ဘုရားသခင်အပေါ် ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားနေတဲ့ အမြင်တွေကို ပြုပြင်ခဲ့ပါတယ်

18.03.2026

ယီရှင်း၊ တရုတ်ပြည်

၁၆ နှစ်သမီးအရွယ်တုန်းက ကျွန်မမှာ သွေးဥဆဲလ်နည်းပြီး သွေးမတိတ်တဲ့ရောဂါ ရှိမှန်း စစ်ဆေးတွေ့ရှိခဲ့တယ်။ နောက်တစ်နှစ်မှာပဲ အရေပြားလေးဖက်နာရောဂါ ထပ်ဖြစ်ပြန်ရော။ ဒီရောဂါမျိုးက ကုလို့မပျောက်ဘူး၊ ဆေးသောက်ပြီး ထိန်းထားလို့ပဲ ရတာလေ။ အဲဒီအချိန်ကစပြီး ကျွန်မဘဝက မှောင်မိုက်သွားတာပေါ့။ ကျွန်မမှာ နှစ်တိုင်းလိုလို ဆေးရုံတက်ရတယ်။ နောက်ပိုင်းကျတော့ ခြေလက်အဆစ်အမြစ်တွေက ရောင်ရမ်းပြီး ကိုက်ခဲလာလိုက်တာ တစ်ခါတလေ အရမ်းနာလို့ လမ်းတောင် မလျှောက်နိုင်တော့သလို ကိုယ့်ဆံပင်ကိုယ်တောင် မစည်းနိုင်တော့ဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုပုံစံဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ကျွန်မ ဝမ်းနည်းပြီး အားငယ်မိတယ်၊ ဘာလို့များ ငါ ဒီလိုရောဂါမျိုး ဖြစ်ရတာလဲပေါ့။ တစ်ခါတလေ နာလွန်းလို့ သေချင်စိတ်တောင် ပေါက်မိတယ်။ ဒါပေမဲ့ ကျွန်မအတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ပြေးလွှားလုပ်ကိုင်ပေးနေကြတဲ့ မိသားစုကို ကြည့်ပြီး မသေရက်ခဲ့ပါဘူး။ တစ်ရက်ပြီးတစ်ရက် ဒီလိုပဲ ဖြတ်သန်းခဲ့ရတာပေါ့။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်းကို လူတစ်ယောက်က ကျွန်မကို လာဟောပြောခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ရင် ဘုရားရဲ့ ဂရုစိုက်စောင့်ရှောက်မှုနဲ့ ကာကွယ်မှုကို ရနိုင်တယ်လို့ ကြားလိုက်ရတော့ စိတ်ပျက်အားငယ်နေတဲ့ ကျွန်မအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာသလိုဖြစ်ပြီး ဝမ်းပန်းတသာနဲ့ လက်ခံခဲ့လိုက်တယ်။ တစ်နှစ်ကြာတော့ ကျွန်မကျန်းမာရေး အတော်လေး သက်သာလာတယ်။ ကျွန်မစိတ်ထဲမှာ ဘုရားသခင်ကို အရမ်းကျေးဇူးတင်မိပြီး တစ်နေ့ကျရင် ကျွန်မရောဂါ လုံးဝပျောက်ကင်းသွားပြီး ပုံမှန်လူတစ်ယောက်လို နေနိုင်ရမယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်၊ ဧပြီလ ရက်တစ်ရက်မှာ ရုတ်တရက် နှာခေါင်းသွေးတွေက ထိန်းလို့မရအောင်ကို လျှံကျလာတယ်။ သွေးတွေက ဒလဟောထွက်လာလိုက်တာ ဘယ်လိုမှ တိတ်မသွားဘူး။ တစ်ရှူးတွေနဲ့ ကျွန်မ ဆက်တိုက်သုတ်နေပေမဲ့ ခဏလေးအတွင်းမှာ ကြမ်းပြင်တစ်ခုလုံး သွေးတွေစိုနေတဲ့ တစ်ရှူးတွေ ပြည့်သွားတယ်။ အဲဒီအချိန်မှာ အိမ်မှာ ကျွန်မတစ်ယောက်တည်း ရှိနေတာလေ။ ကြောက်စိတ်တွေက တစ်လိပ်လိပ်တက်လာပြီး ကြောက်လန့်ပြီး ဘာလုပ်ရမှန်းမသိဘဲ ချုံးပွဲချငိုမိတော့တာပေါ့။ အဲဒီအခိုက်အတန့်မှာ ဘုရားသခင်ကို သတိရသွားပြီး “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်မကို ကယ်ပါဦး...” လို့ အော်ဟစ်ဆုတောင်းမိတယ်။ ကျွန်မ ဘုရားသခင်ကို ဆက်တိုက် အော်ဟစ်ခေါ်ပေမဲ့ နှာခေါင်းသွေးက တိတ်မသွားဘူး။ မျက်နှာကြက်ကိုငေးကြည့်ရင်း ကျွန်မ စိတ်ပျက်အားငယ်သွားတယ်၊ သေခြင်းတရားက ကိုယ်နဲ့ ဒီလောက်နီးကပ်နေမှန်း ပထမဆုံးအကြိမ် ခံစားလိုက်ရတာပဲ။ “သေမယ်ဆိုလည်း သေပါစေတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်လွှဲလို့မှ မရတာ၊ သေသွားတော့လည်း လွတ်တာပေါ့...” လို့ တွေးမိတယ်။ နောက်တော့ မိဘတွေက အိမ်ကို အမြန်ပြန်ရောက်လာပြီး ကျွန်မကို ဆေးရုံ အလောတကြီး ပို့ကြတယ်။ ဆေးရုံတက်နေတုန်း ကျွန်မ တွေးမိတယ်။ “ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာ ဘေးကင်းလုံခြုံဖို့အတွက်ပဲ မဟုတ်ဘူးလား။ အခု ငါ ဘုရားကို ယုံကြည်နေရက်နဲ့ ဘာလို့ ဒီလိုကိစ္စမျိုး ဖြစ်ရသေးတာလဲ။ ဘုရားသခင် တကယ်ရှိတယ်ဆိုရင် ငါ အော်ဟစ်ဆုတောင်းတုန်းက တန်ခိုးပြပြီး ငါ့နှာခေါင်းသွေး တိတ်သွားအောင် လုပ်ပေးသင့်တာပေါ့။ ဒါပေမဲ့ ဘုရားသခင်က ဘာလို့ ငါ့ကို မကုပေးတာလဲ။ ဘာလို့ ငါ့ရောဂါကို ပြန်ထစေတာလဲ။ ဒီလိုဆို ငါ ဘုရားသခင်ကို ယုံကြည်နေလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ။ မယုံတာကမှ ပိုကောင်းဦးမယ်” ပေါ့။ ဆေးရုံဆင်းပြီး အိမ်ပြန်ရောက်တော့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ခေါင်းဆောင်ဆီ ပြန်အပ်လိုက်ပြီး ဘုရားသခင်ကို ဆက်မယုံကြည်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်ပိုင်းကျတော့ အသင်းတော်က ညီအစ်ကို မောင်နှမတွေ ကျွန်မအခြေအနေကို သိသွားကြပြီး ကျွန်မကို ကူညီဖေးမပေးဖို့ ရောက်လာကြတယ်။ ပြီးတော့ သူတို့က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြကြတယ်။ “ယောဘသည် စမ်းသပ်မှုများကို ကြုံရသည့်အခါ ဘုရားသခင်နှင့် စာတန်တို့သည် တစ်ဦးနှင့်တစ်ဦး အလောင်းအစားလုပ်ခဲ့ကြပြီး ယောဘအား ဖိစီးနှိပ်စက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးခဲ့သည်။ ယောဘကို စစ်ကြောခဲ့သည်မှာ ဘုရားသခင်ပင် ဖြစ်ခဲ့သော်လည်း၊ သူ့အပေါ်ကျရောက်လာသူမှာ အမှန်တွင် စာတန်ဖြစ်ခဲ့သည်။ စာတန်အတွက်မှာမူ ယင်းသည် ယောဘကို အစုံအစမ်းပြုခြင်း ဖြစ်ခဲ့သော်လည်း၊ ယောဘမှာ ဘုရားသခင်ဘက်တွင် ရှိခဲ့သည်။ အကယ်၍ ထိုသို့မဟုတ်ခဲ့ပါက ယောဘမှာ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခဲ့ပြီး ဖြစ်မည်။ လူတို့သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘေးအန္တရာယ်ထဲသို့ ကျရောက်သွားကြသည်။ စစ်ဆေးမှုခံရခြင်းကို ဘုရားသခင်ထံမှ စမ်းသပ်မှုဖြစ်သည်ဟု ဆိုနိုင်သော်လည်း၊ အကယ်၍ သင်သည် ကောင်းမွန်သောအခြေအနေ၌ ရှိမနေပါက၊ ယင်းကို စာတန်ထံမှ စုံစမ်းသွေးဆောင်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ သင်သည် ရူပါရုံအကြောင်း မရှင်းလင်းပါက၊ စာတန်သည် သင့်ကိုစွပ်စွဲကာ ရူပါရုံနှင့်ဆိုင်သော ကဏ္ဍတွင် သင့်ကို ကာဆီးထားလိမ့်မည်။ သင်မသိလိုက်မီ စုံစမ်းသွေးဆောင်ခြင်းထဲသို့ သင်ကျရောက်သွားမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ညီအစ်မတစ်ယောက်က မိတ်သဟာယဖွဲ့တယ်။ “ဒီနေ့ခေတ်မှာ ဘုရားသခင်က ကျွန်မတို့ကို ကယ်တင်တဲ့အမှုကိုပြုဖို့ ကြွလာခဲ့ပါပြီ။ ဒါပေမဲ့ စာတန်က ကျွန်မတို့အပေါ်ကို မကောင်းတဲ့ကိစ္စတွေ ဖြစ်အောင်လုပ်ပြီး ကျွန်မတို့ကို အဆက်မပြတ် နှောင့်ယှက်နေတယ်။ သူ့ရည်ရွယ်ချက်က ကျွန်မတို့ကို ဘုရားသခင်အပေါ် ညည်းတွားစေချင်တာ၊ ဒါမှမဟုတ် ဘုရားသခင်ကို ငြင်းပယ်ပြီး စွန့်ပစ်သွားအောင် လုပ်ချင်တာလေ၊ အဲဒါမှ အဆုံးကျရင် သူက ကျွန်မတို့ကို ဝါးမျိုးလို့ရမှာကိုး။ စာတန်ရဲ့ လှည့်ကွက်တွေကို ကျွန်မတို့ ထိုးဖောက်သိမြင်ရမယ်။ အဲဒါက ယောဘက စမ်းသပ်မှုတွေ ကြုံရတုန်းကလိုပါပဲ။ အဲဒီတုန်းက စာတန်က ဝိညာဉ်ရေးရာနယ်ပယ်မှာ ယောဘကို စွပ်စွဲခဲ့တယ်။ ယောဘက ဘုရားသခင် သူ့ကို ကောင်းချီးတွေ အများကြီးပေးထားလို့သာ ဘုရားသခင်ကို ကြောက်ရွံ့တာ၊ တကယ်လို့ သူပိုင်ဆိုင်သမျှကို ဖျက်ဆီးလိုက်ရင် ဘုရားသခင်ကို သူ သေချာပေါက် စွန့်ပစ်လိမ့်မယ်လို့ ပြောခဲ့တာလေ။ အဲဒီနောက်မှာ စာတန်က ယောဘကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတော့တာပေါ့။ ယောဘရဲ့ သားသမီးတွေနဲ့ ကြွယ်ဝလှတဲ့ စည်းစိမ်ဥစ္စာတွေကို ဖယ်ရှားပစ်လိုက်ပြီး သူ့တစ်ကိုယ်လုံးမှာ အနာစိမ်းတွေ ပေါက်အောင်တောင် လုပ်ခဲ့တယ်။ အဲဒါတွေအားလုံးက ယောဘ ဘုရားသခင်ကို စွန့်ပစ်သွားအောင်လို့ လုပ်ခဲ့တာလေ။ ဒါပေမဲ့ ယောဘက ဘုရားသခင်အပေါ်ထားတဲ့ ယုံကြည်ခြင်းကို မြဲမြဲဆုပ်ကိုင်ထားခဲ့တယ်၊ မညည်းတွားခဲ့ဘူး၊ ဘုရားသခင်ရဲ့ နာမတော်ကိုတောင် ချီးမွမ်းပြီး ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ခဲ့တယ်။ နောက်ဆုံးကျတော့ စာတန်လည်း အရှက်တကွဲ ဆုတ်ခွာသွားရတာပေါ့။ ဒါဟာ စာတန်က လူတွေကို လှည့်စားပြီး ဒုက္ခပေးရတာ ကြိုက်တယ်ဆိုတာ၊ ပြီးတော့ သူ့ရည်ရွယ်ချက်က လူတွေကို ဘုရားသခင်နဲ့ ဝေးကွာသွားစေဖို့နဲ့ ဘုရားသခင်ကို သစ္စာဖောက်သွားစေဖို့ ဖြစ်တယ်ဆိုတာကို ပြနေတယ်။ ဒီနေ့ ညီမက ရောဂါပြန်ထတာလေးတစ်ခုတည်းနဲ့ ဘုရားသခင်ကို မယုံကြည်တော့ဘူးဆိုတော့ စာတန်ရဲ့ လှည့်ကွက်ထဲ တန်းဝင်သွားတာ မဟုတ်ဘူးလား” တဲ့။ ညီအစ်မရဲ့ မိတ်သဟာယကို ကြားပြီးတဲ့နောက်မှာ ကျွန်မ ခေါင်းထဲမှာ တစ်ခုခု ရှင်းသွားသလိုပဲ။ ဒီရောဂါက ကျွန်မအတွက် စမ်းသပ်မှုတစ်ခုဖြစ်ပြီး ကျွန်မ ဘုရားသခင်ဘက်မှာ ရပ်တည်မလား၊ စာတန်ဘက်မှာ ရပ်တည်မလားဆိုတာကို ကြည့်ဖို့ဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မသာ တကယ် မယုံကြည်တော့ဘူးဆိုရင် စာတန်ရဲ့ အကြံအစည်က အောင်မြင်သွားမှာပေါ့။ ဒါကို တွေးမိပြီးတော့ ဘုရားသခင်ကို ဆက်ယုံကြည်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ကျွန်မလည်း အသင်းတော်ကို “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်တစ်အုပ် တောင်းလိုက်ပြီး နေ့တိုင်း အိမ်မှာ ဘုရားနှုတ်ကပတ်တော်တွေကို လေးလေးနက်နက် စဖတ်တော့တာပေါ့။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ လူတွေရဲ့ ရောဂါနဲ့ နာကျင်မှုရဲ့ အရင်းအမြစ်ကို ကျွန်မ နားလည်လာတယ်။ အစအဦးတုန်းက ဘုရားသခင်ဟာ အာဒံနဲ့ ဧဝကို ဖန်ဆင်းခဲ့ပြီး သူတို့က ဧဒင်ဥယျာဉ်ထဲမှာ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတယ်။ ဒါပေမဲ့ စာတန်ရဲ့ သွေးဆောင်မှုကြောင့် သူတို့ဟာ ကောင်းမကောင်း သိကျွမ်းရာအပင်က အသီးကို စားခဲ့မိကြတယ်။ အဲဒီအချိန်ကစပြီး သူတို့ဟာ အပြစ်ထဲမှာ အသက်ရှင်ခဲ့ကြတာဖြစ်လို့ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနဲ့ သေခြင်းတရားတွေ ဖြစ်လာခဲ့တာပါ။ လူသားမျိုးနွယ်က စာတန်ကြောင့် ပိုပိုပြီးဖောက်ပြန်ပျက်စီးလာကြတော့ လူတွေက ဘုရားသခင်နဲ့ ပိုပိုဝေးကွာလာကြတယ်၊ သူတို့ရဲ့ ရောဂါနဲ့ နာကျင်မှုတွေက ပိုပြင်းထန်လာပြီး သူတို့ရဲ့ ဘဝတွေက ပိုပိုပြီး ဆင်းရဲဒုက္ခရောက်လာကြတယ်။ ဒီတစ်ကြိမ်မှာတော့ ဘုရားသခင်က တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း အလုပ်ကို လုပ်ဖို့ ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူခဲ့တယ်၊ လူရဲ့ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ဖို့ သမ္မာတရားကို ဖော်ပြပြီး စာတန်ရဲ့ အာဏာအောက်ကနေ လူကို လုံးဝ ကယ်တင်ဖို့၊ လူကို မူလပုံသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေဖို့နဲ့ လူကို ကောင်းမွန်တဲ့ ပန်းတိုင်ဆီ ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။ အနာဂတ်မှာ နာကျင်မှုတွေ၊ မျက်ရည်ကျတာတွေ ရှိမှာမဟုတ်ဘူး။ ဒါတွေအားလုံးကို နားလည်လိုက်တဲ့အခါ ကျွန်မ အရမ်းကို စိတ်ထဲမှာ ခံစားလိုက်ရတယ်။ လူသားအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ မေတ္တာက အရမ်းကြီးမားတယ်လို့ ကျွန်မ ခံစားရပြီး သမ္မာတရားကို လေးလေးနက်နက် လိုက်စားဖို့နဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး ကျွန်မရဲ့ ယုံကြည်ခြင်းမှာရှိတဲ့ မသန့်စင်မှုတွေ၊ ပြောချင်တာက ကောင်းချီးတွေလိုက်စားဖို့ ကျွန်မရဲ့ ရည်ရွယ်ချက်ကို နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရနိုင်လိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူများအပေါ် ငါ၏ အမျက်ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းယူချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထောင်းခနဲထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင် ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်က လူတွေရဲ့ စိတ်နှလုံးအတွင်းပိုင်းထဲထိ တကယ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှန်း ကျွန်မ ခံစားလိုက်ရတယ်။ ကျွန်မယုံကြည်ခြင်းမှာရှိတဲ့ ကောင်းချီးတွေကို လိုက်စားတဲ့ ရည်ရွယ်ချက်ကို သူ အပြည့်အဝ ဖော်ထုတ်ခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာက သူ့ဆီကနေ ကျေးဇူးတော်ရဖို့နဲ့ ကျွန်မရောဂါကို ကုသပေးစေဖို့ သက်သက်ပါပဲ။ အစတုန်းက ရောဂါပျောက်ဖို့အတွက် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ ဝမ်းပန်းတသာ လက်ခံခဲ့တာလေ။ ဘုရားသခင်က ကျွန်မကို ငြိမ်သက်ခြင်းနဲ့ ကောင်းချီးတွေ ပေးသနားပြီး ကျန်းမာရေး သက်သာလာတဲ့အခါ ကျွန်မက ကိုယ်တော့်ကို ကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်းတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်မရောဂါ ပြန်ထလာပြီး ကိုယ်တော့်ကို အော်ဟစ်ဆုတောင်းပြီးတဲ့နောက်မှာတောင် နှာခေါင်းသွေးက မတိတ်တဲ့အခါ ဘုရားသခင်က ကျွန်မကို မကာကွယ်ပေးဘူးဆိုပြီး ကျွန်မ ညည်းတွားခဲ့တယ်၊ ပြီးတော့ ကိုယ်တော့်ကို စသံသယဝင်လာပြီး ယုံကြည်တာကို ရပ်ပစ်ချင်တဲ့အထိတောင် ဖြစ်ခဲ့တာ။ ကျွန်မက ဘုရားသခင်ကို တကယ် မယုံကြည်ခဲ့မှန်း၊ ကျွန်မရဲ့ ယုံကြည်ခြင်းက ကောင်းချီးရဖို့ သက်သက်ဖြစ်မှန်း ကျွန်မ မြင်သွားတယ်။ ဘုရားသခင်ကို ဆရာဝန်တစ်ယောက်လို ကျွန်မ သဘောထားခဲ့သလို၊ ကျွန်မရဲ့ တာဝန်မှာ အသုံးခံတာကလည်း ဘုရားသခင်ကို ကျွန်မရောဂါ ကုပေးအောင်လုပ်ဖို့ ရည်ရွယ်တာပဲလေ။ ဒါက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ သက်သက် ကြိုးစားနေတာပဲ၊ ဒါက ဘုရားသခင်ကို လိမ်လည်လှည့်ဖြားတာပဲ။ လူတွေကို ဘုရားသခင်က ဖန်ဆင်းခဲ့တာဖြစ်ပြီး ဘာအရောင်းအဝယ်မှ လုပ်ဖို့မကြိုးစားဘဲ၊ ဘာတောင်းဆိုမှုမှ မပြုလုပ်ဘဲ ကိုယ်တော့်ကို ယုံကြည်ပြီး ကိုးကွယ်သင့်တာပါ။ ဒါပေမဲ့ ကိုယ်တော့်ကို ယုံကြည်တဲ့အတွက် ဘုရားသခင်က ကျွန်မကို ကုပေးသင့်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ရောဂါပြန်ထတဲ့အချိန်မှာ ကိုယ်တော့်ကို ကျွန်မ ညည်းတွားခဲ့တယ်၊ ပြီးတော့ ကိုယ်တော့်ကို သစ္စာဖောက်ပြီး စွန့်ပစ်တာတောင်လုပ်ခဲ့တယ်။ ကျွန်မက ဘယ်လိုဖြစ်ပြီး အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့ရတာလဲ။ ဘုရားသခင်သာ ကျွန်မကို ကူညီ၊ ဖေးမဖို့အတွက် ညီအစ်ကို မောင်နှမတွေကို အသုံးမပြုခဲ့ရင် ကျွန်မက စာတန်ရဲ့ ဒုက္ခပေးတာ၊ ဝါးမျိုးတာကို ခံရမှာပဲ။ ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒါကို သဘောပေါက်လိုက်တဲ့အခါ၊ ဘုရားသခင်ဆီ ကျွန်မ နောင်တရပြီး အပြစ်ဝန်ချခဲ့တယ်။ ကောင်းချီးရလိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားသခင်ကို ဆက်မယုံကြည်တော့ဖို့ ဆုံးဖြတ်လိုက်ပြီး၊ ကျွန်မရောဂါကို ဘုရားလက်ထဲအပ်ပြီး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအမံတွေကို ကျိုးနွံနာခံစိတ်ရှိလာခဲ့တယ်။

