ကျောင်းနှင့်တာဝန်ကြား ရွေးချယ်ခြင်း
လုရန် တရုတ်နိုင်ငံ ကျွန်မ မှတ်မိသလောက်တော့ ကျွန်မ မိဘတွေက တစ်ခါမှ မတည့်ကြဘူး။ ရန်ဖြစ်တာက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ။ တစ်ခါတလေမှာ အဖေက...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မရဲ့မိဘတွေက ကျွန်မငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ပြီး ကျွန်မနဲ့ ကျွန်မရဲ့အစ်မနှစ်ယောက်က အဖွားနဲ့ ငယ်ငယ်ကတည်းက အတူနေထိုင်ခဲ့ကြတယ်၊ အဘွားကပဲ ကျွန်မတို့ကို သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ဟောပြောခဲ့တာပါ။ ကျွန်မတို့ သခင်ဘုရားဆီ ခဏခဏ ဆုတောင်းပြီး တနင်္ဂနွေနေ့တွေမှာ အဘွားနဲ့အတူ ဘုရားကျောင်းကို သွားတက်ကြတယ်။ အဘွားဆုံးပြီးနောက်မှာတော့ ကျွန်မတို့ကို အဒေါ်နဲ့ဦးလေးက ခေါ်ယူစောင့်ရှောက်ခဲ့ကြပြီး၊ သူတို့ရဲ့ သားသမီးအရင်းတွေလိုပဲ သဘောထားခဲ့ကြတယ်။ စာသင်ယူတာက ဘဝမှာ အရေးအကြီးဆုံးအရာဖြစ်ပြီး တောက်ပတဲ့အနာဂတ်ရှိဖို့အတွက် အဓိကသော့ချက်ဖြစ်တယ်လို့ အဒေါ်က ကျွန်မတို့ကို မကြာခဏ ပြောခဲ့တယ်။ ကျွန်မ ဒီစကားတွေကို နှလုံးသားထဲမှာ စွဲမှတ်ထားခဲ့ပြီး၊ ဘာပဲဖြစ်ဖြစ်၊ ကိုယ်စာလေ့လာတာတွေကို လက်လျှော့လို့မဖြစ်ဘူးလို့ တွေးခဲ့တယ်။ ကျွန်မ တကယ်ကို စာကြိုးစားခဲ့ပြီး၊ နေမကောင်းတဲ့အချိန်မှာတောင် ကျောင်းကို မရမက သွားတက်ခဲ့တယ်။ ကျွန်မရဲ့အဆင့်တွေက အတန်းထဲမှာ အမြဲတမ်း ထိပ်ဆုံးကပဲ၊ ဆုတွေနဲ့ အောင်လက်မှတ်တွေလည်း အများကြီး ရခဲ့တယ်။
၂၀၂၀ ခုနှစ်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ကျွန်မ ဘုရားကျောင်းမသွားတော့ဘဲ၊ အိမ်မှာပဲ သမ္မာကျမ်းစာကို စဖတ်ခဲ့တယ်။ ဘုရားသခင်အတွက် ဘဝကို ရည်စူးပုံအပ်ခဲ့ကြတဲ့ သမ္မာကျမ်းစာထဲက သန့်ရှင်းတွေကြောင့် ကျွန်မ လှုံ့ဆော်တာခံခဲ့ရပြီး တဖြည်းဖြည်းနဲ့ ဘုရားသခင်ကို အစေခံချင်တဲ့ဆန္ဒ ကျွန်မမှာ ဖြစ်ပေါ်လာခဲ့တယ်။ စုဝေးဖို့ အဖွဲ့တွေကို အွန်လိုင်းမှာ ကျွန်မ စရှာခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဩဂုတ်လမှာ ဖေ့စ်ဘွတ်က သူငယ်ချင်းတစ်ယောက်က ကျွန်မကို အွန်လိုင်းစုဝေးပွဲတစ်ခု တက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ စုဝေးပွဲမှာ၊ သူတို့က ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်အကြောင်း သက်သေခံခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပထမဆုံးအကြိမ် ဖတ်လိုက်ရတဲ့အခါ၊ ကျွန်မ အရမ်းကို တို့ထိခံရပြီး စိတ်လှုပ်ရှားခဲ့တယ်၊ ဘာလို့လဲဆိုတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သြဇာအာဏာ ရှိခဲ့ပြီး အရင်က ကျွန်မနားမလည်ခဲ့တဲ့ နက်နဲမှုတွေ အများကြီးကို ထုတ်ဖော်ထားလို့ပါပဲ။ အကျိုးဆက်အနေနဲ့ အွန်လိုင်းစုဝေးပွဲတွေ တက်ဖို့ ကျွန်မ တကယ်ကို စိတ်အားထက်သန်လာခဲ့ပြီး အားလပ်ချိန်တွေမှာဆိုရင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ရုပ်ရှင်တွေ အများကြီးနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို ကြည့်ခဲ့တယ်။ ကျွန်မရဲ့စိတ်နှလုံးဟာ ဝမ်းမြောက်မှုတွေ၊ ထောက်ပံ့မှုတွေနဲ့ ပြည့်နေခဲ့တယ်။
မကြာခင်မှာပဲ၊ ကျွန်မက အွန်လိုင်းပေါ်ကနေ လူသစ်တွေကို ရေလောင်းပေးတာ လက်တွေ့လုပ်ဆောင်နေခဲ့ပြီ။ ကပ်ရောဂါကြောင့်၊ ကျွန်မရဲ့လေ့လာမှုတွေကို အွန်လိုင်းကနေပဲ ပြီးဆုံးအောင်လုပ်နိုင်ခဲ့ပြီး အားလပ်ချိန်တွေ အများကြီးရှိတော့၊ ကိုယ့်တာဝန်နဲ့ ပညာရေးကို မျှတအောင်လုပ်ရတာ သိပ်မခက်ခဲ့ဘူးပေါ့။ အချိန်ကြာလာတော့၊ ကျွန်မရဲ့တာဝန်တွေက စာလေ့လာတာတွေကို ထိခိုက်မှာကို ကျွန်မရဲ ဦးလေးနဲ့ အဒေါ်က စိုးရိမ်လာပြီး အွန်လိုင်းစုဝေးပွဲတွေ တက်တာကို ရပ်ခိုင်းခဲ့ကြတယ်။ ကျွန်မ နည်းနည်းတော့ စိုးရိမ်သွားပြီး၊ တွေးမိတာက၊ “ငါသာ အွန်လိုင်းစုဝေးပွဲတွေ တက်ခွင့်မရတော့ရင်၊ ကိုယ့်တာဝန်တွေကို ဘယ်လို ထမ်းဆောင်ရမှာလဲ။ လတ်တလောမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို လက်ခံလာတဲ့ လူသစ်တွေ ပိုများသထက် များလာနေပြီး၊ ငါသာ သူတို့ကို ကောင်းကောင်းမွန်မွန် ရေမလောင်းပေးရင်၊ သူတို့ရဲ့ အသက်တာတွေ ဆင်းရဲဒုက္ခခံစားရမှာပဲ။ အဲဒါဆို ငါ့အပြစ်ဖြစ်သွားမှာဖြစ်ပြီး ငါ့မှာ အပြစ်ရှိတဲ့ စိတ်ရှိသွားမှာ သေချာတယ်” လို့ပေါ့။ ဒီအကြောင်းကြောင့်ပဲ ကျွန်မ ကိုယ့်တာဝန်တွေကို ဆက်ပြီးထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ တစ်နေ့မှာတော့၊ ခေါင်းဆောင်က ကျွန်မကို အချိန်ပြည့် တာဝန်ထမ်းဆောင်ချင်သလားလို့ မေးတဲ့ စာတစ်စောင်ပို့လာတယ်။ နောက်ဆုံးမှာ ကျွန်မရဲ့အချိန်အားလုံးကို ဘုရားသခင်အတွက် အသုံးခံနိုင်တော့မှာဖြစ်ပြီး ကျွန်မရဲ့တစ်ဘဝလုံး ဘုရားသခင်ကို အစေခံချင်တဲ့ဆန္ဒလည်း ဖြစ်မြောက်တော့မှာဖြစ်လို့ ဒီစာကို ရတော့ ကျွန်မ အရမ်းကို ဝမ်းသာလုံးစို့သွားပြီး ချက်ချင်း သဘောတူလိုက်တယ်။ ဒါပေမဲ့ ကျွန်မမှာ စိုးရိမ်မှုတချို့လည်း ရှိနေခဲ့တယ်၊ ကျွန်မ တွေးမိတာက၊ “ငါသာ အချိန်ပြည့်တာဝန်ထမ်းဆောင်နေမယ်ဆိုရင်၊ ငါ့ရဲ့စာလေ့လာတာတွေက ဘာဖြစ်သွားမလဲ။ ငါ ကျောင်းထွက်လိုက်ရင်၊ ငါ့အနာဂတ်ကရော ဘယ်လိုဖြစ်သွားမှာလဲ။ ငါ့ဦးလေးနဲ့အဒေါ်ကရော ဘယ်လိုခံစားရမှာလဲ။ သူတို့က တစ်နေ့နေ့မှာ ငါ သူတို့ကို ပြန်စောင့်ရှောက်ဖို့၊ ပြီးတော့ သူတို့ရဲ့မေတ္တာနဲ့ ငါ့ကို ပြုစုပျိုးထောင်ခဲ့တဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ငါ ပြန်ဆပ်ဖို့ကိုလည်း