ကျွန်ုပ်၏ လေ့လာဆည်းပူးမှုများကို စွန့်ပစ်ခြင်း

29.04.2024

လီရန် တရုတ်နိုင်ငံ

ကျွန်မ ငယ်ငယ်ကတည်းက မိဘတွေက ပြောတယ်။ သူတို့မှာ သားမရှိဘူး၊ သမီးနှစ်ယောက်ဖြစ်တဲ့ ကျွန်မနဲ့ ကျွန်မညီမပဲရှိတဲ့အတွက် မိသားစုကို သူတို့ ရင်ဆိုင်ရခက်ခဲခဲ့တယ်၊ ဒါကြောင့် ကျွန်မအနေနဲ့ စာလုံးဝ ကြိုးစားရမယ်၊ သူတို့ကို ဂုဏ်ယူအောင်လုပ်ပြီး၊ သမီးတွေလည်း သားတွေလောက် ကောင်းတယ်ဆိုတာကို မိသားစုကို ပြရမယ်တဲ့။ အမေက အဲဒီလိုပြောတော့၊ ကျွန်မအပေါ် တကယ် နက်ရှိုင်းတဲ့ ခံစားချက်ဖြစ်စေခဲ့ပြီး၊ စာကြိုးစားလေ့လာဖို့၊ သူတို့ကို ဂုဏ်ယူစေပြီး ဂုဏ်ကျက်သရေဆောင်ကြဉ်းဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မ စာအမြဲကြိုးစားခဲ့ပြီး အမှတ်တွေ ကောင်းခဲ့တယ်။ ကျွန်မ အဆင်ပြေလားလို့ သက်ကြီးရွယ်အိုတွေကဂရုတစိုက် မေးတဲ့အခါ ကျွန်မအမေက ပြန်ဖြေတဲ့အခါ ပျော်နေပုံကို တွေ့ရတာ ကျွန်မကို တကယ် ပျော်ရွှင်စေခဲ့ပြီး၊ သူ့အတွက် လေးစားမှု ကျွန်မ ရယူပေးခဲ့ပြီး သူ့ကို ဂုဏ်ယူစေတယ်လို့ ခံစားမိတယ်။

ဘွဲလွန်သင်တန်းမှာ ကျွန်မမိဘတွေက ပြောတယ်။ “သမီးလေး ဒီဘွဲလွန်သင်တန်းမှာ ကောင်းကောင်း လုပ်ပြီးတော့ ပါရဂူဘွဲ့ သွားယူနော်။ အဲဒါဆို တက္ကသိုလ်ပါမောက္ခအနေနဲ့ အနေချောင်တဲ့ အလုပ် သမီးရမယ်၊ ငွေအများကြီး ရှာနိုင်ပြီး အမေတို့ကို ဂုဏ်ယူစေနိုင်မှာ”တဲ့။ ကျွန်မမိဘတွေ ဒီလိုပြောတာ ကြားတော့ ကျွန်မ တကယ် စိတ်ဖိစီးသွားတယ်။ စာလေ့လာခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်လုံး စာမေးပွဲတွေကို ကျွန်မ စိတ်ကုန်လာခဲ့တာ ကြာပြီ။ ပါရဂူဘွဲ့ရဲ့ စိတ်ဖိစီးမှုကြောင့် သေဆုံးခဲ့ရတဲ့ သူတွေအားလုံးကို တွေးမိပြီး၊ သူတို့လိုပဲ ကျွန်မ အဆုံးသတ်သွားမှာကို ကြောက်မိတယ်။ စာမလေ့လာချင်တော့ဘူး။ ဒါပေမဲ့ ကျွန်မမိဘတွေရဲ့ မျှော်လင့်နေတဲ့ မျက်လုံးတွေကို ကြည့်မိတဲ့အခါ၊ ကျွန်မ ငြင်းကိုမငြင်းနိုင်ခဲ့ဘူး။

အဲဒီတုန်းက နောက်ဆုံးသောကာလအနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံရခဲ့ပြီးပြီ။ ဒါပေမဲ့ အရမ်းအလုပ်များတော့၊ စုဝေးပွဲတွေကို မတက်နိုင်ခဲ့ဘူး။ ကျေးလက်မှာ စာသင်ကြားတဲ့အချိန် ဘွဲလွန်သင်တန်းရောက်မှပဲ ဒေသတွင်း အသင်းတော်က စုဝေးပွဲတွေကို ကျွန်မ တက်နိုင်ခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ အစ်မကျန်းလုက ကျွန်မကို ပြောပြတယ်။ ပိုများသထက် များတဲ့ လူတွေက ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံနေကြပြီး ရေလောင်းတဲ့သူတွေ အရေးပေါ်လိုအပ်တယ်တဲ့။ ကျွန်မ လူသစ်တွေကို ရေလောင်းပေးမလားလို့ မေးတယ်။ ကျွန်မ ငယ်ငယ်တုန်းက စက်ဘီးစီးနေတုန်း ကုန်ကား အကြိတ်ခံရလုနီးပါး ဖြစ်ခဲ့တာကို ကျွန်မ တွေးမိတယ်။ ကျွန်မ အသက်ရှင်ကျန်ခဲ့တာ ဘုရားရဲ့ ကွယ်ကာမှုကြောင့်ပါ။ ကောလိပ်မှာ ပြင်းထန်တဲ့ ကားမတော်တဆမှု ဖြစ်ခဲ့ပေမဲ့၊ နဖူးမှာ ပြတ်ရှရာလေးတစ်ခုပဲ ရခဲ့တယ်။ ဒါကလည်း ကျွန်မကို ဘုရားက တိတ်တဆိတ် စောင့်ရှောက်နေခဲ့တာပဲ။ ကျွန်မ ကောင်းကောင်းမွန်မွန် အရွယ်ရောက်နိုင်အောင်လို့ ဘုရားက တိတ်တဆိတ် အမြဲ ကွယ်ကာနေခဲ့တာ။ အဖန်ဆင်းခံအနေနဲ့ များပြားတဲ့ ဘုရားရဲ့ ကျေးဇူးတော်နဲ့ သမ္မာတရား အာဟာရကို ကျွန်မ မွေ့လျော်ခဲ့ပြီးပြီဖြစ်သလို၊ တာဝန်တစ်ခု ထမ်းပြီး ဘုရားမေတ္တာကို ပြန်ဆပ်သင့်မှန်း ကျွန်မ သိလို့ ဝမ်းပန်းတသာ သဘောတူလိုက်တယ်။ လူသစ်တွေကို ရေလောင်းပေးနေတုန်း၊ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုပြီး သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ကျွန်မရဲ့တွဲဖက်အစ်မနဲ့ ကျွန်မက ဆုတောင်းပြီး ဘုရားပေါ် မှီခိုခဲ့ကြတယ်။ သူတို့ ပြဿနာတွေ ပြေလည်သွားပြီး မှန်တဲ့လမ်းခရီးပေါ် သူတို့ အမြစ်တွယ်ကြတာကို မြင်တော့ ကျွန်မတို့ အရမ်းပျော်ပြီး၊ ကျွန်မတို့တာဝန်တွေ တကယ် အဓိပ္ပာယ်ရှိသလို ခံစားရတယ်။