ဆေးရုံဆင်းပြီးတဲ့နောက်၊ သွေးဥဆဲလ်ပမာဏက ပုံမှန်နီးပါး ပြန်ဖြစ်သွားပေမဲ့ အပတ်စဉ် ဆေးစစ်တဲ့အခါတိုင်း ဆက်တိုက် ကျဆင်းနေခဲ့ပြီး ကျွန်မခန္ဓာကိုယ်ပေါ်မှာ အညိုအမည်းကွက်လေးတွေ စပေါ်လာတယ်။ ဆရာဝန်က ဆေးကို အများဆုံးပမာဏအထိ တိုးပေးလိုက်ပေမဲ့ ကျွန်မအခြေအနေက သက်သာမလာလို့ ဆေးရုံပြန်တက်ရပြန်ရော။ ကျွန်မ အရမ်းအားနည်းပြီး စိတ်ပူမိတယ်၊ “ငါ အခု ဘုရားသခင်ကို သေချာ ယုံကြည်ဖို့ ကြိုးစားနေတာပဲ၊ ဒါဆို ဘာလို့ သွေးဥဆဲလ်ပမာဏ တက်လာအောင် သူ မလုပ်ပေးတာလဲ” ဆိုပြီး တွေးမိတယ်။ ကျွန်မက ဘုရားသခင်ကို တောင်းဆိုနေမိမှန်း သတိပြုမိလိုက်တော့ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်မ တောင်းဆိုတာတွေမလုပ်သင့်မှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဝိညာဉ်အသက်တာက အရမ်း နုနယ်သေးပြီး ကိုယ်တော့်ကို ဘယ်တော့မှ အပြည့်အဝ မကျိုးနွံမနာခံနိုင်ဖြစ်နေရပါတယ်။ ဘုရားသခင်၊ ကျွန်မကို လမ်းပြပြီး ယုံကြည်ခြင်း ပေးသနားပါ” ပေါ့။ အဲဒီအခါ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “မနက်ဖြန် မည်သို့ဖြစ်မည်၊ အနာဂတ်သည် မည်သို့ဖြစ်မည်ကို မစိုးရိမ်နှင့်။ နေ့စဉ် အသက်ရှင်ရန် သင်သည် ငါ့အပေါ် အမှီပြုသရွေ့၊ ငါသည် သင့်ကို ဧကန်မုချ ဦးဆောင်လမ်းပြမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၈))ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်။ အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း မိမိတို့၏ အသက်ကို ပေးရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို အလင်းပေးပြီး ဉာဏ်အလင်းဖွင့်ပြဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) စိုးရိမ်တာ၊ ကြောက်တာနဲ့ဆိုင်တဲ့ အတွေးတွေအားလုံးက စာတန်ဆီက လာမှန်း၊ အချိန်တိုင်း ဘုရားသခင်ကို မှီခိုပြီး ကိုယ့်အသက်ကို စွန့်စားလိုတဲ့ စိတ်ဆန္ဒရှိမှသာ ကျွန်မရဲ့ ကြောက်ရွံ့မှုကို ဖယ်ရှားနိုင်ပြီး စာတန်ကို အောင်နိုင်မှာဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်း ပေးခဲ့တယ်။ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး အရာရာကို စီမံအုပ်စိုးတယ်။ ကျွန်မရောဂါက သူ့လက်ထဲမှာပါ။ ဘာပဲဖြစ်ပါစေ၊ အဲဒါကို တွေ့ကြုံဖို့ ဘုရားသခင်ကို ကျွန်မ မှီခိုလိုပါတယ်။ ကျွန်မဘေးမှာ ဘုရားသခင်ရှိနေတော့ ဘာမှကြောက်စရာ မရှိပါဘူး။ ကျွန်မလို ရောဂါသည်၊ မပြောပလောက်တဲ့ လူတစ်ယောက်က ဒီနေ့ ဘုရားသခင်ရှေ့မှောက် ရောက်လာပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေကို မွေ့လျော်ခံစားရတာကတင် ကိုယ်တော့်ရဲ့ ကျေးဇူးတော်နဲ့ မြှင့်တင်ပေးမှု ဖြစ်နေပါပြီ။ တစ်နေ့ ကျွန်မ သေသွားရင်တောင်၊ ကျွန်မဘဝက အလဟဿဖြစ်မှာ မဟုတ်ပါဘူး။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မစိတ်ထဲမှာ သိပ်မပူတော့သလို မကြောက်တော့ဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်မ ကျိုးနွံနာခံလိုစိတ် ရှိလာပြီး ပုံမှန်အတိုင်း ဘုရားနှုတ်ကပတ်တော်တွေကို နေ့တိုင်း ဆက်ဖတ်ဖြစ်တယ်။ နောက်ပိုင်းကျတော့ ဆရာဝန်က ဆေးလျှော့ပေးလိုက်တယ်၊ အံ့ဩစရာကောင်းတာက သွေးဥဆဲလ်ပမာဏက တကယ် တက်လာပါလေရော။ မကြာခင် ကျွန်မ ဆေးရုံဆင်းရတယ်။ ဘုရားသခင်ကို စိတ်ထဲကနေ အဆုံးမရှိ ကျေးဇူးတင်ခဲ့တယ်။ အရာရာမှာ ဘုရားသခင်က အဆုံးအဖြတ်ပေးမှန်း ကျွန်မ မြင်ခဲ့ရပြီး သူ့အပေါ်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ခြင်း တိုးလာခဲ့တယ်။ အဲဒီနောက်ပိုင်း သွေးဥဆဲလ်ပမာဏက လတိုင်း တက်လာပြီး သုံးလေးလကြာတော့ လုံးဝ ပုံမှန်ပြန်ဖြစ်သွားတယ်။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးကို ကျွန်မ မအံ့ဩဘဲ မနေနိုင်ခဲ့သလို ဘုရားသခင်က အရာရာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားတာကို လေးလေးနက်နက် နားလည်သဘောပေါက်ခဲ့တယ်။ သူ့အပေါ် ကျေးဇူးတင်တဲ့စိတ်တွေ ကျွန်မရင်ထဲမှာ ပြည့်နေခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ဖတ်ပြီး ကျွန်မပြဿနာတွေနဲ့ပတ်သက်လို့ နားလည်မှုအသစ်တစ်ခု ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသား၏ အယူအဆများတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အစဉ်အမြဲ ပြသရမည်၊ မကျန်းမာသောသူများကို အစဉ်အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အစဉ်အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ ယေရှုကဲ့သို့ အစဉ်အမြဲ ဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင် ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက၊ သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သည့်အပြင် ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။...