မိဘ၏ ကြင်နာမှုကို သဘောထားရမည့်ပုံ
ကျွန်မ ငယ်ရွယ်တုန်းက၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုချူချာပြီး ခဏခဏ နေမကောင်းဖြစ်တယ်။ တစ်ခါတလေ ကျွန်မ မိဘတွေက ညသန်းခေါင်မှာ ကျွန်မကို ဆေးခန်းအမြန်ပို့ကြရတယ်။ ညဉ့်နက်ချိန်မှာ ဆရာဝန်ရဲ့ အိမ်တံခါးကို သူတို့ ခေါက်ကြပြီး၊ ဆရာဝန်ရဲ့ လေသံ ဘယ်လိုပဲ ဆိုးပါစေ၊ သူ့သဘောထား ဘယ်လိုပဲ မကောင်းပါစေ၊ ကျွန်မ မိဘတွေက အမြဲ လိုလိုလားလား သည်းညည်းခံခဲ့ကြတယ်။ အားလုံးက ကျွန်မ ချက်ချင်း ကုသမှုခံရဖို့ပါပဲ။ ကျွန်မရဲ့ အခြေအနေ ပိုဆိုးသွားမှာစိုးလို့ ကျွန်မကို စောင့်ရှောက်ဖို့ ညလုံးပေါက် နေကြတယ်။ နောက်တော့ ကျွန်မ နည်းနည်း ကြီးလာပြီး၊ ကျွန်မမိဘတွေက နေ့တိုင်း အလုပ်ပြီးပြီး ပင်ပန်းကြတာကို မြင်တော့၊ သူတို့အတွက် ကျွန်မ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ သူတို့က ကျွန်မကို အမြဲပြောတယ်။ “သမီးကို ပိုကောင်းတဲ့ဘဝတစ်ခု ပေးဖို့ နဲ့ သမီးလိုချင်တာ ဝယ်ပေးဖို့ ငွေရှိအောင် အဖေတို့ ငွေပိုရှာဖို့လိုတယ်။” ကျွန်မမိဘတွေက ကျွန်မအတွက် အများကြီး လုပ်ပေးခဲ့ကြပြီးပြီလို့ ကျွန်မတွေးမိသလို၊ သူတို့အတွက် သားသမီးဝတ်ကျေပွန်ပြီး သူတို့ပင်ပန်းအောင်မထားဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ကျွန်မမိဘတွေ အလုပ်သွားကြတဲ့အခါ အိမ်ကို ကျွန်မ သန့်ရှင်းပြီး၊ အဝတ်လျှော်၊ ချက်ပြုတ်တတ်အောင် သင်ယူတယ်။ မိဘတွေ အိမ်ပြန်လာကြပြီး၊ အရာရာ စနစ်တကျရှိတာကို မြင်တဲ့အခါတိုင်း၊ အရမ်းသဘောကျတဲ့ လေသံနဲ့ ပြောကြတယ်။ “ဒီကလေးကို ငါတို့ ပျိုးထောင်တာ အလကားမဖြစ်ဘူး”တဲ့။ ဒီစကားတွေကို ကြားတော့ ကျွန်မ အရမ်းဝမ်းသာခဲ့တယ်။ ကျွန်မမိဘတွေအတွက် သက်သာအောင် လုပ်ပေးပြီး သူတို့ အနားယူဖို့ အချိန်နည်းနည်း ရအောင်လုပ်ပေးတာက လုပ်ရကျိုးနပ်တယ်လို့ တွေးခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မတို့ သုံးယောက်က ဘုရားကို စယုံကြည်ခဲ့ကြပြီး၊ ကျွန်မ ကိုယ့်တာဝန် ထမ်းဖို့ တခြားနေရာကို သွားခဲ့တယ်။ ကျွန်မအမေက ကျွန်မတာဝန်ထမ်းဆောင်တာကို အရမ်းအားပေးခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ အဖေက သိပ်ဝမ်းမသာပေမဲ့၊ သူလည်း ကျွန်မရဲ့ ရွေးချယ်မှုကို လေးစားပေးခဲ့တယ်။ နောက်တော့၊ အခြေအနေတွေက အရမ်းဆိုးလာပြီး၊ ညီအစ်ကို မောင်နှမအတော်များများက တာဝန်တွေ ထမ်းနေတုန်း အဖမ်းခံခဲ့ရတယ်။ တစ်ခါ၊ ကျွန်မ အိမ်ပြန်သွားခဲ့ပြီး၊ ကျွန်မအဖေက စိုးရိမ်တကြီးနဲ့ ပြောတယ်၊ “သမီးကို အဖေတို့ နှစ်အများကြီး ပြုစုပျိုးထောင်ခဲ့ပြီး၊ သမီးမှာ အရမ်းတောက်ပတဲ့ အနာဂတ်ရှိဖို့ အဖေတို့ လုံးဝ မတောင်းဆိုခဲ့ဘူး။ အဖေတို့အနားမှာပဲ သမီးကို ရှိစေချင်ခဲ့တာ။ ဒါပေမဲ့ သမီးက ကိုယ့်တာဝန်ထမ်းဖို့ အိမ်က ထွက်သွားပြီး၊ အဖေတို့ ပုံမှန် သမီးကို တွေ့ချင်တဲ့အခါ မတွေ့နိုင်ခဲ့ဘူး။ အခု ဒီအခြေအနေတွေက တော်တော် ဆိုးနေတယ်။ လမ်းထဲမှာ သမီး အဖမ်းခံလိုက်ရရင်၊ အဖေ ဘာလုပ်နိုင်လို့လဲ။ သမီးရဲ့ အနာဂတ် ဘာဖြစ်လာမလဲ”တဲ့။ အဖေ့ရဲ့ စကားတွေကြောင့် ကျွန်မ အရမ်းအံ့ဩသွားတယ်။ သူ ဘယ်လိုလုပ်ပြီး အဲဒီလို ပြောနိုင်ရတာလဲ။ အဖမ်းခံရမှာကြောက်လို့ ကိုယ့်တာဝန်တွေ ထမ်းဆောင်တာကို ကျွန်မ လက်လျှော့လိုက်ရင်၊ ဘုရားကို ကျွန်မ သစ္စာဖောက်ပြီး၊ ထွက်ပြေးတဲ့သူတစ်ယောက် ဖြစ်လာမှာ မဟုတ်လား။ ကျွန်မအဖေကို လေးလေးနက်နက် ကျွန်မ ပြောလိုက်တယ်။ “အဖေ၊ သမီးတာဝန်ထမ်းတာကို အဖေ မတားသင့်ဘူး။ သမီး အခု အရွယ်ရောက်နေပါပြီ။ ပြီးတော့ ကိုယ့်တာဝန်ထမ်းဖို့ အိမ်ကထွက်သွားတာက သမီး သေချာစဉ်းစားပြီး လုပ်ခဲ့တဲ့ ရွေးချယ်မှုတစ်ခုပါ။ အဖေ သမီးကို အားပေးသင့်တယ်”လို့ပေါ့။ သူ အရမ်းဒေါသထွက်သွားပြီး ပြောတယ်။ “ဒီနှစ်တွေတစ်လျှောက်လုံး နင့်ကို ငါ ပြုစုပျိုးထောင်ခဲ့လို့လည်းပြီးရော နင်က ဒါမျိုး ဖုတ်ဖတ်ခါထွက်သွားတယ်။ ငါအခု ရှင်းရှင်းကြီး မြင်လိုက်ရပြီ ထင်တာပဲ။ ကျေးဇူးကန်းတဲ့ ကောင်မစုတ်ကို ငါ ပျိုးထောင်မိခဲ့တာပဲ”တဲ့။ ဒီစကားတွေကို ကြားတော့ ကျွန်မ အရမ်းစိတ်ဆင်းရဲသွားပြီး၊ မျက်လုံးတွေမှာ မျက်ရည်တွေ မထိန်းနိုင်အောင် ဝဲလာခဲ့တယ်။ ကလေးဘဝက နေမကောင်းဖြစ်ခဲ့ချိန်နဲ့ ကျွန်မအဖေက ကျွန်မကို စောင့်ရှောက်ဖို့သက်သက် မျက်လုံးမမှိတ်ဘဲ တစ်ညလုံး ကျွန်မကို ချီထားခဲ့ပုံ၊ ပြီးတော့ ကျွန်မအတွက် ငွေရှာပြီး ကောင်းမွန်တဲ့ ဘဝတစ်ခု ပေးဖို့ မိဘတွေ ကြိုးစားခဲ့ပုံတွေကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ အခုတော့၊ ကျွန်မက သူတို့အတွက် သားသမီးဝတ်မကျေခဲ့ရုံမက၊ အဖော်တောင် မပြုပေးနိုင်ခဲ့ဘူး။ သူတို့ရဲ့ သမီးအနေနဲ့ ကျွန်မတာဝန်ကို လုံးဝ ကျေပွန်ခဲ့ဘူး။ ဒေါသထွက်နေတဲ့ ကျွန်မအဖေ ထွက်သွားချိန်မှာ နောက်ကနေကြည့်နေရင်း၊ လိပ်ပြာမလုံဖြစ်မိတယ်။ ကျွန်မမိဘတွေနဲ့ အချိန်အကြာကြီး ထပ်ပြီးနေချင်ခဲ့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဘုရားကို တွေးမိတယ်။ ဘုရားကို မယုံကြည်တဲ့အချိန်တုန်းက၊ စိတ်ထဲမှာ မကြာခဏ ဟာတာတာ ခံစားခဲ့ရပြီး၊ ဘာလို့ ဒီလောကမှာ ကျွန်မ ရှိခဲ့တာလဲဆိုတာ မသိခဲ့ဘူး။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ သူနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့် နားလည်လာတယ်၊ လူသားတွေကို ဖန်ဆင်းခဲ့တာ ဘုရားဖြစ်ပြီး၊ ကျွန်မကို ဒီထွက်သွက်ဝင်သက်ပေးခဲ့တာ ဘုရားဖြစ်မှန်းကိုပေါ့။ ဒီလောကမှာ ကျွန်မရဲ့ ကိုယ်ပိုင် တာဝန်ရှိတယ်။ အဲဒီအခါမှပဲ ကိုယ်ကိုယ်တိုင်ရဲ့ တည်ရှိမှုမှာ တန်ဖိုးကို ရှာတွေ့ခဲ့ပြီး အနှစ်မဲ့၊ ပျောက်ဆုံးမနေတော့ဘူး။ ဘုရားဆီက အဲဒီလို ကြီးမားတဲ့ မေတ္တာကို ခံစားရတဲ့နောက်မှာ၊ ကျွန်မအနေနဲ့ အသိစိတ်မရှိဘဲ မနေနိုင်သလို၊ ကိုယ့်တာဝန် ထမ်းတာကို လက်မလျှော့နိုင်ဘူး။ အဲဒီအချိန်မှာ၊ ကိုယ့်ဇာတိကို စွန့်ဖို့ ကျွန်မ စွမ်းအားရခဲ့ပြီး ကိုယ့်တာဝန်ကို ဆက်ထမ်းဆောင်ဖို့ ထွက်သွားခဲ့တယ်။
