အနာရောဂါက ကျွန်ုပ်၏ ကောင်းချီးရလိုသည့် ရည်ရွယ်ချက်ကို ထုတ်ဖော်သည်

20.05.2026

ယောယုရွှမ်၊ တရုတ်ပြည်

၁၉၉၉ ခုနှစ်၊ စက်တင်ဘာလမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားသခင်ရဲ့ ဒီအမှုတော်အဆင့်က လူတွေကို သန့်စင်ပေးပြီး စုံလင်စေဖို့၊ အဆုံးမှာ လူတွေကို ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ခေါ်ဆောင်သွားဖို့ လုပ်ဆောင်တာဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မ အရမ်းဝမ်းသာခဲ့ရတယ်။ ကျွန်မ တွေးမိတာက “ကယ်တင်ခြင်းခံရဖို့အတွက် ငါ လုံ့လဝီရိယရှိရှိ လိုက်စားရမယ်၊ ဧဝံဂေလိတရား ဟောပြောရမယ်၊ ပြီးတော့ ကောင်းမှုတွေကို ပိုပြီး ပြင်ဆင်ရမယ်” လို့ပေါ့။ နောက်ပိုင်းမှာ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ အိမ်ကနေ ထွက်ခဲ့တယ်။ မိုးရွာရွာ နေပူပူ၊ အဆင်းနီတဲ့ နဂါးကြီးရဲ့ လိုက်ဖမ်းတာ၊ ညှဉ်းပန်းနှိပ်စက်တာ ခံရရင်တောင်မှ ကျွန်မတာဝန်ကို ထမ်းဆောင်တာ ဘယ်တော့မှ မရပ်တန့်ခဲ့ဘူး။ တစ်နေ့ကျတော့ ကျွန်မ ဆေးစစ်သွားတော့ ကျွန်မက အသည်းရောင်အသားဝါ ဘီပိုးရှိနေသူဖြစ်မှန်း သိလိုက်ရတယ်။ ဆရာဝန်က ပြောတယ်၊ အသည်းရောင်အသားဝါ ဘီပိုးက တစ်သက်လုံးရှိနေမှာ၊ ကုလို့မရဘူးတဲ့။ အဲဒီအချိန်တုန်းက ကျွန်မ မကြောက်ခဲ့ပါဘူး၊ နေ့တိုင်း ကိုယ့်တာဝန်နဲ့ပဲ ဆက်ပြီး အလုပ်ရှုပ်နေခဲ့တယ်။ မထင်မှတ်ဘဲနဲ့ ခြောက်လအကြာ နောက်တစ်ခါ ဆေးစစ်တဲ့အခါကျတော့ ကျွန်မခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးကို ရှာမတွေ့တော့ဘူး၊ အသည်းလုပ်ဆောင်ချက်ကလည်း ပုံမှန်ဖြစ်သွားပြီ။ ကျွန်မရောဂါ အံ့သြဖွယ်ကောင်းလောက်အောင် ပျောက်ကင်းသွားတာကို မြင်လိုက်ရတော့ ဘုရားသခင်ကို အရမ်း ကျေးဇူးတင်မိပြီး ကိုယ့်တာဝန်မှာ ပိုလို့တောင် စိတ်ထက်သန်လာခဲ့တယ်။

အနှစ်နှစ်ဆယ်ကြာပြီးတဲ့နောက် ၂၀၁၉ ခုနှစ်မှာ ကျွန်မ အားနည်းသလို၊ မူးနောက်နောက်ဖြစ်သလို ခံစားလာရပြီး ခါးအောက်ပိုင်းလည်း နာလာတယ်၊ ဒါနဲ့ ဆေးစစ်ဖို့ ဆေးရုံကို သွားခဲ့တယ်။ ဆရာဝန်က လေးနက်တဲ့ လေသံနဲ့ ပြောတယ်၊ “ခင်ဗျား သွေးဖိအားက အရမ်းတက်နေတယ်။ အပေါ်သွေးက ၁၉၀ မီလီမီတာ မာကျူရီအထက်၊ အောက်သွေးက ၁၁၀ မီလီမီတာ မာကျူရီ ရှိတယ်။ ဒါ အရမ်း အန္တရာယ်များတယ်၊ ရုတ်တရက် သေဆုံးသွားနိုင်တဲ့ သဘောပဲ။ မသေရင်တောင်မှ လေဖြတ်ပြီး အကြောသေသွားနိုင်တယ်” တဲ့။ ဒီအရာကြောင့် ကျွန်မ တကယ် လန့်သွားတယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ဆရာဝန်တွေ ပြောတာကို ငါ အပြည့်အဝ ယုံလို့မရဘူးလေ။ တကယ်တမ်းကျတော့ နှစ်ပေါင်းများစွာ ငါ့ရဲ့ယုံကြည်ခြင်းမှာ မိသားစုနဲ့ အလုပ်အကိုင်ကို ငါ စွန့်လွှတ်ခဲ့တယ်၊ ဧဝံဂေလိတရား ဟောပြောပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့ပြီးပြီပဲ၊ ဘုရားသခင်က ငါ့ကို စောင့်ရှောက်ပြီး ကာကွယ်ပေးမယ်လို့ ငါ ယုံကြည်တယ်။ ငါ့တာဝန်ကို ဆက်ပြီး ထမ်းဆောင်နေသရွေ့ တစ်နေ့ကျရင် ငါ့ရောဂါ ပျောက်ကင်းသွားမှာပါ” လို့ပေါ့။ အဲဒီအချိန်တုန်းက ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့တာပါ။ သွေးကျဆေးလည်း မသောက်သလို၊ ရောဂါနဲ့ပတ်သက်ပြီး ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲ၊ ဘယ်လို သဘောထားရမလဲ ဆိုတာကိုလည်း မရှာဖွေခဲ့ဘူး။ အဲဒီအစား ကိုယ့်တာဝန်တွေကိုပဲ ဆက်ပြီး ခေါင်းမဖော်တမ်းလုပ်နေခဲ့တယ်။ အဲဒီတုန်းက ကျွန်မက စာနဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်နေတာပါ။ နေ့ဘက်ဆိုရင် ညီအစ်ကိုမောင်နှမတွေ သူတို့တာဝန်တွေမှာ ကြုံရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သူတို့နဲ့ မိတ်သဟာယပြုတယ်၊ ညဘက်တွေကျတော့ တရားဟောချက်တွေကို စီစစ်ပြီး စာတွေကို ပြန်ဖြေပေးရတယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ အလုပ်တာ တိုးတက်မှုတစ်ခုခု ပြလာတယ်။ ဒါပေမဲ့ ကျွန်မရဲ့ သွေးတိုးက မကျဘဲ နေ့တိုင်း သံခမောက်ဆောင်းရသလိုမျိုး ခေါင်းမူးပြီး လေးလံနေတယ်။

