မကျန်းမာမှုကို နောက်တစ်ဖန်ရင်ဆိုင်ခြင်း
၁၉၉၅ ခုနှစ်မှာ သခင်ယေရှုကို ကျွန်မစပြီး ယုံကြည်ခဲ့တယ်။ ယုံကြည်သူတစ်ယောက်ဖြစ်ပြီးနောက်မှာ ကျွန်မကို နှစ်တွေကြာတဲ့အထိ ဒုက္ခပေးခဲ့တဲ့ နှလုံးရောဂါတစ်ခုက ထူးထူးဆန်းဆန်းပဲ ပျောက်သွားခဲ့တယ်။ သခင့်ကို ကျွန်မ အရမ်းကျေးဇူးတင်ပြီး ပေးကမ်းစွန့်ကြဲတာတွေလည်း ခဏခဏလုပ်ခဲ့တယ်။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မလက်ခံပြီး သခင်ပြန်ကြွလာခြင်းကို ကြိုဆိုတဲ့အခါမှာ ပိုကြီးမားတဲ့ ကောင်းချီးမင်္ဂလာတွေကိုတောင် ရရှိခဲ့ပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခြင်းကတစ်ဆင့် ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုပြီးတော့ လူတွေကို လှပတဲ့ပန်းတိုင်တစ်ခုဆီကို လမ်းပြပေးပုံကို ကျွန်မ သိခဲ့ရတယ်။ ကျွန်မ စဉ်းစားမိတာက ကျွန်မက ဘုရားသခင်ရဲ့ ကောင်းချီးကိုလိုချင်ပြီး ကောင်းမွန်တဲ့ပန်းတိုင်ကို ရောက်ချင်တယ်ဆိုရင် ဘုရားသခင်အတွက် အသုံးခံသင့်တယ်၊ ဒုက္ခခံသင့်တယ်၊ အနစ်နာခံသင့်တယ်ပေါ့။ အဲဒါနဲ့ ကျွန်မ ဧဝံဂေလိတရားကို စတင်ဖြန့်ဝေပြီး အိမ်ရှင်အဖြစ် ဧည့်ခံတာတွေကို ရံဖန်ရံခါလုပ်တယ်။ ကျွန်မတတ်နိုင်သမျှကို အကောင်းဆုံးလုပ်တယ်။ ကျွန်မမှာ အပိုရှိနေတဲ့ပိုက်ဆံတိုင်းကိုတောင် ဒုက္ခရောက်နေတဲ့ ညီအစ်ကိုမောင်နှမတွေဆီကို လှူတယ်။ တစ်ခါမှာ ကျွန်မ ဧဝံဂေလိဖြန့်ဝေနေတုန်းမှာ ရဲတွေဖမ်းတာခံရပြီး နှိပ်စက်ခံရတယ်။ ထောင်တောင်ကျသွားတယ်။ အဲဒီအချိန်မှာတောင် ဘုရားသခင်ကို ကျွန်မ လုံးဝ သစ္စာမဖောက်ခဲ့ဘူး။ လုံးဝ ယုဒမဖြစ်ခဲ့ဘူး။ ကျွန်မက ကောင်းတဲ့အလုပ်တွေအများကြီးလုပ်ထားပြီး ဘုရားသခင်က ကျွန်မကို သေချာပေါက် ကောင်းချီးပေးမှာပဲလို့ ထင်ခဲ့တာ။ နောက်တော့ ၂၀၁၈ခုနှစ်မှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ကျွန်မရဲ့ နှလုံးရောဂါက ပြန်ပေါ်လာတယ်။ ပြီးတော့ ကျွန်မမှာ သွေးတိုးရောဂါရှိပြီး ဆေးရုံကိုနှစ်ကြိမ်တက်ခဲ့ရတယ်။ ကျွန်မ ကိုယ့်ဘာသာစဉ်းစားမိတယ်။ ဘာပဲဖြစ်ဖြစ် ငါ ညည်းညူလို့မဖြစ်ဘူး။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီမံမှုတွေကို ငါနာခံသင့်တယ်ပေါ့။ အံ့သြစရာပဲ။ နှစ်ပတ်လောက်ပဲကြာပြီးတဲ့နောက်မှာ ကျွန်မ သက်သာလာပြီး ဆေးရုံကဆင်းခဲ့ရတယ်။ ဘုရားသခင်ကို လေးလေးနက်နက်ကို ကျေးဇူးတင်ခဲ့ပါတယ်။ ကျွန်မက တော်တော်နာမကျန်းဖြစ်ခဲ့ပေမဲ့ မညည်းညူခဲ့ဘဲ ဆေးရုံကဆင်းပြီးတဲ့နောက်မှာ ကျွန်မတာဝန်ကိုတောင် ဆက်ထမ်းဆောင်ခဲ့တာကြောင့် ကျွန်မက ဘုရားသခင်ကို အမှန်တကယ်သစ္စာရှိပြီး နာခံတာပဲလို့ တွေးမိတယ်။
နောက်တော့ ၂၀၁၉၊ ဖေဖော်ဝါရီလမှာ ကျွန်မရဲ့ နှလုံးရောဂါနဲ့ သွေးတိုးရောဂါက သူ့ဘာသာ ပြန်ပေါ်လာပြန်တယ်။ အရင်ကထက် ပိုဆိုးတယ်။ သိပ်မကြာခင်မှာ ကျွန်မမှာ ဆီးချိုရှိနေတာကိုလည်း တွေ့ရတယ်။ ပြီးတော့ ကျောရိုးကလည်း တော်တော်အခြေအနေဆိုးနေတယ်။ ကျွန်မ ကိုယ့်ဘာသာမလုပ်နိုင်ဘူး။ လှဲနေရင်းနဲ့ စားရတယ်။ သန့်စင်ခန်းသွားဖို့ ကျွန်မရဲ့ ချွေးမက ကျွန်မကို သယ်ပို့ပေးရတယ်။ တစ်နေကုန် အိပ်ရာထဲမှာ လှဲနေရပြီး စကားပြောဖို့၊ မျက်တောင်ခတ်ဖို့ကို အားမရှိသလောက်ပဲ။ တစ်ညမှာ ကျွန်မရဲ့ အခြေအနေက ရုတ်တရက်ဆိုးလာပြီး ရင်ဘတ်က အရမ်းနာလာတာ အသက်ရှူဖို့တောင် ကြောက်တယ်။ အသက်ရှူလိုက်ရင် အားလုံးပြီးပြတ်သွားတော့မယ့်အတိုင်းပဲ။ နာရီဝက်လောက် နာနေပြီး အချိန်မရွေးသေတော့မလို ခံစားရတယ်။ ကျွန်မ အရမ်းနာနေပြီးတော့ တွေးမိတယ်။ ငါ အရမ်းနေမကောင်းဖြစ်နေတာ မျက်တောင်ခတ်ဖို့ကို အားမရှိသလောက်ပဲ။ ဒါအဆုံးသတ်ပဲလား။ ငါသေရင် နိုင်ငံတော်ထဲကို ငါဘယ်လိုဝင်ရမလဲ။ နိုင်ငံတော်ရဲ့ ကောင်းချီးတွေကို ငါ လုံးဝ မျှဝေမခံစားရတော့ဘူး။ ခမ်းနားထည်ဝါတဲ့ ရှုခင်းတွေကို မကြည့်လိုက်ရတော့ဘူး။ ငါ့အတွက် အားလုံးက ပြီးဆုံးသွားပြီလားပေါ့။ ကျွန်မ စဉ်းစားလေလေ၊ ခံစားရတာ ပိုဆိုးလေလေပဲ။ ကျွန်မဆုတောင်းတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို သဘောမပေါက်ခဲ့ဘူး။ အချိန်ကြာလာတဲ့အခါ မရပ်မနားဖြစ်နေတဲ့ ကျွန်မရဲ့ ရောဂါဝေဒနာကြောင့် အသက်ရှင်ချင်စိတ်ပျောက်လာတယ်။ ဒါပေမဲ့ သေတာက ကျွန်မအတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူးဆိုတာကိုလည်း ကျွန်မ သိနေတယ်။ ကျွန်မ ဘာလုပ်ရမှန်းမသိဘဲ မသိစိတ်ကနေ ဘုရားသခင်ကို တောင်းဆိုမှုတွေ လုပ်လာခဲ့တယ်။ “ကျွန်မ ဘယ်အချိန်မှာ သက်သာလာမှာလဲ။ ကျွန်မနဲ့ရွယ်တူ ညီအစ်မတွေအားလုံးက ကျွန်မထက်ပိုပြီး ကျန်းမာကြတယ်။ ဒါပေမဲ့ သူတို့ထက်ပိုလျှော့ပြီး အသုံးခံတာ၊ ပံ့ပိုးတာမရှိခဲ့ဘူး။ လိုအပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို လှူနိုင်ဖို့အတွက် ချွေတာသုံးစွဲပြီး ဘုရားသခင်အတွက် ကျွန်မ အများကြီးပေးခဲ့တယ်။ ကျွန်မ တတ်နိုင်သမျှတာဝန်တိုင်းကို တက်တက်ကြွကြွနဲ့ ထမ်းဆောင်ခဲ့တယ်။ ကျွန်မ အဖမ်းခံရတဲ့အခါ၊ ထောင်ကျတဲ့အခါ၊ ဒုက္ခတွေအများကြီးခံရတဲ့အခါမှာတောင် ဘုရားသခင်ကို လုံးဝ မငြင်းပယ်ခဲ့ဘူး။ သစ္စာမဖောက်ခဲ့ဘူး။ ကောင်းမှုတွေကို ကျွန်မ လုံလုံလောက်လောက် မလုပ်ခဲ့ဘူးလား။ ဘုရားသခင်က ကျွန်မကို ဘာကြောင့် ကောင်းချီးမပေးတာလဲ။ မကာကွယ်တာလဲ။ သန်မာတဲ့ကိုယ်ခန္ဓာကို မပေးတာလဲ ပေါ့။” ကျွန်မက အဆက်မပြတ် ညည်းညူနေပြီး ကျွန်မရဲ့ စိတ်နှလုံးက မှောင်မိုက်တဲ့နေရာမှာရှိနေခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မရဲ့ နှလုံးက ပိုပြီးတော့တောင်နာလာတဲ့အခါကျတော့မှ ဆုတောင်းပြီး ရှာဖွေဖို့အတွက် ဘုရားသခင်ရှေ့ကို လာခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ဆုတောင်းတယ်။ ဘုရားသခင် ကျွန်မရဲ့ နှလုံးပြဿနာက ရုတ်တရက်ပိုဆိုးလာပါတယ်။ ကိုယ်တော်ရဲ့ရည်ရွယ်ချက်ကို ကျွန်မ သဘောမပေါက်နိုင်သလို ဒါကို ဘယ်လို ကြုံတွေ့ခံစားရမယ်ဆိုတာကို မသိပါဘူး။ အဖဘုရားသခင် ကျွန်မ ကိုယ်တော်ကို မပုန်ကန်ချင်ပါဘူး။ မဆန့်ကျင်ချင်ပါဘူး။ ဒီအတွေ့အကြုံကနေ ကျွန်မ သင်ယူနိုင်ဖို့အတွက် ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတော်မူပါ ဆိုပြီး တောင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က စိတ်ထဲပေါ်လာတယ်။ “အဖျားရောဂါကျရောက်ခြင်းကို မည်သို့ တွေ့ကြုံခံစားသင့်သနည်း။ သင်သည် ဆုတောင်းရန်နှင့် ဘုရား၏အလိုတော်ကို သဘောပေါက်ဖို့ ကြိုးစားရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်လာသင့်ပြီး သင်ပြုမှားမိသည့်အရာက မည်သည့်အရာပင်ဖြစ်ကြောင်း သို့မဟုတ် သင့်အထဲ၌ သင်မဖြေရှင်းနိုင်သည့် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေကြောင်း ဆန်းစစ်သင့်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နာကျင်မှုမရှိဘဲ ဖြေရှင်း၍မရပေ။ လူတို့ကို ဝေဒနာအားဖြင့် ဆေးကြောသန့်စင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် အပျော်ကျူးခြင်းကို ရပ်စဲပြီး ဘုရားသခင်ရှေ့မှောက်၌ အစဉ်အမြဲ အသက်ရှင််ကြမည်ဖြစ်သည်။ လူတို့သည် ဒုက္ခဆင်းရဲနှင့် ရင်ဆိုင်ရသောအခါ အမြဲ ဆုတောင်းကြလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ အစားအစာ၊ အဝတ်အစား သို့မဟုတ် အပျော်အပါးအတွက် စိတ်ကူးရှိမည်မဟုတ်ဘဲ၊ ၎င်းတို့သည် ဆုတောင်းကြလိမ့်မည်ဖြစ်ပြီး၊ ဤကာလအတောအတွင်း တစ်စုံတစ်ရာ ပြုမှားမိခဲ့ခြင်းရှိမရှိကို ဆန်းစစ်ကြလိမ့်မည်။ များသောအားဖြင့် လူတို့သည် ပြင်းထန်သော အဖျားရောဂါ သို့မဟုတ် တစ်မူထူးခြားသော ရောဂါတစ်ခုခုဖြင့် ဖိစီးနှိပ်စက်ခံရပြီး ၎င်းတို့ကို ဝေဒနာကြီးစွာ ဖြစ်စေသောအခါ ဤအရာများက မတော်တဆဖြစ်ပျက်သည် မဟုတ်ပေ။ သင်သည် ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ၊ ထိုအရာအားလုံး၏ နောက်ကွယ်၌ ဘုရားသခင်၏အလိုတော်ရှိသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာခပ်သိမ်းတို့ကို သမ္မာတရားရှုထောင့်မှ ကြည့်ရမည်”) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ပြီးတဲ့နောက်မှာ ဘုရားရဲ့ရည်ရွယ်ချက်ကို ကျွန်မ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းနားလည်လာခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့အသက်ကို ယူဖို့ ဒီနာမကျန်းမှုကို အသုံးပြုနေတာမဟုတ်သလို အကြောင်းမရှိဘဲ ကျွန်မကို ဒုက္ခခံစေတာလည်းမဟုတ်ဘူး။ တကယ်က နာမကျန်းမှုဟာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖော်ထုတ်တဲ့ သူ့ရဲ့နည်းလမ်းပဲ။ ကျွန်မကို သင်ခန်းစာပေးနေတာပဲ။ ဒါဟာ ဘုရားသခင်က ကျွန်မကို ကယ်တင်တဲ့ နည်းလမ်းပဲ။ ကျွန်မ ဘုရားသခင်ကို အထင်မလွဲသင့်ဘူး။ အပြစ်မတင်သင့်ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ်ကို ဆင်ခြင်သုံးသပ်ခဲ့တယ်။
အဲဒီအချိန်က ကျွန်မရဲ့ အခြေအနေကို ပိုပြီးနားလည်အောင်ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ရှိတယ်။ “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) “လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) “ငါသည် တစ်လျှောက်လုံး လူသားကို တင်းကျပ်သော စံနှုန်းတစ်ခု သတ်မှတ်ထားပြီးဖြစ်သည်။ အကယ်၍ သင်၏ သစ္စာစောင့်သိမှုသည် ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များဖြင့် လာပါက၊ ၎င်းတို့၏ ရည်ရွယ်ချက်များမှတစ်ဆင့် ငါ့ကို လှည့်ဖြားပြီး၊ သတ်မှတ်ချက်များဖြင့် ငါ့ကို ခြိမ်းခြောက်ညှစ်ယူသောသူတို့ကို ငါ စက်ဆုပ်သည့်အတွက်၊ သင်၏ သစ္စာစောင့်သိမှုဟု ခေါ်သောအရာမရှိဘဲသာ နေလိုက်ချင်သည်။ လူ့အနေဖြင့် ငါ့အား လုံးဝ သစ္စာစောင့်သိကြရန်နှင့်- ယုံကြည်ခြင်း- ဟူသော စကားလုံး တစ်လုံးအတွက်- သက်သေပြရန်အလို့ငှာ- အရာခပ်သိမ်းကို လုပ်ဆောင်ဖို့ကိုသာ ငါ အလိုရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော) ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနှုတ်ကပတ်တော်တွေက နှလုံးသားကို ထိုးဖောက်တဲ့ ဓါးထက်ထက်တစ်ချောင်းလိုပါပဲ။ ကျွန်မ တော်တော်ရှက်မိပြီး ချက်ချင်းပဲ အသိစိတ်ဝင်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် စပြီး ပြန်သုံးသပ်တယ်။ ကျွန်မ ယုံကြည်တဲ့နှစ်တွေအားလုံးမှာ ကျွန်မရဲ့ ပန်းတိုင်က တစ်ကယ်တမ်းဘာဖြစ်ခဲ့သလဲပေါ့။ ကျွန်မ ယုံကြည်သူတစ်ယောက်ဖြစ်ပြီးတဲ့နောက်မှာ ဒုက္ခရောက်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို တွေ့ရတဲ့အခါတိုင်း ကူညီတာတွေ၊ အသင်းတော်မှာလိုအပ်တဲ့ ဘာတာဝန်ကိုမဆို ကျွန်မအတတ်နိုင်ဆုံး ထမ်းဆောင်တာတွေ၊ စီစီပီက ဖမ်းခံရတာတောင်မှ၊ ထောင်ကျပြီး နှိပ်စက်ခံရတာတောင်မှ ဘုရားသခင်ကို ကျွန်မ သစ္စာမဖောက်ခဲ့တာတွေကို