ယနေ့ ဘုရားသခင်၏ အမှုသည် အဘယ်ကြောင့် ယေရှု၏ အမှုနှင့် မတူ ကွဲပြားရသနည်း။ ယနေ့ ဘုရားသခင်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသနည်း၊ နတ်ဆိုးများကို မနှင်ထုတ်သနည်း၊ ပြီးလျှင် အဘယ်ကြောင့် မကျန်းမာသောသူများကို အနာမငြိမ်းစေသနည်း။ ယေရှု၏ အမှုသည် ပညတ်တော်ခေတ်အတွင်း လုပ်ဆောင်ခဲ့သော အမှုနှင့် တူညီခဲ့မည်ဆိုပါက၊ သူသည် ကျေးဇူးတော်ခေတ်၏ ဘုရားသခင်ကို ကိုယ်စားပြုပြီး ဖြစ်နိုင်မည်လော။ သူသည် ကားစင်တင်ခံရခြင်း အမှုကို ပြီးစီးပြီး ဖြစ်နိုင်မည်လော။ ပညတ်တော်ခေတ်ထဲကကဲ့သို့ ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်ပြီး ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ပါက၊ သူသည် မည်သူမျှ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရမည် မဟုတ်သကဲ့သို့၊ အားလုံးက ကြိုဆိုလက်ခံခဲ့ကြမည် ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့မည်ဆိုပါက၊ သူသည် ကားစင်တင်ခံရပြီး ဖြစ်နိုင်မည်လော။ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးပြီးဖြစ်နိုင်မည်လော။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် ယေရှုပြုခဲ့သကဲ့သို့ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသမည်ဆိုပါက၊ အဘယ် အဓိပ္ပာယ် ရှိမည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ့အမှု၏ နောက်တစ်ပိုင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းကို ကိုယ်စားပြုသည့် အရာတစ်ခုကို လုပ်မှသာ၊ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သာ၍ နက်ရှိုင်းသော အသိပညာကို ရရှိနိုင်ပြီး ထိုအခါမှသာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးစီးနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သိကျွမ်းခြင်း)ယနေ့တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင် ပြီးမြောက်သည်မှာ အဓိကအားဖြင့် ‘နှုတ်ကပတ်တော် လူ့ဇာတိခံယူသည်’ ဟူသည့် အချက်ဖြစ်သည်ကို သင်တို့အားလုံးအဖို့ ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပေသည်။ ကမ္ဘာမြေပေါ်က သူ၏ တကယ့်အမှုမှတစ်ဆင့်၊ လူသားက သူ့ကို သိရန်နှင့် သူနှင့် ထိတွေ့ဆက်ဆံရန်၊ ပြီးလျှင် သူ၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များကို မြင်ရန် သူ လုပ်ဆောင်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်သကဲ့သို့၊ ထိုသို့ သူမလုပ်ဆောင်နိုင်သော အချိန်များလည်း ရှိသည်ကို ဘုရားသခင်သည် လူသားအား ရှင်းရှင်းလင်းလင်း တွေ့မြင်စေသည်။ ဤသည်မှာ ခေတ်အပေါ် မူတည်ပေသည်။ ဤအရာမှ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်စွမ်း မရှိဘဲ၊ ယင်းအစား လုပ်ဆောင်ရမည့် အမှုနှင့် အညီ၊ ပြီးလျှင် ခေတ်နှင့်အညီ သူ၏ အမှုပြုခြင်း နည်းလမ်းအား ပြောင်းလဲသည်ကို သင် မြင်နိုင်ပေသည်။ အမှု၏ လတ်တလောအဆင့်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသပေ။ ယေရှုခေတ်၌ နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်ရာအချို့ကို သူပြသခဲ့သည်မှာ ထိုခေတ်၌ သူ၏အမှုသည် မတူကွဲပြားသောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ထိုအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူအချို့က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူ ပြသနိုင်စွမ်းမရှိဟု ယုံကြည်ကြသည် သို့မဟုတ်ပါက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူမပြလျှင်၊ ဘုရားသခင် မဟုတ်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ယင်းမှာ အတွေးမှားတစ်ခု မဟုတ်လော။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်သော်လည်း၊ သူသည် မတူကွဲပြားသောခေတ်တွင် အမှုပြုနေခြင်းဖြစ်သောကြောင့်၊ ထိုကဲ့သို့သောအမှုကို သူ မလုပ်ဆောင်ပေ။ ဤသည်မှာ မတူကွဲပြားသော ခေတ်ဖြစ်သောကြောင့်၊ ဘုရားသခင်က ထုတ်ဖော်သည့် လုပ်ဆောင်ချက်သည်လည်း မတူကွဲပြားလေသည်။ ဘုရားသခင်၌ လူသား၏ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌ ယုံခြင်းမဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများ၌လည်း ယုံခြင်းမဟုတ်ဘဲ၊ အသစ်သောခေတ်အတွင်း သူ၏ လက်တွေ့ကျသော အမှုကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုသည့် နည်းဟန်မှတစ်ဆင့် လူသားသည် ဘုရားသခင်ကို သိလာပြီး ဤအသိပညာက လူ၏အထဲ၌ ယုံကြည်မှု၊ ဆိုလိုသည်မှာ ဘုရားသခင်၏အမှုနှင့် လုပ်ဆောင်ချက်များ၌ ယုံကြည်မှုကို ဖြစ်ပေါ်စေသည်။...