လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း ၏ အကျိုးဆက်များ

23.01.2022

ပိုင်ဟွား တရုတ်နိုင်ငံ

၂၀၁၈ တုန်းက၊ အသင်းတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်ယူခဲ့ တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အရေးကြီးဆုံး အပိုင်းတစ်ခုက သမ္မာတရားကို မိတ်သဟာယဖွဲ့တာနဲ့ တခြားလူ တွေရဲ့ အသက်ဝင်ရောက်မှုနဲ့ဆိုင်တဲ့ ပြဿနာ တွေကို ဖြေရှင်းပေးတာဆိုတာကို ကျွန်တော်သိ တယ်။ အဲဒီနည်းလမ်းနဲ့ဆိုရင် အရမ်းကောင်းမွန်တဲ့ အသင်းတော်အသက်တာတစ်ခုကို ရရှိမှာဖြစ် တယ်။ ဒါပေမယ့် ကျွန်တော်ဟာ လူ့အကြိုက်လိုက်သူ တစ်ယောက်ဖြစ်ပြီး၊ သူတို့ကို စော်ကားမိမှာ ကြောက်တာကြောင့် ကြင်နာပြီး သိမ်မွေ့တဲ့အကြံဉာဏ်တွေကိုသာ ပေးတဲ့ နည်းဗျူဟာကို အမြဲကျင့်သုံးခဲ့တယ်။ အဲဒီအချိန်တုန်းက ရေလောင်းတဲ့သင်းထောက်တစ်ယောက်ဖြစ်တဲ့ အစ်ကိုလျူဟာ သူ့ရဲ့တာဝန်ကို မထမ်းဆောင်ဘူး ဆိုတာ ကျွန်တော်သတိထားမိတယ်။ လူသစ်တွေ ပြဿနာတွေရှိတဲ့အခါမှာ မိတ်သဟာယဖွဲ့ပြီး ကူညီပေးဖို့ သူက ပျင်းတာ ကြောင့် တချို့က အပျက်သဘောဆောင်ပြီး ခွန်အားနည်း လာကြတယ်။ ဒီပြဿနာဟာ ဘယ်လောက်အရေးကြီးပြီး၊ ကျွန်တော် သူနဲ့အတူ မိတ်သဟာယဖွဲ့သင့်ပြီး သူ ဘယ်လိုပေါ့ပေါ့ရွှတ်ရွှတ်လုပ်ပြီး ဘုရားသခင်ကို လှည့်စားနေတယ်ဆိုတာကို သူ့ကို ထောက်ပြသင့် တယ်ဆိုတာ ကျွန်တော် သတိထားမိခဲ့တယ်။ သူက နောင်တမရဘဲ ဒီအတိုင်းဆက်လုပ်နေရင် ဘုရားသခင်က သူ့ကို ကျိန်းသေစက်ဆုပ်ရွံရှာ မှာပဲ။ ဒါပေမယ့် တွေ့ဆုံပွဲတစ်ခုမှာ ကျွန်တော် သူ့ကို တွေ့လိုက်တဲ့အခါ၊ ကျွန်တော် မလုပ်ချင်တော့ဘူး။ သူ့ကို ကြည့်ရတာ ဝေဖန်တာကို တော်တော်လေး မကြိုက်မယ့်ပုံပဲ။ ဒါကြောင့် ကျွန်တော်သာ ဒီပြဿနာတွေကို သူ့ကိုထောက်ပြလိုက်ရင် သူတကယ်စိတ်ထိသွား ပြီး ကျွန်တော့်ကို သူ တကယ်အကောင်းမြင်မှာ မဟုတ်တော့ဘူး။ သူက လက်မခံဘဲ ဒေါသထွက်သွားရင် ကျွန်တော့်အတွက် အရမ်းရှက်စရာကောင်းမယ့် အပြင်၊ အဲဒီနောက်မှာ သူနဲ့ ပြောဆိုဆက်ဆံဖို့ လွယ်မှာမဟုတ်တော့ဘူး။ အခု ကျွန်တော် ခေါင်းဆောင်တစ်ယောက်ဖြစ်လာ တဲ့အချိန်မှာ ကျွန်တော်က လူတွေကို ဆူနေတယ်လို့ တခြားလူ တွေကထင်ရင်၊ သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် သူတို့ ဘယ်လိုတောင်မြင်ကြမလဲ။ ဒါကြောင့် ကျွန်တော်လက်လျှော့လိုက်ပြီး၊ အဲဒီအကြောင်း မဆွေးနွေးတော့ဘူး။ “ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့တာဝန်တွေ ထဲမှာ စိတ်ကိုနှစ်မြှုပ်ထားပြီး၊ ဝန်ထုပ်ကို ထမ်းရမှာဖြစ်တယ်...” လို့ သူ့ကို ညင်သာစွာနဲ့အကြံပေးပြီး၊ အဲဒီအကြောင်း ကို ပတ်ရှောင်ခဲ့တယ်။ ရလဒ်အနေနဲ့ အစ်ကိုလျူက သူ့ရဲ့တာဝန်တွေ လုပ်ဆောင်တဲ့နေရာမှာ သူ့ရဲ့ပေါ့ဆမှုကို မတွေ့ရ တော့တဲ့အတွက် ဆက်ပြီး ဒီအတိုင်း လုပ်မြဲလုပ်နေတော့တယ်။ ဒါကိုတွေ့တဲ့အခါမှာ ကျွန်တော့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ အသင်းတော်ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အစ်ကိုတစ်ယောက် သူ့ရဲ့တာဝန်ကို ကမောက်ကမ လုပ်နေတာ ထိုင်ကြည့်နေပြီး၊ အသင်းတော်ရဲ့ အလုပ်အပေါ် ဘယ်လို သက်ရောက်မှုရှိနေတယ် ဆိုတာကို တွေ့ပေမယ့်၊ သမ္မာတရားနဲ့ အဲဒါကို မဖြေရှင်းခဲ့ဘူး။ ဒါဟာ ဘယ်လိုလုပ် လက်တွေ့အလုပ်ကို လုပ်နေတာ ဖြစ်မှာလဲ။ ဒါဟာ တာဝန်တစ်ခုအပေါ် ပေါ့ဆတာပဲ။ အဲဒီအကြောင်း ကျွန်တော်စဉ်းစားလေ၊ ပိုပြီးခံစား ရလေပဲ၊ ဒါပေမယ့် ကျွန်တော် သူ့ကို ဘာမှမပြောနိုင်သေး ဘူး။ ကျွန်တော် သူ့အပေါ် အရမ်းကြမ်းတမ်းမိရင် ကျွန်တော့်မှာ ကရုဏာစိတ်မရှိဘူးလို့ သူက ပြောပြီး၊ သူ အလုပ်က ထွက်သွားခဲ့ရင်၊ ကျွန်တော်က သူ့ကို စွဲချတယ်လို့ ကျန်တဲ့အစ်ကို တွေ၊ အစ်မတွေက ထင်သွားမှာကို ကျွန်တော် စိုးရိမ်တယ်။ ဒါဆိုရင် ကျွန်တော်တို့အားလုံးရဲ့ဆက်ဆံရေးနဲ့ ကျွန်တော့်ရဲ့ဂုဏ်သတင်း ထိခိုက်သွားမှာပဲ။ အဲဒီအကြောင်းအနည်းငယ် စဉ်းစားပြီးတဲ့အခါ မှာ၊ ကျွန်တော် လက်လျှော့လိုက်တော့တယ်။ ကျွန်တော့်အနေနဲ့ အစ်ကိုလျူနဲ့ စကားပြောပြီးပြီ ဆိုတော့ သူဘာသာသူ တဖြည်းဖြည်းချင်း ဆင်ခြင်ဖို့ တားထားလိုက်မယ်။ ဒါကြောင့် နောက်ဆုံးမှာ သူ့ရဲ့ပြဿနာကို ကျွန်တော် လုံးဝစစ်ဆေးဖော်ထုတ်တာ မရှိခဲ့ဘူး။ ဟင်း။ နောက်တစ်ကြိမ်မှာ ကျွန်တော်နဲ့အတူ လုပ်တဲ့ အစ်ကိုနှစ်ယောက်ဟာ အကြောင်းအရာ တွေနဲ့ပတ်သက်ပြီး မတူညီတဲ့ အတွေးအခေါ်တွေ ရှိတာကြောင့်၊ အမြဲသဘောထားမတိုက်ဆိုင်ကြဘူးဆိုတာကို ကျွန်တော်သတိထားမိတယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးဘဲ၊ သူတို့ရဲ့ဆွေးနွေးမှုက ဘယ်တော့မှ အကျိုးမရှိဘူး။ တစ်ခါတလေ အငြင်းပွားပြီးရင်၊ သူတို့ဟာ သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်နေသဘော ထားတွေထဲမှာ ပိတ်မိနေကြတယ်။ အဲဒါ အသင်းတော်ရဲ့အလုပ်ကို နှောင့်နှေးစေ တယ်။ အဲဒါက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော်တွေ့ရပြီး၊ သူတို့ရဲ့မာနကြီးမှုနဲ့ သူတို့ရဲ့ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်တာတွေရဲ့ သဘာဝနဲ့ ရလဒ်ကို ဝေငှဖို့ ကျွန်တော့်အနေနဲ့ အချိန်မဆိုင်းငံ့သင့်ဘူးလို့ ကျွန်တော်ထင်မိတယ်။ ဒါပေမယ့် သူတို့ကို တွေ့လိုက်တာနဲ့ ကျွန်တော် ထပ်ပြီးနောက်ဆုတ်ခဲ့ပြန်တယ်။ သူတို့နှစ်ယောက်စလုံးက ခေါင်းဆောင်လုပ်နေ တာ ကြာပြီဆိုတော့၊ သူတို့ နားလည်မှာပဲလို့ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော်က သမ္မာတရားကို ကောင်းကောင်း နားမလည်တော့၊ သူတို့ နားထောင်ပါ့မလားပေါ့။ ပြီးတော့ သူတို့နှစ်ယောက်စလုံးက ကျွန်တော့် အပေါ် အရမ်းသဘောကောင်းကြတော့၊ သူတို့ပြဿနာရဲ့ သဘာဝနဲ့အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် မိတ်သဟာယဖွဲ့လိုက် ရင်၊ သူတို့နှစ်ယောက်စလုံးကို ကျွန်တော်က အပြစ်ရှာ နေတယ်လို့ သူတို့ကထင်ပြီး၊ ကျွန်တော့်ကို လူမဆန်ဘူးလို့ ပြောကြလိမ့်မယ်။ အဲဒီနောက်မှာ သူတို့နဲ့ပြောဆိုဆက်ဆံဖို့ ခက်သွားလိမ့်မယ်။ အဲဒီအကြောင်း အနည်းငယ်စဉ်းစားပြီးတဲ့အခါ မှာ၊ မေ့ပစ်လိုက်ဖို့ ကျွန်တော်ရွေးချယ်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အမြဲစားသောက်နေတာ ကြောင့် သူတို့လည်း စဉ်းစားမိမှာပဲပေါ့။ ဒါကြောင့် ကျွန်တော်က သူတို့ကို အကြံဉာဏ် နည်းနည်းပေးပြီး၊ လုံးဝတိုက်ရိုက်မဖော်ထုတ်ဘဲ သူတို့ကို စိတ်ငြိမ်ငြိမ်ထားဖို့ပဲ တိုက်တွန်းခဲ့တယ်။

တစ်နေ့မှာ အစ်မတစ်ယောက်က ကျွန်တော့်ကို တွေ့တော့၊ “ငါတို့အသင်းတော်ရဲ့ဘဝဟာ သိပ်အဆင်ပြေ မနေဘူး။ လက်တွေ့ပြဿနာတွေကို မင်းတို့ မဖြေရှင်းကြဘူး” လို့ ပြောတယ်။ ပြီးတော့ “အဲဒီလိုဆို မင်းတို့က အယောင်ဆောင် ခေါင်းဆောင်တွေ ဖြစ်မနေဘူးလား” လို့ သူက ထပ်ပြောတယ်။ သူ့ဆီက အဲဒါကိုကြားလိုက်ရတော့၊ အရမ်းစိတ်မချမ်းမသာဖြစ်မိတယ်။ အသင်းတော်မှာ ပြဿနာတွေအများကြီးရှိတယ် ဆိုတာ ကျွန်တော့်အတွက် သိသာထင်ရှားတယ်။ ကျွန်တော် ဘာမှမပြောဘဲနေခဲ့တယ်။ ကျွန်တော်ဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ အခန်း ကဏ္ဍကို မဖြည့်ဆည်းခဲ့ဘူး။ ဒါဟာ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် ဖြစ်နေတာ မဟုတ်ဘူးလား။ သမ္မာတရားကို ကျွန်တော် လက်တွေ့မလုပ်ဆောင် ဘဲ ဆက်နေရင်၊ ဘုရားသခင်က ကျွန်တော့်ကို ငြင်းပယ်ပြီး စွန့်လွှတ်လိုက်မှာဖြစ်တယ်။ အဲဒီအလားအလာက ကျွန်တော့်ကို တကယ်ကြောက်ရွံ့စေပြီး ကျွန်တော်ဆုတောင်း လိုက်တယ်- “ဘုရားသခင်၊ ခေါင်းဆောင်နေရာယူဖို့အတွက် ကျွန်တော် တင်မြှောက်ခံခဲ့ရပါတယ်။ အစ်ကိုတွေ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ နေကြတာကို ကျွန်တော် တွေ့ရတယ်။ ကျွန်တော်တို့အသင်းတော်ရဲ့ဘဝနဲ့ အလုပ်အစိတ်အပိုင်းအချို့အပေါ် ထိခိုက်မှုရှိပေ မယ့်၊ ဒီဟာကို ပြုပြင်ဖို့ ကျွန်တော် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုယ် ကျွန်တော် သိဖို့နဲ့ သမ္မာတရားကို လက်တွေ့လုပ် ဆောင်နိုင်ဖို့ ကူညီပေးပါ” လို့ ကျွန်တော် ဆုတောင်းလိုက်တယ်။

ကျွန်တော်ဆုတောင်ပြီးတဲ့အခါ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဒီအပိုဒ်ကို ကျွန်တော် ဖတ်လိုက်တယ်- “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အနှစ်မရှိသော စကားလုံးများကို ပြောဆိုခြင်းနှင့် သတ်မှတ်ထားသော စကားစုများကို အာဂုံဆောင်ခြင်း မဟုတ်ပေ။ ထိုအစား သင်သည် ဘဝတွင် မည်သည့်အရာကို တွေ့ကြုံရပါစေ လူသား၏ ပြုမူဆောင်ရွက်မှုဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ ဖြစ်ရပ်များအပေါ် အမြင်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း အမှုကိစ္စများ၊ သမ္မာတရား၏အခြေခံသဘောတရားများ၊ သို့မဟုတ် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ထားရှိသော သဘောထားတို့ ပါဝင်နေသရွေ့ လူတိုင်းက