ရောဂါမှတစ်ဆင့် ရိတ်သိမ်းရရှိခဲ့သော အကျိုး

28.02.2021

ကျန်းလိ တရုတ်နိုင်ငံ

၂၀၀၇ ခုနှစ်က ကျွန်မ ဘဝအတွက် ကြီးမားသည့် အပြောင်းအလဲတစ်ခု ဖြစ်ပါသည်။ ထိုနှစ်မှာ ကျွန်မ အမျိုးသားက မတော်တဆကားတိုက်မှုဖြစ်ပြီး အိပ်ရာထဲ လဲသွားခဲ့သည်။ ကျွန်မတို့ ကလေးနှစ်ယောက်က ငယ်သေးပြီး၊ ကျွန်မတို့ မိသားစုအတွက် ခက်ခဲသည့် အချိန်ကာလပင် ဖြစ်သည်။ ကျွန်မအတွက် အလွန် ခက်ခဲသည်။ မည်သို့ ဖြတ်သန်းရမည်ကို ကျွန်မ လုံးဝ မသိခဲ့ပါ။ ထို့နောက်မှာ ကျွန်မ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့သည်။ ကျွန်မတို့အားလုံးသည် ဘုရားသခင်အပေါ် ကျွန်မတို့ ဘဝများကို ပေးဆပ်ရမည်၊ ကျွန်မတို့ ကံကြမ္မာများက သူ့လက်ထဲမှာရှိသည်၊ ကောင်းမွန်သည့် ကံကြမ္မာရှိဖို့အတွက် ဘုရားသခင်ကို ကိုးကွယ်ယုံကြည်ရမည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး ကျွန်မ သိခဲ့ရပါသည်။ ကျွန်မ မှီခိုနိုင်သည့်အရာတစ်ခုကို ကျွန်မ တွေ့ခဲ့ရသည်ဟု ခံစားရပါသည်။ အစည်းအဝေးများကို ကျွန်မ ပုံမှန် စတက်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး ဆုတောင်းဖို့ ကျွန်မ ကလေးများကို ခေါ်သွားသည်။ သိပ်မကြာမီတွင် အသင်းတော်မှာ ကျွန်မ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်မ အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခဲ့ပါသည်။ ကျွန်မက “ငါက ယုံကြည်ခြင်းမှာ တော်တော်ကို အသစ်ဖြစ်နေတာတောင် အသင်းတော် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ သမ္မာတရားကို လိုက်စားရမှာ ငါ တော်မှဖြစ်မယ်။ ငါ့တာဝန်ကို ကောင်းကောင်း လုပ်ပြီး ဘာပဲဖြစ်နေဖြစ်နေ လုပ်ရမယ်။ ဒါဆိုရင် ငါ သေချာပေါက် ကယ်တင်ခံရမှာပဲ။” ဟု ကျွန်မ မိမိဘာသာ တွေးမိသည်။ ထိုကဲ့သို့ စဉ်းစားမိသည်က ကျွန်မ တာဝန်မှာ တော်တော်ကို တွန်းအားဖြစ်စေခဲ့သည်။ ဧဝံဂေလိတရားဟောပြီး မိမိတာဝန်ကို ထမ်းဆောင်ရင်းနှင့် ကျွန်မ၏အချိန်အများစုကို ကုန်ဆုံးစေခဲ့ပါသည်။ ကျွန်မ မိတ်ဆွေများနှင့် ဆွေမျိုးများက ကျွန်မ၏ ယုံကြည်မှုကို ဆန့်ကျင်ကြသည်၊ ပြီးလျှင် အိမ်နီးနားချင်းများက အသရေဖျက်ပြီး လှောင်ပြောင်ကြသည်။ ထိုအချိန်မှာ ကျွန်မ နည်းနည်း အားလျော့လာသော်လည်း၊ ထို့ကြောင့် ကျွန်မ တာဝန်ထမ်းဆောင်ခြင်းကို မရပ်ခဲ့ပါ။ ကျွန်မ အမျိုးသားလည်း ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပြီး နောက်ပိုင်းမှာ သူ၏တာဝန်ကိုလည်း စတင် ထမ်းဆောင်ခဲ့ပါသည်။ ဤသည်က ကျွန်မ အလွန် ပျော်ရွှင်စေခဲ့သည်။ “ကျွန်မတို့ တာဝန်ကို ကောင်းကောင်း လုပ်ပြီး ဘုရားသခင်အတွက် ပေးဆပ်မှုတွေ လုပ်သရွေ့ ဘုရားသခင်ရဲ့ ကောင်းချီးကို ကျွန်မတို့ ခံစားရမှာပဲ။” ဟု ကျွန်မ တွေးထင်ခဲ့သည်။ အထူးသဖြင့် ကျွန်မက ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်သည်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်မ သေချာပေါက် ခံရမည်ဟု ညီအစ်ကို မောင်နှမများက ပြောသည်ကို ကြားရသည့်အခါ၊ ကျွန်မ အလွန်ပျော်ရွှင်ပြီး ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ အများကြီးပိုပြီး တွန်းအား ရခဲ့သည်။

၂၀၁၂ခုနှစ်၏ နေ့တစ်နေ့မှာ ကျွန်မ ရင်ဘတ်မှာ အနည်းငယ် နာသည့် အဖုတစ်ခု တွေ့သည်။ အရေးကြီးသည့်အရာ တစ်ခုခုဖြစ်နေမည်ကို ကျွန်မ စပြီး စိုးရိမ်လာသည်။ သို့သော် ထို့နောက်တွင် “မဖြစ်နိုင်ပါဘူး။ အသင်းတော်မှာ ငါ့တာဝန်ကို နေ့တိုင်း ထမ်းဆောင်တာပဲ။ ဘုရားသခင်အတွက် တကယ် ပေးဆပ်မှုတွေ လုပ်တဲ့သူ တစ်ယောက်အပေါ် ဘုရားသခင်က အဲဒီလို လုပ်မှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ ကွယ်ကာမှုနဲ့ ငါ အရမ်းကြီး နာမကျန်းဖြစ်မှာ မဟုတ်ပါဘူး။” ဟု ကျွန်မ တွေးမိသည်။ ထိုကဲ့သို့ စဉ်းစားရင်း ကျွန်မ၏ ပူပန်မှုများက ပျောက်သွားပြီး ခါတိုင်းကဲ့သို့ ကျွန်မ တာဝန်ကို ဆက်ထမ်းဆောင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ယုံကြည်သူများအပေါ် ညှဉ်းပန်းနှိပ်စက်မှုက ၂၀၁၃ ခုနှစ်မှာ ပို၍ ပို၍ ဆိုးလာခဲ့သည်။ ကျွန်မ အမျိုးသားနှင့် ကျွန်မက ဧဝံဂေလိဖြန့်ဝေခြင်းကြောင့် ဒေသတွင်းမှာ လူသိများကြပြီး အဖမ်းဆီးခံရမည့် အန္တရာယ်ကို အမြဲတမ်း ကြုံနေရသည်။ ကျွန်မတို့ တာဝန်ကို ဆက်ပြီး ထမ်းဆောင်နိုင်စေရန် အိမ်ကနေ ထွက်ခဲ့ကြပြီး အဝေးကြီးကို ပြောင်းခဲ့ကြသည်။ နောက်ပိုင်းမှာ ကျွန်မ ရင်ဘတ်က အဖုက ကြီးလာသည်ကို တွေ့ရပြီး ရောဂါ တစ်မျိုးမျိုးဖြစ်နေမှာကို ကျွန်မ စိတ်ပူမိသည်။ သို့သော် မကောင်းသည့်အရာများ တစ်ခုမျှမဖြစ်သည်မှာ နှစ်ချီနေပြီး ဘုရားသခင်ကလည်း ကျွန်မကို သေချာပေါက် ကာကွယ်နေသည်ဟု စဉ်းစားမိသည်။ ကျွန်မက မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး ပိုပြီး ပေးဆပ်မှုများပြုနေသရွေ့ ဘုရားသခင်က ကျွန်မကို သနားညှာတာမည်ဖြစ်ပြီး၊ အရမ်းကြီး နာမကျန်းဖြစ်မည် မဟုတ်ဟု တွက်လိုက်သည်။

၂၀၁၈ခုနှစ်မှာ ကျွန်မ စပြီး နေမကောင်း ဖြစ်လာသည်၊ ပြီးလျှင် ကျွန်မ အမျိုးသားက ကျွန်မကို ဆေးစစ်ဖို့ ခေါ်သွားခဲ့သည်။ ကျွန်မ ရင်ဘတ်က အဖုက ငန်းဥလောက် ကြီးလာနေပြီး‌ အခြေအနေ မကောင်းဟု ဆရာဝန်ကပြောသည်။ ချက်ချင်း ခွဲစိတ်သည်က အလွန် အန္တရာယ်များပြီ မခွဲစိတ်နိုင်မီတွင် အဖုကို သေးသွားစေရန်ဟု ဓာတုကုထုံး ဦးစွာယူရမည်ဟု ပြောသည်။ “အခြေအနေ မကောင်းပါ၊” “ဓာထုကုထုံးယူရမည်” ဆိုသည့်စကားများကို ကြားသည့်အခါ၊ ကျွန်မ အလွန် ထိတ်လန့်သွားသည်။ “ကင်ဆာရှိတဲ့သူတွေပဲ ဓာထုကုထုံးယူရတာ။ ငါ့မှာ ကင်ဆာရှိနေပြီလား။ ငါ ငယ်ငယ်လေးနဲ့ သေရတော့မှာလား” ဟု ကျွန်မ တွေးမိသည်။ ကျွန်မ ယုံကို မယုံနိုင်ခဲ့ပါ။ ဆေးရုံ လျှောက်လမ်းမှာရှိသည့် ခုံရှည်ပေါ်ကို ကျွန်မ ပစ်ထိုင်ချလိုက်ပြီး ငိုချလိုက်မိသည်။

