မိမိ၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်မစစ်မှန်ခဲ့ပါ
ကျွန်မမိသားစုက အမြဲ တော်တော် ဆင်းရဲခဲ့တယ်၊ ငွေကြေး အရမ်းမကျပ်တည်းအောင်လို့ ဘဏ်အမှုဆောင်တစ်ယောက်ဖြစ်ဖို့၊ လူ့အဖွဲ့အစည်းမှာ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၀ ခုနှစ်မှာ ကျွန်တော့်ဇနီးက ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်တော့်ကို ဟောပြောခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်မှန်း၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ ကိုယ်တော်က သမ္မာတရားကို ဖော်ပြနေမှန်း ကျွန်တော်သိလာရတယ်။ ကျွန်တော် အရမ်းကို ဝမ်းသာသွားပြီး ကိုယ့်ဘာသာ တွေးမိတယ်၊ “အခုချိန်ကစပြီး ဘုရားသခင်ကို စိတ်ထက်ထက်သန်သန် ယုံကြည်ပြီး လိုက်လျှောက်ရမယ်။ နောင်ကျရင် ဘုရားသခင်ရဲ့ ကောင်းချီးတွေနဲ့ ကယ်တင်ခြင်းကိုသာ ရနိုင်မယ်ဆိုရင် တကယ်ကို ကောင်းချီးမင်္ဂလာ ခံစားလိုက်ရမယ့်ဖြစ်ခြင်း” လို့ပေါ့။ နည်းနည်းကြာတော့ ကျွန်တော်ဟာ အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ရေစလောင်းပေးခဲ့ပြီး နောက်ပိုင်းမှာ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ နေ့တိုင်း အသင်းတော်ရဲ့ အလုပ်ကိစ္စအမျိုးမျိုးကို ကိုင်တွယ်ရင်း အလုပ်များနေခဲ့တယ်၊ ကျွန်တော်ဟာ တကယ်ကို ပျော်ရွှင်နေခဲ့တယ်၊ ဒီလိုနည်းနဲ့သာ ကိုယ့်တာဝန်ဆက်ထမ်းဆောင်နေသရွေ့ ကျွန်တော်ဟာ ကယ်တင်ခြင်းကို သေချာပေါက် ရရှိမှာပဲလို့ တွေးရင်းပေါ့။ ကိုယ့်တာဝန်မှာ အချိန်ပြည့်မြှုပ်နှံဖို့အတွက် ကျွန်တော်ဟာ အကျိုးအမြတ်များတဲ့ ကိုယ့်သစ်လုပ်ငန်းကို ဆွေမျိုးတစ်ယောက်ဆီ လွှဲပေးခဲ့တယ်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ မြင်လွှာကွာတဲ့အတွက် ကျွန်တော့်ရဲ့ ဘယ်ဘက်မျက်လုံးကို ခွဲစိတ်ခဲ့ရပေမဲ့ ခွဲစိတ်မှုက မအောင်မြင်ခဲ့ဘူး၊ ဒါကြောင့် ကျွန်တော့်အမြင်အာရုံက ၀.၁ ပဲရှိတော့တယ်။ စာလုံးတွေကိုတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘဲ ညာဘက်မျက်လုံးတစ်ဖက်တည်းနဲ့ပဲ ကြည့်ရတော့တယ်။ အစကတော့ ခဏကြာရင် နောက်တစ်ခါ ထပ်ခွဲစိတ်ဖို့ စီစဉ်ထားပေမဲ့ ဇွန်လမှာ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် စီစီပီရဲတွေက ကျွန်တော်တို့ကို နေရာတကာမှာ ဖမ်းဆီးဖို့ ကြိုးစားတော့တာနဲ့ ကျွန်တော်နဲ့ဇနီးလည်း တခြားဒေသကို ထွက်ပြေးခဲ့ရပြီး ဆေးရုံသွားပြီး မကုရဲတော့ဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်လုပ်နိုင်တာဆိုလို့ အိမ်မှာနေပြီး စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ပဲရှိတယ်၊ ဒါပေမဲ့ ကွန်ပျူတာကို အကြာကြီးကြည့်တဲ့အခါတိုင်း ကျွန်တော့်အမြင်အာရုံက ဝါးလာပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ တော်တော်လေး ခက်ခဲနေတာကို တွေ့ရတယ်။ ကိုယ့်ဘေးနားက ညီအစ်ကိုမောင်နှမတွေရဲ့ မျက်စိတွေက တော်တော်ကောင်းနေတာကိုမြင်တော့ ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒီနှစ်တွေအတွင်းမှာ ငါ့စီးပွားရေးကို ငါစွန့်လွှတ်ပြီး အသင်းတော်မှာ ကိုယ့်တာဝန်ထမ်းဆောင်နေခဲ့တာ၊ ဒီတော့ ငါ့ကျမှ မျက်စိရောဂါ ဘာဖြစ်လို့ဖြစ်ရတာလဲ။ ငါ့ညာဘက်မျက်လုံးကလည်း အရင်က ခွဲစိတ်ထားရတာ၊ အဲဒီမျက်လုံးပါ တစ်ခုခုဖြစ်သွားရင် ဘာတာဝန်များ ထမ်းဆောင်နိုင်တော့မှာလဲ။ ကိုယ့်တာဝန်မထမ်းဆောင်ရင် ဘယ်လိုလုပ် ကယ်တင်ခြင်းခံရမှာလဲ” ပေါ့။ ကျွန်တော် ဆေးရုံကို စွန့်စွန့်စားစား သွားကုချင်ပေမဲ့ စီစီပီက ဖမ်းတာခံရမှာ ကြောက်လို့ မသွားရဲခဲ့ဘူး။ ညီအစ်ကိုမောင်နှမတချို့ နေမကောင်းဖြစ်ပြီးနောက်မှာ သူတို့တာဝန်ကို ဇွဲရှိရှိ ထမ်းဆောင်ရင်း နောက်ပိုင်းမှာ လုံးဝ ပြန်ကောင်းသွားကြတာကို ကျွန်တော် တွေးမိတယ်။ ကျွန်တော်သာ ကိုယ့်တာဝန်မှာ ဇွဲရှိရှိ ဆက်ထမ်းဆောင်နေရင် ဘုရားသခင်က ကျွန်တော့်ကိုလည်း သနားကရုဏာထားပြီး ရောဂါကို ကုပေးမှာ မဟုတ်ဘူးလား။ တစ်နေ့နေ့မှာ ကျွန်တော့်မျက်စိလည်း ပြန်ကောင်းသွားနိုင်တာပဲ မဟုတ်လား။ ဒီလိုနဲ့ပဲ ကျွန်တော့်တာဝန်ကို ဆက်ပြီး ထမ်းဆောင်ခဲ့တယ်။
၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ကျွန်တော့်ရဲ့ ညာဘက်မျက်လုံးက ရုတ်တရက် ဖူးရောင်ပြီး နာကျင်လာတယ်၊ ခေါင်းမူးပြီး ပျို့အန်ချင်သလို ဖြစ်လာတယ်။ ခဏတာ ဘာကိုမှ မမြင်ရတော့ဘူး။ ခဏကြာတော့ ကိုယ့်ရှေ့မှာ လှုပ်ရှားနေတဲ့ လူရိပ်တွေကို ရိုးတိုးရိပ်တိပ်ပဲ မြင်နိုင်တော့တယ်၊ ဒါပေမဲ့ ကိုယ်သွားနေတဲ့နေရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ကျွန်တော် ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားပြီး တွေးမိတယ်၊ “ဘာတွေဖြစ်နေတာလဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ငါ့ညာဘက်မျက်လုံးကို မြင်လွှာကွာလို့ ခွဲစိတ်ခဲ့ရတယ်။ ဒါက ရောဂါဟောင်း ပြန်ထတာလား။ ဒါဟာ ဆိုးတာပဲ။ ငါ့ဘယ်ဘက်မျက်လုံးကလည်း မကောင်းသေးဘူး၊ အခု ညာဘက်မျက်လုံးနဲ့ပါ မမြင်ရတော့ဘူး။ မျက်စိနှစ်ဖက်လုံး ကွယ်သွားရင် ဘာတာဝန်မှ ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ အလုပ်က ပြီးဆုံးတော့မှာဖြစ်ပြီး ဒီလို အရေးကြီးတဲ့အချိန်မှာ မျက်စိမမြင်ရရင် အသုံးမကျတဲ့သူ ဖြစ်သွားမှာ မဟုတ်ဘူးလား။ ငါ ဖယ်ရှားရှင်းလင်းခံရမှာလား” ပေါ့။ ကျွန်တော် အရမ်းစိုးရိမ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ နောက်တော့ ကျွန်တော့်ရဲ့ ညာဘက်မျက်လုံးက စပ်ဖျဉ်းဖျဉ်းနဲ့ တစ်ချက်တစ်ချက် စူးအောင့်လာတယ်၊ ခေါင်းကလည်း တကယ်ကိုကိုက်ပြီး ဆက်တိုက် ပျို့အန်ချင်နေတယ်။ တခြားနည်းလမ်းမရှိတော့တာနဲ့ ဆေးရုံကို စွန့်စွန့်စားစား သွားစစ်ဆေးလိုက်တယ်။ ဆရာဝန်က ကျွန်တော့်မှာ ရေတိမ်ရောဂါတစ်မျိုး ဖြစ်နေတယ်၊ ဒါကြောင့် မျက်လုံးဖိအားကတက်၊ မျက်ဆံကကျယ်ပြီး မျက်လုံးထဲမှာ သွေးကြောတွေတော်တော်လေး ယောင်ယမ်းနေတယ်တဲ့။ သူက ကျွန်တော့်အမြင်အာရုံဝါးတာက အစက်အပြောက်တွေ မြင်နေရတာမျိုး ဒါမှမဟုတ် မျက်တွင်းမှန်နေရာလွဲတာမျိုးကြောင့် ဖြစ်နိုင်တယ်လို့ ပြောတယ်။ ချက်ချင်းဆေးရုံတက်ဖို့ လိုတယ်၊ မဟုတ်ရင် ညာဘက်မျက်လုံး ကွယ်သွားနိုင်တယ်လို့ သူကပြောတယ်။ ဒီအကြောင်းကို ကြားလိုက်ရတော့ ကျွန်တော်တွေးမိတယ်၊ “ငါတော့ သွားပြီ။ ငါ့ဘယ်ဘက်မျက်လုံးက အမြင်မကောင်းဘူး၊ ညာဘက်မျက်လုံးနဲ့ပါ မမြင်ရတော့ရင် တကယ်ကန်းသွားမှာ မဟုတ်ဘူးလား။ တာဝန်ထမ်းဆောင်ဖို့ဆိုတာ ထားလိုက်ဦး၊ နေ့စဉ်ဘဝကို စီမံကိုင်တွယ်ဖို့တောင် ပြဿနာဖြစ်လာမှာ။ အဲဒီအခါကျရင် ဘယ်လိုလုပ်မလဲ။ ဒီနှစ်တွေမှာ ငါက အသင်းတော်မှာ ကိုယ့်တာဝန်ကို အချိန်ပြည့် ထမ်းဆောင်နေခဲ့တာ၊ ဘယ်လိုလုပ် ဒီလိုရောဂါမျိုး ဖြစ်ရတာလဲ။ ခါးနာတာ ခြေထောက်နာတာမျိုးဆိုရင် တော်သေးတယ်၊ အနည်းဆုံးတော့ ကိုယ့်တာဝန်ကို မထိခိုက်ဘူးလေ။ ဒါပေမဲ့ မျက်စိမမြင်ရလို့ တာဝန်မထမ်းဆောင်နိုင်တော့ရင် အသုံးမကျတဲ့သူ ဖြစ်သွားမှာ မဟုတ်ဘူးလား။ ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် ကယ်တင်ခြင်းခံရဦးမှာလဲ” ပေါ့။ ကျွန်တော် ဒီအကြောင်းကို တွေးလေလေ၊ ပိုပြီးစိတ်ဓာတ်ကျလေလေပဲ။ ကျွန်တော် ဆေးရုံမှာ သုံးရက်တက်ခဲ့ပြီး ဆရာဝန်က နည်းအမျိုးမျိုးနဲ့ ကုသပေးပေမဲ့ ကျွန်တော့်မျက်လုံးဖိအားက အတက်အကျ မမှန်ဘူးဖြစ်နေတယ်။ ကျွန်တော့်မျက်ဆံက ပုံမှန်အနေအထားကို ပြန်မရောက်နိုင်ဘဲ နှစ်ထပ်တွေ မြင်နေရတယ်၊ အနီးရော၊ အဝေးပါ ထည့်ထားတဲ့ ဒီဂရီ ၂၀၀၀ လောက်မျက်မှန် တပ်ထားသလိုပဲ။ ကျွန်တော့်အမြင်အာရုံက ၀.၀၄ ပဲရှိတော့တယ်။ ဆရာဝန်က လောလောဆယ်မှာ ထိရောက်တဲ့ ကုသနည်းမရှိသေးဘူး၊ တစ်ခုတည်းသော ရွေးချယ်စရာက အပ်နဲ့စုပ်ထုတ်တဲ့ ခွဲစိတ်မှုကို အရင်လုပ်ကြည့်ဖို့ပဲတဲ့။ ဒီလိုလုပ်မှ မျက်လုံးဖိအားကျမကျ ကြည့်နိုင်မယ်၊ မျက်တွင်းမှန်အခြေအနေကို စစ်ဆေးပြီး ဒုတိယအကြိမ်ခွဲစိတ်မှု လုပ်မလုပ် ဆုံးဖြတ်နိုင်မယ်လို့ ပြောတယ်။ ဒီစကားကိုကြားတော့ ကျွန်တော့်စိတ်တွေ တစ်ခါတည်း ထိုးကျသွားပြီး အိပ်ရာပေါ်မှာလှဲရင်း စိတ်ထဲမှာ လျှောက်တွေးနေမိတယ်၊ “စီစီပီက ငါ့ကို ဒီလောက်နှစ်တွေအကြာကြီး လိုက်ဖမ်းနေတာ၊ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ ငါ့စီးပွားရေးကိုလည်း စွန့်လွှတ်ခဲ့တယ်။ မျက်လုံးက တစ်ဖက်တည်းပဲ ကောင်းတာတောင် ငါ့တာဝန်ကို ဆက်လုပ်ခဲ့တယ်၊ ငါ့တာဝန်မှာ အသီးအပွင့်တချို့လည်း ရှိခဲ့တာပဲ၊ ဒီတော့ ဘုရားသခင်က ဘာလို့ငါ့ကို မကာကွယ်ပေးရတာလဲ။ ငါပေးဆပ်ခဲ့တဲ့ အဖိုးအခနဲ့ အသုံးခံခဲ့တာတွေ မလုံလောက်သေးလို့များလား” ပေါ့။ အယူဝါဒသဘောအရတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်မှန်း ကျွန်တော်သိပေမဲ့ စိတ်ထဲမှာတော့ ဘုရားသခင်က ကျွန်တော့်မျက်စိကို ကုသပေးဖို့ မျှော်လင့်နေတုန်းပဲ။ အံ့ဖွယ်အမှုတစ်ခုသာ ဖြစ်လာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ နောက်ပိုင်းမှာ၊ ကျွန်တော့်ဘေးကုတင်က လူနာတစ်ယောက်ကို ကျွန်တော်တွေ့လိုက်တယ်။ သူက မြင်လွှာကွာလို့ ခွဲစိတ်ထားတာ၊ ဒါပေမဲ့ ခွဲစိတ်ပြီးနောက်မှာ သူ့မျက်လုံးဖိအားက မြင့်နေတုန်းပဲ။ သူ့မျက်စိနှစ်ဖက်လုံးက ကွယ်လုနီးပါးဖြစ်နေပြီး လမ်းလျှောက်ရင်တောင် သူ့ဇနီးရဲ့ပခုံးကိုကိုင်ပြီး ဖြည်းဖြည်းချင်း လျှောက်နေရတယ်၊ သူ့အတွက် ကောင်းသွားဖို့ မျှော်လင့်ချက်က ပျောက်နေပြီးသား။ ဒါကိုမြင်တော့ ကျွန်တော်လည်း သူ့လိုဖြစ်သွားမလားဆိုပြီး ထပ်ပြီးစိုးရိမ်လာတယ်။ ရေတိမ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံဆုံးရှုံးမှုက ပြန်ပြင်လို့မရတော့ဘူး၊ ပြီးတော့ ဒီရောဂါက လက်ရှိမှာ ပျောက်ကင်းအောင်ကုသလို့မရသေးဘူးလို့ အင်တာနက်မှာ ရေးထားတဲ့အကြောင်း ကျွန်တော့်ကလေးက ပြောပြတယ်။ ဒါကိုကြားတော့ ကျွန်တော် ပိုပြီးစိတ်မကောင်းဖြစ်၊ ပူဆွေးလာပြီး စပြီးညည်းတွားတော့တယ်၊ “ညီအစ်ကိုမောင်နှမ အများကြီး ရောဂါဝေဒနာ ခံစားရတော့ ဘုရားကုသပေးခဲ့တာပဲ၊ ဘာလို့ ကျွန်တော့်ကိုကျတော့ ဘုရားသခင်က ကျေးဇူးမပြုရတာလဲ” ပေါ့။ ကျွန်တော့်စိတ်နှလုံးထဲမှာ ဘယ်လိုမှ ကျိုးနွံနာခံလို့မရဘဲ ဆုမတောင်းချင်တော့ဘူး။ တစ်နေ့လုံး သက်ပြင်းပဲချနေတယ်၊ ထမင်းလည်းမစားချင်ဘူး၊ ကောင်းကောင်းလည်း အိပ်မပျော်ဘူး။ ရက်ပိုင်းအတွင်းမှာပဲ ပေါင်ချိန်တော်တော်ကျသွားတယ်။ ဒုတိယအကြိမ် ခွဲစိတ်ပြီးနောက်မှာ ဆရာဝန်က ကျွန်တော့်မျက်လုံးထဲကို မျက်တွင်းမှန်အတုတစ်ခု ထည့်ပေးခဲ့တယ်။ ခွဲစိတ်ခန်းထဲက ထွက်လာတဲ့အခါ ကျွန်တော့်မျက်လုံးက တစ်စစ်စစ်နဲ့ ကိုက်နေပြီး ခေါင်းကလည်း တော်တော် ကိုက်တယ်။ ကျွန်တော့်မျက်လုံးဖိအားက တိုင်းလို့တောင်မရအောင် မြင့်တက်နေခဲ့တယ်။ ဆရာဝန်လုပ်နိုင်တာကတော့ နာရီဝက်တစ်ခါ ခွဲစိတ်ထားတဲ့အပေါက်ကနေ မျက်လုံးရေကြည်ကို ထုတ်ပြီး မျက်လုံးဖိအားကျဆေးကို သုံးဖို့ပဲရှိတယ်။ ဒါပေမဲ့ ခြောက်နာရီကြာသွားတာတောင် မျက်လုံးဖိအားက ကျမလာဘူး။ ဆရာဝန်က ဒီအခြေအနေက အရမ်းအန္တရာယ်များတယ်၊ ခွဲစိတ်ထားတာတွေ အလဟဿဖြစ်သွားနိုင်ပြီး အမြင်အာရုံကိုလည်း ကယ်နိုင်မှာမဟုတ်ဘူးလို့ ပြောတယ်။ နောင်တစ်ချိန်မှာ ကျွန်တော့်ညာဘက်မျက်လုံးနဲ့ ဘာမှမြင်နိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့အတွေးကြောင့် စိတ်ထဲမှာ အရမ်းကို နာကျင်ခံစားရတယ်။ အဲဒီအချိန်ကျမှပဲ ကျွန်တော် နောက်ဆုံးမှာ စပြီး ဆင်ခြင်သုံးသပ်မိတော့တယ်။ ကျွန်တော့်မျက်စိရောဂါ စဖြစ်တဲ့အချိန်ကနေ အခုအချိန်အထိ ကျွန်တော့်မှာ ကျိုးနွံနာခံခြင်းသဘောထား တစ်စက်မှမရှိဘဲ ဘုရားသခင်အပေါ် မကျေနပ်မှုတွေ၊ နားလည်မှုလွဲမှားတာတွေပဲ ရှိခဲ့တယ်၊ ဘုရားကိုယုံကြည်တဲ့သူတစ်ယောက်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရား တစ်စက်မှ မရှိခဲ့ဘူး။ ဒါနဲ့ ကျွန်တော် ဆုတောင်းပြီး ကိုယ့်မျက်စိရောဂါကို ဘုရားသခင်ရဲ့ လက်ထဲကို အပ်နှံလိုက်တယ်၊ ကိုယ့်မျက်စိ ဘာပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိခဲ့တယ်။ မထင်မှတ်ဘဲနဲ့ ခဏအကြာမှာ ကျွန်တော့်မျက်လုံးက မှိန်ပျပျလေး ပြန်မြင်လာရပြီး ကျွန်တော့်မျက်လုံးဖိအားကလည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာတယ်။ နောက်တစ်နေ့မှာ ကျွန်တော့်အမြင်အာရုံက ဝါးနေတုန်းပဲဖြစ်ပေမဲ့ ၀.၂ အထိ တိုးတက်လာခဲ့တယ်။ ကျွန်တော် ရုတ်တရက် ဝမ်းသာလုံးဆို့သွားပြီး ဒါဟာ ဘုရားသခင်ရဲ့ သနားကရုဏာဖြစ်တယ်၊ ကျွန်တော့်ရဲ့အားနည်းမှုကို ကိုယ်တော်နားလည်ပေးတယ်ဆိုတာကို သိလိုက်ရလို့ စိတ်ထဲမှာ ဘုရားသခင်ကို မပြတ် ကျေးဇူးတင်နေမိတယ်။
