ကပ်ရောဂါအတွင်း နာမကျန်းဖြစ်သွားပြီးနောက် သုံးသပ်ဆင်ခြင်မှုများ

16.12.2022

သင်းလိ အမေရိကန်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို လက်ခံပြီးတဲ့နောက် မကြာခင်မှာ၊ ဘုရားနှုတ်ကပတ်တော်ကနေ သိရတယ်။ ဘုရားက သူ့ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ပြီးစီးနေချိန်မှာ၊ လူကောင်းတွေကို ဆုပေးပြီး လူဆိုးတွေကို အပြစ်ပေးဖို့ ကပ်ဘေးတွေ ရောက်လာမယ်တဲ့။ မကောင်းမှုလုပ်ပြီး ဘုရားကို ဆန့်ကျင်သူတွေဟာ ကပ်ဘေးတွေထဲမှာ ဖျက်ဆီးခံရချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို လက်ခံပြီး သန့်စင်ခံရသူတွေကတော့ ကပ်ဘေးတစ်လျှောက် ဘုရားရဲ့ ကွယ်ကာ၊ ထိန်းသိမ်းခြင်း ခံရမှာဖြစ်ပြီး၊ ထာဝရကောင်းချီးတွေကို မွေ့လျော်ဖို့ သူ့နိုင်ငံတော်ထဲ ခေါ်ဆောင်ခံရကြမှာပါ။ အဲဒီအချိန်မှာ ကျွန်မတွေးမိတယ်၊ နိုင်ငံတော်ထဲ ဝင်ရောက်ပြီး ထာဝရအသက်ရတာက ကြီးမားတဲ့ ကောင်းချီးတစ်ခုဖြစ်မှာပဲ။ တစ်သက်မှာတစ်ခါရတဲ့ ဒီအခွင့်အရေးကို ကျွန်မ တန်ဖိုးထားရမယ်၊ ဘုရားအမှုတော် ပြီးသွားတဲ့အခါ ကျန်ရှိနေဖို့ အရည်အချင်း ပြည့်မီအောင်လို့ တာဝန်ကို ကောင်းကောင်းလုပ်ပြီး ဘုရားအတွက် အလုပ်ကြိုးစားရမယ်လို့ပေါ့။ ဒါကြောင့် အလုပ်ထွက်ပြီး ဧဝံဂေလိ စဖြန့်ဝေခဲ့တယ်။ ကပ်ဘေးတွေ ဆက်ကြီးထွားနေတာကို မြင်ရတော့၊ အဲဒီလိုအရေးကြီးတဲ့အချိန်မှာ၊ ကောင်းမှုတွေပိုပြင်ဆင်ပြီး၊ နိုင်ငံတော်ရဲ့ ဧဝံဂေလိ ဖြန့်ဝေဖို့ ပံ့ပိုးရအောင်လို့ ပိုများတဲ့ လူတွေနဲ့ ဘုရားရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ကျွန်မ ဖြန့်ဝေချင်ခဲ့တယ်။ ဒါကြောင့် ဧဝံဂေလိ ဝေမျှရာမှာ အစွမ်းကုန်လုပ်ခဲ့တယ်၊ အစောကြီးကနေ နောက်ကျတဲ့ထိ နေ့တိုင်း အလုပ်များတယ်။ ကျွန်မတို့ အရပ်ဒေသမှာ အသင်းတော် တစ်ခုပြီးတစ်ခု ထူထောင်ရင်းနဲ့ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ပိုပိုများတဲ့ လူတွေက လက်ခံလာကြတယ်။ ဒီရလဒ်တွေကို မြင်ရတော့ ကျွန်မကိုယ်ကျွန်မ ကျေနပ်အားရမိတယ်။ ဧဝံဂေလိအလုပ်ကို ကျွန်မ ပံ့ပိုးတာတွေက သတိထားမခံရဘဲ နေလို့မရဘူးလို့ ခံစားရတယ်။ ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့ ကပ်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေတာနဲ့အတူ ကူးစက်ခံရသူဦးရေ တိုးလာနေတော့၊ ကျွန်မ လုံးဝ ငြိမ်သက်သွားသလို ခံစားရတယ်။ ကိုယ့်တာဝန်မှာ ဘုရားအတွက် အလုပ်ကြိုးစားခဲ့တဲ့အတွက်၊ အဲဒါ ဘယ်လိုပဲ ပျံ့နှံ့ပါစေ၊ ကျွန်မကို ထိခိုက်မှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်။ သို့သော်၊ မမျှော်လင့်တဲ့ ကပ်ရောဂါဗိုင်းရပ် ကူးစက်ခံရမှုက ကျွန်မရဲ့ အယူအဆနဲ့ စိတ်ကူးတွေကို ကွဲကြေသွားစေခဲ့တယ်။ ကိုယ်ယုံကြည်လာတဲ့နှစ်တစ်လျှောက်မှာရှိတဲ့ ကြံရွယ်ချက်နဲ့ မစင်ကြယ်မှုတွေကို ဆင်ခြင်မိတယ်။

၂၀၂၁ ခုနှစ် မေလထဲက ရက်တစ်ရက်မှာ၊ ကျွန်မ ရုတ်တရက် စချောင်းဆိုးတယ်၊ ပြီးတော့ အဖျားတက်ပြီး တစ်ကိုယ်လုံး အားနည်းသွားတယ်။ ပထမတော့ အအေးမိတာလို့ ထင်ပြီး တကယ် ဂရုမစိုက်မိခဲ့ပေမဲ့၊ လက္ခဏာတွေက တစ်ပတ်ကြာ ပျောက်မသွားဘဲ ဆက်ရှိနေခဲ့တယ်။ ကျွန်မရဲ့ ရောဂါလက္ခဏာတွေက ကိုရိုနာဗိုင်းရပ်စ်နဲ့ တကယ်ဆင်တူတာကို ညီအစ်မတစ်ယောက်က သတိထားမိပြီး၊ ကျွန်မ ရသွားမှာကို ပူပန်ခဲ့တယ်။ ဒါကြောင့် ဆေးစစ်ဖို့အတွက် ဆေးရုံသွားဖို့ အကြံပြုတယ်။ ကျွန်မ အဲဒါကိ သိပ်အလေးမထားခဲ့ဘူး။ ရက်ရှည်အလုပ်လုပ်ခဲ့ရပြီး ကိုယ့်တာဝန်အတွက် ဆင်းရဲဒုက္ခခံ၊ အဖိုးအခပေးခဲ့တဲ့အပြင်၊ အတော်ကောင်းတဲ့ ရလဒ်တွေ ရခဲ့တာကို ကျွန်မ တွေးမိတယ်။ ပြီးတော့ မကောင်းမှု မလုပ်ခဲ့သလို အသင်းတော်အလုပ်ကို မနှောင့်ယှက်ခဲ့လို့၊ ဘယ်လိုလုပ် ဗိုင်းရပ်စ် ရနိုင်မှာလဲပေါ့။ ဒါပေမဲ့ ဆေးစစ်ချက်ရလဒ်တွေက ကျွန်မမျှော်လင့်တာနဲ့ လုံးဝ ဆန့်ကျင်ဖက်ဖြစ်ခဲ့တယ်။ ပိုးရှိတယ်လို့ အဖြေထွက်ခဲ့တယ်။ ဗိုင်းရပ်စ် ဘယ်လိုရနိုင်ခဲ့မှန်းကို လုံးဝ နားမလည်နိုင်ဘဲ အူကြောင်ကြောင်နဲ့ အိမ်ကို ကျွန်မ လမ်းလျှောက်ပြန်လာခဲ့တယ်။ နှစ်ချီ တာဝန်တစ်ခု လုပ်နေခဲ့တာဖြစ်လို့ ဘုရားက ဘာလို့ ကျွန်မကို ကွယ်ကာမနေခဲ့တာလဲ။ ညီအစ်ကို မောင်နှမတွေက သိသွားရင် ကျွန်မကို ဘာများထင်ကြမလဲ။ ဘုရားကို ပုန်ကန်ပြစ်မှားတာ တစ်ခုခုလုပ်မိပြီး အပြစ်ပေးခံနေရတာလို့ ထင်ကြမလား။ ဒါပေမဲ့ ကျွန်မ မကောင်းမှုလုပ်ပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်ခဲ့တယ်လို့ ကျွန်မ မထင်ဘူး။ ပြီးခဲ့တဲ့နှစ်မှာ ကပ်ရောဂါ ဖြစ်ပွားကတည်းက တစ်ကမ္ဘာလုံးအနှံ့မှာ လူသန်းနဲ့ချီ သေနေခဲ့ကြပြီးသားလေ။ အခု ကျွန်မ ကူးဆက်ခံထားရပြီဆို‌တော့ ကျွန်မ သေတော့မှာလား။ ဘုရားအမှုတော် အပြီးသတ်တော့မှာနဲ့ အဲဒီအချိန် ကျွန်မ သေသွားခဲ့ရင်၊ ကျွန်မ အလုပ်ကြိုးစားခဲ့တဲ့ နှစ်တွေက အချည်းနှီး ဖြစ်သွားမှာ မဟုတ်လား။ အဲဒါဆိုရင် နောင်အနာဂတ် နိုင်ငံတော်မှာ ဘယ်ကောင်းချီးမှာမှ ကျွန်မ ပါဝင်လို့ရမှာ မဟုတ်ဘူး။ အဲဒီအကြောင်းတွေးလေ စိတ်မချမ်းမသာဖြစ်မိလေဖြစ်ပြီး၊ ဒီအခြေအနေကို ဘယ်လိုဖြတ်သန်းရမယ်မှန်း မသိခဲ့ဘူး။ ဘုရားကို ဟစ်အော်ရင်း ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီဗိုင်းရပ်စ်ကို ကိုယ်တော် ခွင့်ပြုလိုက်ပြီ။ ကိုယ်တော့်ရဲ့ ကောင်းမွန်တဲ့ အလိုတော်ဖြစ်ရမယ်။ ကိုယ်တော် မမှားနိုင်လို့၊ တစ်နည်းနည်းနဲ့ ကိုယ်တော့်ကို ကျွန်မ ပုန်ကန်၊ ဆန့်ကျင်မိတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ကိုယ်တော်ရဲ့ စိတ်သဘောထားကို ဘယ်လို ပုန်ကန်ပြစ်မှားခဲ့မိမှန်း မသိပါဘူး။ ကျွန်မဘယ်လိုမှားသွားခဲ့တယ်ဆိုတာ သိအောင် ဉာဏ်အလင်းပေးပါ။ ကျွန်မ နောင်တရဖို့ အသင့်ပါပဲ” လို့ပေါ့။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်တွေးမိတယ်။ “အဖျားရောဂါကျရောက်ခြင်းကို မည်သို့ တွေ့ကြုံခံစားသင့်သနည်း။ သင်သည် ဆုတောင်းရန်နှင့် ဘုရား၏အလိုတော်ကို သဘောပေါက်ဖို့ ကြိုးစားရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်လာသင့်ပြီး သင်ပြုမှားမိသည့်အရာက မည်သည့်အရာပင်ဖြစ်ကြောင်း၊ သင့်အထဲ၌ သင်မဖြေရှင်းရသေးသည့် မည်သည့်ဖောက်ပြန်ပျက်စီးမှုများ ရှိနေကြောင်း ဆန်းစစ်သင့်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နာကျင်မှုမရှိဘဲ ဖြေရှင်း၍မရပေ။ လူတို့ကို ဝေဒနာအားဖြင့် ဆေးကြောသန့်စင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် အပျော်ကျူးခြင်းကို ရပ်စဲပြီး ဘုရားသခင်ရှေ့မှောက်၌ အစဉ်အမြဲ အသက်ရှင်ကြမည်ဖြစ်သည်။ လူတို့သည် ဒုက္ခဆင်းရဲနှင့် ရင်ဆိုင်ရသောအခါ အမြဲ ဆုတောင်းကြလိမ့်မည်။ အစားအစာ၊ အဝတ်အစား သို့မဟုတ် အပျော်အပါးအတွက် စိတ်ကူးရှိကြမည် မဟုတ်ဘဲ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့သည် အစဉ်အမြဲ ဆုတောင်းကြလိမ့်မည် ဖြစ်ပြီး၊ ဤကာလအတောအတွင်း တစ်စုံတစ်ရာ ပြုမှားမိခဲ့ခြင်းရှိမရှိကို ဆန်းစစ်ကြလိမ့်မည်။ များသောအားဖြင့် သင်သည် ပြင်းထန်သော အဖျားရောဂါ သို့မဟုတ် တစ်မူထူးခြားသော ရောဂါတစ်ခုခုဖြင့် ဖိစီးနှိပ်စက်ခံရပြီး သင့်ကို ဝေဒနာကြီးစွာ ဖြစ်စေသောအခါ ဤအရာများက မတော်တဆဖြစ်ပျက်ခြင်း မဟုတ်ပေ။ သင်သည် ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ၊ ထိုအရာအားလုံး၏ နောက်ကွယ်၌ ဘုရားသခင်၏အလိုတော်ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏) ဘုရားနှုတ်ကပတ်တော်ရဲ့ အချိန်မီ ဉာဏ်အလင်းပေးခြင်းက ကျွန်မရဲ့ ရောဂါကူးစက်ခံရခြင်းဟာ ကြုံရာကျပန်းမဟုတ်မှန်း၊ ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေဖြစ်မှန်း ပြခဲ့တယ်။ ဘုရားအလိုတော်ကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ကျွန်မ သုံးသပ်ရမယ်။ ဘာပဲဖြစ်ဖြစ် ဘုရားကို ညည်းညူ၊ အပြစ်တင်လို့ မဖြစ်ဘူး။ အိမ်မှာ ကွာရန်တင်းလုပ်ရတဲ့ အချိန် နောက်ရက်အတော်များများမှာ၊ ကျွန်မ ထုတ်ဖော်ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှု တစ်ခုခုကို ညီအစ်ကို မောင်နှမတွေဆီ ဖွင့်ပြောခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် သိပြီး၊ လက်တွေ့လုပ်ဆောင်မှုနဲ့ ဘုရားနှုတ်ကပတ်တော်ထဲ ဝင်ရောက်မှု လမ်းကြောင်း ရှာခဲ့တယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ဘယ်လိုပဲ ခံစားရပါစေ၊ အွန်လိုင်းမှာ ဧဝံဂေလိ ကျွန်မ ဆက်ဝေမျှတယ်။ နှစ်ရက်ကြာပြီးတဲ့နောက်မှာ ကျွန်မ အများကြီး သက်သာသွားတယ်၊ နောက်ထပ် ချောင်းမဆိုးသလောက် ဖြစ်သွားတယ်၊ ကျွန်မရဲ့ အပူချိန်က ပုံမှန်ဖြစ်သွားပြီး အားအင်နဲ့ ခွန်အားက ပြန်ကောင်းလာတယ်။ ကျွန်မ တကယ်ဝမ်းသာခဲ့ရပြီး၊ ကျွန်မရဲ့ နာခံမှုနဲ့ နောင်တကို ဘုရားမြင်ခဲ့လို့ သူ ကျွန်မကို စောင့်ရှောက်တာလို့ တွေးမိတယ်။ အဲဒီအတွေးနဲ့ စိတ်မသက်မသာဖြစ်တာ နည်းနည်း လျော့သွားတယ်။ ဒါပေမယ့် နောက်နေ့ကျတော့ ရုတ်တရက် ရင်ဘတ်ထဲမှာ တင်းကျပ်ပြီး မအီမသာဖြစ်သလို၊ ချောင်းဆိုးတာ မရပ်နိုင်ဘူး။ နောက်တော့ အဖျားအရမ်းတက်ပြီး တစ်ကိုယ်လုံး အားနည်းသွားတယ်။ ကျွန်မ အထိတ်တလန့် ဖြစ်သွားတယ်။ ရောဂါရှာတွေ့တည်းက ဘုရားသခင်ကို ကျွန်မ အပြစ်မတင်ခဲ့သလို ကိုယ့်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့တာပဲ။ ပိုပြီးတော့တောင် နေမကောင်း ဖြစ်သွားရတာလဲပေါ့။ အဲဒါကို ကုသဖို့ ဘာဆေးမှမရှိတာကြောင့် ဘုရားကသာ ကျွန်မကို မကယ်ဘူးဆိုရင် ကျွန်မသေမှာ သေချာတယ်။ သေခြင်းရမဲ့အတွေးက ကျွန်မအတွက် တကယ် လန့်စရာကောင်းတယ်။ အဲဒါကို ကျိတ်လက်ခံလို့မရခဲ့ဘူး။ ၁၀နှစ်ကျော်ကြာ ကျွန်မ ဘုရားနောက်လိုက်ခဲ့တယ်၊ အိမ်နဲ့ အလုပ်ကို ချန်ထားပြီး ကိုယ့်တာဝန်မှာ ရက်ရှည်အလုပ်လုပ်ခဲ့တယ်။ အများကြီး ဆင်းရဲဒုက္ခခံခဲ့သလို အဖိုးအခ အတော်ပေးခဲ့တယ်။ အဲဒါကို ဘုရားက လုံး‌ဝ သတိမရနေခဲ့တာလားပေါ့။ ကျွန်မ သေရင်၊ နိုင်ငံတော်ရဲ့ အလှတရားကို လုံးဝ မြင်ရမှာ၊ အဲဒါရဲ့ ကောင်းချီးတွေ မွေ့လျော်ရမှာ မဟုတ်ဘူး။ အဲဒီအကြောင်းတွေးလေ ပိုဝမ်းနည်းညိုးငယ်လေပဲ။ ကိုယ့်တာဝန်ကို လုပ်နေဆဲဖြစ်ပေမဲ့ စိတ်ထဲမှာ လှုံ့ဆော်မှုတစ်ခုမှ မရှိခဲ့သလို၊ လုပ်စရာပိုများတဲ့အခါ တကယ် စိတ်အနှောင့်အယှက် ဖြစ်တယ်။ နည်းနည်း နားရအောင်လို့ အမြန်ပြီးအောင် လုပ်လိုက်တာပဲ။ အရင်တုန်းက မနက်က ညထိ ကိုယ့်တာဝန်ကို လုပ်လေ့ရှိခဲ့ပြီး ဘုရားက ကွယ်ကာမယ်လို့ တွေးခဲ့ပေမဲ့၊ ဘုရားက အဲဒီလိုလုပ်မနေတော့၊ ကိုယ်အဆင်ပြေဖို့တွေးပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ်လေ။ အရမ်း စိတ်ဖိစီးပြီး ပင်ပန်းလွန်းရင် ကျွန်မ နာလန်ထူနိုင်မှာ မဟုတ်ဘူး။ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေက သက်လုံကောင်းလွန်းလို့ ရေပက်မဝင် မိတ်သဟာယဖွဲ့နိုင်တယ်။ ဒါပေမဲ့ ကျွန်မကတော့ စကားပြောတိုင်း ချောင်းစဆိုးတယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော် ဖတ်တဲ့အခါ အသက်ရှူမဝဘူး။ တကယ် ဝမ်းနည်းပြီး ဘုရားကို ကျိုးကြောင်းပြပြောဖို့ မကြိုးစားဘဲ မနေနိုင်ခဲ့ဘူး။ “ဘုရားသခင်၊ ခါတိုင်း ကိုယ့်တာဝန်မှာ ကျွန်မ တကယ် ဝိရိယရှိခဲ့သလို လေးနက်ပြီး တာဝန်ယူပါတယ်။ တချို့လူတွေက သူတို့တာဝန်တွေမှာ ကျွန်မနဲ့ ယှဉ်လို့မရဘူး။ တခြားလူအားလုံးက ကျန်းမာပြီး တာဝန် ထမ်းဆောင်နေကြတယ်။ ဒီတော့ ဘာလို့ ဗိုင်းရပ်စ်ရှိတာ ကျွန်မ ဖြစ်ရတာလဲ။ ဒါကိုယ်တော့်ဆီက စမ်းသပ်မှုတစ်ခုဖြစ်ပေမဲ့၊ ကျွန်မထက် သမ္မာတရားကို လိုက်စားတဲ့ တခြားလူတွေ အသင်းတော်ထဲမှာရှိရင်၊ ဘာလို့ ဒါကို သူတို့ ရင်မဆိုင်ရတာလဲ။ ဒါကိုယ်တော်ရဲ့ အပြစ်ပေးမှုဆိုရင်၊ ကျွန်မက ဘာမကောင်းမှုမှ မလုပ်ခဲ့ဘူး၊ အသင်းတော်အလုပ်ကို မနှောင့်ယှက်ခဲ့ဘူး၊ ကိုယ်တော့်စိတ်သဘောထားကို မပုန်ကန်မပြစ်မှားခဲ့ဘူးလေ။ ဘုရားသခင်၊ တာဝန်ကို ကျွန်မ ထမ်းဆောင်ချင်သေးသလို ကျွန်မမှာရှိတဲ့ တာဝန်ကို ကျွန်မနှစ်သက်ပါတယ်။ အဲဒါကို လုံလောက်အောင် ကျွန်မ မလုပ်ရသေးဘူး။ ဆက်အသက်ရှင်ပြီး တာဝန်လုပ်ချင်နေမိပါတယ်။ ဘုရားသခင်၊ အခု အရေးကြီးတဲ့ တာဝန်ကို ကျွန်မလုပ်နေပြီး ကိုယ်တော့်အတွက် အစေခံနိုင်ပါသေးတယ်။ ဆက်အသက်ရှင်ပြီး ကိုယ်တော့်ကို အစေခံနိုင်အောင် ကွယ်ကာတော်မူပါ”လို့။ အဲဒီလိုတွေးမိချိန်မှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ရှင်းရှင်းလင်းလင်း တွေးမိတယ်။ “မည်သည့်အကြောင်းရင်းအရ သင်သည်- ဖန်ဆင်းခံသတ္တဝါ တစ်ဦး- ဘုရားသခင်ကို တောင်းဆိုမှုများပြုသနည်း။ လူများသည် ဘုရားသခင်ကို တောင်းဆိုမှုများ ပြုဖို့ မလျော်ကန်ပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းထက် သာ၍မလျော်ကန်သည့်အရာ မည်သည့်အရာမျှမရှိပေ။ ဘုရားသခင်၏အလိုတော်သည် သူပြုသင့်သည့်အမှုကို ပြုမည်ဖြစ်ပြီး ကိုယ်တော်၏စိတ်သဘောထားသည် ဖြောင့်မတ်ပေသည်။ ဖြောင့်မတ်ခြင်းသည် တရားခြင်း သို့မဟုတ် ထိုက်သင့်ခြင်း အနည်းငယ်မျှ မရှိပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့- ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန်ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။...ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့အတွက် မတွေးတတ်အောင် ခက်ခဲနက်နဲနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့်အကြောင်းသင့် မရှိဆုံးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ဘုရားက ကျွန်မကို မျက်နှာချင်းဆိုင် ပြစ်တင်မောင်းမဲနေသလိုဖြစ်ပြီး၊ စကားလုံးတိုင်းက နှလုံးသားကို တန်းထိတယ်။ မမျှတ၊ မဖြောင့်မတ်ခြင်းအတွက် ဘုရားကို ကျွန်မ အပြစ်တင်နေမိတာ မဟုတ်လား။ ဆင်ခြေတွေလုပ်ရင်းနဲ့ ဘုရားရှေ့မှာပဲ အပေးအယူလုပ်ပြီး သတ်မှတ်ချက်တွေ ကျွန်မ ချမှတ်နေတာ မဟုတ်လား။ ဆင်းရဲဒုက္ခခံရတဲ့ နှစ်တွေမှာ တစ်ခုခု ပြီးမြောက်ခဲ့ပြီး ကိုယ့်တာဝန်မှာ အသုံးခံခဲ့လို့၊ ကပ်ဘေးထဲမကျရောက်အောင် ဘုရားက ကွယ်ကာသင့်တယ်၊ အဲဒါ သူ့ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်မှာပဲလို့ ခံစားခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ အဲဒါက လုံးဝ ကျွန်မရဲ့ အယူအဆနဲ့ စိတ်ကူးတွေဖြစ်ပြီး သမ္မာတရားနဲ့ လုံးဝ မကိုက်ဘူး။ ဘုရားက ဖန်ဆင်းခြင်းရဲ့ အရှင်ဖြစ်ပြီး ကျွန်မက အဖန်ဆင်းခံတစ်ယောက်ပဲ။ ကျွန်မ မွေ့လျော်တဲ့အရာအားလုံးက ဘုရားဆီက လာပြီး ကျွန်မအသက်ကိုလည်း ဘုရားပေးထားတာပါ။ ကျွန်မရဲ့ ကံကြမ္မာကို ဘုရားစီစဉ်ပုံနဲ့ ဘယ်လောက်ကြာကြာ အသက်ရှင်ခွင့်ပေးတယ်ဆိုတာက သူနဲ့ပဲဆိုင်တယ်။ အဖန်ဆင်းခံအနေနဲ့၊ အဲဒါကို ကျွန်မ ကျိုးနွံနာခံပြီး လက်ခံသင့်တယ်။ ဘုရားကို ကျိုးကြောင်းပြပြောပြီး သတ်မှတ်ချက်တွေလုပ်ဖို့ ကျွန်မ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ။ ဒါပေမဲ့ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မ ယုံကြည်ခြင်းရှိခဲ့ပြီး ဘုရားဆီက သမ္မာတရားရဲ့ ရေလောင်းခြင်းနဲ့ အာဟာရကို မွေ့လျော်ခဲ့သလို၊ ကျေးဇူးသိတင်စိတ် မရှိဖြစ်နေတုန်းပဲ။ အခုဗိုင်းရပ်စ်ကို ရပြီး သေမဲ့အန္တရာယ်နဲ့ ရင်ဆိုင်ရတော့၊ ဘုရားကို ကျိုးကြောင်းပြပြောပြီး ခုခံနေတယ်၊ မဖြောင့်မတ်ခြင်းအတွက် သူ့ကို အပြစ်တင်နေတယ်။ ကျွန်မရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားက ဘယ်မှာလဲ။ အဲဒီအကြောင်းတွေးရင်းနဲ့ အပြစ်ရှိတဲ့စိတ် ပိုခံစားရပြီး ရှက်မိသလို၊ ဘုရားရှေ့မှာ ဆုတောင်းခြင်းနဲ့ ဒူးထောက်ခဲ့တယ်။ “ဘုရားသခင် ကျွန်မက အရမ်း ဆင်ခြင်တုံတရား မရှိပါဘူး။ ကျွန်မကို ကိုယ်တော် ဖန်ဆင်းခဲ့တာပါ။ အဖန်ဆင်းခံတစ်ယောက်ပါ။ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံသင့်ပါတယ်။ ဒါ မှန်ပြီး သဘာဝကျတယ်။ သေသွားနိုင်တဲ့ အန္တရာယ်နဲ့ ဒီဗိုင်းရပ်စ်ကို ကိုယ်တော်ရခွင့်ပေးခဲ့တယ်။ ကျွန်မ မသေချင်ဘူး၊ ကျိုးနွံမနာခံချင်ခဲ့ဘူး၊ ဒါကြောင့် ကိုယ်တော်နဲ့ ငြင်းခုံခဲ့တယ်၊ မှန်မှန်ကန်ကန် မဆောင်ရွက်တဲ့အတွက် ကိုယ်တော့်ကို အပြစ်တင်ခဲ့ပြီး၊ ကျွန်မကို ဆက်အသက်ရှင်ခွင့်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ကျွန်မမှာ ကျိုးနွံနာခံမှု၊ ဆင်ခြင်တုံတရား လုံးဝ မရှိခဲ့ဘူး။ အရမ်း ပုန်ကန်တတ်ခဲ့တာပါ။ ဘုရားသခင်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး ကိုယ်တော့်ထံ ကျွန်မ နောင်တရချင်ပါတယ်” လို့ပေါ့။

နောက်ရက်အနည်းငယ်အတွင်းမှာ၊ ဘုရားအပေါ် ကျွန်မရဲ့ မကျေနပ်မှုတွေနဲ့ အထင်လွဲမှုတွေကို စဉ်းစားတိုင်း တကယ် စိတ်မကောင်းဖြစ်ရတယ်။ အထူးသဖြင့် ကျွန်မအခြေအနေ ပိုဆိုးသွားချိန်မှာ ဘုရားကို ခုခံခဲ့ပုံ၊ သူနဲ့ ငြင်းခုံခဲ့ပုံ၊ အပျက်သဘောဆောင်ပြီး အချောင်ခိုခဲ့ပုံ၊ ကိုယ့်တာဝန်ကို ဖြစ်သလိုလုပ်ပြီး၊ အချိန်ဆွဲခဲ့ပုံကို တွေးမိတော့၊ ပိုတောင် အပြစ်ရှိတဲ့စိတ်ခံစားရပြီး ပိုစိတ်မသက်မသာဖြစ်ရတယ်။ ကျွန်မ နေမကောင်းမဖြစ်သလို အကျပ်အတည်းမရှိချိန်မှာ၊ ဘုရားရဲ့ ဖြောင့်မတ်ခြင်းအကြောင်းနဲ့ အဖန်ဆင်းခံက ဖန်ဆင်းခြင်း အရှင်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမဲ့အကြောင်း ကျွန်မ ကြွေးကြော်နေခဲ့တယ်။ နေမကောင်းဖြစ်တော့ ဘာလို့ ပုန်ကန်မှုနဲ့ ခုခံမှုတွေကို ကျွန်မ အတော်များများ ပြနေခဲ့တာလဲ။ ကျွန်မ ဝတ်ပြုဆုတောင်းနေတုန်း ဘုရားနှုတ်ကပတ်တော်မှာ တစ်ခုခု ဖတ်ခဲ့ရတယ်။ “လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) “အန္တိခရစ်များ၏ စိတ်တွင် လူတို့သည် တာဝန်ထမ်းဆောင်နိုင်သရွေ့၊ အဖိုးအခပေးဆပ်နိုင်သရွေ့၊ ဆင်းရဲဒုက္ခအနည်းငယ် ခံစားနိုင်သရွေ့ ဘုရားသခင်က ကောင်းချီးပေးခြင်းကို ခံရသင့်သည်ဟူ၍ ခံယူထားကြ၏။ ထို့ကြောင့် ၎င်းတို့သည် အသင်းတော်အလုပ်ကို အချိန်တစ်ခုအထိ လုပ်ဆောင်ပြီးနောက်တွင် အသင်းတော်အတွက် မည်သည့်အလုပ်များကို ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည်၊ ဘုရားအိမ်တော်အတွက် မည်သည့်ပံ့ပိုးမှုများကို ၎င်းတို့ ပြုလုပ်ပြီးဖြစ်သည်၊ ညီအစ်ကိုမောင်နှမများအတွက် မည်သည့်အရာများ ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည်တို့ကို စတင်စာရင်းမှတ်ကြလေသည်။ ဤအရာအားလုံးကို ၎င်းတို့စိတ်ထဲတွင် ခိုင်မာစွာ သိမ်းဆည်းထားကြပြီး ထိုအရာကြောင့် ဘုရားသခင်ထံမှ မည်သည့်ကျေးဇူးတော်နှင့် ကောင်းချီးများ ရရှိမည်ဆိုသည်ကို ခန့်မှန်းဖို့ ကြိုးစားကြသည်။ ဤသို့သောအရာများကို လုပ်ဆောင်ရာတွင် တန်ဖိုးတစ်စုံတစ်ရာ ရှိမရှိကို ၎င်းတို့ဆုံးဖြတ်ကောင်းဆုံးဖြတ်နိုင်ရန် ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤအရာများနှင့် အာရုံများနေကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့လိုက်စားသည့်အရာမှာ အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်အပေါ် ၎င်းတို့ ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်အရာဖြစ်သနည်း။ အစကတည်းက ဘုရားသခင်အပေါ် ၎င်းတို့ ယုံကြည်ခြင်းသည် ကောင်းချီးများနောက်ကို ၎င်းတို့ လိုက်နေကြသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများကို နှစ်ပေါင်းမည်မျှကြာ နားထောင်ပြီးသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်မည်မျှကို ၎င်းတို့ စားသောက်ပြီးသည်ဖြစ်စေ၊ အယူဝါဒမည်မျှကို ၎င်းတို့ နားလည်ပြီးသည်ဖြစ်စေ ၎င်းတို့၏ ကောင်းချီးခံစားရရန်ဖြစ်သည့် ဆန္ဒနှင့် ရည်ရွယ်ချက်ကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်ပေ။ တာဝန်ကျေသော ဖန်ဆင်းခံ တစ်ဦးဖြစ်ဖို့၊ ဘုရားသခင်၏အုပ်စိုးမှုနှင့် အစီအစဉ်များကို လက်ခံဖို့ ၎င်းတို့ကို သင်တောင်းဆိုပါက ၎င်းတို့သည် ‘ဤအရာက ကျွန်ုပ်နှင့် ဘာမျှမသက်ဆိုင်။ ကျွန်ုပ်ကြိုးပမ်းရယူနေသင့်သည့် အရာလည်း မဟုတ်။ ကျွန်ုပ်ကြိုးပမ်းရယူသင့်သည့်အရာမှာ— တိုက်လှန်ခြင်းကို ကျွန်ုပ် ပြုပြီးသည့်အခါ၊ လိုအပ်သော အားထုတ်ကြိုးစားမှုကို ပြုပြီး လိုအပ်သော ဆင်းရဲဒုက္ခကို ကျွန်ုပ်ခံစားပြီးသည့်အခါ၊ ဘုရားသခင်တောင်းဆိုသည့်အတိုင်း အရာအားလုံးကို ကျွန်ုပ်လုပ်ဆောင်ပြီးသည်နှင့် ဘုရားသခင်က ကျွန်ုပ်ကို ဆုချီးမြှင့်ပြီး ဆက်လက်နေထိုင်ခွင့် ပြုသင့်သည်။ ကျွန်ုပ်သည် နိုင်ငံတော်တွင် ဆုသရဖူအပ်နှင်းခံရပြီး ဘုရားသခင်၏ လူတို့ထက် ပို၍ မြင့်သောနေရာကို ရရှိလိမ့်မည်။ အနည်းဆုံးအနေဖြင့် မြို့နှစ်မြို့၊ သုံးမြို့ကို အုပ်စိုးရမည်’ ဟု ပြောကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များက ဂရုအစိုက်ဆုံးအရာ ဖြစ်သည်။ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့ပြပါစေ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ဆန္ဒများကို မလွင့်ပြယ်စေနိုင်ပေ။ ၎င်းတို့သည် ပေါလုကဲ့သို့သော လူအမျိုးအစား ဖြစ်သည်။ ဤသို့သော ပြောင်ပြောင်တင်းတင်း အပေးအယူပြုခြင်းတွင် ဆိုးယုတ်ပြီး ကြမ်းတမ်းသော စိတ်သဘောထားမျိုး မရှိသလော။ အချို့သော ဘာသာရေးသမားများက ‘ကျွန်ုပ်တို့၏ မျိုးဆက်သည် ကားတိုင်လမ်းပေါ်တွင် ဘုရားနောက်သို့ လိုက်သည်။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကောင်းချီးခံစားရရန် အခွင့်ရှိသည်။ ကျွန်ုပ်တို့သည် ဒုက္ခခံစားခဲ့ပြီး အဖိုးအခပေးဆပ်ပြီးဖြစ်သည်။ ခါးသီးသောခွက်မှ စပျစ်ရည်ကို သောက်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့ထဲမှ လူအချို့မှာ အဖမ်းခံရပြီး ထောင်ချခံရသည်။ ဤဆင်းရဲဒုက္ခအားလုံး ခံစားပြီးနောက်တွင်၊ တရားဒေသနာများစွာ ကြားနာပြီးနောက်တွင်၊ သမ္မာကျမ်းစာအကြောင်း များစွာသင်ယူပြီးနောက်တွင် တစ်နေ့ ကျွန်ုပ်တို့သည် ကောင်းချီးမခံစားရလျှင် တတိယကောင်းကင်ဘုံသို့ သွားပြီး ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောမည်’ ဟူ၍ ဆိုကြသည်။ ဤသို့သောအရာမျိုးကို သင်တို့ ကြားဖူးကြသလော။ ၎င်းတို့က တတိယကောင်းကင်ဘုံသို့ သွားပြီး ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောမည်ဟု ဆိုကြသည်။ မည်မျှပင် ရဲတင်းလိုက်ကြသနည်း။ ဤအရာကို ကြားရရုံနှင့်ပင် သင်တို့၌ ကြောက်ရွံ့စိတ် မပေါ်လာသလော။ မည်သူက ဘုရားသခင်ကို ကြိုးစားပြီး အကျိုးသင့်အကြောင်းသင့် ပြောရဲသနည်း။...ဤသို့သော သူတို့သည် ကောင်းကင်တမန်မင်းများ မဟုတ်သလော။ စာတန်ဖြစ်သည် မဟုတ်သလော။ သင်သည် သင်ကြိုက်သည့် မည်သူနှင့်မဆို အကျိုးသင့်အကြောင်းသင့် ပြောဆိုနိုင်သည်။ ဘုရားသခင်နှင့်ကား ဤသို့ မပြုနိုင်ပေ။ ဤသို့ မလုပ်ဆောင်သင့်ပေ။ ဤသို့သော အတွေးများကို မတွေးသင့်ပေ။ ကောင်းချီးများသည် ဘုရားသခင်ထံမှ လာသည်။ သူအလိုရှိသော မည်သူ့ကိုမဆို သူပေးနိုင်သည်။ သင်သည် ကောင်းချီးများရရှိရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသော်လည်း ဘုရားသခင်က သင့်အား မပေးလျှင် ဘုရားသခင်အား အကျိုးသင့်အကြောင်းသင့် ပြောရန် သင်မကြိုးစားသင့်ပေ။ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ ဘုရားသခင်က အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ သင်သည် အရေးမပါသည့် သေးငယ်သော လူသားတစ်ဦးသာဖြစ်သည်။ သို့တိုင်အောင် သင်သည် ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောဆိုရဲသည်။ သင်သည် အဘယ်သို့ အလွန်ရဲတင်းနိုင်ရသနည်း။ သင်သည် မည်သူဖြစ်သည်ကို မှန်တွင် ကြည့်သင့်သည်။ သင်သည် ဖန်ဆင်းရှင်ကို အော်ဟစ်ကန့်ကွက်ပြီး ယှဉ်ပြိုင်ရဲလျှင် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းပင် ဖြစ်သည်မဟုတ်လော။ ‘တစ်နေ့ ကျွန်ုပ်တို့သည် ကောင်းချီးမခံစားရလျှင် တတိယကောင်းကင်ဘုံသို့ သွားပြီး ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောမည်။’ ဤစကားများဖြင့် သင်သည် ဘုရားသခင်အား ပွင့်ပွင့်လင်းလင်း အော်ဟစ်ကန့်ကွက်နေခြင်း ဖြစ်သည်။ တတိယကောင်းကင်ဘုံသည် မည်သို့သောနေရာဖြစ်သနည်း။ ဘုရားသခင်နေထိုင်သောနေရာဖြစ်သည်။ ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောဆိုဖို့ ကြိုးစားရန် တတိယကောင်းကင်ဘုံသို့ သွားရဲခြင်းသည် နန်းတော်ကို စီးနင်းတိုက်ခိုက်ခြင်းနှင့် ဆင်တူသည်။ ဤသို့ပင် ဖြစ်သည် မဟုတ်သလော။ အချို့လူတို့က ‘ဤသည်မှာ အန္တိခရစ်များနှင့် မည်သို့သက်ဆိုင်သနည်း’ ဟု ဆိုကြသည်။ ဤသည်မှာ အသက်ဆိုင်ဆုံးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောဆိုရန် တတိယကောင်းကင်ဘုံသို့ သွားလိုသူတို့သည် အန္တိခရစ်များဖြစ်သည်။ အန္တိခရစ်များသာ ဤသို့သော စကားများကို ပြောဆိုလိမ့်မည်။ ဤစကားများသည် အန္တိခရစ်များ၏ စိတ်နှလုံးအတွင်းထဲတွင် ရှိသော အသံများဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇ (အပိုင်း ၂)) ဘုရားရဲ့ ထုတ်ဖော်ပြချက်နဲ့ရင်ဆိုင်ရာမှာ ကျွန်မ ရှက်မိခဲ့ပြီး၊ ကျွန်မရဲ့ ဆင်းရဲဒုက္ခခံခဲ့တဲ့ နှစ်တွေနဲ့ တာဝန်မှာ အဖိုးအခပေးတာတွေက ဘုရားရဲ့ အလိုတော်ကို အလေးထားပြီး၊ ဘုရားရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့ အဖန်ဆင်းခံရဲ့တာဝန်ကို လုပ်ဆောင်ဖို့ မဟုတ်ခဲ့မှန်း တွေ့ရတယ်။ အဲဒါက နိုင်ငံတော်ထဲဝင်ပြီး ထာဝရကောင်းချီးတွေခံစားဖို့ ဘုရားရဲ့ကောင်းချီးတွေအတွက် အပေးအယူလုပ်တာပါ။ ကျွန်မက တာဝန်လုပ်ဆောင်တာကို ကပ်ဘေးရှောင်ရှားပြီး ဘုရားကောင်းချီးပေးခံရဖို့ နည်းလမ်းအနေနဲ့ ဘုရားနဲ့ အပေးအယူလုပ်ဖို့ တိုကင်ပြားနဲ့ အရင်းအနှီးအနေနဲ့ သဘောထားခဲ့တယ်။ အဲဒါကြောင့် ကိုယ်ဘယ်လောက်လုပ်ခဲ့တယ်၊ လူဘယ်လောက် ပြောင်းလဲစေခဲ့တယ်၊ ဘယ်လိုဆင်းရဲဒုက္ခခံခဲ့တယ်၊ ဘာအဖိုးအခပေးခဲ့တယ်ဆိုတာကို အတွင်းကျိတ် တွက်ချက်နေခဲ့တာပဲ။ ပိုတွက်ချက်လေ၊ ကျွန်မ ချီးမွမ်းထိုက်တဲ့ အစေခံမှုလုပ်ခဲ့ပြီဖြစ်ပြီး၊ ကပ်ဘေးတစ်လျှောက် ဘုရားရဲ့ ကွယ်ကာမှုရပြီး ထိန်းသိမ်းခံရဖို့ အရည်အချင်း ပြည့်မီတယ်လို့ ကျွန်မ ခံစားရလေပဲ။ ရုတ်တရက် ဗိုင်းရပ်စ် အကူးခံရမယ်လို့ လုံးဝ မထင်ခဲ့ဘူး။ ဘုရားကို အပြစ်တင်ပြီး အထင်လွဲခဲ့တယ်၊ ကိုယ့်နာမကျန်းဖြစ်မှုထဲမှာ ဘုရားကို ဘယ်လို ကျိုးနွံနာခံရမယ် မကြိုးစားခဲ့ဘူး။ အဲဒီအစား၊ ဘုရားက ကျွန်မကို ကွယ်ကာပြီး အမြန် သက်သာအောင်လို့ ဘုရားရဲ့ လက်ခံမှုကို ဘယ်လိုရနိုင်မဲ့အကြောင်းပဲ တွေးခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ အခြေအနေ ပိုဆိုးသွားတာကို မြင်တဲ့အခါ၊ ဘုရားနဲ့ ပတ်သက်လို့ စိတ်ပျက်သွားခဲ့တာပဲ။ ကျွန်မကို မကာကွယ်တဲ့အတွက်၊ မတရားမှုအပေါ် အပြစ်တင်ခဲ့တယ်။ အဖြစ်မှန်တွေ ပြတာက ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ တာဝန်ဟာ ကောင်းချီးခံစားဖို့သက်သက်ဖြစ်ပြီး၊ ဘုရားအပေါ် ကျွန်မ မစစ်မှန်ခဲ့ဘူးပဲ။ ကောင်းချီးတွေရဖို့ဆိုတဲ့ ကိုယ့်ရည်မှန်းချက် စွမ်းဆောင်ရရှိဖို့ ဘုရားနဲ့ အပေးအယူလုပ်၊ လှည့်စားရင်းနဲ့ သူ့ကို အသုံးချနေခဲ့တာပဲ။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်များခဲ့တာ။ ကျေးဇူးတော်ခေတ်မှာ ပေါလုက ဆင်းရဲဒုက္ခအများကြီးခံစားပြီး ကြီးမားတဲ့ အဖိုးအခပေးဆပ်ရင်းနဲ့ သခင့်ရဲ့ ဧဝံဂေလိကို ဥရောပအနှံ့သွားဖြန့်ဝေခဲ့တယ်။ ဒါပေမဲ့ သူပေးခဲ့သမျှက ကောင်းကင် နိုင်ငံတော်ထဲ ဝင်ရောက်ပြီး ဆုချီးမြှင့်ခံရဖို့ သက်သက်ဖြစ်ခဲ့တယ်။ သူကပြောတယ်၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) အဲဒါ တကယ်တော့ သူ့ကို ဘုရားက သရဖူးမပေးရင်၊ ဘုရား မဖြောင့်မတ်ဘူး ဆိုတဲ့ သဘောပဲ။ ဘာသာရေးလောကထဲက လူတွေဟာ ပေါလုဆီက ဒီစကားတွေရဲ့ လွှမ်းမိုးတာ အရမ်းခံရတယ်။ သခင့်နာမနဲ့ အလုပ်လုပ်ပြီး ဆင်းရဲဒုက္ခခံသူ အားလုံးက ကောင်းကင်နိုင်ငံ ဝင်ပြီး ကောင်းချီးခံရဖို့ လုပ်ကြတာပဲ။ ကောင်းချီးမခံစားရရင် ဘုရားနဲ့ ငြင်းခုံကြတယ်။ ကျွန်မက သူတို့အတိုင်းပဲ မဟုတ်လား။ အဲဒီအချိန်မှာ ကြောက်သွားမိတယ်။ အဲဒီလို စိတ်သဘောထားမျိုး ထုတ်ဖော်ပြမိမယ်လို့ လုံးဝ စိတ်မကူးမိဘူး။ အဲဒီအခြေအနေက ကျွန်မကို ဖော်ထုတ်ခဲ့ရင်၊ ကျွန်မမှာ အဲဒီလို ဆိုးရွားတဲ့ အန္တိခရစ် စိတ်သဘောထား ရှိတာကို မြင်ဦးမှာ မဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်တချို့ကို တွေးမိတယ်။ “ငါသည် တစ်လျှောက်လုံး လူသားကို တင်းကျပ်သော စံနှုန်းတစ်ခု သတ်မှတ်ထားပြီးဖြစ်သည်။ အကယ်၍ သင်၏ သစ္စာစောင့်သိမှုသည် ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များဖြင့် လာပါက၊ ၎င်းတို့၏ ရည်ရွယ်ချက်များမှတစ်ဆင့် ငါ့ကို လှည့်ဖြားပြီး၊ သတ်မှတ်ချက်များဖြင့် ငါ့ကို ခြိမ်းခြောက်ညှစ်ယူသောသူတို့ကို ငါ စက်ဆုပ်သည့်အတွက်၊ သင်၏ သစ္စာစောင့်သိမှုဟု ခေါ်သောအရာမရှိဘဲသာ နေလိုက်ချင်သည်။ လူ့အနေဖြင့် ငါ့အား လုံးဝ သစ္စာစောင့်သိကြရန်နှင့်- ယုံကြည်ခြင်း- ဟူသော စကားလုံး တစ်လုံးအတွက်- သက်သေပြရန်အလို့ငှာ- အရာခပ်သိမ်းကို လုပ်ဆောင်ဖို့ကိုသာ ငါ အလိုရှိသည်။ ငါသည် သင်တို့ကို စစ်မှန်ရိုးသားမှုဖြင့် အမြဲ ဆက်ဆံခဲ့ပြီး၊ ထို့ကြောင့် သင်တို့သည်လည်း ငါ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြင့် ပြုမူရန် ငါ ဆန္ဒရှိသည့်အတွက်၊ ငါကို ဝမ်းမြောက်စေရန် ကြိုးစားဖို့ သင်တို့၏ ချော့လုံးမြောက်လုံးများ အသုံးပြုခြင်းကို ငါ စက်ဆုပ်ရွံရှာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော) ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်၊ သန့်ရှင်းပြီး ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတာကို ဒါကနေ ခံစားလို့ရတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရား အမှုပြုပြီး သူလိုချင်တာက လူသားရဲ့ ရိုးသားစစ်မှန်မှုနဲ့ ဆက်ကပ်မှုပဲ။ လူတွေရဲ့ အားထုတ်မှုတွေမှာ ရည်ရွယ်ချက်တွေ၊ မသမာမှုတွေ၊ အပေးအယူတွေ၊ လှည့်စားမှုတွေ ပါရင်၊ အဲဒါတွေကို ဘုရားက လက်ခံမှာ မဟုတ်ရုံမက၊ ဘုရားကို အော်ဂလီဆန်၊ စက်ဆုပ်စေပြီး အဲဒါတွေကို သူ ရှုတ်ချတယ်။ အဆုံးမှာ ဘုရားရဲ့ ကောင်းချီးပေးတာ မခံခဲ့ရရုံမက၊ အပြစ်ပေးခံရဖို့ ငရဲအပို့ခံခဲ့ရတဲ့ ပေါလုလိုပဲပေါ့။ ကိုယ့်တာဝန်မှာလည်း အပေးအယူလုပ်တဲ့ မစင်ကြယ်မှုတွေပါလို့ ဘုရားကလည်း စက်ဆုပ်ပြီး အော်ဂလီဆန်တာ ဖြစ်ရမယ်။ ကျွန်မ နေမကောင်းဖြစ်တာက ဘုရားရဲ့ ဖြောင့်မတ်၊ သန့်ရှင်းတဲ့ စိတ်သဘောထားကို လုံးဝ ထုတ်ဖော်ပြတာပဲ။ အဲဒီလိုနဲ့ စိတ်နှလုံးထဲကနေ ကျွန်မ နေမကောင်းဖြစ်တာကို အပြည့်အဝ လက်ခံပြီး ကျိုးနွံနာခံခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ခဲ့တယ်။ “ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ သင် လာသည့်အခါ၊ သင်၏တာဝန်ကို သင် ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် သင့်တော်သည့် အရာဖြစ် ပြီး သင့်ပခုံးပေါ်ရှိ တာဝန်ဖြစ်သည်။ ဖန်ဆင်းခံများက မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်တွင် အခြေခံပြီး ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် သာ၍ ကြီးမြတ်သော အမှုတော်ကို ဆောင်ရွက်ပြီးဖြစ်သည်။ လူသားမျိုးနွယ်အပေါ် အမှု၏နောက်ထပ်တစ်ဆင့် သူ ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် ယင်းမှာ အဘယ်အမှုနည်း။ လူသားမျိုးနွယ်သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် သူ့ထံမှ သမ္မာတရားကို ရရှိပြီး ထိုသို့အားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့နှင့် သန့်စင်ခြင်းခံရဖို့ ခွင့်ပြုလျက် သူက ၎င်းတို့အား သမ္မာတရားကို ပေးသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို စိတ်ကျေနပ်စေလာပြီး၊ အသက်တာ၌ လမ်းကြောင်းမှန်ပေါ် စတင်လျှောက်လှမ်းကာ အဆုံး၌ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်၊ စုံလင်သော ကယ်တင်ခြင်းကို ရရှိနိုင်ပြီး စာတန်၏ ဒုက္ခပေးမှုများကို မခံရတော့ပေ။ ဤသည်မှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် အဆုံးသတ်၌ ဘုရားသခင်က လူသားမျိုးနွယ်တို့အား စွမ်းဆောင်ရရှိစေလိုမည့်အကျိုးတရားဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်း လုပ်ငန်းစဉ် အချိန်ကာလ အတွင်းတွင် ဘုရားသခင်သည် အကြောင်းကိစ္စတစ်ခုကို သင် ရှင်းရှင်းလင်းလင်း မြင်ပြီး သမ္မာတရားအနည်းငယ်ကို နားလည်အောင်သာ လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းအားဖြင့် သင် လက်ခံရရှိသည့် ကျေးဇူးတော်နှင့် ကောင်းချီးများကို သင်ခံစားနိုင်စေရန်မျှလုပ်ဆောင်ခြင်းလည်း မဟုတ်ပေ။ ထိုထက် ဘုရားသခင်သည် သင့်အား သန့်စင်ခံရပြီး ကယ်တင်ခြင်းခံရကာအဆုံး၌ ဖန်ဆင်းရှင် မျက်နှာတော်၏ အလင်းရောင်တွင် ရှင်သန်လာရသည့် အခွင့်ကို ပေးသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို တကယ် တို့ထိခဲ့တယ်။ တာဝန်လုပ်တာက အဖန်ဆင်းခံတစ်ယောက် ခေါင်းရှောင်လို့မရတဲ့ တာဝန်၊ ဝတ္တရားတစ်ခုဖြစ်သလို၊ အထူးသဖြင့် သမ္မာတရား ရပြီး၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ရရှိဖို့ လမ်းကြောင်းတစ်ခုပဲ။ တာဝန်တွေမှာ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖော်ထုတ်ဖို့ အခြေအနေမျိုးစုံကို ဘုရား ပြင်ဆင်ပြီးတော့၊ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြချက်တွေ၊ သူ့ရဲ့ ဆုံးမပဲ့ပြင်ခြင်းက တစ်ဆင့်၊ ကျွန်မတို့ ဖောက်ပြန်ပျက်စီးခြင်းကို နားလည်ပြီး ပြောင်းလဲခွင့်ပေးတယ်၊ မဖောက်ပြန်မပျက်စီးတော့သလို စာတန်ရဲ့ ထိခိုက်နစ်နာမှု မခံစေတော့ဘူး။ ဒါဘုရားရဲ့ ကောင်းမြတ်တဲ့အလိုတော်ပဲ။ ကိုယ့်တာဝန်ကို လုပ်တဲ့နှစ်တွေ တစ်လျှောက်မှာ၊ ဘုရားပြင်ဆင်တဲ့ ပတ်ဝန်းကျင်ကတစ်ဆင့် ဖောက်ပြန်ပျက်စီးမှု အများကြီး ကျွန်မပြခဲ့တယ်။ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် သိနားလည်မှုတချို့ ရခဲ့ပြီးတော့၊ ကိုယ့်ကိုယ်ကိုယ် စမုန်းလာတယ်၊ နောင်တရပြီး ပြောင်းလဲသလို လူသားသဏ္ဍာန်နည်းနည်း ရှိတယ်။ ကိုယ့်တာဝန်ကတစ်ဆင့် အများကြီး ကျွန်မရခဲ့ပေမဲ့ ကျေးဇူးမတင်ဖြစ်နေတုန်းပဲ။ အဲဒီအစား၊ ကိုယ့်တာဝန်ကို ကောင်းချီးတွေအတွက် အပြန်အလှန်အနေနဲ့ အပေးအယူ တိုကင်တစ်ခု၊ ကပ်ဘေးတွေကနေ ဖြတ်သန်းခွင့်လို သုံးခဲ့တယ်။ ဘုရားကို လှည့်စားပြီး အသုံးချလို့ရသလို သဘောထားခဲ့တယ်။ စက်ဆုပ်စရာပါပဲ။ ဘုရားက သမ္မာတရား အများကြီး ဖော်ပြခဲ့ပေမဲ့ ကျွန်မ တန်ဖိုးမထားခဲ့ဘူး။ ပြီးတော့ ဘယ်လိုကောင်းချီးခံစားရမယ်၊ ဘယ်လို ကပ်ဘေးကိုရှောင်၊ နိုင်ငံတော်ထဲ ဝင်ပြီး ဆုချီးမြှင့်ခံရမယ်ဆိုတာပဲ တွေးခဲ့တယ်။ တကယ် ဆိုးယုတ်ခဲ့တာ။ ကောင်းချီးခံစားရဖို့ တာဝန်လုပ်တာကို ရပ်မယ်၊ ဘုရားရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့ ကိုယ့်တာဝန်မှာ သမ္မာတရားလိုက်စားမယ်လို့ ဘုရားဆီ ဆုတောင်းပြီး ကျိန်ဆိုခဲ့တယ်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတွင် သင်သည် ‘ဘုရားသခင်က မည်သည့် မကျန်းမာခြင်း၊ သို့မဟုတ် သဘောတူနိုင်ဖွယ်မရှိသော ဖြစ်ရပ်များ ငါ့အပေါ် ကျရောက်ခွင့်ပြုပါစေ၊ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ပါစေ ငါနာခံရမည်။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ငါ၏နေရာတွင် နေရမည်။ အရာအားလုံးထက် နာခံခြင်းဟူသည့် ဤသမ္မာတရားရှုထောင့်ကို ငါလက်တွေ့လုပ်ဆောင်ရမည်။ လက်တွေ့အကောင်အထည်ဖော်ရမည်။ ဘုရားသခင်အား နာခံခြင်း၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ရမည်။ ထို့အပြင် ဘုရားသခင်က ငါ့အား စေခိုင်းထားသည့်အရာနှင့် ငါထမ်းဆောင်သင့်သည့် တာဝန်ကို ဘေးဖယ်မထားရ။ ငါ၏ နောက်ဆုံးထွက်သက်တွင်ပင် ငါ၏တာဝန်ကို လိုက်နာရမည်’ ဟု ပြောဆိုနိုင်လျှင် ဤသည်မှာ သက်သေခံခြင်းဖြစ်သည် မဟုတ်လော။ သင်၌ ဤစိတ်ခိုင်မာမှုနှင့် ဤသို့သော အခြေအနေမျိုး ရှိသည့်အခါတွင် သင်သည် ဘုရားသခင်နှင့်ပတ်သက်ပြီး စောဒကတက်နိုင်သေးသလော။ မတက်နိုင်ပေ။ ထိုသို့သောအချိန်တွင် သင်သည် ‘ဘုရားသခင်က ငါ့အား ဤအသက်ကို ပေးသည်။ ဤနှစ်များအားလုံးတွင် သူသည် ငါ့ကို ပံ့ပိုးပေးပြီး ကာကွယ်ပေးခဲ့သည်။ ငါ့ထံမှ နာကျင်မှုများစွာကို သူယူငင်သွားပြီးဖြစ်သည်။ ကျေးဇူးတော်များစွာနှင့် သမ္မာတရားများစွာကို ငါ့အား ပေးခဲ့ပြီးဖြစ်သည်။ မျိုးဆက်နှင့်ချီ၍ လူတို့နားမလည်ခဲ့သော သမ္မာတရားများနှင့် နက်နဲမှုများကို ငါနားလည်ခဲ့ပြီ။ ဘုရားသခင်ထံမှ များစွာရရှိခဲ့ပြီ။ ထို့ကြောင့် ဘုရားသခင်ကို ငါပြန်လည်ပေးဆပ်ရမည်။ ယခင်က ငါ၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းသည်။ မည်သည့်အရာကိုမျှ ငါနားမလည်ခဲ့။ ငါလုပ်သမျှသည် ဘုရားသခင်ကို နာကျင်စေခဲ့၏။ နောင်အချိန်ကာလတွင် ဘုရားသခင်ကို ပြန်ပေးဆပ်ရန် နောက်ထပ် အခွင့်အရေး ရှိချင်မှ ရှိလိမ့်မည်။ ငါ့တွင် အသက်ရှင်ရန် အချိန်မည်မျှ ကျန်သည်ဖြစ်စေ ငါ၌ရှိသော ခွန်အားအနည်းငယ်ကို ဆက်ကပ်ပြီး ဘုရားသခင်အတွက် ငါတတ်နိုင်သမျှ လုပ်ဆောင်ရမည်။ ဤနည်းအားဖြင့် ဤနှစ်များတစ်လျှောက်လုံး ငါ့အတွက် ပံ့ပိုးပေးခဲ့သည်မှာ အချည်းနှီးမဖြစ်ဘဲ အသီးအပွင့် ဖြစ်ထွန်းသည်ကို ဘုရားသခင်မြင်နိုင်ရန် ဖြစ်၏။ ဘုရားသခင် စိတ်သက်သာအောင် ငါလုပ်ပေးပါရစေ။ ငါ့ကြောင့် ဘုရားသခင် နာကျင်ရခြင်း၊ စိတ်ပျက်ရခြင်း မဖြစ်ပါစေတော့နှင့်’ ဟု သင့်ဘာသာ တွေးလိမ့်မည်။ ဤသို့တွေးခြင်းသည် အဘယ်သို့နည်း။ ‘ဤရောဂါက မည်သည့်အချိန်မှ ပျောက်မည်နည်း။ ပျောက်သည့်အခါတွင် ငါ၏တာဝန်ကိုထမ်းဆောင်ပြီး ဆက်ကပ်ရန် အကောင်းဆုံးလုပ်ဆောင်မည်။ ငါသည် ဖျားနာသောအခါ အဘယ်သို့ ဆက်ကပ်အပ်နှံနိုင်မည်နည်း။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အဘယ်သို့ ထမ်းဆောင်နိုင်မည်နည်း’ ဟု တွေးလျက် သင့်ကိုယ်သင် မည်သို့ကယ်တင်ရမည်၊ သို့မဟုတ် မည်သို့အလွတ်ရုန်းရမည်ကို မတွေးနှင့်။ သင့်တွင် အသက်တစ်ရှိုက် ကျန်နေသရွေ့ သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသလော။ သင့်တွင် အသက်တစ်ရှိုက် ကျန်နေသရွေ့ သင်သည် ဘုရားသခင် အရှက်မရအောင် လုပ်နိုင်စွမ်း ရှိသလော။ သင့်တွင် အသက်တစ်ရှိုက် ကျန်နေသရွေ့၊ သင်၏ စိတ်သည် ရှင်းလင်းပြတ်သားသရွေ့ ဘုရားသခင်အား စောဒကမတက်ဘဲ နေနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) ယခုတွင် ‘ရှိပါသည်’ ဟု ပြောရန် လွယ်ကူ၏။ သို့သော် သင့်တွင် ဤအရာ အမှန်တကယ် ဖြစ်ပျက်သည့်အခါ သိပ်လွယ်ကူလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို လိုက်စားရမည်။ သမ္မာတရားအပေါ် မကြာခဏ ကြိုးစားလုပ်ဆောင်ရမည်။ ‘ဘုရားအလိုတော်ကို ငါမည်သို့ဖြည့်ဆည်းနိုင်မည်နည်း။ ဘုရား၏ ချစ်ခြင်းကို မည်သို့ ပြန်လည်ပေးဆပ်နိုင်မည်နည်း။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အဘယ်သို့ ထမ်းဆောင်နိုင်မည်နည်း’ ဟု အချိန်ပိုယူ၍ တွေးတောရမည်။ ဖန်ဆင်းခံတစ်ယောက်ဆိုသည်မှာ အဘယ်နည်း။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်သည် ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်းမျှသာ ဖြစ်သလော။ မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်အား သမ္မာတရားများစွာ၊ လမ်းခရီးများစွာ၊ အသက်များစွာကို ပေးအပ်ပြီးဖြစ်သည်။ ဤသို့ဖြင့် ဤအရာများအတိုင်း သင်အသက်ရှင်နေထိုင်နိုင်ပြီး သူ့အတွက် သက်သေခံနိုင်ရန်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဖြစ်ပြီး သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို တစိမ့်စိမ့် စဉ်းစားဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းတို့ထိစရာ ဖြစ်တယ်။ ဘုရားက ဖန်ဆင်းခြင်းရဲ့ အရှင်ဖြစ်ပြီး ကျွန်မက အဖန်ဆင်းခံဖြစ်လို့ ကျွန်မရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာ ရှိတယ်။ အဲဒီနာမကျန်းမှု ကျွန်မပေါ်ရောက်လာခွင့် သူပေးခဲ့တာဖြစ်လို့၊ ကျွန်မ သေသေ၊ ရှင်ရှင်၊ ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်။ အဲဒါ အဖန်ဆင်းခံတစ်ယောက် ပိုင်ဆိုင်သင့်တဲ့ အခြေခံ ဆင်ခြင်တုံတရားပဲ။ တာဝန်ဆိုတာ အဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်တဲ့အရာတစ်ခုပဲ။ အချိန်မရွေး၊ ဘာပဲဖြစ်ပါစေ၊ ကျွန်မှာ ထွက်သက်တစ်ခုရှိသရွေ့၊ ကိုယ့်တာဝန်ကို လုပ်သင့်တယ်။ နှစ်တွေတစ်လျှောက် ဘုရားရဲ့ မေတ္တာကို ကျွန်မ မွေ့လျော်ခဲ့ပေမဲ့၊ သမ္မာတရားကို မလိုက်စားခဲ့တဲ့အတွက်၊ သူ့ကို အ‌မြဲ ပုန်ကန်ခဲ့ပြီး နာကျင်စေခဲ့တယ်။ ဘုရားကို အများကြီး အကြွေးတင်မိခဲ့တယ်။ အခု ကျွန်မ အသက်ရှင်နေသေးသရွေ့၊ ဘုရားမေတ္တာကို ပြန်ပေးဆပ်ဖို့ ကိုယ့်တာဝန်ကို လုပ်သင့်တယ်။ နောက်နေ့တွေမှာ၊ ဘုရားစိတ်ကျေနပ်စေဖို့ ကိုယ့်တာဝန် ဘယ်လိုလုပ်ရမယ်ဆိုတာ နေ့တိုင်းတွေးခဲ့တယ်။ ကျွန်မနဲ့တွဲဖက်တဲ့ ညီအစ်မက တာဝန်နဲ့ စိမ်းနေသေးသလို၊ ဧဝံဂေလိ ဝေမျှတဲ့ စည်းမျဉ်းတွေ အများကြီး မသိဘူး။ ဒါကြောင့် ပြဿနာအများကြီး ပေါ်ပေါက်လာတယ်။ သူ့ကို အွန်လိုင်းမှာ ကျွန်မ ကူညီ၊ လမ်းညွှန်နေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း မကြာခဏ ငြိမ်ငြိမ်လေးဖတ်ပြီး ဘုရားကို ချီးမွမ်းတဲ့ ဓမ္မသီချင်းတွေ ကျွန်မဆိုတယ်။ ချောင်းဆိုးပြီး အဖျားရှိသေးပေမဲ့ နေမကောင်းလို့ရပ်လိုက်တာမျိုးမရှိခဲ့ဘူး။ ပြီးတော့ ကျွန်မသေမလားဆိုတာ တွေးမနေတော့ဘူး။ ကျွန်မကံကြမ္မာ ဘုရားလက်ထဲမှာ ရှိပြီး၊ ဘယ်လောက်ကြာကြာ ကျွန်မ အသက်ရှင်တယ်ဆိုတာကို ဘုရားရဲ့ အုပ်စိုးမှုက ဆုံးဖြတ်မှန်း သိခဲ့တယ်။ ဘုရား ရှင်ခွင့်ပေးတဲ့ ဘယ်နေ့မဆိုထိ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ပြီး ဘုရားမေတ္တာ ပေးဆပ်ဖို့ ကြိုးစားမယ်။ ပြီးတော့ သူသေခွင့်ပေးတဲ့ ဘယ်နေ့မဆိုထိ ကျိုးနွံနာခံပြီး လုံးဝ ထပ်ပြီး မညည်းညူတော့ဘူး။

တစ်ညနေမှာ ကျွန်မ ချောင်းဆိုတာ ရပ်ကိုမရပ်နိုင်ဘူး၊ ကျွန်မလည်ချောင်းက သလိပ်နဲ့ပြည့်သွားတယ်၊ အဖျားလည်း အရမ်းတက်နေသလို၊ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတယ်။ အိပ်ရာထဲ လှဲနေမိတယ်၊ အရမ်းကို မသက်မသာနဲ့ လူးလှိမ့်ပြီး မအိပ်နိုင်ခဲ့ဘူး။ ကျွန်မတွေးမိတယ်။ “ငါ သေတော့မှာလား။ အိပ်လိုက်တာနဲ့ ပြန်ရော ထပါဦးတော့မလား” လို့ပေါ့။ သေခြင်းကို တွေးမိတဲ့အတွေးက တကယ်ကို ကျွန်မအတွက် စိတ်မချမ်းသာစရာ ဖြစ်ခဲ့ပြီး၊ နောင်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခွင့်မရတော့မဲ့ အတွေးက ကျွန်မကို မရပ်မနား ငိုကြွေးစေခဲ့တယ်။ ကျွန်မ ထလိုက်တယ်၊ ကွန်ပြူတာကို ဖွင့်ပြီး ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်လိုက်တယ်။ “အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ခွဲခန့်ထားပြီး ဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် ဆေးပညာရှုထောင့်မှ ကြည့်လျှင် ရောဂါကျွမ်းနေပုံ ရနိုင်သော်လည်း ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင် သင်၏ဘဝသည် ရှေ့ဆက်ရဦးမည် ဖြစ်ပြီး သင်၏အချိန် မကျသေးပါက သင်သေချင်လျှင်ပင် သေ၍မရနိုင်ပေ။ ဘုရားသခင်က သင့်အား စေခိုင်းချက်တာဝန် ပေးပြီးဖြစ်ကာ သင်၏တာဝန်က မပြီးဆုံးသေးလျှင်၊ သင်သည် သေစေနိုင်လောက်သည်ဟု ယူဆရသော မကျန်းမာမှုကြောင့်ပင် သေမည် မဟုတ်ပေ— ဘုရားသခင်က သင့်ကို ခေါ်ဦးမည် မဟုတ်ပေ။ သင်သည် ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မပြုလျှင်ပင်၊ သို့မဟုတ် သင်၏ မကျန်းမာခြင်းကို ကုသရန် အာရုံမစိုက်လျှင်ပင်၊ သို့မဟုတ် သင်၏ ကုသမှုကို ရွှေ့ဆိုင်းထားလျှင်ပင် သေဆုံးမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ထံမှ စေခိုင်းချက်တစ်ခုကို လက်ခံရရှိထားသော သူတို့အတွက် အထူးသဖြင့် မှန်ကန်သည်။ ၎င်းတို့၏ တာဝန်က ပြီးဆုံးခြင်း မရှိသေးသည့်အခါ ၎င်းတို့အပေါ် မည်သည့်ရောဂါပင် ကျရောက်ပါစေ ၎င်းတို့သည် ချက်ချင်း သေဆုံးမည်မဟုတ်။ တာဝန်ပြီးဆုံးသည့် နောက်ဆုံး အခိုက်အတန့်အထိ အသက်ရှင်ရမည်။ ဤအရာ၌ သင် ယုံကြည်ခြင်း ရှိပါသလော။...