ခေတ်အသီးသီးတွင်၊ ဘုရားသခင်သည် မတူကွဲပြားသော လုပ်ဆောင်ချက်များကို ထုတ်ဖော်သည်။ ခေတ်အသီးသီးတွင်၊ သူသည် သူ၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ဒေသကို ထုတ်ဖော်ပြီး၊ ခေတ်အသီးသီး၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုလေသည်။ ဘုရားသခင် ထုတ်ဖော်သည့် လုပ်ဆောင်ချက်သည် သူ အမှုပြုသည့် ခေတ်နှင့်အတူ ခြားနား၏၊ သို့သော် ယင်းတို့အားလုံးသည် လူသားအား သာ၍ နက်ရှိုင်းသည့် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာ၊ သာ၍ စစ်မှန်ကာ ျခိုင်မာသော ဘုရားသခင်၌ ယုံကြည်မှုကို ပေးလေသည်။ လူက ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကြောင့်၊ ဘုရားသခင်သည် အလွန်အံ့ဖွယ်၊ အလွန်ကြီးမြတ်သောကြောင့်၊ သူသည် အနန္တတန်ခိုးရှိပြီး နားလည်၍မရနိုင်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သိကျွမ်းခြင်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် နေမကောင်းဖြစ်တုန်းက ကျွန်မ ထုတ်ဖော်ခဲ့တဲ့ အယူအဆက ဒါပဲဆိုတာ သဘောပေါက်လိုက်တယ်။ သူသာ ဘုရားသခင်ဆိုရင် နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေကို ပြသင့်တယ်၊ လူနာတွေကို ကုပေးပြီး နတ်ဆိုးတွေကို နှင်ထုတ်ပေးသင့်တယ်၊ အဲဒီလိုမလုပ်ရင် ဘုရားသခင် မဟုတ်ဘူး ဆိုတဲ့ အယူအဆပေါ့။ ကျွန်မရဲ့ အမြင်က အရမ်း ရယ်စရာကောင်းပြီး အဓိပ္ပာယ်မဲ့လွန်းလိုက်တာ။ စာတန်နဲ့ နတ်ဆိုးတွေလည်း လူတွေကို ကုပေးဖို့ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတချို့ ပြပြီး ဘုရားသခင်ကို တုပနိုင်တာပဲ။ ဒါဆို သူတို့ကို ဘုရားသခင်လို့ ခေါ်လို့ရလား။ ဒါ ဘုရားသခင်ကို ပြစ်မှားစော်ကားတာ မဟုတ်ဘူးလား။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်တယ်။ အရာခပ်သိမ်းကို အုပ်စိုးပြီး အချုပ်အခြာအာဏာ ကိုင်စွဲသူဖြစ်တယ်။ လူသားမျိုးနွယ်ကို လမ်းပြပြီး ကယ်တင်နိုင်တယ်။ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြဖို့ ဘုရားသခင်က လူ့ဇာတိခံယူခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံတာကတစ်ဆင့် လူတွေက သူတို့ရဲ့ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားနိုင်ပြီး ကယ်တင်ခြင်းရနိုင်တယ်။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရနိုင်တယ်။ ဒီလိုအလုပ်မျိုးနဲ့ ဒီလို နှုတ်ကပတ်တော်မျိုးတွေက လူနာတွေကို ကုပေးပြီး နတ်ဆိုးတွေကို နှင်ထုတ်ဖို့ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေ ပြတဲ့ ဘုရားသခင်ရဲ့ အာဏာနဲ့ တန်ခိုးထက် အများကြီး သာလွန်ပါတယ်။ ဒါက ဘယ်ဖန်ဆင်းခံလူသား၊ စာတန်၊ ဒါမှမဟုတ် ဘယ်နတ်ဆိုးမှ မစွမ်းဆောင်နိုင်တဲ့အရာပါ။ အခုခေတ်မှာ လူတစ်ယောက်က ဘုရားဟုတ်မဟုတ်ဆိုတာကို အဲဒီလူက လူနာတွေကို ကုပေးနိုင်လား၊ အံ့ဖွယ်ရာတွေ ပြနိုင်လားဆိုတာအပေါ် အခြေခံပြီး လူဘယ်နှစ်ယောက်ကများ ဆုံးဖြတ်နေကြသလဲဆိုတာ ကျွန်မ တွေးမိတယ်။ စာတန်နဲ့ နတ်ဆိုးတွေက သူတို့ကို အကျိုးအမြတ်နည်းနည်း ပေးတဲ့အခါ၊ ဒါမှမဟုတ် အံ့ဖွယ်ရာတချို့ ပြတဲ့အခါ သူတို့က ကိုးကွယ်ကြတယ်၊ စာတန်ကို စစ်မှန်တဲ့ ဘုရားသခင်လို ဆက်ဆံကြတယ်။ သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်တင်နိုင်တဲ့ စစ်မှန်တဲ့ ဘုရားသခင်ကျတော့ တံခါးပိတ်ထားကြတယ်။ ရလဒ်အနေနဲ့ ကယ်တင်ခံရဖို့ အခွင့်အရေး ဆုံးရှုံးကြရတယ်။ ဒီလိုအမြင်မျိုးက တကယ် အဓိပ္ပာယ်မဲ့ပြီး ပျက်စီးစေတာပဲ။ လူနာတွေကို ကုပေးတာ၊ မကောင်းဆိုးဝါးတွေကို နှင်ထုတ်တာ၊ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေ ပြတာက ကျေးဇူးတော်ခေတ်မှာ ဘုရားသခင် လုပ်ခဲ့တဲ့အလုပ် ဖြစ်တယ်ဆိုတာကိုလည်း ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က အဲဒီအတိုင်း ထပ်လုပ်ရင် ထပ်နေမှာပေါ့။ ဘုရားသခင်က လူနာတွေကို ကုပေးတာ၊ မကောင်းဆိုးဝါးတွေကို နှင်ထုတ်တာနဲ့ အံ့ဖွယ်ရာတွေ ပြတာတွေကို အမြဲလုပ်နေမယ်ဆိုရင် လူတိုင်းက သူတို့ရောဂါ ပျောက်သွားလို့၊ ဒါမှမဟုတ် အံ့ဖွယ်ရာတစ်ခုကို မြင်လို့ဆိုပြီး ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်ကြမှာပါ။ ဒါဆိုရင် ဘယ်သူက တကယ်ယုံကြည်ပြီး ဘယ်သူက ယုံကြည်ဟန်ဆောင်တယ်ဆိုတာကို ဖော်ထုတ်လို့ရမှာ မဟုတ်ဘူး၊ တစ်ခုချင်းစီကို အမျိုးအစားအလိုက် ခွဲခြားဖို့ဆိုတာ ဝေးရောပေါ့။ ဒီတစ်ကြိမ်မှာတော့ ဘုရားသခင်က သူ့အမှုတော်မှာ နိမိတ်လက္ခဏာ ဒါမှမဟုတ် အံ့ဖွယ်ရာတစ်ခုလေးတောင် မပြပါဘူး၊ ဒါက လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပိုကောင်းကောင်း ထုတ်ဖော်ပေးနိုင်ပြီး သူတို့ကို ပြောင်းလဲဖို့နဲ့ သန့်စင်ဖို့အတွက် ပိုအထောက်အကူပြုပါတယ်။ ဥပမာ ကျွန်မကိုပဲ ကြည့်ပါဦး။ ဘုရားသခင်က ကျွန်မတောင်းဆိုသမျှကို တကယ် လိုက်လျောပြီး ကျွန်မရောဂါကို လုံးဝ ပျောက်ကင်းအောင် ကုပေးခဲ့မယ်ဆိုရင် ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေ၊ ဒါမှမဟုတ် ဘုရားသခင်နဲ့ အရောင်းအဝယ်လုပ်ဖို့ ကြိုးစားတဲ့ ကျွန်မရဲ့ စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်ကို ကျွန်မ ဘယ်တော့မှ ပြန်သုံးသပ်မိမှာ မဟုတ်ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ် အခြေခံပြီး