ကောင်းချီးရရှိဖို့ လိုအင်ဆန္ဒ ကြေမွပျက်စီးသွားပြီးနောက်

18.03.2026

လီရှင်း၊ တရုတ်ပြည်

၂၀၀၉ ခုနှစ်တုန်းက ဆွေမျိုးတစ်ယောက်က ကျွန်မကို ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရား ဟောပြခဲ့တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ဖို့ သမ္မာတရားကို ဖော်ပြတယ်၊ လူသားတွေကို အပြစ်ကနေ ကယ်တင်ပြီး ဒီဒုက္ခဆင်းရဲတွေနဲ့ ပြည့်နေတဲ့ဘဝကနေ လွတ်မြောက်စေတယ်၊ နောက်ဆုံးမှာတော့ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းမရှိတဲ့ လှပတဲ့ ပန်းတိုင်တစ်ခုဆီကို ကျွန်မတို့ကို ခေါ်ဆောင်သွားမယ်လို့ သူက ပြောခဲ့တယ်။ ဒါကို ကြားကြားချင်းပဲ ကျွန်မ တွေးမိလိုက်တယ်၊ “ဒါ ငါ အမြဲတမ်း တောင့်တခဲ့တဲ့ ဘဝမျိုးပဲ မဟုတ်လား” ပေါ့။ အဲဒီနောက် ကျွန်မက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး မကြာခင်မှာပဲ အသင်းတော်မှာ တာဝန်ကို စပြီးထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ ကျွန်မ မိသားစုက အစစအရာရာ အဆင်ပြေပြီး ဘဝတွေက ချောမွေ့နေခဲ့ပါတယ်။ ဘုရားသခင်ကို ကျွန်မ ခဏခဏ ကျေးဇူးတင်ခဲ့မိပြီး အမှုအရာတွေကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ ပိုပြီးတော့တောင် စိတ်အားထက်သန်လာခဲ့တယ်။

ပြီးတော့ ၂၀၁၉ ခုနှစ် ဆောင်းဦးရာသီရဲ့ နေ့လည်ခင်းတစ်ခုမှာ ကျွန်မ သမီးအကြီးမက ရဲစခန်းဆီက ဖုန်းလက်ခံရရှိခဲ့တယ်။ ကျွန်မယောက်ျား ကန်ထရိုက်ယူထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်တဲ့။ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက် အလုပ်လုပ်နေတုန်း မတော်တဆ ဖြစ်ပြီး သေဆုံးသွားလို့ ကျွန်မယောက်ျားကို အရေးယူဆောင်ရွက်တာစောင့်ဖို့ အချုပ်ခန်းဆီ ခေါ်သွားလိုက်ပြီတဲ့လေ။ သတင်းကြားတော့ ကျွန်မခေါင်းထဲမှာ ဗလာကျင်းသွားတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ လျော်ကြေး ဘယ်လောက်များ ပေးရမှာလဲ။ ငါတို့မှာက အစကတည်းက ပိုက်ဆံမှ မရှိတာ၊ ဒါကို လုံးဝ တတ်နိုင်မှာ မဟုတ်ဘူး။ ယောက်ျားသာ အချုပ်ခံလိုက်ရရင် ငါတို့မိသားစု ပြိုပျက်သွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ ကျွန်မရင်ထဲ ဘယ်လိုခံစားရမှန်းတောင် မပြောပြတတ်ဘူး။ သမီးက “အမေက ဘုရားသခင်ကို ယုံကြည်တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သမီးတို့မိသားစုမှာ ဒီလိုကိစ္စမျိုး ဖြစ်ရတာလဲ” ဆိုပြီး ညည်းညူတယ်။ ရွာက ဆွေမျိုးတွေ ဒါကို ကြားတဲ့အခါ တချို့က “သူတို့ခမျာ ဒီလိုဖြစ်ရတာ ကံဆိုးလိုက်တာ။ ဒီနှစ်တွေတစ်လျှောက် သူတို့ ရှာထားတဲ့ ပိုက်ဆံတွေ အလကားဖြစ်ကုန်ပြီ” ဆိုပြီး ညည်းကြတယ်။ တခြားလူတွေကလည်း “သူတို့ လျော်ကြေး ဘယ်လောက်ပေးရမလဲဆိုတာ ဘယ်သူသိမှာလဲ” လို့ ပြောကြတယ်။ ပိုက်ဆံရှာဖို့ ကူညီပေးမယ့်သူတစ်ယောက်မှ မရှိဘဲ စာနာစိတ်မရှိတဲ့ မှတ်ချက်တွေပဲ ပေးပြီး၊ သူတို့ဝိုင်းပြောနေတာကို ကြားလိုက်ရတော့ ကျွန်မ တော်တော်လေး အားငယ်မိတယ်။ အဲဒါအပြင် သေဆုံးသူရဲ့ မိသားစု လာပြီး ပြဿနာရှာမှာကိုလည်း ကျွန်မ စိုးရိမ်ခဲ့တယ်။ အဲဒီရက်ပိုင်းတွေမှာ ကျွန်မ ထိတ်လန့်ပြီး စိုးရိမ်ပူပန်နေခဲ့တယ်။ ကောင်းကောင်းလည်း မစားနိုင်၊ ကောင်းကောင်းလည်း မအိပ်နိုင်ဘူး။ လျော်ကြေးကိစ္စ တွေးမိတိုင်း စိုးရိမ်ပူပန်မှုတွေ လွှမ်းမိုးလာပြီး “ဒီနှစ်တွေမှာ မိုးလင်းကနေ မိုးချုပ်အထိ ငါ့ယောက်ျား ကြိုးကြိုးစားစား ရှာထားတဲ့ ပိုက်ဆံတွေအကုန်လုံးက အကြွေးတွေဆပ်၊ စက်တွေ၊ ကိရိယာတွေ ဝယ်တာနဲ့ ကုန်သွားပြီ။ ငါတို့မှာ ပိုက်ဆံအပိုမရှိတော့ဘူး။ လျော်ကြေးကို သိန်းဂဏန်းလောက် ပေးရမယ်ဆိုရင် အဲဒီလောက်ပိုက်ဆံကို ငါ ဘယ်ကများ ရမှာလဲ” လို့ တွေးမိတယ်။ ကျွန်မ လုပ်နိုင်တာက ဒီအခက်အခဲတွေကို ဘုရားသခင်ဆီ အပ်နှံပြီး ဆုတောင်းဖို့ပဲ ရှိတော့တယ်။ “အို ဘုရားသခင်၊ ဒီလောက်များတဲ့ လျော်ကြေးကိစ္စကို ဘာလုပ်ရမှန်း သမီး မသိတော့ပါဘူး။ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကိုလည်း အားကိုးလို့ မရဘူး။ ဒီအရာအားလုံးကို ကိုယ်တော့်လက်ထဲ အပ်နှံပါတယ်။ ဒီခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်နိုင်ဖို့ သမီးကို ကူညီပေးပါ” ပေါ့။ နှစ်လသုံးလကြာတော့ တရားရုံးက ကြားဝင်ဖျန်ဖြေပေးပြီးတဲ့နောက် တစ်ဖက်လူက လျော်ကြေး ယွမ် ၂ သိန်း ၈ သောင်း တောင်းခဲ့ပါတယ်။ ပိုက်ဆံပေးနိုင်ပြီး တစ်ဖက်လူက ခွင့်လွှတ်ကြောင်းစာမှာ လက်မှတ်ထိုးပေးရင် ကျွန်မယောက်ျား ထောင်ကျစရာမလိုဘူးလို့ ရှေ့နေက ပြောတယ်။ ကျွန်မတို့ မပေးနိုင်ရင်တော့ သူ ထောင်ဒဏ်ချမှတ်ခံရမယ်တဲ့။ ကျွန်မအတွက်တော့ ယွမ် ၂ သိန်း ၈ သောင်းဆိုတာ မိုးထိအောင်များတဲ့ ဂဏန်းပဲ။ ကျွန်မလို အမျိုးသမီးတစ်ယောက်က အဲဒီလောက်များတဲ့ပိုက်ဆံကို ဘယ်လို ရနိုင်မှာလဲ။ ဒါပေမဲ့ မပေးနိုင်ရင် ကျွန်မယောက်ျား ထောင်ချခံရတော့မယ်။ ကျွန်မမှာ ရွေးချယ်စရာမရှိလို့ ဆွေမျိုးတွေအားလုံးဆီ ပတ်ပြီး ပိုက်ဆံလိုက်ချေးရတယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက အကူအညီလိုက်တောင်းတဲ့အခါ သူတို့အားလုံးက ဆင်ခြေအမျိုးမျိုးပေးပြီး ငြင်းကြတယ်။ သူတို့ရဲ့ လျစ်လျူရှုမှုကို ရင်ဆိုင်ရတော့ ကျွန်မ အရမ်းကို အထီးကျန်ပြီး ကူရာမဲ့သလို ခံစားရတယ်။ ပြီးတော့ အရမ်းစိုးရိမ်ပူပန်ပြီး ငိုပဲငိုနေမိခဲ့တယ်။ ဒီခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်နိုင်အောင် ဘုရားက ကူညီပေးမယ်လို့ မျှော်လင့်ရင်း ဘုရားသခင်ဆီ အကြိမ်ကြိမ် ဟစ်အော်ခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံပေးရမယ့် သတ်မှတ်ရက် နီးလာတာတောင် အဲဒီပမာဏနဲ့ နီးစပ်အောင်တောင် ကျွန်မ မရှာနိုင်သေးဘူး။ ကျွန်မစိတ်နှလုံးထဲမှာ စပြီးညည်းညူလာမိတယ်လေ။ “အဲဒီ ဘုရားတရား မရှိတဲ့သူတွေကျတော့ ကောင်းကောင်းမွန်မွန် နေရကြတယ်။ ငါက ဘုရားသခင်ကို ယုံကြည်တယ်၊ ငါ့ယုံကြည်ခြင်းအတွက် အရာအားလုံးကို စွန့်ထားခဲ့တယ်။ ငါ့ယောက်ျားနဲ့ မောင်လေးက ငါ့ကို တားဖို့ကြိုးစားခဲ့တုန်းကတောင် ငါ့တာဝန်ကို မရမက ထမ်းဆောင်ခဲ့တာပဲ။ ငါက စစ်မှန်တဲ့ ယုံကြည်သူပါ၊ ဒါဆို ဘုရားသခင်က ငါ့ကို ဘာလို့ မကာကွယ်ပေးတာလဲ။ ဒီလိုဘေးဒုက္ခမျိုး ငါ့အပေါ် ကျရောက်ဖို့ ဘာလို့ ခွင့်ပြုရတာလဲ” လို့ပေါ့။ ကျွန်မ ဒီအကြောင်းကို ပိုပြီးတွေးလေလေ၊ ပိုပြီး နစ်နာတယ်လို့ ခံစားရလေလေဖြစ်ပြီး ဘုရားသခင်ကို ဟစ်အော်ခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီနှစ်တွေတစ်လျှောက်လုံး သမီး တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဘာလို့ ကိုယ်တော်က သမီးကို မကာကွယ်ပေးခဲ့တာလဲ။ ဒီကပ်ဘေးက သမီးကို တောင်ကြီးတစ်လုံး ဖိထားသလိုဖြစ်နေလို့ ကောင်းကောင်း အသက်မရှုနိုင်ပါဘူး။ သမီး သည်းမခံနိုင်တော့ဘူး။ သမီး ဘာလုပ်သင့်သလဲ” ပေါ့။ ညည်းညူတာ မှားမှန်း ကျွန်မ သဘောပေါက်ပေမဲ့ တကယ်ကို ခြေချုပ်မိနေပြီး စိတ်နှလုံးထဲမှာ လုံးဝ ကျိုးနွံနာခံလို့ မရနိုင်ပါဘူး။ အဲဒီရက်တွေမှာ ကျွန်မ မစားနိုင်မအိပ်နိုင်ဖြစ်ပြီး လုံးဝ အားအင်မရှိခဲ့ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ချင်စိတ်လည်း ပျောက်ကုန်တယ်။ ဘုရားနဲ့ အရမ်းဝေးကွာနေသလို ခံစားရတယ်။ နောက်ပိုင်းမှာ ကျွန်မတို့မိသားစုက လျော်ကြေးငွေ လုံးဝ မရှာနိုင်လို့ ကျွန်မယောက်ျား တစ်နှစ်ခွဲ ထောင်ဒဏ်ချမှတ်ခံလိုက်ရတယ်။ ဒီရလဒ်ကို ရင်ဆိုင်ရတော့ ကျွန်မ အရမ်းကို စိတ်ဆင်းရဲခဲ့တယ်။ ယောက်ျားက ထောင်ထဲရောက်နေတော့ မိသားစုအတွက် ပိုက်ဆံရှာမဲ့သူ မရှိတော့ဘူးလေ။ အနာဂတ်မှာ ကျွန်မတို့ ဘယ်လိုရှင်သန်ရပ်တည်ကြမလဲ။ ဒီအခက်အခဲတွေကို ရင်ဆိုင်ရတော့ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ အားကိုးလို့မရဘူးလို့ ခံစားရတယ်။ အချိန်ပြည့် တာဝန်မထမ်းဆောင်နိုင်တော့ဘဲ နေ့တိုင်း တစ်ဝက်လောက်ကို အချိန်ပိုင်းအလုပ် ထွက်လုပ်ရတော့မယ်လို့ တွေးမိလာတယ်။

အသင်းတော်ကြီးကြပ်ရေးမှူးက ကျွန်မရဲ့အခြေအနေကို သိရှိသွားပြီးတဲ့နောက်မှာ ကျွန်မကို ကူညီဖို့ မိတ်သဟာယဖွဲ့ပေးခဲ့တယ်၊ ကျွန်မတို့မိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေထဲက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေပြီး သင်ခန်းစာယူသင့်တယ်လို့ သူ ပြောခဲ့တယ်။ အဲဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ စပြီး ရှာဖွေဆုတောင်းခဲ့တယ်။ ဝတ်ပြုတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်လိုက်တယ်။ “ယောဘ၏ စကားဖြစ်သည့် ‘ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော’ ဟူသည့်အရာက ဘုရားသခင်ကို သူ အဘယ်ကြောင့် ကျိုးနွံနာခံနိုင်ခဲ့သည်ကို ရှင်းလင်းသွားစေပြီးသားဖြစ်ကာ ထိုအရာအတွင်းတွင် ရှာဖွေရမည့် သမ္မာတရားရှိပေသည်။ သူသည် ဤစကားကို ပြောခဲ့ချိန်တွင် မကျေနပ်ချက် သို့မဟုတ် နာကြည်းချက်တစ်ခုတလေကို ဖော်ပြခဲ့သလော။ (မဖော်ပြခဲ့ပါ။) မပြတ်သားခြင်း သို့မဟုတ် အပျက်သဘောဆောင်သော သွယ်ဝိုက်ညွှန်းဆိုခြင်း တစ်ခုတလေ ရှိသလော။ (မရှိပေ။) သေချာပေါက် မရှိပေ။ ဖန်ဆင်းရှင်က လူတို့ကို မည်သို့ဆက်ဆံသည်ကို လူတို့ ဆုံးဖြတ်ခွင့်မရှိကြောင်းကို သူ၏ အတွေ့အကြုံမှတစ်ဆင့် ယောဘက နောက်ဆုံးတွင် သဘောပေါက်ခဲ့သည်။ ဤအရာက အနည်းငယ် ကြားကောင်းမည်မဟုတ်သော်လည်း အမှန်တရားတစ်ခု ဖြစ်သည်။ ဘုရားသခင်က လူတိုင်း၏ ကံကြမ္မာကို ၎င်းတို့၏ တစ်ဘဝလုံးအတွက် စီစဉ်ပြီးဖြစ်သည်။ ထိုအရာကို သင် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အမှန်တရားတစ်ခု ဖြစ်သည်။ သင်၏ ကံကြမ္မာကို သင် ပြောင်းလဲ၍မရပေ။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင် ကျိုးနွံနာခံသင့်သည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်သောကြောင့် ပြုမူဆောင်ရွက်သည့် မည်သည့်ပုံစံမဆိုသည် မှန်ကန်ပြီး သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကာ လူတို့က သူ့ကို ကျိုးနွံနာခံသင့်ကြသည်။ ဤ ‘အရာခပ်သိမ်း’တွင် သင် ပါဝင်ပြီး ဖန်ဆင်းခံများအားလုံး ပါဝင်သည်။ သို့ဆိုလျှင် သင် အမြဲ အတိုက်အခံ လုပ်လိုခြင်းသည် မည်သူ၏ အပြစ်ဖြစ်သနည်း။ (ကျွန်ုပ်တို့ကိုယ်တိုင်၏ အပြစ်ဖြစ်သည်။) ထိုအရာသည် သင်၏ ပြဿနာဖြစ်သည်။ သင်သည် အကြောင်းပြချက်များ အမြဲ ပေးလိုပြီး အပြစ်ရှာလိုသည်။ ဤအရာ မှန်သလော။ သင်သည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် အကျိုးကျေးဇူးများကို အမြဲ ရရှိချင်သည်။ ဤအရာ မှန်သလော။ တစ်ခုမျှ မမှန်ပေ။ ဤအမြင်များသည် ဘုရားသခင်အပေါ် မမှန်ကန်သော အသိနှင့် သိနားလည်မှုတို့ကို ကိုယ်စားပြုသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် သင်၏ အမြင်သည် အတိအကျပင် မမှန်ကန်သောကြောင့် အခြေအနေတစ်ခုခုကို သင် ရင်ဆိုင်ရသည့်အခါတိုင်းတွင် ‘ဘုရားသခင်က ဤအရာကို လုပ်ဆောင်ခြင်းက မှားသည်။ ငါ နားမလည်နိုင်ပါ။ ဤနည်းအားဖြင့် သူ၏ လုပ်ဆောင်ချက်ကို လူတိုင်းက ဆန္ဒပြကြပေမည်။ ဘုရားသခင်သည် ထိုသို့သောပုံစံမျိုးကို လုပ်ဆောင်လေ့မရှိပါ’ ဟု အမြဲ စဉ်းစားလျက် ဘုရားသခင်ကို မလွဲမသွေ အတိုက်အခံလုပ်လိမ့်မည်၊ ယှဉ်ပြိုင်ကာ ဆန့်ကျင်လိမ့်မည်ဖြစ်သည်။ သို့သော် ဤကိစ္စရပ်သည် ဘုရားသခင်၏ သဘောသဘာဝနှင့် သက်ဆိုင်သော ကိစ္စတစ်ခု မဟုတ်ပေ။ မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ သူသည် ဘုရားသခင် ဖြစ်နေဆဲဖြစ်သည်။ သင်သည် နေစဉ် သင့်အပေါ် အမူအရာများ ဖြစ်ပျက်သည့်အခါ အမြဲ စိစစ်ကာ အကျိုးသင့်အကြောင်းသင့် တွက်ဆချက်များ အမြဲပြုလုပ်လျက် ဤအသိစိတ်နှင့် သိနားလည်မှု ကင်းမဲ့လျှင် ရလဒ်မှာ သင်သည် အချိန်တိုင်း ဘုရားသခင်နှင့် ရင်ဆိုင်တွန်းလှန်ကာ ဆန့်ကျင်ခြင်းသာ ဖြစ်လိမ့်မည်ဖြစ်ပြီး ဤအခြေအနေမှ သင် ရုန်းထွက်လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သို့သော် သင်သည် ဤသိနားလည်မှု ရှိပြီး ဖန်ဆင်းခံတစ်ဦး၏ နေရာကို ယူနိုင်ကာ အခြေအနေများ ကြုံရသည့်အခါ သင့်ကိုယ်သင် ဤသမ္မာတရား သွင်ပြင်လက္ခဏာများနှင့် ယှဉ်ကြည့်ပြီး လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်နိုင်လျှင် ဘုရားသခင်အပေါ် သင်၏ အတွင်းစိတ် ကြောက်ရွံ့ခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ တိုးပွားလိမ့်မည်။ သင်က ‘လက်စသတ်တော့ ဘုရားသခင် လုပ်ဆောင်သည့်အရာ မမှားပါ။ ဘုရားသခင် လုပ်ဆောင်သည့်အရာက ကောင်းမြတ်သည်ချည်းသာဖြစ်သည်။ ထိုအရာကို လူတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ စိစစ်ရန် မလိုအပ်ပါ။ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကိုသာ ခံလိုက်ပါ’ဟု အမှုမဲ့အမှတ်မဲ့ ခံစားလာရလိမ့်မည်။ သင့်ကိုယ်သင် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း သို့မဟုတ် သူ၏ စီစဉ်ညွှန်ကြားမှုများကို လက်ခံနိုင်ခြင်း မရှိသည်ကို တွေ့ရသည့်အခါ သင်၏ စိတ်နှလုံးက ပြစ်တင်မောင်းမဲခြင်းခံရလိမ့်မည်။ ‘ငါသည် ကောင်းမွန်သော ဖန်ဆင်းခံတစ်ဦး မဟုတ်လေပြီ။ အဘယ်ကြောင့် ငါ ကျိုးနွံနာခံခြင်းသာ မပြုနိုင်သနည်း။ ဤအရာက ဖန်ဆင်းရှင်ကို ဝမ်းနည်းစေသည် မဟုတ်လော’ဟူ၍ဖြစ်သည်။ ကောင်းမွန်သော ဖန်ဆင်းခံတစ်ဦးဖြစ်ရန် သင် ဆန္ဒရှိလေ၊ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအပေါ် သင်၏ သိနားလည်မှုနှင့် ရှင်းလင်းမှုက တိုးလေဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား) အရင်တုန်းက ယောဘရဲ့ ဇာတ်လမ်းကို ကျွန်မ ခဏခဏ ဖတ်ဖူးပေမဲ့ ပုံပြင်တစ်ပုဒ်အနေနဲ့ပဲ မြင်ခဲ့တာ။ အဲဒီနေ့က အဲဒါကို တွေးဆကြည့်မိတော့ ယောဘက ဒီလောက်ကြီးမားတဲ့ စမ်းသပ်မှုတွေကို ရင်ဆိုင်ရတာတောင် နှုတ်ခမ်းနဲ့ အပြစ်မပြုခဲ့တာကို မြင်ပြီး ကျွန်မစိတ်ထဲမှာ သူ့ရဲ့ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို လေးစားမှုနဲ့ ပြည့်သွားတယ်။ ယောဘက တောင်ကုန်းတွေပေါ်မှာ ပြည့်နေတဲ့ သူ့ရဲ့ သိုးတွေ၊ နွားတွေ အကုန်လုံး၊ သူ့ရဲ့ များပြားလှတဲ့ စည်းစိမ်တွေနဲ့ သူ့သားသမီးတွေအားလုံး ဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ သူ့တစ်ကိုယ်လုံးမှာလည်း အနာစိမ်းတွေ ပေါက်နေခဲ့တာ၊ ဒါပေမဲ့ သူ ဘုရားသခင်ကို မညည်းညူခဲ့ဘူး။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး ဘုရားသခင် ဘာလုပ်လုပ် လူက ကျိုးနွံနာခံသင့်တယ်ဆိုတာကို သိခဲ့တယ်။ ဒါဟာ ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်တဲ့ ဆင်ခြင်တုံတရားဖြစ်ပြီး ဘုရားသခင် ကောင်းချီးပေးတဲ့အခါ ပျော်ရွှင်ပြီး ဘုရားသခင် ပြန်ရုပ်သိမ်းတဲ့အခါ ညည်းညူလို့မရဘူးဆိုတာ သူ သိတယ်။ အဲလိုလုပ်တာက နေရာမှားယူတာပဲ ဖြစ်မှာလေ။ အဲဒါကြောင့် ယောဘက ပြောနိုင်ခဲ့တာပေါ့။ “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘဝတ္ထု ၂:၁၀) ဘုရားသခင်လုပ်သမျှ ကောင်းတယ်လို့ ယုံကြည်ခဲ့ပြီး