၂၀၁၉ မှာ၊ ကျွန်မတာဝန်ထမ်းနေတုန်း တစ်ခါ အဖမ်းခံခဲ့ရတယ်။ စစ်ကြောရေးအတွင်းမှာ ရဲတွေက ထိန်းသိမ်းရေး စခန်းဆီ ကျွန်မဦးလေးကို ခေါ်လာပြီး သူက ကျွန်မရဲ့ မွေးသဖခင်ဖြစ်တယ်လို့ ပြောကြတယ်။ ကျွန်မ အိမ်ပြန်ပြီး ကိုယ့်မိဘအရင်းတွေနဲ့အတူ ပြန်ဆုံစည်းနိုင်အောင် အသင်းတော်ရဲ့အခြေအနေကို အချိန်မဆွဲဘဲ ရှင်းပြဖို့ ပြောကြတယ်။ ကျွန်မ ဘာမှမပြောခဲ့ဘူး။ နောက်ဆုံးတော့၊ ကျွန်မဦးလေးက ကျွန်မကို အချုပ်ကနေ လွတ်အောင် ငွေသုံးခဲ့တယ်။ ကျွန်မက ဘုရားကို ယုံကြည်ရာမှာ မိဘတွေနောက်လိုက်တယ်လို့ ရဲတွေက သံသယရှိပြီး ကျွန်မကို အိမ်ပြန်ခွင့်၊ သူတို့နဲ့ ဆက်သွယ်ခွင့်မပေးခဲ့ဘူး။ ကျွန်မဦးလေးကိုပဲ ကျွန်မကို တခြားနေရာခေါ်သွားခွင့်ပေးခဲ့တယ်။ ကျွန်မဦးလေးက ကျွန်မကို အာမခံနဲ့ထုတ်ခဲ့လို့၊ ရဲတွေက နေ့တိုင်းနီးပါး သူ့ကို ဖုန်းဆက်ပြီး ခြိမ်းခြောက်ခဲ့ကြတယ်။ ကျွန်မဦးလေးက ကွန်မြူနစ်ပါတီဆီကနေကြားခဲ့ရတဲ့ ကောလာဟလတွေကို ယုံပြီး ဘုရားကို မယုံကြည်အောင် ကျွန်မကို တားဆီးခဲ့တယ်။ သူက၊ “နင်က အရွယ်ရောက်ပြီးသားဖြစ်နေပြီ။ ကောင်းကောင်းနားလည်သင့်တယ်။ နင့်အမေနဲ့ ငါရော၊ နင့်ရဲ့ မွေးစားမိဘတွေရော ဒီလို ညှဉ်းဆဲခံရတာကို မခံနိုင်ဘူး။ ဘုရားကို နင်ယုံကြည်လို့၊ ရဲတွေကို ငါတို့ကို နှောင့်ယှက်ဖို့ နေ့တိုင်းဖုန်းဆက်တယ်။ ငါလည်း အရမ်းအသက်ကြီးနေပြီ။ ရဲတွေက ငါ့ကို ဆူငေါက်တဲ့အခါ၊ နင့်အတွက် ရှက်ရှက်နဲ့ အကောင်းပြောပေးနေရတုန်းပဲ။ ဒါငါ့အတွက် ဘယ်လောက်ခက်မှန်း နင်သိရဲ့လား”တဲ့။ ကျွန်မအဖေအရင်းရော၊ မွေးစားမိဘတွေပါ ကျွန်မကြောင့် အမှုပတ်နေကြတာကို မြင်တော့ ကျွန်မ အရမ်းစိတ်ဆင်းရဲမိတယ်။ ရှေးလူတွေ ပြောလေ့ရှိတာက၊ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”တဲ့။ ကိုယ့်မိဘတွေကို သားသမီးဝတ်ပြုပြီး၊ သူတို့ကို စိုးရိမ်တာလျော့သွားအောင်လုပ်တာက သားသမီးအားလုံး လုပ်သင့်တဲ့အရာတစ်ခုပဲ။ ကျွန်မရဲ့ မွေးစားမိဘတွေက ကျွန်မကို ဒီနှစ်တွေတစ်လျှောက်လုံး ပျိုးထောင့်ခဲ့ကြပြီး၊ ကျွန်မရဲ့ မိဘအရင်းတွေက ကျွန်မကို အာမခံနဲ့ထုတ်ရအောင်လို့ ရဲတွေကို ယွမ် ၁၄၀၀၀၀ ပေးဖို့ ငွေညှစ်ခံခဲ့ရတယ်။ စိတ်ထဲမှာ ကျွန်မ အရမ်း လိပ်ပြာမလုံ ဖြစ်မိတယ်။ အရင်က၊ ကျွန်မတာဝန်တွေကို ထမ်းပြီး၊ သူတို့ကို စောင့်ရှောက်ဖို့ သူတို့ဘေးမှာ ရှိမနေပေးနိုင်ခဲ့ဘူး။ အခု ဘုရားကို ယုံကြည်လို့ အဖမ်းခံရတော့ ကျွန်မရဲ့ ဆင်းရဲဒုက္ခတွေထဲ သူတို့ကို ဆွဲထည့်မိတယ်။ သားသမီးတွေ လုပ်သင့်တာတစ်ခုမှ ကျွန်မ မလုပ်ရသေးဘူး။ သူတို့ကို ကျွန်မ ပေးသမျှက ဝန်ထုပ်တွေပဲ။ အဲဒီအကြောင်းတွေးလေ၊ ဆိုးဆိုးရွားရွား ခံစားရလေဖြစ်ပြီး၊ “ဘုရားကို ယုံကြည်တာစွန့်လိုက်မှပဲ ငါ့မိသားစု ဒုက္ခတွေ သက်သာသွားမယ်ဆိုတာ မှန်များမှန်နေသလား။ ငါသေမှပဲ ရဲတွေက ငါ့မိသားကို အနီးကပ် စောင့်ကြည့်တာတွေ ရပ်သွားမှာဖြစ်ပြီး ငါ့မိဘတွေ နှောင့်ယှက်ခံရ၊ အရှက်ခွဲခံရတော့မှာ မဟုတ်ဘူးဆိုတာ မှန်များမှန်နေသလား”လို့တောင် တွေးမိခဲ့တယ်။ အဲဒီအချိန်မှာ၊ ကျွန်မ အရမ်းအရမ်းကို စိတ်ဖိစီးခဲ့တယ်။ ဘုရားကို သစ္စာဖောက်မဲ့ အတွေးတွေ ဖြစ်ခဲ့တာကို သိပြီး၊ သူ့ကို ကျွန်မ အကြွေးတင်တယ်လို့ စဉ်းစားမိခဲ့တယ်၊ ဒါပေမဲ့ ကျွန်မရဲ့ မွေးစားမိဘတွေနဲ့ မိဘအရင်းတွေက ကျွန်မပြဿနာကြောင့် အမှုပတ်နေကြရပုံကို မြင်တော့တွေးမိတာနဲ့ စိတ်ထဲမှာ အပြစ်ရှိတဲ့စိတ်နဲ့ ပြည့်သွားတယ်။ ဟိုဘက်ဒီဘက်လွန်ဆွဲနေပြီး စိတ်တည်ငြိမ်အောင် မထားနိုင်ခဲ့ဘူး။
အဲဒီအတောအတွင်းမှာ၊ ဘုရားကို ကျွန်မ မယုံကြည်အောင်တားဖို့ ကျွန်မရဲ့ ဦးလေးနဲ့ အဒေါ်က ကျွန်မကို အလုပ်အတင်းလုပ်စေခဲ့တယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကျွန်မကို စောင့်ကြည့်ခိုင်းထားပြီး၊ နည်းနည်းလေး အိမ်ပြန်နောက်ကျတာနဲ့ ကျွန်မကို စစ်ဆေးမေးမြန်းကြတယ်။ နင်ဘယ်သွားခဲ့တာလဲ။ ဘယ်သူနဲ့တွေ့ခဲ့တာလဲ။ ကျွန်မအဒေါ်က ဒူးထောက်ပြီးတော့တောင် တောင်းပန်ပြီး ဘုရားကို ကျွန်မ ယုံကြည်တာ စွန့်လွှတ်အောင် ဖိအားပေးတဲ့အနေနဲ့ အစာအငတ်ခံတယ်။ အဲဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်ရတော့၊ ကျွန်မ စိတ်ဓာတ် ပျက်ပြားသွားတယ်။ ဒီအိမ်မှာ ကျွန်မ လွတ်လပ်မှုမရှိသလို အထူးသဖြင့် ကိုယ်ရေးကိုယ်တာ လုပ်ပိုင်ခွင့်မရှိဘူးလို့ ခံစားရတယ်။ ကျွန်မ လည်ညှစ်ခံရပြီး လေကို မနည်းရှူနေရသလိုမျိုး ခံစားခဲ့ရတယ်။ သူတို့ကို အတိုက်အခံလုပ်ပြီး ငြင်းခုံလိုက်ချင်တယ်။ “သမီးက ဘုရားကို ယုံကြည်တာလေးနဲ့ ဦးလေးတို့က ဘာလို့ သမီးကို ဒီလိုဆက်ဆံတာလဲ” လို့ပေါ့။ ဒါပေမဲ့ ကျွန်မကြောင့် ဒီပြဿနာမှာ သူတို့ ပါဝင်ပတ်သက်ခဲ့ရပုံနဲ့ ဒဏ်ငွေအများကြီး အတပ်ခံခဲ့ရပုံကို တွေးမိတာနဲ့၊ ကျွန်မစိတ်နှလုံးထဲက အတိုက်အခံလုပ်တဲ့စိတ် ပျောက်သွားတယ်။ အဲဒီအစား၊ သားသမီးဝတ်မကျေတာ ကျွန်မဖြစ်တယ်၊ သူတို့အနေနဲ့ ကျွန်မကို ဒီလိုဆက်ဆံဖို့ပဲ ရွေးချယ်စရာရှိခဲ့ပြီး၊ မိဘတွေ အမြဲမှန်တယ်လို့ တွေးမိခဲ့တယ်။ အထူးသဖြင့် ဒီပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ ကျွန်မမိဘတွေကို အဖော်ပြုပေးဖို့ သူတို့ဘေးမှာ ကျွန်မ မရှိပေးခဲ့သလို သားသမီးဝတ် မကျေခဲ့ပုံတွေကို တွေးမိတဲ့အခါ၊ သူတို့ကို စိတ်ပျက်စေခဲ့မိတယ်လို့ ပိုလို့တောင် ခံစားမိတယ်။ အဲဒီအတောအတွင်းမှာ၊ မိဘတွေကို ကျွန်မအကြွေးတင်တာပြန်ဆပ်နိုင်အောင်လို့ နည်းလမ်းရှိသမျှ ကြိုးစားခဲ့တယ်။ သူတို့ကို ကျန်းမာရေးစောင့်ရှောက်တဲ့ ပစ္စည်းတွေ ဝယ်ပေးတယ်၊ အိမ်အလုပ်အားလုံး လုပ်ပေးပြီး၊ အလုပ်လုပ်ပြီး ငွေရှာဖို့ တတ်နိုင်သမျှ လုပ်ခဲ့တယ်။ နေ့တိုင်း ညဘက် နောက်ကျတဲ့အထိ အချိန်ပိုအလုပ်လုပ်ရတဲ့ အခက်အခဲကို ကျွန်မ ဝမ်းမြောက်ဝမ်းသာ သည်းညည်းခံခဲ့တယ်။ ငွေပိုရှာပြီး သူတို့ကို ပိုပျော်လာအောင် ထားချင်ခဲ့တယ်။ မသိလိုက်ခင်မှာ၊ ဘုရားနဲ့ ကျွန်မက ပိုဝေးသထက် ဝေးကွာသွားခဲ့တယ်။
