ကျွန်တော့်လက်တွဲဖော် ဆုံးပါးသွားသည့်နောက်

29.04.2024

ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ၂၀၀၇ ခုနှစ် ဆောင်းဦးပေါက်မှာ ရှေ့ဆင့်နောက်ဆင့် လက်ခံခဲ့ကြတာပါ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာက အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ လူသားမျိုးနွယ်ကို ကပ်ဘေးတွေကနေ ကယ်တင်ဖို့ လူ့ဇာတိခံခဲ့တဲ့ စစ်မှန်တဲ့ ဘုရားသခင် ဖြစ်မှန်း ကျွန်တော် သေချာသွားတယ်။ ကျွန်တော်တို့အသက်အရွယ်ကြီးမှာ ဘုရားရဲ့ကယ်တင်ခြင်းကို လက်ခံခွင့် ရတယ်ဆိုတာ မယုံနိုင်စရာ ကောင်းချီးတစ်ခုပဲ၊ လွဲသွားလို့မဖြစ်တဲ့ တစ်သက်တစ်ခါ ကြုံရတဲ့ အခွင့်အရေးပဲလို့ ထင်မိတယ်။ ဧဝံဂေလိကို လက်ခံပြီး သိပ်မကြာခင်မှာပဲ ကျွန်တော်တို့နှစ်ယောက်လုံး တာဝန်တစ်ခု ယူကြတယ်။ ကျွန်တော်က ဧဝံဂေလိ မျှဝေတယ်၊ လူသစ်တွေကို ရေလောင်းပေးတယ်။ အမျိုးသမီးကတော့ အိမ်မှာ ဧည့်ဝတ်ပြုပေးရတယ်။ နေ့တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတာပါ။ နောက်တော့ သိပ်မကြာလိုက်ဘူး၊ ကျွန်တော့်အမျိုးသမီးရဲ့ အစာအိမ်ရောဂါ၊ ချောင်းဆိုးရင်ကျပ်နဲ့ တခြား နေထိုင်မကောင်းတာလေးတွေက သူ့အလိုလို သက်သာသွားတယ်ဗျ။ ဘုရားက ကျွန်တော်တို့ကို ကျေးဇူးတော်ပေးခဲ့တာပါ၊ ကောင်းချီးပေးခဲ့တာပါ။ ဘုရားသခင်အပေါ် ကျွန်တော်တို့ယုံကြည်ခြင်းက တိုးပွားသွားတယ်။ ကျွန်တော့်မှာ ဧဝံဂေလိ မျှဝေဖို့ စိတ်ဓာတ်ခွန်အားတွေ ပိုရှိလာတယ်။ ၂၀၁၂ ခုနှစ်မှာ ကျွန်တော်က ဧဝံဂေလိ မျှဝေနေရင်း အဖမ်းခံရပြီး မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းခံခဲ့ရတယ်။ လွတ်လာပြီးတော့လည်း ရဲက ကျွန်တော်တို့ကို ကိုယ့်ယုံကြည်ခြင်းကြောင့် မကြာမကြာ နှောင့်ယှက်နေတုန်းပါပဲ။ ဆက်ပြီး ယုံကြည်မယ်ဆိုရင် ကျွန်တော်တို့သားသမီးတွေ၊ မြေးတွေရဲ့ အနာဂတ်ရှေ့ရေး ထိခိုက်မယ်လို့လည်း ခြိမ်းခြောက်ကြတယ်။ ကျွန်တော်တို့ချွေးမက ကျွန်တော်တို့ ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ စီစီပီရဲ့မုသားတွေကို ယုံနေတော့ ကျွန်တော်တို့လင်မယားကို တရုတ်နှစ်ကူးပွဲတော် ကာလကြီးမှာ အိမ်ကနေ နှင်ထုတ်လိုက်ရောဗျာ။ ကျွန်တော်တို့လည်း သွားစရာနေရာက မရှိ။ စိတ်ပျက် အားလျော့သွားတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ပြန်ပြီး နှစ်သိမ့် အားပေးရတယ်၊ “ဒါက ဘုရားသခင်ဆီက လာတဲ့ စစ်ဆေးခြင်းပဲ။ ငါတို့သည်းခံသင့်တဲ့ ဆင်းရဲဒုက္ခပဲ။ စိတ်ဓာတ်ကျလို့ မဖြစ်ဘူး။ ငါတို့အနေနဲ့ ဘာမှမရှိဘဲလည်း နေလို့ရတယ်။ ဒါပေမဲ့ ဘုရားသခင် မရှိလို့တော့ မဖြစ်ဘူး” ပေါ့။ အဲဒီနောက်မှာ ကျွန်တော်တို့လည်း လူမနေတဲ့အိမ်ဟောင်းတစ်ခုမှာ နေပြီး ဧည့်ဝတ်ပြုတဲ့ တာဝန်ကို ယူလိုက်ကြတယ်။ ကျွန်တော်တို့ အဲဒီမှာ ရှစ်နှစ်နေခဲ့တယ်။ အိမ်က ယိုယွင်းပျက်စီးနေတယ်ဆိုပေမဲ့ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို စားသောက်ဖို့၊ ယုံကြည်ဖို့အတွက် လုံးဝ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ဘူး။ ဒီတော့ စိတ်နှလုံးတွေ လွတ်လပ်ခဲ့တယ်။

၂၀၂၂ စက်တင်ဘာလ ရောက်တော့ ကျွန်တော့်အမျိုးသမီးဆီမှာ နာတာရှည်စွဲကပ်လာခဲ့တဲ့ နှလုံးအောင့်တဲ့ရောဂါက ပြန်ထလာတယ်ဗျ။ တစ်နေ့ကို ရုတ်တရက် ထဖြစ်တဲ့ အကြိမ်ရေက မနည်းဘူး။ ခံစားရတဲ့ ဝေဒနာကလည်း ပိုပြီးတော့ မကြာမကြာ ဖြစ်လာတယ်။ စုဝေးပွဲတွေမှာဆို သူ့ခမျာ ဆုတောင်းဖို့ ဒူးတောင် မထောက်နိုင်ဘူး။ တစ်ခါတလေ မျက်နှာသစ်နေရင်းနဲ့ သူ့နှလုံးက ထအောင့်လာရော။ အရမ်း နာနေပြီဆိုရင် နေရာမှာတင် ရပ်နေရတယ်။ ဝေဒနာ လျော့သွားတော့မှ မျက်နှာကို ပြီးအောင်သစ်ရတာ။ ကိုယ့်အမျိုးသမီးရဲ့ အခြေအနေ တဖြည်းဖြည်း ဆိုးရွားလာတာကို မြင်ရတော့ ကျွန်တော် ဝမ်းနည်းတယ်၊ ပူပန်မိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ယုံကြည်သူတွေဆိုတော့ ဘုရားရဲ့စောင့်ရှောက် ကာကွယ်မှု ရှိတယ်လို့ စဉ်းစားမိတယ်။ ဘုရားဟာ အနန္တတန်ခိုးရှိတယ်။ သေသူကို ပြန်ရှင်စေနိုင်တယ်။ သူ မလုပ်နိုင်တဲ့အရာဆိုတာ မရှိဘူး။ အမျိုးသမီးက ဟိုအရင်ကလည်း ရောဂါတွေ ဖိစီးခဲ့ဖူးတယ်။ ဒါပေမဲ့ ယုံကြည်ခြင်း ရပြီးတဲ့နောက်မှာ လုံးဝ သက်သာသွားတာ။ ဒီတော့ ဒီကျန်းမာရေး ပြဿနာလေးက ဘာဖြစ်မှာလဲပေါ့။ ကျွန်တော်လည်း အများကြီး မစဉ်းစားတော့ဘဲ သူ့ကိုပဲ နှစ်သိမ့်ပေးတယ်၊ “မင်း မကြောက်နဲ့။ ငါတို့မှာ ဘုရားသခင် ရှိတယ်။ ငါတို့ကို ကာကွယ်ပေးလိမ့်မယ်” ပေါ့။ နောက်တော့ အမျိုးသမီးက ပိုပြီးတော့ ဝေဒနာခံစားရတာကို သတိထားမိတယ်။ ဆေးဝါးတွေ ပိုသောက်လည်း လုံးဝ အဆင်မပြေဘူး။ ဘုရားရဲ့လက်တွေ့ကျကျ လုပ်တတ်ပုံကို ကျွန်တော် တွေးမိတယ်။ သူက လူတွေကို ကာကွယ်ပေးတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကလည်း လက်တွေ့ကျတဲ့နည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ်လေ။ အဲဒီမှာ ကျွန်တော်လည်း အမျိုးသမီးကို ဆေးရုံ အမြန်ခေါ်သွားတယ်။ ဆေးစစ်ချက်တွေအရ၊ သူ့အသည်း၊ ကျောက်ကပ်နဲ့ အဆုတ်တွေအားလုံးက ပျက်စီးနေပြီတဲ့။ ဆရာဝန်က သူ့ကို အထူးကြပ်မတ်ဆောင်ကို ချက်ချင်း ပို့တယ်။ လတ်တလော အသက်အန္တရာယ် ရှိတယ်၊ သေရေးရှင်ရေး အခြေအနေဆိုတာကို သိရှိကြောင်း လက်မှတ်ထိုးရမယ်တဲ့။ အဲဒီ အခြေအနေ အသိပေးစာကို မြင်ရတော့ ကျွန်တော် တုန်လှုပ်သွားတာပေါ့။ မူးလဲလု မတတ်ပါပဲ။ အဲဒီအဖြစ်မှန်ကို လက်မခံနိုင်တာလေ။ ကျွန်တော် မယုံရဲခဲ့ဘူး။ အဲဒီလို အဖြစ်မျိုး ဖြစ်ရသလားပေါ့။ ကျွန်တော်တို့က ဘုရားရဲ့ကာကွယ်မှု ရှိတဲ့ ယုံကြည်သူတွေ။ ဒါကြောင့် ကျွန်တော်တို့မှာ အဲဒီလိုတော့ မဖြစ်သင့်ဘူးပေါ့။ ကျွန်တော်လည်း ဆရာဝန်ကို အနူးအညွတ် တောင်းပန်တယ်။ ကျွန်တော့်အမျိုးသမီးရဲ့ရောဂါကို ကုဖို့ နည်းလမ်းတစ်ခု စဉ်းစားပေးဖို့ အဆင်ပြေနိုင်တဲ့ ဘယ်ဆေးမဆို သုံးပေးဖို့ ပြောကြည့်တယ်။ ဆရာဝန်က သူလည်း ဘာအာမခံချက်မှ မပေးနိုင်ဘူးတဲ့။ သူ့ဆီက အဲဒီလို ကြားရတော့ ကျွန်တော် ပိုပြီး ဝမ်းနည်းသွားတာပေါ့။ ငါတော့ ဆရာဝန်ကို အားကိုးလို့မရဘူး၊ ဒီတော့ ဘုရားကိုပဲ အားကိုးမယ်လို့ တွေးမိတယ်။ လူနာဆောင်ကို ပြန်ရောက်တော့ ဘုရားသခင်ကို ဆုတောင်းချက်နဲ့ တောင်းလျှောက်ကြည့်တယ်၊ “ဘုရားသခင်၊ ကျွန်တော့်အမျိုးသမီးက အသည်းအသန် ဖြစ်နေပါတယ်။ ဆရာဝန်လည်း ဘာလုပ်ရမှန်း မသိပါဘူး။ ကျွန်တော် သူ့ကို ကိုယ်တော့်ဆီ လွှဲအပ်ပါတယ်။ ကိုယ်တော်ဟာ သေသူကိုတောင် ပြန်ရှင်စေနိုင်တဲ့ အနန္တတန်ခိုးရှိတဲ့ သမားတော်ပါ။ ကိုယ်တော်နဲ့အတူ မဖြစ်နိုင်တာ ဘယ်အရာမှ မရှိပါဘူး။ သူ့ကို မကုသနိုင်ဘူးဆိုရင်တောင် ကိုယ်တော့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး” ပေါ့။ ဘုရားက အခုချိန်မှာ တန်ခိုးဣဒ္ဓိပါဒ်တွေ မပြမှန်း ကျွန်တော် သိတယ်၊ ဒါပေမဲ့ တချို့ညီအစ်ကို မောင်နှမတွေရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေအကြောင်း စဉ်းစားမိတယ်လေ။ သူတို့လည်း အသည်းအသန် နာမကျန်း စဖြစ်တယ်၊ နောက်တော့ ဘုရားကို အားကိုးပြီး မယုံနိုင်အောင် သက်သာသွားကြတာ။ ကျွန်တော့်အမျိုးသမီးအတွက်လည်း အံ့ဖွယ်အမှုတစ်ခု ဖြစ်လာမယ်၊ သူ့အခြေအနေ တိုးတက်လာနိုင်တယ်လို့ ကျွန်တော်က မျှော်လင့်မိတုန်းပဲ။ ဒါပေမဲ့ တတိယနေ့ မနက်ကျတော့ ကျွန်တော် အံ့အားသင့်ရရော၊ အမျိုးသမီးက စကားတောင် မပြောနိုင်တော့ဘူး။ မျက်လုံးလည်း မဖွင့်နိုင်ဘူး။ သူ့အခြေအနေက မတိုးတက်လာတဲ့အပြင် ဆိုးသထက် ဆိုးလာတယ်ဆိုတာ ကျွန်တော် မြင်နေရတာကိုး။ ကျွန်တော်လည်း လုံးလုံး ဝမ်းနည်းပက်လက်ဖြစ်ပြီး စိတ်နှလုံးထဲမှာ ဘုရားကို ထပ်ခါထပ်ခါ တောင်းလျှောက်တယ်၊ “အို...ဘုရားသခင်။ ကျွန်တော့်အမျိုးသမီးက သိသိသာသာကြီးကို မနာမကျန်း ဖြစ်နေတာပါ။ သူဟာ ကိုယ်တော့်နောက်ကို ၁၀ နှစ်ကျော် လိုက်လျှောက်ခဲ့တဲ့ ယုံကြည်သူစစ်စစ်ပါ။ သူ့ယုံကြည်ခြင်းအတွက် ဆင်းရဲဒုက္ခခံရပြီးပြီ၊ ဖိနှိပ်မှုလည်း ခံရပြီးပါပြီ။ ဒါကြောင့် အံ့ဖွယ်အမှုတစ်ခု ပြတော်မူပါ၊ သူ့ကို သက်သာအောင် လုပ်ပေးပါ။ ကိုယ်တော် သူ့ကို ကုသပေးနိုင်ပါတယ်၊ အဲဒီအခါ ကျွန်တော်တို့ရဲ့ ဧဝံဂေလိ ဟောပြောခြင်းနဲ့ သက်သေခံချက်ကလည်း ပိုပြီး ယုံကြည်ချက်ခိုင်မာသွားမှာပါ” ပေါ့။ ဒါပေမဲ့ လေးရက်မြောက်နေ့မှာ သူ အသက်ရှူရပ်သွားတော့ ကျွန်တော်လည်း အံ့ဩတုန်လှုပ်သွားရော။ လုံးလုံး မျှော်လင့်ချက်မဲ့သွားတယ်။ ကျွန်တော် ခံစားရတဲ့ ဝေဒနာကို ဘယ်လိုမှ မဖော်ပြတတ်ခဲ့ဘူး။ မျက်ရည်တွေ ကျတယ်။ ဘုရားသခင်ကိုလည်း အပြစ်မတင်ဘဲ မနေနိုင်တော့ဘူး၊ “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အမျိုးသမီးဟာ ယုံကြည်သူတစ်ယောက်ပါ၊ ဘုရားသခင်။ သူဟာ ကိုယ်တော့်နောက် လိုက်ဖို့ ဆင်းရဲဒုက္ခခံ၊ ပင်ပန်းခဲ့ရတယ်။ ဘယ်လောက် နေမကောင်းဖြစ်ဖြစ် ကိုယ်တော့်ကို လုံးဝ အပြစ်မတင်ခဲ့ပါဘူး။ ကိုယ်တော် ဘာကြောင့် သူ့ကို မကာကွယ်ခဲ့တာလဲ။ အခု သူ မရှိတော့ဘူးဆိုတော့ ကျွန်တော့်မှာ အားကိုးစရာ မရှိ၊ တစ်ယောက်တည်း ကျန်ခဲ့ပါပြီ။ ကျွန်တော် ဘယ်လို ဆက်ပြီး နေထိုင်ရမလဲ။ ကျွန်တော်တို့ဟာ ယုံကြည်သူတွေ ဖြစ်ဖြစ် မဖြစ်ဖြစ်၊ အားလုံး အတူတူပဲ သေရတာ မဟုတ်လား။ ကျွန်တော်လည်း အသက်အရွယ်အရ အဲဒီကို နီးလာပါပြီ။ ကိုယ့်အလှည့်လည်း အနှေးနဲ့အမြန် ရောက်လာမှာပါ။ ယုံကြည်သူတစ်ယောက်အနေနဲ့ ဘာမျှော်လင့်ချက်များ ရှိလို့လဲ” ပေါ့။ အဲဒီနောက်မှာ ကျွန်တော်လည်း အားကိုးရာမဲ့တယ်လို့ပဲ သဘောထားလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကိုတောင် မဖတ်ချင်တော့ဘူး။ ဆုတောင်းချက်တွေဆိုလည်း စကားလုံးနည်းနည်းပဲ။ အများကြီး ပြောစရာ မရှိတော့ဘူး။ ကျွန်တော်တို့လင်မယား ဘုရားရဲ့နှုတ်ကပတ်တော်တွေကို စားသောက်ရင်း၊ အတူတူ မိတ်သဟာယပြုရင်း၊ အချင်းချင်း အားပေးရင်းနဲ့ တစ်ယောက်ကို တစ်ယောက် အားကိုးခဲ့ပုံတွေ၊ ခက်ခဲတဲ့ ကာလတွေတစ်လျှောက်က ကျွန်တော်တို့ရဲ့ ထိခိုက်စရာ မြင်ကွင်းတွေကို စဉ်းစားမိတိုင်း ကျွန်တော် မျက်ရည်မဆည်နိုင်ခဲ့ဘူး။ ကျွန်တော့်ကို များသောအားဖြင့် ဂရုစိုက်ခဲ့တာက ကျွန်တော့်ရဲ့လက်တွဲဖော်ပါ၊ အခု သူ မရှိတော့ဘူးဆိုတော့ ကျွန်တော့်ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိဘူး။ ကျွန်တော့်မှာ အခက်အခဲတွေမျိုးစုံ ကြုံနေရပြီ။ တကယ်ကို အထီးကျန်ခဲ့တာပါ။ နာကျင်ရလွန်းတဲ့ ဘဝမျိုးနဲ့၊ ဘာများ အဓိပ္ပာယ် ရှိမှာလဲ။ ကျွန်တော် သေချင်ခဲ့မိတယ်၊ မြန်မြန် အဆုံးသတ်ပစ်လိုက်ချင်တာ။ အဲဒီကာလတုန်းက ကျွန်တော့်ဘဝက နာကျင်စရာတွေ၊ ဒုက္ခတွေ အပြည့်ပဲ။ ကျွန်တော် မစားနိုင်၊ မအိပ်နိုင်ခဲ့ဘူး။ ရင်ထဲမှာ ခဲတစ်လုံး စိုက်ဝင်နေသလို ခံစားရတယ်။ ကျန်းမာရေးလည်း တဖြည်းဖြည်း ကျလာတယ်။ သွေးပေါင်တွေ တက်ပြီး နှလုံးခုန်နှုန်းက တအား ကျသွားတာ။ ကျွန်တော် ဆေးရုံတက်လိုက်ရရော။ အဲဒီအတိုင်း ဆက်သွားရင် တကယ် အန္တရာယ်ရှိလာမယ်ဆိုတာ အဲဒီတော့မှ သဘောပေါက်တယ်။ ဒါနဲ့ ဆုတောင်းချက်တစ်ခု ဆိုမိတယ်ဗျ၊ “အို...ဘုရားသခင်၊ ကျွန်တော့်အမျိုးသမီး မရှိတော့လို့ ကျွန်တော် ရုန်းကန်နေရပါတယ်၊ အထီးကျန်ပါတယ်။ ကျွန်တော့်မှာ ရှေ့ဆက်ဖို့ ခွန်အား မရှိပါဘူး။ သေဖို့ကိုပဲ မျှော်လင့်နေပါတယ်။ အဲဒီအတွေးမျိုးတွေဟာ ကိုယ်တော့်အလိုနဲ့ မညီမှန်း သိ ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မစွန့်လွှတ်နိုင်သေးပါဘူး။ ဒီစမ်းသပ်မှုမှာ ကျွန်တော် မြဲမြဲ ရပ်တည်နိုင်အောင်၊ မပြိုလဲအောင်လို့ ယုံကြည်ခြင်း ပေးတော်မူပါ” ပေါ့။