ရွေးချယ်မှုတစ်ခုပြုရမည်၊ လူတိုင်း၌ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုရှိရမည်ဟု ဆိုလိုသည်။ ဥပမာ သင်၏ နဂိုမူလ အမြင်က နောင်အချိန်၌ လူတိုင်း ပလဲနံပသင့်စေရန်အတွက် သင်သည် မည်သူ့ကိုမျှ စိတ်မကျေမနပ်ဖြစ်အောင် မလုပ်သင့်ဘဲ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားပြီး တစ်ဦးတစ်ယောက်ကို အရှက်ရစေရန် ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်သည်ဟူ၍ဖြစ်လျှင် ဤအမြင်၏ ကန့်သတ်မှုကို ခံရပြီး သင်သည် လူတစ်ယောက်က မကောင်းသည့်အရာလုပ်သည်ကိုလည်းကောင်း၊ အမှားလုပ်သည်ကိုလည်းကောင်း၊ သို့မဟုတ် အခြေခံစည်းမျဉ်းများကို ဆန့်ကျင်သည့် လုပ်ရပ်တစ်ခုကို ကျူးလွန်သည်ကိုလည်းကောင်း မြင်တွေ့သောအခါ ထိုလူကို ရင်ဆိုင်မည့်အစား ယင်းကို သင်ကိုယ်တိုင်ပင် မှန်ကန်အောင် ပြုလုပ်လိမ့်မည် ဖြစ်သည်။ သင့်အမြင်၏ ကန့်သတ်ခြင်းကို ခံရပြီး တစ်ဦးတစ်ယောက်ကို စိတ်မကျေမနပ်ဖြစ်အောင် ပြုလုပ်ရမည်ကို သင်မကြိုက်ဘဲ ဖြစ်လာသည်။ မည်သူ၏ရှေ့မှောက်၌ သင်ရှိနေသည်ဖြစ်စေ ဂုဏ်သိက္ခာ၊ ခံစားချက်များနှင့် ဆက်ဆံရေးများ၊ သို့မဟုတ် နှစ်များစွာ အပြန်အလှန်ဆက်ဆံပြီးနောက် ကြီးထွားလာသော ခံစားချက်များနှင့်ပတ်သက်သော အတွေးများ၏ ဟန့်တားခြင်းကို ခံရကာ သင်သည် ထိုသူ၏သိက္ခာကို ကာကွယ်ရန်အတွက် အစဉ်သဖြင့် ကောင်းသောအရာများကိုသာ ပြောဆိုလိမ့်မည်။ ကျေနပ်ဖွယ်မရှိဟု သင်သဘောရသည့်အရာများ ရှိသောအခါတွင် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့်အစား ၎င်းတို့၏ နောက်ကွယ်တွင်သာ သင်၏ဒေါသကို ဖွင့်ထုတ်ပြီး တစ်ကိုယ်တည်း အခိုင်အမာပြောဆိုမှုများ ပြုလုပ်သည်။ ဤသို့သော ပြုမူဆောင်ရွက်ပုံကို သင်မည်သို့ထင်မြင်သနည်း။ ယုံကြည်စိတ်ချ၍မရသော လူ့အကြိုက်လိုက်သူတစ်ယောက်နှင့် မသက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) ယင်းသည် အခြေခံစည်းမျဉ်းများကို ချိုးဖောက်သည်။ ဤသို့သောပုံစံဖြင့် ပြုမူခြင်းသည် မနိမ့်ကျသလော။ ဤသို့ပြုမူသောသူတို့သည် လူကောင်းများမဟုတ်သကဲ့သို့ မြင့်မြတ်ခြင်းလည်း မရှိကြပေ။ သင်မည်မျှ ဒုက္ခခံစားရပြီးပါစေ၊ သင်အဖိုးအခပေးဆပ်ပြီးဖြစ်ပါစေ အခြေခံစည်းမျဉ်းများမပါဝင်ဘဲ ပြုမူဆောင်ရွက်လျှင် သင်သည် ကျရှုံးခဲ့ပြီဖြစ်ပြီး ဘုရားသခင်ရှေ့တွင် လက်ခံမှုကို ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အမှတ်ရခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေမည်လည်းမဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်”) လူ့အကြိုက်လိုက်သူတွေကို ဖော်ထုတ်နေတဲ့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အတွက် တော်တော် လေးစိတ်အနှောင့်အယှက်ဖြစ်မိတယ်။ အသင်းတော်မှာရှိတဲ့ ပြဿနာတွေကို ကျွန်တော် မဖြေရှင်းတာက ကျွန်တော် မတွေ့လို့မဟုတ်ဘဲ၊ ဘယ်သူမှ ကျွန်တော့်ကို မကောင်းမမြင်စေချင်လို့ ဖြစ်တယ်။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ကိုယ်ပိုင်ပုံရိပ်နဲ့ ဂုဏ်ဒြပ်ကို ကာကွယ်ဖို့ ကြိုးစားနေတာပဲ။ ကျွန်တော့်လို တစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့လူ၊ မူအတိုင်းမလုပ်သလို သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တဲ့လူကို ဘုရားသခင်က မုန်းတီးတယ်ဆိုတာ ကျွန်တော် တွေ့လိုက်ရတယ်။ ကျွန်တော် ဘယ်လိုပြုမူနေတယ်ဆိုတာကို ကျွန်တော်စဉ်းစားကြည့်တယ်။ အစ်ကိုလျူက သူ့ရဲ့တာဝန်အပေါ် အမြဲပေါ့လျော့ ပြီး၊ ကျွန်တော်တို့ရဲ့ရေလောင်းတဲ့အလုပ်ကို နှောင့်နှေးစေတယ်ဆိုတာကို ကျွန်တော် တွေ့ရတာကြောင့်၊ သူ့ရဲ့လုပ်ရပ်တွေကို ကျွန်တော် ဖော်ထုတ်ပြီး စစ်ဆေးခဲ့သင့်တယ်။ ဒါပေမယ့် သူ့အပေါ် ကြမ်းတမ်းမိပြီး၊ လူအားလုံး က ကျွန်တော့်အပေါ် မြင်တဲ့အမြင် ပြောင်းသွား ပြီး၊ ကျွန်တော် ခေါင်းဆောင်တစ်ယောက်ဖြစ်လာတာ ကြောင့် လူတွေကို ဆရာလုပ်ပြီး လိုက်အပြစ်ရှာ နေတယ်လို့ မြင်သွားမှာ ကြောက်တာကြောင့် တခြားလူတွေ ကျွန်တော့်အပေါ်မြင်တဲ့ပုံရိပ်ကို ကာကွယ်ဖို့အတွက် သူ့ပြဿနာရဲ့သဘာဝကို ကျွန်တော် လုံးဝရှင်းမပြ ခဲ့ဘူး။ ပြဿနာကို ဘာမှအထောက်အကူမှ မဖြစ်တဲ့ စကားတချို့ကိုပဲ ကျွန်တော် အကျဉ်းချုံးပြော လိုက်တယ်။ ဘယ်တော့မှမတည့်တဲ့ အစ်ကိုနှစ်ယောက်ကို တွေ့တဲ့အခါ၊ ကျွန်တော်တို့အသင်းတော်ရဲ့ အလုပ်အပေါ် ထိခိုက်မှုရှိတဲ့အခါမှာတောင် သူတို့ကို ကူညီဖို့ ပြဿနကို ဖြေရှင်းတာ၊ ဒါမှမဟုတ် ပိုင်းခြားစိစစ်ပေးတာတွေ ကျွန်တော် လုံးဝမလုပ်ခဲ့ဘူး။ ရလဒ်အနေနဲ့ အသင်းတော်ရဲ့အလုပ်နဲ့ အစ်ကို တွေ၊ အစ်မတွေရဲ့ အသက်ဝင်ရောက်မှုအပေါ် ထိခိုက်ခဲ့တယ်။ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊” “မိတ်ဆွေတစ်ဦး တိုးခြင်းသည် လမ်းတစ်ခု ထပ်တိုးခြင်းဖြစ်၏” ဆိုတာနဲ့ “သူငယ်ချင်းကောင်းတွေရဲ့အမှားတွေကို ညွှန်ပြမှု မရှိခြင်းသည် ကောင်းသည့်ရေရှည် ခင်မင်ရင်းနှီးမှု ရရှိစေ သည်” ဆိုတာလိုမျိုး စာတန်ရဲ့ စည်းမျဉ်းတွေ အတိုင်း ကျွန်တော်နေထိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့မျက်နှာနဲ့ဂုဏ်ဒြပ်ကို ကာကွယ်ပြီး၊ အားလုံးက ကျွန်တော့်ကို လူကောင်းတစ်ယောက် လို မြင်စေချင်တာကြောင့် အားလုံးက သိသာထင်ရှားပေမယ့် ကျွန်တော် ဘာမှမပြောခဲ့ဘူး။ ဒါဟာ တခြားအဖွဲ့ဝင်တွေကို ထိခိုက်စေရုံတင်မက ဘူး၊ အသင်းတော်အပေါ်လည်း တာဝန်မကျေရာ ရောက်တယ်။ ကျွန်တော့်မှာ အသိစိတ်နဲ့ဆင်ခြင်တုံတရားမရှိ တာကို တွေ့လိုက်ရတယ်၊ ပြီးတော့ ကျွန်တော့်မှာ ဘုရားသခင် ကို ဆက်ကပ်အပ်နှံခြင်း လုံးဝမရှိဘူး။ ကျွန်တော်ဟာ ဘယ်လိုလုပ်ပြီး လူကောင်း တစ်ယောက် ဖြစ်နိုင်မှာလဲ။ ဒါဟာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ကောင်းတဲ့အပြင် လူသားဆန်မှု ကင်းမဲ့တယ်။ အပေါ်ယံမှာ ကျွန်တော်ဟာ လူတိုင်းနဲ့ အဆင်ပြေ တယ်။ သူတို့အားလုံးက ကျွန်တော့်ကို လူကောင်း တစ်ယောက်ဖြစ်တယ်လို့ ပြောကြပြီး၊ ကျွန်တော့် အပေါ် ကောင်းတဲ့အမြင်ရှိကြပေမယ့်၊ ကျွန်တော်ဟာ ဘုရားသခင်က ယုံကြည်စွာနဲ့ အပ်နှံထားတဲ့ တာဝန်ကို ဖြည့်ဆည်းနေတာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့မျက်စိရှေ့မှာ ကျွန်တော်ဟာ လုံးဝ သစ္စာမရှိဘဲ၊ ယုံကြည်စိတ်ချလို့မရတဲ့လူ တစ်ယောက် ဖြစ်ခဲ့တယ်။ ကျွန်တော် ပြစ်မှားမှုတွေ အများကြီးလုပ်ခဲ့ပြီး၊ ဘုရားသခင်အနေနဲ့ စက်ဆုပ်ရွံရှာပြီး ဒေါသထွက် စေတယ်။ ဒါကို အသိတရားရတဲ့အခါမှာ ကျွန်တော်ဟာ ဘုရားသခင်ရှေ့မှောက်မှာ ချက်ချင်းနောင်တရပြီး ဒီအတိုင်း ဆက်သွားလို့မရဘဲ၊ ကျွန်တော့်ရဲ့ ဒီပြဿနာကို ပြုပြင်ဖို့အတွက် သမ္မာတရားကို ရှာရမယ်ဆိုတာ ကျွန်တော်သိသွား တယ်။

အဲဒီနောက် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ထဲက ဒီအပိုဒ်ကို ကျွန်တော်ဖတ်လိုက်တယ်- “လူများ၏ ကြွယ်ဝမှုနှင့် ဩဇာတိက္ကမတို့ကို လိုက်စားသည့် သဘောသဘာဝမျိုးစုံကို သုံးသပ်ခြင်းအားဖြင့် လူများသည် ကြွယ်ဝမှုနှင့် ဩဇာတိက္ကမတို့ကို မည်သို့မသိမသာ လိုက်စားပါစေ၊ ပြီးလျှင် ထိုသို့သော လိုက်စားမှုသည် လူသားအဖို့ မည်မျှလျော်ကန်ပုံရပါစေ၊ ပြီးလျှင် ၎င်းတို့သည် မည်မျှကြီးမားသော အဖိုးအခကို ပေးပါစေ၊ အဆုံးသတ်ရလဒ်သည် ဘုရားသခင်၏အလုပ်ကို ဖြိုဖျက်ဖို့၊ နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့သာ ဖြစ်သည်။ ၎င်းတို့တာဝန် ထမ်းဆောင်ခြင်းသည် ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်ရုံသာမက၊ ဘုရားသခင် ရွေးချယ်ထားသော သူများ၏ အသက်ဝင်ရောက်မှုကိုလည်း ပျက်စီးစေသည်။ ဤအလုပ်မျိုး၏ သဘာဝမှာ အဘယ်နည်း။ ယင်းမှာ ဖြိုဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ထိခိုက်စေခြင်းတို့ဖြစ်သည်။ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် သတ်မှတ်၍ မရနိုင်သလော။ လူများ မိမိတို့၏အကျိုးစီးပွားများကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ၊ သူသည် လူများ၏လွတ်လပ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်သကဲ့သို့၊ ဘုရားသခင်၏အကျိုးစီးပွားများကို ၎င်းတို့အား ဝေမျှခံစားစေခြင်း မရှိသောကြောင့် မဟုတ်ပေ။ ထို့ထက် ယင်းမှာ လူတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်များနောက်ကို လိုက်ရင်း ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာစေကြသောကြောင့် ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများ၏ ပုံမှန်ဝင်ရောက်မှုကို အနှောင့်အယှက် ပေးကြပြီးလျှင် လူတို့၌ ပုံမှန် အသင်းတော်အသက်တာနှင့် ပုံမှန် ဝိညာဉ်ရေးအသက်တာ မရှိရန်ပင် ဟန့်တားကြသည်။ ပို၍ပင် စိုးရိမ်ရသောအရာမှာ လူတို့က မိမိတို့ကိုယ်ပိုင် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သောအခါ ထိုသို့သော အပြုအမူမျိုးကို ဘုရားသခင့်အမှုတော်၏ ပုံမှန်တိုးတက်မှုအား အဆုံးစွန် အတိုင်းအတာအထိ ထိခိုက်နစ်နာစေပြီး တားဆီးပိတ်ပင်ရာနှင့် လူတို့အလယ်တွင် ဘုရားသခင်၏ အလိုတော်အား ပုံမှန်လုပ်ဆောင်ခြင်းမှ ဟန့်တားရာ၌ စာတန်နှင့်အတူ ပူးပေါင်းနေခြင်းအဖြစ် လက္ခဏာဖော်ပြနိုင်ပေသည်။ ဤသည်မှာ မိမိတို့၏ကိုယ်ပိုင်အကျိုးအမြတ်များနောက် လူတို့လိုက်ခြင်း၏ သဘောသဘာဝပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ဤအကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် လမ်းကြောင်းတစ်ခုဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ဘုရားသခင်၏အိမ်တော်နှင့် အသင်းတော်တို့၌ ၎င်းတို့သည် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ဖြစ်သည်။ ၎င်းတို့၌ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) ဒီစာပိုဒ်ထဲမှာ ကျွန်တော် တစ်ခုခုကို တွေ့လိုက်ရ တယ်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ကိုယ့်အကျိုးအမြတ်ကိုသာ ကာကွယ်တဲ့ လူ့အကြိုက်လိုက်သူတွေဟာ ဘုရားသခင်ရဲ့အမှုတော်ကို နှောင့်ယှက်ပြီး ဟန့်တားနေတာဖြစ်သလို၊ စာတန်ရဲ့လက်ပါးစေတွေအနေနဲ့ လုပ်ဆောင်နေ တာပဲ ဖြစ်တယ်။ ကျွန်တော် နောင်တမရဘဲ ဒီလိုဆက်နေရင်၊ ကျွန်တော် ကယ်တင်ခြင်း မရရုံတင်မကဘဲ၊ ဘုရားသခင်က ကျွန်တော့်ကို ငြင်းပယ်ပြီး စွန့်လွှတ်မှာဖြစ်တယ်။ အစ်ကိုတွေ၊ အစ်မတွေရဲ့ အသက်ဝင်ရောက်မှုမှာ ရှိတဲ့ သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ အသင်းတော်ရဲ့ဘဝကို စောင့်ရှောက်ဖို့အတွက် ကျွန်တော့်အနေနဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့ တတ်အောင် ဘုရားသခင်က ကျွန်တော့်ကို ခေါင်းဆောင်နေရာ တင်မြှောက်ထားတာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီလို့လုပ်ရမယ့်အစား၊ လူတွေရဲ့ပြဿနာတွေကို ကျွန်တော်တွေ့တဲ့အခါ၊ ကျွန်တော်က ဘုရားသခင်ဘက်ကနေ ဝင်ပြီး သူတို့ရဲ့အပြုအမူတွေကို ဖော်ထုတ်ပြီး စိစစ်တာ မရှိခဲ့ဘူး။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ပိုင်ဂုဏ်ဒြပ်နဲ့ ဂုဏ်သတင်းကိုပဲ ကာကွယ်ခဲ့ပြီး၊ စာတန်ရဲ့အကူတစ်ယောက်အနေနဲ့ ဆောင်ရွက် ရင်း လူတွေကျေနပ်အောင်လုပ်တဲ့လူတစ်ယောက် အနေနဲ့ ဆောင်ရွက်ခဲ့တယ်။ ဒါဟာ အစ်ကိုတွေ၊ အစ်မတွေရဲ့ အသင်းတော်ဘဝ နဲ့ သူတို့ရဲ့အသက်ဝင်ရောက်မှု နှစ်ခုစလုံးအပေါ် မကောင်းတဲ့အကျိုးသက်ရောက်မှု ဖြစ်ပေါ်‌စေခဲ့ တယ်။ ကျွန်တော်ဟာ စာတန်ရဲ့နေရာကနေ လုပ်နေပြီး၊ ဘုရားသခင်ရဲ့စက်ဆုပ်ရွံ့ရှာမှု ရစေတာကို ကျွန်တော် ဝမ်းနည်းစွာနဲ့ အသိတရားရခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့အပြုအမူတွေကို စဉ်းစားတဲ့အခါမှာ၊ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ထိန်းချုပ်မှုအောက်မှာ ခိုင်ခိုင် မာမာရောက်ရှိနေပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ဖြောင့်မတ်မှုကို ထိန်းသိမ်းဖို့ ကျွန်တော် သတ္တိမရှိ ခဲ့ဘူး။ ကျွန်တော်ဟာ စာတန်ရဲ့လက်ပါးစေတစ်ယောက် ဖြစ်ပြီး၊ ထိရောက်မှုမရှိသလို စွမ်းဆောင်ရည် လည်း မရှိဘူး။ ကျွန်တော်ဟာ အရမ်းအထင်သေးစရာကောင်းပြီး အရမ်းပျော့ညံ့စွာ နေထိုင်နေတာပဲဖြစ်တယ်။ ကျွန်တော့်အနေနဲ့ သမ္မာတရားကို စပြီးလက်တွေ့ လုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် မစွန့်လွှတ်ခဲ့ရင်၊ ဘုရားသခင်က ကျွန်တော့်ကို ဆက်ပြီးရှင်သန် ထိုက်တယ်လို့ သတ်မှတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ဟာ အပြစ်ဒဏ်ပေးခံရပြီး ကျိန်ဆဲခံရသင့်တယ်။ ဒီအသိတရားတွေ ရလိုက်တဲ့အခါမှာ၊ ကျွန်တော် လက်ခံဖို့ ခက်ပေမယ့်၊ ကျွန်တော့်ရဲ့ကယ်တင်ခြင်းအတွက် ဘုရားသခင် က ဒီအလင်းကိုပေးတယ်ဆိုတာ ကျွန်တော်သိခဲ့ တယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့တရားစီရင်မှုနဲ့ ထုတ်ဖော်ပြသခြင်းတွေသာ မပါဘဲ၊ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုနဲ့ လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်နေခြင်းနဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တာတွေရဲ့ သက်ရောက်မှုကို ကျွန်တော် ဘယ်တော့မှ တွေ့ရ မှာ မဟုတ်ဘူး။ ကျွန်တော် သင်ခန်းစာတစ်ခုရဖို့ ဘုရားသခင်က ဒါတွေကို ပြင်ဆင်ပေးတဲ့အတွက် ကျွန်တော် အရမ်းကျေးဇူးတင်တယ်။ “သဘောကောင်းတဲ့လူ” တစ်ယောက်အနေနဲ့ နေပြီး ဘုရားသခင်ကို ဆန့်ကျင်တာ ရပ်ဖို့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို စွန့်လွှတ်ဖို့ ကျွန်တော်လိုလားခဲ့တယ်။

