ့ တည်ရှိမှုကိုသာ တန်ဖိုးထားခဲ့ပြီး၊ အန္တရာယ်ကနေ ထွက်ပြေးခဲ့တယ်။ ကျွန်မက လူသားတစ်ယောက်လို့ အခေါ်ခံထိုက် သေးရဲ့လား။ ကျွန်မကို ကျွေးတဲ့လက်ကို အမှန်တကယ် ကိုက်မိတယ်၊ တိရိစ္ဆာန်တစ်ကောင်လောက်တောင် မကောင်းခဲ့ဘူး။
နောက်တော့၊ ဘုရားသခင်ရဲ့ နှုတ်ကတော်ထဲက နောက်ထပ်စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်- “ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ယင်းအပေါ် အစွမ်းကုန် သင် အလုပ်လုပ်ရန်သာ လိုအပ်ပြီး၊ သင်သည် အဆုံး၌ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်ဖြစ်ပြီး သူ့အား သင်၏ အဆုံးစွန် ဆည်းကပ်မှုကို ပေးနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် သူ၏ ပလ္လင်ထက်တွင် ထိုင်နေရင်း သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင် မြင်နိုင်သရွေ့၊ ဤအခိုက်အတန့်သည် သတ်မှတ်ထားသည့် သင်၏ သေဆုံးခြင်းအချိန်ဖြစ်လျှင်ပင်၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်ကာ ပြုံးနိုင်သင့်ပေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ သင်၏ အချိန်ကာလ အတောအတွင်းတွင်၊ သင်သည် ဘုရားသခင်အတွက် သင်၏နောက်ဆုံး တာဝန်ကို လုပ်ဆောင်ရမည်။ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသတ္တဝါတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို နေရာချဖို့ရန်အတွက်၊ သင်သည် အချိန်ဆွဲမနေဘဲ သင့်ကိုယ်သင် ဘုရားသခင်ထံ မြန်မြန် ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၄၁)) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ အရမ်းခွန်အားရခဲ့တယ်၊ ပြီးတော့ အပြစ်ရှိတယ်လို့လည်း ခံစားရတယ်။ ထောင်ကနေ ပေတရု ဘယ်လိုလွတ်မြောက် သွားတဲ့အကြောင်း၊ သခင်ယေရှုက သူ့ရှေ့မှာ ပေါ်လာပြီး၊ သူ့အတွက် နောက်တစ်ကြိမ် ကားစင်တင်ခံရမယ်ဆိုတာ ဘယ်လိုပြောတယ်ဆိုတဲ့ အကြောင်းကို ကျွန်မ စဉ်းစားမိတယ်။ သခင့်ရဲ့ နှုတ်ကပတ်တော်တွေက ပေတရုကို နားလည်သွားစေတယ်- “သခင်ယေရှုဟာ လူသားတွေကို ကယ်တင်ဖို့ တစ်ကြိမ် ကားစင်တင်အသတ်ခံရပြီးပြီ၊ ကိုယ်တော်ကို ထပ်ပြီးကားစင်တင်အသတ်ခံခွင့်ပေး လို့ မဖြစ်ဘူး။ သူဟာ ငါတို့အတွက် သူ့အသက်ကို စွန့်လွှတ်ခဲ့ တယ်၊ ဒီအခါ ငါက သူ့အတွက် ငါ့အသက်ကို စွန့်လွှတ်ရမယ်” လို့ပေါ့။ ဒါကြောင့် ပေတရုဟာ တွန့်ဆုတ်မှုမရှိဘဲ ထောင်ထဲကို ပြန်သွားပြီး၊ နောက်ဆုံးမှာ ဘုရားသခင်အတွက် ဇောက်ထိုးထား ပြီး ကားစင်တင်အသတ်ခံရဖို့ တောင်းဆိုခဲ့တယ်။ ပေတရုဟာ ဘုရားသခင်အတွက် သူ့ရဲ့အသက်ကို ပေးဆပ်နိုင်ခဲ့ပေမယ့်၊ ကျွန်မကျတော့ရော။ အန္တရာယ်အနည်းအကျဉ်းသာရှိတဲ့ အနေအထား တစ်ခုကို ရင်ဆိုင်ရတဲ့အခါ ကျွန်မကိုပေးထားတဲ့ တာဝန်ပေးစေခိုင်းချက်ကို စွန့်လွှတ်ပြီး အဝေး တစ်နေရာကို ထွက်ပြေးခဲ့တယ်။ ကျွန်မမှာ အသိတရားတစ်စက်တောင် ရှိတယ်လို့ ဘယ်လိုလုပ်ပြီးပြောလို့ရမှာလဲ။ ကျွန်မ နှစ်ပေါင်းများစွာ ဘုရားသခင်နောက် လိုက်ခဲ့ပြီးပြီဖြစ်သလို၊ သူ့ရဲ့ နှုတ်ကပတ်တော် များစွာကို ရရှိခဲ့ပြီးပြီ၊ ဒါပေမယ့် အရေးကြီးတဲ့အချိန်မှာ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်ခဲ့တယ်။ ဘုရားသခင်ရှေ့မှာ ကျွန်မအသက်ရှင်နေဖို့ မသင့်တော်ပါဘူး။ ကျွန်မ ဘုရားသခင်ရှေ့မှောက်မှာ ဒူးထောက်ပြီး နောင်တနဲ့ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကျွန်မ အမှားလုပ်မိခဲ့တယ်။ ကျွန်မရဲ့ကိုယ်ပိုင်လုံခြုံမှုအတွက် ကျွန်မရဲ့တာဝန် ကို စွန့်လွှတ်ခဲ့တယ်။ ကျွန်မ အလွန်တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ တယ်။ ကျွန်မကိုယ်ပိုင်အကျိုးအမြတ်ကို နောက်ထပ် မစဉ်းစားချင်တော့ဘူး။ ကျွန်မ ပေတရုဆီက သင်ယူပြီး၊ သေရမယ်ဆိုရင် တောင် ကိုယ်တော် ကျွန်မကို အပ်နှံထားတဲ့အရာ ကို ပြီးအောင် လုပ်ချင်တယ်” လို့ပေါ့။ အဲဒီနောက် ကျွန်မ ဘုရားကျောင်းကို ပြန်သွား တယ်။ ညီအစ်မတွေထဲက တစ်ယောက်က ကျွန်မကို တွေ့တဲ့အခါမှာ၊ “ဒီနေ့ ကျွန်မတို့ ဘုရားသခင်ဆီက နောက်ဆုံးတရားတော်တွေ လက်ခံရရှိခဲ့တယ်။ အဲဒါတွေကို ကျွန်မတို့ရဲ့ ညီအစ်ကို၊မောင်နှမတွေဆီ ပို့ဖို့ ဘယ်သူ့ကို ဆက်သွယ်ရမှန်း မသိဘူး။ ကျွန်မတို့ စိုးရိမ်နေတုန်း၊ အစ်မ ပြန်ရောက်လာ တယ်” လို့ သူမက ပြောတယ်။ အဲဒီညီမ ပြောတာကို ကြားရတော့၊ အချိန်မီ ပြန်လာခဲ့တဲ့အတွက် ကျွန်မ အရမ်းဝမ်းသာသွား တယ်။ ကျွန်မကြောင့် အသင်းတော်ရဲ့အလုပ် သိပ်အများကြီး မဆုံးရှုံးသွားဘူး။ ညီအစ်ကို၊မောင်နှမတွေဆီကို အချိန်မီပို့ပေးနိုင် အောင်၊ သင့်တော်တဲ့လူတွေအတွက် အစီအစဉ်တွေလုပ်ဖို့ အဲ့ဒီညီမနဲ့ ကျွန်မ အမြန်ဆွေးနွေးလိုက်တယ်။ အဲဒီအချိန်ကစပြီး ကျွန်မ တာဝန်တွေ ထမ်းဆောင် တဲ့အခါ အရင်လို သူရဲဘောမကြောင်တော့ဘူး။
အဲဒီအခြေအနေကို ဖြတ်သန်းပြီးတဲ့အခါ၊ ကျွန်မ ယုံကြည်မှုတချို့ ပြန်ရပြီလို့ ထင်လိုက်ပေမယ့်၊ ကျွန်မ အံ့ဩသွားတာက၊ နောက်ထပ် အခြေအနေ တစ်ခု ကြုံရပြီး ဖော်ထုတ်ခံလိုက်ရပြန်တာပဲ။ တစ်နေ့မှာ ကျွန်မရဲ့လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ အစ်မကျိုးက “အသင်းတော်ရဲ့ပိုက်ဆံတွေထားတဲ့ အိမ်တချို့မှာ အန္တရာယ်ရှိနေတယ်” လို့ ကျွန်မကို ပြောတယ်။ ပြီးတော့ ပိုစိတ်ချရတဲ့နေရာတစ်ခုကို ပိုက်ဆံတွေ လွဲပြောင်းဖို့ ကျွန်မကို သူက တာဝန်ပေးခဲ့တယ်။ ရဲကားတွေ နေရာတိုင်းမှာ ကင်းလှည့်နေတာကို စဉ်းစားပြီးတော့၊ ကျွန်မ နည်းနည်းကြောက်လာတယ်၊ ရဲတွေက အိမ်တွေကို စောင့်ကြည့်နေမှာကို ကျွန်မ စိုးရိမ်မိ တယ်။ အသင်းတော်ရဲ့ငွေတွေကို ရွှေ့ပြောင်းနေတဲ့အချိန် နောက်က ရဲတွေလိုက်ပြီး ကျွန်မကိုဖမ်းရင်ရော။ ကျွန်မ မစဉ်းစားဘဲ မနေနိုင်ဖြစ်နေတယ်။ “ကျွန်မက သင်းထောက်တစ်ယောက် ဖြစ်တယ်၊ ကျွန်မကိုဖမ်းမိရင် ကျွန်မ ကျိန်းသေညှဉ်းပန်းခံရ မှာပဲ။ အဲဒီအခါ ကျွန်မ အသက်ရှင်ပြီး လွတ်လာဖို့ အလားအလာ မရှိဘူး။ ပြီးတော့ ကျွန်မ ဘယ်လိုလုပ် ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ကို ရောက်နိုင်မှာလဲ။” ဒါကို ထပ်တလဲလဲစဉ်းစားမိတဲ့အခါ၊ ကျွန်မ သူရဲဘောကြောင်ချင်လာတယ်။ ဒီတာဝန်ကို ထမ်းဆောင်ရမှာ သိပ်အန္တရာယ်များတယ်လို့ ကျွန်မ ခံစားရတယ်။ အဲဒီအချိန်မှာပဲ ကျွန်မရဲ့ အရင်အတွေ့အကြုံကို ပြန်သတိရတယ်။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်၊ ယုတ်ညံ့ ပြီး ကျွန်မရဲ့ ကိုယ်ပိုင်လုံခြုံမှုအတွက်သာ ဆောင်ရွက်ခဲ့တဲ့အတွက်၊ ဘုရားသခင်အိမ်တော်ရဲ့အလုပ်ကို နှောင့်နှေးအောင် လုပ်မိမလို ဖြစ်ခဲ့တယ်။ အရင်လို ကျရှုံးတဲ့လမ်းကို ထပ်မလုပ်မိအောင် ကျွန်မကိုယ်ကျွန်မ သတိပေးတယ်။ အဲဒီလို လုပ်မယ့်အစား၊ ကျွန်မအနေနဲ့ ဘုရားသခင် ကို အားကိုးပြီး အရေးကြီးတဲ့တာဝန်ကို ပြီးအောင် လုပ်မယ်။ ဒီလိုစဉ်းစားလိုက်တဲ့အခါ၊ ကျွန်မ စိုးရိမ်မှုတွေ သိပ်မခံစားရတော့ဘူး။ ဒီအချိန်မှာ ကျွန်မ မကြာခဏ စဉ်းစားမိတယ်၊ “အဲဒီလို အရေးကြီးတဲ့အချိန်တွေမှာ အဖမ်းခံရပြီး သေတဲ့အထိ ညှဉ်းပန်းခံရမှာ ဘာဖြစ်လို့ ကျွန်မ အမြဲကြောက်ရွံ့နေသလဲ” လို့ပေါ့။ အဲဒီနောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ ဒီအပိုင်းကို ကျွန်မ ဖတ်တယ်- “ယနေ့မှစလျက်၊ ငါသည် လူအားလုံးအား- အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့်၊ လူသားများအလယ် ကြွလာခဲ့ပြီး ၎င်းတို့၏ ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကို ခံခဲ့ရသကဲ့သို့၊ အရာရာတိုင်းကို အလုံးစုံ ထိန်းချုပ်ကာ စီစဉ်သော စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်၊ နိုင်ငံတော်ကို ကွပ်ကဲအုပ်ချုပ်သည့် ရှင်ဘုရင်၊ စကြဝဠာကို စီမံခန့်ခွဲသော ဘုရားသခင်ကိုယ်တိုင်၊ ထို့အပြင် လူသားတို့၏ သေခြင်းနှင့် ရှင်ခြင်းကို ထိန်းချုပ်ပြီး၊ မရဏာနိုင်ငံသော့ကို ကိုင်စွဲထားသော ဘုရားသခင်- ငါ့ကို သိခွင့်ပေးမည်။ ငါသည် လူသား အားလုံးတို့အား (၎င်းတို့ ဝိညာဉ်များ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့ မိုက်မဲသည်ဖြစ်စေ သို့မဟုတ် မသန်မစွမ်းဖြစ်ခြင်းများ ရှိသည်ဖြစ်စေ၊ စသဖြင့် လူကြီးများနှင့် ကလေးသူငယ်များအား) ငါ့အကြောင်းကို သိစေမည်။ ငါသည် ဤအလုပ်မှ မည်သူကိုမျှ လွတ်ငြိမ်းခွင့်ပေးမည်မဟုတ်။ ယင်းသည် အကြီးလေးဆုံးသော အလုပ်၊ ငါကောင်းမွန်စွာ ပြင်ဆင်ထားသော အလုပ်နှင့် ယခု စတင်လျက်၊ ဆောင်ရွက်လျက်ရှိနေသည့် အလုပ်တစ်ခု ဖြစ်သည်။ ငါပြောသောအရာ လုပ်ဆောင်ပြီးဖြစ်ရမည်။ သင်၏ ဝိညာဉ်ရေးရာ မျက်စိများကို ဖွင့်လော့၊ သင်၏ ကိုယ်ပိုင် အယူအဆများကို ချထားပြီး၊ ငါသည် စကြဝဠာကို စီမံအုပ်ချုပ်သော စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်သည်ကို သိမှတ်လော့။ ငါသည် မည်သူမျှထံမှ မကွယ်ဝှက်သကဲ့သို့၊ ငါသည် အယောက်တိုင်းအပေါ် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဆောင်ရွက်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၂)) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်လိုက် တဲ့အခါ ကျွန်မ အရမ်းရှက်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က စကြဝဠာတစ်ခု လုံးအပေါ် အချုပ်အခြာအာဏာ ကိုင်ထားပြီး၊ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ထိန်းချုပ်ထားတယ်၊ လူတွေရဲ့ အသက်တွေနဲ့သေခြင်းတွေက သူ့လက်ထဲ မှာ ရှိတယ်၊ အားလုံးက သူ့အစီအစဉ်အတွကို နာခံရ တယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို ကျွန်မ လုံးဝနားမလည်ခဲ့ ဘူး။ ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့အခါ၊ ကျွန်မရဲ့ အသက်ကိုပဲ ကျွန်မ စဉ်းစားခဲ့တယ်။ ရဲတွေလက်ထဲ ကျရောက်ပြီး သေတဲ့အထိ ညှဉ်းပန်း ခံရမှာ ကျွန်မ တကယ်ကြောက်နေခဲ့တယ်။ ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်မှု ကျွန်မမှာ နည်းနည်းမှတောင် မရှိခဲ့ဘူး။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းနည်းပါးခဲ့ တယ်။ ကျွန်မက အသက်ကို အကြောက်ကြီးစွာနဲ့ တွယ်ဖက်တတ်သူတစ်ယောက်ဖြစ်ပြီး၊ အန္တရာယ် များတဲ့တာဝန်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ အမြဲ ထွက်ပြေးချင်ခဲ့သူပါ။ အဲဒီလို တကယ်အဖမ်းခံရပြီး ညှဉ်းပန်းခံရရင် ဘုရားသခင်ကို ကျွန်မ ဧကန်မုချ သစ္စာဖောက် မှာဖြစ်လို့၊ ဒီလိုနဲ့ ယုဒတစ်ယောက် ဖြစ်လာပြီး၊ နောက်ဆုံးမှာ အပြစ်ဒဏ်ပေးခြင်းအနေနဲ့ ငရဲကို အပို့ခံရမှာဖြစ်တယ်။ ဒါကို သဘောပေါက်လာတဲ့အခါ ကျွန်မ တကယ်ကို အရမ်းကြောက်သွားတယ်။
နောက်တော့၊ ဘုရားသခင် နှုတ်ကပတ်တော်တွေရဲ့ နောက်တစ်ပိုင်းကို ကျွန်မ အမှတ်မထင် တွေ့မိတယ်- “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ ‘ဇာတိပကတိ’ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဇာတိပကတိသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည်ဟု ဆိုထားသော်လည်း၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် ဆက်ကပ်အပ်နှံပြီး စာတန်၏ တိုက်တွန်းခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) ကျွန်မရဲ့အားနည်းချက်က သေခြင်းအပေါ် ကျွန်မရဲ့ အကြောက်တရား အမြဲဖြစ်နေခဲ့မှန်း ဘုရားသခင်ရဲ့ အဲဒီနှုတ်ကပတ်တော်တွေက ကျွန်မကို သတိပြုမိ စေခဲ့တယ်။ စာတန်က ကျွန်မကို တိုက်ခိုက်ဖို့ ကျွန်မဇာတိရဲ့ အားနည်းချက်ကို အသုံးပြုပြီး၊ ကျွန်မကို ဘုရားသခင်အပေါ် သစ္စာဖောက်စေခဲ့ တယ်၊ အဲဒါက ကျွန်မကို စာတန်နဲ့အတူ ဖျက်ဆီး ခံရဖို့ ဦးတည်စေမှာပါ။ စာတန်က လုံးဝစက်ဆုပ်ဖွယ်ကောင်းပြီး ဆိုးယုတ်တယ်။ ကျွန်မရဲ့ ရှင်ခြင်းနဲ့သေခြင်းဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာရှိပြီး သူကပဲ သတ်မှတ်ပေးတာပါ။ စာတန်က ဘယ်လောက်ပဲ ရိုင်းစိုင်းကြမ်းကြုတ်ပါ စေ၊ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရဘဲ သူ ကျွန်မကို ဘာမှမလုပ်ရဲဘူး။ ကျွန်မရဲ့ အသက်နဲ့သေခြင်းကို ဘုရားသခင်ထံ အပ်နှံရမှာဖြစ်ပြီး၊ သူ့ရဲ့စီစဉ်ညွှန်ကြားမှုကို နာခံရမှာဖြစ်တယ်၊ တရုတ်ကွန်မြူနစ်ပါတီက ကျွန်မကို သေတဲ့အထိ ညှဉ်းပန်းရင်တောင် ဘုရားသခင်ကို သက်သေခံပြီး ဘုန်းထင်ရှားစေမြဲဖြစ်ဖို့ လိုတယ်။ အဲဒီအချိန်မှာ ကျွန်မ ဒူးထောက်ပြီး ဘုရားသခင်ကို ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်မရဲ့အသက်ကို ကိုယ်တော့်ထံ အပ်နှံဖို့နဲ့ ကျွန်မ ရှင်မလား၊ သေမလားဆိုတာ ကိုယ်တော့်ကို စီစဉ်ညွှန်ကြားခွင့်ပြုဖို့ ကျွန်မ လိုလားပါတယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့ စိတ်နှလုံးကို စစ်ဆေးတော် မူပါ” လို့ပေါ့။
အဲဒီအချိန်မှာ ဘုရားသခင် မြွက်ဆိုခဲ့တဲ့ နောက်ထပ် နှုတ်ကပတ်တော်တချို့ကို စဉ်းစားမိတယ်- “ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများနှင့် မထိုက်တန်ဟု ခံစားရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ သိသာထင်ရှားတာက ဖန်ဆင်းခံတွေဟာ ဘုရားသခင် အပ်နှံထားတဲ့ တာဝန်တွေကို အပြီးအစီးဆောင်ရွက်ဖို့အတွက် အသက်ဆုံးရှုံးတဲ့ အထိ ပေးဆပ်သွားဖို့ဆိုတာ အဓိပ္ပာယ်အရှိဆုံးအရာဖြစ်တယ် ဆိုတာပါပဲ။ အဲဒီအချိန်တုန်းက သခင်ယေရှုနောက်ကိုလိုက်တဲ့ တပည့်တွေနဲ့တမန်တော်တွေကို ပြန်စဉ်းစားတဲ့ အခါ၊ အများအပြားက ဧဝံဂေလိတရား ဖြန့်ဝေနေရင်း အသက်ကို ပေးဆပ်ခဲ့ကြပေမယ့်၊ သူတို့ရဲ့သေဆုံးခြင်းတွေကို ဘုရားသခင်က အောက်မေ့သတိရတယ်။ သူတို့က ဇာတိခန္ဓာအနေနဲ့ သေဆုံးသွားပေမယ့်၊ သူတို့ရဲ့ဝိညာဉ်တွေက ဆက်လက်ရှင်သန်လျက် ရှိနေတယ်။ ကျွန်မတို့ သေခြင်းကို ကြောက်ရွံ့တာကြောင့် ယုဒတစ်ယောက် ဖြစ်လာပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ရင် သူက ကျွန်မတို့ကို အပြစ်ဒဏ်ပေးမှာဖြစ်ပြီး ကျွန်မတို့ သေကြမှာ၊ အဲဒါ တကယ့်သေခြင်းအစစ်ပဲ၊ ကျွန်မတို့ ငရဲကို သွားရမှာ။ ပြီးတော့ အဲဒါ ထာဝရဆင်းရဲဒုက္ခဖြစ်တယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) တရုတ်ကွန်မြူနစ်ပါတီက အခုလို လူတွေကို လက်လွတ်စပယ်ဖိနှိပ် ပြီးဖမ်းဆီးနေတဲ့ ကြမ်းတမ်း တဲ့အနေအထားမှာ၊ ဘုရားသခင်က ကျွန်မရဲ့သဘောထားကို တွေ့သွားတယ်၊ ကျွန်မက သူ့ကို ဖြည့်ဆည်းပေးဖို့အတွက် အသက်ကိုစွန့်ပြီး စာတန်ရှေ့မှောက်မှာ သက်သေခံ မလားဆိုတာ သူက ကြည့်နေတာ။ ကျွန်မသေရမှာ ကြောက်တဲ့အတွက် ကျွန်မက ကျွန်မရဲ့တာဝန်ကို စွန့်လွှတ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ရင် ကျွန်မက