တွေးမိတယ်။ ကောင်းမှုတွေအများကြီးကို ကျွန်မ တကယ်ကိုလုပ်ခဲ့တယ်လို့ စဉ်းစားမိတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ပြမှု၊ အချက်အလက်တွေကနေ ဖော်ထုတ်မှုကနေ ကျွန်မဟာ ဘုရားသခင်ကို နာခံပြီး ကျေနပ်စေဖို့ အသုံးခံတာ၊ ပေးဆပ်တာမဟုတ်ဘဲ ဘုရားရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ရယူဖို့၊ ကျန်းမာတဲ့ ကိုယ်ခန္ဓာကို ထိန်းသိမ်းပြီး အဆုံးမှာ ကောင်းမွန်တဲ့ ပန်းတိုင်ကိုရောက်ဖို့အတွက် ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ခဲ့ပါတယ်။ အဲဒါကြောင့် ပထမအကြိမ် ကျွန်မ နေမကောင်းတုန်းက ကျွန်မက ဘုရားသခင်အတွက် အများကြီးအသုံးခံခဲ့တာကြောင့် ဘုရားက ကျွန်မကို သေစေမှာမဟုတ်ဘူးလို့ တွေးခဲ့တာကြောင့် ဘုရားသခင်ကို အပြစ်မတင်ခဲ့ဘူး။ ဒုတိယအကြိမ်မှာ ကျွန်မရဲ့ အခြေအနေက ပိုပြီးတော့တောင်ဆိုးလာပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်တဲ့အခါ၊ ကြာရှည်တဲ့ ဒုက္ခနဲ့ သေခြင်းရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရုန်းကန်နေရတဲ့အခါမှာ ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေကို ရဖို့ ကျွန်မရဲ့ အခွင့်အရေးက နည်းတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ပြီးတော့ အရင်တုန်းက ကျွန်မ ကိုယ့်ကိုယ်ကိုယ် အသုံးခံတာကို နောင်တရခဲ့တယ်။ ဘုရားသခင်ကို ကျိုးကြောင်းပြပြီး ငြင်းခုံဖို့အတွက် ကျွန်မရဲ့ အရင်က အနစ်နာခံတာတွေ၊ သုံးစွဲတာတွေကိုတောင် အသုံးပြုခဲ့တယ်။ ကျွန်မက ဘုရားသခင်နဲ့ အရောင်းအဝယ်လုပ်နေတာပဲ။ ဘုရားသခင်ကို လှည့်စားပြီး အသုံးပြုနေတာပဲ။ ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံတာနဲ့ အဝေးကြီးပါ။ ကျွန်မက ဘာကြောင့် အရမ်းကို ကျိုးကြောင်းမသင့်ခဲ့တာလဲဆိုတာကို ပြန်သုံးသပ်ခဲ့ပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ထုတ်ဖော်ပြသလိုပဲ။ ကျွန်မက ဘုရားသခင်အတွက် အသုံးခံပြီး ပေးဆပ်ခဲ့တာကြောင့် ဘုရားသခင်က ကျွန်မကို ကောင်းချီးပေးသင့်တယ်။ ကျန်းမာတဲ့ ကိုယ်ခန္ဓာနဲ့ ကောင်းမွန်တဲ့ ပန်းတိုင်ကို ပေးသင့်တယ်။ လောကီမှာလိုပဲ လူတစ်ယောက် ဘယ်လောက်အလုပ်လုပ်တယ်ဆိုတဲ့အပေါ် အခြေခံပြီး နစ်နာကြေးပေးတာဟာ မျှတတယ်လို့ မှတ်ယူတယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆရှိခဲ့ပါတယ်။ ကျွန်မရဲ့ ဒုက္ခခံမှုတွေ၊ အနစ်နာခံမှုတွေကို ကောင်းမွန်တဲ့ပန်းတိုင်ရဖို့ ဘုရားနဲ့ အရောင်းအဝယ်လုပ်ဖို့ အသုံးပြုနိုင်တဲ့ အရင်းအနှီးအဖြစ် မှတ်ယူခဲ့တယ်။ ကျွန်မ မရတဲ့အခါမှာ ကျွန်မစိတ်နှလုံးက အပြစ်တင်တာတွေ၊ ကန့်ကွက်တာတွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်မက တော်တော်ကို ကျိုးကြောင်းမသင့်ခဲ့တာပါ။ ဘုရားသခင်က သန့်ရှင်းဖြောင့်မတ်တယ်။ ကျွန်မတို့ကို ရိုးသားစစ်မှန်စွာ ပေးဆပ်စေချင်တယ်။ ဒါပေမဲ့ ကျွန်မက ကျွန်မရဲ့ စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ဘုရားသခင်နဲ့ အပေးအယူလုပ်ချင်ခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို လှည့်စားပြီး ဆန့်ကျင်နေခဲ့တာပါ။ ကျွန်မ အမြန်နောင်တမရရင် ဘုရားသခင်က ကျွန်မကို ရွံရှာပြီး ဖယ်ရှင်းပစ်မှာပဲ။