ကျွန်မ အမျိုးသားက ကျွန်မကို “ဒီ အစပိုင်း စစ်ဆေးချက်က သေချာပေါက် မှန်တာမျိုး မဟုတ်ပါဘူး။ မနက်ဖြန်ကျရင် နောက်ဆေးရုံတစ်ခုမှာ သွားစစ်ကြမယ်” ဟု ပြောလျက်၊ နှစ်သိမ့်ဖို့ ကြိုးစားလေသည်။

နောက်နေ့မှာ နောက်ထပ်ဆေးရုံတစ်ခုကို ကျွန်မတို့ သွားကြပြီး ကျွန်မကို အသားတစ်ရှူးစစ်ပေးသည်။ ကျွန်မ အခြေအနေက ဆိုးနေပြီး ယင်းမှာ ကင်ဆာဖြစ်နိုင်သည်ဟု ဆရာဝန်က ကျွန်မ အမျိုးသားကိုပြောသည်။ ကျွန်မတို့ ဆက်စောင့်၍မဖြစ်တော့သကဲ့သို့၊ နှစ်ရက်အတွင်းမှာ ခွဲစိတ်ခံရမည်ဟု သူကပြောသည်။

သူ ထိုကဲ့သို့ ပြောသည်ကို ကြားရသည့်အခါမှာ ကျွန်မ လုံးဝ ပျော့ခွေသွားခဲ့ပြီး ကျွန်မ နှလုံးသားက အေးခဲသွားသည်။ “ဒါ တကယ်ပဲ ကင်ဆာလား။ လူတွေက ကင်ဆာဖြစ်ပြီး သေကြတယ်။ ဘယ်လိုဖြစ်ပြီး ငါက ဒီလိုဖြစ်ရတာလဲ။” ဟု ကျွန်မ စဉ်းစားမိသည်။ သို့သော် နောက်တွင် “မဖြစ်နိုင်ဘူး။ ငါက ယုံကြည်သူ ဖြစ်လာကတည်းက အမြဲတမ်း တာဝန် ထမ်းဆောင်တယ်၊ ပေးဆပ်မှုတွေ လုပ်တယ်၊ ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်တယ်၊ သူများတွေရဲ့ လှောင်ပြောင်တာ၊ အသရေ ဖျက်တာတွေ၊ တရုတ်ကွန်မြူနစ်ပါတီက ညှဉ်းပန်းနှိပ်စက်တာ၊ လိုက်ဖမ်းတာတွေကို တောင့်ခံခဲ့တယ်။ ငါ့တာဝန်အပေါ် ဘယ်အရာကမှ အနှောင့်အယှက်မဖြစ်စေခဲ့ဘူး။ ဘယ်လိုဖြစ်ပြီး ငါ ကင်ဆာဖြစ်ရတာလဲ။ ဒါဆိုရင် ငါက ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရဖို့ မျှော်လင့်ချက်လုံးဝ မရှိတော့တဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား။ ဒီနှစ်တွေအားလုံးမှာ ငါ့ရဲ့ ပေးဆပ်မှုတွေက အလဟဿဖြစ်သွားပြီလား။” ဟု စဉ်းစားမိသည်။ ကျွန်မ အင်မတန် စိတ်မကောင်းဖြစ်ခဲ့သည်။

ထိုနေ့ည အိပ်ရာပေါ်မှာ လှဲရင်း လူးလှိမ့်နေပြီး တစ်မှေးမှ အိပ်မပျော်နိုင်ခဲ့ပါ။ ကျွန်မ အဖြေရှာ၍ကို မရနိုင်ခဲ့ပါ။ ကျွန်မက မိမိကိုယ်ကိုယ် တော်တော်ကို အသုံးတော်ခံခဲ့သောကြောင့်၊ မည်သို့များ ကျွန်မက အရမ်းနာမကျန်းဖြစ်သွားရသနည်း။ ဘုရားသခင်က ကျွန်မကို အဘယ့်ကြောင့် မကာကွယ်သနည်း။ ထိုနောက်မှာ အချိန်နှစ်ရက်အတွင်းမှာ ကျွန်မခံယူရမည့် ခွဲစိတ်မှုကို စဉ်းစားမိသည်။ အောင်မြင်ခြင်း ရှိမရှိ ဆိုသည်ကို ကျွန်မ လုံးဝ မသိခဲ့ပါ။... ကျွန်မ လုံးဝကို ဆင်းရဲဒုက္ခ ရောက်နေခဲ့ခြင်း ဖြစ်သောကြောင့်၊ “ချစ်လှစွာသော ဘုရားသခင်၊ ကျွန်မ အခုအချိန်မှာ အရမ်း စိတ်သောက ရောက်နေပါတယ်။ ဒီအခြေအနေကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြတော်မူပါ...” ဟု ဘုရားသခင်ဆီကို ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်၏ လူသားနှင့်ပတ်သက်သည့် နောက်ဆုံး လိုအပ်ချက် ဆယ့်တစ်ခုကို ဖတ်ခဲ့ပါသည်။ “၅။ ငါ့အတွက် ချစ်ခြင်းများစွာနှင့်အတူ အစဉ်အမြဲ အလွန် သစ္စာစောင့်သိပြီးသည့်တိုင် မကျန်းမာမှု၊ ဆင်းရဲမှုနှင့် သင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ၏ စွန့်ပစ်ခြင်းတည်းဟူသော ညှဉ်းဆဲမှုကို သင် ခံရပါက၊ သို့မဟုတ် ဘဝတွင် အခြား ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုကို သင် ကြံ့ကြံ့ခံရပါက၊ ငါ့အတွက် သင်၏ သစ္စာစောင့်သိခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဆက်ရှိဦးမည်လော။ ၆။ သင်၏ စိတ်နှလုံးထဲက သင် စိတ်ကူးထားသည့် မည်သည့်အရာကမျှ ငါ လုပ်ဆောင်ခဲ့သည့်အရာနှင့် တစ်ထပ်တည်းမဖြစ်ပါက၊ သင်၏ အနာဂတ်လမ်းကြောင်းကို သင် မည်သို့ လျှောက်လှမ်းလိမ့်မည်နည်း။ ၇။ သင် ရရှိဖို့ မျှော်လငင့်ခဲ့သည့် အရာများ တစ်ခုကိုမျှ သင် မရရှိပါက၊ သင်သည် ငါ၏ နောက်လိုက်အဖြစ် ဆက်လက်ရှိနိုင်မည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)”) ဤလိုအပ်ချက်များကို ချင့်ချိန်စဉ်းစားရင်းနှင့် ဤရောဂါက ဘုရားသခင်က ကျွန်မ သူ့အပေါ် အမှန်တကယ် သစ္စာရှိ မရှိ၊ သူ့ကို အမှန်တကယ် ချစ်မချစ်ကို ကြည့်ဖို့ ကျွန်မကို စမ်းသပ်နေခြင်းဖြစ်သည်ကို ကျွန်မ သဘောပေါက်ခဲ့ပါသည်။ ယောဘက သူ့၏ စမ်းသပ်မှုများကို ဖြတ်သန်းခဲ့သည့်အချိန်ကို ကျွန်မ တွေးမိသည်။ သူ့၏ ပိုင်ဆိုင်မှုပစ္စည်းများ၊ သူ့သားသမီးများကို ဆုံးရှုံးရသည်။ သူ့တစ်ကိုယ်လုံးမှာ အနာစိမ်းများပေါက်သည်။ ဘုရားသခင်၏ အလိုတော်ကို သူ နားမလည်သော်လည်း၊ ဘုရားသခင်ကို အပြစ်တင်ဖို့ထက် သူ့ကိုယ်သူသာ ကျိန်ဆဲခဲ့ပြီး၊ ယေဟောဝါ ဘုရားသခင်၏ အမည်နာမကို သူ ချီးကျူးထောမနာပြုခဲ့သည်။ ဘုရားသခင်အပေါ် သူ့၏ ယုံကြည်ခြင်းကို ထိန်းသိမ်းထားခဲ့ပြီး ဆက်ပြီး နာခံခြင်း ရှိခဲ့သည်။ စာတန်ရှေ့မှာ ဘုရားသခင်အတွက် သက်သေခံခဲ့သည်။ သို့ရာတွင် ကျွန်မက နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အထောက်အပံ့များကို အများကြီး ခံစားခဲ့သော်လည်း၊ ဘုရားသခင်၏ အမှုကို ကျွန်မ လုံးဝ နားမလည်ခဲ့ပါ။ ကျွန်မမှာ ကင်ဆာရှိနေသည်ကို သိလိုက်ရသည့်အခါ၊ ကျွန်မက ကယ်တင်မခံရနိုင်တော့သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို မခံစားနိုင်တော့ဟု ထင်ခဲ့သည်။ ဘုရားသခင်ကို ကျွန်မ အထင်လွဲပြီး အပြစ်တင်ခဲ့ပါသည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီး အနစ်နာခံမှုများစွာ လုပ်ခဲ့သောကြောင့်၊ ဘုရားသခင်က ကျွန်မ နာမကျန်းမဖြစ်စေရန် တားဆီးသင့်သည်ဟု ထင်ခဲ့မိသည်။ ကျွန်မ၏ ပေးဆပ်မှုများ အားလုံးက ဘုရားသခင်၏ အလိုတော်ကို အလေးထားခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ လုပ်ခဲ့ခြင်းတို့မှ ဖြစ်လာခြင်း မဟုတ်သည်ကို ဘုရားသခင်က ကျွန်မကို ဖော်ထုတ်သည့်အခါမှသာ ကျွန်မ မြင်ခဲ့ရပါသည်။ ဤအရာများက ကောင်းချီးများ ရဖို့နှင့် ဘုရားသခင်၏ နိုင်ငံတော်ကို ရောက်ဖို့ အတွက် ဖြစ်ပါသည်- ကျွန်မက ဘုရားသခင်နှင့် အပေးအယူ လုပ်နေခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်အတွက် သစ္စာရှိမှုနှင့် ချစ်ခြင်းများအားလုံးက စိတ်ကူးယဉ်သက်သက် ဖြစ်ပါသည်။ ယင်းက လုံးလုံး ရိုးသားစစ်မှန်မှု မရှိခဲ့ပါ။ ဘုရားသခင်ကို ကျွန်မ တကယ်ကို နာကျင်စေပြီး စိတ်ပျက်စေခဲ့ပါသည်။