တစ်နေ့ကျတော့ ညီအစ်မ ဝမ်လန်က သူ့အမေ သွေးတိုးနဲ့ ဆုံးသွားတယ်လို့ ပြောတာကို ကျွန်မ ကြားလိုက်ရတယ်။ သူ့အမေက အိမ်နီးချင်းဆီ သွားလည်တုန်းက အကောင်းအတိုင်းပဲလေ။ ဒါပေမဲ့ အိမ်ပြန်ရောက်ပြီးနောက် ရုတ်တရက် ခေါင်းမူးလာလို့ ဆေးရုံကို အမြန်ပို့လိုက်ရသတဲ့။ ဆရာဝန်က ပြောတယ်၊ သွေးတိုးကြောင့် ဦးနှောက်သွေးကြောပေါက်သွားတာတဲ့၊ ကယ်ဖို့ကြိုးစားပေမဲ့ ဆုံးသွားရှာတယ်။ နောက်တော့ ဧည့်ခံညီအစ်မက ပြောတာကို ကြားရပြန်တယ်၊ သူ့အိမ်နီးချင်းလည်း သွေးတိုးကြောင့် ဦးနှောက်သွေးကြောပေါက်ပြီး လဲကျသွားရာကနေ လေဖြတ်သွားတယ်၊ သီတင်းပတ် နှစ်ပတ်ကျော်ကျော်လေးမှာပဲ ဆုံးသွားတယ်တဲ့။ အဲဒီရက်တွေမှာ ကျွန်မ အရမ်း စိုးရိမ်သောကရောက်နေခဲ့တယ်၊ ကျွန်မရဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ၊ သောကတွေအားလုံး ပေါ်လာတော့တာပဲ။ ကျွန်မ တွေးမိတယ်၊ “ငါ့သွေးဖိအားက အရမ်းတက်နေတုန်းပဲ၊ ကျမသွားဘူး။ တစ်နေ့ကျရင် ငါ့ဦးနှောက်သွေးကြောတွေ ပေါက်ပြီး ငါလည်း ရုတ်တရက် သေသွားမလား။ ငါ လေးများဖြတ်သွားမလား။ အိပ်ရာထဲ လဲနေရရင် ငါ့တာဝန်တွေကို ဘယ်လို ထမ်းဆောင်မလဲ။ တာဝန်မထမ်းဆောင်ရင် ငါ ကယ်တင်ခံရနိုင်ပါဦးမလား” လို့ပေါ့။ သွေးတိုးရှိတဲ့လူတွေက ညဉ့်နက်တဲ့အထိ မနေရဘူး၊ စိတ်ဖိစီးမှု အရမ်းမများရဘူးလို့ ဆရာဝန်ပြောတာကို ကျွန်မ စဉ်းစားမိတယ်၊ ဒါကြောင့် ကိုယ့်တာဝန်မှာ အလုပ်အလွန်အကျွံ မလုပ်သင့်ဘူးလို့ ကျွန်မ ခံစားရတယ်၊ စိတ်ဖိစီးမှု အရမ်းများပြီး သွေးဖိအား ရုတ်တရက် တက်လာရင်၊ ဦးနှောက်သွေးကြောပေါက်ပြီး ရုတ်တရက် သေသွားနိုင်တယ်၊ အဲဒီအခါကျရင် ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ရှိတော့မှာမဟုတ်ဘူးပေါ့။ ကိုယ့်ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်ဖို့ လိုတယ်၊ ဒါက အရေးအကြီးဆုံးပဲလို့ ကျွန်မ ခံစားခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ သွေးတိုးကျစေမယ့် ဆေးနည်းတွေအကြောင်း ကြားမိတိုင်း ကျွန်မ ချက်ချင်း စမ်းကြည့်ခဲ့တယ်။ ကိုယ့်တာဝန်အတွက် ဝန်တာထားတဲ့စိတ် မရှိတော့ဘူး၊ တရားဟောချက်တချို့ စီစစ်ဖို့ စောင့်နေတာတောင်မှ ကိုယ့်ကိုယ်ကိုယ် အလျင်မလိုတော့ဘူး။ တရားဟောချက်တွေ ရေးတဲ့နေရာမှာ ညီအစ်ကိုမောင်နှမတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုတောင် ကျွန်မ မမေးတော့ဘူး၊ ညဘက်မှာ မပင်ပန်းရင်တောင်မှ စောစော အိပ်ရာဝင်ပစ်လိုက်တယ်။ အတတ်နိုင်ဆုံး အနားယူဖို့၊ စိတ်ဖိစီးမှု မရှိအောင်နေဖို့ ကြိုးစားပြီး ကိုယ့်တာဝန်မှာ မတက်မကြွဖြစ်လာတယ်။ အကျိုးဆက်အနေနဲ့ အလုပ်က ဘာရလဒ်မှ မရခဲ့ဘူး။ နောက်ပိုင်းမှာ ဆေးသောက်လိုက်လို့ ကျွန်မရဲ့ သွေးဖိအားက ပုံမှန် ပြန်ဖြစ်သွားတယ်။

ပြီးတော့ ၂၀၂၁ ခုနှစ်၊ တစ်ရက်မှာ ခေါင်းဆောင်က ကျွန်မနဲ့ တွေ့ဖို့ ခေါ်တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အသင်းတော်ခေါင်းဆောင်အဖြစ် အဆိုပြုထားကြတယ်လို့ သူက ပြောတယ်။ ကျွန်မ တွေးမိတယ်၊ “ငါက အသက်ကြီးလာပြီ၊ သွေးတိုးလည်း ရှိတယ်။ ဦးနှောက်ထဲ သွေးစီးဆင်းမှု မကောင်းတော့ ပိုပြီး အနားယူဖို့ လိုတယ်။ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရတယ်ဆိုတာက နေ့တိုင်း ကိစ္စအများကြီးကို ကိုင်တွယ်ရမဲ့သဘောပဲ။ အလုပ်ဝန်ပိပြီး စိတ်ပူစရာတွေလည်း များမှာ။ ခြေကုန်လက်ပန်းကျရာကနေ ငါ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ။ သွေးဖိအား ထပ်တက်လာပြီး ဦးနှောက်သွေးကြောပေါက်ရင် ရုတ်တရက် သေသွားနိုင်တယ်၊ အဲဒီအခါကျရင် ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်” လို့ပေါ့။ ဒါကြောင့် ကျွန်မမှာ သွေးတိုးရှိလို့ ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ပါဘူးလို့ ခေါင်းဆောင်ကို ပြောလိုက်တယ်။ ခေါင်းဆောင်က ဆေးရုံသွားပြီး စစ်ဆေးကြည့်ဖို့ ပြောတယ်။ စစ်ဆေးချက် အဖြေတွေအရ ကျွန်မရဲ့ သွေးဖိအားက နည်းနည်းလေးပဲ တက်နေတာ၊ သိပ်မများပါဘူး။ ကျွန်မ တွေးမိတယ်၊ “အခု ငါ့ရဲ့သွေးဖိအားက အဆင်ပြေတယ်ဆိုပေမဲ့၊ ခေါင်းဆောင်ဖြစ်ရတာက အလုပ်များပြီး စိတ်ဖိစီးမှုများတယ်လေ။ ငါ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ ဘုရားသခင်ကို ငါ နှစ်အတွေအများကြီး ယုံကြည်ပြီးပြီဖြစ်သလို အသင်းတော်က ခုချိန်မှာ အလုပ်နဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့ လူတွေ တကယ်လိုအပ်နေတာဆိုတော့ ငါ လက်ခံလိုက်တာ ပိုကောင်းမယ်။ ငါ့တာဝန်ကို ငြင်းလိုက်တာက အပြစ်ရှိသလို ခံစားရမှာပဲ” လို့ပေါ့။ ဒါနဲ့ တာဝန်ကို ကျွန်မ လက်ခံလိုက်တယ်။

