ကောင်းချီးများကို လိုက်စားခြင်းသည် ဘုရားအလိုတော်နှင့် ညီပါသလား

13.12.2022

ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ

၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုခွင့်ရတာ အရမ်းကို စိတ်လှုပ်ရှားမိတယ်။ သိပ်မကြာခင်မှာပဲ ဧဝံဂေလိ ဘယ်လိုဝေမျှရမလဲဆိုတာကို စလေ့လာခဲ့တယ်၊ ဒါပေမယ့် အများစုကတော့ နေ့ဘက်မှာ ကျွန်တော် အလုပ်လုပ်ပြီး ညဘက်မှာ ပင်ပန်းလျက်သား အိမ်ပြန်လာရတဲ့အတွက် ကိုယ့်တာဝန်ကို အာရုံစိုက်ဖို့ တကယ် ခက်ခဲတယ်။ ကိုယ့်အလုပ်ကို ဘေးဖယ်ထားပြီး ဧဝံဂေလိကို အချိန်ပြည့်ဝေမျှချင်ပေမဲ့၊ ကျွန်တော့်ရဲ့ လက်တွေ့အခြေအနေတွေက အဲဒါကို အခွင့်မပေးခဲ့ဘူး။ ကလေးငါးယောက်ကို ကျွန်တော် ပျိုးထောင်နေတာဖြစ်ပြီး၊ သူတို့ကို ကျောင်းမပို့ရင်၊ သူတို့ကို စောင့်ရှောက်ဖို့ မသင့်တော်ဘူးလို့ အစိုးရက ကျွန်တော့်ကို မြင်မှာပဲ။ ပြီးရင် သူတို့ကို ကျွန်တော့်ဆီကနေ ခေါ်သွားကြမှာ။ ကျွန်တော့်ဘဝမှာ ဖိစီးမှုအများကြီးရှိပေမဲ့၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်တော့်အခက်အခဲတွေ ဘယ်လိုပဲကြီးမားပါစေ၊ ကိုယ့်တာဝန်ကို လုံးဝ လုပ်ရမယ်ဆိုတာ သိခဲ့တယ်။

၂၀၁၉ ခုနှစ်မှာ၊ ကျွန်တော် အသင်းတော် ခေါင်းဆောင်ဖြစ်လာပြီး ပိုတောင် အလုပ်များလာခဲ့တယ်။ အလုပ်လုပ်တဲ့ ရက်ကို တစ်ပတ် ခြောက်ရက်ကနေ လေးရက်ကို လျှော့ချဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့် စတေးမှုတွေအတွက် ဘုရားက ကောင်းချီးပေးမှာပဲလို့ ထင်ခဲ့တယ်။ ကိုယ့်ရဲ့ အလုပ်ချိန်လျှော့ချလို့ စီးပွားရေးလုပ်ငန်း အများကြီး လုပ်မနေခဲ့ပေမဲ့၊ အရာရာက ချောချောမွေ့မွေ့ ဖြစ်နေတော့ ဒီဟာကြောင့် ကျွန်တော့်ဘဝက တကယ် မထိခိုက်ခဲ့ဘူး။ ကျန်းမာရေး ပြဿနာတွေ မရှိခဲ့ဘူး၊ ဒါမှမဟုတ် ဒုက္ခပြဿနာတစ်ခုမှ မကြုံခဲ့ရဘူး။ ဘုရားအတွက် ထက်သန်တဲ့ အသုံးခံမှုကြောင့် ထိုက်တန်တာကို ရလို့ ကျွန်တော့် ဘဝက အဲဒီလို အေးချမ်းနေတာလို့ ခံစားခဲ့ရတယ်။ ကိုယ့်တာဝန်ကို လုပ်ဖို့အတွက် အချိန်ပိုရတာ အရမ်းဝမ်းသာတာပေါ့။ ဒါပေမဲ့ နောက်တော့၊ ၂၀၂၁ ခုနှစ်မှာ ကပ်ရောဂါ ရုတ်တရက် ဖြစ်တော့ အဲဒါတွေအားလုံး ပြောင်းလဲသွားတယ်။

ကပ်ရောဂါကြောင့် ကျွန်တော် စီမံနေတဲ့ ဆံပင်ညှပ်ဆိုင်ရဲ့ ၀င်ငွေက သိသိသာသာ ကျဆင်းသွားတယ်။ လုပ်ငန်းပမာဏက အိမ်လခပေးဖို့ကို မလုံလောက်ဘူး။ ဒါကြောင့် ရွေးစရာလမ်းမရှိတော့ဘဲ ပိုဈေးသက်သာတဲ့ ဆိုင်မျက်နှာစာကိုပဲ ပြောင်းလိုက်ရတယ်။ ဒါပေမဲ့ ပြုပြင်မွမ်းမံတာတွေ လုပ်ဖို့ လိုတယ်။ အဲဒါနဲ့ပတ်သက်လို့ ကူညီပေးဖို့ ဆောက်လုပ်ရေးက လူတစ်ယောက်ကို ကျွန်တော် ရှာတွေ့ခဲ့ပေမဲ့၊ သုံးလေးပတ်လောက်ကြာတော့ ကျွန်တော့်ရဲ့ ပရောဂျက်က အချိန်အများကြီးလိုလိမ့်မယ်၊ သူ့မှာ လုပ်စရာတွေ အများကြီး ရှိပြီး ဝန်ထမ်း မလုံလောက်လို့ ကျွန်တော်နဲ့ အလုပ်မလုပ်တော့ဘူးလို့ ပြောတယ်။ ကျွန်တော့် အိမ်နီးချင်းတွေနဲ့ ဖောက်သည်တွေက ဒီအဖြစ်အပျက်ကို သိသွားပြီး၊ ဆိုင်အသစ်နဲ့ပတ်သက်လို့ အလုပ်မပြီးသေးရင်၊ တစ်ချိန်တည်းမှာပဲ နှစ်နေရာအတွက် ငှားခပေးရတော့ အရမ်းဈေးကြီးမှာ ဖြစ်ပြီး၊ ယုံကြည်သူဖြစ်လျက်နဲ့ အဲဒါ ဘယ်လိုဖြစ်ပြီး