နောက်ပိုင်းမှာ၊ ပိုများသထက်များတဲ့ လူသစ်တွေကို ရေလောင်းပေးဖို့ လိုခဲ့တယ်။ ကျောင်းထွက်ပြီး ကိုယ့်တာဝန်ကို ကျွန်မ အချိန်ပြည့်လုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မအပေါ် မိဘတွေက မျှော်လင့်ချက်းအားလုံး ထားခဲ့ကြပုံကို တွေးမိတယ်။ ကျွန်မ ကျောင်းထွက်လိုက်ရင်၊ တခြားရွာသားတွေက ကျွန်မမိဘတွေကို ဆက်အထင်သေးကြမှာ။ ကျွန်မအပေါ် သူတို့ ကုန်ကျခဲ့တာ အရမ်းများတော့ သူတို့ကို ဘယ်လိုလုပ် စိတ်ပျက်အောင် ကျွန်မ လုပ်နိုင်မှာလဲ။ ကျွန်မ ဘာလုပ်ရမှန်းမသိဘဲ ချီတုံချတုံ ဖြစ်သွားတယ်။ တစ်နေ့၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ ယင်း၏ ညစ်ညမ်းခြင်း၌ လုံးလုံးလျားလျား နင်းချေခြင်းခံလာရလျက်၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ကျွန်မက အဖန်ဆင်းခံတစ်ယောက်ဖြစ်တယ်၊ ကျွန်မအသက်ကို ဘုရားက ပေးထားတာဖြစ်ပြီး ဘုရားအတွက် ကျွန်မ အသက်ရှင်သင့်မှန်း ဘုရားနှုတ်ကပတ်တော်ကနေ နားလည်ခဲ့တယ်။ ကိုယ့်တာဝန်မှာ သမ္မာတရားကို လိုက်စားတာ၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပယ်ပြီး ဘုရားရဲ့ ကယ်တင်ခြင်း ရရှိတာ၊ ဒါက အကျိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုပဲ။ နှစ်အတော်များများကြာအောင် ကျွန်မဘဝက စာလေ့လာ၊ သင်ကြားပေးတာ၊ ကိုယ့်မိဘတွေကို ပျော်အောင်ထားတာပဲ ပါဝင်ခဲ့တယ်။ အမြဲ အရမ်းအလုပ်များပေမဲ့၊ စိတ်ထဲမှာ အရမ်းအနှစ်မဲ့သလို ခံစားရတယ်။ အားလုံးက ဘာအတွက်ဖြစ်မှန်းတောင် မသိခဲ့ဘူး။ အားလပ်တဲ့အချိန်မှာတောင်၊ အဓိပ္ပာယ်ရှိမဲ့ ဘယ်အရာကို ကျွန်မလုပ်နိုင်တယ်ဆိုတာကို မသိခဲ့ဘူး။ ဒီအနှစ်မဲ့တဲ့ ခံစားချက်ကို ဘယ်လိုဖယ်ရှားရမယ်မှန်း မသိခဲ့ဘူး။ ကိစ္စအတော်များများကို ကြိုးစားခဲ့တယ်။ တူရိယာတွေ သင်တာ၊ ပန်းချီဆွဲတာ၊ စာဖတ်တာ၊ တေးဂီတ နားထောင်တာ၊ ပြေးတာတွေလိုမျိုးပေါ့။ ဒါပေမဲ့ ဘာတစ်ခုကမှ ကျွန်မ ခံစားရတဲ့ပုံကို ပြောင်းလဲမပေးခဲ့ဘူး။ စိတ်ထဲမှာ အရမ်းဟာတာတာ ဖြစ်နေတုန်းပဲ။ ကျွန်မဘဝက ဦးတည်ချက်မဲ့ပြီး ရည်ရွယ်ချက်မဲ့သလို ခံစားရတုန်းပဲ။ ကိုယ်ကြိုးစားပညာသင်ခဲ့တဲ့ နှစ်တွေကို ပိုပြီး တွေးမိတယ်။ ဘွဲလွန်ဒီဂရီကို ရခဲ့ပြီး၊ ကျောင်းဆရာမဖြစ်လာခဲ့သလို ကျွန်မ အနီးအနာရှိသူတွေရဲ့ ချီးမွမ်း၊ အတည်ပြုတာတွေက ကျွန်မရဲ့ ဝင့်ဝါမှုကို ဖြည့်ဆည်းခဲ့ပေမဲ့၊ ဒီအရာတွေက ကျွန်မကို ဝိညာဉ်ရေးရာ ကျေနပ်အားရမှု ဒါမှမဟုတ် နှစ်သိမ့်မှုကို မယူဆောင်ပေးခဲ့ဘူး။ ကပ်ဘေးကြီးတွေကို ရင်ဆိုင်ရာမှာ အမြင့်ဆုံး အသိပညာတောင်မှ ကိုယ့်ကို မကယ်နိုင်ဘူး။ သမ္မာတရား လိုက်စားတာ၊ တာဝန်တစ်ခု လုပ်ပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ရုန်းထွက်ခြင်းနဲ့ပဲ ဘုရားရဲ့ ကယ်တင်တာခံရပြီး ရှင်ကျန်နိုင်တယ်။ ဒါကို နားလည်တဲ့အခါ ဘုရားဆီ ကျွန်မဆုတောင်းပြီး၊ ကျွန်မရဲ့ စာသင်ကြားတဲ့ရာထူးနဲ့ ဘွဲ့လွန်သင်တန်းကနေ နှုတ်ထွက်ရအောင် လျှောက်တင်ဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်နေ့၊ ယုံကြည်သူသစ်တွေကို ရေလောင်းရာကနေ ပြန်လာတော့၊ ကျွန်မမိသားစုက ကျွန်မကို ဆက်သွယ်ဖို့ ကြိုးစားရင်း အကြိမ်ကြိမ်စာပို့ထားတာ တွေ့ရတယ်။ ကျွန်မနှလုံး စခုန်လာတယ်။ ကျွန်မ တာဝန်တစ်ခု လုပ်တာကို သူတို့ လုံးဝ ဆန်ကျင်ကြရင် ဘယ်လိုလုပ်မလဲ။ ကျွန်မအမေကို ကျွန်မ ဖုန်းဆက်တယ်၊ သူက ဖုန်းထဲကနေ ကျွန်မကို အော်တယ်။ “ငါတို့ကို မပြောဘဲ နင် ကျောင်းကနေ ထွက်ရဲတာ သတ္တိ တော်တော်ရှိတာပဲ”တဲ့။ ပြန်စာသင်ပြီး ကျောင်းပြီးအောင်တက်ဖို့ မဟုတ်ရင် ကျွန်မကို ဇာတိမြို့ဆီ တန်းခေါ်သွားတော့မယ်လို့ ကျွန်မရဲ့ဇာတိမြို့ကနေ မိသားစုက အပြေးလာပြောကြတယ်။ သူတို့ တကယ်လုပ်ပြီး ကျွန်မ မစုဝေးနိုင်တော့မှာ၊ တာဝန် မလုပ်နိုင်တော့မှာကို ကြောက်ခဲ့တယ်။ ဒါကြောင့်ပဲ ကျွန်မရဲ့ စာသင်ကြားတဲ့ အခန်းကဏ္ဍကို ပြန်လုပ်ခဲ့တယ်။ ဒါပေမဲ့ အရမ်းစိတ်မသက်မသာဖြစ်ပြီး လိပ်ပြာမလုံဘူး။ နောက်ဆုံးသော ကာလမှာ မြန်ဆန်တဲ့ ဘုရားရဲ့ ဧဝံဂေလိတရား ပျံ့နှံ့မှု၊ ရေလောင်းဖို့လိုတဲ့ လူသစ်အားလုံးနဲ့ ကိုယ့်တာဝန်ကို ကျွန်မ လုပ်သင့်ပုံနဲ့ ပတ်သက်လို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မအတွက် ကျွန်မမိဘတွေရဲ့ မျှော်လင့်ချက်တွေကို စဉ်းစားမိတဲ့အခါ၊ စိတ်မတင်မကျဖြစ်လာတယ်။ သူတို့ကို အကြွေးတင်သလို ခံစားရပြီး သူတို့ကို နာကျင်စေမိမှာ စိုးခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ၊ တခြားလူတွေက ကျွန်မရဲ့ အခြေအနေကို သိသွားပြီး၊ ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော်တချို့ ဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် ပြိုကွဲပျက်စီးခြင်းကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။ ငြိမ်းချမ်းသော မိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ စည်းစိမ်ရှိခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သမီး၊ သား၊ ဇနီး၊ ယောက်ျားနှင့် ငါ၏အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်။ သင်တို့၏ ဒုစရိုက်လုပ်ရပ်များ အားလုံးကို ရင်ဆိုင်ရပြီးသောနောက် သင်တို့အပေါ်ထားသော ငါ၏ယုံကြည်မှုမှာ လုံးဝပင် ပျောက်ဆုံးသွား၏။ သင်တို့၏စိတ်နှလုံးများသည် ပျော့ပျောင်းဖို့ တင်းခံနိုင်လွန်းကြသည်ကို ငါအလွန်အံ့သြမိသည်။ ကြည့်ရ သရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် သင်တို့၏ စိတ်ပျက် အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုအပြင် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို မလျှော့တမ်း ရှာဖွေနေကြပြီး ၎င်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် စုတ်ချာချာ ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း) ဒီစကားတွေကို ဖတ်ချိန်မှာ ကျွန်မ အရမ်းတို့ထိခံရတယ်။ ဘုရားက အမှုပြုပြီး ကျွန်မတို့ကို ကယ်တင်ဖို့ လူ့ဇာတိခံခဲ့ပြီး၊ နောက်ဆုံးမှာ ကျွန်မတို့ ကယ်တင်ခံရပြီး ကျန်ရှိအောင်လို့ သူ့စိတ်နှလုံးနဲ့ ဝိညာဉ်ကို ကျွန်မတို့ထဲ သွန်းလောင်းခဲ့တယ်။ အသိစိတ်ရှိတဲ့ စဉ်းစားချင့်ချိန်နိုင်သူတိုင်း ဘုရားကို စိတ်ကျေနပ်စေဖို့ တာဝန် ကောင်းကောင်း လုပ်သင့်တယ်။ ဒါပေမဲ့ တာဝန်လုပ်ဖို့ ကျွန်မရွေးချယ်တိုင်းမှာ၊ ကျွန်မမိဘတွေကို စိတ်ပျက်စေမိသလို ခံစားရတယ်၊ သူတို့က ကျွန်မကို အများကြီး ရင်းနှီးခဲ့ရပြီး ကျွန်မက သူတို့ကို ပြန်မပေးဆပ်နိုင်ခဲ့ဘူး။ သူတို့ရဲ့ မေတ္တာနဲ့ မြှုပ်နှံထားသမျှကို အချည်းနှီးဖြစ်စေတယ်ပေါ့။ ကျောင်းနားလိုက်ခြင်းအားဖြင့် မိဘတွေကို ကျွန်မ ဂုဏ်အသရေ ယူဆောင်ပေးမှာ မဟုတ်သလို၊ မိသားစုမှာ သူတို့ အထင်သေးခံရမှာကိုလည်း ကျွန်မ ကြောက်ခဲ့တယ်။ ကျွန်မ တွေးနိုင်သမျှက မိဘတွေကို ဘယ်လို ကျေနပ်စေရမယ်ဆိုတာဖြစ်ပြီး၊ သူတို့ စိတ်ဒုက္ခလွတ်အောင် ကိုယ့်တာဝန်ကိုတောင် စွန့်ခဲ့တယ်။ အဖန်ဆင်းခံအနေနဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ အာဟာရကို ကျွန်မ မွေ့လျော်ခံစားပြီးပြီဖြစ်ပေမဲ့၊ ဘုရားမေတ္တာကို ဆပ်ဖို့ အဖန်ဆင်းခံရဲ့ တာဝန်ကို ကျွန်မ ဖြည့်ဆည်းမနေခဲ့ဘူး။ ကျွန်မ အသိစိတ်မဲ့လွန်းတယ်။ ဘုရားကို စိတ်ပျက်စေမိခဲ့တယ်။ ကျွန်မက အရမ်းပုန်ကန်တတ်ခဲ့ပေမဲ့၊ ဘုရားက ကျွန်မကို မစွန့်လွတ်သေးဘူး။ ကျွန်မကို ဆက်လမ်းပြနေသလို၊ ညီအစ်ကို မောင်နှမတွေကတစ်ဆင့် ထောက်ပံ့နေတယ်။ ဒါပေမဲ့ ဘုရားကို ကျွန်မ ပြန်ပေးသမျှက နာကျင်မှုနဲ့ စိတ်ပျက်ခြင်းတွေပဲ။ ဘုရား အပင်ပန်းခံရကျိုးနပ်အောင် အသက်ရှင်ဖို့ပျက်ကွက်ခဲ့တယ်။ အရမ်းနောင်တရပြီး အပြစ်ရှိတဲ့စိတ် ခံစားရလို့၊ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မ ကိုယ်တော့်ကို စိတ်မကျေနပ်စေခဲ့ဘူး။ ကိုယ်တော့်ကို အများကြီး အကြွေးတင်မိပါတယ်။ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးပြီး မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်ဖို့ လမ်းပြတော်မူပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့အခါ မိသားစုဆီ ကျွန်မ ကျောင်းကထွက်ပြီး တာဝန်လုပ်ဖို့ ဆုံးဖြတ်တယ်လို့ ပြောတဲ့စာတစ်စောင် ရေးလိုက်တယ်။