ထိုနောက်မှာ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရပါသည်။ “လူသားမျိုးနွယ်တစ်ရပ်လုံးထဲမှ အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူ၍ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း အလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူကိုယ်တိုင်၏ ရွေးချယ်ချက်ဖြင့် ဖြစ်ပျက်သလော။ လူသားသည် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်ထား သလော။ များစွာသောလူတို့သည် သေခြင်းတရားကို အော်ခေါ်ကြ သော်လည်း၊ ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် ကြံ့ခိုင်၍ သေခြင်းတရားကို ကြောက်ရွံ့သောသူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေခြင်းတရား၏ အသူတစ်ရာ နက်သောချောက်ထဲသို့ ထိုးဆင်းနေရင်း ၎င်းတို့၏သေဆုံးခြင်း နေ့ရက်သည် ၎င်းတို့သတိမထားမိခင် ချဉ်းကပ်လာနေ၏။ များစွာသောလူတို့သည် ကောင်းကင်သို့ ကြည့်၍ လေးလေးပင်ပင် သက်ပြင်းချကြ၏။ များစွာသောလူတို့သည် သည်းထန်စွာငိုကြွေး၍ အော်မြည် ရှိုက်ငိုကြ၏။ များစွာသောလူတို့သည် စမ်းသပ်မှုများအကြား လဲပြိုကြပြီး များစွာသောလူတို့သည် စုံစမ်းသွေးဆောင်ခြင်း၏ အကျဉ်းသားများ ဖြစ်သွားကြ၏။ ငါ့အား ရှင်းလင်းစွာ မြင်ခွင့်ပြုရန် ငါသည် ကိုယ်တိုင်ပေါ်ထွန်းလာခြင်း မရှိသော်လည်း၊ များစွာသောလူတို့သည် ၎င်းတို့ကို ငါ ဒဏ်ခတ်မည် ဟုလည်းကောင်း၊ ၎င်းတို့ကို ငါအဆုံးစီရင်မည် ဟုလည်းကောင်း လွန်စွာကြောက်ရွံ့လျက် ငါ့၏မျက်နှာကို မြင်ရန် ကြောက်ကြ၏။ လူသားသည် ငါ့ကို အမှန်တကယ် သိသလော၊ သို့မဟုတ် မသိသလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) လူသား၏ ဇာတိကပတိနှင့် ဝိညာဉ်၏ အရင်းအမြစ်က ဘုရားသခင်ဆီမှာရှိသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ပြသခဲ့ပါသည်။ ရှင်ခြင်းနှင့် သေခြင်းက ဘုရားသခင်၏ လက်ထဲမှာ ရှိပြီး ကျွန်မတို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ဖန်ဆင်းခံများအနေနှင့် ဘုရားသခင်၏ အစီအစဉ်များအပေါ် ကျွန်မတို့ နာခံသင့်သည်။ ဤသည်ကို နားလည်သဘောပေါက်ပြီး၊ ကျွန်မ သေခြင်းကို သိပ်မကြောက်မိတော့ပါ။ ကျွန်မ တိတ်တဆိတ် စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ “ငါ့ ခွဲစိတ်မှုက ဘယ်လိုပဲဖြစ်ပါစေ၊ ငါ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ့အသက်ကို ဘုရားသခင်ဆီကို လွှဲပြောင်းပေးထားပြီး သူ့ရဲ့ အုပ်စိုးမှုကို နာခံပါတယ်။” ဟု ဖြစ်ပါသည်။

ကျွန်မ နာခံပြီးသည်နှင့် တစ်ပြိုင်နက် ကျွန်မ နှလုံးသားထဲမှာ အများကြီး ငြိမ်းချမ်းသွားခဲ့သည်။ ခွဲစိတ်ခန်းကို ကျွန်မကို ခေါ်သွားသည့်အချိန်မှာ ကျွန်မ အဆက်မပြတ် ဆုတောင်းနေခဲ့သည်။ ခွဲစိတ်ပြီးသည့်နောက်မှာ တော်တော်ကို အဆင်ပြေသော်လည်း၊ အခြေအနေ မည်သို့ဖြစ်မည်ကို သိဖို့ ဖယ်ရှားထားသည့် အဖုကို စမ်းသပ်ရဦးမည် ဟု ဆရာဝန်က ပြောသည်။ “ဘုရားသခင်က ငါ့ကို ကာကွယ်ပေးနေတာကြောင့် ခွဲစိတ်မှုက တော်တော် အဆင်ပြေသွားတာပဲ” ဟု ကျွန်မ တွေးမိသည်။ အခြားလူနာများက ခွဲစိတ်မှုပြီးသွားသည့်အခါ၊ တော်တော်ကို အားလျော့ပြီး စိတ်ရှုပ်ထွေးနေသော်လည်း၊ ကျွန်မကတော့ နေကောင်းပြီး စိတ်ရွှင်လန်းနေသည်ကို ကျွန်မ တွေ့ရသည်။ ကျွန်မ၏ လူနာဆောင်ထဲက လူများက ကျွန်မက ခွဲစိတ်ခံထားရသည်နှင့် လုံးဝ မတူပါဟု ပြောကြသည်။ ထိုအတွက် ကျွန်မ နှလုံးသားထဲကနေ ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတင်နေမိသည်။ “လွန်ခဲ့တဲ့ ခြောက်နှစ်က ဒီအခဲကို ငါ့ရင်ဘတ်မှာ တွေ့ခဲ့တာ။ ဒါက ကင်ဆာသာဆိုရင် သေချာပေါက် အခြေအနေဆိုးနေတာ ကြာနေလောက်ပြီ။ ဒါပေမဲ့ ဒီအချိန်တစ်လျှောက်လုံးမှာ ငါ လုံးဝ နေထိုင် မကောင်းမဖြစ်ခဲ့ဘူး။ ဒါ ကင်ဆာမဟုတ်ဘူးထင်တယ်။ ဟုတ်တယ်ဆိုရင်တောင် ဘုရားသခင်က အနန္တတန်ခိုးရှိပြီး သူက အဆင်ပြေအောင်လုပ်ပေးမယ်ဆိုတာ ငါယုံကြည်တယ်။” ဟုလည်း ကျွန်မ တွေးမိသေးသည်။ အချို့ ညီအစ်ကို မောင်နှမများက သူတို့ တော်တော် နာမကျန်းဖြစ်သည့်အချိန်မှာ ဘုရားသခင်ကို အားကိုးခဲ့ပြီး ဘုရားသခင်၏ အံ့ဖွယ်လုပ်ဆောင်မှုများကို သက်သေခံခဲ့သည်ကို ကျွန်မ ယခင်က ကြားဖူးသည်။ ကျွန်မက ဘုရားသခင်အတွက် အမြဲတမ်း ပေးဆပ်မှုများပြုခဲ့သောကြောင့်၊ ကျွန်မကို သူ သေချာပေါက် ကာကွယ်မည် ဖြစ်သည်။

သုံးရက်ကြာပြီးသည့်နောက်မှာ ကျွန်မ မျှော်လင့်ချက် အပြည့်နှင့် ဆေးအဖြေကို သွားကြည့်ခဲ့သည်၊ သို့သော် ကျွန်မ၏ မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားခဲ့ရသည်။ ယင်းက တကယ်ကို ကင်ဆာဖြစ်နေလေသည်။

