ခံရခက်စေလျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါ

22.05.2022

ဧပြီ ဖိလစ်ပိုင်နိုင်ငံ

၂၀၂၀ ခုနှစ်၊ မေလမှာ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မလက်ခံခဲ့ပါတယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မခဏခဏဖတ်တယ်။ အသင်းတော်အသက်တာမှာ တက်တက်ကြွကြွ ပါဝင်တယ်။ ကိုယ်တတ်နိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်တယ်။ နောက်ပိုင်းမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မအရွေးခံရတယ်။ တစ်ခါတော့ ကျွန်မတို့အသင်းတော်က ဧဝံဂေလိသင်းထောက်နှစ်ယောက်ကို လေ့ကျင့်ပေးဖို့ အရေးတကြီးလိုလာရော။ ကျွန်မမှာ အရည်အချင်းပြည့်မီတဲ့သူတွေ အားလုံးရဲ့ စာရင်းရှိတယ်။ ညီအစ်ကိုကယ်ဗင်ရဲ့ အစွမ်းအစက သူများနဲ့ယှဉ်ရင် ကောင်းနေတာကို ကျွန်မတွေ့ရတယ်။ သူက အလုပ်လည်း သိပ်မရှုပ်နေဘူး။ ပြီးတော့ အစည်းအဝေးတွေမှာ တက်တက်ကြွကြွနဲ့ သူမိတ်သဟာယပြုပြီး ဧဝံဂေလိဖြန့်ဝေတဲ့ စည်းမျဉ်းတွေကိုလည်း နားလည်တယ်လေ။ ဒီတော့ သူက အလုပ်နဲ့ သင့်တော်တဲ့ ပုံပေါ်တယ်။ တာဝန်တွေမှာ တက်ကြွပြီး ရလဒ်တချို့ရှိတဲ့ ညီအစ်မဂျန်နဲလည်း ရှိတယ်။ သူများတွေနဲ့ ယှဉ်ကြည့်ရင် ဒီနှစ်ယောက်က တာဝန်နဲ့ သင့်တော်တဲ့ပုံပဲ။ ကျွန်မခေါင်းဆောင်ကလည်း ကျွန်မစိတ်ကူးကို သဘောတူတယ်။ အဲဒါနဲ့ သူတို့နှစ်ယောက်လုံးကို ဧဝံဂေလိသင်းထောက် လုပ်ခိုင်းလိုက်တယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ သူတို့က ဧဝံဂေလိသင်းထောက်ရဲ့ တာဝန်တွေကို နားလည်လာပြီး ရင်းနှီးကျွမ်းဝင်လာတယ်။ အဲဒါနဲ့ သူတို့တာဝန်တွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးလိုက်ပြီး ကျွန်မကတော့ ရေလောင်းတဲ့အလုပ်ကိုပဲ အားစိုက်လုပ်တော့တယ်။ သုံး၊ လေးပတ်လောက် ကြာပြီးတဲ့နောက် ဧဝံဂေလိကို လက်ခံရရှိတာ သိပ်မကြာသေးတဲ့သူတချို့က အစည်းအဝေးအဖွဲ့ကနေ ထွက်သွားတာ၊ ဧဝံဂေလိဖြန့်ဝေတဲ့သူတချို့မှာ ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ အခက်အခဲတွေရှိနေတာကို ကျွန်မတွေ့လိုက်ရရော။ ဧဝံဂေလိအလုပ်မှာ ဒီပြဿနာတွေကို မြင်တော့ ကျွန်မတွေးမိတယ်။ “ဧဝံဂေလိသင်းထောက်တွေက လက်တွေ့အလုပ်ကို လုပ်နေရဲ့လား” ပေါ့။ အလုပ်ရဲ့ အသေးစိတ်အချက်တချို့ကို ကျွန်မသွားစုံစမ်းစစ်ဆေးကြည့်တော့ ဧဝံဂေလိသင်းထောက်တွေက စီပဲ စီစဉ်ပေးပြီး အလုပ်ကို သူတို့ကိုယ်တိုင်မလုပ်ဘူးဆိုတာ တွေ့လိုက်ရတယ်။ အစည်းအဝေးတွေမှာ လက်တွေ့ပြဿနာတွေကို သူတို့မဖြေရှင်းဘူး။ တခြားညီအစ်ကိုမောင်နှမတွေကို တာဝန်တွေလုပ်ဖို့ တိုက်တွန်းတာပဲရှိတယ်။ အခြေအနေကို သိပြီးတဲ့နောက်မှာ ကျွန်မတော်တော်စိတ်ပျက်သွားတာ။ သင်းထောက်တွေအနေနဲ့ လက်တွေ့ပြဿနာတွေကို မဖြေရှင်းတာက တာဝန်ပျက်ကွက်တာ မဟုတ်ဘူးလား။ ညီအစ်ကိုကယ်ဗင်က အလုပ်ကို ကောင်းကောင်းမလုပ်ဘဲ တစ်ခါတလေ ဂိမ်းတွေသွားဆော့တာ၊ ညီအစ်မဂျန်နဲက ဒီအချိန်ကာလအတွင်းမှာ ပျင်းရိလာပြီး သူ့တာဝန်တွေ မဲ့လာတာကိုလည်း တွေ့လိုက်ရတယ်။ ကျွန်မသူတို့နဲ့ မိတ်သဟာယပြုပြီး သူတို့တာဝန်တွေမှာရှိတဲ့ ပြဿနာတွေကို ထောက်ပြချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့တွေ သိပ်အဆင်ပြေခဲ့တာကို စဉ်းစားပြီး ကျွန်မတို့ ဆက်ဆံရေးကို မပျက်စီးစေချင်ခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို လူကောင်းတစ်ယောက်အဖြစ်၊ နားလည်၊ ထောက်ထားတတ်တဲ့သူ တစ်ယောက်အဖြစ် မြင်ဖို့ ကျွန်မမျှော်လင့်မိခဲ့တာ။ သူတို့ပြဿနာတွေကို ကျွန်မတိုက်ရိုက် ထောက်ပြရင် ကျွန်မရဲ့ နာမည်ကောင်းက ပျက်စီးသွားနိုင်တယ်လေ။ သင်းထောက်နှစ်ယောက်က ကျွန်မကို ဘယ်လိုထင်မလဲပေါ့။ ကျွန်မက သူတို့ရဲ့ အားစိုက်ထုတ်မှုတွေကို မကြည့်ဘဲ ချို့ယွင်းချက်တွေကိုပဲ ကြည့်တယ်၊ ကျွန်မမှာ ချစ်တတ်တဲ့ နှလုံးသားမရှိဘူးလို့ ပြောကြမှာလားပေါ့။ ပြီးတော့လည်း သူတို့ပြဿနာတွေကို ထောက်ပြပေမဲ့ သူတို့က