ကျွန်ုပ်၏နေရာကို ရှာတွေ့ပြီ
ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ အရမ်းကို ကျွန်မ ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊ နာခံခဲ့တယ်။ ကိုယ့်တာဝန်မှာ အခက်အခဲတွေရှိတော့၊ မညည်းညူဘဲ ဒုက္ခခံ၊ အဖိုးအခပေးနိုင်ခဲ့တယ်။ မကြာခင် လူသစ်တွေကို ရေလောင်းတာကို စလက်တွေ့လုပ်ခဲ့တယ်။ အဲဒီမှာ တောက်လျှောက် ရထူးတိုးခံခဲ့ရတယ်။ ကျွန်မ ပါရမီရှိတယ်၊ ဘုရားအိမ်တော်က ပျိုးထောင်ပေးနေတဲ့ လူတစ်ယောက်ဖြစ်ပြီး တခြားလူတွေထက် ပိုလိုက်စားတယ်လို့ ခံစားရတယ်၊ ဒါကြောင့် ကိုယ့်တာဝန်မှာ အလုပ်ကြိုးစားသရွေ့၊ ရာထူးတိုးပြီး အရေးပါတဲ့ အခန်းကဏ္ဍတွေ အပေးခံရမယ်ပေါ့။ ဒီအကြောင်းတွေးတဲ့အခါ၊ အရမ်း ဂုဏ်ယူမိတယ်။
နောက်ပိုင်းမှာ ကိုယ့်အရွယ် ညီအစ်ကို မောင်နှမတွေ အများကြီးက အဖွဲ့ခေါင်းဆောင်နဲ့ ကြီးကြပ်သူတွေလို အရေးပါတဲ့ တာဝန်တွေ ထမ်းဆောင်ကြတာ မြင်ရပြီး ကျွန်မ မနာလိုဖြစ်မိခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “အဲဒီလောက် ငယ်တဲ့အရွယ်မှာ အဲဒီလိုအရေးပါတဲ့ တာဝန်တွေ သူတို့ ထမ်းဆောင်နိုင်ရင်၊ ခေါင်းဆောင်တွေ တန်ဖိုးထားခံရပြီး ညီအစ်ကို မောင်နှမတွေရဲ့ လေးစားတာခံရရင်၊ ရှိရင်းစွဲနဲ့ ငါ ကျေနပ်လို့မရဘူး။ ကောင်းကောင်း လိုက်စားပြီး၊ ကိုယ့်တာဝန်မှာ အကြီးစား အောင်မြင်မှုလုပ်ဖို့ ကြိုးစားရမယ်၊ ဒါမှ ငါလည်း အရေးပါတဲ့ အခန်းကဏ္ဍ ရှိမှာ”ဆိုပြီးပေါ့။ ဒါကြောင့် ကိုယ့်တာဝန်မှာ ပိုအလုပ်ကြိုးစားခဲ့တယ်။ ညည့်နက်တဲ့အထိနေပြီး ဆင်းရဲဒုက္ခခံဖို့ လိုလားခဲ့တယ်။ ကိုယ့်တာဝန်မှာ ပြဿနာရှိတဲ့အခါ၊ အဲဒါကိုဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို ရှာခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့အားထုတ်မှု ဘာအပြောင်းအလဲမှ မဖြစ်စေခဲ့ဘူး။ ကျွန်မရဲ့ အလုပ်စွမ်းရည် ညံ့ဖျင်းလို့၊ ပုံမှန်အလုပ်တွေလုပ်ဖို့ တာဝန်ပေးခံရတယ်။ အဲဒီနောက်မှာတော့ ကျွန်မပတ်ဝန်းကျင်က တခြားလူတွေ ရာထူးတိုးတာမြင်တော့ ပိုလို့တောင် မနာလိုဖြစ်မိသွားတယ်။ ငါသူတို့ထက် နိမ့်ကျန်မှန်း ကျွန်မ သိခဲ့တယ်၊ ဒါကြောင့် ကိုယ့်ကိုကိုယ် အမြဲအားပေးတယ်၊ “ငါစိတ်ဓာတ်ကျလို့မရသလို လက်ရှိအနေအထားကို ကျေနပ်နေလို့မရဘူး။ လိုက်စားပြီး တိုးတက်အောင်လုပ်ရမယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ပြီး ကိုယ့်ရဲ့ အသက်ဝင်ရောက်မှုမှာ ပိုအားထုတ်ရမယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို တိုးတက်အောင်လုပ်ပြီး အသက်ဝင်ရောက်မှုမှာ တိုးတက်မှု လုပ်နိုင်တာနဲ့၊ ရာထူးတိုးခံရမှာပဲ”လို့ပေါ့။ ဒါကြောင့်၊ တိုးတက်အောင် ကြိုးစားရင်းနဲ့ ရာထူးတိုးခံရမယ့်နေ့ကိုလည်း စောင့်မျှော်ခဲ့တယ်။
မသိလိုက်ခင်မှာပဲ၊ ဒီတာဝန်မှာ နှစ်နှစ်ရှိသွားပြီဖြစ်သလို၊ ကျွန်မရဲ့ တွဲဖက်သစ်တွေက လာလိုက်၊ ပြန်သွားလိုက်ဖြစ်ခဲ့တယ်။ တချို့က ရာထူးတိုးခံရပြီး တချို့က ခေါင်းဆောင်၊ အမှုဆောင်တွေ ဖြစ်သွားတယ်။ ကျွန်မ စတွေးမိတယ်၊ “ဒီတာဝန်ကို ငါလုပ်နေတာကြာပြီ ခဏပဲလုပ်ရသေးတဲ့သူတွေက ရာထူးတိုးခံကြရတယ်။ ဒီတော့ ငါ့တာဝန်က ဘာလို့လုံးဝ မပြောင်းလဲတာလဲ ပေါ့။ ငါ့ကို မပျိုးထောင်ထိုက်ဘူး၊ ပုံမှန်အလုပ်အတွက်ပဲ သင့်တော်တယ်လို့ ခေါင်းဆောင်တွေက ထင်တာလားပေါ့။ ရာထူးတိုးခံရမယ့် အခွင့်အရေး ငါ့မှာ လုံးဝ မရှိဘူးလား။ ဒီမထင်ရှားတဲ့ တာဝန်မှာပဲ ငါ ပိတ်မိနေတော့မှာလား”ပေါ့။ ဒီအကြောင်းတွေးတော့၊ လေလျော့တဲ့ ဘောလုံးလို ရုတ်တရက် ခံစားလိုက်ရတယ်။ အရင်လောက် တာဝန်မှာ ဝီရိယ မရှိတော့ဘူး။ လုပ်စရာရှိတာကို ကိုင်တွယ်ဖို့ အရေးတကြီးလုပ်ချင်စိတ်မရှိတော့ဘူး။ နေ့တိုင်း ဟန်ဆောင်လုပ်ပြနေမိခဲ့တယ်၊ အလုပ်တွေ ပြီးပြီလို့ ပြောလို့ရတဲ့အထိ ဖြစ်သလို လုပ်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ အလုပ်မှာ သွေဖည်မှုနဲ့ သတိမမူမိတာတွေတချို့ မကြာခဏ ဖြစ်ပေါ်ခဲ့တယ်။ ဒါပေမဲ့ အလေးအနက် သဘောမထားခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ နောက်ပိုင်းမှာ၊ ကျွန်မသိတဲ့ ပိုများတဲ့ ညီအစ်ကို မောင်နှမတွေ ရာထူးတိုးခံရတာ ကြားရပြီး ပိုလို့တောင် စိတ်သောကရောက်ခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “သူတို့ထဲက တချို့က ငါ့လို တာဝန်မျိုးကို လုပ်ဖူးကြပေမဲ့၊ အစပြုခဲ့တဲ့ နေရာမှာပဲ ငါ ရှိနေတုန်း အခု သူတို့အားလုံး ရာထူးတိုးသွားကြပြီ။ ကျွန်မက သမ္မာတရားလိုက်စားတဲ့သူ၊ ပျိုးထောင်ခံရထိုက်တဲ့သူတစ်ယောက် မဟုတ်တာ ဖြစ်နိုင်တယ်”ပေါ့။ ဒီအတွေးက အလေးကြီးတစ်ခု ထမ်းထားရသလို ခံစားစေတယ်။ ကျွန်မ စိတ်မချမ်းမြေ့ဖြစ်ရတယ်။ အဲဒီရက်တွေမှာ အရမ်းအားငယ်ပြီး တာဝန်မှာ မတက်ကြွတော့ဘူး။ ဘုရားကို ကျွန်မရဲ့ယုံကြည်မှုမှာ အနာဂတ်မရှိဘူးလို့ အမြဲခံစားရတယ်။ အရမ်းစိတ်ထိခိုက်ပြီး လက်မခံနိုင်ခဲ့ဘူး။ ကျွန်မတွေးမိတယ်၊ “ငါ တကယ် အဲဒီလောက် ဆိုးတာလား။ ပုံမှန်အလုပ်နဲ့ပဲ တကယ် သင့်တော်တာလား။ ငါ့ကို ပျိုးထောင်ရာမှာ တန်ဖိုးမရှိတာလား။ ငါလိုချင်သမျှက အခွင့်အရေးတစ်ခုပဲလေ။ ဘယ်သူမှသတိမထားမိတဲ့ ထောင့်မှာ ဘာလို့ ငါ တစ်ချိန်လုံး ပိတ်မိနေရမှာလဲ။” တွေးလေ၊ စိတ်ထိခိုက်လေပဲ။ တစ်နေ့လုံး သက်ပြင်းချပြီး ခြေတွေ ရွေ့ဖို့ လေးလံနေခဲ့တယ်။ အဲဒီအတောအတွင်းမှာ၊ ညဖက် အိပ်ရာထဲ တိတ်တဆိတ် ငိုမိတယ်၊ “ငါ့ရဲ့ ကျွမ်းကျင်မှုတွေက တခြားလူတွေထက် ပိုနိမ့်ကျရင်၊ သမ္မာတရားကို ငါ ကြိုးစားလိုက်စားမယ်။ ဘုရားနှုတ်ကပတ်တော်ကို ပိုဖတ်ပြီး