နောက်ဆုံးတွင် နားလည်မှုလွဲခြင်းမှ လွတ်မြောက်ပြီ

11.09.2022

ယိုရှင်း တောင်ကိုရီးယားနိုင်ငံ

အရင်သုံးလေးနှစ်လောက်တုန်းက ကျွန်မက အသင်းတော်မှာ ဗီဒီယိုတွေလုပ်ရတယ်။ ကျွန်မတာဝန်ကို ကျွန်မ ကောင်းကောင်းမလုပ်တဲ့ အချိန်တစ်ခုရှိခဲ့တယ်။ ကျွန်မ ထုတ်လုပ်တဲ့ ဗီဒီယိုနှစ်ခုက အယူအဆတွေမှာ ပြဿနာရှိလို့ ခဏ ချောင်ထိုးထားခံရတယ်။ အဲဒီအချိန်တုန်းက ကျွန်မ အရမ်းဝမ်းနည်းတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်သေးမှာကို ကြောက်ပြီးတော့ပေါ့။ ကျွန်မ အရည်အချင်းကို သက်သေပြဖို့ ကျွန်မ အလုပ်အရမ်းကြိုးစားပြီး သုံးလေးရက်လောက်အချိန်ကုန်ခံပြီး နောက်ထပ်ဗီဒီယိုတစ်ခု စီစဉ်တယ်။ ဒါပေမဲ့ ခေါင်းဆောင်က အစီအစဉ်ကို ဖတ်ပြီးတော့ အယူအဆက ခေတ်နောက်ကျနေပြီး မရှင်းလင်းဘူးလို့ ထောက်ပြတယ်။ ဆွေးနွေးပြီးတဲ့နောက်မှာ အစီအစဉ်က ဆက်လုပ်ဖို့ မကိုက်ဘူးလို့ လူတိုင်းက ခံစားရတော့ ပစ်လိုက်တော့တယ်။ ကျွန်မ အရှုံးသမားတစ်ယောက်လို ခံစားရတယ်။ အပျက်သဘောဆောင်တဲ့အခြေအနေရောက်ပြီး တာဝန်ထမ်းဆောင်ဖို့ အားမရှိခဲ့ဘူး။ သုံးလေးရက်ကြာတော့ အသင်းတော်က ဗီဒီယိုထုတ်လုပ်ရေးကြီးကြပ်သူတစ်ယောက်ကို ရွေးဖို့လုပ်တယ်။ ကျွန်မစိတ်က ကမောက်ကမဖြစ်ပြီး မရှင်းလင်းဘူးလို့ ညီအစ်ကိုမောင်နှမတချို့ကပြောတာကို ကျွန်မ မထင်မှတ်ဘဲ သိလိုက်ရတယ်။ ကျွန်မ နှလုံးက ရုတ်တရက် နိမ့်ကျသွားပြီး စိတ်က လှုပ်ရှားနေတယ်။ “ကျွန်မစဉ်းစားပုံက မရှင်းဘူးလို့ ခေါင်းဆောင်ကပြောတယ်။ ကျွန်မစိတ်က ကမောက်ကမဖြစ်နေတယ်လို့ ညီအစ်ကိုမောင်နှမတွေကပြောတယ်။ ဒါဆို ကျွန်မက ကမောက်ကမဖြစ်နေတဲ့သူဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား။ ကမောက်ကမဖြစ်နေတဲ့သူတွေက သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကယ်တင်တာကို ခံရနိုင်သလား။ ငါ အထုတ်ခံရတော့မှာလား” ပေါ့။ ဒီလိုတွေးမိပြီး ကျွန်မ အရမ်းအပျက်သဘောဆောင်ပြီး စိတ်ဆင်းရဲသွားတယ်။ ဒီအခြေအနေကနေ လွတ်မြောက်ချင်တာပေါ့။

နောက်နေ့မှာ ကျွန်မ ငိုပြီးတော့ ခေါင်းဆောင်ကိုပြောလိုက်တယ်။ “ကျွန်မ အစွမ်းအစက နည်းလွန်းတယ်။ ဒီတာဝန်က အရမ်းခက်တယ်။ နောက်တာဝန်တစ်ခုကို လုပ်ခွင့်ပြုပါ” ဆိုပြီးတော့။ ကျွန်မ ခေါင်းဆောင်က ကျွန်မကို မိတ်သဟာယဖွဲ့ပြီးပြောတယ်။ “ကျွန်မတို့အားလုံးက အားနည်းချက်တွေရှိတယ်။ ကျွန်မတို့တာဝန်တွေမှာ အနှောင့်အယှက်၊ ကျရှုံးမှုတချို့က မလွဲမသွေရှိနေမှာပဲ။ ပြဿနာ၊ လမ်းလွဲမှုတစ်ခုခုရှိရင် အဲဒါတွေကို အနှစ်ချုပ်ကြည့်ရမယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမယ်။ ဆက်ပြီးအားစိုက်ထုတ်နေရမယ်။ ဒီတာဝန်က အစ်မအတွက် သေချာပေါက်ကို မဖြစ်နိုင်တာမဟုတ်ပါဘူး။” ဒါပေမဲ့ အဲဒီတုန်းက ကျွန်မက ဒါကို ခေါင်းထဲမဝင်ဘူး။ ထွက်ပဲ ထွက်ချင်နေတယ်။ အဲဒါနဲ့ ကျွန်မ ထွက်ခဲ့ပြီးတော့ ဘုရားကို နားလည်မှုလွဲပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ခပ်တန်းတန်းဖြစ်သွားတယ်။ နောက်ပိုင်းမှာ ကျွန်မ ဧဝံဂေလိသွားဟောတယ်။ အချိန်တစ်ခုလောက်အထိ အလုပ်ကြိုးစားပြီးတဲ့နောက်မှာ ကျွန်မက တာဝန်မှာ ပိုပိုပြီး ထိရောက်မှုရှိလာတယ်။ အဖွဲ့ထဲက ညီအစ်ကိုမောင်နှမတွေက မေးစရာတစ်ခုခုရှိတဲ့အခါ ကျွန်မကို ခဏခဏမေးကြတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတချို့ရလာသလို ခံစားမိတယ်။ နေ့တိုင်း ကျွန်မက စိတ်ပျော်ရွှင်နေပြီးတော့ တာဝန်ထမ်းဆောင်ဖို့ အားအင်တွေရှိနေတယ်။

ဒါပေမဲ့ မျှော်လင့်မထားဘဲနဲ့ တစ်နှစ်ကြာပြီးတော့ အလုပ်လိုအပ်ချက်တွေကြောင့် ခေါင်းဆောင်က ကျွန်မကို ဗီဒီယိုတွေပြန်လုပ်ဖို့ စီစဉ်ပေးတယ်။ အစတုန်းကတော့ ကျွန်မက တာဝန်မှာ ထိရောက်ပြီး ဘာရဲ့ ကန့်သတ်မှုကိုမှ မခံရဘူး။ ဒါပေမဲ့ နောက်ကျတော့ ဗီဒီယိုထုတ်လုပ်ရေးက ဆန်းသစ်ပြောင်းလဲဖို့ လိုတဲ့အခါမှာ ကျွန်မစဉ်းစားပုံက ခေတ်နောက်ကျနေပြီး ကျွန်မအစီအစဉ်တွေက အမြဲတမ်း အငြင်းခံရတယ်။ ကျွန်မက ထပ်ပြီး အပျက်သဘောဆောင်တဲ့ အခြေအနေထဲရောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် အစွမ်းအစနည်းတယ်၊ ကမောက်ကမဖြစ်တယ်၊ တာဝန်မှာ မစွမ်းဆောင်နိုင်ဘူးလို့ သတ်မှတ်လိုက်တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ အတော်လေး မတက်မကြွဖြစ်နေပြီး ဘာတာဝန်မှမခံတာကို အဖွဲ့ခေါင်းဆောင်ကတွေ့တော့ သူက စိတ်ရှည်ရှည်နဲ့ ကျွန်မကို သမ္မာတရားနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့တယ်။ ကျွန်မကို ကူညီပံ့ပိုးတယ်။ နောက်ဆုံးမှာ ကျွန်မကို ပြောတယ်။ “အစ်မနဲ့ အစ်ကိုယန်က ဗီဒိယိုတွေလုပ်လာတဲ့အချိန်က အတူတူလောက်ပဲ။ သူက အရမ်းအလေးအနက်ထားတယ်။ လေ့လာတာ၊ အနှစ်ချုပ်တာမှာ တော်တယ်။ သူ့တာဝန်မှာ တိုးတက်မှုရှိတယ်။ အစ်မလုပ်တာ သိပ်မကောင်းဘူး။ ဒါကြောင့် အလုပ်ကြိုးစားဖို့လိုတယ်” တဲ့။ ဒါပေမဲ့ ကျွန်မက ဒါကိုကြားတော့ အရမ်းကို အနေရခက်သွားတယ်။ ကျွန်မ စဉ်းစားတယ်။ “အစ်ကိုက ကျွန်မတာဝန်က ပြဿနာကို ထောက်ပြတာကြောင့် ကျွန်မ ပြောင်းလဲပါမယ်။ ဒါပေမဲ့ ဘာလို့ အစ်ကိုယန်နဲ့ ကျွန်မကို ယှဉ်ပြနေတာလဲ။ သူက အစွမ်းအစကောင်းပြီး စဉ်းစားတာ ရှင်းလင်းတယ်။ အမြဲတမ်း ပျိုးထောင်ပေးတာခံရတယ်။ ကျွန်မက ပရမ်းပတာဖြစ်နေတာ။ သူနဲ့ အဆင့်မတူဘူး။ ယှဉ်လို့မရဘူး” ပေါ့။ အဖွဲ့ခေါင်းဆောင်ရဲ့ အကြံနဲ့ အကူအညီကို ကျွန်မက အရမ်းအတိုက်အခံလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ကြည့်ခဲ့ဘူး။ တစ်ပတ်ကြာပြီးတဲ့နောက်မှာ ကျွန်မနဲ့ အစ်မကျောက်က အတူတူကောင်းကောင်းမလုပ်တာကို အဖွဲ့ခေါင်းဆောင်ကတွေ့တော့ သူက ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ “အစ်မက အစ်မကျောက်နဲ့ တွဲလုပ်ရတာ။ သူက ပိုပြီး ပျော့ပြောင်းတဲ့စိတ်ရှိတယ်။ ပြီးတော့ အစ်မရဲ့ နည်းပညာပိုင်းကျွမ်းကျင်မှုက ပိုကောင်းတယ်။ ဒီတော့ အစ်မတို့က အချင်းချင်း ဖြည့်ပေးတယ်။ အစ်မက သူနဲ့ ကိစ္စတွေကို ပိုပြီး ဆွေးနွေးသင့်တယ်။ သူ့ထင်မြင်ချက်တွေကို ပိုပြီးနားထောင်ပြီး သူ့အားသာချက်တွေကနေ သင်ယူသင့်တယ်။ ဒါက တိုးတက်အောင်လုပ်တဲ့နည်းပဲ။ အခုရက်ပိုင်းမှာ အစ်မတာဝန်တွေရဲ့ ရလဒ်က မကောင်းဘူး။ အစ်မရဲ့ ဗီဒီယိုစိတ်ကူးတွေက ခေတ်နောက်ကျနေတုန်းပဲ။ ဒါကို အစ်မ သုံးသပ်ကြည့်ဖို့လိုတယ် မထင်ဘူးလား” တဲ့။ အဖွဲ့ခေါင်းဆောင်က ကျွန်မပြဿနာတွေကို ဒီလိုဖော်ထုတ်တာကိုကြားရတော့ ကျွန်မ တော်တော်ဝမ်းနည်းသွားတယ်။ သူက ကျွန်မကို အထင်သေးပြီး စက်ဆုပ်ရွံရှာတယ်လို့ ကျွန်မ ခံစားမိတယ်။ အရင်သုံးလေးရက်ကမှ ကျွန်မပြဿနာတွေကို သူကထောက်ပြခဲ့တာ။ အခု ကျွန်မ စိတ်ပြန်မကောင်းခင်မှာ သူက ကျွန်မကို ဖော်ထုတ်နေတယ်။ ကျွန်မ တွေးကြည့်လေလေ ခံစားရဆိုးလေလေပဲ။ အားမလိုအားမရဖြစ်ပြီး ငိုမိတယ်။ ကျွန်မ စိတ်မထိန်းနိုင်ဘဲ အခုထိ နောင်တရနေသေးတဲ့အရာတစ်ခုကို ပြောလိုက်တယ်။ ကျွန်မက “အဖွဲ့ထဲမှာ ကျွန်မ မလိုအပ်သလို ခံစားရတယ်။ ကျွန်မက အထောက်အကူမဖြစ်ဘူး။ ဒါပေမဲ့ အစ်မကိုက ကျွန်မကို ထားထားတုန်းပဲ” လို့ပြောလိုက်တယ်။ အဲဒီအချိန်မှာ အဖွဲ့ခေါင်းဆောင်က တော်တော်အံ့အားသင့်သွားတယ်။ သူကပြောတယ်။ “ဘာလို့ဒီလိုပြောရတာလဲ။ ဒါ အစ်မအပေါ် လူတိုင်းက မြင်တဲ့ပုံစံမဟုတ်ပါဘူး။ ကျွန်တော်တို့က တာဝန်မှာ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမယ်။ အပျက်သဘောဆောင်ပြီး အတိုက်အခံလုပ်လို့မရဘူး” တဲ့။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်က ဘယ်လိုပဲ မိတ်သဟာယဖွဲ့ပါစေ နားမဝင်ခဲ့ဘူး။ ကျွန်မက ကမောက်ကမဖြစ်နေတယ်၊ ဘုရားက ကျွန်မကို မကျေနပ်ဘူး၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို မကြိုဆိုဘူး၊ ကျွန်မက အဖွဲ့မှာ အရေးမပါတဲ့၊ စွန့်ပစ်နိုင်တဲ့ပုဂ္ဂိုလ်ပဲလို့ ခံစားမိတယ်။ ကျွန်မ စဉ်းစားလေလေ၊ မတရားခံရတယ်လို့ ခံစားမိလေလေဖြစ်ပြီး အပျက်သဘောဆောင်ပြီး နားလည်မှုလွဲတဲ့ အခြေအနေမှာ အသက်ရှင်ခဲ့တယ်။ ဘုရားနဲ့ ကျွန်မ ဆက်ဆံရေးက ပိုပြီး ခပ်ခွာခွာဖြစ်လာတယ်။ ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ပိုပြီးနိမ့်လာတယ်။ “ကျွန်မအစွမ်းအစက ညံ့တယ်” ဆိုတာက ကျွန်မ လက်သုံးစကားဖြစ်လာတယ်။