လက်မခံဘဲ မထုံတက်သေးဖြစ်နေရင် ကျွန်မက ခေါင်းဆောင်အလုပ်ကို လုပ်နိုင်စွမ်းမရှိဘူး၊ ကျွန်မက ခေါင်းဆောင်ညံ့လို့ ညီအစ်ကိုမောင်နှမတွေက ထင်ကြမှာလားပေါ့။ ကျွန်မခေါင်းဆောင်က ဒီအကြောင်းကို မေးရင် ကျွန်မကိုင်တွယ်ဖြေရှင်းခံရနိုင်တယ်ပေါ့။ အဲဒီလိုစဉ်းစားပြီး သူတို့ပြဿနာတွေကို ထောက်မပြခဲ့ဘူး။ တစ်ခါတလေမှာ ကျွန်မက အသင်းတော်အလုပ်ကို ဦးဆောင်နေရတာကြောင့် သူတို့ဆင်ခြင်သုံးသပ်နိုင်အောင် သူတို့ပြဿနာတွေကို ထောက်ပြဖို့က ကျွန်မရဲ့ တာဝန်ပဲလို့ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မပြောမထွက်နိုင်သေးဘူး။ အဲဒီအစား သူတို့ကို အားပေးနှစ်သိမ့်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ ပို့လိုက်ပြီး ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်းထမ်းဆောင်ရမယ်၊ သူများတွေနဲ့ လိုက်ဖက်ညီညီ ဘယ်လိုပူးပေါင်းလုပ်ရမယ်ဆိုတဲ့ အကြောင်းတွေ ညင်ညင်သာသာ ပြောခဲ့တယ်။ သူတို့တာဝန်တွေမှာရှိတဲ့ ပြဿနာတွေကို ကျွန်မထောက်မပြခဲ့ဘူး။ အဲဒီနောက်မှာ ကျွန်မတော်တော်အပြစ်ရှိသလို ခံစားရတယ်။ ကျွန်မက မရိုးမသားနဲ့ လှည့်စားတယ်လို့ ခံစားမိတာ။

တစ်ညကျတော့ ထိရောက်မှုမရှိတဲ့ ဧဝံဂေလိအလုပ်က ကျွန်မနဲ့ တိုက်ရိုက်ဆက်နွှယ်နေပုံကို စဉ်းစားမိပြီး ကျွန်မအိပ်မပျော်နိုင်ခဲ့ဘူး။ ဧဝံဂေလိသင်းထောက်နှစ်ယောက်က တာဝန်မဲ့နေကြတာ၊ ဧဝံဂေလိဟောတဲ့ ညီအစ်ကိုမောင်နှမတွေမှာရှိတဲ့ ပြဿနာတွေကို မဖြေရှင်းတာ၊ ဒါကြောင့်မို့ ညီအစ်ကိုမောင်နှမတွေမှာ ဖိအားတွေ အများကြီးဖြစ်ရပြီး အစည်းအဝေးအဖွဲ့ကနေ လူသစ်တချို့ ထွက်သွားတာတွေကို ကျွန်မမြင်ပေမဲ့ သူတို့ပြဿနာတွေကို ထောက်မပြခဲ့ဘူးလေ။ ကျွန်မစိတ်နှလုံးထဲမှာ အပြစ်တွေအများကြီး ခံစားရပြီး ဘာလုပ်ရမှန်း မသိခဲ့ဘူး။ အဲဒါနဲ့ ဘုရားကို ရိုးရိုးသားသား ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ညီအစ်ကိုမောင်နှမတွေကို ကောင်းစွာ မဦးဆောင်နိုင်တဲ့အတွက် သိပ်အပြစ်ရှိသလို ခံစားရပါတယ်။ ဘုရားသခင်၊ ဒီပြဿနာကို ဖြေရှင်းရာမှာ သမီးကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတော်မူပါ” ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ အတွေ့အကြုံသက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မကြည့်တယ်။ အဲဒီထဲမှာ ကျွန်မကို တော်တော်ခွန်အားရစေတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ပို၍ အသေးစိတ်ကြည့်လျှင် ဤလူသည် လူ့သဘာဝ ပျောက်ဆုံးနေသည့် မည်သည့်သရုပ်သကန်ကို ထုတ်ဖော်ပြသနည်း။ ဤကဲ့သို့သောလူတို့တွင် မည်သည့်စရိုက်လက္ခဏာများကို တွေ့ရပြီး မည်သည့် သီးသန့် သရုပ်သကန်တို့ကို တင်ပြသည်ဆိုသည်ကို ပိုင်းခြားစိစစ်ကြည့်ပါ။ (သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...၎င်းတို့သည် မည်သည့် တာဝန်ကို ထမ်းဆောင်နေပါစေ မည်သည့် တာဝန်ဝတ္တရားကိုမျှ မယူသည့် လူအချို့လည်း ရှိပေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုလည်း ၎င်းတို့၏ အထက်လူကြီးများထံ မတိုင်ကြားကြပေ။ လူများက စွက်ဖက်တတ်ခြင်းနှင့် အနှောင့်အယှက် ဖြစ်စေခြင်းတို့ ဖြစ်သည်ကို မြင်သည့်အခါ၊ ၎င်းတို့ လျစ်လျူရှုကြသည်။ ကောက်ကျစ်သည့် လူများက မကောင်းမှုပြုနေသည်ကို ၎င်းတို့မြင်သည့်အခါတွင်၊ ထိုလူများကို ၎င်းတို့ တားဆီးဖို့ မကြိုးစားကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုသော်လည်းကောင်း၊ ၎င်းတို့၏တာဝန်နှင့် ဝတ္တရားတို့က အဘယ်အရာ ဖြစ်သည်ကိုသော်လည်းကောင်း စိုးစဉ်းမျှ ထည့်တွက်စဉ်းစားခြင်း မရှိကြချေ။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင်၊ ဤကဲ့သို့သော လူများသည် တကယ့်အလုပ် တစ်ခုမျှ မလုပ်ကြပေ။ ၎င်းတို့သည် သက်သောင့်သက်သာရှိခြင်းအတွက် လောဘကြီးသော ‘မှန်ပါ့သမားများ’ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ဝင့်ဝါမှု၊ သိက္ခာ၊ ဂုဏ်အဆင့်အတန်းနှင့် အကျိုးစီးပွားတို့အတွက်သာ ပြောဆို၊ ပြုမူကြပြီး၊ ၎င်းတို့အတွက် အကျိုးရှိသည့် မည်သည့်အရာမဆိုအတွက် ၎င်းတို့၏အချိန်နှင့် ကြိုးစားအားထုတ်မှုတို့ကို ပေးအပ်မြှုပ်နှံကြမည်မှာ သေချာလေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မနှစ်ကြိမ်ဖတ်ပြီး တော်တော်ဝမ်းနည်းမိတယ်။ ကျွန်မမှာ လူ့သဘာဝကောင်းရှိတယ်၊ ညီအစ်ကိုမောင်နှမတွေကို ကျွန်မက စိတ်ရှည်ရှည်နဲ့ ကူညီနေတယ်၊ ဧဝံဂေလိသင်းထောက်တွေကို ကျွန်မဂရုစိုက်တယ်လို့ ထင်ခဲ့တာ။ တစ်ခုခုလုပ်ရင်လည်း သူများတွေရဲ့ ခံစားချက်ကို ကျွန်မအမြဲ ထည့်စဉ်းစားတယ်၊ သူတို့ကို မထိခိုက်စေချင်ခဲ့ဘူး။ ဒါဟာ ဘုရားအလိုတော်ကို ထောက်ထားတာပဲလို့ ထင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် လူကောင်းတစ်ယောက်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ သင်းထောက်နှစ်ယောက်က အသင်းတော်အလုပ်မှာ တာဝန်မယူတာကို ကျွန်မမြင်တော့ သူတို့တာဝန်မဲ့နေကြတာကို သဘောပါက်အောင်လုပ်ဖို့ သူတို့ပြဿနာတွေကို ကျွန်မထောက်မပြခဲ့ဘူး။ အဲဒီအစား သူတို့ပြဿနာတွေကို ထောက်ပြလို့ ကျွန်မတို့ဆက်ဆံရေး ပျက်စီးသွားမှာ ကြောက်ပြီး သူတို့ကို အလိုလိုက်ခဲ့တယ်။ သူတို့ကို အပျက်သဘောဆောင်အောင် လုပ်မိရင် ကျွန်မခေါင်းဆောင်က ဆူမှာ၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို မကောင်းမြင်မှာကိုလည်း စိုးရိမ်ခဲ့တယ်။ အဲဒါနဲ့ သူတို့နဲ့ ကျွန်မရဲ့ ဆက်ဆံရေးအပြင် ကျွန်မရဲ့ နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့ ရွေးချယ်ခဲ့ပြီး သူတို့နဲ့ မိတ်သဟာယပြုဖို့ နှစ်သိမ့်အားပေးတဲ့ ဘုရားနှုတ်ကပတ်တော်တွေကိုပဲ ပို့ခဲ့တယ်။ ရလဒ်အနေနဲ့ သူတို့က ကိုယ့်ပြဿနာတွေကို သတိမထားမိနိုင်ဖြစ်ပြီး အချိန်မီနောင်တမရ၊ မပြောင်းလဲနိုင်ခဲ့ကြဘူး။ ကျွန်မရဲ့ နာမည်နဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အသင်းတော်အလုပ်ကို ထည့်စဉ်းစားဖို့ ပျက်ကွက်ခဲ့တယ်။ ဒါက ဘုရားအလိုတော်ကို ထောက်ထားတာ လုံးဝမဟုတ်ဘူး။ ကျွန်မက လူကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး။ တကယ်တော့ လူ့သဘာဝကောင်းရှိတဲ့သူတွေဟာ ရိုးသားတဲ့သူတွေပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်တယ်။ တခြားလူတွေကို ပြောင်းလဲအောင် ကူညီပေးဖို့အတွက် မိတ်သဟာယဖွဲ့ရဲပြီး သူတို့ပြဿနာတွေကို ထုတ်ဖော်ရဲတယ်။ ညီအစ်ကိုမောင်နှမတွေကို ရိုးသားတဲ့စိတ်နှလုံးနဲ့ ဆက်ဆံရဲပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ သင်းထောက်တွေမှာ ပြဿနာရှိတာကို မြင်တဲ့အခါ ဘာမှ မပြောခဲ့ဘူး။ ကိုယ့်ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထိခိုက်ခွင့်ပေးဖို့ ပိုလိုလားခဲ့တယ်။ ကျွန်မမှာ တော်တော်မကောင်းတဲ့ လူ့သဘာဝရှိခဲ့တာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အချို့ အသင်းတော်ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ကို ပေါ့ဆစွာနှင့် ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည့် ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများကို ၎င်းတို့မြင်တွေ့ရလျက် ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်ငြားလည်း မပြုကြချေ။ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်နစ်နာစေသည့်အရာတစ်ခုကို ၎င်းတို့ မြင်သည့်အခါ၊ အခြားသူများ ယုတ်စွအဆုံး စိတ်အနှောင့်အယှက်ပင် မဖြစ်စေဖို့အလို့ငှာ၊ ၎င်းတို့သည် မသိကျိုးကျွန်ပြုကြပြီး မည်သည့် မေးမြန်းစုံစမ်းခြင်းများကိုမျှ မပြုကြချေ။ ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်နှင့် ရည်မှန်းချက် ပန်းတိုင်မှာ အခြားသူများ၏ အားနည်းချက်များအတွက် စာနာထောက်ထားမှု ပြရန်မဟုတ်- ၎င်းတို့ မည်သည့်အရာ ရည်ရွယ်သည်ကို ၎င်းတို့ အပြည့်အဝ ကောင်းစွာ သိကြသည်- ‘ဤအရာကို ငါ ဆက်ထိန်းထားပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေပါက၊ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ အသိအမှတ်ပြုကာ နှစ်သက်ကြလိမ့်မည်။’ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသော လူများက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် မည်မျှ ကြီးမားစွာ ကြန့်ကြာစေခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အသင်းတော် အသက်တာသည် မည်မျှ ကြီးမားစွာ နှောင့်ယှက်ခံရသည် ဖြစ်စေ၊ ထိုသို့သော လူများသည် ၎င်းတို့၏ဆိုးယုတ်သော ဒဿနကို မလျှော့တမ်း ထားရှိပြီး မည်သူ့ကိုမျှ မစော်ကားကြချေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကိုယ် အပြစ်တင်မှု အသိစိတ်တစ်ခု မရှိကြပေ။ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့သည် အလျဉ်းသင့်၍ အချို့ ပြဿနာများကို သာမန်ကာလျှံကာ ပြောဆိုကောင်း ပြောဆိုပြီးနောက် ထိုအရာနှင့်ပတ်သက်၍ အဆုံးသတ်လိုက်ကြသည်။ ၎င်းတို့သည် လူတို့၏ အခြေအနေများကို စိတ်ဖြာလေ့လာ ဆွေးနွေးဖို့ မဆိုထားနှင့်၊ သမ္မာတရားကို မိတ်သဟာယ မပြုကြသကဲ့သို့ အခြားသူများ၏ ပြဿနာများနှင့်ဆိုင်သည့် အနှစ်သာရကိုလည်း ထောက်မပြကြချေ။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ လူတို့ကို ဦးမဆောင်ကြသကဲ့သို့၊ ဘုရားသခင်၏ အလို မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် လူတို့ မကြာခဏ ကျူးလွန်ကြသည့် အမှားများ သို့မဟုတ် လူတို့ ထုတ်ဖော်ပြကြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားများကို မည်သည့်အခါတွင်မျှ ပြောဆိုဆွေးနွေးခြင်း မပြုကြချေ။ ဤကဲ့သို့ လက်တွေ့ကျသော ပြဿနာများကို ၎င်းတို့ မဖြေရှင်းကြပေ။ ယင်းအစား၊ ၎င်းတို့သည် အခြားသူများ၏ အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်း၊ ပြီးလျှင် ၎င်းတို့၏ ပေါ့ဆခြင်းနှင့် စိတ်မပါခြင်းတို့ကိုပင် အစဉ် လိုက်လျောကြလေသည်။ ဤလူများ၏ လုပ်ရပ်များနှင့် အပြုအမူများကို ယင်းတို့ အဘယ်အရာ ဖြစ်သည် ဆိုသည်အတွက် အမည်တပ်ခြင်းမရှိဘဲ အသက်ရှင် နေထိုင်ကြသည်ကို တစ်သမတ်တည်း ခွင့်ပြုကြပြီး၊ ၎င်းတို့ ထိုသို့ လုပ်ဆောင်ကြသောကြောင့် အတိအကျပင်၊ လူအများစုက ‘ငါတို့၏ ခေါင်းဆောင်သည် ငါတို့အဖို့ မိခင်တစ်ဦးကဲ့သို့ ဖြစ်သည်။ သူသည် ဘုရားသခင်ထက် ငါတို့၏ အားနည်းချက်များကို သာ၍ပင် သိနားလည်မှုရှိသည်။ ငါတို့၏ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လျော်ညီဖို့ အလွန်သေးငယ်ကောင်း သေးငယ်လိမ့်မည်ဖြစ်သော်လည်း၊ ငါတို့၏ခေါင်းဆောင်၏ သတ်မှတ်ချက်များကို ငါတို့ ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ငါတို့၏ခေါင်းဆောင်နောက်လိုက်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နောက်လိုက်ခြင်း ဖြစ်သည်။ အထက်က ငါတို့ခေါင်းဆောင်ကို အစားထိုးသည့်နေ့ရက်ရောက်လာသည့်အခါ၊ ငါတို့ ကြားအောင်ဖွင့်ပြောမည်။ ငါတို့ ခေါင်းဆောင်ကို ထိန်းသိမ်းထားဖို့နှင့် အထက်က သူ့ကို အစားထိုးခြင်းမှ တားဆီးဖို့၊ ငါတို့သည် အထက်နှင့်ညှိနှိုင်းရမည်ဖြစ်ပြီး ၎င်းတို့အား ငါတို့၏ တောင်းဆိုမှုကို လက်ခံသဘောတူအောင် ဖိအားပေးရမည်။ ဤသည်မှာ ငါတို့၏ခေါင်းဆောင်ကို တရားမျှတစွာ ဆက်ဆံသည့် ပုံစံဖြစ်ပေသည်’ဟု တွေးလာကြသည်။ လူများသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ထိုသို့သော အတွေးများရှိသည့်အခါ၊ ၎င်းတို့၌ ခေါင်း‌ဆောင်နှင့်ပတ်သက်၍ မှီခိုသော ဆက်ဆံရေးတစ်ခုရှိပြီး ၎င်းတို့၏စိတ်နှလုံးထဲတွင် ၎င်းတို့၏ခေါင်းဆောင်အပေါ် မှီခိုမှု၊ အားကျမှု၊ လေးစားမှုနှင့် ကြည်ညိုမှုတို့ကို ခံစားရကာ၊ ယင်းက ဤခေါင်းဆောင်သည် ၎င်းတို့၏စိတ်နှလုံးထဲရှိ ဘုရားသခင်၏နေရာကို ယူပြီးလုနီးပါး ဖြစ်သည့်အခါ၊ ခေါင်းဆောင်က ထိုသို့သောဆက်ဆံရေးကို ထိန်းသိမ်းလိုပါက၊ ခေါင်းဆောင်သည် ၎င်း၏စိတ်နှလုံးထဲမှနေ၍ ဝမ်းမြောက်ခြင်း ခံစားချက်တစ်ခု ရရှိကာ၊ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ၎င်းတို့ကို ဤကဲ့သို့ ဆက်ဆံသင့်သည်ဟု ယုံကြည်ပါက၊ ၎င်းတို့နှင့် ပေါလုကြားတွင် ကွာခြားချက်မရှိသကဲ့သို့၊ ၎င်းတို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချမိနှင့်ပြီးဖြစ်သည်။...