တစ်ညတော့ ကျွန်တော် အိပ်ခါနီးမှာ ဘုရားရဲ့ တချို့နှုတ်ကပတ်တော်တွေက ခေါင်းထဲကို ရုတ်တရက် ဝင်လာတယ်။ “ဘုရားကို သင်၏ချစ်ခင်ခြင်း အနှစ်သာရမှာ မည်သို့နည်း။ သင်သည် ငါ့အား ချစ်ခင်လျှင် ငါ့အား သစ္စာဖောက်လိမ့်မည်မဟုတ်။” ဒါက ဘုရားရဲ့ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုပဲဆိုတာ ကျွန်တော် နားလည်လိုက်တယ်။ ဒါနဲ့ ဘုရားရဲ့နှုတ်ကပတ်တော်တွေထဲမှာ ခပ်မြန်မြန် ရှာကြည့်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါဆိုခဲ့သည့်အတိုင်း၊ ငါ့နောက်လိုက်သောသူများသည် များပြားသော်လည်း ငါ့ကို အမှန်တကယ် ချစ်သောသူများသည် နည်းပါး၏။ အချို့က ‘ကိုယ်တော့်ကို ကျွန်ုပ် မချစ်ခဲ့ပါက၊ ထိုမျှကြီးမားသော အဖိုးအခကို ကျွန်ုပ်ပေးဆပ်ခဲ့ပါမည်‌လော။ ကိုယ်တော့်ကို ကျွန်ုပ်မချစ်ခဲ့ပါက၊ ဤအချိန်အထိ နောက်သို့ကျွန်ုပ်လိုက်ခဲ့ပါမည်လော’ ဟု ပြောကောင်းပြောကြပေမည်။ သင်တို့သည် အကြောင်းပြချက်များစွာ ဧကန်မုချ ရှိကြပြီး၊ သင်၏ချစ်ခြင်းမေတ္တာသည် ဧကန်မုချ အလွန်ကြီးမား၏၊ သို့သော် ငါ့အတွက် သင်တို့ ချစ်ခြင်းမေတ္တာ၏အနှစ်သာရသည် မည်သည့်အရာ ဖြစ်သနည်း။ ‘ချစ်ခြင်းမေတ္တာ’ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ သင်ချစ်ပါက၊ လှည့်ဖြားမည် မဟုတ်၊ မကျေမနပ်ဖြစ်မည် မဟုတ်၊ သစ္စာဖောက်မည် မဟုတ်၊ ပုန်ကန်မည် မဟုတ်၊ အတင်းတောင်းဆိုမည် မဟုတ်၊ သို့မဟုတ် တစ်စုံတစ်ခုကို ရရှိဖို့၊ ပမာဏတစ်ခုခုကို ရရှိဖို့ ကြိုးစားမည် မဟုတ်ပေ။ သင်ချစ်လျှင်၊ သင်သည် သင့်ကိုယ်သင် ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံလိမ့်မည်၊ အခက်အခဲကို ဝမ်းမြောက်ဝမ်းသာ ခံစားလိမ့်မည်။ သင်သည် ငါနှင့်သဟဇာတဖြစ်လိမ့်မည်၊ ငါ့အတွက် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်လိမ့်မည်၊ သင်၏ မိသားစု၊ သင်၏ အနာဂတ်၊ သင်၏ ငယ်ရွယ်နုပျိုမှုနှင့် သင်၏ အိမ်ထောင်ရေးကို စွန့်လွှတ်လိမ့်မည်။ ထိုသို့မဟုတ်ပါက၊ သင်၏ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာ လုံးဝ ဖြစ်မည်မဟုတ်ဘဲ၊ လှည့်ဖြားခြင်းနှင့် သစ္စာဖောက်ခြင်းတို့သာ ဖြစ်ပေမည်။ သင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့သော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သနည်း။ ယင်းသည် စစ်မှန်သောချစ်ခြင်းမေတ္တာလော။ သို့တည်းမဟုတ် အယောင်ဆောင်လော။ မည်မျှ သင်စွန့်လွှတ်ပြီးပြီနည်း။ မည်မျှ သင် ပူဇော်ပြီးပြီနည်း။ ငါသည် သင့်ထံမှ ချစ်ခြင်းမေတ္တာမည်မျှ ရရှိပြီးပြီနည်း။ သင်သိသလော။ သင်တို့၏စိတ်နှလုံးများသည် မကောင်းမှု၊ သစ္စာဖောက်ခြင်းနှင့် လှည့်ဖြားခြင်းတို့ဖြင့် ပြည့်နေလေသည်- ပြီးလျှင် ထိုသို့ဖြစ်နေသဖြင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာ မည်မျှသည် မဖြူစင်သနည်း။ သင်တို့သည် ငါ့အတွက် အလုံအလောက် စွန့်လွှတ်ပြီးဖြစ်သည်ဟု ထင်မှတ်ကြ၏။ ငါ့အတွက် သင်တို့၏ချစ်ခြင်းမေတ္တာသည် လုံလောက်နှင့်ပြီးဖြစ်သည်ဟု သင်တို့ထင်မှတ်ကြ၏။ သို့ရာတွင် ထိုသို့ဆိုပါက သင်တို့၏စကားများနှင့် လုပ်ရပ်များသည် အဘယ်ကြောင့် အမြဲ ပုန်ကန်တတ်ပြီး လှည့်ဖြားတတ်သနည်း။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း ငါ၏ နှုတ်ကပတ်တော်များကို အသိအမှတ်မပြုကြပေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ့ကို ဘေးဖယ်ထားကြ၏။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ့ကို အယုံအကြည်ကင်းမဲ့ကြသည်။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ၏ တည်ရှိခြင်းကို လက်မခံနိုင်ကြချေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ အဘယ်သူဖြစ်သည်ဆိုသည်နှင့် သင့်လျော်စွာ ငါ့ကို မဆက်ဆံကြသကဲ့သို့၊ အလှည့်တိုင်းတွင် သင်တို့သည် ငါ့အတွက် အမှုအရာများ ခက်ခဲစေကြသည်။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ကိစ္စရပ်တိုင်းတွင် ငါ့ကို လှည့်စားဖို့နှင့် လှည့်ဖြားဖို့ သင်တို့ ကြိုးစားကြ၏။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့ကို အစေခံကြသော်လည်း၊ ငါ့ကို မကြောက်ကြ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် အချက်အားလုံးနှင့် အရာအားလုံးတွင် ငါ့ကို ဆန့်ကျင်ကြသည်။ ဤအရာအားလုံးကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် များစွာဆက်ကပ်မြှုပ်နှံကြပြီးဖြစ်သည်၊ ဤသည်မှာ မှန်၏။ သို့သော် သင်တို့ကို ငါတောင်းဆိုသောအရာကို သင်တို့ လုံးဝ လက်တွေ့မလုပ်ဆောင်ခဲ့ကြပေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူ၍ရနိုင်သလော။ စေ့စပ်သေချာသော တွက်ဆမှုက သင်တို့အတွင်းတွင် ငါ့ကို ချစ်ခြင်းအရိပ်အယောင် စိုးစဉ်းမျှ မရှိသည်ကို ပြသ၏။ နှစ်ပေါင်းများစွာ အမှုပြုပြီးနောက်နှင့် အားလုံးသော နှုတ်ကပတ်တော်များစွာ ငါ ထောက်ပံ့ပြီးသည့် နောက်တွင်၊ သင်တို့ မည်မျှ အမှန်တကယ် ရရှိပြီးပြီနည်း။ ဤအရာသည် သေချာပြန်စဉ်းစားထိုက်သည် မဟုတ်လော။ ငါသည် သင်တို့ကို ဆိုဆုံးမ၏- ငါ့ထံသို့ ငါခေါ်သောသူများသည် ဖောက်ပြန်ပျက်စီးစေခြင်းမခံရဖူးသော သူများမဟုတ်။ ယင်းထက်၊ ငါရွေးချယ်သောသူတို့သည် ငါ့ကို အမှန်တကယ် ချစ်သောသူများ ဖြစ်သည်။ ထို့ကြောင့်၊ သင်တို့သည် သင်တို့၏ စကားများနှင့် လုပ်ဆောင်ချက်များတွင် သတိဝီရိယရှိရမည်ဖြစ်ပြီး၊ စည်းမကျော်ဖို့ရန်အလို့ငှာ သင်တို့၏ ရည်ရွယ်ချက်များနှင့် အတွေးများကို ဆန်းစစ်ရမည် ဖြစ်သည်။ နောက်ဆုံးသောကာလ၏ အချိန်အခါတွင်၊ ငါ၏ အမျက်ဒေါသသည် သင်တို့ထံမှ လုံးဝ မထွက်ခွာမည်ကို စိုးရသဖြင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာကို ငါ၏ ရှေ့မှောက်တွင် ပူဇော်ဖို့ အစွမ်းကုန် ကြိုးစားကြလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏) ဘုရားသခင်က ကျွန်တော့်စိတ်နှလုံးကို မေးခွန်းတစ်ခုစီနဲ့ ဝေဖန်နေတာဆိုတော့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ရှက်မိပြီး အဖြေမပေးနိုင်ခဲ့ဘူး။ ဖတ်နေရင်းနဲ့ ကိုယ့်နောင်တမျက်ရည်တွေကို မထိန်းနိုင်ဘူးဗျ။ ဘုရားက ကျွန်တော့်အပေါ် အဲဒီလို တောင်းဆိုချက်တွေ ရှိထားတယ်၊ ဒါပေမဲ့ ကျွန်တော်က တစ်ခုမှ မထမ်းဆောင်ခဲ့ဘူးလေ။ ဘုရားကို ကျွန်တော့်ရဲ့ချစ်ခြင်းက စစ်မှန်တဲ့ချစ်ခင်ခြင်း မဟုတ်ခဲ့ဘူး၊ အတုအယောင် ချစ်ခင်ခြင်းပဲ၊ မသန့်စင်ဘူး၊ အရောင်းအဝယ်ဆန်တယ်။ ဒါပေမဲ့ ကိုယ်က ဘုရားကို ချစ်တယ်လို့ ထင်နေတုန်းပဲ။ ကျွန်တော်က တကယ်ကို ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု တစ်စက်မှ မရှိခဲ့တာပါ။ များသောအားဖြင့် ကျွန်တော်က အခက်အခဲတွေ၊ နာဖျားတာတွေ ကြုံရလို့ ဘုရားရဲ့စောင့်ရှောက် ကာကွယ်မှုကို ရတဲ့အခါမျိုး၊ ဒါမှမဟုတ် ကိုယ်က ကယ်တင်ခံရပြီး နိုင်ငံတော်ကို ဝင်ရောက်ဖို့ မျှော်လင့်ချက် ရှိသလိုလို ထင်မိတဲ့အခါမျိုးမှာ၊ ကျွန်တော်က ဘုရားကို ကျေးဇူးတွေတင်လိမ့်မယ်။ အတိုင်းမသိတဲ့ အင်အားတွေ ရနေမယ်။ အဆင်းနီတဲ့နဂါးကြီးက ဖမ်းဆီးတာမျိုး၊ ကိုယ့်သားသမီးတွေက ချုပ်ချယ် ပစ်ပယ်တာမျိုး၊ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေက လှောင်ပြောင်တာ၊ လုပ်ကြံပြောတာမျိုး၊ ယုံကြည်ခြင်းက ခက်ခဲနာကျင်လာပြီဆိုလည်း ကျွန်တော်က အဲဒီ အခက်အခဲတွေအားလုံးကို ဖြေရှင်းနိုင်ခဲ့တယ်။ ဘုရားကို သစ္စာဖောက်ရမှာထက် အိမ်ကနေပဲ ထွက်ပြေးလိုက်မယ်၊ တောင်းရမ်းစားပြီး လမ်းပေါ်မှာပဲ နေလိုက်မယ်ပေါ့။ ဒါက ကျွန်တော့်ဆီမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ချစ်ခြင်းနဲ့ နာခံခြင်း ရှိတဲ့သဘောပဲ၊ နောက်ဆုံးမှာ ဘုရားရဲ့ကယ်တင်ခြင်းကို ခံရပြီး ရှင်ကျန်လိမ့်မယ်လို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ ကိစ္စတစ်ခု အမှန်တကယ် ဖြစ်လာပြီး ကျွန်တော့်လက်တွဲဖော် သေသွားရတော့ ကျွန်တော် အရှိုက်ထိသွားတယ်၊ တစ်ယောက်တည်း ဝမ်းနည်းပက်လက်နဲ့ အထီးကျန်ဖြစ်ရ၊ အားကိုးစရာလည်း ဘယ်သူမှမရှိ၊ အမျိုးသမီးနဲ့အတူ နိုင်ငံတော်ကို ဝင်ရောက်မယ်ဆိုတဲ့ အိပ်မက်လည်း တစ်စစီဖြစ်ကုန်တော့မှ ကျွန်တော့်သရုပ်မှန်က လုံးလုံးလျားလျား ပေါ်လာတာပါ။ ကျွန်တော့်အမျိုးသမီးကို မကာကွယ်ပေးတဲ့အတွက် ကျွန်တော်က ဘုရားသခင်ကို အပြစ်တင်တဲ့အပြင် မေးခွန်းပါ ထုတ်ခဲ့မိတယ်။ ဘုရားနဲ့ ရင်ဆိုင်တွေ့လို့ရအောင် ကျွန်တော်ပါ သေချင်ခဲ့မိတယ်။ ကျွန်တော့်မှာ နာခံခြင်း မရှိခဲ့တာပါ။ ကျွန်တော့်မှာ ဘုရားကို ချစ်ခင်ခြင်း နည်းနည်းမှ မရှိခဲ့တာပါ။ ဘုရားသခင်က လူသားတွေကို ကယ်တင်ခြင်းအတွက် နှစ်ကြိမ်တိတိ လူ့ဇာတိခံယူထားတယ်။ ဆင်းရဲဒုက္ခမျိုးစုံကို ကြုံတွေ့ရင်း၊ ကျွန်တော်တို့ကို နှစ်ပေါင်းများစွာ ရေလောင်း၊ လမ်းပြဖို့အတွက် သမ္မာတရားကို ဖော်ပြပေးရင်း၊ ကျွန်တော်တို့တွေ သမ္မာတရားကို နားလည်နိုင်အောင် ကြီးမားတဲ့ အဖိုးအခတစ်ခု ပေးရင်းနဲ့ပေါ့။ ကျွန်တော်က ဘယ်လောက်ထိ ပုန်ကန်ပြီး ခုခံခဲ့ ခုခံခဲ့၊ ဘုရားက ကျွန်တော့်ကို နောင်တရခွင့် ပေးရင်း၊ အကြိမ်ကြိမ် စိတ်ရှည်သည်းခံခဲ့တယ်။ သနားကရုဏာထားခဲ့တယ်။ အခက်အခဲ အန္တရာယ်တွေကြားမှာ ကျွန်တော်တို့ ဘေးမဖြစ်အောင် ဘုရားက အကြိမ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တယ်။ ကျွန်တော် အပျက်သဘောဆောင်ပြီး ပျော့ညံ့နေတဲ့အခါ ဘုရားနှုတ်ကပတ်တော်တွေက ထောက်ပံ့ အားဖြည့်ပြီး ခွန်အားပေးခဲ့တယ်၊ ကျွန်တော့်ဝိညာဉ်ကို သန်မာစေခဲ့တယ်။ ဘုရားက ကျွန်တော့်ကို လက်ရှိအချိန်ထိ တစ်ဆင့်ချင်း လမ်းပြခဲ့တာပါ။ ဘုရားရဲ့မေတ္တာဟာ သိပ်ပြီး လက်တွေ့ကျပါတယ်၊ စစ်မှန်လွန်းပါတယ်။ အရောအနှောတွေ၊ သတ်မှတ်ချက်တွေဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဘုရားအပေါ် ကျွန်တော့်ချစ်ခြင်းက တော်တော် မစင်ကြယ်ခဲ့ဘူး၊ အရောင်းအဝယ်ဆန်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကိုယ့်စိတ်နှလုံးထဲမှာ ဘယ်လို အဆုံးစွန် အုပ်စိုးသင့်တယ်ဆိုတာကို ကျွန်တော် အမြဲ ကြွေးကြော်နေတတ်တယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီး ဆုံးပြီးပြီးချင်းမှာ သူ့အကြောင်းတွေပဲ တွေးနိုင်တော့တယ်။ ကိုယ့်လက်တွဲဖော်အတွက် အချစ်က ဘုရားကို ချစ်ခြင်းထက် သာသွားတာ။ ဘုရားက ကျွန်တော့်စိတ်နှလုံးထဲမှာ နေရာမရှိခဲ့ဘူး။ ကျွန်တော့်ချစ်ခြင်းဆိုတာကြီးက ပေါ်ပင်စကားတစ်ခုပဲ၊ ဩဝါဒတစ်ခုသက်သက်ပဲဆိုတာ မြင်သွားတယ်။ ကျွန်တော်က ဘုရားကို အရူးလုပ်ပြီး လှည့်စားနေခဲ့တာပဲ။ စမ်းသပ်မှုတစ်ခုကို ကြံ့ကြံ့မခံနိုင်ခဲ့ဘူး။ လုံးဝ အယောင်ဆောင်ပဲ။ ဒါကို နားလည်တော့မှ ကျွန်တော် ပုန်ကန်လွန်းတာ၊ အသိတရား မရှိခဲ့တာကို နောင်တရမိတယ်။ ကျွန်တော်လည်း ဆုတောင်းဖို့၊ နောင်တရဖို့ ဘုရားရှေ့မှောက် ရောက်သွားတယ်။ “ဘုရားသခင်၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် ကိုယ်တော့်ကို အကြွေးရှိပြီလို့ ခံစားမိပါတယ်။ ကိုယ်တော့်နောက် လိုက်လျှောက်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး၊ ကိုယ်တော်ဟာ ကြီးမားတဲ့ အဖိုးအခ ပေးရင်း ကျွန်တော့်ကို ရေလောင်း၊ လမ်းပြထောက်ပံ့ခဲ့တယ်။ အားဖြည့်ပေးခဲ့ပါတယ်။ ကျွန်တော့်အပေါ် ကိုယ်တော့်ချစ်ခြင်းက သိပ်ပြီး စစ်မှန်ပါတယ်၊ ဒါပေမဲ့ ကိုယ်တော့်အပေါ် ကျွန်တော့်ချစ်ခြင်းကတော့ ကြွေးကြော်သံသက်သက်၊ စကားလုံးသက်သက်ပါပဲ။ အတုအယောင်ချည်း ဖြစ်ခဲ့ပါတယ်။ လိမ်လည်ခဲ့တာပါပဲ။ ကျွန်တော်ဟာ ကိုယ်တော့်ရှေ့ လာဖို့ မထိုက်တန်ပါဘူး။ ကျွန်တော် ကိုယ်တော့်ကို မနာကျင်စေချင်တော့ပါဘူး။ အနာဂတ်မှာ ဘယ်လို အခက်အခဲတွေ၊ အခြေအနေတွေပဲ ကြုံရကြုံရ၊ ဘယ်လိုပဲ ခက်ခဲကြမ်းတမ်းပါစေ၊ ကျွန်တော် ကိုယ်တော့်ကို အပြစ်မတင်တော့ပါဘူး။ ကိုယ်တော့်စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို နာခံဖို့ အသင့်ပါပဲ” ပေါ့။ နောက်နေ့တွေရောက်တော့ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်လုပ်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တယ်။ ဗီဒီယိုတွေ ကြည့်တယ်၊ ဓမ္မတေးတွေ နားထောင်တယ်။ နောက်တော့ ကျွန်တော် အရင်ကလောက် စိတ်မဆင်းရဲတော့ဘူး။

တစ်ရက်ကျတော့ ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို အမှတ်မထင်တွေ့တယ်ဗျ။ အဲဒီတော့မှ ကျွန်တော် နားလည်သွားတာ။ ကျွန်တော့်ဇနီး သေဆုံးတာကို မဖြေနိုင်ဘဲ၊ ဘုရားကို အပြစ်တင်တာ အထင်လွဲတာတွေ တေးထားမိတဲ့ အကြောင်းရင်းက အားထုတ်မှုအပေါ် ထားတဲ့ ကျွန်တော့်အမြင်တွေ မှားခဲ့လို့ပဲ။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတော့မှ နားလည်သွားတယ်။ ကျွန်တော့်ယုံကြည်ခြင်းက သမ္မာတရားကို အားထုတ်မှုအတွက် မဟုတ်ဘူး၊ ကောင်းချီးပေးခံရဖို့၊ အကျိုးရဖို့နဲ့ ငြိမ်သက်ခြင်း ရဖို့အတွက်ပဲ ဖြစ်ခဲ့တယ်။ ကျွန်တော်က ဘုရားကို အပေးအယူလုပ်နေခဲ့တာပဲ။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော် ဘုရားရဲ့အမှုတော်သစ်ကို ပထမဆုံး လက်ခံခဲ့ချိန်ကစပြီး ကျွန်တော်တို့မှာ ယုံကြည်ခြင်းရှိပြီ၊ ဘုရားနောက် လိုက်ပြီ၊ ကိုယ်တော့်အတွက် ဆင်းရဲဒုက္ခခံပြီး အဖိုးအခ ပေးနိုင်ပြီလို့ ထင်ခဲ့တာ။ ဒီတော့ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ငြိမ်သက်ပြီး ကျန်းမာအောင် သေချာပေါက်လုပ်ပေးလိမ့်မယ်၊ သူ့အမှုတော် ပြီးဆုံးချိန်မှာလည်း ကျွန်တော်တို့က နိုင်ငံတော်ကို အတူတူ ဝင်ရောက်ပြီး ကောင်းချီးတွေကို ခံစားနိုင်မယ်ပေါ့။ ပန်းတိုင်ကောင်းတစ်ခု ရအောင်လို့၊ ယုံကြည်သူတွေ ဖြစ်လာကြပြီဆိုတာနဲ့ တာဝန်တစ်ခုမှာ တက်တက်ကြွကြွ ရှိခဲ့ကြတယ်။ ဆိုးဆိုးဝါးဝါး ကျန်းမာရေး ပြဿနာတွေကနေ ကျွန်တော့်အမျိုးသမီး မထင်မှတ်ဘဲ သက်သာလာတာကို မြင်ခဲ့ရတယ်။ ဘုရားကြောင့် ကျွန်တော်တို့ ကျေးဇူးတော်နဲ့ ကောင်းချီး ရခဲ့တယ်။ ကျွန်တော်ဆို ပိုပြီးတော့ စိတ်အားတက်လာတယ်။ အဆင်းနီတဲ့နဂါးကြီးရဲ့ ဖမ်းဆီးတာ၊ ကိုယ့်မိသားစုရဲ့ချုပ်ချယ်တာကို ခံရတဲ့အပြင် သားသမီးတွေကလည်း အိမ်ကနေ မောင်းထုတ်ကြပေမဲ့ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ၊ ကျွန်တော်တို့ လုံးဝ နောက်ပြန်မလှည့်ခဲ့ဘူး။ ဘုရားနောက်ကို အဆုံးသတ်အထိ လိုက်မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ကြတာ။ ဒါက ကျွန်တော်တို့ရဲ့ သက်သေခံချက်မှာ အခိုင်အမာ ရပ်တည်တာ၊ ဘုရားအတွက် ဆက်ကပ်အပ်နှံခြင်း ရှိတာလို့ ထင်ခဲ့မိတယ်။ ပြီးတော့ အဆုံးသတ်ချိန်မှာ ကျွန်တော်တို့ ကယ်တင်ခံရပြီး ရှင်ကျန်ရစ်မယ်လို့ ထင်ခဲ့တာပေါ့။ ကျွန်တော့်အမျိုးသမီး နာမကျန်းဖြစ်လာတော့ ကျွန်တော့်အယူအဆတွေနဲ့ မကိုက်ညီပြန်ဘူး၊ ကျွန်တော်က ဘုရားကို အံ့ဖွယ်အမှု ပြပြီး ကျွန်တော့်ဇနီးကို ကုသပေးဖို့ တောင်းဆိုမိတယ်။ ဘုရားနဲ့ အပေးအယူလုပ်ဖို့၊ သတ်မှတ်ချက်တွေ တင်ပြဖို့ဆိုပြီး ကိုယ် အရင်က ဆင်းရဲဒုက္ခခံတာတွေ၊ ဖိနှိပ်ခံရတာတွေကို အရင်းနှီးအနေနဲ့ အသုံးချမိတယ်။ ကျွန်တော့်ဇနီး ဆုံးသွားတော့၊ နိုင်ငံတော်ကို အတူတူ ဝင်ရောက်ပြီး ကောင်းချီးတွေကို ခံစားကြမယ်ဆိုတဲ့ ကျွန်တော့်အိပ်မက်က တစ်စစီဖြစ်သွားတယ်။ ဘုရားက ကျွန်တော့်ဇနီးကို ဘာလို့ မကာကွယ်ခဲ့တာလဲဆိုတာ သိရဖို့ တောင်းဆိုရင်း ကျွန်တော် အပြုအမူနဲ့ လေသံကို ချက်ချင်း ပြောင်းပစ်လိုက်တာ။ ဘုရားရဲ့ဖြောင့်မတ်ခြင်းကို မေးခွန်းထုတ်ရင်းနဲ့ သူ့ကို ထိပ်တိုက်သွားတွေ့ဖို့ သေတောင် သေချင်ခဲ့မိတာ။ ယုံကြည်ခြင်းရှိတာဟာ အဓိပ္ပာယ်မဲ့တယ်လို့လည်း ခံစားခဲ့ရတယ်။ ယုံကြည်ခြင်းမှာ ကျွန်တော်က ကိုယ့်ဆန္ဒပြည့်ဖို့ပဲ တောင်းဆိုနေကြတဲ့ ဘာသာတရားထဲက လူတွေလိုပါပဲဆိုတာ မြင်သွားတယ်။ ကောင်းချီးတွေနဲ့ ငြိမ်သက်ခြင်း ရဖို့အတွက်ချည်းပဲကိုး။ ကောင်းချီးပေးခံရချိန်မှာ ကျွန်တော်က ဘုရားကို ကျေးဇူးတင်၊ ချီးမွမ်းတယ်။ သူ့ဖြောင့်မတ်ခြင်းကို ချီးကျူးတယ်။ ကောင်းချီး မရတဲ့အချိန်မှာ ဘုရားကို အပြစ်တင်တယ်၊ သူ့ကို စောဒကတက်ပြီး မကျေမနပ်ပြောတယ်။ ယုံကြည်ခြင်းမှာ ကျွန်တော်က ဘုရားကို ချစ်တယ်၊ နာခံတယ်လို့ တစ်ချိန်လုံး ကြွေးကြော်နေပေမဲ့ ကျွန်တော် လိုချင်သမျှက ဘုရားဆီက ကျေးဇူးတော်နဲ့ ကောင်းချီးတွေပါပဲ။ အဲဒါက ဘုရားကို လိမ်ညာလှည့်ဖြားနေခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော့်အသက်နဲ့ ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးကို ဘုရားသခင်က ပေးအပ်ခဲ့တာ။ ကျွန်တော့်အိမ်ထောင်ရေးဆိုလည်း ဘုရားသခင်က စီစဉ်ပေးခဲ့တာ။ ဘုရားက ကျွန်တော့်ကို အဲဒီလိုကြီးမားတဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ ကျွန်တော်က မကျေနပ်သေးဘူး။ ကိစ္စတစ်ခုက ကိုယ့်စိတ်ကြိုက် မဖြစ်တဲ့အခါ လုံးဝ ပြောင်းလဲသွားပြီး စောဒကတက်ခဲ့တယ်။ ကျွန်တော့်အသိတရားက ဘယ်ရောက်သွားတာလဲ။ ကျွန်တော်က လူတောင်ဟုတ်ရဲ့လား။ ကျွန်တော်က ခွေးလောက်တောင် အဖြစ်မရှိခဲ့ဘူး။ ခွေးတစ်ကောင်က သူ့သခင်အိမ်ကို စောင့်ရှောက်နိုင်တယ်၊ သစ္စာလည်း ရှိတယ်။ ဒါပေမဲ့ ဘုရားနောက် လိုက်သူ၊ ယုံကြည်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဘုရားရဲ့ရေလောင်းခြင်းနဲ့ လမ်းပြခြင်းကို အများကြီး လက်ခံထားပြီး ဘုရားရဲ့များလှတဲ့ ကျေးဇူးတော်ကိုလည်း ခံစားထားရဲ့သားနဲ့ ဘုရားရဲ့ချစ်ခြင်းကို ပြန်မဆပ်ချင်တဲ့အပြင် သူ့ကို လှည့်စားရင်း အပေးအယူတွေ လုပ်ဖို့တောင် ကြိုးစားနေခဲ့တာပါ။ ကျွန်တော့်မှာ လူ့သဘာဝ လုံးဝ မရှိခဲ့ဘူး။ ကျွန်တော့်မှာ ယုံကြည်ခြင်းရှိတယ်ဆိုတာ သမ္မာတရားကို ရဖို့၊ ကိုယ့်အသက်စိတ်သဘောထားမှာ ပြောင်းလဲခြင်းကို အားထုတ်ဖို့၊ ဒါမှမဟုတ် အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို နေထိုင်ဖို့ မဟုတ်ဘူး၊ ကောင်းချီးတွေ ရဖို့သက်သက်ပဲဆိုတာ ကျွန်တော် မြင်သွားတယ်။ အဲဒီလို နှစ်ပေါင်းများစွာ ယုံကြည်လာပြီးတဲ့နောက်မှာ ကျွန်တော်က သမ္မာတရား စစ်မှန်မှုကို နည်းနည်းလေးမှ မပိုင်ဆိုင်သေးဘူး။ အချိန်တိုင်းမှာ ကျွန်တော်က ဘုရားကို အကျိုးအကြောင်းပြ ပြောဆိုနေတယ်။ တရားလွန် ဆန္ဒတွေ အပြည့်နဲ့ ကိုယ့်သတ်မှတ်ချက်တွေကို တင်ပြနေမိတယ်။ ဒါပေမဲ့ နိုင်ငံတော်ကို ဝင်ရောက်ပြီး ကောင်းချီးတွေကို ခံစားဖို့ကျတော့ မျှော်လင့်နေတုန်းပဲ။ လိုချင်တတ်လိုက်တာ။ တကယ့်ကို ထင်ယောင်ထင်မှား အိပ်မက်တစ်ခုပဲ။ အဲဒီအခြေအနေသာ မပေါ်လာရင် ကျွန်တော့်ကိုယ်ကျွန်တော် သိဦးမှာမဟုတ်ဘူး။ ကိုယ့်မှာ အသိစိတ်၊ အသိတရား ဘယ်လောက် ကင်းမဲ့တယ်ဆိုတာလည်း မြင်ဦးမှာမဟုတ်ဘူး။ ဟိုအရင်ကဆို ကျွန်တော် အမြဲ ထင်ခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေကို နေ့တိုင်း ဖတ်ရှုပြီး ဆုတောင်းလာတဲ့၊ ဖိနှိပ်မှုနဲ့ ကြုံချိန်မှာ ဘယ်တော့မှ နောက်မဆုတ်တဲ့၊ နှစ်ပေါင်းများစွာ ယုံကြည်လာသူ တစ်ယောက်အနေနဲ့၊ ကျွန်တော်ဟာ ဝိညာဉ်ရင့်သန်မှု ရှိတဲ့ လူတစ်ယောက်ပဲ။ ကျွန်တော်က ဘုရားကို ဆက်ကပ်အပ်နှံတယ်ပေါ့။ ဒါကြောင့် အချိန်တန်ရင် ကျွန်တော်က သေချာပေါက် ကယ်တင်ခံရပြီး နိုင်ငံတော်ကို ဝင်ရောက်ရမယ်ပေါ့။ ဒါပေမဲ့ ကယ်တင်ခြင်းကို ရရှိချင်တယ်ဆိုရင် အဓိကက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ သမ္မာတရားစစ်မှန်မှုနဲ့အညီအသက်ရှင်နေထိုင်ဖို့ပဲဆိုတာ ကျွန်တော် သိသွားတယ်။ ကောင်းချီးတွေ ရဖို့ကိုပဲ အားထုတ်တာကို မပြောင်းလဲဘူးဆိုရင် အဆုံးသတ်အထိ ယုံကြည်နေလို့တော့ ရတယ်။ ဒါပေမဲ့ စိတ်သဘောထား ပြောင်းလဲခြင်း မရှိတဲ့အတွက် ဘုရားရဲ့ဖယ်ရှား၊ ဖျက်ဆီးခြင်းကို ခံရမှာပဲ။