နောက်ပိုင်းမှာ ကျွန်မမိဘတွေက ဖုန်းဆက်၊ ပြောတယ်။ “နင် ကျောင်းထွက်ရဲရင် ထွက်ကြည့်၊ မနက်ဖြန်မှာ ငါတို့ ဆေးထိုးပြီးတော့ပဲ သေလိုက်မှာ”တဲ့။ ကျွန်မအမေနဲ့ အဖေဒီလိုပြောတာ ကြားရတာ အရမ်းနာကျင်စရာဖြစ်ပြီး၊ ဘုရားဆီ ကျွန်မ ဆက်ဆုတောင်းနေမိတယ်။ “ဘုရားသခင်၊ သူတို့ ဘာပဲပြောပြော ကိုယ်တော့်ကို ကျွန်မ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ပြောရမဲ့ မှန်ကန်တဲ့စကားလုံးတွေကိုပဲ ပေးဖို့ ကျွန်မ တောင်းလျှောက်ပါတယ်။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှု အရမ်းနည်းပြီး၊ ကိုယ့်မသိနားမလည်မှုနဲ့ မိုက်မဲမှုကြောင့် စာတန်က ကျွန်မကို တိုက်ခိုက်ရာမှာ သုံးဖို့ တစ်ခုခုကို အမှတ်တမဲ့ ပြောမိမှာ ကြောက်တယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လမ်းပြပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ နည်းနည်း ပိုတည်ငြိမ်သွားသလို ခံစားရပြီး သူတို့ကို ပြောလိုက်တယ်။ “သမီး မှန်ကန်တဲ့ လမ်းကြောင်း လျှောက်တာ အမေတို့ သိတာပဲ။ ဘာလို့ ဒီလို သမီးကို အကျပ်ကိုင်ရတာလဲ။ သမီးက ဘုရားကို ယုံကြည်ချင်ရုံ၊ သမ္မာတရားလိုက်စားပြီး ကိုယ့်တာဝန်ကို လုပ်ချင်ရုံလေးပါ။ သမီး ကိုယ့်လမ်းကြောင်းကိုယ် ရွေးချယ်ခွင့် အမေတို့ပေးလိုက်လို့ မရဘူးလား”ပေါ့။ အမေက သဲသဲမဲမဲ ပြန်ပြောတယ်။ “ဘုရားကို ယုံကြည်တာ မှန်ကန်တဲ့ လမ်းကြောင်းမှန်း အမေသိပါတယ်။ ဒါပေမဲ့ တာဝန်တစ်ခု လုပ်ဖို့ သမီးက သမီးရဲ့ လေ့လာသင်ကြားမှုတွေကို စွန့်လိုက်တယ်။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ သမီးရဲ့ ကျောင်းစရိတ်အတွက် အမေတို့ပေးခဲ့ရတာ လွယ်တယ်လို့ ထင်လား။ သမီး အရမ်းတစ်ကိုယ်ကောင်းဆန်လို့ မရဘူးလေ”တဲ့။ ကျွန်မအမေ ဒီလိုပြောတာ ကြားတော့ တွေးမိတယ်။ “လူကို ဘုရားက ဖန်ဆင်းထားတာ။ ကျွန်မတို့ မွေ့လျော်ခံစားခဲ့သမျှတိုင်းကို သူ ပေးထားတာပဲ။ တာဝန်တစ်ခုလုပ်ပြီး ဘုရားအတွက် အသုံးခံတာက ကျွန်မတို့ရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်တယ်။ ကိုယ့်မိဘတွေ စိတ်ကျေနပ်စေဖို့ တာဝန်တစ်ခု မလုပ်ရင်၊ တစ်ကိုယ်ကောင်းဆန်ရာ ကျမှာပဲ”ပေါ့။ ဒီတော့ သူတို့ကို ပြောလိုက်တယ်။ “သမီး စိတ်ပိုင်းဖြတ်လိုက်ပြီ။ အမေတို့ ဘယ်လိုပဲ ဟန့်တားပါစေ၊ တာဝန်တစ်ခု သမီးလုပ်မှာ”လို့ပေါ့။ စိတ်လှုပ်ရှားပြီး အမေက ပြောတယ်။ “သမီးဘဝမှာ အောင်မြင်လို့ ကျန်တဲ့ တစ်မိသားစုလုံး ရှေ့မှာ အမေတို့ ဂုဏ်တက်ပြီး ဘဝမှာ အေးအေးဆေးဆေး အသက်ရှင်ရဖို့ အသက်ရှင်နိုင်အောင်လို့ သမီးအပေါ် အမေတို့ အများကြီး ကုန်ခဲ့တာ။ ဘယ်လိုလုပ် သမီးက အမေတို့ကို လုံးဝ မစဉ်းစားပေးတာလဲ။ သမီး သွေးအေးလွန်းတယ်”တဲ့။ ကျွန်မညီမကလည်း ပြစ်တင်ရှုတ်ချဖို့ ဖုန်းဆက်တယ်။ “အစ်မ ကျောင်းထွက်လိုက်ရင်၊ ရွာထဲကလူတိုင်း ညီမတို့ကို အထင်သေးကြမှာဖြစ်သလို၊ မိဘတွေ အရှက်ရကြမှာ သဘောပေါက်ရဲ့လား။ အစ်မ ကျောင်းနဲ့ အလုပ်ကထွက်ရင်၊ ညီမ ဖုန်းခေါ်ပြီး အစ်မတို့ ယုံကြည်သူအားလုံးကို ဖမ်းခိုင်းမှာ”တဲ့။ မိသားစုက ဒီလိုတွေပြောတာကို ကြားရတာ အရမ်းစိတ်မချမ်းသာစရာပဲ။ လက်စသတ်တော့ ကျွန်မအတွက် သူတို့ လုပ်ပေးခဲ့သမျှတိုင်းက ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ခဲ့တာပဲ။ သူတို့ကို မိတ်ဆွေတွေနဲ့ မိသားစုရှေ့မှာ ဂုဏ်ယူစေပြီး ဘွဲ့လွန်ကျောင်းမှာ ကျွန်မ ရှိခဲ့တုန်းက၊ ကျွန်မက သူတို့ရဲ့ အချစ်ဆုံး သမီးဖြစ်တယ်လို့ ညင်ညင်သာသာ ပြောခဲ့ကြပေမဲ့၊ သူတို့ကို ဂုဏ်တက်စေမဲ့အစား သမ္မာတရားလိုက်စားပြီး တာဝန်တစ်ခု လုပ်တဲ့အခါ၊ ကျွန်မကို အသံကုန်ဆဲဆိုကြတယ်။ ကျွန်မအထဲမှာ မေတ္တာတရားကို သူတို့ ရင်းနှီးမြှုပ်နှံခဲ့တာမဟုတ်ဘဲ ကျွန်မကို အသုံးချနေခဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော် ပြောတာကို ပြန်သတိရမိတယ်။ “‘ချစ်ခြင်းမေတ္တာ’ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏) ဒါချစ်ချင်းမေတ္တာနဲ့ ပတ်သက်လို့ ဘုရားရဲ့ အကောင်းဆုံး ရှင်းပြချက်ပဲ။ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ မေတ္တာပဲ ဖြူစင်ပြီး အပြစ်တင်စရာမရှိဘူး။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းနဲ့ အန္တရာယ်ကနေ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားက နှစ်ကြိမ် လူ့ဇာတိခံခဲ့ပြီး သမ္မာတရားနဲ့ဆိုင်တဲ့ စကားတွေ သန်းနဲ့ချီ ပြောပြီးပြီ။ ကျွန်မတို့အတွက် တိတ်တဆိတ် အဖိုးအခပေးရင်းနဲ့ပေါ့။ ဘုရားက ကျွန်မတို့ဆီကနေ ဘာတစ်ခုမှ လုံးဝ မတောင်းဆိုခဲ့ဘူး။ ကျွန်မတို့ သမ္မာတရား လိုက်စားပြီး ကယ်တင်ခြင်းရနိုင်ဖို့ပဲ မျှော်လင့်တယ်။ ကျွန်မတို့အတွက် ဘုရားရဲ့ မေတ္တာကပဲ ကိုယ်ကျိုးမဲ့တယ်။ ကျွန်မအတွက် ကျွန်မမိသာစုရဲ့ “ချစ်ခြင်းမေတ္တာ”က တခြားလူတွေရဲ့ လေးစားမှုရဖို့ ကျွန်မကို အသုံးချတာပဲ။ အဲဒါ မေတ္တာမဟုတ်ဘဲ အပေးအယူတစ်ခု၊ ပြောင်ပြောင်တင်းတင်း အကျိုးအမြတ်ရှာတဲ့ ဆက်ဆံရေးတစ်ခုပဲ။ ဘုရားပြောခဲ့တာကို ပြန်သတိရမိတယ်။ “ဇာတိပကတိတွင် အသက်ရှင်သောလူတို့သည် အမျိုးမျိုးသော ဆက်ဆံရေးများနှင့် ဇာတိပကတိ၏ မိသားစု သံယောဇဉ်များအား သာယာမှုများအဖြစ် မှတ်ယူသည်။ လူတို့သည် ၎င်းတို့ချစ်ခင်သောသူများမရှိဘဲ မရှင်သန်နိုင်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သင်သည် လူ့လောကသို့ မည်သို့ရောက်ရှိလာခဲ့သည်ကို သင် မစဉ်းစားသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် နဂိုမူလက အခြားလူများနှင့် ဆက်နွှယ်ခြင်းမရှိဘဲ တစ်ဦးတည်းရောက်လာသည်။ ဘုရားသခင်သည် လူတို့ကို ဤနေရာသို့ တစ်ယောက်ချင်း ခေါ်ဆောင်သည်။ သင်ရောက်ရှိလာသောအခါ သင်သည် အမှန်တကယ်တွင် တစ်ဦးတည်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) မိသားစုဝင်တွေကြားက ဆက်ဆံရေးက ဇာတိအနေနဲ့ ရင်းနှီးနိုင်ပေမဲ့၊ ဝိညာဉ်ရေးရာ ဆက်နွှယ်မှုမရှိဘူး။ လူတိုင်း ဒီလောကထဲ ရောက်လာဖို့ ဘုရားက ကြိုစီမံထားခဲ့တာ။ လူတိုင်းမှာ လုပ်ရမဲ့ အခန်းကဏ္ဍရှိသလို၊ ဖြည့်ဆည်းရမဲ့ ကိုယ်ပိုင်တာဝန်ရှိတယ်။ သွေးသားအနေနဲ့ သူတို့က ကျွန်မ မိခင်၊ ဖခင်နဲ့ ညီမဖြစ်နိုင်ပေမဲ့၊ ကျွန်မတို့မှာ ဝိညာဉ်ရေးရာ ဆက်နွှယ်မှု မရှိဘူး။ သူတို့ ကျွန်မကို ပျိုးထောင်ပေးတယ်၊ သူတို့တာဝန်ကို ဖြည့်ဆည်းပြီး၊ ကျွန်မရဲ့ ရုပ်ပိုင်းဆိုင်ရာ ဘဝကို ပိုအဆင်ပြေစေခဲ့ပေမဲ့၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းနဲ့ အန္တရာယ်ကနေ ကျွန်မကို ကယ်တင်ဖို့မပြောနဲ့ ကျွန်မရဲ့ အနာဂတ်၊ ကံကြမ္မာကို ဆုံးဖြတ်ပေးလို့မရဘူး။ ဘုရားကပဲ ကျွန်မကို သမ္မာတရားနဲ့ အသက်ပေးပြီး ကျွန်မကို သန့်စင်၊ ကယ်တင်နိုင်တယ်။ တာဝန်တစ်ခုလုပ်ဖို့၊ ဘုရားနဲ့ ရင်းနှီးဖို့၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ရရှိဖို့ ကျွန်မကို မိဘတွေက ခွင့်မပြုတာက ကျွန်မကို ထိခိုက်နစ်နာစေပြီး ကျွန်မဘဝကို ဖျက်ဆီးနေတာပဲ။ သူတို့ရဲ့ ကန့်သတ်ချုပ်ချယ်တာကို ကျွန်မ ခံလို့မဖြစ်ဘူး။ ဒါကို သဘောပေါက်တော့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မမိသားစုအပေါ် ချင့်ချိန်နိုင်စွမ်းတချို့ ပေးလို့ ကျေးဇူးတင်ပါတယ်။ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ကျွန်မ စိတ်နှလုံးကို စောင့်ရှောက်တော်မူပါ”ပေါ့။ နောက်နေ့ နေ့လည်မှာ၊ တာဝန်တစ်ခု သွားယူဖို့ ကျောင်းကထွက်လိုက်တယ်။