အန္တိခရစ်တို့သည် တကယ့်အလုပ်ကို မလုပ်ကြဘဲ၊ သမ္မာတရားကို မိတ်သဟာယမပြုသကဲ့သို့ ပြဿနာများကိုလည်း မဖြေရှင်းကြပေ၊ ၎င်းတို့သည် လူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၌လည်းကောင်း၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၌လည်းကောင်း လမ်းမပြကြချေ။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းနှင့် ကျော်ကြားမှုအတွက်သာ အလုပ်လုပ်ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တည်ထောင်ဖို့၊ လူများ၏စိတ်နှလုံးများ၌ ၎င်းတို့ ထိန်းသိမ်းထားသည့် နေရာကို ကာကွယ်ဖို့၊ ပြီးလျှင် လူတိုင်းအား ၎င်းတို့ကို ကိုးကွယ်စေဖို့၊ ကြည်ညိုစေဖို့နှင့် ၎င်းတို့ နောက်လိုက်စေဖို့ကိုသာ ဂရုစိုက်ကြသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ရည်မှန်းချက်များကို စွမ်းဆောင်ရရှိပြီး ဖြစ်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့က လူများကို စည်းရုံးသိမ်းသွင်းပြီး ဘုရားသခင် ရွေးချယ်ထားသူများကို ထိန်းချုပ်ဖို့ ကြိုးစားသည့် နည်းလမ်းဖြစ်ပေသည်။ ထိုသို့အလုပ်လုပ်သည့် နည်းလမ်းသည် မဆိုးယုတ်သလော၊ စက်ဆုပ်ဖွယ် မကောင်းသလော။ ယင်းသည် စက်ဆုပ်စရာ ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ပြီးတဲ့နောက် ကျွန်မတော်တော်ကို အရှက်ရပြီး မျက်နှာနီရဲသွားတယ်။ ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ အခြေအနေကို တိတိကျကျ ထုတ်ဖော်ပြခဲ့တာလေ။ သင်းထောက်နှစ်ယောက်က တကယ့်အလုပ်ကို မလုပ်တာ၊ ပြဿနာက အရေးကြီးတာကို ကျွန်မရှင်းရှင်းလင်းလင်းမြင်ခဲ့တယ်။ သူတို့ပြဿနာကို သူတို့သိနိုင်ပြီး တာဝန်အပေါ် သူတို့ရဲ့ သဘောထားတွေကို ပြောင်းလဲနိုင်အောင် မိတ်သဟာယဖွဲ့ဖို့ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို တရားစီရင်ပြီး ထုတ်ဖော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မအသုံးပြုခဲ့သင့်တာ။ ဒါဆိုရင် သူတို့ကြောင့် အသင်းတော်အလုပ် ထိခိုက်နေရတာ ရပ်သွားမှာပဲ။ ဒါပေမဲ့ သူတို့နဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပြီး ကျွန်မအပေါ် သူတို့အမြင်ကောင်းစေဖို့ သူတို့ပြဿနာတွေရဲ့ အဖြစ်အနှစ်ကို ကျွန်မ မဖော်ထုတ်ခဲ့ဘူး။ သူတို့ကို အားပေးဖို့ ဘုရားရဲ့ နှစ်သိမ့်ရာ စကားတွေကိုပဲ သုံးခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မက ခေါင်းဆောင်ကောင်းဖြစ်တယ်လို့ သူတို့ထင်ပြီး ကျွန်မအပေါ် အမြင်ကောင်းမယ်၊ ကျွန်မကို လက်ခံမယ်၊ နှစ်သက်မယ်လို့ ထင်ခဲ့တာ။ ကျွန်မက သိပ်အတ္တဆန်ပြီး စက်ဆုပ်စရာ ဖြစ်ခဲ့တာ။ သင်းထောက်နှစ်ယောက်ရဲ့ ပြဿနာတွေကို ကျွန်မအချိန်မီ မထောက်ပြ၊ မထုတ်ဖော်ခဲ့တာကြောင့် လူသစ်တွေက သူတို့အယူအဆတွေကို အချိန်မီ မဖြေရှင်းနိုင်ခဲ့ဘူး။ ဧဝံဂေလိကို ပူပူနွေးနွေး လက်ခံထားကြတဲ့သူတွေလည်း အစည်းအဝေးအဖွဲ့ကနေ ထွက်သွားတာ။ ဒါက ကျွန်မလုပ်ရပ်ကြောင့်ဆိုတာ သဘောပေါက်ခဲ့တယ်။ ခေါင်းဆောင်ရဲ့တာဝန်က သင်းထောက်တွေနဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့အလုပ်ကို ကြီးကြပ်၊ ရှေ့ဆက်လုပ်ကိုင်ပြီး ပြဿနာတွေကို အချိန်မီဖြေရှင်းဖို့ပဲ။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို ကျွန်မတို့ သိဖို့လိုတယ်။ ပြီးတော့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့၊ အသင်းတော်အလုပ်ကို ထိခိုက်တဲ့အရာတွေကို တစ်ယောက်ယောက်က