အသက်ဝင်ရောက်မှုကို ပိုအာရုံစိုက်မယ်။ တစ်နေ့ လက်တွေ့ကျတဲ့ ငါအသိပညာတချို့ကို မိတ်သဟာယ ပြုနိုင်ပြီး သမ္မာတရားလိုက်စားတာကို အာရုံစိုက်မှန်း ခေါင်းဆောင်တွေ မြင်တဲ့အခါ၊ ငါ့ကိုလည်း သူတို့ ရာထူးတိုးပေးမှာပဲ မဟုတ်လား” လို့ တွေးရင်းပေါ့။ ဒါပေမဲ့ အဲဒီအကြောင်းတွေးတော့၊ နည်းနည်း အပြစ်ရှိသလိုလည်း ခံစားရတယ်။ သမ္မာတရားလိုက်စားတာက အပြုသဘောဆောင်တဲ့အရာဖြစ်ပြီး၊ ယုံကြည်သူ လိုက်စားသင့်တဲ့အရာပဲ။ ဒါပေမဲ့ ကျွန်မက ဒါကို တခြားလူတွေအထက်မှာ ရပ်တည်ဖို့ ရည်ရွယ်ချက်အတွက် သုံးနေခဲ့တယ်။ ရည်မှန်းချက် စိတ်ဆန္ဒနဲ့ ကျွန်မ ဒီလိုလိုက်စားရင်၊ ဘုရားက စက်ဆုပ်ပြီး မုန်းမှာ မဟုတ်လား။ လူမသိသူမသိနဲ့ ကိုယ့်တာဝန်လုပ်ဖို့ ဘာလို့ ကျွန်မ စိတ်မကျေနပ်ခဲ့တာလဲ။ အပြစ်ရှိသလို တကယ်ခံစားရလို့၊ ငိုရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အဆင့်အတန်းကို ကျွန်မလိုက်စားတာ မှားမှန်း သိပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ရည်မှန်းချက်နဲ့ စိတ်ဆန္ဒတွေ အားကောင်းပါတယ်။ ကိုယ့်တာဝန်ကို လူမသိသူမသိ ထမ်းဆောင်တာ ကိုယ်အသုံးမကျတာလို့ အမြဲ ခံစားရတယ်။ ဘုရားသခင်၊ ဒီအခြေအနေကနေ ကျွန်မ မထွက်နိုင်ပါဘူး။ ကျေးဇူးပြုပြီး၊ ကိုယ်တော့်အလိုတော်နဲ့ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းထဲ ကျွန်မကို ဦးဆောင်လမ်းပြတော်မူပါ။”
ဆုတောင်းပြီးတဲ့နောက်မှာ၊ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ခဲ့တယ်။ “အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိခြင်းကို ဗဟိုပြုလည်ပတ်သည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ယင်းကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆိုထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎ ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး တူညီစွာ အလေးထားသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သိက္ခာ၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် မကြည်ညို၊ သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် မချင့်မရဲဖြစ်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ မျှော်လင့်ချက်မရှိဖြစ်သလော။’ ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် ပြောဆိုခွင့်ရှိရန်၊ ဂုဏ်သတင်းတစ်ခုရှိရန်၊ ဤသို့ဖြင့် အကျိုးအမြတ်များကို ခံစားရရန်၊ ဂုဏ်အဆင့်အတန်းရှိရန်ဖြစ်သည်။ ဤအရာများကို ၎င်းတို့ မကြာခဏ တွေးဆကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) “အန္တိခရစ်တစ်ယောက်အတွက် ၎င်း၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို တိုက်ခိုက်ခြင်း၊ သို့မဟုတ် ထိခိုက်ခြင်းသည် ၎င်းတို့၏ အသက်ကိုယူဖို့ ကြိုးစာခြင်းထက်ပင် ပို၍ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများကို မည်မျှနားထောင်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို မည်မျှဖတ်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ခြင်း၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေခြင်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ အန္တိခရစ်တစ်ယောက်၏ သဘာဝ၊ အနှစ်သာရကို ၎င်းတို့ ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့သည် ဝမ်းနည်းခြင်း၊ သို့မဟုတ် နောင်တရခြင်းတို့ကို ခံစားရမည်မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ ဂုဏ်သတင်းကို မြင့်တက်စေရန် နည်းလမ်းများကို ရှာဖို့အတွက် အစဉ်သဖြင့် ဦးနှောက်ခြောက်ခံစဉ်းစားကြသည်။...ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ၎င်းတို့၏ အဆက်မပြတ် လိုက်စားမှုတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အရာကိုလည်း ၎င်းတို့က ပြောင်ပြောင်တင်းတင်း ငြင်းဆန်ကြသည်။ အဘယ်ကြောင့် ငါ ထိုသို့ပြောရသနည်း။ အန္တိခရစ်၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့က ‘ဂုဏ်သတင်းနှင့် အဆင့်အတန်းအားလုံးသည် လူတို့ကိုယ်တိုင်အားဖြင့် ရရှိသည်။ လူတို့ကြားတွင် ခိုင်မာသော ခြေကုပ်ကို ရယူပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိခြင်းဖြင့်သာ ဘုရားသခင်၏ ကောင်းချီးများကို ၎င်းတို့ ခံစားနိုင်သည်။ လူတို့က အကြွင်းမဲ့ အာဏာနှင့် အဆင့်အတန်းကို ရရှိသောအခါမှသာ ဘဝက တန်ဖိုးရှိသည်။ ဤသည်သာ သင့်တော်သော လူသားဘဝဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားနှုတ်ကပတ်တော်ထဲက အတိုင်း နာခံခြင်း၊ အရာရာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ဖြင့် နေထိုင်ခြင်း၊ ဖန်ဆင်းခံနေရာတွင် လိုလိုလားလား ရပ်တည်ခြင်း၊ သာမန်လူတစ်ယောက်ကဲ့သို့ ရှင်သန်ခြင်းတို့ကဲ့သို့သော နည်းလမ်းဖြင့် အသက်ရှင်နေထိုင်ခြင်းသည် သတ္တိနည်းခြင်း ဖြစ်လိမ့်မည်။ မည်သူကမျှ ၎င်းတို့ကို အထင်ကြီးလေးစားမည်မဟုတ်။ လူတစ်ယောက်၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ပျော်ရွှင်မှုတို့ကို ၎င်း၏ကိုယ်ပိုင် ရုန်းကန်ကြိုးစားမှုမှတစ်ဆင့် ရယူရမည်။ ၎င်းတို့ကို အပြုသဘောဆောင်ပြီး တက်ကြွသော သဘောထားဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရယူရမည်။ မည်သူကမျှ ယင်းတို့ကို သင့်အား ပေးမည်မဟုတ်။ မလှုပ်မယှက် စောင့်ဆိုင်းနေခြင်းက အသုံးမဝင်ပေ။’ ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက် ခန့်မှန်းသည့် ပုံစံဖြစ်သည်။ ယင်းသည် အန္တိခရစ်များရှိသည့် အနှစ်သာရမျိုးဖြစ်သည်မှာ မှန်သည်။ သင်က ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်တွေးတောစေဖို့၊ ဘုရားအလိုတော်ကို ရှာဖွေစေဖို့နှင့် ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်သည့်နေရာသို့ ရောက်ရှိရန် သမ္မာတရားကို ရှာဖွေစေဖို့၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်စေဖို့နှင့် အဆုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ကြဉ်နိုင်သည်အထိ သာမန်နောက်လိုက်များဖြစ် အစေခံစေဖို့ ကြိုးစားလျှင် ၎င်းတို့က လုံးဝ လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”)