စုဝေးပွဲတစ်ခုမှာ ကျွန်မက ပြတင်းပေါက်ရှေ့မှာ ထိုင်နေတယ်။ နေ့ခင်းဘက် ပူတာနဲ့ ပြတင်းပေါက်ကို နည်းနည်းဖွင့်ပြီး လေညှင်းခံနေလိုက်တာ။ ခေါင်းဆောင်က ကျွန်မရဲ့ အခြေအနေကို မေးတယ်၊ ဒါပေမဲ့ စကားပြောနေတုန်းမှာပဲ ကျွန်မပါးစပ်က လေးလံလာပြီး မလှုပ်ချင်တော့သလို ခံစားလိုက်ရတယ်။ ကျွန်မ အရမ်း စိုးရိမ်သွားပြီး တွေးမိတယ်၊ “သွေးတိုးက လေဖြတ်တာ ဖြစ်စေနိုင်တယ်လို့ ဆရာဝန် ပြောခဲ့တယ် မဟုတ်လား။ ဒါ အဲဒီ လက္ခဏာလား။ ငါ တကယ်ပဲ လေဖြတ်တော့မှာလား။ ငါက ကိုယ့်တာဝန်တွေကို အမြဲ ထမ်းဆောင်ခဲ့တာပဲ၊ ဒါဆို ဘာလို့ ဘုရားသခင်က ငါ့ကို မစောင့်ရှောက်၊ မကာကွယ်ပေးတာလဲ။ ဘုရားသခင်ရဲ့ အမှုတော်က ပြီးခါနီးနေပြီ၊ အခု ငါသာ လေဖြတ်သွားပြီး ဘာတာဝန်မှ မထမ်းဆောင်နိုင်တော့ရင် ဘယ်လိုလုပ် ကယ်တင်ခြင်းခံရပြီး နိုင်ငံတော်ထဲ ဝင်ရမှာလဲ” လို့ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်မရဲ့ အတွေးက မှားနေတယ်ဆိုတာ သတိပြုမိပြီး တိတ်တဆိတ် အမြန် ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီးပါးစပ်က လေးလံလာပြီး မလှုပ်ချင်တော့သလို ခံစားရပါတယ်၊ ဒါက လေဖြတ်မဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဘုရားသခင်၊ ကျေးဇူးပြုပြီး သမီးရဲ့ စိတ်နှလုံးကို ကာကွယ်ပေးတော်မူပါ။ သမီး လေဖြတ်သွားရင်တောင်မှ စောဒကမတက်ပါဘူး။ ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို သမီး ကျိုးနွံနာခံချင်ပါတယ်” လို့ပေါ့။ ဆုတောင်းပြီးတော့ ပြတင်းပေါက်ကို ပိတ်လိုက်တယ်၊ ခဏနေတော့ နည်းနည်း သက်သာလာသလို ခံစားရတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “ထို့နောက် ကျန်းမာရေး နုံချာသည့်သူများ၊ ကြံ့ခိုင်မှုအခြေအနေနည်းပြီး အားအင် ချို့တဲ့သည့် သူများ၊ အကြီးစား၊ သို့မဟုတ် အသေးစား နာမကျန်းဖြစ်ခြင်းဖြင့် မကြာခဏ နေမကောင်း ဖြစ်သည့်သူများ၊ နေ့စဉ်ဘဝတွင် လိုအပ်သည့် အခြေခံအမှုအရာများကိုပင် မလုပ်ဆောင်နိုင်သည့်သူများ၊ ပုံမှန်လူများကဲ့သို့ အသက်မရှင်နိုင်၊ သို့မဟုတ် ထူထူထောင်ထောင် မဖြစ်နိုင်သည့်သူများ ရှိသည်။ ထိုသို့သောလူများသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် မကြာခဏ သက်သောင့်သက်သာမရှိ ခံစားရပြီး နေမကောင်း ဖြစ်ကြသည်။ အချို့မှာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းကြသည်၊ အချို့မှာ တကယ့် နာမကျန်းမှုများ ရှိကြပြီး ရောဂါတစ်မျိုးမဟုတ် တစ်မျိုး ဖြစ်နိုင်သည့် အလားအလာ ရှိသူများလည်း ရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့တွင် ထိုသို့သော လက်တွေ့ကျသည့် ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ ရှိသောကြောင့် ထိုသို့သောလူများသည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ မကြာခဏ ကျဆင်းပြီး စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်နေကြသနည်း။ မိမိတို့၏ တာဝန်ကို ဤသို့ ဆက်လက် ထမ်းဆောင်နေလျှင် ဤသို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး ပြေးလွှားနေကာ ဤသို့ အမြဲ ပင်ပန်းနွမ်းနယ်နေလျှင် ၎င်းတို့၏ ကျန်းမာရေးက ပိုပိုပြီး ဆိုးရွားလိမ့်မည်လော။ ၎င်းတို့ အသက် ၄၀ သို့မဟုတ် ၅၀ အရွယ်ရောက်သည့်အခါ မိမိတို့ အိပ်ရာများတွင် လှဲနေကြရမည်လောဟူသည်ကို ၎င်းတို့ စိုးရိမ်ကြသည်။ ဤစိုးရိမ်မှုများ ခိုင်လုံသလော။ ဤအရာကို ကိုင်တွယ်ဖြေရှင်းသည့် ခိုင်မာသော နည်းလမ်းတစ်ခုကို တစ်ဦးတလေက ပေးလိမ့်မည်လော။ ဤအတွက် အဘယ်သူသည် တာဝန်ယူလိမ့်မည်နည်း။ အဘယ်သူ တာဝန်ရှိလိမ့်မည်နည်း။ နုံချာသည့် ကျန်းမာရေးရှိသူများနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများသည် ထိုသို့သော အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ကာ စိုးရိမ်ကြလေသည်။ နာမကျန်းမှုတစ်ခု ရှိသည့်လူများသည် ‘အို ငါ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ငါစိတ်ပိုင်းဖြတ်ထားသော်လည်း ဤနာမကျန်းမှု ငါ ရလေပြီ။ အန္တရာယ်မှ ကွယ်ကာရန် ဘုရားသခင်ကို ငါတောင်းလျှောက်ပြီး ဘုရားသခင်၏ ကွယ်ကာမှုဖြင့် ငါစိုးရွံ့ရန် မလိုပါ။ သို့သော် ငါ၏ တာဝန်များကို ထမ်းဆောင်နေချိန် ငါ ခြေကုန်လက်ပန်း ကျသွားသည့်အခါ ငါ၏ ရောဂါ ပြန်ထလိမ့်မည်လား။ ငါ၏ ရောဂါ အမှန်တကယ် ထလာခဲ့လျှင် မည်သည့်အရာကို ငါ လုပ်ရမည်နည်း။ ခွဲစိတ်မှုခံရန် ဆေးရုံတက်ဖို့ ငါ လိုအပ်ပါက ထိုအတွက် ပေးရမည့် ငွေ ငါ့မှာမရှိပါ။ ထို့ကြောင့် ငါ၏ ကုသမှုအတွက် ပေးဖို့ ငွေမချေးလျှင် ငါ၏ ရောဂါ သာ၍ပင် ဆိုးသွားလိမ့်မည်လော။ တကယ်ကို ဆိုးလာလျှင် ငါသေလိမ့်မည်လော။ ထိုသို့သော သေခြင်းကို ပုံမှန်သေခြင်းတစ်ခုအဖြစ် မှတ်ယူနိုင်မည်လော။ ငါ အမှန် သေဆုံးလျှင် ငါ ထမ်းဆောင်ပြီးဖြစ်သည့် တာဝန်များကို ဘုရားသခင် အောက်မေ့လိမ့်မည်လော။ ကောင်းမှုများ လုပ်ဆောင်ပြီးဖြစ်သည်ဟု ငါ မှတ်ယူခံရလိမ့်မည်လော။ ငါသည် ကယ်တင်ခြင်းကို ရရှိမည်လော’ဟု မကြာခဏ စဉ်းစားကြသည်။ ၎င်းတို့ နေမကောင်းကြောင်း သိကြသူအချို့လည်း ရှိ၏။ ဆိုလိုသည်မှာ ၎င်းတို့တွင် တကယ် နာမကျန်းဖြစ်ခြင်း အချို့ သို့မဟုတ် အခြားတစ်ခု၊ ဥပမာအားဖြင့် အစာအိမ်ရောဂါများ၊ ခါးနှင့် ခြေထောက် နာကျင်ကိုက်ခဲမှု၊ အဆစ်ရောင်နာရောဂါ၊ ဒူလာရောဂါအပြင် အရေပြားရောဂါများ၊ မီးယပ်ရောဂါများ၊ အသည်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စသည်တို့ ရှိကြသည်ကို ၎င်းတို့ သိကြသည်။ ၎င်းတို့က ‘ငါ၏ တာဝန်ကို ဆက်ထမ်းဆောင်လျှင် ငါ၏ နာမကျန်းဖြစ်ခြင်းအတွက် ကုသစရိတ်ကို ဘုရားအိမ်တော်က ပေးလိမ့်မည်လော။ ငါ၏ နာမကျန်းမှုက ပိုဆိုးသွားပြီး ငါ့တာဝန် ထမ်းဆောင်ခြင်းကို ထိခိုက်လျှင် ဘုရားသခင်က ငါ့ကို ကုသပျောက်ကင်းစေလိမ့်မည်လော။ အခြားလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကုသပျောက်ကင်းသွားကြပြီး ဖြစ်သောကြောင့် ငါလည်း ကုသပျောက်ကင်းမည်လော။ အခြားသူများကို ဘုရားသခင်က သနားကြင်နာမှု ပြသကဲ့သို့ပင် ငါ့ကိုလည်း သူကုသပျောက်ကင်းစေမည်လော။ ငါ၏ တာဝန်ကို ငါသစ္စာစောင့်သိစွာ ထမ်းဆောင်လျှင် ဘုရားသခင်က ငါ့ကို အနာငြိမ်းစေသင့်သော်လည်း ဘုရားသခင် ငါ့ကို အနာငြိမ်းစေဖို့ ငါ ဆန္ဒရှိရုံသာဖြစ်ပြီး သူက အနာမငြိမ်းစေပါက မည်သည့်အရာကို ငါ လုပ်ရမည်နည်း’ဟု တွေးကြသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားသည့်အခါတိုင်းတွင် ၎င်းတို့၏ စိတ်နှလုံးများ၌ နက်နဲသည့် ပူပန်သောကတစ်ခု ထွက်ပေါ်နေသည်ကို ခံစားကြရသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မည်သည့်အခါတွင်မျှ ၎င်းတို့ ရပ်တန့်ခြင်း မရှိကြသကဲ့သို့ လုပ်သင့်သည့်အရာကို အမြဲ လုပ်ကြသော်လည်း မိမိတို့၏ နာမကျန်းမှု၊ မိမိတို့၏ ကျန်းမာရေး၊ အနာဂတ်အကြောင်းနှင့် မိမိတို့၏ အသက်တာနှင့် သေခြင်းတို့အကြောင်း စဉ်ဆက်မပြတ် စဉ်းစားနေကြသည်။ နောက်ဆုံးတွင် ‘ဘုရားသခင်က ငါ့ကို အနာငြိမ်းစေလိမ့်မည်၊ ဘုရားသခင်က ငါ့ကို ဘေးကင်းလုံခြုံစေလိမ့်မည်။ ငါ့ကို ဘုရား စွန့်ပစ်မည် မဟုတ်သကဲ့သို့ ငါ နေမကောင်းဖြစ်သည်ကို မြင်လျှင် ဘုရားသခင်က ရပ်နေပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေမည်မဟုတ်’ဟု ဆန္ဒရှိစွာ တွေးတောလျက် ကောက်ချက်ချလိုက်ကြသည်။ ထိုသို့သော အတွေးများအတွက် အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထိုအရာများကို အယူအဆတစ်မျိုးအဖြစ်ပင် ပြော၍ ရနိုင်သည်။ ထိုသို့သော အယူအဆများနှင့် ဤကဲ့သို့သော စိတ်ကူးများဖြင့် လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အခက်အခဲများကို လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့၏ ကျန်းမာရေး၊ နာမကျန်းမှုများနှင့်ပတ်သက်၍ ရေးတေးတေး စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ကြလေသည်။ ဤအရာများအတွက် မည်သူက တာဝန်ယူမည်၊ သို့မဟုတ် ၎င်းတို့အတွက် တစ်ဦးတလေက တာဝန်ယူမည်၊ မယူမည်ကို ၎င်းတို့ လုံးဝ မသိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားသခင်က ကျွန်မရဲ့ အခြေအနေကို အတိအကျ ဖော်ထုတ်ခဲ့တယ်။ ဘုရားသခင်ကို စယုံကြည်တုန်းက ကျွန်မမှာ အသည်းရောင်အသားဝါ ဘီပိုးရှိတယ်ဆိုပြီး ရောဂါသတ်မှတ်ခံခဲ့ရတယ်။ ကုလို့မရဘူးလို့ ဆရာဝန်ပြောပေမဲ့ အံ့ဩစရာက ခြောက်လအကြာမှာ ဘာဆေးကုသမှုမှ မခံယူဘဲ ကျွန်မရောဂါ ပျောက်သွားခဲ့တယ်၊ အဲဒီတော့ ကိုယ့်တာဝန်အတွက် ကျွန်မရဲ့ စိတ်ထက်သန်မှုက ပိုအားကောင်းလာခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မမှာ ပြင်းထန်တဲ့ သွေးတိုးရောဂါရှိတယ်လို့ ရောဂါသတ်မှတ်ခံရပြန်တယ်၊ ပြီးတော့ ကျွန်မ တွေးမိတယ်၊ “ငါ့တာဝန်တွေကို ဇွဲရှိရှိ ဆက်လုပ်နေသရွေ့၊ ဒုက္ခတွေကို ပိုခံပြီး အဖိုးအခ ပိုပေးဆပ်နေသရွေ့ ဘုရားသခင်က ငါ့ကို ကာကွယ်ပေးပြီး ရောဂါပျောက်စေမှာပါ” လို့ပေါ့။ ဒါကြောင့် မိုးရွာရွာ နေပူပူ၊ လေတိုက်တိုက် နှင်းကျကျ၊ ကျွန်မတာဝန်တွေကို ထမ်းဆောင်တာ ဘယ်တော့မှ မရပ်တန့်ခဲ့ဘူး။ ကျွန်မရဲ့ သွေးဖိအားက မြင့်ပဲမြင့်နေတာကို တွေ့လိုက်ရတဲ့အခါ၊ တာဝန်တွေမှာ အလုပ်အလွန်အကျွံလုပ်တာက အခြေအနေကို ပိုဆိုးသွားစေပြီး ရုတ်တရက် သေသွားနိုင်တယ်လို့ စိုးရိမ်လာတယ်။ ဒါကြောင့် ဇာတိပကတိကို ကျွန်မ စအလေးထားလာတယ်။ သွေးတိုးကျစေမယ့် ဆေးနည်းအကြောင်း ကြားမိတိုင်း စမ်းကြည့်ဖို့ နည်းလမ်းရှာတော့တာပဲ။ ကျွန်မရဲ့ စိတ်နှလုံးက ရောဂါရဲ့လွှမ်းမိုးတာ ခံလာရတယ်။ ကိုယ့်တာဝန်တွေကို ဆက်ထမ်းဆောင်ခဲ့ပေမဲ့ အရင်လောက် မတက်ကြွတော့ဘူး။ ပုံနေတဲ့ တရားဟောချက်တွေကို စီစစ်ဖို့ အရေးတကြီး သဘောထားတဲ့စိတ် မရှိတော့သလို၊ အလုပ်ထဲက ပြဿနာတွေကိုလည်း ချက်ချင်း မကိုင်တွယ်ဖြေရှင်းတော့ဘူး။ ကိုယ့်တာဝန်အပေါ်မှာ စိတ်မပါလက်မပါ ဖြစ်လာပြီး တတ်နိုင်သမျှ အချိန်ဆွဲထားလိုက်တယ်၊ အကျိုးဆက်အနေနဲ့ အလုပ်က ဘာရလဒ်မှ မထွက်ခဲ့ဘူး။ ဒီရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို မရှာဖွေခဲ့သလို ဘုရားသခင်ဆီကနေ မခံယူခဲ့ဘူး၊ ပြီးတော့ လူ့ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကိုလည်း အမှန်တကယ် မယုံကြည်ခဲ့ဘူး။ ကျွန်မက ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာအကြောင်းကိုပဲ အမြဲတမ်း တွေးတောပြီး စိတ်သောကတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်နေခဲ့တယ်၊ လွတ်မြောက်သလို မခံစားရဘူး။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို နားလည်ခံစားစေရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ဖွဲ့စည်းခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်နားလည်ခံစားနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်ရတာက ရောဂါဝေဒနာ ကျရောက်လာတဲ့အခါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မတို့ကို ဒီရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်သောကတွေထဲမှာ နစ်မွန်းနေစေဖို့ မဟုတ်ပါဘူး။ အဲဒီအစား ကျွန်မတို့အတွက် သူ့ရဲ့ ရည်ရွယ်ချက်က သူ့ရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့၊ ရောဂါကနေတစ်ဆင့် သင်ခန်းစာတွေ သင်ယူဖို့၊ ကျွန်မတို့ ထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပြန်လည်သုံးသပ်ပြီး သိနားလည်ဖို့၊ သမ္မာတရားကို လိုက်စားပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။ ကျွန်မ သဘောပေါက်လိုက်တာက ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားမလည်ခဲ့ဘူး၊ ဒီရောဂါကို ဖယ်ရှားပစ်ဖို့ပဲ ကျွန်မ တွေးနေခဲ့တယ်ဆိုတာပါပဲ။ လူတချို့ သွေးတိုးကြောင့် သေသွားတယ်လို့ ကြားရတဲ့အခါ ကိုယ့်အတွက်ကို စစီစဉ်ပြီး စိုးရိမ်တွေ ဖြစ်လာခဲ့တယ်။ တာဝန်ထမ်းဆောင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ရုပ်ပိုင်းဆိုင်ရာ အပင်ပန်းမခံချင်ခဲ့တဲ့အပြင်၊ ပုံနေတဲ့ တရားဟောချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့လည်း အရေးတကြီး သဘောထားတဲ့စိတ် မရှိခဲ့ဘူး။ ဇာတိပကတိအတွက်ပဲ စဉ်ဆက်မပြတ် စဉ်းစားပြီး စီစဉ်နေခဲ့တယ်။ ဘုရားသခင်ကိုတောင် အထင်လွဲပြီး ညည်းညူခဲ့တယ်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး နာခံတဲ့သူတစ်ယောက်လို့ ကျွန်မ ဘယ်လို ပြောနိုင်မှာလဲ။ ကောင်းချီးရလိုတဲ့ ကျွန်မရဲ့ ရောနှောတဲ့ ရည်ရွယ်ချက်တွေကို ထုတ်ဖော်ဖို့ ဘုရားသခင်က ဒီရောဂါကို အသုံးပြုခဲ့တာပါ။ ဒါတွေအားလုံးက ကျွန်မကို အချိန်မီ ပြန်လည်သုံးသပ်ပြီး နောင်တရစေဖို့၊ အဆုံးမှာ ကိုယ်တော့်ကို ကျိုးနွံနာခံစေဖို့ ကူညီပေးတာ ဖြစ်ပါတယ်။ ဒီရောဂါက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းဖြစ်တယ်ဆိုတာ အခု ကျွန်မ သဘောပေါက်သွားပါပြီ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ဖြစ်တယ်။ “အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မဆုံးဖြတ်မီတွင် မိမိတို့၏ အလားအလာများ၊ ကောင်းချီးများ ရရှိခြင်း၊ ပန်းတိုင်ကောင်းတစ်ခုအပြင် သရဖူတစ်ခုတို့အပေါ် မျှော်လင့်ချက်များဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပြည့်လျှံလျက် ရှိကြသည်။ ပြီးလျှင် ဤအရာများကို ကြိုးပမ်းရရှိရာတွင် ၎င်းတို့၌ အဆုံးစွန်သော ယုံကြည်ချက်ရှိကြ၏။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ထိုသို့သော ရည်ရွယ်ချက်များနှင့် ပြင်းပြသောဆန္ဒတို့ဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လာကြသည်။ သို့ဖြစ်၍ တာဝန်ကို ၎င်းတို့၏ ထမ်းဆောင်မှုသည် ဘုရားသခင် တောင်းဆိုသော ရိုးသားစစ်မှန်ခြင်း၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ ပါဝင်သလော။ လူတိုင်းသည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်မီတွင် လုံးလုံးလျားလျား အပေးအယူလုပ်ခြင်း စိတ်ဓာတ်တစ်ခု ထားသိုသောကြောင့် ၎င်းတို့၏ စစ်မှန်သော သစ္စာစောင့်သိခြင်း၊ ယုံကြည်ခြင်း သို့မဟုတ် ရိုးသားစစ်မှန်ခြင်းတို့ကို ယခုအခြေအနေတွင် မမြင်နိုင်သေးချေ။ လူတိုင်းက အကျိုးစီးပွားများဖြင့် တွန်းအားပေးခံရသည့်အပြင် မိမိတို့၏ ပြည့်လျှံသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ကြိုတင်သတ်မှတ်ခြင်းကို အခြေပြု၍လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အပေးအယူလုပ်ရန်၊ အလဲအထပ်လုပ်ရန် ဖြစ်၏။ ဤသည်တို့မှာ တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့ သတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ ‘ငါ၏ တာဝန်ကို လုပ်ဆောင်လျှင် ငါသည် ကောင်းချီးများ ရရှိပြီး ခရီးပန်းတိုင်ကောင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးထားသည်ဟု ဘုရား ပြောသည့် ကောင်းချီးများနှင့် အကျိုးအမြတ်များ အားလုံးကို ငါရမှဖြစ်မည်။ ယင်းတို့ကို ငါမရနိုင်လျှင် ဤတာဝန်ကို ငါလုပ်ဆောင်မည် မဟုတ်’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြ၏။ ၎င်းတို့သည် ရိုးသားစစ်မှန်မှုအချို့ အမှန်တကယ် ရှိသည့်ပုံပေါ်သည်။ ယုံကြည်သူအသစ်များနှင့် တာဝန်ကို စတင်ထမ်းဆောင်ခါစသာ ရှိသေးသူများအတွက်မူ ယင်းကို စိတ်အားထက်သန်မှုဟုလည်း ခေါ်ဆိုနိုင်သည်မှာ အမှန်ပင်။ သို့ရာတွင် ဤအရာ၌ စစ်မှန်သော ယုံကြည်မှု၊ သို့မဟုတ် သစ္စာစောင့်သိမှု မရှိပေ။ ထိုစိတ်အားထက်သန်မှု အတိုင်းအတာသာ ရှိ၏။ ယင်းကို ရိုးသားစစ်မှန်မှုဟု ခေါ်၍မရနိုင်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်တို့၌ ရှိသော ဤသဘောထားကို သုံးသပ်ကြည့်ရလျှင် ယင်းမှာ အလုံးစုံ အပေးအယူဆန်ပြီး ကောင်းချီးများ ရရှိခြင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း၊ သရဖူ ရရှိခြင်းနှင့် ဆုလာဘ်များ လက်ခံရရှိခြင်းတို့ကဲ့သို့ အကျိုးအမြတ်များကို ရလိုသည့် ၎င်းတို့၏ အလိုဆန္ဒများဖြင့် ပြည့်နေသည်။ သို့ဖြစ်၍ အပြင်ပန်းတွင် အန္တိခရစ်များစွာတို့သည် နှင်ထုတ်ခြင်းမခံရမီတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကာ သာမန်လူတစ်ဦးထက်ပင် သာ၍ စွန့်လွှတ်ပြီး သာ၍ ဒုက္ခခံစားသည်ဟု ထင်ရသည်။ ၎င်းတို့ အသုံးခံသည့်အရာနှင့် ၎င်းတို့ အဖိုးအခပေးသည့်အရာတို့သည် ပေါလုနှင့်တူညီပြီး ၎င်းတို့ ပြေးလွှားလှုပ်ရှားကြသည်မှာလည်း ပေါလုထက် မနည်းခဲ့ပေ။ ဤသည်မှာ လူတိုင်းမြင်နိုင်သည့်အရာဖြစ်သည်။ ဒုက္ခခံစားပြီး အဖိုးအခပေးရန် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့၏ သန္နိဋ္ဌာန် အရ ၎င်းတို့သည် မည်သည့်အရာမျှ မရရှိခြင်း မဖြစ်အပ်ချေ။ သို့ရာတွင် ဘုရားသခင်သည် လူတစ်ဦးအပေါ် သူ၏ အပြင်ပန်းအပြုအမူအရ ကြည့်ခြင်းမဟုတ်ဘဲ သူ၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထား၊ သူထုတ်ဖော်သည့်အရာနှင့် သူလုပ်ဆောင်သမျှ၏ သဘာဝနှင့် အနှစ်သာရတို့အရ ကြည့်ခြင်းဖြစ်သည်။ လူတို့က အခြားသူများအား ဝေဖန်သုံးသပ်ပြီး ဆက်ဆံသည့်အခါတွင် ထိုလူတို့၏ အပြင်ပန်းအပြုအမူ၊ ထိုသူတို့ မည်မျှဒုက္ခခံစားသည်၊ ပြီးလျှင် မည်သည့်အဖိုးအခကို ပေးသည်တို့အပေါ်တွင်သာ အခြေပြုပြီး ထိုသူတို့သည် မည်သူဖြစ်သည်ကို ဆုံးဖြတ်ကြသည်။ ပြီးလျှင် ဤသည်မှာ ကြီးလေးသော အမှားတစ်ခုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) အန္တိခရစ်တွေက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတဲ့ နည်းလမ်းတစ်ခုအနေနဲ့ သူတို့တာဝန်တွေမှာ စွန့်လွှတ်အနစ်နာခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံကြတယ်၊ အပြန်အလှန်အနေနဲ့ ကောင်းချီးတွေကို ရှာကြတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ရတယ်။ လိုက်စားရမဲ့အရာအပေါ် ကျွန်မရဲ့ အမြင်တွေက အန္တိခရစ်တွေနဲ့ အတူတူပါပဲ။ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားပြီး ကျွန်မတာဝန်ကို ထမ်းဆောင်နေခဲ့တာပါ။ ပြန်လည်သုံးသပ်ကြည့်လိုက်ရင် ဘုရားသခင်ကို စယုံကြည်တုန်းက ဇာတိပကတိ ဘေးကင်းလုံခြုံဖို့၊ ရောဂါနဲ့ ဘေးဒုက္ခကို ရှောင်ရှားဖို့၊ ပြီးတော့ အဆုံးမှာ ကယ်တင်ခံရပြီး နိုင်ငံတော်ထဲ ဝင်ရောက်ဖို့အတွက် ကျွန်မ တာဝန်ထမ်းဆောင်ခဲ့တာပါ။ အသည်းရောင်အသားဝါ ဘီပိုး သယ်ဆောင်သူလို့ ရောဂါသတ်မှတ်ခံရပြီး ဘာဆေးကုသမှုမှ မပါဘဲ အခြေအနေ သက်သာလာတုန်းက ကိုယ့်တာဝန်တွေအတွက် စိတ်အားထက်သန်မှု တိုးလာခဲ့တယ်၊ နေ့တိုင်း ပင်ပင်ပန်းပန်း လုပ်ရတာကို မမောဘူး။ နောက်ပိုင်းမှာ သွေးတိုးရှိတယ်လို့ ရောဂါသတ်မှတ်ခံရတဲ့အခါ အခြေအနေ ပိုဆိုးလာပြီး လေဖြတ်သွားမှာ စိုးရိမ်လို့ ကိုယ့်တာဝန်တွေအတွက် စိတ်အားထက်သန်မှု လျော့နည်းသွားခဲ့တယ်။ သွေးဖိအား မကျတဲ့အခါ ဘုရားသခင်ကို စအထင်လွဲပြီး ညည်းညူခဲ့တယ်။ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ပြီး ကိုယ့်တာဝန်အတွက် မိသားစုနဲ့ အသက်မွေးအလုပ်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ ဘုရားသခင်က ကျွန်မကို ဘေးကင်းအောင်ထားပြီး ရေဂါနဲ့ ကပ်ဘေးတွေ ကင်းဝေးစေသင့်တယ်လို့ ကျွန်မ တွေးခဲ့မိတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ ကျွန်မ နေမကောင်းဖြစ်လာတော့ ဘုရားသခင်ကို ကျိုးကြောင်းပြပြောဆိုပြီး အတိုက်အခံလုပ်လာခဲ့တယ်၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ချင်စိတ်တောင် ပျောက်ဆုံးသွားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ပြန်သတိရလိုက်တယ်။ “ငါသည် တစ်လျှောက်လုံး လူသားကို တင်းကျပ်သော စံနှုန်းတစ်ခု သတ်မှတ်ထားပြီးဖြစ်သည်။ အကယ်၍ သင်၏ သစ္စာစောင့်သိမှုသည် ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များဖြင့် လာပါက၊...သင်၏ သစ္စာစောင့်သိမှုဟု ခေါ်သောအရာမရှိဘဲသာ နေလိုက်ချင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အမှန်တကယ် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဖြစ်သလော) ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းတယ်၊ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ တာဝန်ထမ်းဆောင်တဲ့ လူတွေကို သူ မုန်းတယ်။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ နောက်ကွယ်က ရည်ရွယ်ချက်တွေနဲ့ပဲ တာဝန်ကို အမြဲ ထမ်းဆောင်ခဲ့တာ။ ကျွန်မက ကိုယ့်ဇာတိပကတိကိုပဲ ထည့်စဉ်းစားခဲ့တယ်၊ ခြေကုန်လက်ပန်းကျသွားရင် ရောဂါအခြေအနေ ပိုဆိုးသွားမယ်၊ ပြီးရင် သေသွားပြီး ကောင်းချီးရဖို့ အခွင့်အရေး ဆုံးရှုံးသွားမယ်ဆိုပြီး ကြောက်ရွံ့နေခဲ့တာ။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ သခင့်အတွက် အလုပ်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံတဲ့အပြင် ဒုက္ခခံခဲ့တဲ့ ပေါလုကို ကျွန်မ သတိရမိတယ်။ သူက ဒါကို အရင်းအနှီးပြုပြီး ဘုရားသခင်ဆီကနေ ဆုလာဘ်တွေနဲ့ ဖြောင့်မတ်ခြင်း သရဖူကို တောင်းဆိုခဲ့တယ်။ သူက အရှက်မရှိဘဲနဲ့တောင် ကြွေးကြောခဲ့တယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုက အဓိကအနေနဲ့ ကောင်းချီးတွေရဖို့ ဘုရားသခင်ကို ယုံကြည်ပြီး အလုပ်လုပ်ခဲ့တာ၊ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို လျှောက်ခဲ့ပြီး၊ အဆုံးမှာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးတာကို ခံခဲ့ရတယ်။ ဘုရားသခင်ကို ယုံကြည်လာတာ ဒီနှစ်တွေအကြာကြီး ရှိပြီဖြစ်ပေမဲ့ ကိုယ်တော့်အကြောင်း ကျွန်မ နားလည်တာ သိပ်နည်းပါသေးတယ်။ ဘုရားသခင်အတွက် ကျွန်မရဲ့ အသုံးခံတာတွေ၊ စွန့်လွှတ်တာတွေကလည်း ကိုယ်တော့်ဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို တောင်းဆိုဖို့ ရည်ရွယ်ချက်နဲ့ပါပဲ။ ကျွန်မက ပေါလုရဲ့ လမ်းကြောင်းအတိုင်း လျှောက်နေတာ မဟုတ်ဘူးလား။ ကျွန်မသာ မပြောင်းလဲရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ရွံရှာပြီး မုန်းတီးတာကို ခံသွားရမှာပဲ။