မျှော်လင့်နေကြတုန်းပဲ” လို့ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်မ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ “မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းသည် အသင့်လျော်ဆုံးသောအရာဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင် အလှပဆုံး၊ တရားအမျှတဆုံးသောအရာ ဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ အသိအမှတ်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဤလူ့ကမ္ဘာတွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက် ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ လူသားမျိုးနွယ်အကြားတွင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းထက် ပို၍ အဓိပ္ပာယ်ရှိသော သို့မဟုတ် တန်ဖိုးရှိသောအရာ တစ်စုံတစ်ရာ မရှိပေ၊ ထို့ပြင် ဖန်ဆင်းခံလူသားတစ်ဦး၏ အသက်တာအတွက် ပိုကြီးမြတ်သော အဓိပ္ပာယ်နှင့် တန်ဖိုးကို ဆောင်ကြဉ်းပေးသည့်အရာလည်း တစ်ခုမျှ မရှိချေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင် အလှပဆုံးသောအရာဖြစ်ပြီး ယင်းသည် ၎င်းတို့အလယ်တွင် ချီးမွမ်းဖို့ရာ ပြောစမှတ်တွင်မည့် အဖြစ်အပျက်အဖြစ် ဖြန့်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက် ပျော်ရွှင်ခြင်းနှင့် အခွင့်ထူး နှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သော သူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အမှတ်ရထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။...ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ လာသည့်အခါ၊ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် အလွန်သင့်တော်သည့် အရာတစ်ခုဖြစ်ပြီး ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ ဖန်ဆင်းခံများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်ဟူသော အခြေခံအရ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် ပို၍ပင် ကြီးမြတ်သော အမှုကို ပြုတော်မူခဲ့ပြီး လူတို့အပေါ်တွင် နောက်ထပ် အမှုတော်တစ်ဆင့်ကို ဆောင်ရွက်တော်မူခဲ့လေသည်။ ထိုအမှုမှာ အဘယ်နည်း။ ကိုယ်တော်သည် လူသားမျိုးနွယ်အား သမ္မာတရားကို ပေးပြီး သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိစေကာ ထိုမှတစ်ဆင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး သန့်စင်ခြင်းခံရစေသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်လာပြီး ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းစေသည်၊ အဆုံး၌ ဘုရားသခင်ကို ကြောက်ရွံ့နိုင်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်၍ ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိသည့်အပြင် စာတန်၏ ဒုက္ခပေးခြင်းများကို မခံရတော့စေရန် အခွင့်ပေးလေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို တာဝန်များ ထမ်းဆောင်စေခြင်းအားဖြင့် ဘုရားသခင် ဖြစ်မြောက်အောင်မြင်ရန် ရည်ရွယ်သည့် နောက်ဆုံးအကျိုးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) “ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ဆက်ကပ်ထားခြင်း မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ တရားမျှတသော အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများ၏ ရှေ့မှောက်တွင် အရှက်ရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းဖို့နဲ့ သူ့ရဲ့ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာနဲ့စိတ်ကို ရည်စူးအပ်နှံခြင်းက ကျွန်မတို့ရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်တယ်လို့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောတယ်။ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာနဲ့စိတ်ကို ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်အတွက် ရည်စူးအပ်နှံခြင်းမရှိဘဲ ဇာတိပကတိအတွက်ပဲ ကျွန်မတို့ဘဝတွေကို ကုန်ဆုံးမယ်ဆိုရင်၊ ကျွန်မတို့ ဘဝတွေက အဓိပ္ပာယ်မရှိဘူး။ ဘုရားသခင်က ကျွန်မတို့ ကိုယ့်တာဝန်တွေကိုယ် ထမ်းဆောင်နိုင်ပြီး ကိုယ့်အချိန်ကိုယ် မဖြုန်းတီးဖို့ မျှော်လင့်တယ်။ ကျွန်မဟာ ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး၊ ကျွန်မရဲ့အသက်ဟာ ဘုရားသခင်ဆီက လာတာ၊ ဒါကြောင့် ကိုယ့်တာဝန်တွေကို ကျွန်မ ထမ်းဆောင်သင့်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်ခဲ့တာက၊ တာဝန်ထမ်းဆောင်ခြင်းဟာ ကယ်တင်ခြင်းနဲ့ စုံလင်ခြင်းကို ရရှိဖို့ လမ်းကြောင်းဖြစ်တယ်၊ ကိုယ့်တာဝန်တွေ ထမ်းဆောင်တာကို ရပ်လိုက်ရင် ကျွန်မရဲ့ဘဝက အနှစ်မဲ့သွားမှာဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာမခံရဘဲ အလဟဿ အသက်ရှင်နေတာဖြစ်မယ် ဆိုတာပါပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို သတ္တိတွေပေးခဲ့တယ်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ကျွန်မအသက်တာကို သူ့အတွက် ရည်စူးအပ်နှံချင်တဲ့ဆန္ဒ ကျွန်မမှာ ဖြစ်ပေါ်လာခဲ့တယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ကျွန်မရဲ့ စာလေ့လာတာတွေနဲ့အတူ အရာရာကို စွန့်လွှတ်ဖို့ ကျွန်မ လိုလားနေခဲ့ပေမဲ့ စာလေ့လာတာတွေကို စွန့်လွှတ်လိုက်ရင် ကိုယ့်အနာဂတ် ဘယ်လိုဖြစ်သွားမလဲဆိုတာကိုလည်း စိုးရိမ်မိခဲ့တယ်။ ဒီပလိုမာမရှိဘဲ အလုပ်ကောင်းတစ်ခု ရှာတွေ့နိုင်ပါ့မလား၊ နောင်တစ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်ပါ့မလားလို့ ကျွန်မ တွေးမိတယ်။ အဒေါ် ခဏခဏပြောတတ်တဲ့စကားကိုလည်း ကျွန်မ ပြန်သတိရမိတယ်၊ “ပညာရေးက ဘဝမှာ အရေးအကြီးဆုံးအရာပဲ။ အသိပညာဆိုတာ အဖိုးတန်ဆုံး ပိုင်ဆိုင်မှု၊ ဘယ်သူမှ ခိုးယူလို့မရတဲ့အရာတစ်ခုဖြစ်ပြီး တောက်ပတဲ့အနာဂတ်အတွက် သော့ချက်ပဲ” တဲ့။ ကျွန်မသာ စာလေ့လာတာတွေ ကောင်းကောင်း မလုပ်ခဲ့ရင် အလုပ်ကောင်းတစ်ခု ရှာနိုင်မှာမဟုတ်ဘူး၊ တည်ငြိမ်တဲ့ဘဝလည်း ရှိမှာမဟုတ်ဘူးလို့ တွေးမိတယ်။ ဒီလိုတွေးလိုက်တော့ ကျွန်မ ပိုပြီးတော့တောင် စိုးရိမ်ပူပန်လာခဲ့တယ်။ ဒီအချိန်မှာ ကျွန်မက အထက်တန်းကျောင်းပြီးဖို့ နှစ်လ၊ သုံးလလောက်ပဲ လိုတော့တာ၊ ဒါကြောင့် အထက်တန်းပညာရေးကို အရင်ဆုံး ပြီးအောင်လုပ်ချင်ခဲ့တယ်။ ဒီနည်းနဲ့ ကျွန်မက အသင်းတော်မှာ တာဝန်တွေထမ်းဆောင်ရင်း စာသင်ခဲ့တယ်။ နှစ်ခုလုံးကို တစ်ချိန်တည်းမှာ ကောင်းကောင်းလုပ်ချင်ခဲ့ပေမဲ့၊ တကယ်တမ်းတော့ အရမ်းခက်ခဲခဲ့တယ်။ တစ်ခါတလေ အိမ်စာလုပ်ရသလို၊ လူသစ်တွေကိုလည်း ရေလောင်းပေးရတော့၊ ကျွန်မရဲ့စိတ်နှလုံးက မငြိမ်သက်နိုင်ခဲ့ဘူး။ တစ်နေ့ကို ကျွန်မ မှတ်မိသေးတယ်၊ ကျောင်းက အိမ်စာနည်းနည်းပေးလိုက်တာ၊ ဘယ်လောက်များလဲ မြင်လိုက်ရတော့၊ ဒီအိမ်စာတွေအကုန်လုံးကို ပြီးအောင် ကြိုးစားလုပ်နေရရင် ငါ့ရဲ့တာဝန်တွေက ဘယ်လိုဖြစ်သွားမလဲလို့ တွေးမိတယ်။ ဒါ့အပြင်၊ ကျွန်မ သင်ယူနေတဲ့စာတွေကို ဖတ်တဲ့အခါ၊ ကျွန်မ အရမ်းကို မသက်မသာဖြစ်ခဲ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သင်ရိုးရဲ့ အကြောင်းအရာအများစုက သမ္မာတရားနဲ့မကိုက်ညီဘူး၊ တချို့ဆိုရင် သမ္မာတရားကို ဆန့်ကျင်ပြီး ဘုရားသခင်တည်ရှိမှုကိုတောင် ငြင်းဆိုထားတာတွေလေ။ ဒါက ကျွန်မကို အရမ်းနာကျင်စေပြီး စိတ်ထဲမှာ မငြိမ်မသက်ဖြစ်စေခဲ့တယ်။ ကျွန်မက ကမ္ဘာနှစ်ခုမှာ နေထိုင်နေရသလိုပဲ၊ အလင်းကမ္ဘာနဲ့ အမှောင်ကမ္ဘာပေါ့။ ခြေတစ်ဖက်က အလင်းထဲမှာ၊ နောက်တစ်ဖက်က အမှောင်ထဲမှာ ရပ်နေသလိုမျိုးခံစားရတယ်။ ဒီအချိန်မှာ၊ ကျွန်မရဲ့ပညာရေးနဲ့တာဝန်တွေကြားမှာ ရွေးချယ်မှုတစ်ခု လုပ်ရမယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်မ သဘောပေါက်ခဲ့တယ်။
ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “လူအချို့က ကောလိပ်တွင် မေဂျာ ကောင်းကောင်းကို ရွေးချယ်ပြီး သူတို့ဘဝခရီးတွင် အောင်မြင်သည့် ပထမခြေလှမ်းကို လှမ်းရင်း ဘွဲ့ရပြီးနောက် ကျေနပ်စရာကောင်းသည့်အလုပ်ကို ရှာဖွေ တွေ့ရှိခြင်းဖြင့် အဆုံးသတ်ကြသည်။ လူအချို့က ပညာအမျိုးမျိုးကို သင်ယူပြီး ကျွမ်းကျင်သော်လည်း အသက်မွေးမှုလုပ်ငန်းတစ်ခု ရှိဖို့မပြောနှင့်၊ သူတို့နှင့် သင့်တော်သည့် အလုပ် သို့မဟုတ် သူတို့၏ ရာထူးနေရာကို လုံးဝရှာမတွေ့ကြချေ။ သူတို့၏ ဘဝခရီးအစတွင် အလှည့်အပြောင်းတိုင်း၌ ပိတ်ပင်တားဆီးခံရကာ၊ ဒုက္ခ ပြဿနာများဖြင့် ဝန်းရံခံရသည်ကို တွေ့ရပြီး၊ သူတို့ရှေ့ရေးသည် စိတ်ပျက်စရာဖြစ်လာကာ၊ သူတို့၏ဘဝများသည် သေချာမှုမရှိပေ။ လူအချို့တို့သည် လုံ့လရှိရှိနှင့် ၎င်းတို့၏ လေ့လာသင်ယူမှုများ၌ အားထုတ်ကြသည်၊ သို့သော်လည်း ပိုမြင့်သည့် ပညာရေးရရန် သူတို့၏ အခွင့်အရေးအားလုံး သီသီကလေး လွဲချော်ကြလေသည်။ ၎င်းတို့သည် ဘယ်သောအခါမျှ အောင်မြင်မှုမရရန် ကံစီမံရာ ဖြစ်ပုံရလေသည်၊ သူတို့ဘဝခရီးတွင် သူတို့၏ပထမဆုံး စိတ်အားထက်သန်မှုသည် လေထဲ ပျောက်ကွယ်သွားသည်။ ရှေ့မှာရှိသည့်လမ်းက ချောမွေ့ခြင်း သို့မဟုတ် ကြမ်းတမ်းခြင်း ရှိမရှိဆိုသည်ကို မသိဘဲ လူသား၏ ကံတရားက မည်မျှ ပြောင်းလဲနိုင်မှုများဖြင့် ပြည့်သည်ကို ပထမဆုံးအကြိမ် သူတို့ခံစားကြရပြီး ဘဝကို မျှော်လင့်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ဖြင့် မှတ်ယူကြသည်။ လူအချို့တို့က ပညာသိပ်ကောင်းကောင်း မတတ်ကြသော်လည်း စာအုပ်များရေးပြီး အောင်မြင်မှု အတိုင်းအတာတစ်ခု ရရှိကြသည်။ တချို့ကတော့ လုံးဝနီးနီး စာမတတ်သော်လည်း စီးပွားရေးဖြင့် ငွေရှာပြီး ဤနည်းနှင့် သူတို့ကိုယ်သူတို့ ထောက်ပံ့နိုင်သည်။ လူတစ်ယောက်က မည်သည့်အလုပ်အကိုင် ရွေးချယ်သည်၊ မည်သို့ အသက်မွေးဝမ်းကျောင်း ပြုသည်၊ ဤအရာများ၌ ကောင်းမွန်သည့် ရွေးချယ်မှု သို့မဟုတ် မကောင်းသည့် ရွေးချယ်မှုကို လုပ်ဆောင်ခြင်း ရှိမရှိဆိုသည့်အပေါ် လူတို့အနေဖြင့် ထိန်းချုပ်မှုတစ်ခုတလေ ရှိကြသလော။ ဤအရာများသည်လူတို့၏ စိတ်ဆန္ဒများ၊ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီကြသလော။ လူအများစုက အလုပ်နည်းနည်းလုပ်ပြီး ပိုက်ဆံများများရချင်ကြသည်။ နေထဲ မိုးထဲတွင် မလုပ်ဖို့၊ အဝတ်ကောင်းကောင်းဝတ်ဖို့၊ နေရာတိုင်း၌ လင်းလက်တောက်ပနေဖို့၊ တခြားလူများအား လွှမ်းမိုးဖို့၊ သူတို့၏ ဘိုးဘေးများကို ဂုဏ်တက်စေရန် ဆန္ဒရှိကြသည်။ ပြီးပြည့်စုံခြင်းကို လူတို့ မျှော်လင့်ကြသည်၊ သို့သော်လည်း သူတို့ဘဝခရီးတွင် ပထမခြေလှမ်းကို စလှမ်းသည့်အခါ လူသား၏ကံတရားက အဘယ်မျှ ပြည့်စုံခြင်းမရှိသည်ကို တဖြည်းဖြည်း နားလည်လာ ကြပြီး လူတစ်ယောက်သည် သူ၏အနာဂတ်အတွက် ရဲရင့်သော အစီအစဉ်များကို ပြုလုပ်နိုင်သော်လည်း၊ လူတစ်ယောက်သည် ရဲတင်းသည့် စိတ်ကူးယဉ်အိပ်မက်များ သိုထားနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်အိပ်မက်များကို အကောင်အထည်ဖော်ဖို့ မည်သူမျှ အရည်အချင်း သို့မဟုတ် တန်ခိုးအာဏာမရှိကြသကဲ့သို့ မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို ထိန်းချုပ်နိုင်သည့် နေရာတွင် မရှိသည့်အချက်ကို ပထမဆုံးအကြိမ် အမှန်တကယ် သဘောပေါက်လာကြသည်။ လူတစ်ယောက်၏ အိပ်မက်နှင့် သူရင်ဆိုင်ရမည့် လက်တွေ့အရှိတရားတို့ကြား အကွာအဝေးတချို့ အမြဲရှိနေပါလိမ့်မည်။ အမှုအရာများသည် လူတစ်ယောက် ဖြစ်စေချင်သည့်အတိုင်း ဘယ်သောအခါမှ မဖြစ်သကဲ့သို့ ထိုသို့သော လက်တွေ့အရှိတရားများနှင့် ရင်ဆိုင်ရလျက်၊ လူတို့သည် စိတ်ကျေနပ်မှု သို့မဟုတ် ရောင့်ရဲမှုကို ဘယ်သောအခါမျှ မရရှိကြချေ။ တချို့လူတို့သည် စိတ်ကူးလို့ရသည့် မည်သည့် အတိုင်းအတာအထိမဆို သွားကြလိမ့်မည်၊ သူတို့၏ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးပမ်းမှုတစ်ခုအနေဖြင့် သူတို့၏ အသက်မွေးဝမ်းကျောင်းနှင့် အနာဂတ်အတွက် ကြီးမားသည့် အားစိုက်မှုများ ပြုလုပ်ပြီး ကြီးမားသည့် စွန့်လွှတ်မှုများ ပြုလုပ်ကြပေလိမ့်မည်။ သို့သော်လည်း အဆုံးတွင်၊ သူတို့၏ ကိုယ်ပိုင်ကြိုးစားမှုများအားဖြင့် ၎င်းတို့၏ အိပ်မက်များနှင့် စိတ်ဆန္ဒများကို အကောင်အထည် ဖော်နိုင်လျှင်ပင်၊ ၎င်းတို့၏ ကံကြမ္မာတွေကို ဘယ်သောအခါမျှ ၎င်းတို့ မပြောင်းလဲနိုင်ပေ။ မည်မျှပင်ဇွဲကြီးကြီးနှင့် ကြိုးစားပါစေ ကံတရားက သူတို့ကို ပိုင်းခြားသတ်မှတ်ပေးသည်ထက် ဘယ်သောအခါမျှ ကျော်လွန် နိုင်မည်မဟုတ်ပေ။ ၎င်းတို့၏ အရည်အချင်းများနှင့် ဉာဏ်ရည်တို့တွင် ကွဲပြားမှုများရှိပါစေ၊ ၎င်းတို့၌ စိတ်ပိုင်းဖြတ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လူတို့သည် ကံကြမ္မာ၏ရှေ့မှောက်တွင် အားလုံး တန်းတူညီတူဖြစ်ကြပြီး ထိုနေရာတွင် ၎င်းတို့ကို ကြီးမြတ်သူနှင့် သေးနုပ်သူ၊ မြင့်မြတ်သူနှင့် နိမ့်ကျသူ၊ ဂုဏ်သရေရှိသူနှင့် ယုတ်ညံ့သူဟူ၍ မခွဲခြားပေ။ လူတစ်ဦး လုပ်ကိုင်သည့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းပြုသည့်အရာနှင့် ဘဝတွင် ပိုင်ဆိုင်သည့် ဥစ္စာဓနမည်မျှသည် ၎င်းတို့၏ မိဘများ၊ ၎င်းတို့၏ အရည်အချင်းများ သို့မဟုတ် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများနှင့် ရည်မှန်းချက်များအပေါ် မူမတည်ပေ၊ ယင်းမှာ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအပေါ် မူတည်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ကံကြမ္မာနဲ့ အနာဂတ်ဟာ ကိုယ့်လက်ထဲမှာမရှိဘူး၊ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာလည်း မမူတည်ဘူးဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဒီအရာတွေကို ဖန်ဆင်းရှင်က အလုံးစုံ အဆုံးအဖြတ်ပေးတာပါ။ အသိပညာက တောက်ပတဲ့အနာဂတ်နဲ့ နှိုင်းမရတဲ့ ချမ်းသာကြွယ်ဝမှုအတွက် သော့ချက်ပဲလို့ ကျွန်မရဲ့အဒေါ်က အမြဲပြောခဲ့တယ်၊ ဒီစကားတွေက ကျွန်မရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့ပြီး ဒါက အမှန်တရားပဲလို့ ယုံကြည်ခဲ့မိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ပညာရေးကိုတော့ မရပ်ရဘူးလို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ခဏခဏ ပြောခဲ့တယ်၊ ဒါက အောင်မြင်တဲ့အနာဂတ်အတွက် သော့ချက်ဖြစ်တယ်၊ နောက်ပြီး စာလေ့လာတာကို ရပ်လိုက်ရင် ကျွန်မရဲ့ကံကြမ္မာက ပြောင်းလဲသွားမှာမဟုတ်ဘူးလေ။ ကျွန်မ ဆင်းဆင်းရဲရဲနဲ့ မကြီးပြင်းချင်ဘူး၊ ဆင်းဆင်းရဲရဲနဲ့လည်း မသေချင်ဘူး၊ ဒါကြောင့် စာကြိုးစားခဲ့တယ်။ ဒါပေမဲ့ အခုမှ ကျွန်မ သဘောပေါက်လာတာက၊ ကျွန်မနှလုံးသားထဲမှာ သွင်းထားခံခဲ့ရတဲ့စကားတွေဟာ လူတွေကို အထင်အမြင်မှားစေဖို့ စာတန်အသုံးပြုတဲ့စကားတွေပဲ၊ လူတွေကို ဘုရားသခင်အပေါ် ဆန့်ကျင်စေပြီး သူရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ငြင်းပယ်စေတယ်၊ ကောင်းတဲ့ကံကြမ္မာဆိုတာ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်တယ်၊ လူတစ်ယောက်ရဲ့ကံကြမ္မာဟာ ကိုယ့်လက်ထဲမှာပဲရှိတယ်လို့ ကျွန်မတို့ကို ယုံကြည်အောင်လုပ်ပြီး၊ လူသားရဲ့ကံကြမ္မာဟာ ဖန်ဆင်းရှင်ရဲ့လက်ထဲမှာရှိတယ်ဆိုတဲ့ သမ္မာတရားကို ငြင်းပယ်စေခဲ့တာပဲ။ ပညာအရည်အချင်းမြင့်မားတဲ့ ဒါမှမဟုတ် ဘာသာရပ်ကောင်းတွေ သင်ယူခဲ့တဲ့လူတွေအများကြီးဟာ ဘာဖြစ်လို့၊ သူတို့ရဲ့မျှော်လင့်ချက်တွေနဲ့ သိသိသာသာ ကွဲလွဲနေတဲ့ အသက်မွေးဝမ်းကျောင်း၊ ချမ်းသာကြွယ်ဝမှုတွေနဲ့ ဇာတ်သိမ်သွားလဲဆိုတာကို ကျွန်မ တွေးမိတယ်။ တချို့က ဘွဲ့ရပြီးနောက်မှာ အိမ်ဖော်တွေဖြစ်သွားကြတယ်၊ တချို့က လယ်သမားတွေ၊ တချို့က စျေးရောင်းတဲ့သူတွေ ဖြစ်လာပြီး တချို့က အလုပ်တောင် ရှာမတွေ့နိုင်ဘူး။ တစ်ဖက်မှာလည်း၊ စာလုံးဝမသင်ခဲ့တဲ့ ဒါမှမဟုတ် အနည်းဆုံးတော့ စာမကြိုးစားခဲ့တဲ့လူတွေအများကြီးက၊ အခုတော့ သူဌေးတွေ၊ နာမည်ကြီးတွေ ဖြစ်နေကြတယ်။ ဒီအရာတွေကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ ကျွန်မတို့ရဲ့ကံကြမ္မာတွေဟာ ကိုယ့်လက်ထဲမှာမဟုတ်ဘဲ၊ ဘုရားသခင်ရဲ့လက်ထဲမှာပဲ ရှိတယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ သခင်ယေရှုပြောခဲ့သလိုပဲ။ “ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။” (ရှင်မဿဲခရစ်ဝင် ၆:၂၅-၂၆) ဘုရားသခင်ဟာ ကျွန်မတို့လိုအပ်သမျှရဲ့ အရင်းအမြစ်ဖြစ်တယ်၊ ကိုယ်တော်က ကျွန်မတို့ရဲ့လိုအပ်ချက်အားလုံးကို ထောက်ပံ့ပေးတယ်၊ ကျွန်မ ဘာကိုမှ စိုးရိမ်စရာမလိုဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ ကျွန်မရဲ့အနာဂတ်အတွက်တော့ ကျွန်မမှာ စားစရာရှိမလား၊ နေစရာအိမ်ရှိမလား၊ ဒါမှမဟုတ် အလုပ်ကောင်းတစ်ခု ရှာတွေ့မလားဆိုတာတွေ၊ ကျွန်မ စိုးရိမ်စရာမလိုဘူး၊ ကျွန်မလုပ်ရမှာက ဘုရားသခင်ကို ရှာဖွေပြီး အရာအားလုံးကို ကိုယ်တော့်ဆီ အပ်နှံလိုက်ဖို့ပဲ လိုတယ်၊ ဘုရားသခင်က အရာရာကို စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးလိမ့်မယ်။ အဲဒီအချိန်မှာ ကျွန်မ စိတ်အေးလက်အေးဖြစ်သွားတယ်၊ ပြီးတော့ ကိုယ့်ရဲ့ပညာရေးကို ရပ်တန့်ပြီး ကိုယ့်တာဝန်တွေအပေါ်မှာ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မမိသားစုက သဘောတူမှာမဟုတ်မှာကို စိုးရိမ်ခဲ့ပြီး သူတို့အပေါ် တစ်ခုခု အကြွေးတင်နေသလိုလည်း ခံစားခဲ့ရတယ်။ သူတို့ ကျွန်မကို ပြုစုပျိုးထောင်ဖို့အတွက် အများကြီး ဒုက္ခခံခဲ့ကြရတယ်။ ကျွန်မဦးလေးဆိုရင် ကျွန်မတို့ကို ထောက်ပံ့ဖို့ ပိုက်ဆံပိုရအောင် အချိန်ပိုအလုပ်ဆင်းတာတွေ၊ အချိန်ပိုင်းအလုပ်လုပ်တာတွေ ခဏခဏ လုပ်ခဲ့ရတယ်။ တစ်ခါတလေဆိုရင် ကျွန်မတို့မှာ စားစရာအလုံအလောက်ရှိအောင် သူကိုယ်တိုင်မစားဘဲတောင် နေခဲ့တယ်။ ဒီအတွေးတွေက ကျွန်မကို အရမ်းစိတ်ဆင်းရဲစေတယ်၊ ဒါပေမဲ့ သူတို့ကို ကျေးဇူးဆပ်ဖို့အတွက် ကိုယ့်တာဝန်တွေကို စွန့်လွှတ်လိုက်မယ်ဆိုရင်လည်း၊ ကျွန်မရဲ့ အသိစိတ်က နေမထိထိုင်မထိ ဖြစ်နေမှာပဲ။
နောက်ပိုင်းမှာ၊ ကျွန်မရဲ့ပြဿနာကို ဖြေရှင်းပေးခဲ့တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်သည် ဤလူ့လောကကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းမှု အတွင်းတွင်သာ တည်နေရန် သတ်မှတ်ခြင်းခံခဲ့ရသည်။ သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်မှာ ဘုရားသခင်၏ ဇီဝအသက်ဖြစ်၏။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ တည်ရှိပြီး ကြီးပြင်းသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် မိဘများ၏ ကျွေးမွေးစောင့်ရှောက်ခြင်း ကျေးဇူးတရားအောက်တွင် ကြီးပြင်းလာပြီး သူ၏ကြီးပြင်းမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လှုံ့ဆော်ပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူ့အသက်၏ တည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်ကြောင်းသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ပံ့ပိုးမှုတို့ကို လူသားသည် လုံးဝ သတိမမူမိပေ၊ ပြီးလျှင် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်မှာ ဤနည်းဖြင့်ဖြစ်လေသည်။...ဘုရားသခင်၏ နေ့ညမပြတ် စောင့်ကြည့်ခြင်းကို ခံရသော လူသားတစ်ဦးတစ်ယောက်မျှ ကိုယ်တော့်အား ကိုးကွယ်ရန် မိမိအသိစိတ်ဖြင့် အစပြု၍ မလုပ်ဆောင်ချေ။ ဘုရားသခင်သည် မည်သည့်မျှော်လင့်ချက်မျှ မထားသော လူသားအပေါ်၌ မိမိအစီအစဉ်ရှိသည့်အတိုင်း အမှုတော်ကို ဆောင်ရွက်ရုံသာ ဖြစ်၏။ ကိုယ်တော်သည် ထိုသို့ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထလာပြီး အသက်၏ တန်ဖိုးနှင့် အနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ သူ့အား ကိုယ်တော် ပေးသနားတော်မူခဲ့သော အရာအားလုံးအတွက် ဘုရားသခင် ပေးဆပ်ခဲ့ရသည့် အဖိုးအခကိုလည်းကောင်း၊ လူသားသည် ကိုယ်တော့်ထံ ပြန်လည်လှည့်လာရန် ဘုရားသခင်သည် ပြင်းပြစွာ တောင့်တတော်မူသည်ကိုလည်းကောင်း ရုတ်တရက် သဘောပေါက်နားလည်လာလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားသခင်က လူတိုင်းကို ထောက်ပံ့ပေးနေတာဖြစ်ပြီး ကျွန်မတို့ကို ကျွန်မတို့ မိသားစုတွေက စောင့်ရှောက်နေတယ်လို့ ထင်ရပေမဲ့ နောက်ကွယ်မှာ၊ ကိစ္စတွေကို စီစဉ်ပြီး ကျွန်မတို့ ဘဝတစ်လျှောက်လုံးမှာ ကျွန်မတို့ကို စောင့်ရှောက်နေတာက ဘုရားသခင်ဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့ရတယ်။ ကျွန်မ ရုတ်တရက် ပြန်သတိရသွားတယ်၊ ကျွန်မနဲ့ ကျွန်မအစ်မတွေ ကလေးဘဝတုန်းက၊ မိဘတွေရဲ့စောင့်ရှောက်မှုမရှိဘဲနဲ့တောင် ကျွန်မတို့ ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ကြရတယ်။ ဘယ်နေရာမှာပဲနေနေ၊ ကျွန်မတို့တွေ့တဲ့လူတွေက အမြဲတမ်း ကြင်နာတတ်ပြီး ကျွန်မတို့ကို သူတို့ရဲ့သားသမီးအရင်းတွေလိုပဲ ဆက်ဆံခဲ့ကြတယ်။ ကျွန်မ ခုနှစ်နှစ်အရွယ်တုန်းက ကျွန်မနဲ့ ကျွန်မရဲ့အမ တစ်ခါ လမ်းဖြတ်ကူးနေတုန်း၊ ကားတစ်စီးက ရုတ်တရက် မောင်းလာပြီး ကျွန်မတို့ကို တိုက်မိတော့မလို ဖြစ်သွားခဲ့တာကိုလည်း အမှတ်ရမိတယ်။ ကျွန်မနဲ့ကျွန်မရဲ့အစ်မက အရမ်းကြောင်ပြီး မလှုပ်နိုင်ဖြစ်သွားတယ်၊ ဒါပေမဲ့ ကားက ရုတ်တရက် ရပ်သွားပြီး ကျွန်မတို့ ဘာမှမဖြစ်ခဲ့ဘူး။ နောက်တစ်ခါလည်း၊ လမ်းဖြတ်ကူးနေတုန်း သုံးဘီးစက်ဘီးတစ်စီးနဲ့ တိုက်မိတော့မလိုဖြစ်ခဲ့သေးတယ်၊ အဲဒီစက်ဘီးကလည်း ရုတ်တရက် ရပ်သွားပြီး ကျွန်မ ဘာမှမထိခိုက်ခဲ့ပြန်ဘူး။ ဒီအဖြစ်အပျက်တွေကို တွေးမိတော့ ကျွန်မ ထိန်းမနိုင်သိမ်းမရ ငိုမိတယ်။ ဘုရားသခင်က ကျွန်မဘေးမှာ ကျွန်မကို အမြဲစောင့်ရှောက်ပြီး ကာကွယ်ပေးနေခဲ့ပေမဲ့ ကျွန်မက အဲဒါကို သဘောမပေါက်ခဲ့ဘူး။ ကျွန်မပိုင်ဆိုင်သမျှအရာအားလုံးဟာ ဦးလေးနဲ့အဒေါ်ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ကြိုးစားပမ်းစားလုပ်ဆောင်မှုတွေရဲ့ ရလဒ်လို့ပဲ ကျွန်မ ထင်ခဲ့တယ်။ သူတို့အပေါ်ထားတဲ့ ဒီကျေးဇူးတင်စိတ်က ကျွန်မစိတ်ထဲကနေ ဘယ်တော့မှမထွက်သွားခဲ့ဘဲ သူတို့ကို ကျေးဇူးဆပ်ဖို့ မျှော်လင့်ခဲ့တယ်။ ကျွန်မပိုင်ဆိုင်သမျှဟာ ဘုရားသခင်ရဲ့မေတ္တာနဲ့ ကြည့်ရှုစောင့်ရှောက်မှုကြောင့်ဖြစ်ပြီး၊ ကျွန်မရဲ့ ချစ်ခြင်းနဲ့ ကျေးဇူးတင်စိတ်ကို အခံထိုက်ဆုံးသူက ဘုရားသခင်ပဲဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ကျွန်မမှာ ဝတ္တရားနဲ့ တာဝန်ရှိတယ်။ အဲဒီနောက်မှာ ကျွန်မရဲ့ဆုံးဖြတ်ချက်ကို ကျွန်မရဲ့ မိသားစုဆီ ပြောပြဖို့ သတ္တိပေးပါလို့ ဘုရားသခင်ဆီ တောင်းလျှောက်ရင်းနဲ့ ဆုတောင်းခဲ့တယ်။
