သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် နားလည်သဘောပေါက်ခြင်း

25.08.2019

ဟန်းရှင်း၊ ဟူးနန်စီရင်စု

လွန်ခဲ့သည့် သိပ်မကြာမီအချိန်က၊ ဒေသနာအချို့ကို နားထောင်အပြီးတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများသာလျှင် သမ္မာတရားကို ရနိုင်ပြီး၊ နောက်ဆုံးတွင် သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်သူ ဖြစ်လာသောကြောင့် ဘုရားသခင်၏ လက်ခံမှုကို ရရှိကြောင်းအား ကျွန်မ စတင် နားလည်သဘောပေါက်လာခဲ့ပါသည်။ ထိုအချိန်မှစကာ၊ ကျွန်မသည် ကျွန်မ၏ နေ့စဉ်အသက်တာတွင် မိမိ၏ ဇာတိပကတိကို စွန့်လွှတ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သတိရှိစွာ အားထုတ်ကြိုးပမ်းမှုတစ်ခု ပြုခဲ့ပါသည်။ အချိန်တစ်ချို့ကြာပြီးနောက်ပိုင်းတွင်၊ ကျွန်မသည် သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်ကြောင်း ပျော်ရွှင်စွာ တွေ့ရှိခဲ့ပါသည်။ ဥပမာအားဖြင့် ယခင်က ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြီးနောက်၊ ကျွန်မသည် မိမိ၏မကောင်းသည့်ဘက်အား အခြားသူများကို ပြသရန် ကြောက်ခဲ့သည်။ ယခုအခါတွင် ကျွန်မသည် မိမိ၏ညီအစ်ကိုမောင်နှမများနှင့် သတိရှိစွာ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး၊ မိမိ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ခွဲခြမ်းစိတ်ဖြာဆန်းစစ်ခဲ့သည်။ ယခင်က ကျွန်မပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်းခံခဲ့ရချိန်တွင် ကျွန်မသည် အမြဲတမ်း ဆင်ခြေများပေးကာ၊ တာဝန်ကို ခေါင်းရှောင်ခဲ့ပါသည်။ ယခုအခါတွင် ကျွန်မသည် ကျွန်မ၏ ဆိုးသော အပြုအမူကို မှန်ကန်ကြောင်းပြရန် ကြိုးစားသည့်အစား၊ မိမိကိုယ်ကို ငြင်းပယ်ရန် သတိရှိစွာ အားထုတ်ကြိုးပမ်းမှုတစ်ခု ပြုခဲ့ပါသည်။ ယခင်က၊ ကျွန်မနှင့် လက်တွဲသည့် ညီအစ်ကိုမောင်နှမများနှင့်သဘောထား ကွဲလွဲမှုများ တွေ့ကြုံရသည့် အချိန်တွင်၊ ကျွန်မက သဘောထား ကျဉ်းမြောင်းပြီး၊ သေးသိမ်ကာ၊ စိတ်ကောက်လွယ်ခဲ့သည်။ ယခုအခါတွင် ထိုသို့သော အခြေအနေများကို ကျွန်မတွေ့ကြံရသည့်အခါတွင် မိမိ၏ ဇာတိပကတိကို ကျွန်မစွန့်လွှတ်ပြီး၊ အခြားသူများအား သတိရှိစွာ စိတ်ရှည်သည်းခံမှု ကျင့်သုံးလေ့ရှိသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌ ကျွန်မိ၏ “ရလဒ်များ” ကို တွေးမိသည့်အချိန်တိုင်း၊ ကျွန်မ အလွန်အမင်း ပျော်ရွှင်မိသည်။ သမ္မာတရားအချို့ကို ကျွန်မ၏ လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိခြင်းမှာ ကျွန်မသည် သမ္မာတရားကို အစစ်အမှန် လက်တွေ့ကျင့်သုံးသူ တစ်ယောက်ဖြစ်သည်ဟု ဆိုလိုကြောင်း ကျွန်မ တွေးထင်ခဲ့သည်။ ထို့ကြောင့် ဤနည်းအားဖြင့် ကျွန်မသည် မိမိဘာသာ အားရကျေနပ်မှုနှင့် မိမိကိုယ်ကို ကြည်ညိုမှု အခြေအနေတွင် အမှုမဲ့အမှတ်မဲ့ အသက်ရှင်လာခဲ့ပါသည်။

