ဂုဏ်ဒြပ်၏ထမ်းပိုးမှ လွတ်မြောက်ခြင်း
အရင်နှစ်က ကျွန်မတို့ရဲ့အသင်းတော်ခေါင်းဆောင် အစ်မလော်ရာ အစားထိုးခံရတယ်၊ ဘာကြောင့်လဲဆိုတော့ သူက ဘာလက်တွေ့အလုပ်မှ မလုပ်တော့တာကြောင့် ဖြစ်တယ်။ အားလုံးဆွေးနွေးပြီးတဲ့အခါမှာ ကျွန်မကို အသင်းတော်ခေါင်းဆောင်အနေနဲ့ ရာထူးတိုးပေး လိုက်တယ်။ ကျွန်မ ရွေးချယ်ခံလိုက်ရတဲ့အချိန်မှာ တာဝန်အသစ် တွေ လုပ်ရမယ်ဆိုတာ ကျွန်မ သိခဲ့တာကြောင့် ဖိအားတွေ အများကြီး စပြီးခံစားလာရတယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်မ တကယ်ပျော် တယ်၊ ဘာကြောင့်လဲဆိုတော့ ဂုဏ်ဒြပ်အတွက် ကျွန်မရဲ့ လိုအင်ဆန္ဒပြည့်ခဲ့တယ်။ ကျွန်မရဲ့အရည်အချင်းနဲ့အလုပ်လုပ်နိုင်တဲ့စွမ်းရည် တွေကြောင့်၊ ကျွန်မကို အသင်းတော်ခေါင်းဆောင် ခန့်အပ်တယ်လို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မရဲ့တာဝန်တွေကို ဖြည့်ဆည်းဖို့ ကျွန်မ အပြည့်အဝအားထုတ်ခဲ့တယ်။ ကျွန်မ နားမလည်တာ တစ်ခုခုရှိရင်၊ ကျွန်မကစပြီး အကူအညီတောင်းပြီး လေ့လာခဲ့တယ်။ ကျွန်မရဲ့ ညီအစ်ကို၊မောင်နှမတွေဆီကိုလည်း မကြာခဏ သွားကြည့်ပေးပြီးတော့ သူတို့ကို မိတ်သဟာယဖွဲ့ပေးဖို့အတွက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း ရှာဖွေတွေ့ခဲ့တယ်။ အသင်းတော်ကို လတ်တလောမှ ဝင်ရောက်လာတဲ့ ညီအစ်ကို၊မောင်နှမတွေအတွက်တော့ ကျွန်မ မကြာခဏသွားပြီး သူတို့ကို ခွန်အားဖြည့်ပေးတယ်။ “ကျေးဇူးတင်ပါတယ်၊ အစ်မ” လို့ သူတို့ ပြုံးပြီး ကျွန်မကို ပြောတာကို ကျွန်မ သဘောကျတယ်။ အဲဒီအချိန်တုန်းကဆိုရင် ကျွန်မ တစ်ချက်မှတောင် မနားချင်ဘူး၊ အလုပ်တွေအားလုံးကို ကျွန်မကိုယ်တိုင် လုပ်ချင်ခဲ့ တယ်။
ဒီလိုနဲ့ပဲ ကျွန်မမှာ တက္ကသိုလ်စာမေးပွဲတစ်ခုရှိတော့၊ ကျွန်မ အလုပ်လျှော့လုပ်ခဲ့ရတယ်။ စာမေးပွဲဖြေပြီးတော့၊ ကျွန်မတို့ ပြန်စုတဲ့အခါမှာ၊ ညီအစ်ကို၊မောင်နှမတွေ အနည်းငယ်တိုးတက်လာတာ ကို ကျွန်မသတိပြုမိတယ်။ ကျွန်မတို့အဖွဲ့ထဲက ညီအစ်ကို၊မောင်နှမတချို့ရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ အကူအညီပေးဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရှာပေးနိုင်တဲ့ ညီမနှစ်ယောက် ရှိတယ်။ ဒါဟာ ကောင်းတဲ့အရာပဲ၊ ဒါပေမယ့် ကျွန်မ နည်းနည်းစိတ်အနှောင့်အယှက်ဖြစ် ခဲ့တယ်။ ညီအစ်ကို၊မောင်နှမတွေက ကျွန်မကို မလိုအပ်တော့ တာကြောင့် ကျွန်မဆီ လာမှာမဟုတ်တော့ဘူးလို့ ကျွန်မထင်မိတယ်။ တစ်ခါမှာ၊ အဖွဲ့တွေ့ဆုံပွဲတစ်ခုကို ကျွန်မ သွားတယ်။ အဲဒီအဖွဲ့မှာရှိတဲ့ ညီအစ်ကို၊မောင်နှမတွေက သိပ်ပြီးမိတ်သဟာယဖွဲ့နိုင်လေ့ မရှိဘူး၊ ဒါပေမယ့် ဒီတစ်ခါတော့ အစ်မအယ်ဗယ်လင်းက လူတိုင်းနဲ့ ကောင်းမွန်စွာ အပြန်အလှန်ဆက်ဆံနိုင် တာကို ကျွန်မတွေ့ခဲ့တယ်။ သူက ချစ်စရာကောင်းပြီး စိတ်ရှည်တဲ့အပြင်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအပေါ် သူတို့ရဲ့ နားလည်မှုကို တခြားညီအစ်ကို၊မောင်နှမတွေ ဆွေးနွေးဖို့ အားပေးတယ်။ သူ့ရဲ့အားပေးမှုနဲ့လမ်းညွှန်မှုအောက်မှာ အားလုံးက တက်တက်ကြွကြွနဲ့ ဆက်သွယ်ပြောဆိုကြပြီး၊ သူနဲ့ တော်တော်ရင်းနှီးပုံပေါ်တယ်။ ဒါကိုတွေ့ရတော့၊ ကျွန်မ စိတ်ပျက်လာမိတယ်၊ တစ်နေ့ကျရင် အစ်မအယ်ဗယ်လင်းက ကျွန်မနေရာကို ယူနိုင်တယ်ပေါ့။ တကယ့်အကျပ်အတည်းတစ်ခုလို ကျွန်မ စပြီးခံစား လာရတယ်။ သိပ်မကြာခင်မှာပဲ၊ ညီမတစ်ယောက်က ကျွန်မတို့အဖွဲ့ကို အကြံဉာဏ် တောင်းတဲ့ စာတစ်ခု ပို့လိုက်တာကို ကျွန်မတွေ့တယ်။ “လူတစ်ယောက်က ဘုရားသခင် ရှေ့မှောက်မှာ မိမိ ရဲ့စိတ်နှလုံးကို ငြိမ်သက်အောင် ဘယ်လိုလုပ်သလဲ” လို့ သူက မေးထားတယ်။ ကျွန်မက ဖြေဖို့ ပြင်ဆင်နေတုန်းမှာပဲ အစ်မအယ်ဗယ်လင်းက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ စာပိုဒ်တချို့ကို သူ့ကိုယ်ပိုင်နားလည်မှုတွေနဲ့အတူ ဝေငှပေးလိုက် တယ်။ သူတွေ့ရှိတဲ့စာပိုဒ်တွေက တော်တော်လေး သင့်တော် ပြီး၊ သူ့ရဲ့နားလည်မှုတွေကလည်း အရမ်းလက်တွေ့ကျ တယ်လို့ ကျွန်မစဉ်းစားမိတယ်။ ဒါ့အပြင် သူက လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ကိုလည်း ရှင်းရှင်းလင်းလင်းချပြပေးတယ်။ ကျွန်မမှာ ဖြည့်စွက်ပေးစရာ ဘာမှမရှိတာကြောင့် ကျွန်မ အတော်လေးဝမ်းနည်းမိတယ်။ အရင်က ဒီအဖွဲ့ဟာ ကျွန်မရဲ့တာဝန် ဖြစ်ခဲ့တယ်။ ညီအစ်ကို၊မောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ အခါ အထောက်အကူပြုဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရှာတွေ့တာ အရင်က ကျွန်မ ဖြစ်တယ်။ ကျွန်မ စဉ်းစားလာမိတယ်၊ လူတိုင်းရဲ့မေးခွန်းတွေကို ဖြေပေးဖို့အတွက် သူက အရမ်းတက်ကြွနေရင်၊ ကျွန်မကို လူတွေက ဘယ်လိုထင်ကြမလဲ။ သူတို့ရဲ့ခေါင်းဆောင်က သူ့တို့ရဲ့မေးခွန်းတွေကို မဖြေပေးနိုင်ဘူးလို့ သူတို့ ထင်ကြမလား။ ကျွန်မက အစ်မအယ်ဗယ်လင်းလောက် စွမ်းဆောင်ရည်မရှိဘူး လို့ ထင်ကြမလား။ သူတို့ကို ကူညီဖို့ သူက အမြဲစိတ်အားထက်သန်နေရင်၊ ကျွန်မကို အသုံးမကျတဲ့ခေါင်းဆောင်တစ်ယောက်လို့ သူတို့ ထင်သွားမလား။ ကျွန်မ အဲဒါကို ထပ်ခါတလဲလဲစဉ်းစားပြီးတော့ သူ့ကို မနာလိုဖြစ်လာတယ်။ “ဒီလိုဆို မဖြစ်ဘူး။ မင်းထက် ပိုအားထုတ်ပြီးလုပ်ကိုင် ဖို့ လိုတယ်။ ငါမင်းကို ပေးနိုင်လို့ မဖြစ်ဘူး” လို့တောင် ကျွန်မ စဉ်းစားမိတယ်။ ဒါပေမယ့် နောက်တော့ ကျွန်မ တစ်ချိန်လုံး အမှားတွေ စလုပ်လာတယ်။ အလွယ်ကူဆုံးတာဝန်တွေကို လုပ်တဲ့အခါမှာတောင် ကျွန်မ အမှားတွေလုပ်မိတယ်။ တစ်ခါမှာ၊ တခြားခေါင်းဆောင်တွေနဲ့သင်းထောက်တွေကို ကျွန်မတို့ တွေ့ဆုံမယ့်အချိန်ကို သတိပေးတဲ့ အသိပေးစာတစ်စောင် ကျွန်မရေးခဲ့တယ်။ ကျွန်မ မတော်တဆ လူသစ်အဖွဲ့ကို မှားပြီးပို့မိတယ်။ ညီမတစ်ယောက်က ကျွန်မကို ဖုန်းဆက်ပြီးပြောတော့ မှ ကျွန်မ အဖွဲ့မှားပြီးပို့မိတယ်ဆိုတာကို ကျွန်မ သတိပြုမိတယ်။ အဲဒါ တော်တော်လေးအချိုးမကျတော့ ကျွန်မ စာကို မြန်မြန်ဖျက်ပစ်လိုက်တယ်။ ဒါသိပ်ကြီးကျယ်တဲ့အရာ မဟုတ်ပေမယ့်၊ ကျွန်မ တော်တော်လေး စိတ်မကောင်းဖြစ်နေဆဲပဲ။ လူသစ်အဖွဲ့နဲ့ခေါင်းဆောင်အဖွဲ့တွေကို ကျွန်မ ဘယ်လိုလုပ်ပြီး ရောသွားမိလဲလို့ အဲဒီအချိန်မှာ ကျွန်မစဉ်းစားမိတယ်။ အဲဒီအချိန်မှာ ကျွန်မ တော်တော်လေးအသုံးမကျဘူး၊ ကျွန်မ ဘာကိုမှ မှန်ကန်အောင် မလုပ်နိုင်ဘူးလို့ ခံစားရတယ်။ ကျွန်မမှာ တက္ကသိုလ်စာမေးပွဲတွေလည်း ရှိတယ်၊ ဒါကြောင့် ကျွန်မရဲ့တာဝန်တွေထဲ ကျွန်မ အပြည့်အဝ နှစ်မြှုပ်လို့မရဘူး။ ကျွန်မဘာသာကျွန်မ စဉ်းစားမိတာက- “ပြီးသွားပြီ၊ ငါ့ရဲ့အခန်းကဏ္ဍကို အလိုက်သင့် ပြုပြင်ရမှာပဲ။ ငါ့ကို အစ်မအယ်ဗယ်လင်းနဲ့ အစားထိုးလိမ့်မယ်” ပေါ့။ အဲဒီနောက် ကျွန်မ တကယ်စိတ်ဓာတ်ကျလာတယ်။ ကျွန်မရဲ့တာဝန်တွေကို ဝတ်ကျေတမ်းကျေပဲ ကျွန်မ လုပ်လာတယ်၊ ဘာမှ မလုပ်ချင်တော့ဘူး။ တွေ့ဆုံပွဲတွေမှာလည်း အချိန်က မကုန်နိုင်ဘူးလို့ ကျွန်မခံစားရပြီး၊ တစ်ခါတစ်လေ Facebook ပေါ်မှာပဲ လျှောက်ကြည့် နေမိတယ်။ ကျွန်မဘဝအတွက် လုံးဝအသုံးမဝင်တဲ့ ဟာသ ဗွီဒီယို တချို့ကိုတောင် ကျွန်မ စပြီးကြည့်လာတယ်။ တွေ့ဆုံပွဲတွေမတိုင်ခင် ကျွန်မ အမြဲကြိုတင်ပြင်ဆင် လေ့ရှိပြီး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို သေသေချာချာ တွေးဆရင်း ဝန်ထုပ်တစ်ခုကိုထမ်းပြီး ကျွန်မရဲ့ ညီအစ်ကို၊မောင်နှမတွေရဲ့ မဖြေရှင်းနိုင်သေး တဲ့ ပြဿနာတွေအကြောင်းနဲ့၊ သူတို့နဲ့ ကျွန်မ ဘယ်လိုမိတ်သဟာယဖွဲ့သင့်တယ်ဆို တာတွေကို စဉ်းစားလေ့ရှိခဲ့တယ်။ ဒါပေမယ့် ကျွန်မ အဲဒီဝန်ထုပ်ကို မထမ်းတော့သလို၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း မတွေးဆတော့ဘူး။ တစ်ကြိမ်မှာ ညနေခင်းတွေ့ဆုံပွဲတစ်ခုမတိုင်ခင်၊ အပြင်ထွက်ပြီးတော့တောင် အဝတ်အစားတချို့ကို သွားဝယ်လိုက်သေးတယ်။ တွေ့ဆုံပွဲမစမီ မိနစ်အနည်းငယ်လောက်မှာ ကျွန်မ အိမ်ပြန်ရောက်တယ်။ မနက်ခင်းတွေမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ကို ကျွန်မ သေသေချာချာမဖတ်တော့သလို၊ ညီအစ်ကို၊မောင်နှမတွေ တွေးဆနိုင်ဖို့အတွက်လည်း အဖွဲ့တွေဆီကို အဲဒါတွေ မပို့တော့ဘူး။ အဲဒီအချိန်မှာ ကျွန်မရဲ့စိတ်နှလုံးက ဘုရားသခင်နဲ့ ဝေးတဲ့တစ်နေရာမှာ ရောက်နေတယ်လို့ ကျွန်မ ခံစားရတယ်။ အဲဒါနဲ့ ကျွန်မ ဘုရားသခင်ကို ဆုတောင်းတယ်။ ကျွန်မ ကိုယ်တော်ကို ပြောတာက- “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်မ ကိုယ်တော့်ထံ မှ အဝေးတစ်နေရာကို လမ်းလွဲပြီးထွက်သွားခဲ့တယ် ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မရဲ့တာဝန်တွေအပေါ် ကျွန်မရဲ့သဘောထားက လည်း မကောင်းဘူးဆိုတာ ကျွန်မသိတယ်။ ကျွန်မနောင်တရပြီး ပြင်ဆင်ချင်ပေမယ့်၊ ကျွန်မရဲ့ စိတ်နှလုံးက ခွန်အားအရမ်းနည်းနေတယ်။ ကိုယ်တော် ကျွန်မကို ကူညီမယ်လို့ မျှော်လင့်ပါတယ်” ပေါ့။
နောက်တော့၊ တကယ်ကိုအထောက်အကူပြုတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ ဘုရားသခင်က ပြောသည်- “စိတ်ထဲတွင် လူတို့သည် မကောင်းသော အခြေအနေအချို့- အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်းနှင့် စိတ်အားငယ်ခြင်း၊ သို့မဟုတ် မခိုင်ခံ့ခြင်း၊ သို့မဟုတ် မရမနေဇွဲကောင်းသော ယုတ်ညံ့သည့် အကြံတို့ကို သိုထားတတ်ကြသည်။ သို့မဟုတ် သြဇာတိက္ကမ၊ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် ၎င်းတို့၏ကိုယ်ပိုင် အကျိုးများကို စိုးရိမ်ခြင်း ကျေးကျွန်ဘဝတွင် ၎င်းတို့အမြဲရှိနေကြသည်။ သို့မဟုတ် ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အချို့သော အပျက်သဘောဆောင်သည့် အခြေအနေများကို ပိုင်ဆိုင်ထားသည်ဟု မိမိတို့ကိုယ်ကို တွေးထင်ကြသည်။ ဤအခြေအနေများတွင် သင်စဉ်ဆက်မပြတ် အသက်ရှင်သည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ သင့်အတွက် အလွန်ခက်ခဲ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် သင်ခက်ခဲနေပါက၊ သင့်အတွင်းတွင် အလွန်နည်းပါးသည့် အပြုသဘောဆောင်သောအရာများ ပါဝင်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရရှိဖို့ သင့်အတွက် ခက်ခဲလိမ့်မည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) အဲဒီအပိုဒ်ကို ကျွန်မဖတ်တဲ့အခါ ကျွန်မ တကယ်စိတ်လှုပ်ရှားသွားတယ်။ ဘုရားသခင်က ကျွန်မရဲ့ပြဿနာတွေကို အပြည့်အစုံ ချပြပေးတယ်။ ကျွန်မက အပျက်သဘောနဲ့ နေထိုင်နေပြီး၊ ကျွန်မရဲ့ တာဝန်တွေကိုလည်း မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့တာဝန်တွေကို သူများ တွေ ယူသွားမယ်လို့ ထင်ခဲ့တယ်။ ကျွန်မရဲ့ဂုဏ်ဒြပ် ခြိမ်းခြောက်ခံရမှာ ကျွန်မ စိုးရိမ်ပြီး၊ ကျွန်မကို ခွန်အားနည်းစေခဲ့ပြီး ဘုရားသခင်နဲ့ ညီအစ်ကို၊မောင်နှမတွေဆီကနေ ဝေးကွာစေခဲ့တယ်။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက နောက်ထပ် စာပိုဒ်တစ်ပိုဒ် ကျွန်မ တွေ့တယ်၊ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” ဆိုတဲ့ အထဲမှာ ဘုရားသခင်က ပြောသည်- “လူများသည် ၎င်းတို့ကို ဘုရားသခင်က တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မတိုင်မီ အခြေအနေများစွာကို ကျော်ဖြတ်ပြီး ဖြစ်လိမ့်မည်။ ဥပမာအနေဖြင့် လူများ၌ မကြာခဏမြင်ရသည့် အပျက်သဘောဆောင်သည့် အခြေအနေတစ်ခုရှိသည်။ အခြားသူများက သူတို့၏တာဝန်များကို ၎င်းတို့ထက် သာ၍ အကျိုးရှိရှိ ထမ်းဆောင်သည့်အခါ၊ ၎င်းတို့သည် အပျက်သဘောဆောင်ကြသည်။ အခြားသူများ၏ မိသားစုများက ၎င်းတို့၏မိသားစုများထက် သာ၍ စည်းလုံးသည့်အခါ၊ ၎င်းတို့က အပျက်သဘောဆောင်ကြသည်။ အခြားလူများ၏ အခြေအနေများက ၎င်းတို့၏အခြေအနေများထက် သာသည့်အခါ သို့မဟုတ် ထိုသူတို့က မြင့်မားသော အစွမ်းအစရှိသည့်အခါ၊ ၎င်းတို့က အပျက်သဘောဆောင်ကြသည်။ ပြီးလျှင် ၎င်းတို့ကို အနည်းငယ် စောစီးစွာ နိုးထစေသည့်အခါ၊ ၎င်းတို့က မပင်ပန်းလျှင်ပင်၊ ၎င်းတို့၏တာဝန်များက ပင်ပန်းသောအခါ၊ မည်သည့်အရာဖြစ်ပါစေ ၎င်းတို့က အပျက်သဘောဆောင်ကြသည်။...အပျက်သဘောဆောင်ခြင်းဆိုသည်မှာ လူများ၌ ပြဿနာတစ်ခုရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံဘဲ၊ ဘုရားသခင် ပြုသမျှအရာအားလုံးကို အစဉ် မကျေမနပ် ဖြစ်နေကြသည်။ ထို့အပြင် ၎င်းတို့က အနည်ဆုံးအနေဖြင့် သမ္မာတရားကို မရှာဖွေသကဲ့သို့၊ ယင်းကို လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိပေ။ ဘုရားသခင်သည် အဘယ့်ကြောင့် ထိုသို့သော လူများကို စိတ်ပါဝင်စားမှု ရှိမြဲရှိနေမည်နည်း။ ၎င်းတို့သည် ဆင်ခြင်တုံတရားကို နားမဝင်သည် မဟုတ်လော။ ဆင်ခြင်တုံတရားကို နားမဝင်သည့် သူများအပေါ် ဘုရားသခင်၏ သဘောထားက အဘယ်နည်း။ သူက ၎င်းတို့ကို ဘေးဖယ်ပြီး လျစ်လျူရှုလေသည်။ သင်သည် သင်သဘောရှိ ပြုမူနိုင်ပြီး၊ သင်ဆန္ဒရှိပါက သင်ယုံကြည်နိုင်သည်။ သင်ယုံကြည်ပြီး ရှာဖွေပါက၊ သင် ရရှိနိုင်သည်။ ဘုရားသခင်သည် လူတိုင်းကို တရားမျှတစွာ ဆက်ဆံသည်။ သင်၏သဘောထားသည် သမ္မာတရားကို လက်မခံခြင်းနှင့် ကျိုးနွံနာခံခြင်းတစ်ခု မဟုတ်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်၏သတ်မှတ်ချက်များအတိုင်း မကိုက်ညီပါက၊ သင်ဆန္ဒရှိသည့်အရာကိုသာ ယုံကြည်လော့။ ထို့အပြင် သင်သည် အတော် ထွက်ခွာလိုပါက၊ ချက်ချင်း ထိုသို့လုပ်ဆောင်နိုင်သည်။ သင်၏တာဝန်ကို လုပ်ဆောင်ဖို့ သင်ဆန္ဒမရှိပါက၊ သင်သည် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ လူပုံအလယ်တွင် ရှက်ဖွယ်ကောင်းသော ဆူညံပူညံ ပြုလုပ်ခြင်း သို့မဟုတ် ဝင့်ဝါခြင်း မပြုဘဲ ချက်ချင်း သင်နှစ်သက်သည့်နေရာသို့ ချက်ချင်း ထွက်သွားလော့။ ဘုရားသခင်က လူများကို နေဖို့ မတိုက်တွန်းပေ။ ယင်းမှာ သူ၏သဘောထားဖြစ်သည်။ သိသာထင်ရှားစွာ ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည့်- သင်သည်- ဖန်ဆင်းခံသတ္တဝါတစ်ဦးကဲ့သို့ ပြုမူဖို့ မည်သည့်အခါမျှ ဆန္ဒမရှိဘဲ၊ ထိုအစား ကောင်းကင်တမန်မင်းတစ်ပါး အမြဲ ဖြစ်လိုသည်၊ သို့ဆိုလျှင် ဘုရားသခင်က သင့်ကို အာရုံစိုက်နိုင်သလော။ သိသာထင်ရှားစွာပင် သာမန်လူ တစ်ဦးဖြစ်သည့်- သင်သည်- အထူးဦးစားပေးသော ဆက်ဆံမှုတစ်ခုနှင့် အရာခပ်သိမ်းတွင် အခြားသူများထက် သာလွန်ထူးကဲသည့် ဂုဏ်ဒြပ်နှင့် အဆင့်ရှိဖို့ အမြဲ ဆန္ဒရှိပါက၊ သင်သည် အကျိုးအကြောင်းမဆီလျော်ဘဲ အသိစိတ် ကင်းမဲ့နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် အသိစိတ်ကင်းမဲ့သည့်လူများကို မည်သို့မြင်သနည်း။ ယင်းတို့နှင့်သက်ဆိုင်သည့် သူ၏ ချင့်ချိန်ဆုံးဖြတ်ချက်မှာ အဘယ်နည်း။ ထိုသို့သော လူများသည် ဆင်ခြင်တုံတရားကို နားမဝင်ကြပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ကျွန်မရဲ့ အပျက်သဘောဆောင်မှုနဲ့အားနည်းမှုတွေရဲ့ ဇာစ်မြစ်က ကျွန်မရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍ အကြောင်းကို သိပ်ဂရုစိုက်လွန်းတာပဲဆိုတာကို ဘုရားသခင်က ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြသ လိုက်တယ်။ ကျွန်မ အဲဒါကို ဆုံးရှုံးမှာ ကြောက်မိတယ်။ ကျွန်မက ကျွန်မရဲ့တာဝန်တွေ ဖြည့်ဆည်းမှုကို နှစ်သက်တာ ထက် ကျွန်မရဲ့ဂုဏ်ဒြပ်ကို ပိုပြီးနှစ်သက်တယ်။ ကျွန်မ လုပ်သမျှအားလုံးက ကျွန်မရဲ့ခေါင်းဆောင်မှု ဂုဏ်ဒြပ်ကို ထိန်းသိမ်းလိုတဲ့စိတ်နဲ့ ပြုလုပ်ခြင်းဖြစ် တယ်။ ကျွန်မ ခေါင်းဆောင်မှုအခန်းကဏ္ဍ စလုပ်ခဲ့တဲ့အချိန် ကို ကျွန်မ ပြန်စဉ်းစားမိတယ်။ ကျွန်မ တစ်ချက်မှမနားတဲ့အထိ ကျွန်မရဲ့တာဝန်ကို ဖြည့်ဆည်းဖို့အတွက် ကြိုးစားအားထုတ်ခဲ့တယ်။ ကျွန်မလုပ်တာ ညံ့လို့ အစားထိုးခံရမှာ ကျွန်မ ကြောက် ခဲ့တယ်။ ညီမနှစ်ယောက်ရဲ့ တိုးတက်မှုကို ကျွန်မတွေ့တဲ့အခါ မှာ ကျွန်မပျော်သင့်တယ်။ ဒါပေမယ့် ညီအစ်ကို၊မောင်နှမတွေ ကျွန်မကို မလိုအပ် တော့မှာကို ကျွန်မစိုးရိမ်ခဲ့တယ်၊ အဲဒီအခါမှာ ကျွန်မရဲ့ခေါင်းဆောင်မှုအခန်းကဏ္ဍက ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်တော့သလို၊ ကျွန်မကို လည်း ဘယ်သူကမှ အားကျကြမှာ မဟုတ်တော့ဘူး။ အထူးသဖြင့် အစ်မအယ်ဗယ်လင်း ဘယ်လောက် ကောင်းကောင်းမွန်မွန် လုပ်ကိုင်နေတာ၊ ညီအစ်ကို၊မောင်နှမတွေရဲ့ မေးခွန်းတွေကို သူဖြေနိုင် တာနဲ့ လူတိုင်းက သူနဲ့ရင်းနှီးနေတာတွေကို တွေ့တဲ့အခါ၊ ကျွန်မရဲ့ဂုဏ်ဒြပ်ကို ကျွန်မ ဆက်ထိန်းသိမ်းနိုင်မှာ မဟုတ်တော့ဘူးလို့ ကျွန်မပိုစိုးရိမ်လာပြီး ကျွန်မရဲ့ တာဝန်တွေကို အလုပ်သဘောသက်သက်သာ ဖြည့်ဆည်းလာတဲ့အထိ ကျွန်မ အပျက်သဘောဆောင် ပြီး ခွန်အားနည်းခဲ့တယ်။ ဒီလိုလူမျိုးတွေက ဆင်ခြင်တုံတရားမရှိဘူးလို့ ဘုရားသခင်က ပြောတယ်။ ဘုရားသခင်က သူတို့ကို အာရုံမစိုက်သလို သူတို့အတွက် သန့်ရှင်းတဲ့ ဝိညာဉ်တော်ရဲ့ အမှုတော်ကို ရရှိဖို့ ခက်ခဲပါတယ်။ ကျွန်မ အဲဒီလိုအန္တရာယ်အနေအထားထဲ ရောက်နေပြီ ဆိုတာ ကျွန်မသတိပြုမိလိုက်တော့ ကျွန်မကြောက်သွားတယ်။ ခဏခဏအပျက်သဘောဆောင်တဲ့သူတွေဟာ သမ္မာတရားကို လက်မခံနိုင်တာကြောင့် သူတို့ကို ဘုရားသခင်က မနှစ်သက်ဘူးလို့ ပြောတယ်။ သူတို့ဟာ မှားယွင်းတဲ့ရည်ရွယ်ချက်တွေနဲ့ နေထိုင်ပြီး ပြန်မလှည့်နိုင်သလို အဲဒါတွေကို မစွန့်လွှတ်နိုင်ကြဘူး။ လူတစ်ယောက်ဟာ အဲဒီလို အပျက်သဘောဆောင်တဲ့ အနေအထားမှာ အမြဲနေနေရင်၊ နောက်ဆုံးမှာ သူတို့ကို ဘေးဖယ်ပြီး ထုတ်ပယ်ခံရမှာ ဖြစ်တယ်။ အဲဒီအချိန်တုန်းက ကျွန်မ ဒီဟာတွေကိုလည်း သတိပြုမိတယ်။ ဒီတော့၊ ကျွန်မ ဘုရားသခင်ထံ သွားပြီး အပြစ်ဝန်ခံပြီး နောင်တတရားရဖို့အတွက် ဆုတောင်းတယ်။ ကျွန်မ ဘုရားသခင်ကို ပြောတာက- “ဘုရားသခင်၊ ကျွန်မ မှားနေတယ်ဆိုတာကို ကျွန်မသိတယ်။ ကျွန်မကိုကျွန်မ နားလည်လာပြီး ကျွန်မရဲ့အပျက် သဘောဆောင်မှုကနေ ကျွန်မထွက်နိုင်ဖို့အတွက် ကျွန်မကို ကိုယ်တော်ကူညီမယ်လို့ ကျွန်မမျှော်လင့် တယ်” ပေါ့။
နောက်တော့၊ တွေ့ဆုံပွဲတစ်ခုမှာ ညီမတစ်ယောက်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တယ်။ ကျွန်မတို့ ဘာကြောင့် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ဂုဏ်ဒြပ်တွေနောက် လိုက်လဲဆိုတာကို အဲဒီ နှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ နည်းနည်းနားလည်လိုက်တယ်။ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” ရဲ့ စတုတ္ထမြောက်အပိုဒ်မှာ ပါတယ်။ ဘုရားသခင်က ပြောသည်- “လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့ အခါမှာ၊ စာတန်ဟာ လူသားကို လှည့်စားပြီး အကျင့်ပျက်စေဖို့ အတွက် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ဂုဏ်ဒြပ် တွေကို အသုံးပြုတယ် ဆိုတာကို ကျွန်မ အသိတရားရသွားတယ်။ အဲဒါ လူတွေကို ဖမ်းဖို့အတွက် စာတန်က အသုံးပြုတဲ့ မမြင်နိုင်တဲ့ထမ်းပိုးဖြစ်တယ်။ ကျွန်မဟာ ကလေးဘဝကတည်းက ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ဂုဏ်ဒြပ်တွေရဲ့ထမ်းပိုးအောက်မှာ ပိတ်မိနေခဲ့တယ်။ ကျွန်မ ကျောင်းမှာတုန်းက၊ တခြားလူတွေ အားကျအောင်နဲ့ အတန်းခေါင်းဆောင် တစ်ယောက် ဖြစ်လာအောင်အပြင်၊ ကျွန်မအတန်းသားတွေ ကျွန်မကို ကျော်သွားမှာ ကြောက်တာကြောင့် ကျွန်မ အရမ်းကြိုးစားပြီး စာကျက်ခဲ့တယ်။ ဘုရားသခင်ကို စတင်ယုံကြည်လာပြီး ခေါင်းဆောင် တစ်ယောက်ဖြစ်လာတဲ့အခါမှာ၊ ကျွန်မရဲ့ဂုဏ်ဒြပ်ကို ဆက်ပြီးထိန်းသိမ်းထားဖို့နဲ့ အစားထိုးမခံရဖို့အတွက် ကျွန်မရဲ့တာဝန်တွေကို ဖြည့်ဆည်းဖို့ ကျွန်မ ကြိုးစားအားထုတ်ခဲ့တယ်။ ကျွန်မထက်တော်တဲ့ ညီအစ်ကို၊မောင်နှမတွေကို ကျွန်မ မနာလိုဖြစ်ခဲ့တယ်။ ကျွန်မကို သူတို့က ကျော်သွားပြီးတော့ လူတွေရဲ့စိတ် ထဲမှာ ကျွန်မရဲ့ဂုဏ်ဒြပ် မရှိတော့မှာ စိုးရိမ်ခဲ့တယ်။ ပြီးတော့ ဝမ်းနည်းစရာအကောင်းဆုံးအပိုင်းက ကျွန်မဟာ ညီအစ်ကို၊မောင်နှတွေရဲ့အတွေးထဲမှာ အစားထိုးလို့မရတဲ့လူတစ်ယောက် မဟုတ်တော့တာကို သတိပြုမိတဲ့အခါပဲ ဖြစ်တယ်။ ဂုဏ်ဒြပ်အတွက် ကျွန်မရဲ့လိုအင်ဆန္ဒမပြည့်ဝခဲ့ဘူးလို့ ကျွန်မခံစားရပြီး၊ ကျွန်မရဲ့တာဝန်တွေကို ဝတ်ကျေတမ်းကျေပဲ လုပ်လာတယ်၊ ဒါတွေအားလုံးဟာ ကျွန်မလိုချင်တာကို