အခြားသူများကို သက်ညှာခြင်း နောက်ကွယ်တွင် တည်ရှိသည့်အရာ

16.12.2022

ဖိန်းကန်း ကိုးရီးယားနိုင်ငံ

ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက၊ ခေါင်းဆောင်က အစ်ကိုကော်နာနဲ့ ကျွန်တော့်ကို ရေလောင်းတဲ့အလုပ် ကြီးကြပ်ဖို့ တာဝန်ပေးခဲ့တယ်။ နည်းနည်းကြာတော့၊ သူက သူ့အလုပ်မှာ ဝန်တာသိပ်မထားတာကို ကျွန်တော် သတိပြုမိတယ်။ သူက လူတွေကို သူတို့ပြဿနာတွေနဲ့ ပတ်သက်လို့ အမြန် မိတ်သဟာယပြုပြီး မကူညီသလို၊ အလုပ်ဆွေးနွေးတာတွေမှာ သိပ်မပါဝင်ဘူး။ ကော်နာက ဖြစ်ကတတ်ဆန်းနိုင်ပြီး တာဝန်မဲ့သလို ကျွန်တော် သူ့ကို မိတ်သဟာယ ပြုပေးရမယ်လို့ ခေါင်းဆောင်က ပြောတယ်။ ကျွန်တော် တွေးမိတယ်။ သူ အလုပ်များလို့ တချို့အလုပ်ကို ဘေးဖယ်ထားတာ ဖြစ်နိုင်တယ်လို့ပေါ့။ သူက လုံးဝကို ဘာမှမလုပ်တဲ့ပုံတော့ မဟုတ်ဘူးလို့ တွက်ဆမိတယ်။ သူ့ဆီက အများကြီး ကျွန်တော် မမျှော်လင့်သင့်သလို၊ သူ မိတ်သဟာယမပြုခဲ့တဲ့ ပြဿနာတွေကို ကျွန်တော် ကိုင်တွယ်လို့ရတာပဲလို့ပေါ့။ ဒီတော့ သူ့အလုပ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကျွန်တော် မစစ်ဆေးခဲ့ဘူး။ ခဏကြာပြီးတော့၊ ညီအစ်ကို မောင်နှမတချို့အတွက် စုဝေးပွဲမလုပ်ခင်မှာ၊ မိတ်သဟာယအတွက် သင့်လျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာတွေ့ဖို့နဲ့ စုဝေးပွဲကို ပိုထိရောက်စေဖို့ အရင်ဆုံး သူတို့ရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ကြိုသိအောင် လုပ်ဖို့ ကော်နာကို ကျွန်တော် သတိပေးခဲ့တယ်။ နောက်ပိုင်းမှာ၊ ကော်နာက သူတို့ရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို မေးခဲ့လားလို့ ညီအစ်ကို မောင်နှမတချို့ကို ကျွန်တော် မေးခဲ့ပြီး၊ မမေးသေးဘူးလို့ အားလုံးက ပြောတယ်။ သူ တကယ်ကို တာဝန်မဲ့နေသလို ကျွန်တော် ခံစားရတယ်။ တခြားလူတွေက သူတို့တာဝန်တွေမှာ အခက်အခဲနဲ့ အပြစ်အနာအဆာတွေ အများကြီး ရှိခဲ့ကြတာလေ။ သူတို့ကို ပိုကူညီပြီး မိတ်သဟာယပြုပေးဖို့ လိုပေမဲ့၊ သူက အဲဒါကို အလေးအနက် ထားမနေခဲ့ဘူး။ အဲဒါက သူ တကယ်ကို သတိမမူတာပဲ။ ဒီတစ်ခါ သူ့ရဲ့ ပြဿနာကို တကယ် တင်ပြသင့်တယ်လို့ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ သူ လက်မခံရင်၊ ကျွန်တော် အများကြီး မျှော်လင့်လွန်းတယ်လို့ ပြောပြီး ကျွန်မအပေါ် အမြင်စောင်းလာခဲ့ရင်၊ အဲဒါက ကျွန်တော့်ကို အရမ်းတင်းကျပ်ပြီး၊ တခြားလူတွေပေါ် စာနာစိတ်မရှိတဲ့ပုံ ဖြစ်စေမှာ မဟုတ်လား။ ဒါ့အပြင်၊ ကော်နာက အသက်ငယ်လို့ ဇာတိ သက်သာမှုကို ပိုအာရုံစိုက်ဖို့ များတယ်။ တစ်ခါတလေ ကျွန်တော်လည်း ဖြစ်ကတတ်ဆန်းနိုင်ပြီး သက်သာမှုကို အာရုံစိုက်တာပဲလေ။ ဒီတော့ ကျွန်တော် အရမ်းမတောင်းလွန်းသင့်ဘူး။ အဲဒါကို ကိုယ့်ဘာသာ ကိုင်တွယ်လို့ရပါတယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ်အပေါ် တင်းကျပ်ပါ၊ သူတပါးအပေါ် သိပ်မတင်းကျပ်ပါနဲ့ပေါ့။ ကျွန်တော် အလုပ်များပြီး နားချိန်ကို လျှော့လိုက်တယ်။ ဒီတော့၊ ကော်နာနဲ့ မိတ်သဟာယမပြုသလို သူ့ရဲ့ ဒီပြဿနာကို မထောက်ပြခဲ့ဘူး။ တခြားအလုပ်နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် အဲဒီအတိုင်း ပြုမူခဲ့တယ်။ တစ်ယောက်ယောက်က ကောင်းကောင်း လုပ်မနေတာကို မြင်တဲ့အခါ၊ ဘာက အဲဒီလိုဖြစ်စေတယ်၊ ဘာကို လုပ်သင့်တယ်ဆိုတာကို မကြည့်ဘဲ၊ စိတ်ရှည်ပြီးသာ သည်းခံခဲ့တယ်။ တစ်ခါတလေ တစ်ယောက်ယောက်ရဲ့ အပြုအမူနဲ့ပတ်သက်လို့ ကျွန်တော် အရမ်း စိတ်အနှောင့်အယှက်ဖြစ်၊ ဒေါသထွက်ပေမဲ့၊ မျိုသိပ်ထားလိုက်တယ်။ ကျွန်တော် တွေးတယ်။ “ထားလိုက်ပါ။ သူတို့ လုပ်နိုင်တာ မှန်သမျှ လုပ်ကြပါစေ။ ကျန်တာတွေကို ငါ တာဝန်ယူလိုက်မယ်” လို့ပေါ့။ ခဏကြာပြီးတော့၊ ညီအစ်ကို မောင်နှမတွေက သူတို့ပြဿနာတွေနဲ့ ပတ်သက်လို့ ကျွန်တော့်ကို အကူအညီ ပေးစေချင်ကြတယ်။ အားလုံးက ကျွန်တော့်ကို အထင်ကြီးတာ မြင်တော့ စိတ်အနှောင့်အယှက်ဖြစ်တာ၊ စိတ်ပျက်တာ မဖြစ်ဘူး။ တစ်လျှောက်လုံး၊ ခံစားရတာက ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ပြီး ဆက်ဆံရေးတွေမှာ တခြားလူတွေအပေါ် ခွင့်လွှတ်တတ်တာက ကောင်းမွန်တဲ့ လူ့သဘာဝရှိတဲ့ လူတစ်ယောက်ဖြစ်ခြင်းပဲ။ အမြဲ ချစ်တီးခေါင်းသန်းရှာလုပ်ပြီး ဘယ်သူနဲ့မှ အလုပ်လုပ်လို့မရတဲ့ တချို့လူတွေနဲ့ မတူဘူးလို့ပေါ့။