တစ်ညနေမှာ၊ ကျွန်မ အဒေါ့်ဆီကို စာတိုတစ်ခု ပို့ခဲ့တယ်၊ ဒီလိုရေးထားတာပါ။ “အဒေါ်ရေ၊ သမီးငယ်ငယ်တုန်းက၊ အဘွားက သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ကျွန်မနဲ့အစ်မတွေကို ဝေမျှခဲ့တယ်၊ ဘုရားသခင်ဆီ ဘယ်လိုဆုတောင်းရမလဲဆိုတာ သင်ပေးခဲ့တယ်၊ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်တယ်ဆိုတာကို နားလည်စေခဲ့တယ်။ ဘုရားသခင်ဟာ ဘယ်လောက် အံ့ဩဖို့ကောင်းပြီး ကောင်းမြတ်တယ်၊ သူက လူသားမျိုးနွယ်အတွက် အရာရာကို စတေးခဲ့တယ်ဆိုတာနဲ့ သမီးတို့မှာ အပြစ်တွေ ဘယ်လောက်ပဲရှိရှိ သူက ခွင့်လွှတ်တယ်ဆိုတာတွေကို သမီး မြင်ခဲ့တယ်။ ဘုရားသခင်က သမီးတို့အတွက် အရာအားလုံးကို လုပ်ပေးနေမှတော့၊ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအတွင်းမှာ သမီးတို့ လူတွေက ဘာဖြစ်လို့ ကိုယ့်တာဝန်တွေကို မထမ်းဆောင်နိုင်ရမှာလဲ။ ဒါကြောင့် သမီး ဘုရားသခင်ကို အစေခံဖို့ ဆုံးဖြတ်လိုက်ပါပြီ။ သခင်ဘုရားက ထပ်ပြီး လူ့ဇာတိခံယူခဲ့ပြီ၊ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ၊ လူတွေကို အပြစ်ကနေ လွတ်မြောက်စေဖို့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို လုပ်ဆောင်နေပါတယ်။ သမီးရဲ့အချိန်အားလုံးကို ကိုယ့်တာဝန်တွေအတွက်နဲ့ ဘုရားသခင်ကိုပေးထားတဲ့ ကတိအတိုင်း ဖြည့်ဆည်းဖို့အတွက် ရည်စူးအပ်နှံချင်ပါတယ်။ အဒေါ်က သမီးရဲ့ဆုံးဖြတ်ချက်ကို လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပေါ့။ ဒီစာကို ပို့ပြီးတဲ့နောက်မှာ၊ လည်ချောင်းထဲက ဆူးတစ်ချောင်း ဖယ်ရှားခံလိုက်ရသလို ခံစားလိုက်ရပြီး၊ ကျွန်မ နေလို့ထိုင်လို့ အများကြီး ပိုကောင်းသွားတယ်။
နောက်တစ်နေ့မနက်မှာ၊ အဒေါ်က ကျွန်မကို ပြောတယ်၊ “ရှာရာ၊ ဒါက နင့်ရဲ့ဆုံးဖြတ်ချက်ဆိုတာ သေချာရဲ့လား။ နင့်အနာဂတ်ကရော ဘယ်လိုလုပ်မလဲ။ နင့်ဦးလေးက နင့်အတွက် ဒီလောက်ထိ လုပ်ပေးခဲ့ရတာ၊ နင်က ပညာရေးကို ဒီလောက်လွယ်လွယ်နဲ့ စွန့်လွှတ်လိုက်တာလား” တဲ့။ အဒေါ်က နာကျင်စရာ စကားတွေ အများကြီးလည်း ပြောခဲ့သေးတယ်၊ သူပြောတဲ့စကားတွေကြောင့် ကျွန်မ အရမ်းကို ထိခိုက်နာကျင်သွားတယ်။ ပြီးတော့ အဒေါ်က ကျွန်မကိုမေးတယ်၊ “နင် စာသင်ဦးမှာလား” တဲ့။ ကျွန်မက ပြန်ဖြေလိုက်တယ်၊ “ဟင့်အင်း၊ မသင်တော့ဘူး” လို့ပေါ့။ ဒါကိုကြားတော့ အဒေါ်က အရမ်းစိတ်ဆိုးပြီး အသံကျယ်ကြီးနဲ့ ပြောလာတယ်၊ “ဘာ...နင် စာမသင်တော့ဘူးလား။ နင် ဘာတွေစဉ်းစားနေတာလဲ။ နင့်ဦးလေးနဲ့ငါ နင့်ကိုကျောင်းထားဖို့ အရမ်းကို ကြိုးစား အလုပ်လုပ်ခဲ့ရတာ၊ နင်က ငါတို့ကို ဒီလိုပြန်ဆက်ဆံတာလား။ နင်က ညီအစ်မသုံးယောက်ထဲမှာ အကြင်နာတတ်ဆုံးနဲ့ အတော်ဆုံးလို့ ငါအမြဲထင်ခဲ့တာ၊ ဒါပေမဲ့ ငါမှားသွားပုံပဲ။ နင်က ငါတို့ကို တကယ်ကို စိတ်ပျက်စေတာပဲ” တဲ့။ သူတို့ ကျွန်မအတွက် အဖိုးအခ အများကြီး ပေးဆပ်ခဲ့တယ်ဆိုတာကို ကျွန်မသိခဲ့တာမို့၊ ကျွန်မရဲ့မျက်ရည်တွေကို ထိန်းမနိုင်ဘဲ ကျလာခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်တာဝန်တွေကို ရွေးချယ်ခဲ့တာကလည်း မှန်တယ်လို့ ကျွန်မ ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်ပဲ ရှင်းပြဖို့ ကြိုးစားပါစေ၊ အဒေါ်က ကျွန်မကို ဘယ်လိုမှ နားမလည်ခဲ့ဘူး။ နောက်ပိုင်း မီးဖိုချောင်ထဲမှာ၊ ကျွန်မ ညီအစ်မတစ်ယောက်ဆီ စာပို့လိုက်တယ်၊ ကျွန်မ ဖြတ်သန်းနေရတာတွေကို သူ့ကို ပြောပြလိုက်တယ်။ အဲဒီညီအစ်မက ကျွန်မကို အားပေးပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ပို့ပေးခဲ့တယ်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ ဘာသာတရားမရှိသော ဆွေမျိုးများနှင့်ကြုံလျှင် စည်းမျဉ်းရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို သင် အမှီပြုရမည်ဖြစ်ပြီး စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ အောင်မြင်ခွင့် မပေးနှင့်။ သင်၏ စိတ်နှလုံးကို ငါ့ရှေ့မှောက်၌ ထားရှိရန် သင်၏ စွမ်းအားရှိသမျှကို အသုံးပြုလော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်၍ သင်၏ စိတ်နှလုံးအား ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပေးမည်။ သင်သည် အခြားသူတို့ထံ မည်သို့ရှိသည်ကို ဂရုမစိုက်လင့်။ ငါ့ကို ကျေနပ်စေခြင်းသည် ပို၍ တန်ဖိုးရှိပြီး အရေးပါသည် မဟုတ်လော။ ယင်းသည် သင့်အား ထာဝရနှင့် တစ်သက်တာ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတို့ကို ထို့ထက်မက ဆောင်ကြဉ်းပေးမည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့နှလုံးသားကို တို့ထိပြီး ခွန်အားပေးခဲ့တယ်၊ ဘုရားသခင်က ကျွန်မကို အားပေးနေတယ်၊ သတိပေးနေတယ်၊ တိုက်တွန်းနှိုးဆော်နေတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ စာတန်က ကျွန်မကို သွေးဆောင်ပြီး တိုက်ခိုက်ဖို့ ကျွန်မမိသားစုကို အသုံးချနေတာပဲဆိုတာ ကျွန်မသိခဲ့တယ်၊ ကျွန်မကို အားနည်းအောင်လုပ်ပြီး နောက်ဆုတ်စေချင်ခဲ့တာလေ၊ ဒါပေမဲ့ ကျွန်မ စာတန်ကို အရှုံးမပေးနိုင်ဘူး။ ကျွန်မမိသားစုက ကျွန်မကို ဘယ်လိုပဲဆက်ဆံပါစေ၊ စာတန်ကို အရှက်ခွဲဖို့ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ စာတန်က သမီးကို တိုက်ခိုက်နေပါတယ်၊ သမီးက အားနည်းပြီး အစွမ်းမဲ့ပါတယ်။ ကျေးဇူးပြုပြီး သမီးကို ခွန်အားပေးပါ၊ သမီးရဲ့စိတ်နှလုံးကို စောင့်ရှောက်ပြီး စာတန်ရဲ့ အကြံအစည်တွေကနေ ကာကွယ်ပေးပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ ကျွန်မ သတ္တိတွေရလာပြီး ဖြစ်လာမယ့်အခြေအနေကို ရင်ဆိုင်ဖို့ ဘုရားသခင်ကို အားကိုးလိုစိတ်ရှိလာခဲ့တယ်။ ခဏကြာတော့ ကျွန်မဦးလေး ပြန်ရောက်လာတယ်။ ဦးလေးကိုမြင်တော့၊ ကျွန်မ မနေနိုင်ဘဲ စိတ်လှုပ်ရှားမိပြန်တယ်။ ဦးလေးက ပြောတယ်၊ “နင်က အသင်းတော်မှာ ဘုရားသခင်ကို သွားပြီး အစေခံချင်တယ်။ တကယ် အဲဒီလိုဆန္ဒရှိတာလား” တဲ့။ ကျွန်မ ခေါင်းညိတ်လိုက်တယ်။ သူကထပ်မေးတယ်၊ “နင့်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ နင်သေချာလား” တဲ့။ ကျွန်မက “ဟုတ်ကဲ့” လို့ ဖြေလိုက်တယ်။ ဦးလေးက အရမ်းစိတ်ဆိုးမှာပဲလို့ ကျွန်မထင်ခဲ့တာ၊ ဒါပေမဲ့ အံ့သြစရာကောင်းတာက သူကပြောတယ်၊ “ကောင်းပြီလေ၊ အဲဒါ နင့်ရဲ့ဆုံးဖြတ်ချက်ဆိုရင် ငါမတားတော့ပါဘူး။ ရှာရာ၊ ငါ နင့်အမေကို ကတိပေးခဲ့တယ်၊ နင်နဲ့နင့်အစ်မတွေကို ငါစောင့်ရှောက်မယ်၊ နင်တို့ကို သေချာ ပညာသင်ပေးမယ်လို့ပေါ့၊ အခု ငါအဲဒါတွေ နင့်ကိုပေးပြီးသွားပြီ၊ နင့်ရဲ့ဆုံးဖြတ်ချက်ကို ငါထပ်ပြီး ဝင်မစွက်ဖက်တော့ဘူး။ နင့်ရဲ့ဆုံးဖြတ်ချက်အတွက် နောင်တမရသရွေ့တော့၊ နင်လုပ်ချင်တာကိုသာ ဆက်လုပ်ပါတော့” တဲ့။ အဲဒီအချိန်မှာ ကျွန်မ မငိုဘဲမနေနိုင်ခဲ့ဘူး၊ ဦးလေးက ဒီလောက်တည်ငြိမ်လိမ့်မယ်လို့ ကျွန်မတကယ်ကို မမျှော်လင့်ထားခဲ့ဘူး။ ကျွန်မပတ်ဝန်းကျင်က လူတိုင်းဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိနေတယ်၊ ဒါဟာ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုဖြစ်တယ်ဆိုတာကို ကျွန်မမြင်ခဲ့ရပြီး၊ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့တယ်။
ဒါပေမဲ့ အံ့သြစရာကောင်းတာက၊ တစ်နေ့မှာ ဦးလေးက ရုတ်တရက် စိတ်ပြောင်းသွားပြီး ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံဖို့ တောင်းဆိုလာတယ်၊ သူတို့နဲ့မတွေ့ခင် ကျွန်မ အိမ်ကထွက်သွားလို့မရဘူး၊ ည ၈ နာရီမှာ သူ့ကို ဖုန်းပေးရမယ်၊ စုဝေးပွဲတက်လို့မရဘူး၊ ဖုန်းမပေးဘူးဆိုရင် သူ ကျွန်မကို အိမ်ကနေ နှင်ထုတ်မယ်လို့ ပြောလာတယ်။ သူဒီလိုပြောတာကိုကြားတော့ ကျွန်မတကယ်ကို ကြောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မဦးလေးက တော်တော်တင်းကျပ်တော့၊ သူ့တောင်းဆိုချက်တွေကို ကျွန်မ မနာခံတာမျိုး မလုပ်ရဲခဲ့ဘူး၊ ဒါပေမဲ့ ည ၈ နာရီမှာ ရေလောင်းပေးဖို့လိုအပ်တဲ့ လူသစ်တွေလည်း ရှိနေတယ်လေ၊ ဦးလေးသာ ကျွန်မဖုန်းကို ယူသွားရင်၊ သူတို့ကို ဘယ်လိုရေလောင်းပေးရမှာလဲ။ ဒီလိုတွေးနေရင်းနဲ့၊ ကျွန်မ စိတ်ငြိမ်ငြိမ်ထားလို့ကို မရခဲ့ဘူး၊ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး အခု လုပ်လို့ရတာ ဘာမှမရှိပါဘူး၊ သမီးရဲ့လက်ရှိအခြေအနေကို ကိုယ်တော့်ဆီ အပ်နှံပါတယ်။ ကျေးဇူးပြုပြီး သမီးကို ကူညီတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ အရာအားလုံးဟာ ဘုရားသခင်ရဲ့လက်ထဲမှာပဲ ရှိတယ်၊ ငါ ဘုရားသခင်ကို အားကိုးရမယ်၊ ကိုယ်တော်နဲ့အတူ ရပ်တည်ရမယ်၊ စာတန်ရဲ့အကြံအစည်တွေကို အောင်မြင်ခွင့်မပေးရဘူးလို့ ကျွန်မ တွေးမိတယ်။ ဒီလိုတွေးမိတော့ ကျွန်မ အသိဉာဏ်ပွင့်သွားတယ်လို့ ခံစားခဲ့ရပြီး လူသစ်တွေကို ရေလောင်းပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ည ၈ နာရီရောက်တော့ ဦးလေးက ကျွန်မဖုန်းကို မယူခဲ့ဘူး၊ ကျွန်မလည်း ပုံမှန်အတိုင်း အွန်လိုင်းစုဝေးပွဲကို တက်ခဲ့တယ်။ အံ့သြဖို့ကောင်းတာက၊ ဦးလေးက ဘာစကားတစ်ခွန်းမှမပြောသလို ကျွန်မရဲ့အွန်လိုင်းစုဝေးပွဲကိုလည်း ဝင်မနှောင့်ယှက်ခဲ့ဘဲ၊ ကျွန်မ လူသစ်တွေနဲ့ စုဝေးပွဲပြီးတဲ့အထိ တိတ်ဆိတ်နေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ မငိုဘဲမနေနိုင်ခဲ့ဘူး။ ဦးလေးက ဘယ်လောက်ပဲတင်းကျပ်ပါစေ၊ သူလည်း ဘုရားသခင်ရဲ့လက်ထဲမှာပဲရှိပြီး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေအောက်မှာပဲ ရှိနေတယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဦးလေးဆီက နှိပ်စက်ညှဉ်းပန်းမှုတွေ ပြီးသွားပြီလို့ ကျွန်မထင်ခဲ့ပေမဲ့၊ သူက ကျွန်မကို ဆက်ပြီးတော့ တားဆီးနေခဲ့တယ်။ တစ်ခါတလေ ကျွန်မ မတွေးဘဲမနေနိုင်ခဲ့ဘူး၊ “ဘာဖြစ်လို့ ဦးလေးက ရုတ်တရက် စိတ်ပြောင်းပြီး ငါ့ကို စပြီးဆန့်ကျင်လာရတာလဲ” လို့ပေါ့။ အဲဒါက ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ မဖတ်ခင်အထိပေါ့။ “ဘုရားသခင် အလုပ်လုပ်တော်မူသောအခါ၊ ဘုရားသခင်သည် လူတစ်ဦးကို ဂရုစိုက်၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတော်မူသောအခါ၊ ကိုယ်တော်သည် ထိုသူကို ထိုက်တန်သည်ဟုတွေ့ရှိ၍ အသိအမှတ်ပြုတော်မူသောအခါ စာတန်သည် အနီးကပ် နောက်ယောင်ခံလိုက်လျက် ထိုသူကို အထင်အမြင်မှားစေရန်နှင့် ဆိုးရွားစွာ ဒုက္ခပေးရန် ကြိုးစား၏။ ဘုရားသခင်သည် ဤပုဂ္ဂိုလ်ကို ရယူရန် အလိုရှိတော်မူသောကြောင့် စာတန်သည် ဟန့်တားရန် သူ၏တန်ခိုးစွမ်းအားရှိသမျှဖြင့် အရာရာကို ပြုလုပ်၏။ ဘုရားသခင်၏အလုပ်ကို အနှောင့်အယှက်ပေးရန်နှင့် ပျက်စီးစေရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းအမျိုးမျိုးကို အသုံးပြုလျက် ၎င်း၏ မပြောပြနိုင်သော ရည်ရွယ်ချက်ကို အောင်မြင်စေရန်အလို့ငှာ ဖြစ်၏။ ဤရည်ရွယ်ချက်ကား အဘယ်နည်း။ ၎င်းသည် ဘုရားသခင်က မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရယူသည်ကို မလိုလားပေ။ ဘုရားသခင် ရယူရန် ရည်ရွယ်တော်မူသောသူတို့ကို လုယူလို၏။ သို့မှသာ ၎င်းသည် ထိုသူတို့ကို သိမ်းပိုက်နိုင်မည်၊ ထိန်းချုပ်နိုင်မည်၊ စိုးမိုးနိုင်မည် ဖြစ်ပြီး ထိုသူတို့သည် ၎င်းကို ကိုးကွယ်၍ ဘုရားသခင်ကို ဆန့်ကျင်ရန် မကောင်းမှုကိုပြုလုပ်ရာ၌ ၎င်းနှင့်အတူ ပူးပေါင်းကြမည် ဖြစ်၏။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော ကြံရွယ်ချက် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်တွင် သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ ပြီးလျှင် သူ့ကို သင်၏ သက်သေခံချက်တွင် မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်သည့်အချိန် ဖြစ်ကြောင်းကို သင်သိသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ဘုရားသခင်က လူတွေကို ကယ်တင်ချင်တယ်၊ လူတွေ လွတ်လွတ်လပ်လပ် ဘုရားသခင်နောက်လိုက်တာကို စာတန်က မလိုလားသလို သူက ဘုရားသခင်ကို ဘယ်သူ့ကိုမှ မရစေချင်ဘူးဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဒါကြောင့် လူတွေက ဘုရားသခင်ဆီ ချဉ်းကပ်ပြီး သူ့ကို ဝတ်ပြုချင်တဲ့အခါ စာတန်က လူတွေကို နှောင့်ယှက်ပြီး ဘုရားသခင်ရှေ့မှောက် သူတို့လာရောက်ခြင်းကို ဟန့်တားဖို့ အစွမ်းကုန် ကြိုးစားတယ်။ စာတန်က ဘယ်လောက်တောင် ဆိုးညစ်ပြီး အရှက်မရှိသလဲဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ အပေါ်ယံမှာတော့၊ ကျွန်မရင်ဆိုင်နေရတာက ကျွန်မမိသားစုရဲ့ တားဆီးပိတ်ပင်မှုတွေနဲ့ ကန့်သတ်မှုတွေ ဖြစ်ပေမဲ့ ဒီအရာရဲ့နောက်ကွယ်မှာတော့ စာတန်ရဲ့နှောင့်ယှက်မှုတွေ ကွယ်ဝှက်နေခဲ့တယ်။ စာတန်က ကျွန်မကို ဘုရားသခင်နောက်မလိုက်အောင် တားဆီးဖို့ ကျွန်မပတ်ဝန်းကျင်က လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေကို အသုံးချနေခဲ့တာပါ။ ဒါဟာ စာတန်ရဲ့ ဆိုးယုတ်တဲ့ရည်ရွယ်ချက်ပဲ၊ ကျွန်မ စာတန်ကို ပိုလို့တောင် မုန်းတီးလာခဲ့တယ်။ ဘုရားသခင်က ပြောသည် “သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်သည့်အချိန် ဖြစ်ကြောင်းကို သင်သိသင့်သည်။” စာတန်က ကျွန်မကို ဘယ်လိုပဲနှောင့်ယှက်ပြီး တားဆီးပါစေ၊ ကျွန်မကတော့ စာတန်ကို အရှက်ရစေဖို့ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားမယ်။ ယောဘကြုံတွေ့ခဲ့ရတာတွေကိုလည်း ကျွန်မ တွေးမိတယ်။ နောက်ကွယ်မှာ စာတန်က ဘုရားသခင်နဲ့ အလောင်းအစားလုပ်ခဲ့ပြီး၊ ယောဘအပေါ်မှာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခအမျိုးမျိုး ကျရောက်စေခဲ့တယ်။ ယောဘဟာ ဘုရားသခင်ကို ပုန်ကန်တာ၊ ဘုရားသခင်နဲ့ ခပ်ကင်းကင်းနေတာ မရှိဘဲ အခက်အခဲ အများကြီးကို ကြံ့ကြံ့ခံခဲ့တယ်၊ ဘုရားသခင်အပေါ်ထားတဲ့ သူ့ရဲ့ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ သူ့ဇနီးကတောင် သူ့ကို နှောင့်ယှက်တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ သူက တည်ကြည်ခိုင်မာနေခဲ့တယ်။ အဆုံးမှာတော့ ယောဘက ကြီးမားတဲ့ညှဉ်းပန်းနှိပ်စက်မှုကို ခံရပ်နေခဲ့ရပေမဲ့ ဘုရားသခင်ကို ငြင်းပယ်တာ၊ သစ္စာဖောက်တာ မလုပ်သေးဘူးဆိုတာကို စာတန် မြင်တော့ အရှက်ရပြီး နောက်ဆုတ်သွားခဲ့တယ်။ ဒီလိုတွေးမိတော့၊ ဘုရားသခင်နောက်လိုက်ဖို့ ကျွန်မရဲ့စိတ်ပိုင်းဖြတ်ချက်ဟာ ပိုလို့တောင် ခိုင်မာလာခဲ့တယ်။ နောက်ပိုင်းမှာ၊ ဦးလေးက ကျွန်မစိတ်ပြောင်းသွားအောင် ကြိုစား၊ ဖျောင်းဖျဖို့ ဆွေမျိုးတွေကို နေ့တိုင်းနီးပါး အိမ်ကို ခေါ်လာခဲ့တယ်။ ဦးလေးက ပြောတယ်၊ “အခု နင့်အတွက် ဘာက ပိုအရေးကြီးလဲ၊ နင့်ရဲ့တာဝန်လား၊ ဒါမှမဟုတ် မိသားစုလား။ ရွေး” တဲ့။ သူတို့က ဘုရားသခင်ကို ဆန့်ကျင်ပြီး ငြင်းပယ်တဲ့စကားတွေ အများကြီးလည်း ပြောခဲ့ကြတယ်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး မုန်းတီးတဲ့ သူတို့ရဲ့ သရုပ်အမှန်ကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်။ သူတို့က ကျွန်မကို ဘယ်လောက်ပဲ ဖျောင်းဖျဖို့၊ တားဆီးဖို့ ကြိုးစားခဲ့ပါစေ၊ ဘာကမှ ကျွန်မရဲ့ဆုံးဖြတ်ချက်ကို မပြောင်းလဲစေခဲ့ဘူး။ ကျွန်မ ကိုယ့်တာဝန်ကို ဆက်ပြီးထမ်းဆောင်ခဲ့ပြီး၊ အထုပ်အပိုးတွေပြင်ဆင်ပြီး အိမ်ကနေ ထွက်ခွာခဲ့တယ်။ အခု ကျွန်မ ညီအစ်ကိုမောင်နှမတွေနဲ့အတူ တာဝန်ထမ်းဆောင်နေရတော့၊ ကျွန်မ စိတ်ထဲမှာ တည်ငြိမ်အေးချမ်းနေတယ်။ နောက်ဆုံးတော့၊ ကျွန်မ လွတ်လွတ်လပ်လပ် ဘုရားသခင်နောက်လိုက်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ပါပြီ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
လုရန် တရုတ်နိုင်ငံ ကျွန်မ မှတ်မိသလောက်တော့ ကျွန်မ မိဘတွေက တစ်ခါမှ မတည့်ကြဘူး။ ရန်ဖြစ်တာက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ။ တစ်ခါတလေမှာ အဖေက...
ရှဲရ်၊ နီပေါကျွန်တော့်ကို နီပေါနိုင်ငံက ကျေးလက်မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော့်မိဘနှစ်ပါးစလုံးက တောင်သူတွေဖြစ်ပြီး သူတို့ရဲ့...
သီဝေ အိန္ဒိယနိုင်ငံ ကျွန်တော်က ခရစ်ယာန်မိသားစုတစ်ခုမှာ မွေးခဲ့တာပါ။ မိဘတွေက လယ်သမားတွေ။ ကျွန်တော်တို့မိသားစုက စပါးနဲ့ ဟင်းသီးဟင်းရွက်...
လင်းချင်း၊ တရုတ်ပြည်ကျွန်မက သာမန် လယ်သမားမိသားစုကနေ မွေးဖွားလာတာပါ။ မိဘတွေက ပညာမတတ်တော့ မိသားစုကိုထောက်ပံ့ဖို့အတွက် ပင်ပင်ပန်းပန်းပဲ...