ဧကန်အမှန်ဆိုရလျှင် သင်ညှိနှိုင်းခြင်းသည် သင်၏ မကျန်းမာခြင်းကို ပျောက်ကင်းစေပြီး သင်မသေဆုံးရန် တားဆီးပေးဖို့ ရည်ရွယ်ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် ဤတွင် သင်၌ အခြားရည်ရွယ်ချက်တစ်ခုခု၊ ပန်းတိုင်တစ်ခုခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ပြီး အသုံးဝင်သေးလျှင်၊ သင့်ကို အသုံးပြုရန် ဘုရားသခင်က ဆုံးဖြတ်ပြီးဖြစ်လျှင် သင်သေဆုံးမည် မဟုတ်ပေ။ သင်ဆန္ဒရှိလျှင်ပင် သေဆုံးနိုင်မည် မဟုတ်ပေ။ သို့သော် သင်သည် ပြဿနာရှာလျှင်၊ ကောက်ကျစ်ဆိုးယုတ်မှုမျိုးစုံကို ကျူးလွန်လျှင်၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလျှင် လျင်မြန်စွာ သေဆုံးလိမ့်မည်။ သင်၏ ဘဝသည် တိုတောင်းလိမ့်မည်။ ကမာဘကို မဖန်ဆင်းမီကတည်းက လူတိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က သတ်မှတ်ထားပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို နာခံနိုင်လျှင် နာမကျန်းဖြစ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် ကျန်းမာရေးကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည့် နှစ်အရေအတွက်အတိုင်း အသက်ရှင်လိမ့်မည်။ ဤအရာတွင် သင် ယုံကြည်ခြင်း ရှိပါသလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့၊ သူ့ရဲ့မေတ္တာနဲ့ ကရုဏာကို ခံစားနိုင်ခဲ့ပြီး တကယ် စိတ်နှလုံးနွေးထွေးသွားခဲ့တယ်။ ဘုရားအလိုတော်ကို နည်းနည်း ပိုပြီး နားလည်သွားတယ်။ နောက်ဆုံးသော ကာလမှာ ကျွန်မ မွေးဖွားနိုင်တာ၊ ဘုရားကို ယုံကြည်ပြီး တာဝန်လုပ်နိုင်တာကို ဘုရားက ဆုံးဖြတ်ထားတာဖြစ်ပြီး ကျွန်မကို ဘုရားပေးတဲ့ တာဝန်လည်း ဖြစ်တယ်။ ကျွန်မရဲ့တာဝန် ပြီးပြည့်စုံသွားခဲ့ရင်၊ နေမကောင်းမဖြစ်ရင်တောင် ကျွန်မ သေရမှာပဲ။ မဟုတ်ရင်၊ ကျွန်မကို သေစေသင့်တဲ့ နာမကျန်းမှုဖြစ်ရင်တောင် ကျွန်မ သေမှာ မဟုတ်ဘူး။ ကျွန်မအတွက် ဘာကို စောင့်နေတယ်ဆိုတာကို မသိခဲ့ပေမဲ့ ကျွန်မအသက်ကို ဘုရားလက်ထဲထားပြီး သူ့ရဲ့ အစီအစဉ်တွေကို လိုက်လျှောက်သင့်မှန်း သိခဲ့တယ်။ ကျွန်မ အချိန်မရွေး သေနိုင်တာကို တွေးမိတော့၊ ဘုရားကို စိတ်နှလုံးကနေ ထပ်ပြီး စကားပြောချင်မိခဲ့တယ်။ ကျွန်မ ဒူးထောက်ပြီး ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ကိုယ်တော့်အိမ်တော်ဆီလာဖို့ ရွေးချယ်ပြီး ကိုယ်တော့်အသံကို ကြားခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ့်နှုတ်ကပတ်တော်အများကြီးရဲ့ ရေလောင်းခြင်းနဲ့ အာဟာရကို ရရှိခြင်းက သမ္မာတရား အများကြီး သင်ယူခွင့်ပေးသလို၊ လူတစ်ယောက်ဖြစ်ခြင်းအတွက် စည်းမျဉ်းတွေကို သိခွင့်ပေးတယ်။ ကျွန်မဘဝက အချည်းနှီးမဖြစ်ခဲ့ဘူးလို့ ခံစားရတယ်။ ကျွန်မကပဲ အရမ်းဖောက်ပြန်ပျက်စီးပြီး ကိုယ်တော့်ကို အမြဲ ပုန်ကန်၊ နာကျင်နေစေခဲ့တာပါ။ သမ္မာတရားကို ကောင်းကောင်း မလိုက်စားခဲ့ဘူး၊ ကိုယ်တော့်မေတ္တာ ပြန်ပေးဆပ်ဖို့ ကိုယ့်တာဝန်ကို အစစ်အမှန် မလုပ်ခဲ့ပါဘူး။ ကိုယ်တော့်ကိုလည်း နှစ်သိမ့်မှုတစ်စက်မှ လုံးဝ မပေးခဲ့ဘူး။ ကိုယ်တော့်ကို အများကြီး အကြွေးတင်မိပါတယ်။ ကိုယ်တော့်မေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မ နောက်ထပ် အခွင့်အရေးရမလား မသိဘူး။ ကျွန်မ အသက်ရှင်ရင်၊ သမ္မာတရားကို တကယ်လိုက်စားပြီး ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ တာဝန်ကို လုပ်ချင်ပါတယ်” လို့ပေါ့။

အဲဒီညမှာ မသိလိုက်ခင်မှာပဲ အိပ်မောကျသွားတယ်။ နောက်နေ့ အိပ်ရာနိုးနိုးချင်းမှာ၊ လုံးဝ နေမကောင်းမဖြစ်ခဲ့ဖူးသလို၊ လုံးဝ သက်သောင့်သက်သာ ဖြစ်နေခဲ့တယ်။ လည်ချောင်းလည်း သလိပ်သိပ်မရှိဘဲ အဆင်ပြေနေတယ်။ ကိုယ်အပူချိန်အမြန်ယူလိုက်ပြီး ပုံမှန်ပြန်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကျွန်မ တကယ်ကို တို့ထိခံရပြီး ဒါဟာ ကျွန်မာအတွက် ဘုရားရဲ့ ကရုဏာနဲ့ ကွယ်ကာမှုမှန်း သိခဲ့တယ်။ ကိုရိုနာဗိုင်းရပ်စ် ရချိန်မှာ ပုန်ကန်မှုနဲ့ ခုခံမှုတွေ အများကြီး ကျွန်မ ပြခဲ့ပေမဲ့၊ ကျွန်မရဲ့ ပြစ်မှားမှုတွေနဲ့အညီ ဘုရားက မဆက်ဆံခဲ့ဘဲ၊ ကျွန်မကို စောင့်ရှောက်ပေးနေတုန်းပဲ။ ကျွန်မ မျက်ရည်တွေ မထိန်းနိုင်ခဲ့သလို၊ ဘုရားကို ကျေးဇူးတင်ရှိပြီး ချီးမွမ်းမိခဲ့တယ်။

နှစ်လကုန်သွားပြီး ကျွန်မရဲ့ အပူချိန်က တစ်ချိန်လုံး ပုံမှန်ဖြစ်နေခဲ့တယ်။ ဗိုင်းရပ်စ်က ပြန်မပေါ်လာတော့သလို၊ ကျွန်မလည်း မကြာခင်မှာ နာလန်ပြန်ထူလာခဲ့တယ်။ ဒီကပ်ရောဂါမှာ လူအများကြီး သေခဲ့သလို၊ ကျွန်မ ရှင်ကျန်ခဲ့တာက ဘုရားရဲ့ အံ့ဖွယ် စောင့်ရှောက်မှုနဲ့ ကျွန်မအတွက် ကယ်တင်ခြင်းကြောင့် သက်သက်ပါပဲ။ ဒီဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာက ကောင်းချီးတွေကို အပေးအယူလုပ်ဖို့ ကျွန်မရဲ့ မသတီစရာ ရည်ရွယ်ချက်တွေကို တွေ့မြင်ခွင့်ပေးရင်းနဲ့ ကျွန်မ ယုံကြည်ခြင်းနဲ့ တာဝန်ထဲက ရည်ရွယ်ချက်တွေနဲ့ မစင်ကြယ်မှုတွေကို ချခင်းပြခဲ့သလို၊ ကျွန်မကိုယ်ကျွန်မ သိနားလည်မှုတချို့ရပြီး စက်ဆုပ်မိခဲ့တယ်။ ပြီးတော့၊ ဘုရားရဲ့ သန့်ရှင်း၊ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် လက်တွေ့ကျတဲ့ အတွေ့အကြုံနဲ့ သိနားလည်မှုတချို့လည်း ရခဲ့ပြီး၊ ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံမှု ရှိခဲ့တယ်။ ဒီအခြေအနေကတစ်ဆင့် စစ်ဆေးခြင်းနဲ့ နာကျင်မှုတချို့ကို တွေ့ကြုံခဲ့ပေမဲ့၊ သက်သောင့်သက်သာဖြစ်တဲ့ အခြေအနေမှာ မရနိုင်တဲ့ အရာတွေ အများကြီး ရခဲ့တယ်။ ဒီအတွေ့အကြုံကနေ ကျွန်မ အကျိုးရခဲ့တဲ့ အရာကို ပြန်တွေးတဲ့အခါတိုင်း၊ ဘုရားအတွက် ကျေးဇူးတင်ရှိခြင်းနဲ့ ချီးမွမ်းခြင်းအပြည့် ဖြစ်ခဲ့တယ်။ သူ့ရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းအတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် လူတို့ကို ရှုမြင်ခြင်းသည်သာ မှန်ကန်တိကျသည်

ရှန့်ရှင်း တောင်ကိုရီးယားနိုင်ငံ ဒီနှစ် မတ်လ ရက်တစ်ရက်မှာ၊ အသင်းတော်က ကျွန်မအစ်မကို သုံးသပ်ခိုင်းဖို့ သီးခြားခွဲထားတယ်တဲ့။ ကျွန်မ...

ကျွန်တော့်အလုပ်ဖော်အပေါ် ကျွန်တော် အထင်မသေးတော့ပါ

ချီဟန် ကိုးရီးယားနိုင်ငံ အသင်းတော်စာအုပ်တွေနဲ့ ပစ္စည်းတွေကို ကျွန်တော် စီမံခန့်ခွဲရတယ်။ ပစ္စည်းမျိုးစုံကို စီမံခန့်ခွဲပြီး သိမ်းဆည်းထားလား၊...

ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် ကျွန်တော်ရရှိခဲ့သည့်အရာ

ချန်ယံ တောင်ကိုရီးယားနိုင်ငံ အလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်တော်ဦးဆောင်ရတဲ့ အသင်းတော်တစ်ခုရဲ့ လူသစ်တွေကိုရေလောင်းတာ ဘယ်လိုအခြေအနေရှိလဲလို့...

အသက်ဝင်ရောက်မှုကို မလိုက်စားခြင်း၏ အကျိုးဆက်များ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မနဲ့ တွဲလုပ်ရတဲ့ အစ်မက ရဲတွေ ဖမ်းတာခံလိုက်ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပါ။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။