အသက်ကြီးသူက ဘုရားသခင်အတွက် သက်သေခံနိုင်ပါသေးသည်
လျို့အိန်း တရုတ်နိုင်ငံ အသက် ၆၂နှစ်မှာ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ သခင်က သူ့ရဲ့နောက်လိုက်တွေကို သူ့ရဲ့နိုင်ငံတော်နဲ့ ထာဝရအသက်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်း အသင်းတော်မှာ သန့်စင်ဖယ်ရှားခြင်းအလုပ်ကို ကျွန်မ လုပ်ဆောင်နေခဲ့ပါတယ်။ ကြီးကြပ်ရေးမှူးတချို့ ဆက်တိုက်ဆိုသလို ဖြုတ်ချခံရတာတွေ၊ တချို့ဆို ရှင်းလင်းပစ်ခံရတာတွေကို ကျွန်မ မြင်တွေ့ခဲ့ရတယ်။ အထူးသဖြင့် သန့်စင်ဖယ်ရှားခြင်းအလုပ်ကို တာဝန်ယူခဲ့တဲ့ အရင်က ကြီးကြပ်ရေးမှူးနှစ်ယောက်ဆိုရင် သူတို့ရဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းက တော်တော်ကောင်းပြီး တာဝန်ယူရတဲ့အပိုင်းကလည်း ကျယ်ပြန့်တယ်။ သူတို့က ကြီးကြပ်ရေးမှူးအဖြစ် နှစ်နှစ်၊ သုံးနှစ်လောက် လုပ်ခဲ့ပေမဲ့ တကယ့်အလုပ်ကို မလုပ်တာ၊ သမ္မာတရားကို လက်မခံတာတွေကြောင့် ဖြုတ်ချခံခဲ့ရတယ်။ အဲဒါကြောင့် ကြီးကြပ်ရေးမှူးလုပ်ရတာ အရမ်း အန္တရာယ်များတယ်လို့ ကျွန်မ ထင်ခဲ့မိတယ်။ ကြီးကြပ်ရေးမှူးဖြစ်ရတာက တာဝန်ယူရတဲ့အပိုင်း ကျယ်ပြန့်ပြီး ပြဿနာတွေ အများကြီး ကြုံရတယ်။ ကောင်းကောင်း မလုပ်နိုင်ရင် အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မိပြီး ပြစ်မှားမှုတွေ ချန်ရစ်ထားမိမှာပဲ။ ဒါဆိုရင် ဖြုတ်ချခံရတာ၊ ဒါမှမဟုတ် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရတာမျိုးတွေ ဖြစ်နိုင်ခြေရှိတယ်လေ။ အဖွဲ့သားလုပ်တာက ပိုကောင်းမယ်၊ အန္တရာယ်နည်းပြီး သိပ်ပူစရာမလိုဘူး၊ ဒါပေမဲ့ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက် ရှိနေသေးတယ်လို့ ကျွန်မ တွေးခဲ့တယ်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ အစောပိုင်းမှာ ကြီးကြပ်ရေးမှူးက သူ့တာဝန်ထမ်းဆောင်ဖို့ တခြားနေရာကို သွားရတော့မယ်ဆိုပြီး သူ့အလုပ်ကို ကျွန်မကို လွှဲယူခိုင်းတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတာက “အဖွဲ့သားတစ်ယောက်အနေနဲ့ဆိုရင် အလုပ်ကို နောက်ဆုံးစစ်ဆေးမှုလုပ်ပေးဖို့၊ လမ်းပြပေးဖို့ တာဝန်ခံတစ်ယောက်ရှိတော့ ငါက ဒုစရိုက်မှုကြီးတွေ လုပ်မိပြီး ထုတ်ဖော်ခံရတာ၊ ဖယ်ရှားရှင်းလင်းခံရတာမျိုး ဖြစ်မှာမဟုတ်ဘူး။ ကြီးကြပ်ရေးမှူးဖြစ်ရတာကတော့ မတူဘူးလေ။ အလုပ်တစ်ခုလုံးအတွက် တာဝန်ယူရတယ်၊ ပြဿနာတွေ အများကြီးကြုံရပြီး တာဝန်ကြီးကြီးမားမားတွေ ယူရတာကိုး။ ကိစ္စတွေကို ငါ သေချာမကိုင်တွယ်နိုင်ဘဲ အသင်းတော်အလုပ်ကို အဖျက်အမှောင့်ဖြစ်စေရင် ငါ့နောက်မှာ ပြစ်မှားမှုတွေ ကျန်ရစ်ခဲ့မှာ။ ငါသာ ဒုစရိုက်အမှုတွေ အများကြီး လုပ်မိရင် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းမခံရဘူးလား၊ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။ အဖွဲ့သားလုပ်တာက ပိုကောင်းပါတယ်၊ ဒါမှ ငါ တာဝန်ကြီးတွေ ထမ်းစရာမလိုမှာ။ အန္တရာယ်ကင်းပြီး စိတ်ချရတယ်၊ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်လည်း ရှိတယ်” လို့ပေါ့။ ဒါကို တွေးမိတဲ့အခါ ကျွန်မရဲ့ အစွမ်းအစက သာမန်ပါ၊ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိပါတယ်၊ ပြီးတော့ ပျိုးထောင်ပေးဖို့ တန်ဖိုးမရှိပါဘူးဆိုပြီး ဆင်ခြေတွေပေးပြီး ငြင်းလိုက်တယ်။ အဲဒီနောက်မှာ ကြီးကြပ်ရေးမှူးက ကျွန်မဆီ နောက်ထပ်နှစ်ခါ စာရေးပြီး စဉ်းစားကြည့်ခိုင်းတယ်။ ကျွန်မ အကြံအိုက်သွားတာပေါ့။ “လက်မခံရင် မနာခံရာကျမယ်၊ ဒါပေမဲ့ လက်ခံလိုက်ရင်လည်း သန့်စင်ခြင်းအလုပ်က နေရာတိုင်းမှာ စည်းမျဉ်းတွေ ပါဝင်ပတ်သက်နေတော့ ငါ ကောင်းကောင်း မကိုင်တွယ်နိုင်ဘဲ စည်းမျဉ်းတွေကို ချိုးဖောက်မိရင် ငါ့နောက်မှာ ပြစ်မှားမှုတွေနဲ့ ဒုစရိုက်မှုတွေ ကျန်ရစ်ခဲ့မှာ။ အသေးအမွှားဆိုရင် ဖြုတ်ချခံရမယ်၊ ဒါပေမဲ့ ကြီးလေးရင်တော့ အဲဒီအခါကျ နှင်ထုတ်တာတောင်ခံရဦးမှာပဲ။ ငါ့ရဲ့ နာမည်နဲ့ အဆင့်အတန်း ထိခိုက်ရုံတင်မကဘူး၊ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင်လည်း ရှိနိုင်မှာမဟုတ်ဘူး” လို့ပေါ့။ သေချာစဉ်းစားပြီးတဲ့နောက်မှာ ကျွန်မ ငြင်းလိုက်တယ်။ ကြီးကြပ်ရေးမှူးနဲ့ တွေ့တဲ့အခါ သူက “ညီအစ်ကိုမောင်နှမတွေဆီက အစ်မ မဲအများဆုံးရထားတာ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အစ်မ ရှာဖွေရမယ်” လို့ ပြောတယ်။ ကျွန်မ ဘာမှပြောစရာမရှိဘူး။ နှလုံးသားက နှစ်ခြမ်းဆွဲဖြဲခံရနေသလိုခံစားရပြီး ဘုရားသခင်ဆီ ထပ်ခါတလဲလဲ ဆုတောင်းမိတယ်၊ “ချစ်ရတဲ့ ဘုရားသခင်၊ ဒီကိစ္စ သမီးအပေါ် ကျရောက်လာတာကို သမီး ကျိုးနွံနာခံသင့်မှန်း သိပါတယ်၊ ဒါပေမဲ့ သမီး ကျိုးနွံနာခံလို့ကို မရပါဘူး။ ကြီးကြပ်ရေးမှူးတာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ဘဲ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မိမှာ၊ ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းခံရမှာကို သမီး ကြောက်ပါတယ်။ ဒီအကျပ်အတည်းက လွတ်မြောက်ဖို့ ဘယ်သမ္မာတရားတွေထဲ သမီး ဝင်ရောက်သင့်မှန်း မသိပါဘူး။ ကိုယ်တော် သမီးကို လမ်းပြဖို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။