ကျွန်မ ထိုနေရာမှာသာ မလှုပ်မယှက်နှင့် ထိုင်နေခဲ့သည်။ ကျွန်မ ထပ်ခါထပ်ခါ ငိုရင်း၊ ဆေးအဖြေကိုသာ စူးစူးစိုက်စိုက်ကြည့်ပြီး ထပ်ခါထပ်ခါ ဖတ်နေမိသည်။ တော်တော်ကြာမှ မိမိကိုယ်ကိုယ် ပြန်ထိန်းလိုက်သည်။ “ငါ့ကို ဖော်ထုတ်ပြီး ဖယ်ရှားဖို့အတွက် ဘုရားသခင်က ဒီ ရောဂါကို အသုံးပြုနေတာလား။ ဘုရားသခင်ကို အစေခံဖို့တောင်မှ ငါ အရည်အချင်း မပြည့်မီတော့ဘူးလား။ ငါ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့တယ်။ စွန့်လွှတ်အနစ်နာခံတာတွေ လုပ်ခဲ့ပြီး မိုးထဲလေထဲကြားမှာ ဧဝံဂေလိဟောပြောခဲ့တယ်။ ဘုရားသခင်က ဒါတွေကို တစ်ခုမှ မမှတ်မိဘူးလား။ ဘုရားသခင်အပေါ် ငါ့ရဲ့ ယုံကြည်မှုက ဒီလိုမျိုး အဆုံးသတ် သွားမှာလား။” ဟု မိမိဘာသာ တွေးမိသည်။ ကျွန်မ ပို၍ ပို၍ စိတ်မကောင်းဖြစ်လာပြီး၊ အားအင်များ လုံးဝ လျော့လာသကဲ့သို့ ခံစားခဲ့ရသည်။

နောက်ပိုင်းမှာ ကျွန်မ မစားချင် မသောက်ချင်တော့သကဲ့သို့၊ စကားပင် မပြောချင်တော့ပါ။ ဆရာဝန်က ကျွန်မကို အာဟာရဆိုင်ရာ ဖြည့်စွက်ဆေးများကို သောက်ပြီး ပိုပြီး လေ့ကျင့်ခန်းလုပ်ဖို့ ပြောသည်။ “ငါက သေမိန့်ကျနေပြီသား။ အာဟာရ ဖြည့်စွက်ဆေးတွေနဲ့ လေ့ကျင့်ခန်းက ဘာထူးမှာလဲ။ ဘာပဲဖြစ်ဖြစ် ငါက အနှေးနဲ့ အမြန် သေမှာပဲလေ။” ဟု တွေးမိသည်။ ကျွန်မ တော်တော်ကို စိတ်ဖိစီးပြီး “ညီအစ်ကို မောင်နှမတွေ တော်တော်များများက သူတို့ ယုံကြည်ခြင်းမရှိခင်မှာ နာမကျန်းဖြစ်ကြပြီး ယုံကြည်ပြီးတဲ့နောက်မှာတော့ နေပြန်ကောင်းသွားကြတယ်။ ဒါပေမဲ့ ငါက ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိပြီးကတည်းက နေ့တိုင်း ငါ့တာဝန်ကို ထမ်းဆောင်နေခဲ့တာ။ ဘယ်လိုဖြစ်ပြီး ငါက ကင်ဆာဖြစ်ရတာလဲ။ စွန့်လွှတ်အနစ်နာခံတာတွေက ကယ်တင်ခြင်းရဖို့ ကျွန်မရဲ့ လက်မှတ်ပဲလို့ ကျွန်မ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မက ကယ်တင်မခံရရုံတင်မကဘဲ ကင်ဆာနဲ့ သေရတော့မယ်။” ဟု ဆက်တိုက် တွေးနေမိသည်။ ကျွန်မ၏ ဘုရားသခင်အပေါ် အပြစ်တင်ချင်သည့် ခံစားချက်နှင့် အထင်လွဲမှုများက ကျွန်မထံမှ အထိန်းအကွပ်မရှိ အန်ထွက်လာခဲ့သည်။ မျှော်လင့်ချက်မဲ့နေရင်း၊ “ချစ်လှစွာသောဘုရားသခင်၊ ကျွန်မ တော်တော်ကို နာကျင်နေရပါတယ်။ နာမကျန်းဖြစ်နေပြီး ကိုယ်တော်ရဲ့ အလိုတော်ကို ကျွန်မ နားမလည်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို အသိဉာဏ်ပွင့်လင်းစေပြီး ကိုယ်တော့်အလိုတော်ကို နားလည် စေတော်မူပါ။” ဟု ဘုရားသခင်ကို ကျွန်မ မျက်ရည်များနှင့် ပြောခဲ့သည်။

ထို့နောက်မှာ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရပါသည်။ “လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား စစ်မှန်သော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ စစ်မှန်သော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘုရားသခင်၏အလိုတော်ကို ကျွန်မ နားလည်အောင် ကူညီပေးသည်။ ကျွန်မက မိမိကိုယ်ကိုယ် သိကာ၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားပြီး ဘုရားသခင်ထံမှ ကယ်တင်ခြင်း ရရှိစေဖို့အလို့ငှာ၊ ကျွန်မ၏ အတွင်းပိုင်း ဖောက်ပြန်ပျက်စီးခြင်း၊ ပုန်ကန်လိုခြင်းနှင့် စွန်းထင်းနေသည့် ကြံရွယ်ချက်တို့ကို ဖော်ထုတ်ဖို့ ရောဂါကို ဘုရားသခင်က အသုံးပြုနေခြင်း ဖြစ်သည်။ သို့သော် ကျွန်မက ဘုရားသခင်က ကျွန်မ အသက်ကို ယူပြီး ကျွန်မကို ဖယ်ရှားပစ်ချင်ခဲ့သည်ဟု ထင်သောကြောင့် ဘုရားသခင်ကို အထင်လွဲပြီး အပြစ်တင်ခဲ့သည်၊ လုံးဝ လက်လျှော့လိုက်ပြီး မျှော်လင့်ချက် ပျောက်သွားခဲ့သည်။ ကျွန်မက မိမိ၏ စွန့်လွှတ်အနစ်နာခံမှုများအပေါ်မှာ တန်ဖိုး သတ်မှတ်ပြီး နာမည်ယူဖို့၊ ဘုရားသခင်နှင့် ငြင်းခုံဖို့ ကြိုးစားခဲ့သည်။ ဘုရားသခင်နှင့် ရင်ဆိုင်ဖို့ မိမိ၏ သေခြင်းကိုပင် အသုံးပြုချင်ခဲ့သည်။ ကျွန်မက အသိတရားအားလုံး ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ ကျွန်မ ဘုရားသခင်အပေါ် များစွာ အကြွေးတင်သည်ဟု ခံစားရခြင်းကြောင့် ဆုတောင်းပြီးနောက် ကျွန်မ နာမကျန်းဖြစ်သည့်အခါ အဘယ့်ကြောင့် မနာခံနိုင်ဘဲ ထိုအစား ဘုရားသခင်ကို အထင်လွဲပြီး အပြစ်တင်မိသည်ကို ရှာဖွေဖို့ ဘုရားရှေ့ကို လာခဲ့ပါသည်။