ဒီလိုနဲ့ တစ်နေ့မှာ၊ “ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ပြီး အခြားသူများအပေါ် သည်းခံ” တာနဲ့ ပတ်သက်တဲ့ အရာတစ်ခုကို ဘုရားနှုတ်ကပတ်တော်တွေမှာ ဖတ်ရပြီး ကိုယ့်ကိုယ်ကိုယ် တစ်မူထူးစွာ မြင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဟူသည့် ဤဆိုရိုးစကားသည် မည်သည့်အရာကို ဆိုလိုသနည်း။ သင့်ကိုယ်သင် တင်းကျပ်သော တောင်းဆိုမှုများပြုလုပ်ပြီး အခြားလူတို့ကို သက်ညှာသင့်သည်၊ ဤသို့ဖြင့် သင်သည် မည်မျှရက်ရောပြီး သဘောထားကြီးသည်ကို ၎င်းတို့က မြင်နိုင်သည်ဟု ဆိုလိုသည်။ ဤသို့ဆိုလျှင် လူတို့သည် ဤအရာကို အဘယ်ကြောင့် လုပ်ဆောင်သင့်သနည်း။ မည်သည့်အရာကို ရရှိရန် ရည်ရွယ်သနည်း။ ဤသည်မှာ လုပ်ဆောင်၍ ရနိုင်သောအရာဖြစ်သလော။ ဤသည်မှာ အမှန်တကယ်ပင် လူတို့၏ လူ့သဘာဝနှင့်ပတ်သက်သော သဘာဝဖော်ပြချက်တစ်ခုဖြစ်သလော။ ဤအရာကို တာဝန်ယူလုပ်ဆောင်ရန် သင့်ကိုယ်သင် မည်မျှ အထိခိုက်ခံရမည်နည်း။ သင်သည် ဆန္ဒများ၊ တောင်းဆိုမှုများ လွတ်ကင်းရမည်။ ဝမ်းမြောက်မှုကို လျှော့၍ ခံစားရန် လိုအပ်သည်။ အနည်းငယ်ပို၍ ဒုက္ခခံရမည်။ အခြားလူများ မပင်ပန်းစေရန်အတွက် အဖိုးအခပို၍ ပေးဆပ်ပြီး ပို၍ အလုပ်လုပ်ရမည်။ အခြားလူများက ညည်းလျှင်၊ စောဒကတက်လျှင်၊ သို့မဟုတ် ညံ့ဖျင်းစွာ ထမ်းဆောင်လျှင် သင်က ၎င်းတို့ကို အလွန်အမင်း မတောင်းဆိုရပေ။ အနည်းနှင့်အများလုပ်ဆောင်ခြင်းက လုံလောက်ပြီဖြစ်သည်။ ဤသည်မှာ မြင့်မြတ်သော သူတော်ကောင်းတရား၏ လက္ခဏာဖြစ်သည်ဟု လူတို့က ယုံကြည်ကြသည်။ သို့သော် ယင်းသည် အဘယ်ကြောင့် ငါ့အတွက် မှားယွင်းသည့် ပုံစံရှိသနည်း။ ယင်းသည် မမှားယွင်းသလော။ (မှားယွင်းပါသည်။) သာမန်အခြေအနေများတွင် သာမန်လူတစ်ယောက်၏ လူ့သဘာဝနှင့်ပတ်သက်သော သဘာဝဖော်ပြချက်သည် မိမိကိုယ်ကို သည်းခံပြီး သူတစ်ပါးတို့အပေါ် တင်းကျပ်ရန်ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ လူတို့သည် အခြားလူတိုင်း၏ ပြဿနာများကို သတိမူမိကြသည်။ ‘ဒီလူက မာနထောင်လွှားတယ်။ ဒီလူက ဆိုးတယ်။ ဒီတစ်ယောက်က တစ်ကိုယ်ကောင်းဆန်တယ်။ ဟိုတစ်ယောက်က သူ့တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေလုပ်တယ်။ ဒီလူက အရမ်းပျင်းတာပဲ’ ဟူ၍ တစ်ယောက်ယောက်က ဆိုလိမ့်မည်။ မိမိကိုယ်ကိုဆိုလျှင်မူ ‘ငါ နည်းနည်းလေးပျင်းမိရင် ကိစ္စမရှိဘူး။ အစွမ်းအစကောင်းတယ်။ ပျင်းပေမဲ့ ငါလုပ်တာ သူများထက်ပိုကောင်းတယ်’ ဟူ၍ တွေးကြသည်။ အခြားလူများတို့အပေါ် အမှားရှာပြီး ကြေးများကြသည်။ မိမိတို့ကိုယ်ကိုအတွက်မူ ဖြစ်နိုင်သည့်နေရာမှန်သမျှတွင် သည်းခံပြီး လိုက်လျောကြသည်။ ဤသည်မှာ ၎င်းတို့ လူ့သဘာဝ၏ သဘာဝဖော်ပြချက်တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) လူတို့သည် ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဆိုသည့် အယူအဆအတိုင်း နေထိုင်ရန် မျှော်လင့်ခြင်းခံရလျှင် မည်သို့သော သောကဝေဒနာကို ၎င်းတို့ ခံစားရမည်နည်း။ ယင်းကို ၎င်းတို့ အမှန်တကယ် ခံနိုင်သလော။ လူမည်မျှက ဤသို့ လုပ်ဆောင်နိုင်မည်နည်း။ (မည်သူမျှ မလုပ်ဆောင်နိုင်ပါ။) အဘယ်ကြောင့်နည်း။ (လူတို့သည် သဘာဝအရ တစ်ကိုယ်ကောင်းဆန်သည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုသည့် စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ကြသည်။) အမှန်ပင် လူသည် မွေးကတည်းက တစ်ကိုယ်ကောင်းဆန်သည်။ လူသည် တစ်ကိုယ်ကောင်းဆန်သည့် သတ္တဝါဖြစ်သည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုသည့် ဆိုးယုတ်သော အတွေးအခေါ်အပေါ် အလွန်အမင်း စွဲမြဲစွာစောင့်ထိန်းကြသည်။ ၎င်းတို့အပေါ် အမှုအရာများဖြစ်ပျက်သောအခါ တစ်ကိုယ်ကောင်းဆန်ပြီး မိမိကိုယ်ကို စောင့်ရှောက်ခြင်းမပြုလုပ်လျှင် ၎င်းတို့ ကြီးစွာသော ဒုက္ခရောက်ပြီး သဘာဝမကျဖြစ်မည်ဟု လူတို့က ထင်ကြသည်။ ဤသည်မှာ လူတို့ ယုံကြည်သည့်အရာနှင့် လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ လူတို့သည် တစ်ကိုယ်ကောင်းမဆန်ရန်၊ မိမိတို့ကိုယ်ကို တင်းကျပ်သောတောင်းဆိုမှုများ လုပ်ဆောင်ရန်၊ အခြားလူများအပေါ် အခွင့်အရေးယူရမည့်အစား လိုလိုလားလားဖြင့် လက်လွှတ်ဆုံးရှုံးရန် မျှော်လင့်ခြင်းခံရလျှင် ဤသည်မှာ လက်တွေ့ကျသော မျှော်လင့်ချက်တစ်ခုဖြစ်သလော။ လူတို့သည် ၎င်းတို့အပေါ် တစ်ယောက်ယောက်က အခွင့်အရေးယူသောအခါ ‘မင်းက အခွင့်အရေးယူနေတယ်။ ဒါပေမဲ့ ငါက ရေးကြီးခွင့်ကျယ်မလုပ်ပါဘူး။ ငါက သည်းခံတဲ့သူပဲ။ ငါ မင်းကို မကောင်းမပြောဘူး။ ဒါမှမဟုတ် လက်စားချေမှာမဟုတ်ဘူး။ မင်းက အခွင့်အရေးကို လုံလုံလောက်လောက် မယူရသေးဘူးဆိုရင် လွတ်လွတ်လပ်လပ် ဆက်ယူပါ’ ဟု ပျော်ရွှင်စွာပြောရန် မျှော်လင့်ခြင်းခံရလျှင် ဤသည်မှာ လက်တွေ့ကျသော မျှော်လင့်ချက်တစ်ခုလော။ လူမည်မျှက ဤအရာကို လုပ်ဆောင်နိုင်သနည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပုံမှန်အားဖြင့် ပြုမူသော ပုံစံဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဖြစ်ခြင်းသည် ပုံမှန်မဟုတ်သည်မှာ သိသာသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသော လူတို့သည်၊ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းသောလူများသည် မိမိတို့ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် ရုန်းကန်ကြသည်။ အခြားလူများက ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရယူသည်ကို မကျေနပ်နိုင်ပေ။ ထို့ကြောင့် ဤဖြစ်ရပ်သည် ဖြစ်ပျက်သောအခါတွင် ပုံမှန်မဟုတ်ပေ။ ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဆိုသည့် သူတော်ကောင်းတရားနှင့်ပတ်သက်သော ဤအဆိုသည် လူမှုဆိုင်ရာ ကိုယ်ကျင့်တရားသမားတစ်ယောက်၏ လူသားသဘာဝအပေါ် မပြည့်ဝသော နားလည်သဘောပေါက်မှုကို ထင်ဟပ်သည်။ အမှန်တရားများ၊ သို့မဟုတ် လူသားသဘာဝနှင့် ရှင်းလင်းစွာပင် မကိုက်ညီသော တောင်းဆိုချက်ကို လူတို့အား တောင်းဆိုသည်။ ယင်းသည် ကြွက်တစ်ကောင်အား ကျင်းမတူးရန်၊ သို့မဟုတ် ကြောင်တစ်ကောင်အား ကြွက်မဖမ်းရန် ပြောဆိုသကဲ့သို့ဖြစ်သည်။ ဤသို့သော တောင်းဆိုမှုကို လုပ်ဆောင်ရန် မှန်ကန်သလော။ (မမှန်ကန်ပါ။ လူသားသဘာဝ၏ နိယာမကို ဖီဆန်သည်။) ဤသည်မှာ အနှစ်မရှိသော တောင်းဆိုမှုဖြစ်သည်။ ရှင်းလင်းစွာပင် လက်တွေ့အရှိတရားနှင့် မကိုက်ညီပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၆)) ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေကို ဖတ်တော့ လုံးလုံး နားမလည်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ “ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ပြီး အခြားသူများအပေါ် သည်းခံ” ဆိုတာက ကောင်းတဲ့အရာလို့ ကျွန်တော် အမြဲ တွေ့ခဲ့လို့ပါ။ အဲဒီလိုလူတွေကို ကျွန်တော် အမြဲ လေးစားပြီး အဲဒီလိုဖြစ်ဖို့ ဆန္ဒပြင်းပြခဲ့တာလေ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သေချာတွေးကြည့်တော့၊ လုံးဝ မှန်ကန်တိကျတယ်လို့ ခံစားရတယ်။ ကျွန်တော် လုံးဝ လက်ခံယုံကြည်မိတယ်။ အထူးသဖြင့် ဒါကို ဖတ်ရချိန်မှာပေါ့။ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသော လူတို့သည်၊ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းသောလူများသည် မိမိတို့ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် ရုန်းကန်ကြသည်။ အခြားလူများက ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရယူသည်ကို မကျေနပ်နိုင်ပေ။ ထို့ကြောင့် ဤဖြစ်ရပ်သည် ဖြစ်ပျက်သောအခါတွင် ပုံမှန်မဟုတ်ပေ။ ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဆိုသည့် သူတော်ကောင်းတရားနှင့်ပတ်သက်သော ဤအဆိုသည် လူမှုဆိုင်ရာ ကိုယ်ကျင့်တရားသမားတစ်ယောက်၏ လူသားသဘာဝအပေါ် မပြည့်ဝသော နားလည်သဘောပေါက်မှုကို ထင်ဟပ်သည်။ အမှန်တရားများ၊ သို့မဟုတ် လူသားသဘာဝနှင့် ရှင်းလင်းစွာပင် မကိုက်ညီသော တောင်းဆိုချက်ကို လူတို့အား တောင်းဆိုသည်။ ယင်းသည် ကြွက်တစ်ကောင်အား ကျင်းမတူးရန်၊ သို့မဟုတ် ကြောင်တစ်ကောင်အား ကြွက်မဖမ်းရန် ပြောဆိုသကဲ့သို့ဖြစ်သည်။” ကျွန်တော် တကယ်ကို အံ့ဩသွားတယ်။ လက်စသတ်တော့ ကျွန်တော် ထိန်းသိမ်းနေခဲ့တဲ့ စိတ်ကူးက လက်တွေ့မကျ၊ လူ့သဘာဝကို ဆန့်ကျင်ပြီး၊ လူတွေ စွမ်းဆောင်မရနိုင်တဲ့ အရာတစ်ခုဖြစ်တာကိုး။ လိုက်လျှောက်ဖို့ စံနှုန်းတစ်ခု ဖြစ်မလာနိုင်ဘူး။ ကျွန်တော့် အပြုအမူကို ပြန်ကြည့်တဲ့အခါ၊ ဘုရား ဖော်ထုတ်ခဲ့တဲ့အတိုင်း တကယ်ဖြစ်နေခဲ့တာပဲ။ ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ပြီး တခြားလူတွေနဲ့ ပတ်သက်လို့ သက်ညှာခဲ့ချိန်မှာ၊ မတရားခံရသလို ခံစားရပြီး စိတ်မကောင်းဖြစ်ခဲ့တယ်။ အဲဒီစံချိန်အမှတ်ကို ပြည့်မီခဲ့ချိန်မှာတောင်၊ ကျွန်တော် တကယ် မပြည့်မီချင်ဘူး။ အဲဒီလို မလုပ်ချင်ခဲ့ဘူး။ ကော်နာနဲ့ ပတ်သက်ပြီးတော့၊ သူက တာဝန်ကို ဖြစ်သလိုလုပ်နေတာ၊ ပျင်းရိပြီး တာဝန်မဲ့တာကို ကောင်းကောင်း ကျွန်တော် ကောင်းကောင်း သိခဲ့တယ်။ ကျွန်တော် ဒေါသထွက်ပြီး သူ့အနေနဲ့ ကိစ္စတွေကို အမြန်ပြောင်းလဲပြီး၊ ကျွန်တော့်အတွက် တွဲဖက်ကောင်းဖြစ်နိုင်အောင် သူ့ပြဿနာတွေကို ဖော်ထုတ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းမတင်းကျပ်လွန်းသင့်ပုံ၊ ကိုယ့်ကိုယ်ကိုယ်အပေါ် တင်းကျပ်ပြီး တခြားလူတွေပေါ် သိပ်မတင်းကျပ်သင့်တာ တွေးမိပြီးတော့ သူ့ပြဿနာနဲ့ ပတ်သက်လို့ သူ့ကို စကားပြောမဲ့ စိတ်ကူးကို လက်လျှော့လိုက်တယ်။ အရမ်းမစာနာ၊ အပြစ်ရှာတတ်တဲ့ပုံ မပေါ်အောင် ကျွန်တော် နည်းနည်း ပိုဆင်းရဲဒုက္ခခံ၊ အဖိုးအခ နည်းနည်း ပိုပေးနိုင်ပြီး၊ သူ့ကို သိပ်မတောင်းဆိုလို့ရတယ်လို့ ခံစားခဲ့တယ်။ အဖွဲ့အနည်းငယ်ရဲ့ အလုပ်ကို ကျွန်တော် တာဝန်ယူရလို့ ကျွန်တော့်မှာ များတဲ့ အလုပ်ပမာဏက ရှိနှင့်ပြီးသားပဲ။ သူ့အလုပ်မှာရှိတဲ့ ပြဿနာတွေကို ကူကိုင်တွယ်ပေးစေတာကလည်း မတရားခံရသလို ခံစားစေပြီး ကျွန်တော့်မှာ စောဒကတက်စရာ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ပြီး တခြားလူတွေအပေါ် သည်းခံပေးဖို့အတွက်နဲ့ တခြားလူတွေက ကျွန်တော့်အပေါ် အကောင်းထင်အောင်လို့ နှုတ်ဆိတ်နေလိုက်ပြီး သည်းခံလိုက်တယ်။ အဲဒါ ကျွန်တော့်ရဲ့ တကယ့် အခြေအနေနဲ့ ကျွန်တော် တကယ်တွေးခဲ့တဲ့အရာပါ။ ဘုရား ပြောတဲ့အတိုင်းပါပဲ။ “လူသည် မွေးကတည်းက တစ်ကိုယ်ကောင်းဆန်သည်။ လူသည် တစ်ကိုယ်ကောင်းဆန်သည့် သတ္တဝါဖြစ်သည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုသည့် ဆိုးယုတ်သော အတွေးအခေါ်အပေါ် အလွန်အမင်း စွဲမြဲစွာစောင့်ထိန်းကြသည်။ ၎င်းတို့အပေါ် အမှုအရာများဖြစ်ပျက်သောအခါ တစ်ကိုယ်ကောင်းဆန်ပြီး မိမိကိုယ်ကို စောင့်ရှောက်ခြင်းမပြုလုပ်လျှင် ၎င်းတို့ ကြီးစွာသော ဒုက္ခရောက်ပြီး သဘာဝမကျဖြစ်မည်ဟု လူတို့က ထင်ကြသည်။ ဤသည်မှာ လူတို့ ယုံကြည်သည့်အရာနှင့် လုပ်ဆောင်သည့်ပုံစံဖြစ်သည်။” ကျွန်တော်တို့အားလုံးက သဘာဝအားဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ကျွန်တော်လည်း ခြွင်းချက်မရှိဘူး။ ပိုအလုပ်လုပ်ရတဲ့အခါ၊ ခက်ခဲတဲ့ အလုပ်နဲ့ ပင်ပန်းတာကို မကျေမချမ်းဖြစ်တယ်။ မတရာခံရသလို ခံစားရတယ်၊ ဝမ်းနည်းပြီး အဲဒါနဲ့ ပတ်သက်လို့ မပျော်မရွှင်ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ပြီး တခြားလူတွေကို သက်ညှာရင်းနဲ့ ကိုယ့်စိတ်နှလုံးကို ဆန့်ကျင်လုပ်နေဆဲပဲ။ “ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ပြီး အခြားသူများအပေါ် သည်းခံ” ခြင်းနဲ့ဆိုင်တဲ့ ဒီသဘောထားနောက်ကွယ်မှာ ဘယ် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက တကယ် ကွယ်ဝှက်နေသလဲ။ အဲဒီလိုဖြစ်ခြင်းရဲ့ အကျိုးဆက်တွေက ဘာတွေလဲ။

ဘုရားရှေ့ကို ဆုတောင်းခြင်းနဲ့ အဲဒီမေးခွန်းကို ရှာဖွေရင်း လာခဲ့ပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “သင်ကောက်ရသော ပိုက်ဆံကို ပြန်ပေးပြီး သူတစ်ပါးတို့ကို ကူညီရာတွင် ဝမ်းမြောက်မှုရှိခြင်းနှင့်ပတ်သက်သော ဆိုရိုးစကားများကဲ့သို့ဖြစ်သော ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဆိုသည်မှာ ရိုးရာယဉ်ကျေးမှုက လူတို့ကို သူတော်ကောင်းတရားဖြင့် လုပ်ဆောင်စေရန်ပြုလုပ်သည့် တောင်းဆိုမှုများထဲမှ တစ်ခုဖြစ်သည်။ အလားတူပင် တစ်စုံတစ်ယောက်က ဤသို့သော သူတော်ကောင်းတရားကို ကြိုးပမ်းရယူနိုင်သည်ဖြစ်စေ၊ ကျင့်သုံးနိုင်သည်ဖြစ်စေ ၎င်းတို့၏ လူ့သဘာဝကို တိုင်းတာခြင်းအတွက် စံနှုန်း၊ သို့မဟုတ် စံသတ်မှတ်ချက်မဟုတ်သေးပေ။ သင်က အမှန်တကယ်ပင် သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်နိုင်စွမ်းရှိပြီး အလွန်မြင့်သောစံနှုန်းကို ကိုင်စွဲနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများနောက်သို့လိုက်ခြင်းမရှိဘဲ လုံးဝ အစွန်းအထင်းမရှိဖြစ်ပြီး သူတစ်ပါးတို့အတွက် အစဉ်စဉ်းစားခြင်း ရှိကောင်းရှိနိုင်သည်။ သင်သည် အလွန်ပင် သဘောထားကြီးပြီး ကိုယ်ကျိုးမကြည့်သည့်ပုံစံရှိကောင်းရှိနိုင်သည်။ လူမှုဆိုင်ရာတာဝန်နှင့် အများအမြင်တွင် ကောင်းသောအရာများအပေါ် အားကောင်းသော အသိစိတ်ရှိကောင်းရှိနိုင်သည်။ သင်၏ မြင့်မြတ်သော ပင်ကိုယ်စရိုက်နှင့် အရည်အသွေးများကို သင်နှင့်ရင်းနှီးသောသူများက၊ သင်ကြုံတွေ့ပြီး အပြန်အလှန်ဆက်ဆံသည့်သူများက မြင်ကောင်းမြင်နိုင်သည်။ သင်၏ အပြုအမူက သူတစ်ပါးတို့အား သင့်ကို အပြစ်တင်ရန်၊ သို့မဟုတ် ဝေဖန်ရန် အကြောင်းပြချက်တစ်ခုတလေပေးခြင်း လုံးဝ မရှိနိုင်ဘဲ ထိုအစား အလွန်အမင်းချီးမွမ်းပြီး လေးစားခြင်းတို့ကိုပင် ဖြစ်ပေါ်စေသည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံသောသူတစ်ယောက်အဖြစ် လူတို့က မှတ်ယူကောင်း မှတ်ယူနိုင်သည်။ သို့ရာတွင် ဤအရာများသည် အပြင်ပန်းအပြုအမူများထက် မပိုပေ။ သင်၏ စိတ်နှလုံးတွင်ရှိသော အတွေးများနှင့် ဆန္ဒများသည် ဤအပြင်ပန်းအပြုအမူများနှင့်၊ အပြင်ပန်းတွင် သင်အသက်ရှင်နေထိုင်သည့် ဤလုပ်ရပ်များနှင့် ကိုက်ညီသလော။ အဖြေမှာ မကိုက်ညီပေ။ သင်က ဤသို့ လုပ်ဆောင်ရသည့် အကြောင်းပြချက်သည် ဤနောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုရှိခြင်းကြောင့်ဖြစ်သည်။ ထိုရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာဖြစ်သနည်း။ အနည်းဆုံးအနေဖြင့် ယင်းနှင့်ပတ်သက်ပြီး တစ်ခုကိုပြောနိုင်သည်။ ယင်းသည် ပြောပြ၍မရနိုင်သော၊ မှောင်မိုက်ပြီး ဆိုးယုတ်သောအရာတစ်ခုဖြစ်သည်။...‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဆိုသည့် သူတော်ကောင်းတရားအတိုင်း အသက်ရှင်နေထိုင်ရန် မိမိကိုယ်ကို တောင်းဆိုသောသူအများစုသည် ဂုဏ်အဆင့်အတန်းကို စွဲလန်းနေသည်ဟု သေချာပေါက်ဆိုနိုင်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက တွန်းအားပေးသောကြောင့် ၎င်းတို့သည် ဂုဏ်သိက္ခာ၊ လူမှုဆိုင်ရာ ထင်ပေါ်ကျော်စောခြင်း၊ သူတစ်ပါးတို့အမြင်တွင်ရှိသော ဂုဏ်အဆင့်အတန်းတို့ကို မလိုက်စားဘဲ မနေနိုင်ပေ။ ကောင်းမြတ်သော၊ သူတော်ကောင်းဆန်သော အပြုအမူအောက်တွင် ဖုံးကွယ်ထားသည့် ဤအရာအားလုံးသည် ဂုဏ်အဆင့်အတန်းအတွက် ၎င်းတို့၏ဆန္ဒနှင့် ဆက်နွှယ်နေပြီး ၎င်းတို့လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့လိုက်စားသည့် ဤအရာများသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ အလုံးစုံ ဖြစ်ပေါ်လာပြီး တွန်းအားပေးခြင်းဖြစ်သည်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ၊ တစ်စုံတစ်ယောက်က ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဆိုသည့် သူတော်ကောင်းတရားအတိုင်း အသက်ရှင်နေထိုင်သည်ဖြစ်စေ၊ ပြည့်စုံမှုရှိရန်အတွက် ဤသို့လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ လူ့သဘာဝ၏ အနှစ်သာရကို မပြောင်းလဲနိုင်ပေ။ သဘောသက်ရောက်သည်မှာ ယင်းသည် ၎င်းတို့၏ အမြင်၊ သို့မဟုတ် တန်ဖိုးများကို မည်သည့်နည်းနှင့်မျှ မပြောင်းလဲပေးနိုင်ပေ၊ သို့မဟုတ် လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ သဘောထားများနှင့် အမြင်ရှုထောင့်များကို လမ်းပြမပေးနိုင်ပေဟု အဓိပ္ပာယ်ရသည်။ ယင်းမှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။) တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်းရှိလေလေ၊ ထိုသူသည် ဟန်လုပ်ရာတွင်၊ ကောင်းသောအပြုအမူနှင့် ကျေနပ်ဖွယ်ဖြစ်သော စကားများဖြင့် သူတစ်ပါးတို့အား နားယောင်စေရာတွင် ကျွမ်းကျင်လေလေ၊ လှည့်စားတတ်ပြီး ဆိုးယုတ်လေလေဖြစ်သည်။ သူသည် ဤလူအမျိုးအစား ဖြစ်လေလေ၊ ဂုဏ်အဆင့်အတန်းနှင့် အာဏာအပေါ် သူ၏ ချစ်ခြင်းက နက်ရှိုင်းလေလေဖြစ်သည်။ သူတော်ကောင်းတရားကို ၎င်းတို့ ပြသမှုက မည်မျှ အထင်ကြီးလောက်စရာဖြစ်ပါစေ၊ ရှုမြင်ရသည်မှာ မည်မျှ ကျေနပ်ဖွယ်ဖြစ်ပါစေ ၎င်းတို့စိတ်နှလုံးအတွင်းထဲရှိ ပြောဆိုခြင်းမရှိသော လိုက်စားမှု၊ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရနှင့် ၎င်းတို့၏ ရည်မှန်းချက်များသည်ပင် အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သည်။ ထို့ကြောင့် ၎င်းတို့၏ အပြုအမူသည် မည်မျှပင် သူတော်ကောင်းဆန်ပါစေ ၎င်းတို့၏ ပင်ကိုယ် လူ့သဘာဝ၊ သို့မဟုတ် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို မဖုံးကွယ်နိုင်ပေ။ အပြုသဘောဆောင်မှုကို မချစ်သော၊ သမ္မာတရားကို စိတ်ကုန်ပြီး စက်ဆုပ်သော ၎င်းတို့၏ အကျည်းတန်သည့် သဘာဝနှင့် အနှစ်သာရကို မဖုံးကွယ်နိုင်ပေ။ ဤအမှန်တရားများက ပြသကဲ့သို့ ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဆိုသည်မှာ အဓိပ္ပာယ်မရှိခြင်းသက်သက်ထက်ပိုသည်။ ၎င်းတို့ မပြောဆိုနိုင်သော ရည်မှန်းချက်များနှင့် ဆန္ဒများကို ဖုံးကွယ်ရန် ဤသို့သော ဆိုရိုးစကားများနှင့် အပြုအမူများကို အသုံးပြုသော ဤရည်မှန်းချက်ကြီးသော လူအမျိုးအစားများကို ယင်းက ပြသသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၆)) “ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ပြီး အခြားသူများအပေါ် သည်းခံ” ခြင်းဆိုတာက တခြားလူတွေနဲ့ ပတ်သက်လို့ နားလည်မှုရှိပြီး ခွင့်လွှတ်တတ်ပုံရပေမဲ့၊ သဘောထားကြီးပြီး၊ မြင့်မြတ်ပုံရပေမဲ့၊ အတွင်းနက်နက်မှာတော့၊ ပြောရက်စရာမရှိ၊ မည်းမှောင်၊ ဆိုးယုတ်တဲ့ ရည်ရွယ်ချက် ရှိနေတာကို ဘုရားနှုတ်ကပတ်တော်တွေ ထုတ်ဖော်ပြတဲ့ အရာကနေ မြင်ရတယ်။ အဲဒါက လေးစားမှုရပြီး၊ တခြားလူတွေကြားမှာ ပိုမြင့်တဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းရှိဖို့ အပေါ်ယံ အပြုအမူကောင်းကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်တာပဲ။ အဲဒီလိုလူမျိုးက အပြင်ပန်းကနေ ချီးကျူးထိုက်ပုံရပေမဲ့၊ တကယ်တော့ လူကောင်းဟန်ဆောင်တဲ့ သူတော်ကောင်း အယောင်ဆောင်ပဲ။ ကော်နာနဲ့ပတ်သက်လို့ ကျွန်တော် ပြုမူခဲ့ပုံနဲ့ ဖော်ထုတ်ခဲ့တဲ့အရာကို တွေးမိတယ်။ အလုပ်မှာ သူက ဘယ်လိုပဲ ဖြစ်ကတတ်ဆန်းနိုင်ပြီး တာဝန်မဲ့ပါစေ၊ ကျွန်တော် မထောက်ပြ၊ မိတ်သဟာယမပြု၊ သူ့ကို မကိုင်တွယ်မဖြေရှင်းခဲ့ရုံမက၊ နားလည်မှုရှိပြီး အလိုက်အထိုက်ဆက်နေမိခဲ့တယ်။ ကျွန်တော် ဘယ်လိုပဲ အလုပ်များပါစေ၊ ရှိတဲ့အချိန် ဘယ်လောက်နည်းပါစေ၊ ကော်နာမလုပ်ခဲ့သမျှကို ကျွန်တော် သွားလုပ်ခဲ့တယ်။ ခက်ခဲသည်ဖြစ်စေ၊ ပင်ပန်းသည်ဖြစ်စေ၊ ကျွန်တော် လက်ခံပြီးမြောက်စေခဲ့တယ်။ အမှန်တော့၊ အဲဒီလိုလုပ်တာ ကျွန်တော်က သဘောထားကြီးနေတာ မဟုတ်ခဲ့ဘူး။ ကျွန်တော့်မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိခဲ့တယ်။ တိုက်ရိုက် ထောက်ပြရင် သူ့မာနကို ထိခိုက်ပြီး သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ စိုးခဲ့တာ။ အဲဒါဆိုရင် သူ ကျွန်တော့်ကို ဘာများထင်မလဲပေါ့။ ကိုယ့်နေရာကို ထူထောင်ပြီး တခြားလူတွေကို ထင်မြင်ချက်ကောင်းနဲ့ ချန်ထားချင်ခဲ့တယ်။ ကျွန်တော် လုံးဝ လိုလိုလားလား ရှိမနေခဲ့ဘူး။ အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အတင်းပဲ လုပ်စေခဲ့တာ၊ လူတိုင်းကို ကျွန်တော် ဘယ်လောက် သဘောထားကြီးတယ် ဆိုတာ ပြဖို့၊ သူတို့ရဲ့ လေးစားမှု ရဖို့ပေါ့။ အကျိုးဆက်အနေနဲ့ ကျွန်တော် ပိုပိုပြီး စိတ်မချရဖြစ်ပြီး ဉာဏ်များလာခဲ့တယ်။ နားလည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ပုံရပေမဲ့ အဲဒါရဲ့ နောက်ကွယ်မှာ ကျွန်တော့်ကိုယ်ပိုင် မမှန်တဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့တယ်။ လူတွေကို မမှန်တဲ့ ထင်မြင်ချက်ပေးနေတာ၊ လှည့်ဖြား၊ လှည့်စားနေခဲ့တာပါ။ အဲဒါ ဘယ်လိုလုပ် ပုံမှန် လူ့သဘာဝ ဖြစ်မှာလဲ။ အဲဒီအချိန်မှာ၊ “ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ပြီး အခြားသူများအပေါ် သည်းခံ” ခြင်းရဲ့ အနှစ်သာအပေါ် ချင့်ချိန်နိုင်စွမ်းတချို့ ကျွန်တော် ရခဲ့တယ်။ ကျွန်တော့် စိတ်နှလုံးထဲ ကွယ်ဝှက်ထားတဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေက အော်ဂလီဆန်စရာဖြစ်မှန်း ခံစားရတယ်။ ဘုရားကိုလည်း တကယ် ကျေးဇူးတင်မိတယ်။ ယဉ်ကျေးမှုဓလေ့ရဲ့ အဲဒီအစိတ်အပိုင်းနဲ့ ဆိုင်တဲ့ စစ်မှန်မှုကို သူ မဖော်ထုတ်ဘဲနဲ့ ကျွန်တော် မသိနားမလည်ဘဲ ရှိနေမှာ။ “ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ပြီး အခြားသူများအပေါ် သည်းခံ” တာက လူ့သဘာဝကောင်းရှိတဲ့ လူတစ်ယောက်ပဲလို့ တွေးရင်းနဲ့ပေါ့။ နောက်ဆုံးမှာ သဘောပေါက်သွားတယ်။ အဲဒါက လူတွေကို လှည့်စား၊ ဖောက်ပြန်ပျက်စီးစေဖို့ စာတန်သုံးတဲ့ အတွေးမှားတစ်ခုဖြစ်တယ်။ သမ္မာတရား၊ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ လူ့သဘာဝကို ဆန်းစစ်ဖို့အတွက် သုံးဖို့ စံနှုန်းတစ်ခု မဟုတ်ဘူးဆိုတာပေါ့။ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်ပြီး လူသားမျိုးနွယ်၏ လိုအပ်ချက်များ၊ နီတီများကို မည်သို့စံသတ်မှတ်ထားပါစေ၊ သို့မဟုတ် ထိုအရာများသည် လူများစွာ၏ နှစ်သက်မှု၊ အမြင်၊ လိုအင်ဆန္ဒတို့နှင့် အကျိုးစီးပွားနှင့်ပင် မည်မျှကိုက်ညီပါစေ ထိုအရာများက သမ္မာတရားမဟုတ်ပေ။ ဤသည်မှာ သင်နားလည်ရမည့်အရာတစ်ခုဖြစ်သည်။ ထိုအရာများသည် သမ္မာတရားမဟုတ်သောကြောင့် ထိုအရာများကို ငြင်းပယ်ပြီး စွန့်ပစ်ရန် အလျင်အမြန်လုပ်ဆောင်သင့်သည်။ ထိုအရာများ၏ အနှစ်သာရနှင့် ထိုအရာများအားဖြင့် အသက်ရှင်ခြင်းမှ ဖြစ်ပေါ်သည့် ရလဒ်များကိုပါ ပိုင်းခြားစိစစ်သင့်သည်။ ထိုအရာများသည် သင့်အတွင်းမှ စစ်မှန်သောနောင်တကို ဖြစ်ပေါ်စေနိုင်သလော။ ထိုအရာများသည် သင့်ကိုယ်သင် သိမြင်ရန် အမှန်တကယ် ကူညီနိုင်သလော။ သင့်ကို လူသားပုံသဏ္ဌာန်အတိုင်း အမှန်တကယ် အသက်ရှင်နေထိုင်စေသလော။ ဤအရာများထဲမှ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ထိုအရာများသည် သင့်အား ကြောင်သူတော်ဆန်ပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်ခြင်းကိုသာ ဖြစ်ပေါ်စေနိုင်သည်။ ထိုအရာများသည် သင့်အား ပို၍ စိတ်မချရဖြစ်စေပြီး ဆိုးယုတ်စေလိမ့်မည်။ ‘အရင်တုန်းက ဒီရိုးရာယဉ်ကျေးမှုအပိုင်းတွေကို ငါတို့ စောင့်ထိန်းတဲ့အခါမှာ လူကောင်းတွေလို့ ခံစားရတယ်။ ငါတို့ပြုမူနေထိုင်တဲ့ပုံစံကို တခြားလူတွေမြင်တဲ့အခါမှာ ငါတို့က လူကောင်းတွေလို့ သူတို့ကလည်း ထင်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဘယ်လိုမကောင်းမှုမျိုးကို ငါတို့ လုပ်နိုင်တယ်ဆိုတာ ငါတို့စိတ်နှလုံးထဲကနေ သိကြတယ်။ ကောင်းမှုနည်းနည်းလုပ်တာက ဒါကို ဖုံးကွယ်ရုံသက်သက်ပဲ။ ဒါပေမဲ့ ရိုးရာယဉ်ကျေးမှုက တောင်းဆိုတဲ့ အပြုအမူကောင်းတွေကို စွန့်ပစ်ရင် ဒါတွေအစား ဘာကိုလုပ်ရမှာလဲ။ ဘယ်လိုအပြုအမူနဲ့လုပ်ရပ်တွေက ဘုရားကို ဂုဏ်ရှိစေမှာလဲ’ ဟူ၍ ပြောသည့် လူအချို့ရှိကြသည်။ ဤမေးခွန်းကို မည်သို့ထင်သနည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် မည်သည့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်ကို ၎င်းတို့ မသိကြသေးသလော။ ဘုရားသခင်သည် သမ္မာတရားများစွာကို ပြောပြီးဖြစ်သည်။ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများစွာရှိသည်။ ထို့ကြောင့် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ငြင်းဆန်ပြီး အယောင်ဆောင် အများအကျိုးဆောင်တစ်ဦး၊ ကြောင်သူတော်တစ်ဦးဖြစ်ရန် မရမက ဆက်လက်လုပ်ဆောင်နေရသနည်း။ သင်သည် အဘယ်ကြောင့် ဟန်ဆောင်နေသနည်း။...အတိုချုပ်အားဖြင့် ဤကိုယ်ကျင့်တရားနီတီများအကြောင်းကို ပြောခြင်းသည် ထိုအရာများက လူတို့၏ အယူအဆများ၊ စိတ်ကူးများဖြစ်ကြောင်း၊ စာတန်ထံမှ လာကြောင်းကိုသာ သင်တို့အား သိစေရန်မဟုတ်ပေ။ ဤအရာများ၏ အနှစ်သာရသည် မှားယွင်းသည်၊ အယောင်ဆောင်ထားသည်၊ လှည့်စားသည်ဆိုသည်တို့ကို သင်တို့အား နားလည်စေရန်ဖြစ်သည်။ လူတို့က ကောင်းစွာ ပြုမူနေထိုင်လျှင်ပင် ၎င်းတို့သည် သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်နေသည်ဟု လုံးဝ မဆိုလိုပေ။ ထိုထက် ၎င်းတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကို ဖုံးကွယ်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သဘာဝများနှင့် အနှစ်သာရများကို ဖုံးဖိရန် အယောင်ဆောင်အပြုအမူကို အသုံးပြုနေကြခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် လူသားမျိုးနွယ်သည် အယောင်ဆောင်ပြီး သူတစ်ပါးတို့အား လှည့်စားခြင်းတွင် ပိုပို၍ တော်လာကြကာ ဤအရာကြောင့် ၎င်းတို့သည် ပို၍ပင် ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်လာကြသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က စောင့်ထိန်းသည့် ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရားစံနှုန်းများသည် ဘုရားသခင် ပြောကြားသည့် သမ္မာတရားနှင့် လုံးဝ သဟဇာတမဖြစ်သကဲ့သို့ လူတို့ကို ဘုရားသခင်က သွန်သင်သော အရာများနှင့် ကိုက်ညီခြင်းလည်းမရှိပေ။ ဤနှစ်ခုသည် လုံးဝ အဆက်အစပ်မရှိပေ။ သင်သည် ရိုးရာယဉ်ကျေးမှုကို စောင့်ထိန်းနေဆဲဖြစ်လျှင် သင်သည် လုံးလုံးလျားလျားပင် လှည့်စားခံရပြီး အဆိပ်ခတ်ခံရပြီဖြစ်သည်။ ရိုးရာယဉ်ကျေးမှုကို သင် စောင့်ထိန်းပြီး ယင်း၏ စည်းမျဉ်းများနှင့် အမြင်များကို သင်လေ့လာသည့် အကြောင်းအရာတစ်ခုခုရှိလျှင် သင်သည် သမ္မာတရားကို ချိုးဖောက်နေသည်။ ထိုအကြောင်းအရာတွင် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်နေသည်။ သင်သည် ဤကိုယ်ကျင့်တရားနီတီတစ်ခုတလေကို စောင့်ထိန်းပြီး စွဲမြဲစွာလိုက်နာလျှင်၊ လူများကိုဖြစ်စေ၊ အခြေအနေများကိုဖြစ်စေ ရှုမြင်ရန် စံသတ်မှတ်ချက်၊ သို့မဟုတ် ကိုးကားချက်တစ်ခုအဖြစ် ဤအရာများကို မှတ်ယူလျှင် သင်သည် အမှားပြုလုပ်ပြီးဖြစ်သည်။ သင်သည် ထိုအရာများဖြင့် လူတို့အား အတိုင်းအတာတစ်ခုအထိ ဝေဖန်အပြစ်တင်လျှင်၊ သို့မဟုတ် ထိခိုက်စေလျှင် အပြစ်တစ်ခုကို သင်ကျူးလွန်ပြီးဖြစ်သည်။ သင်သည် ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရားစံနှုန်းများဖြင့် လူတိုင်းအား အကဲဖြတ်ခြင်းအား အစဉ် ဖက်တွယ်နေလျှင် သင်ရှုတ်ချပြီး မတရားပြုသည့် လူအရေအတွက်မှာ ဆက်လက်တိုးပွားလာမည်ဖြစ်ပြီး သင်သည် ဘုရားသခင်ကို သေချာပေါက် ရှုတ်ချပြီး အာခံလိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် အပြစ်သားခေါင်းတစ်ယောက်ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၅)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆခြင်းက ကျွန်တော့်ကို ပိုရှင်းလင်းသွားစေတယ်။ တစ်ယောက်ယောက်က အလုပ်မှာ ဝတ်ကျေတမ်းကျေဖြစ်တာ၊ ဉာဏ်များတာ၊ တာဝန်မဲ့တာကို သတိထားမိတဲ့အခါ၊ သူတို့အနေနဲ့ သတိမမူဖြစ်ခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို မြင်နိုင်ပြီး၊ အချိန်မီ ပြောင်းလဲနိုင်အောင် သူတို့ကို ထောက်ပြသင့်တယ်၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ အဲဒါက လူ့သဘာဝကောင်းရှိတဲ့ သူတစ်ယောက် လုပ်သင့်တဲ့အရာပဲ။ ဒါပေမဲ့ ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့၊ ကျွန်တော်က မြင်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ သက်ညှာပြီး သည်းခံခဲ့သလို နှုတ်ဆိတ်နေခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ ကော်နာက သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သတိမထားမိသလို၊ သူ့တာဝန်မှာ ဆက်သတိမမူဖြစ်ပြီး တာဝန်မဲ့နေခဲ့တယ်။ အဲဒါက လူတွေရဲ့ အသက်ဝင်ရောက်မှုအတွက် ထိခိုက်နစ်နာစရာပဲ။ ပြစ်မှားမှုတစ်ခုပဲ။ သူ့ကို ကျွန်တော် နည်းနည်းမှ မထောက်ထား၊ နားမလည်ခဲ့ဘဲ၊ ထိခိုက်နစ်နာနေစေခဲ့တယ်။ ကျွန်တော်က လူကောင်းတစ်ယောက် တကယ် လုံးဝ မဟုတ်ခဲ့တာ မြင်ရတယ်။ ညီအစ်ကို မောင်နှမတွေကို ထိခိုက်စေရုံမက၊ အသင်းတော် အလုပ်ကိုလည်း