ကျွန်တော်က ဒီလိုဖြစ်ရတာလဲလို့ ပြောတယ်။ ပထမတော့ အရမ်းကို စိတ်ချယုံကြည်မှု ရှိရှိနဲ့ သူတို့ကို ကျွန်တော် ပြောလိုက်တယ်၊ အရာရာက ဘုရားရဲ့ အုပ်စိုးမှု၊ အစီအစဉ်တွေနဲ့ ဆိုင်ပြီး ကျွန်တော် စောဒကတက်လို့ မရဘူး ပေါ့။ အဲဒီနောက် တခြားဆောက်လုပ်ရေးအဖွဲ့မှာ အလုပ်လုပ်တဲ့လူတစ်ယောက်ကို တွေ့ခဲ့ပေမဲ့ ကျန်းမာရေးပြဿနာတွေကြောင့် သူလည်း ကျွန်တော့်ပရောဂျက်ကို လက်လျှော့သွားတယ်။ အချိန်က ကုန်သွားပြီး၊ ဆိုင်ကတော့ မပြင်ရသေးဘူး။ သုံးလဆက်တိုက် စတိုးဆိုင်မျက်နှာစာ နှစ်ခုကို ကျွန်တော် တစ်ပြိုင်တည်း ငှာခပေးခဲ့ရတယ်။ အဲဒီနောက် မကြာခင်မှာပဲ ဆိုင်အသစ်မှာ ပိုက်တစ်ခု စယိုလာပြီး၊ ယိုစိမ့်တာကို ရှာဖို့ မျက်နှာကျက်ကို ဖြိုချပစ်ခဲ့ရတယ်။ အဲဒီ ဆိုင်မျက်နှာစာ ပြောင်းတာကိုက စုစုပေါင်း ပေါင် ၃၀၀၀ လောက်ကုန်နေပြီ။ ကျွန်တော် တကယ်စိတ်မကောင်းဖြစ်ပြီး စိတ်လည်းရှုပ်သွားတယ်။ ကျွန်တော့်ဆီ ဘာလို့ ဒီလို ဖြစ်ရတာလဲ— ဘာလို့ ပိုက်ဆံအများကြီးသုံးဖို့ လိုတာလဲ။ တစ်လျှောက်လုံး ဘုရားက ဆောက်လုပ်ရေးသမားကောင်း တစ်ယောက်ကို ရှာတွေ့ဖို့ ကူညီပေးမှာပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက အဲဒီလူက အပူပေးစက်တပ်နေတုန်း တစ်ပိုင်းတစ်စနဲ့ အဲဒီအလုပ်ကို ထားပစ်ခဲ့လိုက်ပြီး၊ ပိုက်က ယိုစိမ့်လာပြီးတော့ သူလုပ်ခဲ့တဲ့ အပူပေး စက် ပြင်ထားတာရဲ့ တစ်ဝက်က ပျက်ဆီးသွားတယ်။ အဲဒီအတောအတွင်းမှာပဲ ကျွန်တော်လည်း ကိုရိုနာဗိုင်းရပ်စ် မိတယ်။ ကျွန်တော် စညည်းမိတယ်။ ကျွန်တော့်ဆီ အဲဒီလို ကိစ္စမျိုးကို ဘုရားက ဘာလို့ ဖြစ်ခွင့်ပေးနေခဲ့တာလဲ။ ကျွန်တော်က အသင်းတော်မှာ တာဝန်တစ်ခု လုပ်နေပြီး အဲဒီအတွက် အလုပ်လုပ်ပြီး ငွေရှာချိန်ကို လျှော့ချခဲ့တာပဲလေ။ ဒီတော့ ဘာလို့ အရမ်းခက်တဲ့ ကိစ္စတွေကို ရင်ဆိုင်နေရတာလဲပေါ့။ စိတ်နှလုံးထဲမှာ မကျေနပ်ချက်တွေ အပြည့်ပဲ။

အဲဒီနောက်မှာ ကိုယ့်တာဝန်အပေါ် တာဝန်သိစိတ် သိပ်မရှိခဲ့ဘူး။ ကိုယ့်တာဝန်ကို လုပ်နေတုန်းဆိုပေမဲ့ စိတ်နှလုံးကတော့ လုံးဝ မပါတော့ဘူး။ ကျွန်တော့်ဆိုင်က ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာကိုပဲ လုံးဝ အာရုံရောက်နေခဲ့တယ်။ ဒါက တကယ်အနှောက်အယှက်ဖြစ်ခဲ့ပြီး ရလဒ်အနေနဲ့ စုဝေးပွဲတွေမှာ ကျွန်တော် သိပ်အာရုံမစိုက်တော့ဘူး။ စုဝေးပွဲပြီးတဲ့နောက်မှာ အကျဉ်းချုပ် ကျွန်တော် အမြဲလုပ်လေ့ရှိပေမဲ့ အဲဒါကို မလုပ်ချင်တော့ဘူး။ တခြားလူတွေနဲ့ မိတ်သဟာယပြုပြီး ပြဿနာတွေကို ကူဖြေရှင်းပေးဖို့ ကိုယ့်အိပ်ချိန်တစ်ချို့ကိုလည်း ကျွန်တော် စွန့်လွှတ်နိုင်လေ့ရှိခဲ့ပေမဲ့၊ အခု ပြဿနာတွေနဲ့ ပတ်သက်လို့ ကျွန်တော့်ကို သူတို့ ရှာတဲ့အခါ ကျွန်တော် ဖုန်းကို မဖြေချင်တော့ဘူး။ ညီအစ်ကို မောင်နှမတွေက အခြေအနေကောင်းမှာ ရှိမရှိ၊ သူတို့တာဝန်တွေမှာ အခက်အခဲတွေ ရှိလားဆိုတာကို အမြဲသိအောင်လုပ်ပြီး သူတို့ ရင်ဆိုင်ရတဲ့ ဘယ်အခက်အခဲတွေကိုမဆို အခြေခံပြီး ဘုရားနှုတ်ကပတ်တော်တွေပေါ် မိတ်သဟာယပြုလေ့ရှိခဲ့ပေမဲ့၊ အဲဒီအလုပ်တစ်ခုကိုမှ ကျွန်တော် မလုပ်ချင်တော့ဘူး။ ကိုယ့်တာဝန်မှာ ‌ပေါ့သထက်ပေါ့တန်လာခဲ့တယ်။ တစ်နေ့မှာ အထက်ခေါင်းဆောင်က