အဲဒီနောက်မှာ လက်တွေ့လုပ်ဆောင်ဖို့အတွက် လမ်းကြောင်းတချို့ချပေးတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် ထပ်ပြီးဖတ် တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည်၊ “ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်)‘သဘောကောင်းသော လူတစ်ဦး’ ၏ စိတ်ဓါတ်လှုံ့ဆော်မှုများနှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ ထိုသို့သော ကိစ္စရပ်များတွင် သင်အမြဲ လဲကျပြီး ကျရှုံးလိမ့်မည်။ သို့ဆိုလျှင် ထိုသို့သော အခြေအနေများတွင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်ထံ သင် ဆုတောင်းရမည်။ ဘုရားသခင်က သင့်ကို ခွန်အားပေး၍ သင့်အား အခြေခံသဘောတရားကို လိုက်နာနိုင်စေရန်၊ သင် လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်၊ အခြေခံ သဘောတရား အတိုင်း အမှုအရာများကို ကိုင်တွယ်နိုင်စေရန်၊ သင်၏အနေအထားအတိုင်း ရပ်တည်ခွင့်ပေးရန် နှင့် ဘုရားသခင်အိမ်တော်၏ အမှုတော်ဆီသို့ အန္တရာယ် ရောက်လာခွင့် မပေးရန်အတွက် တောင်းလျှောက်လော့။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ ဂုဏ်သတင်း နှင့် ‘သဘောကောင်းသော လူတစ်ဦး’နှင့်ဆိုင်သော ရှုထောင့်တို့ကို သင် စွန့်လွှတ်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီး လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သို့ရာတွင် သင်၏ကိုယ်ပိုင် အမြင်ရှုထောင့်နှင့် လူများနှင့် ဆက်ဆံရေးကို မလျှော့တမ်း ထိန်းသိမ်းထားလျှင်၊ သင်သည် ဤအရာများကို အဆုံး၌ လုံးဝ အောင်မြင်ကျော်လွှားနိုင်လိမ့်မည် မဟုတ်ချေ။ အခြားအရာများကိုရော သင် အောင်မြင်ကျော်လွှားနိုင်မည်လော။ သင်သည် ခွန်အားနှင့် ယုံကြည်စိတ်ချမှု ကင်းမဲ့နေဆဲဖြစ်လိမ့်မည်။ ဤနည်းဖြင့် သမ္မာတရားကို သင် ကြိုးပမ်းမရရှိနိုင်သကဲ့သို့၊ သမ္မာတရားကို ကြိုးပမ်းမရရှိနိုင်ပါက၊ သင်သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ သမ္မာတရားကို ကြိုးပမ်းရရှိခြင်းသည် ကယ်တင်ခြင်းအတွက် လိုအပ်သော သတ်မှတ်ချက်ဖြစ်သည်။ သို့ဆိုလျှင် အကြင်သူသည် သမ္မာတရားကို မည်သို့ ကြိုးပမ်းရရှိသနည်း။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုကို သင်လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ကာ၊ ယင်းက သင့်အသက်တာ၏ ဇာစ်မြစ်ဖြစ်လာပြီး ယင်းနှင့်အညီ သင် အသက်ရှင်ပါက၊ သင်သည် သမ္မာတရား၏ သွင်ပြင်လက္ခဏာကို ကြိုးပမ်းရရှိနိုင်ပြီး ကယ်တင်ခြင်း၏တစ်စိတ်တစ်ဒေသကို စွမ်းဆောင်ရရိနိုင်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်”) ဒါကိုဖတ်ခြင်းအားဖြင့်၊ ဘုရားသခင်က ရိုးသား ဖြောင့်မတ်တဲ့လူတွေကို နှစ်သက်တယ်ဆိုတာ ကျွန်တော်တွေ့ရတယ်။ သူတို့ဟာ သူတို့ရဲ့ဆက်ဆံရေးတွေကို ကာကွယ် တာ၊ ဒါမှမဟုတ် သူတို့ကို ဘယ်လိုမြင်ကြ တယ်ဆိုတာကို အာရုံမစိုက်ကြဘူး။ ဒါပေမယ့် သူတို့ရဲ့နှလုံးသားတွေထဲမှာ ဘုရားသခင်အတွက် နေရာတစ်ခုရှိတယ်။ သူတို့ဟာ အရာအားလုံးမှာ စည်းမျဉ်းတွေကို ထိန်းသိမ်းပြီး၊ တရားမျှတမှုကို နားလည်တဲ့ အပြင်၊ ဘုရားသခင်အပေါ်မှာလည်း သစ္စာရှိကြ တယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကြည့်တဲ့ အခါမှာ၊ ကျွန်တော်ဟာ တစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့အပြင်၊ ကိုယ့်ရဲ့ တခြားလူတွေနဲ့ဆက်ဆံရေးနဲ့ တခြားလူ တွေ ကျွန်တော့်ကို ဘယ်လိုမြင်တယ်ဆိုတာကို ဂရုစိုက်လွန်းတယ်။ အသင်းတော်ရဲ့အလုပ်ကို ကာကွယ်ဖို့နဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားတဲ့အခါမှာ၊ ကျွန်တော်ဟာ စာတန့်ဘက်ကနေ ရပ်တည်ပြီး စည်းမျဉ်းတွေအတိုင်း မလုပ်ရဲဘူး။ ကျွန်တော်ဟာ ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်ခဲ့တာကြောင့်၊ ဘုရားသခင်ကို ထိခိုက်စေ ပြီး စိတ်ပျက်ဝမ်းနည်းစေခဲ့တယ်။ အဲဒီနောက် ကျွန်တော် ဘုရားသခင်ကို ဆုတောင်း လိုက်တယ်၊ အဲဒီလိုအတွေးမျိုးတွေနဲ့အမြင်မျိုးတွေကို ကျောခိုင်းပြီး၊ တခြားလူတွေက ဘယ်လိုပဲ ထင်ထင်၊ စည်းမျဉ်းတွေအတိုင်း ရပ်တည်နိုင်ဖို့ ကျွန်တော့်ကို ကူညီပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်လိုက် တယ်။ ဘုရားသခင်ဘက်က ရပ်တည်ပြီး၊ အသင်းတော်ရဲ့ အလုပ်ကို ထိန်းသိမ်းဖို့ အဲဒါ တစ်ခုတည်းသော နည်းလမ်းပဲ။ တကယ်ဆိုရင် အမှန်ပြောပြီး လူတစ်ယောက်ရဲ့ ပြဿနာကို ညွှန်ပြတာဟာ သူတို့အပေါ် မကောင်း တဲ့အမြင် မကျရောက်စေဘူး။ အဲဒီလိုလုပ်ခြင်းအားဖြင့်၊ အစ်ကို၊အစ်မတစ်ယောက်အကြောင်း၊ ဒါမှမဟုတ် အသင်းတော်ရဲ့အလုပ်အကြောင်းပဲ ဖြစ်ပါစေ၊ တကယ်ကို အကျိုးရှိတယ်။ လူတစ်ယောက်က ဖောက်ပြန်ပျက်စီးနေတာကို ကျွန်တော်တို့ သတိထားမိပေမယ့် အဲဒါရဲ့သဘာဝ နဲ့ရလဒ်ကို ကျွန်တော်တို့က အသိမပေးရင်၊ သူတို့အနေနဲ့ သူတို့ရဲ့ပြဿနာဟာ တကယ်တမ်း ဘယ်လောက်လေးနက်တယ်ဆိုတာ သူတို့ ဘယ်တော့မှသိမှာမဟုတ်ဘူး။ ဒါဟာ သူတို့ရဲ့အသက်ဝင်ရောက်မှုကို နှောင့်နှေး စေရုံတင်မကဘဲ၊ အသင်းတော်ရဲ့အလုပ်ကိုပါ ထိခိုက်စေတယ်၊ ပြီးတော့ ကျွန်တော်တို့နေနဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ နေထိုင်နေတာကြောင့်၊ ဘုရားသခင်အတွက်လည်း မကောင်းဘူး။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ဂုဏ်သတင်းနဲ့ဂုဏ်ဒြပ် ကို အမြဲအာရုံစိုက်လွန်းပြီး၊ ဘုရားသခင်ကို ဦးစားမပေးဘဲ၊ တခြားလူတွေရဲ့ အတွေးတွေကိုသာ အမြဲစဉ်းစားလေ့ရှိတယ်။ ကျွန်တော်ဟာ သမ္မာတရားနဲ့အညီ ဘယ်လိုနေရ မယ်ဆိုတာနဲ့ ဘုရားသခင်ရဲ့စောင့်ကြည့်ခြင်းကို ဘယ်လိုခံရမယ်ဆိုတာကို ကျွန်တော် ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုက ကျွန်တော့်ကို ချည်နှောင်ထားပြီး၊ ကျွန်တော်ဟာ အရူးတစ်ယောက်လိုပဲဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ဖောက်ပြန်ပျက်စီးမှုတွေကို ဦးဆောင် ခွင့်မပေးနိုင်သလို စာတန်ရဲ့ သတ္တိကြောင်တဲ့ အလှောင်ခံရတဲ့လူ တစ်ယောက်လည်း အဖြစ်မခံနိုင်ဘူး။ ကျွန်တော်ဟာ ဖြောင့်မတ်ခြင်းအသိစိတ်ရှိတဲ့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ရမယ်။ ဒါကိုနားလည်တဲ့အခါမှာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ဇာတိပကတိကို စွန့်လွှတ်ဖို့ သံန္နိဋ္ဌာန်ချလိုက်တယ်၊ အစ်ကိုနှစ်ယောက်ကို သူတို့ရဲ့မာနထောင်လွှားမှုနဲ့ အမြဲအငြင်းပွားနေမှုရဲ့ အကြောင်းရင်းကို ဖော်ထုတ်ပြပြီး အဲဒါတွေက အသင်းတော်ရဲ့အလုပ် ကို ထိခိုက်စေပြီး အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာနဲ့ အဲဒါက အရေးကြီးတယ်ဆိုတာတွေကို ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်နေ့မှာ သူတို့ကို ကျွန်တော်တွေ့တော့၊ သူတို့ကိုပြောဖို့ ကျွန်တော်ပြင်ဆင်နေတဲ့အချိန်မှာ ကျွန်တော် နည်းနည်းစိတ်ပူလာတယ်။ “သူတို့က လက်မခံဘဲ ကျွန်တော့်ကို ပြဿနာပြန် ရှာရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုဆိုရင် ကျွန်တော် ဘယ်လိုလုပ်ပြီး မျက်နှာပြနိုင်မှာလဲ” ပေါ့။ ကျွန်တော့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘော ထားက ကျွန်တော့်ကို ပြန်ပြီးဆွဲနေတယ်ဆိုတာ ကျွန်တော်သတိထားမိလိုက်တယ်၊ ဒါကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင် နိုင်အောင် ကျွန်တော့်ကို ကူညီဖို့ ဘုရားသခင်ကို ဆုတောင်းလိုက်တယ်။ အဲဒီအခါမှာ ဘုရားသခင်ပြောခဲ့တဲ့အရာတစ်ခုကို ကျွန်တော်စဉ်းစားမိတယ်- “ငါ၏ သက်သေခံချက်များနှင့် အကျိုးစီးပွားများကို မထိန်းသိမ်းနိုင်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ စိတ်နှလုံးထဲ၌ ငါနှင့် ဝေးကွာချိန်တွင် ဟန်ဆောင်အပြုံးများ ပြုံးပြခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)) ကျွန်တော့်အနေနဲ့ လူ့အကြိုက်လိုက်သူ တစ်ယောက်အနေနဲ့ ဆက်နေပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သလို၊ အသင်းတော်ရဲ့အလုပ်ကိုလည်း အကာအကွယ် မပေးရင် ဒါဟာ ဘုရားသခင်ကို သစ္စာဖောက်နေ တာပဲဆိုတာကို အဲဒီအချိန်မှာ ကျွန်တော်နားလည်လိုက်တယ်။ ကျွန်တော့်ရဲ့ဆက်ဆံရေးတွေကို ကာကွယ်နေတာ ကို ကျွန်တော်ရပ်ရမှာဖြစ်ပြီး၊ သူတို့ပြဿနာအကြောင်းကို ကျွန်တော်ပြောပြီးတဲ့ အခါသူတို့ ဘယ်လိုပဲထင်ထင်၊ ဘုရားသခင်ကို ရင်ဆိုင်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရင်း စာတန်ကိုအရှက်ခွဲရ မယ်ဆိုတာ ကျွန်တော်သိလိုက်တယ်။ ဒါကြောင့် သူတို့ရဲ့မာနကြီးပြီး ပူးပေါင်း ဆောင်ရွက်မှုမရှိတဲ့အပြုအမူတွေနဲ့၊ ဒါတွေအားလုံးရဲ့ အကြောင်းရင်းနဲ့အကျိုးဆက် တွေကို ဖော်ထုတ်ပြသနိုင်ခဲ့တယ်။ သူတို့ကိုဖတ်ပြဖို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တွေကိုလည်း ကျွန်တော်တွေ့ခဲ့တယ်။ အံ့ဩစရာကောင်းတာက နားထောင်ပြီးတဲ့အခါမှာ သူတို့ဟာ သူတို့ကိုယ်တိုင် ဘုရားသခင် နှုတ်ကပတ်တော်တွေရဲ့အလင်းကို ဆင်ခြင်သုံးသပ်နိုင်ခဲ့ပြီး၊ နောင်တရပြီး ပြောင်းလဲဖို့ လိုလားခဲ့ကြတယ်။ သူတို့ဘာသာသူတို့ သင်ယူသွားနိုင်တာကို တွေ့ရ တော့၊ ကျွန်တော်အရမ်းဝမ်းသာသွားပေမယ့် ကျွန်တော့်မှာ အပြစ်ရှိတယ်လို့လည်း ခံစားမိ တယ်။ စောစောကတည်းကသာ ကျွန်တော့်အနေနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့ရင်၊ သူတို့ဟာ သူတို့ရဲ့ပြဿနာ ဘယ်လောက် လေးနက်တယ်ဆိုတာကို တွေ့ပြီး၊ ပိုစောပြီး နောက်ပြန်လှည့်နိုင်မှာဖြစ်တယ်။ သူတို့ဟာ ဖောက်ပြန်ပျက်စီးမှုထဲမှာ ဆက်နေရင်း အထိခိုက်ခံပြီး စာတန်ရဲ့ကစားကွက်ထဲမှာ ဆက်နေခဲ့မှာမဟုတ်ဘူး၊ သူတို့ဟာ ဘုရားသခင်ရဲ့အလုပ်ကို ဟန့်တားထား မှာမဟုတ်ဘူး။ တခြားလူတွေရဲ့အမှားတွေကို ညွှန်ပြရမှာ ကျွန်တော်ကြောက်ခဲ့ပြီး၊ သူတို့စိတ်အနှောင့်အယှက်ဖြစ်သွားမှာနဲ့ ကျွန်တော့်ကို သဘောမကျတော့မှာကို စိုးရိမ်ခဲ့ တယ်။ ဒါပေမယ့် တကယ်တမ်းဆိုရင် ဒါတွေအားလုံးဟာ ကျွန်တော့်ရဲ့စိတ်ထဲမှာပဲ ဖြစ်နေတာ။ လူတစ်ယောက်က အမှန်တရားကို လက်ခံနိုင်ရင်၊ သူ့တို့မှာ မလိုမုန်းတီးမှုတွေ ရှိမှာမဟုတ်သလို၊ သူတို့အနေနဲ့ မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်ပြီး သင်ခန်းစာတစ်ခုယူနိုင်မှာဖြစ်တယ်။ ဒီနည်းလမ်းဟာ တခြားလူတွေအတွက် ကောင်းသလို၊ ကျွန်တော်တို့ကိုယ်တိုင်အတွက် လည်း ကောင်းတယ်။

အဲဒီနောက်မှာ သမ္မာတရားကို လက်တွေ့လုပ် ဆောင်တဲ့အခါနဲ့ ရိုးသားတဲ့လူတစ်ယောက်အနေနဲ့ နေထိုင်တဲ့အခါမှာ ကျွန်တော် ယုံကြည်မှုပိုရှိလာ တယ်။ ဂုဏ်ဒြပ်နဲ့ဂုဏ်သတင်းတွေနဲ့ပတ်သက်တဲ့ အတွေး တွေက ကျွန်တော့်ကို ဆွဲမထားနိုင်ဘူး။ ကျွန်တော်ရဲ့ အစ်ကိုတွေ၊ အစ်မတွေရဲ့ ပြဿနာ တွေကို ကျွန်တော်တွေ့တဲ့အခါမှာ သူတို့ကို ချက်ချင်း မိတ်သဟာယ ဝေငှပေးပြီး ကူညီရင်း ပြဿနာကို ပိုင်းခြားစိတ်ဖြာပြီး ဆွေးနွေးနိုင်တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့အသင်းတော်ဘဝလည်း တိုးတက်လာတယ်။ ဒီအတွေ့အကြုံတွေကတစ်ဆင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ကယ်တင်ခြင်းကို ကျွန်တော် တကယ်ခံစားလိုက်ရတယ်။ ကျွန်တော့်ကို သန့်စင်အောင်လုပ်ပြီး၊ ပြုပြင် ပြောင်းလဲဖို့အတွက်ပဲ ဘုရားသခင်က ဒီအချိန်တွေ ကို စီစဉ်တာဖြစ်တယ်၊ ဒါမှ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကနေ လွတ်မြောက်သွား မှာဖြစ်တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ အရမ်း သက်သောင့်သက်သာဖြစ်စေပြီး စိတ်ကိုလည်း ငြိမ်းချမ်းမှုပေးတယ်၊ အဲဒါဟာ သူများတွေကို စော်ကားမိမှာကြောက်လို့၊ အမြဲတမ်းနောက်ပြန်ဆုတ်နေတာထက် ပိုကောင်း တယ်လို့ ကျွန်တော်ခံစားရတယ်။ အဲဒါ လူသားဆန်စွာနဲ့နေထိုင်တဲ့ နည်းလမ်းပဲ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကပဲ သမ္မာတရားဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော်တို့အနေနဲ့ ဘာလုပ်ရမယ်ဆိုတာရယ်၊ ကျွန်တော်တို့က ဘယ်သူဆိုတာရယ်ကို လမ်းကြောင်းတွေချပေးနိုင်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို အခြေခံ ပြီး ရိုးသားဖြောင့်မတ်တဲ့လူတစ်ယောက်အနေနဲ့ နေထိုင်ခြင်းဟာ လူကောင်းတစ်ယောက်ဖြစ်ဖို့အ တွက် တစ်ခုတည်းသောနည်းလမ်းပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်တော့်ရဲ့ ခရီးပန်းတိုင်ကို ဘယ်တော့မှ နောက်တစ်ခါ ဦးစားပေးမှာ မဟုတ်တော့ပါ

မင်ကျစ် ကိုးရီးယားနိုင်ငံ ကျွန်တော် သရုပ်ဆောင်ရတဲ့ အရင်အခန်းတုန်းက ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုအခြေအနေကို ကျွန်တော် သေချာမတွေးခဲ့သလို၊...

ကျွန်ုပ်၏ တာဝန်က ကျွန်ုပ်၏ တစ်ကိုယ်ကောင်းဆန်မှုကို ဖော်ထုတ်သည်

ကျွန်မ ဗီဒီယိုအလုပ် ကြီးကြပ်ရေးမှူး လုပ်လာတာ နှစ်နှစ်ကျော်ရှိသွားပြီ။ ဟိုတစ်လောကတော့ အလုပ်လိုအပ်ချက်တွေအရ ကျွန်မတို့အဖွဲ့ကို...

အန္တိခရစ်တစ်ဦးကို ကျွန်ုပ်တိုင်ကြားခဲ့ပုံ

ဝိန်ကျင့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မ ကိုယ့်တာဝန်ကို လုပ်ဖို့ မြို့ပြင်ကနေ ဒေသန္တရအသင်းတော်ဆီ ပြန်လာခဲ့တယ်။ ရေလောင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
ဘောင်အပြည့်ချဲ့ကြည့်မည်
ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်