နှောင့်နှေး၊ ထိခိုက်နေစေခဲ့တယ်။ “ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ပြီး အခြားသူများအပေါ် သည်းခံ” ဆိုတာက သမ္မာတရားမဟုတ်တာ၊ အသက်ရှင်ဖို့ ကောင်းတဲ့ စကားတွေ မဟုတ်ဘဲ၊ လူတွေကို လှည့်စားပြီး ဖောက်ပြန်ပျက်စီးစေဖို့ စာတန်သုံးတဲ့ အတွေးမှားတစ်ခု ဖြစ်မှန်း ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရတယ်။ စာတန်ကို ကျွန်တော့်အပေါ် ဆက်လှည့်စားခွင့် ပေးလို့ဖြစ်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော့်ရဲ့ အခြေခံအနေနဲ့၊ သမ္မာတရားကို ကိစ္စတွေ ရှုမြင်၊ လုပ်ဆောင်ဖို့ စံနှုန်းအနေနဲ့ သုံးရင်းနဲ့၊ ဘုရားတောင်းဆိုတာ လုပ်သင့်တယ်။ အဲဒီနောက်မှာ၊ ကော်နာနဲ့ ပတ်သက်လို့ ပြဿနာတွေ သတိပြုမိတဲ့အခါ၊ သူ့ကို ကျွန်တော် အလိုမလိုက်တော့ဘူး။ သူ မြင်ပြီး ပြောင်းလဲနိုင်အောင် အဲဒါတွေကို ထောက်ပြခဲ့တယ်။

မကြာခင်မှာ၊ ကျွန်တော့်ကို နောက်ထပ် ပရောဂျက်အတွက် တာဝန်ပေးခံရတယ်။ အဲဒါကို စစ်ဆေးကြည့်နေတုန်း၊ ညီအစ်ကိုတစ်ယောက်က သူ့တာဝန်မှာ အလေးအနက်မရှိသလို၊ လုပ်သမျှမှာ ဖြစ်ကတတ်ဆန်းဖြစ်တာ သတိပြုမိတယ်။ အဲဒါကို ထောက်ပြပြီး သူ့ကို စိတ်အနှောင့်အယှက်ပေးတာ ရှောင်ဖို့ ကိစ္စတွေကိုသာ ကျွန်တော် ကိုင်တွယ်ပြီး ထားလိုက်ချင်တယ်။ နောက်တော့ တွေးမိတယ်။ ကျွန်တော်က ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ တခြားလူတွေနဲ့ ပတ်သက်လို့ ပုံရိပ်ကောင်း ထူထောင်ဖို့ ဒီအတွေးတွေ ရှိနေတယ်ဆိုတာပဲ။ သူ့ကို စိတ်အနှောင့်အယှက်ပေးမိမှာ စိုးလို့ သူ့ရဲ့ ပြဿနာကို မထောက်ပြချင်ခဲ့ဘူး။ အဲဒါ စက်ဆုပ်စရာ ရည်ရွယ်ချက်ပဲ။ ဘုရားပြောတဲ့အရာတစ်ခုကို သတိရမိတယ်။ “တစ်ချိန်တည်းမှာပင် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရင်း ဘုရားသခင် ရွေးချယ်ထားသူများ၏ အသက်ဝင်ရောက်မှုကို အကျိုးမဖြစ်စေသည့်အရာ တစ်ခုမျှ မလုပ်မိစေရန်လည်း သေချာစေရမည်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများကို အထောက်အကူ မဖြစ်စေသည့်အရာကို ပြော၍မဖြစ်ပေ။ ယုတ်စွအဆုံး၊ သင်၏အသိစိတ်ကို ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ လုပ်၍မဖြစ်သကဲ့သို့၊ ရှက်ဖွယ်ကောင်းသည့်အရာ တစ်ခုမျှ လုံးဝ လုပ်ဆောင်၍မဖြစ်ပေ။ အထူးသဖြင့် ဘုရားသခင်ကို ပုန်ကန်သောအရာ၊ သို့မဟုတ် ခုခံသောအရာကို သင် လုံးဝ လုပ်ဆောင်၍မဖြစ်ပေ၊ ပြီးလျှင် အသင်းတော်၏ အလုပ်၊ သို့မဟုတ် အသင်းတော်အသက်တာကို နှောင့်ယှက်သည့်အရာ တစ်ခုမျှ သင် လုပ်၍မဖြစ်ပေ။ သင် လုပ်သမျှတိုင်းတွင် တရားမျှတပြီး ဂုဏ်သိက္ခာရှိကာ သင်၏ လုပ်ရပ်တိုင်းက ဘုရားသခင်၏ ရှေ့မှောက်၌ တင့်တယ်သည်ကို သေချာစေလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေက ဆောင်ရွက်ရမဲ့ စည်းမျဉ်းကို ပြတယ်။ ကျွန်တော် ဘာပဲလုပ်ပါစေ၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို အကျိုးပြုပြီး၊ တည်ဆောက်စရာ ဖြစ်ရမယ်။ ဘုရားရဲ့ စိစစ်မှုကိုလည်း လုံးဝ ပွင့်ပွင့်လင်းလင်း လက်ခံရမယ်။ ညီအစ်ကိုက သူ့တာဝန်မှာ ပေါ့ဆတာ မြင်တဲ့အခါ၊ သူ့ရဲ့ ပြဿနာကို သူ မြင်ပြီး အမြန် ပြောင်းလဲနိုင်အောင် ကျွန်တော် ထောက်ပြသင့်တယ်။ အဲဒါက သူ့ရဲ့ အသက်ဝင်ရောက်မှုအတွက်နဲ့ အသင်းတော် အလုပ်အတွက် အကျိုးရှိတယ်။ ကျွန်တော် ဘာမှမပြောခဲ့ဘဲ၊ သူ့ကို ကိစ္စတွေ တိတ်တဆိတ်ပဲ ကူလုပ်ပေးခဲ့ရင်၊ သူ့ပြဿနာတွေကို သူ မြင်နိုင်မှာ မဟုတ်သလို၊ သူ့တာဝန်မှာ တိုးတက်မှာ မဟုတ်ဘူး။ ဒီအတွေးနဲ့၊ သူ့အလုပ်မှာ ကျွန်တော် တွေ့ခဲ့တဲ့ ပြဿနာတွေကို ကျွန်တော် ထုတ်ပြောလိုက်တယ်။ ကျွန်တော်ပြောတာ ကြားပြီးတော့ သူ ပြောင်းလဲချင်ခဲ့တယ်။ အဲဒီလို လက်တွေ့လုပ်ပြီးတဲ့နောက်မှာ ကျွန်တော် တကယ် စိတ်အေးသွားပြီး အေးချမ်းသွားသလို၊ ကျွန်တော်တို့တာဝန်မှာ အရင်ထက် ပိုကောင်းတဲ့ ရလဒ်တွေ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အန္တိခရစ်တစ်ယောက်ကြောင့် လမ်းလွှဲခြင်းခံရမှုအပေါ် ဆင်ခြင်ခြင်း

ဆူးဆန်း ဂျပန်နိုင်ငံ တစ်ခါတော့ လျူပိန်းလို့ခေါ်တဲ့ အထက်ပိုင်းခေါင်းဆောင်တစ်ယောက်က ကျွန်မတို့အသင်းတော်က ကိစ္စတွေကို စစ်ဆေးဖို့လာတယ်။...

မာနထောင်လွှားမှုမှ ကျွန်ုပ် လွတ်မြောက်ခဲ့ပုံ

ချိချိန် မြန်မာနိုင်ငံ ၂၀၁၉ ဇွန်လမှာ၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ တစ်နှစ်ကြာပြီးတော့၊...

ရိုးသားမှုကသာလျှင် လူသားဆန်မှုကို ယူဆောင်ပေးပါတယ်

ကျားကျား တရုတ်နိုင်ငံကျွန်မအမျိုးသားနဲ့ ကျွန်မက ရုံးသုံးပရိဘောဂလုပ်ငန်း လုပ်ကြတာပါ။ စီးပွားရေးကိုလည်း တကယ့်ကိုရိုးရိုးသားသားနဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။