“ချစ်မေတ္တာ”ရဲ့ နောက်ကွယ်

22.05.2022

ချန်ယန် တရုတ်နိုင်ငံ

ယုံကြည်သူမဖြစ်ခင်က ကျွန်မထင်ခဲ့တယ်။ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏။” “အခြားသူများကို မည်သည့်အခါမျှ မစော်ကားပါနှင့်၊ သို့မဟုတ် ၎င်းတို့၏ချို့ယွင်းချက်များအတွက် အပြစ်မတင်ပါနှင့်။” “အကြင်နာ စကားတစ်ခွန်းဟာ ဆောင်းကိုနွေးစေပြီး၊ ခက်ထန်တဲ့ စကားကတော့ နွေကိုတောင် အေးခဲစေတယ်။” ဆိုတဲ့စကားတွေကို လိုက်နာသင့်တယ်ပေါ့။ ကျွန်မလူတွေရဲ့ အားနည်းချက်ကို ဘယ်တော့ မှ မထောက်ပြခဲ့ဘူး။ ပြောဆိုပြုမူတဲ့အခါမှာ သူတစ်ပါးရဲ့ ခံစားချက်ကို စဉ်းစားပေးပြီး၊ သူတစ်ပါးရဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာခဲ့တယ်။ သူငယ်ချင်းတွေ၊ အတန်းဖော်တွေက ကျွန်မကို နှစ်သက်ခဲ့ကြတယ်။ အားလုံးနဲ့ အဆင်ပြေနေတာကို ကျွန်မ တော်တော်ကျေနပ်ခဲ့တယ်။ ယုံကြည်သူဖြစ်လာပြီးတောင် ဒီနည်းလမ်းကို သုံးတုန်းဘဲ ညီအစ်ကို မောင်နှမတို့ရဲ့ ပြဿနာတွေကို လုံးဝ မထောက်ပြခဲ့ဘူး။ တစ်ယောက်ယောက်က ဖောက်ပြန်ပျက်စီးပြီး အသင်းတော်ကို ထိခိုက်စေတော့မှာကို ကျွန်မတွေ့ခဲ့တာတောင် ကျွန်မ ဘာမှ မပြောခဲ့ဘူး။ အခြားသူများကို သည်းခံ၊ ခွင့်လွှတ်ပြီး ချစ်ခြင်းအားဖြင့် ကျွန်မဟာ လူကောင်းတစ်ယောက် ဖြစ်တယ်လို့ ခံစားမိခဲ့တယ်။ ဘုရားသခင်က ကျွန်မကိုတရားစီရင်ပြီး၊ ပြစ်တင် မဆုံးမခင် အထိ ဒီလိုဘဲရှိခဲ့တယ်။ နောက်တော့ ကျွန်မရဲ့ “ချစ်မေတ္တာ” နောက်မှာ ပုန်းကွယ် နေတဲ့၊ မကောင်းတဲ့ရည်ရွယ်ချက်တွေကို တွေ့ခဲ့တယ်။ ကျွန်မဟာ တကယ်တော့ လူကောင်း မဟုတ်ဘူးဆိုတာ တွေ့ခဲ့ရတယ်။ ကျွန်မဟာ လူကောင်းယောင်ဆောင်ပြီး၊ တစ်ကိုယ်ကောင်းဆန်တယ်။ ရွံ့စရာကောင်းတယ်။ စဉ်းလဲခဲ့တယ်။ ဘုရားသခင်ရဲ့ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုနဲ့ နှုတ်ကပတ်တော် လမ်းညွှန်မှုကြောင့် လူကောင်းတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေကို ကျွန်မသင်ယူခဲ့တယ်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ မှာစခဲ့တာ။ ကျွန်မ အသင်းတော်ခေါင်းဆောင်အဖြစ်နဲ့ အမှုတော်ဆောင်တုန်းကပေါ့။ ဗီဒီယိုထုတ်လုပ်ရေးမှာလုပ်တဲ့ Liu (လျို) ဟာ သူ့တာဝန် မှာ နမော်နမဲ့နိုင်တာ၊ လေးကန်နေတာကို ကျွန်မတွေ့ခဲ့တယ်။ နောက်ပြီး ဝန်ထမ်းချင်စိတ်လဲ မရှိဘူး။ တွေ့ဆုံပွဲ တစ်ခုမှာတော့၊ သင့်တော်တဲ့ နှုတ်ကပတ်တော်ကို ရှာပြီး ရိုးရှင်းတဲ့ မိတ်သဟာယတချို့ကို ဝေမျှခဲ့တယ်။ သူက သူ့တာဝန် မှာ နမော်နမဲ့နိုင်တာကို ဝန်ခံပြီး၊ ပြောင်းလဲချင်တယ်လို့ ပြောလာတယ်။ ဒါပေမဲ့ နောက်ကျတော့လဲ ခါတိုင်းလိုဘဲ နမော်နမဲ့လုပ်ပြန်တယ်။ အဲဒီအချိန်တုန်းက ကျွန်မတွေးမိတယ်။ သူသာ အလုပ်အပေါ်ထားတဲ့ သဘောထားကို မပြောင်းခဲ့ရင် ဒါဟာ အလုပ်ရဲ့ ထိရောက်မှုအပေါ် တကယ်ကို ထိခိုက်လာတော့မယ်။ နောက်ပြီး သူရဲ့အသက်ဝင်ရောက်မှုကို ကူညီပေးမှာ မဟုတ်ဘူး။ သူရဲ့ အခြေအနေနဲ့ အပြုအမူအတွက် ထုတ်ပြောပြီး၊ ရှင်းရှင်းလင်းလင်း မိတ်ဿဟာယပြုသင့်တယ်လို့ ခံစားမိတယ်။ သူတာဝန်ကို ဒီလိုလုပ်တာကြောင့် ဖြစ်လာတဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေရောပေါ့။ ဒါမှ ပြဿနာရဲ့ အရေးကြီးမှုကို မြင်ပြီး၊ အချိန်မှီပြောင်းလဲနိုင်မှာ။ ဒါပေမဲ့ နောက်တော့ ကျွန်မတွေးမိတယ်။ “အကယ်၍ သူရဲ့ ပြဿနာတွေကို ဖော်ထုတ်ပြလိုက်ရင် သူလက်ခံနိုင်ပါ့မလား။ သူ့အပေါ်မေတ္တာမထားဘူးလို့ပြောပြီး၊ အခက်တွေ့အောင်လုပ်တယ်လို့ထင်မလား။ အကယ်၍များ အဆုံးသတ်မှာ မကျေမနပ်နဲ့ ငါ့ဘက်မှာ မရှိတော့ရင် သူနဲ့အဆင်ပြေဖို့ ခက်သွားလိမ့်မယ်။ ဒီကိစ္စမေ့လိုက်ပါတော့။ ငါအရမ်းတဲ့တိုး မပြောသင့်ဘူး။ နည်းနည်းလေးဘဲထောက်ပြမယ်။ သူ့အခြေအနေကို မြင်ဖို့လုံလောက်မှာပါပေါ့။ ဒါဆို သူ သိပ်အနေရခက်တော့မှာမဟုတ်ဘူး။ ကျွန်မတို့ကြားမှာလဲ ကသိကအောက် မဖြစ်တော့ဘူး” ပေါ့။ ဒါနဲ့ ကျွန်မလဲဖော့ပြီး ပြောလိုက်တယ်။ “နမော်နမဲ့နိုင်တာကို ထုတ်မပြောဘူးဆိုရင် တာဝန်ကို ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူးလို့၊ တာဝန်ထမ်းဆောင်တာဟာ အဖိုးတန်တဲ့ အခွင့်အလမ်းမို့ ဒါကိုတန်ဖိုးထားရမယ်။” သူရဲ့ တာဝန်ကို နမော်နမဲ့ဆက်လုပ်တုန်းဘဲ ဒါဟာ ကျွန်မတို့ရဲ့ ဗီဒီယိုထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေရုံ သာမက အခြားသော ညီအစ်ကိုမောင်နှမတွေ အပေါ်မှာပါ ဆုတ်ယုတ်တဲ့အကျိုးကို သက်ရောက်စေတယ်။ တခြားလူတွေဟာ တာဝန်ချိန်မှာ အလျင်မလိုဘဲ ဖြည်းဖြည်းလေးလုပ်လာကြတယ်။ သူတို့ရဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုပြောဖို့ အားမထုတ်ချင်ကြတော့ဘူး။ နောက်ပိုင်းမှာ ညီမတစ်ယောက်က သူ့ကိုပြုပြင်ပေးပြီး၊ ကိုင်တွယ်ဖြေရှင်းတဲ့အခါ သူနောင်တ မရသလို မပြောင်းလဲခဲ့ဘူး။ ဒါဟာ ကျွန်မကို နည်းနည်း စိတ်လှုပ်ရှားစေတယ်။ နောက်ပြီးတွေးမိတယ်။ “လီယူဟာ နမော်နမဲ့နိုင်ပြီး ဘာမှမပြောင်းလဲဘူး။ သူ့တာဝန်မှာ ဘာမှမပြီးမြောက်ဘူး။ စည်းမျဉ်းသဘောအရတော့ သူ့ကိုအလုပ် ထုတ်သင့်တယ်။ ဒါပေမဲ့ သူ့ကိုဒီလိုအလုပ်ထုတ်လိုက်မယ်ဆိုရင် ကျွန်မမှာ ဘာချစ်ခြင်းမေတ္တာနဲ့ စိတ်ရှည်မှုမှ မရှိဘူး။ ကျွန်မက ကိုယ်ချင်းစာစိတ်မရှိဘူး လို့ သူပြောနိုင်တယ်” ပေါ့။ အချိန်ယူ စဉ်းစားပြီးတဲ့နောက် လီယူကို အလုပ်မထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ကို တခြားတာဝန်တစ်ခုပြောင်းပေးဖို့တော့ ကျွန်မအကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒါဆို ကျွန်မကို မကောင်းမမြင်တော့ဘဲ၊ မေတ္တာထားတဲ့လူအဖြစ် ဆက်မြင်သွားမယ် ပေါ့။ အဲဒါနဲ့ လီယူကို အလုပ်ထုတ်ရင် သူ့အတွက် ဆုတ်ယုတ်ပြီး၊ စိတ်ဓါတ်ကျစေမယ်ဆိုပြီး ဗီဒီယိုထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ဖလင်စီစဉ်ရေး အလုပ်ကိုပေးခဲ့တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ တကယ် နားမလည်တာကြောင့် သူဟာ အလုပ်အသစ်မှာ ပိုလို့တောင် စည်းကမ်းမဲ့ပြီး ပေါ့ပျက်လာတယ်။ သူ့ရဲ့ ဝတ်ပြုခြင်း နဲ့ ဆုတောင်းခြင်းတွေ မှာတောင် အရှိန်လျော့လာတယ်။ သူက တာဝန်အတွက် ဝန်မထမ်းတာကြောင့် ဖလင်ဆက်ရာမှာ ဖရိုဖရဲဖြစ်ကုန်တယ်။ ဒါတွေကို သူပြင်ဆင်ပြီးတော့လည်း၊ တခြားသူတွေက လိုက်ရှင်းပေးရတယ်။ တစ်ခါဆို အရေးကြီးတဲ့ ဖလင်အချို့ကို မတော်တဆဖျက်ပစ်လိုက်တယ်။

ဒါကို ကျွန်မရဲ့ ခေါင်းဆောင်တွေ့တော့ ကိုယ်ကျင့်တရား ဒါမှမဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ကျွန်မရဲ့ ပုံရိပ်နဲ့ ရာထူးကို ကာကွယ်ခဲ့တဲ့ အတွက် ကျွန်မကို ကိုင်တွယ်ဖြေရှင်းပါတယ်။ ဒါဟာ အသင်းတော်ရဲ့ လုပ်ငန်းကို အဆုံးမှာ ထိခိုက်စေခဲ့တယ်။ ဒါကို ကြားရတာ ကျွန်မကြေကွဲတယ်။ တကယ်ကို စိတ်မကောင်းစရာပါ။ ဒါပြီးတော့ ကျွန်မနှုတ်ကပတ်တော် တစ်ပိုဒ်ဖတ်မိပြီး အဲဒီနှုတ်ကပတ်တော်ကြောင့် အမှုကိစ္စတွေကို ဒီလိုပုံစံမျိုး ဆောင်ရွက်ခြင်းရဲ့ သဘောသဘာဝကို နားလည်ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏ အိမ်တော်၏ အမှုကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ငါထုတ်ပြောလိုက်လျှင် ငါ့ကို မည်သို့အကျိုးပြုမည်နည်း။ ငါထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက အနာဂတ်တွင် ငါတို့ မည်သို့အဆင်ပြေမည်နည်’ ဟု တွေးရင်း သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ ဟု တွေးသည်။ ထိုအတွေးများနှင့် စကားများသည် သင် သတိရှိစွာ တွေးတောသည့် အရာတစ်ခု မဟုတ်သော်လည်း- သင်၏မသိစိတ်က ဖြစ်ပေါ်စေခြင်း ဖြစ်ကာ၊ ယင်းသည် လူများ ပြဿနာတစ်ခုကြုံတွေ့သည့်အခါ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်တွေးခေါ်သည့်ပုံစံကို အုပ်စိုးပြီး သင်၏လက်များနှင့် ခြေတို့ကို ချည်နှောင်ကာ၊ သင်ပြောသည့်အရာကို ထိန်းချုပ်သည်။ သင်ပြောရန် ဆန္ဒရှိသည့်အရာများ ရှိသော်လည်း၊ သင်သည် ဒွိဟဖြစ်နေပြီး သင်ထုတ်ပြောသည့်အခါတွင်ပင်၊ ဝေ့လည်ကြောင်ပတ်ဖြင့် သင့်ကိုယ်သင် လူးသာလွန့်သာ ရှိအောင်လုပ်သည်၊ သို့မဟုတ် သင် ချီတုံချတုံ ဖြစ်လေသည်။ ဤသည်မှာ လူတိုင်းအဖို့ မြင်သာသော်လည်း၊ သင်၏စိတ်နှလုံးထဲတွင် သင်က၊ ‘ကောင်းပြီ၊ ငါ ထုတ်ပြောခဲ့သည်။ ငါ၏ အသိစိတ်က အေးချမ်းသည်။ ငါ၏ တာဝန်ကို ငါ ဖြည့်ဆည်းပြီးပြီ’ဟု တွေးသေးသည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောသေးသည်ကို၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုရှိသကဲ့သို့၊ ရွေးချယ်ခံထားရသူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်ပြီး အသင်းတော်အလုပ်ကို ဟန့်တားနှောင့်ယှက်သည်ကို သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သင်အမှန်တကယ် ထင်သောအရာဟုတ်သလော။ ဤသို့ဆိုလျှင် သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားတို့၏ ထိန်းချုပ်မှုအောက်လုံးဝ ရောက်ရှိနေသည် မဟုတ်သလော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) တစ်ကိုယ်ကောင်းဆန်ပြီး၊ စဉ်းလဲတဲ့ စိတ်သဘောထားကို ဘုရားသခင် ဖော်ပြသွားပုံကြောင့် ရှက်မိပါတယ်။ အစ်မလီယူဟာ အကြိမ်ကြိမ်ဝေဖန်ခံရပြီးတဲ့ နောက်မှာ တာဝန်မှာ နမော်နမဲ့နဲ့ မပြောင်းလဲခဲ့ဘူး။ ဒါပေမဲ့ ကျွန်မမေတ္တာတရားမရှိဘူးလို့ သူပြောလာမှာကို ကျွန်မကြောက်ခဲ့တယ်။ ဒါကြောင့် သူ့ကိစ္စကို ကျွန်မသိမ်သိမ်မွေ့မွေ့ နဲ့ ထောက်ပြခဲ့တယ်။ သူရဲ့ နှလုံးသားထဲက ကျွန်မရဲ့ ပုံရိပ်နဲ့ ရာထူးကို ကာကွယ်ဖို့ပေါ့ အကျိုးရလဒ်အနေနဲ့ လီယူကို နည်းနည်းမှ မကူညီနိုင်ဘဲ၊ ဗီဒီယိုထုတ်လုပ်မှုကြန့်ကြာခဲ့တယ်။ စည်းကမ်းအရတော့ သူ့ကိုတာဝန်က ထုတ်လိုက်ရတော့မယ်။ ကျွန်မကတော့ ကောင်းမွန်ပြီး၊ မေတ္တာထားတဲ့ လူတစ်ယောက်ပုံပေါက်ချင်လို့ ဒါကို မလုပ်ခဲ့ဘူး။ ဒီအစား သူ့ကို ဗီဒီယိုတွေအတွက် ဖလင်ပြင်ဆင်ခိုင်းခဲ့တယ်။ ဒါဟာ အသင်းတော်ရဲ့အလုပ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့တယ်။ တခြားလူရဲ့ နှလုံးသားထဲက ကျွန်မရဲ့နေရာအတွက် အလဲအလှယ်လုပ်ဖို့ ကျေကျေနပ်နပ်နဲ့ ညီအစ်ကိုမောင်နှမတွေကို ဒုက္ခပေးပြီး၊ အသင်းတော်ကို ထိခိုက်စေခဲ့တာကို သဘောပေါက်မိတယ်။ ဒါဟာ လူကောင်းဘယ်လိုဖြစ်မှာလဲ။ ဒါဟာ တစ်ကိုယ်ကောင်းဆန်တာ၊ ရွံ့ရှာစရာ၊ စဉ်းလဲပြီး ယုတ်မာခဲ့တာ ဒါကို ဘုရားသခင် မရွံ့ရှာဘဲဘယ်နေမလဲ။ ဒါပြီးတော့ ကျွန်မတို့ချက်ချင်းဘဲ၊ အစ်မလီယူကို တာဝန်ကနေထုတ်လိုက်တယ်။ သူ့တာဝန် မှာ သူ့ရဲ့ မပြောင်းလဲတဲ့ အကျင့်ကိုဖော်ပြရင်း နှုတ်ကပတ်တော်အရ မိတ်ဿဟာယ ပြုခဲ့တယ်။ အချိန် အနည်းငယ်လွန်ပြီးတဲ့နောက် သမ္မာတရားကို ရှာဖွေခြင်းကတစ်ဆင့် သူ့ကိုယ်သူ နည်းနည်းသိမြင်လာပြီး သူ့အခြေအနေကို ပြောင်းလဲနိုင်ခဲ့တယ်။ သူအလုပ်ခွင်ပြန်ဝင်ပြီး၊ အဖွဲ့ထဲမှာ တာဝန်ခံအဖြစ် ရွေးမြှောက်ခံရတယ်။ ဒီသတင်းကိုကြားရတော့ သူ့အတွက် တကယ်ဘဲ ဝမ်းသာမိတယ်။ ဒါပေမဲ့ ကျွန်မရှက်ပြီးတော့ စိတ်မကောင်းလဲဖြစ်မိတယ်။ အရင်က သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ကိုယ့်ဂုဏ်နဲ့ ရာထူးကိုဘဲ ဂရုစိုက်ခဲ့တာ ဒါဟာ သူ့ရဲ့တိုးတက်မှုကို ဟန့်တားခဲ့တယ်။ ဘုရားသခင် ဗိမာန်တော်ရဲ့ အလုပ်ကိုလည်း ထိခိုက်စေခဲ့တယ်။ ဒါဟာ တကယ့်ဆိုးယုတ်မှုဘဲ ညီအစ်ကို မောင်နှမတွေနဲ့ ဘုရားအိမ်တော်ကို အထိခိုက်ခံပြီး လူ့အကြိုက်လိုက်သူတစ်ယောက် ဖြစ်လို့မရဘူးဆိုတာကို အဲဒီအချိန်ကစပြီး ကျွန်မ သိခဲ့ပါတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချိန်မှာ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုက ကျွန်မကို တားဆီးနေတုန်းပဲ။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလက ရေလောင်းတာဝန်ကျတဲ့ အစ်မလင်းဟာ၊ ဘာအကျိုးထူးမှ ရမလာဘူး အကြောင်းကတော့ သူ့မှာ အရည်အချင်းမရှိလို့ဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါကြောင့် တခြားတာဝန်ကိုပြောင်းပေးဖို့ လုပ်ခဲ့တယ်။ သူက တကယ်ဘဲ မာနကြီးပြီး သူများတွေနဲ့ သဘောထားမတူတဲ့အခါမှာ သမ္မာတရားစည်းမျဉ်းတွေနဲ့ ရှာဖွေရမယ့်အစား လူတိုင်းကို သူပြောတာကိုပဲ နားထောင်စေချင်တယ်။ ကျွန်မတွေးခဲ့တယ်။ “သူရဲ့ ဘဝင်စိတ်ကို မဖြေရှင်းရင် တစ်ခြားသူတွေနဲ့ ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူး။ သူလုပ်ရတဲ့ ဘယ်တာဝန်ကိုမဆို ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူး။ ဒါဟာ သူ့အတွက် ဒါမှမဟုတဘုရားအိမ်တော်ရဲ့ အလုပ်အတွက် မကောင်းဘူး။ သူ့ရဲ့ ပြဿနာတွေအကြောင်း ပြောပြပြီး၊ မိတ်ဿဟာယ အကောင်းဆုံးပြုသင့်တယ်။” နောက်တော့ သူနဲ့ မိတ်ဿဟာယဖွဲ့တုန်း ကျွန်မပြောလိုက်တယ်။ “ညီမကို စသိကတည်းက မာနကြီးတဲ့ ပြဿနာ ညီမမှာတွေ့ရတယ်။ ညီမက တစ်ပါးသူရဲ့ အကြံဉာဏ်လက်မခံဘူး။ တစ်ပါးသူနဲ့ အလုပ်ကောင်းကောင်းမလုပ်ဘူး။ ဒါဟာ ညီမရဲ့ တာဝန်မှာ အကျိုးကိုထိခိုက်စေတယ်။ ဒါနဲ့ ပတ်သက်ပြီး ညီမဘယ်လိုထင်လဲ” လို့ ဒါကို နှုတ်ကထွက်မိသွားတာနဲ့ ညီမလင်းက စိတ်မချမ်းမသာနဲ့ ပြောတယ်။ “အခြားသူတွေနဲ့ မလုပ်နိုင်တာဟာ ဘယ်တာဝန်မှာမှ ကောင်းမှာမဟုတ်ဘူးလို့ဆိုလိုတာဘဲ ဒီတာဝန်ကို ဘေးချိတ်ထားပြီးတော့ ကိုယ့်ကိုယ်ကိုယ်ခဏ ဆင်ခြင်ကြည့်ချင်တယ်။” သူ ဒါကိုပြောသံကြားတော့ ကျွန်မတွေးမိတယ်။ “သူက အစကတည်းက အခြေအနေက သိပ်မကောင်းဘူး။ ငါသာ သူ့ရဲ့ပြဿနာကို ဖော်ပြပြီး ဆွေးနွေးမယ်ဆိုရင် ငါက ခက်ထန်လွန်းပြီး၊ သူ့ကို တမင်ပစ်မှတ်ထားတယ်လို့ သူထင်သွားမလား။ ငါက စာနာစိတ်မရှိဘူး၊ မေတ္တာစိတ် မရှိဘူးလို့ သူပြောနိုင်တယ်။ ဒါဟာ သူမသွားခင် ငါ့ကို အမြင်ဆိုးနဲ့ မြင်သွားနိုင်တယ်။ ငါ သိပ်တဲ့တိုးကြီးမပြောတော့ဘဲ နည်းနည်းပဲ တိုက်တွန်းလိုက်မယ်။ သူ့ရဲ့ ပြဿနာကို အတိုချုံးပြောလိုက်မယ်။ ဒါဆိုရင် ကောင်းလောက်ပါရဲ့ပေါ့။ သူဆင်ခြင်တဲ့အခါ နည်းနည်းသဘောပေါက်ပြီး ပြောင်းလဲနိုင်မှာပါ။ ဒါဆို မကျေမနပ်ဖြစ်တာတွေ ရှိတော့မှာမဟုတ်ဘူး။ သူလည်း ကျွန်မကို ချစ်တတ်တဲ့၊ သည်းခံတတ်တဲ့ အသင်းတော်ခေါင်းဆောင်လို့ မြင်မယ်”ပေါ့။ ဒါကြောင့် ကျွန်မလေသံပြောင်းပြီး သူ့ကိုနှစ်သိမ့်ခဲ့တယ်။ “တကယ်တော့ ဒီတာဝန်ပြောင်းတာကလဲ ဘုရားသခင်ရဲ့ ချစ်မေတ္တာပါဘဲ။ ကိုယ်ဘာသာကိုယ် တိုးတက်အောင်အချိန်ယူပါ။ အချိန်နည်းနည်းလောက်ကြာပြီးတဲ့အခါ မာနကြီးတဲ့စိတ်သာပြောင်းလဲခဲ့ရင် ရေလောင်းတဲ့ တာဝန်ကို ပြန်ယူနိုင်ပါတယ်။ ဒီကိစ္စကို ကောင်းကောင်းချဉ်းကပ်ဖို့လိုတယ်” ပေါ့ မိတ်ဿဟာယအတွက် လူတွေကို အားပေးနှစ်သိမ့်တဲ့ နှုတ်ကပတ်တော် တချို့ ကို တွေ့ခဲ့တယ်။ သူနားထောင်ပြီး သူ့ရဲ့မျက်နှာပေါ်က စိတ်ပူနေတဲ့ပုံစံက ပျောက်သွားတယ်။ အဲ့ဒီကတည်းက အလုပ်ကောင်းကောင်း လုပ်ချင်ပြီး၊ ပိုကောင်းဖို့ဆက်ပြီးကြိုးစား နေတယ်လို့ သူပြောတယ်။

ကျွန်မလည်း အိမ်ကိုပြန်ပြီးတဲ့နောက် ဒါကိုစဉ်းစားနေခဲ့တယ်။ ကျွန်မထင်တာက “သူ့ကိုဒီလိုနှစ်သိမ့်ပေးခြင်းအားဖြင့် သူမဆုတ်ယုတ်တော့ပေမယ့် သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောနဲ့ ပတ်သက်ပြီး သူတကယ်နားလည်ရဲ့လား။ သူ့တာဝန်မှာ အပြောင်းအလဲက သူ့ကိုစိတ်ဓါတ်လှုံဆော်ပေးရဲ့လား။ သူ့ကိုပြောင်းလဲဖို့ပေါ့။ နှစ်ရက်အတွင်းမှာ သူတစ်ခြားတာဝန်ကိုပြောင်းသွားတယ်။ အရင်လိုမျိုး ပြဿနာတွေဘဲ ထပ်ဖြစ်ရင် သူရဲ့ ထိရောက်မှုကို မထိခိုက်ဘူးလား”ပေါ့။ ကျွန်မလုံးဝစိတ်မအေးနိုင်ဘူး။ ဒါကြောင့် ကျွန်မနဲ့အတူလုပ်တဲ့ အစ်မဖန်ကို ဘယ်လိုထင်လဲလို့မေးခဲ့တယ်။ သူကပြောတယ်။ “ညီမလင်းမှာ သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောနဲ့ ပတ်သက်ပြီး တကယ်နားမလည်တာ သဘောတူပါတယ်။ အသင်းတော်အလုပ်အကိုင်ကို ထိခိုက်စေခဲ့လို့ နောင်တနဲ့ အကြွေးတင်တဲ့ အသိ သူ့မှာမရှိဘူး။ သူတာဝန်ထပ်မဆောင်ချင်တော့ဘူး လို့ပြောတာကို အစ်မကြားတဲ့အချိန်မှာ အစ်မက သူ့ကိုနှစ်သိမ့်ခဲ့ပေမယ့် သူ့ရဲ့ မာနနဲ့ သူများတွေနဲ့ ကောင်းကောင်းတွဲ မလုပ်နိုင်တဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မိတ်ဿဟာယ မပြုခဲ့ဘူး။ ဒါဟာ သူ့ရဲ့နောက်ထပ်ဆင်ခြင်မှုနဲ့ ဝင်ရောက်မှုအပေါ် ကူညီမှာမဟုတ်ဘူး။” အစ်မဖန်က ဆက်ပြောတယ်။ “ဆရာမကို သိလာတဲ့ကာလတစ်လျှောက် ကလေးထိန်းနဲ့တူတယ်လို့ ခံစားမိတယ်” သူက ဒီလိုခေါ်တာကြားတော့ ငိုရမလား၊ ရယ်ရမလား မသိတော့ဘူး။ ဘယ်လိုနည်းနဲ့ ကျွန်မကို ဒီလိုသရုပ်ဖော်နိုင်ရတာလဲဆိုတာ ကျွန်မသိချင်တယ်။ ကသိကအောက်ဖြစ်သွားတာမြင်တော့ သူက ကမန်းကတန်း ရှင်းပြတယ်။ “ဖောက်ပြန်ပျက်စီးမှုကြောင့် ညီအစ်ကို မောင်နှမတွေက တာဝန်ကိုထိခိုက်တဲ့အချိန်တိုင်း အစ်မက သူ့တို့ကိုနှစ်သိမ့်စေခဲ့တယ်။ သူတို့ကို ထုတ်ပြောဖို့၊ အမှန်တရားတစ်ခု မှမပြောရဲဘူး သူတို့ကို ပြဿနာတွေနဲ့ လွှတ်ထားပေးတယ်။ ဒါဟာ သူတို့ရဲ့ အသက်တာအတွက် လုံးဝ အကျိုးမရှိဘူး။ အသင်းတော်ခေါင်းဆောင်တွေ အများကြီး နဲ့ အလုပ်တွဲလုပ်ဖူးပေမဲ့ အစ်မလို လူမျိုးမတွေ့ဖူးဘူး။” ဒါပေမဲ့ ကျွန်မဆီမှာ အမြဲတမ်းရှိခဲ့တဲ့ ပြဿနာကို သူကဖော်ထုတ်ခဲ့တာ ဒါဟာ အရင်ကဖြစ်ခဲ့တဲ့ ကိစ္စတွေကို သတိရစေပါတယ်။ တစ်ခြားညီမတစ်တယောက်ကလည်း အရင်က ဒီကိစ္စကိုထောက်ပြဘူးတယ်။ သူပြောတာက “အစ်မနဲ့ ကျွန်မတွဲလုပ်လာတာ နည်းနည်းကြာပြီ။ ကျွန်မရဲ့ ကိစ္စတွေ ဒါမှမဟုတ် ချို့ယွင်းချက်တွေကို အစ်မမ မပြောဖူးဘူး။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မကို တကယ် မကူညီဖူးဘူး”တဲ့။ ဒီညီမနှစ်ယောက်ရဲ့ ကျွန်မအပေါ် အကဲဖြတ်တာဟာ ထိမိပြီး ကျွန်မဟာ တော်တော်အပြစ်ရှိတယ်လို့ခံစားရတယ်။ ကျွန်မ တခြားသူတွေနဲ့ တွဲလုပ်တာ နည်းနည်းကြာပြီဆိုပေမဲ့ သူတို့ကို တကယ် အကူအညီဖြစ်စေမဲ့အရာ တစ်ခုမှ မပေးဖူးဘူး ညီအစ်ကိုမောင်နှမတွေရဲ့ အမှားကို ထောက်ပြဖို့ ကျွန်မဘာလို့အမြဲကြောက်နေခဲ့တာလဲ။ ကျွန်မရှာဖွေရင်း ဘုရားသခင်ထံမှာ ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျွန်မ အချိန်အများစုမှာ သူတို့ရဲ့ ပြဿနာတွေကို ထောက်မပြရဲဘူး၊ စော်ကားမိမှာစိုးလို့ပါ။ ဒီနည်းနဲ့တော့ လူတွေဟာ မသင်ယူနိုင်ပါဘူး။ ကျွန်မဒီလိုလူမျိုး မဖြစ်ချင်ဘူး။ ဒါပေမဲ့ ပြဿနာရဲ့ အကြောင်းအရင်းကို ကျွန်မ နားမလည်ဘူး။ ကိုယ့်ကိုယ်ကိုယ် သိနားလည်ပြီး၊ သင်ခန်းစာယူဖို့ ကျွန်မကိုလမ်းပြတော်မူပါ”ပေါ့။

အဲဒီနောက်မှာ စိတ်ထားကောင်းတဲ့ ပုံဖမ်းတဲ့အန္တိခရစ်တွေကို ဖော်ပြတဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်မိတယ်။ ဒီကျမ်းပိုဒ်ဟာ ကျွန်မအတွက် အရမ်းအသုံးကျတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အချို့ အသင်းတော်ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ကို ပေါ့ဆစွာနှင့် ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည့် ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများကို ၎င်းတို့မြင်တွေ့ရလျက် ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်ငြားလည်း မပြုကြချေ။ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်နစ်နာစေသည့်အရာတစ်ခုကို ၎င်းတို့ မြင်သည့်အခါ၊ အခြားသူများ ယုတ်စွအဆုံး စိတ်အနှောင့်အယှက်ပင် မဖြစ်စေဖို့အလို့ငှာ၊ ၎င်းတို့သည် မသိကျိုးကျွန်ပြုကြပြီး မည်သည့် မေးမြန်းစုံစမ်းခြင်းများကိုမျှ မပြုကြချေ။ ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်နှင့် ရည်မှန်းချက် ပန်းတိုင်မှာ အခြားသူများ၏ အားနည်းချက်များအတွက် စာနာထောက်ထားမှု ပြရန်မဟုတ်- ၎င်းတို့ မည်သည့်အရာ ရည်ရွယ်သည်ကို ၎င်းတို့ အပြည့်အဝ ကောင်းစွာ သိကြသည်- ‘ဤအရာကို ငါ ဆက်ထိန်းထားပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေပါက၊ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ အသိအမှတ်ပြုကာ နှစ်သက်ကြလိမ့်မည်။’ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသော လူများက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် မည်မျှ ကြီးမားစွာ ကြန့်ကြာစေခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အသင်းတော် အသက်တာသည် မည်မျှ ကြီးမားစွာ နှောင့်ယှက်ခံရသည် ဖြစ်စေ၊ ထိုသို့သော လူများသည် ၎င်းတို့၏ဆိုးယုတ်သော ဒဿနကို မလျှော့တမ်း ထားရှိပြီး မည်သူ့ကိုမျှ မစော်ကားကြချေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကိုယ် အပြစ်တင်မှု အသိစိတ်တစ်ခု မရှိကြပေ။ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့သည် အလျဉ်းသင့်၍ အချို့ ပြဿနာများကို သာမန်ကာလျှံကာ ပြောဆိုကောင်း ပြောဆိုပြီးနောက် ထိုအရာနှင့်ပတ်သက်၍ အဆုံးသတ်လိုက်ကြသည်။ ၎င်းတို့သည် လူတို့၏ အခြေအနေများကို စိတ်ဖြာလေ့လာ ဆွေးနွေးဖို့ မဆိုထားနှင့်၊ သမ္မာတရားကို မိတ်သဟာယ မပြုကြသကဲ့သို့ အခြားသူများ၏ ပြဿနာများနှင့်ဆိုင်သည့် အနှစ်သာရကိုလည်း ထောက်မပြကြချေ။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ လူတို့ကို ဦးမဆောင်ကြသကဲ့သို့၊ ဘုရားသခင်၏ အလို မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် လူတို့ မကြာခဏ ကျူးလွန်ကြသည့် အမှားများ သို့မဟုတ် လူတို့ ထုတ်ဖော်ပြကြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားများကို မည်သည့်အခါတွင်မျှ ပြောဆိုဆွေးနွေးခြင်း မပြုကြချေ။ ဤကဲ့သို့ လက်တွေ့ကျသော ပြဿနာများကို ၎င်းတို့ မဖြေရှင်းကြပေ။ ယင်းအစား၊ ၎င်းတို့သည် အခြားသူများ၏ အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်း၊ ပြီးလျှင် ၎င်းတို့၏ ပေါ့ဆခြင်းနှင့် စိတ်မပါခြင်းတို့ကိုပင် အစဉ် လိုက်လျောကြလေသည်။ ဤလူများ၏ လုပ်ရပ်များနှင့် အပြုအမူများကို ယင်းတို့ အဘယ်အရာ ဖြစ်သည် ဆိုသည်အတွက် အမည်တပ်ခြင်းမရှိဘဲ အသက်ရှင် နေထိုင်ကြသည်ကို တစ်သမတ်တည်း ခွင့်ပြုကြပြီး၊ ၎င်းတို့ ထိုသို့ လုပ်ဆောင်ကြသောကြောင့် အတိအကျပင်၊ လူအများစုက ‘ငါတို့၏ ခေါင်းဆောင်သည် ငါတို့အဖို့ မိခင်တစ်ဦးကဲ့သို့ ဖြစ်သည်။ သူသည် ဘုရားသခင်ထက် ငါတို့၏ အားနည်းချက်များကို သာ၍ပင် သိနားလည်မှုရှိသည်။ ငါတို့၏ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လျော်ညီဖို့ အလွန်သေးငယ်ကောင်း သေးငယ်လိမ့်မည်ဖြစ်သော်လည်း၊ ငါတို့၏ခေါင်းဆောင်၏ သတ်မှတ်ချက်များကို ငါတို့ ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ငါတို့၏ခေါင်းဆောင်နောက်လိုက်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နောက်လိုက်ခြင်း ဖြစ်သည်။ အထက်က ငါတို့ခေါင်းဆောင်ကို အစားထိုးသည့်နေ့ရက်ရောက်လာသည့်အခါ၊ ငါတို့ ကြားအောင်ဖွင့်ပြောမည်။ ငါတို့ ခေါင်းဆောင်ကို ထိန်းသိမ်းထားဖို့နှင့် အထက်က သူ့ကို အစားထိုးခြင်းမှ တားဆီးဖို့၊ ငါတို့သည် အထက်နှင့်ညှိနှိုင်းရမည်ဖြစ်ပြီး ၎င်းတို့အား ငါတို့၏ တောင်းဆိုမှုကို လက်ခံသဘောတူအောင် ဖိအားပေးရမည်။ ဤသည်မှာ ငါတို့၏ခေါင်းဆောင်ကို တရားမျှတစွာ ဆက်ဆံသည့် ပုံစံဖြစ်ပေသည်’ဟု တွေးလာကြသည်။ လူများသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ထိုသို့သော အတွေးများရှိသည့်အခါ၊ ၎င်းတို့၌ ခေါင်း‌ဆောင်နှင့်ပတ်သက်၍ မှီခိုသော ဆက်ဆံရေးတစ်ခုရှိပြီး ၎င်းတို့၏စိတ်နှလုံးထဲတွင် ၎င်းတို့၏ခေါင်းဆောင်အပေါ် မှီခိုမှု၊ အားကျမှု၊ လေးစားမှုနှင့် ကြည်ညိုမှုတို့ကို ခံစားရကာ၊ ယင်းက ဤခေါင်းဆောင်သည် ၎င်းတို့၏စိတ်နှလုံးထဲရှိ ဘုရားသခင်၏နေရာကို ယူပြီးလုနီးပါး ဖြစ်သည့်အခါ၊ ခေါင်းဆောင်က ထိုသို့သောဆက်ဆံရေးကို ထိန်းသိမ်းလိုပါက၊ ခေါင်းဆောင်သည် ၎င်း၏စိတ်နှလုံးထဲမှနေ၍ ဝမ်းမြောက်ခြင်း ခံစားချက်တစ်ခု ရရှိကာ၊ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ၎င်းတို့ကို ဤကဲ့သို့ ဆက်ဆံသင့်သည်ဟု ယုံကြည်ပါက၊ ၎င်းတို့နှင့် ပေါလုကြားတွင် ကွာခြားချက်မရှိသကဲ့သို့၊ ၎င်းတို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချမိနှင့်ပြီးဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) အန္တီခရစ်တွေဟာ လူတွေကို မတိုက်ခိုက်ဘူး။ အခြားသူတွေရဲ့ ဖောက်ပြန်ပျက်စီးမှုကို မဖော်ပြဘူးဆိုတာက သူတို့ဟာ လူများကို မျက်နှာလုပ်ပြီး၊ အခြားသူတွေရဲ့ နှလုံးသားထဲမှာ သူတို့ရဲ့နေရာကို ခိုင်မြဲစေနိုင်ဖို့အတွက်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ဖွင့်ပြချက်ကနေ ကျွန်မသဘောပေါက်ခဲ့တယ်။ ကျွန်မဟာ ဒီလိုဖြစ်ခဲ့တယ်မလား။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်စေမဲ့ သမ္မာတရားနဲ့ တပြေးညီမဖြစ်တဲ့ တစ်စုံတစ်ရာကို ညီအစ်ကိုမောင်နှမတွေပြုလုပ်တာ ကျွန်မတွေ့တဲ့အခါ ပြဿနာရဲ့ အချုပ်ကို ကျွန်မထောက်မပြရဲဘူး။ ညှာတာပြီး မျှတတဲ့ လူတစ်ယောက်အနေနဲ့ သူတို့ဆီမှာရှိတဲ့ ကျွန်မရဲ့ ပုံရိပ်ပျက်စီးသွားမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် ပြဿနာရဲ့ ရင်းမြစ်ကို အမြဲရှောင်ကွင်းပြီး၊ အခြားသူတွေရဲ့ ဖောက်ပြန် ပျက်စီးမှုနဲ့ အားနည်းချက်အပေါ်အလိုလိုက်ခဲ့တယ်။ သူများတွေဆီမှာရှိတဲ့ ကျွန်မရဲ့ အဆင့်အတန်းကို ထိန်းထားဖို့အတွက် အပေါ်ယံသဘောကောင်းပြပြီး၊ လူတွေကို လှည့်စားခဲ့တယ်၊ စိတ်သဘောကောင်း ယောင်ဆောင်ခဲ့တယ်။ ဒါဟာ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ ဘုရားအိမ်တော်ရဲ့ အလုပ်ကိုထိခိုက်စေပါတယ်။ ကျွန်မ တခြားသူတွေကို မကူညီပေမယ့် သူတို့တွေဟာ ကျွန်မအကြောင်း အကောင်းပြောနေတုန်းဘဲ ဒါဟာ ညီအစ်ကိုမောင်နှမတွေကို ကျွန်မဘက်ပါအောင် လုပ်တာမဟုတ်ဘူးလား။ ကျွန်မရဲ့ လုပ်ဆောင်ချက်တွေနဲ့ အန္တီခရစ်ရဲ့ လုပ်ဆောင်ချက်တွေရဲ့ အနှစ်သာရ ကြားမှာ ဘာကွာလို့လဲ။ ဒီလိုသဘောပေါက်မိတော့ ကျွန်မမကြောက်ဘဲမနေနိုင်ဘူး။ ဘုရားသခင်က ကျွန်မကိုခေါင်းဆောင်နေရာကို မြှင့်တင်ပေးခဲ့တာက် တခြားလူတွေရဲ့ ပြဿနာတွေနဲ့ အသက်ဝင်ရောက်မှုမှာရှိတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ သမ္မာတရားနဲ့ မိတ်သဟာယပြုခြင်းကို ကျွန်မလက်တွေ့လုပ်ဆောင်နိုင်ဖို့ပါ။ သမ္မာတရားကိုရှာဖွေပြီး ကိစ္စတွေ့ကြုံလာတဲ့အခါ မိမိကိုယ်ကိုယ် သိနားလည်ဖို့ပါ။ အဲ့ဒီနောက် ဘုရားသခင်ထံမှ နောင်တရပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဘုရားသခင်ကို နာခံဖို့ပါ။ အဲ့ဒီအစား ကျွန်မက လမ်းဘေး ဓါးပြနဲ့တူတယ်။ တခြားလူတွေကြားထဲမှာ မျက်နှာလို မျက်နှာရလုပ်ပြီး၊ ကျွန်မနဲ့နေရာကို တည်ထောင်ဖို့ စက်ဆုပ်ဖို့ကောင်းတဲ့နည်းကို အသုံးပြုခဲ့တယ်။ ဒါဟာ အန္တီခရစ်တစ်ယောက်လုပ်မယ့် အရာမဟုတ်ဘူးလား။ သူ့ လူတွေအတွက် ကျွန်မက ဘုရားသခင်နဲ့ စစ်ထိုးနေခဲ့တယ်၊ ဒါဟာ သူ့စိတ်သဘောထားကို ဆိုးဆိုးရွားရွား ပုန်ကန်ပစ်မှားတာဘဲ။ လူ့အကြိုက်ဆောင်တဲ့ လူတစ်ယောက်ရဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေက ဘယ်လောက်ကြောက်စရာ ကောင်းတယ်။ ကျွန်မဟာ မပြောင်းလဲခဲ့ရင် ဖယ်ရှားခံရနိုင်တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ကျွန်မ ဒါကိုသဘောပေါက်တဲ့အခါ ဘုရားသခင်ရှေ့တော်ကိုဝင်ပြီး ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင် ကျွန်မဟာ လူကောင်းတစ်ယောက် လုံးဝမဟုတ်ဘဲ၊ လူကြိုက်ခံချင်တဲ့ လူတစ်ယောက်သာဖြစ်တာကို သဘောပေါက်ပါပြီ။ ညီအစ်ကိုမောင်နှမတွေကို လှည့်စားပြီး၊ သူတို့ ကျွန်မအပေါ်ထားတဲ့ ပုံရိပ်ကို ကာကွယ်ဖို့ အမြဲကြိုးစားနေတာပါ။ ဒါဟာ ကိုယ်တော့်အဖို့ ရွံ့ရှာဖွယ်ရာဖြစ်ပါတယ်။ ဘုရားသခင် ကိုယ်တော့်ထံမှာ နောင်တရလိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် စွန့်ပယ်ပြီး၊ လူ့အကြိုက်ဆောင်နေတာကို ရပ်တန့်လိုပါတယ်။”