အချိန်ကာလတစ်ခု ကြာပြီးတဲ့နောက်မှာ၊ ရဲတွေက ဖုန်းဆက်ပြီး ကျွန်မကို လာခေါ်တော့မှာဖြစ်သလို၊ အသင်းတော်ရဲ့ အခြေအနေကို ကျွန်မဆီကနေ ကြားချင်တယ်လို့ ပြောကြတယ်။ အိမ်မှာဆက်နေရင်၊ အဖမ်းခံရမဲ့ အခွင့်အရေးရှိမှန်း ကျွန်မ သိပေမဲ့၊ ကျွန်မ ထွက်သွားရင်၊ ဘယ်အချိန် ပြန်လာနိုင်မလဲ မသိတာကိုလည်း ကျွန်မ တွေးမိတယ်။ ဒါ့အပြင်၊ ရဲတွေက ကျွန်မကို ရှာမတွေ့နိုင်ရင်၊ ကျွန်မမိဘတွေ၊ ဦးလေးနဲ့အဒေါ်တို့ကို အစားခေါ်သွားမလားပေါ့။ အမှန်တကယ် ဒီလိုဖြစ်ခဲ့ရင်၊ ကျွန်မ သာသမီးဝတ် မကျေလိုက်မဲ့ဖြစ်ခြင်း။ ကျွန်မ မိဘတွေရဲ့ စကားတွေကိုပဲ ကျွန်မ တွေးနိုင်ခဲ့တယ်။ ကျွန်မအဒေါ်က သူ့ဘေးမှာ ကျွန်မကို ရှိစေချင်ခဲ့ပြီး ကောင်းမွန်တဲ့ မိသားစုတစ်ခု ရှိစေချင်ခဲ့တယ်။ ကျွန်မဦးလေးက ကျွန်မ အရွယ်ရောက်ပြီး စဉ်းစားတတ်သလို၊ သူ့အပေါ် ထောက်ထားရမယ်လို့ ပြောတယ်။ ကျွန်မအဖေက ကျွန်မအနေနဲ့ သူ့ကို သားသမီးဝတ်ကျေပွန်စေချင်ပြီး ကျေးဇူးကန်းတဲ့ကလေးကို ပျိုးထောင်ခဲ့တာမျိုး မဖြစ်ချင်ဘူးလို့ ပြောတယ်။ အဲဒီအခိုက်၊ အရာရာ တစ်စစီ ပြိုကွဲသွားသလို ခံစားရတယ်။ အဲဒီအချိန်မှာ ကျွန်မ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ရဲတွေ ကျွန်မကို ဖမ်းတော့မှာဖြစ်လို့၊ အိမ်မှာ နေလို့မရပါဘူး။ ဒါပေမဲ့ ကျွန်မထွက်သွားရင်၊ သားသမီးဝတ်ကျေမှာမဟုတ်သလို အသိစိတ်မဲ့မှာကို တွေးမိပါတယ်။ ကျွန်မ အရမ်းစိတ်ဆင်းရဲတယ်။ ဘုရားသခင်၊ ကျွန်မ ဘယ်လိုရွေးချယ်သင့်လဲ။ ကျေးဇူးပြုပြီး လမ်းပြပါ”လို့ပေါ့။ ဆုတောင်းပြီးတော့၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေးမိတယ်။ “ဖန်ဆင်းရှင်၏ခွဲခန့်မှတ်သားခြင်းနှင့် သူ၏ လမ်းပြမှုကြောင့်သာ မဟုတ်ပါက၊ ဤကမ္ဘာ၌ အသစ်မွေးဖွားသည့် ဘဝတစ်ခုသည် မည်သည့်နေရာကိုသွားရမည် သို့မဟုတ် မည်သည့်နေရာတွင် နေရမည်ဆိုသည်ကို သိလိမ့်မည်မဟုတ်၊ ဆွေမျိုးများ ရှိလိမ့်မည် မဟုတ်၊ မည်သည့်နေရာနှင့်မျှ သက်ဆိုင်မည် မဟုတ်သကဲ့သို့ စစ်မှန်သည့်အိမ် ရှိမည်မဟုတ်ပေ။ သို့သော်လည်း ဖန်ဆင်းရှင်၏ စေ့စပ်သည့် အစီအစဉ်များကြောင့် ဤအသစ်သောဘဝက နေစရာနေရာတစ်ခု၊ မိဘများ၊ ၎င်းနှင့် သက်ဆိုင်သည့် နေရာတစ်ခုနှင့် ဆွေမျိုးများရှိပြီး ဤအကြောင်းကြောင့် ထိုဘဝသည် ၎င်း၏ခရီးလမ်းကြောင်းပေါ်ကို စတင်လေသည်။ ဤဖြစ်စဉ် တစ်လျှောက်တွင်၊ ဤဘဝသစ်တစ်ခု ပေါ်ပေါက်မှုသည် ဖန်ဆင်းရှင်၏ အစီအစဉ်အားဖြင့် ပိုင်းခြားသတ်မှတ်ခြင်းဖြစ်ပြီး ထိုဘဝပိုင်ဆိုင်လာမည့် အရာအားလုံးကို ဖန်ဆင်းရှင်က ချပေးသနားခြင်း ဖြစ်ပေသည်။ မည်သည့်အရာမျှ မရှိသည့် လွတ်လွတ်လပ်လပ် လွင့်မျောနေသည့် ကိုယ်ခန္ဓာတစ်ခုမှ၊ တဖြည်းဖြည်း အသွေးအသားနှင့် ဖြစ်လာသည်။ မြင်၍ရနိုင် လာသည်။ လက်ဆုပ်လက်ကိုင်ပြ၍ ရနိုင်သော လူသားတစ်ယောက် ဖြစ်လာသည်။ စဉ်းစားတတ်သည့်၊ အသက်ရှူသည့်၊ အပူနှင့် အအေးကို သိရှိခံစားနိုင်သည့် လူသားတစ်ယောက် ဖြစ်လာသည်။ ရုပ်ဝတ္ထုလောကထဲ၌ ဖန်ဆင်းခံတစ်ယောက်၏ ပုံမှန်လှုပ်ရှားမှု အားလုံးတွင် ပါဝင်လုပ်ဆောင်နိုင်သည့်သူ၊ ဘဝတွင် ဖန်ဆင်းခံ လူသားတစ်ဦး ကြုံတွေ့ရမည့် အရာအားလုံးကိုကြုံတွေ့ခံစားရမည့်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းများအနက် တစ်ခုဖြစ်လာပေသည်။ လူတစ်ဦး၏ မွေးဖွားခြင်းကို ဖန်ဆင်းရှင်က ကြိုတင်ပိုင်းခြား သတ်မှတ်ခြင်းသည် ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်သည့် အရာအားလုံးကို ထိုလူ့အပေါ် ဖန်ဆင်းရှင်က ချပေးသနား လိမ့်မည်ဟု ဆိုလိုပေသည်။ အလားတူပင်၊ လူတစ်ဦး မွေးဖွားသည် ဆိုသည့်အချက်မှာ ၎င်းက ဖန်ဆင်းရှင်ထံမှ ရှင်သန်ရပ်တည်ရေး အတွက် လိုအပ်သည့် အရာအားလုံးကို လက်ခံရရှိလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ပြီး ထိုအချိန်မှစပြီး ဖန်ဆင်းရှင်က ပံ့ပိုးပေးထားသည့် နောက်ပုံစံတစ်ခုနှင့် ၎င်းတို့အသက်ရှင်နေထိုင်မည်ဖြစ်ပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာအား ခံစားရလိမ့်မည်ဟု ဆိုလိုပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်လိုက်တယ်။ ကျွန်မက တစ်ကိုယ်တည်း အနှောင်အတွယ်မဲ့တဲ့ ခန္ဓာကိုယ်ပါပဲ။ ကျွန်မအတွက် မိသားစုနဲ့ မိဘတွေကို စီစဉ်ပေးတာ ဘုရားဖြစ်တယ်။ ဒီအရာအပေါ် အုပ်စိုးတာ ဘုရားပါပဲ။ ဒါပေမဲ့ ဒီလောကထဲ ကျွန်မ မွေးခဲ့တာက မိသားစု နွေးထွေးမှု ခံစားဖို့နဲ့ မိဘတွေကို သားသမီးဝတ် ကျေပွန်ပြဖို့သက်သက် မဟုတ်ဘဲ၊ ကျွန်မအတွက်က အဖန်ဆင်းခံတွေအပေါ် မျှော်လင့်ထားတဲ့ ဝတ္တရားနဲ့ တာဝန်ကို ပိုပြီး ခံယူဖို့ဖြစ်တယ်။ အခု၊ ကိုယ့်မိဘတွေကို စိတ်ဖြည့်ဆည်းဖို့ ကိုယ့်တာဝန်ကို စွန့်ဖို့ ကျွန်မ စဉ်းစားနေတယ်။ ဒါဘုရားမြင်ချင်တဲ့အရာ မဟုတ်ဘူး။ ဘုရားက ကျွန်မကို အရာရာ ထောက်ပံ့ခဲ့တယ်။ ကျွန်မတာဝန်ကို စွန့်ပြီး သူ့ကို သစ္စာဖောက်လို့ မရဘူး။ အဲဒီနောက်မှာ တာဝန်ထမ်းဖို့ ကျွန်မ အိမ်ကထွက်ခဲ့လိုက်တယ်။
သိပ်မကြာခင်မှာ၊ ရဲတွေက ကျွန်မကို မဖမ်းနိုင်တော့၊ ကျွန်မဦးလေးကို အစားခေါ်သွားတယ်လို့ သိရတယ်။ ကျွန်မ ပြန်လာမှပဲ သူ့ကို လွတ်မယ်လို့ အသိပေးကြတယ်။ ချက်ချင်း ကျွန်မ နည်းနည်း မူးမေ့မလိုဖြစ်သွားပြီး ဦးလေးကို ကျွန်မ တာဝန်ပျက်ကွက်ခဲ့ပြီလို့ တွေးမိတယ်။ ကျွန်မ အရမ်းကို ပြန်သွားချင်ခဲ့ပြီး အချုပ်မှာ သူနဲ့ နေရာလဲလိုက်ချင်ခဲ့တယ်။ ကျွန်မ ကိုယ့်တာဝန်ကို ထမ်းချင်စိတ်မရှိသလို၊ ကျွန်မ တွေးသမျှက ကျွန်မမိသားစုဝင်တွေရဲ့ အသံနဲ့ မျက်နှာတွေပါပဲ။ သူတို့ရဲ့ ကံအကြောင်းမလှတဲ့အဖြစ်က ကျွန်မကြောင့်ပဲလို့ တွေးမိတယ်။ အထူးသဖြင့် ကျွန်မဦးလေး အဖမ်းခံခဲ့ရပုံကို တွေးမိတဲ့အခါပေါ့။ ရဲတွေက သူ့ကို ဘယ်လိုဆက်ဆံမယ်မှန်း ကျွန်မ မသိခဲ့ဘူး။ သူ့ကို ရိုက်ကြမလား။ တွေးလေ၊ နာကျင်ရလေဖြစ်ပြီး၊ စိတ်နှလုံးထဲမှာ ဘုရားကို ဆုတောင်းမိတယ်။ “ဘုရားသခင်၊ ဒီနေ့ ဒီလိုအခြေအနေမျိုးတွေနဲ့ ကျွန်မ ရင်ဆိုင်ရပြီး၊ ဘယ်လို တွေ့ကြုံရမယ်မှန်း မသိပါဘူး။ ကျွန်မ စိတ်နှလုံးက နာကျင်ပြီး၊ ကိုယ့်တာဝန်ကို ထမ်းလိုစိတ်မရှိပါဘူး။ အဲဒီလို အခြေအနေမှာ ကျွန်မ အသက်မရှင်ချင်ပါဘူး။ ဘုရားသခင်၊ ကျွန်မ ဘာလုပ်သင့်လဲ။ ကျွန်မကို လမ်းပြဖို့၊ ဒီအခြေအနေကို ပြောင်းလဲစေဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်”လို့ပေါ့။ ဆုတောင်းပြီးတော့၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “လူအချို့သည် ဘုရားသခင်ကို ယုံကြည်ကာ မိမိတို့ တာဝန်များကို ထမ်းဆောင်ကြသောကြောင့် မိမိတို့၏ မိသားစုများကို စွန့်လွှတ်ကြသည်။ ဤအရာကြောင့် ၎င်းတို့ လူသိများလာကြပြီး အစိုးရက ၎င်းတို့၏ အိမ်ကို မကြာခဏ ရှာဖွေကြသည်၊ ၎င်းတို့၏ မိဘများကို အနှောင့်အယှက်ပေးကြပြီး ၎င်းတို့ကို လွှဲအပ်ရန် ၎င်းတို့၏ မိဘများကိုပင် ခြိမ်းခြောက်ကြလေသည်။ ၎င်းတို့၏ အိမ်နီးချင်းများအားလုံးက ‘ဤလူတွင် အသိစိတ် မရှိပါ။ သူသည် မိမိ၏ သက်ကြီးရွယ်အို မိဘများကို ဂရုမစိုက်ပါ။ သူသည် သားသမီးဝတ်မကျေပွန်ရုံမက မိမိ၏ မိဘများအတွက် ဒုက္ခများစွာလည်း ဖြစ်စေသည်။ သူသည် သားသမီးဝတ် မကျေပွန်သော သားသမီးတစ်ဦး ဖြစ်သည်’ဟု ဆိုလျက် ၎င်းတို့နှင့်ပတ်သက်၍ ပြောဆိုကြလေသည်။ ဤစကားများထဲမှ တစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သို့ရာတွင် မယုံကြည်သူများ၏ အမြင်တွင် ဤစကားများအားလုံးကို မှန်ကန်သည်ဟု ယူဆထားကြသည် မဟုတ်လော။ မယုံကြည်သူများကြားတွင် ဤသည်မှာ သဘာဝအကျဆုံးနှင့် ယုတ္တိအတန်ဆုံး ရှုမြင်ပုံရှုမြင်နည်း ဖြစ်ကာ ယင်းသည် လူ့ကျင့်ဝတ်များနှင့် ကိုက်ညီသကဲ့သို့ လူသား အပြုအမူ၏ စံနှုန်းများနှင့်အညီဖြစ်သည်ဟု တွေးထင်ကြလေသည်။ ဤစံနှုန်းများတွင် မိဘများကို သားသမီးဝတ်နှင့်ညီသော ရိုသေလေးစားမှု မည်သို့ပြရမည်၊ ၎င်းတို့၏ အိုမင်းသော အရွယ်တွင် ၎င်းတို့ကို မည်သို့ စောင့်ရှောက်ကာ ၎င်းတို့၏ အသုဘကိစ္စများအား စီစဉ်ပေးရမည် သို့မဟုတ် ၎င်းတို့ကို မည်မျှ ပြန်ကျေးဇူးဆပ်ရမည်ဆိုသည်နှင့်၊ ဤစံနှုန်းများက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်တို့ကဲ့သို့သော အကြောင်းအရာ မည်မျှ ပါဝင်သည်ဖြစ်စေ မယုံကြည်သူများ၏ အမြင်တွင် ထိုအရာများသည် အပြုသဘောဆောင်သော အရာများဖြစ်သည်၊ အပြုသဘောဆောင်သော စွမ်းအင်ဖြစ်သည်၊ ထိုအရာများက မှန်ကန်ပြီး လူအုပ်စုအားလုံးအတွင်းတွင် အပြစ်ကင်းသော အရာအဖြစ် ယူဆထားကြလေသည်။ မယုံကြည်သူများကြားတွင် ဤသည်တို့မှာ လူတို့ အသက်ရှင်ရမည့် စံနှုန်းများဖြစ်ပြီး သင့်အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် လုံလုံလောက်လောက် ကောင်းမွန်ရန် ဤအရာများကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင် ယုံကြည်ကာ သမ္မာတရားကို နားမလည်မီတွင် ထိုသို့သော အပြုအမူသည် လူကောင်းတစ်ဦးဖြစ်ခြင်းဖြစ်သည်ကို သင်လည်း ခိုင်ခိုင်မာမာ ယုံကြည်ခဲ့သည် မဟုတ်လော။ (ယုံကြည်ခဲ့ပါသည်။) ထို့အပြင် သင်သည် မိမိကိုယ်ကို ဆန်းစစ်ရန် နှင့် မိမိကိုယ်ကို ချုပ်တည်းရန် ဤအရာများကို အသုံးပြုခဲ့ပြီး ဤလူစားမျိုးဖြစ်ရန် သင့်ကိုယ်သင် တောင်းဆိုခဲ့သည်။ သင့်အနေဖြင့် လူကောင်းတစ်ဦးဖြစ်လိုလျှင် သင်၏ အပြုအမူ စံနှုန်းများဖြစ်သည့် သင်၏ မိဘများကို မည်သို့ သားသမီးဝတ်ကျေပွန်ရမည်၊ ၎င်းတို့ကို သင် မည်သို့ စိုးရိမ်မှုလျော့နည်းစေရမည်၊ ၎င်းတို့ထံ မည်သို့ ဂုဏ်ဆောင်ပေးပြီး လေးစားခံရအောင် လုပ်ပေးမည်ဆိုသည်နှင့် သင်၏ ဘိုးဘေးများအတွက် မည်သို့ဂုဏ်ဆောင်ပေးရမည်ဆိုသည့် ဤအရာများကို သင် မုချ ပါဝင်စေရမည်ဖြစ်သည်။ ဤသည်တို့မှာ သင်၏ စိတ်နှလုံးတွင် ရှိခဲ့သည့် အပြုအမူ စံနှုန်းများဖြစ်ပြီး သင့် အပြုအမူ၏ ဦးတည်ချက် ဖြစ်ခဲ့သည်။ သို့ရာတွင် ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ တရားဒေသနာများကို သင် နားထောင်ပြီးသည့်နောက်တွင် သင်၏ ရှုထောင့် စတင်ပြောင်းလဲခဲ့ပြီး အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ဖြည့်ဆည်းရန် အရာရာကို သင် စွန့်လွှတ်ရမည်ဆိုသည်နှင့် ဘုရားသခင်က လူတို့ကို ဤသို့ပြုမူနေထိုင်ရန် တောင်းဆိုသည်ဆိုသည်တို့ကို သင် နားလည်ခဲ့ပေသည်။ အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းက သမ္မာတရားဖြစ်သည်ကို သင် မသေချာမီတွင် သင်၏ မိဘများကို သင် သားသမီးဝတ် ကျေပွန်သင့်သည်ဟု သင် တွေးထင်ခဲ့သော်လည်း အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို သင် ထမ်းဆောင်သင့်သည်ကိုလည်း ခံစားခဲ့ရပြီး စိတ်ထဲတွင် ဒွိဟဖြစ်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အဆက်မပြတ် ရေလောင်းပေးခြင်းနှင့် ထိန်းကျောင်းပေးခြင်းမှတစ်ဆင့် သင်သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာခဲ့ပြီး ထိုအချိန်တွင် အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး တရားသည်ဟု သင် သဘောပေါက်ခဲ့ပေသည်။ ယနေ့ထက်ထိတိုင် လူများစွာတို့သည် သမ္မာတရားကို လက်ခံနိုင်ကြပြီးဖြစ်ကာ လူ၏ ရိုးရာ အယူအဆများနှင့် စိတ်ကူးများမှ အပြုအမူစံနှုန်းများကို လုံးဝ စွန့်ပစ်နိုင်ကြပြီးဖြစ်သည်။ ဤအရာများကို သင် လုံးဝ လက်လွှတ်လိုက်သည့်အခါ ဘုရားသခင်နောက်လိုက်ပြီး အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် မယုံကြည်သူများထံမှ ဝေဖန်မှုနှင့် ရှုတ်ချမှု စကားများ၏ ဘောင်ခတ်ခြင်းကို သင် မခံရတော့သကဲ့သို့ ယင်းတို့ကို သင် အလွယ်တကူ စွန့်ပယ်နိုင်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားစစ်မှန်မှု ဟူသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ အရမ်းတို့ထိခံရတယ်။ အချိန်အတော်များများမှာ၊ အသိစိတ် စံနှုန်းအတိုင်း အမှန်နဲ့ အမှားကို ကျွန်မ ဝေဖန်နေခဲ့တယ်။ ဒါပေမဲ့ ဒါ သမ္မာတရားနဲ့ မညီဘူး။ ကျွန်မရဲ့ အသက်က ဘုရားဆီကနေ အစပြုတာလေ။ ကျွန်မဝိညာဉ်ကို ဒီလောကထဲ ခေါ်ဆောင်ခဲ့ပြီး၊ ကျွန်မအတွက် မိသားစုနဲ့ မိဘ စီစဉ်ပေးခဲ့တာ၊ နောက်ဆုံးသောကာလထဲက သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ကျွန်မကို ရွေးချယ်ခဲ့ပြီး၊ အဖန်ဆင်းခံအနေနဲ့ ကျွန်မရဲ့ တာဝန် ထမ်းဖို့ အခွင့်အရေးပေးခဲ့တာ ဘုရားပဲလေ။ ဒါက ဘုရားရဲ့ မေတ္တာနဲ့ ကျေးဇူးတော်ပဲ။ ဒါပေမဲ့ ကျွန်မဦးလေးက ရဲတွေ အဖမ်းခံရလို့၊ ဘုရားကို ကျွန်မ ယုံကြည်လို့ ကျွန်မမိသားစုအပေါ် ဒီအခက်အခဲ ရောက်တာလို့ တွေးခဲ့ပြီး၊ ကျွန်မတာဝန်ကို စွန့်ပြီး၊ ဘုရားကို သစ္စာဖောက်ချင်ခဲ့တယ်။ မိုက်လိုက်လေခြင်း ဒီနေ့အထိ ကျွန်မရဲ့မိသားစုခံခဲ့ရသမျှအားလုံးဟာ မကောင်းဆိုးဝါး ကွန်မြူနစ်ပါတီကြောင့်ချည်းပဲ။ သူတို့က ဘုရားကို ဆန့်ကျင်ပြီး ခရစ်ယာန်တွေကို နှိပ်ကွပ်တယ်၊ ကျွန်မမိသားစုကို နှောင့်ယှက်ပြီး ဦးလေးကို ဖမ်းခဲ့သလို၊ ကျွန်မရဲ့ မိဘတွေကို တစ်ရက်ကလေးမှ အေးအေးချမ်းချမ်း မဖြတ်သန်းရအောင် လုပ်ခဲ့တာ။ ကွန်မြူနစ်ပါတီက တကယ့် တရားခံပဲ။ ဒါပေမဲ့ ကွန်မြူနစ်ပါတီကို ကျွန်မ မမုန်းခဲ့ဘဲ ကျွန်မမိသားစု ဒုက္ခရောက်တာ ဘုရားကို ကျွန်မ ယုံကြည်လို့ပဲလို့ တွေးခဲ့တယ်။ ကျွန်မက တကယ်ကို အမှန်နဲ့ အမှား မခွဲနိုင်ခဲ့တာပဲ။ အခုတော့ နားလည်သွားတယ်၊ ဘုရားနောက်လိုက်ပြီး ကိုယ့်တာဝန်ထမ်းဖို့က ကျွန်မအတွက် လုံးဝ သဘာဝကျပြီး တရားတယ်ဆိုတာပေါ့။ ဒါက လူတွေရှိသင့်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားပဲ။ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို စဉ်းစားမိတယ်။ “လူတစ်ဦး ဒုက္ခခံရမည့် ပမာဏနှင့် ၎င်း၏ လမ်းကြောင်းအပေါ် ၎င်း