ဘုရားနှုတ်ကပတ်တော်က ကျွန်မစိတ်နှလုံးကို ထိုးဖောက်သွားတယ်။ အန္တိခရစ်တွေက အဆင့်အတန်းကို အသက်ထက် ပိုအရေးထားကြမှန်း ဘုရားက ထုတ်ဖော်ပြတယ်။ သူတို့ ပြောသမျှ၊ လုပ်သမျှက အဲဒါကို ဗဟိုပြုပြီး အဲဒါကို ရဖို့၊ ထိန်းသိမ်းဖို့ပဲ စဉ်းစားကြတယ်။ ကိုယ့်အဆင့်အတန်းကို ဆုံးရှုံးတာနဲ့ အသက်ရှင်ဖို့ တက်ကြွမှု မရှိတော့ဘူး။ အဆင့်အတန်းအတွက်၊ ဘုရားကို ဆန့်ကျင်တယ်၊ သစ္စာဖောက်ပြီး ကိုယ့်ကိုယ်ပိုင် နိုင်ငံကို တည်ထောင်ကြတယ်။ အဆင့်အတန်းကို အရမ်းအရေးကြီးသလို ကျွန်မ အမြဲသဘောထားခဲ့မှန်း သဘောပေါက်လိုက်တယ်။ ကျွန်မ ငယ်ရွယ်တုန်းက၊ “အနာမခံလျှင် အသာမစံရ”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” တို့လို အရာတွေကို မိဘတွေက သွန်သင်ခဲ့တယ်။ ရှင်သန်ခြင်းဆိုင်ရာ ဆိုးယုတ်တဲ့ ဥပဒေသတွေကို အမြော်အမြင်ရှိတဲ့ ဆိုရိုးတွေလို အမြဲ သဘောထားခဲ့တယ်။ အဆင့်အတန်းရပြီး အထင်ကြီး လေးစားခံရတဲ့ ဘဝက သိက္ခာရှိပြီး ထိုက်တန်တဲ့ အကျိုးနပ်တဲ့ ဘဝလို့ တွေခဲ့တယ်၊ ကိုယ့်ကကြမ္မာနဲ့ တင်းတိမ်ပြီး သာမန်ဖြစ်တာ၊ ကျိုးကြောင်းဆင်ခြင်တတ်သူဖြစ်တာက ရည်မှန်းချက်၊ တကယ့်ပန်းတိုင်တစ်ခုခု ကင်းမဲ့တာလို့ ထင်ခဲ့တယ်။ အဲဒီလိုလူတွေက အသုံးမကျဘူး၊ သူရဲဘောကြောင်တာလို့ ထင်ခဲ့တယ်။ ဘုရားကိုယုံကြည်တဲ့နောက်မှာ၊ ကျွန်မရဲ့ အတွေးနဲ့အမြင်တွေ လုံးဝ မပြောင်းလဲခဲ့ဘူး။ အပြင်ပန်းမှာ၊ အဆင့်အတန်းအတွက် ကျွန်မ မပြိုင်ဆိုင်ခဲ့ပေမဲ့၊ ကျွန်မရဲ့ ရည်မှန်းချက်နဲ့ ဆန္ဒတွေက မသေးခဲ့ဘူး။ ကျွန်မကို တခြားလူတွေ အထင်ကြီးဖို့အတွက် ပိုအရေးကြီးတဲ့တာဝန်၊ ပိုမြင့်တဲ့ အဆင့်အတန်းကိုပဲ လိုချင်ခဲ့တယ်။ အနီးအနားက ညီအစ်ကို မောင်နှမတွေ အဖွဲ့ခေါင်းဆောင်နဲ့ ကြီးကြပ်သူတွေအဖြစ် ရာထူးတိုးခံရတာမြင်တော့၊ ပိုလို့တောင် ကိုယ့်ဆန္ဒကိုပဲ လှုံ့ဆော်မိတယ်။ ရာထူးတိုးခံရဖို့၊ မနက်စောစောထပြီး ညနက်တဲ့အထိ နေခဲ့တယ်။ ကိုယ့်တာဝန်အတွက် ဆင်းရဲဒုက္ခခံပြီး ဘယ်အဖိုးအခကိုမဆို ပေးဖို့ လိုလားခဲ့တယ်။ ကိုယ့်မျှော်လင့်ချက်တွေ အကြိမ်ကြိမ် ကွဲကြေတဲ့အခါ၊ မကျေနပ်ချက်တွေ၊ ကိုယ့်အနီးအနားက ပတ်ဝန်းကျင်ကို ခုခံမှုတွေနဲ့ ပြည့်ခဲ့တယ်။ ဘုရားကို ယုံကြည်ခြင်းမှာ အဓိပ္ပာယ်မရှိဘူးလို့တောင် ခံစားပြီး ကိုယ့်တာဝန်ကို ငြီးငွေ့လာတယ်။ ဟန်ဆောင်ပဲလုပ်ပြခဲ့သလို တတ်နိုင်တာကို ဖြစ်သလိုလုပ်ခဲ့တယ်။ ဘုရားကို ယုံကြည်ကတည်းက၊ လျှောက်ခဲ့တဲ့ လမ်းကြောင်းက သမ္မာတရား လိုက်စားတဲ့ လမ်းကြောင်း လုံးဝ မဟုတ်တာကို မြင်ခဲ့တယ်။ ကျွန်မလုပ်သမျှတိုင်းက ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက်ပဲ။ တကယ်တော့ ဘုရားအိမ်တော်ကို လာပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းနိုင်တာက ကယ်တင်ခံရဖို့ ဘုရားအခွင့်ပေးနေတာပဲ။ ကျွန်မ တာဝန်မှာ၊ သမ္မာတရားကို ဘုရားက လိုက်စားစေချင်တယ်၊ သမ္မာတရားကို နားလည်ပြီး စစ်မှန်မှုတွေထဲ ဝင်ရောက်စေချင်သလို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကနေ လွတ်စေချင်တယ်။ ဒါပေမဲ့ အလုပ်ကို ကျွန်မ လျစ်လျူရှုခဲ့တယ်။ စိတ်က သမ္မာတရားလိုက်စားခြင်းအပေါ် မရှိခဲ့ဘူး။ မြင့်တဲ့ အဆင့်အတန်း ရတာကိုပဲ လိုချင်ခဲ့ပြီး၊ စိတ်ဆန္ဒတွေ မဖြစ်မြောက်တော့၊ အခြေအနေ ပိုဆိုးအောင်ပဲ လုပ်မိခဲ့တယ်။ အသိစိတ်၊ ဆင်ခြင်တုံတရားကို တကယ်မရှိခဲ့တာပါ။ ဘုရားကို နှစ်အများကြီး ယုံကြည်ခဲ့ပေမဲ့၊ သမ္မာတရားကို မလိုက်စားလို့၊ အခုတောင် ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ဆိုင်တဲ့ အသိ သိပ်များများစားစား မရှိခဲ့ဘူး။ လက်ရှိတာဝန်ကိုတောင် ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ ဖြစ်သလိုလုပ်တုန်းပဲဖြစ်ပြီး၊ ကိုယ့်အလုပ်မှာ မကြာခဏ သွေဖည်မှုတွေနဲ့ အားနည်းချက် ရှိခဲ့တယ်။ ဒီလိုနဲ့တောင်၊ ရာထူးတိုးချင်ပြီး ပိုကြီးမားတဲ့အလုပ်ကို လုပ်ချင်ခဲ့တယ်။ အရှက်မရှိလိုက်တာ။ အဲဒီအခါမှပဲ သမ္မာတရား မလိုက်စားဘဲ ဘုရားကိုယုံကြည်ပြီး အဆင့်အတန်းကို ကြောင်းကျိုးမမြင်ဘဲ ယုံကြည်တာက ကျွန်မကို အခြားသူတွေရဲ့ အထက်မှာ အမြဲရှိချင်ပေမဲ့ ဘုရားရဲ့ အစီအစဉ်တွေကို မနာခံနိုင်ဘဲ၊ ပိုရည်မှန်းချက်ကြီးပြီး မာနထောင်လွှားရုံပဲ ဖြစ်စေနိုင်တာကို ကျွန်မ မြင်ခဲ့ရတယ်။ အဲဒီလိုလိုက်စားတာက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာဖြစ်ပြီး ဘုရား မုန်းတာ၊ ကျိန်ဆဲတာ ခံရတယ်။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တွေအကြောင်း တွေးမိတယ်။ သူတို့က သမ္မာတရား မလိုက်စားကြဘူး၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို အမြဲ လိုက်စားကြတယ်။ အမြဲ လေးစားတာ၊ အထင်ကြီးတာ ခံချင်ကြပြီး လူတွေကို