ဘုရားသခင်ကို ကျွန်မ ဆက်ဘောင်ခတ်နေမိမှာ။ အဲဒီပုံစံနဲ့ ယုံကြည်နေရင် သမ္မာတရားနဲ့ အသက်ကို ကျွန်မ ဘယ်တော့မှ ရမှာမဟုတ်ဘူး၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ပြောင်းလဲမှာ မဟုတ်ဘဲ နောက်ဆုံးမှာ ကျွန်မ ဖယ်ရှားရှင်းလင်းခံရမှာ။ ဒီရောဂါဖြစ်တုန်းက ကျွန်မ ခန္ဓာကိုယ် နာကျင်မှုတချို့ ခံစားခဲ့ရပေမဲ့၊ ကျွန်မရဲ့ ဆင်းရဲဒုက္ခကြားကနေ ဆုတောင်းပြီး ဘုရားသခင်ကို မှီခိုတာကတစ်ဆင့် ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို ဉာဏ်အလင်းပေး လမ်းပြခဲ့တယ်၊ ရောဂါရဲ့ ဘောင်ခတ်မှုတွေကနေ၊ နာကျင်မှုနဲ့ ကြောက်ရွံ့မှုတွေထဲ အသက်ရှင်နေရတာတွေကနေ ကျွန်မကို လွတ်မြောက်စေခဲ့တယ်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတချို့လည်း ကျွန်မ ရခဲ့တယ်။ ဒါတွေက သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မ ဘယ်တော့မှ မရနိုင်တဲ့ အကျိုးကျေးဇူးတွေပါ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုတဲ့ ဘုရားသခင်ရဲ့ အမှုတော်က အရမ်းလက်တွေ့ကျပြီး အရမ်းဉာဏ်ပညာရှိမှန်း ကျွန်မ တကယ် ခံစားခဲ့ရတယ်။ ဒါကို နားလည်လိုက်တဲ့အခါ ဘုရားသခင်ဆီ ကျွန်မ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ အနာဂတ်မှာ ကျွန်မရောဂါ ဘာပဲဖြစ်ဖြစ်၊ ကျွန်မရဲ့ အရာရာကို ကိုယ်တော့်ဆီ အပ်နှံဖို့၊ သမ္မာတရားကို လေးလေးနက်နက် လိုက်စားဖို့နဲ့ ကျွန်မတာဝန်ကို ဖြည့်ဆည်းဖို့ လိုလားပါတယ်” ပေါ့။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်ပြီး ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်ခြင်းဆိုတာ ဘာလဲဆိုတာကို သိလာရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ဤအချက်ကို တစ်ဆင့်တက်၍ ဆိုရလျှင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက် ထိုအရာသည် ပြင်းထန်သည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ဟူသော ယုံကြည်ခြင်းကို အခြေခံ၍ ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို တွေ့ကြုံကာ ထိုသို့ဖြင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေလျက် ဘုရားသခင်ကို သိကျွမ်းလာ၏။ ဤကဲ့သို့သော ခရီးစဉ်မျိုးကိုသာလျှင် ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို ဖယ်ရှားခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။ သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏ရည်ရွယ်ချက်များမှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်)ဘုရားသခင်၌ ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို ယခု သင်တို့ နားလည်ပါသလော။ ဘုရားသခင်၌ ယုံကြည်မှုမှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ရခြင်းလော။ ယင်းသည် ကောင်းကင်ဘုံသို့ တက်ခြင်းကို ဆိုလိုသလော။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အနည်းငယ်မျှ မလွယ်ကူပေ။ ထိုဘာသာရေးအလေ့အထများကို သန့်စင်ပစ်သင့်သည်။ မကျန်းမာသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို လိုက်စားခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အာရုံစိုက်ခြင်း၊ ဘုရားသခင်၏ သာ၍များသော ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို တပ်မက်ခြင်း၊ ဇာတိပကတိ၏ အလားအလာများနှင့် သက်သောင့်သက်သာဖြစ်ခြင်းများကို လိုက်စားခြင်းတို့သည် ဘာသာရေး အလေ့အထများဖြစ်ကြပြီး ထိုသို့သော ဘာသာရေး အလေ့အထများသည် မရေရာသော ယုံကြည်မှုမျိုးဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ အသက် စစ်မှန်မှု အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင် ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဖြည့်ဆည်းသင့်သော တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ဖြစ်မြောက်အောင်မြင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိလာတာက ဘုရားသခင်ကို ယုံကြည်တာဟာ ရုပ်ပိုင်းဆိုင်ရာ ငြိမ်သက်ခြင်းအတွက် မဖြစ်သင့်သလို၊ ကောင်းချီးတွေအတွက်လည်း မဖြစ်သင့်ဘူးဆိုတာပါပဲ။ အဲဒီအစား စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားဖို့၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း အသက်ရှင်ဖို့၊ ဘုရားသခင်ကို သိဖို့၊ ကျိုးနွံနာခံဖို့နဲ့ ကြောက်ရွံ့ဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကို ပိုစားသောက်ပြီး သူ့အမှုတော်ကို တွေ့ကြုံဖို့ ဖြစ်သင့်ပါတယ်၊ အဲဒီအခါကျမှ လူတစ်ယောက်ဟာ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရနိုင်မှာပါ။ ဒါပေမဲ့ ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ အမြင်က အစကတည်းက မှားနေခဲ့တယ်။ ဘုရားသခင်ကို