လျှောက်လှမ်းရမည့် အကွာအဝေးကို ဘုရားသခင်က စီမံထားပြီး မည်သူမျှ အခြားတစ်ဦးတစ်ယောက်ကို အမှန်တကယ် မကူညီနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၆)) လူတစ်ယောက်က ဘုရားကို ယုံကြည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ လူတိုင်းရဲ့ ဘဝက ဘုရားလက်ထဲမှာရှိပြီး ဘုရားက ထိန်းချုပ်၊ အုပ်စိုးထားတယ်။ လူတစ်ဦးစီက ဘယ်လောက် ဆင်းရဲဒုက္ခခံရမယ်ဆိုတာကို ဘုရားကြိုသတ်မှတ်ထားပြီး၊ ကျွန်မတို့ ပြောင်းလဲလို့ မရဘူး။ ကျွန်မမိဘတွေနဲ့ မွေးစားမိဘတွေလည်း ဘုရားလက်ထဲမှာ ရှိတယ်။ သူတို့ကို ဘုရားဆီ ကျွန်မ လွှဲအပ်သင့်တယ်။ အဲဒီနောက်၊ ကျွန်မ ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ဘုရားဆီ အရာရာ အပ်နှံပြီး သူ့အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ လိုလားနေခဲ့တယ်။ အဲဒီနောက်မှာ၊ ကိုယ့်တာဝန်ကို ခေါင်းမဖော်တမ်း ထမ်းဆောင်ခဲ့တယ်။
နောက်ပိုင်းမှာ၊ ကျွန်မရဲ့ အခြေအနေကို နောက်ထပ် သိနားလည်စေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် ‘သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ’ ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားသခင်က တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို စက်ဆုပ်ရွံရှာသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်လျှင်၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မှန်ကန်သော လမ်းဖြစ်ကြောင်း၊ ကယ်တင်ခြင်းကို ရရှိစေနိုင်ကြောင်းကို ကောင်းစွာသိသည့်တိုင် လက်ခံရန် မလိုလားဆဲဖြစ်လျှင် ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်ပြီး၊ မုန်းတီးသောသူများဖြစ်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အာခံသော၊ ဘုရားသခင်ကို မုန်းတီးသောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို အလိုအလျောက် စက်ဆုပ်ရွံရှာပြီး အထင်မြင်သေးသည်။ ဤသို့သောမိဘများကို သင်စက်ဆုပ်ရွံရှာနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ ပုတ်ခတ်ဝေဖန်သည်။ ဤအခြေအနေတွင် ၎င်းတို့သည် အသေအချာပင် မကောင်းဆိုးဝါးများနှင့် စာတန်များဖြစ်သည်။ သင်သည်၎င်းတို့ကို စက်ဆုပ်ပြီး ကျိန်ဆဲနိုင်သလော။ ဤအရာအားလုံးက သဘာဝကျသော မေးခွန်းများဖြစ်သည်။ သင်၏ မိဘများက သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းအား တားဆီးလျှင် ၎င်းတို့ကို သင် မည်သို့ ဆက်ဆံသင့်သနည်း။ ဘုရားသခင်က တောင်းဆိုခဲ့သည့်အတိုင်း ဘုရားသခင်ချစ်သောအရာကို ချစ်သင့်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းသင့်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ပြောခဲ့သည်။ ‘မည်သူက ငါ၏ အမေဖြစ်သနည်း။ မည်သူက ငါ၏ ညီအစ်ကိုများဖြစ်သနည်း’ ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော်၏ အလိုတော်ကို ဆောင်သောသူမည်သူမဆိုသည် ငါ၏ ညီအစ်ကိုမောင်နှမနှင့် မိခင်ဖြစ်သည်’ ဟူ၍ဖြစ်သည်။ ဤစကားများသည် ကျေးဇူးတော်ခေတ်တွင် တည်ရှိနှင့်ပြီးဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းလေသည်။ ‘ဘုရားသခင် ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့’ ဤစကားများသည် လိုရင်းကို ထိရောက်သည်။ သို့တိုင်အောင် လူတို့သည် ဤစကားများ၏ အဓိပ္ပာယ်အစစ်အမှန်ကို မကြာခဏဆိုသလို သဘောပေါက်နိုင်ခြင်း မရှိကြပေ။ လူပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သူတစ်ဦး ဖြစ်ကာ ဘုရားသခင်၏ကျိန်ဆဲခြင်း ခံရသော်လည်း ၎င်းတို့သည် သင်၏မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်ပြီး သင်သိသမျှ မကောင်းမှုပြုသူတစ်ဦး မဟုတ်သကဲ့သို့ ၎င်းတို့က သင့်ကို ကောင်းမွန်စွာ ဆက်ဆံပါက ထိုလူကို သင် မမုန်းနိုင်သည်ကို တွေ့ရလိမ့်မည်၊ ၎င်းတို့နှင့် ရင်းနှီးသည့် ဆက်သွယ်မှုပင် ရှိနိုင်သည်၊ သင်တို့၏ ဆက်ဆံရေး မပြောင်းလဲပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် မုန်းသည်ကို ကြားရခြင်းက သင့်ကို သောကရောက်စေပြီး ဘုရားသခင်ဘက်တွင် သင် မရပ်တည်နိုင်သကဲ့သို့ ၎င်းတို့ကို ရက်စက်စွာ မငြင်းပယ်နိုင်ပေ။ သင်သည် စိတ်ခံစားချက်များဖြင့် အမြဲ ချည်နှောင်ခံရပြီး ၎င်းတို့ကို အပြည့်အဝ လက်မလွှတ်နိုင်ပေ။ ဤအရာ၏ အကြောင်းအရင်းမှာ အဘယ်နည်း။ ဤအရာဖြစ်ရခြင်းမှာ သင်၏ စိတ်ခံစားမှုများ အလွန်အားကောင်းလွန်းပြီး၊ ထိုခံစားမှုများက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တားထားသောကြောင့် ဖြစ်သည်။ ထိုလူသည် သင့်အပေါ် ကောင်းသောကြောင့် သင်သည် ၎င်းတို့ကို မမုန်းနိုင်ပေ။ ၎င်းတို့က သင့်အား နာကျင်စေသည့်အခါမှသာလျှင် ၎င်းတို့ကို သင်မုန်းတီးနိုင်သည်။ ထိုအမုန်းတရားသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ ၎င်းတို့သည် မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်သောကြောင့်၊ ၎င်းတို့ကို သင်မုန်းလျှင်၊ သင်သည် သားသမီးဝတ်မကျေပွန်သောသူ၊ အသိတရား မရှိသလို လူပင် မဟုတ်သူအဖြစ် လူ့အဖွဲ့အစည်း၏ အထင်အမြင်သေးခြင်းကို ခံရပြီး လူများ၏ ခံယူချက်အားဖြင့် ပုတ်ခတ်ဝေဖန်ခြင်းတို့ကို ခံရမည်ဟု တွေးလျက် သင်သည် အစဉ်အလာအယူအဆများဖြင့်လည်း ထိန်းချုပ်ခံရသည်။ သင်သည် ဘုရားသဘောသဘာဝ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားရမည်ဟု တွေးထင်သည်။ သင်သည် ၎င်းတို့ကို မုန်းလိုလျှင်ပင် သင်၏အသိစိတ်က သင့်ကို အခွင့်ပေးမည် မဟုတ်ပေ။ သင်၏ အသိစိတ်သည် ဤနည်းလမ်းဖြင့် အဘယ်ကြောင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် သင့်မိသားစု၏ အမွေမှတစ်ဆင့်၊ သင်၏မိဘများက သင့်ကို ပေးထားသည့် ပညာရေးမှတစ်ဆင့်၊ ထို့ပြင် ရိုးရာယဉ်ကျေးမှု၏ အယူသွတ်သွင်းခြင်းတို့မှတစ်ဆင့် သင်ကလေးအရွယ်ကတည်းက သင့်အတွင်းတွင် မျိုးစေ့ချပေးထားသည့် တွေးခေါ်မှုနည်းလမ်းတစ်ခုကြောင့် ဖြစ်သည်။ ဤတွေးခေါ်မှုနည်းလမ်းက သင်၏ စိတ်နှလုံးတွင် အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး၊ သင့်အား သားသမီးဝတ်သည် လုံးဝ သဘာဝကျပြီး၊ တရားကာ သင်၏ ဘိုးဘေးများထံမှ အမွေရခဲ့သည့် မည်သည့်အရာမဆိုသည် အစဉ် ကောင်းမြတ်သည်ဟု တလွဲ ယုံကြည်စေသည်။ သင်သည် ယင်းကို ဦးစွာ သင်ယူခဲ့ပြီး