ကျွန်မ မရရှိခဲ့ လို့ပဲဖြစ်တယ်။ ကျွန်မသတိပြုမိတာက၊ ဘုရားသခင်ရဲ့ လိုအပ်ချက်တွေ၊ ကျွန်မရဲ့တာဝန် ဝတ္တရားတွေ၊ အသင်းတော် အသက်တာတွေက ကျွန်မအတွက် အရေးကြီးတဲ့အရာတွေ မဟုတ်ဘူး။ ကျွန်မလုပ်တာတွေအားလုံးက ဂုဏ်ဒြပ်အတွက် ကျွန်မရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက်ဖြစ်ပြီး ဘုရားသခင်အပေါ် ကြည်ညိုကြောက်ရွံ့မှု မရှိဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်မအသိတရားရလိုက်တာက စာတန်က ကျွန်မတို့ကို ကျော်ကြားမှု၊ အကျိုးအမြတ် နဲ့ ဂုဏ်ဒြပ်တွေနောက်ကို လိုက်စေချင်တယ်။ အဲဒါတွေရဖို့အတွက် ကျွန်မတို့အချင်းချင်း ရန်ဖြစ်စေ ချင်တယ်။ သူက ကျွန်မတို့ကို ဘုရားသခင်ရဲ့ တောင်းဆိုမှုတွေကို ပစ်ပယ်ပြီး၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး၊ ဘုရားသခင်ထံမှ လမ်းလွဲစေချင်တယ်။ ဒါဟာ စာတန်ရဲ့ အကြံဉာဏ်ပဲ။ အဲဒါကို ကျွန်မ အသိတရားရသွားတဲ့အခါမှာ၊ ကျွန်မကိုကျွန်မ မုန်းတီးလာတယ်။ ကျွန်မအနေနဲ့ ဘုရားသခင်ရဲ့ ရှေ့မှောက်ကို အမှန်တကယ်သွားနိုင်ဖို့အတွက် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ဂုဏ်ဒြပ်တွေနောက်ကို လိုက်ခြင်းမှ ကျွန်မကိုကျွန်မ လွတ်မြောက်အောင် လုပ်ချင်ခဲ့တယ်။ နောက်တော့ ကျွန်မ ဓမ္မသီချင်းတစ်ပုဒ်ကို ကြားလိုက် ရတယ်၊ “ကျွန်ုပ်သည် သေးနုပ်သော ဖန်ဆင်းခံမျှသာဖြစ်သည်” အဲဒါက ကျွန်မကို တကယ်စိတ်လှုပ်ရှားသွားစေတယ်။ “အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) အဲဒီအခါမှာ ကျွန်မနားလည်လိုက်တာက ဘုရားသခင်ရဲ့အိမ်တော်မှာ ဒီနေ့ ဘာတာဝန်ပဲ လုပ်ရလုပ်ရ၊ ဒါဟာ ဘုရားသခင်ရဲ့ တင်မြှောက်ခြင်းနဲ့ သူ့ရဲ့မြှင့်တင် ခြင်းပဲ ဖြစ်တယ်။ ဂုဏ်ဒြပ်ကို ဂရုမထားဘဲ၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မရဲ့တာဝန်ကို ရိုးသားစွာနဲ့ဆောင်ရွက်သင့်တယ်။ အဲဒါ တစ်ခုတည်းသော ဆင်ခြင်တုံတရားရှိတဲ့ နည်းလမ်းပဲ။ တစ်ချိန်တည်းမှာပဲ ကျွန်မအသိတရားရလိုက်တာက ဘုရားသခင်ရဲ့အိမ်တော်ထဲမှာ ဂုဏ်ဒြပ်မြင့်တယ်၊ နိမ့်တယ်ဆိုတဲ့ ခွဲခြားမှုတွေ မရှိဘူး— အရေးကြီးတာက ကိုယ့်ရဲ့တာဝန်ကို ကိုယ်ဖြည့်ဆည်းဖို့ပဲ။ အဲဒီအသိတရား ရသွားတဲ့အခါ ကျွန်မလွတ်မြောက် သွားသလို ခံစားရတယ်။ အနာဂတ်မှာဆိုရင် ကျွန်မရဲ့ဂုဏ်ဒြပ်ကို ဂရုမစိုက်ဘဲ၊ ကျွန်မရဲ့တာဝန်ကို ဖြည့်ဆည်းဖို့နဲ့ ဘုရားသခင် ကျေနပ်အောင် ကျွန်မ အစွမ်းကုန်ဆောင်ရွက်သွား မယ်။
အဲဒီနောက်မှာ၊ ကျွန်မအပေါ် နက်ရှိုင်းတဲ့ မှတ်သား စရာ ဖြစ်စေခဲ့တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ထဲက စာပိုဒ်နှစ်ပိုဒ်ကို ကျွန်မ တွေ့လိုက်တယ်။ ဘုရားသခင်က ပြောသည်- “ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ယောက်သောသူ၏အားနည်းချက်အား အခြားသောသူ၏ ခွန်အားဖြင့် အားဖြည့်ခြင်းကိုဆိုလိုသည်။ အခြားသူ၏အားနည်းချက်အတွက် သင်၏အားသာချက်များကိုအသုံးပြု၍ ဖာထေးပေးခြင်း၊ အခြားသူများသည်လည်း သင့်ကိုဖာထေးပေးဖို့ရန် သူတို့၏ခွန်အားများအသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ အခြားသူ၏အားသာချက်ဖြင့် တစ်ယောက်သောသူ၏အားနည်းချက်များကို