နောက်ပိုင်းမှာ ကိုယ့်ဘာသာ တွေးမိတယ်။ “မှန်ကန်တဲ့ လမ်းကြောင်း ငါရွေးခဲ့မှန်း ငါသိတယ်။ ဒီတော့ မိသားစုက ဟန့်တားပြီး ငါ့ကို ငါ့တာဝန်ကို စွန့်ပစ်ခိုင်းဖို့ ကြိုးစားတဲ့အခါ သူတို့ကို အများကြီး အကြွေးတင်သလိုမျိုး ချစ်ခင်တွယ်တာမှုတွေနဲ့ ဘာလို့ ငါ အမြဲ ကန့်သတ်ချုပ်ချယ်ခံရတာလဲ။ ဒါက အတိအကျ ဘာများလဲ”လို့ပေါ့။ ဝတ်ပြုဆုတောင်းချိန်မှာ၊ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “ယခင်က လူတို့သည် ၎င်းတို့၏ အသိတရားအတိုင်း အစဉ်ပြုမူပြီး အခြားလူများကို အကဲဖြတ်ရန် ယင်းကို အသုံးပြုသည်။ လူတို့သည် အသိတရား၏ စမ်းသပ်မှုကို အစဉ် အောင်မြင်ရသည်။ အတင်းအဖျင်းပြောခြင်းကို အစဉ် ကြောက်ရွံ့သည်။ လှောင်ရယ်ခံရမည်ကို၊ သို့မဟုတ် မကောင်းသည့် ဂုဏ်သတင်းရရှိမည်ကို၊ သို့မဟုတ် ‘အသိတရားမရှိ၊ မကောင်းတဲ့လူ’ ဟု ခေါ်ခံရမည်ကို ကြောက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် လူရာဝင်ရန်အတွက် အချို့သောအရာများကို တွန့်ဆုတ်စွာဖြင့် လက်ခံရသည်။ ယခုတွင် လူတို့ကို မည်သို့ အကဲဖြတ်သနည်း။ (သမ္မာတရားစည်းမျဉ်းများဖြင့် အကဲဖြတ်သည်။) လူတို့၏ ဘဝများသည် မယုံကြည်သူများ၏ အယူအဆများနှင့် အတွေးမှားများ၏ ချည်နှောင်ခြင်းကို ခံရသောအချိန်တုန်းက အခြေအနေသည် မည်သို့ရှိသနည်း။ ဥပမာအားဖြင့် သင်ငယ်စဉ်ကတည်းက သင်၏မိဘများသည် ‘မင်းကြီးလာရင် ငါတို့ကို ဂုဏ်ယူဝင့်ကြွားနိုင်အောင် လုပ်ပေးရမယ်။ ငါတို့မိသားစုရဲ့ ဂုဏ်ကိုဆောင်ရမယ်’ ဟူသော စကားများဖြင့် သင့်ကို ဆက်တိုက် အယူဝါဒသွတ်သွင်းသည်။ ဤစကားများသည် သင့်အတွက် မည်သည့်အရာများဖြစ်ခဲ့သနည်း။ အားပေးခြင်း၊ သို့မဟုတ် ကန့်သတ်ခြင်းလော။ အပြုသဘောဆောင်သော လွှမ်းမိုးမှုဖြစ်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သော ထိန်းချုပ်မှုမျိုးလော။ အမှန်တွင် ထိုအရာများသည် ထိန်းချုပ်မှုအမျိုးအစားဖြစ်သည်။ သင်၏ မိဘများသည် လူတို့က မှန်ကန်ပြီး ကောင်းမွန်သည်ဟု ထင်မြင်သော ဖော်ပြချက်၊ သို့မဟုတ် သဘောတရားအချို့ကို အခြေခံပြီး သင့်အတွက် ပန်းတိုင်တစ်ခုကို သတ်မှတ်ကာ ထိုပန်းတိုင်အတွက် အစေခံပြီး သင်၏ ဘဝကို ရှင်သန်စေသည်။ နောက်ဆုံးတွင် သင်၏ လွတ်လပ်ခွင့် ဆုံးရှုံးရသည်။ သင်သည် အဘယ်ကြောင့် နောက်ဆုံးတွင် သင်၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးပြီး ယင်း၏ ထိန်းချုပ်မှုအောက်ကျရောက်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့၏ မိသားစုအား ဂုဏ်ဆောင်ခြင်းက လုပ်ဆောင်သင့်သည့် ကောင်းသောအရာတစ်ခု ဖြစ်သည်ဟု ထင်ကြသောကြောင့်ဖြစ်သည်။ သင်က ထိုအတွေးအမြင်မရှိလျှင်၊ သို့မဟုတ် သင်၏ မိသားစုကို ဂုဏ်ဆောင်သည့်အရာများလုပ်ဆောင်ရန် ဆန္ဒပြင်းပြခြင်းမရှိလျှင် သင်သည် ဆန်ကုန်မြေလေးတစ်ယောက်အဖြစ်၊ ဘာမှသုံးစားမရသော အရှုံးသမားအဖြစ် အမြင်ခံရသည်။ ပြီးလျှင် လူတို့သည် သင့်အား အထင်သေးလိမ့်မည်။ အောင်မြင်ရန်အတွက် သင်သည် စာကြိုးစားရမည်။ ကျွမ်းကျင်မှုများကို အစဉ်ပို၍ ရယူရမည်။ သင့်မိသားစု၏ နာမည်ကို ဂုဏ်ဆောင်ရမည်။ ဤနည်းအားဖြင့် လူတို့က နောင်တွင် သင့်ကို အနိုင်ကျင့်မည်မဟုတ်။ ဤပန်းတိုင်အတွက် သင် လုပ်ဆောင်သောအရာအားလုံးသည် လက်တွေ့အားဖြင့် သင့်အား ချည်နှောင်သည့် အချုပ်အနှောင်များမဟုတ်သလော။ (ဟုတ်သည်။) အောင်မြင်မှုနောက်လိုက်ပြီး မိသားစုအပေါ် ဂုဏ်ဆောင်ခြင်းသည် သင်၏ မိဘများ တောင်းဆိုသောအရာဖြစ်သောကြောင့်၊ ကောင်းသောဘဝကို သင်ရှင်သန်ပြီး သင့်မိသားစုကို ဂုဏ်ယူရရန် သင်၏ကောင်းကျိုးအတွက် သင်၏မိဘများက လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် သင်သည် ဤသို့သော ဘဝနေထိုင်မှုကို ဆန္ဒပြင်းပြမည်မှာ သဘာဝကျသည်။ သို့သော် စင်စစ်အားဖြင့် ဤအရာများသည် ပြဿနာများနှင့် အချုပ်အနှောင်ကဲ့သို့သောအရာများဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်သောအခါ ဤအရာများသည် အပြုသဘောဆောင်သည်၊ သမ္မာတရားဖြစ်သည်၊ လမ်းမှန်ဖြစ်သည်ဟု ထင်ကြသည်။ ထို့ကြောင့် ဤအရာများကို အမှန်အဖြစ် မှတ်ယူပြီး လိုက်နာသည်။ နာခံသည်။ ပြီးလျှင် ဤစကားများနှင့် သတ်မှတ်ချက်များက သင်၏ မိဘများထံမှာ လာသောအခါ သင်က အပြည့်အဝ နာခံသည်။ သင်သည် ဤစကားများဖြင့် အသက်ရှင်လျှင်၊ အလုပ်ကြိုးစားပြီး သင်၏ လူငယ်ဘဝနှင့် သင်၏ ဘဝတစ်ခုလုံးကို