တစ်နေ့တွင် အောက်ပါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တွေ့ခဲ့ရပါသည်၊ “လူအချို့က ‘ကျွန်ုပ်သည် ယခု သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ထင်သည်၊ ကျွန်ုပ်သည် မည်သည့် သမ္မာတရားကိုမျှ လုံးဝ လက်တွေ့မလုပ်ဆောင်နိုင်ခြင်း မဟုတ်ပေ။ ပတ်ဝန်းကျင်အချို့တွင် ကျွန်ုပ်သည် သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်သည်၊ ဆိုလိုသည်မှာ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့် လူတစ်ဦးနှင့် သမ္မာတရားရှိသူ တစ်ဦးအဖြစ် ကျွန်ုပ် မှတ်ယူသည်’ ဟု ဆိုကြသည်။ အကယ်စင်စစ်၊ ယခင် သို့မဟုတ် ဘုရားသခင်ကို သင် ပထမဦးဆုံး ယုံကြည်ခဲ့သည့်အချိန်နှင့် နှိုင်းယှဉ်ပါက၊ ဤအခြေအနေမျိုးတွင် ပြောင်းလဲမှု အနည်းငယ်ကို သင် ဖော်ပြပြီးဖြစ်သည်။ အတိတ်တွင် သင်သည် မည်သည့်အရာကိုမျှ သိနားလည်ခဲ့ခြင်း မရှိသကဲ့သို့၊ သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာ ဖြစ်သည်ကို သိခဲ့ခြင်း မရှိပေ။ ယခုအခါ သင်သည် အချို့အရာများကို သိလာပြီးဖြစ်ကာ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းကောင်းအချို့ကို သင် ရှိနိုင်စွမ်းရှိသော်လည်း၊ ဤသည်မှာ သေးငယ်သည့် သင်၏ ပြောင်းလဲမှု အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်၊ သင်သည် သင်၏ သဘာဝဗီဇ ပါဝင်သည့် အဆင့်မြင့်ပြီး နက်ရှိုင်းသော သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် ယင်းမှာ သင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် စစ်မှန်သော ပြောင်းလဲမှုတစ်ခု မဟုတ်ပေ။ သင်၏ အတိတ်နှင့်မတူသည်မှာ သင်သည် အတော်အတန် ဧကန်အမှန် ပြောင်းလဲပြီးဖြစ်သော်လည်း၊ ဤပြောင်းလဲမှုမှာ သင်၏ လူ့သဘာဝထဲက သေးငယ်သော ပြောင်းလဲမှုတစ်ခုသာ ဖြစ်သည်၊ အမြင့်ဆုံး သမ္မာတရား အခြေအနေနှင့် နှိုင်းဆသည့်အခါ၊ သင်သည် စံချိန်အမှတ်နှင့် လွန်စွာဝေးကွာနေသည်။ ယင်းမှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ၊ မအောင်မြင်သေးခြင်း ဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ သဘာဝအကြောင်း သိနားလည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း”) ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ ကျွန်မ မှင်မသက်ပဲ မနေနိုင်ခဲ့ပါ။ ကျွန်မ ဆောင်ရွက်ပြီးမြောက်ခဲ့သမျှ အရာအားလုံးက အပြုအမူကောင်း အနည်းငယ်သာ ဖြစ်ပါသလား။ ကျွန်မက သမ္မာတရားကို အစစ်အမှန် လက်တွေ့လုပ်ဆောင်ခြင်းမှ ဝေးကွာနေဆဲ ဖြစ်ပါသလား။ ထိုသို့ပါက၊ သမ္မာတရားကို အစစ်အမှန် လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဤမေးခွန်းနှင့် ဆက်နွယ်သည့် သမ္မာတရားများကို ကျွန်မ စတင်ရှာဖွေခဲ့သည်။ နောက်ပိုင်းတွင် “သမ္မာတရားကို လိုလိုလားလား လက်တွေ့လုပ်ဆောင်တဲ့သူတွေက အဖိုးအခ ပေးနိုင်ပြီး၊ ပါဝင်တဲ့ ဆင်းရဲဒုက္ခတွေကိုလည်း လက်ခံလိုကြတယ်။ သူတို့ရဲ့ နှလုံးသားတွေဟာ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နဲ့ သိသိသာသာကို ပြည့်နေတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသူတွေက ဘယ်တော့မှ ဟန်ဆောင်လုပ်ပြရုံ လုပ်မပြကြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပြသရုံအတွက် အဲဒါကို ပြုလုပ်နေကြခြင်း မဟုတ်ဘဲ၊ သူတို့ဆီမှာ သာမာန်လူ့သဘာဝရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်ထားလို့၊ ပြီးတော့ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါတွေအနေနဲ့ သူတို့ရဲ့ တာဝန်ကို ထမ်းဆောင်နေကြလို့ ဖြစ်ပါတယ်။ သူတို့အတွက်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုတာက လူသားဖြစ်ခြင်းရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်၊ ပြီးတော့ သာမာန် လူ့သဘာဝနဲ့ လူတစ်ယောက် ပိုင်ဆိုင်သင့်တဲ့ အရည်အချင်းတစ်ခုဖြစ်တယ်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဟုပြောထားသည့် ဒေသနာတစ်ခုကို ဖတ်ခဲ့ရပါသည်။ ဤအရာကို ဖတ်ရှုပြီးနောက်၊ နောက်ဆုံးတွင် ကျွန်မ နားလည်သဘောပေါက်ခဲ့သည်၊ သမ္မာတရားကို အစစ်အမှန် လက်တွေ့လုပ်ဆောင်သူများသည် ၎င်းတို့က လက်တွေ့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက် သောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် လူတစ်ယောက် ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်နှင့်လက်တွေ့အရှိတရား နှစ်ခုလုံးဖြစ်ကြောင်း၊ ပြီးလျှင် ယင်းမှာ လူသားများရှိသင့်သည့် အရည်အချင်း တစ်ခုဖြစ်ကြောင်းတို့ကို သိရှိကြသည်။ ထို့ကြောင့် သူတို့က ယင်းကို ပြသရန် မလုပ်ဆောင်ကြပါ။ ၎င်းတို့က ယင်းကို ၎င်းတို့၏ တာဝန်အဖြစ် ရှုမြင်ကြသည်။ သူတို့က ဆင်းရဲဒုက္ခကို ခံစားဖို့နှင့် အဖိုးအခ ပေးဖို့ လိုလားကြသည်၊ သူတို့သည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် ဆန္ဒများ ကင်းမဲ့ကြသည်။ သို့သော် ကျွန်မက သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ခဲ့သနည်း။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြီးနောက်၊ ကျွန်မသည် ယင်းတို့အား မိမိ၏ညီအစ်ကိုမောင်နှမများကို ပွင့်လင်းစွာ၊ အရှိအတိုင်း ချပြခဲ့သော်လည်း၊ ကျွန်မ၏ နှလုံးသားထဲတွင်မူ ကျွန်မက “ငါသမ္မာတရားကို ဘယ်လိုလက်တွေ့ လုပ်ဆောင်လဲ ကြည့်လိုက်။ ငါက ကိုယ့်ရဲ့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို နင်တို့ကို ဖွင့်ပြနိုင်စွမ်းရှိတယ်။ အဲဒါက ငါ့ကို နင်တို့ထက် ပိုပြီး သာစေတာပေါ့၊ မဟုတ်ဘူးလား” ဟု တွေးနေခဲ့သည်။ ကျွန်မက ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အချိန်တွင်၊ ဆင်ခြေများကို ကျယ်ကျယ် မပေးခဲ့သော်လည်း၊ စိတ်ထဲတွင်မူ “တွေ့လား။ ငါက နောက်ထပ်လုံးဝ ဆင်ခြေမပေးတော့ဘူး။ ငါအရမ်းကို တိုးတက်လာပြီ။ ငါက အခုဆိုရင် သမ္မာတရားကို လိုလိုလားလား လက်ခံလိုတဲ့ လူတစ်ယောက်အဖြစ် အရည်အချင်းပြည့်လောက်ပြီပေါ့၊ မဟုတ်ဘူးလား” ဟု ပြောနေခဲ့သည်။ ကျွန်မနှင့် လက်တွဲရသည့် ညီအစ်ကိုမောင်နှမများဖြင့် ကျွန်မ စိတ်သဘောထားကွဲလွဲသည့်အချိန်တွင်၊ မိမိကိုယ်ကို ချုပ်တည်းရန် သတိရှိစွာ ကြိုးစားခဲ့ပြီး၊ ဒေါသပေါက်ကွဲမှုကို ရှောင်ရှားနိုင်ခဲ့သော်လည်း၊ ကျွန်မ၏ စိတ်နှလုံးထဲတွင်မူ “တွေ့လား၊ ငါအရင်ကလို သေးသိမ်ပြီး၊ သဘောထား ကျဉ်းမြောင်းတာမျိုး မဟုတ်တော့ဘူး။ ငါပြောင်းလဲလာပြီ၊ မဟုတ်ဘူးလား” ဟု တွေးနေခဲ့သည်။…ကျွန်မသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အချိန်တွင် ကျွန်မ၏ တွေးခေါ်မှုအလေ့အထကို တွေးမိသည့်အခါ၊ သမ္မာတရားကို ကျွန်မ အမှန်တကယ် လက်တွေ့မလုပ်ဆောင်နေခဲ့ကြောင်း နောက်ဆုံးတွင် လက်ခံခဲ့ရပါသည်။ ကျွန်မသည် မိမိကိုယ်ပိုင် လှုံ့ဆော်မှုများနှင့် ဆန္ဒများတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ပြသရန်အတွက် ယင်းကို ကျွန်မ လုပ်ဆောင်နေခဲ့သည်။ အခြားသူများက ကျွန်မကို ကြည်ညိုလေးစားဖို့ နှင့် ချီးမွမ်းဖို့၊ သူတို့က ကျွန်မကို အထင်ကြီးစေဖို့ ကျွန်မ လိုချင်ခဲ့သည်။ ကျွန်မသည် ၎င်း၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်သော ကြောင့်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေလိုသောကြောင့် ဖြစ်စေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပဲနှင့်၊ ထိုအစား မိမိကိုယ်ကို စိတ်ကျေနပ်စေရန် နှင့် အခြားသူများကို ကြွားဝါရန် သက်သက်တို့အတွက်သာ ကျွန်မလုပ်ဆောင်ခဲ့လေသည်။ ဘုရားသခင်ကို ကျွန်မလှည့်စားပြီး၊ လိမ်ညာနေခဲ့သည်၊ ပြီးလျှင် ကျွန်မ လုပ်ရပ်များ၏ အနှစ်သာရကသမ္မာတရားကို သစ္စာဖောက်ခြင်းတစ်ရပ် ဖြစ်ခဲ့ပါသည်။ ကျွန်မ၏ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း” ဟု ခေါ်သည့်အရာမှာ စည်းမျဉ်းများကို လိုက်နာခြင်းသာ ဖြစ်သည်။ ယင်းမှာ စိတ်တန်ခိုးပေါ်တွင် မှီခိုသည့် မိမိကိုယ်ကိုချုပ်တည်းခြင်းဆိုင်ရာ ကျင့်သုံးမှုတစ်ရပ်သာ ဖြစ်ပြီး အချို့သော အပြုအမူဆိုးများကို ချုပ်တည်းခဲ့ခြင်းသာ ဖြစ်သည်။ ယင်းမှာ ဟန်ဆောင်ထားသော အသွင်သဏ္ဍာန်တစ်ခုသာ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတစ်ယောက် လိုအပ်သည့် အဆင့်အတန်းများကို ပြည့်မှီခြင်းမှ ကျွန်မ အတော်အတန် ဝေးနေဆဲ ဖြစ်သည်။သို့သော်လည်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတစ်ယောက် ဖြစ်ခဲ့သည်ဟု ကျွန်မ အရှက်မဲ့စွာ တွေးခဲ့ရုံမျှမက၊ ရလဒ်တစ်ခုအနေဖြင့် မိမိကိုယ်ကို ဂုဏ်ပြုအမွှမ်းတင်သောသူ ဖြစ်လာခဲ့သည်။ ကျွန်မ၏ အပြုအမူသည် အမှန်တကယ်ပင် လက်မခံနိုင်ဖွယ် ဖြစ်ခဲ့သည်။