သိမ်းသွင်းပြီး ထိန်းချုပ်ဖို့ ကြိုးစားကြတယ်။ အကျိုးဆက်က မကောင်းမှု အများကြီး လုပ်မိပြီး ဘုရားရဲ့ ဖယ်ရှင်းတာ ခံရတာပဲ။ ကျွန်မရဲ့လိုက်စားမှုတွေကလည်း သူတို့လိုပဲ မဟုတ်လား။ ဘုရားကိုဆန့်ကျင်တဲ့လမ်းကြောင်းကို ကျွန်မ လျှောက်နေခဲ့တာ မဟုတ်လား။ ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားလို့ မရဘူး။ ပြောင်းလဲဖို့ ငြင်းဆိုခဲ့ရင်၊ ဘုရားရဲ့ ပစ်ပယ်တာ၊ ဖယ်ရှင်းတာကို ကျွန်မ သေချာပေါက် ခံရမှာပဲ။ ဒါကိုတွေးရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သစ္စာဆိုလိုက်တယ်၊ ခုကစပြီး၊ အဆင့်အတန်းကို မလိုက်စားဘူး၊ ဘုရားရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံမယ်။ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန်နဲ့ လက်တွေ့ကျတဲ့ပုံစံနဲ့ လုပ်မယ်လို့ပေါ့။
တစ်နေ့၊ ဝတ်ပြုနေတဲ့အတောအတွင်း၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ရတယ်။ “လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုခြင်း မရှိသည့်အတွက်၊ သူတို့သည် ကံကြမ္မာကို ကလန်ကဆန်ပြုကာ ပုန်ကန်သည့် စိတ်သဘောနှင့် အမြဲ ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေများကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အချည်းနှီးမျှော်လင့်လျက် ဘုရားသခင်၏ အခွင့်အာဏာ၊ အချုပ်အခြာ အာဏာနှင့် ကံကြမ္မာက အဆင်သင့်ထားသည့် အရာတို့ကို အမြဲစွန့်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်သကဲ့သို့ အလှည့်တိုင်းတွင် တားဆီးခံရသည်။ လူတစ်ယောက်၏ ဝိညာဉ် အတွင်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပျက်သည့် ဤရုန်းကန်လှုပ်ရှားမှုက အချိန်တိုင်း ၎င်း၏ ဘဝကို ဖြုန်းတီးပစ်သည်နှင့်အမျှ အရိုးခိုက်အောင် နက်ရှိုင်းသည့် နာကျင်မှုမျိုးကို ယူဆောင်လာ လေသည်။ ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသောကြောင့် ဖြစ်သလော။ သိသာစွာပင် တစ်ခုမျှ မမှန်ကန်ပေ။ တကယ့်အကြောင်းရင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။ လူအချို့က ဤအရာများကို နားလည်ကောင်းနားလည်နိုင်မည်မဟုတ်။ သို့သော်လည်း သင်တကယ် သိလာသည့်အခါ၊ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်အမှန်တကယ် သတိပြုမိလာသည့်အခါ၊ ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီး သတ်မှတ်ထားသည့် အရာရာတိုင်းက ကြီးမားသည့် အကျိုးကျေးဇူးနှင့် ကွယ်ကာမှုဖြစ်သည်ကို သင်အမှန်တကယ် နားလည်လာသည့်အခါ သင့်နာကျင်မှုက စတင်ပေါ့ပါးလာကာ၊ သင့်တစ်ကိုယ်လုံးက သက်သောင့်သက်သာ ရှိလာသည်၊ ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်လာသည်ကို သင်ခံစားရမည်။ လူအများစု၏ အခြေအနေများမှ အကဲဖြတ်ရပါက၊ ၎င်းတို့သည် ခံစားချက်အဆင့်အရ ၎င်းတို့ ယခင်က အသက်ရှင်နေထိုင်သကဲ့သို့ ဆက်ပြီး မနေထိုင်ချင်သော်လည်း၊ ၎င်းတို့၏နာကျင်မှုမှ သက်သာချင်သော်လည်း၊ အရှိအတိုင်းဆိုလျှင် ၎င်းတို့သည် လူသားတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ လက်တွေ့ကျသည့် တန်ဖိုးနှင့် အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်နိုင်ကြပေ၊ အရှိအတိုင်း ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို မည်သို့ရှာဖွေပြီး လက်ခံရမည်ကို သိဖို့နေနေသာသာ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိပြီး ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာနှင့် ကိစ္စရပ်များ အားလုံးအပေါ် ဖန်ဆင်းရှင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိပါက၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ ၎င်းတို့ အတွက် ‘လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်’ ဆိုသည့် အယူအဆအားဖြင့် မောင်းနှင်ခြင်းမခံရဖို့နှင့် ချုပ်ချယ်ခြင်း မခံရဖို့ ခက်ခဲပေလိမ့်မည်။ ကံကြမ္မာနှင့် ဖန်ဆင်းရှင်၏ သြဇာ အာဏာတို့ကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုများကို ပယ်ရှားဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ ပြောဖို့မလိုသည်မှာ ၎င်းတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူများဖြစ်လာဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်က ကျွန်မစိတ်နှလုံးကို လှုံ့ဆော်ခဲ့တယ်။ အရင်က၊ ကိုယ့်အခြေအနေကို ဒီဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတဲ့အရာနဲ့ မယှဉ်ကြည့်ဖူးဘူး။ ဘုရားသခင်ကို ယုံကြည်နေရင်းနဲ့ ဒီနှုတ်ကပတ်တော်တွေက မယုံကြည်သူတွေကို ရည်ညွှန်းတာလို့ ထင်ခဲ့တယ်၊ ဘုရားရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီး နာခံခဲ့တယ်။ ဒါပေမဲ့ စိတ်ငြိမ်သွားပြီး ဒီစာပိုဒ်ကို ချင့်ချိန်စဉ်းစားတဲ့အခါ၊ ဘုရားရဲ့ အချုပ်အခြာအာဏာကို သိမှတ်ခြင်းက သူ့ရဲ့အချုပ်အခြာအာဏာကို နာခံခြင်း မဟုတ်မှန်း သဘောပေါက်သွားတယ်။ အဲဒါက ဘုရားရဲ့ အချုပ်အခြာအာဏာကို သိတယ်လို့ မဆိုလိုဘူး။ ဘုရားကို ကျွန်မ ယုံကြည်ခဲ့ပေမဲ့၊ ကိစ္စတွေပေါ် ကျွန်မရဲ့ အမြင်တွေက မယုံကြည်သူတွေရဲ့အမြင်တွေနဲ့ တူနေတုန်းပဲ။ လူတွေရဲ့ ကံကြမ္မာက သူတို့လက်ထဲမှာလို့ မယုံကြည်သူတွေက အမြဲထင်ပြီး၊ ကံကြမ္မာကို အမြဲ တိုက်ခိုက်ချင်ကြတယ်။ သူတို့ကိုယ်ပိုင် အားထုတ်မှုကတစ်ဆင့် ကံကြမ္မာကို ပြောင်းလဲပြီး ထူးကဲသာလွန်တဲ့ ဘဝကို အသက်ရှင်ချင်ကြတယ်။ အကျိုးဆက်အနေနဲ့၊ အများကြီး