နောက်ပိုင်း ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော် ဆုံတဲ့အချိန်မှာ ကျွန်တော့်အခြေအနေကို ကိုင်တွယ်ပြတဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ခုကို သူတို့က မျှဝေကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတစ်ယောက်၏ မွေးဖွားခြင်းက ထိုလူ၏ ယခင်ဘဝအားဖြင့် လျာထားပြီးဖြစ်သည်ဆိုပါက သူ့သေခြင်းက ထိုကံတရား၏အဆုံး၏ အမှတ်သညာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဤဘဝတွင် ထိုလူ၏ တာဝန်အစဆိုပါက သူ့သေခြင်းက ၎င်းတာဝန်၏အဆုံး၏ အမှတ်သညာဖြစ်၏။ ဖန်ဆင်းရှင်သည် လူတစ်ယောက်၏ မွေးဖွားခြင်းအတွက် သတ်မှတ်ထားသည့် အခြေအနေများ ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် သူ့၏သေခြင်း အတွက်လည်း သတ်မှတ်ထားသည့် အခြေအနေများကို စီစဉ်ပြီးဖြစ်သည်မှာ ပြောဖို့မလိုပေ။ တစ်နည်းပြောရလျှင်၊ မည်သူမျှ မတော်တဆ မွေးဖွားလာခြင်းမဟုတ်၊ မည်သူ၏ သေခြင်းကမျှ ရုတ်တရက် မဟုတ်သကဲ့သို့ မွေးဖွားခြင်းနှင့် သေခြင်းနှစ်ခုလုံးက ယခင်ဘဝနှင့် လက်ရှိဘဝများနှင့် သေချာပေါက် ဆက်စပ်နေ ပေသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အခြေအနေနှစ်ခုလုံးကို ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားပေသည်။ ဤသည်မှာ လူတစ်ယောက်၏ ကံတရား၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားမှုအတွက် ရှင်းပြချက်များစွာ ရှိသည့်အတွက်၊ လူတစ်ယောက်၏ သေခြင်းသည် ယင်း၏ ကိုယ်ပိုင် ထူးခြားသည့် အမျိုးမျိုးသော အခြေအနေများအောက်၌ ဖြစ်ပေါ်ပေလိမ့်မည်။ ဤသည်မှာ လူတို့၏ မတူညီသည့် သက်တမ်းများနှင့် ၎င်းတို့သေသည့် မတူညီသောပုံစံများနှင့် အချိန်များအတွက် အကြောင်းရင်း ဖြစ်သည်။ လူအချို့က ကျန်းမာသန်စွမ်းသော်လည်း စောလျင်စွာ သေဆုံးကြသည်။ အချို့က အားနည်းပြီး မကြာခဏ ဖျားနာသော်လည်း အသက်ကြီးသည့်အထိ အသက်ရှင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးကြသည်။ အချို့မှာ သဘာဝမဟုတ်သည့် အကြောင်းများကြောင့်သေဆုံးပြီး အချို့က သဘာဝအလျောက်သေဆုံးကြသည်။ အချို့က မိမိအိမ်နှင့် အဝေးတွင် မိမိတို့အသက်ကို အဆုံးသတ်သည်။ တစ်ခြားလူတို့က သူတို့နံဘေးတွင် သူတို့ချစ်ရသူများနှင့်အတူ မျက်လုံးပိတ်ကြသည်။ တစ်ချို့လူတို့က လေထဲမှာ သေဆုံးကြသည်။ တစ်ခြားသူတို့က ကမ္ဘာမြေကြီးအောက်တွင် သေဆုံးကြသည်။ အချို့က ရေအောက်တွင် နစ်မြုပ်သည်။ အချို့က ကပ်ဘေးများထဲတွင် ပျောက်ဆုံးသွားကြသည်။ အချို့က မနက်တွင်သေသည်။ အချို့က ညတွင်သေသည်။...လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြသည်။ ထူးချွန်ပြောင်မြောက်သော ဘဝနှင့် ကြီးကျယ်ခမ်းနားသည့် သေခြင်းမျိုးကို လိုချင်ကြသည်။ သို့သော်လည်း မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ပေ။ မည်သူကမျှ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပေ။ ဤကား လူသား၏ ကံကြမ္မာပေတည်း။ လူသားသည် သူ့အနာဂတ်အတွက် အစီအစဉ်အမျိုးစုံ ချမှတ်နိုင်သည်။ သို့သော်လည်း မည်သူကမျှ ၎င်းတို့ မွေးဖွားသည့် ပုံစံနှင့် အချိန်၊ လောကကြီးမှ ထွက်ခွာသွားခြင်း ပုံစံနှင့်အချိန်တို့ကို မစီစဉ်နိုင်ပေ။ လူတို့က သေခြင်းရောက်လာခြင်းကို ရှောင်ရှားပြီး ခုခံဖို့ အကောင်းဆုံးလုပ်ဆောင်ကြသော်လည်း ၎င်းတို့မသိရဘဲ သေခြင်းသည် တိတ်တဆိတ်နှင့် နီးကပ်လာဆဲဖြစ်သည်။ ၎င်းတို့ မည်သည့်အချိန်သေမည်နှင့် မည်သို့သေမည်ကို မည်သူမျှ မသိကြဘဲ၊ မည်သည့်နေရာတွင် သေမည်ဆိုသည်ကို သာ၍ပင် မသိပေ။ သိသိသာသာပင်၊ သေခြင်းနှင့်ရှင်ခြင်း၏ တန်ခိုးကို စွဲကိုင်ထားသည်မှာ လူသားမျိုးနွယ် မဟုတ်၊ သဘာဝလောကထဲက သတ္တဝါတစ်ခုမဟုတ်ဘဲ၊ သြဇာအာဏာ အတုမရှိသည့် ဖန်ဆင်းရှင် ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘာဝလောက၏ နိယာမတစ်ခု၏ ရလဒ်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာ၏ အကျိုးဆက်တစ်ရပ် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))ဤဘဝတွင် ဖန်ဆင်းရှင်အပေါ် စစ်မှန်သော နားလည်မှု၊ သိကျွမ်းမှုနှင့် ကြောက်ရွံ့ရိုသေမှုတို့ ရရှိလျက် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဟူသည့် လမ်းကြောင်းကို လျှောက်လှမ်းရန်အလို့ငှာ အမှုအရာများကို နားလည်ခြင်းမှသည် ဖန်ဆင်းရှင်နှင့် အပြန်အလှန်ဆွေးနွေးရာ၌ ပါဝင်ရန် ဤအခွင့်အရေးကို ရရှိခြင်း၊ ဤအရည်အချင်းကို ပိုင်ဆိုင်ခြင်း၊ သတ်မှတ်ချက်များ ပြည့်စုံခြင်းသို့ သွားဖို့အတွက် လူတို့တွင် အချိန်အကန့်အသတ်သာ ရှိလေသည်။ အကယ်၍ ယခုတွင် သင်သည် ဘုရားသခင်က သင့်အား အလျင်အမြန် ခေါ်ဆောင်သွားရန် အလိုရှိပါက သင်ကိုယ်တိုင်၏ အသက်တာအတွက် တာဝန်မသိတတ်ခြင်း ဖြစ်သည်။ တာဝန်သိတတ်ရန်အတွက် သင်သည် မိမိကိုယ်မိမိ သမ္မာတရားဖြင့် ပြင်ဆင်ထားရန် ပို၍ ကြိုးစားသင့်သည်။ သင်၌ အမှုအရာများ ဖြစ်ပျက်လာသောအခါ မိမိကိုယ်ကို ပို၍ ဆင်ခြင်သုံးသပ်သင့်ပြီး သင်၏ကိုယ်ပိုင် အားနည်းချက်များကို အလျင်အမြန် ဖာထေးသင့်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ခြင်း၊ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၊ ဘုရားသခင်အား ပို၍သိကျွမ်းခြင်း၊ ဘုရားသခင်၏ အလိုတော်အား သိကျွမ်းနားလည်နိုင်ခြင်းနှင့် ဘဝကို အလဟဿ မနေထိုင်ခြင်းတို့ ရှိလာသင့်သည်။ ဖန်ဆင်းရှင်သည် မည်သည့်နေရာ၌ တည်ရှိကြောင်း၊ ဖန်ဆင်းရှင်၏ အလိုတော်သည် မည်သည့်အရာ ဖြစ်ကြောင်းနှင့် ဖန်ဆင်းရှင်သည် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်မှုအား မည်ကဲ့သို့ ထုတ်ဖော်ကြောင်းကို သိနားလည်လာရမည်။ ပို၍နက်နဲသော သိမြင်နားလည်ခြင်း သို့မဟုတ် ပြည့်စုံသော သိကျွမ်းခြင်းကို မရရှိနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ဘုရားသခင်အား အခြေခံသဘော သိနားလည်ခြင်းကိုကား ပိုင်ဆိုင်ရမည်ဖြစ်ပြီး ဘုရားသခင်အား မည်သည့်အခါမျှ သစ္စာမဖောက်ဘဲ အခြေခံအားဖြင့် ဘုရားသခင်နှင့် သဟဇာတဖြစ်ရမည်။ ဘုရားသခင်အား အရေးစိုက်မှု ပြသရမည်။ ဘုရားသခင်အား အခြေခံကျသော နှစ်သိမ့်မှု ပေးရမည်။ ဖန်ဆင်းခံတစ်ဦးအတွက် သင့်လျော်ပြီး အခြေခံအားဖြင့် ဖြစ်နိုင်ခြေရှိသော အရာများကို လုပ်ဆောင်ရမည်။ ဤအရာများမှာ လွယ်ကူသော အရာများကား မဟုတ်ချေ။ လူတို့သည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းဖြစ်စဉ်တွင် သူတို့ကိုယ်သူတို့ တဖြည်းဖြည်း သိနားလည်လာနိုင်ပြီး ထိုသို့အားဖြင့် ဘုရားသခင်ကို သိနားလည်လာနိုင်သည်။ ဤဖြစ်စဉ်သည် အမှန်အားဖြင့် ဖန်ဆင်းရှင်နှင့် ဖန်ဆင်ခံများကြားရှိ အပြန်အလှန် အကျိုးပြုမှုဖြစ်ပြီး လူတစ်ဦး၏ အသက်တာတစ်လျှောက်၌ စားမြုံ့ပြန်ထိုက်သော ဖြစ်စဉ်တစ်ခု ဖြစ်သင့်သည်။ ဤဖြစ်စဉ်သည် နာကျင်ခက်ခဲသော ဖြစ်စဉ်တစ်ခုအစား လူတို့ ပျော်ရွှင်ခံစားသင့်သော အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသည့် နေ့ညများ၊ နှစ်လများကို မြတ်နိုးသင့်ပေသည်။ ၎င်းတို့သည် အသက်တာ၏ ဤအဆင့်ကို မြတ်နိုးသင့်ပြီး ဝန်ထုပ်ဝန်ပိုး သို့မဟုတ် ဝန်လေးစရာအဖြစ် သဘောမထားသင့်ပေ။ ၎င်းတို့သည် ၎င်းတို့အသက်တာ၏ ဤအဆင့်အား အရသာခံသင့်ပြီး ယင်း၏ အတွေ့အကြုံကို အခြေခံသော အသိပညာကို ရယူသင့်သည်။ ထို့နောက် ၎င်းတို့သည် သမ္မာတရားအား နားလည်ခြင်းကို ရရှိပြီး လူသား၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်မည်ဖြစ်ကာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော နှလုံးသားကို ပိုင်ဆိုင်ပြီး မကောင်းမှုပြုလုပ်ခြင်း ပို၍ပို၍ နည်းလာမည် ဖြစ်သည်။ သင်သည် သမ္မာတရား မြောက်မြားစွာကို နားလည်မည်ဖြစ်ပြီး ဘုရားသခင်အား ဝမ်းနည်းစေသည့် သို့မဟုတ် ‌အမျက်ထွက်စေသည့် အရာများကို ပြုလုပ်မည်မဟုတ်ချေ။ ဘုရားသခင်ရှေ့မှောက်သို့ တိုးဝင်သောအခါ ဘုရားသခင် သင့်ကို နောက်ထပ် မုန်းတီးခြင်းမရှိတော့ဟု သင်ခံစားရမည်။ ဝမ်းမြောက်ဖွယ် ကောင်းလိုက်လေခြင်း။ လူတစ်ဦးသည် ဤအရာကို ရရှိထားသည့်အခါ သူသေရတော့မည်ဆိုလျှင်ပင် စိတ်အေးချမ်းသာမည် မဟုတ်လော။ သို့ဆိုလျှင် ယခုသေဖို့အတွက် တောင်းဆိုနေသော လူတို့၌ အဘယ်ပြဿနာ ရှိသနည်း။ ၎င်းတို့သည် လွတ်မြောက်ရန်သာ အလိုရှိပြီး ဒုက္ခမခံလိုကြပေ။ ဘုရားသခင်ထံ သွား၍ သတင်းပို့နိုင်ရန် ဤဘဝအား အမြန်အဆုံးသတ်ရန်သာ အလိုရှိကြသည်။ သင်သည် ဘုရားသခင်ထံ သတင်းပို့လိုသော်လည်း ဘုရားသခင်က သင့်ကို အလိုမရှိသေးပေ။ ဘုရားသခင်က သင့်ကို မခေါ်မီကပင် သင်သည် သူ့ထံ အဘယ့်ကြောင့် သတင်းပို့ရမည်နည်း။ သင်၏အချိန်မတန်ခင် သူ့ကို သတင်းမပို့လေနှင့်။ ဤသည်မှာ ကောင်းသောအရာ မဟုတ်ပေ။ အကယ်၍ သင်သည် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသော အသက်တာဖြင့် အသက်ရှင်နေထိုင်ကာ ဘုရားသခင်က သင့်ကို ခေါ်ဆောင်သွားပါက ယင်းမှာ ဝမ်းမြောက်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) အဲဒီ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ခုကို ဖတ်ပြီးသွားတော့မှ ကျွန်တော့်စိတ်နှလုံးက တော်တော်ကို လင်းလက်သွားတယ်။ ဟိုအရင် ကျွန်တော် ထင်ခဲ့တာက ကျွန်တော့်ဇနီးဟာ နှစ်ပေါင်းများစွာ ယုံကြည်လာသူတစ်ယောက်ဖြစ်သလို သေခါနီးမှာတောင် ဘုရားကို အပြစ်မတင်ခဲ့ဘူးဆိုတော့ ဘုရားက သူ့ကို မြန်မြန်ဆန်ဆန် သေခွင့် မပေးခဲ့သင့်ဘူး။ သူ့ကို အသက်ရှင်ခွင့် ပေးခဲ့သင့်တယ်။ ဒါမှ နိုင်ငံတော်ကို ကျွန်တော်တို့ အတူဝင်ရောက်နိုင်မယ်၊ ကောင်းမွန်တဲ့ ပန်းတိုင်နဲ့ အဆုံးသတ်တစ်ခု ရနိုင်ကြမယ်ပေါ့ဗျာ။ ဒါကြောင့် သူ သေသွားတာကို ကျွန်တော့်မှာ မဖြေနိုင်ဘဲ စိတ်နှလုံးမှာလည်း ဘုရားကို အပြစ်တင်၊ အထင်လွဲတာတွေ အပြည့်ဖြစ်ခဲ့ရတာပါ။ ယုံကြည်ခြင်း ရှိတယ်ဆိုတာ လူတစ်ယောက်အနေနဲ့ မသေတော့ဘူးလို့ အာမခံတာ မဟုတ်ကြောင်း ဘုရားရဲ့နှုတ်ကပတ်တော်တွေက ပြပေးခဲ့တယ်။ မွေးခြင်း၊ အိုခြင်း၊ နာခြင်းနဲ့ သေခြင်းဆိုတာ ဘယ်သူမှ မရှောင်နိုင်တဲ့ အရာတွေပါပဲ။ လူတွေ ဘယ်အရွယ်အထိ နေထိုင်ရမယ်ဆိုတာကို ဘုရားကပဲ အလုံးစုံ ကြိုတင်ပြဋ္ဌာန်းပေးတာပါ။ ကျွန်တော့်အမျိုးသမီးရဲ့ မွေးခြင်းနဲ့ သေခြင်းအပေါ် သူ့ရဲ့အတိတ်နဲ့ ပစ္စုပ္ပန်အသက်တွေက သက်ရောက်မှုရှိခဲ့တဲ့အပြင် ဘုရားကလည်း သူ မမွေးခင်ကတည်းက အဲဒါတွေအားလုံးကို စီစဉ်ထားခဲ့တာပါ။ သူ မွေးဖွားတဲ့အချိန်၊ သူ့ဘဝလမ်းကြောင်း၊ သူ့အသက်အတွက် ရည်ရွယ်ထားတဲ့ အထူးတာဝန်၊ ဘယ်အရွယ်အထိ အသက်ရှင်မယ်၊ ပြီးတော့ ဘယ်အချိန်မှာ သေမယ်၊ ဒါတွေအားလုံးက ကြုံရာကျပန်း ဖြစ်ခဲ့တာတွေ မဟုတ်ဘူး။ ကျွန်တော်တို့ကံကြမ္မာတွေကို ကောင်းကင်ဘုံက အဆုံးအဖြတ်ပေးတယ်လို့ လူတွေက များသောအားဖြင့် ပြောကြတယ်။ ဒါက ကောင်းကင်ဘုံက လာတဲ့ စည်းမျဉ်းတစ်ခုပဲ။ အဲဒါကို ဘယ်သူမှ မချိုးဖျက်နိုင်ဘူး။ ကျွန်တော့်ဇနီးရဲ့ ဘဝသက်တမ်း ပြည့်တဲ့အချိန်မှာ သူလည်း အလိုလို ထွက်သွားခဲ့တာပဲ။ အဲဒါကို ဘယ်သူမှ ပြောင်းလဲနိုင်ခဲ့မှာ မဟုတ်ဘူး။ ကျွန်တော့်ဇနီးက သေပြီဆိုတော့ သူ ကယ်တင်မခံရနိုင်တော့ဘူးလို့ ကျွန်တော် တွေးလေ့ရှိတယ်။ ဒါပေမဲ့ လူတစ်ယောက် သေတာမသေတာက သူတို့ရဲ့ကယ်တင်ခြင်းနဲ့ မသက်ဆိုင်ဘူးဆိုတာ ကျွန်တော် အခု သိပါပြီ။ သူတို့ရဲ့ကယ်တင်ခြင်းအတွက် အဓိကကျတာက သူတို့ဟာ သမ္မာတရားကို အားထုတ်သလား၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုမှာ အသက်ရှင်နေထိုင်သလားဆိုတာပဲ။ ဘုရားကို နာခံပြီး သမ္မာတရားကို အားထုတ်၊ ရရှိကြတဲ့ လူတွေကသာ သေပြီးတဲ့နောက်မှာ သူတို့ရဲ့ဝိညာဉ်တွေ ကယ်တင်ခံရလိမ့်မယ်။ အာဗြဟံ၊ ယောဘနဲ့ ပေတရုကို ဥပမာကြည့်လေ။ သူတို့ရဲ့ခန္ဓာကိုယ်တွေ သေဆုံးသွားကြတယ်၊ ဒါပေမဲ့ သေဆုံးပြီးနောက်မှာ သူတို့ဝိညာဉ်တွေ ကယ်တင်ခံရတယ်။ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို ရခဲ့ကြတယ်။ တချို့ယုံကြည်သူတွေမှာ စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိကြတော့ မယုံကြည်သူတွေနဲ့ အတူတူပါပဲ။ အခုချိန်မှာ သူတို့တွေ အသက်ရှင်နေပေမဲ့ ကယ်တင်မခံရနိုင်ဘူး။ ကျွန်တော့်ဇနီးက ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့တာပါ။ သူ့ယုံကြည်ခြင်းက စစ်မှန်လား၊ အတုအယောင်လားဆိုတာ ကျွန်တော် မသိနိုင်ခဲ့ဘူး။ ဘုရားက သူ့အဆုံးသတ်ကို ဘယ်လိုမျိုး စီစဉ်ခဲ့သည်ဖြစ်ဖြစ်၊ သူ့ကို ငရဲကို ပို့ခဲ့တာဖြစ်ဖြစ်၊ ကောင်းကင်ဘုံကို ပို့ခဲ့တာဖြစ်ဖြစ်၊ ဘုရားဟာ ဖြောင့်မတ်ပါတယ်။ ဘယ်လို အမှားအယွင်းကိုမှ လုပ်မှာမဟုတ်ဘူး။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်တော်က ဘုရားရဲ့စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို နာခံသင့်တယ်။ ကျွန်တော့်မှာ အဲဒီအသိစိတ်မျိုး ရှိဖို့လိုတယ်။ ကျွန်တော့်မှာ ဟိုအရင်က ရှင်းရှင်းလင်းလင်း မရှိခဲ့ဘူး။ ဘုရားရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံချင်စိတ် မရှိခဲ့ဘူး။ ကိုယ့်အမျိုးသမီး ဆုံးတဲ့အခါ၊ ကျွန်တော်လည်း သေချင်မိတယ်။ အဆုံးသတ်လိုက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးရဲ့သေခြင်းကို ဘုရားက စီမံခဲ့တာပဲ၊ ခွင့်ပြုခဲ့တာပဲဆိုတာ ကျွန်တော် အခု နားလည်သွားပြီ။ ပြီးတော့ သေချင်တယ်ဆိုတာ ဘုရားကို အာခံတာပဲ၊ နာခံတာ မဟုတ်ဘူး။ ဘုရားကို ပုန်ကန်နေတာပါ။ ကျွန်တော့်အမျိုးသမီး သေလို့ ကျွန်တော် နာကျင်ဝမ်းနည်းရတယ်။ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာ ဘုရားရဲ့အလိုတော် ရှိခဲ့တယ်။ တစ်ချက်ကတော့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ပြပြီး၊ ကောင်းချီးတွေအတွက် ဘုရားနဲ့ အပေးအယူလုပ်မယ့် စိတ်ထဲက အလိုဆန္ဒကို သန့်စင်ပေးနိုင်ခဲ့တာပါ။ ဘုရားရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း သိအောင် ကူညီပေးခဲ့တယ်။ အဲဒါက ဘုရားရဲ့ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပါပဲ။ ဘုရားက ကျွန်တော့်ကို ဒီအသက်အရွယ်ကြီးအထိ ဆက်ပြီး နေထိုင်ခွင့် ပေးနေတာပါ။ ကျွန်တော်က ဒီအချိန်ကာလကို တန်ဖိုးထားနေသင့်တယ်။ ပြီးတော့ ဘုရားရဲ့အမှုတော်နဲ့ ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို နားလည်အောင်၊ ဘုရားကို နာခံခြင်း၊ ဆည်းကပ်ခြင်း ရရှိအောင်၊ ဘုရားကို ပုန်ကန်တာ၊ နာကျင်စေတာတွေကို ရပ်တန့်အောင်၊ ဘုရား စီစဉ်ပေးတဲ့ ပတ်ဝန်းကျင်မှာ သမ္မာတရားကိုလည်း ဝီရိယရှိရှိ အားထုတ်နေသင့်တယ်။ အနာဂတ်မှာ ဘုရားက ဘာကိုပဲ လုပ်လုပ်၊ ဘယ်လို ပတ်ဝန်းကျင်တွေကိုပဲ စီစဉ်စီစဉ်၊ ကျွန်တော်က သူ့ကို နာခံသင့်တယ်၊ ကိုယ့်ဘဝကို မှန်မှန်ကန်ကန် နေထိုင်သင့်တယ်၊ ဧဝံဂေလိ ဖြန့်ဝေပြီး ဘုရားကို သက်သေခံသင့်တယ်၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ရှင်သန်သင့်တယ်၊ ဘုရားရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကိုလည်း နာခံသင့်တယ်။ ဘုရားရဲ့ညှာတာတဲ့ ရည်ရွယ်ချက်တွေ ပျက်စီးသွားလို့ မဖြစ်ဘူး။ ကိုယ့်အသက်ကို အဆုံးသတ်မယ်ဆိုတဲ့ အတွေးတွေကို ကျွန်တော် ရှင်းပစ်ခဲ့ရတယ်။ အဲဒါနဲ့ ဘုရားသခင်ဆီမှာလည်း အလေးအနက် ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်တော် ကျေးဇူးတော်ဖြစ်ဖြစ်၊ ကောင်းချီးတွေဖြစ်ဖြစ် မလိုချင်ပါဘူး။ ကျွန်တော့်မှာ သမ္မာတရား ကင်းမဲ့နေပါတယ်။ ဒါကြောင့် သမ္မာတရားကလွဲလို့ တခြားဘာကိုမှ မတောင်းဆိုပါဘူး။ ကျွန်တော့်မှာ ဆိုးယုတ်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခု ရှိပါတယ်။ ကျွန်တော့်ကို ထိန်းသိမ်းပေးဖို့၊ လက်လွတ်စပယ် မဖြစ်စေဖို့အတွက် ကိုယ်တော့်တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို ကျွန်တော်နဲ့အတူရှိဖို့ လိုအပ်ပါတယ်” ပေါ့။ ဒီအသိ ရသွားတော့ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး ပိုပြီး စိတ်အေးလက်အေး ရှိသွားတယ်။ ပြန်ပြီး စားဝင်အိပ်ပျော်လာတယ်။ ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ကျွန်တော်က ညီအစ်ကိုမောင်နှမတွေနဲ့တော့ မစုဝေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ပုံမှန် ဝတ်ပြုခြင်းတွေ၊ ဘုရားနှုတ်ကပတ်တော် စားသောက်တာတွေကို ကျွန်တော် လုပ်နေတုန်းပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ရေလောင်း၊ အားဖြည့်ပေးခဲ့တယ်။ ကျွန်တော်လည်း တည်ငြိမ်သွားတယ်။ ငြိမ်သက်မှုနဲ့ လွတ်လပ်မှုကို ခံစားခဲ့ရတယ်။ ကျွန်တော့်ကျန်းမာရေးကလည်း တဖြည်းဖြည်း ပြန်ကောင်းလာတယ်။ ကျွန်တော့်ကို မြင်တဲ့ တခြားရွာသားတွေက ကျွန်တော့်ကို အသက် ၇၀ ကျော်လို့ မထင်ရဘူး၊ သွက်လက်နေသလိုပဲလို့ ပြောကြတာ။ ကျွန်တော်ကတော့ စိတ်နှလုံးထဲမှာ ဘုရားကိုပဲ ကျေးဇူးတင်၊ ချီးမွမ်းမိတယ်။

