ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ကျွန်ုပ်ကို အဘယ်သူ တားဆီးနေသနည်း။
ကျွန်မ ကက်သလစ် အသင်းသားတစ်ဦး ဖြစ်ခဲ့ဖူးတယ်။ ကျွန်မ ငယ်ရွယ်တုန်းက ကက်သလစ် ကျောင်းကို တက်ခဲ့ပြီး အသင်းတော် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မငယ်ငယ်တုန်းက မိဘတွေနှစ်ယောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့ကြတယ်။ သိချင်စိတ်နဲ့ ကျွန်မလည်း ဘုရားနှုတ်ကပတ်တော်စာအုပ်တချို့ကို ဖတ်ခဲ့ပြီး ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့တယ်ဆိုတာနဲ့ ဘုရားသခင်က ကျွန်မတို့ရဲ့ ကံကြမ္မာ၊ အသက်နဲ့ သေခြင်းကို အုပ်စိုးတယ်ဆိုတာ သိခဲ့ရတယ်။ ၂၀၁၂ ခုနှစ်မှာတော့ အဖေနဲ့အမေက မယုံကြည်တော့ပေမဲ့ အဖွားကတော့ ယုံကြည်ဆဲဖြစ်ပြီး သူက ကျွန်မနဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လေ့ရှိတယ်။ ၂၀၂၁ ခုနှစ်၊ မေလမှာတော့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ တရားဝင် လက်ခံခဲ့တယ်။ အလုပ်များနေတဲ့အခါမျိုးမှာ စုဝေးပွဲတွေတက်ဖို့ အားလပ်ချိန်ကို ကျွန်မသုံးခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မက ဆံပင်ညှပ်လုပ်ငန်းမှာ အလုပ်လုပ်နေပြီး တစ်လကို ယွမ် ရှစ်ထောင်ကနေ တစ်သောင်းလောက်အထိ ဝင်ငွေရှိတော့ အဖေက ကန့်ကွက်တာမျိုး မရှိခဲ့ဘူး။ ကျွန်မတို့ရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေအားလုံးက ကျွန်မ ကိုယ့်ဟာကိုယ် အဆင်ပြေနေတယ်လို့ ပြောကြပြီး အဖေက ဒါကိုကြားရတော့ အရမ်းကို ပျော်ပြီး ဂုဏ်ယူခဲ့တယ်။ နောက်ပိုင်းမှာ စုဝေးပွဲတွေတက်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တော့ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်သင့်တယ်ဆိုတာကို နားလည်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့အလုပ်ကြောင့် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အချိန်မရှိခဲ့ဘူး။ ဒါပေမဲ့ နောက်တော့ ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးရတာက ကျွန်မရဲ့စိတ်နှလုံးကို အားကျကျေနပ်စေပြီး အရင်လို ဟာတာတာမဖြစ်တော့ပုံကို ကျွန်မ တွေးမိတယ်။ ဒါကြောင့် ကျွန်မတာဝန်ကို အချိန်ပြည့် ကျွန်မ ထမ်းဆောင်ချင်ခဲ့တယ်။ အထူးသဖြင့် ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိတဲ့အခါမှာပေါ့။ “ဘေးအန္တရာယ်မျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ နိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးအန္တရာယ်များ ကြုံတွေ့ရလိမ့်မည်။ ကပ်ရောဂါ၊ အစာခေါင်းပါးခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် နေရာတိုင်း၌ ဖြစ်လေ၏။ ဤဘေးအန္တရာယ်များသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် သာ၍ သာ၍ ကျယ်ပြန့်သော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင် ပိုးမွှားကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ မြောက်မြားစွာသော တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၅)) ဘုရားသခင်ရဲ့အမှုတော်က ပြီးဆုံးခါနီးပြီဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ကပ်ဘေးတွေက ပိုပိုပြီး ကြီးမားလာနေပြီဖြစ်သလို၊ ဘုရားသခင်ရှေ့မှောက်ကို ရောက်လာမှသာလျှင် ကျွန်မတို့ ကယ်တင်ခြင်းခံရပြီး အသက်ရှင်ကျန်ရစ်နိုင်မှာ။ အချိန် သိပ်မကျန်တော့တာနဲ့အမျှ ကျွန်မ သမ္မာတရားကို အရေးတကြီး လိုက်စားပြီး တာဝန်ထမ်းဆောင်ရမယ်။ ဒီလိုတွေးမိတဲ့အခါ ကျွန်မ အချိန်ပြည့် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မ နေ့တိုင်း စုဝေးပွဲတွေတက်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့သလို၊ အရင်က တစ်ခါမှမသိခဲ့ဖူးတဲ့ ဝမ်းမြောက်ခြင်းမျိုးကို စိတ်နှလုံးထဲမှာ ခံစားခဲ့ရတယ်။ နှစ်လကြာတော့ ကျွန်မ အလုပ်ထွက်လိုက်တယ်။ ကျွန်မ အလုပ်မလုပ်တော့တာကို အဖေတွေ့တော့ သူ လုံးဝမပျော်တော့ဘူး။ သူကပြောတယ်၊ “နင့်မှာ ယုံကြည်ခြင်းတစ်ခုရှိတာ ကောင်းပါတယ်၊ ဒါပေမဲ့ အလုပ်ကိုတော့ ဒီအတိုင်းထွက်လိုက်လို့မရဘူးလေ။ အလုပ်တစ်ဖက်နဲ့ ကျန်တဲ့အချိန်မှာ စုဝေးပွဲတွေ တက်ခဲ့တဲ့ အရင်ကပုံစံအတိုင်း လုပ်လို့ရတာပဲ။ နင် အလုပ်မလုပ်ရင် ဘာနဲ့ အသက်ရှင်မှာလဲ။ အခုက နင့်ဘဝမှာ အသက်မွေးဝမ်းကျောင်းတစ်ခုကို လိုက်စားဖို့ အကောင်းဆုံးအချိန်ပဲ။ ငါက မင်းကောင်းဖို့အတွက်ပဲ ပြောနေတာ။ ငါ့စကားကို နားမထောင်ရင် တစ်နေ့ နောင်တရလိမ့်မယ်” တဲ့။ သူပြောတာကို ကြားပြီးတဲ့နောက်မှာ ကျွန်မ စိတ်မသက်မသာခံစားရတယ်။ ငယ်ငယ်လေးကတည်းက တစ်သက်လုံး အရာရာမှာ သူ့စကားကိုပဲ နားထောင်ခဲ့တာလေ။ ဒီတစ်ခါ သူ့စကားကို နားမထောင်ရင် သူဘယ်လောက်တောင် ရင်ကွဲရမလဲ။ ဒါပေမဲ့ နောက်တော့ အလုပ်လုပ်နေတုန်း စိတ်ထဲမှာ ဘယ်လောက် ဟာတာတာဖြစ်ခဲ့ရတယ်ဆိုတာနဲ့၊ အခု တာဝန်ထမ်းဆောင်နေရတော့ ဘယ်လောက်ကို အရမ်း ကျေနပ်အားရတယ်ဆိုတာတွေကို ကျွန်မ စဉ်းစားမိတယ်။ ဘဝမှာ လိုက်စားဖို့ ဘာက အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတယ်ဆိုတာကို အခု ကျွန်မနားလည်သွားပြီ။ ဒါ့အပြင် ဘုရားသခင်ရဲ့အမှုတော်က ပြီးဆုံးတော့မှာဆိုတော့ သမ္မာတရားကို လိုက်စားဖို့ ကိုယ့်မှာရှိတဲ့ အချိန်အကန့်အသတ်ကို အမိအရအသုံးချရမယ်။ သမ္မာတရားနဲ့ အသက်ကို ရရှိခြင်းကသာ အရေးကြီးဆုံးပဲလေ။ ဒါကို စိတ်ထဲမှာတွေးပြီး အဖေ့ကို ကျွန်မ ပြောလိုက်တယ်။ “အလုပ်ခွင်ဆိုတာ ကျိတ်ကြံတာတွေ၊ ခွက်စောင်းခုတ်တာတွေနဲ့ ပြည့်နေတာ။ အခု သမီးရဲ့တာဝန်ထမ်းဆောင်လိုက်တော့ သမီးက ဘဝမှာ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်နေတာပါ” လို့ပေါ့။ ဒါပေမဲ့ သူက ကျွန်မကို ဘုရားသခင်ကို မယုံကြည်အောင် တားဆီးဖို့ ကြိုးစားနေတုန်းပဲ။
တစ်နေ့မှာ အဖေက ကျွန်မဆီကို မက်ဆေ့ချ်တစ်စောင် ပို့တယ်၊ “ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့” တဲ့။ ကျွန်မမျက်နှာမှာ မျက်ရည်တွေ ချက်ချင်း စီးကျလာတယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီနှစ်တွေတစ်လျှောက်လုံး အဖေက ငါ့ကို တခြားသူတွေထက် ထူးချွန်စေချင်ခဲ့တာ။ ငါ့ကို ပျိုးထောင်ဖို့ သူ အများကြီး အဖိုးအခပေးခဲ့တယ်။ အခု ငါ အလုပ်မလုပ်တော့ဘူးဆိုတော့ သူ့မျှော်လင့်ချက်တွေ တစ်စစီပြိုကွဲသွားပြီ။ သူ အရမ်းကို နာကျင်နေမှာပဲ။ ငါက အရွယ်ရောက်ပြီးသားဖြစ်ပေမဲ့ သူ့ကို ကိုယ့်အတွက် စိတ်ပူအောင်လုပ်နေမိတုန်းပဲ။ ဒါက သားသမီးဝတ်မကျေပွန်တာ မဟုတ်လား။ ငယ်ငယ်ကတည်းက ငါလိုချင်တာမှန်သမျှ အဖေက ဝယ်ပေးခဲ့တယ်။ သူက င့ါကို အမြဲတမ်း အလိုလိုက်ခဲ့တာ။ အနာဂတ်မှာ ငါ အလုပ်ပြန်မလုပ်တော့ရင်၊ ငါ့အပေါ် သူ ရှိသမျှအကုန် အားထုတ်ပြီး အသုံးခံပြီးတဲ့နောက်မှာ သူ့ကို ငါ စိတ်ပျက်စေမိမှာပဲ။ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက ငါ့ကို ဘာများထင်ကြမလဲ” လို့ပေါ့။ ကျွန်မ အပျက်သဘောဆောင်နေတဲ့ကြားကပဲ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရလို့ ရှာဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ငါ့ကို ပြောလော့၊ လူတို့နှင့် ပတ်သက်သည့် အရာတိုင်းသည် မည်သူ့ထံမှ ပေါ်ပေါက်သနည်း။ လူသားဘဝအတွက် မည်သူက အကြီးမားဆုံး ဝန်ထုပ်ကို ထမ်းသနည်း။ (ဘုရားသခင် ဖြစ်သည်။) ဘုရားသခင် တစ်ပါးတည်းသာ လူတို့ကို အချစ်ဆုံးဖြစ်၏။ လူတို့၏ မိဘများနှင့် ဆွေမျိုးများသည် ၎င်းတို့ကို အမှန်တကယ် ချစ်ကြသလော။ ၎င်းတို့ပေးသည့် မေတ္တာသည် စစ်မှန်သော မေတ္တာဖြစ်သလော။ ထိုမေတ္တာက လူတို့အား စာတန်၏ စွမ်းအားမှ ကယ်တင်နိုင်သလော။ မကယ်တင်နိုင်ပေ။ လူတို့သည် တုံးအပြီး ထုံထိုင်းကြသည်၊ ဤအရာများကို မရိပ်စားမိနိုင်ကြသကဲ့သို့ ‘ဘုရားသခင်သည် ကျွန်ုပ်ကို မည်သို့ ချစ်ပါသနည်း။ ကျွန်ုပ်မခံစားရပါ။ မည်သို့ပင်ဆိုစေ၊ ကျွန်ုပ်၏ မိခင်နှင့် ဖခင်တို့က ကျွန်ုပ်ကို အချစ်ဆုံး ဖြစ်သည်။ ကျွန်ုပ် အရွယ်ရောက်သည့်အခါ ကြိုးစားမှုဖြင့် တိုးတက်ရန်၊ အောင်မြင်ရန်၊ ကြယ်ပွင့်တစ်ဦး၊ ကျော်ကြားသူတစ်ဦး ဖြစ်လာရန်အလို့ငှာ ကျွန်ုပ်၏ သင်ကြားလေ့လာမှုအတွက် သူတို့ အဖိုးအခပေးပြီး နည်းပညာကျွမ်းကျင်မှုများကို သင်ယူစေသည်။ ကျွန်ုပ်၏ မိဘများသည် ခြစ်ကုတ်စုဆောင်းကာ အစားအသောက်ကို ခြွေတာရင်းနှင့် ကျွန်ုပ်ကို ပြုစုပျိုးထောင်ပြီး ပညာရေး ပံ့ပိုးပေးရန် အလွန်များသော ငွေကို သုံးခဲ့ကြသည်။ ကြီးမြတ်လိုက်သည့် ချစ်ခြင်းပါတကား။ သူတို့ကို မည်သည့်အခါတွင်မျှ ကျွန်ုပ် ပြန်မဆပ်နိုင်ပါ’ဟု အမြဲ ပြောကြသည်။ ယင်းမှာ ချစ်ခြင်းမေတ္တာဖြစ်သည်ဟု သင်တို့ ထင်သလော။ သင်၏ မိဘများက သင့်ကို အောင်မြင်စေခြင်း၊ လောကတွင် ကျော်ကြားသူတစ်ဦး ဖြစ်လာစေခြင်း၊ အလုပ်ကောင်းတစ်ခု ရစေခြင်းနှင့် လောကနှင့် အံဝင်ခွင်ကျဖြစ်စေခြင်းတို့၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင့်အနေဖြင့် အဆုံးတွင် အပြစ်ဝဲဂယက်ထဲသို့ ကျဆင်းရန်၊ စာတန်၏ ဝါးမြိုခြင်းခံရလျက် ထာဝရအပြစ်ဒဏ်ခံစားပြီး သေကြေပျက်စီးရန်အလို့ငှာ ၎င်းတို့က သင့်အား မရပ်မနား အောင်မြင်မှုနောက်လိုက်စေသည်၊ သင်၏ မိသားစုကို ဂုဏ်တက်စေပြီး လောက၏ ဆိုးယုတ်သည့် ရေပန်းစားမှုများနှင့် အံဝင်ခွင်ကျဖြစ်စေသည်။ ယင်းသည် ချစ်ခြင်းမေတ္တာ ဖြစ်သလော။ ယင်းမှာ သင့်ကို ချစ်ခင်ခြင်းမဟုတ်၊ သင့်ကို ထိခိုက်နစ်နာစေခြင်း၊ ဖျက်ဆီးခြင်း ဖြစ်သည်။ တစ်နေ့နေ့တွင် သင်သည် နောင်တမရနိုင်အောင် အလွန် ပျက်စီးယိုယွင်းသွားလိမ့်မည်ဖြစ်သည်၊ အလွန် ပျက်စီးယိုယွင်းလှသဖြင့် မိမိကိုယ်ကို မကယ်ထုတ်နိုင်ဘဲငရဲထဲသို့ သင် ကျဆင်းသွားရလိမ့်မည်။ ထိုအခါမှသာ သင်က ‘အို၊ မိဘမေတ္တာသည် ဇာတိပကတိနှင့်ဆိုင်သော မေတ္တာဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သို့မဟုတ် သမ္မာတရား ရရှိခြင်းတွင် အကျိုးကျေးဇူးမရှိ။ စစ်မှန်သော မေတ္တာမဟုတ်ပါ’ဟု သင် သဘောပေါက်လိမ့်မည်။ ဤအရာကို သင် နားလည်နိုင်ဦးမည် မဟုတ်။ လူအချို့က ‘ဘုရားသခင် ကျွန်ုပ်ကို မည်မျှချစ်သည်ဖြစ်စေ၊ ကျွန်ုပ် ခံစား၍မရပါ။ ကျွန်ုပ်၏ မိခင်က ကျွန်ုပ်ကို အချစ်ဆုံးဟု ကျွန်ုပ် ခံစားရဆဲ ဖြစ်သည်။ သူသည် လောကတွင် ကျွန်ုပ်နှင့် အရင်းနှီးဆုံးသော လူဖြစ်သည်။ “အမေသည် လောကတွင် အကောင်းဆုံးဖြစ်သည်” ဟူသည့် တေးသီချင်းတစ်ပုဒ် ရှိသည်။ ထိုသီချင်းအမည်က လက်တွေ့အရှိတရားနှင့် ကိုက်ညီသည်။ လုံးဝ မှန်သည်’ဟု ပြောကြသည်။ တစ်နေ့နေ့တွင် အသက်ဝင်ရောက်မှု သင် အမှန်တကယ် ရှိသည့်အခါ၊ သမ္မာတရားကို သင် ရရှိသည့်အခါ သင်က ‘ကျွန်ုပ်ကို အချစ်ဆုံးသောသူမှာ ကျွန်ုပ်၏ မိခင်မဟုတ်သကဲ့သို့ ဖခင်လည်း မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်ကို အချစ်ဆုံး ဖြစ်သည်။ သူသည် ကျွန်ုပ်ကို အသက်ပေးသောကြောင့်၊ ကျွန်ုပ်ကို အမြဲ ဦးဆောင်နေသောကြောင့်၊ ထောက်ပံ့ပေးနေပြီး စာတန်၏ စွမ်းအားမှ ကျွန်ုပ်ကို ကယ်တင်ခြင်းကြောင့် ကျွန်ုပ်၏ အချစ်ဆုံးသောသူ ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာ လူတို့ကို အသက်ပေးနိုင်သူ၊ လူတို့ကို ဦးဆောင်နိုင်ပြီး အရာခပ်သိမ်းကို အချုပ်အခြာအာဏာပိုင်စိုးသောသူ ဖြစ်သည်’ဟု ဆိုလိမ့်မည်။ သမ္မာတရားကို သင် နားလည်ပြီး သမ္မာတရားကို လုံးဝ ရရှိပြီးသည့်အခါတွင်သာ ဤစကားများကို နက်နက်ရှိုင်းရှိုင်း သင်နားလည်နိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန် အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ခန်းစာယူရမည်) ကျွန်မကို ပျိုးထောင်ပေးဖို့ အဖေသုံးစွဲခဲ့တဲ့ အားအင်တွေ၊ ပိုက်ဆံတွေအားလုံးဟာ ချစ်ခြင်းမေတ္တာပဲလို့ ကျွန်မ တွေးလေ့ရှိခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာတော့ ကျွန်မအတွက် အဖေခံစားရတာက စစ်မှန်တဲ့မေတ္တာ မဟုတ်ဘူးဆိုတာကို နားလည်သွားတယ်။ သူ့ရဲ့ရည်မှန်းချက်က ကျွန်မကို အလုပ်ထဲမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ပိုက်ဆံများများရှာ၊ တခြားသူတွေထက် ထူးချွန်အောင်လုပ်စေချင်တာ၊ ဒါမှ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေရဲ့ အထင်ကြီးအားကျမှုကို ရရှိပြီး သူ့ကို လူမြင်ကောင်းစေမှာလေ။ ကျွန်မ အလုပ်လုပ်တုန်းက တစ်ပတ်မှာ တစ်ခါပဲ စုဝေးပွဲတက်နိုင်ခဲ့ပြီး ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ဖို့ အချိန်မရှိခဲ့ပုံကို ကျွန်မ တွေးမိတယ်။ အချိန်နဲ့အားအင်အားလုံးကို အလုပ်လုပ်ပြီး ပိုက်ဆံရှာဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နှိုင်းယှဉ်ပြိုင်ဆိုင်ဖို့ပဲ သုံးခဲ့တယ်။ ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာကပဲ ကျွန်မရဲ့စိတ်ကို လွှမ်းမိုးခဲ့ပြီး ပိုက်ဆံပိုရဖို့အတွက် လုပ်ဖော်ကိုင်ဖက်တွေအပေါ် ကျိတ်ကြံစည်ပြီး၊ ဖောက်သည်တွေကို လှည့်ဖြားခဲ့တယ်။ စိတ်တစ်ခုလုံးကို ကျော်ကြားမှုနဲ့ အကျိုးအမြတ်က လုံးဝ စိုးမိုးထားခဲ့ပြီး စိတ်နှလုံးကလည်း ပိုပိုပြီး ဟာတာတာနဲ့ နာကျင်လာခဲ့တယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းကြောင့်သာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး အသင်းတော်ကိုရောက်လာတဲ့အပြင် တာဝန်ထမ်းဆောင်ရလောက်အောင် ကံကောင်းခဲ့တာပါ။ ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားရင်းနဲ့ လောကရဲ့ မကောင်းတဲ့ ရေပန်းစားမှုတွေထဲမှာ အသက်မရှင်တော့ဘူး။ တကယ်လို့သာ တာဝန်ထမ်းဆောင်မနေခဲ့ရင် ကျွန်မဟာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ ဝဲဂယက်ထဲမှာ ပိတ်မိနေဦးမှာပဲ။ ကျွန်မ ပိုကောက်ကျစ်ဆိုးယုတ်သထက် ဆိုးယုတ်လာမှာဖြစ်ပြီး ကယ်တင်ခံရမဲ့ အခွင့်အရေးကို လုံးဝ ဆုံးရှုံးသွားမှာပဲ။ ဒါကို သဘောပေါက်သွားတော့ ကျွန်မစိတ်နှလုံးထဲမှာ ဆုံးဖြတ်ချက်ချလိုက်တယ်။ အသင်းတော်မှာ ကျွန်မရဲ့တာဝန်ကို လုံးဝ ကောင်းကောင်းမွန်မွန် ထမ်းဆောင်ရမယ်လို့ပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်။ “သင်၏ မိဘများက ညံ့ဖျင်းသော လူ့သဘာဝရှိပြီး သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းမှ အစဉ် ဟန့်တားလျှင်၊ ထို့ပြင် ဘုရားသခင်အား သင် ယုံကြည်ခြင်းမှလည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းမှလည်းကောင်း သင့်အား အဝေးသို့ မပြတ် ဆွဲခေါ်နေလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (ပစ်ပယ်ခြင်းဖြစ်ပါသည်။) ဤအချိန်တွင် ၎င်းတို့ကို သင်ပစ်ပယ်ရမည်။ သင်၏ ဝတ္တရားကို သင် ဖြည့်ဆည်းပြီးဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပေ။ ထို့ကြောင့် ၎င်းတို့အပေါ် သားသမီးဝတ်နှင့်အညီ လေးစားမှုပေးရန် သင့်တွင် ဝတ္တရားမရှိပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့သည် မိသားစုဖြစ်သည်။ သင်၏ မိဘများဖြစ်သည်။ မယုံကြည်လျှင် သင်တို့သည် မတူညီသော လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် စာတန်ကို ယုံကြည်ပြီး နတ်ဆိုးဘုရင်ကို ကိုးကွယ်သည်။ ပြီးလျှင် စာတန်၏လမ်းကို လျှောက်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းနှင့် မတူသော လမ်းကြောင်းများကို လျှောက်နေကြသည့်လူများဖြစ်၏။ သင်တို့သည် မိသားစု မဟုတ်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများကို ၎င်းတို့၏ ပြိုင်ဘက်၊ ရန်သူများအဖြစ် မှတ်ယူကြသည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို စောင့်ရှောက်ရန် ဝတ္တရားမရှိတော့ဘဲ ၎င်းတို့ကို လုံးဝ အဆက်အသွယ်ဖြတ်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ အဖေနဲ့ကျွန်မက မတူတဲ့လမ်းကြောင်းနှစ်ခုပေါ်မှာ ရှိကြတယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ အဖေက တခြားသူတွေ သူ့ကိုအထင်ကြီးအောင်လို့ ပိုက်ဆံရှာဖို့ အလုပ်ကြိုးစားပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားခဲ့တယ်။ သူက စာတန်ရဲ့လမ်းကြောင်းပေါ်မှာ ရှိနေတာ။ ကျွန်မကတော့ ဘုရားသခင်ကို ယုံကြည်ပြီး ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်တယ်၊ သမ္မာတရားကိုလိုက်စားပြီး ကယ်တင်ခြင်းခံရမယ့် လမ်းကြောင်းပေါ်မှာရှိနေခဲ့တာပါ။ အရင်တုန်းက ဇာတိပကတိ ခံစားမှုတွေနဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ အလုပ်ထွက်လိုက်တာက အဖေ့ကို နာကျင်စေပြီး စိတ်ပျက်စေတယ်၊ သူ့ကို အမြဲတမ်း စိတ်ပျက်အောင်လုပ်မိတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာတော့ အဖေ့အပေါ်မှာ ပိုင်းခြားသိမြင်မှုတချို့ ကျွန်မရလာခဲ့တယ်။ သူက ဘုရားသခင်ကို မယုံကြည်တဲ့အပြင် ကျွန်မယုံကြည်တာကိုတောင် တားဆီးဖို့ကြိုးစားခဲ့တယ်။ ကျွန်မတို့က တူညီတဲ့ လမ်းကြောင်းပေါ်မှာ မရှိခဲ့ကြဘူး။ ဒါကြောင့် သူ့ကို ကျွန်မ ဇာတိပကတိ ဆွေမျိုးတစ်ယောက်နဲ့ဆိုင်တဲ့ ရှုထောင့်အမြင်ကနေ ကြည့်လို့မဖြစ်ဘူး။ ဒါကို သဘောပေါက်သွားတာနဲ့ ကျွန်မလည်း စိတ်ခံစားချက်တွေရဲ့ ချုပ်ချယ်တာကို မခံရတော့ဘူး။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျွန်မရဲ့တာဝန်နဲ့ပတ်သက်လို့ အရမ်းအလုပ်များလို့ အိမ်ကနေခွဲထွက်ခဲ့ရပြီး တစ်ပတ်ကို တစ်ခါပဲ အိမ်ပြန်ဖြစ်တယ်။ တစ်ခေါက် အိမ်ပြန်ရောက်တော့ အဖေက ကျွန်မကို တင်းတင်းမာမာနဲ့ပြောတယ်၊ “နင် ဘယ်တော့အလုပ်ပြန်လုပ်မှာလဲ။ အလုပ်မလုပ်ဘူးဆိုရင် ဒီမှာမနေနဲ့တော့။ ကျေးလက်က ကိုယ့်ဇာတိမြို့ကို ပြန်တော့” တဲ့။ ကျွန်မ စပြီး စိုးရိမ်လာတယ်၊ “သူ့စကားကို နားမထောင်ရင် သူတကယ်ပဲ ဇာတိမြို့ဆီ ငါ့ကို ပြန်ပို့လိုက်မှာလား။ အဲဒီအခါကျရင် ငါ့တာဝန်ကို ဆက်ထမ်းဆောင်နိုင်ပါဦးမလား” လို့ပေါ့။ အဲဒီနောက်ပိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ အမြဲတမ်း ခိုးထွက်ခဲ့ရတယ်။ တစ်ခါ၊ တာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်တော့မယ့်အချိန်မှာ အဖေက မြင်သွားတယ်။ သူက ကြမ်းကြမ်းတမ်းတမ်းပြောတယ်၊ “နင် နောက်တစ်ခါ ခိုးထွက်သွားရင် ပြန်မလာနဲ့တော့။ ပြန်လာရင် နင့်ခြေထောက်ကို ငါရိုက်ချိုးပစ်မယ်။ ငါ ဖြီးဖြန်းပြောနေတာမဟုတ်ဘူး။ ငါ့ကို စမ်းကြည့်လိုက်လေ” တဲ့။ ကျွန်မ နည်းနည်းကြောက်သွားပြီး တွေးမိတယ်၊ “ငါသာ ထွက်သွားပြီး ပြန်လာရင် အဖေက ငါ့ခြေထောက်ကို တကယ်ပဲ ရိုက်ချိုးပစ်မှာလား။ ငါ့တာဝန်ကို ဆက်ထမ်းဆောင်သင့်ရဲ့လား၊ မဆောင်သင့်ဘူးလား” လို့ပေါ့။ ကျွန်မ အရမ်းကို ဒွိဟဖြစ်ပြီး တွေးနေမိတယ်။ “ဒါပေမဲ့ ငါမသွားရင် ငါ့တာဝန် ဘယ်လိုလုပ်မလဲ။ အသင်းတော်အလုပ်က အရမ်းအလုပ်များပြီး၊ အချိန်မီပြန်မသွားတာက အလုပ်ကို နှောင့်နှေးစေမှာပဲ” လို့ပေါ့။ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်။ “မည်သည့်အရာ သင့်အပေါ် ကျရောက်သည်ဖြစ်စေ၊ စစ်ဆေးမှုဖြစ်စေ၊ စမ်းသပ်မှုဖြစ်စေ၊ သို့မဟုတ် သင်သည် ပြုပြင်ခြင်း ခံနေရသည်ဖြစ်စေ၊ ပြီးလျှင် လူတို့က သင့်ကို မည်သို့ ဆက်ဆံကြသည်ဖြစ်စေ ပထမဦးစွာ ဤအရာများကို သင် ဘေးဖယ်ပြီး သမ္မာတရားကို ရှာဖွေကာ မိမိ၏ အခြေအနေကို ပြင်ဆင်တည့်မတ်ရင်း လုံ့လဝီရိယရှိသည့် ဆုတောင်းချက်ဖြင့် ဘုရားရှေ့မှောက် လာသင့်သည်။ ဤအရာကို ပထမဦးစွာ ဖြေရှင်းသင့်သည်။ သင်က ‘ဤကိစ္စရပ်သည် မည်မျှကြီးမားသည်ဖြစ်စေ မိုးကောင်းကင်ကိုယ်၌က ပြိုကျလာလျှင်ပင် ကျွန်ုပ်သည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ကျွန်ုပ် ထွက်သက်ဝင်သက် ရှိသရွေ့ ကျွန်ုပ်၏ တာဝန်ကို စွန့်လွှတ်လိမ့်မည် မဟုတ်ပါ’ဟု ဆိုသင့်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို သင် မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်သနည်း။ သင်သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေ၍ မရ၊ သို့မဟုတ် ကိုယ်ခန္ဓာက ရှိနေသော်လည်း စိတ်ပျံ့လွင့်ခွင့်ပေး၍ မရပေ။ သင်၏ တာဝန်အပေါ် သင်၏ စိတ်နှလုံးကို စူးစိုက်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ အဖေက ကျွန်မရဲ့ခြေထောက်ကို တကယ်ပဲ ရိုက်ချိုးပစ်ခဲ့ရင်တောင်မှ ကိုယ့်ဝတ္တရားကို