ဤအရာများအတွက် ရည်စူးထားကာ နောက်ဆုံးတွင် သင်သည် ထိပ်သို့ရောက်ရှိပြီး၊ ကောင်းသောဘဝကို အသက်ရှင်လျှင်၊ သင့်မိသားစုကို ဂုဏ်ယူစေလျှင် သင်သည် အခြားလူများအတွက် အလွန်တော်ကောင်းတော်နိုင်သည်။ သို့သော် သင်၏ စိတ်အတွင်းတွင် သင်သည် ပို၍ ဗလာဖြစ်လာနေသည်။ ဘဝ၏ အဓိပ္ပာယ်၊ သို့မဟုတ် အနာဂတ်တွင် ရှိမည့် ခရီးပန်းတိုင်၊ သို့မဟုတ် ဘဝတွင် မည်သို့သောလမ်းကြောင်းကို လူတို့ လျှောက်လှမ်းသင့်သည်ကို သင်မသိပေ။ သင်တောင့်တသည့်၊ သိလိုသည့်၊ နားလည်လိုသည့် ဤဘဝ၏ ထိုနက်နဲမှုများနှင့်ပတ်သက်ပြီး သင်လုံးဝ နားမလည်သေးပေ၊ သို့မဟုတ် မည်သည့်အရာကိုမျှ မရရှိသေးပေ။ သင်သည် စင်စစ်အားဖြင့် သင့်မိဘများ၏ ကောင်းသောရည်ရွယ်ချက်များကြောင့် ပျက်စီးခြင်းခံရပြီးဖြစ်သည်မဟုတ်လော။ သင့်မိဘ၏ တောင်းဆိုချက်များသည် ‘သင်၏ကောင်းကျိုးအတွက်’ ဟူသော စကားများဖြင့် သင်၏ လူငယ်ဘဝနှင့် သင်၏ တစ်ဘဝလုံး ပျက်စီးခဲ့သည်မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ‘သင်၏ကောင်းကျိုးအတွက်’ ဖြစ်သော တောင်းဆိုမှုများကို ပြုလုပ်သည်မှာ သင့်မိဘများက မှန်ကန်သလော၊ မှားယွင်းသလော။ သင်၏မိဘများက ၎င်းတို့သည် သင်၏ကောင်းကျိုးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အမှန်တကယ် ထင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်သောသူများဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားရှိသလော။ (မရှိပါ။) လူများစွာတို့သည် ‘ငါတို့ကို ဂုဏ်ယူဝင့်ကြွားနိုင်အောင် လုပ်ပေးရမယ်။ မိသားစုဂုဏ်ကို ဆောင်ရမယ်’ ဟူသော ၎င်းတို့မိဘများ၏ စကားများ၊ ၎င်းတို့ကို လှုံ့ဆော်ပေးသော စကားများ၊ ၎င်းတို့ဘဝတစ်လျှောက်တွင် ၎င်းတို့အပေါ် လွှမ်းမိုးသောစကားများကို ကိုင်စွဲလျက် ၎င်းတို့၏ တစ်ဘဝလုံးကို ရှင်သန်ကြသည်။ မိဘများက ‘မင်းရဲ့ကောင်းကျိုးအတွက်’ ဟု ဆိုသောအခါ ဤသည်မှာ လူတစ်ယောက်ဘဝ၏ နောက်ကွယ်တွင် တွန်းအားဖြစ်လာပြီး ရှေ့ရှုလုပ်ဆောင်ရန် ဦးတည်ချက်နှင့် ပန်းတိုင်ကို ပေးသည်။ ရလဒ်အနေဖြင့် ထိုသူ၏ ဘဝသည် မည်မျှ မက်မောဖွယ်ကောင်းပါစေ၊ မည်မျှ ဂုဏ်ရှိပြီး အောင်မြင်ပါစေ၊ အမှန်တကယ်တွင် သူ၏ ဘဝက ပျက်စီးသည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ လူတစ်ယောက်က သူ့မိဘများ၏ တောင်းဆိုချက်များအတိုင်း အသက်မရှင်လျှင် မပျက်စီးဟု အဓိပ္ပာယ်ရသလော။ မရပေ။ ၎င်းတို့သည်လည်း ၎င်းတို့ကိုယ်ပိုင် ပန်းတိုင်တစ်ခုရှိသည်။ မည်သည့်ပန်းတိုင်ဖြစ်သနည်း။ အလားတူပင်ဖြစ်သည်။ ဆိုလိုသည်မှာ ‘ကောင်းသောဘဝကို အသက်ရှင်ပြီး မိဘများ ဂုဏ်ယူဝင့်ကြွားနိုင်စေဖို့ လုပ်ဆောင်ရန်’ ဖြစ်သည်။ သို့သော် ၎င်းတို့၏ မိဘများက ၎င်းတို့ကို ပြောခဲ့ခြင်းကြောင့်မဟုတ်ဘဲ အခြားတစ်နေရာမှ ဤပန်းတိုင်ကို လက်ခံခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤစကားများအတိုင်း နေထိုင်ပြီး ၎င်းတို့မိသားစုကို ဂုဏ်ယူစေလိုဆဲဖြစ်သည်။ ပြီးလျှင် ထိပ်ဆုံးသို့သွားပြီး ဂုဏ်ယူထိုက်သော၊ ဂုဏ်ရှိသောသူတစ်ယောက် ဖြစ်လိုဆဲဖြစ်သည်။ ၎င်းတို့၏ ပန်းတိုင်က မပြောင်းလဲပေ။ ဤအရာများကို ရရှိရန် ၎င်းတို့၏ တစ်ဘဝလုံးကို နှစ်မြုပ်ဆဲဖြစ်သည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို နားမလည်သောအခါ လူ့အဖွဲ့အစည်းတွင် ပျံ့နှံ့နေသော မှန်ကန်သော အယူဝါဒများ၊ မှန်ကန်သော ဖော်ပြချက်များ၊ မှန်ကန်သော အမြင်များဆိုသည့်အရာများစွာကို လက်ခံကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ဤမှန်ကန်သောအရာများကို ၎င်းတို့ကိုယ်တိုင်၏ ဘဝ၏ အားစိုက်မှုအတွက် ဦးတည်ချက်၊ အခြေခံအုတ်မြစ်နှင့် တွန်းအားပေးသောအရာများအဖြစ် ပြောင်းလဲပစ်ကြသည်။ အဆုံးတွင် လူတို့သည် ဤပန်းတိုင်များအတွက် အလျှော့မပေးဘဲ လုံးလုံးလျားလျား အသက်ရှင်ကြပြီး သေသည်အထိ ဘဝတစ်လျှောက် ရုန်းကန်ကြသည်။ ဤအခြေအနေတွင် အချို့မှာ သမ္မာတရားကို မြင်လိုစိတ်မရှိသေးပေ။ မည်သို့ သနားစရာကောင်းသောဘဝကို လူများ ဦးဆောင်ကြသနည်း။ သို့ရာတွင် သမ္မာတရားကို နားလည်သည်နှင့် သင်သည် ဤမှန်ကန်သောအရာများ၊ မှန်ကန်သော သွန်သင်မှုများ၊ မှန်ကန်သော ဖော်ပြချက်များဟု ဆိုသောအရာများအပြင် သင့်အပေါ် သင့်မိဘများ၏ မျှော်လင့်ချက်များကိုပါ တဖြည်းဖြည်းချင်း နောက်တွင် ချန်ထားခဲ့သည်မဟုတ်လော။ သင်သည် ဤ မှန်ကန်သော အရာများဟု ဆိုသော အရာများကို