သူနားမလည်ခဲ့တာတောင် ကျိုးနွံနာခံနိုင်ခဲ့သေးတယ်။ ယောဘ ရင်ဆိုင်ခဲ့ရတဲ့ စမ်းသပ်မှုတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်မ ကြုံတွေ့ခဲ့ရတဲ့ အရာတွေက ဘာများ ဟုတ်လို့လဲ။ ဒါတောင်မှ ကျွန်မက ကျိုးနွံနာခံမှု နည်းနည်းလေးတောင် မပြခဲ့ဘူး။ “ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိပြီး အရာခပ်သိမ်းကို အုပ်စိုးတယ်။ ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မတို့ ကျိုးနွံနာခံသင့်တယ်” လို့ ကျွန်မ နေ့တိုင်း ကြွေးကြော်နေခဲ့ပေမဲ့ ကျွန်မယောက်ျား ဒုက္ခရောက်တဲ့အခါ ကျွန်မ လုံးဝ ကျိုးနွံနာခံလို့ မရနိုင်ခဲ့ဘူး။ ကျွန်မ လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ ဘုရားသခင်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်။ ဘုရားသခင်က ကျွန်မတောင်းဆိုတာတွေကို မဖြည့်ဆည်းပေးတဲ့အခါ ဘာလို့ ကျွန်မကို ဒီလိုကိစ္စမျိုး ဖြစ်ခွင့်ပေးတာလဲလို့တောင် ကိုယ်တော့်ကို မေးခွန်းထုတ်ခဲ့တယ်။ ဘုရားသခင်က ကျွန်မအပေါ်မှာ မကောင်းကြံနေတယ်၊ သူလုပ်တာက ကျိုးကြောင်းမညီညွတ်ဘူးလို့ ခံစားခဲ့ရတယ်။ ကိုယ့်လမ်းကိုယ်ရှာဖို့ တာဝန်ကို စွန့်လွှတ်ဖို့တောင် တွေးခဲ့သေးတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်မ လုံးဝ နားမလည်ဘဲ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး တစ်စက်မှ မရှိတာကို ကျွန်မ မြင်လိုက်ရတယ်။ စဉ်းစားကြည့်ရင် ဘုရားသခင်ကို မယုံကြည်ခင်က ကျွန်မတို့မိသားစုမှာ ကောင်းတဲ့အချိန်တွေရော ဆိုးတဲ့အချိန်တွေရော ရှိခဲ့တယ်။ ဘုရားတရားမရှိသူတွေလည်း တစ်ခါတလေမှာ သက်သောင့်သက်သာရှိတဲ့ အချိန်တွေကို တွေ့ကြုံရပြီး တခြားအချိန်တွေမှာ သဘာဝဘေးအန္တရာယ်တွေ၊ ဒါမှမဟုတ် လူကြောင့်ဖြစ်တဲ့ ဘေးတွေကို ရင်ဆိုင်ရတာပဲလေ။ တကယ်တမ်းကျတော့ လူတစ်ယောက်ရဲ့ ဘဝကံကြမ္မာနဲ့ သူတို့ အခက်အခဲတွေ၊ ဆုတ်ယုတ်မှုတွေ ဘယ်လောက် ရင်ဆိုင်ရမယ်ဆိုတာတွေအပါအဝင် အားလုံးကို ဘုရားသခင်က အစောကြီးကတည်းက ကြိုတင်ပြဋ္ဌာန်းထားပြီးသားပါ။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်သူတွေက ဘာသာတရားမရှိသူတွေထက် ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်သင့်ပြီး ကပ်ဘေးတွေ မကြုံရသင့်ဘူးလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါက လွဲမှားတဲ့ နားလည်မှုဖြစ်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို သိနားလည်မှု ကင်းမဲ့တာ မဟုတ်ဘူးလား။ ဘုရားသခင်က ဖန်ဆင်းရှင် ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လိုအပ်ချက်တွေကို သူ အသိဆုံးပဲ။ ပြီးတော့ ကျွန်မတို့ တွေ့ကြုံဖို့အတွက် သင့်တော်တဲ့ အခြေအနေတွေကို သူ ဖန်တီးပေးတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေက လူတစ်ယောက်ချင်းစီအတွက် ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာရဲ့ နောက်ကွယ်မှာ အမြဲရှိနေပါတယ်။ အပေါ်ယံမှာ ကျွန်မတို့ရဲ့ အယူအဆတွေနဲ့ မကိုက်ညီရင်တောင် အဲဒါတွေက ကျွန်မတို့ရဲ့ အသက်အတွက် အကျိုးရှိမှာ သေချာပါတယ်။ ကျွန်မ ကျိုးနွံနာခံပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေသင့်တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ၊ ပြီးတော့ သူ့နှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့မှုတွေကို ကျွန်မ ဒီလောက် အများကြီး ခံစားခဲ့ရတယ် ဆိုပေမဲ့လည်း နည်းနည်းလေးတောင် ကျေးဇူးတင်မှု မပြခဲ့ဘူး။ ကျွန်မ သဘောမကျတဲ့ ကိစ္စတစ်ခု ဖြစ်တာနဲ့ ဘုရားသခင်ကို ခါးခါးသီးသီး ညည်းညူလိုက်တာပဲ။ ကျွန်မက လူ့သဘာဝ ဘယ်လောက် ကင်းမဲ့လဲဆိုတာ ကျွန်မ မြင်လိုက်ရတယ်လေ။ လူက နောင်တနဲ့ ပြည့်သွားတယ်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ လိုလားပြီး ဘုရားသခင်ဆီ နောင်တနဲ့ ကျွန်မ ဆုတောင်းခဲ့တယ်။

အဲဒီနောက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ မကောင်းတာ တစ်ခုခုဖြစ်တိုင်း ငါ ဘာလို့ ဘုရားသခင်ကို ညည်းညူမိရတာလဲလို့ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်အခက်အခဲများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ အသက်ကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏။ သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် လိုက်စားသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြေဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦးဖြစ်သည့် သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်တာကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်တာကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်တာက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝမျိုး၊ ဝက်တစ်ကောင်၏ဘဝမျိုးတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ရင်ဆိုင်ဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) တွေးဆရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ ရင်ကို စူးနစ်သွားခဲ့တယ်။ ကျွန်မက ဘုရားသခင် ဖော်ထုတ်တဲ့၊ ဇာတိပကတိရဲ့ ငြိမ်သက်ခြင်းကို အမြဲ ရှာဖွေပြီး စိတ်နှလုံးနဲ့ ဝိညာဉ် ကင်းမဲ့တဲ့ လူစားမျိုး အတိအကျပဲ မဟုတ်ဘူးလား။ ကျွန်မ ဘုရားသခင်ကို စပြီးယုံကြည်ခဲ့ရတဲ့ အကြောင်းရင်းက ကျွန်မမိသားစု အမြဲတမ်း ဒုက္ခရောက်နေလို့ မှီခိုစရာ တစ်ခုခုကို ရှာချင်ခဲ့ရုံသက်သက်ပဲ။ ဘုရားသခင်က လူတွေကို ကယ်တင်နိုင်ပြီး ငြိမ်းချမ်းမှုနဲ့ ကောင်းချီးတွေ ပေးသနားနိုင်တယ်ဆိုတာ ကြားတော့ ဘုရားသခင်ကို ကျွန်မရဲ့ ကယ်တင်ရှင်ကြီးအဖြစ် သဘောထားခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ကောင်းကောင်းမွန်မွန် ယုံကြည်ပြီး တာဝန်ထမ်းဆောင်သရွေ့ သူက ကျွန်မမိသားစုကို ငြိမ်းချမ်းမှုနဲ့ ကောင်းချီးပေးမယ်၊ ဘေးအန္တရာယ်တွေ၊ ကပ်ဘေးတွေကနေ ကာကွယ်ပေးမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မယောက်ျား ဆောက်လုပ်ရေး ကန်ထရိုက်ရပြီး ကျွန်မတို့မိသားစုရဲ့ နေထိုင်မှုအဆင့်အတန်း တိုးတက်လာတုန်းက ကျွန်မ ဘုရားသခင်ကို အကြီးအကျယ် ကျေးဇူးတင်ပြီး တာဝန်မှာ ပိုတောင် တက်ကြွလာခဲ့သေးတယ်။ ဒါပေမဲ့ သူ့လုပ်ငန်းခွင်မှာ မတော်တဆမှုဖြစ်ပြီး လျော်ကြေး မတတ်နိုင်လို့ သူ ထောင်ချခံရတဲ့အခါ ဘုရားသခင်က ကျွန်မကို မကာကွယ်ဘူးဆိုပြီး ညည်းညူတယ်။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ချင်စိတ်၊ ဆုတောင်းချင်စိတ် မရှိခဲ့ဘူး။ ဘုရားသခင်ကို အားကိုးလို့ မရတော့ဘူးလို့တောင် ခံစားရပြီး ပိုက်ဆံရဖို့ အချိန်ပိုင်းအလုပ်လုပ်ရင်း ကိုယ့်လမ်းကိုယ်ရှာဖို့ တွေးခဲ့တယ်။ စဉ်းစားကြည့်လိုက်ပါ၊ ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူ့ဇာတိခံပြီး လူသားတွေကို ကြွယ်ဝတဲ့ သမ္မာတရားတွေ ပေးသနားဖို့ ကမ္ဘာမြေကို ကြွလာခဲ့တာဟာ သူ့ရဲ့ အမှုတော်ကို လူတွေ တွေ့ကြုံခံစားနိုင်ဖို့၊ သမ္မာတရားကို လိုက်စားနိုင်ဖို့၊ ပြီးတော့ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိနိုင်ဖို့ပါ။ ဒါမှ နောက်ဆုံးမှာ သူတို့ ကယ်တင်ခြင်းခံရပြီး သူ့ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်မှာလေ။ ဒါဟာ လူသားမျိုးနွယ်အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ကြီးမားတဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပါပဲ။ ဒါပေမဲ့ ကျွန်မရဲ့ ယုံကြည်မှုမှာ ကျွန်မလိုက်စားတဲ့ ပန်းတိုင်တွေက မမှန်ကန်ဘူး။ ကျွန်မက ဇာတိပကတိ သက်သာမှုကို ခံစားချင်ခဲ့တယ်။ ဘုရားသခင်ကို တစ်ယောက် ယုံရင် တစ်မိသားစုလုံး ကောင်းချီးခံစားရမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုတောင် ကျွန်မမှာ ရှိခဲ့တယ်။ ဒါက ဘာသာရေးသမားတွေရဲ့ ယုံကြည်မှုအမြင်နဲ့ အတူတူပဲ မဟုတ်ဘူးလား။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်ဖို့ သမ္မာတရားကို ဖော်ပြရင်း တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း အမှုတော်ကို ပြုပါတယ်။ လူတိုင်း သမ္မာတရားကို လိုက်စားပြီး ရရှိဖို့၊ ပြီးတော့ အဓိပ္ပာယ်ရှိတဲ့ ဘဝကို အသက်ရှင်နေထိုင်ဖို့ ဘုရားသခင်က မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကိုပဲ အမြဲ လိုက်စားခဲ့ပြီး တိရစ္ဆာန်တစ်ကောင်လို ဇာတိပကတိ သက်သာမှုကိုပဲ ရှာဖွေခဲ့တယ်။ ဒါက သနားစရာအကောင်းဆုံးနဲ့ တန်ဖိုးအမဲ့ဆုံး ဘဝမျိုးပဲ။ ကျွန်မသာ ဒီနည်းအတိုင်း ဆက်လိုက်စားရင် သမ္မာတရားကို ရမှာမဟုတ်သလို ကျွန်မရဲ့ စိတ်သဘောထားလည်း ပြောင်းလဲမှာ မဟုတ်ဘူး။ အဲဒါဆို ကျွန်မက ဘာမှမရဘဲ လက်ဗလာနဲ့ အဆုံးသတ်သွားမှာ မဟုတ်ဘူးလား။ နောက်ဆုံးကျရင် ကျွန်မ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲလေ။ ကျွန်မ ဘယ်လောက် မိုက်မဲပြီး အသိဉာဏ်ကင်းမဲ့လဲဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ပြီးတော့ ကိုယ့်သဘာဝကို နားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့၏ တာဝန်အပေါ် အန္တိခရစ်များ၏ အဓိက ရည်ရွယ်ချက်များနှင့် သဘောထားများထဲမှတစ်ခုမှာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန်နှင့် ၎င်းတို့ လိုချင်သည့် အကျိုးအမြတ်များကို ရရှိရန် ထိုတာဝန်ကို အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့က ‘လူတို့သည် ဘုရားအိမ်တော်၌ မိမိတို့တာဝန်ကို ထမ်းဆောင်ဖို့ မိမိတို့၏ မိသားစုများကို စွန့်ပစ်ပြီး ၎င်းတို့၏ လောကီ အလားအလာများကို စွန့်လွှတ်သည့်အခါ တစ်စုံတစ်ရာကို ၎င်းတို့ ရရှိသင့်ကြသည်မှာ၊ အပြန်အလှန်အနေဖြင့် တစ်စုံတစ်ရာကို ရရှိသင့်ကြသည်မှာ သိသာထင်ရှားပါသည်။ ဤအရာသည်သာ မျှတပြီး ကျိုးကြောင်းသင့်သည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ပြီး မည်သည့်အရာမျှ မရရှိလျှင် သမ္မာတရားအချို့ကို