ဆေးရုံကဆင်းပြီးနောက် ကျွန်တော် ဆွေမျိုးတစ်ယောက်ရဲ့အိမ်မှာ အနားယူဖို့ ခဏသွားနေခဲ့တယ်။ ဒီကာလအတွင်းမှာ ခေါင်းဆောင်တွေ၊ ကြီးကြပ်ရေးမှူးတွေနဲ့ တခြားညီအစ်ကိုမောင်နှမတွေကလည်း ကျွန်တော့်ကို စာရေးပြီး ဂရုစိုက်အားပေးကြတယ်၊ ကျွန်တော့်အခြေအနေကိုမေးပြီး ကျွန်တော့်ကို ကူညီထောက်ပံ့ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေပေးကြတယ်။ ကျွန်တော့်ဇနီးကလည်း ဘုရားနှုတ်ကပတ်တော်တွေကို အသံထွက်ဖတ်ပြတယ်၊ အဲဒီထဲမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်က ကျွန်တော့်အတွက် တော်တော်လေး အထောက်အကူဖြစ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “နာမကျန်းဖြစ်ခြင်းနှင့် ဒုက္ခဝေဒနာသည် သင့်ထံသို့ ရောက်လာသောအခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် သင့်အား အဘယ်သို့လမ်းပြပြီး ဦးဆောင်သနည်း။ သူသည် သင့်အား ဉာဏ်အလင်းဖွင့်ပြခြင်း၊ အလင်းပေးခြင်းကိုသာ လုပ်ဆောင်သလော။ ဤသည်မှာ သူ၏ တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေ။ သူသည် သင့်အား စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းကိုလည်း ပြုလုပ်လိမ့်မည်။ ဘုရားသခင်က လူတို့အား အဘယ်သို့ စမ်းသပ်သနည်း။ သူသည် လူတို့အား ဒုက္ခဝေဒနာကို ခံစေခြင်းအားဖြင့် မစမ်းသပ်သလော။ ဒုက္ခဝေဒနာကို ခံရခြင်းသည် စမ်းသပ်ခံရခြင်းနှင့် ဒွန်တွဲနေသည်။ စမ်းသပ်ခြင်းမဟုတ်လျှင် လူတို့သည် မည်သို့များ ဒုက္ခခံစားရမည်နည်း။ ပြီးလျှင် ဒုက္ခခံစားရခြင်း မရှိဘဲ လူများသည် မည်သို့ ပြောင်းလဲနိုင်သနည်း။ ဒုက္ခဝေဒနာကို ခံရခြင်းသည် စမ်းသပ်ခံရခြင်းနှင့် ဒွန်တွဲနေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးအရာဖြစ်၏) “နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ မည်သည့် လမ်းကြောင်းကို လူတို့ လိုက်လျှောက်သင့်သနည်း။ ၎င်းတို့ မည်သို့ ရွေးချယ်သင့်သနည်း။ လူတို့သည် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုထဲသို့ မကျဆင်းသင့်သကဲ့သို့၊ မိမိတို့ကိုယ်ပိုင် အနာဂတ် ရှေ့ရေးများနှင့် လမ်းကြောင်းများကို မစဉ်းစားသင့်ပေ။ ထို့ထက် ဤကဲ့သို့သော အချိန်များ၊ ထိုသို့သော အထူးအခြေအနေနှင့် ဆက်စပ်အကြောင်းအရာများတွင် မိမိတို့ကိုယ်ကို လူတို့ သာ၍ တွေ့ရှိပြီး ထိုသို့သော လောလောလတ်လတ် အခက်အခဲများတွင် မိမိတို့ကိုယ်ကို တွေ့ရှိရလေ သမ္မာတရားကို သာ၍ ရှာဖွေပြီး လိုက်စားသင့်ပေသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ အတိတ်တွင် သင် ကြားပြီးသည့် တရားဒေသနာများနှင့် သင် နားလည်ပြီးသည့် သမ္မာတရားတို့ အချည်းနှီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်သည်။ ဤသို့သော အခက်အခဲများတွင် မိမိကိုယ်ကို တွေ့ရှိရလေ သင်၏ ကိုယ်ပိုင်ဆန္ဒများကို သင် သာ၍ စွန့်လွှတ်သင့်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံသင့်သည်။ သင့်အတွက် ဤအခြေအနေမျိုးကို ပြင်ဆင်ခြင်းနှင့် ဤအနေအထားကို စီစဉ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှု စိတ်ခံစားချက်များထဲသို့ သင့်အား ကျဆင်းသွားစေဖို့ မဟုတ်သကဲ့သို့၊ နာမကျန်းမှု ကျရောက်သည့်အခါ သူ သင့်ကို ကုသပျောက်ကင်းစေလိမ့်မည်လောဆိုသည်ကို ကြည့်ဖို့ ဘုရားသခင်ကို သင် စစ်ဆေးကာ ထိုသို့ဖြင့် ကိစ္စရပ်၏ အမှန်တရားကို သိရှိရန် ကြိုးစားဖို့အလို့ငှာလည်း မဟုတ်ပေ။ ထိုသို့သော အခြေအနေများနှင့် အနေအထားများတွင် လက်တွေ့ကျသည့် သင်ခန်းစာများကို သင်ယူနိုင်ရန်၊ သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းထဲသို့ သာ၍ နက်ရှိုင်းသည့် ဝင်ရောက်မှု ရရှိရန်အလို့ငှာနှင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားပုံအား သာ၍ ရှင်းလင်းစွာနှင့် တိကျမှန်ကန်စွာ သင် သိရှိရန်အလို့ငှာ ဤအထူးအခြေအနေများနှင့် အနေအထားများကို သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည်။ လူ၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တွင်ရှိပြီး ထိုအရာကို လူတို့ ခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ၊ ထိုအရာကို ၎င်းတို့ အမှန်တကယ် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘုရားသခင်ကို ကျိုးနွံနာခံသင့်ပြီး အတိုက်အခံမလုပ်သင့်၊ မငြင်းပယ်သင့်သကဲ့သို့ ဧကန်မုချ မစစ်ဆေးသင့်ပေ။ မည်သို့ပင်ဆိုစေ သင် သေဆုံးသွားနိုင်ပြီး သင် ဘုရားသခင်ကို အတိုက်အခံလုပ်၊ ငြင်းပယ်ကာ စစ်ဆေးပါက သင်၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်မှာ အလွန်သိသာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် အလားတူ အခြေအနေများနှင့် အနေအထားများတွင် သင်သည် အဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများအား မည်သို့ ကျိုးနွံနာခံသင့်သည်ကို ရှာဖွေနိုင်ပါက၊ သင့်အတွက် ဘုရားသခင် ဖြစ်စေသည့် အခြေအနေများတွင် မည်သည့် သင်ခန်းစာများ သင်ယူရမည်ဆိုသည်နှင့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သိရမည်ဆိုသည်တို့ကို ရှာဖွေနိုင်ပြီး ထိုသို့သော အခြေအနေများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်နိုင်ကာ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန် သင်၏ သက်သေခံချက်ကို ကောင်းမွန်စွာ သက်သေခံနိုင်ပါက ဤသည်မှာ သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်ခံစားမိခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်တော့်ကို စိုးရိမ်ပူပန်မှုနဲ့ ပူဆွေးမှုဆိုတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေထဲမှာ အသက်ရှင်နေစေဖို့မဟုတ်ဘဲ ကျွန်တော့်ကို ဆုတောင်းခွင့်၊ ကိုယ်တော့်ကို အားကိုးခွင့်နဲ့ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားခြင်းတွေ၊ အစီအစဉ်တွေကို ကျိုးနွံနာခံခွင့်ပေးဖို့ပဲ။ ဒီကိစ္စကနေတစ်ဆင့် ကျွန်တော် သမ္မာတရားကိုရှာဖွေနိုင်မယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိလာနိုင်မယ်။ ဘုရားသခင်က ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ပေးဖို့ ကျွန်တော့်ရဲ့ရောဂါကို အသုံးပြုနေတာဖြစ်ပြီး ဒါဟာ ကိုယ်တော့်ရဲ့ မေတ္တာပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတော့ သင်ခန်းစာယူနိုင်ဖို့ ဘုရားသခင် လမ်းပြပေးပါလို့ တောင်းလျှောက်ရင်း နေ့တိုင်းစပြီး ဆုတောင်းခဲ့တယ်။ ကျွန်တော့်ဇနီးကလည်း ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော့်ကို ခဏခဏ ဖတ်ပြတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော် အရင်လို စိတ်မချမ်းမသာမဖြစ်တော့ဘဲ ကျွန်တော့်အခြေအနေက တော်တော်လေး ကောင်းလာတယ်။ နည်းနည်းကြာတော့ နောက်တစ်ခါ ဆေးစစ်ဖို့ ဆေးရုံပြန်သွားတဲ့အခါ အံ့ဩစရာကောင်းတာကကျွန်တော့်အမြင်အာရုံက ၀.၃ အထိ ရောက်နေခဲ့တယ်။ ကျွန်တော် မျက်မှန်တစ်လက်ထပ်လုပ်လိုက်တော့ ကွန်ပျူတာပေါ်က စာလုံးတွေကို နည်းနည်းပိုရှင်းရှင်းလင်းလင်း မြင်လာရပြီး စာရိုက်တာကိုလည်း သိပ်မထိခိုက်တော့ဘူး။