ပြောတယ်။ ကိုယ့်တာဝန်တွေကို ကျွန်တော် ထမ်းဖို့လိုသလို၊ အသင်းသားသစ်အားလုံးအတွက် စုဝေးပွဲတွေ ပြင်ဆင်ပြီး၊ သူတို့ကို ကောင်းကောင်း ရေလောင်းပေးဖို့၊ တစ်ယောက်မှ လွတ်မသွားအောင် သေချာလုပ်ဖို့ လိုတယ်တဲ့။ သူ့အစီအစဉ်ကို ကျွန်တော် တကယ် အတိုက်အခံလုပ်နေမိတယ်။ အဲဒီလိုလုပ်ရင်းနဲ့ အိမ်က ကိစ္စတွေကို တာဝန်ယူဖို့ ကျွန်တော် အချိန်သိပ်ရှိမှာ မဟုတ်ဘူးလေ။ ဇာတိပကတိရဲ့အလိုကို ပိုပြီးဖြည့်ဖို့ အားလပ်ချိန်တွေကို မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ကျွန်တော် ကုန်ဆုံးချင်ခဲ့တယ်။ ပိုဆိုးသထက်ဆိုးတဲ့ အခြေအနေထဲ နှစ်မြှုပ်သွားပြီး ဝတ်ပြုဆုတောင်းတာ၊ ဘုရားနှုတ်ကပတ်တော် ဖတ်တာတောင် မလုပ်ချင်တော့ဘူး။ အရင်က ဘုရားနှုတ်ကပတ်တော် ဖတ်ဖို့ စောစောထခဲ့သလို၊ နေ့ခင်းမှာ နှုတ်ကပတ်တော်ရွတ်ဆိုတာကို နားထောင်ခဲ့ပေမဲ့၊ ခုတော့ ကျွန်တော့်အားထုတ်မှုတွေအတွက် အလဲအလှယ်အနေနဲ့ ကောင်းချီးမခံစားရလို့ မနက်မှာ မထချင်တော့ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေ မဖတ်ချင်တော့ဘူး။ အတားအဆီးတွေ အများကြီး ကြုံခဲ့ရတယ်။ စုဝေးပွဲတွေမှာ ဘယ်လိုဆက်ပြီး မိတ်သဟာယပြုရမှန်း မသိခဲ့ဘူး။ အနည်းဆုံးတော့ အသင်းတော်မှာ ကိုယ့်ရာထူး ထိန်းသိမ်းထားနိုင်အောင်လို့ အရာရာ အဆင်ပြေတယ်လို့ပဲ ဟန်ဆောင်ခဲ့တယ်။ ကိုယ့်တာဝန်မှာလည်း စပြီး မရိုးမသား လုပ်ခဲ့တယ်။ ကိစ္စတွေ အဆင်ပြေလားလို့ တစ်ယောက်ယောက်က မေးတဲ့အခါ၊ ညီအစ်ကို မောင်နှမတွေကို လှည့်ဖြားပြီး မပြီးတာ အရမ်းသိသာနေတာ တစ်ခုကို ပြီးသွားပြီလို့ ပြောလိုက်တယ်။ ကျွန်တော့်ရဲ့ အဲဒီသဘောထားက ဘုရားက ကျွန်တော့်ကို ကောင်းချီးမပေးဘဲ၊ အဲဒီအခက်အခဲတွေကို ရင်ဆိုင်ခွင့်ပေးခဲ့တာ သက်သက်ကြောင့်ပါပဲ။ ဘုရားကို ကိုးကွယ်ဖို့မပြောနဲ့ သူ့အတွက် ကြောက်ရွံ့မှုကို ပြမနေခဲ့ဘူး။

ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေတော့ ကျွန်တော် ဖြတ်သန်းနေရတာကို ခေါင်းဆောင်ဆီ ပြောပြခဲ့တယ်။ သူက ကျွန်တော့်ကို ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခိုင်းတယ်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ကျွန်တော် ဖြတ်သန်းနေခဲ့ရတဲ့ အရာထဲမှာ ဘုရားရဲ့ အကြံအစည်ကို ကျွန်တော် လုံးဝ နားမလည်ခဲ့ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး မြင်သွားတယ်။ ကျွန်တော် မျှော်လင့်ချက်မဲ့ပြီး ညိုးငယ်မိသလို ဘုရားရဲ့ အချုပ်အခြာအာဏာကိုတောင် သံသယထားမိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ဆက်ကပ်အပ်နှံမှုရှိတဲ့ဘုရားနောက်လိုက်တစ်ယောက်ဖြစ်တယ်လို့ အကြိမ်ကြိမ် ဆက်ပြောနေမိခဲ့တယ်။ ကျွန်တော့်လုပ်ငန်း အဆင်ပြေပြီး ကျန်းမာရေးကောင်းတဲ့အခါ၊ ဘုရားက အရမ်းကောင်းချီးပေးတယ်လို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် သူ့အတွက် ပိုပေးဆပ်နိုင်ခဲ့တယ်။ အကျပ်အတည်းတွေ ကြုံရတဲ့အခါ၊ ဘဝမှာ အခက်အခဲတွေ ရှိတဲ့အခါ၊ ဘုရားကို စအပြစ်တင်မိတယ်။ အဲဒါ ဘယ်လိုလုပ် ယုံကြည်ခြင်းရှိတာ ဖြစ်မှာလဲ။ ယောဘက သူ့မိသားစု ပိုင်ဆိုင်မှုအားလုံးနဲ့ သားသမီးအားလုံး ဆုံးရှုံးရတဲ့အခါ၊ ဘုရားကို အပြစ်မတင်ခဲ့ဘဲ၊ ဘုရားရဲ့ နာမကိုတောင် ချီးမွမ်းခဲ့တယ်။ သူ့မိန်းမက သူ့ယုံကြည်ခြင်း ယိမ်းယိုင်စေဖို့ ကြိုးစားခဲ့ချိန်မှာ၊ ဒီလိုပြောပြီး သူ့ကို မိုက်မဲတဲ့ အမျိုးသမီးအနေနဲ့ ရှုတ်ချခဲ့တယ်။ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘ ဝတ္ထု ၂:၁၀) ယောဘက ဘုရားအပေါ် သူ့ယုံကြည်ခြင်းမှာ အပေးအယူမဆန်ခဲ့ဘူး၊ မတောင်းဆိုခဲ့ဘူး။ ကောင်းချီးမွေ့လျော်ရသည်ဖြစ်စေ၊ ကပ်ဘေးခံစားခဲ့ရသည်ဖြစ်စေ၊ ဘုရားကို ကျိုးနွံနာခံခဲ့တယ်။ ယောဘက ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိခဲ့တယ်။ ကျွန်တော်က သူနဲ့တူဖို့ လုံးဝကို မဖြစ်နိုင်ဘူးလို့ ခံစားမိတယ်။ ကျွန်တော့်ဘဝမှ အခက်အခဲတစ်ခုပြီးတစ်ခု ပေါ်လာတာ မြင်ရတော့၊ မကျေနပ်ချက်တချို့ ခံစားခဲ့ရတယ်။ ယုံကြည်သူဖြစ်တဲ့ ကျွန်တော့်ဆီ ဘာလို့ အဲဒီလိုအရာမျိုးတွေ ဖြစ်နေရတာလဲလို့ လူတွေက မေးကြပြီး၊ အရာရာ အဆင်ပြေတယ်လို့ ကျွန်တော် ကြွေးကြော်ခဲ့ပေမဲ့၊ အချိန်ကြာတာနဲ့အမျှ စိတ်နှလုံးမှာ စယိမ်းယိုင်လာပြီး ဘုရားရဲ့ အုပ်စိုးမှုကို စသံသယထားမိတယ်။ ယောဘရဲ့ အတွေ့အကြုံကတစ်ဆင့်၊ ဒါဟာ စာတန်က လူတွေပြောတဲ့ အရာတွေကတစ်ဆင့် ကျွန်တော့်ကို တိုက်ခိုက်နေတာ၊ ဘုရားကို ငြင်းပယ်ပြီး အပြစ်တင်အောင် ကြိုးစားနေတာဆိုတာ သဘောပေါက်ခဲ့တယ်။ ကျွန်တော်က အဲဒီအတွေ့အကြုံမှာ သက်သေခံချက် လုံးဝ မရှိခဲ့ဘူး။ စာတန်ရဲ့ လှောင်ရယ်စရာ ဖြစ်လာခဲ့တယ်။ အရမ်းရှက်မိပြီး ကိုယ်ပြုမူခဲ့တဲ့ပုံအပေါ် နောင်တရခဲ့တယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော် သုံးလေးပိုဒ် ဖတ်ခဲ့ပါတယ်။ “လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်- လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်- ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝနှင့် အနှစ်သာရ အဖြစ်အနေမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ချေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။ ဘုရားသခင် ပေးသည့် အဖိုးအခ မည်မျှ ကြီးမားသည်ဖြစ်စေ သို့မဟုတ် အမှုမည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ကျိုးကြောင်းမမြင်မြဲရှိသကဲ့သို့ ယင်းကို လုံးဝ စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိလေသည်- ယင်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မလိုက်လျှောက်ချင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မနာခံချင်သကဲ့သို့ ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်ချင်ပေဟု ဖြစ်သည်။ ယင်းမှာ ယနေ့ လူသား၏ အခြေအနေ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) “၎င်းတို့ကို မည်မျှ ကြိုးစားစေကာမူ၊ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ကျွန်တော့်စိတ်နှလုံးထဲ ကွယ်ဝှက်ထားတဲ့အရာကို ဘုရားနှုတ်ကပတ်တော်တွေက ပြခဲ့တယ်။ ဘုရားကို ကျွန်တော် ယုံကြည်ခဲ့တာက ကျိုးနွံနာခံပြီး ကိုးကွယ်ဖို့ မဟုတ်ဘဲ၊ သူ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေမှာ ပျော်မွေ့ဖို့ပဲ။ တာဝန်တစ်ခုလုပ်နိုင်အောင် အလုပ်လုပ်ပြီး