နောက်ပိုင်းမှာ ကျွန်မတွဲဖက်နဲ့ ဗီဒီယိုတစ်ခုလုပ်နေတုန်းမှာ ဆွေးနွေးတဲ့အခါမှာ သူက မတူတဲ့အမြင်ရှိတဲ့အခါတိုင်းမှာ ကျွန်မက အလျှော့ပေးပြီး ပြောတယ်။ “ကျွန်မ အစွမ်းအစက ညံ့ပြီး ကျွန်မစိတ်ကူးတွေက မကောင်းဘူး။ အစ်မက ပြဿနာကို တိတိကျကျမြင်တယ်။ ဒီတော့ အစ်မစိတ်ကူးတွေအတိုင်းပဲလုပ်ပါ” ပေါ့။ ပြီးတော့ ကျွန်မရဲ့ ကိုယ်ပိုင် အဆိုပြုချက်ကို ဖျက်လိုက်တယ်။ ကျွန်မ တွဲဖက်က ဒါကိုမြင်တော့ စိတ်ပူသွားတယ်။ “ဘာလို့ ဖျက်လိုက်တာလဲ။ ကျွန်မက အားနည်းချက်တွေ အများကြီးရှိတယ်။ ပြဿနာတွေကိုလည်း သေချာပေါက် အတိအကျမမြင်ပါဘူး” တဲ့။ နောက်ပိုင်းမှာ သူက သူ့အခြေအနေအကြောင်းကို ကျွန်မကို လာပြောတယ်။ သူက ကျွန်မနဲ့အတူ အလုပ်လုပ်တာမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိပြီး ကျွန်မကို နည်းနည်း အထင်သေးတယ်၊ သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ရမယ်ဆိုပြီး ပြောတယ်။ သူဒီလိုပြောတာကို ကြားပြီးတော့ အပြင်ပန်းမှာ ကျွန်မက တည်ငြိမ်ပေမဲ့ တော်တော် စိတ်ဆင်းရဲမိတယ်။ သူနဲ့ သေသေချာချာ စကားမပြောချင်ဘူး။ အဲဒါနဲ့ ကျွန်မကိုယ့်ကိုယ်ကိုယ် အားတင်းပြီးပြောလိုက်တယ်။ “မာနထောင်လွှားမှုပြတာက ခွင့်လွှတ်လို့ရပါတယ်။ ကျွန်မလို အစွမ်းအစနည်းတဲ့သူတစ်ယောက်နဲ့ တာဝန်ထမ်းဆောင်တဲ့အခါ ဘယ်သူက ဒီလိုမဖြစ်ဘဲနေမှာလဲ။ ကျွန်မသာ အစ်မလိုဆိုရင် ဒီလိုဖြစ်မှာပဲ” ပေါ့။ အဲဒီအချိန်မှာ သူက လမ်းစပျောက်ပြီး ကျွန်မကို ဘာပြောရမှန်းမသိဘူး။ အဲဒါနဲ့ ကျွန်မက အပျက်သဘောဆောင်ပြီး နားလည်မှုလွဲတဲ့ အခြေအနေမှာ နေနေခဲ့တယ်။ ကျွန်မ စိတ်နှလုံးက ညှင်းပန်းခံရပြီး ဒုက္ခခံနေရတယ်။ တာဝန်ထမ်းဆောင်ရတာ အရမ်းခက်တယ်။ အထူးသဖြင့် ဗီဒီယိုတစ်ခုပြီးသွားတဲ့နောက်မှာ ဗီဒီယိုနောက်ကွယ်က စိတ်ကူးကို ကျွန်မတို့ရှင်းပြပြီး လူတိုင်းကို မှတ်ချက်ပေးခိုင်းဖို့ လိုအပ်တဲ့အချိန်မှာပေါ့။ ကျွန်မက စကားသိပ်မပြောဘူး။ ဆွေးနွေးတဲ့နေရာမှာ ဝင်မပါရဲဘူး။ အဲဒါနဲ့ ဒီလိုအချိန်တွေမှာ ကျွန်မတွဲဖက်ကို အားကိုးတယ်။ အဲဒီသုံးလေးရက်မှာ ကျွန်မ အခြေအနေက တော်တော်ဆိုးတယ်။ ညမှာ အိပ်မပျော်တဲ့အခါမှာ ကျွန်မ တွေးမိတယ်။ “ငါ့တာဝန်အချိန်အတွင်းမှာ ဘာလို့ ငါက အမြဲတမ်း တွန့်ဆုတ်နေပြီး ယုံကြည်ချက်မရှိတာလဲ။ ဘာလို့ အထင်သေးခံရမှာကို အမြဲတမ်းကြောက်နေတာလဲ။ ဘာလို့ ဘဝက ငါ့အတွက် ဒီလောက် စိတ်ဆင်းရဲစရာဖြစ်နေရတာလဲ” ပေါ့။ ကျွန်မ ဒီလိုဆက်ပြီး စိတ်ဓာတ်မကျနေချင်တော့ဘူး။ သူများတွေလို အပြုသဘောဆောင်တဲ့အခြေအနေမှာ အသက်ရှင်ချင်တယ်။ တာဝန်တွေကို ပုံမှန် ထမ်းဆောင်နိုင်ချင်တယ်။ ဒါပေမဲ့ ကျွန်မက ဒီအပျက်သဘောဆောင်တဲ့အခြေအနေကို မစွန့်ပစ်နိုင်နေဘူး။ ကျွန်မလုပ်နိုင်သမျှက ကျွန်မကို ကယ်တင်ပြီး ဒီအကျပ်အတည်းကနေ လွတ်မြောက်အောင်ကူဖို့ ဘုရားကို အော်ခေါ်တာပဲ။