ဒုက္ခခံရတယ်၊ မြင့်မားတဲ့ အဖိုးအခပေးရတယ်၊ နောက်ဆုံး သူတို့ ပွန်းပဲ့ဒဏ်ရာရပြီးရင်းရတဲ့ အထိပဲ၊ အဲဒီအချိန်မှာတောင် နောက်မလှည့်ချင်ကြဘူး။ ကျွန်မလည်း အတူတူပဲ မဟုတ်လား။ ကိုယ့်ကိုယ်ပိုင် အားထုတ်မှုတွေကတစ်ဆင့် ရှိရင်းစွဲအခြေအနေကို အမြဲပြောင်းလဲချင်ခဲ့ပြီး၊ ရာထူးတိုးတာနဲ့ အရေးပါတဲ့ အခန်းကဏ္ဍအတွက် ကိုယ်တိုင် ကြိုးပမ်းမှုကို အားကိုးခဲ့တယ်။ ဒီရည်ရွယ်ချက်အတွက်၊ တိတ်တဆိတ် ဒုက္ခခံခဲ့တယ်၊ အဖိုးအခပေးပြီး ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုတွေကို သင်ယူဖို့ အလုပ်လုပ်ချင်ခဲ့တယ်။ ကိုယ့်ဆန္ဒ မဖြစ်မြောက်တော့၊ မထုံတက်သေးနဲ့ ခုခံလာခဲ့သလို အခြေအနေ ပိုဆိုးအောင် လုပ်ခဲ့တယ်။ အဲဒီအခါမှပဲ ကျွန်မက လမ်းမှားလျှောက်ပြီး မမှန်တဲ့ အသက်ရှင်ခြင်းလမ်းကို ရွေးခဲ့လို့ အရမ်း စိတ်မချမ်းမြေ့ဖြစ်၊ ပင်ပန်းရမှန်း တွေ့ခဲ့တယ်။ “လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏”၊ “လူသားသည် သာယာသော ဇာတိမြေကို မိမိ၏ကိုယ်ပိုင်လက်များဖြင့် ဖန်တီးနိုင်၏” တို့လို ဆိုးယုတ်တဲ့ အတွေးမှားတွေကို အသက်ရှင်ဖို့ နီတိတွေအနေနဲ့ စဉ်းစားခဲ့တယ်။ ကိုယ့်ရည်မှန်းချက်ကို ရရှိဖို့၊ အဲဒီအတွက် အလုပ်ကြိုးစားရမယ်လို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ဘုရားအိမ်တော်ရဲ့ အစီအစဉ်တွေကို နာခံအောင် ကိုယ့်ကိုယ်ကိုယ် မလုပ်နိုင်ခဲ့ဘူး။ ဘုရားကို အမြဲ ဆန့်ကျင်တိုက်ခိုက်ချင်ခဲ့တယ်၊ သူ့ရဲ့ အချုပ်အခြာအာဏာကနေ ချိုးဖျက်လွတ်မြောက်ပြီး၊ ကိုယ့်အားထုတ်မှုတွေကတစ်ဆင့် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ရချင်ခဲ့တယ်။ အဲဒီအခါမှပဲ ကျွန်မက စကားနဲ့ပဲ ဘုရားကို ယုံကြည်ခဲ့မှန်း တွေ့ရတယ်။ စိတ်နှလုံးထဲမှာ ဘုရားရဲ့ အချုပ်အခြာအာဏာကို မယုံကြည်ခဲ့သလို၊ သူ့အစီအစဉ်တွေကို မနာခံနိုင်ခဲ့ဘူး။ ကျွန်မလို ယုံကြည်သူနဲ့ မယုံကြည်သူကြားမှာ ကွာခြားချက်က ဘာလဲ။ ဘုရားက ဖန်ဆင်းရှင်ဖြစ်ပြီး အချုပ်အခြာအာဏာရှိသလို အရာရာအပေါ် ထိန်းချုပ်တယ်။ လူတိုင်းရဲ့ ကံကြမ္မာ၊ သူတို့ရဲ့အစွမ်းအစနဲ့ အထူး ကျွမ်းကျင်မှုတွေ၊ ဘုရားအိမ်တော်ထဲမှာ သူတို့ ထမ်းဆောင်တဲ့ တာဝန်၊ ဘယ်အချိန်မှာ ဘယ်အခြေအနေမျိုး သူတို့ တွေ့ကြုံရတယ်၊ စတာတွေအားလုံးကို ဘုရားက ထိန်းချုပ်ပြီး ကြိုတင်ပြဌာန်းထားတာ ဖြစ်သလို၊ ဘယ်သူကမှ အဲဒါတွေကို မလွတ်နိုင်၊ ဘာတစ်ခုကိုမှ မပြောင်းလဲနိုင်ဘူး။ ဘုရားရဲ့ အချုပ်အခြာအာဏာကို နာခံပြီး လက်ခံခြင်းအားဖြင့်ပဲ ဘုရားရဲ့ ကွယ်ကာမှုနဲ့ ကောင်းချီးတွေကို ရနိုင်သလို၊ လွတ်မြောက်ခြင်းနဲ့ လွတ်လပ်တဲ့ အသက်တာကို အသက်ရှင်နိုင်တယ်။ ဒါကိုသိတော့၊ ရုတ်တရက် ကျွန်မ သနားစရာဖြစ်ပြီး အသုံးမကျသလို ခံစားရတယ်။ နှစ်နဲ့ချီ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော် အများကြီး စားသောက်ခဲ့ပေမဲ့ မယုံကြည်သူလိုပဲ ဖြစ်နေခဲ့တာ။ ဘုရားရဲ့ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနဲ့ အချုပ်အခြာအာဏာကို မသိခဲ့သလို၊ ဘုရားကို အမြဲ ခုခံခဲ့တယ်။ အရမ်းမာနထောင်ပြီး မသိနားမလည်ခဲ့တာ။ ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားမိတယ်။ “ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီး သတ်မှတ်ထားသည့် အရာရာတိုင်းက ကြီးမားသည့် အကျိုးကျေးဇူးနှင့် ကွယ်ကာမှုဖြစ်သည်ကို သင်အမှန်တကယ် နားလည်လာသည့်အခါ သင့်နာကျင်မှုက စတင်ပေါ့ပါးလာကာ၊ သင့်တစ်ကိုယ်လုံးက သက်သောင့်သက်သာ ရှိလာသည်၊ ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်လာသည်ကို သင်ခံစားရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ကျွန်မ တွေးမိတယ်၊ ဒီပတ်ဝန်းကျင်က ကျွန်မအတွက် ကောင်းပြီး ကျွန်မကို ကွယ်ကာပေးနေတယ်လို့ ဘယ်လို သိနိုင်မှာလဲပေါ့။ ရှာဖွေရင်းနဲ့၊ ဘုရားကို စယုံကြည်ကတည်းက ကျရှုံးမှု၊ ဆုတ်ဆိုင်းမှု၊ ထုတ်ပယ်ခံရတာ၊ ပြောင်းရွှေ့ခံရတာတွေ ကျွန်မ လုံးဝ မတွေ့ကြုံခဲ့ဖူးမှန်း သဘောပေါက်သွားတယ်။ ကျွန်မက အဆက်မပြတ် ရာထူးတိုးခံခဲ့ရတာပဲ။ မရည်ရွယ်ဘဲ၊ ကျွန်မက သမ္မာတရား လိုက်စားတဲ့သူတစ်ယောက်ဖြစ်ပြီး ဘုရားအိမ်တော်မှာ ပျိုးထောင်ခြင်းအတွက် အဓိကလူတစ်ယောက်ဖြစ်တယ်လို့ စထင်နေမိခဲ့တယ်။ ဒါကြောင့် “ရာထူးတိုးခံရတာ”ကို လိုက်စားရမယ့် ပန်းတိုင်အဖြစ် ကျွန်မ အလိုလို သဘောထားလာခဲ့တယ်။ ရာထူးတိုးခံရတိုင်း၊ ဘုရားဆီက စေခိုင်းချက်နဲ့ တာဝန်တစ်ခုလို လက်မခံခဲ့ဘူး။ လက်တွေ့ကျတဲ့ပုံစံနဲ့ သမ္မာတရားကို မလိုက်စားခဲ့ဘူး၊ ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ မတွေးခဲ့ဘူး။ အဲဒီအစား ဘုရားရဲ့ စေခိုင်းချက်ကို အဆင့်အတန်းလိုက်စားဖို့နဲ့ တခြားလူတွေရဲ့ အထင်ကြီးတာ ခံရဖို့ တန်ဆာပလာအနေနဲ့ မြင်ခဲ့တယ်။ တာဝန်နဲ့ အဆင့်အတန်း ပိုမြင့်လေ၊ လူတွေက ကျွန်မကို ပိုလေးစား၊ တန်ဖိုးထားလေပဲလို့ တွေးခဲ့တယ်။ ဒါကြောင့် ရာထူးတိုးတာနဲ့ပတ်သက်လို့ အရမ်းပူပန်ခဲ့ပြီး တစ်ချိန်လုံး အရှုံးအမြတ်တွေကိုပဲ စိုးရိမ်ခဲ့တယ်။ ဘုရားကို ယုံကြည်မှုမှာ ဘာကိုလိုက်စားရမှန်း ကျွန်မမေ့သွားတာ ကြာပြီ။ ပြန်တွေးကြည့်တော့၊ ကျွန်မရဲ့ ရည်မှန်းချက်တွေက အရမ်းကြီးခဲ့တယ်။ ဆန္ဒရှိတဲ့အတိုင်း ရာထူးတိုးခံခဲ့ရရင်၊ ကျွန်မ ဘယ်လောက် မာနထောင်လာခဲ့မယ်၊ ဘာမကောင်းမှုကို လုပ်ခဲ့မိမယ် ကျွန်မ မသိဘူး။ အဲဒီလို ကျရှုံးမှုတွေနဲ့ဆိုင်တဲ့ ဥပမာအများကြီး ရှိတယ်။ အဆင့်အတန်းမရှိတဲ့အချိန်မှာ ကိုယ့်တာဝန်ကို