ငွေရှာတဲ့အချိန်ကို ပြန်လျှော့ချတာက ပိုကောင်းချီးခံစားရဖို့သက်သက်ပါ။ ကျွန်တော်စွန့်ခဲ့သမျှက စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကနေ မဟုတ်ဘဲ ဘုရားနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တာပါ။ ကျွန်တော့်ဘဝမှာ ပြဿနာတွေ စပေါ်လာချိန်မှာ၊ အဲဒီအခက်အခဲတွေ ကျော်လွန်သွားပြီးတော့ ဘုရားက ကျွန်တော့်ကို ပိုလို့တောင် ကောင်းချီးပေးမယ်လို့ တွေးခဲ့လို့ ယုံကြည်ခြင်းမှာ အားကောင်းနေခဲ့တယ်။ ဒါပေမဲ့ ကိစ္စတွေက ဆက်ပြီး ခက်ခဲနေခဲ့တယ်။ ဆိုင်အသစ်မှာ ပြဿနာတက်ပြီး ပိုက်ဆံအများကြီး ဆုံးရှုံးသွားတယ်။ ကိုယ့်တာဝန်ကို သွားလုပ်ဖို့ ဘာတွန်းအားမှ မရှိတော့ဘဲ ဘုရားကို စပြီး အပြစ်တင်ခဲ့တယ်။ ဘုရားကောင်းချီးတွေမရှိဘဲနဲ့၊ အရင်လို ဘုရားအတွက် အရမ်းကြိုးစားပြီး ဆက်အလုပ်မလုပ်ချင်တော့ဘူး။ ကိုယ့်ကိုယ်ပိုင် သက်သာမှုကိုပဲ ပိုစဉ်းစားချင်ခဲ့တယ်။ ကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်တော် တွေးတဲ့ ပုံစံက ကျွန်တော်ရင်ဆိုင်ရတဲ့ အခက်အခဲတွေရဲ့ တိုက်ခိုက်မှုကို အမြဲခံရပြီး၊ ဒီအခက်အခဲတွေကတစ်ဆင့်၊ ဘုရားရဲ့ အလိုတော် ဒါမှမဟုတ် သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ပြီး ခိုင်ခိုင်မာမာ ရပ်တည်မယ်ဆိုတာ မရှာဖွေနိုင်ခဲ့ဘူး။ အဲဒီအစား၊ ကိုယ့်ငွေကြေး အခက်အခဲတွေကို ကိုယ့်ဘာသာ ဖြေရှင်းဖို့ နည်းလမ်းတွေကို ကြိုးစားရှာခဲ့တယ်။ ကိုယ့်တာဝန်မှာ ဖြစ်သလိုတောင်လုပ်ပြီး တာဝန်မဲ့ခဲ့တယ်။ ဘုရားက ကျွန်တော့်စိတ်နှလုံးမှာ နေရာမရှိခဲ့ဘူး။ တာဝန်နဲ့ ဘုရားအပေါ် ကျွန်တော့် သဘောထားကတစ်ဆင့် ကျွန်တော်က စစ်မှန်တဲ့ ဘုရားနောက်လိုက်တစ်ယောက် မဟုတ်မှန်း တွေ့ခဲ့တယ်။ ဘုရားကို ချစ်တယ်လို့ အမြဲ ပြောဆိုခဲ့ပေမဲ့၊ ဘဝမှာ အခက်အခဲ ကြုံရတဲ့အခါ ဘုရားကို အပြစ်တင်ခဲ့တယ်။ သူနဲ့ ငြင်းခုံပြီး စာရင်းရှင်းဖို့ ကြိုးစားခဲ့တယ်။ ဘုရားပြောခဲ့တဲ့အတိုင်းပါပဲ။ “တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။” ကျွန်တော့် အပြုအမူက သူ့နှုတ်ကပတ်တော်မှာ ဘုရားဖွင့်ချတဲ့ အရာအတိုင်း အတိအကျဖြစ်ခဲ့တယ်။ ဘုရားကောင်းချီးပေးချိန်မှာပဲ တာဝန်ကို ကောင်းကောင်း လုပ်တယ်။ ဘုရားဆီက ကိုယ်လိုချင်တာ တောင်းဆိုပြီး ကြွေးရှင်လိုမျိုး ပြုမူခဲ့တယ်။ ဒါပေမဲ့ တကယ်တော့၊ ဘုရားက ကျွန်တော့်ကို အသက်ပေးခဲ့တာ၊ အရာရာကို ပေးခဲ့တာပါ။ လုံလောက်တာထက် သူ ပိုပေးခဲ့တယ်။ ဘာလို့ ကျွန်တော်က ဘုရားကို အပြစ်တင်ချင်သေးတာလဲ၊ သူနဲ့ အကျိုးသင့် အကြောင်းသင့်ပြောပြီး ငြင်းခုံချင်သေးတာလဲ။ ပြီးတော့ ကိုယ့်တာဝန်ကို ကောင်းကောင်း မလုပ်ဘဲနေပြီး သူ့ကို တိုက်ခိုက်ခဲ့တယ်။ ဒီအရာအပေါ် သုံးသပ်ရင်းနဲ့ ကျွန်တော် ပိုရှက်သထက်ရှက်မိတယ်။ ဘုရားဆီ နောင်တမရခဲ့ရင်၊ ကျွန်တော့်လိုလူတစ်ယောက်ကို ဘုရားက စက်ဆုပ်ပြီး ထုတ်ပယ်မှာ မဟုတ်လား။ စိတ်နှလုံးမှာ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်တော် တကယ်ကို အသိစိတ်မဲ့နေခဲ့မိပါတယ်။ ကိုယ်တော်ရဲ့ ကျေးဇူးတော်ကို အများကြီး ကျွန်တော်မွေ့လျော်ပြီးသားဖြစ်ပေမဲ့၊ ကိုယ်တော့်အပေါ် တစ်ခုပြီးတစ်ခု