ကျွန်မရောဂါ ကုစေချင်ပြီး ကျွန်မကို ရုပ်ပိုင်းဆိုင်ရာ ငြိမ်သက်ခြင်း ပေးစေချင်ခဲ့တာ။ ဒီလို ယုံကြည်ခြင်းမျိုးက မရေရာတဲ့ ဘာသာရေး ယုံကြည်မှုဖြစ်ပြီး ဘုရားသခင်က အဲဒါကို လုံးဝ အသိအမှတ်မပြုပါဘူး။ ယောဘအကြောင်း ကျွန်မ တွေးမိတယ်။ သူ့ယုံကြည်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ ငြိမ်သက်ခြင်းကို သူ မရှာခဲ့ဘူး။ အဲဒီအစား သူ့ရဲ့ နေ့စဉ်ဘဝမှာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို တန်ဖိုးထားသိမြင်ဖို့နဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို သိဖို့ အာရုံစိုက်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ သူ လိုက်စားခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားရတဲ့အခါ သူ့နှုတ်နဲ့ အပြစ်မလုပ်ခဲ့ဘူး။ ဘုရားသခင်ကို ညည်းတွားတာ၊ ဒါမှမဟုတ် အပြစ်တင်တာထက် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားဖို့ သူ ရွေးချယ်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ နာမတော်ကို သူ ချီးမွမ်းခဲ့တယ်။ သူ့ယုံကြည်ခြင်းက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ယုံကြည်ခြင်းမှာ သမ္မာတရားကို မလိုက်စားခဲ့ဘူး၊ ရုပ်ပိုင်းဆိုင်ရာ ငြိမ်သက်ခြင်းကိုပဲ ရှာခဲ့တယ်။ ရောဂါပြန်ထတဲ့အခါ ကျွန်မစိတ်ထဲမှာ ဘုရားသခင်အပေါ် ညည်းတွားမှုတွေနဲ့ ပြည့်နေခဲ့တယ်၊ သူ့ကို ငြင်းပယ်ပြီး သစ္စာဖောက်ဖို့တောင် လုပ်ခဲ့တာ။ ကျွန်မက ယောဘနဲ့ ယှဉ်လို့တောင် မရပါဘူး။ ကျွန်မရဲ့ ဒီအသက်ကို ဘုရားသခင် ပေးထားတာပါ။ အဲဒီတုန်းက နှာခေါင်းသွေးမတိတ်တဲ့အချိန်မှာ ကျွန်မအသက်အန္တရာယ် မစိုးရိမ်ရတာကတင် ဘုရားသခင်ရဲ့ ဂရုစိုက်စောင့်ရှောက်မှုနဲ့ ကာကွယ်မှု ဖြစ်နေပါပြီ။ ဒါတောင် ကျွန်မက ဘုရားသခင်ကို ကျေးဇူးမတင်ခဲ့ဘူး၊ အဲဒီအစား ကိုယ်တော့်ကို ညည်းတွားပြီး သစ္စာဖောက်ခဲ့တယ်။ ကျွန်မက တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းခဲ့တာပါ။ ပြီးတော့ ကျွန်မ ဘုရားသခင်ကို မယုံကြည်ခင်ကတည်းက ဒီရောဂါ ရှိနှင့်နေပြီးသားလေ။ ကျွန်မ မယုံကြည်ခဲ့ရင်တောင် ရောဂါထတာတွေ ရှိနေဦးမှာပဲ။ ကျွန်မရောဂါ ပြန်ထတာက ဘုရားသခင်ကို ယုံကြည်တာ၊ မယုံကြည်တာနဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ်တော်နဲ့ပတ်သက်ပြီး ကျွန်မ မညည်းတွားသင့်ခဲ့ပါဘူး။ အဲဒီနောက်မှာ ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်ခြင်းဆိုတာ ဘာလဲဆိုတာ ကျွန်မ နားလည်သွားတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ သမ္မာတရားကို လေးလေးနက်နက် လိုက်စားဖို့နဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံဖို့ ကျွန်မ ဆန္ဒရှိလာခဲ့တယ်။

နောက်ပိုင်းမှာ နေမကောင်းဖြစ်တာ ကြုံရတိုင်း ကျွန်မ ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြန်သုံးသပ်ဖို့နဲ့ ဖြေရှင်းဖို့အတွက် သမ္မာတရားရှာဖွေတာကို ကျွန်မ အာရုံစိုက်ခဲ့တယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ကျွန်မရောဂါရဲ့ ဘောင်ခတ်တာကို သိပ်မခံရတော့ဘူး။ ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေကို နားလည်မှုတချို့ပေးဖို့နဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့ မှန်ကန်တဲ့ လမ်းကြောင်း ရှာတွေ့အောင် ကူညီပေးဖို့ ဒီရောဂါကို အသုံးပြုခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ကျွန်မခန္ဓာကိုယ် ဘာပဲဖြစ်ဖြစ်၊ ကျွန်မရောဂါ ပျောက်ကင်းနိုင်သည်ဖြစ်စေ၊ မပျောက်ကင်းနိုင်သည်ဖြစ်စေ ဘုရားသခင်နောက်လိုက်ပြီး သမ္မာတရား လိုက်စားတဲ့ လမ်းကြောင်းကို ကျွန်မ လျှောက်လှမ်းပါ့မယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းချီးများကို လိုက်စားခြင်းသည် ဘုရားအလိုတော်နှင့် ညီပါသလား

ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။...

ကောင်းချီးမင်္ဂလာများ ရရှိခြင်းနှင့်ဆိုင်သည့် အိမ်မက်မှ နိုးထခြင်း

ရိဖန်၊ တရုတ်နိုင်ငံကျွန်မ အသက် ၂၈ နှစ်မှာ ဓာတ်မတည့်တဲ့ ပန်းနာရင်ကျပ်ရောဂါ ရခဲ့တယ်။ ရောဂါထလိုက်တိုင်း အသက်ရှူလို့မရဘဲ အသက်ရှူကျပ်လွန်းလို့...

ကယ်တင်ခြင်းရဖို့ ဂုဏ်ရှိရန် လိုသလော

ရီးရွှင် တရုတ်နိုင်ငံအိမ်နဲ့ဝေးရာမှာ အသင်းတော်တချို့ကို တာဝန်ယူရတဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မအစေခံလာတာ နှစ်ချီကြာသွားပြီ။ ကျွန်မမှာ မွေးရာပါ...

ကျေးဇူးတော်အတွက်သက်သက် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင့်တော်မှန်ကန်သလော

တရုတ်နိုင်ငံမှ လျူလူ၂၀၁၆ ခုနှစ်အကုန်မှာ၊ ကျွန်မရဲ့ကလေးက ဝမ်းဆက်တိုက်သွားနေပြီး ဘယ်ဆေးမှ အရာမရောက်ခဲ့ဘူး။ မမျှော်လင့်ဘဲ၊ ကျွန်မ ဘုရားသခင်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။