ယင်းက သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်အောင်၊ ဘုရားသခင် ချစ်သည့်အရာကို မချစ်နိုင်အောင်၊ ဘုရားသခင် မုန်းသည့်အရာကို မမုန်းနိုင်အောင်ဖြစ်သွားစေလျက် သင်၏ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့၌ ကြီးမားသော ခလုတ်တံသင်းနှင့် အဆီးအတားတို့ကို ဖန်တီးရင်း ကြီးစိုးမြဲ ကြီးစိုးနေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်လိုက်တယ်။ စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ နည်းမျိုးစုံ သုံးတယ်။ ဥပမာအနေနဲ့ ကျွန်မတို့ မိဘတွေရဲ့ လမ်းပြမှု၊ ကျွန်မတို့ ကျောင်းတွေရဲ့ ပညာရေးနဲ့ အနီးအနားက လူတွေရဲ့ အယူအဆတွေက ကျွန်မတို့ကို မိဘတွေ ပျိုးထောင်ပေးခဲ့လို့ သူတို့ရဲ့ ကြင်နာမှုကို ပြန်ဆပ်ရမှာဖြစ်သလို၊ ဒါက လူ့သဘာဝနဲ့ အသိစိတ်ရှိတဲ့ သဘောဖြစ်တယ်လို့ ကျွန်မတို့ကို ယုံကြည်စေတယ်။ မဟုတ်ရင်၊ ကျွန်မတို့ အသိစိတ်မဲ့မယ်၊ သားသမီးဝတ်မကျေဖြစ်ပြီး၊ တခြားလူတွေရဲ့ ပစ်ပယ်တာခံရမယ်။ ငယ်တဲ့အရွယ်ကစပြီး၊ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”၊ “မိဘက အမြဲမှန်သည်”၊ “မိမိ၏ မိဘများကို သားသမီးဝတ်ကျေပွန်ခြင်းသည် လုံးဝ သဘာဝကျပြီး တရားသည်”ဆိုတဲ့ ဒီစိတ်ကူးနဲ့ အမြင်တွေ ကျွန်မ သွတ်သွင်းခံခဲ့ရတယ်။ ကျွန်မစိတ်ထဲမှာ ဒီရိုးရာ စိတ်ကူးနဲ့ အမြင်တွေ ရှိခဲ့လို့ ကိုယ့်တာဝန် ထမ်းဖို့ အိမ်ကထွက်ပြီး ကျွန်မမိဘတွေကို မစောင့်ရှောက်နိုင်ခဲ့တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး လိပ်ပြာမလုံဖြစ်ခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းလိုစိတ်မရှိခဲ့သလို အဲဒါကိုလုပ်ဖို့ ထွက်သွားခဲ့တာကို နောင်တရခဲ့တယ်။ ကျွန်မဦးလေးက ကျွန်မ လွတ်အောင်လို့ ယွမ် ၁၄၀၀၀၀ ကုန်ခဲ့တာကို မြင်တော့၊ ရဲတွေရဲ့ နှောင့်ယှက်ပြီး ဖမ်းဆီးတာကိုလည်း သူခံခဲ့ရတာကို သိလိုက်ရတော့၊ ဘုရားကို ကျွန်မ ယုံကြည်ခဲ့လို့ပဲ ကျွန်မိသားစုက ဒီဒုက္ခထဲမှာ ပါလာခဲ့ရတယ်လို့ တွေးခဲ့ပြီး၊ ကိုယ့်တာဝန်ထမ်းတာကို စွန့်ပြီး ဘုရားကို သစ္စာဖောက်ချင်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေလိုက်ချင်ခဲ့တယ်။ ကျွန်မဦးလေးနဲ့ အဒေါ်က ကျွန်မရဲ့ လွတ်လပ်မှုကို ထိန်းချုပ်ခဲ့ပြီး၊ ဘုရားကို မယုံကြည်အောင် တားဆီးဖို့ ကျွန်မရှိတဲ့နေရာတွေကို စောင့်ကြည့်ခဲ့တယ်။ ကျွန်မအဒေါ်က ဘုရားကိုယုံကြည်တာ ကျွန်မ စွန့်လွှတ်အောင် ဖိအားပေးဖို့ ဒူးထောက်ပြီး အစာအငတ်ခံတယ်။ ကျွန်မ အရမ်းစိတ်ဆင်းရဲခဲ့ရပြီး အရမ်းအရမ်းကို စိတ်ဖိစီးခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ကျွန်မ အတိုက်အခံမလုပ်ရဲသလို မလုပ်ချင်ခဲ့ဘူး။ “မိဘက အမြဲမှန်သည်”ဆိုတာကို ကျွန်မ ယုံကြည်ခဲ့ပြီး၊ သူတို့ရဲ့ ကလေးအနေနဲ့ သူတို့ကို အဲဒီလို ဆင်းရဲဒုက္ခခံစေတာ၊ ကျွန်မအဒေါ် ဒူးထောက်ပြီး ကျွန်မကို တောင်းပန်ရတဲ့အထိ ဖြစ်စေတာဟာ သားသမီးဝတ်ကို ကျွန်မ အရမ်းမကျေပွန်တဲ့သဘောပဲလို့ ယုံကြည်ခဲ့တယ်။ အဲဒီတုန်းက သူတို့ကို နာခံတာ၊ ပြီးတော့ ကိုယ့်တာဝန်ကို မထမ်းဆောင်တာက ဘုရားကို သစ္စာဖောက်တဲ့ သဘောသက်ရောက်သလို၊ သမ္မာတရာကို ရရှိမဲ့ ကျွန်မရဲ့ အခွင့်အရေး ဆုံးရှုံးမှာကို သိခဲ့ပေမဲ့၊ သူတို့ကို အတိုက်အခံလုပ်ဖို့ ခွန်အားမဲ့ခဲ့တယ်။ ဘုရားကို ကျွန်မ မယုံကြည်ဘူးလို့ လုံးဝ မပြောခဲ့ပေမဲ့၊ ဒီနှစ်ရဲ့ အချိန်အများစုတစ်လျှောက် ကျွန်မရဲ့ အပြုအမူအမျိုးမျိုးက စာတန်နဲ့ ရိုးရာ အတွေးအခေါ်ကို ကျွန်မ ပျပ်ဝပ်ခဲ့မှန်း ပြခဲ့တယ်။ ကျန်ခဲ့သမျှက အပြစ်နဲ့ အစွန်းအထင်းတွေပါပဲ။ ဘုရားကို ကျွန်မ အကြိမ်ကြိမ် သစ္စာဖောက်ခဲ့တယ်။ အခု ကျွန်မ ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ကိုယ့်မိဘတွေကို သားသမီးဝတ်ကျေပွန်တာက အပြုသဘောဆောင်တဲ့အရာဖြစ်ပေမဲ့ သမ္မာတရား မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို ရှုထောင့်အမြင်က ကျွန်မကို စည်းမျဉ်းကင်းမဲ့စေပြီး၊ အကောင်းနဲ့အဆိုး၊ အမှန်နဲ့အမှားကိုတောင် မခွဲခြားနိုင်အောင် ဖြစ်စေခဲ့တယ်။ ကျွန်မရဲ့ ဦးလေးနဲ့ အဒေါ်က ဘုရားကို မယုံကြည်အောင် တားခဲ့တယ်၊ မယောင်မလည်နဲ့ အကျဉ်းချခဲ့သလို၊ ဘုရားအကြောင်း ပြစ်မှားစော်ကားတဲ့ စကားတွေ ပြောခဲ့ကြတယ်။ သူတို့ အသက်ရှင်သရွေ့ ပြီးတော့ သူတို့ မသေသရွေ့၊ ကျွန်မကို ဘုရားကို ယုံကြည်ခွင့်ပေးမှာ မဟုတ်ဘူး၊ ဘုရားကို ကျွန်မ မစွန့်လွှတ်ရင်၊ မိသားစုကို ဆုံးရှုံးမှာဖြစ်ပြီး ကျွန်မမိသားစု မစွန့်လွှတ်ရင်၊ ဘုရားကို ဆုံးရှုံးရမယ်လို့တောင် ပြောခဲ့ကြတယ်။ သူတို့ရဲ့ အနှစ်သာရက သမ္မာတရားနဲ့ ဘုရားကို ရန်လိုကြတယ်။ ပြီးတော့ ကျွန်မရဲ့ မွေးစားအဖေက ကျွန်မကို အမြဲ ဟန့်တားခဲ့တယ်။ အပျက်သဘောဆောင်တဲ့ စာတန်ရဲ့ လက်ပါးစေ အခန်းကဏ္ဍကို လုပ်ဆောင်နေခဲ့တယ်။ သူတို့ကို ကျွန်မ သိမြင်ခဲ့သင့်တယ်၊ ဘုရားချစ်တာကို ချစ်ပြီး ဘုရားမုန်းတာကို မုန်းခဲ့သင့်တယ်။ ဒါပေမဲ့ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏။”ဆိုတာကို ယုံကြည်ခဲ့ပြီး၊ အဲဒီရိုးရာအတွေးက ကျွန်မကို ဘုရားအပေါ် ပုန်ကန်ဆန့်ကျင်စေခဲ့တယ်။ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်တာ လက်လျှော့ပြီး ဘုရားကို သစ္စာဖောက်လုနီးပါး ဖြစ်ခဲ့တယ်။ အခုတော့၊ လူတွေထဲကို စာတန် သွတ်သွင်းခဲ့တဲ့ စိတ်ကူးနဲ့ အမြင်တွေအားလုံးက ဉာဏ်များတဲ့ အကြံတွေ သယ်ဆောင်မှန်း ကျွန်မ နားလည်သွားပြီ။ အဲဒါတွေက လူတွေကို လှည့်ဖြားပြီး အန္တရာယ်ပေးနေခဲ့တာပဲ။