ကျွန်မ စပြီး ဆင်ခြင်သုံးသပ်မိတယ်။ “ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ ငါ့မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့တဲ့အတွက် ဘုရားသခင်က ငါ့ကို ကောင်းချီးပေးသင့်တယ်လို့ ငါ အမြဲ ယုံကြည်ခဲ့တယ်။ ငါ ဒီလိုမြင်တာ မှန်ရဲ့လား” လို့ပေါ့။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ဖြစ်တယ်။ “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်လိုက်ရတာက ကိုယ့်တာဝန်ကို ထမ်းဆောင်တာဟာ ကောင်းချီးရတာ၊ ဒါမှမဟုတ် ကံအကြောင်းမလှတာ ခံစားတာတွေနဲ့ ဆက်စပ်မှုမရှိဘူးဆိုတာပါပဲ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတဲ့အရာ ဖြစ်ပါတယ်၊ ဒါဟာ လူသားအားလုံးရဲ့ တာဝန်ဝတ္တရားပါ။ ဘုရားသခင်ကို စမ်းသပ်ပြီး စျေးစစ်ဖို့ ဒါမှမဟုတ် အပေးအယူလုပ်ဖို့ ကိုယ့်တာဝန်ကို အသုံးမပြုသင့်ဘူး။ သားသမီးတွေက သူတို့မိဘတွေကို သားသမီးဝတ်ကျေပွန်တဲ့အခါ မိဘတွေဆီက အမွေရချင်လို့သက်သက် ဒါကို သူတို့လုပ်တာဆိုရင် သူတို့က သားသမီးဝတ် မကျေပွန်တာပဲ။ ကိုယ့်မိဘတွေကို သားသမီးဝတ်ကျေပွန်တာက ကလေးတစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်ပြီး ဒီကိစ္စမှာ သားသမီးတွေက မိဘနဲ့ အပေးအယူ မလုပ်သင့်ပါဘူး။ ကိုယ့်တာဝန်မှာ ကျွန်မက အများကြီး အားထုတ်ခဲ့တာကြောင့် ဘုရားသခင်က ကျွန်မကို ကာကွယ်ပေးသင့်တယ်၊ ကျွန်မ နေမကောင်းဖြစ်ရင် ကုပေးသင့်တယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဒီလိုနည်းနဲ့ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်တာဟာ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတာ၊ ကိုယ့်ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကိုယ်တော့်ကို ကြိုးကိုင်ဖို့ ကြိုးစားနေတာပါပဲ၊ ပြီးတော့ ဘုရားသခင်ကို လှည့်စားဖို့ ကြိုးစားနေတာပါ။ ကျွန်မလို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့လူက ဘုရားသခင်ရဲ့ ကောင်းချီးပေးတာကို ခံရပြီး နိုင်ငံတော်ထဲ ဝင်ရဖို့ ဘယ်လိုလုပ် မျှော်လင့်နိုင်မှာလဲ။ ကျွန်မက အိမ်မက်မက်နေတာပဲ မဟုတ်လား။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ပါ၊ ကျွန်မရဲ့ အဆုံးသတ်က ကောင်းချီးပဲဖြစ်ဖြစ်၊ ဘေးဒုက္ခပဲဖြစ်ဖြစ်၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံသင့်ပါတယ်။ ဒါကမှ ဆင်ခြင်တုံတရားရှိတဲ့လူရဲ့ အပြုအမူပါ။ ဒါတွေကို သဘောပေါက်ပြီးတဲ့နောက်မှာ၊ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီးအတွက် ဒီလို အခြေအနေမျိုး စီစဉ်ညွှန်ကြားပေးပြီး သမီးရဲ့ယုံကြည်ခြင်းထဲက မသန့်စင်တဲ့ ရည်ရွယ်ချက်တွေကို နားလည်အောင် နှုတ်ကပတ်တော်တွေနဲ့ လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု သမီးရဲ့ ကောင်းချီးရလိုတဲ့ ရည်ရွယ်ချက်တွေကို စွန့်လွှတ်ဖို့ သမီး လိုလားနေပါတယ်။ ရောဂါအခြေအနေ ဘယ်လိုပဲဖြစ်ပါစေ၊ ထွက်သက်ဝင်သက် တစ်ခုကျန်နေသရွေ့ ကိုယ့်တာဝန်ကို စွဲမြဲပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပါမယ်” လို့ပေါ့။