တဖြည်းဖြည်းချင်း နောက်တွင် ချန်ထားခဲ့သည်နှင့်၊ အမှုအရာများကို သင်တိုင်းတာသော စံနှုန်းသည် ရိုးရာယဉ်ကျေးမှု၏ ဖော်ပြချက်များကို အခြေမခံတော့သည်နှင့် သင်သည် ထိုဖော်ပြချက်များ၏ ချည်နှောင်မှုကို မခံရတော့သည်မဟုတ်လော။ ဤအရာများ၏ ချည်နှောင်ခြင်းကို သင်မခံရလျှင် သင်သည် လွတ်လပ်စွာ အသက်ရှင်သလော။ ထိုအချိန်တွင် သင်သည် အပြည့်အဝ မလွတ်မြောက်ခြင်း ရှိနိုင်သည်။ သို့သော် အနည်းဆုံးအနေဖြင့် အချုပ်အနှောင်များက လျော့ရဲလာပြီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏စစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော် ဖတ်ရတာက ကျွန်မကို တကယ်တို့ထိခဲ့တယ်။ ကျွန်မ ငယ်ငယ်ကတည်းက၊ အမေက ကျွန်မကို စာကြိုးစားဖို့၊ အောင်မြင်ဖို့၊ သူဂုဏ်တက်အောင်လုပ်ဖို့နဲ့ မိသားစု ဂုဏ်တက်အောင်လုပ်ဖို့ အမြဲပြောခဲ့တယ်။ မိသားစုအတွက် ဂုဏ်ဆောင်ပြီး တခြားလူတွေရဲ့ လေးစားမှုရဖို့ “ဖြစ်နေတာတွေ လျစ်လျူရှုပြီး စာအုပ်တွေထဲ အာရုံဝင်စားပါ” ဆိုတာကို ကိုယ့်ဆောင်ပုဒ် လုပ်ခဲ့ပြီး၊ စာလေ့လာတာက အတော့်ကို ကျွန်မရဲ့ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်လာခဲ့တယ်။ နှစ်အတော်ကြာ၊ နေ့ရောညပါ အလုပ်လုပ်တဲ့ စာလေ့လာရေး စက်ရုပ်တစ်ရုပ်လို ဖြစ်ခဲ့တယ်။ ရွေးချယ်ပိုင်ခွင့်မရှိခဲ့သလို၊ အတိုက်အခံလုပ်လို စိတ်လည်းမရှိခဲ့ဘူး။ မိဘတွေနဲ့ အနီးအနားရှိသူတွေရဲ့ ချီးမွမ်းတာခံခဲ့ရပေမဲ့၊ အနှစ်မဲ့တဲ့ စိတ်ခံစားချက်တစ်ခုနဲ့ အမြဲ ပြည့်နေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် မကြာမကြာ မေးမိတယ်။ ငါ ဘာလို့ ဒီလိုအသက်ရှင်နေတာလဲ။ ဒီလိုဘဝက အဓိပ္ပာယ်ရှိရဲ့လားပေါ့။ ဒါပေမဲ့ ကျွန်မ အဖြေရှာမတွေ့နိုင်ခဲ့သလို၊ မကြာခဏ စိတ်ဓာတ်ကျပြီး နာကျင်ခဲ့ရတယ်။ အားလုံးက စာတန်လုပ်ခဲ့တဲ့ ထိခိုက်နစ်နာမှုဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်ကို ဖတ်တာက သဘောပေါက်စေခဲ့တယ်။ စာတန်က၊ လူသားမျိုးနွယ်ကို ချည်နှောင်၊ ထိန်းချုပ်ဖို့ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏။” “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ဆိုတဲ့ အဆိပ်တွေကို သုံးတယ်။ အဲဒါတွေက ကျွန်မခန္ဓာကိုယ်ပေါ် စာတန်ထားတဲ့ ဖိနှိပ်ချုပ်ချယ်မှုတစ်ခုလိုပဲ။ ဒီအရာတွေကို မလိုက်စားခဲ့ရင်၊ ကိုယ့်မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ရှုတ်ချတာကို ခံရမှာ၊ ရည်မှန်းချက်မကြီးမားသလို၊ အသုံးမကျဘူးဆိုတဲ့ အမည်တပ်ခံရမှာ။ ဒီပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုခံရတော့၊ ချမ်းသာကြွယ်ဝမှုနဲ့ ကျော်ကြားမှု လိုက်စားတဲ့ လမ်းကြောင်းကို မတုန်မလှုပ်နဲ့ ကျွန်မ လျှောက်တော့တာပဲ။ အမှတ်ကောင်းနဲ့ ဘွဲ့ဒီဂရီတွေကို လိုက်စားရာမှာ၊ ပညာရေး ဖိအားကနေ ကျောင်းသူကျောင်းသား အတော်များများက စိတ်ဓာတ်ကျလာကြတယ်။ တချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး သူတို့ဘဝတွေ ပျက်စီးကြရတယ်။ ဒါပေမဲ့ ကျွန်မ တာဝန်တစ်ခုလုပ်ဖို့ ကျောင်းထွက်လိုက်ချင်တဲ့အခါတိုင်း၊ ဒီအဆိပ်တွေရဲ့ ချည်နှောင်၊ ထိန်းချုပ်တာ ခံရသလို ကိုယ့်ကိုယ်ကိုယ် ခံစားရတယ်။ မိဘတွေက ကျွန်မအပေါ် အများကြီး ကုန်ကျခဲ့တယ်လို့ ခံစားရပြီး၊ ကျောင်းကထွက်လိုက်ရင်၊ သူတို့ကို စိတ်ပျက်စေမှာဖြစ်သလို ဂုဏ်အသရေ ယူဆောင်ပေးတော့မှာမဟုတ်ဘူးလို့ပေါ့။ ဒီအဆိပ်တွေက ကျွန်မတို့ကို လှည့်စားပြီး ဖောက်ပြန်ပျက်စီးစေတဲ့ စာတန်ရဲ့ နည်းလမ်းတွေဖြစ်မှန်း နောက်ဆုံး တွေ့လိုက်ရတယ်။ ဘဝမှာ ကျွန်မတို့ရဲ့ ဦးတည်ချက်နဲ့ ရည်မှန်းချက်တွေကို ပုံပျက်စေတယ်၊ ကိုယ့်ယုံကြည်ချက်ကို စွန့်လွှတ်စေတယ်၊ အဖန်ဆင်းခံရဲ့ တာဝန်ကို မလုပ်စေသလို၊ ဘုရားဆီကနေ တဖြည်းဖြည်း ဝေးလွှင့်ပြီး သူ့ကို သစ္စာဖောက်စေတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြမှုကြောင့်သာ မဟုတ်ရင်၊ ဒီဆိုးယုတ်တဲ့ အဆိပ်တွေရဲ့ အန္တရာယ်ကို ကျွန်မ လုံးဝ မြင်ခဲ့မှာ မဟုတ်ဘူး။ ပြန်လမ်းမရှိတဲ့ ဒီလမ်းပေါ် ကျွန်မ ဆက်လျှောက်နေမိမှာဖြစ်ပြီး၊ အဆုံးမှာ ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးပြီး စာတန်နဲ့အတူ ဖျက်ဆီးခံရမှာပဲ။ ဒါကို သဘောပေါက်တော့ ဘုရားကို ကျေးဇူးတင်မိတဲ့စိတ်နဲ့ ပြည့်သွားတယ်။ ဒါ ဘုရားက ကျွန်မကို ကွယ်ကာပြီး ကယ်တင်နေတာပဲ။