လုပ်တဲ့အခါ ကျွန်မတို့က မေတ္တာနဲ့ မိတ်သဟာယပြုပြီး သူတို့ကို ကူညီသင့်တယ်။ မိတ်သဟာယပြုပေမဲ့ အမှုအရာတွေ မပြောင်းလဲသေးရင် သူတို့ကို ပြုပြင်သင့်တယ်၊ ကိုင်တွယ်ဖြေရှင်းသင့်တယ်၊ ထုတ်ပယ်သင့်တယ်။ ဒါဟာ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါပေမဲ့ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မက တာဝန်မဲ့ရုံတင်မကဘဲ စာတန်ရဲ့ အစေခံလို ပြုမူခဲ့ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ ရှက်စရာကောင်းလိုက်တာရှင်။ ကိစ္စတွေက ဒီလိုမျိုးဖြစ်သွားတာကို မြင်ရတာ ရှက်စရာ၊ ဝမ်းနည်းစရာကောင်းတယ်။ ခေါင်းဆောင်တစ်ယောက်လုပ်သင့်တဲ့အတိုင်း ကျွန်မ မလုပ်ခဲ့တာကြောင့် ဒီပြဿနာတွေ ဖြစ်လာခဲ့တာ။ ကျွန်မသာ မိတ်သဟာယပြုပြီး သူတို့ပြဿနာတွေကို ထုတ်ဖော်ပြခဲ့ရင် ကျွန်မကြောင့် အသင်းတော်အလုပ်က ဒီလိုအထိနာသွားမှာ မဟုတ်ဘူး။ ကျွန်မက တကယ့်အလုပ်ကို မလုပ်ခဲ့တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ပဲ။ သမ္မာတရားကို နားလည်အောင် ညီအစ်ကိုမောင်နှမတွေကို မကူညီခဲ့ဘူး။ သူတို့ကို ဘုရားရှေ့ မခေါ်ဆောင်နိုင်ခဲ့ဘူး။ ကျွန်မကို အကောင်းမြင်ပြီး သူတို့စိတ်နှလုံးထဲမှာ ကျွန်မက ဂုဏ်အဆင့်အတန်းရှိဖို့အတွက် အမြဲတမ်း ကျွန်မကို လက်ခံပြီး ကာကွယ်ပေးစေချင်ခဲ့တယ်။ ကျွန်မက ဘုရားကို အာခံတဲ့ အန္တိခရစ်ရဲ့လမ်းကြောင်းကို လျှောက်နေခဲ့တာ။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းမရှိရင် ဘယ်လိုမကောင်းမှုမျိုးကို ကျွန်မကျူးလွန်မိမလဲ မသိဘူး။ ဒါကို ကျွန်မသတိပြုမိတော့ ကိုယ့်လုပ်ရပ်တွေကို နောင်တရသွားတယ်။ အဲဒါနဲ့ ဘုရားကို ကျွန်မရိုးရိုးသားသား ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးရဲ့ အတ္တဆန်မှုက အသင်းတော်အလုပ်ကို အကြီးအကျယ် ထိခိုက်စေပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာကို အန္တရာယ်ဖြစ်စေမယ်ဆိုတာ သမီးသတိမထားမိခဲ့ပါဘူး။ ဒီလိုအရေးကြီးတဲ့စေခိုင်းချက်နဲ့ သမီးမထိုက်တန်ပါဘူး။ ဘုရားသခင်၊ သမီးနောင်တရချင်ပါတယ်။ ဧဝံဂေလိကို လက်ခံတာ မကြာသေးတဲ့ အဲဒီညီအစ်ကိုမောင်နှမတွေကို သမီးပြန်ခေါ်ဖို့ မျှော်လင့်ပါတယ်။ ဒီအမှားကို သမီးထပ်ပြီးမလုပ်မိဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တဲ့နေရာမှာ လမ်းပြတော်မူပါ” ဆိုပြီးလေ။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မအခြေအနေက နည်းနည်းတိုးတက်လာတယ်။ ဒါပေမဲ့ သိပ်အပြစ်ရှိနေသလိုတော့ ခံစားရတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် အပြစ်သားတစ်ယောက်လို၊ ကိုယ်လုပ်သမျှက စာတန်ကို ကိုယ်စားပြုသလို ခံစားရတာ။ ကျွန်မလိုလူမျိုးက ကယ်တင်ခြင်းမခံရနိုင်ဘူး၊ ကျွန်မအတွက် မျှော်လင့်ချက်မရှိဘူးလို့ ခံစားရတယ်။

အဲဒီအချိန်မှာ ညီအစ်မတစ်ယောက်က ချက်ဂရုထဲမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ပို့လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောတာ။ “သင်၏ ကျရှုံးခြင်း၊ အားနည်းခြင်းနှင့်ဆိုင်သော အတွေ့အကြုံများစွာနှင့် သင်၏ အပျက်သဘောဆောင်သော အချိန်များအားလုံးကို ဘုရားသခင်၏ စမ်းသပ်မှုများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်မှ လာပြီး၊ ခပ်သိမ်းသော အမှုအရာများနှင့် အဖြစ်အပျက်များမှာ သူ၏လက်ထဲတွင်ရှိသောကြောင့် ဖြစ်သည်။ သင်ကျရှုံးသည်ဖြစ်စေ သို့မဟုတ် သင်အားနည်းပြီး ခလုတ်တိုက်သည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်အပေါ် တည်မှီပြီး သူ၏လက်ထဲ၌ ရှိနေသည်။ ဘုရားသခင်၏အမြင်၌ ဤသည်မှာ သင့်အား စမ်းသပ်မှုတစ်ခုဖြစ်ပြီး ထိုအရာကို သင်သတိမပြုမိပါက ယင်းသည် စုံစမ်းသွေးဆောင်ခြင်း ဖြစ်လာလိမ့်မည်။ လူတို့ သတိပြုသင့်သော အခြေအနေနှစ်မျိုးရှိသည်- တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပြီး အခြားတစ်ခု၏ ဖြစ်နိုင်ခြေအရင်းအမြစ်က စာတန်ပင်ဖြစ်သည်။ တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးပြီး သင့်ကိုယ်သင်သိရန်၊ သင့်ကိုယ်သင် ရွံမုန်းပြီး နောင်တရရန်နှင့် ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာ ရှိနိုင်ရန်၊ ဘုရားသခင်အား ကျေနပ်စေရာ၌ သင်၏စိတ်နှလုံးကို ပိုင်းဖြတ်ထားစေရန် အခွင့်ပေးသည့် အခြေအနေ တစ်ခုဖြစ်သည်။ အခြားတစ်ခုမှာ သင်သည် သင့်ကိုယ်သင်သိသော်လည်း၊ အပျက်သဘောဆောင်ကာ အားနည်းသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဤအခြေအနေကို ဘုရားသခင်၏ စစ်ဆေးခြင်းဖြစ်သည်၊ ထို့ပြင် ယင်းကို စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ အကယ်၍ ဤသည်မှာ သင့်အား ဘုရားသခင်၏ ကယ်တင်ခြင်းဖြစ်သည်ဟု သင်အသိအမှတ်ပြုပြီး သင်သည် ယခု သူ့အပေါ် အလွန်တရာ အကြွေးတင်နေကြောင်း ခံစားရပါက၊ သင်သည် ယခုမှစ၍ သူ့ကို အကြွေးပြန်ဆပ်ရန်နှင့် ထိုသို့သော ဆိုးယုတ်ခြင်းထဲသို့ နောက်ထပ်မကျဆင်းတော့ရန် ကြိုးစားပါက၊ သူ၏ နှုတ်ကပတ်တော်များအား စားသောက်ရာ၌ သင်ကြိုးပမ်းအားထုတ်ပါက၊ ထို့ပြင် သင်သည် သင့်ကိုယ်သင် ချို့တဲ့လိုအပ်သည်ဟု အမြဲတမ်းယူဆပြီး တောင့်တသောစိတ်နှလုံးရှိပါက၊ ဤသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုပင်ဖြစ်သည်။ ဒုက္ခခံရခြင်း အဆုံးသတ်ပြီး သင် နောက်ထပ်တစ်ဖန် ရှေ့သို့ တက်လှမ်းနေသည့်နောက်တွင်၊ ဘုရားသခင်သည် သင့်ကို ဆက်လက်၍ ဦးဆောင်လမ်းပြမည်၊ အလင်းပေးမည်၊ ဉာဏ်အလင်းဖွင့်ပေးပြီး အားကောင်းစေမည်။ သို့သော် အကယ်၍ သင်သည် ယင်းကို အသိအမှတ်မပြုဘဲ အပျက်သဘောဆောင်လျက် မျှော်လင့်ချက် ပျက်သုဉ်းသည်အထိ သင့်ကိုယ်သင် တကယ်ကို ပစ်ပယ်ထားပါက၊ ဤနည်းအတိုင်း သင်တွေးထင်ပါက စာတန်၏ စုံစမ်းသွေးဆောင်ခြင်းမှာ သင့်အပေါ် ကျရောက်ပြီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဒီကျမ်းပိုဒ်ကို ဖတ်ပြီးတဲ့နောက် စိတ်သက်သာရာရသွားရော။ ရှေ့ဆက်ဖို့ ယုံကြည်မှုလည်း ရှိလာခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဘုရားထုတ်ဖော်ပြတဲ့ ဘုရားရဲ့ ခက်ထန်တဲ့ နှုတ်ကပတ်တော်တွေကို အရင်က ဖတ်တဲ့အခါ နာကျင်ပြီး စိတ်မသက်သာဘူး။ ကျွန်မက ရှုတ်ချခံရပြီး ကယ်တင်ခံရဖို့ မျှော်လင့်ချက်မရှိဘူးလို့ ခံစားမိတာ။ ဒီတော့ အပျက်သဘောဆောင်ပြီး အားနည်းလာရော။ ဒါပေမဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မဖတ်တဲ့အခါ ဘုရားအလိုတော်ကို ကျွန်မနားလည်သွားတယ်။ လူတွေက ကိုယ့်တာဝန်မှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို မကာကွယ်ဘဲ ဖော်ထုတ်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရရင် အပျက်သဘောဆောင်ပြီး အားနည်းကြတာက သာမန်ပါပဲ။ ဒါပေမဲ့ ကိုယ့်ကျရှုံးမှုမှာ သမ္မာတရားကို ရှာဖွေနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ရင် ဒါဟာ သင်ခန်းစာတစ်ခုကို သင်ယူဖို့ ကိုယ့်အခွင့်အရေးပဲ။ ကျွန်မက အပျက်သဘောဆောင်ပြီး နောက်ဆုတ်ရင်၊ ကိုယ့်ကိုယ်ကိုယ် အရှုံးပေးရင် စာတန်ရဲ့လှည့်ကွက်ထဲ ရောက်သွားပြီး စုံစမ်းသွေးဆောင်ခြင်းကို လွန်ဆန်နိုင်မှာ မဟုတ်ဘူး။ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ခြင်းနောက်ကွယ်မှာ ဘုရားရဲ့မေတ္တာရှိတာကို ကျွန်မမြင်ခဲ့တယ်။ ဘုရားက ကျွန်မတို့ကို ကိုယ့်ကိုယ်ကိုယ် သိစေချင်တယ်။ ကျရှုံးမှုတွေကနေ သင်ယူစေချင်တယ်။ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေရဲ့ ထိန်းချုပ်တာကို မခံစေချင်ဘူး။ ဒါက ကောင်းတဲ့အရာပါ။ ကြီးထွားဖို့ အခွင့်အလမ်းတစ်ခုပဲ။ ဒါကို သတိပြုမိပြီး ကျွန်မအပျက်သဘောမဆောင်တော့ဘူး။ ဘုရားကို အထင်မလွဲတော့ဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့ စည်းမျဉ်းတွေနဲ့အညီ ကျွန်မတာဝန်ထမ်းဆောင်ရမယ်။ ကျွန်မရဲ့ ဇာတိခံစားချက်တွေနောက်ကို လိုက်ပြီး