တောင်းဆိုချက်တွေ ဆက်လုပ်နေမိတယ်။ ကျွန်တော့် စိတ်ဆန္ဒ မပြည့်တော့၊ အပျက်သဘောဆောင်ပြီး ညည်းညူခဲ့တယ်။ ဘုရားသခင်၊ ကိုယ့်ရဲ့ သဘောသဘာဝ အမှန်ကို တွေ့ပြီး ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မိပါတယ်။ ဒီမှားတဲ့လိုက်စားမှုတွေကို ပြောင်းလဲနိုင်အောင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ”လို့ပေါ့။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေမှာ ဒါကို ဖတ်ခဲ့ရတယ်။ “သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ)ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကိုယ် အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာရှိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်ဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝနှင့်ပတ်သက်ပြီး ပိုကောင်းသော အထောက်အထားမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကျွန်တော် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့ပုံကို ဘုရားနှုတ်ကပတ်တော်တွေက ပြခဲ့တယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”ဆိုတဲ့ စိတ်ကူးရဲ့ ထိန်းချုပ်တာ ကျွန်တော် ခံခဲ့ရတာပဲ။ ကျွန်တော် ဘာပဲလုပ်ခဲ့ပါစေ၊ အဲဒီကနေ အကျိုးကျေးဇူးရရမှာပဲလို့ တွေးခဲ့ပြီး အကျိုးကျေးဇူးမရတဲ့ ဘယ်အရာကိုမှ မလုပ်ချင်ခဲ့ဘူး ဒီအတွေးအခေါ်၊ ဒီစဉ်းစားမှုမျိုးက ကျွန်တော့် စိတ်နှလုံးမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ်အတွက် အမြဲ အသက်ရှင်စေခဲ့တယ်။ ဘုရားအတွက် ကျွန်တော့်ရဲ့ ယုံကြည်ခြင်းနဲ့ စတေးမှုတွေကတောင် ရည်မှန်းချက်တစ်ခုအတွက်ပဲ ဖြစ်ခဲ့တယ်။ ကောင်းချီးခံစားရဖို့ပေါ့။ ဘုရားကို ကျွန်တော် လှည့်စားနေခဲ့တာ။ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး ကောက်ကျစ်တဲ့လူပဲ။ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေနဲ့ ဘုရားရဲ့ ကျေးဇူးတော်၊ ကောင်းချီးတွေ ရမဲ့နည်းလမ်းကို စဉ်ဆက်မပြတ် လိုက်စားခဲ့တယ်။ ဘုရားက ကောင်းချီးပေးသင့်တယ်လို့ ကျွန်တော် စိတ်ကူးထားတဲ့အတိုင်း မပေးတာကို မြင်တော့၊ စိတ်မချမ်းမြေ့ဖြစ်လာပြီး မကျေနပ်ချက်တွေ ပြည့်ခဲ့တယ်။ အဲဒီအခြေအနေမှာ ဘုရားအလိုတော်က ဘာလဲ။ အဲဒါကို ကျွန်တော် မရှာဖွေခဲ့ဘူး၊ မတွေးဆခဲ့သလို၊ ဂရုမစိုက်ခဲ့ဘူး။ ကိုယ့်ဇာတိကိုယ်ကျိုးစီးပွားတွေကိုပဲ အာရုံစိုက်ခဲ့တယ်။ သမ္မာတရားရရှိဖို့ အခွင့်အရေးတွေကို ကျွန်တော် ဆုံးရှုံးနေခဲ့တာ မဟုတ်လား။ ဘုရားက ကျွန်တော်တို့ကို ကယ်တင်ဖို့ နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံခဲ့တယ်။ ကျွန်တော်တို့အတွက် သူ့သွေး၊ ချွေးနဲ့ မျက်ရည်တွေ သွန်းလောင်းရင်းနဲ့ စကားအများကြီး ပြောပြီးပြီ၊ ဒီစကားတွေကတစ်ဆင့်၊ ဒီသမ္မာတရားတွေကတစ်ဆင့်၊ အပြစ်နဲ့ မကောင်းမှုကနေ ကျွန်တော်တို့ လွတ်နိုင်ဖို့၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အန္တရာယ်ကို လွတ်မြောက်နိုင်ဖို့ပေါ့။ ဒါပေမဲ့ သမ္မာတရားကို ကျွန်တော် လိုက်စားမနေခဲ့ဘူး။ ဒါကို သိပ်မစဉ်းစားခဲ့ဘူး။ ဇာတပကတိရဲ့ သက်သာမှုတွေကိုပဲ မက်မောပြီး ဒီအတွက်ပဲ စဉ်းစား၊ တွက်ချက်နေခဲ့တယ်။ အဲဒီလို ဆက်ပြုမူနေမိရင်၊ ကျွန်တော့်လို လူတစ်ယောက်ကို ဘုရားက ဘာလုပ်မလဲ။ ကျွန်တော် ထုတ်ပယ်ခံရပြီး ပျက်စီးသွားရမှာပဲ။ ကျွန်တော့်စိတ်နှလုံးထဲမှာ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျေးဇူးပြုပြီး ကယ်တင်မူပါ။ ကိုယ့်ကိုယ်ကိုယ် သိပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း တွေ့ခွင့်ပေးတော်မူပါ”လို့ပေါ့။ နေ့တိုင်း ဒီဆုတောင်းချက်မျိုး ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဒါကို ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို ဖယ်ရှားခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်)လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားကို စစ်မှန်တဲ့ ယုံကြည်မှုရှိဖို့ အကြိမ်အများကြီး အခိုင်အမာ ပြောခဲ့ပေမဲ့၊ နောက်တော့ အဲဒါက ကိုယ့်ရဲ့ စိတ်ကူးသက်သက် ဖြစ်မှန်း သဘောပေါက်ခဲ့တယ်။ ကျွန်တော့် ယုံကြည်ခြင်းမျိုးက ၂ တိမောသေ ၄:၇-၈ မှာ ပေါလု ပြောတဲ့အတိုင်းပါပဲ။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” ပေါလုက သခင့်အတွက် သူ့အစေခံမှုပြီးတဲ့နောက် ဖြောင့်မတ်ခြင်း သရဖူတစ်ခုကို စောင့်နေခဲ့တာ။ အဲဒါက ယုံကြည်ခြင်းမှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်လည်း ဖြစ်ခဲ့တယ်။ ကောင်းချီး ခံစားရဖို့ပေါ့။ ယုံကြည်ခြင်းရဲ့ အဓိပ္ပာယ်နဲ့ ယုံကြည်ခြင်းမှာ ကျွန်တော် ရှိသင့်တဲ့ မှန်ကန်တဲ့ လိုက်စားမှုကို ဘုရားနှုတ်ကပတ်တော်တွေက ပြောပြခဲ့တယ်။ အရင်က ရှိခဲ့တဲ့ လမ်းကြောင်းအမှားကို ပြောင်းလဲဖို့ အသင့်ဖြစ်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့်ကို ပိုပြီး အကျင့်ပျက်ရုံပဲ ဖြစ်စေနိုင်ပြီး ဘုရားရဲ့ ရန်သူပဲ ဖြစ်စေနိုင်လို့ပါ။ ကျွန်တော်က မိဘတွေပေါ် တကယ် သားသမီးဝတ်မကျေခဲ့ဘဲ၊ သူတို့ဆီက တစ်ခုခုကို လိုပဲလိုချင်ခဲ့တဲ့ ကလေးတစ်ယောက်လို ဖြစ်ခဲ့တယ်။ အဲဒီကလေးမျိုးကို သူ့မိဘတွေက လုံးဝ မျက်နှာသာမပေးနိုင်ဘဲ၊ သူတို့ကို နာကျင်စေရုံ ဖြစ်စေလိမ့်မယ်။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းမှာ ကျွန်တော့် ရဲ့ အရင်းခံအကြောင်းနဲ့ ရှုထောင့်အမြင်က ရှက်စရာကောင်းခဲ့တယ်။ ဘုရားဆီက ဘာဆုလာဘ်မျိုးကို ရရှိဖို့ ကျွန်တော် မျှော်လင့်နေခဲ့တာလဲ။ သူ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ကျွန်တော် အများကြီး မွေ့လျော်ခဲ့ရပြီး သူ့နှုတ်ကပတ်တော်ထဲက သမ္မာတရားကနေ အာဟာရအများကြီး ရနှင့်ပြီးသားပဲ။ ဒါတောင် ကျွန်တော်ရှူတဲ့လေ၊ ခံစားရတဲ့ နေရောင်၊ နေ့စဉ်အစာဆိုတာတွေ ကျန်သေးတယ်။ ဒါကို ဘုရားက အားလုံး ထောက်ပံ့ထားတာ။ ကျွန်တော့်ရဲ့ အသက်ကိုတောင် ဘုရားက ပေးထားတာပါ။ ဖန်ဆင်းရှင်ရဲ့ မေတ္တာကို ကျွန်တော် ဘယ်လို ပြန်ပေးဆပ်သင့်လဲ။ ကျွန်တော့်ဖြစ်တည်မှု လက္ခဏာတိုင်းကို ပေးရင်တောင်၊ သူ့ကို လုံးဝ ပေးဆပ်နိုင်မှာ မဟုတ်ဘူး။ အဲဒါတောင် ဘုရားကို အပြစ်တင်မိတုန်းပဲ၊ ငြင်းခုံပြီး သူနဲ့ စာရင်းရှင်းဖို့ ကြိုးစားတုန်းပဲ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သိစိတ်တစ်စက်မှ မရှိဘဲ တကယ်ကို လူ့သဘာဝ ကင်းမဲ့နေခဲ့တာ။ ဘုရားနောက်လိုက်ပြီး ကျွန်တော့်တာဝန်ကို လုပ်ခဲ့တယ်။ အဲဒါက ကျွန်တော့်တာဝန်၊ ကျွန်‌တော် လုပ်သင့်တဲ့ အခြေခံအကျဆုံး အရာပဲလေ။ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းရဖို့ ဘုရားပေးတဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို မလုပ်ခဲ့ရင်၊ သမ္မာတရား ရနိုင်မှာ မဟုတ်သလို၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဘုရားကျေးဇူးတော်ပဲ။ အခု တာဝန်လုပ်တာက ဖန်ဆင်းခံ တစ်ယောက် လုပ်သင့်တဲ့အရာတစ်ခု၊ လူသားရဲ့ တာဝန်တစ်ခုဖြစ်မှန်း ကျွန်တော် သဘောပေါက်သွားတယ်။ ကိုယ့်တာဝန်ကို လုပ်တာက ဘုရားနဲ့ အပေးအယူလုပ်ရမဲ့အရာ မဖြစ်သင့်ဘူး။ ဘယ်အခက်အခဲတွေ ရင်ဆိုင်ရပါစေ၊ နေမကောင်းသည်ဖြစ်စေ၊ ကျွန်တော့် လုပ်ငန်း အဆင်မပြေသည်ဖြစ်စေ၊ အဲဒါကို လက်ခံဖို့လိုပြီး၊ မညည်းညူသင့်မှန်းလည်း နားလည်သွားတယ်။ ဒါက ဖန်ဆင်းခံအနေနဲ့ ရှိသင့်တဲ့ ဆင်ခြင်တုံတရားနဲ့ သဘောထားဖြစ်တယ်။ ဒီနားလည်မှုမျိုးကို ရှိခွင့်ပေးတဲ့အတွက် ဘုရားကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော် ငွေအများကြီး ရှာမနေသလို၊ ကျွန်တော့် ဘဝရဲ့ အရည်အသွေး နည်းနည်း နိမ့်ကျပေမဲ့၊ အရင်ထက် ပိုချွေတာနေပြီ။ အများကြီး သုံးဖြုန်းမနေတော့ဘူး။ ကျွန်တော် နေလို့ရပါသေးတယ်။ ကျန်းမာရေးပြဿနာနဲ့ ဘဝမှာရှိတဲ့ ပြဿနာတွေကို တာဝန်ပေါ် ကိုယ့်သဘောထားကို သက်ရောက်ခွင့်ပေးလို့ မဖြစ်ဘူး။ ကိုယ့်တာဝန်မှာ အလုပ်တိုင်းကို ပြီးစီးဖို့ အကောင်းဆုံး ကြိုးစားရင်းနဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်တော် ဆက်အကူအညီပေးနေခဲ့တယ်။ ဒီအခြေအနေကို ကြုံရခြင်းက ကျွန်တော် တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်ပုံကို ပြခဲ့ပြီး၊ ယုံကြည်ခြင်းနဲ့ လိုက်စားမှုမှာ ကိုယ့်ရဲ့ မမှန်တဲ့ ရှုထောင့်အမြင်အပေါ် သိနားလည်မှုတချို့ ပေးခဲ့တယ်။ ဒီအရာအားလုံးကို ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုကြောင့် ရရှိခဲ့တာပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ မိဘတွေကို အရှိအတိုင်း မြင်တယ်

ရှင်းချယ် တောင်ကိုရီးယားနိုင်ငံ ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မမိဘတွေက ဘုရားရဲ့နောက်ကိုလိုက်တဲ့အတွက် စံပြတွေအဖြစ် ကျွန်မက အမြဲတမ်းမြင်ခဲ့တယ်။...

ဧဝံဂေလိ ဝေမျှရင်း အခက်အခဲများကို ရင်ဆိုင်ရန်နည်းလမ်း

ကယ်လ်ဗင် ပီရူးနိုင်ငံ ပီရူးက မြို့ငယ်လေးမှာ ကျွန်တော် နေတယ်။ တစ်မိသားစုလုံးနဲ့ အဲဒီက တခြားရွာသား အများစုက ကက်သလစ်ဘာသင်တွေ ဖြစ်တယ်။ ဒါပေမဲ့...

ကျွန်ုပ် အပြောအဆိုမတတ်၍ ဖြစ်လာသော သိမ်ငယ်စိတ်ကို ကျွန်ုပ် ခံစားရတော့မည် မဟုတ်ပါ

ငယ်ငယ်ကတည်းက ကျွန်မက တော်တော်လေး တသီးတသန့်နေတတ်ပြီး ကိုယ်ပြောချင်တာကို ကောင်းကောင်းမပြောတတ်ဘူး။ လူစိမ်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ စကားပြောဖို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
ဘောင်အပြည့်ချဲ့ကြည့်မည်
ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်