အဲဒီနောက် သိပ်မကြာခင်မှာပဲ စုဝေးပွဲတစ်ခုမှာ ကျွန်မပြဿနာကို သဘောပေါက်ပြီး ကျွန်မအခြေအနေကို ပြောင်းလဲစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ခေါင်းဆောင်က ဖတ်တာကို ကျွန်မ ကြားခဲ့ရတယ်။ ဘုရားသခင်က ပြောသည်- “လူတို့သည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲသောအခါ၊ ဘုရားသခင်ကို နားလည်မှုလွဲသည့် အခြေအနေတစ်ခုတွင် ၎င်းတို့ ရှင်သန်သောအခါ၊ သို့မဟုတ် ဘုရားသခင်ကို အာခံပြီး ဆန့်ကျင်သောအခါ၊ ဘုရားသခင်ကို ပြန်လည် ငြင်းခုံသောအခါတွင် ၎င်းတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို လုံးဝ စွန့်ပစ်ပြီးဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်တော်အလင်းမှ လုံးဝ စွန့်ခွာပြီးဖြစ်သည်။ လူတို့သည် ဤသို့သော အခြေအနေတွင် အသက်ရှင်သောအခါ ၎င်းတို့သည် ကိုယ်ပိုင်ခံစားချက်များဖြင့် အသက်မရှင်ဘဲ မနေနိုင်ပေ။ သေးငယ်သောအတွေးအချို့သည် သင့်ကို မစားနိုင်၊ မအိပ်နိုင်သည်အထိ အလွန် စိတ်အနှောင့်အယှက်ပေးနိုင်သည်။ တစ်စုံတစ်ယောက်ထံမှ ပေါ့ပေါ့တန်တန် မှတ်ချက်တစ်ခုသည် သင့်ကို သံသယနှင့် စိတ်ရှုပ်ထွေးမှုထဲသို့ ကျရောက်စေနိုင်သည်။ အိပ်မက်ဆိုးတစ်ခုမျှကပင် သင့်ကို အပျက်သဘောဆောင်ပြီး ဘုရားသခင်ကို နားလည်မှုလွဲစေနိုင်သည်။ ဤရုန်းမထွက်နိုင်သည့် ဝဲဂယက်ဖြစ်ပေါ်လာသည်နှင့် လူတို့က ၎င်းတို့အတွက် ဇာတ်သိမ်းသွားပြီဟုလည်းကောင်း၊ မျှော်လင့်ချက်မရှိတော့ဟုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့ကို မချစ်ဟုလည်းကောင်း၊ ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရပြီဟုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်မည်မဟုတ်ဟုလည်းကောင်း ထင်ကြသည်။ ဤသို့ ထင်လေလေ၊ ဤသို့သော ခံစားချက်ရှိလေလေ၊ အပျက်သဘောဆောင်မှုထဲသို့ ၎င်းတို့ကျရောက်လေလေဖြစ်သည်။ လူတို့တွင် ဤခံစားချက်များရှိရသည့် တကယ့်အကြောင်းပြချက်သည် သမ္မာတရားကို ၎င်းတို့ မရှာသောကြောင့်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ လူတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသောကြောင့်လည်းကောင်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောကြောင့်လည်းကောင်း၊ ကိုယ့်သဘောကျ အစဉ်လုပ်ဆောင်သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင် သေးနုပ်သော အကြံအစည်များကြားတွင် အသက်ရှင်ကာ နေ့စဉ် မိမိတို့ကိုယ်ကို သူတစ်ပါးတို့နှင့် နှိုင်းယှဉ်ရင်း ထိုသူတို့နှင့် ယှဉ်ပြိုင်လျက် အချိန်ကုန်ဆုံးသောကြောင့်လည်းကောင်း၊ ၎င်းတို့ထက်သာသော မည်သူကိုမဆို မနာလိုဖြစ်ပြီး မုန်းတီးသောကြောင့်လည်းကောင်း၊ ၎င်းတို့၏ အောက်တွင်ရှိသည်ဟု ၎င်းတို့က ထင်သောမည်သူကိုမဆို လှောင်ပြောင်ပျက်ရယ်ပြုသောကြောင့်လည်းကောင်း၊ စာတန်၏ စိတ်သဘောထားဖြင့်ရှင်သန်ပြီး အမှုအရာများကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်သောကြောင့်လည်းကောင်း နောက်ဆုံးတွင် ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မှန်းဆခြင်း၊ ဝေဖန်အပြစ်တင်ခြင်းမျိုးစုံဖြစ်ပေါ်စေပြီး မိမိတို့ကိုယ်ကို မရပ်မနား စိတ်သောကရောက်စေကာ မည်သူ၏ အကြံဉာဏ်ကိုမျှ လက်မခံကြတော့ပေ။ ဤသည်မှာ ၎င်းတို့ကိုယ်တိုင်၏ အမှားမဟုတ်သလော။ လူတို့သည်သာ မိမိတို့ကိုယ်ကို ဤသို့သောခါးသက်သည့် အသီးအပွင့်ဖြင့် ဝန်လေးစေနိုင်ကြသည်။ ဤသည်မှာ ၎င်းတို့နှင့် အမှန်တကယ် ထိုက်တန်သည်။ ဤအရာအားလုံးကို မည်သည့်အရာက ဖြစ်စေသနည်း။ လူတို့သည် သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့ကိုယ်တိုင်၏ လိုအင်ဆန္ဒများနှင့်အညီ လုပ်ဆောင်ကြသည်။ အစဉ်သဖြင့် ကြွားဝါပြီး မိမိတို့ကိုယ်ကို သူတစ်ပါးတို့နှင့် နှိုင်းယှဉ်ကြသည်။ ဘုရားသခင်ကို ကျိုးကြောင်းမသင့်သော တောင်းဆိုမှုများပြုကြသည်။ ၎င်းတို့သည် အသိအမှတ်ပြုခြင်းခံရအောင် အစဉ်ကြိုးစားနေကြသည် စသည်တို့ဖြစ်သည်။ ဤအရာအားလုံးတို့သည် လူတို့ကို ဘုရားသခင်ထံမှ ထပ်ခါထပ်ခါ သွေဖည်စေသည်။ ထပ်ခါထပ်ခါ ဘုရားသခင်ကို ဆန့်ကျင်ပြီး သမ္မာတရားကို အာခံစေသည်။ အဆုံးတွင် ၎င်းတို့သည် မှောင်မိုက်ခြင်းနှင့် အပျက်သဘောဆောင်ခြင်းထဲသို့ မိမိတို့ကိုယ်ကို ကျရောက်စေသည်။ ဤသို့သောအချိန်များတွင် လူတို့သည် ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အရာများကို ရှင်းလင်းစွာနားလည်ရန်မှာ မဖြစ်နိုင်ပေ။ ဤသို့သောအရာများအပေါ် မှန်ကန်သောသဘောထားရှိရန်မှာ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်ပြီး စောဒကတက်ကြသည်။ ဘုရားသခင်ကို နားလည်မှုလွဲကြသည်။ ဘုရားသခင်ကို ကြိုတင်ခန့်မှန်းရန် ကြိုးစားကြသည်။ ဤသို့ဖြစ်ပျက်သောအခါ လူတို့သည် ၎င်းတို့ ဒုက္ခရောက်နေသည်ကို သဘောပေါက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်နေခြင်းဖြစ်သည်ဟု သတ်မှတ်ကြပြီး မထိန်းနိုင်ဘဲ အပျက်သဘောဆောင်ခြင်းထဲသို့သာ ကျရောက်သွားကာ မိမိတို့ကိုယ်ကို ပြန်၍ ဆွဲမထုတ်နိုင်ကြပေ။ ၎င်းတို့ယုံကြည်ကြသည်မှာ ‘ဘုရားသခင်က ငါ့ကို အလိုမရှိဘူး။ ဘုရားသခင်က ငါ့ကို မချစ်ဘူး။ ငါက အရမ်းပုန်ကန်လွန်းတယ်။ ဒါ ငါ့ကိုယ်ငါ လုပ်လိုက်တာပဲ။ ဘုရားသခင်က ငါ့ကို ကယ်တင်မှာမဟုတ်တော့ဘူး။’ ဟူ၍ ဖြစ်သည်။ ၎င်းတို့စိတ်နှလုံးအတွင်းမှ သံသယများသည် အမှန်ဖြစ်သည်ဟု သတ်မှတ်ကြပြီး ၎င်းတို့နှင့် မည်သူက မိတ်သဟာယပြုပြီး ရှင်းပြရန် ကြိုးစားသည်ဖြစ်စေ အကျိုးမထူးပေ။ ၎င်းတို့ယုံကြည်သည်မှာ ‘ဒါတွေအားလုံးက အမှန်တွေပဲ။ အားလုံးမှန်တယ်။ ဘုရားက ငါ့ကို ကောင်းချီးပေးမှာမဟုတ်ဘူး။ ကယ်တင်မှာမဟုတ်ဘူး။ ဒီတော့ ဘုရားကို ယုံကြည်နေလို့ ဘာအကျိုးရှိမှာလဲ။’ ဟူ၍ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းလမ်းကြောင်းသည် ဤအခြေအနေသို့ ရောက်သောအခါတွင် လူတို့သည် ယုံကြည်နိုင်စွမ်းရှိသေးသလော။ မရှိပေ။ ၎င်းတို့သည် အဘယ်ကြောင့် ရှေ့မဆက်နိုင်တော့သနည်း။ ဤတွင် အမှန်တရားတစ်ခုရှိသည်။ လူတို့၏ အပျက်သဘောဆောင်မှုသည် အခြေအနေတစ်ခုခုသို့ ရောက်ရှိသောအခါ၊ ၎င်းတို့စိတ်နှလုံးသည် ဆန့်ကျင်ခြင်း၊ စောဒကတက်ခြင်းများနှင့် ပြည့်နေပြီး ဘုရားသခင်နှင့် အဆက်အသွယ်အားလုံး ဖြတ်တောက်လိုသောအခါ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့က မကြောက်ရွံ့ခြင်း၊ ဘုရားသခင်ကို မနာခံခြင်း၊ သမ္မာတရားကို မချစ်ခြင်း၊ သမ္မာတရားကို လက်မခံခြင်းတို့ကဲ့သို့ ရိုးရှင်းခြင်းမရှိတော့ပေ။ ဤအစား မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့၏ စိတ်နှလုံးအတွင် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။ ၎င်းတို့က အထုတ်ခံရဖို့ကို မလှုပ်မယှက်ဖြင့် စောင့်မျှော်နေရသည်မှာ ရှက်ဖွယ်ဖြစ်သည်၊ စွန့်လွှတ်ဖို့ ရွေးချယ်သည်က ပို၍ ဂုဏ်ရှိသည်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့က လက်ဦးမှုယူပြီး မိမိတို့ဘာသာ အဆက်ဖြတ်လိုက်ကြသည်။ ၎င်းတို့က ဘုရားသခင်ကိုယုံကြည်ခြင်းသည် ဆိုးသည်ဟု ရှုတ်ချကြသည်။ သမ္မာတရားသည် လူများကို ပြောင်းလဲနိုင်ခြင်း မရှိဟု ရှုတ်ချသည်။ ဘုရားသခင်က ၎င်းတို့ကို အဘယ်ကြောင့် မကယ်တင်ခဲ့သည်ကို စိတ်ထိခိုက်စွာမေးလျက် ဘုရားသခင်ကို မဖြောင့်မတ်ဟု ရှုတ်ချသည်။ ‘ငါ စွန့်လွှတ်မှုတွေ အများကြီးလုပ်ခဲ့တယ်။ အရမ်း အလေးအနက်ထားခဲ့တယ်။ အရမ်းကြိုးစားခဲ့တယ်။ သူများတွေထက်အများကြီးပိုပြီး ဒုက္ခခံခဲ့တယ်။ လူတိုင်းထက်ပိုပြီး အများကြီး ကြိုးစားခဲ့တယ်။ ဒါတောင် ဘုရားသခင်က ငါ့ကို ကောင်းချီးမပေးသေးဘူး။ ဘုရားသခင်က ငါ့ကို မနှစ်သက်တာ၊ ဘုရားသခင်က ဘက်လိုက်တတ်တယ်ဆိုတာ အခု ငါသိပြီ။’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ သံသယများကို ဘုရားသခင်အား ရှုတ်ချခြင်း၊ ပြစ်မှားစော်ကားခြင်းအဖြစ်သို့ ပြောင်းရလောက်အောင် အရိုအသေကင်းမဲ့ကြသည်။ ဤသို့သောအရာများဖြစ်ပေါ်လာသောအခါ ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သောကြောင့်၊ သမ္မာတရားကို လက်မခံဘဲ မိမိတို့ကိုယ်ကို လုံးဝ ပြန်လည်သုံးသပ်ခြင်းမရှိသောကြောင့် ၎င်းတို့သည် ပျက်စီးဆုံးရှုံးရပြီးဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၄)၊) ဘုရားသခင်ပြောတဲ့ နှုတ်ကပတ်တော်တိုင်းက အသိပေးချက်၊ စိစစ်ချက်နဲ့ ကျွန်မအတွက် သတိပေးချက်တစ်ခုလို့တောင် ခံစားမိတယ်။ အထူးသဖြင့် ဘုရားသခင်က ဒီလိုပြောတဲ့အခါမှာပေါ့။ “လူတို့တွင် ဤခံစားချက်များရှိရသည့် တကယ့်အကြောင်းပြချက်သည် သမ္မာတရားကို ၎င်းတို့ မရှာသောကြောင့်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့်ဖြစ်သည်။” ဒီနှုတ်ကပတ်တော်တွေကို စဉ်းစားရင်းနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်တယ်။ ဒီအချိန်တွေအားလုံးမှာ ကျွန်မက ဒီအခြေအနေတွေကို ကြုံတွေ့တဲ့အခါမှာ သမ္မာတရားကို လုံးဝ မရှာဖွေခဲ့ဘူး၊ သမ္မာတရားစည်းမျဉ်းတွေအတိုင်းလက်တွေ့လုပ်ဖို့ဆိုတာ ပိုမဖြစ်နိုင်ဘူးဆိုတာ နောက်ဆုံးမှာ ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မက ကိုယ့်စိတ်ကူးထင်မြင်မှု၊ မှန်းဆမှုအတွင်းမှာပဲ လုံးဝ အသက်ရှင်နေခဲ့တာပါ။ ကျွန်မက ဗီဒီယိုတွေလုပ်ဖို့ ထပ်ခါထပ်ခါ ပျက်ကွက်ခဲ့ပြီး ကျွန်မ စိတ်က ကမောက်ကမဖြစ်နေတယ်လို့ပြောတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ မှတ်ချက်ကိုကြားတဲ့အခါမှာ ကိုယ့်ပြဿနာတွေကို သုံးသပ်မကြည့်ခဲ့တာကို ကျွန်မ ပြန်အမှတ်ရမိတယ်။ အဲဒီအစား ကျွန်မက ထွက်ပြေးလွတ်မြောက်ပြီး အပျက်သဘောဆောင်မှုနဲ့နားလည်မှုလွဲခြင်းမှာ အသက်ရှင်ဖို့ ရွေးချယ်ခဲ့တယ်။ ဗီဒီယိုတွေကို ပြန်စလုပ်တဲ့အခါမှာ အတိတ်က ကျရှုံးမှုတွေကနေ မသင်ယူခဲ့ဘူး။ အဲဒီအစား ကိုယ့်တာဝန်ကို မတက်မကြွနဲ့ ခုခံတဲ့ စိတ်အနေအထားနဲ့ လုပ်ခဲ့တယ်။ အဖွဲ့ခေါင်းဆောင်က သူများတွေကို ချီးကျူးပြီး ကျွန်မတာဝန်ကပြဿနာတွေကို ထောက်ပြတာကို ကြားတဲ့အခါမှာ ကျွန်မက ပိုပြီးတော့တောင် အပျက်သဘောဆောင်လာတယ်။ ကျွန်မက အစွမ်းအစနည်းပြီး ကမောက်ကမဖြစ်တယ်လို့ ခံစားမိတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်သေးတယ်လို့ သံသယဝင်ပြီး ဘုရားကို ပိုပြီးတော့တောင် အထင်လွဲလာတယ်။ ဒါကြောင့် ကျွန်မစိတ်နှလုံးထဲမှာ ပိုပြီးနာကျင်ပြီး မှောင်မိုက်ခဲ့တယ်။ တာဝန်မှာ မထိမရောက်ဖြစ်ခဲ့တယ်။ အရာရာမှာ ကျွန်မက တွန့်ဆုတ်နေပြီး အရမ်း စိတ်ကျဉ်းကျပ်ခဲ့တယ်။ အဲဒီအခါကျမှပဲ ကျွန်မအနားက လူတွေနဲ့ အကြောင်းအရာတွေက ပြဿနာမရှိဘူး၊ ဘုရားသခင်က ကျွန်မကို မျက်နှာသာမပေးတာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ကျွန်မက သမ္မာတရားကို မရှာဖွေနေဘူး။ အမြဲတမ်း အာခံတယ်။ ဘုရားရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ ပြုပြင်ခြင်းကနေ ကိုယ့်ကိုယ်ကိုယ် ဝေးကွာစေပြီး မကျေမနပ်ဖြစ်ခဲ့တယ်။ ဘုရားအပေါ် ကျွန်မရဲ့ မနာခံမှုနဲ့ အာခံမှုက ကြီးမားလွန်းပြီး ကျွန်မကို မှောင်မိုက်မှု၊ နာကျင်မှုထဲ ကျရောက်စေတယ်။ ဘုရားနဲ့ ကျွန်မ ဆက်ဆံရေးကို ခပ်တန်းတန်းဖြစ်စေတယ်။ ကျွန်မတာဝန်ကို ကောင်းကောင်းမလုပ်တဲ့အခါ ကျွန်မက လွဲပြီး ဘယ်သူကို အပြစ်တင်မှာလဲ။ “ကိုယ့်ကိုယ်ကိုယ် ထိန်းထားတယ်” ဆိုတဲ့အဓိပ္ပာယ်ကို နောက်ဆုံးမှာ ကျွန်မ နားလည်သွားတယ်။ ကျွန်မ တစ်ခုကို ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ အဲဒါက ကျွန်မက ဘုရားကို ယုံကြည်ပေမဲ့၊ စွန့်လွှတ်ပြီး အသုံးခံပေမဲ့ သမ္မာတရားကို အမှန်တကယ်လက်မခံခဲ့ဘူး၊ ဘုရားသခင်ဖော်ပြတဲ့သမ္မာတရားက လူတွေကိုကယ်တင်နိုင်တယ်ဆိုတာကို အသိအမှတ်မပြုဘူးဆိုတာပဲ။ ကျွန်မက တာဝန်မှာ ကျရှုံးမှုတွေ၊ အနှောင့်အယှက်တွေရှိတဲ့အခါမှာ ကျွန်မက အတိုက်အခံလုပ်တယ်။ ကျိုးကြောင်းမသင့်ပြုမူတယ်။ ကိုယ့်ကိုယ်ကိုယ်အစွမ်းအစနည်းတယ်လို့ သတ်မှတ်တယ်။ ဘုရားသခင်က ကျွန်မလိုလူမျိုးကို မကယ်တင်ဘူးလို့တောင် ခံစားမိတယ်။ ကျွန်မက ခဏခဏ မကျေမနပ်ဖြစ်တယ်။ ကျွန်မက ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိပြီး တာဝန်မှာ အနစ်နာခံတာတွေလုပ်နိုင်တယ်လို့ခံစားမိတယ်။ ကျွန်မဒုက္ခခံတာ သူများတွေထက် မလျော့ဘူး။ ဒါဆို ဘာလို့ ကျွန်မက အမြဲတမ်း ဒီနေရာမှာ တော်တော်ဆိုးတယ်လို့ ထုတ်ဖော်ခံရတာလဲ။ ဘုရားက ကျွန်မအပေါ် ဘာကြောင့် မကြင်နာတာလဲ။ ကျွန်မက ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ငြင်းဆန်နေတာမဟုတ်ဘူးလား။ ဒါ ပုတ်ခတ်စော်ကားတာပဲ။ ကျွန်မ ဆင်ခြင်ကြည့်လေလေ၊ ကြောက်လာလေလေပဲ။ ကျွန်မအခြေအနေက အန္တရာယ်များလွန်းတယ်လို့ ခံစားမိတယ်။ အခြေအနေကို ပြောင်းလဲပစ်ပြီး အမှန်တကယ် နောင်တမရရင် ဘုရားသခင်က ထုတ်ပယ်တာကို ကျွန်မ သေချာပေါက်ခံရမှာပဲ။ ဘုရားရဲ့စိစစ်မှုရဲ့ အဆင့်အတိုင်းက ကျွန်မစိတ်နှလုံးကိုတို့ထိတယ်။ ကျွန်မပြဿနာဘယ်လောက်ဆိုးတယ်ဆိုတာကိုမြင်ပြီး ကျွန်မ အရမ်းငိုမိတယ်။ သမ္မာတရားကို မလိုက်စားတဲ့အတွက်၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်မခံတဲ့အတွက်၊ ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ ကျွန်မ အရမ်းပဲ နောင်တရမိတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းတာပေါ့။ ကျွန်မက “ဘုရားသခင် ကျွန်မ ဆက်ပြီး အရမ်းပုန်ကန်ပြီး ခေါင်းမမာချင်တော့ပါဘူး။ ကျွန်မ နားလည်မှုလွဲခြင်းနဲ့ အသက်မရှင်ချင်တော့ဘူး၊ ကိုယ်တော့်နှလုံးသားကို မနာကျင်စေချင်တော့ပါဘူး။ နောင်တရချင်ပါတယ်” လို့ ပြောလိုက်တယ်။

