ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းပေါ် စတင်ခြင်း
ယုံကွမ်၊ ဟေလောင်ကျန်းစီရင်စု ၁၉၉၁ တွင်၊ နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်တော်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျွန်မ သုံးခွအာရုံကြောကိုက်ခဲတဲ့ရောဂါ ဖြစ်ခဲ့တယ်။ ခွဲစိတ်ပြီးတာတောင် ခေါင်းညာဘက်ခြမ်းက ထုံနေတုန်းပဲ။ ခဏခဏ မူးပြီး နေလို့မကောင်းဘူး။ တစ်ခါတလေ လမ်းလျှောက်ရင် အရက်မူးနေသလိုပဲ၊ မူးလွန်းလို့ မတ်တပ်တောင် ကောင်းကောင်း မရပ်နိုင်ဘူး။ ဆရာဝန်တွေက ဦးနှောက်သွေးလည်ပတ်မှု မကောင်းလို့ ဖြစ်တာတဲ့။ ပြီးတော့ ဦးနှောက်သွေးကြောမာရောဂါ အပျော့စားရှိတယ်လို့လည်း ပြောတယ်။ အရမ်း ပင်ပင်ပန်းပန်းမလုပ်သင့်ဘူး၊ ညဉ့်နက်တဲ့အထိမနေသင့်ဘူးလို့လည်း မှာလိုက်တယ်။ အဲဒါကြားပြီးတော့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါ့အိမ်နီးချင်း နှစ်ယောက်စလုံး သွေးကြောတွေ မာပြီး ဦးနှောက်သွေးကြောပေါက်ဖူးတာ၊ နောက်ပြီး မလှုပ်မယှက်နိုင်တဲ့ အခြေအနေရောက်သွားပြီး သိပ်မကြာခင်မှာပဲ ဆုံးသွားကြရှာတာ။ ငါသာ တစ်နေ့ မူးပြီး မတော်တဆ လဲကျ၊ ဦးနှောက်သွေးကြောပေါက်ပြီး မလှုပ်မယှက်နိုင်တဲ့ အခြေအနေရောက်သွားရင် ဘယ်လိုလုပ်မလဲ” ပေါ့။ နှလုံးပြဿနာတွေအကြောင်းလည်း တွေးမိပြီး နောင်ကျရင် အရမ်း ပင်ပင်ပန်းပန်း မလုပ်သင့်ဘူးလို့ ခံစားမိတယ်။ နောက်ဆုံးမှာ အရမ်း ပင်ပန်းလွန်းလို့ လဲသွားပြီး တာဝန်တွေ မထမ်းဆောင်နိုင်ရင် ကျွန်မရဲ့ အသက်တာ ကြီးထွားမှုကို နှောင့်နှေးစေမှာ မဟုတ်ဘူးလား။ အဲဒီကျရင် ကျွန်မက ဘယ်လိုလုပ် ကယ်တင်ခြင်း ရနိုင်မှာလဲ။ ဒါကြောင့် ကျွန်မ တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကောင်းလာဖို့ မျှော်လင့်ရင်း နေ့တိုင်း လေ့ကျင့်ခန်းစလုပ်ခဲ့တယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီလရောက်တော့ နည်းနည်း သက်သာလာတယ်၊ ဒါနဲ့ အသင်းတော်ရဲ့ အထွေထွေရေးရာ တာဝန်တချို့ကို ကိုယ့်ဆန္ဒနဲ့ကိုယ် တာဝန်ယူလိုက်တယ်။ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေက စာနာတတ်ကြတယ်၊ ပေါ့ပါးပြီး ရိုးရှင်းတဲ့ အလုပ်တွေကိုပဲ ကျွန်မကို ပေးကြတာ။ ကျွန်မ သိပ်ပျော်တာပေါ့။ ကျွန်မတာဝန်က တော်တော်ကောင်းတယ်၊ စိတ်ပူစရာမလိုသလို အရမ်းလည်း အပင်ပန်းခံစရာ မလိုဘူး၊ ဒီတာဝန်ကို ထမ်းဆောင်တာက ကယ်တင်ခြင်းရဖို့ လိုက်စားတာကိုလည်း နှောင့်နှေးစေမှာ မဟုတ်ဘူးလို့ ခံစားရတယ်။
၂၀၂၃ ခုနှစ်၊ မေလကျတော့ အထွေထွေရေးရာ သင်းထောက်နဲ့ ကျွန်မရဲ့ တွဲဖက်ညီအစ်မတွေက လုံခြုံရေး အခြေအနေတွေကြောင့် သူတို့တာဝန်တွေကို ဆက်မထမ်းဆောင်နိုင်ကြတော့ဘူး၊ ရုတ်တရက်ဆိုသလို သူတို့တာဝန်တွေ အကုန်လုံး ကျွန်မတစ်ယောက်တည်းအပေါ် ပုံကျလာရော။ စိတ်ထဲမှာ နည်းနည်း အတိုက်အခံဖြစ်မိပြီး တွေးလိုက်တယ်၊ “ငါက အပြည့်အဝ ပြန်မကောင်းသေးဘူး၊ အလုပ်တွေကလည်း အများကြီးပဲ။ ရောဂါပြန်ထလို့ မူးလဲပြီး လမ်းမှာ လဲကျသွားရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ ပြီးတော့ အသင်းတော်က အထွေထွေရေးရာ အလုပ်အတွက် တခြား သင့်တော်သူ ရှာမရနိုင်တာနဲ့၊ ကျွန်မတစ်ယောက်တည်းပဲ အလုပ်နဲ့ ရင်းနှီးတာကို တွေးမိတော့ မငြင်းနိုင်တော့ဘူး။ အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ရင် ဘုရားသခင်က ကျွန်မကို ကာကွယ်မှာပါလို့ တွေးမိတယ်။ ဒါနဲ့ ကျွန်မ ကျိုးနွံနာခံလိုက်တယ်။ ကိုင်တွယ်စရာ အထွေထွေကိစ္စတွေ အများကြီးရှိတော့ နေ့တိုင်း အလုပ်ရှုပ်တာပေါ့။ အချိန်နည်းနည်း ကြာလာတော့ မူးတာ ပိုဆိုးလာတယ်၊ တစ်ခါတလေ နေ့ဘက်မှာ ကာယအလုပ်တွေ လုပ်ပြီးတဲ့အခါ ညနေပိုင်းမှာ ခြေလက်တွေက ကောင်းကောင်း အလုပ်မလုပ်တော့ဘူး။ အဲဒါအပြင် ခါးဆစ်ပြား ကျွံတာကလည်း ပြန်ထလာပြီး ခါးအောက်ပိုင်း နာလာတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီလိုသာ ဆက်ပြီး အရမ်း ပင်ပင်ပန်းပန်း လုပ်နေရင် အိမ်နီးချင်းတွေလိုပဲ အိပ်ရာထဲလဲပြီး မလှုပ်မယှက်အခြေအနေကို ရောက်သွားမလား။ ငါ့အသက်တောင် ဆုံးရှုံးနိုင်တယ်။ ရိုးရှင်းတဲ့ တာဝန်တွေကိုတောင် မထမ်းဆောင်နိုင်ရင် ငါ ဘယ်လိုလုပ် ကယ်တင်ခြင်း ရနိုင်မှာလဲ။ တာဝန်တွေကို ထမ်းရွက်ရင် ဘုရားသခင်က ငါ့ကို စောင့်ရှောက်ပြီး မြန်မြန် ပြန်ကောင်းအောင် ကူညီမယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ သက်သာရမယ့်အစား ရောဂါအခြေအနေက ပိုပြီး ဆိုးလာတယ်။ တာဝန်တွေအတွက် သိပ်စိတ်ပူလို့ မဖြစ်တော့ပုံပဲ၊ ငါ့ကျန်းမာရေးကိုပဲ ဦးစားပေးသင့်တယ်” လို့ပေါ့။ အဲဒီအချိန်တုန်းက အသင်းတော်က