ကျွန်မ ဘုရားသခင်ကို ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ပြဿနာရဲ့ အရင်းအမြစ်ကို နားလည်အောင် ရှာဖွေခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အမှုအရာများကို စွန့်လွှတ်ကြသည်၊ သူ့အတွက် မိမိကိုယ်ကို အသုံးခံပြီး သူ့အပေါ် သစ္စာရှိကြသည်၊ သို့သော် ၎င်းတို့သည် ဤအရာအားလုံးကို မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လူ့အဖွဲ့အစည်းတွင် အရာခပ်သိမ်းကို ကိုယ်ကျိုးအတွက် လုပ်ကြခြင်း ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”) “စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာနောက်သို့ လိုက်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မသဘာဝရဲ့ တကယ့်အနှစ်သာရကို ထုတ်ဖော်ပြခဲ့ပါတယ်။ ဘုရားသခင်နဲ့ အရောင်းအဝယ်လုပ်ပြီး ဘုရားသခင်ကို လှည့်စားတဲ့၊ အသုံးပြုရတဲ့အကြောင်းရင်းက ကျွန်မက စာတန်ရဲ့ ဖျက်ဆီးခြင်းကို နက်နက်နဲနဲခံထားရလို့ပါ။ ကျွန်မရဲ့ အတွေးတွေ၊ အယူအဆတွေအားလုံးက စာတန်ရဲ့အဆိပ်တွေရဲ့ လွှမ်းမိုးခြင်းကို ခံထားရတယ်။ “ကျွန်မက မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “ကိုယ်ကအမြဲအသာစီးရပါစေ။ ဘယ်တော့မှ အထိခိုက်မခံနဲ့” ဆိုတာမျိုး ဆိုးယုတ်တဲ့ အတွေးအခေါ်နဲ့ သဘောတရားတွေအတိုင်း နေထိုင်ခဲ့တယ်။ အမြဲတမ်း ကိုယ့်အကျိုးအတွက်ပဲ ဆောင်ရွက်ခဲ့တယ်။ ဘုရားနဲ့ အပေးအယူလုပ်ဖို့အတွက်ပဲ ဘုရားကို အချိန်ပေးခဲ့တယ်။ ကျွန်မက ဘုရားသခင်ဆီက တစ်ခုခုရဖို့၊ ဘုရားသခင်ရဲ့ ကောင်းချီးရဖို့ ကျွန်မရဲ့ သုံးစွဲမှုလေးတွေနဲ့ အရောင်းအဝယ်လုပ်ဖို့ အမြဲတမ်းကြည့်နေခဲ့တယ်။ စာတန်ရဲ့ အဆိပ်နဲ့ ရှင်သန်ခဲ့ပြီး တစ်ကိုယ်ကောင်းဆန်ခဲ့တယ်။ နိမ့်ကျပြီး ကိုယ်ကျိုးကိုပဲ ရှာဖွေခဲ့တယ်။ ကောင်းချီးတွေ၊ အကျိုးအမြတ်တွေကို မရတဲ့အခါမှာ ဘုရားကိုတောင် ကျွန်မ အပြစ်တင်ခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝနည်းနည်းလေးမှ မရှိခဲ့ဘူး။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဘုရားသခင်ဟာ ပထမအကြိမ် လူ့ဇာတိခံယူတဲ့အခါမှာ လူသားမျိုးနွယ်အားလုံးကို ရွေးနှုတ်ဖို့ ကားစင်တင်ခံခဲ့ရပြီး ဒုတိယအကြိမ် လူ့ဇာတိခံယူတဲ့အခါမှာ အဆင်းနီသောနဂါးကြီးရဲ့ နိုင်ငံကို လာခဲ့တယ်၊ စီစီပီရဲ့ ဖိနှိပ်ခြင်းကို ခံရပြီး ဘာသာရေးလောကရဲ့ ရှုတ်ချခြင်း၊ ငြင်းပယ်ခြင်းကို ခံခဲ့ရတာကို ကျွန်မ တွေးမိတယ်။ ဘုရားသခင်ဟာ ကြီးမားတဲ့ ဒုက္ခနဲ့ အရှက်ရခြင်းကို ခံရပြီး ကျွန်မတို့ကို ရေလောင်းပြီး ပံ့ပိုးဖို့အတွက် သမ္မာတရားကို ဖော်ပြဆဲဖြစ်တယ်။ ဘုရားသခင်ဟာ သူ့ကိုတစ်ခုခုပေးဖို့အတွက် ကျွန်မတို့ကို လုံးဝ မတောင်းဆိုခဲ့ဘူး။ ဒါပေမဲ့ လူသားမျိုးနွယ်အတွက် သူ့ကိုယ်သူ တိတ်ဆိတ်စွာ အသုံးခံခဲ့တယ်။ ကျွန်မအနေနဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ မစဉ်းစားခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို သူ့ရဲ့ ကောင်းချီးနဲ့ ကောင်းမွန်တဲ့ပန်းတိုင်ကိုပေးဖို့တောင်မှ ကျွန်မ တောင်းဆိုခဲ့တယ်။ ကျွန်မလိုချင်တဲ့အရာကိုမရတော့ ဘုရားသခင်ကို အပြစ်တင်ခဲ့တယ်။ ကျွန်မရဲ့ အသိတရားက ဘယ်ရောက်နေခဲ့တာလဲ။ ကျွန်မက ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ ထိုက်တန်ဖို့မပြောနဲ့။ လူသားလို့ခေါ်ဖို့ကို မထိုက်တန်သလောက်ပါပဲ။ ဒါတွေအားလုံးကို ကျွန်မ သဘောပေါက်သွားတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် တကယ်ကို မုန်းတီးခဲ့တယ်။ ဘုရားသခင်ကိုလည်း အရမ်း ကျေးဇူးတင်ခဲ့တယ်။ ကျွန်မက နေမကောင်းမဖြစ်ခဲ့ရင်၊ အိပ်ရာထဲလဲပြီး သေခြင်းရဲ့ ခြိမ်းခြောက်မှုကို မခံစားခဲ့ရရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် လုံးဝ ဆင်ခြင်မိမှာမဟုတ်ဘူး။ ဒီ မှားယွင်းတဲ့လမ်းကြောင်းကိုပဲ ဆက်သွားနေမှာပဲ။ ဘာဖြစ်သွားမှန်းတောင်မသိဘဲနဲ့ ဘုရားသခင်ရဲ့ စွန့်ပစ်ခြင်း၊ ဖယ်ရှားခြင်းကို ခံရမှာပဲ။ ဘုရားသခင်က ကျွန်မကို သနားခဲ့ပြီး အဲဒီမှားယွင်းတဲ့လမး်ကြောင်းကို သွားဖို့ခွင့်မပြုနိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်မကို နိုးထစေပြီး၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခွင့်ပြုပြီး ဘုရားသခင်ဘက်ကို လှည့်ဖို့အတွက် သူ့နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနဲ့ နေမကောင်းဖြစ်ခြင်းနဲ့ သန့်စင်ခြင်းကို အသုံးပြုခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းနဲ့ ချစ်ခြင်းအပိုင်းတွေပါပဲ။ ကျွန်မ အရမ်းကို ခံစားခဲ့ရပြီး ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ “အဖဘုရားသခင်၊ ဒီနာမကျန်းမှုဟာ ကျွန်မအတွက် ကိုယ်တော်ရဲ့ ကယ်တင်ခြင်းနဲ့ ချစ်ခြင်းအစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ ကျွန်မအခု မြင်ပါပြီ။ ကျွန်မ နာခံဖို့ ဆန္ဒရှိပါတယ်။ ဒီ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုနဲ့ စစ်ဆေးမှုမျိုးကနေသာ ယုံကြည်သူတစ်ယောက်အနေနဲ့ ကျွန်မရဲ့ မသင့်လျော်တဲ့ ရည်ရွယ်ချက်တွေကို ခွဲခြားဖော်ထုတ်နိုင်ပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲဖို့ စတင်နိုင်ပါတယ်။ ကျွန်မရဲ့ လမ်းလွဲနေတဲ့ အားထုတ်မှုတွေ၊ အယူအဆတွေကို ပြောင်းပြီး ဘုရားသခင်ရဲ့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိနေပါတယ်။”
နောက်တော့မှ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့တယ်။ “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှုကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) အခု ကျွန်မ နားလည်ပြီ။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ပါ။ ဘုရားသခင်အတွက် ပေးဆပ်ခြင်းနဲ့ အသုံးခံခြင်းက မှန်ကန်သင့်လျော်တယ်။ ဒါ ကျွန်မတာဝန်ပဲ။ ဘုရားသခင်အပေါ် တောင်းဆိုမှုတွေကို ကျွန်မ မလုပ်သင့်ဘူး။ ဒါပေမဲ့ ကျွန်မရဲ့ စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်မရဲ့ သုံးစွဲမှုတွေအတွက် ကျွန်မကို ကောင်းချီးတွေနဲ့ ကောင်းမွန်တဲ့ပန်းတိုင်တစ်ခုကို ဘုရားသခင်ကို ပေးစေချင်ခဲ့တယ်။ ကျွန်မက တော်တော်ကို ကျိုးကြောင်းမသင့်ခဲ့တာပါ။ ဘုရားသခင်က ကျွန်မကို အသက်ကိုပေးခဲ့တယ်။ ကျွန်မကို သူက ကျန်းမာတဲ့ကိုယ်ခန္ဓာနဲ့ ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခုကို ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ကျွန်မရဲ့ တာဝန်တွေမှာ ဘုရားနောက်ကိုလိုက်သင့်ပြီး ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံသင့်တယ်။ မိဘတွေက ကလေးတွေကို ဘယ်လိုဆက်ဆံသည်ဖြစ်စေ၊ ပစ္စည်းဥစ္စာတွေကို အမွေပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေ ကလေးတစ်ယောက်က မိဘကို အမြဲတမ်း လေးစားသင့်သလိုမျိုးပေါ့။ ဒါတွေက တာဝန်ဝတ္တရားတွေဖြစ်နေတာကြောင့်မို့လို့ပဲ။ ကျွန်မက မသက်သာသေးဘဲ တော်တော်ဆိုးဆိုးဝါးဝါးခံစားနေရသေးပေမဲ့ ကျွန်မ ဘုရားသခင်ကို အထင်မလွဲတော့ဘူး။ အပြစ်မတင်တော့ဘူး။ ကျွန်မ သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီမံမှုတွေကို နာခံဖို့ ကျွန်မ ဆန္ဒရှိနေခဲ့တယ်။