စိတ်ရင်းအတိုင်း ထမ်းဆောင်နိုင်တဲ့သူတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ အဆင့်အတန်းရှိတာနဲ့ သူတို့ရဲ့ရည်မှန်းချက်တွေ တိုးပွားလာတယ်၊ မကောင်းမှု စလုပ်လာကြပြီး လူတွေကို လှည့်ဖြား၊ စွဲဆောင်ကြတယ်။ သူတို့ရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်း ထိန်းသိမ်းဖို့၊ တခြားလူတွေကို ဖယ်ကြဉ်ပြီး ဖိနှိပ်ကြတယ်၊ အကျိုးဆက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေကြတယ်။ သမ္မာတရားကို လိုက်စားပြီး မှန်တဲ့လမ်းကြောင်း လျှောက်သူတွေအတွက် အဲဒီအဆင့်အတန်းက လက်တွေ့လုပ်ဆောင်မှုနဲ့စုံလင်ခြင်းဖြစ်မှန်း တွေ့ရတယ်။ သမ္မာတရားကို မလိုက်စားသလို မှန်တဲ့လမ်းကြောင်း မလျှောက်သူတွေအတွက် အဲဒါက စုံစမ်းခြင်းနဲ့ ထုတ်ဖော်ပြခံရခြင်းပဲ။ အဲဒီအချိန်မှာတော့၊ ကျွန်မမှာ အဆင့်အတန်းမရှိသေးဘူး၊ ဒါပေမဲ့ ကိုယ်ရာထူးတိုးမခံရလို့ပဲ ကျွန်မ အရမ်းဒေါသထွက်တာဟာ ကိုယ့်တာဝန်ကိုတောင် မလုပ်ချင်တော့ဘူး။ ကျွန်မရဲ့ ရည်မှန်းချက်နဲ့ စိတ်ဆန္ဒက သာမန်လူတွေကို ကျော်လွန်မှန်း မြင်နိုင်ခဲ့တယ်။ အရေးပါတဲ့ တာဝန်တစ်ခုကို ရာထူးတိုးခံခဲ့ရရင်၊ သူတို့လောက်ကို ဆိုးဆိုးရွားရွား ကျွန်မ ကျရှုံးမှာ သေချာတယ်။ ဒီအချိန်မှာ၊ အဖွဲ့ခေါင်းဆောင်၊ ကြီးကြပ်သူအနေနဲ့ ကျွန်မ ရာထူးတိုးမခံရခြင်းထဲမှာ ဘုရားရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိမှန်း တကယ် ခံစားခဲ့ရတယ်။ ကျွန်မကို အတင်းရပ်စေပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်စေဖို့နဲ့ နောက်ပြန်လှည့်စေပြီး သမ္မာတရားလိုက်စားတဲ့ လမ်းကြောင်းကို လျှောက်စေဖို့ ဒီပတ်ဝန်းကျင်ကို ဘုရားက သုံးခဲ့တာ။ အဲဒီလို ပတ်ဝန်းကျင်ဟာ ကျွန်မဘဝက လိုအပ်တဲ့အရာဖြစ်ပြီး ကျွန်မအတွက် ဘုရားရဲ့ ကြီးမားတဲ့ ကွယ်ကာမှုဖြစ်ခဲ့တယ်။ ဒါတွေကို စဉ်းစားမိတော့ ဘုရားက ကောင်းမွန်တဲ့ အရာတစ်ခု လုပ်ခဲ့ပြီလို့ ခံစားရတယ်။ ကျွန်မက မျက်စိကန်းပြီး မသိနားမလည်ခဲ့သလို၊ ဘုရားအလိုတော်ကို နားမလည်ခဲ့ဘူး၊ ဒါကြောင့် ဘုရားကို အထင်လွဲ၊ အပြစ်တင်ခဲ့တယ်။ ဘုရားကို တကယ်နာကျင်စေမိခဲ့တယ်။
အဲဒီနောက်မှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “မည်သို့သော စိတ်နှလုံးမျိုးကို ဘုရားသခင် အလိုရှိသနည်း။ ရှေးဦးစွာ စိတ်နှလုံးက ရိုးသားရမည်။ ရိုးသားစစ်မှန်ပြီး လက်တွေ့ကျသောပုံစံဖြင့် တာဝန်ထမ်းဆောင်နိုင်ရမည်။ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်နိုင်ရမည်။ ကြီးမားသော ရည်မှန်းချက်များ၊ သို့မဟုတ် မြင့်မြတ်သော ပန်းတိုင်ဟူသည့်အရာများ မရှိရပေ။ ဘုရားသခင်နောက်လိုက်ရာတွင်၊ ဘုရားသခင်ကို ကိုးကွယ်ရာတွင်၊ ဖန်ဆင်းခံတစ်ဦးအဖြစ် အသက်ရှင်ရာတွင် တစ်ဆင့်ချင်းလျှောက်လှမ်းလိုသူသာ ဖြစ်သင့်သည်။ သဘာဝလွန် အစွမ်းအစများရှိသည့်သူ ဖြစ်လိုရန်မဆိုထားနှင့်။ ကောင်းကင်မှ ငှက်ဖြစ်ရန်၊ သို့မဟုတ် အခြားဂြိုဟ်တစ်ခုမှ ဖန်ဆင်းခံတစ်ဦးဦးဖြစ်ရန်ပင် ဆန္ဒမရှိသင့်ပေ။ ထို့အပြင် ဤစိတ်နှလုံးသည် သမ္မာတရားကို ချစ်သင့်သည်။ သမ္မာတရားကို ချစ်ခြင်းသည် အဓိကအားဖြင့် မည်သည်ကို ရည်ညွှန်းသနည်း။ အပြုသဘောဆောင်သောအရာများကို ချစ်ခြင်း၊ ဖြောင့်မတ်ခြင်းအသိစိတ်ကို ပိုင်ဆိုင်ခြင်း၊ ဘုရားသခင်အတွက် စစ်မှန်စွာ အသုံးခံနိုင်ခြင်း၊ ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်ခြင်း၊ ဘုရားသခင်ကို နာခံနိုင်ခြင်း၊ ဘုရားသခင်အကြောင်း သက်သေခံနိုင်ခြင်းတို့ကို ရည်ညွှန်းသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့ ကျွန်မ အရမ်းတို့ထိခံခဲ့ရတယ်။ လူတွေအတွက် ဘုရားရဲ့ မျှော်လင့်ချက်နဲ့ သတ်မှတ်ချက်တွေကို ခံစားရတယ်။ လူတွေ ကျော်ကြားဖို့၊ ကြီးမြတ်ဖို့၊ မြင့်မားဖို့ ဘုရားက မဖြစ်စေချင်ဘူး။ ကြီးမားတဲ့ တာဝန်တွေမှာ ပါဝင်ဖို့၊ ကြီးမားတဲ့ အောင်မြင်မှု တစ်ခုခု ရှိဖို့ ဘုရားက မခိုင်းဘူး။ လူတွေ သမ္မာတရားလိုက်စားပြီး သူတို့တာဝန်တွေမှာ သူ့ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့နဲ့ လက်တွေ့ကျတဲ့ပုံစံနဲ့ တာဝန်တွေကို ဖြည့်ဆည်းဖို့ ဘုရားမျှော်လင့်တယ်။ ဘုရားရဲ့အလိုတော်ကို ကျွန်မ နားမလည်ခဲ့သလို ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး။ အဆင့်အတန်း အမြဲလိုချင်ခဲ့ပြီး ဆရာသခင်၊ ဧရာမပုဂ္ဂိုလ် ဖြစ်ချင်ခဲ့တယ်။ အဆင့်အတန်းနဲ့ အာရုံစိုက်ခံရမှု မရှိဘဲ၊ အသက်ရှူကျပ်၊ အသုံးမကျတဲ့ ဘဝ အသက်ရှင်ရတယ်လို့ ခံစားခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝ၊ ဆင်ခြင်တုံတရား လုံးဝ မရှိခဲ့ဘူး။ ကျွန်မက သိသိသာသာကို သစ်ပင်ဖြစ်ချက်တဲ့ မြက်၊ လင်းယုန်ဖြစ်ချင်တဲ့ ငှက်ငယ်တစ်ကောင်းပဲ။ အကျိုးဆက်အနေနဲ့ စိတ်မချမ်းမြေ့ဖြစ်ပြီး ပင်ပန်းတဲ့အထိ အားစိုက်ခဲ့ရတယ်။ ဒါကို နားလည်တော့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ အရင်က ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ကျွန်မ အမြဲလိုက်စားခဲ့တယ်။ အမြဲ လေးစားပြီးရင်း လေးစားခံရချင်ခဲ့တယ်။ လူမသိသူမသိနဲ့ ကိုယ့်တာဝန် ထမ်းဆောင်ဖို့ မတင်းတိမ်ခဲ့ဘူး။ အဲဒါကို ကိုယ်တော် စက်ဆုပ်၊ မုန်းတီးပါတယ်။ အခု အဲဒါ မမှန်တဲ့ လမ်းမှန်း ကျွန်မ နားလည်ပါပြီ။ ကိုယ်တော်ရဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံချင်တယ်။ အနာဂတ်မှာ ရာထူးတိုးခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ၊ လက်တွေ့ကျတဲ့ပုံစံနဲ့ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပါ့မယ်”လို့ပေါ့။ ဆုတောင်းပြီးတော့၊ အများကြီး လွတ်မြောက်ပြီး ဘုရားနဲ့ ပိုနီးသွားသလို ခံစားရတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရာကတစ်ဆင့်၊ လိုက်စားမှုနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့ မမှန်တဲ့ အမြင်တွေအပေါ် အသိတချို့ ရခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူအချို့က ‘တစ်ယောက်ယောက်သည် ခေါင်းဆောင်နေရာသို့ ရာထူးတိုးခံရလျှင် ဂုဏ်အဆင့်အတန်းရှိပြီး သာမန်လူမဟုတ်တော့ပေ’ ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်သလော။ လူအချို့က ‘ခေါင်းဆောင်ဖြစ်ခြင်းသည် အဆင့်အတန်းရှိသည်ဟု အဓိပ္ပာယ်ရသည်။ သို့သော် သင်သည် အမြင့်ရောက်လေလေ၊ အကျနာလေလေဖြစ်သည်။ ထိပ်ဆုံးတွင် အထီးကျန်သည်’ ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်သလော။ သိသိသာသာ မှားယွင်းပေသည်။ တစ်စုံတစ်ယောက်သည် ဘုရားအိမ်တော်၏ ရာထူးတိုးခြင်းခံရပြီး ပျိုးထောင်ခြင်းခံရသောအခါ ထိုသူသည် အထူးဆက်ဆံရေးနှင့် ထောက်ခံမှုကို ခံစားရနိုင်ရန်အလို့ငှာ ဘုရားသခင်၏ အိမ်တော်တွင် အထူးရာထူး၊ သို့မဟုတ် အဆင့်အတန်းရှိသည်ဟု မဆိုလိုပေ။ ထိုအစား ၎င်းတို့ကို ဘုရားအိမ်တော်တွင် ထူးထူးခြားခြား ချီးမြှောက်ခံရပြီးနောက်တွင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများပါဝင်သည့် ပို၍ အသေးစိတ်သော အလုပ်များကို လုပ်နိုင်ရန်အလု့ငှာ သမ္မာတရားစစ်မှန်မှုကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ဖို့ အခွင့်အလမ်းနှင့် ပိုမိုကောင်းမွန်သော အခြေအနေတို့ကို ပေးအပ်ခံရခြင်းဖြစ်သည်။ ဆိုလိုသည်မှာ စည်းမျဉ်းများသည် ဤအလုပ်တွင် အလွန်ပါဝင်နေသည်။ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများသည် ပို၍ မြင့်မားလိမ့်မည်။ ယင်းမှာ လူတို့၏ အသက်ဝင်ရောက်မှုအတွက် အလွန်ပင် အကျိုးရှိသည်။ လူတစ်ယောက်သည် ဘုရားသခင်၏ အိမ်တော်တွင် ရာထူးတိုးပြီး ပျိုးထောင်ခြင်းခံရသောအခါ ထိုသူသည် တင်းကျပ်သော သတ်မှတ်ချက်များအောက်တွင် အထားခံရမည်ဖြစ်ပြီး တင်းကျပ်စွာ ကြီးကြပ်ခံရမည်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်၏ အိမ်တော်သည် ၎င်းတို့လုပ်ဆောင်သည့်အလုပ်ကို တင်းကျပ်စွာ စစ်ဆေးပြီး ကြီးကြပ်လိမ့်မည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို နားလည်အောင်ပြုလုပ်ပြီး အရေးစိုက်လိမ့်မည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးပေးပြီး ပျိုးထောင်ပေးခြင်းခံရသောသူတို့သည် အထူးဆက်ဆံရေး၊ အထူးအဆင့်အတန်းနှင့် အထူးရာထူးကို ခံစားရသလော။ လုံးဝ မခံစားရပေ။ အထူးကိုယ်ပိုင်လက္ခဏာ တစ်ခုတစ်လေကိုမျှ ပို၍ပင် မခံစားရပေ။ ရာထူးတိုးခံရပြီး အရေးကြီးသော အခန်းကဏ္ဍများတွင် အသုံးပြုခြင်းခံရသောလူတို့အတွက် ၎င်းတို့သည် အရင်းအနှီးရှိသည်ဟု ခံစားရပြီး ရပ်တန့်ကာ သမ္မာတရားကို လိုက်စားခြင်းအား ရပ်လျှင် စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ၎င်းတို့ ကြုံတွေ့ရသောအခါ ၎င်းတို့အန္တရာယ်ရှိပေသည်။ အချို့ကပြောသည်။ ‘လူတစ်ယောက်က ခေါင်းဆောင်အဖြစ် ရာထူးတိုးခံရပြီး ပျိုးထောင်ခံရလျှင် ထိုသူတွင် ကိုယ်ပိုင်လက္ခဏာရှိသည်။ ထိုသူသည် သားဦးများထဲမှ တစ်ယောက်မဟုတ်လျှင်ပင် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ လူများထဲမှ တစ်ယောက်ဖြစ်လာရန် မျှော်လင့်ချက်ရှိသည်။ ငါသည် မည်သည့်အခါမျှ ရာထူးတိုးခြင်း၊ သို့မဟုတ် ပျိုးထောင်ခံရခြင်းမရှိဖူးပေ။ ထို့ကြောင့် ဘုရားသခင်၏ လူများထဲမှ တစ်ယောက်အဖြစ် မှတ်ယူခံရဖို့ ငါ မည်သည့်မျှော်လင့်ချက်ရှိသနည်း။’ ဤသို့စဉ်းစားသည်မှာ မှားယွင်းသည်။ ဘုရားသခင်၏ လူများထဲမှ တစ်ယောက်ဖြစ်လာရန် သင်သည် ဘဝအတွေ့အကြုံရှိရမည်။ ဘုရားသခင်ကို နာခံသူတစ်ဦး ဖြစ်ရမည်။ သင်သည် ခေါင်းဆောင်ဖြစ်စေ၊ အမှုဆောင်ဖြစ်စေ၊ သာမန်နောက်လိုက်တစ်ယောက်ဖြစ်စေ၊ သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သူမည်သူမဆိုသည် ဘုရားသခင်၏ လူများထဲမှ တစ်ယောက်ဖြစ်သည်။ သင်က ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်လျှင်ပင်၊ သမ္မာတရားစစ်မှန်မှုများ ကင်းမဲ့လျှင် သင်သည် အစေခံသူတစ်ယောက်ဖြစ်ဆဲဖြစ်သည်။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)) ဘုရားနှုတ်ကပတ်တော်ကနေ နားလည်ရတာက ဘုရားအိမ်တော်ထဲက ရာထူးတိုးတာနဲ့ပျိုးထောင်တာက လူတွေမှာ အထူးအဆင့်အတန်းရှိတယ်လို့ မဆိုလိုသလို၊ လောကထဲက အရာရှိတွေလို အထူးဆက်ဆံခံရတာမဟုတ်ဘူး ဆိုတာကိုပဲ။ အဲဒါက လက်တွေ့လုပ်ဖို့ အခွင့်အရေးတစ်ခု သက်သက်ပါပဲ။ လူတွေအတွက် ပိုအရေးကြီးတဲ့ စေခိုင်းချက်နဲ့ ပိုကြီးတဲ့ တာဝန်တစ်ခုသက်သက်ပဲ။ ရာထူးတိုးခံရပြီး ပျိုးထောင်ခံရတာက တာဝန်တစ်ခုကနေ တစ်ခုကို လူတစ်ယောက်က ပြောင်းတဲ့သဘောပဲဖြစ်တယ်။ လူတစ်ယောက်ရဲ့ ပင်ကိုလက္ခဏာနဲ့ အဆင့်အတန်းက တခြားလူတွေထက် ပိုမြင့်သွားတဲ့ သဘောမဟုတ်သလို၊ သမ္မာတရားကို ကိုယ်နားလည်တယ်၊ စစ်မှန်မှုကို ပိုင်ဆိုင်တယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ ရာထူးတိုးမခံရတာက ကိုယ်ပိုနိမ့်ကျတယ်ဆိုတဲ့ သဘောမဟုတ်သလို၊ ကိုယ့်မှာ အနာဂတ်မရှိသလို ကယ်တင်မခံရနိုင်ဘူးဆိုတဲ့ သဘောမဟုတ်ဘူး။ တိုတိုပြောရရင်၊ ဘယ်တာဝန်ကို ထမ်းဆောင်ပါစေ၊ ရာထူးတိုးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ လူအားလုံးကို