အထွေထွေရေးရာ သင်းထောက် မရွေးရသေးဘူး၊ ပစ္စည်းတချို့ကိုလည်း အရေးတကြီး ကိုင်တွယ်ဖို့ လိုနေတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေကို ကိုင်တွယ်ရင် ပင်ပန်းပြီး အားစိုက်ရမယ်လို့ တွေးမိပြီး ကျွန်မ မလိုလားခဲ့ဘူး။ ကျွန်မ တွေးမိတယ်၊ “ငါ့ကျန်းမာရေးက မကောင်းဘူး၊ ပင်ပန်းလွန်းလို့ လဲသွားရင် တန်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါက အထွေထွေရေးရာ သင်းထောက်မှ မဟုတ်တာ၊ အဲဒီတော့ ငါ့ကျန်းမာရေးကိုပဲ ဦးစားပေးသင့်တာပေါ့” လို့လေ။ ရလဒ်အနေနဲ့ ကျွန်မက ကိုယ့်ကျန်းမာရေးကိုပဲ ထည့်တွက်ပြီး ဒီပစ္စည်းတွေကို မကိုင်တွယ်ခဲ့ဘူး။ နောက်ပိုင်းကျမှ ခေါင်းဆောင်က လိုက်စစ်ပြီး မေးတော့မှပဲ ညီအစ်ကိုမောင်နှမ တချို့နဲ့အတူ အဲဒါတွေကို နောက်ဆုံးတော့ ကိုင်တွယ်လိုက်ရတယ်။ အဲဒီနောက်မှာ ခေါင်းဆောင်က အထွေထွေရေးရာ ဝန်ထမ်းတချို့ရဲ့ အသင်းတော်အသက်တာကို ယာယီတာဝန်ယူပေးဖို့ ကျွန်မကို ပြောလာတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီလူတွေအကြောင်း ငါ သိပ်မသိဘူး။ တစ်ယောက်ယောက် အခြေအနေမကောင်းရင် သူတို့နဲ့ မိတ်သဟာယပြုဖို့ သက်ဆိုင်ရာ သမ္မာတရားတွေကို ရှာပြီး အဖြေပေးရမှာ။ ငါ့တာဝန်တွေနဲ့တင် တော်တော် ပင်ပန်းနေပြီ၊ အခုတလော ခေါင်းမူးတာ ပိုဆိုးလာပြီး ခါးအောက်ပိုင်းကလည်း နာနေတယ်။ အားတဲ့အချိန်မှာ နားတာက ပိုကောင်းမှာပါ။ သူတို့အတွက် စုဝေးပွဲတွေကို ဧည့်ခံပေးရရင် ငါ့အတွက် ပိုပြီးတော့တောင် ပင်ပန်းမှာ မဟုတ်ဘူးလား” ပေါ့။ ဒါနဲ့ ကျွန်မက ကြီးကြပ်သူ မဟုတ်ပါဘူးဆိုပြီး ငြင်းလိုက်တယ်။ နောက်ပိုင်းကျမှ သူတို့ထဲက ညီအစ်မတစ်ယောက် ရောဂါသည် ဖြစ်နေပြီး ဝိညာဉ်ရေးရာ အခြေအနေ ဆိုးနေမှန်း သိလိုက်ရတယ်။ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ ကျွန်မမှာ အချိန်နည်းနည်းတော့ ရပါတယ်၊ ဒါပေမဲ့ အရမ်း ပင်ပန်းလွန်းပြီး ရောဂါအခြေအနေ ပိုဆိုးသွားမှာကို ကြောက်နေခဲ့တာ။ ကျွန်မရဲ့ အခြေအနေကို ဘယ်တုန်းကမှ အဖြေမရှာခဲ့ဖူးလို့ တာဝန်တွေက နည်းနည်း ပိုအလုပ်များလာရင်၊ ဒါမှမဟုတ် ကာယအလုပ်တချို့ လုပ်ရပြီး ပင်ပန်းတာ၊ ဒါမှမဟုတ် နေလို့မကောင်းတာဖြစ်ရင် ကျွန်မ စိတ်ပူပြီး တွေးမိတယ်၊ “ငါ့ရောဂါအခြေအနေ ပြန်ဆိုးလာတာလား။ တစ်နေ့ စက်ဘီးပေါ်က ပြုတ်ကျပြီး လမ်းမှာ သေသွားရင် ဘယ်လိုလုပ်မလဲ” လို့လေ။ တွေးမိလေလေ ပိုကြောက်လာမိလေလေပဲ။ ရောဂါပိုဆိုးလာပြီး တာဝန်တွေ မထမ်းဆောင်နိုင်မှာ၊ ပိုဆိုးရင် အသက်ဆုံးရှုံးပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေး လက်လွတ်သွားမှာကို ကျွန်မ ကြောက်တယ်။ ဒါကြောင့် အထွေထွေရေးရာ သင်းထောက်တစ်ယောက် မြန်မြန် ရွေးပေးဖို့ ခေါင်းဆောင်ကို ကျွန်မ ဆက်တိုက် တိုက်တွန်းတယ်။ အဲဒါမှ ကျွန်မ စိတ်ပူစရာ၊ အရမ်း ပင်ပန်းစရာ မလိုတော့မှာလေ။ မထင်မှတ်ဘဲ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ကျွန်မ အထွေထွေရေးရာ သင်းထောက်အနေနဲ့ အရွေးခံလိုက်ရတယ်။ သတင်းကြားတော့ ကျွန်မ စိတ်ထဲမှာ တော်တော် အတိုက်အခံဖြစ်သွားပြီး တွေးလိုက်တယ်၊ “အထွေထွေရေးရာ သင်းထောက် ရွေးပြီးရင် အရင်ကလို ပေါ့ပါးပြီး ရိုးရှင်းတဲ့ တာဝန်တွေ ပြန်ထမ်းဆောင်ရမယ်လို့ ထင်ထားတာ။ ငါ့ကို အထွေထွေရေးရာ သင်းထောက် ခန့်မယ်လို့ မထင်ထားမိဘူး။ အထွေထွေရေးရာ သင်းထောက်က အသင်းတော်ရဲ့ အထွေထွေကိစ္စတွေ အကုန်လုံးကို မျက်ခြေမပြတ် လိုက်ကြည့်ရမှာ၊ တစ်ခါတလေ ကာယအလုပ်လည်း လုပ်ရဦးမှာ။ ငါ့ကျန်းမာရေး ထိခိုက်ရင်၊ ဒါမှမဟုတ် အသက်တောင် ဆုံးရှုံးသွားရင် ဘယ်လိုလုပ် ကယ်တင်ခြင်း ရနိုင်မှာလဲ။ ဒီတာဝန်ကို လုံးဝ မထမ်းဆောင်နိုင်ဘူး” လို့ပေါ့။ ဒါနဲ့ ကျွန်မ ဆင်ခြေရှာပြီး ပြောလိုက်တယ်၊ “အထွေထွေရေးရာ သင်းထောက် တာဝန်ကို ထမ်းဖို့ ကျွန်မမှာ အစွမ်းအစ မရှိပါဘူး” လို့ပေါ့။ ခေါင်းဆောင်က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အကြောင်း ကျွန်မနဲ့ မိတ်သဟာယပြုပြီး ပိုရှာဖွေဖို့ ပြောတယ်။ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားရပြီး ညီအစ်ကိုမောင်နှမတွေက ကျွန်မကို သင်းထောက်အနေနဲ့ ရွေးတာကဘုရားသခင်ရဲ့ ခွင့်ပြုချက် ပါမှန်း သဘောပေါက်လိုက်တယ်။ ကျွန်မ ဆက်ပြီး မငြင်းဆန်နိုင်တော့ဘူး၊ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီး ဒီတာဝန်ကို လောလောဆယ် လက်ခံလိုက်တယ်။