ကိုယ့်ဂုဏ်သတင်းနဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်လို့ မဖြစ်တော့ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မဖတ်ရတယ်။ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်)သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ အဆုံးစွန် သစ္စာရှိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန်လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဒီဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ကူညီပေးခဲ့တာ။ ဘုရားက လှည့်စားတတ်သူတွေကို မုန်းတီးပေမဲ့ ရိုးသားသူတွေကို ချစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မနားလည်ခဲ့တယ်။ ရိုးသားသူတွေက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ကာကွယ်တယ်။ ရိုးသားသူတွေက ခေါင်းဆောင်ဖြစ်တဲ့အခါ အသင်းတော်အလုပ်က ဘယ်တော့မှ မနှောင့်နှေးဘူး။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးပြီး သင်းထောက်နှစ်ယောက်ရဲ့ ပြဿနာတွေကို ရိုးရိုးသားသား ရင်ဆိုင်ရမယ်။ သူတို့ပြဿနာတွေရဲ့ အရေးကြီးပုံကို သူတို့နားလည်အောင် စစ်မှန်စွာ နောင်တရအောင်၊ တာဝန်သိစိတ်နဲ့ ပြန်ပြီး ဆောင်ရွက်အောင် ကျွန်မမိတ်သဟာယဖွဲ့ပြီး သူတို့လုပ်ရပ်တွေကို ဖော်ထုတ်ရမယ်။ ကျွန်မမိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ သူတို့မပြောင်းလဲနိုင်ရင် အသင်းတော်အလုပ်ကို ကာကွယ်ဖို့အတွက် သူတို့ကို ထုတ်ပယ်ရမယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မရှာပြီးတော့ ညီအစ်ကိုကယ်ဗင်နဲ့ အရင် မိတ်သဟာယဖွဲ့တယ်။ ဒီလူမှုခေတ်ရေစီးကြောင်းတွေက စာတန်ဆီက စုံစမ်းသွေးဆောင်ခြင်းတွေပဲ ဆိုတာနဲ့ သူ့ရဲ့ ဇာတိလိုအင်ဆန္ဒတွေကို လွှတ်ချသင့်တယ်ဆိုတာ သူသိအောင်ပေါ့။ ပြီးတော့ ညီအစ်မဂျန်နဲနဲ့ ကျွန်မမိတ်သဟာယပြုပြီး သူ့တာဝန်မှာ သူဝန်တာထားမှုမရှိတာကို ထောက်ပြခဲ့တယ်။ ဘုရားအလိုတော်ကို ထောက်ထားဖို့ ပြောခဲ့တယ်။ ကျွန်မအံ့သြသွားတာက မိတ်သဟာယပြုပြီးတဲ့နောက် သူတို့နှစ်ယောက်လုံးက တာဝန်အပေါ် သူတို့သဘောထားတွေကို ပြောင်းလဲပြီးတော့ သူတို့အပြုအမူကို ပြုပြင်ဖို့ လိုလားခဲ့ကြတာပဲ။ နောက်ပိုင်းမှာ ညီအစ်ကိုကယ်ဗင်ကလည်း အပြောင်းအလဲတချို့ လုပ်ခဲ့တယ်။ ဒါကြောင့် သူက စုံစမ်းသွေးဆောင်ခံရတဲ့အချိန်မှာ သူ့ရဲ့ ကိုယ်ပိုင်ဇာတိပကတိကို သတိရှိရှိနဲ့ စွန့်ပစ်နိုင်ခဲ့တယ်။ ညီအစ်မဂျန်နဲကတော့ သူ့တာဝန်မှာ ပိုပြီး အစပြု လုပ်ဆောင်လာနိုင်ခဲ့တယ်။ ဒီရလဒ်ကို ကျွန်မမြင်ရတဲ့အခါမှာ သူတို့ပြဿနာတွေကို ပိုပြီးတော့ မြန်မြန် ထောက်မပြခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတာ။ သမ္မာတရားကို လက်ခံတဲ့သူတွေဟာ ဖော်ထုတ်ခံရပြီး အကြံဉာဏ်ပေးခံရတဲ့အခါ အပျက်သဘောမဆောင်ကြဘူးဆိုတာကိုလည်း ကျွန်မမြင်ခဲ့တယ်။ သူတို့ဟာ ဒီကနေ ကိုယ့်ကိုယ်ကိုယ် သိလာနိုင်ကြတယ်။ အမှန်တကယ် နောင်တရပြီး ဘုရားသခင်နဲ့ ပိုပူးပေါင်းလုပ်ဆောင်နိုင်ကြတယ်။ ဒီအတွေ့အကြုံကို ကြုံတွေ့ရလို့ ကျွန်မသိပ်ပျော်တာပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြခြင်းကို တွေ့ကြုံရလို့ ကျွန်မရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုအပေါ် နားလည်မှုတချို့ ရသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်၊ လူတွေကို ပြောင်းလဲ၊ ကယ်တင်နိုင်တယ်ဆိုတာကိုလည်း ကျွန်မတွေ့ကြုံခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

“ချစ်မေတ္တာ”ရဲ့ နောက်ကွယ်

ချန်ယန် တရုတ်နိုင်ငံ ယုံကြည်သူမဖြစ်ခင်က ကျွန်မထင်ခဲ့တယ်။ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော...

မိမိတာဝန်အပေါ် မည်သို့သဘောထားသင့်ပုံ

ကျုံးချန် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော သတ်မှတ်ချက်မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။