တစ်ခါတော့ ကျွန်မရဲ့ စိတ်နှလုံးကို တကယ် တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် အသိတရားနှင့်အညီ မည်သို့ လုပ်ဆောင်မည်နည်း။ အထူးသဖြင့် သင်ပြုမူသောအခါ၌ စစ်မှန်သော စိတ်နှလုံးကို အားကိုး၍ ပြုမူဆောင်ရွက်ရမည်၊ ဘုရားသခင်၏ ကြင်နာမှုနှင့် ထိုက်တန်ရမည်။ ဘုရားသခင်က သင့်ကို ဤအသက်ကိုပေးအပ်ခဲ့ခြင်းနှင့်၊ ကယ်တင်ခြင်းရရှိရန်အတွက် ဤဘုရားသခင်ပေးသော အခွင့်အရေးနှင့် ထိုက်တန်ရမည်။ ဤသည်မှာ သင်၏ အသိစိတ်၏ သက်ရောက်မှုဖြစ်သလော။ သင်သည် စံနှုန်းများထဲမှ ဤမရှိမဖြစ်လိုအပ်သော အနိမ့်ဆုံးစံနှုန်းကို ပြည့်မီသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ကွယ်ကာခြင်းကို ရရှိပြီးဖြစ်လိမ့်မည်။ ကြီးကျယ်သော အမှားများကို ကျူးလွန်မည်မဟုတ်ပေ။ ထိုအခါ သင်သည် ဘုရားသခင်ကို ပုန်ကန်ရန်၊ သို့မဟုတ် သင်၏တာဝန်များကို အချောင်ခိုရန် အမှုအရာများကို အလွန်လွယ်ကူစွာ လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့ ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့်ပြုမူဖို့ သိပ်အလားအလာရှိလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အနာဂတ်တို့အတွက် အလွန် ကြံစည်တတ်လေ့ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အသိတရားက ဆောင်ရွက်သည့် အခန်းကဏ္ဍဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ပို၍ အသေးစိတ်ကြည့်လျှင် ဤလူသည် လူ့သဘာဝ ပျောက်ဆုံးနေသည့် မည်သည့်သရုပ်သကန်ကို ထုတ်ဖော်ပြသနည်း။ ဤကဲ့သို့သောလူတို့တွင် မည်သည့်စရိုက်လက္ခဏာများကို တွေ့ရပြီး မည်သည့် သီးသန့် သရုပ်သကန်တို့ကို တင်ပြသည်ဆိုသည်ကို ပိုင်းခြားစိစစ်ကြည့်ပါ။ (သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အရေးထားခြင်း မပြကြပေ။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...ဤလူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါသလော။ (မရှိပါ။) အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော ဤသို့ ပြုမူသည့် လူတစ်ဦးသည် မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားရသလော။ ဤကဲ့သို့သောလူတို့သည် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်မရှိပေ။ ဤလူသားမျိုး၏ အသိစိတ်သည် မည်သည့်အကျိုးအတွက်မျှ အသုံးမတည့်ပေ။ ၎င်းတို့သည် လိပ်ပြာမသန့်ခြင်းကို လုံးဝ မခံစားကြဖူးပေ။ သို့ဆိုလျှင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်မှု သို့မဟုတ် ဆုံးမပဲ့ပြင်မှုကို ၎င်းတို့ ခံစားနိုင်သလော။ မခံစားနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) အသိစိတ်နဲ့ ဆင်ခြင်တုံတရားမရှိတဲ့သူတွေက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်လို့ ဘုရားသခင်က ပြောထားတယ်။ သူတို့က ကိုယ့်အကျိုးစီးပွားကိုပဲ စဉ်းစားပြီး အသင်းတော်အလုပ်ကို မစဉ်းစားကြဘူး၊ ပြီးတော့ အသင်းတော်အလုပ်အပေါ် ဘာဝန်တာထားစိတ်၊ ဘာတာဝန်သိစိတ်မှ မရှိကြဘူးတဲ့။ ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ကျွန်မက အဲဒီလိုလူစားမျိုး အတိအကျဖြစ်နေမှန်း သဘောပေါက်လိုက်တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ရွေးချယ်တင်မြှောက်လိုက်တဲ့အချိန်မှာ ဒီတာဝန်ကို ကျွန်မ လက်ခံခဲ့သင့်တာပါ။ ဒါပေမဲ့ ဒီတာဝန်ကို ထမ်းဆောင်ရတဲ့ တာဝန်ဝတ္တရားက ကြီးမားလွန်းမှာကို ကျွန်မ ကြောက်ခဲ့တယ်၊ ကောင်းကောင်းမလုပ်နိုင်ရင် ကိုယ့်နောက်မှာ ပြစ်မှားမှုတွေ ကျန်ရစ်ခဲ့မှာ၊ ပြီးတော့ ဒုစရိုက်အမှုတွေ လုပ်မိရင် ဖြုတ်ချခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ကျွန်မရဲ့ နာမည်နဲ့ အဆင့်အတန်း ထိခိုက်ရုံတင်မကဘူး၊ ကျွန်မရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကိုတောင် ဆုံးရှုံးရမယ့် အန္တရာယ်ရှိတယ်လေ။ ဒါကြောင့် ကျွန်မရဲ့ အစွမ်းအစက သာမန်ပါ၊ အလုပ်လုပ်နိုင်စွမ်း ညံ့ပါတယ်၊ ပြီးတော့ ပျိုးထောင်ပေးဖို့ တန်ဖိုးမရှိပါဘူးဆိုပြီး ဆင်ခြေတွေပေးပြီး ငြင်းလိုက်တယ်။ ကြီးကြပ်ရေးမှူးက ကျွန်မနဲ့ မိတ်သဟာယပြုဖို့ စာအကြိမ်ကြိမ်ရေးခဲ့ပေမဲ့ ကျွန်မက ဆင်ခြေတွေရှာပြီး ဆက်တိုက် ငြင်းနေခဲ့တာ။ ကိုယ့်အကျိုးစီးပွားကိုပဲ စဉ်းစားပြီး ဒီတာဝန်ကို လက်မခံဘဲ ငြင်းခဲ့တယ်။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တကယ်ကို ကင်းမဲ့နေခဲ့တာပါ။ အဲဒီလို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ပုံစံနဲ့ ကျွန်မ ဆက်မရှင်သန်ချင်တော့ဘူး၊ ဒါကြောင့် ဒီတာဝန်ကို လက်ခံလိုက်တယ်။