နောက်ပိုင်းကျတော့ ကျွန်မရဲ့ ရောဂါကိုပဲ အမြဲ အာရုံစိုက်နေတာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို နားမလည်ကြောင်း ပြနေမှန်း သဘောပေါက်ခဲ့တယ်၊ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာကြည့်တယ်။ တစ်နေ့မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကြည့်လိုက်ရပြီး အဲဒီထဲမှာပါတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်က ကျွန်မကို အများကြီး ကူညီပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ထို့နောက် ကျန်းမာရေး နုံချာသည့်သူများ၊ ကြံ့ခိုင်မှုအခြေအနေနည်းပြီး အားအင် ချို့တဲ့သည့် သူများ၊ အကြီးစား၊ သို့မဟုတ် အသေးစား နာမကျန်းဖြစ်ခြင်းဖြင့် မကြာခဏ နေမကောင်း ဖြစ်သည့်သူများ၊ နေ့စဉ်ဘဝတွင် လိုအပ်သည့် အခြေခံအမှုအရာများကိုပင် မလုပ်ဆောင်နိုင်သည့်သူများ၊ ပုံမှန်လူများကဲ့သို့ အသက်မရှင်နိုင်၊ သို့မဟုတ် ထူထူထောင်ထောင် မဖြစ်နိုင်သည့်သူများ ရှိသည်။ ထိုသို့သောလူများသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် မကြာခဏ သက်သောင့်သက်သာမရှိ ခံစားရပြီး နေမကောင်း ဖြစ်ကြသည်။ အချို့မှာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းကြသည်၊ အချို့မှာ တကယ့် နာမကျန်းမှုများ ရှိကြပြီး ရောဂါတစ်မျိုးမဟုတ် တစ်မျိုး ဖြစ်နိုင်သည့် အလားအလာ ရှိသူများလည်း ရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့တွင် ထိုသို့သော လက်တွေ့ကျသည့် ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ ရှိသောကြောင့် ထိုသို့သောလူများသည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ မကြာခဏ ကျဆင်းပြီး စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်နေကြသနည်း။ မိမိတို့၏ တာဝန်ကို ဤသို့ ဆက်လက် ထမ်းဆောင်နေလျှင် ဤသို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး ပြေးလွှားနေကာ ဤသို့ အမြဲ ပင်ပန်းနွမ်းနယ်နေလျှင် ၎င်းတို့၏ ကျန်းမာရေးက ပိုပိုပြီး ဆိုးရွားလိမ့်မည်လော။ ၎င်းတို့ အသက် ၄၀ သို့မဟုတ် ၅၀ အရွယ်ရောက်သည့်အခါ မိမိတို့ အိပ်ရာများတွင် လှဲနေကြရမည်လောဟူသည်ကို ၎င်းတို့ စိုးရိမ်ကြသည်။ ဤစိုးရိမ်မှုများ ခိုင်လုံသလော။ ဤအရာကို ကိုင်တွယ်ဖြေရှင်းသည့် ခိုင်မာသော နည်းလမ်းတစ်ခုကို တစ်ဦးတလေက ပေးလိမ့်မည်လော။ ဤအတွက် အဘယ်သူသည် တာဝန်ယူလိမ့်မည်နည်း။ အဘယ်သူ တာဝန်ရှိလိမ့်မည်နည်း။ နုံချာသည့် ကျန်းမာရေးရှိသူများနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများသည် ထိုသို့သော အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ကာ စိုးရိမ်ကြလေသည်။ နာမကျန်းမှုတစ်ခု ရှိသည့်လူများသည် ‘အို ငါ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ငါစိတ်ပိုင်းဖြတ်ထားသော်လည်း ဤနာမကျန်းမှု ငါ ရလေပြီ။ အန္တရာယ်မှ ကွယ်ကာရန် ဘုရားသခင်ကို ငါတောင်းလျှောက်ပြီး ဘုရားသခင်၏ ကွယ်ကာမှုဖြင့် ငါစိုးရွံ့ရန် မလိုပါ။ သို့သော် ငါ၏ တာဝန်များကို ထမ်းဆောင်နေချိန် ငါ ခြေကုန်လက်ပန်း ကျသွားသည့်အခါ ငါ၏ ရောဂါ ပြန်ထလိမ့်မည်လား။ ငါ၏ ရောဂါ အမှန်တကယ် ထလာခဲ့လျှင် မည်သည့်အရာကို ငါ လုပ်ရမည်နည်း။ ခွဲစိတ်မှုခံရန် ဆေးရုံတက်ဖို့ ငါ လိုအပ်ပါက ထိုအတွက် ပေးရမည့် ငွေ ငါ့မှာမရှိပါ။ ထို့ကြောင့် ငါ၏ ကုသမှုအတွက် ပေးဖို့ ငွေမချေးလျှင် ငါ၏ ရောဂါ သာ၍ပင် ဆိုးသွားလိမ့်မည်လော။ တကယ်ကို ဆိုးလာလျှင် ငါသေလိမ့်မည်လော။ ထိုသို့သော သေခြင်းကို ပုံမှန်သေခြင်းတစ်ခုအဖြစ် မှတ်ယူနိုင်မည်လော။ ငါ အမှန် သေဆုံးလျှင် ငါ ထမ်းဆောင်ပြီးဖြစ်သည့် တာဝန်များကို ဘုရားသခင် အောက်မေ့လိမ့်မည်လော။ ကောင်းမှုများ လုပ်ဆောင်ပြီးဖြစ်သည်ဟု ငါ မှတ်ယူခံရလိမ့်မည်လော။ ငါသည် ကယ်တင်ခြင်းကို ရရှိမည်လော’ဟု မကြာခဏ စဉ်းစားကြသည်။ ၎င်းတို့ နေမကောင်းကြောင်း သိကြသူအချို့လည်း ရှိ၏။ ဆိုလိုသည်မှာ ၎င်းတို့တွင် တကယ် နာမကျန်းဖြစ်ခြင်း အချို့ သို့မဟုတ် အခြားတစ်ခု၊ ဥပမာအားဖြင့် အစာအိမ်ရောဂါများ၊ ခါးနှင့် ခြေထောက် နာကျင်ကိုက်ခဲမှု၊ အဆစ်ရောင်နာရောဂါ၊ ဒူလာရောဂါအပြင် အရေပြားရောဂါများ၊ မီးယပ်ရောဂါများ၊ အသည်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စသည်တို့ ရှိကြသည်ကို ၎င်းတို့ သိကြသည်။ ၎င်းတို့က ‘ငါ၏ တာဝန်ကို ဆက်ထမ်းဆောင်လျှင် ငါ၏ နာမကျန်းဖြစ်ခြင်းအတွက် ကုသစရိတ်ကို ဘုရားအိမ်တော်က ပေးလိမ့်မည်လော။ ငါ၏ နာမကျန်းမှုက ပိုဆိုးသွားပြီး ငါ့တာဝန် ထမ်းဆောင်ခြင်းကို ထိခိုက်လျှင် ဘုရားသခင်က ငါ့ကို ကုသပျောက်ကင်းစေလိမ့်မည်လော။ အခြားလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကုသပျောက်ကင်းသွားကြပြီး ဖြစ်သောကြောင့် ငါလည်း ကုသပျောက်ကင်းမည်လော။ အခြားသူများကို ဘုရားသခင်က