အဲဒီနောက်မှာ ခေါင်းဆောင်နဲ့ အဖွဲ့ခေါင်းဆောင်က ကျွန်မနဲ့ မိတ်သဟာယဖွဲ့ဖို့ လာတယ်။ ကျွန်မရဲ့ အပျက်သဘောဆောင်တတ်တာကို သူတို့က ဖော်ထုတ်ပြီး ထောက်ပြတယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မကို ဖတ်ပြတယ်။ ကျွန်မ အရမ်းတို့ထိခြင်းခံရပါတယ်။ “အဆင့်တိုင်းတွင်၊ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်နေချိန်ဖြစ်စေ ရိုက်နှက်ဆုံးမနေချိန်ဖြစ်စေ၊ သို့မဟုတ် သင့်ကို သူ သတိပေးပြီး တိုက်တွန်းနေချိန်တွင်ဖြစ်စေ၊ သင်နှင့် ဘုရားသခင်ကြားတွင် သဘောကွဲလွဲမှု ဖြစ်ပေါ်ခဲ့သော်လည်း သင်သည် မပြောင်းလဲဘဲ၊ သင်၏ စိတ်ကူးများ၊ ရှုထောင့်အမြင်များနှင့် သဘောထားများကို ဖက်တွယ်သရွေ့၊ သင်၏ ခြေလှမ်းများ ရှေ့သို့ ဦးတည်သော်လည်း၊ သင်နှင့် ဘုရားသခင်ကြားရှိ သဘောကွဲလွဲမှု၊ သူနှင့်သက်ဆိုင်သည့် သင်၏ နားလည်မှုလွဲခြင်းများနှင့် မကျေမချမ်းဖြစ်ခြင်း၊ ပြီးလျှင် သင်၏ ပုန်ကန်မှုတို့သည် ပြုပြင်ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ သင်သည် ပြောင်းလဲမှုတစ်ခု မပြုလုပ်ပါက၊ ဘုရားသခင်သည် သူ၏ အခန်းကဏ္ဍအတွက် သင့်ကို ဖယ်ရှားလိမ့်မည် ဖြစ်သည်။ သင်သည် လက်ရှိ တာဝန်ကို မစွန့်လွှတ်သေးဘဲ၊ သင်၏တာဝန်ကို ထိန်းသိမ်းထားဆဲဖြစ်ကာ၊ ဘုရားသခင် တာဝန်ပေးစေခိုင်းထားသည့် အရာအတွက် အနည်းငယ် သစ္စာရှိပြီး လူများက ဤအရာကို လက်ခံနိုင်ဖွယ်အဖြစ် မြင်သော်ငြားလည်း၊ သင်နှင့် ဘုရားသခင်ကြားမှ သဘောထားကွဲလွဲမှုသည် ရေရှည် အစိုင်အခဲတစ်ခု ဖြစ်သွားပြီးဖြစ်သည်။ သင်သည် ထိုသဘောထားကွဲလွဲမှုကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးမပြုရသေးဘဲ၊ ဘုရားသခင်၏ အလိုတော်နှင့် သက်ဆိုင်သည့် စစ်မှန်သော နားလည်မှုကို မရရှိသေးပေ။ အကျိုးဆက်အနေဖြင့် ဘုရားသခင်ကို သင်၏အထင်လွဲမှုသည် ပို၍ပို၍ ကြီးမားလာသည်။ ဘုရားသခင်က မှားယွင်းနေပြီး သင်သည် တရားမမျှတစွာ ဆက်ဆံခြင်းခံရသည်ဟု သင် အစဉ်သဖြင့် တွေးတောနေကာ၊ ယင်းက သင်သည် မပြောင်းလဲရသေးဟု အဓိပ္ပာယ်ရသည်။ သင်၏ ပုန်ကန်မှု၊ သင်၏ အယူအဆများနှင့် ဘုရားသခင်အပေါ် သင်၏ အထင်လွဲခြင်းများသည် ရှိမြဲရှိနေကာ၊ ယင်းက သင့်အား မနာခံသည့် သဘောထားတစ်ခု ဖြစ်စေသည်၊ ဘုရားသခင်အပေါ် အစဉ် ပုန်ကန်ပြီး ဆန့်ကျင်စေသည်။ ဤလူစားမျိုးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့်၊ ခုခံသည့်၊ ပြီးလျှင် နောင်တရဖို့ ခေါင်းမာစွာ ငြင်းဆန်သည့် လူတစ်ဦး မဟုတ်သလော။ ဘုရားသခင်သည် လူတို့ ပြောင်းလဲဖို့ကို အဘယ်ကြောင့် ဤကဲ့သို့ အလေးထားသနည်း။ အဖန်ဆင်းခံ သတ္တဝါတစ်ဦးသည် ဖန်ဆင်းရှင်ကို မည်သည့် သဘောထားဖြင့် အလေးထားသင့်သနည်း။ ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်သည် မှန်ကန်သည်ဟု အသိအမှတ်ပြုသော သဘောထားတစ်ခု ဖြစ်သည်။ ဤအရာကို သင် အသိအမှတ်မပြုပါက၊ ဖန်ဆင်းရှင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဆိုသည်မှာ သင့်အဖို့ အနှစ်သာရမဲ့သော စကားများသာ ဖြစ်လိမ့်မည်။ ယင်းမှာ မှန်ကန်ပါက၊ သင်သည် ကယ်တင်ခြင်းကို ရရှိနိုင်သေးသလော။ သင် သေချာပေါက် မရရှိနိုင်ချေ။ သင်သည် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။ ဘုရားသခင်သည် သင်ကဲ့သို့သော လူများကို မကယ်တင်ပေ။...သင်သည် အပြောင်းအလဲတစ်ခု ပြုလုပ်ရမည်ဖြစ်ပြီး သင်၏ စိတ်ကူးများနှင့် ရည်ရွယ်ချက်များကို ဘေးဖယ်ထားရမည်။ ဤအကြံ သင်၌ ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်၌ရှိသော သဘောထားမှာလည်း အလိုအလျောက် ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်လိမ့်မည်။ သို့သော်၊ အနည်းငယ် သာ၍ တိကျစွာ ပြောရလျှင်၊ ဤအရာသည် ဖန်ဆင်းရှင်‌ဖြစ်သည့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများ၌ အပြောင်းအလဲတစ်ခု ပြုလုပ်နေကြသည့် လူတို့ကို ရည်ညွှန်းပေသည်။ ယင်းသည် ဖန်ဆင်းရှင်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသော အမှန်တရားကို သတိပြုခြင်းနှင့် အတည်ပြုခြင်းတစ်ခု ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် ပြောင်းလဲနိုင်ပါက၊ မှန်ကန်သည်ဟု သင် ထင်သောအရာများ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က စုပေါင်း၍မှန်ကန်သည်ဟု ထင်သောအရာများကို သင် ဘေးဖယ်ထားနိုင်သည်ဟု ဤအရာက ပြ၏၊ ပြီးလျှင် ယင်းအစား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး အပြုသဘောဆောင်သော အရာများဖြစ်သည်ကို သင် အသိအမှတ်ပြုနေခြင်း ဖြစ်သည်။ ဤသဘောထားမျိုး သင်၌ ရှိနိုင်ပါက၊ ယင်းသည် ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာနှင့် သူ၏အနှစ်သာရတို့နှင့် သက်ဆိုင်သော သင်၏ အသိအမှတ်ပြုခြင်းအား သက်သေပြပေသည်။ ဤသည်မှာ ဤပြဿနာကို ဘုရားသခင် ရှုမြင်ပုံ ဖြစ်ပြီး၊ ထို့ကြောင့် ယင်းကို အထူးသဖြင့် အရေးကြီးသည်ဟု သူ ယူဆလေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃)) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆင်ခြင်ရင်းနဲ့ လူတွေပြောင်းလဲဖို့က အရမ်းအရေးကြီးတယ်လို့ ဘုရားက ဘာလို့သတ်မှတ်တယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ လူတွေကို ကယ်တင်ဖို့ ဘုရားရဲ့ အမှုတော်မှာ လူတစ်ယောက်က ဘယ်လောက်လုပ်နိုင်တယ်၊ ဘယ်လောက် ဒုက္ခခံနိုင်တယ်ဆိုတာ အရေးမကြီးဘူး။ ဘုရားသခင်ကြည့်တာက လူတွေရဲ့ စိတ်နှလုံးပဲ။ ဘုရားသခင်လုပ်ဆောင်တာက မှန်တယ်လို့ လူတွေက ယုံသလား၊ ဘုရားက သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာကို လူတွေ ဝန်ခံသလား၊ ဘုရားကို နာခံကြသလားဆိုတာကို ဘုရားက ကြည့်ပါတယ်။ လူတစ်ယောက်က ဖောက်ပြန်ပျက်စီးမှုတွေ အများကြီးဖွင့်ပြပြီး သမ္မာတရားကို ဆန့်ကျင်တာတွေကိုလုပ်တယ်၊ ဒါပေမဲ့ သူ့ပြဿနာတွေကို လုံးဝ မသုံးသပ်ရင်၊ သမ္မာတရားကို လက်မခံရင် ဘုရားသခင်အပေါ် အမြဲတမ်း နားလည်မှုလွဲခြင်းရှိနေရင် အပြင်ပန်းမှာ ဒီလိုလူက ဒုက္ခခံနိုင်ပြီး အနစ်နာခံနိုင်ရင်တောင်မှ ဘုရားအတွက်ကတော့ သူဟာ ဘုရားကို အာခံပြီး သစ္စာဖောက်နေတုန်းပဲ။ အဆုံးမှာ ဒီလိုလူတွေအားလုံးက ထုတ်ပယ်ခံရပြီး ကယ်တင်ခြင်းမခံရနိုင်ဘူး။ ဒီနှစ်တွေတစ်လျှောက်မှာ ကျွန်မက ဘုရားကို အမြဲတမ်း နားလည်မှုလွဲပြီး သံသယတွေရှိခဲ့ပေမဲ့ ဒီပြဿနာတွေကို လုံးဝ မဖြေရှင်းတာကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မက တာဝန်နဲ့ ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်အောင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ထုံထိုင်းစေခဲ့တာသက်သက်ပဲ။ ကျွန်မတာဝန်မှာ ပြဿနာတွေ ဖော်ထုတ်ခံရပြီး ကျွန်မက ချို့ယွင်းချက်တွေအများကြီးရှိတယ်လို့ ထုတ်ဖော်ခံရပြီး ကျွန်မအတ္တကို ထိခိုက်သွားတာနဲ့ အပျက်သဘောဆောင်တဲ့ စကားလုံးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အလိုအလျောက် တံဆိပ်ကပ်လိုက်တယ်။ ဘုရားကို မကျေမနပ်ပြောတဲ့၊ နားလည်မှုလွဲတဲ့စကားတွေတောင် ပြောခဲ့တယ်။ အချိန်ကြာလာတော့ ကျွန်မစိတ်နှလုံးထဲက မကျေနပ်ချက်က များလာတယ်။ ဘုရားနဲ့ ကျွန်မရဲ့ ခပ်တန်းတန်းဖြစ်မှုက ပိုနက်ရှိုင်းလာတယ်။ ကျွန်မအခြေအနေက ပိုပိုဆိုးလာတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မမေးဘဲ မနေနိုင်ခဲ့ဘူး။ “ငါက နေ့တိုင်းပဲ တာဝန်နဲ့ အလုပ်ရှုပ်နေပေမဲ့ တကယ်ကောက်ကျစ်ဆိုးယုတ်တာတစ်ခုမှ မလုပ်ခဲ့ပေမဲ့ ငါ့စိတ်နှလုံးက ဘုရားနဲ့ ဝေးကွာနေတယ်။ ဘုရားကို အမြဲတမ်း ပိတ်ပင်တားဆီးနေပြီး အထင်လွဲနေတယ်။ ဘုရားကို ယုံကြည်သူလို့ ငါ ဘယ်လိုလုပ်ခေါ်နိုင်မှာလဲ။ ဒီလိုယုံကြည်မှုမျိုးကို ဘုရားက လက်ခံပါ့မလား။ နားလည်မှုလွဲခြင်းနဲ့ အပျက်သဘောဆောင်မှုထဲမှာ ငါ ခဏခဏ အသက်ရှင်ပြီး လုံးဝ လွတ်မြောက်ခြင်း မခံစားရဘူး။ တာဝန်ထမ်းဆောင်နေတုန်းမှာတောင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို လက်ခံရဖို့ ခက်တယ်။ အရင် အတွေ့အကြုံကို အားပြုပြီးတော့ပဲ ဖြည်းဖြည်းချင်းသွားနိုင်တယ်။ ဒီလိုမျိုးနဲ့ ငါ ဘယ်လို တိုးတက်နိုင်မှာလဲ။ ဒီနည်းနဲ့ယုံကြည်တော့ ငါ ဘာကိုရနိုင်မှာလဲ” ပေါ့။ အဲဒီအချိန်မှာပဲ ဘုရားသခင်နဲ့ပတ်သက်ပြီး နားလည်မှုလွဲတာတွေကို ရှင်းပစ်ပြီး စစ်မှန်တဲ့ နောင်တနှလုံးသားတစ်ခုရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတယ်။ ဒီသုံးနှစ်မှာ ကျွန်မစိတ်က မရှင်းလင်းဘူးလို့ ညီအစ်ကိုမောင်နှမတွေက မှတ်ချက်ပေးခဲ့တာကို ကျွန်မလုံးဝ လက်မလွတ်နိုင်ဘူး။ ဒီကိစ္စမှာ ကျွန်မ သမ္မာတရားကို လုံးဝ မရှာခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ အခု ဒီပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမယ်ဆိုတာ ကျွန်မ သိသွားပြီ။

အဲဒါနဲ့ သက်ဆိုင်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်အပိုင်းတွေကို ကျွန်မ ရှာကြည့်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်က သင့်အား အရူးအမိုက်ဟု ခေါ်ဆိုသောအခါ ဘုရားသခင်သည် သင့်ကို ပြောဆိုချက်၊ သို့မဟုတ် စကားလုံး၊ သို့မဟုတ် အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခုကို လက်ခံရန် တောင်းဆိုနေခြင်းမဟုတ်ပေ။ ဤအရာအတွင်းတွင်ရှိသော သမ္မာတရားကို သင်နားလည်ရန် တောင်းဆိုနေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတစ်ယောက်ကို အရူးအမိုက်ဟု ခေါ်ဆိုသောအခါ အတွင်းတွင် မည်သည့်သမ္မာတရားပါဝင်သနည်း။ လူတိုင်းသည် ‘အရူးအမိုက်’ ဆိုသော စကား၏ အပေါ်ယံအဓိပ္ပာယ်ကို နားလည်သည်။ သို့သော် အရူးအမိုက်တစ်ယောက်၏ သရုပ်သကန်များ၊ စိတ်သဘောထားများက မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ လူတို့လုပ်ဆောင်သည့် မည်သည့်အရာများက မိုက်မဲပြီး မည်သည့်အရာများက မိုက်မဲခြင်းမရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်က လူတို့ကို ဤနည်းလမ်းဖြင့် အဘယ်ကြောင့် ဖော်ထုတ်သည်ကိုလည်းကောင်း၊ အရူးအမိုက်များသည် ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ အရူးအမိုက်များက စည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်ခြင်းရှိမရှိကိုလည်းကောင်း၊ မည်သည့်အရာကမှန်သည်၊ မည်သည့်အရာကမှားသည်ကို ၎င်းတို့ နားလည်နိုင်စွမ်း ရှိမရှိကိုလည်းကောင်း၊ မည်သည့်အရာက ဘုရားသခင်၏ ချစ်ခြင်းကိုခံရပြီး မည်သည့်အရာက ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုခံရသည်ကို ပိုင်းခြားသိမြင်နိုင်ခြင်းရှိမရှိကိုလည်းကောင်း အချိန်အများစု၌ လူတို့သည် ဤအရာများနှင့်ပတ်သက်ပြီး မရှင်းလင်းပေ။ ၎င်းတို့အတွက် ဤအရာများသည် မရေမရာဖြစ်ပြီး ရှင်းလင်းပြတ်သားခြင်းမရှိဘဲ လုံးလုံး သိသာထင်ရှားခြင်းမရှိပေ။ ဥပမာအားဖြင့် တစ်စုံတစ်ခုကို နည်းလမ်းတစ်ခုခုဖြင့် လုပ်ဆောင်ခြင်းသည် စည်းကမ်းများကို နာခံခြင်း၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသက်သက် ဟုတ်မဟုတ်ကို အချိန်အများစုတွင် လူတို့က မသိကြပေ။ ၎င်းတို့အတွက် မရှင်းလင်းပေ။ တစ်စုံတစ်ခုသည် ဘုရားသခင်၏ ချစ်ခြင်းကိုခံရခြင်း၊ သို့မဟုတ် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရခြင်း ရှိမရှိကိုလည်း ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့အတွက် ရှင်းလင်းခြင်းလည်းမရှိပေ။ နည်းတစ်မျိုးမျိုးဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် လူတို့ကို ချုပ်ချယ်ခြင်းဖြစ်မဖြစ်၊ သို့မဟုတ် ပုံမှန်အနေဖြင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး လူတို့ကို ကူညီနေခြင်းဖြစ်မဖြစ်ကို မသိကြပေ။ လူတို့အပေါ် ၎င်းတို့ပြုမူလုပ်ဆောင်သည့်နည်းလမ်းနောက်ကွယ်ရှိ စည်းမျဉ်းများသည် မှန်ကန်ခြင်းရှိမရှိ၊ ကိုယ့်ဘက်ပါသောလူများ ဖန်တီးရန် ကြိုးစားခြင်းလော သို့မဟုတ် လူတို့ကိုကူညီရန် ကြိုးစားခြင်းလောဆိုသည်တို့ကို မသိကြပေ။ နည်းလမ်းတစ်ခုခုဖြင့် လုပ်ဆောင်ခြင်းသည် စည်းမျဉ်းလိုက်နာပြီး မိမိတို့နေရာတွင် မြဲမြံစွာ ရပ်တည်ခြင်းဖြစ်သလော၊ သို့မဟုတ် ကြွားဝါခြင်းဖြစ်သလောဆိုသည်ကို မသိကြပေ။ လူအချို့သည် အခြားမည်သည့်အရာမျှ လုပ်ဆောင်ရန်မရှိသောအခါ မှန်ကို ကြည့်နေရသည်ကို နှစ်သက်သည်။ ဤသည်မှာ အတ္တဝါဒနှင့် ဘဝင်မြင့်ခြင်းဖြစ်သလော၊ သို့မဟုတ် သာမန်ဖြစ်သလောဆိုသည်ကို မသိကြပေ။ အချို့သော လူများသည် ဒေါသစိတ်ရှိပြီး အနည်းငယ် တစ်မူထူးသည်။ ၎င်းတို့က ဤသည်မှာ ၎င်းတို့တွင် မကောင်းသောစိတ်သဘောထားရှိခြင်းနှင့် သက်ဆိုင်ခြင်းရှိမရှိကို သိနိုင်သလော။ လူတို့သည် ဤအတွေ့ရများသော၊ ကြုံတွေ့ရလေ့ရှိသောအရာများကိုပင် မခွဲခြားနိုင်ပေ။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် များစွာ ရရှိခဲ့ပြီဟု ဆိုသည်။ ဤသည်မှာ မိုက်မဲခြင်းမဟုတ်လော။ ဤသို့ဆိုလျှင် သင်တို့သည် အရူးအမိုက်ဟု ခေါ်ခြင်းကို လက်ခံနိုင်သလော။ (လက်ခံနိုင်ပါသည်။)...သင်တို့၏ တစ်ဘဝလုံးတွင် အရူးအမိုက်များဖြစ်ချင်သလော။ (မဖြစ်ချင်ပါ။) မည်သူကမျှ အရူးအမိုက်မဖြစ်ချင်ပေ။ အမှန်တကယ်တွင် ဤသို့ မိတ်သဟာယဖွဲ့ခြင်း၊ စိစစ်ခြင်းသည် သင့်အား သင့်ကိုယ်သင် အရူးအမိုက်အဖြစ် အမျိုးအစားခွဲဖို့ ကြိုးစားစေရန် ပြုလုပ်ခြင်းမဟုတ်ပေ။ ဘုရားသခင်က သင့်ကို မည်သို့အဓိပ္ပာယ်သတ်မှတ်သည်ဖြစ်စေ၊ သင်နှင့်ပတ်သက်ပြီး မည်သည့်အရာကို သူ ထုတ်ဖော်ပြသည်ဖြစ်စေ၊ သင့်ကို မည်သို့ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည်ဖြစ်စေ၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သည်ဖြစ်စေ အဆုံးစွန်ရည်ရွယ်ချက်မှာ သင့်အား ဤအခြေအနေများမှ လွတ်မြောက်စေဖို့၊ သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို ရရှိစေဖို့၊ အရူးအမိုက်တစ်ယောက်မဖြစ်ရန် ကြိုးစားစေဖို့ဖြစ်သည်။ ထို့ကြောင့် သင်သည် အရူးအမိုက်တစ်ယောက်မဖြစ်လိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို လိုက်စားရမည်။ ရှေးဦးစွာ သင်သည် မည်သည့်ကိစ္စတွင် အရူးအမိုက်တစ်ယောက်ဖြစ်သည်၊ မည်သည့်ကိစ္စများတွင် သင်သည် အယူဝါဒကို အစဉ်ဟောပြောနေသည်၊ သဘောတရားနှင့် အယူဝါဒစကားများကို အစဉ် တောင်ရောက်မြောက်ရောက်ပြောနေသည်၊ မည်သည့်ကိစ္စများတွင် အမှန်တရားများကို သင်ရင်ဆိုင်ရသောအခါ သင်၏မျက်လုံးများက ကြောင်တောင်တောင်ဖြစ်သွားသည်တို့ကို သင် သိရမည်။ ဤပြဿနာများကို သင်ဖြေရှင်းပြီး သမ္မာတရားရှုထောင့်တစ်ခုစီတိုင်းကို ရှင်းလင်းသောအခါ သင် ရူးမိုက်သောအချိန်ပို၍ နည်းလိမ့်မည်။ သင်သည် သမ္မာတရားတစ်ခုစီတိုင်းအပေါ် ရှင်းလင်းသော နားလည်မှုရှိသောအခါ၊ သင်လုပ်သမျှတွင် လွတ်လပ်မှုရှိလာသောအခါ၊ သင်သည် ချုပ်တည်းထားခြင်း၊ သို့မဟုတ် ချုပ်ချယ်ခံရခြင်းမရှိသောအခါ၊ သင့်တွင် တစ်စုံတစ်ခုဖြစ်ပျက်သည်နှင့် ဘုရားသခင်ထံ ဆုတောင်းပြီးနောက်၊ သမ္မာတရားကို ရှာဖွေပြီးနောက်၊ သို့မဟုတ် မိတ်သဟာယဖွဲ့ရန် လူတစ်ယောက်ကို ရှာပြီးနောက်တွင် သင်သည် လက်တွေ့လုပ်ဆောင်ရန် မှန်ကန်သော စည်းမျဉ်းများကို တွေ့ရှိနိုင်ပြီး စည်းမျဉ်းနှင့်အညီ မှန်ကန်စွာ လုပ်ဆောင်နိုင်လျှင် သင်သည် မိုက်မဲတော့မည်မဟုတ်ပေ။ တစ်စုံတစ်ခုသည် သင့်အတွက် ရှင်းလင်းနေလျှင်၊ သမ္မာတရားကို မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်လျှင် ထိုအရာနှင့်ပတ်သက်လျှင် သင်သည် မိုက်မဲမည်မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများ သဘာဝအလျောက် ဉာဏ်အလင်းပွင့်လင်းဖို့ရန်အတွက် သမ္မာတရားကို နားလည်ရန်သာလိုသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားသခင်က ကမောက်ကမဖြစ်တဲ့လူတွေရဲ့ အပြုအမူကို အရမ်းကို ရှင်းရှင်းလင်းလင်း ရှင်းပြတယ်။ ကမောက်ကမဖြစ်တဲ့လူတွေက စိတ်ရှုပ်ထွေးနေပြီး လုပ်သမျှမှာ မရှင်းလင်းဘူး။ သူတို့မှာ ရပ်တည်ချက်တွေ၊ စည်းမျဉ်းတွေမရှိဘူး။ ဘုရားကဘာကို နှစ်သက်တယ်၊ မုန်းတီးတယ်ဆိုတာကို သူတို့မသိဘူး။ လူတွေ၊ အခြေအနေတွေနဲ့ပတ်သက်ပြီး ပိုင်းခြားသိမြင်မှုမရှိဘူး။ သူတို့ကိုယ်တိုင်ရဲ့ ချို့ယွင်းချက်တွေ၊ သူတို့ထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ အကြောင်းအရာတွေဖြစ်တဲ့အခါ အမှန်နဲ့အမှား မခွဲခြားနိုင်ဘူး။ သူတို့မှာ စည်းမျဉ်းနဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းမရှိကြဘူး။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကျွန်မ ယှဉ်ကြည့်တဲ့အခါမှာ အရင်တုန်းက ကျွန်မတာဝန်ကမြင်ကွင်းတွေက စိတ်ထဲမှာ ပေါ်လာတယ်။ အလုပ်ကြိုးစားဖို့ပဲ ကျွန်မ အာရုံစိုက်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ဖို့ လုံးဝ အာရုံမစိုက်ဘူး။ သမ္မာတရား စည်းမျဉ်းတွေကိုလည်း မရှာဘူး။ ညီအစ်ကိုမောင်နှမတွေက ဗီဒီယိုတွေတည်းဖြတ်တာနဲ့ပတ်သက်ပြီး အကြံတွေပေးတဲ့အခါမှာ သိပ်မစဉ်းစားခဲ့ဘူး။ တစ်ခါတလေမှာ သူတို့ဆိုလိုတာကိုတောင် ကျွန်မ နားမလည်ဘဲ မစဉ်းမစားလျှောက်လုပ်ခဲ့တယ်။ ဒုက္ခခံတာက ဘုရားအပေါ် သစ္စာရှိတာလို့ ထင်ပြီးတော့ပေါ့။ ကျွန်မက ကိုယ့်တာဝန်မှာ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ အားနည်းချက်တွေအများကြီးကို ဖွင့်ပြပါတယ်။ ဒါပေမဲ့ သမ္မာတရားကိုရှာပြီး ပြဿနာကို ဖြေရှင်းဖို့ ဘုရားရှေ့ကို မလာခဲ့ဘူး။ အဲဒီအစား ကျွန်မက နှစ်တွေကြာတဲ့အထိ အပျက်သဘောဆောင်တဲ့အခြေအနေမှာအသက်ရှင်ပြီး အရမ်းကို ထုံထိုင်းနေခဲ့တယ်။ ကျွန်မပြဿနာက ဘယ်လောက်အရေးကြီးတယ်ဆိုတာ၊ ဒီလိုဆက်သွားနေတာက ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာကို မမြင်နိုင်ခဲ့ဘူး။ ကျွန်မက အမြဲတမ်း စိတ်ရှုပ်ထွေးနေပြီး နေ့တိုင်းပဲ ဖြစ်သလိုလုပ်ကိုင်တယ်။ ဒါက ကမောက်ကမဖြစ်နေတဲ့သူရဲ့ အပြုအမူတွေပဲ မဟုတ်ဘူးလား။ အဲဒီအခါကျမှ ကျွန်မနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေပြောတာက မှန်တယ်ဆိုတာကို သဘောပေါက်သွားတယ်။ ဒါပေမဲ့ ကျွန်မက ဝန်ခံဖို့ ငြင်းဆန်တယ်။ လူတိုင်းက ကျွန်မအပေါ် အထင်သေးတယ်လို့ သံသယဝင်တယ်။ သူတို့အပေါ် တစ်ဖက်သတ်မြင်ပြီးတော့ ခပ်တန်းတန်းဖြစ်သွားတယ်။ ကျွန်မ တကယ်ကို ဒီလိုမလုပ်ခဲ့သင့်ဘူး။ ဒီနှစ်တွေအားလုံးမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ခဏခဏကူညီပံ့ပိုးတယ်။ ကျွန်မကို လုံးဝ အထင်မသေးကြဘူး။ ကျွန်မကသာ တရားလွန်လုပ်တဲ့သူ၊ ကျိုးကြောင်းမသင့်သူ၊ သမ္မာတရားကို လက်မခံတဲ့သူပါ။ ဒီလိုစဉ်းစားမိပြီး နောက်ဆုံးမှာ ကျွန်မ အတိတ်ကို လက်လွတ်နိုင်ခဲ့တယ်။ အရမ်းစိတ်ရှုပ်ထွေးပြီး သမ္မာတရားကို မရှာဖွေလို့ ကိုယ့်ကိုယ်ကိုယ် အရမ်းပဲ မုန်းမိတယ်။ အရမ်းတရားလွန်ဖြစ်ပြီး ကျိုးကြောင်းမသင့်တာကြောင့် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့တယ်။