သေနေလျက်နဲ့ လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ ဒါကို အသိတရားရလိုက်တော့၊ ကျွန်မ ဘုရားကို ဆုတောင်းတယ်၊ ကျွန်မဟာ ဇာတိကို သစ္စာဖောက် ပြီး ကျွန်မရဲ့တာဝန်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် သူ့ကို အားကိုးဖို့ လိုလားတယ်လို့ ထုတ်ပြောခဲ့ တယ်။ ကျွန်မ အသင်းတော်ရဲ့ပိုက်ဆံတွေကို လွှဲပြောင်းနေ တဲ့အချိန်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဓမ္မသီချင်း တစ်ပုဒ်ကို ကျွန်မ တိုးတိုးလေးဆိုလိုက်တယ်- “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “အဓိပ္ပာယ်ပြည့်ဝဆုံး အသက်တာ”) ကျွန်မ ဒီသီချင်းကို ပိုပြီးဆိုလေ၊ ကျွန်မ ပိုပြီးသဘောကျလေပဲ။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို ကိုယ်လုပ် နိုင်တာ တန်ဖိုးရှိဆုံးအရာပဲ။ ဒီနည်းလမ်းနဲ့ ရှင်သန်တာ အဓိပ္ပာယ်ပြည့်ဝတဲ့ဘဝ တစ်ခုပဲ။ အဲဒါ ဘုရားသခင်က ချီးမွမ်းတဲ့ ဘဝတစ်ခုပဲ။ အဲဒီအချိန်မှာ ကျွန်မ သူရဲဘောကြောင်တဲ့စိတ် မရှိတော့သလို ကြောက်လည်းမကြောက်တော့ဘူး၊ ပြီးတော့ ဘုရားကျောင်းရဲ့ပိုက်ဆံကိုလည်း ဘာပြဿနာမှ မရှိဘဲ လွှဲပြောင်းနိုင်ခဲ့တယ်။ စိတ်ထဲမှာ၊ အခု ကျွန်မ အပြည့်အဝ တည်ငြိမ်သွား ပြီး သက်သောင့်သက်သာဖြစ်သွားတယ်လို့ ခံစားရတယ်။ ပြီးတော့ ဘုရားသခင်ရဲ့လမ်းပြမှုနဲ့၊ သူ့အိမ်တော်ရဲ့ ပစ္စည်းတွေနဲ့စာအုပ်တွေကို အကြိမ်ပေါင်းများစွာ လုံခြုံစိတ်ချစွာနဲ့ လွှဲပြောင်းနိုင်ခဲ့တယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အိုက်ယီး တရုတ်နိုင်ငံ ၂၀၁၈၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ ကြီးကြပ်ရေးမှူးတစ်ယောက်က ညီမကိုပြောတယ်။ “ညီမ မိဘတွေက အသင်းတော်ကနေ ဖယ်ရှားခံရတယ်။...
ရှမ်းရီ ဂျပန်နိုင်ငံတစ်ခါတုန်းက ကျွန်မတို့အလုပ်ကို အနှစ်ချုပ်တော့ ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်က အဲဒီလအစပိုင်းမှာ သိပ်အဆင်မပြေဘူးလို့...
မာရီ အိုင်ဗရီကို့စ်နိုင်ငံ အစ်မက ကိုယ့်တာဝန်တွေကို အလေးအနက် မထားဘဲ၊ တော်တော်ကို ပေါ့လျော့ခဲ့ဖူးတယ်။ များသောအားဖြင့် ပေါ့ပေါ့တန်တန်ပဲ...
ဖာဖီးရပ့်စ် အာဖရိကတိုက် ကျွန်တော်က အသင်းတော်မှာ လူသစ်တွေကို တစ်နှစ်ကျော် ရေလောင်းနေခဲ့ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့တစ်လျှောက်မှာ...