ဘုရားသခင်၏ စမ်းသပ်ခြင်းများနှင့်ဆိုင်သော အဓိပ္ပာယ်ကို နောက်ဆုံးတွင် ကျွန်မ နားလည်သွားသည်

18.03.2026

လုယိ၊ တရုတ်ပြည်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာပေါ့။ ကျွန်မနဲ့ ပူးပေါင်းလုပ်နေတဲ့ ညီအစ်မတွေနဲ့အတူ ဆောင်းပါးတွေကို သုံးသပ်နေခဲ့ကြတယ်။ အဲဒီအချိန်မှာ ညီအစ်မကျန်းက ရုတ်တရက် နေလို့မကောင်းဘူး၊ ခေါင်းမူးပြီး ရင်ဘတ်က ကျပ်နေတယ်လို့ ပြောလာတယ်။ သူက ထိုင်ခုံပေါ်မှာထိုင်နေရင်း ယိမ်းထိုးနေပြီး ဘယ်အချိန်မဆို မူးလဲသွားတော့မလိုပဲ။ ပထမတော့ ရာသီဥတု ပူအိုက်ပြီး အခန်းထဲမှာ လေဝင်လေထွက်မကောင်းလို့ ဖြစ်တာပဲလို့ ကျွန်မတို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီလိုဖြစ်တာတွေက ပိုပိုပြီး ခဏခဏဖြစ်လာတယ်။ ဆိုးဆိုးရွားရွားဖြစ်တဲ့အခါတွေဆိုရင် သူက စကားပြောဖို့တောင် အားမရှိဘူး၊ ခြေလှမ်းနည်းနည်းလှမ်းလိုက်ပြီးတာနဲ့ အသက်ရှူမဝဖြစ်နေတတ်တယ်။ တာဝန်ထမ်းဆောင်ဖို့ မပြောနဲ့၊ နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ်တောင် မစောင့်ရှောက်နိုင်ဘူး။ ကျွန်မ စပြီး စိုးရိမ်လာတယ်၊ “သူ့မှာ ရောဂါကြီးကြီးမားမား တစ်ခုခုရှိနေတာ ဖြစ်နိုင်မလား” ပေါ့။ ဒါပေမဲ့ နောက်တော့ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါတို့အားလုံးက အတော်လေး အရေးကြီးတဲ့ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ထမ်းဆောင်နေကြတာ။ ညီအစ်မကျန်းကလည်း တာဝန်ထမ်းဆောင်တဲ့နေရာမှာ အခက်အခဲကို ကြံ့ကြံ့ခံပြီး၊ အဖိုးအခပေးနိုင်တဲ့အပြင်၊ ရလဒ်တချို့လည်း ရထားတာပဲ။ ဘုရားသခင်က သူ့ကို သေချာပေါက် ကာကွယ်ပေးပြီး ရောဂါကြီးကြီးမားမား ဖြစ်စေမှာမဟုတ်ပါဘူး။ ဒါက ဘုရားသခင်က သူ့ကို စမ်းသပ်နေတာဖြစ်နိုင်တယ်။ သူ သင်ခန်းစာရသွားရင် ဘုရားသခင်က သူ့ရောဂါကို ဖယ်ရှားပေးမယ်ထင်တယ်” ပေါ့။ နောက်တော့ ညီအစ်မကျန်းက ဆေးစစ်ဖို့အတွက် ဆေးရုံကို သွားခဲ့တယ်။ ဆရာဝန်က သူ့ရဲ့ စစ်ဆေးချက်အဖြေအားလုံး ပုံမှန်ပဲ၊ ဒါပေမဲ့ နှလုံးခုန်နှုန်း နှေးနေပြီး နှလုံးဆီကို သွေးစီးဆင်းမှု အားနည်းတယ်လို့ ပြောတယ်။ သူ့နှလုံးနဲ့ သွေးလည်ပတ်မှုအတွက် ဆေးတချို့ ညွှန်းပေးလိုက်ပြီး အများကြီး အနားယူဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ပြောလိုက်တယ်။ ဆေးစစ်တာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို မြင်တော့၊ ညီအစ်မကျန်းက နည်းနည်းအနားယူပြီး အားမွေးလိုက်ရင် ကောင်းသွားမှာပဲလို့ ကျွန်မတို့အားလုံး ယူဆခဲ့ကြတယ်။ ကျွန်မလည်း စိတ်ထဲမှာ ဘုရားသခင်ကို ဆက်လက်ကျေးဇူးတင်နေပြီးတော့ ကျွန်မတို့က ဘာသာတရားမရှိသူတွေနဲ့ မတူဘူးဆိုတာကို ပိုလို့တောင် ယုံကြည်လက်ခံသွားတယ်။ ငါတို့ယုံကြည်သူတွေမှာ ဘုရားသခင်ရဲ့ ဂရုစိုက်စောင့်ရှောက်မှု ရှိတယ်၊ သင်ခန်းစာရသွားတာနဲ့ ရောဂါတွေ ပျောက်သွားမှာပဲလို့ပေါ့။ ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့၊ ညီအစ်မကျန်း ဆေးရုံကပြန်လာပြီး အားမွေးနေခဲ့တာ အချိန်ကာလတစ်ခုကြာပြီးနောက်မှာ သူ့ရောဂါက ပြန်ဖြစ်လာတယ်၊ ပြီးတော့ ရောဂါထတဲ့အကြိမ်ရေက ပိုများလာတယ်။

တစ်နေ့မနက်မှာ သူက နေမကောင်းလို့ အခန်းထဲမှာ အနားယူနေတုန်း၊ ဘာကြောင့်မှန်းမသိ ကုတင်ပေါ်ကနေ ပြုတ်ကျသွားတယ်။ ကျွန်မတို့ အသံကြားလို့ အခန်းထဲ ပြေးဝင်သွားတော့ သူ ကြမ်းပြင်ပေါ်မှာ လဲနေပြီး မလှုပ်နိုင်တော့တာကို တွေ့လိုက်ရတယ်။ သူ့ မျက်လုံးတွေကို တင်းတင်း မှိတ်ထားပြီးတော့ အသက်ရှူမဝဖြစ်နေတယ်။ ခြေတွေလက်တွေက ရေခဲတုံးလို အေးစက်နေပြီး တောင့်တင်းနေတယ်၊ တစ်ကိုယ်လုံးလည်း ထိန်းမနိုင်သိမ်းမရ တုန်နေတာ။ သူ နောက်တစ်ချက် အသက်ရှူနိုင်တော့မှာ မဟုတ်ဘဲ ဘယ်အချိန်မဆို သေသွားနိုင်သလိုပဲ။ ကျွန်မတို့တွေ အရမ်းလန့်သွားတယ်။ ကျွန်မတို့ရဲ့ ဧည့်ခံညီအစ်မက အရေးပေါ်နှလုံးဆေးပြားတွေကို အမြန်ရှာပြီး သူ့ကို တိုက်လိုက်တယ်။ အဲဒီတော့မှ သူက တဖြည်းဖြည်းချင်း သတိပြန်လည်လာတယ်။ အဲဒီအချိန်ကို ပြန်တွေးကြည့်တော့ ကျွန်မရင်တွေ တုန်နေတုန်းပဲ။ ကျွန်မတို့သာ နည်းနည်းလေး နောက်ကျသွားခဲ့ရင် ဘာဖြစ်သွားမလဲဆိုတာ မတွေးရဲဘူး။ ညီအစ်မကျန်း ကုတင်ပေါ်မှာ လဲလျောင်းနေရင်း လက်တစ်ဖက်နဲ့ နှလုံးကိုဖိထားပြီး မျက်နှာကလည်း နာကျင်မှုကြောင့် ရှုံ့မဲ့နေတာကိုမြင်တော့ ကျွန်မရင်ထဲမှာ နာကျင်သွားတယ်။ “ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ရတာလဲ။ ဆရာဝန်က ဘာမှမဖြစ်ဘူးလို့ ပြောခဲ့တာမဟုတ်လား။ ဒါပေမဲ့ သူ့မှာ ဆိုးရွားတဲ့ နှလုံးရောဂါရှိတာ သိသာတယ်။ နှလုံးရောဂါပြင်းထန်ရင် အသက်ရှူနိုင်မှာ မဟုတ်သလို ရုတ်တရက် သေသွားနိုင်တယ်လို့ ကြားဖူးတယ်။ သူက အသက်သုံးဆယ်ပဲ ရှိသေးတာ၊ ဘယ်လိုဖြစ်လို့ အရမ်း နေမကောင်းဖြစ်သွားရတာလဲ” ပေါ့။ အထူးသဖြင့် သူက ကျွန်မကို အားမရှိတဲ့အသံနဲ့ ပြောတာကို ကြားလိုက်ရတဲ့အခါ ကျွန်မအတွက် စိတ်မချမ်းမြေ့စရာဖြစ်တယ်။ “ကျွန်မ အခု တကယ်ကို နေလို့မကောင်းဘူး၊ နှလုံးက ဘယ်အချိန်မဆို ရပ်သွားနိုင်သလိုပဲ။ ကျွန်မသာ သေသွားခဲ့ရင်၊ ဘုရားသခင်ကို အထင်မလွဲဖို့ အမေ့ကို အစ်မ ပြောပေးမှဖြစ်မယ်။ ဘုရားသခင် ဘာပဲလုပ်လုပ်၊ ဖြောင့်မတ်ပါတယ်...” တဲ့။ သူက စကားတစ်ခွန်းပြောလိုက် ခဏရပ်လိုက်နဲ့၊ စကားပြောတာက တိုပြီးတော့ အရမ်းမြန်နေတယ်။ သူ့ကို ဒီလိုမြင်ရတော့ ကျွန်မ အရမ်းလန့်သွားတယ်။ သေခြင်းတရားနဲ့ ဒီလောက်နီးကပ်နေတဲ့လူကို ကျွန်မ တစ်ခါမှမမြင်ဖူးဘူး။ ခဏလောက်တော့ သူ့ကို နှစ်သိမ့်ဖို့ ဘာပြောရမှန်း ကျွန်မ မသိခဲ့ဘူး။ နောက်ပိုင်းမှာ သူ့ကျန်းမာရေးကို ထောက်ထားပြီးတော့ ခေါင်းဆောင်က သူ့မိသားစုကို အကြောင်းကြားပြီး နာလန်ထူအောင်လို့ အိမ်ပြန်ခေါ်သွားခိုင်းတယ်။

ညီအစ်မကျန်းရဲ့ ရောဂါကို ကျွန်မ ဘယ်လိုမှ နားမလည်နိုင်ခဲ့ဘူး။ “သူက စစ်မှန်ရိုးသားတဲ့ ယုံကြည်သူတစ်ယောက်ပဲ။ တာဝန်ထမ်းဆောင်လို့ သူ့ယောက်ျားက အိမ်ကနေ နှင်ထုတ်တာကို ခံခဲ့ရတယ်။ ပြီးခဲ့တဲ့ ဒီသုံးလေးနှစ်အတွင်း အသင်းတော်မှာ အရေးကြီးတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး ရလဒ်တချို့လည်း ရခဲ့တာပဲ။ ဘာလို့ သူ ဒီလောက်တောင် နေမကောင်းဖြစ်ရတာလဲ။ ဘုရားသခင်က ဘာလို့ သူ့ကို မကာကွယ်ခဲ့တာလဲ။ ဒါက စမ်းသပ်ခြင်းတစ်ခု ဖြစ်ရင်တောင်မှ ဒီလောက်ထိ ဆိုးဖို့မသင့်ဘူး မဟုတ်လား။ သူသာ သေသွားရင် ဘယ်လိုလုပ် ကယ်တင်ခြင်း ခံရနိုင်မှာလဲ။ ဘာသာတရားမရှိသူတွေနဲ့ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့သူတွေက ကံဆိုးမှုအမျိုးမျိုးနဲ့ ကြုံရတာကိုတော့ ကျွန်မ နားလည်နိုင်တယ်။ ဒါပေမဲ့ ညီအစ်မကျန်းက မတူဘူးလေ။ သူက ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်တာ။ ဒီလောက်ဆိုးတဲ့ ဘေးဒုက္ခက သူ့အပေါ် ဘယ်လိုလုပ်ပြီး ကျရောက်နိုင်ရတာလဲ” ပေါ့။ ကျွန်မစိတ်ထဲမှာ ကယောက်ကယက်ဖြစ်နေပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ ဒီအဖြစ်အပျက်ကြောင့် ကျွန်မ ကိုယ့်အကြောင်းကိုယ် ပြန်စဉ်းစားမိလာတယ်။ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ကိုယ့်မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ပြီး အရေးကြီးတဲ့တာဝန်တွေကို ကျွ်တော် အမြဲ ထမ်းဆောင်ခဲ့သလို ရလဒ်တချို့လည်း စွမ်းဆောင်ရရှိခဲ့လို့ ကျွန်မ ဒီလိုဆက်လိုက်စားသရွေ့၊ သေချာပေါက် ကယ်တင်ခံရမှာဖြစ်ပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရမှာပဲလို့ ကျွန်မ တွေးလေ့ရှိခဲ့တယ်။ ဒါပေမဲ့ ညီအစ်မကျန်းရဲ့ အခြေအနေကြောင့် ကျွန်မကိုယ်တိုင်ရဲ့ ကယ်တင်ခြင်းကလည်း အာမခံချက်မရှိတော့သလို ရုတ်တရက် ခံစားလိုက်ရတယ်။ တစ်နေ့နေ့မှာ ညီအစ်မကျန်းလိုမျိုးပဲ ကြီးမားတဲ့ ကံဆိုးခြင်းတစ်ခု ကျွန်မအပေါ် ရုတ်တရက် ကျရောက်လာရင်၊ ဒါမှမဟုတ် သေခြင်းနဲ့ ရင်ဆိုင်ရရင် ဘယ်လိုလုပ်မလဲ။ သေသွားခဲ့ရင် ဘယ်လို ကယ်တင်ခြင်း ခံရနိုင်မှာလဲ။ ကျွန်မ အဖိုးအခပေးပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တဲ့ နှစ်ကာလတွေအားလုံးက အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလား။ ဒါတွေကို စဉ်းစားမိတော့ ကျွန်မ နည်းနည်း စိတ်ဓာတ်ကျသွားတယ်။ တာဝန်အပေါ်မှာလည်း စိတ်မပါတော့ဘူး၊ နေ့စဉ်နေ့တိုင်း ပြီးသွားနိုင်သလောက်ပဲ လုပ်ပြီး လက်ထဲမှာရှိတဲ့အလုပ် ပြီးအောင်လုပ်တာနဲ့ပဲ ကျေနပ်နေခဲ့တယ်။ ဘုရားသခင်နဲ့ ကျွန်မကြားမှာ တံတိုင်းတစ်ခု ခြားနေသလိုမျိုး ခံစားရတယ်။ ကျွန်မ မနေနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်၊ “ငါ ဘာဖြစ်နေတာလဲ။ ညီအစ်မကျန်း နေမကောင်းဖြစ်သွားကတည်းက ဘာလို့ ငါ့မှာ တာဝန်ထမ်းဆောင်ဖို့ စိတ်လှုံ့ဆော်မှု တစ်ခုမှ မရှိတော့တာလဲ” ပေါ့။