ဖြည့်ဆည်းရမယ်၊ တာဝန်ကို လက်လွှတ်လို့မဖြစ်ဘူး။ ဒီလိုတွေးလိုက်တာနဲ့ ချက်ချင်းပဲ ခွန်အားတွေတိုးလာသလို ခံစားလိုက်ရပြီး တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်ခွာခဲ့တယ်။ နောက်ပိုင်းမှာ အိမ်ပြန်သွားတဲ့အခါ အဖေက ကျွန်မကို မရိုက်ခဲ့ပေမဲ့ အလုပ်သွားလုပ်ဖို့တော့ ကြိုးစားဖျောင်းဖျနေတုန်းပဲ။ ဒါပေမဲ့ ကျွန်မက သူ့ရဲ့ချုပ်ချယ်တာကိုမခံဘဲ ကိုယ့်တာဝန်ကို ဆက်ပြီးထမ်းဆောင်ခဲ့တယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ တာဝန်ကိစ္စနဲ့ အရမ်းအလုပ်များနေတာရယ်၊ အဆင်းနီသော နဂါးကြီးက ယုံကြည်သူတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ဖမ်းဆီးနေတာရယ်ကြောင့် တစ်လလုံး အိမ်မပြန်ဖြစ်ခဲ့ဘူး။ အဖေက ဒေါသတကြီးနဲ့ပြောတယ်၊ “ဒီတစ်ခါတော့ နင်ထွက်မသွားနိုင်အောင် သံကြိုးနဲ့ချည်ထားမယ်” တဲ့။ ငယ်ငယ်လေးကတည်းက အဖေက ကျွန်မကို မျက်နှာကြီးနီပြီး ဒေါသကြောင့် လည်ပင်းကြောတွေထောင်နေတဲ့အထိ ဒီလိုတစ်ခါမှ မပြောဖူးဘူး။ ကျွန်မ အရမ်းလန့်သွားတယ်။ အဲဒီညနေမှာ ညီမလေးက မျက်ရည်တွေနဲ့ ကျွန်မကိုပြောတယ်၊ “အစ်မ၊ မသွားပါနဲ့တော့။ အစ်မထွက်သွားတိုင်း အဖေက အမြဲတမ်း အော်ဟစ်နေတော့တာပဲ။ အမေနဲ့ သမီးကိုတောင် အစ်မက ထည့်မစဉ်းစားဘူး” တဲ့။ နောက်တစ်နေ့၊ တာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်တော့မယ့်အချိန်မှာ အမေက ကျွန်မကို တားပြီးပြောတယ်၊ “လောလောဆယ်တော့ နင့်အဖေစကားကိုနားထောင်ပြီး အလုပ်သွားလုပ်လိုက်ပါဦး။ နင်က ဘာလို့ ဒီလောက်တောင် ခေါင်းမာရတာလဲ” တဲ့။ ကျွန်မရဲ့ စိတ်နှလုံးက အရမ်းအားနည်းသွားတယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အရင်က အမေနဲ့ညီမလေးက ငါ့ရဲ့ယုံကြည်ခြင်းနဲ့ တာဝန်ကို တစ်ခါမှ မကန့်ကွက်ခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ သူတို့က အဖေ့ဘက်မှာ ရပ်တည်နေကြပြီ။ ငါသာ တာဝန်ဆက်ထမ်းဆောင်နေရင် အဖေက အမေနဲ့နေ့တိုင်း စကားများနေမှာပဲ။ သူတို့ရဲ့ဆက်ဆံရေး ပြိုကွဲပြီး ကွာရှင်းသွားရင် ဘယ်လိုလုပ်မလဲ။ ငါ့အဖေရဲ့စကားကို ငါ နားမထောင်ရင်၊ ဒီအိမ်မှာနောင် နေလို့ရပါတော့မလား” လို့ပေါ့။ ကျွန်မ နည်းနည်းစိုးရိမ်ပြီး ကြောက်လာတယ်၊ အလုပ်သွားလုပ်ပြီး တာဝန်ကို စွန့်လွှတ်လိုက်ဖို့တောင် စဉ်းစားမိတယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလအတွင်းမှာ ကျွန်မစိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ခံစားခဲ့ရတယ်။ အခုဆို ကပ်ဘေးမျိုးစုံက ကျရောက်နေပြီဖြစ်ပြီး ဘုရားသခင်ရဲ့အမှုတော်ကလည်း ပြီးဆုံးခါနီးပြီ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိမယ့်အခွင့်အရေးနဲ့ ကျွန်မ မလွဲချင်ဘူး။ ဒါနဲ့ ဘုရားသခင်ဆီကို ကျွန်မဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးရဲ့စိတ်နှလုံးက အားနည်းပြီး နာကျင်နေပါတယ်။ ဒီမိသားစု တကယ်ပဲ ပြိုကွဲသွားမှာကို သမီးကြောက်တယ်၊ ဒါပေမဲ့ သမီး ဘောင်ခတ်တာမခံချင်ပါဘူး။ ကျေးဇူးပြုပြီး သမီးရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ယုံကြည်ခြင်းပေးတော်မူပါ” လို့ပေါ့။ အဲဒီနောက်မှာ ဖတ်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကို ရှာခဲ့တယ်။ ဘုရားသခင်က ပြောသည် “သင်သည် အားလုံးကို ခါးစည်းခံရမည်။ ငါ့အတွက် အရာအားလုံးကို စွန့်လွှတ်ရန်နှင့် သင့်ခွန်အား ရှိသမျှဖြင့် ငါ့နောက် လိုက်ရန် သင်သည် အဆင်သင့်ဖြစ်နေရမည် ဖြစ်ပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် အဆင်သင့်ဖြစ်နေရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏ ကျောထောက်နောက်ခံဖြင့် အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို အမှတ်ရလော့။ အမှတ်ရလော့။ အရာခပ်သိမ်းတွင် ငါ၏ ရည်ရွယ်ချက်ကောင်းများ ပါဝင်ပြီး အရာခပ်သိမ်းသည် ငါ၏ စိစစ်မှုအောက်တွင် ရှိသည်။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ ဘာသာတရားမရှိသော ဆွေမျိုးများနှင့်ကြုံလျှင် စည်းမျဉ်းရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို သင် အမှီပြုရမည်ဖြစ်ပြီး စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ အောင်မြင်ခွင့် မပေးနှင့်။ သင်၏ စိတ်နှလုံးကို ငါ့ရှေ့မှောက်၌ ထားရှိရန် သင်၏ စွမ်းအားရှိသမျှကို အသုံးပြုလော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်၍ သင်၏ စိတ်နှလုံးအား ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပေးမည်။ သင်သည် အခြားသူတို့ထံ မည်သို့ရှိသည်ကို ဂရုမစိုက်လင့်။ ငါ့ကို ကျေနပ်စေခြင်းသည် ပို၍ တန်ဖိုးရှိပြီး အရေးပါသည် မဟုတ်လော။ ယင်းသည် သင့်အား ထာဝရနှင့် တစ်သက်တာ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတို့ကို ထို့ထက်မက ဆောင်ကြဉ်းပေးမည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းပေးခဲ့တယ်။ ဟိုဟာကြောက်၊ ဒီဟာကြောက် မဖြစ်သင့်ဘူး၊ ဘုရားသခင်အပေါ်မှာ ယုံကြည်ခြင်းရှိရမယ်။ မိသားစုပြိုကွဲသွားမှာကို ကြောက်ရုံနဲ့ တာဝန်ကို စွန့်လွှတ်လို့မဖြစ်ဘူး။ ကျွန်မရဲ့မိသားစုအပေါ်ထားတဲ့ စိတ်ခံစားမှုဆိုင်ရာတွယ်တာမှုက အရမ်းပြင်းထန်လွန်းတာကို ကျွန်မတွေ့ခဲ့တယ်။ ကျွန်မက စိတ်နှလုံးကို ဘုရားသခင်ဆီကို အပြည့်အဝ မပေးအပ်ခဲ့တဲ့အပြင် အရာအားလုံးကိုစွန့်လွှတ်ပြီး ကိုယ်တော့်နောက်လိုက်ဖို့ စိတ်ပိုင်းဖြတ်မှုလည်း မရှိခဲ့ဘူး။ ဘုရားသခင်အပေါ်မှာ ကျွန်မ ဘယ်လိုလုပ် သစ္စာစောင့်သိမှု တစ်ခုတလေ ရှိခဲ့လို့လဲ။ ဘယ်လောက်ပဲခက်ခဲပါစေ၊ ဘုရားသခင်ကို အားကိုးပြီး ကိုယ်တော့်အတွက် သက်သေခံရမယ်။ ဘုရားသခင်က လူတွေရဲ့ အိမ်ထောင်ရေးနဲ့ ကံကြမ္မာအပေါ်မှာ အချုပ်အခြာအာဏာကို ကိုင်စွဲထားတယ်၊ လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ကိုယ်ရှိတယ်။ အဖေနဲ့အမေ့ရဲ့ အိမ်ထောင်ရေး ဘာဖြစ်မလဲ၊ ဒီမိသားစု ပြိုကွဲမလားဆိုတာ ဘုရားသခင်ရဲ့ သဘောအတိုင်းပဲဖြစ်တယ်။ အနာဂတ်မှာ ကျွန်မရဲ့ကံကြမ္မာ ဘယ်လိုဖြစ်မလဲဆိုတာကလည်း ဘုရားသခင်ရဲ့လက်ထဲမှာပဲ ရှိတယ်၊ အဖေက ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ကိုယ့်တာဝန်ကို စွဲကိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေရမယ်။ တကယ်လို့ အဖေ့စကားကိုနားထောင်ပြီး တာဝန်မထမ်းဆောင်တော့ဘူးဆိုရင် မိသားစုဆီကနေ ညှဉ်းပန်းနှိပ်စက်တာကို ကျွန်မ ခံစားရမှာ မဟုတ်ပေမဲ့၊ အဲဒါက ဘုရားသခင်ကို သစ္စာဖောက်တာဖြစ်ပြီး အဲဒါက ထာဝရနာကျင်မှုပဲ။
နောက်တစ်ရက်ကုန်သွားတယ်။ မနက်အစောကြီး၊ တာဝန်ထမ်းဆောင်ဖို့အတွက် အပြင်ထွက်ဖို့ ကျွန်မ ပြင်နေခဲ့တယ်။ အံ့ဩစရာကောင်းတာက အဖေက ကျွန်မကိုစောင့်ကြည့်ဖို့ မနက်လေးနာရီ၊ ငါးနာရီလောက်ကတည်းက ထနေခဲ့တယ်။ ခြောက်နာရီ အကျော်လေးမှာ၊ သူ ကျွန်မအခန်းထဲကိုဝင်လာပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ထားတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အခြေအမြစ်မရှိသော ကောလာဟလ ဗီဒီယိုကို ဖွင့်ပြတယ်။ သတင်းတွေက အမှန်မဟုတ်ဘူးဆိုတာ ကျွန်မသိတယ်၊ အထူးသဖြင့် ဒီလောက်ကြာအောင် တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာ သမ္မာတရားတချို့ကို နားလည်လာခဲ့ပြီဆိုတော့ အဲဒီအခြေအမြစ်မရှိတဲ့ ကောလာဟလတွေရဲ့ လွှမ်းမိုးတာကို မခံခဲ့ရဘူး။ ကျွန်မရဲ့သဘောထား မပြောင်းလဲတာကိုတွေ့တော့ အဖေက ဖျောင်းဖျဖို့ကြိုးစားတယ်၊ သူကပြောတယ်၊ “ခုတလော နင့်အတွက် ငါအရမ်းကို စိုးရိမ်ပြီး စိတ်ပူနေခဲ့ရတာ။ နင့်ကို ငါကိုယ်တိုင် လက်နှစ်ဖက်နဲ့ ပြုစုပျိုးထောင်ခဲ့ရတာ။ ငါက ဒါကို နင်ကောင်းဖို့အတွက်ပဲ လုပ်နေတာ၊ ငါက နင့်ကို အမြဲ ထိခိုက်အောင် လုပ်ပါ့မလား။ အခု နင်အလုပ်သွားလုပ်ရင် ယွမ်တစ်သောင်းကျော်တန်တဲ့ ဖုန်းတစ်လုံးဝယ်ပေးမယ်။ နင့်ညီမလေး ကျောင်းပိတ်ရင် မင်းတို့နှစ်ယောက် ဆန်းယာကို သွားလည်ဖို့ ငါ ပိုက်ဆံပေးမယ်” တဲ့။ ကျွန်မ အဖေ ဒီလိုပြောတာကို ကြားတော့ ဒီတစ်ခါသာ သူ့စကားကို နားမထောင်ရင် သူ့ကို တကယ်ပဲ စိတ်ပျက်အောင်လုပ်မိတော့မှာပဲလို့ ကျွန်မခံစားလိုက်ရတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်တာက ဘဝမှာ မှန်ကန်တဲ့လမ်းကြောင်းဖြစ်ပြီး ဒါကို ကျွန်မ စွန့်လွှတ်လို့မဖြစ်ဘူးဆိုတာကိုလည်း သိနေတယ်။ ကျွန်မ စိတ်နှစ်ခွဖြစ်သွားတယ်။ ကိုယ့်ရဲ့အခြေအနေ မှားနေပြီဆိုတာကို သဘောပေါက်လို့ အဖေ့ရဲ့စကားတွေရဲ့ လွှမ်းမိုးတာမခံရအောင် ကျွန်မစိတ်နှလုံးကို စောင့်ရှောက်ပေးဖို့ တောင်းလျှောက်ရင်းနဲ့ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ အဖေက ကျွန်မ ဘာမှပြန်မပြောတာကိုတွေ့တော့ ဧည့်ခန်းထဲကို ပြန်ထွက်သွားတယ်။
အဲဒီနောက်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး အဖေက ကျွန်မရဲ့ဘုရားသခင်အပေါ်ယုံကြည်ခြင်းကို ဟန့်တားနေတာက စာတန်ရဲ့ နှောင့်ယှက်မှုဖြစ်တယ်ဆိုတာကို သဘောပေါက်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ကယ်တင်ခြင်းကို မခံရသေးချိန်တွင် ၎င်းတို့၏ အသက်တာများသည် စာတန်၏ နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် မကြာခဏ ခံရလေသည်။ တစ်နည်းအားဖြင့် ကယ်တင်ခြင်း မခံရသေးသော လူများသည် စာတန်၏ အကျဉ်းသားများ ဖြစ်ကြသည်၊ ၎င်းတို့သည် လွတ်လပ်မှု မရှိပေ၊ ၎င်းတို့သည် စာတန်၏ လက်လွှတ်ခြင်းကို မခံရကြသေးပေ၊ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ရန် အရည်အချင်း မပြည့်မီကြပေ သို့မဟုတ် အခွင့်မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် စာတန်၏ နီးကပ်စွာ လိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ထိုသို့သော လူများသည် ပြောစရာ ပျော်ရွှင်မှု မရှိကြချေ၊ ၎င်းတို့သည် ပုံမှန် တည်ရှိခြင်းအဖို့ ပြောပိုင်ခွင့်မရှိကြသည့်အပြင် ဂုဏ်သိက္ခာဟူ၍ကား ဆိုဖွယ်ရာမရှိချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) “လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများစွာ ရှိသော်လည်း၊ ထိုအရာများ တစ်ခုစီတိုင်းသည် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ ‘ပူးပေါင်းဆောင်ရွက်မှု’ ကို လိုအပ်သည်။ ဆိုလိုသည်မှာ၊ စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးလျက်၊ ဘုရားသခင်သည် လူသားကို စာတန်ထံ လွှဲအပ်လိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်ရင့်ကျက်မှုကို ‘စစ်ဆေး’ ခွင့်ပေးလေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး အသက်ရှင်နိုင်ဆဲဖြစ်ပါက၊ လူသားသည် စစ်ဆေးမှုကို အောင်မြင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲကို မစွန့်နိုင်သကဲ့သို့၊ စာတန်ကို အလျှော့ပေးပါက၊ သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကို ဘုရားသခင် စစ်ဆေးသည်ဖြစ်စေ သူ၏ စစ်ဆေးခြင်း စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အချိန်တွင် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အရှုံးပေးအညံ့ခံခြင်း ရှိ မရှိ ဆိုသည်တို့ ဖြစ်သည်။ လူသားသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူသည် စာတန်ကို အောင်နိုင်ကာ အနိုင်ယူနိုင်ခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပြီး သူသည် လွတ်လပ်မှုကို ရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့ကို အသာထားစေလျက်၊ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိဆိုသည့်အပေါ် မူတည်သည်ဟု ဆိုကောင်း ဆိုနိုင်ပေသည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤသည်မှာ စာတန်သည် ဤလူအား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ တစ်ဖန် ကြိုးစားမည် မဟုတ်၊ ဤလူနှင့်ပတ်သက်၍ မည်သည့်အခါမျှ တစ်ဖန်စွပ်စွဲမည်မဟုတ်သကဲ့သို့ နှောင့်ယှက်မည် မဟုတ်၊ ၎င်းတို့အား မည်သည့်အခါမျှ တစ်ဖန် အကြောင်းမဲ့ ညှဉ်းဆဲမည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသို့သော လူတစ်စုံတစ်ဦးသည်သာ ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံရပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် ဖြစ်စဉ်တစ်ခုလုံး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မဟာ စာတန်ရဲ့တိုက်ပွဲနယ်ပယ်ထဲကနေ အပြီးတိုင် ထွက်မလာသေးဘူးဆိုတာကို နားလည်သွားတယ်။ ကျွန်မကို မပြတ်နှောင့်ယှက်ဖို့ ကျွန်မအဖေကို အသုံးပြုနေတုန်းပဲ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ လုပ်ကြံထားတဲ့ကောလာဟလတွေကို အတင်းအကျပ်သွတ်သွင်းနေတုန်းပဲ။ ကျွန်မ နားမထောင်တာကိုတွေ့တော့ မိသားစုချစ်ခြင်းမေတ္တာနဲ့ နူးညံ့တဲ့စကားလုံးတွေကို သုံးတယ်၊ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်အောင်လို့ ကြိုးပမ်းရာမှာ အကြမ်းနည်းရော၊ အနုနည်းပါ နည်းလမ်းတိုင်းကို ကြိုးစားခဲ့တယ်။ အရမ်း စက်ဆုပ်စရာကောင်းလိုက်တာ။ ယောဘက စာတန်ရဲ့စုံစမ်းသွေးဆောင်မှုတွေ ရင်ဆိုင်ခဲ့ရချိန်ကို ကျွန်မစဉ်းစားမိတယ်။ တောင်ကုန်းတွေပေါ်မှာ ပြည့်နေတဲ့ သူ့ရဲ့သိုးတွေ၊ နွားတွေအားလုံး မရှိတော့ဘူး၊ သူက အနာစိမ်းတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပြီး သူ့ဇနီးက သူ့ကို ဘုရားသခင်ကို စွန့်ပယ်ဖို့ တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ ယောဘက ပြောခဲ့တယ်- “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္ထု ၁:၂၁) “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘဝတ္ထု ၂:၁၀) ယောဘဟာ သူ့ရဲ့စမ်းသပ်မှုကို ရင်ဆိုင်ခဲ့ရတုန်းက ဘုရားသခင်ကို မစွန့်ပယ်ခဲ့ဘူး၊ ဘုရားသခင်အတွက် သူ့ရဲ့သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ခဲ့တယ်။ ယောဘရဲ့ ပုံသက်သေနောက် ကျွန်မ လိုက်ရမယ်၊ စာတန်ရဲ့ဝိုင်းရံတိုက်ခိုက်မှုအလယ်မှာ ဘုရားနှုတ်ကပတ်တော်ဆိုတဲ့ လက်နက်ကို ကိုင်စွဲပြီး စာတန်ကို အောင်နိုင်ရမယ်၊ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ရမယ်။ ကျွန်မရဲ့သက်သေခံချက်မှာ ခိုင်မာစွာရပ်တည်အောင် ယုံကြည်ခြင်းပေးဖို့ တောင်းလျှောက်ရင်းနဲ့၊ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းပြီး စိတ်ပိုင်းဖြတ်ခဲ့တယ်။
ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်ထပ်အပိုဒ်အနည်းငယ်ကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) “သင်တို့သည် ဤနှစ်ပေါင်းများစွာ တစ်လျှောက်လုံးတွင် ငါ့နောက်သို့ လိုက်လျှောက်နေခဲ့ ကြသော်လည်း ငါ့အပေါ်၌ မြူမှုန်မျှပင် သစ္စာမစောင့်သိခဲ့ကြ။ ယင်းအစား သင်တို့သည် သင်တို့ချစ်သောသူများနှင့် သင်တို့နှစ်သက်သော အရာများကိုသာ အမြဲတမ်း ဗဟိုပြုကြ လွန်းသည့်အတွက် သင်တို့သွားလေရာရာ၌ ထိုအရာများကို သင်တို့မြတ်နိုးတန်ဖိုးထားကြပြီး လုံးဝမစွန့်လွှတ်ကြပေ။ သင်တို့သည် ငါ့နောက်သို့ လိုက်လျှောက်သည့် အချိန်အတော အတွင်း ဖြစ်တတ်သည့် မိမိတို့ချစ်မြတ်နိုးသော အရာတစ်ခုနှင့် ပတ်သက်၍ စိတ်ထက်သန်လာချိန်၊ သို့တည်းမဟုတ် သဲကြီးမဲကြီး ဖြစ်လာသောအချိန်၊ သို့မဟုတ် သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို နားထောင်နေချိန်၌ပင်လျှင် ထိုသို့ဖြစ်တတ်ကြသည်။ ထို့ကြောင့် သင်တို့ကို ငါတောင်းဆို သည့်အတိုင်း ငါ့ကို သစ္စာစောင့်သိရမည့်အစား သင်တို့သည် မိမိတို့၏ ‘အချစ်တော်များ’ ကိုသာ သစ္စာစောင့်သိပြီး ချစ်ခင်မြတ်နိုးကြသည်ဟု ငါပြောမည်။ ငါ့အတွက် တစ်ခု၊ နှစ်ခုမျှ သင်တို့ စွန့်လွှတ်နိုင်ကောင်း စွန့်လွှတ်နိုင်သော်ငြားလည်း ထိုအရာသည် သင်တို့၏ အရာအားလုံးကို ကိုယ်စားမပြု၊ သင်တို့ အမှန်တကယ် သစ္စာစောင့်သိသူမှာ ငါဖြစ်သည်ဆိုခြင်းကိုလည်း မပြသပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မဟာ သမ္မာတရားအတွက် ဆင်းရဲဒုက္ခခံရမှာဖြစ်ပြီး မိသားစုရဲ့ စိတ်သဘာညီညွှတ်မှုကို ခံစားဖို့သက်သက်အတွက် သမ္မာတရားကို ဘေးဖယ်မထားသင့်ဘူးဆိုတာကို နားလည်သွားတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့တစ်လျှောက်လုံး ဒီမိသားစုကို ထိန်းသိမ်းဖို့ ကျွန်မ သတိရှိရှိ ကြိုးစားခဲ့တယ်၊ သူတို့နဲ့ဆက်ဆံရေး ပြိုကွဲပြီး အိမ်ပြန်လို့မရတော့မှာကို ကြောက်ခဲ့တယ်။ အဖေ့ရဲ့ ထပ်ခါတလဲလဲ ဖျောင်းဖျမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတော့ စိတ်ထဲမှာ အရမ်းအားနည်းခဲ့ပြီး အကျပ်ရိုက်ခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့ အပြင်ပြန်ထွက်ဖို့ တုံ့ဆိုင်းနေခဲ့တယ်။ ကျွန်မဟာ ဒီမိသားစုကိုပဲ အမြဲတမ်း သစ္စာရှိခဲ့ပြီး ဘုရားသခင်ကို သစ္စာမရှိခဲ့ဘူး၊ သမ္မာတရားလိုက်စားခြင်းကိုလည်း ဦးစားမပေးခဲ့ဘူးဆိုတာကို ကျွန်မတွေ့ခဲ့တယ်။ မိသားစုအပေါ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာတွယ်တာမှုက အရမ်းအားကောင်းခဲ့လို့ အကြိမ်တချို့ စာတန်ရဲ့စုံစမ်းသွေးဆောင်မှုထဲကို ကျရောက်ခဲ့ပြီး ဘုရားသခင်ကို သစ္စာဖောက်လုနီးပါးဖြစ်ခဲ့တယ်။ အဲဒီတော့မှ စာတန်က လူတွေကို မိသားစုချစ်ခြင်းမေတ္တာထဲမှာ အသက်ရှင်စေပြီး ဇာတိပကတိကို မွေ့လျော်စေတဲ့အပြင် နောက်ဆုံးမှာ ကယ်တင်ခြင်းခံရမယ့်အခွင့်အရေးကို ဆုံးရှုံးစေတယ်ဆိုတာကို ကျွန်မတွေ့မြင်ခဲ့တယ်။ ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဖန်ဆင်းခံတွေအနေနဲ့ ကျွန်မတို့ တာဝန်ကို ထမ်းဆောင်ဖို့၊ သမ္မာတရားကို လိုက်စားဖို့၊ စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်နေထိုင်ပြီး ကယ်တင်ခြင်းကို ရရှိဖို့ပဲ။ ဒီတစ်ခါသာ ဇာတိပကတိအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အဖေ့စကားကိုနားထောင်ပြီး အလုပ်သွားလုပ်ခဲ့ရင် မိသားစု စိတ်သဘောညီညွှတ်တာကို မွေ့လျော်ခံစားရမှာဖြစ်ပေမဲ့ သမ္မာတရားကိုရရှိမယ့်အခွင့်အရေးကိုတော့ ဆုံးရှုံးသွားမှာပဲ။ အဲဒါက ဟာတာတာဖြစ်ခြင်းနဲ့ နာကျင်ခြင်းပဲ မဟုတ်ဘူးလား။ မှန်ကန်တဲ့လမ်းကြောင်းကို ကျွန်မ ရွေးချယ်ရမယ်။ တစ်မနက်မှာ ကျွန်မအဖေက ကိစ္စတစ်ခုအတွက် အပြင်ထွက်သွားရတယ်။ ကျွန်မလည်း အဲဒီအခွင့်အရေးကိုယူပြီး တာဝန်ထမ်းဆောင်ဖို့ ထပ်ပြီးထွက်လာခဲ့တယ်။
နှစ်လကြာတော့ အဖေက ကျွန်မကို ရဲတိုင်ခဲ့ပြီး ကျွန်မတို့ ဇာတိမြို့က ကျွန်မရဲ့ အဖွားနဲ့ ညီအစ်ကို မောင်နှမတွေကိုလည်း တိုင်ကြားခဲ့လို့ သူတို့အားလုံး အဖမ်းခံခဲ့ရတယ်ဆိုတဲ့ စာတစ်စောင်ကို အသင်းတော်ဆီကနေ ကျွန်မ လက်ခံရရှိခ့တယ်။ အဖေက ကျွန်မကို အသည်းအသန် ဖိနှိပ်ပြီး တာဝန်ထမ်းဆောင်တာကို တားဆီးပိတ်ပင်ဖို့ နည်းလမ်းမျိုးစုံ သုံးနေခဲ့တယ်။ ကျွန်မ သူ့စကားနားမထောင်တာကိုတွေ့တော့ သူက ကျွန်မကို လုံးဝ သွေလှန်ပြီး ရဲကိုတိုင်တယ်၊ အဖွားကိုတောင် အပ်နှံခဲ့တယ်။ သူ့ရဲ့အနှစ်သာရက နတ်ဆိုးပဲ။ သူ့ရဲ့အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်လိုက်တာနဲ့ ကျွန်မလည်း ကိုယ့်စိတ်ခံစားမှုတွေရဲ့ ဘောင်ခတ်တာကို မခံရတော့ဘူး။ အဲဒီနေ့ကစပြီး ကျွန်မ အိမ်ကို ဘယ်တော့မှ ပြန်မသွားတော့ဘူး။ အချိန်ပြည့် တာဝန်ထမ်းဆောင်နေခဲ့တယ်။ မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ဖို့ ကျွန်မကို လမ်းပြပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ကျွန်မ ကက်သလစ် အသင်းသားတစ်ဦး ဖြစ်ခဲ့ဖူးတယ်။ ကျွန်မ ငယ်ရွယ်တုန်းက ကက်သလစ် ကျောင်းကို တက်ခဲ့ပြီး အသင်းတော် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ...
ကျွန်မရဲ့ အစောပိုင်းနှစ်တွေမှာ ကျွန်မက အစိုးရဆီမှာ ဌာနဆိုင်ရာဝန်ထမ်းအနေနဲ့ အလုပ်လုပ်ပြီး ကျွန်မယောက်ျားကတော့ အထက်တန်းကျောင်းဆရာတစ်ယောက် ပါ။...
ရှီးလီ၊ အမေရိကန် ပြည်ထောင်စုဘဝနေထိုင်မှု မြင့်မားသည့် အဆင့်အတန်းတစ်ခုဖြင့် ပျော်ရွှင်သည့် ဘဝတစ်ခုကို လိုက်စားရာတွင် တတ်နိုင်သမျှ...
ကျိုးလျန် မြန်မာနိုင်ငံပြီးခဲ့တဲ့ နွေမှာပေါ့။ အဲဒါကို အွန်လိုင်းမှာ ကြည့်နေတာ၊ တခြားလူတွေကလည်း ကျွန်တော့်ကို သမ္မာတရားအများကြီး...