ကျွန်မက ကမောက်ကမဖြစ်နေတာကို သဘောပေါက်သွားတာနဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အစွမ်းအစနည်းတယ်လို့ ခဏခဏသတ်မှတ်တာကိုလည်း တွေးမိတယ်။ ဒါက ဖြေရှင်းဖို့အတွက် သမ္မာတရားကို ကျွန်မရှာသင့်တဲ့ နောက်ပြဿနာတစ်ခုပဲ။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “ဘုရားသခင်က သင့်အား မိုက်မဲအောင်ပြုပါက၊ သင်၏မိုက်မဲမှု၌ အဓိပ္ပာယ်ရှိပေသည်။ အကယ်၍ သူက သင့်အား ထက်မြက်အောင်ပြုပါက၊ သင်၏ထက်မြက်မှု၌ အဓိပ္ပာယ်ရှိ၏။ ဘုရားသခင်က သင့်အား မည်သည့် ကျွမ်းကျင်မှုကိုမဆို ပေးပါစေ၊ သင်၏အားသာချက်များက မည်သည့်အရာဖြစ်ပါစေ၊ သင်၏ဉာဏ်ရည်ဉာဏ်ကဲက မည်မျှမြင့်မားပါစေ၊ ယင်းတို့အားလုံးသည် ဘုရားသခင်အတွက် ရည်ရွယ်ချက် တစ်ခုရှိလေသည်။ ဤအရာများအားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ သင်၏ ဘဝတွင် သင်ပါဝင်လုပ်ဆောင်ရသောနေရာနှင့် သင်ထမ်းဆောင်သောတာဝန်တို့ကို ရှေးယခင်ကတည်းက ဘုရားသခင်က သတ်မှတ်ထားပြီးဖြစ်သည်။ အချို့သောလူတို့သည် ၎င်းတို့မပိုင်ဆိုင်သော ကျွမ်းကျင်မှုကို အခြားလူများက ပိုင်ဆိုင်သည်ကိုမြင်ပြီး မကျေမနပ်ဖြစ်ကြသည်။ ၎င်းတို့က သာ၍ သင်ယူလေ့လာခြင်း၊ သာ၍မြင်ခြင်းနှင့် သာ၍ လုံ့လဝီရိယရှိခြင်းတို့အားဖြင့် အမှုကိစ္စများကို ပြောင်းလဲလိုကြသည်။ သို့သော် ၎င်းတို့၏ လုံ့လဝီရိယက စွမ်းဆောင်ရရှိနိုင်သည့်အရာတွင် အကန့်အသတ်ရှိသည်။ ထိုအရာများကို ဆုကျေးဇူးများ၊ ကျွမ်းကျင်မှုများဖြင့် ၎င်းတို့ မကျော်လွန်နိုင်ပေ။ သင်မည်မျှ တွန်းလှန်တိုက်ခိုက်ပါစေ အသုံးမဝင်ပေ။ သင်ဖြစ်မည့်အရာကို ဘုရားသခင်က ချမှတ်ပြီးဖြစ်သည်။ ယင်းကိုပြောင်းလဲရန် မည်သူကမျှ လုပ်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ သင်သည် မည်သည့်အရာ၌ တော်ပါစေ၊ ယင်းသည် သင်အားထုတ်ကြိုးပမ်းသင့်သည့်နေရာဖြစ်သည်။ သင်နှင့် သင့်တော်သည့် မည်သည့်တာဝန်မဆိုသည် သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ သင်၏ကျွမ်းကျင်မှုအပိုင်းအခြား၏ ပြင်ပနယ်ပယ်များကို အတင်းလုပ်ဆောင်ရန် မကြိုးစားနှင့်၊ အခြားသူများကို အားမကျနှင့်။ လူတိုင်း၌ ၎င်းတို့၏အသုံးဝင်မှုရှိသည်။ အခြားလူများကို လူစားထိုးပြီး သင့်ကိုယ်သင် အများမြင်အောင် ပြသဖို့အတွက် အစဉ်ဆန္ဒရှိလျက် သင်သည် အရာရာတိုင်းကို ကောင်းစွာလုပ်ဆောင်နိုင်သည်၊ သို့မဟုတ် သင်သည် အခြားလူများထက်ပို၍ ပြည့်စုံသည်၊ သို့မဟုတ် တော်သည်ဟု မထင်နှင့်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ မည်သည့်အရာကိုမျှ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိ၊ ကျွမ်းကျင်မှုလုံးဝမရှိဟု တွေးသည့်သူများ ရှိပေသည်။ ယင်းမှာ မှန်ကန်ပါက၊ သင်သည် လက်တွေ့ကျသည့်ပုံစံဖြင့် နားထောင်ပြီး နာခံသင့်သည့်သူ တစ်ယောက်သာ ဖြစ်သင့်သည်။ သင်လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ပြီး ယင်းကို အစွမ်းကုန် ကောင်းစွာ လုပ်ဆောင်လော့။ ယင်းမှာ လုံလောက်ပေသည်။ ဘုရားသခင် စိတ်ကျေနပ်ပေလိမ့်မည်။ လူတိုင်းအား ကျော်လွန်ရန်၊ သူတစ်ပါးတို့ထက် အရာရာတိုင်းကို ပိုကောင်းအောင် လုပ်ဆောင်ရန်၊ အဘက်ဘက်တွင် ထင်ပေါ်ရန် အစဉ် မစဉ်းစားနှင့်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ (မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။) လူတို့သည် မာနထောင်လွှားသော စိတ်သဘောထားကို အစဉ်ပိုင်ဆိုင်ကြပြီး ၎င်းတို့သည် သမ္မာတရားအတွက် ကြိုးပမ်းပြီး ဘုရားသခင်ကို ကျေနပ်စေလိုလျှင်ပင် စံမမီကြပေ။ ၎င်းတို့သည် လမ်းလွဲသွားစေရန် လွယ်ကူစေသည့် မာနထောင်လွှားသော စိတ်သဘောထားတစ်ခုအားဖြင့် ထိန်းချုပ်ခြင်းကို ခံရသည်။ ဥပမာအနေဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များအစား မိမိတို့၏ ရည်ရွယ်ချက်ကောင်းများကို ဖော်ပြခြင်းအားဖြင့် အစဉ် ကြွားဝါလိုသည့်လူအချို့ရှိသည်။ ဘုရားသခင်သည် ထိုသို့သော ရည်ရွယ်ချက်ကောင်းများကို ဖော်ပြခြင်းမျိုးကို ချီးမွမ်းမည်လော။ ဘုရားသခင်၏ အလိုတော်ကို သတိရှိဖို့ဟူသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လိုက်နာရမည်။ ပြီးလျှင် သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို သင်ကျိုးနွံနာခံရမည်ဖြစ်သည်။ ရည်ရွယ်ချက်ကောင်းများကို ဖော်ပြသည့်လူများသည် ဘုရားသခင်၏ အလိုတော်ကို သတိမရှိဘဲ၊ ထိုအစား လှည့်ကွက်အသစ်များကို လုပ်ဖို့ အစဉ်ကြိုးစားနေပြီး စကားကြီးစကားကျယ်များ ပြောနေကြသည်။ ဤနည်းဖြင့် သတိရှိဖို့ သင့်ကို ဘုရားသခင်က မတောင်းဆိုပါ။ ဤသည်မှာ မိမိတို့ ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်ဟု လူအချို့က ဆိုကြသည်။ ယှဉ်ပြိုင်ခြင်းသည် ယင်းကိုယ်၌က အပျက်သဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ ယင်းသည် စာတန်၏ မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်း၊ ထင်ရှားပြသခြင်းတစ်ခုဖြစ်သည်။ သင့်တွင် ဤသို့သော စိတ်သဘောထားတစ်ခုရှိသောအခါ သင်သည် သူတစ်ပါးတို့ကို အောက်ခြေတွင်ထားရန် အစဉ်ကြိုးစားနေသည်၊ ၎င်းတို့ရှေ့ရောက်ရန် အစဉ်ကြိုးစားနေသည်၊ ဖြတ်စားလျှပ်စား အစဉ်လုပ်နေသည်၊ လူတို့ထံမှ ရယူရန် အစဉ်ကြိုးစားနေသည်။ သင်သည် အလွန်အမင်း မနာလိုဖြစ်သည်၊ မည်သူ့ကိုမျှ မနာခံ၊ ထို့ပြင် အသိအမှတ်ပြုခြင်းခံရရန် အစဉ်ကြိုးစားနေသည်။ ဤသည်မှာ ပြဿနာဖြစ်၏။ ဤသည်မှာ စာတန်လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ သင်သည် ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ရှိသော ဖန်ဆင်းခံတစ်ယောက် အမှန်တကယ် ဖြစ်လိုလျှင် သင်၏ ကိုယ်ပိုင်အိပ်မက်များ နောက်သို့မလိုက်နှင့်။ သင်၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် သင့်ကိုယ်သင်ထက် ပို၍ သာလွန်ပြီး စွမ်းဆောင်နိုင်အောင် ကြိုးစားခြင်းသည် မကောင်းပေ။ သင်၏ အဆင့်ထက်မြင့်သည့်နေရာကို မသွားဘဲ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို သင်နာခံသင့်သည်။ ဤသည်ကသာ အသိစိတ်ကို ထင်ရှားစေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ ကျွန်မအစွမ်းအစကညံ့တယ်လို့ ဘာလို့ ဆက်ပြောနေရတာလဲ။ တကယ်တော့ ကျွန်မသဘာဝက မာနထောင်လွှားလွန်းလို့ပါ။ ကျွန်မက အမြဲတမ်း ရည်မှန်းချက်တွေ၊ ဆန္ဒတွေရှိတယ်။ သူများတွေအထက်မှာရှိချင်တယ်။ ဒီလိုမလုပ်နိုင်တဲ့အခါ အပျက်သဘောဆောင်လာပြီး အရမ်းဆိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မဆန္ဒက ပြင်းလွန်းတယ်။ ဘယ်အဖွဲ့မှာမဆို ကျွန်မက အထင်သေးခံရမှာကြောက်တယ်။ အမြဲတမ်း အထင်ကြီးလေးစားခံချင်တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မရဲ့ ကိုယ်ပိုင်ပြဿနာတွေနဲ့ အားနည်းချက်တွေက ပြနေပါတယ်။ ကိုင်တွယ်ဖြေရှင်းတာ၊ ပြုပြင်တာနဲ့ အနှောင့်အယှက်တွေ၊ ကျရှုံးမှုတွေကို ကျွန်မ တွေ့ကြုံရတဲ့အခါ ကျွန်မပုံရိပ်ကို ထိခိုက်ပြီး ကျွန်မဂုဏ်သတင်းကို နာမည်ပျက်စေတယ်လို့ ခံစားမိခဲ့တယ်။ မှန်မှန်ကန်ကန် ရင်မဆိုင်နိုင်ဘူး။ ကျွန်မ အစွမ်းအစက အရမ်းနိမ့်တယ်၊ ကျွန်မက စိတ်ရှုပ်ထွေးလွန်းတယ်လို့ ထင်ခဲ့တယ်။ သူများတွေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ခဏခဏ ယှဉ်ကြည့်တယ်။ အဖွဲ့ထဲက တခြားလူတွေက အားသာချက်တွေရှိပြီး ကျွန်မထက် ပိုကောင်းတဲ့အစွမ်းအစရှိတာကို မြင်တဲ့အခါ ကျွန်မက ပါရမီမရှိဘူး၊ ထူးခြားမှုမရှိဘူးလို့ ခံစားမိတယ်။ ဒီ လက်တွေ့အရှိတရားကို ကျွန်မ လက်မခံနိုင်ဘူး။ ဒါကြောင့် အမြဲတမ်း စိတ်ဓာတ်ကျပြီး နိမ့်ကျသလိုခံစားရတယ်။ အဲဒီအခါကျမှ ကျွန်မလိုချင်တာက သိက္ခာနဲ့ အဆင့်အတန်းပဲဆိုတာ သဘောပေါက်သွားတယ်။ ဒါကြောင့် ကျွန်မအစွမ်းအစနဲ့ ဆုကျေးဇူးတွေကို သူများတွေနဲ့ ယှဉ်ပြီး သူများတွေ လေးစားခံရအောင် အမြဲတမ်း ကြိုးစားတယ်။ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားက တော်တော်ဆိုးပါတယ်။ ဆုကျေးဇူးနဲ့ အစွမ်းအစက လူတစ်ယောက် သူ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်သလားဆိုတာကို သတ်မှတ်ဖို့ အဓိကအချက်မဟုတ်ဘူး။ သူများတွေ အထင်ကြီးပြီး ကိုးကွယ်တာခံရခြင်းက ကယ်တင်ခြင်းရဖို့ အာမခံချက်မဟုတ်ဘူး။ ဘုရားသခင်က လုံးဝ ဒီလိုမပြောခဲ့ဘူး။ ဘုရားသခင်က ကျွန်မတို့ကို လူ့သဘာဝရှိစေချင်တယ်။ ကျိုးကြောင်းသင့်စေချင်တယ်။ သမ္မာတရားကို လက်တွေ့ကျကျ လိုက်စားစေချင်တယ်။ ကျွန်မတို့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းစေချင်တယ်။ လူသားပုံသဏ္ဍန်တစ်ခုအတိုင်း အသက်ရှင်နေထိုင်စေချင်တယ်။ ဒါက လူတွေအပေါ် ဘုရားသခင်အလိုရှိတဲ့အရာပဲ။ ဘုရားသခင်ပြောတာကို ကျွန်မ တွေးမိတယ်။ “သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ— ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏- သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ ဘုရားသခင်က လူတွေက အစွမ်းအစနည်းတယ်လို့ ပြောပြီး ကမောက်ကမဖြစ်တယ်လို့ ဖွင့်ပြပေမဲ့ ဒါက လူတွေ သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို မြင်ပြီး ကိုယ်ပိုင်အားနည်းချက်တွေကို သိအောင်လို့ပါ။ သမ္မာတရားကို လူတွေ လိုက်စားနိုင်အောင်၊ သူတို့ကိုယ်သူတို့ ပြောင်းလဲနိုင်အောင်၊ အသက်တာမှာ ကြီးထွားနိုင်အောင်ပေါ့။ ကျွန်မတို့က အစွမ်းအစနည်းချင်နည်းမယ်။ ဒါပေမဲ့ သမ္မာတရားကိုချစ်ပြီး လိုက်စားသရွေ့၊ ဘုရားရဲ့သတ်မှတ်ချက်တွေနဲ့ညီအောင် ကြိုးပမ်းသရွေ့ ဘုရားသခင်က ကြင်နာပြီး ကျွန်မတို့ကို ကောင်းချီးပေးလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့ အစွမ်းအစက ကောင်းပေမဲ့ သမ္မာတရားကို မလိုက်စားလျှင် ကျွန်မတို့က ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမယ်။ ကျွန်မအစွမ်းအစကနည်းပြီး ကျွန်မက ခဏခဏ စိတ်ရှုပ်ထွေးနေတာက အမှန်တရားပဲ။ ဒါပေမဲ့ ဘုရားသခင်က ဒီအတွက် ကျွန်မကို မကယ်တင်ဘူး၊ ထုတ်ပယ်မယ်လို့ လုံးဝ မပြောခဲ့ဘူး။ ဘုရားသခင်က ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ ဆက်ပြီး အခွင့်အရေးပေးတယ်။ သမ္မာတရားကို ကျွန်မ လိုက်စားသင့်တယ်။ တိုးတက်အောင်လုပ်တဲ့နေရာမှာ တက်ကြွသင့်တယ်။ ကျွန်မ အားနည်းချက်တွေကို ဖာထေးလုပ်ဆောင်ပြီး ကျွန်မအစွမ်းအစကို တိုးတက်အောင်လုပ်သင့်တယ်။