ဘုရားသခင်ကို သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုအတွက် ကျေးဇူးတော်ချီးမွမ်းပါသည်။ ကျွန်မသည် သမ္မာတရားကို အစစ်အမှန် လက်တွေ့လုပ်ဆောင်သူတစ်ယောက် မဟုတ်ခဲ့ကြောင်းနှင့် ကျွန်မ၏ သမ္မာတရားကို လက်တွေ့အကောင်အထည်ဖော်မှုသည် ဘုရားသခင်၏ စံနှုန်းများကို မပြည့်မှီကြောင်းတို့ကို ပြသခြင်း၊ ပြီးလျှင် ကျွန်မအား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ မှန်ကန်သည့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိစေခြင်းတို့အတွက် ကိုယ်တော့်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။ ယနေ့မှစ၍ ရှေ့ဆက်၊ ကျွန်မသည် မိမိကိုယ်ပိုင် ရည်ရွယ်ချက်များကို စစ်ဆေးပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စံနှုန်းများအတိုင်း မိမိကိုယ်ကို လုပ်ဆောင်စေရန် လိုလားပါသည်။ ကျွန်မသည် မိမိကိုယ်ကို မသန့်စင်မှုများအား ဖယ်ရှားပြီး၊ သမ္မာတရားကို အစစ်အမှန် လက်တွေ့လုပ်ဆောင်သူတစ်ယောက် ဖြစ်လာစေပါမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အလုပ်ကို မကြီးကြပ်ဝံ့ခြင်းအားဖြင့် ရှောင်ရှားခြင်း ခံရသည့်အရာ

ရွှင်ချို နယ်သာလန်နိုင်ငံ ပြီးခဲ့တဲ့နှစ် မေလတုန်းက လူသစ်တွေ ရေလောင်းတာကို ကျွန်မ ကြီးကြပ်ရတယ်။ ဒါက အတော်အတန် လွယ်တဲ့အလုပ်လို့ အရင်က...

ဝိညာဉ်ရေးရာ တိုက်ပွဲ

ယန်ကျိ အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှ ယနေ့အထိ၊ လူတွေသည်...

ကြမ်းတမ်းသောလမ်း ခေါင်းဆောင်အတုအယောင်တစ်ယောက်ကို တိုင်ကြားခြင်း

လီမင် အမေရိကန်နိုင်ငံ ၂၀၁၉ ဇူလှိုင်လမှာ ကျွန်မကို ညီအစ်ကိုမောင်နှမတွေက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ကြတယ်။ ကျွန်မနဲ့အတူ တွဲလုပ်မယ့်သူက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။