နောက်ထပ် ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်မိသေးတယ်။ ကျွန်တော့်ဖောက်ပြန်ပျက်စီးမှုကို ပိုပြီး နားလည်အောင် ကူညီပေးခဲ့တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့ထံ၌ အမှုအရာမည်မျှဖြစ်ပါစေ အန္တိခရစ်တစ်ဦး ဖြစ်သည့် လူစားမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် အမှုအရာများကို မြင်ဖို့ ကြိုးစားရန် မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို ကိုင်တွယ်ဖို့ မည်သည့်အခါမျှ မကြိုးစားပေ— ယင်းမှာ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များ၏ စာကြောင်းတိုင်းသည် သမ္မာတရားဖြစ်ကြောင်းကို မယုံကြည်သောကြောင့် လုံးလုံးဖြစ်သည်။ ဘုရားအိမ်တော်က သမ္မာတရားကို မည်မျှ မိတ်သဟာယပြုပါစေ အန္တိခရစ်တို့သည် သဘောပေါက်လက်ခံခြင်းမရှိဘဲ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် မည်သည့်အခြေအနေကို ရင်ဆိုင်ရသည်ဖြစ်စေ မှန်ကန်သော စိတ်နေစိတ်ထားမရှိပေ။ အထူးသဖြင့် ဘုရားသခင်နှင့် သမ္မာတရားကို ၎င်းတို့ ချဉ်းကပ်ပုံနှင့် သက်ဆိုင်သောအခါတွင် အန္တိခရစ်များသည် ၎င်းတို့၏ အယူအဆများကို ဘေးဖယ်ထားဖို့ ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ၎င်းတို့ ယုံကြည်သည့် ဘုရားသည် နိမိတ် လက္ခဏာနှင့် အံ့ဖွယ်အမှုများပြသော ဘုရား၊ သဘာဝလွန်ဖြစ်သော ဘုရားဖြစ်သည်။ ဗောတိသတ်ဖြစ်စေ၊ ဗုဒ္ဓဖြစ်စေ၊ သို့မဟုတ် မာဇုဖြစ်စေ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများပြနိုင်သည့် မည်သူမဆိုကို ဘုရားဟု ၎င်းတို့က ခေါ်ကြသည်။...အန္တိခရစ်တို့၏စိတ်ထဲတွင် ဘုရားသခင်သည် ယဇ်ပလ္လင်နောက်၌ ကွယ်ဝှက်လျက် လူများပူဇော်သည့် အစားအစာများကို စားရင်း၊ သူတို့ထွန်းညှိသည့် အမွှေးတိုင်ကို ရှုသွင်းရင်း၊ သူတို့၏အသနားခံခြင်းများ၌ အလွန် စိတ်ထက်သန်ပါက— သူတတ်နိုင်စွမ်းသမျှ— သူတို့ပြဿနာတက်သည့်အခါ ကူညီရင်း၊ သူ့ကိုသူ အရာခပ်သိမ်းတတ်နိုင်စွမ်းကြောင်း ပြပြီး သူတို့ နားလည်သဘောပေါက်နိုင်သည့်ဘောင်အတွင်းမှ သူတို့အတွက် ထောက်ကူမှုများ ချက်ချင်းပေးရင်း၊ လူများက အကူအညီတောင်းပြီး ၎င်းတို့၏ တောင်းပန်တိုးလျှိုးမှုတွင် အလွန်စိတ်ထက်သန်သည့်အခါ သူတို့၏လိုအပ်ချက်များကိုဖြည့်ဆည်းရင်း ကိုးကွယ်ခံသင့်သည်ဟူ၍ ယူမှတ်ကြလေသည်။ အန္တိခရစ်များအဖို့ ထိုသို့နတ်ဘုရားတစ်ပါးသာလျှင် စစ်မှန်သော ဘုရားသခင် ဖြစ်လေသည်။ သို့ရာတွင် ယနေ့ ဘုရားသခင်ပြုသမျှသည် အန္တိခရစ်တို့၏ အထင်သေးခြင်းကိုသာ ကြုံရလေသည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ အန္တိခရစ်တို့၏သဘာဝ အနှစ်သာရကို သုံးသပ်ကြည့်ရလျှင် ၎င်းတို့လိုအပ်သည့်အရာသည် ဘုရားသခင်၏ ဖန်ဆင်းခံများအပေါ် ဖန်ဆင်းရှင် ဆောင်ရွက်သည့် ရေလောင်းပေးခြင်း၊ သိုးထိန်းခြင်းနှင့် ကယ်တင်ခြင်းတို့ မဟုတ်ဘဲ၊ အရာအားလုံး၌ ကြီးပွားချမ်းသာခြင်းနှင့် အောင်မြင်ခြင်း၊ ဤဘဝ၌ အပြစ်ဒဏ်ပေးမခံရဖို့နှင့် ၎င်းတို့သေဆုံးသည့်အခါ ကောင်းကင်ဘုံသွားဖို့တို့ ဖြစ်လေသည်။ ၎င်းတို့၏အမြင်ရှုထောင့်နှင့် လိုအပ်ချက်များက သမ္မာတရားကို ရန်လိုသည့် ၎င်းတို့၏အနှစ်သာရကို အတည်ပြုလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၅ (အပိုင်း ၁)) ဘုရားက သမ္မာတရားကို မုန်းတီးတဲ့ အန္တိခရစ်တွေကို ဖော်ထုတ်ပြတာပါ။ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို နှစ်တွေဘယ်လောက်များများ စားသောက်ပါစေ၊ သူတို့က ဘယ်အရာကိုမဆို ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လုံးဝ မမြင်ကြဘူး။ သူတို့က ဘုရားကို ယုံကြည်ပေမဲ့ သမ္မာတရားကို အားမထုတ်ဘူး။ အံ့ဖွယ်အမှုတွေကိုပဲ လိုချင်ကြတယ်။ သူတို့က သူတို့စိတ်နှလုံးထဲက ဘုရားဟာ သူတို့ပြဿနာတွေကို ဖြေရှင်းပေးဖို့၊ သူတို့လိုချင်တာကို ပေးဖို့၊ ဒီဘဝမှာ အရာအားလုံးက သူတို့အကြိုက်ဖြစ်ဖို့၊ နောက်ဘဝမှာလည်း ထာဝရ အသက်ရှင်ရဖို့ဆိုတာကို အမြဲ တောင်းဆိုနေကြတာ။ သူတို့ယုံကြည်ခြင်းဆိုတာ လုံးဝ ကောင်းချီးတွေအတွက်ပဲ။ ယုံကြည်ခြင်းမှာ အားထုတ်တဲ့ ကျွန်တော့်ရှုထောင့်ကလည်း အန္တိခရစ်တစ်ယောက်နဲ့ တူနေခဲ့တာပါ။ ကျွန်တော်က ဘုရားကို ရုပ်တုဆင်းတုတစ်ခုအနေနဲ့ ဆည်းကပ်နေခဲ့တာပါ။ များသောအားဖြင့် ကျွန်တော်တို့က အခက်အခဲတစ်ခု၊ ဒါမှမဟုတ် ကျန်းမာရေး ပြဿနာတစ်ခု ကြုံရတဲ့အခါ ကျွန်တော်တို့ကို စောင့်ရှောက်ဖို့၊ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဘုရားကို တောင်းလျှောက်ရင်း ဆုတောင်းချက် ပြုကြတာပဲ။ ကျွန်တော်တို့ လိုအပ်သမျှ ဘုရားက ပေးသင့်တယ်၊ တောင်းဆိုချက်တိုင်းကို ဖြည့်ဆည်းပေးသင့်တယ်လို့ ထင်ခဲ့မိတာ။ ကျွန်တော့်စိတ်ထဲမှာ ရှိခဲ့တဲ့ ဘုရားဆိုတာ ဒါပဲ။ ကိုယ့်တောင်းဆိုချက်တွေ ပြည့်အောင် ဘုရားကို အသုံးချတယ်ဆိုတာ၊ အဲဒါက သူ့ကို လှည့်စားနေတာ၊ ပြစ်မှားစော်ကားနေတာ မဟုတ်ဘူးလား။ ကျေးဇူးတော်ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါကြောင့် ဘုရားက နာမကျန်းသူကို ပျောက်ကင်းစေခြင်း၊ နတ်ဆိုးတွေကို နှင်ခြင်းဆိုတဲ့ အလုပ်ကို မလုပ်ပါဘူး။ ဒီနေ့ခေတ်မှာ သူ့အလုပ်က တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းပဲ။ လူသားရဲ့ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းပေးဖို့၊ ကျွန်တော်တို့ကို စာတန်ရဲ့စွမ်းအားကနေ ကယ်တင်ဖို့ပါပဲ။ ဒါပေမဲ့ ကျွန်တော်က သမ္မာတရားကို မချစ်သလို ဘုရားရဲ့အမှုတော်ကိုလည်း တန်ဖိုးမထားခဲ့ဘူး။ ဘုရားဆီက ကျေးဇူးတော်နဲ့ ကောင်းချီးတွေကိုပဲ ဆက်ပြီး တောင်းဆိုနေခဲ့မိတယ်။ အနှစ်သာရအရ ကျွန်တော်က မယုံကြည်သူတစ်ယောက် ဖြစ်ခဲ့တာပါ။ ကျွန်တော်က ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းမှုနဲ့ အာဟာရ၊ ပြီးတော့ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကွယ်ကာမှုတို့ကို ခံစားရင်း နှစ်ပေါင်းများစွာ ဘုရားနောက် လိုက်လျှောက်ခဲ့တယ်၊ ဒါပေမဲ့ သမ္မာတရားကို အားမထုတ်ခဲ့သလို ဘုရားရဲ့ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့လည်း မကြိုးစားခဲ့ဘူး။ ဘုရားအပေါ် အဆင်ခြင်မဲ့တဲ့ တောင်းဆိုမှုတွေတောင် လုပ်ခဲ့တယ်။ ကျွန်တော့်ဘက်က အဲဒီလို အားထုတ်မှုမျိုးက ဘုရားရဲ့ရန်သူတစ်ယောက် ဖြစ်သွားတာပါ။ ဘုရားရဲ့အပြစ်ဒဏ်ပေးခြင်းကို သေချာပေါက် ကြုံရတဲ့ကိန်း ဆိုက်သွားမှာ။ ဒါကို နားလည်သွားတော့ ကျွန်တော် ကြောက်လန့်သွားတယ်။ အဲဒီ မှားယွင်းတဲ့လမ်းကြောင်းအတိုင်း ဆက်မသွားချင်တော့ဘူး။ ဝန်ခံ၊ နောင်တရချင်မိတယ်။