အဲဒီနောက်မှာ တစ်ခုခုဖြစ်ပျက်တဲ့အခါမှာ ကျွန်မက သမ္မာတရားကို ရှာဖွေခြင်းကို အာရုံစိုက်တယ်။ အခြေအနေက ဘယ်လိုပဲဖြစ်ပါစေ ကိုင်တွယ်ဖြေရှင်းတာ၊ ပြုပြင်တာ၊ အနှောင့်အယှက်တွေ၊ ကျရှုံးမှုတွေဖြစ်ပါစေ ကျွန်မ နာခံနိုင်တယ်။ သမ္မာတရားစည်းမျဉ်းတွေကို ရှာနိုင်တယ်။ ကျွန်မက ဒီလိုကြုံတွေ့တော့ သတိမထားမိခင်မှာပဲ ဘုရားရဲ့ တည်ရှိမှုကို ကျွန်မ ခံစားရတယ်။ ကျွန်မစိတ်က ပိုရှင်းလာသလို ခံစားရတယ်။ ညီအစ်ကိုမောင်နှမတွေက ဗီဒီယိုတွေအတွက် စိတ်ကူးတွေ ဆွေးနွေးတဲ့အခါမှာ ကျွန်မ တွန့်ဆုတ်မနေတော့ဘူး။ တစ်ခါတလေမှာ ကျွန်မဖော်ပြတဲ့ အမြင်တွေက မှားတယ်၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေက အကြံတွေပေးတယ်။ ဒါပေမဲ့ ကျွန်မ မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး ပိုပြီး တည်ငြိမ်တယ်။ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်မ ဘုရားနဲ့ အရမ်းနီးကပ်သလို ခံစားရတယ်။ ဘုရားက ကျွန်မဘေးမှာနေပြီး ယုံကြည်မှုနဲ့ ခွန်အားပေးနေသလို ခံစားရတယ်။ ကျွန်မတာဝန်မှာ အခက်အခဲတွေ အများကြီးရှိပေမဲ့ ဆုတောင်းခြင်းကတစ်ဆင့် ဘုရားအလိုတော်ကို ရှာဖွေခြင်း၊ ဘုရားကို အမှီပြုခြင်း၊ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကတစ်ဆင့် နောက်ဆုံးမှာ ပြဿနာတချို့က ပြေလည်သွားတယ်။ ကျွန်မတာဝန်ရဲ့ ထိရောက်မှုကလည်း တိုးတက်လာတယ်။ ကျွန်မကို ကယ်တင်တဲ့အတွက် ကျွန်မစိတ်နှလုံးအတွင်းထဲကနေ ဘုရားကို ကျေးဇူးတင်ပါတယ်။