သင် ရရှိလျှင်ပင် ထိုအရာက မတန်ပေ။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည်လည်း ထိုသို့သော လက်ဆုပ်လက်ကိုင်ပြ၍ရသည့် အကျိုးအမြတ်တစ်ခု မဟုတ်ပေ။ ကယ်တင်ခြင်းကို သင် ရရှိလျှင်ပင် မည်သူကမျှ ထိုအရာကို မြင်နိုင်လိမ့်မည် မဟုတ်ပါ’ဟုလည်း ယုံကြည်ကြသည်။ ဤမယုံကြည်သူများသည် ဘုရားသခင်က လူသားမျိုးနွယ်အတွက် ရှိထားသည့် မည်သည့်သတ်မှတ်ချက်ကိုမဆို မသိကျိုးကျွန်ပြုကြသည်။ ထိုအရာကို ၎င်းတို့က အသိအမှတ်ပြုခြင်း သို့မဟုတ် ယုံကြည်ခြင်း မရှိကြသကဲ့သို့ ငြင်းပယ်သည့် သဘောထားတစ်ခုကို ခံယူကြသည်။ အန္တိခရစ်များက မိမိတို့တာဝန်ကို သဘောထားသည့် သဘောထားများနှင့် ရည်ရွယ်ချက်များမှ အကဲဖြတ်သော် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ မဟုတ်ဘဲ မယုံကြည်သူများနှင့် အခွင့်အရေးသမားများ ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ပေသည်။ စာတန်က တာဝန်တစ်ခုကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်သည်ဟု သင်တို့ ကြားဖူးသလော။ (မကြားဖူးပါ။) စာတန်သည် ၎င်း၏ ‘တာဝန်’ကို ဘုရားသခင်ရှေ့မှောက်တွင် ထမ်းဆောင်နိုင်လျှင် စာတန်သည် ထိုတာဝန်ကို မတက်မကြွနှင့် မလုပ်မနေလုပ်ရခြင်းဖြင့် ထမ်းဆောင်နေသောကြောင့် ဤတာဝန်ကို မျက်တောင်အဖွင့်အပိတ် သင်္ကေတဖြင့် ထားရမည် ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ကိုင်တွယ်စေခိုင်းခြင်းခံရပြီး ဘုရားသခင်က ၎င်းကို အသုံးချနေခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် အနှစ်သာရကြောင့်လည်းကောင်း၊ ၎င်းတို့က သမ္မာတရားကို မချစ်ကြ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသောကြောင့်လည်းကောင်း၊ ထို့ထက်ပို၍ပင် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကြောင့်၊ အန္တိခရစ်များသည် ဖန်ဆင်းခံများအဖြစ် မိမိတို့၏ တာဝန်များကို ခြွင်းချက်မရှိ သို့မဟုတ် အဖိုးအခမရှိဘဲ မထမ်းဆောင်နိုင်ကြသကဲ့သို့ မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ် သမ္မာတရားကို မလိုက်စားနိုင်ကြ သို့မဟုတ် သမ္မာတရားကို မရရှိနိုင်ကြပေ သို့မဟုတ် ထိုတာဝန်များကို ဘုရားနှုတ်ကပတ်တော်များ၏ သတ်မှတ်ချက်များအတိုင်း မထမ်းဆောင်နိုင်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) အန္တိခရစ်တွေက တစ်ကိုယ်ကောင်းဆန်တယ်၊ ယုတ်ညံ့တဲ့ သဘာဝရှိပြီး သမ္မာတရားကို လွန်လွန်မင်းမင်း မနှစ်မြို့ဘူးလို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့ တာဝန်ထမ်းဆောင်ရာမှာ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ပဲ ကြိုးစားနေကြတာ။ သူတို့က အမှုအရာတွေကို စွန့်လွှတ်ခဲ့လို့၊ သူတို့ရဲ့ တာဝန်မှာ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး အဖိုးအခပေးခဲ့လို့၊ သူတို့ တောင်းဆိုတဲ့အတိုင်း ဘုရားသခင်က ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးသနားရမယ်၊ ဒါက မျှမျှတတရှိပြီး အကျိုးအကြောင်းသင့်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်၊ ဒီလိုမဟုတ်ရင် ဘုရားသခင်က ဖြောင့်မတ်မှာ မဟုတ်ဘူးလို့ သူတို့ ယုံကြည်ကြတယ်။ ကျွန်မရဲ့ သဘာဝ အနှစ်သာရက အန္တိခရစ်တစ်ယောက်ရဲ့ အကျည်းတန်ပြီး ဆိုးညစ်တဲ့ သဘာဝအနှစ်သာရနဲ့ အတူတူပါပဲ။ ဒီနှစ်တွေတစ်လျှောက် ယောက်ျားက တားဆီးပြီး ဆွေမျိုးတွေက လှောင်ပြောင်ခဲ့ပေမဲ့ ကျွန်မ တာဝန်ကို ဇွတ်ထမ်းဆောင်နိုင်ခဲ့တာက ဘုရားသခင်ဆီက ပိုကြီးမားတဲ့ ကောင်းချီးတွေ ရဖို့အတွက် သက်သက်ပါပဲ။ ကျွန်မက ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး တာဝန်ထမ်းဆောင်ရင် ကိုယ်တော်က ကျွန်မကို ကောင်းချီးပေးပြီး ကာကွယ်မယ်၊ စိုးရိမ်စရာမရှိတဲ့ဘဝ၊ အရာအားလုံး အဆင်ပြေချောမွေ့တဲ့ ငြိမ်းချမ်းတဲ့ဘဝကို ပေးမယ်လို့ အမြဲ ယုံကြည်ခဲ့တယ်။ ကျွန်မယောက်ျားရဲ့ လုပ်ငန်းခွင်မှာ မတော်တဆမှု ဖြစ်ပြီး လျော်ကြေး မတတ်နိုင်လို့ သူ ထောင်ချခံရမယ်လို့ ကျွန်မ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး။ ဒါကို ကျွန်မ သည်းမခံနိုင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ကျွန်မက ဘုရားသခင်နဲ့ ငြင်းခုံဖို့ ကျွန်မရဲ့ စွန့်လွှတ်အသုံးခံမှုတွေကို အားပြုစရာအဖြစ် အသုံးပြုခဲ့တယ်။ ဘာလို့ ကိုယ်တော်က ကျွန်မကို မကာကွယ်ခဲ့တာလဲ၊ ဘာလို့ ဒီလောက်ကြီးမားတဲ့ ကပ်ဘေးကို ကျွန်မဆီ ကျရောက်စေတာလဲ ဆိုပြီး မေးခွန်းထုတ်ခဲ့တယ်။ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်”၊ “မြေကြီးတစ်လက်မစာတိုင်းအတွက် တိုက်ပွဲဝင်၍ သင်ရနိုင်သမျှ သိမ်းလော့” နဲ့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာမျိုးတွေလို စာတန်ဆန်တဲ့ ရှင်သန်ရပ်တည်ရေး ဥပဒေသတွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့တာ။ ဘယ်သူနဲ့ပဲ ဆက်ဆံရပါစေ၊ ကျွန်မ အဖိုးအခပေးဆပ်လိုက်ရင် တစ်ခုခု