နောက်တော့ ယောဘရဲ့အတွေ့အကြုံအကြောင်းကို ဖတ်ရင်းနဲ့ ကျွန်တော်လည်း ပိုပြီးတော့ အကျိုးရှိသွားတယ်။ စမ်းသပ်မှုတွေ ပေါ်လာချိန်မှာ ဘယ်လို ရင်ဆိုင်ဖြတ်သန်းရမယ်ဆိုတာ သိသွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ကျွန်တော် ထပ်ပြီး ဖတ်မိသေးတယ်။ “ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခဲ့ခြင်း မရှိသကဲ့သို့၊ စကားတစ်ခွန်းတစ်လေ သူပြောသည်ကို၊ အမိန့်တစ်ခုတစ်လေ သူထုတ်ပြန်သည်ကို၊ သွန်သင်ချက် တစ်ခုတစ်လေ သူပေးသည်ကို သို့မဟုတ် သူ့အား တစ်ခုတစ်လေ ညွှန်ကြားသည်ကို ကြားခဲ့ဖူးခြင်းလည်း မရှိပေ။ ယနေ့ စကားများဖြင့်၊ ဘုရားသခင်သည် သူ့အား သမ္မာတရားနှင့် စပ်လျဉ်းသည့် အသိဉာဏ်ပွင်းလင်းစေခြင်း၊ လမ်းပြခြင်း သို့မဟုတ် ထောက်ပံ့မှုတို့ကို မပေးခဲ့ချိန်တွင် သူ့အတွက် ထိုသို့သော အသိပညာတစ်ခုနှင့် ဘုရားသခင်အပေါ် သဘောထားကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ- ဤသည်မှာ အဖိုးထိုက်ပြီး သူ့အတွက်မူကား ထိုသို့သော အရာများကို ထင်ရှားစေခြင်းသည် ဘုရားသခင်အတွက် လုံလောက်ခဲ့ပြီး သူ၏ သက်သေခံချက်သည် ဘုရားသခင်၏ ချီးကျူးခြင်းနှင့် ဘုရားသခင်၏ မြတ်နိုးခြင်းကို ခံခဲ့ရလေသည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ခဲ့ဖူးခြင်း မရှိ သို့မဟုတ် သူ့ထံ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ သွန်သင်ချက် တစ်ခုတစ်လေကို ဖွင့်ဟပြောဆိုခြင်းကို ကြားခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်အတွက် သူ၏ စိတ်နှလုံးနှင့် သူကိုယ်တိုင်သည် ဘုရားသခင်ရှေ့တွင် အလွန်လေးနက်သော သဘောတရားအရသာ ပြောဆိုနိုင်သောသူများ၊ ဝါကြွားရုံသာဝါကြွားနိုင်သောသူများနှင့် ယဇ်များကို ပူဇော်ခြင်း အကြောင်း ပြောသော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော အသိပညာ လုံးဝ မရှိခဲ့ဖူးသကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါမှ အမှန်တကယ် မကြောက်ရွံ့ခဲ့ဖူးသောသူများထက် သာ၍ပင် အဖိုးထိုက်တန် ခဲ့ပေသည်။ အကြောင်းမှာ ယောဘ၏ စိတ်နှလုံးသည် ဖြူစင်ခဲ့ပြီး ဘုရားသခင်ထံမှ မကွယ်ဝှက်ခဲ့သကဲ့သို့၊ သူ၏လူ့သဘာဝသည် ရိုးသားပြီး ကြင်နာစိတ်ရှိကာ တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာကို နှစ်သက်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့သော စိတ်နှလုံးနှင့် လူ့သဘာဝကို ပိုင်ဆိုင်ထားခဲ့သော ဤကဲ့သို့ လူသားတစ်ဦးတည်းသာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်နိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိခဲ့ပေသည်။ ထိုသို့သော လူသား တစ်ဦးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်နိုင်မည်ဖြစ်သည်၊ သူ၏ ကြဇာအာဏာနှင့် တန်ခိုးကို မြင်နိုင်မည်ဖြစ်ပြီး သူ၏ အချုပ်အခြာ အာဏာနှင့် အစီအစဉ်များကို နာခံခြင်းအား စွမ်းဆောင် ရရှိနိုင်ခဲ့ပေသည်။ ဤကဲ့သို့သော လူသားတစ်ဦးတည်းသာ ဘုရားသခင်၏နာမကို အမှန်တကယ် ချီးမွမ်းနိုင်ခဲ့ပေသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်က သူ့အား ကောင်းချီးပေးမည် မပေးမည် သို့မဟုတ် သူ့အပေါ် ဘေးဒုက္ခ ရောက်စေမည် မရောက်စေမည်ကို မကြည့်ခဲ့သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်၏ လက်တော်ဖြင့် ထိန်းချုပ်ခံရပြီး လူသားအတွက် စိုးရိမ်ဖို့ဆိုသည်မှာ မိုက်မဲမှု၊ မသိနားမလည်မှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့မှု၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် အမှန်တရားအပေါ် သံသယဖြစ်ခြင်းနှင့် ဘုရားသခင်အား မကြောက်ရွံ့ခြင်းတို့၏ လက္ခဏာရပ်တစ်ခု ဖြစ်သည်။ ယောဘ၏ အသိပညာမှာ ဘုရားသခင် အလိုရှိခဲ့သော အရာ အတိအကျ ဖြစ်ခဲ့ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ယောဘက အရာအားလုံး၊ အမှုကိစ္စအားလုံးကို ဘုရားက အုပ်စိုးမှန်း ယုံကြည်ခဲ့တယ်လို့ ဘုရားနှုတ်ကပတ်တော်တွေမှာ ကျွန်တော် မြင်မိတယ်။ သူ ကောင်းချီးပေးခံရတာဖြစ်ဖြစ်၊ ဘေးဒုက္ခ ကြုံရတာဖြစ်ဖြစ်၊ အရာအားလုံးက ဘုရားဆီက လာခဲ့တာပါ။ သူ စမ်းသပ်ခံရတဲ့အချိန်မှာ သူ့မိသားစုရဲ့ကြွယ်ဝမှုနဲ့ သူ့ကလေးတွေအားလုံး ဖယ်ရှားခံရပြီး သူလည်း အနာစိမ်းတွေအပြည့် ပေါက်ခဲ့တယ်။ သူက လုံးဝ မညည်းညူသေးတဲ့အပြင် ဘုရားရဲ့နာမတော်ကို ချီးမွမ်းခဲ့သေးတယ်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ယောဘရဲ့ယုံကြည်ခြင်းမှာ အရောင်းအဝယ်ဆန်တာတွေ၊ တောင်းဆိုချက်တွေ မရှိခဲ့ဘူး။ ဘုရားရဲ့အချုပ်အခြာအာဏာကို သူ ယုံကြည်လို့ ဘုရားရဲ့တန်ခိုးကို သူ ချီးမွမ်းခဲ့တာပဲ။ ဘုရားသခင် ပြုသမျှဟာ ကောင်းတယ်လို့ သူ ယုံကြည်ခဲ့တယ်။ ယောဘက စရိုက်လက္ခဏာအရ ပင်ကိုအတိုင်း ရိုးသားပြီး နှစ်လိုစရာကောင်းနေတော့ ကျွန်တော်လည်း မလုံမလဲနဲ့ ရှက်မိသွားရော။ ယောဘနဲ့ယှဉ်ရင် ကျွန်တော်က ဆိုးဆိုးရွားရွား ချို့တဲ့ခဲ့တာပဲ။ ယောဘက ဘုရားသခင်အကြောင်းကို သူ ကြားဖူးသမျှပဲ သိခဲ့တာ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းမှုနဲ့ အာဟာရကို သူ မတွေ့ကြုံခဲ့ရဘူး။ ဒါပေမဲ့ စမ်းသပ်မှုတွေနဲ့ ကြုံရတဲ့အခါ သူက ဘုရားကို အပြစ်မတင်ခဲ့ဘူး။ သူ ကောင်းချီးပေးခံရတာဖြစ်ဖြစ်၊ ဘေးအန္တရာယ် ကြုံရတာဖြစ်ဖြစ် အဲဒါကို ဘုရားဆီကလို့ လက်ခံပြီး နာခံနိုင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒါနဲ့ယှဉ်ကြည့်တော့၊ ကျွန်တော်က ဘုရားနှုတ်ကပတ်တော်တွေ အများကြီး စားသောက်ထားပေမဲ့ဘုရားရဲ့ ချစ်ခြင်းကို ပြန်ဆပ်ရကောင်းမှန်း မသိခဲ့ဘူး။ ဘုရားရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ရတဲ့အခါ ကျွန်တော်က ဘုရားရဲ့တန်ခိုးနဲ့ အာဏာကို ယုံကြည်မိတယ်။ ကျွန်တော့်ဇနီး မကျန်းမမာဖြစ်ပြီး သေတဲ့အခါ ကျွန်တော်က ဘုရားရဲ့တန်ခိုးနဲ့ အာဏာကို သံသယဖြစ်လာတယ်။ ကျွန်တော်က ဘုရားကို နာခံခဲ့တာ မဟုတ်ဘူး။ ဘုရားကိုလည်း ငြင်းခုံနေခဲ့သေးတယ်။ ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိခဲ့ဘူး။ ဘုရားရဲ့အုပ်စိုးမှု ဒါမှမဟုတ် အစီအစဉ်တွေကို မယုံကြည်ခဲ့ဘူး။ ဘုရားရဲ့အာဏာနဲ့ အင်အားကို ကျွန်တော့်ချီးမွမ်းမှုက ကိုယ်ရတဲ့ ကောင်းချီးတွေနဲ့ ဘေးဒုက္ခတွေကို အကဲဖြတ်မှုမှာ အခြေခံမှန်း ကျွန်တော် မြင်သွားတယ်။ ကျွန်တော်က ဘုရားရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို အကြွင်းမဲ့ မနာခံနိုင်ခဲ့ဘူး။ အခက်အခဲတစ်ခု ပေါ်တာနဲ့ ဘုရားကို စောဒကတက်ပြီး ခုခံတာ မကျေမနပ်ပြောတာမျိုးတောင် လုပ်မိတယ်။ ယောဘနဲ့ယှဉ်ရင် ကျွန်တော်က လူ့သဘာဝဖြစ်ဖြစ် အသိစိတ်ဖြစ်ဖြစ် တစ်စက်မှ မရှိခဲ့ဘူး။ ဘုရားသခင်အတွက်တော့ ရွံစရာ စက်ဆုပ်စရာ ဖြစ်ခဲ့တာပါ။ ကျွန်တော်လည်း ဘုရားကို ထပ်ပြီး မနာကျင်စေချင်တော့ဘူး။ ဘုရားက နောက်ပိုင်းမှာ ဘယ်လို အခြေအနေကိုပဲ စီစဉ်စီစဉ်၊ ကျွန်တော် ကောင်းချီးပေးခံရတာဖြစ်ဖြစ်၊ ကံဆိုးမှု ကြုံရတာဖြစ်ဖြစ်၊ သူ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို အပြည့်အဝ နာခံရင်း ယောဘကို နမူနာယူမယ်၊ ဘုရားကို ဘယ်တော့မှ ဈေးမဆစ်တော့ဘူးလို့ ကျိန်ဆိုမိတယ်။ နောက်ဆုံးမှာ သမ္မာတရားကို မရဘဲ ဖယ်ရှားခံရရင်တောင် ကျွန်တော် စောဒကတက်တော့မှာ မဟုတ်ဘူး။ အဲဒီနောက် မကြာခင်ပဲ ကျွန်တော်က သိပ်ပြီး အန္တရာယ်ရှိတဲ့ အခြေအနေမှာ မရှိတော့တာနဲ့ စုဝေးပွဲတွေကို ပြန်တက်နိုင်သွားတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်နိုင်တဲ့အပြင် အသင်းတော်အသက်တာတစ်ခုကိုလည်း နေနိုင်သွားတယ်။ အသင်းတော်က ကျွန်တော့်အတွက် တာဝန်တစ်ခုလည်း စီစဉ်ပေးတယ်။ အခုဆို ကျွန်တော် တကယ် ပျော်နေပါပြီ။