ထို့နောက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် အချို့ကို ဖတ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသော သူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံ့ရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း”) “ထိုသို့သော လူတို့သည် ဘုရားသခင် နောက်လိုက်ရာတွင် ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး၊ ယင်းရည်မှန်းချက်မှာ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သည်။ ထိုသို့သော လူတို့သည် ဤရည်မှန်းချက် တိုက်ရိုက် မပါဝင်သည့် အခြား မည်သည့်အရာကိုမျှ အလေးဂရုပြုဖို့ အပင်ပန်းမခံနိုင်ကြပေ။ ၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများ ရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ- ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံ ပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်အတွက်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ပြောင်းလဲကြသည်၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့ ရှာဖွေသည့် ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်၌ ၎င်းတို့ယုံကြည်မှု၏ ရည်မှန်းချက်ကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် စံများနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုအတွက် ၎င်းတို့ အလုပ်ရှုပ်နေကြသည်။ လမ်းမည်မျှ ဝေးသည်ဖြစ်စေ၊ လမ်းတစ်လျှောက် အခက်အခဲများနှင့် အတားအဆီးများ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့သည် မဆုတ်မနစ်ကြိုးပမ်းကြပြီး သေခြင်းကိုမကြောက်ကြချေ။ မည်သည့်တန်ခိုးက ၎င်းတို့ကို ဤနည်းဖြင့် မဖြစ်မနေ ဆက်လက်ဆက်ကပ်စေသနည်း။ ယင်းမှာ ၎င်းတို့၏ အသိစိတ်လော။ ၎င်းတို့၏ ကြီးမြတ်ပြီး မွန်မြတ်သည့် အကျင့်စရိုက်လော။ မကောင်းမှု အင်အားများကို တကယ့်အဆုံးထိ တိုက်ခိုက်ရန်ဖြစ်သည့် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်လော။ ယင်းမှာ ဆုလာဘ်ကို မရှာဖွေဘဲ၊ ဘုရားသခင်ကို သက်သေခံရန်ဖြစ်သည့် ၎င်းတို့၏ ယုံကြည်ခြင်းလော။ ယင်းမှာ ဘုရားသခင်၏အလိုကို စွမ်းဆောင်ရရှိရန် အရာရာတိုင်းကို စွန့်လွတ်ဖို့ လိုလားရာတွင် ၎င်းတို့၏ သစ္စာစောင့်သိမှုလော။ သို့မဟုတ် ယင်းသည် လွန်ကဲသည့် ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်များကို အမြဲ လက်လွှတ်ဖို့ဖြစ်သည့် ၎င်းတို့၏ ဆက်ကပ်မှု စိတ်ဓာတ်လော။ အတော်အတန် ရိုးရှင်စွာပြောရပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုကို မည်သည့်အခါတွင်မျှ နားမလည်ဖူးသူအတွက် ဤမျှပေးဆပ်ဆဲဖြစ်ဖို့မှာ အံ့ဩဖွယ်ရာ တစ်ခု ဖြစ်ပေသည်။ အချိန်တစ်ခဏကြာ၊ ဤလူတို့ မည်မျှပေးဆပ်ပြီးဖြစ်သည်ကို မဆွေးနွေးကြပါစို့နှင့်။ သို့ရာတွင် ၎င်းတို့၏အပြုအမူကို ငါတို့ အလွန် စိစစ်ထိုက်ပေသည်။ ၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က သူ့အတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်- လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်း ရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှ ရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ နှလုံးသားကို ဓားတစ်ချောင်းကဲ့သို့ ထိုးဖောက်သွားခဲ့ပြီး ကျွန်မ အလွန် ရှက်မိပါသည်။ ကျွန်မ၏ ယုံကြည်ခြင်း နောက်ကွယ်က ရည်ရွယ်ချက်က ဘုရားသခင်ပြောသကဲ့သို့ပင် အနာဂတ်မှာ ကောင်းချီးများရဖို့ မဟုတ်ပါလား။ အနစ်နာခံသည့် ပုံစံများ မည်သို့သာ ပေါ်နေပါစေ၊ ကျွန်မက ကောင်းချီးမင်္ဂလာများအတွက်သာ ဘုရားသခင်နှင့် အပေးအယူ လုပ်နေခြင်း သက်သက်ဖြစ်ပါသည်။ ဘုရားသခင်ကို အမှန်တကယ် နာခံနေခြင်းမဟုတ်ပါ။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်နေခြင်းမဟုတ်ပါ။ ကျွန်မ ယုံကြည်ခါစအချိန်က၊ မည်သည့်ဘေးဒုက္ခမှ ကျွန်မအပေါ် ရောက်မည် မဟုတ်ကြောင်း၊ ကျွန်မက ကောင်းချီးခံစားရပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲကို ဝင်ရမည်ဖြစ်ကြောင်း တွေးထင်ခဲ့ဖူးသည်။ ထို့ကြောင့် ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့ပြီး မိမိတာဝန်ကို ထမ်းဆောင်ရာမှာ မည်သည့်အရာကိုမျှ အတားအဆီးမဖြစ်စေခဲ့ပါ။ ကျွန်မ သားသမီးများကို ကျောင်းပို့ဖို့၊ ကြိုဖို့ပင် အချိန်ပင် မရှိခဲ့ပါ။ သူများ၏ လှောင်ပြောင်ခြင်း၊ အသရေဖျက်ခြင်းများ၊ တရုတ်ကွန်မြူနစ်ပါတီက ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိုက်ဖမ်းခြင်းများကို ခံရသည့်တိုင်- ကျွန်မနှင့် ကျွန်မတာဝန်ကြားမှာ မည်သည့်အရာကမျှ အတားအဆီး မဖြစ်ခဲ့ပါ။ ထိုအရာများ အားလုံးကြောင့် ကျွန်မက ဘုရားသခင်အပေါ် သစ္စာရှိသည်၊ ဘုရားသခင်က ကျွန်မကို သေချာပေါက် ချီးမွမ်းပြီး ကောင်းချီးပေးမည်ဟု ထင်ခဲ့ပါသည်။ ကျွန်မမှာ ကင်ဆာရှိသည်ကို သိလိုက်ရသည့်အခါ ကျွန်မ ဇာတ်သိမ်း သွားပြီ၊ နိုင်ငံတော်ကို ဝင်ရဖို့ ကျွန်မ၏ အိပ်မက်အားလုံးက အငွေ့အဖြစ် ပျောက်ကွယ်သွားပြီဟု ခံစားခဲ့ရသည်။ ကျွန်မမှာ နားလည်မှုလွဲခြင်းများ၊ အပြစ်တင်ခြင်းများနှင့် ပြည့်နေခဲ့ပြီး ဘုရားသခင်နှင့် ငြင်းခုံခဲ့သည်၊ ဘုရားသခင်ကို ရင်ဆိုင်ဖို့အတွက် မိမိ၏ သေခြင်းတရားကိုပင် အသုံးပြုချင်ခဲ့သည်။ အမှန်တရားများနှင့် ရင်ဆိုင်ရပြီးသည့်နောက်မှာ ကျွန်မ၏တာဝန်ကို ထမ်းဆောင်ခြင်း၊ ဒုက္ခခံခြင်း၊ မိမိကိုယ်ကိုယ် အသုံးတော်ခံခြင်းများ အားလုံးက အပြန်အလှန်အနေနှင့် ကောင်းမွန်သည့် ပန်းတိုင်ကို ရဖို့အတွက်သာ ဖြစ်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ ဘုရားသခင်နှင့် ကျွန်မ၏ ဆက်ဆံရေးက “အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေး” ဖြစ်ခဲ့ပါသည်။ ကျွန်မ ပေးဆပ်ခဲ့သည့် အဖိုးအခလေးတိုင်းအတွက် ဆုလာဘ် ရချင်ခဲ့သည်။ ကျွန်မက ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်း မဟုတ်ခဲ့ပါ။ ဘုရားကို အသုံးပြုနေခြင်း ဖြစ်သည်၊ ဘုရားကို လိမ်လည်ဖို့ ကြိုးစားနေခြင်း ဖြစ်ပါသည်။ ကျွန်မ၏ ယုံကြည်ခြင်းမှာ ထိုကဲ့သို့ အမြင်ရှုထောင့်မျိုး ရှိနေသည့်အတွက် ဘုရားသခင်က ကျွန်မကို ရွံရှာ မုန်းတီးခြင်းသာ ဖြစ်နိုင်ပါသည်။ ဘုရားသခင်က ကျွန်မ နိုးထစေဖို့ ဤ ရောဂါကို အသုံးမပြုခဲ့ပါက၊ ကျွန်မက ယုံကြည်ခြင်းအပေါ် မိမိ၏ မှားယွင်းသည့်အမြင်ကို ဆက်ပြီး ဖက်တွယ်နေမည်ဖြစ်ပြီး နောက်ဆုံးမှာ ဘုရားသခင်က ကျွန်မကို စွန့်ပစ်ပြီး ဖယ်ရှားပစ်လိုက်မည်ပင် ဖြစ်သည်။ ဤသည်ကို နားလည်သဘောပေါက်မိသည့်အခါ၊ ကျွန်မ နောင်တနှင့် ပြည့်နေပြီး မိမိကိုယ်ကိုယ် အပြစ်တင်မိခဲ့ပါသည်။ “ချစ်လှစွာသော ဘုရားသခင် ဒီ ရောဂါကနေတစ်ဆင့် ကျွန်မကို ကိုယ်တော် မဖော်ထုတ်ခဲ့ရင် ယုံကြည်ခြင်းမှာ ကျွန်မရဲ့ လွဲမှားတဲ့အမြင်တွေကို လုံးဝ နားလည်မှာမဟုတ်ပါဘူး။ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ထုတ်ဖော်မှုတွေက ကျွန်မရဲ့ ဝိညာဉ်ကို နိုးထစေခဲ့ပါတယ်။ ကျွန်မရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေကို ကုစားပြီး ကောင်းချီးလိုချင်တဲ့ ကျွန်မရဲ့ ဆန္ဒကို စွန့်လွှတ်ချင်ပါတယ်။ ကျွန်မ သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ၊ အသက်ရှင်သည်ဖြစ်စေ၊ မရှင်သည်ဖြစ်စေ၊ ကိုယ်တော့်ကို နာခံဖို့ ကျွန်မ ဆန္ဒရှိပါတယ်။” ဟု ပြောလျက် ကျွန်မ ဒူးထောက်ပြီး ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ ဆုတောင်း ပြီးသည့်နောက်မှာ ကျွန်မ ပိုပြီး ငြိမ်းချမ်းသွားပြီး ပိုသက်သာသည့် အခြေအနေမှာ ကျွန်မ ရှိနေပါသည်။ နောက်တစ်နေ့မှာ ကျွန်မ လေ့ကျင့်ခန်းဆက်တိုက်လုပ်ပြီး အာဟာရ ဖြည့်စွက်ဆေးများကို သောက်သည်၊ ပြီးလျှင် ကျွန်မ၏ ကျန်းမာရေးက တစ်ရက်ပြီးတစ်ရက် တိုးတက်လာခဲ့သည်။ သိပ်မကြာမီတွင် ကျွန်မ ဆေးရုံမှ ဆင်းနိုင်ခဲ့ပါသည်။