သနားကြင်နာမှု ပြသကဲ့သို့ပင် ငါ့ကိုလည်း သူကုသပျောက်ကင်းစေမည်လော။ ငါ၏ တာဝန်ကို ငါသစ္စာစောင့်သိစွာ ထမ်းဆောင်လျှင် ဘုရားသခင်က ငါ့ကို အနာငြိမ်းစေသင့်သော်လည်း ဘုရားသခင် ငါ့ကို အနာငြိမ်းစေဖို့ ငါ ဆန္ဒရှိရုံသာဖြစ်ပြီး သူက အနာမငြိမ်းစေပါက မည်သည့်အရာကို ငါ လုပ်ရမည်နည်း’ဟု တွေးကြသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားသည့်အခါတိုင်းတွင် ၎င်းတို့၏ စိတ်နှလုံးများ၌ နက်နဲသည့် ပူပန်သောကတစ်ခု ထွက်ပေါ်နေသည်ကို ခံစားကြရသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မည်သည့်အခါတွင်မျှ ၎င်းတို့ ရပ်တန့်ခြင်း မရှိကြသကဲ့သို့ လုပ်သင့်သည့်အရာကို အမြဲ လုပ်ကြသော်လည်း မိမိတို့၏ နာမကျန်းမှု၊ မိမိတို့၏ ကျန်းမာရေး၊ အနာဂတ်အကြောင်းနှင့် မိမိတို့၏ အသက်တာနှင့် သေခြင်းတို့အကြောင်း စဉ်ဆက်မပြတ် စဉ်းစားနေကြသည်။ နောက်ဆုံးတွင် ‘ဘုရားသခင်က ငါ့ကို အနာငြိမ်းစေလိမ့်မည်၊ ဘုရားသခင်က ငါ့ကို ဘေးကင်းလုံခြုံစေလိမ့်မည်။ ငါ့ကို ဘုရား စွန့်ပစ်မည် မဟုတ်သကဲ့သို့ ငါ နေမကောင်းဖြစ်သည်ကို မြင်လျှင် ဘုရားသခင်က ရပ်နေပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေမည်မဟုတ်’ဟု ဆန္ဒရှိစွာ တွေးတောလျက် ကောက်ချက်ချလိုက်ကြသည်။ ထိုသို့သော အတွေးများအတွက် အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထိုအရာများကို အယူအဆတစ်မျိုးအဖြစ်ပင် ပြော၍ ရနိုင်သည်။ ထိုသို့သော အယူအဆများနှင့် ဤကဲ့သို့သော စိတ်ကူးများဖြင့် လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အခက်အခဲများကို လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့၏ ကျန်းမာရေး၊ နာမကျန်းမှုများနှင့်ပတ်သက်၍ ရေးတေးတေး စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ကြလေသည်။ ဤအရာများအတွက် မည်သူက တာဝန်ယူမည်၊ သို့မဟုတ် ၎င်းတို့အတွက် တစ်ဦးတလေက တာဝန်ယူမည်၊ မယူမည်ကို ၎င်းတို့ လုံးဝ မသိကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ကိုယ့်ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်တွေနဲ့ နှိုင်းယှဉ်ကြည့်တော့ ကျွန်မကဘုရားသခင် ဖော်ပြတဲ့ လူစားမျိုး အတိအကျဖြစ်မှန်း တွေ့လိုက်ရတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း ခန္ဓာကိုယ် အားနည်းပြီး ခေါင်းအရမ်းမူးတာတွေ ရှိလာပြီးတဲ့နောက်၊ ဦးနှောက်သွေးလည်ပတ်မှု မကောင်းတာနဲ့ ဦးနှောက်သွေးကြောမာရောဂါ အပျော့စားရှိမှန်း သိလိုက်ရကတည်းက ကျွန်မဟာ အမြဲတမ်း စိတ်ဆင်းရဲပြီး စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်ခဲ့တာ၊ ရောဂါအခြေအနေ ပိုဆိုးလာမှာကို၊ လေဖြတ်ပြီး အိပ်ရာထဲလဲမှာ၊ တာဝန်တွေ မထမ်းဆောင်နိုင်တော့မှာကို ကျွန်မ အမြဲ စိုးရိမ်ခဲ့တယ်၊ အဲဒါဆိုရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမယ်ဆိုတဲ့သဘောပဲလေ။ အထူးသဖြင့် အသင်းတော် အထွေထွေရေးရာ တာဝန်ကို စထမ်းဆောင်ပြီးနောက်ပိုင်း ရောဂါအခြေအနေက သက်သာလာမယ့်အစား ပိုဆိုးလာတယ်။ တာဝန်တွေမှာ အရမ်း ပင်ပင်ပန်းပန်းလုပ်မိလို့ တစ်နေ့ လဲကျပြီး မလှုပ်မယှက်အခြေအနေ ရောက်သွားမှာ စိုးရိမ်လို့ အားစိုက်ရတဲ့၊ အာရုံစိုက်ရတဲ့ အလုပ်တွေကိုလုပ်ဖို့ မလိုလားခဲ့ဘူး။ ကျွန်မက အားမွေးပြီး ပိုနားချင်ရုံသက်သက်ပါပဲ။ ပင်ပန်းမှာ ကြောက်လို့ အသင်းတော် ပစ္စည်းတွေကိုတောင် မကိုင်တွယ်ချင်ခဲ့ဘူး၊ ညီအစ်ကိုမောင်နှမတွေအတွက် စုဝေးပွဲတွေကို ဦးစီးပေးဖို့တောင် ဝန်လေးခဲ့တယ်။ ရလဒ်အနေနဲ့ ညီအစ်မတစ်ယောက်ရဲ့ အခြေအနေကို အချိန်မီ အဖြေမရှာပေးနိုင်ခဲ့လို့ သူ့ရဲ့ အသက် ဝင်ရောက်မှုကို ကြန့်ကြာစေခဲ့တယ်။ တာဝန်ထမ်းဆောင်ရင်း ကိုယ့်ခန္ဓာကိုယ်အကြောင်းပဲ အမြဲ တွေးနေပြီး ကျန်းမာရေးကို ထိန်းသိမ်းဖို့ တတ်နိုင်သမျှ အားနည်းနည်းပဲ စိုက်ချင်ခဲ့တယ်။ တာဝန်နဲ့ပတ်သက်ပြီး ဝန်တာထားစိတ် တစ်စက်မှ မရှိခဲ့ဘူး။ အထွေထွေရေးရာ သင်းထောက်အနေနဲ့ အရွေးခံရပြီးနောက်မှာ စိတ်ပူလွန်းလို့ ပင်ပန်းပြီး နေမကောင်းဖြစ်သွားမှာ၊ အဲဒါကြောင့် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာကို ပိုပြီးတော့တောင် စိုးရိမ်ပြီး အတိုက်အခံဖြစ်မိတယ်။ အစွမ်းအစ ညံ့လို့ ဒီတာဝန်နဲ့ အရည်အချင်း မပြည့်မီပါဘူးလို့ ပြောပြီးတော့ လှည့်ဖြားမှုတွေတောင် လုပ်ခဲ့သေးတယ်။ တကယ်တော့ ရောဂါအခြေအနေ ဆိုးမဆိုး၊ ရှင်မလား သေမလား ဆိုတာ အားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာပါ။ ဒါပေမဲ့ ကျွန်မက စိုးရိမ်ပူပန်မှုနဲ့ စိတ်ဆင်းရဲမှုထဲမှာပဲ နေထိုင်ခဲ့တာ။ ကိုယ့်နည်းကိုယ့်ဟန်ကို