နောက်ပိုင်းမှာ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “မိဘအပေါ် သားသမီးဝတ်ကျေခြင်းသည် သမ္မာတရားမဟုတ်ဘဲ လူသား၏ တာဝန်နှင့် ဝတ္တရားသာဖြစ်သောကြောင့် သင်၏ ဝတ္တရားသည် သင်၏အလုပ်တာဝန်ဖြင့် ကွဲလွဲဆန့်ကျင်နေလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်၏ တာဝန်ကို ဦးဆောင်ပေးပြီး တာဝန်ကို ရှေ့တန်းတင်ရမည်။) ဝတ္တရားတစ်ခုသည် လူတစ်ဦး၏ အလုပ်တာဝန်တစ်ခု သေချာပေါက် မဟုတ်ပေ။ မိမိ၏အလုပ်တာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဝတ္တရားတစ်ခုကို ဖြည့်ဆည်းခြင်းမှာမူ ဤသို့မဟုတ်ပေ။ အခြေအနေများက သင့်တော်လျှင် ဤတာဝန်၊ သို့မဟုတ် ဝတ္တရားကို သင် ဖြည့်ဆည်းနိုင်သည်။ သို့သော် လက်ရှိအနေအထားက ခွင့်မပြုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်က ‘ငါ့တာဝန်ကို လုပ်ရမယ်။ ဒါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာပဲ။ ငါ့မိဘတွေအပေါ် သားသမီးဝတ်ကျေတာက ငါ့ရဲ့ အသိတရားနဲ့ အသက်ရှင်တာပဲ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အားထုတ်တာမဟုတ်ဘူး’ ဟု ပြောသင့်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ဦးစားပေးပြီး ထိန်းသိမ်းသင့်၏။ သင်သည် ယခုအခါတွင် တာဝန်မရှိလျှင်၊ အိမ်နှင့် ဝေးကွာစွာ အလုပ်မလုပ်ရဘဲ သင်၏ မိဘများနှင့် နီးကပ်စွာ နေထိုင်လျှင် ၎င်းတို့အား စောင့်ရှောက်ရန် နည်းလမ်းများကို ရှာလော့။ ၎င်းတို့ အနည်းငယ် ပို၍ ကောင်းစွာ အသက်ရှင်နိုင်ပြီး ဒုက္ခလျော့နည်းစေရန် အကောင်းဆုံး လုပ်ဆောင်လော့။ သို့သော် ဤသည်မှာလည်း သင်၏ မိဘများက မည်သို့သော လူစားမျိုးဖြစ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သင်၏ မိဘများက မကောင်းသော လူ့သဘာဝရှိပြီး သင့်အား ဘုရားသခင်ကို မယုံကြည်ရန် အစဉ် နှောင့်ယှက်လျှင်၊ ဘုရားသခင်အား သင် ယုံကြည်ခြင်းမှလည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းမှလည်းကောင်း သင့်အား အဝေးသို့ ဆွဲခေါ်နေလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (စွန့်လွှတ်ခြင်းဖြစ်သည်။) ဤအချိန်တွင် ၎င်းတို့ကို သင်စွန့်လွှတ်ရမည်။ သင်၏ ဝတ္တရားကို သင် ဖြည့်ဆည်းပြီးဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပေ။ ထို့ကြောင့် ၎င်းတို့အတွက် ပံ့ပိုးပေးရန် သင့်တွင် ဝတ္တရားမရှိပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့သည် မိသားစုဖြစ်သည်။ သင်၏ မိဘများဖြစ်သည်။ မယုံကြည်လျှင် သင်တို့သည် မတူညီသော လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် စာတန်ကို ယုံကြည်ပြီး နတ်ဆိုးကို ကိုးကွယ်သည်။ စာတန်၏လမ်းကို လျှောက်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူတို့၏ လမ်းနှင့် မတူညီပေ။ သင်တို့သည် မိသားစု မဟုတ်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများကို ၎င်းတို့၏ ပြိုင်ဘက်၊ ရန်သူများအဖြစ် မှတ်ယူကြသည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို စောင့်ရှောက်ရန် ဝတ္တရားမရှိတော့ဘဲ ၎င်းတို့ကို လုံးဝ အဆက်အသွယ်ဖြတ်ရမည်။ မည်သည့်အရာက သမ္မာတရားဖြစ်သနည်း။ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းလော၊ သို့မဟုတ် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းလော။ မိမိ၏တာဝန်ထမ်းဆောင်ခြင်းက သမ္မာတရား ဖြစ်သည်မှာ မှန်သည်။ ဘုရားသခင်၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်ခြင်းသည် မိမိဝတ္တရားကို ဖြည့်ဆည်းခြင်း၊ လုပ်ရမည့်အရာကို လုပ်ခြင်းသက်သက်မဟုတ်ပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ဤတွင် ဘုရားသခင်၏ စေခိုင်းချက်ပါဝင်သည်။ ဤသည်မှာ သင်၏ ဝတ္တရား၊ သင်၏ တာဝန်ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော တာဝန်ဖြစ်သည်။ ဖန်ဆင်းရှင်ရှေ့တွင် သင်၏တာဝန်၊ ဝတ္တရားကို ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ လူတို့အပေါ် ဖန်ဆင်းရှင်၏ တောင်းဆိုချက်ဖြစ်သည်။ ဘဝ၏ ကြီးမြတ်သော ကိစ္စဖြစ်သည်။ သို့သော် မိဘများကို လေးစားခြင်းသည် သားသမီးတစ်ယောက်၏ တာဝန်နှင့် ဝတ္တရားမျှသာဖြစ်သည်။ ဤသည်မှာ သေချာပေါက် ဘုရားသခင်က စေခိုင်းခြင်းမဟုတ်ပေ။ ဘုရားသခင်၏ တောင်းဆိုချက်ကို ဖြည့်ဆည်းခြင်း ပို၍ပင် မဟုတ်ပေ။ ထို့ကြောင့် မိဘကို လေးစားခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းကြားတွင် တာဝန်ထမ်းဆောင်ခြင်း တစ်ခုတည်းသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် တာဝန်ထမ်းဆောင်ခြင်းသည် သမ္မာတရားဖြစ်သည်။ ရှောင်လွှဲမရသော တာဝန်တစ်ခုဖြစ်သည်။ မိဘကို လေးစားခြင်းသည် လူတို့အပေါ် သားသမီးဝတ်ကျေခြင်းဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းဟု အဓိပ္ပာယ်မရသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟူ၍လည်း အဓိပ္ပာယ်မရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏စစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။) မိဘတွေကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စည်းမျဉ်းတွေကို ဘုရားနှုတ်ကပတ်တော်က ပြတယ်။ ကိုယ့်မိဘတွေက ကိုယ့်ယုံကြည်ချက်နဲ့ တာဝန်မှာ ထောက်ပံ့ပေးရင်၊ ကိုယ့်တာဝန်ကို မနှောင့်နှေးစေဘဲ သူတို့ကို ဖြစ်နိုင်သလောက် ဂုဏ်ပြုလို့ရတယ်။ ဒါပေမဲ့ ကိုယ့်မိဘတွေက ဘုရားကို ဆန့်ကျင်ပြီး ကိုယ့်ယုံကြည်ချက်နဲ့ တာဝန်မှာ ဟန့်တားရင်၊ သူတို့ရဲ့ ကန့်သတ်ချုပ်ချယ်တာ မခံသင့်သလို၊ ကိုယ့်တာဝန်ကို လုပ်ပြီး ဘုရားကို စိတ်ကျေနပ်စေတာကို ဦးစားပေးသင့်တယ်။ ကျွန်မမိဘတွေက စာတန်နောက်လိုက်ပြီး ငွေနဲ့ ဂုဏ်သတင်းနောက် လိုက်ခဲ့ကြတယ်။ သူတို့က အနှစ်သာရအားဖြင့် နတ်ဆိုးတွေဖြစ်ပြီး စာတန်နဲ့ဆိုင်တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ၊ ကျွန်မက သမ္မာတရားလိုက်စားပြီး တာဝန် လုပ်ချင်တယ်။ ကျွန်မတို့ရဲ့ လမ်းကြောင်းတွေက လုံးဝ ကွဲလွဲတယ်။ ကျွန်မရဲ့ မိဘတွေပြောတာ နားထောင်ပြီး တာဝန်ကို မလုပ်ဘဲနေရင်၊ စာတန်နောက်ကို ကျွန်မ လိုက်ပြီး ဘုရားကို ခုခံနေတာဖြစ်မှာပဲ။ ဒါကို သဘောပေါက်တော့၊ လွတ်မြောက်တဲ့ ခံစားချက်တစ်ခု ခံစားရပြီး၊ စည်းမျဉ်းတွေနဲ့အညီ ကိုယ့်မိသားစုကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိခဲ့တယ်။