အဲ့ဒီနောက်တော့ အစ်မဖန်နဲ့ ကျွန်မတို့ အစ်မလင်းကိစ္စကို ပိုပြောခဲ့ကြတယ်။ နောက်တော့ သူနဲ့ မိတ်ဿဟာယပြုပြီး သူ့ကိုကူညီဖို့သွားခဲ့ကြတယ်။ သူ့ရဲ့ မာနကြီးတာကို ဖော်ပြတာ သူ့ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်တွေကို လက်မလျော့တာနဲ့ ပတ်သက်ပြီး ကျွန်မတို့ဆွေးနွေးကြတယ်။ မာနကြီးကြီး အသက်ရှင်ခြင်းရဲ့ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေနဲ့ ဝင်ရောက်မှုနှင့် လက်တွေ့ကျင့်ဆောင်မှုရဲ့ လမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ နှုတ်ကပတ်တော်ကိုလည်းတွေ့ခဲ့တယ်။ မိတ်ဿဟာယပြုပြီးတဲ့နောက် ကျွန်မတို့နဲ့ ပတ်သက်ပြီး သူစိတ်အနှောင့်အယှက်မဖြစ်ခဲ့ဘူး။ နောက်ပြီး ကျွန်မစိတ်ကူးခဲ့သလောက်လဲ သူဟာထိခိုက်မလွယ်ဘူး။ သူက စိတ်ရင်းနဲ့ပြောတယ်။ “ကျွန်မပြဿနာနဲ့ ပတ်သက်ပြီး အစ်မတို့နှစ်ယောက်က လုံးဝမှန်ပါတယ်။ နောင်များမှာ ကျွန်မရဲ့ ဘဝင်စိတ်ကို ကိုင်တွယ်ဖို့ အာရုံစိုက်ပါ့မယ်”တဲ့။ သူဒီလိုပြောတာကြားရတော့ ကျွန်မအရမ်းဝမ်းသာတယ်။ လူတွေကို သမ္မာတရားနဲ့အညီ ဆက်ဆံခြင်းနဲ့ ဘုရားသခင်ရဲ့ ရှေ့တော်သို့ သူတို့ကိုခေါ်ဆောင်လာခြင်းက စစ်မှန်တဲ့မေတ္တာနဲ့ အကြင်နာတရားဖြစ်တယ်ဆိုတာကို ကျွန်မတွေ့ခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေကို မေတ္တာနဲ့ ကူညီတာဟာ သူတို့ကို နှိုးဆော်တာ၊ တိုက်တွန်းတာ ထောက်ခံပြီး၊ အားပေးတာဖြစ်တယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ပတ်သက်ပြီး တဲ့တိုးပြောတာမဟုတ်ဘူးလို့ ကျွန်မအမြဲထင်ခဲ့တယ်။ သူတို့ဟာ ဒါကိုလက်ခံဖို့၊ အခက်အခဲဖြစ်ပြီးဆုတ်ယုတ်လာနိုင်တယ်လို့ ကျွန်မထင်ခဲ့တယ်။ အခုတော့ ကျွန်မသဘောပေါက်ပြီ။ စစ်မှန်စွာချစ်ခြင်းဆိုတာ တခြားလူတွေရဲ့ ဖောက်ပြန်ပျက်စီးမှု၊ ပြဿနာတွေနဲ့ အခက်ခဲတွေကို သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အညီဖြေရှင်းအဖို့ ကူညီပေးခြင်းဖြစ်ပါတယ်။ ထောက်ခံတာနဲ အားပေးတာက ချဉ်းကပ်နည်းတစ်ခု၊ ပြုပြင်ခြင်းနဲ့ သူတို့ကိုကိုင်တွယ်ဖြေရှင်းတာက အခြားချဉ်းကပ်နည်းတစ်ခုဖြစ်တယ်။ ဉပမာပေးရရင် တစ်ခါတစ်ရံမှာ လူတစ်ယောက်ဟာ ကဏ္ဍတစ်ခုမှာ တကယ်ပြင်းထန်တဲ့ ဖောက်ပြန်ပျက်စီးမှုရှိပြီး မိတ်ဿဟာယများစွာ ပြုပြီးတဲ့နောက် မပြောင်းလဲတဲ့အခါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အရ အကျိုးဆက်တွေရဲ့ အချုပ်၊ အကြောင်းရင်းနဲ့ ပြင်းထန်မှုကို လေ့လာဆွေးနွေးဖို့လိုအပ်တယ်။ ဒါမှ သူတို့ဟာ ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ်သိနားလည် ဖို့ ဘုရားသခင်ရှေ့တော်ကို ဝင်ရလိမ့်မယ်။ နောက်ဆုံးတော့ သူတို့ဟာ အမှန်တကယ်နောင်တရနိုင်မယ် ဒါဟာအကျိုးရမဲ့ တစ်ခုတည်းသော နည်းလမ်းဘဲ။ ကျွန်မရဲ့ တခြားသူတွေအတွက် အမည်ခံချစ်မေတ္တာဟာ လောကီဒဿနအပေါ်မှာ အခြေပြုခဲ့တယ်။ နောက်ပြီး ဒါဟာ ကျွန်မရဲ့စက်ဆုပ်ဖွယ် ရည်ရွယ်ချက်တွေကို သယ်ဆောင်ခဲ့တယ်။ ကျွန်မက လူတွေကျွန်မအပေါ်ထားတဲ့ ပုံရိပ်ကိုဘဲ ကာကွယ်ချင်ခဲ့တာ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာအတွက် ဘာတာဝန်မှမယူခဲ့ဘူး စစ်မှန်စွာ ချစ်ဖို့ဝေးပါတယ်။ ဒါကို သဘောပေါက်ခဲ့တော့ ကျွန်မအရမ်းရှက်မိတယ်။ နောက်ပြီး ကျွန်မရဲ့ ချွတ်ယွင်းတဲ့ အလေ့အကျင့်ကို ပြုပြင်ဖို့အသင့်ဖြစ်လာခဲ့တယ်။

နောက်တော့ ကျွန်မစဉ်းစားမိတယ်။ တခြားသူတွေရဲ့ အမှားတွေနဲ့ ဖောက်ပြန်ပျက်စီးမှုကို ငါတွေ့တဲ့အခါ ရိုးသားတဲ့ စကားတစ်ခွန်းပြောဖို့ ငါ့အတွက် ဘာလို့ အရမ်းခက်ခဲရတာလဲ။ သူတို့ကိုဖော်ထုတ်ဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ငါလိုအပ်ခဲ့တယ်ပေါ့။ ကျွန်မရဲ့ နှုတ်ကိုအလုံပိတ်ထားသလိုဘဲ နှုတ်ကိုဖွင့်ဖို့လမ်းမရှိခဲ့ဘူး။ တစ်ခါတလေမှာ ကျွန်မရဲ့ လျှာဖျားမှာတစ်ခုခုရှိပေမဲ့ မြိုချပြီး ပါးနပ်တဲ့ တစ်ခုခုကိုပြောခဲ့တယ်။ အမှန်တရားနဲ့ မညီတဲ့ တစ်စုံတစ်ခုကိုပြောမိတိုင်း ကျွန်မရွံ့ရှာမိတယ်။ ကျွန်မခံစားရတာနဲ့ ကျွန်မပြောတဲ့အရာက လုံးဝ မကိုက်ညီဘူး။ ကျွန်မဟာ ညီအစ်ကိုမောင်နှမတွေအပေါ် သဘောကောင်းယောင်ဆောင်ခဲ့တယ်။ ဒါပေမဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ နောက်တော့ ပြဿနာရဲ့ အကြောင်းရင်းကို ဖော်ပြတဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့အားလုံး ကောင်းစွာ ပညာတတ်မြောက်ကြသည်။ သင်တို့အားလုံးသည် သင်တို့၏ပြောဆိုပုံ၌ စစ်ဆေးခံရသည့်အဖြစ်နှင့် လျှော့တွက်ခံရသည့် အဖြစ်ကိုလည်းကောင်း၊ သင်စကားပြောသော ဟန်ပန်ကိုလည်းကောင်း အာရုံစိုက်ကြသည်- သင်တို့သည် လိမ္မာပါးနပ်ပြီး ကိုယ့်သိက္ခာကိုယ်လေးစားခြင်းနှင့် အခြားသူများ၏ ဂုဏ်သိက္ခာအား ထိခိုက်မှုမပြုမိရန် သင်ယူထားကြသည်။ သင်တို့၏ စကားများနှင့် လုပ်ဆောင်ချက်များတွင်၊ သင်တို့သည် လူတို့ လှုပ်ရှားဆောင်ရွက်ရန်အတွက် နေရာချန်ပေးတတ်ကြသည်။ သင်တို့သည် လူတို့အား အေးငြိမ်းသက်သာစေဖို့ တတ်နိုင်သမျှ ပြုလုပ်ကြသည်။ သူတို့၏ အမာရွတ်များ သို့မဟုတ် အားနည်းချက်များကို သင်မဖော်ထုတ်သကဲ့သို့ သူတို့ကို မနာကျင်စေရန် သို့မဟုတ် အရှက်မရစေရန် သင်ကြိုးစားသည်။ ထိုသို့သောအရာမှာ ပြုမူရာတွင် လူအများစု အသုံးပြုသည့် နိယာမဖြစ်သည်။ ထိုသို့ဆိုသော် ဤသည်မှာ မည်သို့သော နိယာမမျိုးဖြစ်သနည်း။ ယင်းမှာ ဒုက္ခပေးသည်၊ ယုံကြည်၍မရ၊ စဉ်းလဲဖောက်ပြန်ပြီး မသိမသာ အန္တရာယ်ပေးတတ်သည်။ လူတို့၏ အပြုံးမျက်နှာများ နောက်ကွယ်တွင် ကွယ်ဝှက်ထားသည်မှာ မလိုမုန်းထားသော၊ အန္တရာယ်ပေးတတ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အရာများစွာ ဖြစ်သည်။...သို့ဆိုလျှင် လူများ၏ စကားများသည် ယုံကြည်လောက်သလော။ ယင်းတို့သည် စိတ်ချယုံကြည်၍ ရသလော။ လူများသည် အလွန် စိတ်မချရသကဲ့သို့၊ မယုံကြည်ရပေ၊ ပြီးလျှင် ယင်းမှာ ၎င်းတို့၏ အသက်တာများ၊ လုပ်ရပ်များနှင့် စကားများ၊ ၎င်းတို့၏ လုပ်ဆောင်မှုတိုင်းနှင့် အတွင်းကျကျ အတွေးတိုင်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝ၊ ဆိုးယုတ်သော အနှစ်သာရနှင့် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့အပေါ်တွင် အခြေပြုထားသောကြောင့် ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”)လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ညီအစ်ကိုမောင်နှမတွေရဲ့ ဖောက်ပြန်ပျက်စီးမှုကိုဖော်ထုတ်ဖို့မရဲတာဟာ စာတန်ဆီကလာတဲ့ အဆိပ်တွေရဲ့ ထိန်းချုပ်မှုနဲ့ အန္တရာယ်ကြောင့်ဖြစ်တယဆိုတာကို ဘုရားနှုတ်ကပတ်တော် ဖွင့်ပြချက်ကနေ ကျွန်မသင်ယူခဲ့တယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” “မိတ်ဆွေကောင်းတွေရဲ့ အမှားတွေအပေါ် နှုတ်ဆိတ်နေတာက ကြာရှည်ပြီးကောင်းမွန်တဲ့ဆက်ဆံရေးကိုဖြစ်စေတယ်။” “အခြားသူများကို မည်သည့်အခါမျှ မစော်ကားပါနှင့်၊ သို့မဟုတ် ၎င်းတို့၏ချို့ယွင်းချက်များအတွက် အပြစ်မတင်ပါနှင့်” “အကြင်နာစကားဟာ အအေးဆုံးဆောင်းကိုတောင် နွေးစေပြီး၊ ခက်ထန်တဲ့စကားကတော့ အပူဆုံးနွေကိုတောင် အေးစက်စေတယ်။” “မပြောမီ ကြိုစဉ်းစားပါ၊ ထို့နောက် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုပါ” ဆိုတဲ့ ဒီ စာတန်ဆီကလာတဲ့ အတွေးအခေါ်တွေနဲ့ ကျွန်မ ရှင်သန်ခဲ့တာတွေကို တွေးမိတယ်။ ကျွန်မရဲ့ဂုဏ်နဲ့ အဆင့်အတန်းကို အမြဲထိန်းထားခဲ့တယ်။ ကျွန်မယုံကြည်သူဖြစ်လာပြီးတဲ့နောက် စာတန်ရဲ့ဒီနည်းဉပဒေသတွေနဲ့ အသက်ရှင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလိုတည်ဆောက်နိုင်မယ် တခြားလူူတွေရဲ့ နှလုံးသားထဲမှာ နေရာအပိုင်စားယူနိုင်မယ်လို့တွေးပြီး ဘယ်သူ့ကိုမှ မစော်ကားဘဲ ဆက်ဆံရေးတွေကို ပါးပါးနပ်နပ်ကိုင်တွယ်ခဲ့တယ်။ စာတန်ရဲ့ အဆိပ်တွေရဲ့ ထိန်းချုပ်မှုကို ကျွန်မခံခဲ့ရတယ်။ ပြဿနာတွေရင်ဆိုင်ရတဲ့အခါကျွန်မနာမည်နဲ့ အဆင့်အတန်းကိုထည့်တွက်ပြီး အန္တရာယ်နဲ့ အကျိုးအမြတ်ကို အမြဲချိန်ဆနေခဲ့တယ်။ အကယ်၍ ကျွန်မရဲ့ ကိုယ်ပိုင်ပုံရိပ်ကို ထိခိုက်စေမယ့် အလားအလာရှိတယ်လို့ သဘောပေါက်မိရင် ဘုရားအိမ်တော််ရဲ့ အကျိုးကိုဘေးချိတ်ထားပြီး ကိုယ်ကျိုးကိုဘဲ ကာကွယ်မှာပါ။ ကျွန်မက ချစ်မေတ္တာထားပြီး တာဝန်ယူတယ်လို့ လူများတွေထင်သွားအောင်လှည့်စားပြီး တခြားလူူတွေ ဆုတ်ယုတ်မသွားအောင် တားဆီးဖို့ကြိုးစားနေတာပါလို့တောင် အခိုင်အမာဆိုခဲ့တယ်။ စာတန်ရဲ့ ဒဿနတွေနဲ့ အသက်ရှင်တာဟာ ကျွန်မဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး စဉ်းလဲခဲ့လဲဆိုတာတွေ့ခဲ့ရတယ်။ လူတွေအပေါ်မှာ တစ်မျိုးခံစားမိတာ တစ်မျိုးပါ။ ကျွန်မဟာ ဘုရားသခင်ကိုရိုးသားတဲ့နှလုံးသားနဲ့ ရင်မဆိုင်ခဲ့ဘူး၊ နောက်ပြီး ညီအစ်ကိုမောင်နှမတွေအပေါ်တောင် နည်းနည်းမှ မရိုးသားခဲ့ပါဘူး။ ကျွန်မ မကောင်းဆိုးဝါးဖြစ်ခဲ့တယ်။ ကျွန်မဟာ တခြားလူတွေနဲ့ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်စေခဲ့တယ်။ ကျွန်မယုံကြည်သူဖြစ်တာနှစ်တွေကြာနေပြီ၊ နှုတ်ကပတ်တော်ကိုလည်းဖတ်ပြီးပြီ။ ဒါပေမဲ့ ကျွန်မဟာ အပြန်အလှန်ဆက်ဆံရေးတွေမှာ သမ္မာတရားကိုယ်ကျင့်တရားတွေကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး၊ ဘုရားအိမ်တော််ရဲ့ အလုပ်ကိုမထိန်းသိမ်းခဲ့ဘူး။ ကျွန်မဟာ စာတန်ရဲ့ အထင်အမြင်မှားတွေနဲ့ အလိမ်အညာတွေကို လက်တွေ့လုပ်ဆောင်ခဲ့တယ်။ အစာကျွေးတဲ့လက်ကို ကိုက်ခဲ့ပြီး စာတန်နဲ့အတူ ရွံ့နွံတွေထဲမှာ သာယာနေခဲ့တယ်။ ကျွန်မဟာ ဘုရားသခင်ကို ယုံကြည်ပေမဲ့ သူ့ကိုဆန့်ကျင်တဲ့ သူတွေထဲက တစ်ယောက်မဟုတ်ဘူးလား။ အကယ်၍ ကျွန်မသာ မပြောင်းလဲခဲ့ရင် ဘုရားသခင်ကိုရွံ့ရှာစေပြီး ကျွန်မအပြစ်ဒဏ်ပေးခံရမှာကို သိခဲ့ပါတယ်။ ဒီအသိတရားရသွားတော့ စာတန်ရဲ့ဒဿနတွေနဲ့ အသက်မရှင်တော့ဘူး၊ ဒါပေမဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သမ္မာတရားကို သတိရှိရှိလက်တွေ့လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