အဲဒီနောက်မှာ ကျွန်တော် စပြီး တွေးတောဆင်ခြင်လာတယ်၊ “ဒီရောဂါဝေဒနာကြောင့် ညည်းညူတာတွေ၊ နားလည်မှုလွဲမှားတာတွေ အများကြီးကို ငါ ထုတ်ဖော် ခဲ့တယ်၊ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ပတ်သက်တဲ့ ဘယ်လက္ခဏာကို ဆင်ခြင်သုံးသပ်သင့်လဲ” ပေါ့။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) “ထိုသို့သော လူတို့သည် ဘုရားသခင် နောက်လိုက်ရာတွင် ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး၊ ယင်းရည်မှန်းချက်မှာ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သည်။ ထိုသို့သော လူတို့သည် ဤရည်မှန်းချက် တိုက်ရိုက် မပါဝင်သည့် အခြား မည်သည့်အရာကိုမျှ အလေးဂရုပြုဖို့ အပင်ပန်းမခံနိုင်ကြပေ။ ၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ။ ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကို အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်အတွက်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ပြောင်းလဲကြသည်၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့ ရှာဖွေသည့် ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်၌ ၎င်းတို့ယုံကြည်မှု၏ ရည်မှန်းချက်ကို မပြောင်းလဲနိုင်ကြပေ။...၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က ဘုရားအတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတလေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်။ လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အကျိုးစီးပွားကို အရင်းခံသော ဆက်ဆံရေးတစ်ခု၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားသခင်က ကျွန်တော့်ရဲ့ အခြေအနေ အတိအကျကို ဖော်ထုတ်ခဲ့တယ်။ ဘုရားသခင်ကို နှစ်ချီ ယုံကြည်ခဲ့ရာမှာ ကျွန်တော်ဟာ အိမ်နဲ့အလုပ်အကိုင်ကို စွန့်လွှတ်၊ ဒုက္ခဆင်းရဲခံ၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တာတွေအားလုံးဟာ ကောင်းချီးမင်္ဂလာတွေရဖို့၊ ကယ်တင်ခြင်းခံရဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်စားဖို့အတွက်ပဲ ဖြစ်ခဲ့တယ်။ ဘုရားသခင်ကို စတွေ့ခဲ့တဲ့အချိန်ကို ပြန်တွေးကြည့်လိုက်တော့၊ ကိုယ့်တာဝန်ထမ်းဆောင်ပြီး အမှုအရာတွေကိုစွန့်လွှတ်၊ ကိုယ့်ကိုယ်ကိုယ်အသုံးခံနေသရွေ့ ဘုရားသခင်ရဲ့ ကောင်းချီးတွေကို သေချာပေါက်ရရှိမယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။ ဒီအကြောင်းကြောင့်ပဲ ကျွန်တော်ဟာ ကိုယ့်တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်ခဲ့ပြီး ကိုယ့်တာဝန်မနှောင့်နှေးစေဖို့ ကိုယ့်စီးပွားရေးကိုတောင် စွန့်လွှတ်ခဲ့တယ်။ ကျွန်တော့်မှာ အဆုံးမရှိတဲ့ခွန်အားတွေရှိတယ်လို့ ခံစားခဲ့ရပြီး ကျွန်တော့်ရဲ့ တစ်ခုတည်းသောပန်းတိုင်က ကောင်းချီးတွေကို လိုက်စားဖို့ပဲ။ နောက်ပိုင်းမှာ ကျွန်တော့်ဘယ်ဘက်မျက်လုံးက ရောဂါဖြစ်ပြီး အမြင်အာရုံကျဆင်းသွားပေမဲ့ ကိုယ့်တာဝန်ကိုတော့ ဇွဲရှိရှိ ဆက်လုပ်ခဲ့တယ်။ ကျွန်တော်ထင်ခဲ့တာက ဘုရားသခင်ဟာ ကျွန်တော် ကိုယ့်တာဝန်မှာ ဇွဲရှိပြီး ကိုယ်တော့်ကို ကျိုးနွံနာခံတာကို ထောက်ထားလို့ ကျွန်တော့်မျက်စိကို ကုသပေးလိမ့်မယ်၊ နောင်တစ်ချိန်မှာ ကောင်းမွန်တဲ့ပန်းတိုင်တစ်ခုကို ပေးလိမ့်မယ်လို့ပဲ။ မထင်မှတ်ဘဲနဲ့ ကျွန်တော့်ဘယ်ဘက်မျက်လုံးက မကောင်းလာတဲ့အပြင် ညာဘက်မျက်လုံးပါ ရေတိမ်ဖြစ်လာခဲ့တယ်။ ကျွန်တော် ဘာကိုမှမမြင်ရတော့ဘဲ ဘာတာဝန်မှ မထမ်းဆောင်နိုင်တော့ဘူး။ ကောင်းချီးမင်္ဂလာတွေ ရဖို့ မျှော်လင့်ချက်မရှိတော့တာကို မြင်လိုက်ရတဲ့အခါ ကျွန်တော် အရမ်းကို နာကျင်ပူဆွေးခဲ့ပြီး ဘုရားသခင်အပေါ် နားလည်မှုလွဲမှားတာတွေ၊ ညည်းညူတာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ စိတ်ထဲမှာ ဘုရားသခင်နဲ့ ငြင်းခုံနေပြီး ကျွန်တော့်ကိုကုသပေးဖို့ တောင်းဆိုနေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုနဲ့ ဖော်ထုတ်မှုကနေ ကျွန်တော်ဟာ ကိုယ့်တာဝန်ထမ်းဆောင်တာကိုသုံးပြီး ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေအတွက် အလဲအလှယ်လုပ်ဖို့ ကြိုးစားနေခဲ့မှန်း၊ ဘုရားသခင်နဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးဟာ ပွင့်ပွင့်လင်းလင်း ကိုယ်ကျိုးရှာမှုသက်သက်ပဲဖြစ်မှန်း နောက်ဆုံးမှာ မြင်ခဲ့ရတယ်။ ကိုယ့်တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော်ဟာ သမ္မာတရားကို မလိုက်စားခဲ့ဘဲ ကျွန်တော့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကလည်း သိပ်မပြောင်းလဲခဲ့ဘူး။ ကျွန်တော် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခဲ့တာတွေရဲ့ နောက်ကွယ်မှာ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကွယ်ဝှက်ထားတဲ့ ကြိုးပမ်းမှုတွေပဲ ရှိခဲ့တယ်။ ကျွန်တော်ဟာ ဘုရားသခင်အပေါ် တောင်းဆိုမှုတွေ၊ လှည့်ဖြားမှုတွေနဲ့ ပြည့်နေပြီး စိတ်ရင်းမှန် တစ်စက်မှမရှိခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်တော် စပြီးရှာဖွေခဲ့တယ်၊ “ကျွန်တော့်ယုံကြည်ခြင်းမှာ ကောင်းချီးတွေကို အမြဲတောင့်တနေရတဲ့ အကြောင်းရင်းက ဘာလဲ” ပေါ့။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “လူတို့ လုပ်ဆောင်သမျှတိုင်းတွင် ၎င်းတို့အနေဖြင့် ဆုတောင်းနေသည်ဖြစ်စေ၊ မိတ်သဟာယပြုနေသည်ဖြစ်စေ၊ တရားဟောနေသည်ဖြစ်စေ ၎င်းတို့၏ လိုက်စားမှုများ၊ အတွေးများနှင့် ပြင်းပြသောဆန္ဒများ၊ ဤအရာများအားလုံးသည် ဘုရားသခင်အပေါ် တောင်းဆိုချက်များဖြစ်ပြီး သူ့ထံမှ အမှုအရာများကို တောင်းခံရန် ကြိုးပမ်းမှုများဖြစ်သည်။ ထိုအရာများအားလုံးကို ဘုရားသခင်ထံမှ တစ်စုံတစ်ရာ ရရှိရမည့် မျှော်လင့်ချက်ဖြင့် လူတို့က လုပ်ဆောင်ကြခြင်း ဖြစ်သည်။ လူအချို့က ‘ဤသည်မှာ လူသားသဘာဝဖြစ်သည်’ဟု ဆိုကြသည်၊ ယင်းမှာ မှန်ပေ၏။ ထို့အပြင် လူတို့က ဘုရားသခင်အပေါ် အလွန်များလွန်းသည့် တောင်းဆိုချက်များ ပြုလုပ်ခြင်းနှင့် အလွန်များလွန်းသည့် လွန်ကဲသော စိတ်ဆန္ဒများရှိခြင်းတို့က လူတို့သည် အသိတရားနှင့် အသိစိတ် အမှန်တကယ် ကင်းမဲ့ကြကြောင်း သက်သေပြပေသည်။ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကျိုးအတွက် အမှုအရာများကို တောင်းဆိုကာ တောင်းခံနေကြသည်၊ သို့မဟုတ် မိမိတို့အတွက် ငြင်းခုံပြီး ဆင်ခြေများရှာဖွေရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို မိမိတို့အတွက် လုပ်ဆောင်ကြသည်။ အမှုအရာများစွာတွင် လူတို့ လုပ်ဆောင်သည့်အရာမှာ လုံးဝ အသိစိတ်မဲ့သည်ကို မြင်နိုင်သည်။ ယင်းမှာ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသည့် ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်သည် လူ၏ သဘာဝ ဖြစ်လာနှင့်ပြီးဖြစ်ကြောင်း ပြည့်စုံသော သက်သေဖြစ်သည်။ လူတို့က ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုချက်များ ပြုခြင်းက မည်သည့် ပြဿနာကို ဖော်ပြပါသနည်း။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို အတိုင်းအတာတစ်ခုထိ ခံရပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို ဘုရားအဖြစ် လုံးဝ သဘောမထားကြကြောင်းကို ဖော်ပြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်) “၎င်းတို့မည်မျှ စစ်ကြောခံရစေကာမူ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကို သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ကျွန်တော့်ရဲ့ ကောင်းချီးတွေကို အဆက်မပြတ်လိုက်စားနေမှုဟာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “လူဆိုတာကြံရင်းသေကြသလို ငှက်ဆိုတာပျံရင်းသေကြတယ်” နဲ့ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေတာကနေ မြစ်ဖျားခံတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို နားလည်စေခဲ့တယ်။ ကျွန်တော်လုပ်ခဲ့သမျှအားလုံးက ကိုယ့်အတွက် အကျိုးရှိစေဖို့ ရည်ရွယ်ခဲ့ပြီး ကျွန်တော့်ရဲ့သဘာဝက တော်တော်ကို လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်ခဲ့တယ်။ ကျွန်တော် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စလက်ခံခဲ့တုန်းက၊ ဘုရားသခင်ဟာ လူသားကိုကယ်တင်ဖို့ သူ့အမှုရဲ့ နောက်ဆုံးအဆင့်ကို လုပ်ဆောင်နေမှန်း၊ ဘုရားကိုယုံကြည်ပြီး ကိုဘ့်တာဝန်ထမ်းဆောင်မှသာ ကယ်တင်ခြင်းခံရပြီး ကျန်ရစ်နိုင်မယ့် အခွင့်အရေးရှိမယ်ဆိုတာကို သိခဲ့ရတယ်။ ဒါကို တစ်သက်မှာတစ်ခါသာရတဲ့ အခွင့်အရေးအဖြစ် ကျွန်တော်မြင်ခဲ့ပြီး ကိုယ့်စီးပွားရေးကို မတွေဝေဘဲ စွန့်လွှတ်တဲ့အပြင် အချိန်ပြည့်တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ ကောင်းချီးတွေနဲ့ အကျိုးအမြတ်တွေအတွက်သာ မဟုတ်ရင် ကျွန်တော့်မှာ အဲဒီလောက် စိတ်အားထက်သန်မှု ရှိခဲ့မှာမဟုတ်ဘူး။ နှစ်တွေတစ်လျှောက်လုံး မျက်လုံးတစ်ဖက်တည်းနဲ့ပဲ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေမဲ့ ကျွန်တော် ကိုယ့်တာဝန်ကို ဇွဲရှိရှိ ဆက်လုပ်ခဲ့တယ်၊ ဒီလိုလုပ်တော့ ကယ်တင်ခြင်းခံရပြီး ကောင်းမွန်တဲ့ပန်းတိုင်တစ်ခု ရရှိမယ်လို့ တွေးခဲ့တယ်။ ကျွန်တော် ဘုရားသခင်ကို အလုပ်ရှင်တစ်ယောက်လို သဘောထားခဲ့ပြီး တာဝန်နည်းနည်းထမ်းဆောင်ပြီးတာနဲ့ အရှက်မရှိဘဲ ဘုရားသခင်ဆီက ကောင်းချီးတွေနဲ့ ကတိတော်တွေကို တောင်းဆိုခဲ့တယ်၊ ဘုရားသခင်ဆီကနေ အကျိုးအမြတ်ဘယ်လိုရနိုင်မလဲဆိုတာကိုပဲတွေးတယ်။ ကျွန်တော့်ညာဘက်မျက်လုံးက ရောဂါဖြစ်ပြီး မျက်စိကွယ်တဲ့အပြင် ဘာတာဝန်မှ မထမ်းဆောင်နိုင်တော့မယ့် အလားအလာနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်ဟာ အသုံးမကျတဲ့သူတစ်ယောက်ဖြစ်လာပြီး ဖယ်ရှားရှင်းလင်းခံရတော့မယ်လို့ ထင်ခဲ့တယ်။ ကျွန်တော့်ရဲ့နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုနဲ့ အသုံးခံမှုတွေအားလုံး အလဟဿဖြစ်သွားနိုင်တယ်၊ ကောင်းချီးတွေရဖို့ မျှော်လင့်ချက် ပျက်စီးသွားနိုင်တယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ကျွန်တော် လက်ကိုမခံနိုင်ဘဲ ဘုရားသခင်အပေါ် နားလည်မှုလွဲမှားတာတွေ၊ ညည်းညူတာတွေနဲ့ ပြည့်နေခဲ့တယ်။ ဘာဖြစ်လို့ ကိုယ်တော်ဟာ ကျွန်တော့်အပေါ်မှာ ဒီလိုရောဂါမျိုး ကျရောက်စေခဲ့သလဲဆိုပြီးတောင် မေးခွန်းထုတ်ခဲ့တယ်။ ကျွန်တော့်ရဲ့ ဒီအပြုအမူတွေက ဘုရားသခင်ဖော်ထုတ်ခဲ့တဲ့ အတိုင်း တိတိကျကျပဲ။ “လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။” ကျွန်တော့်ယုံကြည်ခြင်းမှာ ဘုရားသခင်ကို ဘုရားသခင်အဖြစ် လုံးဝဆက်ဆံခဲ့တာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ တာဝန်ကို ကောင်းချီးတွေနဲ့ ကောင်းကင်နိုင်ငံတော်ထဲဝင်ရောက်ခွင့်အတွက် အလဲအလှယ်လုပ်တဲ့ ပစ္စည်းတစ်ခုအဖြစ် သဘောထားခဲ့တယ်။ အနှစ်သာရအနေနဲ့ ကျွန်တော်ဟာ ဘုရားသခင်ကို အသုံးချပြီး ပရိယာယ်သုံးဖို့ ကြိုးစားနေခဲ့တာပဲ၊ ကြီးမားတဲ့ကောင်းချီးတွေအတွက် ကိုယ့်ရဲ့အဖိုးအခပေးဆပ်မှုနဲ့ ကြိုးစားအားထုတ်မှုကို သုံးပြီး လဲလှယ်နိုင်မယ်လို့တွေးရင်းပေါ့။ ကျွန်တော့်မှာ ဘယ်လိုလုပ်ပြီး လူ့သဘာဝ ဒါမှမဟုတ် ဆင်ခြင်တုံတရား ရှိနိုင်မှာလဲ။ ဒီစမ်းသပ်မှုကျရောက်လာတဲ့အခါ ဘုရားသခင်ကို ဘယ်လိုစိတ်ကျေနပ်အောင်လုပ်မလဲဆိုတာကို ကျွန်တော်မတွေးဘဲ ကိုယ့်ရဲ့အနာဂတ်နဲ့ ပန်းတိုင်အတွက်ပဲ စိုးရိမ်ခဲ့တယ်။ ကျွန်တော်ဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ ကျွန်တော် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ချိန်ကစပြီး ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်းနဲ့ ထောက်ပံ့ကျွေးမွေးခြင်းကို ခံခဲ့ရတယ်၊ ဘုရားသခင်က ကျွန်တော့်ကို ကိုယ့်တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတွေလည်း ပေးခဲ့တယ်၊ ကိုယ့်တာဝန်ထမ်းဆောင်ရင်းနဲ့ သမ္မာတရားရဲ့ ကဏ္ဍအမျိုးမျိုးကို တဖြည်းဖြည်းနားလည်ပြီး ရရှိစေခဲ့တယ်။ ဒါတွေအားလုံးဟာ ကျွန်တော့်အတွက် ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းပဲ၊ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်တာဝန်ကို