ဘုရားက မျှမျှတတ ဆက်ဆံတယ်။ ဘုရားမိသားစုက လူတိုင်းရဲ့ အစွမ်းအစနဲ့ ကျွမ်းကျင်မှုတွေအတိုင်း တာဝန်တွေကို အကျိုးသင့် အကြောင်းသင့် စီစဉ်တယ်။ အဲဒါမှ လူတိုင်းရဲ့ အစွမ်းအစနဲ့ ကျွမ်းကျင်မှုတွေကို အစွမ်းကုန် သုံးလို့ရမှာလေ။ ဒါက ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ ကိုယ့်ကိုယ်ပိုင် အသက်ဝင်ရောက်မှု နှစ်ခုလုံးကို အကျိုးပြုတယ်။ အရေးပါတဲ့ တာဝန်တစ်ခုကို ရာထူးတိုးသည်ဖြစ်စေ၊ မတိုးသည်ဖြစ်စေ၊ လူတွေအတွက် ဘုရားရဲ့ မျှော်လင့်ချက်တွေနဲ့ လူတိုင်းအတွက် ပံ့ပိုးမှုက မပြောင်းလဲပါဘူး။ ဘုရားက လူတွေကို သမ္မာတရားလိုက်စားပြီး တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ စိတ်သဘောထားကို ပြောင်းလဲစေချင်တယ်။ ဒါကြောင့် လူတွေအတွက် ဘုရားရဲ့ ကယ်တင်ခြင်းက သူတို့ရဲ့ အဆင့်အတန်း၊ အရည်အချင်း၊ အသက်အရွယ်တွေအပေါ် မမူတည်ဘူး။ အဲဒါထက်၊ သမ္မာတရားနဲ့ တာဝန်အပေါ် သူတို့ရဲ့ သဘောထားအပေါ် မူတည်တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်းနဲ့ သမ္မာတရားလိုက်စားတဲ့ လမ်းကြောင်းကို လျှောက်ရင်၊ လက်တွေ့လုပ်ဆောင်မှု ပိုရနိုင်ပြီး ဘဝမှာ တိုးတက်မှု ဆက်ဖြစ်စေလိမ့်မယ်။ သမ္မာတရားလိုက်စားတဲ့ လမ်းကြောင်းကို မလျှောက်ရင်တော့၊ ကိုယ့်အဆင့်အတန်း ဘယ်လောက်မြင့်မြင့်၊ တာရှည်ခံမှာ မဟုတ်ဘူး။ အနှေးနဲ့အမြန်၊ ထုတ်ပယ်ခံရပြီး ဖယ်ရှင်းခံရမှာပဲ။ အရင်က ရာထူးတိုးတာနဲ့ဆိုင်တဲ့ နားလည်မှု စစ်စစ် မရှိခဲ့ဘူး။ ရာထူးတိုးခံရတာက အဆင့်အတန်းရတဲ့သဘောဖြစ်ပြီး၊ ကိုယ့်အဆင့်အတန်းမြင့်လေ၊ ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာပိုကောင်းလေလို့ ထင်ခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ တာဝန်မှာ သမ္မာတရားလိုက်စားတာကို အာရုံမစိုက်ခဲ့သလို၊ အဆင့်အတန်းတစ်ခုတည်းကိုပဲ လိုက်စားခဲ့တယ်။ အဲဒီအခါမှပဲ ဒီအမြင်က အဓိပ္ပာယ်မရှိမှန်း သဘောပေါက်သွားခဲ့တာ။ တကယ်တော့၊ ဘုရားအိမ်တော်က လက်တွေ့လုပ်ဖို့ အခွင့်အရေး ပေးခဲ့ပေမဲ့၊ ကျွန်မရဲ့အစွမ်းအစက ပိုအရေးကြီးတဲ့ တာဝန်တွေအတွက် အရမ်းနိမ့်နေခဲ့တယ်။ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် သိစိတ်မရှိခဲ့လို့၊ ကျွန်မက စွမ်းဆောင်နိုင်ပြီး ပိုကြီးမားတဲ့ စေခိုင်းချက်ကို တာဝန်ယူဖို့ ရာထူးတိုးပေးလို့ရသလို ခံစားခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် တကယ် လုံးဝ မသိခဲ့တာပဲ။ ဘုရားအိမ်တော်မှာ ဘာအလုပ်မျိုးကိုပဲ လုပ်ပါစေ၊ ကျွန်မတို့အလုပ်က ရလဒ်ကောင်းတွေရဖို့အတွက် ကျွန်မတို့အားလုံး သမ္မာတရားကို နားလည်ပြီး သမ္မာတရား စည်းမျဉ်းတွေထဲ ဝင်ရောက်ဖို့ လိုတယ်။ ဒါပေမဲ့ သမ္မာတရားကို ကျွန်မ နားမလည်ခဲ့သလို၊ ဘယ်လက်တွေ့အလုပ်ကိုမှ မလုပ်နိုင်ခဲ့ဘူး။ ရာထူးတိုးခံရရင်တောင်၊ ဘာကောင်းကျိုးကို ကျွန်မ လုပ်နိုင်မှာလဲ။ ကျွန်မ တားဆီးရုံ တားဆီးမိမှာပဲ မဟုတ်လား။ အရမ်းပင်ပန်းမှာကို ထားလိုက်ဦး၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကိုလည်း တားဆီးနေမိမှာ။ အဲဒါက တန်မှာ မဟုတ်ဘူး။ ဒီအချိန်မှာ၊ နောက်ဆုံးတော့ နားလည်သွားတယ်၊ ကျွန်မရဲ့လက်ရှိတာဝန်က ကျွန်မအတွက် အရမ်းသင့်တော်တယ်ဆိုတာပေါ့။ အဲဒါကို ကျွန်မ စွမ်းဆောင်နိုင်သလို ကိုယ့်အားသာချက်တွေကို အသုံးပြုလို့ရတယ်။ ကိုယ့်ကိုယ်ပိုင် အသက်ဝင်ရောက်မှုအတွက် အထောက်အကူပြုသလို၊ ဘုရားအိမ်တော်ရဲ့ အလုပ်အတွက် အကျိုးရှိတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကတစ်ဆင့်၊ ဘုရားအလိုတော်ကို ပိုပိုပြီး သတိပြုမိလာသလို၊ ကိုယ့်ကိုယ်ပိုင်နေရာ တွေ့ခဲ့ပြီး၊ ကျွန်မရဲ့ မထုံတက်သေး အခြေအနေက ပြေလည်သွားတယ်။
အဲဒီနောက်တော့၊ ကိုယ့်အဆင့်အတန်းရဲ့ ထိန်းချုပ်တာ မခံရသလို၊ တာဝန်မှာ ဝန်ထုပ်တစ်ခု ကျွန်မ ထမ်းခဲ့တယ်။ ကျွန်မ အလုပ်မများတဲ့အချိန်မှာ၊ ဧဝံဂေလိဖြန့်ဝေတာနဲ့ ဘုရားကို သက်သေခံတာကို လက်တွေ့လုပ်ဖို့ အချိန်ပိုကို ကျွန်မ သုံးခဲ့တယ်။ ဘုရားကို အမှန်တကယ် ယုံကြည်ခြင်း သမ္မာတရား ချစ်တဲ့သူတွေ၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံသူတွေကို မြင်တဲ့အခါ၊ အရမ်းကို စိတ်အေးချမ်းပြီး သက်သောင့်သက်သာ ဖြစ်ခဲ့ရတယ်။ နောက်ဆုံးမှာ ကျွန်မ နားလည်သွားတာက ဘယ်လောက် အရေးပါတဲ့ ရာထူးမှာ အထားခံရပါစေ၊ အရေးကြီးတာက ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်းနဲ့ အဖန်ဆင်းခံ တစ်ယောက်ရဲ့ အခန်းကဏ္ဍကို လုပ်နိုင်ခြင်း ရှိမရှိ ဆိုတာပဲ။ ဒါက မရေးကြီးဆုံး အရာပဲ။ အခု၊ ကျွန်မသိတဲ့ ညီအစ်ကို မောင်နှမတွေ ရာထူးတိုးတာကို မကြာခဏ ကြားရပေမဲ့၊ အများကြီး ကျွန်မ ပိုတည်ငြိမ်သွားသလို၊ မနာလိုတာ၊ အားကျတာ မဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့ မတူတဲ့တာဝန်တွေ ကျွန်မတို့ ထမ်းဆောင်ပေမဲ့၊ တူညီတဲ့ ရည်မှန်းချက်၊ ဘုရားရဲ့ နိုင်ငံတော် ဧဝံဂေလိကို အစွမ်းကုန် ဖြန့်ဝေတဲ့ ရည်မှန်းချက်ကို အားလုံး ကြိုးပမ်းနေကြမှန်း ကျွန်မ သိလို့ပဲ။ အခု၊ နောက်ဆုံးတော့ ကိုယ့်နေရာကို ကျွန်မ ရှာတွေ့သွားပြီ။ ကျွန်မက သေးငယ်တဲ့ အဖန်ဆင်းခံတစ်ယောက်ပါပဲ။ ကျွန်မရဲ့တာဝန်က ဖန်ဆင်းရှင်ရဲ့ စီစဉ်ညွှန်ကြားချက်နဲ့ အစီအစဉ်တွေကို နာခံဖို့ပဲ။ အနာဂတ်မှာ ကျွန်မတာဝန်က ဘာပဲဖြစ်ဖြစ်၊ ဘုရားစိတ်ကျေနပ်စေဖို့ ကိုယ့်တာဝန်မှာ လက်ခံ၊ နာခံပြီး အကောင်းဆုံးလုပ်ဖို့ လိုလားလျက်ရှိပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။