တကယ်တမ်းတော့ ဘယ်အရာကို ကောင်းမှုလို့သတ်မှတ်တယ်ဆိုတာနဲ့ ဘယ်လို အသုံးခံပြီး ပေးဆပ်တာမျိုးက ဘုရားသခင်ရဲ့ ချီးကျူးခြင်းကိုရမယ်ဆိုတာနဲ့ပတ်သက်ပြီး အရင်တုန်းက ဒါတွေကို ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေအပေါ် အခြေခံပြီး အမြဲတမ်း အကဲဖြတ်ခဲ့တယ်။ ဒါပေမဲ့ ဒါက ဘုရားသခင်ရဲ့ အလိုတော်နဲ့မကိုက်ညီဘူး။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေထဲက တရားစီရင်မှု စံနှုန်းကို တွေ့ပြီးတဲ့နောက်ကျမှ ဘယ်အရာမှာ ကောင်းမှုပါဝင်တယ်ဆိုတာကို ရှင်းလင်းသွားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ၎င်းမှာ သင်သည် သင်၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် အဓမ္မပြုသူတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထို့အစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဟူသည့် ညွှန်းဆိုချက်မှာ အဘယ်နည်း။ စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေးဘဲ၊ တကယ်တမ်းတွင် သင့်အမူအကျင့်မှာ ဆိုးယုတ်မှုသို့ ပြောင်းသွားပြီဖြစ်သည်။ ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ဖြစ်ရမည့်အစား၊ သင်သည် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ ကြိုးစားသနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) “ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာနှင့် အပျိုစင်ကို ဘုရားသခင်ထံ ဆက်ကပ်ခြင်းသည် ဘုရားသခင်ရှေ့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးကို ထိန်းသိမ်းခြင်းဟု ဆိုလိုသည်။ လူသားမျိုးနွယ်အတွက်၊ ရိုးသားစစ်မှန်ခြင်းသည် သန့်စင်ဖြူစင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်အပေါ် စစ်မှန်ရိုးသားနိုင်စွမ်းသည် သန့်စင်ဖြူစင်ခြင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်ဟာ လူတွေကို ရိုးသားစစ်မှန်စေချင်တယ်၊ ပြန်ပေးဖို့ မတောင်းဆိုဘဲ ဘုရားသခင်အတွက် လိုလိုလားလားနဲ့ အနစ်နာခံစေချင်တယ်၊ ကျွန်မတို့တာဝန်တွေမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အတွက် သက်သေခံစေချင်တယ်ဆိုတာ ကျွန်မနားလည်ခဲ့တယ်။ ကောင်းတဲ့အလုပ်ဆိုတာ အမှန်တကယ်က ဒါကိုဆိုလိုတာပါ။ အရင်က ကျွန်မမှာ ကောင်းတဲ့အလုပ်အပေါ် လွဲမှားနေတဲ့နားလည်မှုရှိခဲ့တယ်။ ကျွန်မက အသုံးခံသရွေ့၊ ဒုက္ခခံသရွေ့၊ အနစ်နာခံမှုတွေ ပြုသရွေ့ ကျွန်မက ကောင်းတဲ့အလုပ်တွေကို စုနေတာဖြစ်ပြီး ဘုရားသခင်က သတိရမှာပဲလို့ ထင်ခဲ့တာ။ နောက်တော့ ကျေးဇူးတော်ခေတ်မှာ လှူဒါန်းမှုတစ်ခုပြုခဲ့တဲ့ ဆင်းရဲတဲ့မုဆိုးမကို သခင်ယေရှုက ချီးကျူးခဲ့တာကို တွေးမိတယ်။ လူအများစုအတွက်ကတော့ သူက နည်းနည်းလေးပဲ တန်တဲ့ ဒင်္ဂါးနှစ်ပြားကိုပဲ လှူခဲ့သလိုဖြစ်ပေမဲ့ ဘုရားသခင်က လူတွေဘယ်လောက်လှူတာကို ဂရုမစိုက်ဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်ကို ဂရုစိုက်တယ်။ မုဆိုးမက ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်မှုရှိတယ်။ သူက အပေးအယူ၊ အလဲအလှယ်လုပ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့ ချီးကျူးခြင်းကို သူရခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့ပြီး မုဆိုးမပေးခဲ့သလောက်ကို ခဏခဏပေးခဲ့တယ်။ ဒါဆို ဘုရားသခင်က ကျွန်မကို ဘာကြောင့် မချီးကျူးခဲ့တာလဲ။ ဘုရားသခင်က ကျွန်မရဲ့ သုံးစွဲမှုကို ရွံရှာတာမဟုတ်ဘူး။ ကျွန်မရဲ့ ဉာဏ်များတဲ့ ရည်ရွယ်ချက်တွေနဲ့ လှည့်စားတတ်မှုကို ရွံရှာတာပါ။ ကျွန်မက ဘုရားသခင်အပေါ် ရိုးသားစစ်မှန်မှုမရှိဘူး။ ကျွန်မ ပေးဆပ်တာက အရောင်းအဝယ်သဘောဖြစ်ပြီး