အိမ်ပြန်ရောက်တော့ ကျွန်မ၏ အမျိုးသားနှင့် သားသမီးများက အပြင်ထွက် ဧဝံဂေလိဟောကြားပြီး သူတို့ တာဝန်များကို ထမ်းဆောင်နေသည်ကို ကျွန်မ မြင်တွေ့ရသော်လည်း၊ ကျွန်မကတော့ အိပ်ရာထဲသာ လှဲနေနိုင်ပြီး မည်သည့်တာဝန်မှ မထမ်းဆောင်နိုင်ခဲ့ပါ။ ကျွန်မ အနည်းငယ် စိတ်ဓာတ်ကျလာသကဲ့သို့ စတင် ခံစားခဲ့ရသည်။ ကျွန်မ မည်သည့်အချိန်တွင် လုံးဝ သက်သာပျောက်ကင်း သွားမည်ကို မသိသကဲ့သို့၊ တစ်နေ့မှာ ကျွန်မ၏တာဝန်များကို ပြန်ပြီး ထမ်းဆောင်နိုင်ခြင်း ရှိမရှိကို လုံးဝ မသိခဲ့ပါ။ တာဝန်မထမ်းဆောင်နိုင်ပါက ကျွန်မက ဆန်ကုန်မြေလေးသာ ဖြစ်နေမှာမဟုတ်ပါလား။ သို့ဆိုလျှင် ကျွန်မက မည်သို့များ ကယ်တင်ခံရနိုင်မည်နည်း။ ဤနည်းဖြင့် တွေးသည့်အခါ၊ ကောင်းချီးကို လိုချင်သည့် ကျွန်မ၏ ဆန္ဒက ပြန်ပြီးခေါင်းထောင်လာသည်ကို ကျွန်မ သတိပြုမိခဲ့သည်။ ဘုရားသခင်ကို ကျွန်မ အမြန်ဆုတောင်းခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ဖတ်ပါသည်။ “လူတို့သည် ယခင်က မည်သည့်အရာအပေါ် အခြေခံ၍ အသက်ရှင်နေထိုင်ခဲ့ကြသနည်း။ လူတို့အားလုံး ၎င်းတို့ ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရယူခြင်းသည် ထိုသို့ပင် သာ၍ဖြစ်၏။ အမှုအရာများကို စွန့်လွှတ်ခြင်း၊ မိမိကိုယ်ကို ဘုရားသခင်အတွက် အသုံးခံခြင်းနှင့် ဘုရားသခင်အပေါ် သစ္စာရှိခြင်း၊ ဤအရာအားလုံးကို မိမိအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လောကတွင် အရာခပ်သိမ်းသည် ကိုယ်ကျိုးအတွက်သာ ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရယူရန်အတွက် လူတစ်ဦးအနေဖြင့် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ၊ ကောင်းချီးမင်္ဂလာများရယူရန်အတွက် လူတစ်ဦးသည် များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”) ကျွန်မ၏ ယုံကြည်ခြင်းမှာ ဘုရားသခင်နှင့် အပေးအယူလုပ်သည့် အကြောင်းရင်းနှင့် အမှုကိစ္စများက ကျွန်မ ဖြစ်စေချင်သကဲ့သို့ မဖြစ်သည့်အခါ၊ ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သည့် အကြောင်းရင်းက စာတန်၏ အဆိပ်မျိုးစုံက ကျွန်မ၏ စိတ်နှလုံးကို ချုပ်ကိုင်ထား၍ ဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မအား တွေ့မြင်စေခဲ့သည်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “အခကြေးငွေမရဘဲ အလုပ်မလုပ်နှင့်” ဆိုသည့် ဤဆိုးယုတ်သည့် အတွေးအခေါ်များနှင့် ကျွန်မ ရှင်သန်ခဲ့ပါသည်။ ကျွန်မ လုပ်ခဲ့သည့်အရာတိုင်းက မိမိအတွက် လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ မိမိအတွက် အကျိုးရှိစေဖို့ ဖြစ်ပါသည်။ ကျွန်မက တော်တော် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ကောင်းပါသည်။ ကျွန်မ၏ ယုံကြည်ခြင်းတွင်ပင် ကောင်းချီးနှင့် ဆုလာဘ်များရဖို့အတွက်နှင့် အပင်ပန်းခံပြီး မိမိကိုယ်ကိုယ် အလုပ်ရှုပ်စေခဲ့သည်။ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လုံးဝ အာရုံမစိုက်ခဲ့ပါ။ ကျွန်မ လိုချင်သည့် ကောင်းချီးများ မရသည့်အခါ၊ ကျွန်မ၏ ဆိုးယုတ်သည့် သဘာဝက ပေါက်ကွဲထွက်လာပြီး ဘုရားသခင်ကို အထင်လွဲပြီး အပြစ်တင်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်အတွက် ကျွန်မ လုပ်ခဲ့သည့် အရာရာတိုင်းကို နောင်တရခဲ့သည်။ ပေါလုက သခင့်အတွက် အလုပ်လုပ်ခဲ့ပြီး ဒုက္ခများ အများကြီး ခံခဲ့သော်လည်း၊ သူ့မှာ သမ္မာတရားအပေါ် ချစ်ခြင်း မရှိသကဲ့သို့၊ ဘုရားသခင်ကို သိဖို့၊ သူ့ စိတ်သဘောထားကို ပြောင်းလဲဖို့ သူ မကြိုးစားခဲ့ပါ။ သူ ဒုက္ခခံပြီး အနစ်နာခံခဲ့ခြင်းများအတွက် အပြန်အလှန်အနေနှင့် ဖြောင့်မတ်ခြင်း သရဖူကိုသာ ရလိုခဲ့သည်။ နောက်ဆုံးမှာ သူ့၏ ဆိုးယုတ်သည့် စိတ်သဘောထားက မပြောင်းလဲခဲ့သောကြောင့်၊ သူ့၏ မာနထောင်လွှားမှုက အသိစိတ်အားလုံးကို မောင်းထုတ်ခဲ့ပြီး သူကိုယ်တိုင်က ခရစ်တော် ဖြစ်သည်ဟု သက်သေခံခဲ့သည်၊ ပြီးလျှင် လူများကို သူ့ရှေ့သို့ ခေါ်ဆောင်ခဲ့သည်။ ယင်းက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ထာဝရ အပြစ်ဒဏ် ပေးခြင်းကို ခံခဲ့ရသည်။ ကျွန်မက စာတန်၏ အဆိပ်များနှင့် ဆက်ပြီး အသက်ရှင်နေပါက၊ ပေါလုကဲ့သို့သာ အဆုံးသတ်မည်ကို ကျွန်မ သိခဲ့ပါသည်။ ဘုရားသခင်က သူ့ကို အာခံသည့်အတွက် ကျွန်မကို အပြစ်ဒဏ်ပေးလိမ့်မည်။ ကောင်းချီးကို ရှာဖွေပြီး သမ္မာတရားကို မလိုက်စားခြင်းက မည်မျှ အန္တရာယ်ကြီးသည်ကို ကျွန်မ သိခဲ့ပါသည်။ ဘုရားသခင်ကို ကျွန်မ အရမ်း ကျေးဇူးတင်မိခဲ့သည်။ ကျွန်မ၏ ယုံကြည်ခြင်းအပေါ် လိုက်စားမှုမှာ ကျွန်မ၏ မှားယွင်းသည့် အမြင်ကို မြင်နိုင်ဖို့နှင့် ကျွန်မက ဘုရားသခင်ကို ဆန့်ကျင်သည့် လမ်းကြောင်းကို လျှောက်လှမ်းနေသည်ကို မြင်နိုင်ဖို့အတွက် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပြီး သိမြင်ဖို့ အခွင့်အရေးကို ကျွန်မကို ပေးဖို့ရန် ဤရောဂါကို အသုံးပြုသည့်အတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ခဲ့ပါသည်။