ကောင်းချီးတွေရဖို့အတွက် ခုတုံးတစ်ခုလို သဘောထားပြုမူခဲ့တယ်။ ဒါဟာ ဘုရားသခင်အတွက် တကယ်ကို စက်ဆုပ်ရွံရှာစရာကောင်းပြီး မုန်းတီးစရာကောင်းလိုက်တာ။ ပေါလုပြောခဲ့တာကို ကျွန်တော်တွေးမိတယ်၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုက သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ပေးဆပ်ခဲ့တဲ့အဖိုးအခကိုသုံးပြီး ဘုရားသခင်ဆီက ဖြောင့်မတ်ခြင်းသရဖူကို တောင်းဆိုခဲ့တယ်၊ ဘုရားသခင်ကသာ သူ့ကိုမပေးရင် မဖြောင့်မတ်ရာကျမယ်လို့ ပြောခဲ့ပြီး ဘုရားသခင်ကို ပေါ်ပေါ်တင်တင် အော်ဟစ်ဆန့်ကျင်ခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့တာဖြစ်လို့ ပေါလုဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးတာကို ခံခဲ့ရတယ်။ အခု ကျွန်တော်လျှောက်နေတဲ့လမ်းက ပေါလုရဲ့လမ်းကြောင်းအတိုင်း မဟုတ်ဘူးလား။ ကျွန်တော်သာ နောင်တမရရင် နောက်ဆုံးမှာ ငရဲမှာ အပြစ်ဒဏ်ခံရမှာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ထပ်ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားနှုတ်ကပတ်တော်တွေက သိပ်ကိုရှင်းလင်းတာပဲ။ တာဝန်ဆိုတာ လူကိုပေးတဲ့ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ ရှောင်လွှဲလို့မရတဲ့ တာဝန်ပဲ။ ဒီထဲမှာ ကိုယ်ကျိုးရှာတဲ့ ရည်ရွယ်ချက်တွေ ဒါမှမဟုတ် မသန့်စင်မှုတွေ မရှိသင့်ဘူး။ သားသမီးတွေက မိဘကို လုပ်ကျွေးပြုစုတာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသလိုပဲ၊ ဒီထဲမှာ အကျိုးအမြတ်ရှာမှု မရှိသင့်ဘူး။ ဒါ့အပြင် လူတစ်ယောက် ကယ်တင်ခြင်းခံရမလားဆိုတာက ကိုယ့်တာဝန်ထမ်းဆောင်နေတုန်းမှာ သမ္မာတရားကို လိုက်စားတာမျိုး ရှိမရှိ၊ လူတွေနဲ့ အမှုအရာတွေကို ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ရှုမြင်တာမျိုး ရှိမရှိ၊ ပြီးတော့ သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သန့်စင်ပြောင်းလဲခြင်း ခံရနိုင်တာမျိုး ရှိမရှိ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ တစ်ယောက်ယောက်က ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေအတိုင်း ကောင်းကောင်းမွန်မွန် ကျင့်ကြံပြုမူပြီး ကိုယ့်အလုပ်တွေကို တာဝန်သိသိနဲ့ ထမ်းဆောင်နိုင်မယ်ဆိုရင်၊ ဖန်ဆင်းခံတစ်ယောက်ရဲ့နေရာမှာရပ်တည်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းနိုင်ရင်၊ ဘယ်လောက်ကြီးမားတဲ့ စမ်းသပ်မှုတွေ၊ စစ်ဆေးခြင်းတွေပဲ ကျရောက်ပါစေ၊ နားလည်မှုလွဲမှားတာတွေ၊ ညည်းညူတာတွေမရှိဘဲ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းတွေနဲ့ အစီအစဉ်တွေကို ခြွင်းချက်မရှိ ကျိုးနွံနာခံနိုင်မယ်၊ နောက်ဆုံးမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနဲ့ ကြောက်ရွံ့ခြင်းကို ရရှိနိုင်မယ်ဆိုရင် အဲဒီလိုလူမျိုးဟာ ကယ်တင်ခြင်းခံရနိုင်ပြီး နောက်ဆုံးမှာ ကျန်ရစ်မယ့်သူပဲ။ လူတစ်ယောက်က ကိုယ့်တာဝန်ထမ်းဆောင်နိုင်ရုံနဲ့ သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက တစ်စက်မှမပြောင်းလဲရင်တောင် ကယ်တင်ခြင်းခံရနိုင်တယ်ဆိုတာမျိုး မဟုတ်ဘူး၊ အဲဒီအမြင်က လုံးဝကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူအဆနဲ့ စိတ်ကူးသက်သက်ပဲဖြစ်ပြီး လုံးဝကို ယုတ္တိမရှိဘူး။ အဲဒီအချိန်ကစပြီး ကျွန်တော့်အပေါ်ကျရောက်လာတဲ့ အရာအားလုံးမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေပြီး သမ္မာတရားကိုလိုက်စားဖို့၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ပြန်ဆပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ဆန္ဒရှိခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော့်အခြေအနေက တော်တော်လေး ပြောင်းလဲသွားတယ်။ တစ်ခါတလေ တရားဒေသနာတွေကို ခဏဖတ်ပြီးရင် မျက်စိက ဝါးလာပြီး နားရပေမဲ့ အရင်ကလိုမျိုး စိတ်ထဲမှာ အဲဒီလောက် ပူဆွေးမှု မခံစားရတော့ဘူး။
ကျွန်တော် ကိုးကွယ်ဝတ်ပြုတဲ့အချိန်မှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို ကျွန်တော်ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “နာမကျန်းဖြစ်ခြင်းအကြောင်းကို ငါတို့ ပြောဆိုဆွေးနွေးနေခြင်း ဖြစ်သည်။ ဤသည်မှာ မိမိတို့၏ တစ်သက်တာအတွင်း လူအများစု တွေ့ကြုံရမည့် တစ်စုံတစ်ရာဖြစ်သည်။ ထို့ကြောင့် မည်သည့် အချိန်၊ သို့မဟုတ် မည်သည့် အသက်အရွယ်တွင် လူတို့၏ ခန္ဓာကိုယ်များကို ဖိစီးမည့် နာမကျန်းဖြစ်ခြင်း အမျိုးအစားနှင့် ၎င်းတို့၏ ကျန်းမာရေးက မည်ကဲ့သို့ဖြစ်မည်ဆိုသည်တို့မှာ ဘုရားသခင် စီစဉ်ထားသည့် အရာအားလုံးဖြစ်ပြီး လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဤအရာများကို ဆုံးဖြတ်၍မရနိုင်ပေ။ လူတစ်ဦး မွေးဖွားလာသည့်အချိန်ကဲ့သို့ပင်ဖြစ်သည်၊ ၎င်းသည် မိမိကိုယ်တိုင်အတွက် မဆုံးဖြတ်နိုင်ပေ။ ထို့ကြောင့် သင့်ကိုယ်သင်အတွက် ဆုံးဖြတ်၍မရနိုင်သည့် အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ခြင်းသည် မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) လူတို့သည် မိမိတို့ဘာသာ ဖြေရှင်းနိုင်သည့် အရာများကို ဖြေရှင်းခြင်းအား အစပြုသင့်ပြီး မိမိတို့ဘာသာ မလုပ်ဆောင်နိုင်သည့် အရာများအတွက်မူ ဘုရားသခင်ကို စောင့်ဆိုင်းသင့်၏။ လူတို့သည် ဘုရားသခင်ကို တိတ်ဆိတ်စွာ ကျိုးနွံနာခံပြီး ၎င်းတို့ကို ကွယ်ကာရန် တောင်းလျှောက်သင့်သည်။ ဤသည်မှာ လူတို့ရှိသင့်သည့် တွေးခေါ်မှု အလေ့အထဖြစ်သည်။ နာမကျန်းဖြစ်ခြင်းက အမှန်တကယ် ထိုးနှက်ပြီး သေခြင်းက အမှန်တကယ် နီးကပ်လာသည့်အခါတွင် လူတို့သည် ကျိုးနွံနာခံသင့်ပြီး ဘုရားသခင်ကို စောဒကမတက်သင့်၊ သို့မဟုတ် မပုန်ကန်သင့်၊ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့်အရာများ၊ သို့မဟုတ် သူ့ကို တိုက်ခိုက်သည့်အရာများအား မပြောဆိုသင့်ပေ။ ထိုအစား လူတို့သည် အဖန်ဆင်းခံများအဖြစ် ရပ်တည်ပြီး ဘုရားသခင်ထံမှ လာသည့်အရာအားလုံးကို တွေ့ကြုံကာ အသိအမှတ်ပြုသင့်သည်။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ကိုယ်တိုင်အတွက် ရွေးချယ်ရန် မကြိုးစားသင့်ပေ။ ဤသည်မှာ သင်၏ ဘဝကို တန်ဖိုးတက်စေသည့် အထူးအတွေ့အကြုံတစ်ခု ဖြစ်သင့်ပြီး ထိုအရာမှာ သေချာပေါက် မကောင်းသည့် အရာတစ်ခု မဟုတ်၊ မှန်သလော။ ထို့ကြောင့် နာမကျန်းဖြစ်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် ပထမဦးစွာ နာမကျန်းဖြစ်ရခြင်း ဇာစ်မြစ်နှင့် ပတ်သက်၍ ၎င်းတို့၏ မှားယွင်းသော အတွေးများနှင့် အမြင်များကို ဖြေရှင်းသင့်ပြီး ထို့နောက်တွင် ဤအရာနှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်ကြလိမ့်မည် မဟုတ်တော့ပေ။ ထို့အပြင် လူတို့သည် သိသည့်အရာ၊ သို့မဟုတ် မသိသည့်အရာများကို ထိန်းချုပ်ပိုင်ခွင့်မရှိကြသကဲ့သို့ ဤအရာများအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြသည်နှင့်အမျှ ထိုအရာများကို ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းလည်း မရှိကြချေ။ လူတို့ ရှိသင့်သည့် သဘောထားနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများမှာ စောင့်ဆိုင်းပြီး ကျိုးနွံနာခံရန် ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ရန် သိနားလည်ခြင်းမှ အားလုံးကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားရန် ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) “ထို့ကြောင့် မည်သို့ သင် ရွေးချယ်သင့်ပြီး နာမကျန်းဖြစ်လာခြင်း ကိစ္စကို မည်သို့ သင် ချဉ်းကပ်သင့်သနည်း။ အလွန်ရိုးရှင်းပြီး လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု ရှိ၏။ သမ္မာတရားကို လိုက်စားလော့။ သမ္မာတရားကို လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ကိစ္စရပ်ကို မှတ်ယူလော့။ ဤသည်မှာ လူတို့ရှိသင့်သည့် သိနားလည်မှု ဖြစ်သည်။ ပြီးလျှင် သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤအတွေ့အကြုံအားလုံးကို သင် ယူပြီး သင် ရရှိပြီးသည့် သိနားလည်မှုနှင့် သင် နားလည်ပြီးဖြစ်သည့် သမ္မာတရားစည်းမျဉ်းများကို သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ကာ ထိုအရာများကို သင်၏ လက်တွေ့အရှိတရားနှင့် အသက်ဖြစ်စေခြင်း ဖြစ်သည်။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ နောက်ထပ်ရှုထောင့်တစ်ခုမှာ သင်၏ တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် နာမကျန်းဖြစ်သည်ဖြစ်စေ၊ နာကျင်မှုဝေဒနာခံစားရသည်ဖြစ်စေ ထွက်သက်တစ်ခု ကျန်ရှိသရွေ့၊ သင် အသက်ရှင်နေသေးသရွေ့၊ သင်စကားပြောပြီး လမ်းလျှောက်နေသေးသရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်တွင် အားအင်ရှိနေပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ပြုမူသင့်သည်။ အဖန်ဆင်းခံတစ်ဦး၏ တာဝန်၊ သို့မဟုတ် ဖန်ဆင်းရှင်က သင့်ကို ပေးထားသည့် တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် မသေသေးသရွေ့ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းသင့်ပြီး ကောင်းမွန်စွာ ပြီးစီးအောင်လုပ်သင့်သည်။ လူအချို့က ‘ကိုယ်တော် ပြောသည့် ဤအရာများသည် သိပ်ငဲ့ကွက်ခြင်း မရှိပါ။ ကျွန်ုပ် နေမကောင်းဖြစ်နေပြီး ခံရခက်သည်’ဟု ပြောကြသည်။ သင့်အတွက် ခက်ခဲသည့်အခါ အနားယူနိုင်ပြီး မိမိကိုယ်ကို ဂရုစိုက်ကာ ကုသမှု ခံယူနိုင်သည်။ သင်၏ တာဝန်ကို သင် ထမ်းဆောင်ရန် ဆန္ဒရှိနေဆဲဖြစ်ပါက သင်၏ အလုပ်ပမာဏကို သင် လျှော့ချနိုင်ပြီး သင်၏ နာလန်ထူမှုကို မထိခိုက်သည့် သင့်တော်သော တာဝန်တစ်ခုခုကို သင်ထမ်းဆောင်နိုင်သည်။ ဤအရာက သင်၏ စိတ်နှလုံးတွင် သင်၏တာဝန်ကို မစွန့်ပစ်သေးကြောင်း၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ သွေဖည်ခြင်း မရှိသေးကြောင်း၊ သင့်စိတ်နှလုံးတွင် ဘုရားသခင်၏ နာမကို မစွန့်ပစ်သေးကြောင်းနှင့် သင်၏ စိတ်နှလုံးတွင် သင့်တော်သော အဖန်ဆင်းခံတစ်ဦးဖြစ်ရန် ဆန္ဒကို မစွန့်ပစ်သေးကြောင်း သက်သေပြလိမ့်မည်။ လူအချို့က ‘ထိုအရာအားလုံးကို ကျွန်ုပ် လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ကျွန်ုပ်ထံမှ နာမကျန်းမှုကို ယူဆောင်သွားလိမ့်မည်လော’ဟု ဆိုကြသည်။ သူယူဆောင်မည်လော။ (သေချာပေါက် ယူဆောင်မည် မဟုတ်ပါ။) သင့်ထံမှ ထိုနာမကျန်းမှုကို ဘုရားသခင်သည် ယူဆောင်သွားသည်ဖြစ်စေ၊ မယူဆောင်သွားသည်ဖြစ်စေ၊ ဘုရားသခင်က သင့်ကို ကုသပျောက်ကင်းစေသည်ဖြစ်စေ၊ မပျောက်ကင်းစေသည်ဖြစ်စေ သင် လုပ်ဆောင်သည့် အရာသည် အဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ရုပ်ပိုင်းအရ သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အလုပ်တစ်ခုခုကို သင် တာဝန်ယူနိုင်သည်ဖြစ်စေ၊ မယူနိုင်သည်ဖြစ်စေ၊ သင်၏ ကျန်းမာရေးက သင်၏ တာဝန်ကိုထမ်းဆောင်ရန် အခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သင်၏ စိတ်နှလုံးက ဘုရားထံမှ သွေဖည်သွားရမည်မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးတွင် သင်၏ တာဝန်ကို သင် မစွန့်ပစ်ရပေ။ ဤနည်းဖြင့် သင်သည် သင်၏ တာဝန်များ၊ သင်၏ ဝတ္တရားများနှင့် သင်၏ အလုပ်ကို ဖြည့်ဆည်းလိမ့်မည်။ ဤသည်မှာ သင် စွဲကိုင်သင့်သည့် သစ္စာရှိခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် လူတစ်ယောက်ဟာ ဘဝရဲ့ ဘယ်အဆင့်မှာပဲ ရောဂါဝေဒနာ ဒါမှမဟုတ် အခက်အခဲကို ကြုံတွေ့ရပါစေ၊ အားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာရှိပြီး ဘုရားသခင်က စီစဉ်ထားတာဖြစ်တယ်၊ အားလုံးမှာ အဓိပ္ပာယ်ရှိတယ်ဆိုတာကို ကျွန်တော်တွေ့ခဲ့ရတယ်။ ကျွန်တော့်လိုပေါ့၊ မျက်စိကွယ်လုနီးပါးဖြစ်စေခဲ့တဲ့ ဒီမျက်စိရောဂါသာ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်ဟာ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတဲ့ ကိုယ့်ရဲ့စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်ကို ဘယ်တော့မှ သိခဲ့မှာမဟုတ်ဘူး၊ ကျွန်တော်ဟာ ပေါလုရဲ့လမ်းကြောင်းအတိုင်း တစ်လျှောက်လုံး လျှောက်နေခဲ့မှန်း ပိုတောင်သိခဲ့မှာမဟုတ်ဘဲ နောက်ဆုံးမှာ ဘုရားသခင်ကို အတိုက်အခံလုပ်လို့ အပြစ်ဒဏ်ပေးတာခံခဲ့ရမှာပဲ။ အဲဒီအချိန်အတွင်းမှာ ကျွန်တော်ဟာ ဝမ်းနည်းပူဆွေးမှုတွေ၊ နာကျင်မှုတွေနဲ့ ပြည့်နေခဲ့ပေမဲ့ အဲဒါက ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိလာစေခဲ့တယ်၊ ကျွန်တော့်အသက်တာမှာ တိုးတက်မှုတချို့ ရရှိခဲ့တယ်။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။ သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ ဒီအရာတွေကို ကျွန်တော် ဘယ်တော့မှ သိရှိခဲ့မှာမဟုတ်ဘူး။ ကျွန်တော် ယောဘကိုလည်း တွေးမိတယ်၊ သူက ဘုရားသခင်ကို ကြောက်ရွံ့ခဲ့တယ်။ သူဟာ တကယ်ကို ကြီးမားတဲ့ စမ်းသပ်မှုတွေ၊ စစ်ဆေးခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အခါ သူ့ရဲ့ဥစ္စာပစ္စည်းအားလုံးကို ဓားပြတွေလုသွားတယ်၊ သူ့သားသမီးတွေ သေဆုံးသွားတယ်၊ သူကိုယ်တိုင်လည်း တစ်ကိုယ်လုံး အနာစိမ်းတွေ ပေါက်နေခဲ့တယ်။ သူဟာ ပြာပုံထဲမှာထိုင်ပြီး သူ့ရဲ့အနာတွေကို အိုးခြမ်းပဲ့နဲ့ ကုတ်ခြစ်ပြီး သူ့ရဲ့နာကျင်မှုကို သက်သာအောင်လုပ်ခဲ့တာတောင် သူဟာ နှုတ်နဲ့ မပြစ်မှားခဲ့ဘူး။ သူ့ဇနီးက ဘုရားသခင်ရဲ့နာမကို စွန့်ပယ်ဖို့ပြောတာ၊ သူ့မိတ်ဆွေသုံးယောက်က သူ့ကိုဝေဖန်ကဲ့ရဲ့တာတွေ ကြုံရတဲ့အခါမှာတောင် သူဟာ ဘုရားသခင်ကို မညည်းညူခဲ့ဘူး။ သူက ဒီလိုတောင် ပြောခဲ့တယ်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္ထု ၁:၂၁) “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘဝတ္ထု ၂:၁၀) ယောဘဟာ ဘုရားသခင်ကို ကျိုးနွံနာခံတာကိုရပ်ရမဲ့အစား၊ ဘုရားသခင် စီစဉ်ညွှန်ကြားခြင်းရဲ့ ပြုသမျှကိုခံတာကို ရပ်ရမဲ့အစား ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲဖို့ကို ပိုနှစ်သက်ခဲ့တယ်၊ ဒီလိုနဲ့ စာတန်ကို အရှက်ရစေခဲ့တယ်။ ပြီးတော့ ပေတရုလည်း ရှိသေးတယ်၊ သူဟာ ခုနစ်နှစ်တာကာလအတွင်းမှာ စမ်းသပ်မှုတွေ၊ စစ်ဆေးခြင်းတွေ ရာပေါင်းများစွာကို တွေ့ကြုံခဲ့ပြီး တစ်လျှောက်လုံး သမ္မာတရားကို လိုက်စားတဲ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တယ်။ သူဟာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိဖို့ အာရုံစိုက်ခဲ့တယ်၊ အရာရာတိုင်းမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အထမြောက်ဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာ သူဟာ ဘုရားသခင်ကို အဆုံးစွန်ထိ ချစ်မြတ်နိုးလာပြီး သေသည့်တိုင်အောင် ကျိုးနွံနာခံခဲ့တယ်။ ယောဘရော ပေတရုရော ဘုရားသခင်ဆီက ဘာတောင်းဆိုမှု၊ တောင်းလျှောက်မှုမှ မလုပ်ခဲ့ကြဘူး၊ သူတို့ဘယ်လိုအဆုံးသတ်မျိုး ရမလဲဆိုတာကိုလည်း လုံးဝမစိုးရိမ်ခဲ့ကြဘူး။ သူတို့တွေးခဲ့သမျှက ဘုရားသခင်ကို ဘယ်လိုကျိုးနွံနာခံပြီး စိတ်ကျေနပ်အောင်လုပ်မလဲဆိုတာပဲ၊ နောက်ဆုံးမှာ သူတို့ဟာ ဘုရားသခင်အတွက် သူတို့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြပြီး စာတန်ကို လုံးဝအရှက်ရစေခဲ့တယ်။ ဒီလူတွေအားလုံးဟာ ကျွန်တော်အတုယူသင့်တဲ့ စံနမူနာတွေပဲ။ ကျွန်တော် သန္နိဋ္ဌာန်တစ်ခုကို ခိုင်ခိုင်မာမာ ချခဲ့တယ်။ “ငါ့မှာ ငါ့တာဝန်ကိုထမ်းဆောင်ဖို့ အခွင့်အရေးရှိနေသရွေ့၊ စာလုံးတွေကို မြင်နိုင်နေသေးသရွေ့၊ ကျွန်တော့်လက်တွေက စာရိုက်နိုင်သေးသရွေ့၊ စိတ်ကြည်လင်နေသေးသရွေ့ ကျွန်တော့်တာဝန်မှာ အစွမ်းကုန် ကြိုးစားသွားမယ်။ တစ်နေ့မှာ ကျွန်တော် မျက်စိကွယ်သွားပြီး ကိုယ့်တာဝန်ကိုမထမ်းဆောင်နိုင်တော့ရင်တောင်မှ ကျိုးနွံနာခံဖို့ ဆန္ဒရှိနေဦးမှာပါ။ မျက်စိမမြင်ရရင်တောင်မှ ဘုရားနှုတ်ကပတ်တော် ရွတ်ဖတ်တာတွေကို နားထောင်လို့ရတယ်၊ စိတ်ထဲမှာ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို တွေးတောဆင်ခြင်လို့ရတယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုတွေကို ဇနီးနဲ့ကလေးတွေကို နှုတ်နဲ့ပြန်ပြောပြလို့ရတယ်၊ ဒါဆိုရင် သူတို့က ကျွန်တော့်အတွက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေရေးဖို့ ကူညီပေးနိုင်တယ်။ ကိုယ်တော့်ရဲ့ မိတ်သဟာယကို နားထောင်ရအောင် ဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်စေဖို့ကိုလည်း ကျွန်တော် အာရုံစိုက်မယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိဖို့နဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အားကိုးမယ်” လို့ပေါ့။ အဲဒီနောက်ပိုင်းအချိန်တွေမှာ ကျွန်တော်ဟာ ဇနီးနဲ့အတူ စုဝေးပွဲတွေတက်ဖို့၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ စာဖတ်မျက်မှန်ကို တပ်ခဲ့တယ်။ နေ့တိုင်း တရားဒေသနာတွေကို ဆက်ရေးခဲ့ပြီး အချိန်ရတဲ့အခါ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေကိုလည်း ရေးခဲ့တယ်။ ကွန်ပျူတာကို အကြာကြီးကြည့်လို့ မျက်စိဝါးလာတဲ့အခါ မျက်စဉ်းခတ်ပြီး ခဏနားလိုက်တယ်၊ သက်သာသွားတာနဲ့ ကိုယ့်တာဝန်ကို ဆက်လုပ်တယ်။ မျက်စိခွဲစိတ်ပြီး နှစ်လလောက်အကြာမှာ ဆေးရုံကို နောက်ဆက်တွဲကုသမှုအတွက် သွားခဲ့ပြီး ဆရာဝန်က လေဆာကုထုံးနဲ့ ကုသပေးခဲ့တယ်။ ဒါက ကျွန်တော့်မျက်လုံးထဲက ဖန်ရည်ကြည်နောက်ကျိတာတချို့ကို ရှင်းလင်းပေးလိုက်ပြီး အနီးအနားက အရာတွေကို အရင်ကထက် အများကြီး ပိုရှင်းရှင်းလင်းလင်း မြင်လာရတယ်။ ကွန်ပျူတာပေါ်က စာတွေကိုကြည့်ဖို့ စာဖတ်မျက်မှန် မလိုတော့ဘူး၊ စာလုံးအသေးလေးတွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တယ်။ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားသွားပြီး ကိုယ်တော့်ကျေးဇူးတော်အတွက် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ခဲ့တယ်။
ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်တော့်ယုံကြည်ခြင်းမှာ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တာဟာ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလဲဆိုတာကို နားလည်လာခဲ့တယ်။ ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက်မှုတချို့ရစေပြီး ပြောင်းလဲမှုတချို့ကို ဖြစ်စေခဲ့တာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ။ ကျွန်တော် ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ကျွန်မမိသားစုက အမြဲ တော်တော် ဆင်းရဲခဲ့တယ်၊ ငွေကြေး အရမ်းမကျပ်တည်းအောင်လို့ ဘဏ်အမှုဆောင်တစ်ယောက်ဖြစ်ဖို့၊ လူ့အဖွဲ့အစည်းမှာ...
တရုတ်နိုင်ငံမှ လျူလူ၂၀၁၆ ခုနှစ်အကုန်မှာ၊ ကျွန်မရဲ့ကလေးက ဝမ်းဆက်တိုက်သွားနေပြီး ဘယ်ဆေးမှ အရာမရောက်ခဲ့ဘူး။ မမျှော်လင့်ဘဲ၊ ကျွန်မ ဘုရားသခင်ကို...
၂၀၁၃ခုနှစ်၊ ဇွန်လမှာ၊ ကျွန်မရာသီလာက ဆယ်ရက်ကျော်ကြာခဲ့ပြီး၊ သွေးခဲကြီးတွေ တချို့ ပါဆင်းတယ်။ အဲဒီတုန်းက၊ ကျွန်မရဲ့ ညာဘက်ဝမ်းဗိုက်အောက်မှာ...
မုရှန်၊ တရုတ်ပြည်ကျွန်မ သခင်ယေရှုကို ရှာမတွေ့ခင်က နာကျင်မှုတွေ၊ စမ်းသပ်မှုတွေ၊ ကျရှုံးမှုတွေနဲ့ အနှောင့်အယှက်တွေ အများကြီး ခံစားခဲ့ရတယ်။...