အားကိုးပြီး ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ကြိုးစားရင်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မယုံကြည်ဘဲ မယုံကြည်သူ တစ်ယောက်လိုပဲ ပြုမူနေခဲ့တာ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မရဲ့ အခြေအနေကို ဘုရားသခင် လက်ထဲ အပ်နှံပြီး ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့ လိုလားလာခဲ့တယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို နားလည်ခံစားစေရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ဖွဲ့စည်းခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်နားလည်ခံစားနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားသခင်က ပြောတယ်၊ ကျွန်မတို့ဆီ နာမကျန်းမှု ရောက်လာတာဟာ ကျွန်မတို့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဆင်းရဲမှုထဲမှာ ဆက်နေထိုင်ဖို့ မဟုတ်ဘူး၊ ရှောင်လွှဲဖို့ ကြိုးစားခိုင်းတာလည်း မဟုတ်ဘူး၊ အဲဒီအစား ဒီနာမကျန်းမှုကနေ သင်ခန်းစာတွေ ယူဖို့၊ ရောဂါဖြစ်တဲ့အခါ ကျွန်မတို့ ထုတ်ဖော်တဲ့ ဖောက်ပြန်ပျက်စီးမှုတွေ၊ အညစ်အကြေးတွေနဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေကို သိမြင်ဖို့၊ ဒီလိုနဲ့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်ဖို့အတွက် ဖြစ်တယ်တဲ့။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ တာဝန်တွေ ထမ်းဆောင်ရင်း အရမ်း ပင်ပန်းလွန်းရင် မလှုပ်မယှက် အခြေအနေ ရောက်သွားပြီး အိပ်ရာထဲ လဲသွားမှာကို အမြဲ စိုးရိမ်နေခဲ့တာ တွေ့ရတယ်။ အဲဒီကျရင် ရိုးရှင်းတဲ့ တာဝန်တွေကိုတောင် မထမ်းဆောင်နိုင်တော့ဘဲ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာလေ။ နောက်ပိုင်း တာဝန်တွေ ထမ်းဆောင်တဲ့အခါကျတော့ တတ်နိုင်သမျှ အားအနည်းဆုံး စိုက်ဖို့ အမြဲ ကြိုးစားတယ်၊ အထွေထွေရေးရာ သင်းထောက်အနေနဲ့ အရွေးခံရတုန်းကတောင် လှည့်ဖြားပြီး ရှောင်လွှဲဖို့ ကြိုးစားခဲ့တယ်။ ကျွန်မက ကိုယ့်ကျန်းမာရေးကိုပဲ အမြဲ စိတ်ပူခဲ့တယ်၊ အသင်းတော်အလုပ်အတွက် တစ်ချက်ကလေးမှ မစဉ်းစားဘဲ ကိုယ့်အနာဂတ် အလားအလာတွေနဲ့ လမ်းကြောင်းတွေအတွက်ပဲ စိုးရိမ်နေခဲ့တာ။ ကျွန်မ တော်တော် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖို့ ကောင်းလိုက်တာ။ ဒီရောဂါသာ မရှိရင် ကျွန်မအတွင်းက ပုန်ကန်မှုနဲ့ ဖောက်ပြန်ပျက်စီးမှုတွေ ထုတ်ဖော်ခံရမှာ မဟုတ်ဘူး၊ သန့်စင်ပြီး ပြောင်းလဲဖို့ဆိုတာ ဝေးရော။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံပြီး သင်ခန်းစာယူဖို့ သမ္မာတရားကို ရှာဖွေရမယ်။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်လိုက်တယ်။ “လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ကျေးဇူးပြုပြီး သင်တို့၏ အတွေးများကို ဝေမျှလော့။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ယောက်က သူ၏ ဘဝတွင် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။) ဤသည်မှာ မှန်သည်။ ပြောလော့။ လူတစ်ယောက်၏ ဘဝတစ်လျှောက်လုံးတွင် သူ၏ နေ့စဉ်ပြုမူဆောင်ရွက်မှုများ၊ အတွေးများသည် ဖျားနာခြင်း၊ သေခြင်းတို့အား ရှောင်ကြဉ်ခြင်း၊ သူ၏ ကိုယ်ခန္ဓာကို ကျန်းမာစေပြီး ရောဂါဘယကင်းဝေးစေခြင်း၊ အသက်ရှည်ဖို့အတွက် ကြိုးပမ်းခြင်းတို့ကိုသာ အာရုံစိုက်လျှင် ဤသည်မှာ လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးမဟုတ်ပေ။...လူတစ်ယောက်သည် ဤလောကသို့ ရောက်လာသောအခါ ဇာတိပကတိ ပျော်မွေ့မှုအတွက် မဟုတ်သကဲ့သို့ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းအတွက်လည်း မဟုတ်ပေ။ ထိုအရာများအတွက် အသက်မရှင်သင့်ပေ။ ဤသည်မှာ လူသားဘဝ၏ တန်ဖိုးမဟုတ်သကဲ့သို့ မှန်ကန်သော လမ်းကြောင်းလည်းမဟုတ်ပေ။ လူသားဘဝ၏ တန်ဖိုးနှင့် လိုက်လျှောက်ရန် လမ်းမှန်တွင် တန်ဖိုးရှိသောအရာတစ်ခုကို ဖြစ်မြောက်ခြင်းနှင့် တန်ဖိုးရှိသော အလုပ်တစ်ခု၊ သို့မဟုတ် များစွာကို ပြီးမြောက်ခြင်းတို့ ပါဝင်သည်။ ဤသည်မှာ အသက်မွေးအလုပ်ဟု မခေါ်ပေ။ လမ်းမှန်ဟု ခေါ်ပြီး သင့်လျော်သော အလုပ်တာဝန်ဟုလည်း ခေါ်သည်။ ပြောလော့။ လူတစ်ယောက်သည် တန်ဖိုးရှိသောအလုပ်အချို့ကို ပြီးမြောက်ရန်၊ အဓိပ္ပာယ်ရှိသော၊ တန်ဖိုးရှိသော ဘဝကို အသက်ရှင်ရန်၊ သမ္မာတရားကို လိုက်စားပြီး ရယူရန်အတွက် အဖိုးအခပေးဆပ်ဖို့ ထိုက်တန်သလော။ သင်သည် အမှန်တကယ်ပင် သမ္မာတရားကို နားလည်ခြင်းအား လိုက်စားရန်၊ ဘဝတွင် လမ်းမှန်ပေါ်သို့ စတင်လျှောက်လှမ်းရန်၊ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ရန် ဆန္ဒရှိလျှင် သင်၏ အားအင်အလုံးစုံကို ပေးဆပ်ရန်၊ အဖိုးအခများအားလုံးပေးဆပ်ရန်၊ သင်၏အချိန်နှင့် ဘဝသက်တမ်း တစ်ခုလုံးကို ပေးဆပ်ရန် တွန့်ဆုတ်မည်မဟုတ်။ ဤအချိန်ကာလအတွင်းတွင် ဖျားနာခြင်းအနည်းငယ်ကို သင်ကြုံတွေ့ရလျှင် ယင်းသည် အရေးကြီးမည်မဟုတ်၊ သင့်အား ဒုက္ခပေးမည်မဟုတ်ပေ။ ဤသည်မှာ ဘဝတစ်လျှောက်လုံး အေးဆေးပြီး လွတ်လပ်ခြင်း၊ အလဟဿနေထိုင်ခြင်း၊ အာဟာရကောင်းကောင်း ပြည့်ဝပြီး ကျန်းမာသည်အထိ ရုပ်ခန္ဓာကို ပျိုးထောင်၍ အဆုံး၌ အသက်ရှည်ခြင်းတို့ထက် အလွန်ပင်ပို၍ သာလွန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤရွေးချယ်စရာနှစ်ခုထဲမှ မည်သည့်တစ်ခုက တန်ဖိုးရှိသောဘဝ ဖြစ်သနည်း။ လူတို့သည် အဆုံးတွင် သေခြင်းကို ရင်ဆိုင်ရသောအခါ မည်သည့်တစ်ခုက ၎င်းတို့ကို သက်သာခြင်း၊ နောင်တမရှိခြင်းကို ယူဆောင်လာနိုင်သနည်း။ (အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ခြင်း ဖြစ်သည်။) အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေခြင်းဖြစ်သည်။ ဤအရာက သင်၏ စိတ်နှလုံးထဲတွင် သင်သည် တစ်စုံတစ်ခုကို ရရှိပြီးဖြစ်ကာ စိတ်သက်သာရာရပြီးဖြစ်သည်ဟု ဆိုလိုသည်။ ကောင်းစွာစားသောက်ပြီး သေသည်အထိ ပန်းသွေးရောင် အသားအရည်ကို ထိန်းသိမ်းထားသူများကမူ အဘယ်သို့ ရှိသနည်း။ ၎င်းတို့သည် အဓိပ္ပာယ်ရှိသောဘဝကို မလိုက်စားပေ။ ထို့ကြောင့် သေဆုံးသောအခါ ၎င်းတို့သည် မည်သို့ ခံစားရသနည်း။ (အချည်းနှီး အသက်ရှင်ခဲ့သကဲ့သို့ ခံစားရသည်။) ‘အချည်းနှီး အသက်ရှင်ခြင်း’ ဟူသည့် ဤစကားနှစ်လုံးသည် ပြတ်သားသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက် ကျွန်မ နားလည်သွားတယ်၊ ဒီဘဝမှာ ဘုရားသခင်ကို ယုံကြည်ခွင့်ရတာ၊ နောက်တော်လိုက်ပြီး ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ရတာ၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြီး ဖန်ဆင်းရှင်ရဲ့ အသိအမှတ်ပြုခြင်းကို ရယူနိုင်တာဟာ ဆင်းရဲဒုက္ခခံရပြီး ပင်ပန်းရရင်တောင်မှ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတယ် ဆိုတာကိုပေါ့။ ကျွန်မသာ ကိုယ့်တာဝန်ကို လုံ့လဝီရိယရှိရှိ မထမ်းဆောင်ဘဲ ဇာတိပကတိ သက်သာဖို့ပဲ ရှာဖွေခဲ့ရင်၊ ကျန်းမာရေးကောင်းပြီး အသက်ရှည်ရှည် နေရရင်တောင် ကျွန်မက ဘာတန်ဖိုး၊ ဘာအဓိပ္ပာယ်မှ မရှိတဲ့ အလဟဿ ဘဝတစ်ခုမှာ ရှင်သန်ခဲ့ရမှာပါ။ အထွေထွေရေးရာ သင်းထောက် တာဝန်ကို ထမ်းဆောင်နိုင်တာဟာ ဘုရားသခင်က ကျွန်မကို ချီးမြှောက်တာပဲ။ တစ်ခါတလေ ဒီတာဝန်က စိတ်ပူရပြီး ပင်ပန်းနိုင်ပေမဲ့ ကိုယ့်တာဝန်ကို စည်းမျဉ်းတွေအတိုင်း ကောင်းကောင်း ထမ်းဆောင်နိုင်ရင်၊ အသင်းတော် ပစ္စည်းတွေကို စည်းမျဉ်းတွေနဲ့အညီ ကာကွယ်ပြီး ယဇ်ပစ္စည်းတွေနဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို မပျောက်မပျက်အောင် ထိန်းသိမ်းနိုင်ရင်၊ ကျွန်မ စိတ်နှလုံး တည်ငြိမ်ပြီး အေးချမ်းမှာပါ။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေး ထိန်းသိမ်းဖို့ပဲ အာရုံစိုက်ပြီး စဉ်းစားရ၊ အားစိုက်ရတဲ့ အလုပ်မှန်သမျှကို လုပ်ဖို့ မလိုလားဘူးဆိုရင်၊ ကျန်းမာရေးကို အောင်မြင်အောင် ထိန်းသိမ်းခဲ့ရင်တောင် တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ဘဲ အသင်းတော် အကျိုးစီးပွားတွေကို ထိခိုက်စေရင်၊ ပြီးတော့ ဘုရားသခင်ရှေ့မှာ ပြစ်မှားခြင်းတွေ၊ အစွန်းအထင်းတွေ ချန်ရစ်ခဲ့ရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းတာကို ခံရပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးရုံပဲ ရှိမှာ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်လိုက်တော့ အရင်ကလို မနေထိုင်ချင်တော့ဘူး။ ဘုရားသခင်ကို ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ချင်တယ်။ ဒါပေမဲ့ တစ်ခါတလေ အလုပ်တွေ ပုံလာတဲ့အခါ အရမ်းစိတ်ပူပြီး အရမ်း ပင်ပန်းမှာကို ကြောက်နေတုန်းပဲ၊ ဒါပေမဲ့ ဘုရားသခင် စီစဉ်ညွှန်ကြားထားတဲ့ အခြေအနေတွေကို ကျိုးနွံနာခံလိုစိတ်နဲ့ ဘုရားဆီ ဆုတောင်းတယ်။ ရောဂါ ပိုဆိုးမလား၊ ပင်ပန်းလွန်းလို့ လဲကျမလား ဆိုတာကို မစိုးရိမ်တော့ဘဲ တာဝန်ကို ဘယ်လို ကောင်းကောင်း ထမ်းဆောင်ရမလဲ ဆိုတာကိုပဲ အာရုံစိုက်တော့တယ်။
စုဝေးပွဲတစ်ခုမှာ တခြားညီအစ်မတစ်ယောက်လည်း နေမကောင်းဖြစ်နေမှန်း သိလိုက်ရတော့ ကျွန်မရဲ့ အတွေ့အကြုံကို သူ့ဆီ ဝေမျှလိုက်တယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မတို့ နားထောင်ခဲ့ကြတယ်။
လူ၏သက်တမ်းကို ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်
............