ထို့နောက်မှာ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရပါသည်။ “ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အမြဲဂုဏ်သရေရှိသည်၊ လူသားမှာမူ အစဉ်အမြဲ ယုတ်ညံ့၍ အစဉ်အမြဲ သုံးမရပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် စွန့်လွှတ်မှုများ အမြဲပြုပေးကာ သူ့ကိုယ်သူ ပေးအပ်မြှုပ်နှံထားသောကြောင့် ဖြစ်သည်၊ သို့သော်လည်း လူသားမှာမူ အစဉ်အမြဲ မိမိအတွက်သာလျှင် ရယူပြီး ကြိုးပမ်းလေ၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အစဉ်အမြဲ အပတ်တကုတ် ကြိုးပမ်းနေသော်လည်း လူသားကမူ အလင်းအတွက်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းအတွက် မည်သည့်အရာကိုမျှ လုံးဝ မထောက်ကူပေးပေ။ လူသားအနေဖြင့် တစ်ခဏတာမျှ လုံ့လစိုက်ထုတ်လျှင်ပင် ထိုလုံ့လမှာ အားနည်းလွန်း လှသောကြောင့် ထိုးနှက်ချက် တစ်ခုကိုမျှပင် ခံနိုင်မည် မဟုတ်ပေ၊ အကြောင်းမှာ လူသား၏လုံ့လသည် သူ့ကိုယ်ပိုင် အကျိုးအတွက်သာ အစဉ်အမြဲ ဖြစ်နေပြီး အခြားသူများအတွက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် အစဉ်အမြဲ တစ်ကိုယ်ကောင်းဆန်၏၊ ဘုရားသခင်ကမူ အစဉ်အမြဲ ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင်သည် တရားမျှတသောအရာ၊ ကောင်းသောအရာနှင့် လှပသောအရာအားလုံး၏ အရင်းအမြစ် ဖြစ်ပြီး လူသားမှာမူ အကျည်းတန်ပြီး ဆိုးယုတ်သော အရာအားလုံးကို ဆက်ခံကာ ထင်ရှားအောင် ပြုလုပ်သူဖြစ်၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ပြီး လှပသည့် အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ၊ သို့သော် လူသားကမူ အချိန်မရွေး၊ အခြေအနေမရွေး၌ ဖြောင့်မတ်ခြင်းကို သစ္စာဖောက်ကာ ဘုရားသခင်ထံမှ လမ်းလွဲသွားကြရန် ကောင်းကောင်းတတ်နိုင်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဤနှုတ်ကပတ်တော်များကို ကျွန်မ တွေးဆရင်းနှင့် အလွန် စိတ်ထိခိုက် ခံစားခဲ့ရပါသည်။ စာတန်၏ ဖျက်ဆီးခြင်းကို နက်နက်နဲနဲ ခံထားရသည့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ၊ ဘုရားသခင်က များစွာ ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ထောင်တုန်းက ဘုရားသခင်က လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့အတွက် ယုဒပြည်၌ ပထမဆုံးအကြိမ် လူ့ဇာတိခံယူခဲ့ပါသည်။ ဂျူးဘာသာဝင်များ၏ လှောင်ပြောင်ခြင်း၊ အသရေဖျက်ခြင်း၊ ညှဉ်းပန်းခြင်း၊ နှိပ်စက်ခြင်းတို့ကို သူ တောင့်ခံခဲ့ရသည်။ နောက်ဆုံးတွင် ကားတိုင်မှာ သံမှိုစွဲခံရပြီး ထိုသို့ဖြင့် ရွေးနုတ်ခြင်းအမှုကို အောင်မြင် ပြီးမြောက်ခဲ့သည်။ ယခုအချိန်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို အပြီးသတ် သန့်စင်ပြီး ကယ်တင်ဖို့အလို့ငှာ တရုတ်ပြည်တွင် ဒုတိယအကြိမ် လူ့ဇာတိခံယူခဲ့ပြီ။ ခေါင်းချစရာ နေရာမရှိ၊ အနားယူစရာ နေရာမရှိခဲ့ဘဲ၊ တရုတ်ကွန်မြူနစ်ပါတီက သူ့ကို လိုက်ဖမ်းပြီး ဖိနှိပ်သည်ကို ခံခဲ့ရသည်၊ ပြီးလျှင် ကျွန်မတို့ ယုံကြည်သူများ၏ အထင်လွဲခြင်း၊ အပြစ်တင်ခြင်း၊ မလိုက်နာခြင်း၊ အာခံခြင်းတို့ကိုလည်း သူ ခံခဲ့ရသည်။ သို့သော် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကြိုးစားသည်ကို လုံးဝ မရပ်တန့်ခဲ့ပါ၊ ထိုအစား မည်သည့်အရာကိုမျှ ပြန်ရဖို့ လုံးဝ မတောင်းဆိုဘဲ၊ ကျွန်မတို့အတွက် သူတတ်နိုင်သမျှ တိတ်တဆိတ် လုပ်ဆောင်သည်။ သို့သော် ကျွန်မကတော့ မိမိတာဝန်မှာ ပေးဆပ်မှုများ လုပ်ပြီး ကောင်းချီးများနှင့် ပန်းတိုင်ကို ပြန်ရဖို့ မျှော်လင့်ခဲ့သည်။ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့အတွက် ကျွန်မ၏ အသိတရားကို ဆန့်ကျင်ပြီး လုပ်ခဲ့ပါသည်။ ကျွန်မက အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မုန်းစရာကောင်းသည်။ ကျွန်မက မည်သို့ စစ်မှန်သည့် ယုံကြည်သူမျိုးမှ မဟုတ်ပါ။ ဤသည်ကို နားလည်သဘောပေါက်ရင်း၊ နောင်တရဖို့ ဆန္ဒရှိလျက်၊ ဘုရားသခင်ရှေ့မှောက်မှာ ဆုတောင်းခဲ့သည်။

တစ်နေ့မှာ ကျွန်မ ဝတ်ပြုခြင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ဤအပိုဒ်ကို ဖတ်ပါသည်။ “ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) “ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်း ဖြစ်သည်။ သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို သုတ်သင်ဖယ်ရှင်းရန် ဖြစ်သည်။ သင့်အထဲ၌ရှိသော မသန့်ရှင်းခြင်းနှင့် မဖြောင့်မတ်ခြင်း အလုံးစုံကို ဖယ်ရှားပြီး၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို စွန့်ပစ်ကာ၊ ထို့ပြင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ဖြစ်ပေါ်လာပြီးနောက်- စစ်မှန်သော ယုံကြည်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မတို့ ယုံကြည်ခြင်းမှာ လိုက်စားသင့်သည့် မှန်ကန်သည့်ပန်းတိုင်ကို ပြသပေးသည်။ ကျွန်မတို့၏ အတွေ့အကြုံများ၌ ကျွန်မတို့ မည်သို့ ဆုံးမပဲ့ပြင်ခံရကောင်း ခံရပါစေ၊ ဘုရားသခင်က ကျွန်မတို့ကို သန့်စင်ပြီး ပြောင်းလဲဖို့ အရာရာခပ်သိမ်းကို သေသေချာချာ စီမံပါသည်။ ဤအရာများ အားလုံးကို လက်ခံခြင်း၊ နာခံခြင်းနှင့် ရင်ဆိုင်သင့်သည်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းဖို့အတွက် အခြေအနေများမှာ သမ္မာတရားကို ရှာဖွေသင့်သည်၊ ပြီးလျှင် အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကျေနပ်စေပြီး သူ့၏ချစ်ခြင်းကို ပြန်လည် ပေးဆပ်သင့်သည်ကို ကျွန်မ သိခဲ့ပါသည်။ ယင်းကသာ မှန်ကန်သည့် အားထုတ်လိုက်စားခြင်း ဖြစ်ပါသည်။ ကျွန်မ ကောင်းချီးများရဖို့ ဘုရားသခင်နှင့် အပေးအယူ မလုပ်ချင်တော့ပါ။ ထိုအချိန်ကစပြီး ကျွန်မ၏ ရောဂါက မည်သည့်လမ်းကိုသာ ခေါ်ဆောင်သွားသည် ဖြစ်စေ ကျွန်မ၏ နောက်ဆုံးထွက်သက်အထိ ဘုရားသခင်ကို ကိုးကွယ်မည်။ ဘုရားသခင်က ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ဖို့ နောက်ထပ် အခွင့်အရေးပေးလာခဲ့ပါက၊ ကောင်းချီးများအတွက် ဘုရားနှင့် အပေးအယူ မလုပ်တော့ပါ။ ကျွန်မ၏ တာဝန်မှာ သမ္မာတရားကို လိုက်စားပြီး ကျွန်မ၏ စိတ်သဘောထားမှာ အပြောင်းအလဲကို ရှာဖွေဖို့သာ လုပ်ချင်ခဲ့သည်။