နှစ်လသုံးလနေတော့ ကျွန်မရဲ့ အစွမ်းအစ ညံ့ဖျင်းမှုက အလုပ်တာဝန်နဲ့ မကိုက်ညီတဲ့အတွက် အဖွဲ့သားအနေနဲ့ ပြန်တာဝန်ပေးခံရတယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်တွေက စာရေးလာတယ်၊ ရှင်းလင်းရေးဆိုင်ရာ အချက်အလက်တွေကို စုစည်းဖို့ လူလိုနေတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်၊ ပြီးတော့ သူတို့က စည်းမျဉ်းတွေကို အပြည့်အဝ နားမလည်ကြဘူးတဲ့။ သူတို့ကို ကူညီဖို့ အဲဒီကိုသွားပြီး အဖွဲ့ခေါင်းဆောင် လုပ်ပေးဖို့ ကျွန်မကို ပြောတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတာက “ရှင်းလင်းရေးဆိုင်ရာ အချက်အလက်တွေကို ငါ ကောင်းကောင်း မစုစည်းဘဲ လူတစ်ယောက်ကို မှားပြီး သွင်ပြင်လက္ခဏာဖော်မိရင် အဲဒီအတွက် ငါ တာဝန်ယူရမှာ။ ငါ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ပုံစံနဲ့ ပြုမူမိပြီး ငါ့နောက်မှာ ပြစ်မှားမှုတွေနဲ့ ဒုစရိုက်အမှုတွေ ချန်ရစ်ခဲ့ရင် ဖြုတ်ချခံရဖို့နဲ့ ဖယ်ရှားရှင်းလင်းခံရဖို့ နီးစပ်သွားမှာ။ အဖွဲ့သားလုပ်တာက ပိုစိတ်ချရတယ်” လို့ပေါ့။ ဒါကြောင့် ကျွန်မရဲ့ အစွမ်းအစ ညံ့ပါတယ်၊ အလုပ်လုပ်နိုင်စွမ်း ညံ့ပါတယ်၊ ပြီးတော့ ပျိုးထောင်ပေးဖို့ တန်ဖိုးမရှိပါဘူးဆိုပြီး ဆင်ခြေတွေပေးပြီး နောက်တစ်ခါ ခေါင်းရှောင်လိုက်တယ်။ အဲဒီနောက်မှာ ခေါင်းဆောင်တွေက ကျွန်မနဲ့ မိတ်သဟာယပြုဖို့ စာရေးပြီးတော့ ကျွန်မက တာဝန်ကို ထပ်ခါတလဲလဲ ငြင်းဆန်နေခြင်းရဲ့ သဘောသဘာဝက သမ္မာတရားကို လက်မခံတာဖြစ်ကြောင်း ထောက်ပြခဲ့တယ်။ ခေါင်းဆောင်တွေရဲ့ မိတ်သဟာယပြုခြင်းက ဘုရားသခင်ဆီက သတိပေးချက်နဲ့ သတိပေးနှိုးဆော်မှုဖြစ်မှန်း ကျွန်မ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီး ဝမ်းနည်းသွားတယ်၊ အပြစ်ရှိသလို ခံစားလိုက်ရတယ်။ “ငါ ဘုရားသခင်ကို ယုံကြည်လာတာ ဒီလောက်နှစ်တွေကြာနေပြီ၊ ဘာလို့ လုံးဝ မပြောင်းလဲသေးတာလဲ။ ငါ ဘာလို့ ဒီလောက်တောင် မာကျောရတာလဲ” လို့ပေါ့။ ဒီအခြေအနေကို ဖြေရှင်းဖို့ သမ္မာတရားကို ချက်ချင်း မရှာဖွေရင် အရမ်း အန္တရာယ်များမယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်၊ ဒါကြောင့် ကျွန်မအခြေအနေနဲ့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် တာဝန်ခံယူရမည်ကို ကြောက်ရွံ့ကြသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခုလုပ်ရန် ပေးသောအခါ ၎င်းတို့သည် ထိုအလုပ်အတွက် ၎င်းတို့ တာဝန်ခံဖို့ လိုအပ်ခြင်းရှိမရှိကို ရှေးဦးစွာ ထည့်စဉ်းစားကြသည်။ တာဝန်ခံဖို့ လိုအပ်လျှင် ၎င်းတို့က အလုပ်ကို လက်ခံမည်မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ သတ်မှတ်ချက်များမှာ ပထမအနေဖြင့် အေးဆေးသက်သာသော အလုပ်ဖြစ်ရမည်။ ဒုတိယအနေဖြင့် အလုပ်ရှုပ်ခြင်း၊ သို့မဟုတ် ပင်ပန်းခြင်းမရှိရပေ။ တတိယအနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် မည်သည့်တာဝန်ကိုမျှ ခံယူခြင်းမရှိရပေ။ ဤသည်မှာ ၎င်းတို့တာဝန်ယူဆောင်ရွက်မည့် တစ်ခုတည်းသော တာဝန်အမျိုးအစားဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ စဉ်းလဲသော၊ လှည့်ဖြားတတ်သောသူ မဟုတ်သလော။ ထိုသူသည် အနည်းဆုံးသော တာဝန် ပမာဏကိုပင် တာဝန်မခံလိုပေ။ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျလာသောအခါ သူ့ခေါင်းကွဲသွားမည်ကိုပင် သူကြောက်နေသည်။ ဤသို့သောသူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ ဘုရားအိမ်တော်တွင် သူ့အား အဘယ်သို့ အသုံးချ၍ ရနိုင်မည်နည်း။ ဘုရားအိမ်တော်၏ အလုပ်သည် စာတန်အား ရင်ဆိုင်တိုက်ခိုက်ခြင်းအမှုအပြင် နိုင်ငံတော် ဧဝံဂေလိတရားဖြန့်ဝေခြင်းနှင့်လည်း သက်ဆိုင်သည်။ မည်သည့်တာဝန်က တာဝန်ခံယူခြင်း မလိုအပ်သနည်း။ ခေါင်းဆောင်ဖြစ်ခြင်းသည် တာဝန်ခံရသည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့၏ တာဝန်များသည် ပို၍ပင် မကြီးသလော။ ၎င်းတို့သည် ပို၍ပင် တာဝန်မခံယူရသလော။ သင်သည် ဧဝံဂေလိတရားဟောခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းတို့ကဲ့သို့သော အရာများကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အလုပ်ကို သင်လုပ်ဆောင်သည်ဖြစ်စေ ထိုအလုပ်က သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်နေသရွေ့ ထိုအလုပ်တွင် တာဝန်ဝတ္တရားများ တွဲပါနေသည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းက စည်းမျဉ်းနှင့်မညီလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်။ သင်သည် တာဝန်ခံယူရန် ကြောက်ရွံ့လျှင် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်၍မရပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်း၌ တာဝန်ယူရန် ကြောက်ရွံ့သော လူစားမျိုးသည် သတ္တိနည်းသောသူဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသလော။ ကွာခြားချက်ကို သင် ပြောနိုင်ရမည်။ အမှန်စင်စစ် ဤသည်မှာ သတ္တိကြောင်ခြင်း ကိစ္စမဟုတ်ပေ။ ၎င်းတို့သည် ချမ်းသာကြွယ်ဝရန် ကြိုးပမ်းခြင်းနှင့် ပတ်သက်လာသောအခါ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ အဘယ်ကြောင့် ဤမျှ ရဲတင်းနေကြသနည်း။ ဤအရာများအတွက်မူ မည်သည့် စွန့်စားမှုမျိုးကိုမဆို ၎င်းတို့ ရင်ဆိုင်ဝံ့ကြသည်။ သို့သော် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ လုံးဝ စွန့်စားမှုများမပြုလုပ်ပေ။ ဤသို့သော လူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ အားလုံးထဲတွင် ကောက်ကျစ်အစဉ်းလဲဆုံး ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းတွင် တာဝန်မခံယူသူ မည်သူမဆိုသည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မပြောနှင့်၊ ဘုရားသခင်ကို အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိ။ မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သော ပုဂ္ဂိုလ်မျိုးသည် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းဆောင်ရန် သတ္တိရှိသနည်း။ အရေးအကြီးဆုံးနှင့် အတိမ်းအစောင်းမခံဆုံးဖြစ်သော အလုပ်ကို ၎င်းတို့ မြင်သောအခါ ဘုရားသခင်၏ အိမ်တော်အလုပ်တွင် အရေးကြီးဆုံး အခိုက်အတန့်၌ ဦးဆောင်ဦးရွက်ပြု၍ ရဲဝံ့စွာ ရှေ့သို့ထွက်ကာ ဝန်ထုပ်ဝန်ပိုးကြီးကို ရဲဝံ့စွာ ထမ်းဆောင်ပြီး အခက်အခဲများနှင့် အန္တရာယ်များကို ကြံ့ကြံ့ခံရန် မကြောက်ရွံ့သောသူမျိုး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းသည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာရှိ၏။ ၎င်းတို့တွင် တရားမျှတစိတ်၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ် မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်၍ စက်ဆုပ်ဖွယ်ကောင်းသော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများ မဟုတ်ကြသည့်အပြင် သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံကြပေ။ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။...တစ်စုံတစ်ခု ကျရောက်လာသည့်အခါတိုင်း သင်သည် မိမိကိုယ်ကို အစဉ်သဖြင့် ကာကွယ်ပြီး မိမိအတွက် ထွက်ပေါက်တစ်ခုနှင့် လွတ်မြောက်ရာလမ်းတစ်ခု ဖွင့်ထားပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပါသလော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဉာဏ်များခြင်းသာ ဖြစ်သည်။ သင်သည် ယခုအခါတွင် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ တာဝန်တစ်ခုကိုထမ်းဆောင်ရာတွင် ပထမဆုံး စည်းမျဉ်းမှာ အဘယ်နည်း။ ရှေးဦးစွာ သင်၏ စိတ်နှလုံးအပြည့်အဝဖြင့် ထိုတာဝန်ကို အစွမ်းကုန် ထမ်းဆောင်ရမည်၊ ထိုသို့ဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်ဆိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခု၊ သင် လက်တွေ့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ မိမိအတွက် ထွက်ပေါက်တစ်ခုနှင့် လွတ်မြောက်ရာလမ်းတစ်ခု ဖွင့်ထားခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ခြင်းသည်၊ ဘာသာတရား မရှိသူများ လိုက်နာသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းဖြစ်ပြီး ၎င်းတို့၏ အထွတ်အထိပ်ဖြစ်သော အတွေးအခေါ်လည်း ဖြစ်သည်။ အရာခပ်သိမ်း၌ မိမိကိုယ်ကို ဦးစွာ ထည့်သွင်းစဉ်းစားခြင်း၊ မိမိ၏ အကျိုးစီးပွားများကို အခြားအရာအားလုံးထက် ရှေ့တန်းတင်ခြင်း၊ အခြားသူများကို ထည့်မစဉ်းစားခြင်း၊ ဘုရားသခင်၏ အိမ်တော်အကျိုးစီးပွားနှင့် အခြားသူများ၏ အကျိုးစီးပွားတို့သည် မိမိနှင့် မည်သို့မျှ မသက်ဆိုင်ဟု ယုံကြည်ခြင်း၊ မိမိ၏ အကျိုးစီးပွားများကို ဦးစွာ စဉ်းစားပြီးနောက် လွတ်မြောက်ရာလမ်းတစ်ခုကို စဉ်းစားခြင်း၊ ဤသည်မှာ ဘာသာတရား မရှိသူတစ်ဦး ဖြစ်သည့်အရာ မဟုတ်လော။ ဤသည်မှာ အတိအကျပင် ဘာသာတရား မရှိသူတစ်ယောက် ဖြစ်သည့်အရာ ဖြစ်သည်။ ဤလူစားမျိုးသည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် မထိုက်တန်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်း ကျွန်မရင်ထဲ စူးခနဲဖြစ်သွားတယ်။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသူတွေ၊ ကောက်ကျစ်သူတွေဟာ တာဝန်ယူရမှာကို ကြောက်တတ်တယ်ဆိုပြီး ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ကိစ္စတွေ သူတို့အပေါ် ကျရောက်လာတဲ့အခါ သူတို့က ကိုယ့်အကျိုးစီးပွားကိုပဲ အမြဲ အရင်စဉ်းစားပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်မယ့်အစား