ကျွန်မ နားလည်မှုလွဲပြီး ဘုရားနဲ့ ကင်းကွာတဲ့အချိန်ကို အခု ပြန်စဉ်းစားကြည့်တော့ အရမ်းနောင်တရမိတယ်။ နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး အရမ်းတို့ထိခြင်းခံရပါတယ်။ “ဘုရားသခင်သည် ၎င်းတို့အား အေးစက်စက်ဖြင့် ချန်လှပ်ထားပြီ ဖြစ်သည့်အလား၊ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ထားပြီ သို့မဟုတ် ကျောခိုင်းသွားပြီဖြစ်သည့်အလား တစ်ဦးတစ်ယောက် ခံစားနေသည်ကို ငါမမြင်ချင်ပေ။ ငါမြင်ချင်သမျှမှာ အယောက်တိုင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းခြင်း လမ်းထက်တွင် ဒွိဟများ၊ ဝန်ထုပ်ဝန်ပိုးများ မရှိဘဲ၊ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ရဲဝံ့စွာ ရှေ့သို့ချီခြင်း ဖြစ်သည်။ သင်သည် မည်သို့သော အမှားများကို ကျူးလွန်ပြီးသည်ဖြစ်စေ၊ မည်မျှ လမ်းလွဲပြီးသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ ဆိုးရွားစွာ ဖောက်ဖျက်ထားသည်ဖြစ်စေ၊ ဘုရားသခင်ကို သိနားလည်ခြင်းအား သင်၏လိုက်စား ရှာဖွေမှုတွင် ဤအရာများကို သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များ ဖြစ်မလာစေနှင့်။ ရှေ့သို့သာ ဆက်၍ ချီတက်လော့။ ဘုရားသခင်သည် လူ၏ ကယ်တင်ခြင်းကို သူ၏ စိတ်နှလုံးထဲတွင် အမြဲ ထိန်းသိမ်းထား၏။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရတွင် အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်ကို ကျွန်မ ယုံကြည်တဲ့နှစ်တွေမှာ ဘုရားက လူတွေကိုချစ်တယ်လို့ ကျွန်မပြောခဲ့တယ်။ ဒါပေမဲ့ ဘုရားရဲ့ ချစ်ခြင်းကို ကျွန်မ တကယ်သိမြင်မှုမရှိခဲ့ဘူး။ ဒီအတွေ့အကြုံက ကျွန်မကို ဘုရားရဲ့ ချစ်ခြင်းအပေါ် တကယ်နားလည်မှုနဲ့ ခံစားမှုတချို့ကို ပေးပါတယ်။ ကျွန်မစိတ်နှလုံးက မာကျောပြီး ပုန်ကန်ပေမဲ့ ဘုရားသခင်က ကျွန်မတွေ့ကြုံဖို့ ပတ်ဝန်းကျင်တွေကို စီစဉ်ပေးတယ်။ ကျွန်မပြောင်းလဲဖို့ သူစောင့်ခဲ့တယ်။ သူ့နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို လှုပ်နှိုးခဲ့တယ်။ ကျွန်မရဲ့ အပျက်သဘောဆောင်ပြီး နားလည်မှုလွဲတဲ့ အခြေအနေကနေ လွတ်အောင် လမ်းပြခဲ့တယ်။ လူတွေကို ကယ်တင်ဖို့ဘုရားရဲ့ ဆန္ဒက အရမ်းစစ်မှန်ပြီး အရမ်းလှပပါတယ်။ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်တယ်။ သမ္မာတရားကို ကောင်းကောင်းလိုက်စားတာ၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်တာ၊ ဘုရားရဲ့ချစ်ခြင်းကို ပြန်ပေးဆပ်တာကလွဲပြီး တခြားဘာမှမလိုချင်ပါဘူး။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ ရာထူးဂုဏ်ဒြပ် အား ဆုံးရှုံး ပြီးနောက်

ဟူမင်း၊ ဟိုင်နန်စီရင်စု ခေါင်းဆောင် နေရာကို အခြားလူတစ်ယောက်ဖြင့် အစားထိုး ခန့်အပ် ခြင်း ခံရသော သူတစ်ဦး တစ်ယောက် ကိုတွေ့မြင်ရသည့်အပြင်၊...

သမ္မာတရားအတွင်းသို့ ကိုယ်တိုင် ဝင်ရောက် ခြင်းဖြင့်သာလျှင် အခြားသူများအား ကျွန်တော် စစ်မှန်စွာ ကူညီနိုင်မည် ဖြစ်သည်

ဒူဖန်၊ ဂျင်ဆု ခရိုင် များမကြာမီက အသင်းတော်တစ်ခု၌ ဆန္ဒမဲရွေးပွဲ လုပ်ဆောင်ခဲ့သည်။ အသင်းတော်ခေါင်းဆောင်ဖြစ်သော အစ်မလီသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။