ကျွန်တော့်အမျိုးသမီး ဆုံးပါးသွားတာက ကျွန်တော့်မနာခံမှုကို အများကြီး ထုတ်ဖော်ပြသွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ထုတ်ဖော်မှုတွေကြောင့် ကျွန်တော့်ယုံကြည်ခြင်းထဲက ရွံဖို့ကောင်းတဲ့ ကောင်းချီးရှာဖွေမှုကို မြင်ခွင့်ရခဲ့တယ်။ အဲဒီ မှားယွင်းတဲ့လမ်းမှာ အားထုတ်တာတွေကို ကျွန်တော် ရပ်ပစ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်အမျိုးသမီးဟာ သူ့ဘဝသက်တမ်း ကုန်သွားလို့ သေရတာပဲဆိုတာ ကျွန်တော် နားလည်လာတယ်။ အဲဒါကို မှန်မှန်ကန်ကန် ရင်ဆိုင်တာဟာ ကျွန်တော့် နာကျင်မှုတွေကိ ပြေပျောက်သွားစေတယ်။ အခု ကျွန်တော် လုပ်ဖို့လိုတာက သမ္မာတရားကို ကြိုးစား အားထုတ်ဖို့နဲ့ စိတ်သဘောထား ပြောင်းလဲမှု ရရှိဖို့ပဲ။ ကောင်းချီးပေးခံရတာဖြစ်ဖြစ်၊ ကံဆိုးမှု ကြုံရတာဖြစ်ဖြစ်၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် နားထောင်သင့်တယ်။ သူ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကိုလည်း နာခံသင့်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ အရမ်းမာနထောင်လွှားရတဲ့ အကြောင်းရင်း

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်နှစ်ယောက်က ကျွန်မကို ပြဿနာတစ်ခုပြောပြတယ်။ ဧဝံဂေလိအလုပ်ကို ဦးဆောင်တဲ့...

ဒီလေ့လာသင်ယူမှုတွေကို ကျွန်တော် ဆက်မလုပ်တော့ပါဘူး

သီဝေ အိန္ဒိယနိုင်ငံ ကျွန်တော်က ခရစ်ယာန်မိသားစုတစ်ခုမှာ မွေးခဲ့တာပါ။ မိဘတွေက လယ်သမားတွေ။ ကျွန်တော်တို့မိသားစုက စပါးနဲ့ ဟင်းသီးဟင်းရွက်...

တွဲဖက်သည် ပြိုင်ဖက်မဟုတ်

အိုဇန်း မြန်မာနိုင်ငံ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီး သိပ်မကြာဘူး၊ လူသစ်တွေ ရေလောင်းတာ စလုပ်ခဲ့တယ်။ ကျွန်မက...

အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်းမှ သင်ယူခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လမှာ တကယ့်အလုပ်ကို မလုပ်တဲ့အတွက် ကျွန်မတို့ အသင်းတော်က ခေါင်းဆောင်နှစ်ယောက် အထုတ်ခံခဲ့ရတယ်။ သူတို့ရဲ့ အပြုအမူကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
ဘောင်အပြည့်ချဲ့ကြည့်မည်
ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်