နောက်တော့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မဖတ်တယ်။ “ထို့ကြောင့် လူတို့နှင့်ပတ်သက်လျှင် သင့်မိဘများက သင့်အား စေ့စပ်စွာ ကြည့်ရှုစောင့်ရှောက်သည်ဖြစ်စေ၊ သင့်အား အလွန်ပင် ဂရုစိုက်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့က သင့်အား ပျိုးထောင်ပေးသည့် အကြောင်းရင်းက မည်သို့ဖြစ်စေ ၎င်းတို့၏ တာဝန်သာဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားခဲ့သောကြောင့် သင့်အတွက် တာဝန်ယူသင့်သည်။ ဤအရာကို အခြေခံကြည့်လျှင် သင့်မိဘများက သင့်အတွက် လုပ်ဆောင်ပေးသောအရာရာတိုင်းကို ကြင်နာခြင်းဟု သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင့်မိဘများက သင့်အပေါ် ၎င်းတို့၏တာဝန်အား ဖြည့်ဆည်းခြင်းသည် ကြင်နာမှုအဖြစ် အကျုံးမဝင်ပေ။ ထို့ကြောင့် ၎င်းတို့က ပန်းပွင့်၊ သို့မဟုတ် အပင်တစ်ပင်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းပြီး ရေလောင်းကာ မြေဩဇာကျွေးလျှင် ကြင်နာခြင်းအဖြစ် အကျုံးဝင်သလော။ (အကျုံးမဝင်ပါ။) ယင်းသည် ကြင်နာခြင်းနှင့် ပို၍ပင် အလှမ်းဝေးသည်။ ပန်းပွင့်နှင့် အပင်များသည် ပြင်ပတွင် ပို၍ကောင်းစွာ ပေါက်သည်။ ၎င်းတို့သည် လေ၊ နေ၊ မိုးရေနှင့်အတူ မြေတွင် စိုက်ပျိုးခြင်းခံရလျှင် ရှင်သန်ကြီးထွားသည်။ ၎င်းတို့သည် အိမ်အတွင်း၌ အိုးထဲတွင် စိုက်ပျိုးခြင်းခံရသောအခါ ပြင်ပကဲ့သို့ ကောင်းစွာ မပေါက်ဖွားပေ။ သို့သော် ၎င်းတို့သည် မည်သည့်နေရာ၌ရှိသည်ဖြစ်စေ ရှင်သန်နေသည်မဟုတ်လော။ ၎င်းတို့သည် မည်သည့်နေရာ၌ရှိသည်ဖြစ်စေ ဘုရားသခင်က စီမံထားခြင်းဖြစ်သည်။ သင်သည် အသက်ရှင်သူတစ်ယောက်ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က အသက်တိုင်းအတွက် တာဝန်ယူပြီး ရှင်သန်စေရန်၊ ဖန်ဆင်းခံအားလုံး လိုက်နာသည့် ဥပဒေကို လိုက်လျှောက်ရန် ထောက်ကူပေးသည်။ သို့သော် သင်သည် လူတစ်ယောက်အနေဖြင့် သင့်မိဘများက ပျိုးထောင်ပေးသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရသည်။ ထို့ကြောင့် သင်သည် ထိုပတ်ဝန်းကျင်တွင် ကြီးပြင်းပြီး အသက်ဆက်ဖြစ်တည်သင့်သည်။ ထိုပတ်ဝန်းကျင်၌ သင်နေထိုင်ခြင်းသည် အကျယ်ချဲ့၍ ကြည့်လျှင် ဘုရားသခင်၏ စီမံခြင်းကြောင့်ဖြစ်သည်။ ချုံ့၍ ကြည့်လျှင် သင့်မိဘများက သင့်အား ပျိုးထောင်ခြင်းကြောင့်ဖြစ်သည်။ မှန်သလော။ မည်သို့ပင်ဖြစ်စေ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်အား အရွယ်ရောက်စေရန် ပျိုးထောင်ခြင်းသည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ပြီးလျှင် ဤအရာကို ကြင်နာခြင်းဟု မခေါ်ဆိုနိုင်ပေ။ ကြင်နာခြင်းဟု မခေါ်ဆိုနိုင်လျှင် ဤသည်မှာ သင်ခံစားသင့်သော အရာတစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ သင်ခံစားသင့်သော အခွင့်အရေးတစ်မျိုးဖြစ်သည်။ သင်သည် သင့်မိဘများ၏ ပျိုးထောင်ခြင်းကို ခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူကြီးဘဝသို့ သင်မရောက်ခင်တွင် သင်ပါဝင်သော အခန်းကဏ္ဍသည် လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းခံရသော သားသမီးတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်အပေါ် တာဝန်တစ်မျိုးကို ဖြည့်ဆည်းနေခြင်းသာဖြစ်ပြီး သင်က လက်ခံရရှိနေခြင်းသာ ဖြစ်သည်။ သို့သော် သင်သည် အသေအချာပင် ၎င်းတို့ထံမှ ကျေးဇူး၊ သို့မဟုတ် ကြင်နာမှုကို လက်ခံရရှိနေခြင်းမဟုတ်ပေ။ မည်သည့်သက်ရှိသတ္တဝါမဆိုအတွက် သားသမီးများအား မွေးဖွားခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ မျိုးပွားခြင်း၊ နောက်မျိုးဆက်ကို ပျိုးထောင်ခြင်းတို့သည် တာဝန်အမျိုးအစားတစ်ခုဖြစ်သည်။ ဥပမာ ငှက်၊ နွား၊ သိုး၊ နှင့် ကျားတို့သည်ပင် မျိုးပွားပြီးနောက်တွင် ၎င်းတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရသည်။ မိမိတို့၏ သားသမီးကို ပျိုးထောင်မပေးသော သက်ရှိသတ္တဝါမရှိပေ။ ခြွင်းချက်အချို့ရှိဖို့ ဖြစ်နိုင်သည်။ သို့သော် များစွာမရှိပေ။ ဤသည်မှာ သက်ရှိသတ္တဝါများ၏ ဖြစ်တည်မှုတွင် သဘာဝဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သက်ရှိသတ္တဝါများ၏ ပင်ကိုဗီဇစိတ် ဖြစ်သည်။ ယင်းကို ကြင်နာခြင်းအဖြစ် မမှတ်ယူနိုင်ပေ။ ၎င်းတို့သည် တိရစ္ဆာန်များအတွက်၊ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်က ပြင်ဆင်ပေးသော ဥပဒေအား လိုက်နာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်ခြင်းသည် ကြင်နာခြင်းအမျိုးအစားတစ်ခု မဟုတ်ပေ။ ဤအရာကို အခြေခံလျှင် သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သင့်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ ၎င်းတို့က သင့်အပေါ် မည်မျှအားထုတ်ပြီး ငွေကို သုံးစွဲပါစေ ၎င်းတို့က သင့်အား နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိဘများအနေဖြင့် ၎င်းတို့၏ တာဝန်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် တာဝန်နှင့် ဝတ္တရားတစ်ခုဖြစ်သောကြောင့် အခမဲ့ဖြစ်သင့်သည်။ နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများက ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းပေးနေခြင်းသာဖြစ်သည်။ ဤသည်မှာ အခမဲ့ဖြစ်သင့်သည်။ အပေးအယူ မဖြစ်သင့်ပေ။ ထို့ကြောင့် သင်သည် ၎င်းတို့အား နစ်နာကြေးပေးရန် စိတ်ကူးဖြင့် သင့်မိဘများကို ချဉ်းကပ်ရန်၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးကို ကိုင်တွယ်ရန် မလိုအပ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) သူ့နှုတ်ကပတ်တော်ကနေ နားလည်သွားတယ်။ မိဘတွေက သူတို့ သားသမီးတွေကို မွေးတာ၊ ပြုစုပျိုးထောင်တာနဲ့ စေ့စေ့စပ်စပ် ဂရုစိုက်တာက ကြင်နာမှုမဟုတ်ဘဲ၊ မိဘတွေအနေနဲ့ သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်တယ်ဆိုတာပေါ့။ အဲဒါက ဘုရားပြောခဲ့တဲ့ပုံစံအတိုင်းပါပဲ။ တစ်ယောက်ယောက်က ပန်းတွေကို အပြင်ကနေ အိမ်ထဲ ရွှေ့ရင်၊ အဲဒီပန်းတွေကို ဂရုစိုက်ဖို့၊ ရေလောင်းပေးပြီး မြေဩဇာကျွေးဖို့ အဲဒီလူမှာ တာဝန်ရှိတယ်ဆိုတာပေါ့။ ဒါ သူတို့ရဲ့ တာဝန်ပဲလေ။ နောက်ထပ် ဥပမာက၊ ကြောင်တွေ၊ခွေးတွေနဲ့ တခြားအဲဒီလို တိရစ္ဆာန်တွေက မျိုးပွားပြီး သူတို့ကလေးတွေကို စောင့်ရှောက်ကြတယ်၊ အဲဒါက သူတို့အတွက် အလိုလိုဖြစ်တဲ့အရာပဲ။ လူသားမိဘတွေလည်း သူတို့ကလေးတွေနဲ့ပတ်သက်လို့ အတူတူပါပဲ။ ကလေးတစ်ယောက် အရွယ်မရောက်သေးချိန်မှာ၊ သူတို့ကို ပြုစုပျိုးထောင်ပြီး စောင့်ရှောက်တာက မိဘအားလုံး ဖြည့်ဆည်းသင့်တဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်ပြီး၊ လူတွေကို ဘုရားပေးထားတဲ့ ဗီဇတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးတွေက မိဘတွေကို အကြွေးမတင်ပါဘူး။ ကျွန်မရဲ့ မွေးစားမိဘတွေရဲ့ စေ့စပ်တဲ့ ဂရုစိုက်မှုက ပြန်ပေးဆပ်ရမဲ့ ကြင်နာမှုတစ်ခုဖြစ်သလို၊ ကျွန်မကို မွေးပေးခဲ့တဲ့အတွက် ကျွန်မဦးလေးနဲ့ အဒေါ်ကို ကျွန်မ ပြန်ကျေးဇူးဆပ်ရမယ်လို့ အမြဲ ယုံကြည်ခဲ့တယ်။ အခု နားလည်လိုက်တာက ဒီထွက်သက်ဝင်သက်ကို ပေးထားတာ ဘုရားဖြစ်ပြီး ကျွန်မမိဘတွေ မဟုတ်ဘူးဆိုတာပေါ့။ ဘုရားက ဒီထွက်သက်ဝင်သက်ကို မပေးခဲ့ရင်၊ ကျွန်မမိဘတွေက ကျွန်မကို မွေးခဲ့ရင်တောင်၊ အသေမွေးတဲ့ သန္ဓေတစ်ခုပဲ ဖြစ်ခဲ့မှာ။ ကျွန်မမိဘတွေက ကြီးထွားဖို့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ပေးပြီး ကျွန်မကို ပျိုးထောင်၊ စောင့်ရှောက်ခဲ့တယ်။ ဒါက မိဘတွေအနေနဲ့ သူတို့လုပ်သင့်တဲ့အရာဖြစ်ပြီး ဘုရားက ကြိုတင်သတ်မှတ်၊ စီစဉ်ခဲ့တဲ့အရာပဲ။ ပြီးတော့ ကျွန်မ ကြီးထွားနေတဲ့ အတောအတွင်းမှာ၊ ကျွန်မကို တကယ် ဂရုစိုက်ပြီး ကွယ်ကာခဲ့တာ ဘုရားပဲ။ တစ်ခါ ကျောင်းဆင်းလို့ ကျွန်မရဲ့ ဘက်ထရီစက်ဘီးကို အသားကုန်အရှိန်တင်ပြီး ရပ်အောင်မလုပ်နိုင်ဘဲ ကျောက်ပြားတွေနဲ့ ကုန်တင်ကားကြီးတစ်ခုကြား ကျွန်မ ညှပ်သွားခဲ့တုန်းကလိုပဲပေါ့။ အဲဒီတုန်းက ကုန်တင်ကားက အရှိန်အပြည့်နဲ့ ရှေ့ဆက်မောင်းလာပြီး ကျွန်မကလည်း ကိုယ့်ဘက်ထရီဘီးကို ဘယ်လိုမှ ရပ်လို့မရဘူး။ ကျွန်မရဲ့ခြေထောက်က ကုန်ကားနဲ့ ကိုယ့်ဘက်ထရီဘီးကြားမှာ ညပ်ပါသွားပြီး ဆက်တိုက် ပွတ်တိုက်နေခဲ့တယ်။ လမ်းကျယ်လာတော့၊ ကျွန်မရဲ့ ဘက်ထရီဘီးက နောက်ဆုံးမှာ ရပ်သွားတယ်။ တကယ့်ကို တုန်လှုပ်ချောက်ချားစရာကြီးပါ။ အဲဒီတုန်းက လူအတော်များများ အထိတ်တလန့်ဖြစ်သွားပြီး၊ ကျွန်မ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားမှာ သေချာတယ်လို့ တွေးခဲ့ကြတယ်။ ကျွန်မလည်း အဲဒီခြေထောက်နဲ့ သေချာပေါက် ပြန်လျှောက်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ကျွန်မခန္ဓာကိုယ်မှ ဒဏ်ရာတစ်စက်မှ မရှိတာမြင်ရတော့ ကျွန်မ အံ့ဩမှင်တက်မိသွားတယ်။ ဘုရားက အမြဲ တိတ်တဆိတ် ဂရုစိုက်ပြီး ကွယ်ကာခဲ့ပုံကို ကျွန်မ တကယ် ကိုယ်တွေ့ကြုံခဲ့တယ်။ ပြီးတော့၊ ကျွန်မလွတ်အောင်လို့ ကျွန်မဦးလေးနဲ့ အဒေါ်က ရဲတွေကို ယွမ် ၁၄၀၀၀၀ ပေးခဲ့တုန်းက၊ ဒါက ကျွန်မ ရနိုင်တဲ့ အကြီးမားဆုံး ကြင်နာမှုဖြစ်ပြီး ပြန်ဆပ်ရမယ်လို့ ကျွန်မ တွေးခဲ့တယ်။ အခုတော့၊ ဒီငွေကို ပေးခဲ့တာ ကျွန်မရဲ့ ဦးလေးနဲ့ အဒေါ်ဖြစ်ပုံရပေမဲ့ နောက်ခံမှာ ဒါကို အုပ်စိုးပြီး စီစဉ်ခဲ့တာ ဘုရားဖြစ်မှန်း ကျွန်မ နားလည်သွားတယ်။ အဲဒီအတောအတွင်းမှာ၊ ကျွန်မဦးလေးနဲ့ အဒေါ်က ငွေကို လွယ်လွယ် ရှာခဲ့ကြတာဟာဆိုရင်၊ လွယ်လွန်းလို့ သူတို့ကိုယ်တိုင်အောင် အံ့ဩခဲ့ရတာလေ။ အဲဒီအကြောင်း ကျွန်မ အခု တကယ် တွေးမိတယ်။ အဲဒီငွေတွေအားလုံး ရှာဖို့ ဘုရားက သူတို့ကို ကောင်းချီးမပေးခဲ့ရင်၊ ကျွန်မလွတ်အောင် လုပ်ပေးမဲ့ ငွေတွေက ဘယ်ကနေ လာမှာလဲ။ ဘုရားဒီလိုပြောခဲ့တာကို သတိရခဲ့တယ်။ “တစ်စုံတစ်ယောက်က ငါတို့ကို ကူညီစောင်မပေးလျှင် ငါတို့သည် ယင်းကို ဘုရားသခင်ထံမှလည်းကောင်း၊ အထူးသဖြင့် ငါတို့ကို မွေးဖွားပြီး ပျိုးထောင်ပေးခဲ့သည့် ငါတို့မိဘများထံမှလည်းကောင်း လက်ခံသင့်သည်။ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုး၏။ လူသားသည် အစေခံခြင်းအတွက် တန်ဆာပလာတစ်ခုသာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) အပေါ်ယံမှာ၊ ကျွန်မကို ပြုစုပျိုးထောင်ခဲ့တာ မိဘတွေဖြစ်ပြီး လွတ်အောင် ငွေပေးခဲ့တာ ဦးလေးနဲ့ အဒေါ်ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မာတရားရဲ့ ရှုထောင့်ကနေကြည့်ရင်၊ ဒီအရာအားလုံးကို ဘုရားက အုပ်စိုးပြီး စီစဉ်ခဲ့တာပါ။ ကျွန်မက သူတို့ကို အကြွေးမတင်ပါဘူး။ ဒီအကြွေးကြေအောင် ကျွန်မရဲ့ ကယ်တင်ခြင်း အရှုံးခံပြီး ကျွန်မဘဝကို သုံးစရာ မလိုပါဘူး။ သူတို့ကို ကျွန်မ သားသမီးဝတ်ပြလို့ရပေမဲ့၊ ကျွန်မတတ်စွမ်းနိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲဖြစ်တယ်။ သင့်တော်တဲ့ အခြေအနေနဲ့ သတ်မှတ်ချက်တွေအောက်မှာ၊ သူတို့ကို ကျွန်မ အဖော်ပြုပြီး သားသမီးဝတ် ကျေပွန်လို့ရတယ်။ ဒါပေမဲ့ သတ်မှတ်ချက်တွေ မပြည့်မီရင်၊ ကိုယ့်ကိုယ်ကို အပြစ်တင်စရာ မလိုဘူး။ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဖို့ပဲလိုတယ်။ ကျွန်မမိဘတွေကို သားသမီးဝတ် ကျေပွန်ဖို့ ဘုရားနဲ့ သမ္မာတရားကို ကျွန်မ စွန့်ရင်၊ လူတွေက သားသမီးဝတ်ကျေတဲ့ သမီးလို့ခေါ်ကြမှာဖြစ်ပေမဲ့ ဖန်ဆင်းရှင်ကို ကျွန်မ သစ္စာဖောက်မိမှာပဲ။ အဲဒါက ကြီးမားတဲ့ပုန်ကန်မှုနဲ့ လူ့သဘာဝ ကင်းမဲ့တာပဲ။ အမှန်တော့၊ ကျွန်မ တကယ် အကြွေးတင်တာက မိဘတွေမဟုတ်ဘဲ ဘုရားဖြစ်တယ်။ ကျွန်မကို ဒီနေ့အထိ အသက်ရှင်စေခဲ့တာက ဘုရားရဲ့ ဂရုစိုက်မှုနဲ့ ကွယ်ကာမှုဖြစ်တယ်။ သူက ကျွန်မ ကျေးဇူးအတင်သင့်ဆုံးသူပါ။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မမိဘတွေ တွေ့ကြုံတဲ့အရာနဲ့ ရဲတွေ သူတို့ကို ဆက်ဆံပုံက အခု ကိုယ်တော်ရဲ့ လက်ထဲမှာရှိပါတယ်။ ဘာကိုမှ ကျွန်မ မပြောင်းလဲနိုင်သလို၊ သူတို့ကို ကိုယ်တော့်ဆီ ကျွန်မ လွှဲအပ်ဖို့ လိုလားနေပါတယ်။ အဖန်ဆင်းခံအနေနဲ့ ကျွန်မရဲ့ တာဝန် အေးအေးချမ်းချမ်း ထမ်းပြီး၊ ကိုယ်တော်ရဲ့ အမှုကို မှန်မှန်ကန်ကန် တွေ့ကြုံချင်ပါတယ်”လို့ပေါ့။
အဲဒီအချိန်ကစပြီး၊ ကျွန်မမိသားစု ကြုံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန်မ နည်းနည်း ပိုစိတ်အေးသွားသလို၊ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်း ထမ်းရမယ်ဆိုတာ စစဉ်းစားခဲ့တယ်။ မကြာခင်မှာ၊ ကျွန်မအမေနဲ့ အဆက်အသွယ်ရခဲ့တယ်။ သူက စာရေးပြီး သူ့အတွေ့အကြုံကို ကျွန်မကို ပြောပြခဲ့တယ်။ အဲဒီလို အခြေအနေကြုံရတာက သမ္မာတရား လိုက်စားဖို့ သူ့ရဲ့ သန္နိဋ္ဌာန်ကို အားကောင်းစေခဲ့တယ်လို့ သူ ပြောပြီး၊ အိမ်မှာ ဖြစ်ပျက်တာကို မစိုးရိမ်ဖို့နဲ့ သမ္မာတရားလိုက်စားပြီး ကိုယ့်တာဝန် ထမ်းဆောင်တာကို အာရုံစိုက်ဖို့ ပြောတယ်။ ပြီးတော့ သူက ပြောသေးတယ်။ ကျွန်မ အိမ်ပြန်မလာသေးတာကို ရဲတွေမြင်ပြီး ကျွန်မဦးလေးကို ချုပ်ထားတာက အသုံးမဝင်မှန်း သိသွားကြတယ်။ ဒါကြောင့်သူ့ကို သွားခွင့်ပေးလိုက်ကြတယ်တဲ့။ အဲဒီအချိန်မှာ ကျွန်မ အရမ်းခံစားရတယ်။ အခုအချိန်ထိ ကျွန်မ ကြုံခဲ့ရတဲ့ အခြေအနေတွေမှာ ဘုရားရဲ့ အလိုတော်ရှိတယ်ဆိုတာနဲ့ အဲဒါတွေက အမှုအရာတွေအပေါ် ကျွန်မရဲ့ အမြင်တွေကို ပြောင်းပြန်လှန်စေဖို့နဲ့ ကျွန်မအထဲက မသန့်စင်တာတွေ သန့်ရှင်းစေဖို့ ရည်ရွယ်ခဲ့မှန်း ကျွန်မ အထူးတလည် သိလာခဲ့တယ်။ ဒါက ကျွန်မအတွက် ဘုရားတာဝန်ယူနေတာပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။