ရှာဖွေနေတုန်းမှာ “ဘေးဒုက္ခခံစားရတာက မကောင်းတဲ့အရာဖြစ်ရမှာလား” ဆိုတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့တယ်။ အဲဒီထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်က ကျွန်မရဲ့ အခြေအနေကို တိုက်ရိုက် ပြောနေတာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အခက်အခဲများအား လူတစ်ယောက် ကြုံနေရသည်ကို လူအချို့က မြင်သောအခါ၌ ၎င်းတို့သည် ချက်ချင်းပင် ထိုသူ၏ နေရာတွင် ဝင်ကြည့်ပြီး မိမိတို့ကိုယ်ကို သတိချပ်ကြသည်။ လူတစ်ယောက်က မချိတင်ကဲဝေဒနာတစ်မျိုးမျိုး၊ ဖျားနာမှုတစ်မျိုးမျိုး၊ ဆင်းရဲဒုက္ခတစ်မျိုးမျိုး၊ သို့မဟုတ် ဘေးဒုက္ခတစ်မျိုးမျိုးအား ကြုံနေရသည်ကို လူအချို့က တွေ့မြင်သောအခါတိုင်းတွင် ၎င်းတို့သည် ချက်ချင်းပင် မိမိတို့အကြောင်းကို စဉ်းစားကြပြီး ‘ငါ့ထံ၌ ဤအရာ လာဖြစ်ပျက်လျှင် ငါမည်သို့ပြုရမည်နည်း။ ဖြစ်ချင်ရကား ယုံကြည်သူများသည်လည်း ဤအရာများကို ကြုံတွေ့နိုင်ပြီး ဤကြီးစွာသော ဒုက္ခများကို ခံရနိုင်ဆဲပင် ဖြစ်နေသည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် အတိအကျအားဖြင့် မည်သို့သော ဘုရားမျိုးဖြစ်သနည်း၊ ဘုရားသခင်က ထိုသူ၏ ခံစားချက်များကို အလွန်ပင် အလေးထားခြင်း မရှိလျှင် ငါ့ကိုလည်း ထိုသို့ဆက်ဆံမည်လော၊ ဤအရာက ဘုရားသခင်သည် စိတ်မချရကြောင်း ပြသည်၊ အချိန်မရွေး၊ နေရာမရွေးတွင် ဘုရားသခင်သည် လူတို့အတွက် မျှော်လင့်မထားသော ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပြီး လူတို့အား အကျပ်ရိုက်ရသော အခြေအနေများထဲ စဉ်ဆက်မပြတ် ရောက်သွားအောင်၊ မည်သည့်အခြေအနေမျိုးထဲမဆို ရောက်သွားအောင် လုပ်ပစ်နိုင်သည်’ ဟူ၍ တွေးတောကြသည်။ ၎င်းတို့သည် မယုံကြည်လျှင် ကောင်းချီးများရမည် မဟုတ်သော်လည်း ဆက်လက်၍ ယုံကြည်ပါက ကပ်ဘေးနှင့် ကြုံရမည်ဟူ၍ ကြောက်ရွံ့ကြသည်။ ဤသို့ဖြင့် လူတို့သည် ဘုရားသခင်ရှေ့တွင် ဆုတောင်းသောအခါ ‘ဘုရားသခင်၊ ကျွန်ုပ်အား ကောင်းချီးပေးရန် ကိုယ်တော့်ကို တောင်းလျှောက်ပါ၏’ ဟူ၍သာ ဆိုပြီး ‘ဘုရားသခင်၊ ကျွန်ုပ်ကို စမ်းသပ်ရန်၊ ပဲ့ပြင်ဆုံးမရန်၊ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြုရန် တောင်းဆိုပါသည်၊ ကျွန်ုပ်သည် လက်ခံလိုစိတ်ရှိပါသည်’ ဟူ၍ မဆိုရဲပေ။ ၎င်းတို့သည် ဤသို့ ဆုမတောင်းရဲပေ။ လူတို့သည် အနှောင့်အယှက်နှင့် ကျရှုံးမှုအနည်းငယ်ကို ကြုံတွေ့ပြီးနောက်တွင် ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် သတ္တိက လျော့နည်းသွားပြီး ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပေါ်ကိုလည်းကောင်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ်ကိုလည်းကောင်း ယခင်နှင့်မတူညီသော ‘နားလည်မှု’ ရှိသွားကြသည်။ ဘုရားသခင်အပေါ် သတိထားသည့်စိတ်လည်း ဖြစ်လာကြသည်။ ဤသို့ဖြင့် လူတို့နှင့် ဘုရားသခင်ကြားတွင် တံတိုင်းတစ်ခု၊ ဝေးကွာမှုတစ်ခု ရှိလာသည်။ လူတို့တွင် ဤအခြေအနေများ ရှိနေခြင်းက အဆင်ပြေသလော။ (အဆင်မပြေပါ။) ဤသို့ဆိုလျှင် သင်တို့အတွင်းတွင် ဤအခြေအနေများ ဖြစ်ပေါ်တတ်သလော။ ဤအခြေအနေများထဲတွင် သင်တို့ နေထိုင်ဖူးသလော။ (နေထိုင်ဖူးပါသည်။) ဤသို့သော ပြဿနာများကို အဘယ်သို့ ဖြေရှင်းသင့်သနည်း။ သမ္မာတရားကို မရှာဖွေ၍ ရသလော။ သမ္မာတရားကို နားမလည်လျှင်၊ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်လျှောက်ရန် ခက်ခဲလိမ့်မည်။ ပြီးလျှင် သဘာဝအလျောက်ဖြစ်စေ၊ လူကြောင့်ဖြစ်စေ ကပ်ဘေးများ၊ ဘေးဒုက္ခများကို ကြုံရသည့်အခါတိုင်းတွင် ပြိုလဲလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁))ဘုရားသခင်ကို ယုံကြည်လာသောသူတိုင်းသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီး၊ ကတိတော်များကိုသာ လက်ခံရန် အဆင်သင့်ဖြစ်နေကြပြီး ဘုရားသခင်၏ ကြင်နာခြင်းနှင့် သနားကရုဏာကိုသာ လက်ခံလိုစိတ်ရှိသည်။ သို့တိုင်အောင် မည်သူကမျှ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု၊ စမ်းသပ်မှုနှင့် စစ်ဆေးမှု၊ သို့မဟုတ် ပိတ်ပင်မှုတို့ကို လက်ခံရန် စောင့်ဆိုင်းခြင်း၊ သို့မဟုတ် ပြင်ဆင်ခြင်းမရှိပေ။ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပိတ်ပင်ခြင်း၊ သို့မဟုတ် ကျိန်ဆဲခြင်းများကို လက်ခံရန် တစ်ဦးတစ်ယောက်မျှ ပြင်ဆင်မှုများ မပြုလုပ်ပေ။ လူတို့နှင့် ဘုရားသခင်ကြားရှိ ဤဆက်ဆံရေးမှာ သာမန်ဟုတ်သလော၊ မဟုတ်သလော။ (သာမန်မဟုတ်ပါ။) သာမန်မဟုတ်ဟု အဘယ်ကြောင့်ဆိုသနည်း။ မည်သည့်နေရာတွင် ချို့ယွင်းသနည်း။ လူတို့အနေဖြင့် သမ္မာတရားကို နားမလည်ခြင်းတွင် ချို့ယွင်းမှုရှိသည်။ ဤသည်မှာ လူတို့၌ အယူအဆများနှင့် စိတ်ကူး များစွာရှိသောကြောင့်လည်းကောင်း၊ ဘုရားသခင်အား စဉ်ဆက်မပြတ် နားလည်မှုလွဲသောကြောင့်လည်းကောင်း၊ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဤအရာများကို မပြုပြင်သောကြောင့်လည်းကောင်း ဖြစ်သည်။ ဤအတွက်ကြောင့် ပြဿနာများပေါ်ပေါက်ရန် အလားအလာများသည်။ အထူးသဖြင့် လူတို့သည် ကောင်းချီးခံရရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူသာ လုပ်ဆောင်လိုကြပြီး ဘုရားသခင်ထံမှ အရာဝတ္ထုများ တောင်းဆိုလိုကြသည်။ သို့သော် သမ္မာတရားကို မလိုက်စားလိုကြပေ။ ဤသည်မှာ အလွန်အန္တရာယ်ရှိသည်။ ၎င်းတို့၏ အယူအဆနှင့် ကွဲလွဲသည့်အရာတစ်ခုကို ကြုံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ချက်ချင်းပင် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ နာကြည်းမှုများ၊ နားလည်မှုလွဲခြင်းများ ဖြစ်ပေါ်ကြသည်။ ပြီးလျှင် ဘုရားသခင်အား သစ္စာဖောက်သည်အထိပင် လုပ်ဆောင်နိုင်ကြသည်။ ဤအရာတို့၏ အကျိုးဆက်မှာ ဆိုးရွားသလော။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီး သမ္မာတရား အတော်များများကို နားလည်လာသည်ဟု ခံစားရနိုင်သော်လည်း အမှန်မှာ သင်တို့သည် ဗိုက်ဝစေရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သည့်လမ်းကြောင်းကို လျှောက်နေဆဲဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်ဓာတ်ကျရတဲ့ အဓိကအကြောင်းရင်းက ဘုရားသခင်ကို ယုံကြည်တဲ့အပေါ်ထားတဲ့ ကျွန်မရဲ့ အမြင်မှာ ပြဿနာရှိနေလို့ပဲဆိုတာကို နားလည်သွားတယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တာဟာ ကိုယ်တော့်ဆီကနေ ကောင်းချီးတွေ ရချင်လို့ပဲ။ ကောင်းချီးရမယ့် မျှော်လင့်ချက် မမြင်ရတော့တဲ့အခါမှာ ဘုရားသခင်ကို အထင်လွဲပြီး မကျေမနပ်ပြောတယ်၊ သူ့ကို ယုံကြည်တဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းလည်း ပျောက်ဆုံးသွားတယ်။ ညီအစ်မကျန်း စပြီးနေမကောင်းဖြစ်တုန်းက ကျွန်မ နည်းနည်းစိုးရိမ်ခဲ့ပေမဲ့၊ ကျွန်မတို့က အရေးကြီးတဲ့တာဝန်တွေကို ထမ်းဆောင်နေတာဖြစ်ပြီး သူကလည်း ရိုးသားစစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်မို့ ဘုရားသခင်က သူ့ကို သေချာပေါက် စောင့်ရှောက်ပြီး ရောဂါပျောက်ကင်းစေမှာပဲလို့ ကျွန်မထင်ခဲ့တယ်။ ဒါပြီးတော့ ဆေးရုံက ဆေးစစ်ချက်မှာ သူ့အဖြေအားလုံးက ပုံမှန်ပဲဆိုတော့၊ ဘုရားသခင်က သစ္စာရှိတယ်၊ သူ့အတွက် စစ်မှန်စွာ အသုံးခံသူတွေက သူ့ရဲ့ ကောင်းချီးတွေနဲ့ ကွယ်ကာမှုကို သေချာပေါက် ရမှာပဲလို့ ကျွန်မ ပိုပြီးတောင် သေချာလာခဲ့တယ်။ ဒါပေမဲ့ သူ့ရောဂါပြန်ဖြစ်လာပြီး သေခြင်းတရားနဲ့တောင် ရင်ဆိုင်နေရတဲ့အခါမှာတော့ ကျွန်မ ဘုရားသခင်ကို အထင်လွဲပြီး မကျေမနပ် စပြောတော့တယ်၊ “ဘာလို့ ဒီလောက်ဆိုးတဲ့ ကံဆိုးမှုက သူ့အပေါ် ကျရောက်ရတာလဲ။ ဘုရားသခင်က ဘာလို့ သူ့ကို မစောင့်ရှောက်ခဲ့တာလဲ” ပေါ့။ ယုံကြည်သူတွေက ဘာသာတရားမရှိသူတွေနဲ့ ဘာမှမကွာခြားသလို ကယ်တင်ခြင်း အာမခံချက် မရှိဘူးလို့တောင် ခံစားခဲ့ရတယ်။ ချက်ချင်းပဲ ကျွန်မ ကိုယ့်အကြောင်းကိုယ် ပြန်စဉ်းစားမိတယ်၊ ညီအစ်မကျန်းလိုမျိုးပဲ ကျွန်မအပေါ် ကံဆိုးမှုတစ်ခုခု ရုတ်တရက် ကျရောက်လာနိုင်တာကို စိုးရိမ်နေခဲ့တယ်။ ကျွန်မသာ ကျွမ်းနေတဲ့ ရောဂါတစ်ခုခုရပြီး သေသွားခဲ့ရင် ဘယ်လို ကယ်တင်ခြင်း ခံရနိုင်မှာလဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင် အနာဂတ်နဲ့ ပန်းတိုင်အတွက် စပြီးစိုးရိမ်ပူပန်လိုက်တာနဲ့ ကျွန်မရဲ့စိတ်နှလုံးက ဘုရားသခင်နဲ့ ပိုဝေးကွာသွားပြီး ကျွန်မရဲ့ တာဝန်မှာ မတက်မကြွဖြစ်လာသလို၊ အပျက်သဘောဆောင်လာခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ရာမှာ ကျွန်မက သူ့ဆီကနေ ကောင်းချီးတွေနဲ့ ကျေးဇူးတော်ကိုပဲ ရချင်ခဲ့တယ်ဆိုတာ မြင်ရတယ်။ ကိုယ့်ရဲ့လိုအင်ဆန္ဒတွေ တစ်စစီပြိုကွဲသွားတာနဲ့ ကိုယ်တော့်ကို အထင်လွဲပြီး မကျေမနပ်မပြောဘဲ မနေနိုင်ခဲ့ဘူး၊ စိတ်ဓာတ်ကျပြီး တာဝန်မှာ ဝတ်ကျေတမ်းကျေဖြစ်တဲ့အထိတောင် ရောက်သွားခဲ့တယ်။ ဒါက ဘုရားသခင်ကို ဆန့်ကျင်နေတာ၊ သူ့ကို သစ္စာဖောက်နေတာပဲလေ။ ကျွန်မရဲ့အပြုအမူက ဘာသာရေးလောကမှာရှိတဲ့ မုန့်ကိုအဝစားရဖို့လောက်ပဲ လုပ်တဲ့သူတွေနဲ့ ဘာမှမခြားဘူး။ ဘုရားသခင် ကောင်းချီးပေးတဲ့အခါမှာတော့ ကျွှန်မက စိတ်အားထက်သန်မှုတွေ ပြည့်နေတယ်။ စွန့်လွှတ်အသုံးခံလိုစိတ်ရှိပြီး ဘယ်အဖိုးအခကိုမဆို ပေးလိုစိတ်ရှိတယ်။ ဒါပေမဲ့ ကောင်းချီးရမယ့် မျှော်လင့်ချက် ပျောက်သွားတာနဲ့ ကျွန်မက ချက်ချင်းပဲ ညှိုးငယ်သွားတော့တာပဲ။ ကျွန်မက နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့တာဟာ ကောင်းချီးနဲ့ ကျေးဇူးတော်တွေအတွက်ပဲဖြစ်ပြီး၊ မုန့်ကိုအဝစားရဖို့လောက်ပဲ လုပ်တဲ့ မယုံကြည်သူတစ်ယောက်ပဲဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး မုန်းလာတယ်။ ဘုရားသခင်ကို အရမ်း ဆိုးဆိုးရွားရွား အထင်လွဲခဲ့တဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး အပြစ်ရှိသလို ခံစားခဲ့ရတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ပြီး၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် သိနားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏ စိတ်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို လက်ခံရန် ပြင်ဆင်ပြီးဖြစ်လျှင်လည်းကောင်း၊ ကပ်ဘေးကို ခံရန်အတွက်လည်း သင့်ကိုယ်သင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးဖြစ်လျှင်လည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်အတွက် သင်မည်မျှ အသုံးခံသည်ဖြစ်စေ၊ မည်မျှ အနစ်နာခံပါစေ ယောဘအား စမ်းသပ်မှုများကို သင်အမှန်ပင် ရင်ဆိုင်ရလျှင်လည်းကောင်း၊ သင်၏ ဘဝအဆုံးသတ်တော့မည်အထိပင် သင်၏ ပိုင်ဆိုင်မှုအားလုံးကို ဘုရားသခင်က ယူဆောင်သွားလျှင်လည်းကောင်း သင် မည်သို့လုပ်ဆောင်မည်နည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သင်၏တာဝန်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ဘုရားသခင်က သင့်ထံသို့ အပ်နှံထားသည့်အရာကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သင့်တွင် မှန်ကန်သော နားလည်မှုနှင့် မှန်ကန်သော သဘောထားရှိသလော။ ဤမေးခွန်းများသည် ဖြေရန် လွယ်ကူသလော၊ မလွယ်ကူသလော။ ဤသည်မှာ သင်တို့ရှေ့တွင်ရှိသော ကြီးမားသော အကျပ်အတည်းဖြစ်သည်။ ယင်းသည် အကျပ်အတည်းတစ်ခုနှင့် ပြဿနာတစ်ခုဖြစ်သောကြောင့် မဖြေရှင်းသင့်သလော။ (ဖြေရှင်းသင့်ပါသည်။) မည်သို့ ဖြေရှင်းရမည်နည်း။ ယင်းသည် ဖြေရှင်းရန် လွယ်ကူသလော။ သင်သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့ကာ ဘုရားနှုတ်ကပတ်တော်များစွာ ဖတ်ခဲ့သည်၊ တရားဒေသနာများစွာကို နားထောင်ပြီး သမ္မာတရားများစွာကို နားလည်ခဲ့ပြီးသည့်နောက်တွင် ကောင်းချီးဖြစ်စေ၊ ကပ်ဘေးဖြစ်စေ အရာအရာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပေးရန် သင် ပြင်ဆင်ပြီးသား ဖြစ်သည်ဆိုပါစို့။ သင်သည် သင့်ကိုယ်သင် စွန့်လွှတ်ပြီး အသုံးခံသော်လည်း၊ အနစ်နာခံမှုများ ပြုလုပ်ခဲ့သော်လည်း၊ တစ်ဘဝလုံး အားစိုက်ထုတ်ခဲ့သော်လည်း နောက်ဆုံးတွင် အပြန်အလှန်အနေဖြင့် သင်ရရှိသမျှမှာ ဘုရားသခင်က သင့်အား ကျိန်ဆဲခြင်း၊ သို့မဟုတ် သင့်ထံမှ နုတ်ယူသွားခြင်းဖြစ်သည် ဆိုပါစို့။ ထိုအချိန်တွင်ပင် သင်သည် ညည်းညူသည့်စကားများ မရှိလျှင်လည်းကောင်း၊ သင်၏ ကိုယ်ပိုင်ဆန္ဒများ၊ သို့မဟုတ် သတ်မှတ်ချက်များမရှိဘဲ ဘုရားသခင်အား ကျိုးနွံနာခံရန်နှင့် ဘုရားသခင် စီစဉ်ညွှန်ကြားမှုများ၏ ပြုသမျှကို ခံရန်သာ အားထုတ်လျှင်လည်းကောင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းနှင့် ကျိုးနွံနာခံခြင်း အနည်းငယ်မျှပင် ရှိခြင်းသည် သင်၏ ဘဝက အကျိုးရှိသည်ဟု သင်ခံစားရလျှင်လည်းကောင်း၊ သင့်တွင် ဤသို့သော မှန်ကန်သော သဘောထားရှိလျှင် ပြဿနာအချို့ ဖြစ်ပေါ်သောအခါ ယင်းတို့ကို ဖြေရှင်းရန် မလွယ်ကူသလော။...ဘုရားသခင်က လူတိုင်းအား မျှတစွာ ဆက်ဆံသည်။ ပြီးလျှင် မည်သည့်ဖန်ဆင်းခံမဆိုနှင့်ပတ်သက်လျှင် ဘုရားသခင်၏ စိတ်သဘောထားက သနားကရုဏာနှင့် ချစ်ခြင်းဖြစ်သည်။ သို့သော် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသလည်း ဖြစ်သည်။ လူတစ်ဦးချင်းစီကို ဘုရားသခင် ကိုင်တွယ်ရာတွင် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားတွင်ရှိသော သနားကရုဏာ၊ ချစ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသသည် မပြောင်းလဲပေ။ ဘုရားသခင်သည် လူအချို့ကိုသာ သနားကရုဏာနှင့် ချစ်ခြင်းကို ပြပြီး အခြားလူများကိုမူ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို ပြခြင်းအား မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်က ဤသို့ လုံးဝ လုပ်ဆောင်မည်မဟုတ်။ အကြောင်းမှာ သူသည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သောကြောင့်တည်း။ ပြီးလျှင် သူသည် လူတိုင်းအပေါ်တွင် မျှတသည်။ မည်သူမဆိုအတွက် ဘုရားသခင်၏ သနားကရုဏာ၊ ချစ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသရှိသည်။ သူသည် လူတို့အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများကို ချပေးနိုင်ပြီး ကွယ်ကာမှုပေးနိုင်သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည် လူတို့အား တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့်အပြင် ကျိန်ဆဲခြင်းကိုလည်း ပြုလုပ်နိုင်ပြီး ၎င်းတို့အား သူပေးထားသောအရာများအားလုံးကို ပြန်နုတ်သိမ်းနိုင်သည်။ ဘုရားသခင်သည် လူတို့အား ပေးနိုင်သော်လည်း အရာရာတိုင်းကိုလည်း ၎င်းတို့ထံမှ ပြန်နုတ်သိမ်းနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ လူတိုင်းအပေါ် သူ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ထို့ကြောင့် သင်က ‘ငါသည် ဘုရားသခင်၏ အမြင်တွင် တန်ဖိုးရှိသည်၊ သူ၏ အချစ်တော်ကဲ့သို့ ဖြစ်သည်၊ သူသည် ငါ့အပေါ် ပြစ်တင်ဆုံးမပြီး တရားစီရင်ခြင်းအား လုံးဝ မပြုရက်ပေ၊ ထို့ပြင် ငါ စိတ်မချမ်းမသာဖြစ်ပြီး စိတ်ဖိစီးမည်ကို စိုးသဖြင့် ငါ့အား သူပေးထားသော အရာများအားလုံးကို ပြန်နုတ်သိမ်းလိုစိတ် လုံးဝရှိမည်မဟုတ်ပေ’ ဟူ၍ ထင်မြင်လျှင် ဤသို့ တွေးထင်ခြင်းသည် မှားယွင်းသည်မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်သည် ဤသမ္မာတရားများကို နားမလည်မီတွင် ဘုရားသခင်၏ ကျေးဇူးတော်၊ သနားကရုဏာနှင့် ချစ်ခြင်းအား ခံစားခြင်းကိုသာ စဉ်းစားခြင်းမရှိသလော။ ရလဒ်အနေဖြင့် ဘုရားသခင်တွင် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ ရှိသည်ကိုလည်း သင် မေ့လျော့လျက်ရှိသည်။ ဘုရားသခင်က ဖြောင့်မတ်သည်ဟု သင်၏ နှုတ်က ဆိုသော်လည်း၊ ဘုရားသခင်က သင့်အား သနားကရုဏာနှင့် ချစ်ခြင်းကို ပြသောအခါတွင် သင်က ဘုရားသခင်အား ကျေးဇူးတင်ကာ ချီးမွမ်းနိုင်သော်လည်း သင့်အား ပြစ်တင်ဆုံးမပြီး တရားစီရင်ရာတွင် ဘုရားသခင်က ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို ပြသည့်အခါတိုင်းတွင် သင်သည် အလွန်ပင် စိတ်မချမ်းမသာဖြစ်သည်။ ‘ဤသို့သော ဘုရားသာမရှိလျှင် ကောင်းမည်’ ဟူ၍ သင် စဉ်းစားသည်။ ‘ဤသို့ လုပ်ဆောင်သည်မှာ ဘုရားသခင်သာ မဟုတ်လျှင်၊ ဘုရားသခင်က ငါ့အား ပစ်မှတ်သာ မထားလျှင်၊ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်သာ မဟုတ်လျှင်၊ ဤအရာများကို အခြားလူများအပေါ်သာ လုပ်ဆောင်လျှင် ကောင်းလိမ့်မည်၊ ငါသည် ကြင်နာမှုရှိသောသူ ဖြစ်သောကြောင့်လည်းကောင်း၊ မကောင်းသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့သောကြောင့်လည်းကောင်း၊ ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့ခြင်းအတွက် ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့သောကြောင့်လည်းကောင်း ဘုရားသခင်က ငါ့အား အလွန်ပင် သက်ညှာမှုမရှိခြင်း မဖြစ်သင့်ပေ။ ငါသည် ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခြင်းအပြင် ဘုရားသခင်၏ ကြွယ်ဝသော ကျေးဇူးတော်နှင့် ကောင်းချီးများကို ခံစားရရန် အခွင့်ရှိပြီး သတ်မှတ်ချက်ပြည့်မီသင့်သည်၊ ဘုရားသခင်က ငါ့အား တရားစီရင်မည်၊ သို့မဟုတ် ပြစ်တင်ဆုံးမမည်မဟုတ်သကဲ့သို့ ထိုသို့လုပ်ဆောင်လိုစိတ်လည်းရှိမည်မဟုတ်’ ဟူ၍ သင်ထင်မြင်သည်။ ဤသည်မှာ လိုရာဆွဲ၍ တွေးခြင်းနှင့် မှားယွင်းသော ထင်မြင်ခြင်း ဟုတ်သလော။ (ဟုတ်ပါသည်။) မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ဤနေရာတွင် မှားသည့်အရာမှာ သင်သည် သင့်ကိုယ်သင် ဖန်ဆင်းခံတစ်ယောက်အဖြစ်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ဝင်တစ်ယောက်အဖြစ် မမှတ်ယူခြင်းဖြစ်သည်။ သင့်ကိုယ်သင် ဖန်ဆင်းခံလူသားမျိုးနွယ်မှ မှားယွင်းစွာ ခွဲထွက်ပြီး သင့်ကိုယ်သင် အထူးအုပ်စု၊ သို့မဟုတ် အထူးဖန်ဆင်းခံအမျိုးအစားတွင် ပါဝင်သည်ဟု မှတ်ယူကာ မိမိကိုယ်ကို အထူးအဆင့်အတန်း ပေးအပ်ထားခြင်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းမဟုတ်လော။ ဤသည်မှာ ကျိုးကြောင်းမသင့်လျော်ခြင်း မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံသောသူ ဟုတ်သလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ၊ ဘုရားသခင်က လူတိုင်းအပေါ်မှာ မျှတပြီး ဖြောင့်မတ်တယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ လူတစ်ယောက်ရဲ့ တာဝန်က အရေးကြီးလို့ဖြစ်ဖြစ်၊ သူ့တာဝန်မှာ အထူး ပံ့ပိုးမှုတချို့ လုပ်ခဲ့လို့ဖြစ်ဖြစ် သူ့ကို ဘုရားသခင်က အမြဲတမ်းစောင့်ရှောက်ပြီး ကောင်းချီးပေးတာမျိုး၊ ဘေးဒုက္ခအားလုံးကနေ ကာကွယ်ပေးတာမျိုး လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မကတော့ ကံဆိုးမှုဆိုတာ ဘာသာတရားမရှိသူတွေ ဒါမှမဟုတ် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်ခြင်းမရှိတဲ့ သမ္မာတရားကို မလိုက်စားတဲ့သူတွေအပေါ်မှာပဲ ကျရောက်တယ်လို့ အမြဲထင်ခဲ့တယ်။ ညီအစ်မကျန်းက အသင်းတော်မှာ အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်နေပြီး ရလဒ်တချို့လည်း ရခဲ့တဲ့အတွက်၊ ဘုရားသခင်က သူ့ကို ဆိုးရွားတဲ့ရောဂါနဲ့ ကံဆိုးမှုတွေကနေ ကာကွယ်သင့်တယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ ဒါက ကျွန်မရဲ့ အယူအဆနဲ့ စိတ်ကူးသက်သက်ပဲဖြစ်ပြီး သမ္မာတရားနဲ့ လုံးဝမကိုက်ညီဘူး။ ဘုရားသခင်ရဲ့ အနှစ်သာရက ဖြောင့်မတ်တယ်။ ဘုရားသခင်က လူတွေကို ကောင်းချီးပေးသည်ဖြစ်စေ၊ ကံဆိုးမှုကို ခံရခွင့်ပြုသည်ဖြစ်စေ၊ သူ အမြဲ ဖြောင့်မတ်တယ်။ ဘုရားသခင်က အမှားမလုပ်ဘူး။ ဖန်ဆင်းခံတစ်ယောက် လုပ်သင့်တာက လက်ခံပြီး ကျိုးနွံနာခံဖို့ပဲ။ ဒါဟာ ကျွန်မတို့ ပိုင်ဆိုင်သင့်တဲ့ ဆင်ခြင်တုံတရားပဲ။ အမြဲ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး အရေးကြီးတဲ့အလုပ်တာဝန်တချို့ကို တာဝန်ယူခဲ့တဲ့ ညီအစ်မတစ်ယောက်ု စဉ်းစားမိတယ်။ နောက်ပိုင်းမှာ သူ့အသက်ကိုတောင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ပြင်းထန်တဲ့ သွေးတိုးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်လာခဲ့တယ်။ သူက အားနည်းပေမဲ့ သူ့ရဲ့ သင်ခန်းစာတွေ သင်ယူဖို့ သမ္မာတရားရှာဖွေတာကို အာရုံစိုက်ခဲ့ပြီး ကျိုးနွံနာခံနိုင်ခဲ့တယ်။ ဒီအတွေ့အကြုံပြီးတဲ့နောက်မှာ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် သူ နားလည်မှုတချို့ရခဲ့ပြီး၊ သူ့ရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်မှုနဲ့ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်တောင် ရေးခဲ့တယ်။ ဘုရားသခင်က သူ့အတွင်းထဲမှာရှိတဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အညစ်အကြေးတွေကို သန့်စင်ဖို့အတွက် သူ့အပေါ် ရောဂါဘယတွေ ကျရောက်ခွင့်ပြုခဲ့တာပဲ၊ ဒါဟာ ဘုရားသခင်က သူ့ကို ကယ်တင်ပြီး စုံလင်အောင် ပြုလုပ်ပေးနေတာဖြစ်သလို၊ သူ့ရဲ့ အမှုတော်နဲ့ဆိုင်တဲ့ ဉာဏ်ပညာလည်း ဖြစ်တယ်။ ပြီးတော့ ယောဘရှိတယ်။ သူက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှု ရှောင်ကြဉ်ခဲ့တဲ့ လူတစ်ယောက်ပဲ။ ဘုရားသခင်က စာတန်ကို ယောဘကို စုံစမ်းသွေးဆောင်ခွင့်ပြုခဲ့တယ်။ သူ့ရဲ့ဥစ္စာပစ္စည်းတွေ အသိမ်းခံရတယ်၊ သားသမီးတွေ အသတ်ခံရတယ်၊ သူ့တစ်ကိုယ်လုံးလည်း အနာစိမ်းတွေနဲ့ ဖုံးလွှမ်းသွားတယ်။ သူ့ရဲ့ခန္ဓာက အရမ်းကို ဒုက္ခခံခဲ့ရပေမဲ့ သူက ဘုရားသခင်ကို မစွန့်ပယ်ခဲ့ဘူး၊ သူ့ကို ပုန်ကန်ပြစ်မှားတဲ့စကားတစ်ခွန်းတောင် မပြောခဲ့တဲ့အပြင်၊ ဘုရားသခင်အတွက် ထူးကဲတဲ့ သက်သေခံချက်ကို သက်သေခံခဲ့တယ်။ အပေါ်ယံကြည့်ရင်တော့ ယောဘကို စုံစမ်းသွေးဆောင်ဖို့ ဘုရားသခင်က စာတန်ကို ခွင့်ပြုပြီး ယောဘကို အရမ်းဆင်းရဲဒုက္ခခံစားစေတာက ကျွန်မတို့ရဲ့အယူအဆတွေနဲ့ ဆန့်ကျင်တယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ယောဘကို ဘုရားသခင်က စာတန်ရဲ့ရှေ့မှာ သူ့အတွက် ထူးကဲတဲ့ သက်သေခံချက်ကို သက်သေခံစေဖို့အတွက် ဒီအရာတွေကို သုံးခဲ့တာဖြစ်ပြီး ယောဘရဲ့ ယုံကြည်ခြင်းကလည်း စုံလင်အောင် ပြုလုပ်ခြင်းခံခဲ့ရတယ်။ ဘုရားသခင် ဘာပဲလုပ်လုပ် ကောင်းမြတ်တယ်။ ကံဆိုးမှု ရင်ဆိုင်ရတာက လူတွေအတွက် သေချာပေါက် မကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။ လူတွေကသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကိုရှာပြီး သင်ခန်းစာယူနိုင်မယ်၊ သမ္မာတရားကိုနားလည်ပြီး သန့်စင်ခြင်းခံရနိုင်မယ်ဆိုရင်၊ မကောင်းတဲ့အရာက ကောင်းတဲ့အရာ ဖြစ်လာတာပဲ။ အရာအားလုံး ဘေးကင်းပြီး အဆင်ပြေချောမွေ့နေတာက ကောင်းတဲ့အရာဖြစ်ပြီး ကပ်ဘေးတွေနဲ့ ကံဆိုးမှုတွေက မကောင်းတဲ့အရာတွေပဲလို့ ကျွန်မ ထင်လေ့ရှိခဲ့တယ်။ အခုတော့ ကျွန်မရဲ့ ဒီအမြင်က လွဲချော်နေမှန်း ကျွန်မ မြင်ရတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက အမှုတော်ဆိုတာ တရားစီရင်ပြီး သန့်စင်စေခြင်း အမှုတော်ဖြစ်တယ်။ သူက ကျွန်မတို့ကို စမ်းသပ်ပြီး စစ်ဆေးဖို့ ကျွန်မတို့ရဲ့အယူအဆတွေနဲ့ မကိုက်ညီတဲ့ အဖြစ်အပျက်မျိုးစုံကို အသုံးပြုတယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ကျွန်မတို့ရည်ရွယ်ချက်ထဲက မသန့်စင်တာတွေကို ထုတ်ဖော်တယ်။ ဒါမှ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး သိလာနိုင်မယ်၊ သမ္မာတရားကိုရှာမယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မယ်၊ ပြီးတော့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိနိုင်မှာပေါ့။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မရဲ့ယုံကြည်ခြင်းမှာ ဘေးကင်းလုံခြုံတဲ့၊ အဆင်ပြေချောမွေ့တဲ့အရာတွေနဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို မွေ့လျော်ခံစားတာကိုပဲ လိုက်စားခဲ့တယ်။ စမ်းသပ်ခြင်းတွေ၊ ကံဆိုးမှုတွေကို ရင်မဆိုင်ချင်ခဲ့ဘူး။ ဒီလိုပုံစံနဲ့ ဘုရားသခင်ရဲ့အမှုတော်ကို နှစ်ပေါင်း ဘယ်လောက်ပဲ ကြုံရပါစေ၊ ကျွန်မက သန့်စင်ခြင်း ဒါမှမဟုတ် ပြောင်းလဲခြင်းကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး။ အခုတော့ ညီအစ်မကျန်းရဲ့ ဆိုးရွားတဲ့ရောဂါနောက်ကွယ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ရှိရမယ်၊ သူသင်ယူရမယ့် သင်ခန်းစာတွေလည်း ရှိရမယ်ဆိုတာကို ကျွန်မ နားလည်သွားပြီ။ ဒီကိစ္စကို ကျွန်မ ထွင်းဖောက်မသိမြင်နိုင်ရင်၊ လူ့ရှုထောင့်အမြင်ကနေ စိစစ်ပြီး လေ့လာဖို့ မကြိုးစားသင့်ဘူး။ ကျွန်မ သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာသင့်တယ်၊ အရေးအကြီးဆုံးကတော့ လက်ထဲမှာရှိတဲ့ တာဝန်ကို မနှောင့်နှေးစေရဘူး။ ဒါက ကျွန်မမှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။

နောက်ပိုင်းမှာ ကျွန်မ တွေးဆမိတယ်။ “ညီအစ်မကျန်း နေမကောင်းဖြစ်ပြီးတဲ့နောက်မှာ ဘာလို့ ငါ အမြဲတမ်း ဒီလောက်တောင် စိတ်ဓာတ်ကျနေခဲ့ရတာလဲ။ ဒီစိတ်ဓာတ်ကျခြင်းရဲ့ ဖြစ်ကြောင်းရင်းမြစ်က ဘာများလဲ” ပေါ့။ ရှာဖွေနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်ခဲ့တယ်။ “ဘုရားသခင်၏ မိသားစုတွင်၊ ညီအစ်ကိုမောင်နှမများကြားတွင် သင်၏ အဆင့်အတန်း၊ သို့မဟုတ် အနေအထားက မည်မျှမြင့်ပါစေ၊ သို့မဟုတ် သင်၏ တာဝန်က မည်မျှအရေးကြီးပါစေ၊ သင်၏ ပါရမီနှင့် ပါဝင်ပံ့ပိုးမှုက မည်မျှကြီးပါစေ၊ သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်ခဲ့သည်မှာ မည်မျှကြာသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံတစ်ယောက်၊ သာမန်ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်။ ပြီးလျှင် သင့်ကိုယ်သင်ပေးထားသော မြင့်မြတ်သော ရာထူးများနှင့် ဘွဲ့များသည် မတည်ရှိပေ။ သင်သည် ထိုအရာများကို ဆုသရဖူအဖြစ် အစဉ်မှတ်ယူလျှင်၊ သို့မဟုတ် အထူးအုပ်စုတွင် သင့်အား ပါဝင်စေသည့်၊ သို့မဟုတ် အထူး အကျော်အမော်ပုဂ္ဂိုလ် ဖြစ်စေသည့် အရင်းအနှီးအဖြစ် မှတ်ယူလျှင် သင်သည် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ အမြင်များအား အတိုက်အခံလုပ်ပြီး ဘုရားသခင်၏ အမြင်များနှင့် ကွဲလွဲမှုရှိသည်။ ပြီးလျှင် ဘုရားသခင်နှင့် သဟဇာတမဖြစ်ပေ။ ဤအရာ၏ အကျိုးဆက်မှာ အဘယ်နည်း။ ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သည့် တာဝန်များကို သင် အတိုက်အခံ ပြုလုပ်မည်လော။ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံတစ်ယောက်သာဖြစ်သော်လည်း မိမိကိုယ်ကို ဖန်ဆင်းခံတစ်ယောက်အဖြစ် သင် မမှတ်ယူချေ။ ဤသို့သော စိတ်ထားဖြင့် ဘုရားသခင်အား သင် အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ သင်က ‘ဘုရားသခင်က ငါ့အား ဤသို့ မဆက်ဆံသင့်ပေ၊ ငါ့အား ထိုသို့ လုံးဝ ဆက်ဆံ၍မရပေ’ ဟု အစဉ်သဖြင့် လိုရာဆွဲ၍ တွေးသည်။ ဤသည်မှာ ဘုရားသခင်နှင့် ကွဲလွဲမှု မဖြစ်စေသလော။ ဘုရားသခင်က သင်၏ အယူအဆများ၊ သင်၏ စိတ်နေစိတ်ထား၊ သင်၏ လိုအပ်ချက်များဖြင့် ဆန့်ကျင်၍ ပြုမူဆောင်ရွက်သောအခါ သင်၏ စိတ်နှလုံးတွင် မည်သို့ စဉ်းစားမည်နည်း။ ဘုရားသခင်က သင့်အတွက် စီစဉ်ပေးသော ပတ်ဝန်းကျင်များကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ သင် နာခံမည်လော။ (နာခံမည်မဟုတ်ပါ။) သင် နာခံမည်မဟုတ်ပေ။ ပြီးလျှင် သင်သည် အသေအချာပင် အတိုက်အခံပြုမည်။ ဆန့်ကျင်မည်။ ညည်းတွားပြီး စောဒကတက်မည်။ သင်၏ စိတ်နှလုံးတွင် အလေးအနက် အဖြေရှာပြီး ‘သို့သော် ဘုရားသခင်သည် ငါ့အား ကျေးဇူးတော်ဖြင့် ကွယ်ကာပြီး ဆက်ဆံလေ့ရှိသည်။ ယခုတွင် အဘယ်ကြောင့် ပြောင်းလဲသွားသနည်း။ ငါအသက်ရှင်၍ မရတော့ပေ’ ဟူ၍ တွေးသည်။ ဤသို့ဖြင့် သင်သည် ငြိုငြင်လာပြီး ဆိုးသွမ်းလာသည်။ သင်သည် နေအိမ်တွင် သင်၏ မိဘများအပေါ် ဤသို့ပြုမူလျှင် ခွင့်လွှတ်နိုင်ဖွယ်ဖြစ်ပြီး ၎င်းတို့က သင့်အား မည်သည့်အရာကိုမျှ ပြုလုပ်မည်မဟုတ်ပေ။ သို့သော် ဤသည်မှာ ဘုရားအိမ်တော်တွင် လက်ခံနိုင်ဖွယ်မဟုတ်ပေ။ သင်သည် အရွယ်ရောက်သူတစ်ယောက် ဖြစ်ပြီး ယုံကြည်သူတစ်ယောက် ဖြစ်သောကြောင့် အခြားလူများကပင် သင်၏ အဓိပ္ပာယ်မရှိသောအရာများအတွက် သည်းညည်းခံမည်မဟုတ်လျှင် ဘုရားသခင်က ဤသို့သော အပြုအမူကို သည်းခံမည်ဟု သင်ထင်သလော။ ဘုရားသခင်က သူ့အား ဤသို့ သင် လုပ်ဆောင်ခြင်းကို ခွင့်လွှတ်မည်လော။ သူက ခွင့်လွှတ်မည်မဟုတ်။ အဘယ်ကြောင့် သူခွင့်မလွှတ်မည်နည်း။ ဘုရားသခင်က သင်၏ မိဘမဟုတ်ပေ။ သူသည် ဘုရားဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းရှင်သည် ဖန်ဆင်းခံတစ်ယောက်အား ငြိုငြင်ခွင့်ကိုဖြစ်စေ၊ ကျိုးကြောင်းမသင့်ဖြစ်ခွင့်ကိုဖြစ်စေ၊ သူ့ရှေ့တွင် သောင်းကျန်းခွင့်ကိုဖြစ်စေ မည်သည့်အခါမျှ ပေးမည်မဟုတ်ပေ။ ဘုရားသခင်က သင့်အား ပြစ်တင်ဆုံးမပြီး တရားစီရင်သောအခါ၊ စမ်းသပ်သောအခါ၊ သို့မဟုတ် သင့်ထံမှ ပြန်နုတ်သိမ်းသောအခါ၊ သင့်အား အခက်အခဲထဲသို့ ချထားသောအခါ ဖန်ဆင်းခံတစ်ယောက်က ဖန်ဆင်းရှင်အပေါ် ဆက်ဆံပုံတွင် ဖန်ဆင်းခံ၏ သဘောထားကို သူမြင်တွေ့လိုသည်။ ဖန်ဆင်းခံတစ်ယောက်က မည်သည့်လမ်းကြောင်းမျိုးအား ရွေးချယ်သည်ကို သူ မြင်တွေ့လိုသည်။ ပြီးလျှင် သူသည် သင့်အား ငြိုငြင်ရန်၊ ကျိုးကြောင်းမသင့်ရန်၊ သို့မဟုတ် အဓိပ္ပာယ်မရှိသော ကျိုးကြောင်းပြဆိုချက်များကို ကြာရှည်စွာပြောဆိုရန် မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ပေ။ ဤအရာများကို နားလည်ပြီးနောက်တွင် လူတို့သည် ဖန်ဆင်းခံလုပ်ဆောင်သည့်အရာရာတိုင်းအား မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ကို မစဉ်းစားသင့်သလော။ ရှေးဦးစွာ လူတို့သည် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ သင့်လျော်သောနေရာကို ခံယူပြီး ဖန်ဆင်းခံအဖြစ် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို အသိအမှတ်ပြုသင့်သည်။ သင်သည် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်ကို အသိအမှတ်ပြုနိုင်သလော။ အသိအမှတ်ပြုနိုင်လျှင် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ သင့်လျော်သောနေရာကို ခံယူသင့်ပြီး ဖန်ဆင်းရှင်၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။ ပြီးလျှင် အနည်းငယ် ဒုက္ခခံရလျှင်ပင် စောဒကမတက်ဘဲ လုပ်ဆောင်သင့်သည်။ ဤသည်မှာ အသိတရားရှိသူတစ်ယောက် ဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်ဟု မထင်ဘဲ သင့်တွင် ရာထူးများရှိပြီး သင်၏ခေါင်းပေါ်တွင် ရောင်ခြည်တော်စက်ဝန်းရှိသည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ မိသားစုတွင် အဆင့်အတန်း ရှိသူဖြစ်သည်ဟုလည်းကောင်း၊ ကြီးမြတ်သော ခေါင်းဆောင်၊ ဦးစီးဦးရွက်ပြုသူ၊ တည်းဖြတ်သူ၊ သို့မဟုတ် ညွှန်ကြားသူ ဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ မိသားစု အလုပ်အတွက် ထိုက်တန်သော ပါဝင်ပံ့ပိုးမှုကို ပြုလုပ်ခဲ့သူဖြစ်သည်ဟုလည်းကောင်း လက်ခံထားလျှင်၊ ဤသို့ သင် ထင်မြင်လျှင် သင်သည် ကျိုးကြောင်းမသင့်ဆုံးသော၊ မျက်နှာအပြောင်ဆုံးသော အရှက်မရှိသူတစ်ယောက်ဖြစ်သည်။ သင်တို့သည် အဆင့်အတန်း၊ အနေအထားနှင့် တန်ဖိုးရှိသော သူများဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် သင်တို့သည် အဘယ်နည်း။ (ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်။) မှန်သည်။ သင်တို့သည် သာမန်ဖန်ဆင်းခံတစ်ယောက်သာ ဖြစ်သည်။ လူများကြားတွင် သင်သည် သင်၏ အရည်အချင်းများကို ကြွားလုံးထုတ်နိုင်သည်။ ဝါရင့်မှုကို အသုံးချနိုင်သည်။ သင်၏ ပါဝင်ပံ့ပိုးမှုများကို ကြွားဝါပြောဆိုနိုင်သည်၊ သို့မဟုတ် သင်၏ သူရဲကောင်းဆန်သော စွန့်စားခန်းများအကြောင်းကို ပြောနိုင်သည်။ သို့သော် ဘုရားသခင်ရှေ့တွင် ဤအရာများ မတည်ရှိပေ။ ပြီးလျှင် ထိုအရာများအကြောင်းကို သင် လုံးဝ မပြောရပေ၊ သို့မဟုတ် ထုတ်မကြွားရပေ၊ သို့မဟုတ် အတွေ့အကြုံရှိသူတစ်ယောက်၏ လေသံကို မယူရပေ။ သင်၏ အရည်အချင်းများကို ကြွားလုံးထုတ်လျှင် အမှုအရာများသည် ဖရိုဖရဲဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား လုံးလုံးပင် ကျိုးကြောင်းမဲ့ပြီး အဆုံးစွန်အထိ မာနထောင်လွှားသည်ဟု မှတ်ယူမည်။ သူသည် သင့်ကြောင့် စက်ဆုပ်ခြင်းနှင့် ရွံရှာခြင်း ဖြစ်လိမ့်မည်။ ပြီးလျှင် သင့်အား ဘေးသို့ ဖယ်ထားလိမ့်မည်ဖြစ်ပြီး ဤသို့ဆိုလျှင် သင်သည် ဒုက္ခရောက်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁))အန္တိခရစ်များ၏ ဆင်ခြင်တုံတရားက အပြစ်အနာအဆာရှိသည်။ သမ္မာတရားကို မည်သို့ မိတ်သဟာယပြုထားသည်ဖြစ်စေ၊ ထိုသမ္မာတရားကို မည်သို့ ရှင်းလင်းစွာ မိတ်သဟာယပြုထားသည်ဖြစ်စေ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းက မည်သည့်အရာအတွက်သာ ဖြစ်သည်ဆိုသည်နှင့် လူတို့ လျှောက်သင့်သည့် မှန်ကန်သော လမ်းကြောင်းက မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ကို ၎င်းတို့ နားမလည်ကြသေးပေ။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကြောင့်၊ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကြောင့်၊ ထိုသို့သော လူတို့၏ သဘာဝ အနှစ်သာရကြောင့် စိတ်ထဲတွင် ၎င်းတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်ပြီး အပြုသဘောဆောင်သည့် အရာများက မည်သည့်အရာသာဖြစ်သည်၊ မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်ဟူသည်တို့ကို ၎င်းတို့ ပိုင်းခြားနိုင်ခြင်းကို မရှိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို သမ္မာတရားအဖြစ်၊ အသက်တာတွင် တစ်ခုတည်းသော ရည်မှန်းချက်များအဖြစ်လည်းကောင်း၊ တရားအမျှတဆုံးသော လုပ်ငန်းတစ်ခုအဖြစ်လည်းကောင်း သဘောထားလျက် ခိုင်မာစွာ ဆုပ်ကိုင်ထားကြသည်။ လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲလျှင် ထိုသူသည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်သူ ဖြစ်လိမ့်မည်ဟူသည့် သမ္မာတရားကို ၎င်းတို့ မသိကြသကဲ့သို့ လူတစ်ဦးကို ဘုရားသခင်က မည်သည့် ကောင်းချီးများပေးပြီး လူတစ်ဦးကို ဘုရားသခင် မည်သို့ ဆက်ဆံသည်ဟူသည်တို့မှာ ၎င်းတို့၏ အစွမ်းအစ၊ ဆုကျေးဇူးများ၊ ပါရမီများ သို့မဟုတ် အရင်းအနှီးတို့ကို အခြေမခံဘဲ သမ္မာတရားကို မည်မျှ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည်ကိုလည်းကောင်း၊ သမ္မာတရား မည်မျှ ရရှိသည်ကိုလည်းကောင်း၊ ၎င်းတို့က ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဟုတ်မဟုတ် ဟူသည်ကိုလည်းကောင်း အခြေခံသည်ကို မသိကြပေ။ ဤသည်တို့မှာ အန္တိခရစ်များ လုံးဝ နားလည်လိမ့်မည် မဟုတ်သည့် သမ္မာတရားများ ဖြစ်သည်။ အန္တိခရစ်များက ဤအရာကို လုံးဝ မြင်ကြလိမ့်မည် မဟုတ်သကဲ့သို့ ဤသည်မှာ ၎င်းတို့ အမိုက်မဲဆုံးသောနေရာ ဖြစ်သည်။ အစမှအဆုံးထိ ၎င်းတို့၏ တာဝန်အပေါ် အန္တိခရစ်များ၏သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိ၏တာဝန်ကို လုပ်ဆောင်ခြင်းက အပေးအယူတစ်ခု ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်တွင် အသုံးခံဆုံးသောသူ၊ ဘုရားအိမ်တော်အတွက် အကြီးမားဆုံးသော ပံ့ပိုးမှုပြုလုပ်ပြီး ဘုရားအိမ်တော်တွင် နှစ်အများဆုံး သည်းညည်းခံသောသူ မည်သူမဆိုသည် ကောင်းချီးခံစားရပြီး အဆုံးတွင် သရဖူတစ်ခု ရရှိမည့် သာ၍ မြင့်မားသော အခွင့်အရေးတစ်ခု ရှိကြလိမ့်မည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ တွေးခေါ်ဆင်ခြင်မှုစနစ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ အန္တိခရစ်တွေက ကောင်းချီးတွေရတာကို သူတို့ရဲ့လိုက်စားခြင်းပန်းတိုင်အနေနဲ့ ဖြစ်စေတယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ သူတို့က ယုံကြည်ခြင်းမှာ သမ္မာတရားကို မလိုက်စားဘူး၊ ကောင်းချီးတွေပဲ ရချင်ကြတယ်။ သူတို့ထင်တာက ဘုရားသခင်ရဲ့ အိမ်တော်မှာ အရေးကြီးတဲ့တာဝန်တွေကို ထမ်းဆောင်ပြီး ပံ့ပိုးမှုတချို့ လုပ်သရွေ့ ဘုရားသခင်ဆီကနေ ကြီးမားတဲ့ ကောင်းချီးတွေကို ရပိုင်ခွင့်ရှိတယ်ပေါ့။ ကျွန်မရဲ့ လိုက်စားခြင်းနောက်ကွယ်က ရှုထောင့်အမြင်ကလည်း အန္တိခရစ်တစ်ယောက်နဲ့ အတူတူပဲဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်နေသရွေ့၊ အခက်အခဲကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်သရွေ့၊ ကိုယ့်တာဝန်မှာ ရလဒ်တချို့ရပြီး၊ လုံလောက်တဲ့ ကောင်းမှုတွေ ပြင်ဆင်သရွေ့၊ ကျွန်မရဲ့ ပံ့ပိုးမှုတွေ များလေလေ၊ ဘုရားသခင်က ကျွန်မကို ပိုကောင်းချီးပေးလေလေ ဖြစ်မှာဖြစ်ပြီး ကျွန်မ ကယ်တင်ခံရနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒီတစ်ခေါက် ညီအစ်မကျန်း နေမကောင်းဖြစ်ပြီး၊ သူ့အခြေအနေက အသက်အန္တရာယ်ရှိတဲ့အထိ ဆိုးရွားလာတာကိုမြင်တော့၊ ကျွန်မ ဘုရားသခင်ကို အထင်လွဲခဲ့ပြီး သူ့ကို မကာကွယ်ပေးတဲ့အတွက် ဘုရားသခင်ကို မကျေမနပ်ပြောခဲ့တယ်။ ကျွန်မကိုယ်တိုင်လည်း ညီအစ်မကျန်းလိုပဲ ရုတ်တရက် ရောဂါကြီးကြီးမားမားဖြစ်မှာ ဒါမှမဟုတ် ကံဆိုးမှုတစ်ခုခုကြုံရပြီးတော့ နောက်ဆုံးမှာ ကယ်တင်ခြင်းမျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားမှာကို စိုးရိမ်ခဲ့တယ်။ ဒါက ကျွန်မ အရမ်းကို စိတ်ဓာတ်ကျသွားစေခဲ့ပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်လှုံ့ဆော်မှုအားလုံး ပျောက်ဆုံးသွားခဲ့တယ်။ ကျွန်မရဲ့ ဒီသရုပ်သကန်တွေက ဘုရားသခင်နဲ့ ယှဉ်ပြိုင်နေတာ၊ ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ဆန့်ကျင်နေတာပဲ။ ကျွန်မ တကယ်ကို ဆင်ခြင်တုံတရား မရှိခဲ့ဘူး။ ငါတို့က သာမန်ဖန်ဆင်းခံတွေပဲ၊ အသင်းတော်မှာ ဘယ်တာဝန်ကိုပဲ ကျွန်မတို့ ထမ်းဆောင်နေပါစေ၊ ဘုရားသခင်ရဲ့ အမြင်မှာတော့ အားလုံးက တန်းတူပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးပြီး ကိုယ့်နေရာမှန်မှာ ကိုယ်မနေခဲ့ဘူး။ ကျွန်မက အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်နေတယ်လို့ အမြဲခံစားခဲ့ရတာကြောင့်၊ ကျွန်မကို ကပ်ဘေးတွေနဲ့ ကံဆိုးမှုတွေကနေ ကွယ်ကာပေးဖို့ တောင်းဆိုရင်းနဲ့ ဘုရားသခင်ဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ တောင်းဆိုဖို့ အရင်းအနှီးအနေနဲ့ ဒါကို ကျွန်မ အသုံးပြုခဲ့တယ်။ ကျွန်မက တကယ်ကို ဆင်ခြင်တုံတရား လုံးဝမရှိခဲ့ဘူး။ ကျွန်မရဲ့ အသက်စိတ်သဘောထားမှာ ပြောင်းလဲမှုတစ်ခုကို ရရှိဖို့ သမ္မာတရားကို လိုက်စားခြင်းအတွက် ဘုရားသခင်ကို ကျွန်မ ယုံကြည်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့တာ မဟုတ်ဘဲ ဆုလာဘ်တွေနဲ့ ကောင်းချီးတွေကို ရဖို့အတွက်ပါပဲ။ ကျွန်မက ကျေးဇူးတော်ခေတ်က ပေါလုနဲ့ တစ်ထေရာတည်း တူနေတာပဲ မဟုတ်လား။ ပေါလုရဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ စစ်မှန်ရိုးသားမှု ကင်းမဲ့ခဲ့တယ်။ သူ့ရဲ့အလုပ်နဲ့ အသုံးခံခြင်းတွေက သူ့ရဲ့ကိုယ်ပိုင် လွန်ကဲတဲ့ဆန္ဒတွေနဲ့ ပြည့်နေခဲ့တယ်။ သူက တခြားလူတွေရှေ့မှာ သူ့ကိုယ်သူ မကြာခဏ ချီးမြှောက်ပြီး သူ့ရဲ့အောင်မြင်မှုတွေကို ကြွားဝါခဲ့တယ်၊ သခင့်အတွက် အလုပ်ဘယ်လောက်လုပ်ခဲ့တယ်၊ အသီးအပွင့်ဘယ်လောက် သီးခဲ့တယ်ဆိုတာကို ကြွားဝါခဲ့တယ်။ သူက ဒါတွေကို အရင်းအနှီးလုပ်ပြီး ဘုရားသခင်ဆီကနေ ဆုလာဘ်နဲ့ သရဖူကို တောင်းဆိုခဲ့တယ်၊ ဒီလို အရှက်မဲ့တဲ့ စကားတွေတောင် ပြောခဲ့တယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) သူက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားသခင်ရဲ့ အပြစ်ပေးတာကို ခံခဲ့ရတယ်။ ကျွန်မလျှောက်နေတဲ့လမ်းကြောင်းက ပေါလုရဲ့လမ်းကြောင်းပဲ။ ကျွန်မသာ အမြန် မပြောင်းလဲဘဲ၊ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကို မပြုပြင်ဘဲနဲ့ အဲဒီအစား ကောင်းချီးတွေကိုပဲ ဆက်ပြီးလိုက်စားနေမယ်ဆိုရင်၊ ပေါလုလိုပဲ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီး ကယ်တင်ခြင်းရမယ့် အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပြီး၊ ဘုရားသခင် အသိအမှတ်ပြု၊ နှစ်သက်တဲ့လူမျိုးကို ပိုပြီးရှင်းရှင်းလင်းလင်း နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ဖို့၊ သင်၏တာဝန်တွင် သင် အတွေ့အကြုံမည်မျှ ရှိခဲ့သည်ကို မဆိုထားနှင့်၊ ဘုရားသခင်ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ မည်မျှများသော တာဝန်များကို သင် ထမ်းဆောင်ပြီးဖြစ်ပါစေ၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်အဖို့ ပံ့ပိုးမှုများ သင် မည်မျှ ပြုလုပ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ ဘုရားသခင် ကြည့်ရှုသည့် အဓိကအရာမှာ လူတစ်ဦး သွားသည့် လမ်းကြောင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သမ္မာတရား၊ စည်းမျဉ်းများ၊ ဦးတည်ချက်၊ ဇာစ်မြစ်တို့အပေါ် လူတစ်ဦး၏ သဘောထားနှင့် လူတစ်ဦး၏ လုပ်ဆောင်ချက်များ နောက်ကွယ်မှ မူလကြံရွယ်ချက်တို့ကို သူ ကြည့်လေသည်။ ဤအရာများအပေါ် ဘုရားသခင် အာရုံစိုက်၏။ ယင်းတို့သည် သင် လျှောက်လှမ်းသည့် လမ်းကြောင်းကို ဆုံးဖြတ်သည့် အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း)ဘုရားသခင်ကို ပံ့ပိုးမှုတစ်ခု ပြုသူ အားလုံးသည် ဆုလာဘ် ရရှိသင့်သည်ဟု လူက ထင်သည်၊ ပံ့ပိုးမှု သာ၍ ကြီးမားလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်နှာသာကို လက်ခံရရှိသင့်သည်မှာ မှန်သည်ဟု မှတ်ယူလေလေ ဖြစ်သည်။ လူ့ အမြင်ရှုထောင့်၏ အနှစ်သာရသည် အပေးအယူသဘော ဆန်ပြီး၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရန် သူ မကြိုးစားပေ။ ဘုရားသခင် အတွက်မူ လူများသည် ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းနှင့် ဘုရားသခင်အား ပြီးပြည့်စုံသော ကျိုးနွံနာခံခြင်းကို ပို၍ ရှာလေလေ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ တစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားခြင်းဟုလည်း ဆိုလိုသကဲ့သို့၊ ဘုရားသခင်၏ လက်ခံမှုကို ပို၍ ရရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏ ရှုထောင့်အမြင်သည် လူအား သူ၏ နဂိုမူလ တာဝန်နှင့် အဆင့်အတန်းကို ပြန်ရရန် တောင်းဆိုဖို့ ဖြစ်သည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် လူသည် ဘုရားသခင်အား တောင်းဆိုမှုများ ပြုခြင်းဖြင့် မိမိကိုယ်ကိုယ် ဘောင်မကျော်သင့်သကဲ့သို့၊ ဘုရားသခင်၏ ဖန်ဆင်းခံ တစ်ဦးအနေနှင့် သူ၏ တာဝန်အား ထမ်းဆောင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သင့်ပေ။ ပေါလုနှင့် ပေတရုတို့၏ ခရီးပန်းတိုင်များကို ဘုရားသခင်၏ ဖန်ဆင်းခံ တစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်း ရှိ မရှိဆိုသည်အရ တိုင်းတာခြင်း ဖြစ်ပြီး ၎င်းတို့၏ ပံ့ပိုးမှု အတိုင်းအတာအရ မဟုတ်ပေ။ ၎င်းတို့၏ ခရီးပန်းတိုင်များသည် အစကတည်းမှ ၎င်းတို့ ကြိုးစားခဲ့ကြသည့် အရာအတိုင်း သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပြီး၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်များအတိုင်း မဟုတ်ပေ။ ထို့ကြောင့် ဖန်ဆင်းခံတစ်ဦးအနေနှင့် မိမိ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရန် လိုက်စားခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်အပေါ် စစ်မှန်သော ချစ်ခြင်းကို လိုက်စားခြင်း လမ်းကြောင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်း ဖြစ်သည်။ မိမိ၏ စိတ်သဘောထားဟောင်း၌ ပြောင်းလဲမှုများကိုလည်းကောင်း၊ ဘုရားသခင်အတွက် စင်ကြယ်သော ချစ်ခြင်းကိုလည်းကောင်း လိုက်စားခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ထိုသို့သော အောင်မြင်မှုဆီသို့ လမ်းကြောင်းသည် ဖန်ဆင်းခံတစ်ဦး၏ နဂိုမူလတာဝန်နှင့် နဂိုမူလ အသွင်အပြင်ကို ပြန်ရရှိခြင်း လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်ရရှိခြင်း လမ်းကြောင်း ဖြစ်ပြီး အစအဦးမှ အဆုံးထိတိုင် ဘုရားသခင်၏ အမှုအားလုံး၏ ရည်မှန်းချက်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်တွေက ဒီထက်ရှင်းတာ မရှိတော့ဘူး။ ဘုရားသခင်ရဲ့ အိမ်တော်မှာ မြင့်တဲ့၊ နိမ့်တဲ့တာဝန်၊ မြင့်မြတ်တဲ့၊ ယုတ်ညံ့တဲ့တာဝန်ဆိုတာမျိုး မရှိပါဘူး။ လူတစ်ယောက် ကယ်တင်ခြင်းခံရနိုင်မလား၊ မခံရနိုင်ဘူးလားဆိုတာက သူ ဘယ်တာဝန်ကို ထမ်းဆောင်တယ်၊ ပံ့ပိုးမှုတွေ၊ အောင်မြင်မှုတွေ သူတို့မှာ ရှိမရှိဆိုတဲ့အပေါ်မှာ မမူတည်ဘူး။ အရေးကြီးတာက သမ္မာတရားကို သူတို့ လိုက်စားခြင်း ရှိမရှိဆိုတာနဲ့ သူ့ရဲ့ အသက်စိတ်သဘောထားမှာ ပြောင်းလဲမှုတစ်ခုကို ရရှိခြင်း ရှိမရှိဆိုတာပဲ။ ဒါက အရမ်းအရေးကြီးတယ်။ အသင်းတော်မှာ ထုတ်ဖော်ခြင်းခံခဲ့ရတဲ့ အန္တိခရစ်တွေကို ကျွန်မသတိရမိတယ်။ သူတို့အတော်များများက အရင်က သူတို့ရဲ့တာဝန်တွေမှာ အများကြီး စွန့်လွှတ်ပြီး အသုံးခံခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေပဲ။ ဒါပေမဲ့ သူတို့က မှားတဲ့လမ်းကြောင်းကို လျှောက်ခဲ့ကြတယ်။ သူတို့တာဝန်မှာ သမ္မာတရား စည်းမျဉ်းတွေကို မရှာတဲ့အပြင် မဆင်မခြင် ပြုမူခဲ့ကြတယ်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဆိုးဆိုးရွားရွား အဖျက်အမှောင့်လုပ်ပြီး ဟန့်တားခဲ့ကြတယ်။ ဘယ်လိုပဲ မိတ်သဟာယဖွဲ့ပေးပါစေ နောင်တရဖို့ ငြင်းဆန်ခဲ့တဲ့အပြင်၊ နောက်ဆုံးမှာ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရတယ်။ တစ်ဖက်မှာလည်း၊ အသင်းတော်မှာ ထူးခြားမှုမရှိတဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့သူတချို့ရှိတယ်၊ ဒါပေမဲ့ သူတို့က သမ္မာတရားကို လိုက်စားဖို့နဲ့ သူတို့ရဲ့ အသက်ဝင်ရောက်မှုကို အာရုံစိုက်ကြတယ်။ တာဝန်ထမ်းဆောင်တဲ့အခါ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေကြတယ်၊ တာဝန်ကို ထမ်းဆောင်လေလေ၊ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပိုတော်လေလေ ဖြစ်လာတယ်။ ဒီလိုလူတွေမှာ ကယ်တင်ခြင်းရမယ့် မျှော်လင့်ချက်ရှိတယ်။ ဘုရားသခင်က လူတစ်ယောက်ရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို သူထမ်းဆောင်တဲ့တာဝန် ဒါမှမဟုတ် သူ့ရဲ့ ပံ့ပိုးမှု ပမာဏကို အခြေခံပြီး မဆုံးဖြတ်ဘူးဆိုတာကို ဒီအရာကနေ ကျွန်မ မြင်ခဲ့တယ်။ ဘုရားသခင် တန်ဖိုးထားတာက လူတစ်ယောက်အနေနဲ့ သမ္မာတရားကို ရနိုင်ခြင်း ရှိမရှိဆိုတာနဲ့ သူ့ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲခြင်း ရှိမရှိဆိုတာပဲ။ ဒါက အရေးအကြီးဆုံးအရာပဲ။ ကျွန်မက လူတွေနဲ့ အဖြစ်အပျက်တွေကို ဘုရားနှုတ်ကပတ်တော်အတိုင်း ရှုမြင်သင့်တယ်၊ ပေတရုရဲ့လမ်းကြောင်းကို လိုက်လျှောက်သင့်တယ်၊ အသက်စိတ်သဘောထား ပြောင်းလဲမှုရဖို့ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်။ ဒါဟာ ကျွန်မ လိုက်စားသင့်တဲ့အရာပဲ။

နောက်ပိုင်းမှာ ကျွန်မ တွေးဆမိတယ်၊ “စမ်းသပ်မှုတစ်ခု ကျရောက်လာတဲ့အခါ၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီဖို့ဆိုရင် ကျွန်မ ဘယ်လိုသဘောထားမျိုး ရှိသင့်သလဲ” ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်။ “ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းသည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးချင်းစီတိုင်း ရင်ဆိုင်ရသည့် အခြေခံအကျဆုံး သင်ခန်းစာဖြစ်သည်။ အလေးနက်ဆုံးသင်ခန်းစာလည်း ဖြစ်သည်။ သင်သည် ဘုရားသခင်အား မည်သည့်အတိုင်းအတာအထိ ကျိုးနွံနာခံနိုင်သည်ဖြစ်စေ ယင်းက သင်၏ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားသည်၊ သင့်ယုံကြည်ခြင်း မည်မျှကြီးမားသည်ဆိုသည်တို့ ဖြစ်သည်။ ဤအရာများသည် အပြန်အလှန်ဆက်နွှယ်နေသည်။...ပေတရုသည် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းများစွာကို ဖြတ်သန်းခဲ့သည်။ သူ၏ တစ်ကိုယ်ရေတောင်းဆိုမှုများ၊ အစီအစဉ်များ၊ လိုအင်ဆန္ဒများအားလုံးကို ဘေးဖယ်ထားခဲ့ပြီး ဘုရားသခင်အား မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မတောင်းဆိုခဲ့ပေ။ ထိုအခါက သူ့တွင် ကိုယ်ပိုင်အတွေးများမရှိခဲ့ဘဲ သူ့ကိုယ်သူ အပြည့်အဝ လွှဲပြောင်းပေးခဲ့သည်။ သူက ‘ဘုရားသခင်သည် သူလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ စမ်းသပ်မှုများတစ်လျှောက် ငါ့ကို ထားရှိနိုင်သည်။ သူသည် ငါ့ကို ရိုက်နှက်နိုင်သည်။ ငါ့ကို တရားစီရင်နိုင်သည်၊ သို့မဟုတ် ပြစ်တင်ဆုံးမနိုင်သည်။ ငါ့ကို ပြုပြင်ရန်အတွက် အခြေအနေများကို သူဖန်တီးနိုင်သည်။ သူသည် ငါ့ကို ဖွံ့ဖြိုးအောင်မွမ်းမံပေးနိုင်သည်။ ငါ့ကို ခြင်္သေ့သားရဲတွင်း၊ သို့မဟုတ် ဝံပုလွေသားရဲတွင်းထဲတွင် ထားရှိနိုင်သည်။ မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ မှန်ကန်သည်။ ပြီးလျှင် မည်သည့်အရာကိုမဆို ငါကျိုးနွံနာခံမည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားဖြစ်သည်။ ငါသည် မည်သည့်ညည်းညူမှု၊ သို့မဟုတ် ရွေးချယ်မှုမျှ ရှိမည်မဟုတ်’ ဟု တွေးသည်။ ဤသည်မှာ အကြွင်းမဲ့ ကျိုးနွံနာခံခြင်း မဟုတ်လော။ တစ်ခါတစ်ရံတွင် လူတို့က ‘ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် ဤအရာတွင် မည်သည့်သမ္မာတရားကိုမျှ ငါရှာမတွေ့ရသည်မှာ အဘယ်ကြောင့်နည်း။ တစ်ခါတစ်ရံ၌ ဘုရားသခင်သည်ပင် သမ္မာတရားနှင့် မညီသည့်အရာများကို လုပ်ဆောင်သည့် ပုံစံရှိသည်။ ဘုရားသခင်သည်လည်း တစ်ခါတစ်ရံ မှားယွင်းသည်။ သို့သော် မည်သို့ဆိုစေ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်။ ငါ ကျိုးနွံနာခံမည်’ ဟု တွေးကြသည်။ ဤသို့သော ကျိုးနွံနာခံမှုမျိုးသည် အကြွင်းမဲ့ ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ရွေးချယ်၍ ကျိုးနွံနာခံမှု ဖြစ်သည်။ စစ်မှန်သော ကျိုးနွံနာခံမှု မဟုတ်။...လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါတွင် ဖန်ဆင်းခံ၏နေရာတွင်သာ စွဲစွဲမြဲမြဲ နေသင့်သည်။ မည်သည့်အချိန်ဖြစ်စေ၊ ဘုရားသခင်သည် သင့်ထံမှ ပုန်းကွယ်နေသည်ဖြစ်စေ၊ သင့်ထံ ပေါ်ထွန်းပြီးသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ ချစ်ခြင်းခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ သင်၏ တာဝန်ခံယူမှု၊ ဝတ္တရားနှင့် တာဝန်များက မည်သည့်အရာဖြစ်သည်ကို သိရမည်။ လက်တွေ့လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ဤသမ္မာတရားများကို သင်နားလည်ရမည်။ သင်သည် ‘ဒီကိစ္စက သမ္မာတရားနဲ့ကိုက်ညီသလို၊ ငါ့အတွေးတွေနဲ့လည်း ကိုက်ညီတယ်လို့ ငါ ရှင်းရှင်းလင်းလင်းမြင်ရရင် ငါ ကျိုးနွံနာခံမယ်။ ငါ့အတွက် မရှင်းလင်းဘဲ၊ ဒါတွေက ဘုရားရဲ့ လုပ်ဆောင်မှုတွေဆိုတာ အတည်မပြုနိုင်ရင် အရင်ဆုံး ခဏစောင့်မယ်၊ ပြီးရင် ဒါကို ဘုရားက လုပ်တာသေချာတာနဲ့ ကျိုးနွံနာခံမယ်။’ ဟူ၍ ပြောရင်း သင်၏အယူအဆများကို ဖက်တွယ်ထားဆဲဖြစ်လျှင် ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦးဟုတ်သလော။ မဟုတ်ပေ။ ဤသည်မှာ အခြေအနေအပေါ်တွင် မူတည်သော ကျိုးနွံနာခံမှုဖြစ်သည်။ အကြွင်းမဲ့၊ အပြည့်အဝ ကျိုးနွံနာခံခြင်း မဟုတ်။ ဘုရားသခင်၏ အမှုတော်သည် လူသားအယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီပေ။ လူ့ဇာတိခံခြင်းသည် လူသားအယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီပေ။ ပြီးလျှင် အထူးသဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် မကိုက်ညီပေ။ လူအများစုသည် ဤအရာကို လက်ခံပြီး ကျိုးနွံနာခံရန် အလွန်ပင် အခက်အခဲ ဖြစ်ကြသည်။ ဘုရားသခင်၏ အမှုတော်ကို သင် ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ သင်ဖြည့်ဆည်းနိုင်သလော။ ယင်းမှာ ဖြစ်ကိုဖြစ်နိုင်မည်မဟုတ်။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်မှာ အဘယ်နည်း။ (ဖန်ဆင်းခံတစ်ဦး၏ နေရာ၌ ရပ်တည်ရန်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံရန် ဖြစ်သည်။) မှန်သည်။ ယင်းမှာ ဤအရာ၏ အရင်းအမြစ်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤအရေးကိစ္စကို ကိုင်တွယ်ရန် မလွယ်ကူသလော။ ဖန်ဆင်းခံတစ်ဦး၏နေရာတွင် ရပ်တည်ပြီး သင်၏ ဘုရားသခင်ဖြစ်သည့် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံခြင်းသည် ဖန်ဆင်းခံတိုင်းက အထိန်းသိမ်းသင့်ဆုံးသောအရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်းအတွက် အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်က လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ညွှန်ပြခဲ့တယ်။ ကျွန်မတို့အပေါ် ဘယ်လိုကံဆိုးမှု၊ စမ်းသပ်မှု ကျရောက်ပါစေ၊ ကျွန်မတို့က ဘုရားသခင်ဆီကနေ လက်ခံပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံသင့်တယ်။ စမ်းသပ်ခြင်းတွေကို ပေတရုတွေ့ကြုံရတဲ့အခါ၊ ဘုရားသခင်က ဘယ်လိုပတ်ဝန်းကျင်ကိုပဲ ပြင်ဆင်ပေးပါစေ၊ ဘယ်လို ဆင်းရဲဒုက္ခနဲ့ စစ်ဆေးခြင်းကိုပဲ သူ ကြံ့ကြံ့ခံရပါစေ၊ သူက ကိုယ့်ရဲ့အကျိုးစီးပွားကို ဘယ်တော့မှ မစဉ်းစားခဲ့ဘဲ၊ ဘုရားသခင်ကို ဘယ်လိုစိတ်ကျေနပ်အောင်လုပ်မလဲ၊ ဘယ်လိုချစ်မလဲဆိုတာကိုပဲ အာရုံစိုက်ခဲ့တယ်။ သူက ဘုရားသခင်အတွက် သူ့အသက်ကိုတောင် ပေးခဲ့တယ်။ ပေတရုရဲ့ လက်တွေ့လုပ်ဆောင်မှုကို ဘုရားသခင်က အောက်မေ့ခဲ့ပြီး ကိုယ်တော်ရဲ့ အသိအမှတ်ပြုခြင်းကို သူရခဲ့တယ်။ ဆန့်ကျင်ဖက်အနေနဲ့ ကျွန်မကတော့ ညီအစ်မကျန်း အရမ်း ဆိုးဆိုးရွားရွား နေမကောင်းဖြစ်တာကို မြင်လိုက်ရတဲ့အခါ၊ စိတ်ထဲမှာ ဘုရားသခင်အပေါ် မကျေမနပ်ပြောဆိုတာတွေ၊ အတိုက်အခံလုပ်တာတွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်မလည်း ကံဆိုးမှုနဲ့ ကြုံရမှာကို ကြောက်ခဲ့ပြီး သေခြင်းတရားကို ပိုလို့တောင် ကြောက်လာခဲ့တယ်။ ကျွန်မ ကျိုးနွံနာခံမှုတစ်ခုခု ပြဖို့မဆိုထားနဲ့၊ ဘုရားသခင်ကို ယုံကြည်ခြင်း မရှိခဲ့ဘူး။ “ကျွန်ုပ်၏ အချိန်နှောင်းသော သက်သေခံချက်” ဆိုတဲ့ ရုပ်ရှင်ကို ကျွန်မ တွေးမိတယ်။ ဇာတ်လိုက် ကျော်ရှောင်မင် ပထမအကြိမ် ရဲအဖမ်းခံရပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံရတဲ့အခါ၊ သူက သေမှာကြောက်လို့ သူ ယုံကြည်သူတစ်ယောက်ဖြစ်တာကို ငြင်းဆိုခဲ့တယ်။ အဲဒီနောက်မှာ သူက ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး သိလာခဲ့တယ်၊ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခဲ့ပြီး၊ နတ်ဆိုးရှေ့မှာ ဘုရားသခင်ကို ငြင်းဆိုရလောက်အောင် အရမ်းအားနည်းတဲ့အတွက်လည်း သူ့ကိုယ်သူ မုန်းတီးခဲ့တယ်။ အဲဒီနောက် ဆယ်နှစ်တာကာလမှာ သူ့ကိုယ်သူ သမ္မာတရားနဲ့ ပြင်ဆင်ဖို့ အာရုံစိုက်ခဲ့တယ်။ ဘုရားသခင်ရဲ့ စမ်းသပ်ခြင်းတွေရဲ့ အဓိပ္ပာယ်နဲ့ လူသားတွေအပေါ် ကိုယ်တော်ရဲ့ တောင်းဆိုချက်တွေကို သူ နားလည်လာခဲ့တယ်။ သူက အသက်နဲ့သေခြင်းကိုလည်း ထိုးထွင်းသိမြင်ခဲ့ပြီး၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့၊ သူ့အသက်ကို ဘုရားသခင်ထံ အပ်နှံဖို့ ဆန္ဒရှိခဲ့တယ်။ တစ်နေ့နေ့မှာ ဘုရားသခင်အတွက် သက်သေခံခွင့်ရဖို့ပဲ သူ မျှော်လင့်ခဲ့တယ်။ သူ့ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် ကြားခဲ့ပြီး နောက်ပိုင်းမှာ သူက အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းဆီးတာကို ထပ်ခံခဲ့ရတယ်။ ဒီတစ်ခါမှာတော့ သူက တွန့်ဆုတ်တာ၊ ကြောက်ရွံ့တာ မရှိတော့သလို သေခြင်းရဲ့ ဘောင်ခတ်မှုကိုလည်း မခံရတော့ဘူး။ အဲဒီအစား သူက ရဲတွေရှေ့မှာ အဆင်းနီတဲ့ နဂါးကြီးရဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့အနှစ်သာရကို ဖော်ထုတ်ခဲ့ပြီး၊ နောက်ဆုံးမှာ စာတန်ကို အရှက်ရစေခဲ့တယ်။ သူ အကျဉ်းထောင်ကနေ ထွက်လာတဲ့အခိုက်အတန့်မှာ၊ သူ့မျက်နှာပေါ်မှာ ပျော်ရွှင်ကြည်နူးတဲ့ အပြုံးတစ်ခု ရှိနေခဲ့တယ်။ သူ့အသက်ကို စွန့်စားပြီး ဘုရားသခင်ကို တစ်ကြိမ် ကျိုးနွံနာခံနိုင်ခဲ့တာဟာ သူ့ဘဝမှာ သူလုပ်ခဲ့ဖူးသမျှထဲက တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးအရာဖြစ်တယ်ဆိုပြီး သူ တွေးနေခဲ့တာဖြစ်ရမယ်လို့ ကျွန်မ ယုံကြည်တယ်။ ကျွန်မက ဘုရားသခင်ဆီကနေ စမ်းသပ်မှုတစ်ခုကို ရင်မဆိုင်ရသေးပေမဲ့၊ ညီအစ်ကိုကျိုးဆီကနေ သင်ယူသင့်တယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းနေတုန်းမှာပဲ၊ ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပြင်ဆင်ပြီး ကိုယ့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုကို ပြင်ဆင်ထားဖို့ကို အာရုံစိုက်သင့်တယ်။ တစ်နေ့ ဘုရားသခင်ဆီက စမ်းသပ်မှုတစ်ခု ကျွန်မဆီ ရောက်လာခဲ့ရင်၊ ကျွန်မလည်း ညီအစ်ကိုကျိုးလိုမျိုး ကိုယ့်ရဲ့အရာအားလုံးကို ဘုရားသခင်ထံ အပ်နှံပြီး၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်ဖို့၊ ဘုရားသခင်အတွက် သက်သေခံပြီး ကိုယ်တော်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်ပေးနိုင်ဖို့ မျှော်လင့်တယ်။

အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ၊ ကျွန်မတို့ ညီအစ်မကျန်းဆီကနေ စာတစ်စောင် ရခဲ့တယ်။ သူအိမ်ပြန်ရောက်ပြီးတဲ့နောက်ပိုင်း သူ့ရဲ့အတွေ့အကြုံတွေနဲ့ ဒီတစ်ခေါက် ရောဂါဝေဒနာကို တွေ့ကြုံရခြင်းကနေ ရရှိခဲ့တဲ့ အကျိုးတချို့အကြောင်းကို သူပြောပြခဲ့တယ်။ သူ့ရောဂါအခြေအနေ အတော်အတန် တိုးတက်လာခဲ့ပြီဖြစ်တယ်၊ အခုလည်း တတ်နိုင်သလောက် တာဝန်တချို့ကို ထမ်းဆောင်နေတယ်၊ ပြီးတော့ နောင်မှာ ရောဂါပျောက်သည်ဖြစ်စေ၊ မပျောက်သည်ဖြစ်စေ၊ အဲဒါကို တွေ့ကြုံဖို့ ဘုရားသခင်ကို မှီခိုအားကိုးပြီး သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသွားဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့တယ်။ ကျွန်မရဲ့ အစ်မက နာမကျန်းဖြစ်တာ တွေ့ကြုံနေရချိန်မှာ အဲဒါကို အပြုသဘောဆောင်တဲ့ပုံစံနဲ့ လက်ခံနိုင်ပြီး သူ့သင်ခန်းစာတွေကို သင်ယူနိုင်ခဲ့တယ်ဆိုတာ မြင်လိုက်ရတော့ ဘာပဲဖြစ်ဖြစ် နောက်ကွယ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိတယ်ဆိုတာကို ကျွန်မ တကယ်ကို ခံစားမိတယ်။ ဘုရားသခင်က အစ်မကျန်းကို စုံလင်အောင် ပြုလုပ်ပေးဖို့နဲ့ ကျွန်မကိုလည်း အဲဒီအရာကနေ သင်ခန်းစာတွေ သင်ယူခွင့်ပေးဖို့အတွက် ဒီရောဂါကို သုံးနေခဲ့တာပါ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းချီးများကို လိုက်စားခြင်းသည် ဘုရားအလိုတော်နှင့် ညီပါသလား

ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။...

ဘုရားသခင်အတွက် ကျွန်မ၏ အနစ်နာခံခြင်းများထဲက ရောထွေးခြင်းများ

ကျန်းဖင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။