အားဖြည့်ခြင်းနှင့် စိတ်သဘောထားညီညွတစွာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စိတ်သဘောထားညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းရှိမှသာလျှင် လူတို့သည် ဘုရားသခင်ရှေ့၌ ကောင်းချီးခံစားရရှိပြီး၊ ဤအရာကို ပို၍ တွေ့ကြုံခံစားလေ၊ ၎င်းတို့သည် ပို၍ လက်တွေ့ကျမှုကို ပိုင်ဆိုင်လေဖြစ်သည်၊ လမ်းကြောင်းသည် သာ၍ တောက်ပပြီး၊ ၎င်းတို့သည်လည်း ယခင်ထက် ပို၍စိတ်ချမ်းသာသောသူ ဖြစ်လာမည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း”) “လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး- မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်- အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက အဲဒီစာပိုဒ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တဲ့အခါ၊ ဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေကို ကျွန်မ နားလည် လာတယ်။ ဘုရားသခင် မျှော်လင့်တာက ကျွန်မတို့ရဲ့တာဝန်တွေ ကို ထမ်းဆောင်ရင်း၊ ကျွန်မတို့ဟာ တစ်ယောက်ဆီက တစ်ယောက် သင်ယူ ပြီး၊ တစ်ယောက်ချင်းစီရဲ့ အားနည်းချက်တွေကို ဖြည့်တင်းပေးဖို့ဖြစ်တယ်။ ကျွန်မတို့အနေနဲ့ ဘယ်လိုရာထူးမျိုးပဲရှိရှိ ကျွန်မတို့ အကောင်းဆုံးလုပ်ကိုင်သွားပြီး၊ ကျွန်မတို့ရဲ့တာဝန်တွေကို ဖြည့်ဆည်းဖို့အတွက် ညီညီညွတ်ညွတ်နဲ့ အတူတကွဆောင်ရွက်သွားဖို့ ဖြစ်တယ်။ ဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေကို ကျွန်မ နားလည် ပြီးနောက်၊ ကျွန်မ သူ့ကို ဆုတောင်းတယ်။ ကျွန်မရဲ့ဂုဏ်ဒြပ်ကို ဘယ်လိုလက်လွှတ်ရမလဲဆိုတာ ကို ကျွန်မ စသိလာပြီး၊ ကျွန်မကို တခြားလူတစ်ယောက်က အစားထိုးနိုင်သ လားဆိုတာကို မစဉ်းစားတော့ဘူး။ ကျွန်မလုပ်တဲ့ အရာအားလုံးမှာလည်း ကျွန်မရဲ့စိတ်ကို နှစ်မြှုပ်ပြီးလုပ်ဖို့နဲ့ ကျွန်မရဲ့တာဝန်ကို ဘယ်လိုကောင်းမွန်စွာဖြည့်ဆည်းရ မလဲဆိုတာကို စဉ်းစားဖို့ ကျွန်မ သိရှိလာတယ်။ တွေ့ဆုံပွဲတွေမှာ တခြားလူတွေနဲ့ မိတ်သဟာယဖွဲ့ဖို့ ကျွန်မကစပြီး လုပ်ဆောင်လာတယ်။ တခြားသူတွေ မိတ်သဟာယဖွဲနေတဲ့အခါတွေမှာ ကျွန်မ သူတို့ရဲ့စကားလုံးတွေကို အသေအချာတွေးဆ ပြီး၊ အမြင်သစ်ပေးမယ့်အချက်တိုင်းကို မြန်မြန်ဆန်ဆန် ချပြီးမှတ်တယ်။ ညီအစ်ကို၊မောင်နှမတွေဆီက ကျွန်မ သင်ယူစရာတွေ အများကြီးရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်သွား တယ်။ တဖြည်းဖြည်းနဲ့၊ ကျွန်မထက် ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်တဲ့ ညီအစ်ကို၊မောင်နှတွေနဲ့ ကျွန်မထက် ပိုပြီးတော်တဲ့ ညီအစ်ကို၊မောင်နှမတွေအပေါ် ကျွန်မရဲ့ မနာလိုစိတ်တွေ လျော့သွားတယ်။ ကျွန်မကိုကျွန်မ စိတ်လျှော့နိုင်ပြီး တခြားလူတွေဆီက ပဲ သင်ယူတော့တယ်။ ဒီလို ခဏ လက်တွေ့လုပ်ဆောင်ပြီးတဲ့အခါ၊ ကျွန်မ ထူးထူးခြားခြားငြိမ်းချမ်းပြီး သက်သောင့်သက်သာရှိ လာသလို ခံစားရတဲ့အပြင်၊ ဘုရားသခင်နဲ့ ပိုပြီးနီးစပ်လာတယ်လို့ ကျွန်မ ခံစားရတယ်။ သူ့ရဲ့နှုတ်ကပတ်တော်တွေကို အသုံးပြုပြီး ကျွန်မကို တရားစီရင်ပြီး ဖော်ထုတ်ပြသပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားကို နားလည်လာအောင် ကိုယ်တော်က ကျွန်မကို ကူညီ ပေးခဲ့ပါတယ်။ ကျွန်မကို ကယ်တင်တဲ့အတွက်၊ ဘုရားရဲ့ချစ်ခြင်း မေတ္တာအတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။