နှစ်လကြာပြီးတဲ့နောက်မှာ ဧည့်ခံတာဝန်ကျနေတဲ့ အစ်မကျောင်ဟာ အသေးအဖွဲကိစ္စတချို့ကြောင့် သူနဲ့ လူတချို့ကြားမှာ အတားအဆီးဖြစ်စေခဲ့တာကို ကျွန်မလေ့လာမိတယ်။ တစ်ယောက်ယောက်က သူမကြိုက်တဲ့ အရာတစ်ခုကိုလုပ်မိရင် သူက သူတို့အပေါ်သဘောတစ်ခုထားတယ်၊ ဒါက တခြားသူတွေအတွက် ဘောင်ခတ်တာမျိုးခံစားရတယ်။ ဒါက သူတို့ရဲ့ တာဝန်မှာလူတစ်ချို့ကို ထိခိုက်စေခဲ့ပြီး သူ့ကို မိတ်ဿဟာယပြုဖို့ ချက်ချင်းလိုအပ်ခဲ့တယ်။ အစ်မဖန်က ကျွန်မဒီကိစ္စကို ကိုင်တွယ်ချင်လားလို့မေးတယ်။ ကျွန်မ စဉ်းစားတယ်။ “ကျွန်မ အစ်မကျောင်ကိုသိတာ ငါးနှစ်ရှိပြီ။ ကျွန်မ သူ့အပေါ်အတော်လေး အထင်အမြင်ကောင်းခဲ့ပါတယ်။ ဒါကြောင့်သူ့ကိုမာနကြီးပြီး စာနာစိတ်နည်းတဲ့သူအဖြစ်ဖော်ထုတ်မိရင် သူ ကျွန်မကို စိတ်များဆိုးသွားမလား။ ကျွန်မတို့ရဲ့ ဆက်ဆံရေးများ ပျက်စီးသွားမလား။ အစ်မဖန်ဘဲ သူ့ဟာသူသွားပါစေ” ပေါ့ ဒါပေမဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မသတိရသွားတယ်။ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် တော်သင့်ရုံ လမ်းကြောင်းကို လျှောက်လမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို အားရကျေနပ်စေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ယင်းသည် ဘုရားသခင်၊ အခြားလူများနှင့် အဖြစ်အပျက်တို့ကို စစ်မှန်သော စိတ်နှလုံးဖြင့် သဘောထားဆက်ဆံခြင်း၊ တာဝန်ယူနိုင်ခြင်းနှင့် ဤအရာအားလုံးကို အယောက်တိုင်း မြင်ကာ ခံစားဖို့အတွက် ထင်ရှားမြင်သာသည့် နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ခြင်းတို့ ပါဝင်ပေသည်။ ထို့အပြင် ဘုရားသခင်သည် လူတို့၏စိတ်နှလုံးကို ရှာဖွေပြီး၊ ၎င်းတို့ အယောက်စီတိုင်းကို သိလေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) စာနာစိတ်ရှိတယ်ဆိုတာ အမြဲပေါ့ပေါ့နေပြီး၊ အားလုံးနဲ့အဆင်ပြေနေတာကိုမဆိုလိုဘူး။ ဘုရားသခင်ရဲ့ စစ်ဆေးမှုကို သင့်ရဲ့စကားနဲ့လုပ်ဆောင်မှုတွေမှာလက်ခံနိုင်တာ၊ သမ္မာတရားကိုလက်တွေ့လုပ်ဆောင်နိုင်ပြီး၊ ရိုးသားတဲ့လူဖြစ်တာကိုဆိုလိုတယ်။ ဘုရားသခင်နဲ့ ညီအစ်ကိုမောင်နှမတွေကို စစ်မှန်တဲ့နှလုံးသားနဲ့ ချဉ်းကပ်ခြင်းဖြစ်တယ်။ ဒါမှသာလျှင် စစ်မှန်တဲ့ လူ့သဘာဝကောင်းတစ်ခုပဲ။ ကျွန်မဆင်ခြင်မိတယ်။ ငါဟာ ညီအစ်ကိုမောင်နှတွေကို မေတ္တာနဲ့ဆက်ဆံရဲ့လား ငါဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရဲ့လား။ အစ်မကျောင်ဟာ သူရဲ့ပြဿနာကိုမမြင်ဘဲ တခြားလူတွေနဲ့ အတားအဆီးတစ်ခုရှိနေတာ ခက်ထန်တဲ့ ခံစားချက်တွေရှိနေဟာ နာကျင်စရာကောင်းမှန်း ကျွန်မသိတယ်။ အကယ်၍ ကျွန်မက မမြင်ချင်ယောင်ဆောင်ပြီး လုံးဝသဘောကောင်းသလိုပြုမူမယ်၊ သူတို့ရဲ့ မကောင်းတဲ့ဆန္ဒကို အလိုလိုက်မယ်ဆိုရင် ဒါဟာ မယုံကြည်ရတဲ့ ကောက်ကျစ်တဲ့စာတန်ရဲ့ စိတ်သဘောထားနဲ့ အသက်ရှင်တာမဟုတ်ဘူးလား။ ဒီအတွေးနဲ့ ကျွန်မဘုရားသခင်ထံမှာ ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျွန်မဟာ လူ့အကြိုက်ဆောင်သူဖြစ်ပြီး တကယ်ဘဲလူ့သဘာဝကင်းမဲ့ပါတယ်။ ဖောက်ပြန်ပျက်စီးခြင်းထဲမှာ အသက်ရှင်ပြီး စာတန် ကစားတာခံရတဲ့ အစ်မတစ်ယောက်ကိုမြင်ပေမဲ့ မျက်ကွယ်ပြုခဲ့တယ်။ ဒါဟာ တကယ်ချစ်တာ မဟုတ်ဘူး။ ဘုရားသခင်- ကျွန်မဟာ မိမိကိုယ်ကိုယ် ပစ်ပယ်ပြီး စဉ်းလဲတဲ့ စိတ်သဘောထားနဲ့ အသက်မရှင်တော့ပါဘူး။ ကျွန်မတွေ့ရတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး အစ်မကျောင်ကို ကူညီဖို့ မိတ်ဿဟာယပြုစဉ်မှာ ဖွင့်ချင်ပါတယ််။ ကျေးဇူးပြုပြီး လမ်းပြတော်မူပါ” ကျွန်မတို့ မိတ်ဿဟာယပြုတုန်းမှာ သူရဲ့ မာနကြီးမှုကို ဖော်ပြတဲ့ ပုံစံနဲ့ သူ့ရဲ့လူ့သဘာဝကင်းမဲ့ကြောင်းကို ထောက်ပြဖို့အတွက် နှုတ်ကပတ်တော်တချို့ကို ယူသွားတယ်။ နောက်ပြီး ဒီလိုဆက်လုပ်ခြင်းရဲ့ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး မိတ်ဿဟာယပြုတယ်။ သူမာနကြီးတာကို သူမြင်နိုင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေအတွက် ဘောင်ခတ်သလိုဖြစ်စေတဲ့ ကိစ္စတွေကို သူ့သဘောအတိုင်း အမြဲလုပ်ချင်ခဲ့တာကို သူမြင်နိုင်ခဲ့တယ်။ ဒီလို မိတ်ဿဟာယပြုခြင်းဟာ သူ့အတွက်တကယ်ကို အသုံးကျတယ်လို့လဲ သူပြောတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ ချုပ်နှောင်မှုကနေ ကင်းလွတ်ဖို့လမ်းပြပေးတဲ့အတွက်၊ နောက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ နှုတ်ကပတ်တော်နဲ့အညီရှင်သန်ခြင်းကသာ ညီအစ်ကိုမောင်နှမတွေကို အမှန်တကယ် မေတ္တာပြနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာ တွေ့ကြုံရတဲ့အတွက် ဘုရားသခင်ကိုကျေးဇူးအရမ်းတင်မိပါတယ်။ ဒါဟာ ရိုးသားတဲ့ သက်သောင့်သက်သာရှိတဲ့ တစ်ခုတည်းသော ရှင်သန်နည်းပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဆုတ်ဆိုင်းမှုမှ သင်ယူခဲ့ရသည့်အရာ

စွတ်ဖန့် ကိုးရီးယားနိုင်ငံ ၂၀၁၄ မှာ ကျွန်တော်က အသင်းတော်အတွက် ဗီဒီယိုထုတ်လုပ်သူအဖြစ် လေ့ကျင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗီဒီယိုအသစ်တစ်ခုကို...

ဘုရားသခင်အတွက် ကျွန်မ၏ အနစ်နာခံခြင်းများထဲက ရောထွေးခြင်းများ

ကျန်းဖင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့...

ကျွန်ုပ်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်ကို ကျွန်ုပ် စွန့်ပစ်ခဲ့ပုံ

၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ရှယ်လီနဲ့ ကျွန်မ အသင်းတော်ခေါင်းဆောင်တွေအနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ ကျွန်မတို့ လက်တွေ့လုပ်ဆောင်ခါစဆိုတော့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။