ပြန်ရဖို့ မျှော်လင့်တယ်။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာ သဘာဝအတိုင်းပဲ ဘုရားသခင်နဲ့ပါ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မက ဘုရားသခင်အတွက် ဒုက္ခခံပြီး အသုံးခံသရွေ့ ကိုယ်တော်က ကျွန်မကို ကောင်းချီးပေးသင့်တယ်၊ ဒီလိုမဟုတ်ရင် ကိုယ်တော်က မဖြောင့်မတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်က အပေးအယူတွေ၊ တောင်းဆိုမှုတွေ မလုပ်ဘဲ သူတို့တာဝန်ကို ထမ်းဆောင်တယ်။ နောဧလိုပေါ့၊ သူက သင်္ဘောဆောက်ဖို့ အရာအားလုံးကို ပေးဆပ်ခဲ့တယ်၊ နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်လုံးလုံး နေ့ရောညပါ မလျှော့တမ်း လုပ်ခဲ့တယ်။ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ဖို့ သက်သက်နဲ့ပဲ သူ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခဲ့တာ၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်၊ ဆုံးရှုံးမှုတွေကို ဘယ်တုန်းကမှ ထည့်မတွက်ခဲ့ဘူး။ ဒါပေမဲ့ အစကနေ အဆုံးထိ ဘုရားသခင်အပေါ် ကျွန်မ ယုံကြည်မှုက ကိုယ်ပိုင်ပန်းတိုင်ဖြစ်တဲ့ ကောင်းချီးခံစားရဖို့အတွက် ကိုယ်တော့်ကို အသုံးပြုနေခဲ့တာပါပဲ။ ကျွန်မက စစ်မှန်တဲ့ ယုံကြည်သူ လုံးဝ မဟုတ်ခဲ့ပါဘူး။ ကျွန်မက ဘုရားသခင်ကို လှည့်စားပြီး အသုံးချဖို့ ကြိုးစားနေခဲ့တာ။ ကျွန်မရဲ့ သဘာဝက အန္တိခရစ်တစ်ယောက်လိုပဲ ဆိုးယုတ်ပြီး လှည့်ဖြားတတ်တယ်။ ကျွန်မက ဘုရားသခင် ဖော်ထုတ်ထားတဲ့ မယုံကြည်သူနဲ့ အခွင့်ရေးသမားမျိုး အတိအကျပါပဲ။ ကျွန်မရဲ့ လုပ်ရပ်တွေက အရမ်းပုန်ကန်ပြီး ဘုရားသခင်ရဲ့ စိတ်နှလုံးကို အရမ်းနာကျင်စေခဲ့မှန်း မြင်လိုက်ရတော့ နောင်တတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေနဲ့ ပြည့်သွားတယ်။ အဲဒါနဲ့ ကျွန်မ ဘုရားသခင်ကို ထပ်ပြီး ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သမီးမှာ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား အရမ်းကင်းမဲ့ပါတယ်။ ကိုယ်တော့်ကို ယုံကြည်တာ၊ တာဝန်ထမ်းဆောင်တာတွေ အားလုံးက ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့၊ ကိုယ်တော့်ကို လှည့်စားဖို့ ကြိုးစားမှုတွေ ဖြစ်နေခဲ့ပါတယ်။ သမီး ကိုယ်တော့်ကို အရမ်း စိတ်ပျက်စေခဲ့ပါတယ်။ သမီး နောင်တရဖို့ လိုလားနေပါတယ်။ ကိုယ်တော် စီစဉ်ပေးတဲ့ အခြေအနေတွေကို သမီး ကျိုးနွံနာခံပါမယ်။ ကိုယ်တော့်ကို ပုန်ကန်တာ၊ ကိုယ်တော့် စိတ်နှလုံးကို ထိခိုက်နာကျင်အောင် မလုပ်တော့ပါဘူး” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ပြီးတော့ အဲဒီထဲမှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကောင်းချီးများအား လိုက်စားခြင်းကို ရည်မှန်းချက်တစ်ခုအဖြစ် မှတ်ယူခြင်းသည် မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ယင်းသည် သမ္မာတရားနှင့် လုံးလုံးဆန့်ကျင်ပြီး လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်ဖြင့် ထပ်တူညီခြင်းမရှိ။ ကောင်းချီးခံစားရခြင်းသည် လူတို့လိုက်စားရန်အတွက် သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု မဟုတ်သောကြောင့် အဘယ်အရာက သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု ဖြစ်သနည်း။ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပြောင်းလဲမှုများကို လိုက်စားခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများဖြင့် အစီအစဉ်များအားလုံးကို ကျိုးနွံနာခံနိုင်ခြင်း၊ ဤအရာတို့သည် လူတို့ လိုက်စားသင့်သည့် ရည်မှန်းချက်များဖြစ်သည်။...သင်သည် ကောင်းချီးခံစားရဖို့ ဆန္ဒကို စွန့်လွှတ်ပြီး သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သောအခါတွင် သင်၏ ပခုံး၌ ဝန်တစ်ခုပေါ့သွားသည်။ သင်သည် အပျက်သဘောဆောင်နိုင်စွမ်း ရှိဦးမည်လော။ သင် အပျက်သဘောဆောင်သည့် အချိန်များရှိဆဲဖြစ်သော်လည်း သင်က ဤအရာကို သင့်အား ဘောင်ခတ်ခွင့်မပြုဘဲ သင်၏ စိတ်နှလုံးတွင် ဆက်လက်၍ ဆုတောင်းကာ ကြိုးစားသည်။ သင်၏ လိုက်စားမှု ရည်မှန်းချက်ကို ကောင်းချီးခံရခြင်းနှင့် ခရီးပန်းတိုင်တစ်ခုထားရှိခြင်းမှ သမ္မာတရား လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲပြီး ‘သမ္မာတရားကို လိုက်စားခြင်းသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ဖြစ်သည်။ ယနေ့တွင် သမ္မာတရားအချို့ကို နားလည်ရန်အတွက် ပိုကောင်းသော အကျိုးတရားမရှိ။ ဤသည်မှာ အားလုံးထဲတွင် အကြီးမြတ်ဆုံးကောင်းချီးဖြစ်သည်။ ဘုရားသခင်က ငါ့အား အလိုမရှိလျှင်ပင်၊ ငါသည် ကောင်းမွန်သော ခရီးပန်းတိုင်မရှိဘဲ ငါ၏ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်များ ကြေမွသွားခဲ့လျှင်ပင် ငါ၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ဦးမည်။ ငါ ထိုသို့လုပ်ဆောင်ရန် ဝတ္တရားရှိသည်။ ငါ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ရာတွင် မည်သည့်အကြောင်းပြချက်ကိုမျှ ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်ရာတွင် ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဤသည်မှာ ငါပြုမူနေထိုင်သည့် စည်းမျဉ်းဖြစ်သည်’ ဟူ၍ သင် စဉ်းစားသည်။ ဤတွင် သင်သည် ဇာတိပကတိ၏ ဘောင်ခတ်မှုများကို ကျော်လွန်ပြီးဖြစ်သည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ဘုရားသခင်ကို ယုံကြည်ဖို့အတွက် သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားသင့်တယ်၊ ပြီးတော့ ဘုရားသခင် ဖန်တီးပေးတဲ့ ပတ်ဝန်းကျင်တွေထဲမှာ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မတို့ ကောင်းချီးရရှိတာပဲဖြစ်ဖြစ်၊ ဆင်းရဲဒုက္ခ ကြုံရတာပဲဖြစ်ဖြစ် ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းရမယ်။ ဒါက ယုံကြည်သူတစ်ယောက် လျှောက်လှမ်းရမယ့် မှန်ကန်တဲ့ လမ်းကြောင်းပါပဲ။ အရင်တုန်းက ကျွန်မစိတ်နှလုံးထဲမှာ ကောင်းချီးရလိုတဲ့ လိုအင်ဆန္ဒတွေ ပြည့်နေခဲ့တယ်။ ကပ်ဘေးကျရောက်တဲ့အခါ အဲဒီကနေ အမြဲ လွတ်မြောက်ချင်ခဲ့တယ်။ ဘုရားသခင်ကို ပုန်ကန်တဲ့ အခြေအနေတစ်ခုမှာ ကျွန်မ ရှင်သန်နေခဲ့ပြီး အဲဒါက အရမ်းကို နာကျင်ပြီး ဆင်းရဲဒုက္ခများခဲ့တယ်။ ဒီနေ့မှာ ကျွန်မ သမ္မာတရားကို နားလည်လာခဲ့ပြီ။ အနာဂတ်မှာ ကောင်းချီးမင်္ဂလာတွေ လက်ခံရရှိတာပဲဖြစ်ဖြစ်၊ မရရှိတာပဲဖြစ်ဖြစ်၊ ကျွန်မ ကိုယ့်တာဝန်ကိုပဲ မြဲမြဲဆုပ်ကိုင်ထားပြီး သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲခြင်းကို ကောင်းကောင်းမွန်မွန် လိုက်စားဖို့ပဲ ဆန္ဒရှိတော့တယ်။ နောက်ပိုင်းမှာ ကျွန်မ အခြေအနေ ပုံမှန်ဖြစ်သွားပြီး တာဝန်ကို ငြိမ်းချမ်းတဲ့ စိတ်နှလုံးနဲ့ ထမ်းဆောင်နိုင်ခဲ့တယ်။ မိသားစု အခက်အခဲတွေ ရှိနေတုန်းပဲ ဆိုပေမဲ့ အဲဒါတွေကို တွေ့ကြုံဖို့ ဘုရားသခင်ကို မှီခိုဖို့ လိုလားခဲ့တယ်။ ဘုရားသခင်ကို ယုတ္တိမရှိတဲ့ တောင်းဆိုမှုတွေ မလုပ်တော့ဘူး၊ ကိုယ့်ရဲ့ အခက်အခဲကနေ ကိုယ်ပိုင်အစွမ်းအစတွေနဲ့ လွတ်မြောက်ဖို့ ကြိုးစားတာတွေကိုလည်း မတွေးတော့ဘူး။ သိတောင်မသိလိုက်ပါဘဲနဲ့ ဘုရားသခင်ရဲ့ လမ်းပြမှုကို ကျွန်မ စပြီး မြင်လာရတယ်။ ကျွန်မယောက်ျား ထောင်ကျနေတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ သမီးအကြီးမက သူ့ညီမလေးရဲ့ နေ့စဉ်လိုအပ်ချက်တွေနဲ့ စာလေ့လာမှုတွေကို ဂရုစိုက်ပေးခဲ့လို့ ကျွန်မ စိတ်ပူစရာ မလိုခဲ့ဘူး။ လျော်ကြေးကိစ္စနဲ့ ပတ်သက်ရင်တော့ သေဆုံးသူရဲ့ မိသားစုက ကျွန်မတို့ တကယ်မပေးနိုင်မှန်း မြင်ပြီး အဲဒီအမှုကို ဆက်မလိုက်တော့ဘူး။ ဘုရားသခင်က ကျွန်မဘဝရဲ့ အခက်ခဲဆုံးအချိန်ကို ဖြတ်သန်းနိုင်အောင် ဦးဆောင်ပေးရင်း တစ်ချိန်လုံး တိတ်တဆိတ် ကူညီပေးနေခဲ့မှန်း ကျွန်မ တကယ် ခံစားခဲ့ရတယ်။

အဲဒီ တစ်နှစ်ကျော်ကာလမှာ နာကျင်မှုနဲ့ ညှဉ်းပန်းမှုတချို့ကို ဖြတ်သန်းခဲ့ရပေမဲ့ ကျွန်မရဲ့တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့တဲ့ သဘာဝနဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ လျှောက်လှမ်းခဲ့တဲ့ မှားယွင်းတဲ့ လမ်းကြောင်းကို ကျွန်မ သိရှိလာခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သဘောပေါက်နားလည်မှုကိုလည်း ရရှိခဲ့တယ်။ ဘုရားသခင် စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးတဲ့ အရာအားလုံးက ကောင်းမွန်ပြီး ကျွန်မရဲ့ဘဝအတွက် အကျိုးရှိတယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဆင်းရဲဒုက္ခကြုံရတာ မကောင်းတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ ကျွန်မ တကယ် နားလည်လာခဲ့တယ်။ ဘယ်လို ဒုက္ခမျိုးကို တွေ့ကြုံရပါစေ၊ သမ္မာတရားကို နားလည်နိုင်ပြီး အသက်ကြီးထွားလာနိုင်ရင် အဲဒါက ဘုရားသခင်ရဲ့ ကောင်းချီးကို ရရှိတာပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အနာရောဂါကြားမှ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခြင်း

ကျန်းရှင်း၊ တရုတ်ပြည်လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ကျွန်မ ပြင်းထန်တဲ့ လေးဘက်နာရောဂါ ဖြစ်ခဲ့ပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲခဲ့ရပါတယ်။...

ကျွန်မရဲ့ တာဝန်မှာ တာဝန်ထမ်းရွက်ဖို့ ဘာကြောင့် ကြောက်ရွံ့သလဲ

ယီရွှိန်၊ ဂျပန်နိုင်ငံအရင်က ကျွန်မ အသင်းတော်မှာ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူခဲ့ဖူးတယ်။ တစ်နေ့မှာ ကျွန်မတို့ ခေါင်းဆောင်က ကျွန်မဆီလာပြီး...

ကောင်းချီးများကို လိုက်စားခြင်းသည် ဘုရားအလိုတော်နှင့် ညီပါသလား

ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။...

အသက်ကြီးလာခြင်းအတွက် ကျွန်မ စိုးရိမ်ပူပန်ခြင်းမရှိတော့ပါ

လူရန်၊ တရုတ်ပြည်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်မဟာ အသင်းတော်မှာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။