ကိုယ့်အတွက် လွတ်လမ်းရှာဖို့ပဲ အမြဲ တွေးတောနေကြတာ။ သူတို့က ဘာတာဝန်မှ လုံးဝ မယူချင်ကြဘူး။ ဒီလိုလူစားမျိုးက သမ္မာတရားကို လက်မခံဘဲ လူ့သဘာဝ မရှိကြဘူး။ ဘုရားသခင်ရဲ့ မျက်မှောက်မှာ သူတို့က ဘာသာတရား မရှိသူတွေဖြစ်ပြီး တာဝန်ထမ်းဆောင်ဖို့ မထိုက်တန်ကြဘူး။ ကျွန်မက အဲဒီလိုလူစားမျိုး အတိအကျပါပဲ။ ရှင်းလင်းရေးအလုပ်ကို လုပ်ဖို့ ဘုရားအိမ်တော်က ကျွန်မကို ပျိုးထောင်ပေးနေတာ နှစ်နှစ်သုံးနှစ်ရှိပြီ၊ ပြီးတော့ သက်ဆိုင်ရာ စည်းမျဉ်းတချို့ကို ကျွန်မ ပိုင်နိုင်ခဲ့သလို ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းမယ့် လမ်းကြောင်းတချို့ကိုလည်း နားလည်ခဲ့တယ်။ အဖွဲ့ခေါင်းဆောင်လုပ်ဖို့ ခေါင်းဆောင်တွေက ကျွန်မကို တာဝန်ပေးတဲ့အခါ အလုပ်ကို ကောင်းကောင်းမလုပ်ရင် တာဝန်ခံရမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ကျွန်မရဲ့ အစွမ်းအစ ညံ့ပါတယ်၊ အလုပ်လုပ်နိုင်စွမ်း ညံ့ပါတယ်ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဆင်ခြေတွေရှာပြီး ရှောင်လွှဲ၊ ခေါင်းရှောင်ဖို့ လုပ်ခဲ့တယ်။ အသင်းတော်အလုပ်က ဘာလိုအပ်တယ်၊ ကျွန်မက သင့်တော်တဲ့သူဖြစ်တယ် ဆိုတာကို ကျွန်မ ကောင်းကောင်း သိရဲ့သားနဲ့ ကျွန်မက ဉာဏ်များပြီး အဖွဲ့ခေါင်းဆောင် မလုပ်ချင်ခဲ့ဘူး၊ ဘာတာဝန်ကိုမှ မယူချင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို ကျွန်မ စဉ်းစားနေခဲ့လို့ပဲ။ အကျိုးအမြတ်ကို ရှေ့တန်းတင်တဲ့ အဲဒီ ဘာသာတရား မရှိသူတွေဟာ သူတို့လုပ်သမျှ ကိစ္စတိုင်းမှာ ကိုယ့်အကျိုးစီးပွားအတွက်ပဲ အမြဲ တွက်ချက်ပြီး ကြံစည်နေကြတာ။ ကိုယ့်အတွက် အကျိုးရှိမယ့်အရာမှန်သမျှ သူတို့ လုပ်ကြတယ်။ ကျွန်မရဲ့ အတွေးတွေနဲ့ အကြံအစည်အားလုံးကလည်း ကိုယ့်အကျိုးစီးပွားအတွက်ချည်းပါပဲ။ တာဝန်ယူမှုတွေ ပါဝင်ပတ်သက်တဲ့ အလုပ်က ကျွန်မဆီ ရောက်လာတဲ့အခါ ကျွန်မက ဉာဏ်များပြီး နောက်ဆုတ်ခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်အပေါ် ဘာသစ္စာစောင့်သိမှု၊ ဘာကျိုးနွံနာခံမှုမှ လုံးဝ မရှိခဲ့ဘဲ ဘာသာတရား မရှိသူ ဒါမှမဟုတ် မယုံကြည်သူတစ်ယောက်နဲ့ ဘာမှ မခြားနားခဲ့ပါဘူး။ ကျွန်မက တာဝန်တွေထမ်းဆောင်ဖို့ တကယ်ကို မထိုက်တန်ခဲ့ပါဘူး။ ဒါကို နားလည်သွားတော့ ကျွန်မ အကြီးအကျယ် နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။
နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ ငါ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီးကြာနေပြီ၊ ဘာလို့ ငါ့တာဝန်ကို အမြဲတမ်း ငြင်းချင်နေရတာလဲ။ ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲပေါ့။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရပါတယ်။ “အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ အသက်ကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က ‘ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း’ ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းချီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းချီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားသခင်က ဖော်ထုတ်ထားတာကတော့ အသင်းတော်က စီစဉ်ပေးတဲ့ တာဝန်ကို အန္တိခရစ်တွေ ကျိုးနွံနာခံနိုင်မှု မရှိတဲ့ အဓိကအကြောင်းရင်းက ကောင်းချီးရဖို့ကို သူတို့ အရမ်းအလေးထားလို့ပါပဲ။ အန္တိခရစ်တွေက ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံကြည်ကြဘူး။ သူတို့က ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးလို့ရမယ်၊ ကိုယ့်အတွက် ကိုယ်တိုင်ပဲ တကယ်ကြည့်ရှုပေးနိုင်မယ်လို့ ယုံကြည်ကြတယ်။ ပြီးတော့ အလှည့်အပြောင်းတိုင်းမှာ သတိထားပြီး ဂရုစိုက်ရမယ်၊ ဘုရားအိမ်တော်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံတာက သူတို့ ကောင်းချီးရဖို့အတွက် အဆင်မပြေဖြစ်စေမှာ၊ ကောင်းချီးရဖို့ သူတို့ရဲ့ အိပ်မက်တွေကို ဖျက်ဆီးပစ်မှာကို သူတို့ ကြောက်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ကျွန်မရဲ့ အပြုအမူက အန္တိခရစ်တစ်ယောက်ရဲ့ အပြုအမူနဲ့ တူမနေဘူးလား။ ကောင်းချီးရဖို့ကို ကျွန်မ အရမ်းအလေးထားခဲ့တယ်။ အသင်းတော်က ကျွန်မကို ကြီးကြပ်ရေးမှူး၊ ပြီးတော့ အဖွဲ့ခေါင်းဆောင် လုပ်ဖို့ စီစဉ်ပေးပေမဲ့ ကျွန်မက သတိထားပြီး တွက်ချက်ရင်းနဲ့ ကိုယ့်ရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို မစဉ်းစားဘဲ မနေနိုင်ခဲ့ဘူး။ ကြီးကြပ်ရေးမှူး ဒါမှမဟုတ် အဖွဲ့ခေါင်းဆောင် တာဝန်တွေကို ထမ်းဆောင်ရတာက တာဝန်ယူမှုတွေ ကြီးကြီးမားမား ပါဝင်နေတယ်၊ အလုပ်ကို ကောင်းကောင်း မလုပ်ရင် ကိုယ့်နောက်မှာ ပြစ်မှားမှုတွေ ကျန်ရစ်ခဲ့မှာပဲလို့ ကျွန်မ တွေးခဲ့တယ်။ ပြစ်မှားမှုတွေက ကြီးလေးရင် ကျွန်မ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းတာတောင် ခံရနိုင်တယ်လို့ တွေးခဲ့တယ်။ တစ်ဖက်မှာကျတော့ သာမန်အဖွဲ့သားတွေက တာဝန်ယူရတာ နည်းတယ်၊ ပြီးတော့ ကျွန်မက ထင်ရှားတဲ့ ကောင်းမှုကုသိုလ်တွေ မလုပ်နိုင်ရင်တောင် ကိုယ့်နောက်မှာ ပြစ်မှားမှုတွေ ကျန်ရစ်ခဲ့မှာမဟုတ်ဘူး၊ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာ မဟုတ်ဘူးလေ။ ကျွန်မ စဉ်းစားခဲ့တာက ကိုယ့်အတွက် အကျိုးရှိမယ့် ပုံစံမျိုးနဲ့ပဲ ပြုမူဖို့ပါ၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို လုံးဝ ထည့်မစဉ်းစားခဲ့ပါဘူး။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော၊” “ကုသိုလ်မရရင်နေပါစေ၊ အပြစ်မဖြစ်ရင်ပြီးရော” နဲ့ “သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးဖြစ်သည်” ဆိုတာလိုမျိုး စာတန်ဆန်တဲ့ အဆိပ်အတောက်တွေကို လုံးလုံး မှီခိုပြီး ကျွန်မ အသက်ရှင်နေထိုင်ခဲ့တာပါ။ ကိုယ့်အကျိုးစီးပွားကို ကိုယ်စဉ်းစားတာက လုံးဝ သဘာဝကျတယ်၊ အဲဒီလို မလုပ်တာက မိုက်မဲရာကျတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကတော့ ကြီးကြပ်ရေးမှူးနဲ့ အဖွဲ့ခေါင်းဆောင်လုပ်ပြီး ကျွန်မကို လေ့ကျင့်မှုပိုရစေဖို့နဲ့ စည်းမျဉ်းအတိုင်း အလုပ်လုပ်ဖို့ သမ္မာတရားကို ရှာဖွေနိုင်စေဖို့ပါ။ ဒါပေမဲ့ ကျွန်မရဲ့ လွဲချော်တဲ့ အမြင်နဲ့ ဘုရားသခင်ကို သံသယဝင်ခဲ့တယ်။ ကျွန်မကို ကြီးကြပ်ရေးမှူး လုပ်ခိုင်းတာက ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းမယ့် နည်းလမ်းတစ်ခုလို့ ကျွန်မ ခံစားခဲ့ရတယ်။ ဘုရားသခင်ကို လောကက ဂုဏ်အဆင့်အတန်းနဲ့ အာဏာရှိတဲ့ လူတွေလိုပဲ ကျွန်မ ထင်ခဲ့တယ်၊ လူတွေအပေါ်မှာ သေချာပေါက် တရားမျှတပြီး ဖြောင့်မတ်နေတာမျိုး မဟုတ်ဘူး၊ အမှားနည်းနည်းလေး လုပ်မိတဲ့သူတွေတောင် ဖယ်ရှားခံရမှာပဲလို့ ထင်ခဲ့တယ်။ ဒါက ဘုရားသခင်ကို ပြစ်မှားစော်ကားတာ မဟုတ်ဘူးလား။ ကျွန်မ အရမ်းကို လှည့်ဖြားတတ်ပြီး ဆိုးယုတ်ခဲ့တာပဲ။ ဘုရားသခင်ကို ယုံကြည်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်၊ အဲဒါက ကျွန်မ မရှောင်လွှဲသင့်တဲ့၊ ဂုဏ်ယူပြီး ထမ်းဆောင်ရမယ့် တာဝန်တစ်ခုပါ။ ဒါပေမဲ့ ကျွန်မက စာတန်ဆန်တဲ့ အဆိပ်အတောက်တွေရဲ့ ထိခိုက်တာကို ခံခဲ့ရပြီး တစ်ကိုယ်ကောင်းဆန်သူ၊ ဆိုးယုတ်သူနဲ့ လှည့်ဖြားတတ်သူ ဖြစ်လာခဲ့တယ်။ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်မတာဝန်ကို ထပ်ခါတလဲလဲ ငြင်းဆန်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နည်းနည်းလေးမှ ထည့်မစဉ်းစားခဲ့ဘူး။ ဒီစာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်တာက ဘုရားသခင်ကို ပိုပြီးတော့ပဲ အတိုက်အခံလုပ်မိစေမှာဖြစ်ပြီး ကျွန်မက နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပစ်ပယ်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပဲ။ ဒါကို နားလည်လိုက်တဲ့အခါ ကျွန်မ အကြီးအကျယ် နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ ဒါကြောင့် ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်ပါတယ်၊ “ချစ်ရတဲ့ ဘုရားသခင်၊ သမီးက အရမ်း တစ်ကိုယ်ကောင်းဆန်ပါတယ်၊ စက်ဆုပ်စရာကောင်းပြီး ဆိုးယုတ်တယ်၊ လှည့်ဖြားတတ်ပါတယ်။ ကိုယ်တော်ကို စပြီး ယုံကြည်ကတည်းက ကောင်းချီးတွေကိုပဲ သမီး လိုက်စားခဲ့ပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို မစဉ်းစားခဲ့သလို အသင်းတော်အလုပ်အကြောင်းကိုလည်း မတွေးခဲ့ပါဘူး။ ချစ်ရတဲ့ ဘုရားသခင်၊ သမီး နောင်တရပြီး မှားယွင်းတဲ့ လမ်းကြောင်းအတိုင်း ဆက်မလျှောက်တော့ဖို့ လိုလားနေပါတယ်” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ပြီးတော့ ဘုရားအိမ်တော်က လူတွေကို ဆက်ဆံတဲ့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် ဘုရားအိမ်တော်က လူများကို မျှတစွာ ဆက်ဆံနိုင်ကြောင်းကို မယုံကြည်ကြပေ။ သူ၏အိမ်တော်တွင် ဘုရားသခင် အုပ်ချုပ်ကြောင်းနှင့် ထိုနေရာတွင် သမ္မာတရားအုပ်စိုးကြောင်းကို ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပြဿနာတစ်ခုတက်လာလျှင် ဘုရားအိမ်တော်သည် ထိုလူကို ချက်ချင်း ကိုင်တွယ်လိမ့်မည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ သူ၏အခွင့်အရေးကို ဖြုတ်ချကာ သူ့ကို အခြားသို့ပို့လိမ့်မည် သို့မဟုတ် အသင်းတော်မှပင် သူ့ကို ရှင်းထုတ်ပစ်နိုင်ကြောင်းတို့ကို ၎င်းတို့က ယုံကြည်ကြသည်။ ထိုသည်က အမှန်တကယ် ကိစ္စများ အလုပ်လုပ်သည့်ပုံလော။ ကျိန်းသေမဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းအပေါ် ဆက်ဆံရာတွင် ဖြောင့်မတ်သည်။ ဘုရားသည် ဖြစ်ရပ်တစ်ခုတွင် လူတစ်ယောက်၏ ပြုမူပုံပြုမူနည်း တစ်ခုတည်းကိုသာ မကြည့်ပေ။ လူတစ်ဦး၏သဘာဝအနှစ်သာရ၊ ထိုသူ၏ရည်ရွယ်ချက်များ၊ ထိုသူ၏သဘောထားတို့ကို သူကြည့်သည်။ ပြီးလျှင် သူသည် လူတစ်ဦး အမှားလုပ်မိသောအခါ သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိ၊ နောင်တရရှိခြင်းရှိမရှိနှင့် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်သိမြင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို နားလည်လာနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို မုန်းတီးခြင်း ရှိမရှိနှင့် အစစ်အမှန် နောင်တရခြင်းရှိမရှိတို့ကို အထူးသဖြင့် သူကြည့်သည်။ အကယ်၍ လူတစ်ဦးသည် ဤမှန်ကန်သော သဘောထားမရှိဘဲ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်များနှင့် လုံးဝ ရောထွေးနေပါက၊ စဉ်းလဲသောအကြံအစည်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများဖြင့် ပြည့်နေပြီး ပြဿနာများ တက်လာသောအခါ ဟန်ဆောင်ခြင်း၊ တစ်ပတ်ရိုက်ခြင်း၊ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် ကျိုးကြောင်းပြပြောဆိုခြင်းနှင့် မိမိ၏လုပ်ရပ်များကို ဝန်ခံပြုဖို့ ခေါင်းမာစွာ ငြင်းဆန်ခြင်းတို့ကို ကျင့်သုံးပါက ထိုကဲ့သို့သောလူတစ်ယောက်ကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြဘဲ လုံးလုံး ထုတ်ဖော်ခံလိုက်ရသည်။ မမှန်ကန်သောလူများနှင့် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံသော သူတို့သည် အနှစ်သာရအားဖြင့် မယုံကြည်သူများဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့သာဖြစ်နိုင်တော့သည်။...ငါ့ကို ပြောလော့။ လူတစ်ဦးသည် အမှားတစ်ခု လုပ်ထားကာ အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို အခွင့်အရေးတစ်ခု မပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် သင်သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင် သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားအိမ်တော်မှာ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းတို့ စိုးမိုးတယ်ဆိုတာကို ကျွန်မ နားလည်လိုက်တယ်။ ဘုရားအိမ်တော်က စည်းမျဉ်းတွေအတိုင်း လူတွေကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းတာပါ၊ ပြီးတော့ အချိန်ကာလတစ်ခုမှာ ဒါမှမဟုတ် ကိစ္စရပ်တစ်ခုမှာ သူတို့ရဲ့ အပြုအမူကြောင့် ဘယ်သူ့ကိုမှ သဘောရှိ ကိုင်တွယ်ဖြေရှင်းမှာ မဟုတ်ပါဘူး။ အားလုံးက လူတွေရဲ့ တစ်စိုက်မတ်မတ် အပြုအမူ၊ သမ္မာတရားကို လက်ခံတဲ့ သူတို့ရဲ့ သဘောထားနဲ့ သူတို့ တကယ် နောင်တရခြင်း ရှိမရှိဆိုတာတွေအပေါ် အခြေခံပါတယ်။ လူတစ်ယောက်က အသင်းတော်အလုပ်ကို တစ်စိုက်မတ်မတ် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေရင်၊ ပြီးတော့ တခြားသူတွေ ဘယ်လိုပဲ ကူညီပါစေ နောင်တမရရင်၊ မပြောင်းလဲရင် သူတို့က ဖြုတ်ချခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဒါပေမဲ့ လူတစ်ယောက်က ကိုယ့်တာဝန်ကို ထမ်းဆောင်နေရင်း ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ထုတ်ဖော်မိရင်၊ ဒါမှမဟုတ် အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မိရင် ချက်ချင်း ဆင်ခြင်သုံးသပ်နိုင်ရင်၊ နားလည်သဘောပေါက်ပြီး နောင်တရနိုင်ရင်၊ ပြောင်းလဲနိုင်ရင် ဘုရားအိမ်တော်က တာဝန်တွေထမ်းဆောင်ဖို့ သူတို့ကို တခြား အခွင့်အရေးတွေ ပေးမှာပဲ။ ရှင်းလင်းရေးအလုပ်ကို စလုပ်ကတည်းက စည်းမျဉ်းတွေကို နားမလည်လို့ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့မိတာတွေ၊ ရလဒ်အနေနဲ့ ပြစ်မှားခဲ့မိတာကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ ဘုရားအိမ်တော်က ကျွန်မရဲ့ ပြစ်မှားမှုတွေကြောင့် ကျွန်မကို မဖြုတ်ချခဲ့သလို ဖယ်ရှားရှင်းလင်းတာမျိုး မလုပ်ခဲ့ပါဘူး၊ အဲဒီအစား ကျွန်မနဲ့ မိတ်သဟာယပြုပြီး ကူညီခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မက နောင်တရဖို့ လိုလားခဲ့တဲ့အတွက် တာဝန်တွေကို ဆက်ထမ်းဆောင်ခွင့် ရခဲ့တယ်။ ဖြုတ်ချခံရပြီး ဖယ်ရှားရှင်းလင်းခံရတဲ့ သူတွေကျတော့ သူတို့က အဖွဲ့ခေါင်းဆောင်တွေ၊ ကြီးကြပ်ရေးမှူးတွေအနေနဲ့ တာဝန်ထမ်းဆောင်နေလို့ မဟုတ်ဘဲ မှားယွင်းတဲ့ လမ်းကြောင်းပေါ် လျှောက်နေကြလို့ပါ။ သူတို့က ပြစ်မှားမှုတွေ ကျူးလွန်ခဲ့ပေမဲ့ ပြုပြင်တာကို လက်မခံခဲ့ဘူး၊ နောင်တမရခဲ့ဘူး။ အဲဒီတော့မှ သူတို့ ဖြုတ်ချခံရပြီး ဖယ်ရှားရှင်းလင်းခံရတာပါ။ အဖွဲ့ထဲက ညီအစ်မတစ်ယောက်အကြောင်း ကျွန်မ တွေးမိတယ်။ သူက ကြီးကြပ်ရေးမှူး မဟုတ်ပေမဲ့ တာဝန်ထမ်းဆောင်နေတုန်းမှာ သူနဲ့တွဲလုပ်တဲ့ ညီအစ်မတွေနဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ခဲ့ပြီး သူတို့ကို နောက်ကွယ်ကနေ အဖျက်အမှောင့်လုပ်ခဲ့တယ်။ ဒါ့ကြောင့် အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရာရောက်ခဲ့တယ်၊ ပြီးတော့ မိတ်သဟာယပြုပြီးတဲ့နောက်မှာလည်း သူ နောင်တမရခဲ့ဘူး။ အဆုံးမှာ သူ ဖြုတ်ချခံခဲ့ရတယ်။ ပြီးတော့ အရင်က ကြီးကြပ်ရေးမှူးနှစ်ယောက် ဖြုတ်ချခံရတာကလည်း သူတို့ တာဝန်ကြီးကြီးမားမား ယူထားလို့ မဟုတ်ဘဲ သမ္မာတရားကို တစ်စိုက်မတ်မတ် အားမထုတ်လို့၊ တကယ့်အလုပ်ကို မလုပ်လို့ပါ။ သူတို့ကို ပြုပြင်တဲ့အခါ၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေက ကူညီဖို့ မိတ်သဟာယပြုတဲ့အခါ သူတို့က တကယ် နောင်တရပြီး မပြောင်းလဲခဲ့ဘူး။ သူတို့ ဖြုတ်ချခံရတာက သူတို့ ဘာတာဝန်ထမ်းဆောင်တယ်၊ သူတို့တာဝန်ယူမှု ဘယ်လောက်ကြီးတယ် ဆိုတာတွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ အဖွဲ့ခေါင်းဆောင်လုပ်တာက တာဝန်ယူရတာကြီးမားလို့ အန္တရာယ်များတယ်၊ အဖွဲ့သားဖြစ်တာကတော့ အတော်အသင့် စိတ်ချရပြီး လုံခြုံတယ်ဆိုတဲ့ ကျွန်မရဲ့ ယုံကြည်ချက်က မှားယွင်းပြီး အဓိပ္ပာယ်မဲ့သလို ယုတ္တိမရှိဘူး၊ ပြီးတော့ သမ္မာတရား စည်းမျဉ်းနဲ့ မကိုက်ညီဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားအိမ်တော်က ကျွန်မကို တာဝန်တွေထမ်းဆောင်ဖို့ အခွင့်အရေးပေးခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မ ကြုံရတဲ့ လူ၊ ဖြစ်ရပ်နှင့် အမှုအရာတွေထဲမှာ သမ္မာတရားကို ရှာဖွေဖို့၊ သမ္မာတရား စည်းမျဉ်းတွေကို ပိုပြီး သဘောပေါက်နားလည်ဖို့ပါပဲ။ ဒီရခဲတဲ့ အခွင့်အရေးကို ကျွန်မ တန်ဖိုးထားပြီး ကိုယ့်တာဝန်ကို လက်ခံခဲ့သင့်တာပါ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။...သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ရိုးသားတဲ့သူတွေဟာ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်တယ်၊ ပြီးတော့ စိတ်ရောကိုယ်ပါ အားစိုက်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ကြတယ်လို့ ဘုရားသခင်က ပြောတယ်။ သူတို့က ကိုယ့်အတွက်ကိုယ် မကြံစည်ကြဘူး၊ ကိုယ့်အကျိုးစီးပွားအတွက် အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို မစဉ်းစားကြဘူး။ ဒါ့အပြင် တာဝန်ဆိုတာ ကျွန်မတို့ မရှောင်လွှဲအပ်တဲ့ တာဝန်ဝတ္တရားတစ်ခု ဖြစ်ပြီး ကျွန်မတို့ ဘာကောင်းချီးရတယ်၊ ဘာဘေးဒုက္ခခံစားရတယ် ဆိုတာတွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ ဘေးဒုက္ခကို ကြောက်လို့ တာဝန်ကို မငြင်းဆန်သင့်သလို၊ ကောင်းချီးရဖို့အတွက်လည်း တာဝန်ကို လက်မခံသင့်ပါဘူး။ လူတွေက ကိုယ့်တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းတာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ ဒါကို နားလည်ပြီးတဲ့နောက်မှာ ကိုယ့်တာဝန်ကို ဘယ်လိုသဘောထားရမယ်ဆိုတာ ကျွန်မ သိလိုက်တယ်။ ကျွန်မရဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းက သာမန်ဖြစ်ပေမဲ့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မ လုပ်သင့်တာကို လုပ်ရပါမယ်။ တာဝန်ထမ်းဆောင်နေရင်း နားမလည်တာတွေကို ပိုပြီး ရှာဖွေနိုင်ပါတယ်၊ ပြီးတော့ ကိုယ့်အစွမ်းအစနဲ့ လုပ်နိုင်စွမ်း ဘောင်အတွင်းမှာ ကျွန်မ ဖြည့်ဆည်းသင့်တဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။ ဒါက ကျွန်မ ရှိသင့်တဲ့ သဘောထားပါပဲ။ အတိတ်က အကြွေးတွေကို ပြန်ဆပ်ဖို့အတွက် ရှင်းလင်းရေးဆိုင်ရာ အချက်အလက်တွေကို စုစည်းရာမှာ ညီအစ်ကိုမောင်နှမတွေကို ကူညီပေးမယ်လို့ ကျွန်မ တက်တက်ကြွကြွ ကမ်းလှမ်းခဲ့တယ်၊ ခေါင်းဆောင်တွေကလည်း သဘောတူခဲ့တယ်။ ကျွန်မမှာ ဝင်ရောက်မှု သိပ်မရှိသေးသလို သိပ်မပြောင်းလဲသေးပေမဲ့ ဒီတစ်ခါ ထုတ်ဖော်ခံရတာကနေတစ်ဆင့် ယုံကြည်ခြင်းမှာ ကျွန်မရဲ့ လိုက်စားမှုနောက်ကွယ်ရှိ မှားယွင်းတဲ့ အမြင်ရှုထောင့်တွေနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရရှိခဲ့ပါတယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားဖို့ ကိုယ့်တာဝန်ကို ဘယ်လို ကောင်းကောင်း ထမ်းဆောင်ရမယ်ဆိုတာ သင်ယူခဲ့ရပါတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
လျို့အိန်း တရုတ်နိုင်ငံ အသက် ၆၂နှစ်မှာ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ သခင်က သူ့ရဲ့နောက်လိုက်တွေကို သူ့ရဲ့နိုင်ငံတော်နဲ့ ထာဝရအသက်ကို...
လူရန်၊ တရုတ်ပြည်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်မဟာ အသင်းတော်မှာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။...
ရွှီလျန်၊ တရုတ်နိုင်ငံ၁၉၉၉ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ဆုံးသောကာလမှာ...
ကျွန်မမိသားစုက အမြဲ တော်တော် ဆင်းရဲခဲ့တယ်၊ ငွေကြေး အရမ်းမကျပ်တည်းအောင်လို့ ဘဏ်အမှုဆောင်တစ်ယောက်ဖြစ်ဖို့၊ လူ့အဖွဲ့အစည်းမှာ...