တစ်နေ့ကျတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ဖြစ်တယ်။ “သင့်အနေဖြင့် အကြီးစား နာမကျန်းမှု ကြုံရသည်ဖြစ်စေ၊ အသေးစား နာမကျန်းမှုတစ်ခု ကြုံရသည်ဖြစ်စေ သင်၏ နာမကျန်းမှု ဆိုးရွားသွားသည့် အခိုက်၊ သို့မဟုတ် သေခြင်းကို သင် ရင်ဆိုင်နေရသည့်အခိုက်တွင် အကြောင်းအရာ တစ်ခုကိုသာ သတိရလော့။ သေခြင်းကို မကြောက်နှင့်။ ကင်ဆာနောက်ဆုံးအဆင့်တွင် သင် ရှိနေလျှင်ပင် သင်၏ နာမကျန်းမှုတစ်ခု၏ သေနှုန်းက အလွန်မြင့်လျှင်ပင် သေခြင်းကို မကြောက်နှင့်။ သင်၏ ဆင်းရဲဒုက္ခမည်မျှ ကြီးမားလင့်ကစား သေခြင်းကို ကြောက်ရွံ့ပါက သင်သည် ကျိုးနွံနာခံလိမ့်မည် မဟုတ်။...သင်သေဆုံးသွားနိုင်လောက်အောင် သင်၏ နာမကျန်းမှု အလွန်ဆိုးရွားပြီး ထိုအတွက် နာမကျန်းမှု ကူးစက်ခံရသည့်လူသည် အသက်အရွယ် မည်မျှရှိသည်ဖြစ်စေ သေနှုန်းက မြင့်မားကာ နာမကျန်းမှု ကူးစက်ခံရသည့်အချိန်မှသည် သေဆုံးသည့်အချိန်က အလွန်တိုတောင်းပါက သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို သင် စဉ်းစားသင့်သနည်း။ ‘သေခြင်းကို ငါမကြောက်ရ။ အဆုံးတွင် လူတိုင်း သေရသည်။ သို့သော် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် လူအများစု မလုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်ရန် ဤနာမကျန်းမှုကို ငါ အသုံးပြု၍ရသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည့် အတွေးနှင့် သဘောထားတို့ကို ငါ ရှိသင့်ပြီး သေခြင်းကို ငါမကြောက်ရ’ဟူ၍ ဖြစ်သည်။ သေခြင်းသည် လွယ်၏၊ အသက်ရှင်ခြင်းထက် များစွာ သာ၍ လွယ်ကူ၏။ သင့်အနေဖြင့် ပြင်းထန်သော ဝေဒနာဖြင့် ရှိနိုင်ပြီး ထိုအရာကို သင် သတိမပြုမိဘဲရှိမည်ဖြစ်ကာ သင်၏ မျက်လုံးများကို ပိတ်သည်နှင့် သင်၏ ထွက်သက်ရပ်သွားသည်၊ သင့်ဝိညာဉ်က ကိုယ်ခန္ဓာကို စွန့်ပြီး သင့်ဘဝ အဆုံးသတ်လေသည်။ ဤသည်မှာ သေခြင်း၏ ဖြစ်စဉ်ပင် ဖြစ်သည်။ ဤမျှ ရိုးရှင်းပေသည်။ သေခြင်းကို မကြောက်ရွံ့ခြင်းသည် ခံယူရမည့် သဘောထားတစ်ခု ဖြစ်သည်။ ဤအရာအပြင် သင်၏ နာမကျန်းမှု ဆိုးရွားသွားမည်၊ မဆိုးရွားသွားမည်၊ သို့မဟုတ် သင် ကုသပျောက်ကင်းမရနိုင်ပါက သေဆုံးမည်လော၊ သို့မဟုတ် သင် မသေမချင်း အချိန်မည်မျှကြာလိမ့်မည်၊ သို့မဟုတ် သေမည့်အချိန်ရောက်လာသည့်အခါ မည်သည့်ဝေဒနာ ခံစားရမည်ဆိုသည်တို့ကို သင် မစိုးရိမ်ရ။ ဤအရာများကို သင် မစိုးရိမ်ရပေ။ ဤသည်တို့မှာ သင်စိုးရိမ်သင့်သည့်အရာများ မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် နေ့ရက်ရောက်လာရမည်ဖြစ်ပြီး ထိုနေ့ရက်သည် တစ်နှစ်နှစ်၊ တစ်လလနှင့် ရက်တစ်ရက်ရက်တွင် ရောက်လာရမည် ဖြစ်သည်။ ထိုအရာမှ သင် ပုန်းကွယ်၍ မရနိုင်သကဲ့သို့ မရှောင်ရှားနိုင်ပေ။ ထိုအရာမှာ သင်၏ ကံကြမ္မာ ဖြစ်သည်။ သင်၏ ကံကြမ္မာဟု ခေါ်သောအရာကို ဘုရားသခင်က ကြိုတင်စီမံထားပြီးဖြစ်ကာ သူက စီစဉ်နှင့်ပြီး ဖြစ်သည်။ သင်၏ နှစ်ကာလသက်တမ်းနှင့် သင် သေဆုံးသည့် အသက်အရွယ်နှင့် အချိန်ကာလတို့ကို ဘုရားသခင်က သတ်မှတ်ပြီးသားဖြစ်ပေသည်။ ထို့ကြောင့် သင် မည်သည့်အရာကို စိုးရိမ်နေသနည်း။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ယင်းက မည်သည့်အရာကိုမျှ ပြောင်းလဲစေမည် မဟုတ်။ ထိုအရာနှင့်ပတ်သက်၍ သင်စိုးရိမ်နိုင်သော်လည်း ထိုအရာ မဖြစ်အောင် သင်တား၍မရနိုင်ပေ။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ထိုနေ့ကို ရောက်မလာအောင် သင်မတားနိုင်ပေ။ ထို့ကြောင့် သင်၏ စိုးရိမ်မှုသည် မလိုလားအပ်သကဲ့သို့ ထိုအရာလုပ်ဆောင်သမျှမှာ သင့်နာမကျန်းမှု၏ ဝန်ထုပ်ကို ယခင်ထက် သာ၍ လေးလံစေခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်ရတာက လူတွေဟာ သူတို့ရောဂါနဲ့ပတ်သက်ပြီး မစိုးရိမ်သင့်ဘူး၊ စိတ်သောက မရောက်သင့်ဘူး။ ရောဂါတစ်ခု ပိုဆိုးလာတာ၊ ဒါမှမဟုတ် သေဆုံးသွားတာဟာ လူတစ်ဦးတစ်ယောက်အပေါ် မူတည်တာ မဟုတ်သလို လူ့ရဲ့ ပူပန်မှုကလည်း မဖြေရှင်းပေးနိုင်ဘူး။ လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိပါတယ်။ လူတစ်ယောက် ဘယ်အချိန်၊ ဘယ်အသက်အရွယ်မှာ သေဆုံးမယ်ဆိုတာကို ဘုရားသခင် သတ်မှတ်ထားပြီးပါပြီ။ အချိန်တန်ရင် လူတစ်ယောက်က ဘယ်လောက်ပဲ ကြောက်နေပါစေ သေကိုသေရမှာပါ။ ဒါပေမဲ့ အချိန်မတန်သေးရင် သူသေချင်ရင်တောင် သေလို့မရပါဘူး။ ကျွန်မ အိမ်နီးချင်းက ကောင်မလေးတစ်ယောက်ကို သတိရမိတယ်၊ သူက ၁၈ နှစ်၊ ၁၉ နှစ်လောက်ပဲ ရှိသေးတာ။ ဖျားရုံလေး ဖျားတာ၊ ဆေးထိုးဖို့ ဆေးရုံသွားပြီး အိမ်ပြန်ရောက်တာ တစ်ရက်တောင် မကြာဘူး၊ ဆုံးသွားရှာတယ်။ အသက် ၈၀ အရွယ် အဘွားတစ်ယောက်အကြောင်းကိုလည်း ကျွန်မ သိတယ်၊ တစ်ခါတုန်းက သူ တော်တော်လေး ဖျားတာ။ သူ့အတွက် ခေါင်းတလားတောင် ပြင်ပြီးပြီ၊ ခေါင်းချမယ့် အဝတ်အစားတောင် ဝတ်ပေးပြီးပြီ၊ ဒါပေမဲ့ သူ မသေခဲ့ဘူး။ ဒီအဖြစ်အပျက်တွေကနေ ကျွန်မ မြင်လိုက်ရတာက လူတစ်ဦးချင်းရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဘုရားသခင်က သတ်မှတ်တာဖြစ်ပြီး ရောဂါ၊ ဒါမှမဟုတ် ရောဂါပြင်းထန်မှုနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်မရောဂါ သက်သာလာမလား၊ ဒါမှမဟုတ် သေမလားဆိုတာ ကျွန်မ ထိန်းချုပ်လို့ရတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ ကျွန်မ သေရမယ့်အချိန်ရောက်ရင် ဆင်းရဲဒုက္ခမခံစားရရင်တောင်၊ မပင်ပန်းရင်တောင် သေကိုသေရမှာ၊ အချိန်မတန်သေးရင်တော့ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း လုပ်လုပ် သေမှာမဟုတ်ဘူး။ ကျွန်မက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမှာပါ။

၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ခေါင်းဆောင်တွေက ကျွန်မကို တခြားအသင်းတော်တစ်ခုမှာ တာဝန်ပိုယူဖို့ စီစဉ်ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မရဲ့ သွေးဖိအားက တော်တော်လေး ပုံမှန်ဖြစ်နေပါပြီ၊ ဒါပေမဲ့ ညဉ့်နက်တဲ့အထိ နေရင်တော့ နည်းနည်း တက်တတ်တယ်၊ နည်းနည်းလောက် အနားယူလိုက်ရင် ပြန်ကောင်းသွားရော။ ဒီအသင်းတော်ကို ရောက်တော့ အလုပ်က ဘာမှ ရလဒ်မထွက်တာကို မြင်တော့ ကျွန်မ စိုးရိမ်သောက ဖြစ်လာတယ်၊ ညဉ့်နက်တဲ့အထိ အလုပ်လုပ်ရင် ခေါင်းမူးပြီး သွေးဖိအား တက်လာတတ်တယ်။ ညာဘက်ခြေထောက်ကလည်း အရမ်းကိုက်ပြီး တစ်ခါတလေ ညဘက်ဆို နာလွန်းလို့ အိပ်လို့မရဘူး။ သွေးတိုးကို မထိန်းချုပ်နိုင်ရင် လေဖြတ်နိုင်တယ်၊ ထုံကျင်ကိုက်ခဲပြီး အကြောသေတာတွေတောင် ဖြစ်နိုင်တယ်လို့ ဆရာဝန် ပြောခဲ့တာကို ကျွန်မ သတိရမိတယ်။ ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်တော့ဘူး၊ “ငါ့ခြေထောက် နာတာက အကြောသေတော့မယ့် လက္ခဏာများလား။ ငါ တကယ် အကြောသေသွားရင် ငါ့တာဝန်တွေကို လုံးဝ ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး၊ အဲဒီအခါကျရင် ငါ ဘာအသုံးကျတော့မှာလဲ” လို့ တွေးမိတယ်။ ကျွန်မက ကိုယ့်အနာဂတ်အတွက် ထပ်ပြီး စိုးရိမ်နေမိတယ်ဆိုတာ သဘောပေါက်လိုက်တယ်၊ ဒါကြောင့် မညည်းမိအောင် ထိန်းပေးဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားသခင်ဆီ ကျွန်မ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ အဲဒီနောက်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က ‘ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ ကျွန်ုပ်သည် ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ဖြစ်သည့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ရမည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း လက်တွေ့ကျမှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင် ကျွန်ုပ်သည် မိမိ၏တာဝန်ကို စွဲစွဲမြဲမြဲ ထိန်းသိမ်းရမည်’ ဟု ဆိုနိုင်လျှင် ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဋ္ဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။ ထိုသို့သော အချိန်တစ်ခုတွင် သင်သည် သင့်ကိုယ်သင် ‘ဘုရားသခင်က ကျွန်ုပ်ကို ဤဇီဝအသက်ကို ပေးသည်၊ သူသည် ဤနှစ်များ တစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးကာ ကွယ်ကာပေးပြီးဖြစ်သည်၊ သူသည် ကျွန်ုပ်ထံမှ နာကျင်မှုများစွာ ယူပြီးဖြစ်သည်၊ ကျွန်ုပ်ကို ကျေးဇူးတော်များစွာနှင့် သမ္မာတရားများစွာတို့ကို ပေးပြီးဖြစ်သည်။ ကျွန်ုပ်သည် မျိုးဆက်များကြာအောင် လူများ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများကို နားလည်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် ပြန်လည်ပေးဆပ်ရမည်။ ယခင်က ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည်၊ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ နားမလည်ဘဲ ကျွန်ုပ် ပြုသမျှအရာအားလုံးသည် ဘုရားသခင်ကို နာကျင်စေသည်။ ကျွန်ုပ်သည် အနာဂတ်တွင် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့ နောက်ထပ် အခွင့်အရေး ရှိနိုင်မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးခြင်းသည် အချည်းနှီးမဖြစ်ဘဲ အကျိုးဖြစ်ထွန်းပြီးဖြစ်သည်ကို ဘုရားသခင် တွေ့မြင်နိုင်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်ဖို့ အချိန်မည်မျှ ကျန်ပါစေ ကျွန်ုပ်၌ရှိသည့် အနည်းငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ပြီး ဘုရားသခင်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရမည်။ ဘုရားသခင်ကို နှစ်သိမ့်မှု ဆောင်ကြဉ်းပေးပါရစေ၊ ပြီးလျှင် သူ့ကို မနာကျင်စေတော့သကဲ့သို့ စိတ်မပျက်စေတော့ပေ’ ဟု တွေးလိမ့်မည်။ ဤနည်းလမ်းဖြင့် တွေးတောခြင်းကရော အဘယ်သို့ ရှိသနည်း။ ‘ဤရောဂါက မည်သည့်အချိန်တွင် ပျောက်မည်နည်း။ ပျောက်သည့်အချိန်တွင် ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ပြီး သစ္စာစောင့်သိမည်။ ကျွန်ုပ်သည် မကျန်းမာသည့်အခါတွင် မည်သို့ သစ္စာစောင့်သိနိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။’ ဟု တွေးလျက် သင့်ကိုယ်သင် မည်သို့ကယ်တင်ဖို့၊ သို့မဟုတ် လွတ်မြောက်ဖို့ မတွေးလေနှင့်။ သင်၌ ထွက်သက် တစ်ခုရှိသမျှ ကာလပတ်လုံး သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသလော။ သင်သည် ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး ဘုရားသခင်ကို အရှက်မရစေအောင် လုပ်နိုင်စွမ်းရှိသလော။ သင်၌ ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး သင်၏စိတ်သည် ကြည်လင်သမျှကာလပတ်လုံး သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူနိုင်စွမ်း ရှိသလော။ (ရှိပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်းအားဖြင့်သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်ရတာက ကျွန်မဟာ သေးနုပ်တဲ့ ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ဖန်ဆင်းရှင်ရှေ့မှာ တောင်းဆိုတာတွေ မလုပ်သင့်ဘူးဆိုတာနဲ့ ကိုယ့်နေရာမှန်မှာ ရပ်တည်ပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်ဆိုတာပါပဲ။ ဒါဟာ ကျွန်မမှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပါ။ ဘုရားသခင်က ကျွန်မကို အသက်ပေးထားပြီး ဒီနေ့အထိ ရှင်သန်ခွင့် ပေးထားတယ်၊ ပြီးတော့ ကျွန်မကို ရေလောင်းပြီး ထောက်ပံ့ပေးဖို့ နှုတ်ကပတ်တော်တွေ အများကြီး ပြောခဲ့တယ်၊ သမ္မာတရားတချို့ကို နားလည်စေခဲ့တယ်။ အခု ဒီရောဂါကနေတစ်ဆင့် ကျွန်မအတွင်းမှာရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကောင်းချီးရလိုတဲ့ ရည်ရွယ်ချက်တွေကို ဘုရားသခင်က ထုတ်ဖော်ပြနေတာပါ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သိဖို့၊ ကိုယ်တော်က နှုတ်ကပတ်တော်တွေကို အသုံးပြုပြီး လမ်းပြနေတာပါ၊ အဲဒီလိုနဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲပြီး သန့်စင်စေဖို့အတွက်ပေါ့။ ဒါဟာ ဘုရားသခင်ဆီက ကောင်းချီးပါပဲ။ အခု ကျွန်မ တာဝန်တွေကို လုပ်နိုင်သေးတယ်၊ ဒါကြောင့် အဲဒါတွေကို ဘယ်လို ကောင်းကောင်းလုပ်မလဲဆိုတာကိုပဲ ကျွန်မ စဉ်းစားသင့်တယ်၊ ရောဂါအခြေအနေ ဘယ်လိုပဲ ဖြစ်လာပါစေ၊ ပိုဆိုးလာမလား၊ ဒါမှမဟုတ် အကြောသေသွားမလားဆိုတာတွေကို ထည့်မတွက်ဘဲ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံရမယ်။ ကျွန်မ ဘုရားသခင်ရှေ့မှောက်ကို သွားပြီး ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီးကိုယ်သမီး ကိုယ်တော့်ဆီ လုံးလုံး အပ်နှံပါတယ်။ ထွက်သက်ဝင်သက် တစ်ခုကျန်နေသရွေ့၊ နောက်ထပ် တစ်ရက် ရှင်သန်နိုင်သရွေ့ ကိုယ့်တာဝန်တွေကို စွဲစွဲမြဲမြဲ ထမ်းဆောင်ပါ့မယ်” လို့ပေါ့။ ရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာတွေ၊ ဗျာများနေတာတွေကို ရပ်လိုက်တဲ့အခါ ကျွန်မ ပိုသက်တောင့်သက်သာဖြစ်ပြီး လွတ်မြောက်သလို ခံစားရတယ်။ တစ်ခါတလေ သွေးဖိအား တက်သေးပေမဲ့ ထိန်းဖို့အတွက် ကျွန်မ ဆေးသောက်တယ်၊ ခြေထောက်ကိုက်ရင် ဆေးဖက်ဝင် အရက်ပြန်တစ်မျိုး လိမ်းလိုက်တယ်၊ အချိန်ရရင် လေ့ကျင့်ခန်း လုပ်တယ်။ ဒီအရာတွေထဲက တစ်ခုကမှ ကိုယ့်တာဝန် ထမ်းဆောင်နိုင်စွမ်းအပေါ် မထိခိုက်ပါဘူး။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နာမကျန်းဖြစ်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာများအတွက် ကျွန်တော်၏ရည်ရွယ်ချက်များ ထုတ်ဖော်ခြင်းခံရပေ