ဒီအရာဖြစ်ပြီးတဲ့နောက်မှာ ကျွန်မ အသင်းတော်ထဲမှာ တာဝန်ကို ဆက်လုပ်ခဲ့ပြီး၊ အံ့ဩစရာကောင်းတာက ကျောင်းမှာ ကျွန်မမိဘတွေက ကျွန်မ နှုတ်ထွက်တာကို ကိုယ်စား သွားရှင်းပေးခဲ့တာပဲ။ ပိုပိုများတဲ့ လူတွေက ဘုရားရဲ့ လက်ရှိအမှုတော်ကို လက်ခံနေကြတာ မြင်ရတယ်။ သူ့ရဲ့ ဧဝံဂေလိ ဖြန့်ဝေတဲ့ လူတန်းစားတွေမှာ ကျွန်မ ပါဝင်ရပြီး၊ ဘုရားရဲ့ နိုင်ငံတော် ဧဝံဂေလိတရား ပြန့်ပွားဖို့ ကိုယ့်ခွန်အားကို ဖြည့်ပေးနိုင်တာ ကျွန်မ အရမ်းကံကောင်းပါတယ်။ ဒီအတွက် ကျွန်မအရမ်းပျော်တယ်။ အခု ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မတာဝန်ကို လုပ်ပြီး သမ္မာတရားကို မိတ်သဟာယပြု၊ လက်တွေ့လုပ်ဆောင်ကြတယ်။ သမ္မာတရားကို ကျွန်မနားလည်တာ အရမ်းနည်းနေပေမဲ့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက တဖြည်းဖြည်း ပြောင်းလဲတယ်၊ လူသားပုံသဏ္ဍာန်တချို့ကို ကျွန်မ အသက်ရှင်နေထိုင်နေပြီး၊ ဘုရားအမှုတော်အပေါ် သမ္မာတရားကို မိတ်သဟာယပြုပြီး သက်သေခံနိုင်တယ်လို့ ခံစားရတယ်။ ဒါတွေက ကျောင်းမှာ နှစ်ဘယ်လောက်ကြာကြာ လေ့လာသင်ကြားခဲ့ပါစေ၊ ကျွန်မ လုံးဝ သိမှာမဟုတ်တဲ့ အရာတွေပဲ။ ကိုယ့်တာဝန်ကို လုပ်ပြီး ဘုရားအတွက် အသုံးခံတာက ကျွန်မလုပ်ခဲ့တဲ့ အမှန်ကန်ဆုံး ရွေးချယ်မှုလို့ တကယ် ခံစားရတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ရွေးကောက်ပွဲတစ်ခုကို ရှုံးပြီးနောက် သုံးသပ်ဆင်ခြင်မှုများ

လင်ကျင်း တရုတ်နိုင်ငံ ယုံကြည်သူတစ်ဦးအနေနဲ့ အချိန်နှစ်အနည်းငယ်အတွင်းမှာ ခေါင်းဆောင်ရာထူးတစ်ခုအတွက် ကျွန်‌တော် အရွေးခံခဲ့ရတယ်။ အဲဒီလို...

အသက်ကြီးသူပင်လျှင် သမ္မာတရားကို လိုက်စားရန် ကြိုးပမ်းသင့်သည်

အသက် ၄၆နှစ်ထဲဝင်တဲ့ နှစ်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ...

အချိန်နှောင်းပြီဖြစ်သော နိုးထမှုတစ်ခု

လင်မင်း တရုတ်နိုင်ငံ ၂၀၁၃ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက...

တရားစီရင်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သိမြင်လာခြင်း

ဆွန်ယု နယ်သာလန်နိုင်ငံ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။