မသန့်စင်ဘူး။ ဒီနည်းနဲ့ ကျွန်မဘယ်လောက်ပဲ ပေးပေး၊ ကောင်းတဲ့အလုပ်လို့ ဘယ်တော့မှ သတ်မှတ်ခံရမှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်သဘောပေါက်ပြီးတဲ့နောက်မှာ ကျွန်မ ဘုရားဆီကို ဆုတောင်းခဲ့တယ်။ ကျွန်မ သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ၊ ကောင်းမွန်တဲ့ပန်းတိုင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် ရိုးသားစစ်မှန်စွာ အသုံးတော်ခံပါမယ် ဆိုပြီးတော့။ နောက်ပိုင်းမှာ ကျွန်မရဲ့ ကျောရိုးက မသက်သာလာသေးဘူး။ နှလုံးရောဂါက ပြန်ပြန်ပေါ်နေတယ်။ ဒါပေမဲ့ ကျွန်မရဲ့ မကျန်းမာမှုကြောင့် ထိန်းချုပ်ခြင်းမခံရတော့ဘူး။ ကောင်းချီးရဖို့ ကျွန်မရဲ့ ဆန္ဒရဲ့ ချုပ်ကိုင်မှုကို မခံရတော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပုံမှန်စားသောက်နိုင်တယ်။ ကျွန်မ တတ်နိုင်သလောက် စုဝေးပွဲတွေကို တက်ရောက်နိုင်ပြီး ကိုယ့်တာဝန်ကို လုပ်နိုင်တယ်။
ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံဖို့ အခွင့်အလမ်းကို ကျွန်မ ရခဲ့ပြီး ဘုရားသခင်ရဲ့ အသံတော်ကို ကြားရဖို့ ကံကောင်းခဲ့ပါတယ်။ ဒါတွေအားလုံးက ဘုရားသခင်က ကျွန်မကို ချီးမြှောက်ဖို့အတွက် ခြွင်းချက်တစ်ခုလုပ်နေတာပါ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ရှင်းလင်းဖော်ပြခြင်းနဲ့ တရားစီရင်ခြင်းကတစ်ဆင့် ကျွန်မဟာ စာတန်ရဲ့ ဖျက်ဆီးခြင်းကို တော်တော်ခံထားရတာ လူသားတစ်ယောက်နဲ့တောင် သိပ်မတူတော့တာကို မြင်လာခဲ့ပါတယ်။ အခုမှသာ ဘုရားသခင်ရှေ့မှောက်မှာ အသိစိတ်နဲ့ နာခံမှုတချို့ကို ရခဲ့တာပါ။ အခု ဒီပြောင်းလဲမှုတွေကို ကြုံခဲ့ရပြီဆိုတော့ ကျွန်မ သေသွားရင်တောင် အချည်းနှီးရှင်သန်ခဲ့တာမျိုး မဟုတ်တော့ဘူး။ ကောင်းချီးတွေလိုချင်တဲ့ ကျွန်မရဲ့ ဆန္ဒကို စွန့်လွှတ်လိုက်ပြီး ကျွန်မရဲ့ ဖျားနာမှုရဲ့ ထိန်းချုပ်ခြင်းခံနေရတာကို ရပ်လိုက်တော့ ကျွန်မ ပိုပြီးအသိတရားရှိလာသလို ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ မကျန်းမာမှုအတွက် ကုသဖို့ မရှာတော့ဘူး။ ဒါပေမဲ့ ကျွန်မ တဖြည်းဖြည်းနဲ့စပြီး ကောင်းလာတယ်။ အခုဆို ကျွန်မ မတ်မတ်ထိုင်နိုင်ပြီးတော့ ကွန်ပြူတာမှာ စာရေးနိုင်တယ်။ ဘုရားသခင်အတွက် သက်သေခံဖို့ ဆောင်းပါးတွေရေးတာကို လေ့ကျင့်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အခု ဂရုစိုက်နိုင်လာတယ်။ ကျွန်မကို သင်ခန်းစာတစ်ခုပေးဖို့ မကျန်းမာမှုကို အသုံးပြုတဲ့အတွက်၊ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းနဲ့ ချစ်ခြင်းကို မြင်ခွင့်ပြုတဲ့အတွက် ဘုရားသခင်ကို ကျွန်မစိတ်နှလုံးအတွင်းထဲကနေ ကျေးဇူးတင်ပါတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိခဲ့တယ်။ “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သေလိုပြီး သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်လိုသည့် အနေအထားအထိရောက်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်မှုကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ သင်သည် စာတန်၏ ချုပ်နှောင်ခြင်းကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ သင်၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို သင်သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စမ်းသပ်မှုများအလယ်၌ ဘုရားသခင်ကို ကျေနပ်စေသင့်သည့် နည်းလမ်း”)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။