ကျန်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက်...

နာမကျန်းမှုနှင့်ပတ်သက်သော စိုးရိမ်ပူပန်ခြင်းမှ ကျွန်မ ရုန်းထွက်လာခဲ့ပြီ

ရှောင်ရှီး တရုတ်ပြည်၂၀၂၂ ခုနှစ်၊ ဇွန်လမှာ အနီးအနားက အသင်းတော်တော်တော်များများ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝင်ရောက်စီးနင်းတာကို ခံခဲ့ရတယ်။...

ကျွန်တော့်လက်တွဲဖော် ဆုံးပါးသွားသည့်နောက်

ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ၂၀၀၇ ခုနှစ် ဆောင်းဦးပေါက်မှာ ရှေ့ဆင့်နောက်ဆင့် လက်ခံခဲ့ကြတာပါ။...

ကျွန်မရဲ့ တာဝန်မှာ တာဝန်ထမ်းရွက်ဖို့ ဘာကြောင့် ကြောက်ရွံ့သလဲ

ယီရွှိန်၊ ဂျပန်နိုင်ငံအရင်က ကျွန်မ အသင်းတော်မှာ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူခဲ့ဖူးတယ်။ တစ်နေ့မှာ ကျွန်မတို့ ခေါင်းဆောင်က ကျွန်မဆီလာပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။