သိပ်မကြာမီမှာ ဘုရားသခင်က ကျွန်မကို စမ်းသပ်ခဲ့သည်။

တစ်နေ့မှာ ကျွန်မ၏ သမီးက အသင်းတော် အစည်းအဝေး တစ်ခုကနေ ပြန်လာပြီး ယုံကြည်သူများကို ရေလောင်းပေးသည့် အစ်မဝမ်နောက်ကို ရဲများက လိုက်ကြပြီး၊ သူမကို အစားထိုးဖို့ မည်သူ့ကိုမျှ ရှာမတွေ့သေးပါဟု ပြောလေသည်။ သူက ထိုအလုပ်ကို အသင်းတော်ထဲက မည်သူလုပ်နိုင်သနည်းဟု ကျွန်မကို မေးသည်။ ကျွန်မက ဤတာဝန်ကို ယခင်က လုပ်ဖူးပြီး ကောင်းကောင်း သိသောကြောင့်၊ ကျွန်မက အသင့်တော်ဆုံးသာ ဖြစ်သည်ဟု တွေးမိသည်။ သို့သော် နောက်တော့ လွန်ခဲ့သည့် ရက်နှစ်ဆယ်လောက်ကပင် ကျွန်မ ခွဲစိတ်မှုခံယူ ထားသည်ကို စဉ်းစားမိသည်။ ခွဲစိတ်ဒဏ်ရာက ကောင်းစွာ မကျက်သေးသကဲ့သို့၊ ရာသီဥတုက ပူနေသည်။ အိမ်မှာ ကျွန်မ ခွဲစိတ်ဒဏ်ရာကို တစ်ရက်ကို နှစ်ကြိမ်သုံးကြိမ် ဆေးရသည်။ ဤတာဝန်ကို ကျွန်မ ယူပြီးတော့ ကျွန်မ ဒဏ်ရာကို ဆေးဖို့အတွက် အလွန် အလုပ်ရှုပ်နေပါက၊ ဒဏ်ရာက ဆိုးလာနိုင်သည်။ ကျွန်မလက်မောင်းက သိပ်အသုံးပြု၍ မရသေးဘဲ၊ နေ့တိုင်း လျှပ်စစ်စက်ဘီးလေးပေါ်မှနေ ကျွန်မက တွန်းတိုက် သွားလာနေပါက ခွဲစိတ်ဒဏ်ရာက ကျက်မည် မဟုတ်ပါ၊ သို့ဆိုလျှင် ကျွန်မ တကယ် နာမကျန်းဖြစ်လာမည် ဖြစ်သည်။ အခြေအနေကို ကြည့်ပါက ဤတာဝန်ကို ယူခြင်းက ကျွန်မ ကျန်းမာရေးအတွက် တစ်ခုမျှ ကောင်းခြင်းမရှိပါ။ သို့သော် နောက်တော့ “ဒီတာဝန်အတွက် သင့်တော်တဲ့သူကို ရှာမတွေ့သေးဘူး။ ငါက ဒီတာဝန်ကို မယူရင် ဘုရားအိမ်တော်ရဲ့ အလုပ်က နှောင့်နှေးသွားမှာ မဟုတ်ဘူးလား။ ငါ ဘာလုပ်သင့်လဲ။” ဟု ကျွန်မ စဉ်းစားမိသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ပိုဒ်က ကျွန်မ စိတ်ထဲရောက်လာခဲ့သည်။ “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က၊ ‘ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ- ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ- ကျွန်ုပ်သည် နာခံပြီး ဖန်ဆင်းခံသတ္တဝါတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ကို- နာခံခြင်း- ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ပြီး ဘုရားသခင်ကို နာခံခြင်း စစ်မှန်မှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးမဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင်၊ ကျွန်ုပ်သည် မိမိ၏တာဝန်ကို လက်ခံရမည်။’ ဟု ဆိုနိုင်သည်။ ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း”) ကျွန်မ၏ ခွဲစိတ်ရာများက ကောင်းစွာ မကျက်သေးသော်လည်း၊ မိမိအတွက်သာ တွေးပြီး ဘုရားသခင်၏ အိမ်တော်အတွက် မတွေးဘဲ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တွက်ကပ်ခြင်းများ မလုပ်ချင်တော့ပါ။ နှစ်နှင့်ချီ၍ ကျွန်မက ဘုရားသခင်နှင့် အပေးအယူလုပ်ရင်း ကောင်းချီးများရဖို့ ကျွန်မ တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို တစ်ခါမှ ဂရုမစိုက်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မည်သည့်အရာမျှ မလုပ်ခဲ့ပါ။ ကျွန်မ ဘုရားသခင်အပေါ် တကယ် အကြွေးတင်နေပါသည်။ ဤတာဝန်ကို ထမ်းဆောင်ဖို့ လူတစ်ယောက် အရေးတကြီးလိုနေပြီး ကျွန်မ လုပ်ချင်ခဲ့သည်။ ကျွန်မ၏ ကျန်းမာရေးက မည်သို့ဖြစ်ပါစေ၊ ဘုရားသခင်ကို စိတ်ချမ်းသာမှု ဆောင်ကြဉ်းပေးနိုင်ဖို့ကိုသာ ကျွန်မ တောင်းဆိုပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြခြင်းကို ခံယူပြီး ကျွန်မ ရောဂါ၏ ချုပ်ချယ်မှုကို မခံတော့ဘဲ၊ ထိုအလုပ်ကို တာဝန်ယူဖို့ စာရင်းပေးခဲ့ပါသည်။

ဤတာဝန်အပေါ်ကိုသာ ကျွန်မ စိတ်နှစ်မြုပ် ထားသည့်အခါမှာ ဘုရားသခင်၏ အံ့သြဖွယ် ကာကွယ်မှုကို ကျွန်မ မျက်မြင် မြင်တွေ့ခဲ့ရပါသည်။ တစ်ပတ် ကြာပြီးသည့်နောက်မှာ ကျွန်မ၏ ခွဲစိတ်ရာက ပိုဆိုးသွားခြင်းမျိုး မရှိရုံတင်မကဘဲ၊ လုံးဝ ကောင်းသွားသည်။ “ဒီ ခွဲစိတ်မှုမျိုး ခံယူပြီးတဲ့အခါမှာ လက်မောင်းမှာ အကျိတ်ရောင်တာက ဖြစ်လေ့ရှိတယ်။ တစ်လကျော် အနားယူပြီးတဲ့နောက်မှာ လူနာက ဓာတုကုထုံးလုပ်ဖို့ လိုသေးတယ်။” ဟု ဆရာဝန်က ပြောသည်။ သို့သော် ထိုတာဝန်ကို ကျွန်မ စပြီး ထမ်းဆောင်ကတည်းက ကျွန်မ၏ ခွဲစိတ်ဒဏ်ရာက မနာတော့ပါ။ ကျွန်မ၏ လက်မောင်းမှာ အကျိတ်ရောင်ခြင်း မရှိသကဲ့သို့၊ ဓာတုကုထုံးလည်း သွားမကုခဲ့ပါ။ ယခု ခွဲစိတ်မှုပြီးကတည်းက တစ်နှစ်ကျော်နေပြီ။ ကျွန်မ လုံးဝ နေကောင်းသည်။ ဘုရားသခင်၏ အံ့ဖွယ်လုပ်ဆောင်မှုများ အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဤကဲ့သို့ ပြောထားသည့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်မ ကိုယ်တိုင် တွေ့ကြုံခဲ့ရခြင်းပင် ဖြစ်ပေသည်။ “သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”) ကျွန်မ၏ ကျိုးကြောင်းမသင့်လျော်သည့် တောင်းဆိုမှုများကို စွန့်လွှတ်ပြီး ဘုရားသခင်နှင့် အပေးအယူ မလုပ်တော့သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ သြဇာအာဏာနှင့် အုပ်စိုးမှုအပြင် သူ၏ အံ့ဖွယ်လုပ်ဆောင်မှုများကို ကျွန်မ အမှန်တကယ် မျက်မြင် ကြုံတွေ့ခဲ့ရပါသည်။

ဤရောဂါ၏ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံက အပြင်ပန်းတွင် ဘေးဒုက္ခတစ်ခုနှင့်တူသော်လည်း၊ ထိုအထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကွယ်ဝှက်လျက်ရှိသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်မှုတို့က ကောင်းချီးမင်္ဂလာများ ရရှိဖို့ ကျွန်မ၏ ကြံရွယ်ချက်များနှင့် ကျွန်မ၏ မစင်ကြယ်ခြင်းများနှင့်ပတ်သက်သည့် အသိအမှတ်ပြုခြင်း အချို့ကို ကျွန်မကို ပေးခဲ့သည်။ ကျွန်မက ဘုရားသခင်အပေါ် နာခံမှုအချို့ ရှိလာပြီး၊ ရောဂါကို တွေ့ကြုံခံစားရခြင်းသည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာ တစ်ခု ဖြစ်ကြောင်းနှင့် ယင်းက ကျွန်မကို သန့်စင်ပြီး ပြောင်းလဲဖို့ ဖြစ်ကြောင်းကို ကျွန်မ အမှန်တကယ် သိရှိခဲ့သည်။ သူ၏ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကံမကောင်းအကြောင်းမလှခြင်းမှတစ်ဆင့် ကောင်းချီးရရှိခြင်း

ဒုကျွမ်း ဂျပန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု...

အသည်းကင်ဆာရရှိခြင်းမှ သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

လီယွန် တရုတ်နိုင်ငံ ကျွန်တော် ခရစ်ယာန်ဖြစ်ပြီးသည့်နောက်မှာ တရုတ်ကွန်မြူနစ်ပါတီက ဖမ်းသည်ကို သုံးလေးကြိမ်လောက် ခံရသော်လည်း၊ သခင့်ကို...

အခြားလူများနှင့် အတူ အလုပ်လုပ်ဖို့ ကျွန်မ သင်ယူခဲ့သည်

လီဟန်၊ ကျင်းရှီစီရင်စု ဘုရားသခင်၏ ကျေးဇူးတော်မှ တစ်ဆင့် အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ ယူခဲ့ပါသည်။ ထိုအချိန်က ကျွန်မ...

ကြွားဝါခြင်းက ဖြစ်စေသည့် ထိခိုက်နစ်နာမှု

လောဝ့်ရီ စပိန်နိုင်ငံ လွန်ခဲ့သည့် နှစ်အနည်းငယ်က၊ ကျွန်မနှင့် သက်တူရွယ်တူ ညီအစ်ကို မောင်နှမအချို့နှင့်အတူ ရေလောင်းခြင်း တာဝန်ကို ကျွန်မ...