၂ လူတို့သည် မကျန်းမာမှု ခံစားနေရချိန်တွင် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး ၎င်းတို့လုပ်သင့်သည့် အရာကို ဆင်ခြင်မြော်တွေးမှုနှင့် သတိဖြင့် လုပ်ဆောင်ရန် သေချာစေနိုင်ပြီး ၎င်းတို့၏ တာဝန်ကိုလည်း အခြားသူများထက် သာ၍ ကြီးမားသော သတိနှင့် လုံ့လတို့ဖြင့် ကိုင်တွယ်နိုင်ကြလေသည်။ လူတို့နှင့် ပတ်သက်သရွေ့ ဤသည်မှာ ကွယ်ကာခြင်း ဖြစ်သည်၊ အချည်အနှောင်များ မဟုတ်ပေ။ ဤသည်မှာ အပျက်သဘောဆောင်သည့်ဘက်မှ နည်းလမ်း ဖြစ်သည်။ ထို့အပြင် အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် ဆေးပညာရှုထောင့်မှ ကြည့်လျှင် ရောဂါကျွမ်းကောင်း ကျွမ်းနေနိုင်သော်လည်း ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင် သင်၏ သက်တမ်းသည် မပြီးသေးဘဲ သင်၏အချိန် မကျသေးပါက သင်သေချင်လျှင်ပင် သေ၍မရနိုင်ပေ။
၃ သင့်ထံတွင် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိပြီး သင်၏ အထူးတာဝန်က မပြီးဆုံးသေးလျှင် သင်သည် သေစေနိုင်လောက်သည်ဟု ယူဆရသော နာမကျန်းမှုတစ်ခု ဖြစ်လျှင်ပင် သေမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ခေါ်ဆောင်ဦးမည်မဟုတ်ပေ။ သင်သည် ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မပြုလျှင်ပင်၊ ပြီးလျှင် သင်၏ မကျန်းမာခြင်းကို ကုသရန် အာရုံမစိုက်လျှင်ပင် သို့မဟုတ် သင်၏ ကုသမှုကို နှောင့်နှေးနေလျှင်ပင် သေဆုံးမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ထံမှ အရေးကြီးသော တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိထားသော သူတို့အတွက် အထူးသဖြင့် မှန်ကန်သည်။ ၎င်းတို့၏ သာသနာက ပြီးဆုံးခြင်း မရှိသေးသည့်အခါ ၎င်းတို့အပေါ် မည်သည့်ရောဂါပင် ကျရောက်ပါစေ ၎င်းတို့သည် ချက်ချင်း သေဆုံးမည်မဟုတ်။ အထူးတာဝန်ပြီးဆုံးသည့် နောက်ဆုံး အခိုက်အတန့်အထိ အသက်ရှင်လိမ့်မည်။
............
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဘုရားနှုတ်ကပတ်တော်တွေကနေ လူ့သက်တမ်းဟာ ဘုရားလက်ထဲမှာ ရှိပြီး ရှင်ခြင်းသေခြင်းကို ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားတယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ရောဂါက ပြင်းထန်ရင်တောင် လူတစ်ယောက်ရဲ့ သက်တမ်း မကုန်သေးရင် ဂရုမစိုက်ရင်တောင် မသေနိုင်ဘူး။ ဒါပေမဲ့ သူတို့အချိန်စေ့သွားရင်တော့ အကောင်းဆုံး ဂရုစိုက်ရင်တောင် သေဆုံးသွားကြဦးမှာပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဆီးချိုရောဂါကြောင့် ကျွန်မအစ်ကိုကြီးနှလုံးရောဂါဖြစ်ခဲ့တာကို ပြန်ပြီး သတိရမိတယ်။ ဆေးရုံက သူ့ကို ကယ်လို့မရနိုင်တော့ဘူးလို့ ပြောပြီး အခြေအနေ စိုးရိမ်ရတဲ့ အသိပေးချက်တွေကို အကြိမ်ကြိမ် ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ အိမ်မှာ ခဏလောက် အနားယူပြီးတော့ တဖြည်းဖြည်း ပြန်ကျန်းမာလာပြီး ဒီနေ့ထိ အသက်ရှင်နေပါတယ်။ ဒါပေမဲ့ အသက် ၂၀ ကျော်အရွယ် သန်သန်မာမာ သူ့သားက စစ်တပ်ကနေ ခွင့်နဲ့ပြန်လာတုန်း နေမကောင်းဖြစ်တာ၊ ဆေးရုံက ပြင်းထန်တဲ့ သွေးကင်ဆာလို့ ပြောတယ်။ သူတို့က အကောင်းဆုံး ဆေးတွေ၊ စက်ကိရိယာတွေ သုံးတယ်၊ ထိပ်တန်း အထူးကု ဆရာဝန်တွေနဲ့လည်း တိုင်ပင်တယ်။ ဒါပေမဲ့ တစ်ပတ်အတွင်းမှာပဲ ဆုံးသွားရှာတယ်။ ဒီအဖြစ်အပျက်တွေက လူ့ရှင်ခြင်းသေခြင်းကို ဘုရားသခင် တကယ် ပြဋ္ဌာန်းထားမှန်း ကျွန်မကို ပြနေတယ်။ ဒါပေမဲ့ ကျွန်မက ပင်ပင်ပန်းပန်းလုပ်ရင် ရောဂါပိုဆိုးသွားမှာကို အမြဲ စိုးရိမ်ပြီး တာဝန်ထမ်းဆောင်ရင် ပေါ့ပါးလွယ်ကူတဲ့ အလုပ်တွေကိုပဲ ရွေးခဲ့တယ်၊ ဒါဆိုရင် ရောဂါပိုမဆိုးဘဲ နေမယ်လို့ ထင်ပြီးတော့လေ။ ရှင်ခြင်းသေခြင်းက ဘုရားလက်ထဲမှာ ရှိတယ်ဆိုတာကို ကျွန်မ တကယ် မယုံကြည်ခဲ့ဘူး။ တကယ်တော့ ဘုရားသခင်က ကျွန်မသက်တမ်းကို ကြိုတင်ပြဋ္ဌာန်းထားပြီးသား၊ ဒီကိစ္စအတွက် စိတ်ပူနေစရာ မလိုပါဘူး။ အဲဒါက ကျွန်မကို ချည်နှောင်ပြီး နာကျင်စေရုံပဲ ရှိတာ၊ ပြီးတော့ တာဝန်ကို သစ္စာမရှိစေဘဲ ကျွန်မ ကောင်းကောင်းထမ်းဆောင်နိုင်တဲ့ တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်အောင် တားဆီးနေတာ။ ဒါကို နားလည်လိုက်တော့ ယုံကြည်ခြင်း ရလာတယ်။ အဲဒီနောက်မှာ ကျွန်မ ပုံမှန်အတိုင်း ဆေးသောက်ပြီး တတ်နိုင်သလောက် လေ့ကျင့်ခန်းလုပ်တယ်၊ သေမှာကြောက်တဲ့စိတ်ရဲ့ ဘောင်ခတ်တာကို မခံရတော့ဘူး။ နေ့တိုင်း တာဝန်တွေနဲ့ အလုပ်ရှုပ်နေသေးပေမဲ့ ရောဂါပိုဆိုးလာတယ်လို့ မခံစားရဘူး။ တကယ်တော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး အားရှိလာသလိုပဲ။
နောက်ပိုင်း ညီအစ်မတစ်ယောက်နဲ့ ကျွန်မရဲ့ လတ်တလော အခြေအနေအကြောင်း ပြောရင်း သူ့ရဲ့ သတိပေးမှုကြောင့် ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေ နောက်ကွယ်မှာ ကောင်းချီးရလိုတဲ့ ရည်ရွယ်ချက် ရှိနေမှန်း သဘောပေါက်လာတယ်။ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လိုက်တယ်။ “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရနိုင်လိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူများအပေါ် ငါ၏ အမျက်ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းယူချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထောင်းခနဲထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင် ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ ကိုယ့်အတွက်ပဲကိုယ်ကြည့် ဘယ်သူသေသေငတေမာပြီးရော၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်သာဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ခါးစီးခံနိုင်ခြင်း ဖြစ်သည်။ လူသား၏ စာတန်ဆန်သော သဘာဝနှင့်ပတ်သက်သည့် အကောင်းဆုံးသော အထောက်အထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်က ဖော်ထုတ်ထားတယ်၊ ကျွန်မတို့ ကိုယ်တော့်ကို ယုံကြည်တာဟာ အကျိုးအမြတ် အမျိုးမျိုး တောင်းဆိုချင်တဲ့ ရည်ရွယ်ချက်နဲ့ပါတဲ့။ ဒီနောက်ကွယ်မှာ အညစ်အကြေးတွေနဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်တဲ့။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မက ဘုရားသခင် ဖော်ထုတ်တဲ့ လူစားမျိုးနဲ့ တစ်ထပ်တည်း ကျနေတာ တွေ့ရတယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ ကောင်းချီးနဲ့ ကျေးဇူးတော် ရချင်လို့။ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာ။ ဘုရားသခင်ကို စယုံကြည်တုန်းက နှစ်နဲ့ချီပြီး ဖြစ်ခဲ့တဲ့ နှာခေါင်းဓာတ်မတည့်ရောဂါ ပျောက်ကင်းသွားခဲ့တယ်၊ ဒါကြောင့် ဘုရားသခင်ကို ရောဂါဝေဒနာတွေကို ကုသပေးနိုင်ရုံတင်မကဘဲ ကျွန်မတို့ကို ဘေးအန္တရာယ်ကနေ ရှောင်ရှားစေနိုင်တဲ့၊ ကယ်တင်ခြင်း ပေးနိုင်တဲ့၊ ပြီးတော့ ရှင်သန်ခွင့် ပေးနိုင်တဲ့ အနန္တတန်ခိုးရှင် ဆေးဆရာကြီးအနေနဲ့ သတ်မှတ်ခဲ့တယ်၊ ဒါကြောင့် တာဝန်ကို လုံ့လဝီရိယရှိရှိ ထမ်းဆောင်ဖို့ လိုလားခဲ့တာ။ ဦးနှောက်ခွဲစိတ်ပြီးတဲ့နောက်မှာ တာဝန်တွေ မထမ်းဆောင်နိုင်ဘဲ ကယ်တင်မခံရမှာ ကြောက်လို့ အားနည်းနေတဲ့ကြားက ကိုယ့်သဘောနဲ့ကိုယ် တာဝန်တွေကို ယူခဲ့တာ။ တာဝန်ထမ်းဆောင်နိုင်သရွေ့ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက် ရှိမယ်လို့ ထင်ခဲ့တာ။ အထွေထွေရေးရာ သင်းထောက်နဲ့ ကျွန်မရဲ့ တွဲဖက်ညီအစ်မတွေက လုံခြုံရေးဆိုင်ရာ ပူပန်မှုတွေကို ကြုံရလို့ ပုန်းရှောင်ရတဲ့အခါ၊ ကျွန်မက အသင်းတော် အကျိုးစီးပွားတွေကို ဦးစားပေးပြီး ကိုယ် ကိုင်တွယ်နိုင်တဲ့ အထွေထွေရေးရာ တာဝန်တွေကို ထမ်းရွက်သင့်တာ၊ ဒါပေမဲ့ ပင်ပန်းလွန်းရင် တာဝန်တွေ ဆက်မထမ်းဆောင်နိုင်တော့ဘဲ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာ ကြောက်လို့ မပူးပေါင်းချင်ခဲ့ဘူး။ အထွေထွေရေးရာ အလုပ်ကို အင်တင်တင်နဲ့ လွှဲယူတုန်းကတောင် ဘုရားသခင်က ကာကွယ်ပြီး မြန်မြန် ပျောက်ကင်းအောင်လုပ်ပေးမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ယူခဲ့တာ။ နောက်ပိုင်း ရောဂါက မသက်သာဘဲ ပိုပြီးတော့တောင် ဆိုးလာတော့ အဖိုးအခ မပေးချင်တော့ဘူး၊ တာဝန်မှာ တက်ကြွမှု မရှိဖြစ်လာတယ်၊ လွယ်ကူတဲ့ တာဝန်ဆီ ပြန်သွားရအောင် အထွေထွေရေးရာ သင်းထောက်တစ်ယောက် အမြန်ရှာပေးဖို့ ခေါင်းဆောင်ကို ခဏခဏ တိုက်တွန်းခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာဟာ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ရှာဖွေဖို့သက်သက် ဖြစ်နေတာ တွေ့လိုက်ရတယ်။ ပေးဆပ်တာထက် ပိုရဖို့ပဲ အမြဲ မျှော်လင့်ခဲ့တာ၊ တာဝန်ကို ဘယ်လို ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားရမလဲ ဆိုတာကို မစဉ်းစားခဲ့ဘူး။ ကျွန်မရဲ့ သဘာဝက တော်တော် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတာပဲ။ ကောင်းချီးနဲ့ ငြိမ်သက်ခြင်း ရဖို့လောက်ပဲ ဘုရားသခင်ကို ယုံကြည်နေခဲ့တာ။ တာဝန်တွေကို ထမ်းဆောင်တာဟာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ဖြစ်တယ်၊ ဒါပေမဲ့ ကျွန်မက တာဝန်တွေ ထမ်းဆောင်တာကို အကြောင်းပြပြီး ကယ်တင်ခြင်းရဖို့နဲ့ အသက်ရှင်ကျန်ရစ်ဖို့အတွက်ပဲ ဘုရားသခင်ကို ယုံကြည်နေခဲ့တာ။ ဒီလိုယုံကြည်ခြင်းမျိုးက ဘုရားသခင်ကို လှည့်ဖြားပြီး အသုံးချဖို့ ကြိုးစားတာပဲ။ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး တစ်စက်မှ မရှိခဲ့ဘူး။ ဒီလိုအပြုအမူမျိုးကို ဘုရားသခင်က မုန်းတီးပြီး စက်ဆုပ်တယ်လေ။ ဘုရားသခင်က ကျွန်မကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ပေးထားတာ၊ ဒါကြောင့် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားပြီး ကိုယ့်တာဝန်တွေကို အတတ်နိုင်ဆုံး ထမ်းရွက်သင့်တယ်။ ဘုရားသခင်က ကျွန်မအတွက် ဘယ်လိုအဆုံးသတ်၊ ဘယ်လိုပန်းတိုင်ပဲ ထားရှိပါစေ၊ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဘုရားသခင်နဲ့ အပေးအယူ မလုပ်ချင်တော့ပါဘူး။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကိုပဲ ကောင်းကောင်း ဖြည့်ဆည်းချင်ပါတယ်။
ဒီရောဂါကနေတစ်ဆင့် ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို တွေ့မြင်ခဲ့ရတယ်။ သမ္မာတရားကို ရှာဖွေဖို့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နည်းနည်းနားလည်လာဖို့ ဒီရောဂါကို ဘုရားသခင် အသုံးပြုခဲ့တာ။ ဒါက တကယ်တော့ အဆိုးထဲကအကောင်းပါပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ယုံကွမ်၊ ဟေလောင်ကျန်းစီရင်စု ၁၉၉၁ တွင်၊ နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်တော်ကို...
ကျန်းလိ တရုတ်နိုင်ငံ၂၀၀၇ ခုနှစ်က ကျွန်မ ဘဝအတွက် ကြီးမားသည့် အပြောင်းအလဲတစ်ခု ဖြစ်ပါသည်။ ထိုနှစ်မှာ ကျွန်မ အမျိုးသားက...
ကျန်းရှင်း၊ တရုတ်ပြည်လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ကျွန်မ ပြင်းထန်တဲ့ လေးဘက်နာရောဂါ ဖြစ်ခဲ့ပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲခဲ့ရပါတယ်။...
ရှင်တောက် တောင်ကိုရီးယားနိုင်ငံ “အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု...