လူကောင်းတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ်မှာ မည်သည့်အရာဖြစ်သည်ကို နားလည်ခြင်း

08.02.2023

ရဲရင်း မြန်မာနိုင်ငံ

ကျွန်မ ငယ်ငယ်တည်းက ကျွန်မမိဘတွေက သူများတွေကို မျှတဖို့၊ ယုတ္တိတန်ဖို့၊ ကြင်နာဖို့၊ သူများအခက်အခဲတွေကို နားလည်ဖို့နဲ့ ဇီဇာမကြောင်ဖို့ ကျွန်မကို သင်ပေးကြတယ်။ အဲဒါက လူကောင်းတစ်ယောက် ဖြစ်စေပြီး သူများတွေရဲ့ လေးစားမှုနဲ့ အထင်ကြီးမှုကို ရမယ်လို့ သူတို့က ပြောကြတယ်။ အဲဒါဟာ နေလို့ကောင်းတဲ့ နည်းလမ်းတစ်ခုပဲလို့ ကျွန်မလည်း တွေးမိတယ်။ ကရုဏာထားပြီး ကြင်နာဖို့ ကိုယ့်ကိုယ်ကိုယ် ခဏခဏ သတိပေးခဲ့တယ်။ ကျွန်မမိသားစုနဲ့ပဲဖြစ်ဖြစ်၊ တခြားရွာသားတွေနဲ့ပဲဖြစ်ဖြစ် ကျွန်မ သူများတွေနဲ့ လုံးဝ ရန်မဖြစ်ဘူး။ တခြားလူတိုင်းက ကိုယ့်ကို ဘယ်လိုမြင်လဲဆိုတာကို ကျွန်မ တကယ်ကို စိုးရိမ်ခဲ့တယ်။ ကျွန်မရဲ့ရွာသားရောင်းရင်းတွေက ကျွန်မကို ခဏခဏ ချီးမွမ်းတယ်။ ကျွန်မမှာ လူ့သဘာဝကောင်းနဲ့ နားလည်မှုရှိသလို၊ ကျွန်မကို စော်ကားတဲ့အခါ ဘယ်သူနဲ့မှ ကျွန်မက စကားမများခဲ့ဘူးတဲ့။ ဒီလိုချီးမွမ်းမှုမျိုးကြောင့် ကျွန်မ တော်တော်ပျော်ရတယ်။ ကျွန်မ တွေးမိတယ်။ လူတစ်ယောက်အနေနဲ့ ကျွန်မက အဲဒီလိုနည်းနဲ့ ဖော်ရွေသင့်တယ်၊ တစ်ယောက်ယောက်က အပြစ်ရှိတဲ့အခါတောင် ကျွန်မ နားလည်သင့်တယ်ပေါ့။ ဒါဟာ လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက် စံနှုန်းပဲလို့ ကျွန်မ သေချာခဲ့တာပေါ့။ ယုံကြည်သူဖြစ်လာပြီးတော့လည်း ကျွန်မ ကိစ္စတွေကို ဒီအတိုင်းပဲ ဆက်လုပ်နေခဲ့တယ်။

အဲဒီနောက် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလမှာ ကျွန်မ အသင်းတော် သင်းထောက်အနေနဲ့ ရွေးကောက်ခံရပြီး အခြားညီအစ်ကိုမောင်နှမတချို့နဲ့ ဧဝံဂေလိ စဖြန့်ခဲ့တယ်။ သူတို့ထဲက အစ်ကိုကယ်ဗင်က ကျွန်မနဲ့ တစ်ရွာတည်းသားတွေလေ။ သူက အစွမ်းအစရှိသလို၊ ဧဝံဂေလိမျှဝေရင် သူ့မိတ်သဟာယထဲက သူ့တွေးခေါ်မြော်မြင်မှုက အရမ်းရှင်းတယ်။ ကိစ္စတွေကို ရှင်းပြဖို့၊ စစ်မှန်တဲ့ လမ်းခရီးကို စုံစမ်းလေ့လာနေတဲ့သူတွေကို ကူညီဖို့ သူက နမူနာတွေ သုံးနိုင်တယ်။ ဒါပေမဲ့ သူက မာနထောင်လွှားသလိုရှိပြီး သူများရဲ့အကြံပြုချက်တွေကို လက်မခံချင်တာကို ကျွန်မ တွေ့ရတယ်။ ပြီးတော့ သူ့တာဝန်မှာ အချိန်အများစုမှာ စည်းမျဉ်းတွေ မလိုက်နာသလို၊ သူ့ဧဝံဂေလိအလုပ်မှာလည်း သူက ဘုရားကို ချီးမြှောက်တာ၊ သက်သေခံတာ မရှိဘဲ၊ သူ လူဘယ်နှယောက်ကို ပြောင်းလဲခဲ့တဲ့အကြောင်းပဲ တော်တော်ပြောတယ်။ ညီအစ်ကိုမောင်နှမတွေအားလုံးက သူတရားဟောတာ နားထောင်ရတာကို ကြိုက်ပြီး သူ့ကို တကယ်ကို ချီးမွမ်းကြတာ။ တစ်ခါက စစ်မှန်တဲ့ လမ်းခရီးကို စုံစမ်းနေတဲ့သူတစ်ယောက်က သူ့ကို အစွမ်းအစကောင်းပြီး တရားဟောကောင်းလို့ ချီးကျူးတယ်လေ။ သူက သူ့ကိုယ်သူ တော်တော် ချီးမြှောက်ပြီး ကြွားဝါတာ၊ သူ့ဧဝံဂေလိမျှဝေရာမှာ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံဖို့၊ လူတွေရဲ့ ဘာသာရေး အယူအဆတွေကို ဖြေရှင်းဖို့ အာရုံမစိုက်တာတွေကို ကျွန်မ သတိထားမိတယ်။ အစ်ကို ကယ်ဗင်ကို ဒီအကြောင်း ပြောပြချင်မိတယ်။ ဒါပေမဲ့ နည်းနည်းတွေးလိုက်ပြီး ထပ်စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပြီးတော့လည်း သူ့ကို သိစေချင်တာက၊ ကျွန်မက ကြင်နာတတ်ပြီး၊ ယုတ္တိတန်တဲ့သူ၊ ပြဿနာလေးတွေ့တိုင်း သူများ အာရုံစိုက်အောင် လုပ်နေတဲ့သူ မဟုတ်ဘူးဆိုတာ ကိုပဲ။ သူ့ကို ကျွန်မ ပိုအားပေးပြီး ကူညီသင့်တယ်လို့ တွေးမိတယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မတို့အုပ်စုမှာ ဧဝံဂေလိဝေမျှဖို့ ဆီလျော်တဲ့စည်းမျဉ်းတွေ ခဏခဏပို့ပေးပြီး အစ်ကိုကယ်ဗင်နဲ့ဆက်စပ်တာတွေကို ကျွန်မက သွယ်ဝိုက်ပြီး မိတ်သဟာယပြုပေးခဲ့တယ်။ အဲဒီမိတ်သဟာယကတစ်ဆင့် သူ့ပြဿနာကို သူမြင်လာမယ်လို့ ကျွန်မ မျှော်လင့်ခဲ့တာပေါ့။ သူ့ပြဿနာတွေကို ကျွန်မ ထပ်ဆွေးနွေးချင်ပေမဲ့၊ နောက်တော့ တွေးမိတယ်။ သူက တကယ့်ကို မာနထောင်လွှားတဲ့လူဆိုတော့ ကျွန်မအကြံကို လက်မခံလောက်ဘူးပေါ့။ ကျွန်မက ယုတ္တိမတန်သလို၊ မကြင်နာဘူးလို့ တွေးပြီး ကိုယ့်အပေါ် မကောင်းမြင်မှာကို စိုးရိမ်ခဲ့မိတယ်။ ကျွန်မတို့ဆက်ဆံရေးမှာ ဘေးကျပ်နံကျပ်ဖြစ်လာပြီး အတူတူ အလုပ်ကောင်းကောင်း မလုပ်နိုင်ရင်၊ ကျွန်မရဲ့ လူကောင်းပုံရိပ်က ပျက်စီးမှာပဲ။ အဲဒီအတွေးနဲ့ ကိုယ့်စကားတွေကိုပဲ မျိုသိပ်ထားလိုက်တယ်။ အဲဒီအချိန်က စိတ်မကောင်းသလိုဖြစ်မိပေမဲ့၊ ဘုရားရှေ့ကို လာဆုတောင်းပြီး သမ္မာတရားလက်တွေ့လုပ်ဆောင်ဖို့ ခွန်အားတောင်းလျှောက်ခဲ့တယ်။ အဲဒီနောက်မှာ အစ်ကိုကယ်ဗင်ရယ်၊တခြားမောင်နှမတွေနဲ့အတူ ဧဝံဂေလိဝေမျှဖို့ ရွာတစ်ရွာကို သွားခဲ့တယ်။ အစ်ကိုကယ်ဗင်က သူ့မိတ်သဟာယမှာ ကြွားနေတုန်းပဲ။ သူက ငွေကို ဂရုမစိုက်ပုံ၊ ဘုရားအတွက် အလုပ်ကြိုးစားပုံတွေကို ပြောပေမဲ့၊ သမ္မာတရားကို မိတ်သဟာယပြုဖို့ အာရုံမစိုက်ဘူး။ အိမ်အပြန်လမ်းမှာ ကျွန်မသတ္တိမွေးပြီး သူ့ကို ပြောလိုက်တယ်။ “အစ်ကိုဟောတာနဲ့ သက်သေခံချက်မှာ စည်းမျဉ်းတွေမဝင်ဘူး။ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူတွေကို ဘုရားရှေ့ကို ခေါ်ရင်း သမ္မာတရားကို မိတ်သဟာယပြုပေးတာကို အာရုံစိုက်ဖို့ လိုတယ်။” လို့ပေါ့။ စကားတောင် မဆုံးသေးဘူး၊ သူက ဒီလို တုံ့ပြန်လာရော။ “အစ်ကို့ မိတ်သဟာယမှာ ဘာမှ မမှားဘူး။ ညီမက အစိုးရိမ်လွန်နေပြီ။” တဲ့။ ကျွန်မထပ်ပြောရင်၊ သူ့မာနကို ထိပါးမှာရော၊ ကိုယ်တွေ ဆက်ဆံရေး ထိခိုက်မှာရော စိုးရိမ်ခဲ့မိတယ်။ သူက ကျွန်မကို မကောင်းမြင်ပြီး ကိုယ့်အပြုသဘောဆောင်တဲ့ ပုံရိပ်လေး ပျက်စီးမှာလည်း စိုးရိမ်ခဲ့တယ်။ ဒါနဲ့ တခြားဘာမှ မပြောခဲ့ဘူး။ အဲဒါက လုံလောက်ပါတယ်၊ ဖြည်းဖြည်းချင်း သူ့ကိုယ်သူ မြင်နိုင်မှာပါလို့ ခံစားခဲ့ရတယ်။ နောက်မှသိရတာက ကျွန်မတို့ တစ်ချိန်လုံး အလုပ်ရှုပ်နေကြပေမဲ့၊ ကိုယ့်ဧဝံဂေလိအလုပ်မှာ ရလဒ်ကောင်းတွေ မရနေတာကိုပဲ။ အဲဒီရွာထဲက လူတချို့က စိတ်ဝင်စားကြပေမဲ့၊ အစ်ကိုကယ်ဗင်ရဲ့ မိတ်သဟာယကို သုံးလေးခါကြားပြီးတာတောင် နားမလည်ကြဘူး။ ဒါ့အပြင် ကောလာဟလတွေ သက်ရောက်မှုကိုခံရတယ်၊ အယူအဆတွေရှိပြီး မစုံစမ်းချင်ကြတော့ဘူး။ တချို့က အစ်ကိုကယ်ဗင်ကို အထင်ကြီးကြပြီး သူ့မိတ်သဟာယကိုပဲ နားထောင်ကြတယ်။ တခြားဘယ်သူ့မိတ်သဟာယကိုမှ နားမထောင်ချင်ဘူး။ ဒါကိုမြင်ရတာ တကယ်ကို ကသိကအောက်နိုင်ပြီး တော်တော် အပြစ်ရှိသလိုခံစားရတယ်။ ဒီပြဿနာတွေက အစ်ကိုကယ်ဗင်နဲ့ ဆိုင်တယ်လေ။ သူ့ပြဿနာတွေကို ကျွန်မ စောစောစီးစီးသာ ဆွေးနွေးပေးလို့ သူက အဲဒါတွေကို မြင်ပြီး ပြောင်းနိုင်ခဲ့ရင်၊ ကျွန်မတို့ ဧဝံဂေလိအလုပ်က ထိခိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်မ တကယ် ဆွေးနွေးချင်တဲ့အခါကျတော့ ကျွန်မတို့ ဆက်ဆံရေး ထိခိုက်မှာကို ကျွန်မ ထပ်စိုးရိမ်ပြီး တကယ်ကို ဒွိဟဖြစ်ရတယ်။ ကျွန်မ တွက်မိတယ်။ ကျွန်မ ခေါင်းဆောင်ကို ပြောပြီး သူ့ကို မိတ်သဟာယပြုခိုင်းလို့ရတယ်ပေါ့။ အဲဒါဆိုရင် ကိုယ့်တာဝန်မှာ ကျွန်မတို့ ပူးပေါင်းခြင်းက ထိခိုက်မှာ မဟုတ်သလို၊ ကျွန်မတို့ ဆက်သင့်မြတ်နေနိုင်သေးတယ်ပေါ့။ ဒါနဲ့ ကယ်ဗင်ဖြစ်နေတာတွေကို ခေါင်းဆောင်ကို ပြောပြလိုက်တယ်။ သူက ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ ရှာတွေ့ပြီး ကျွန်မတို့ကို အတူ ဝင်ရောက်ခိုင်းတယ်။ ဒါနဲ့အစ်ကိုကယ်ဗင်လည်း နည်းနည်းပြောင်းလဲသွားတယ်။ ဒီတော့ ကျွန်မ ထားလိုက်တယ်။

တစ်ခါမှာ ကျွန်မက သူများတွေနဲ့ ဆက်ဆံရေးကို အမြဲကာကွယ်ပြီး အဲဒါဟာ လူ့အကြိုက်လိုက်တဲ့ လက္ခဏာပဲလို့ထောက်ပြခဲ့တဲ့ နောက်အစ်မတစ်ယောက်ကို ပြဿနာကို ထုတ်ပြောခဲ့တယ်။ ဒါပေမဲ့ အစ‌တော့ ကျွန်မက အဲဒီလို မမြင်ဘူး။ လူ့အကြိုက်လိုက်တဲ့လူက ဉာဏ်များတော့ ကျွန်မက အဲဒီလူမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဉာဏ်များတာ တစ်ခုမှ ကျွန်မ မလုပ်ဖူးဘူး။ ဒီတော့ ကျွန်မက သူတို့ထဲက တစ်ယောက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီအချိန်မှာ သူ့တုံ့ပြန်ချက်ကို ကျွန်မ လက်မခံချင်ပေမဲ့ သူပြောတဲ့အရာမှာ ကျွန်မအတွက် သင်ယူစရာ သင်ခန်းစာရှိတာလည်း သိတယ်။ ကိုယ့်ကိုယ်ကိုယ် သိအောင် လမ်းပြပေးဖို့ တောင်းလျှောက်ရင်း ဘုရားဆီမှာ ဆုတောင်းခဲ့တယ်။ နောက်ပိုင်း ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်ရတယ်။ “လူတို့၏ အပြုအမူနှင့် အခြားလူတို့အပေါ် ဆက်ဆံခြင်းကို ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံရမည်။ ဤသည်မှာ လူသား၏ ပြုမူနေထိုင်ခြင်းအတွက် အခြေခံအကျဆုံး စည်းမျဉ်းဖြစ်သည်။ လူတို့သည် လူသား၏ ပြုမူနေထိုင်ခြင်း စည်းမျဉ်းများကို နားမလည်လျှင် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အနှစ်မရှိသော စကားလုံးများကို ပြောဆိုခြင်းနှင့် သတ်မှတ်ထားသော စကားစုများကို အာဂုံဆောင်ခြင်း မဟုတ်ပေ။ ဘဝတွင် မည်သည့်အရာကို တွေ့ကြုံရပါစေ လူသား၏ ပြုမူဆောင်ရွက်မှုဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ ဖြစ်ရပ်များအပေါ် အမြင်များ၊ သို့မဟုတ် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းကိစ္စ ပါဝင်နေသရွေ့၊ ၎င်းတို့သည် ရွေးချယ်မှုတစ်ခု ပြုလုပ်ခြင်းကို ရင်ဆိုင်ရပြီး သမ္မာတရားကို ၎င်းတို့ လိုက်စားသင့်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲ၌ အခြေခံအကြောင်းရင်းနှင့် စည်းမျဉ်းတို့ကို ရှာဖွေသင့်သည်၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ၎င်းတို့ ရှာဖွေသင့်သည်။ ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည့် လူများသည် သမ္မာတရားကို လိုက်စားသူများဖြစ်သည်။ ဤနည်းအားဖြင့် သမ္မာတရားကို လိုက်စားနိုင်ခြင်းသည် မည်မျှကြီးမားသော အခက်အခဲဖြင့် ကြုံရပါစေ ပေတရု၏ လမ်းကြောင်းနှင့် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဥပမာအနေဖြင့် အခြားသူများနှင့် ဆက်ဆံသည့်အခါ မည်သည့်စည်းမျဉ်းကို လိုက်နာသင့်သနည်း။ သင်၏ နဂိုမူလအမြင်က မည်သူ့ကိုမျှ စိတ်မကျေမနပ်ဖြစ်အောင် မလုပ်သင့်ဘဲ၊ နောင်အချိန်၌ လူတိုင်း ပလဲနံပသင့်စေရန်အတွက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားပြီး တစ်ဦးတစ်ယောက်ကို အရှက်ရစေရန် ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်သည်ဟူ၍ဖြစ်သည်။ ဤအမြင်၏ ကန့်သတ်မှုကို ခံရပြီး သင်သည် လူတစ်ယောက်က မကောင်းသည့်အရာ လုပ်သည်ကိုလည်းကောင်း၊ အမှားလုပ်သည်ကိုလည်းကောင်း၊ သို့မဟုတ် အခြေခံစည်းမျဉ်းများကို ဆန့်ကျင်သည့် လုပ်ရပ်တစ်ခုကို ကျူးလွန်သည်ကိုလည်းကောင်း မြင်တွေ့သောအခါ ထိုလူကို ထုတ်ပြောမည့်အစား ယင်းကို သင် သည်းညည်းခံမည် ဖြစ်သည်။ သင့်အမြင်၏ ကန့်သတ်ခြင်းကို ခံရပြီး တစ်ဦးတစ်ယောက်ကို စိတ်မကျေမနပ်ဖြစ်အောင် ပြုလုပ်ရမည်ကို သင်မကြိုက်ဘဲ ဖြစ်လာသည်။ သင်သည် မည်သူနှင့်ပူးပေါင်းသည်ဖြစ်စေ ဂုဏ်သိက္ခာ၊ ခံစားချက်များ သို့မဟုတ် နှစ်များစွာ အပြန်အလှန်ဆက်ဆံပြီးနောက် ကြီးထွားလာသော ခံစားချက်များနှင့်ပတ်သက်သော အတွေးများ၏ ဟန့်တားခြင်းကို ခံရကာ သင်သည် ထိုသူ ပျော်ရွှင်စေဖို့အတွက် အစဉ်သဖြင့် ကောင်းသောအရာများကိုသာ ပြောဆိုလိမ့်မည်။ ကျေနပ်ဖွယ်မရှိဟု သင်သဘောရသည့်အရာများ ရှိသောအခါတွင် သင်သည် သည်းခံခြင်းလည်း ရှိသည်။ တစ်ကိုယ်တည်း ဒေါသအနည်းငယ် ဖွင့်ထုတ်ကာ၊ ပြစ်တင်ရှုတ်ချသောစကား ပြောရုံမျှသာ ရှိသော်လည်း၊ ၎င်းတို့ကို ကိုယ်တိုင်တွေ့ဆုံသည့်အခါ၊ ၎င်းတို့ စိတ်ရှုပ်စေမည့်စကား တစ်ခွန်းမျှ မပြောဘဲ၊ ၎င်းတို့နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ဤသို့သော ပြုမူဆောင်ရွက်ပုံကို သင်မည်သို့ထင်မြင်သနည်း။ ဤသည်မှာ လူ့အကြိုက်လိုက်သူတစ်ယောက်နှင့် မသက်ဆိုင်သလော။ ဤသည်မှာ အတော်အတန် ယုံကြည်စိတ်ချ၍မရသည် မဟုတ်လော။ ယင်းသည် အပြုအမူဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သည်။ ထို့ကြောင့် ဤသို့သောပုံစံဖြင့် ပြုမူခြင်းသည် မနိမ့်ကျသလော။ ဤသို့ပြုမူသောသူတို့သည် လူကောင်းများမဟုတ်သကဲ့သို့ မြင့်မြတ်ခြင်းလည်း မရှိကြပေ။ သင်မည်မျှ ဒုက္ခခံစားရပြီးပါစေ၊ သင်အဖိုးအခပေးဆပ်ပြီးဖြစ်ပါစေ အခြေခံစည်းမျဉ်းများမပါဝင်ဘဲ ပြုမူဆောင်ရွက်လျှင် သင်သည် ကျရှုံးခဲ့ပြီဖြစ်ပြီး ဘုရားသခင်ရှေ့တွင် လက်ခံမှုကို ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အမှတ်ရခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေမည်လည်းမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်) ဘုရားနှုတ်ကပတ်တော်တွေအရ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ခဲ့တယ်။ ကျွန်မက လူ့အကြိုက်လိုက်သူမဟုတ်ဘူးလို့ ခံစားရပေမဲ့၊ တကယ်တော့ ကျွန်မ ဘယ်လိုများ ပြုမူခဲ့လဲ။ အစ်ကိုကယ်ဗင်က သူ့ဧဝံဂေလိအလုပ်မှာ အရမ်း ကြွားတာကို တွေ့ခဲ့ရတုန်းက၊ တကယ်ဆို အဲဒီပြဿနာကို ကျွန်မ ထောက်ပြခဲ့သင့်တာ။ သူ့ကိုယ်သူသိပြီး သူ့တာဝန်ကို စည်းမျဉ်းတွေနဲ့အညီ လုပ်နိုင်အောင်ပေါ့။ တိုက်ရိုက်ပြောတာက ကျွန်မတို့ဆက်ဆံရေးကို ထိခိုက်မှာ စိုးရိမ်နေခဲ့တယ်။ ဒါကြောင့် သူ့ခံစားချက်တွေကို ကျွန်တော် အမြဲစဉ်းစားပြီး တဲ့တိုးဖြစ်တာ တစ်ခုမှ မပြောရဲဘူး။ သူ့ကို ပိုလို့တောင် အားပေးချင်ခဲ့တယ်။ ကျွန်မက လူကောင်းတစ်ယောက်ပါဆိုတဲ့ ထင်မြင်ချက်ပေးချင်ပြီး၊ သူ့ကို ကျွန်မပေါ် အထင်ကြီးစေချင်တယ်။ ဒါပေမဲ့ တကယ်တော့ တာဝန်တစ်ခုမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းတဲ့အခါ ပြဿနာတွေတွေ့ရင်၊ ထောက်ပြဖို့၊ အချင်းချင်းရဲ့ အားနည်းချက်ကို ထေမိဖို့နဲ့ အသင်းတော် အလုပ်ကို အတူထိန်းသိမ်းဖို့ လိုအပ်တယ်။ ဒါပေမဲ့ ကျွန်မက သိလျက်နဲ့ အမှားလုပ်နေပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘူး။ ရလဒ်အနေနဲ့ အစ်ကိုကယ်ဗင်က သူ့ပြဿနာတွေကို သတိမထားမိဘဲ၊ ဧဝံဂေလိ ဝေမျှချိန်မှာ သမ္မာတရား မိတ်သဟာယပြုတာကို အာရုံမစိုက်ဘဲ ဆက်ကြွားနေတယ်။ ဒီတော့ လမ်းမှန်ကို စုံစမ်းနေတဲ့ လူတွေရဲ့ ဘာသာရေး အယူအဆတွေက မပြေလည်သွားဘဲ၊ လူတချို့က စိတ်အနှောင့်အယှက်ဖြစ်တော့ စုဝေးပွဲတွေ မတက်တော့ဘူး။ ကျွန်မတို့အလုပ်ပေါ်မှာ ထိခိုက်တာကို မြင်ပြီး အပြစ်ရှိသလိုခံစားရပေမဲ့၊ ကျွန်မ တဲ့တိုးပြောလိုက်ရင် သူက ကျွန်မအပေါ် အမြင်စောင်းပြီး ဆက်ဆံရေး ထိခိုက်မှာကို စိုးခဲ့တယ်။ သူ့ကို စော်ကားမိစရာမလိုအောင် အသင်းတော်ခေါင်းဆောင်ကို သူနဲ့ မိတ်သဟာယပြုဖို့ အလိမ္မာနဲ့ ခိုင်းခဲ့တယ်။ ကိုယ့်တာဝန်မှာ သူများတွေနဲ့ ဆက်ဆံရေးကို ကာကွယ်ပြီး သူတို့ကို အလိုလိုက်ဖို့ ကြိုးစားတာ၊ အသင်းတော်အကျိုးကို လုံးဝ မထိန်းသိမ်းဘဲ ဖြောင့်မတ်တဲ့ အသိစိတ်မရှိတာကို တွေ့ရတယ်။ ပြီးတော့ ကျွန်မမှာ စည်းမျဉ်း တစ်စက်မှ မရှိဘူး။ ကျွန်မက သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်တဲ့သူပဲ။ အဲဒါက လူ့အကြိုက်လိုက်သူတွေ ပြုမူပုံ အတိအကျပဲ မဟုတ်လား။ အဲဒီနောက်မှာ အန္တိခရစ်တွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ် ဖတ်ရတယ်။ “ပုံပန်းသဏ္ဌာန်အားလုံးတွင် အန္တိခရစ်၏ စကားတို့သည် အထူးသဖြင့် ကြင်နာသည့်၊ ယဉ်ကျေးမှုရှိသည့်၊ ဂုဏ်ရှိသည့်ပုံပေါ်သည်။ အသင်းတော် အလုပ်၌ စည်းမျဉ်းများကို ချိုးဖောက်သည့် မည်သူမဆို၊ ဝင်ရောက်စွက်ဖက် နှောင့်ယှက်တတ်သည့်သူ၊ ဖော်ထုတ်ခံရခြင်း၊ သို့မဟုတ် ဝေဖန်ခံရခြင်း မရှိသည့် မည်သူမဆို၊ ၎င်းတို့သည် မည်သူပင်ဖြစ်စေ အန္တိခရစ်သည် ၎င်းတို့က ကိစ္စအားလုံးတွင် သဘောထားကြီးသည်ဟု လူတို့အား ထင်မြင်စေလျက် မျက်ကွယ်ပြုကြသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့်မကောင်းမှုတိုင်းသည် အကောင်းမြင် ခံရပြီး သည်းခံပေးသည်။ ၎င်းတို့သည် တိုး၍စိတ်မဆိုးပေ၊ သို့မဟုတ် ဒေါသအမျက်မထွက်ပေ။ ၎င်းတို့ အမှားတစ်စုံတစ်ခု လုပ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်သည့်အခါ၊ စိတ်တိုကြလိမ့်မည်မဟုတ်သကဲ့သို့ လူတို့ကို အပြစ်တင်ကြလိမ့်မည် မဟုတ်ပေ။ မည်သူက မကောင်းမှု ကျူးလွန်ပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပါစေ၊ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလား၊ ၎င်းတို့က အလေးမထားပေ၊ ပြီးလျှင် ယင်းကြောင့် လူများကို ၎င်းတို့ မည်သည့်အခါမျှ စိတ်ဆိုးအောင်လုပ်မည် မဟုတ်ပေ။ အန္တိခရစ်တို့သည် မည်သည့်အရာကို စိတ်အဝင်စားဆုံး ဖြစ်သနည်း။ လူများစွာက ၎င်းတို့ကို အထင်ကြီးသည်ကိုလည်းကောင်း၊ ၎င်းတို့ ဆင်းရဲဒုက္ခ ခံသည့်အခါတွင် လူမည်မျှ မြင်တွေ့ပြီး ယင်းအတွက် ၎င်းတို့ကို လေးစားအားကျသည်ကိုလည်းကောင်း ၎င်းတို့ စိတ်ဝင်စားကြသည်။ ဆင်းရဲဒုက္ခခံခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဟုတ်ဟု အန္တိခရစ်တို့က ယုံကြည်ကြသည်။ မည်သည့် ဆင်းရဲဒုက္ခကို ၎င်းတို့ခံရပါစေ၊ မည်သည့်အဖိုးအခကို ၎င်းတို့ ပေးရပါစေ၊ ၎င်းတို့ မည်သည့်ကောင်းမှုကို လုပ်ပါစေ၊ အခြားသူများအပေါ် ၎င်းတို့ မည်မျှ ဂရုစိုက်ပြီး၊ အလေးထားကာ၊ ချစ်ခင်ပါစေ၊ ဤအရာအားလုံးကို အခြားသူများရှေ့တွင် လုပ်ဆောင်ရမည်ဖြစ်ပြီး ပို၍များသော လူများက ယင်းကို တွေ့မြင်ရမည် ဖြစ်သည်။ ပြီးလျှင် ထိုသို့ လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ ရည်မှန်းချက်က အဘယ်နည်း။ လူများကို စည်းရုံးသိမ်းသွင်းရန်၊ ၎င်းတို့၏ လုပ်ဆောင်မှုများ၊ ၎င်းတို့၏ အပြုအမူ၊ ၎င်းတို့၏ စရိုက်လက္ခဏာတို့အပေါ် လူများက ပို၍ အထင်ကြီးပြီး လက်ခံအောင်ပြုလုပ်ရန်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁၀)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မ အရမ်း အပြစ်ရှိသလို ခံစားရတယ်။ ဘုရားက ကိုယ့်ဆိုးယုတ်တဲ့ စိတ်သဘောထားကို ဖော်ထုတ်ရင်း ကျွန်မ ရှေ့တည့်တည့်မှာ ရှိနေသလိုပဲ။ ကျွန်မ သုံးသပ်မိတယ်။ ကျွန်မက ကရုဏာပြည့်ဝတဲ့၊ ကြင်နာတဲ့လူဖြစ်ဖို့ အမြဲ ကြိုးစားခဲ့တယ်။ အဲဒီလို လုပ်တာက သူများရဲ့ လေးစားမှုနဲ့ ချီးမွမ်းမှုကို ရပြီး လူတွေက ကျွန်မကို ကြိုက်မယ်လို့ ကျွန်မ ခံစားရလို့လေ။ တခြားညီအစ်ကိုမောင်နှမတွေနဲ့ တာဝန်လုပ်တဲ့အခါမှာလည်း ကျွန်မက အဲဒီလိုပဲ။ အစ်ကိုကယ်ဗင်ရဲ့ ပြဿနာကို ဗြောင်ကျကျ မပြောရဲဘူး။ သူ့ဂုဏ်သတင်းကို ထိခိုက်ပြီး၊ အဲဒီနောက်မှာ ကျွန်မတို့ မတည့်ကြမှာစိုးလို့လေ။ ဒါပေမဲ့ တကယ်တော့ ကျွန်မ လုပ်ခဲ့သမျှက ကိုယ့်နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ပါ။ ဟန်ဆောင်ပြီး မျက်နှာပန်းလှအောင်၊ မျက်နှာလိုမျက်နှာရလုပ်ဖို့ အပေါ်ယံအဆင့် ကြင်နာမှုကို ကျွန်မ သုံးနေခဲ့တာ။ ဒါမှ လူတွေက ကျွန်မကို ချစ်ခင်တတ်တယ်၊ စိတ်ရှည် သည်းခံတယ်၊ ကြင်နာတတ်တဲ့ လူကောင်းလို့ ထင်မှာ။ ဒါပေမဲ့ အသင်းတော်အလုပ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာတွေ ထိခိုက်လားဆိုတာကို အလေးမထားခဲ့ဘူး။ အဲဒီနောက်မှာ ကျွန်မ ဘယ်လောက် မယုံရလဲ၊ ဉာဏ်များလဲဆိုတာ တွေ့ခဲ့တယ်။ ကျွန်မက လူကောင်းတစ်ယောက်လို ဘယ်သူ့ကိုမှ မစော်ကားဘူးလို့ထင်ရပေမဲ့၊ တကယ်တော့ ကျွန်မရဲ့ လုပ်ရပ်တွေ နောက်မှာ ရှိနေတာက ကိုယ့်ဆိုးညစ်တဲ့ ကြံရွယ်ချက်တွေချည်းပါပဲ။ ကျွန်မက လူတွေကို လှည့်စားပြီး ဘုရားကို လိမ်ညာနေတာ။ အန္တိခရစ်လို စိတ်သဘောထားမျိုး ကျွန်မမှာရှိမှန်း၊ အသင်းတော်အလုပ်ကို ထိခိုက်ခံပြီး ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းနေမှန်း၊ အဲဒီလမ်းပေါ်မှာနေတာက အရမ်းကို အန္တရာယ်ကြီးမှန်း မြင်ခဲ့ရတယ်။ ကျွန်မ ဘုရားဆီက ပိုပိုဝေးကွာလာပြီး အဆုံးမှာ သူမောင်းထုတ်တာကို ခံရမှာ။ ဒါကို သဘောပေါက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် တကယ်ကို စက်ဆုပ်ပြီး တော်တော်လည်း စိတ်မကောင်းဖြစ်ရတယ်။ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် အမြဲဟန်ဆောင်ပြီး မျက်နှာပန်းလှအောင် လုပ်နေတယ်။ အပြုသဘော‌ဆောင်တဲ့ ပုံရိပ် ဖန်တီးတာကို အာရုံစိုက်တယ်။ ဒီလမ်းကြောင်းမှာ မနေချင်တော့ပါဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်လွှတ်ဖို့ ကျေးဇူးပြုပြီး လမ်းပြတော်မူပါ။” လို့ပေါ့။

အဲဒီနောက်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေ ထပ်ဖတ်ခဲ့တယ်။ “လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) “သင့်အနေဖြင့် ဘုရားသခင်ကိုယုံကြည်သည့် နှစ်ကာလများ တစ်လျှောက်တွင် မည်သူ့ကိုမျှ ကျိန်ဆဲခဲ့ဖူးခြင်း၊ သို့မဟုတ် မကောင်းမှုကို ကျူးလွန်ခဲ့ဖူးခြင်း မရှိသော်လည်း ခရစ်တော်နှင့် သင်၏ပေါင်းသင်းဆက်ဆံရာ၌ အမှန်တရားကို မပြောနိုင်၊ ရိုးသားစွာ မပြုမူနိုင်၊ သို့မဟုတ် ခရစ်တော်၏နှုတ်ကပတ်တော်ကို မနာခံနိုင်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် သင်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနှင့် မလိုမုန်းထားစိတ် အကြီးမားဆုံးသောသူဟု ငါဆိုသည်။ သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေကနေ မြင်ရတယ်။ သူများတွေကို အကဲဖြတ်တဲ့ လူတွေရဲ့ စံနှုန်းတွေက သူတို့ ဘယ်လောက် ကောင်းကောင်းပြုမူတယ်ဆိုတာကို အခြေခံတယ်ဆိုတာပဲ။ ကောင်းကောင်းပြုမူတဲ့လူတွေဟာ လူကောင်းတွေဖြစ်ပေမဲ့၊ ဆိုးဆိုးရွားရွား ပြုမူသူတွေကတော့ လူဆိုးတွေပေါ့။ ဒါပေမဲ့ အဲဒီအတွက် ဘုရားရဲ့စံနှုန်းက လူတစ်ယောက် ဘုရားရဲ့လမ်းကို လိုက်လျှောက်လား၊ လူတစ်ယောက်ရဲ့ အနှစ်သာရနဲ့ ဘုရားကို နာခံတဲ့အပေါ် သူတို့ သဘောထားတွေပေါ်မှာ အခြေခံတယ်။ သူတို့ရဲ့အပြင်ပန်း အပြုအမူက ဘယ်လောက်ကောင်းတယ်ဆိုတာအပေါ် အခြေမခံသင့်ဘူး။ ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ချက်က ကျွန်မအတွက် နှလုံးကို တည့်တည့်ထိတာ။ ကလေးဘဝတည်းက မိသားစုဝင်တွေ၊ သူများတွေနဲ့ ကျွန်မ လုံးဝ စကားမများဘူး၊ ဘယ်သူနဲ့မှ ရန်မဖြစ်ခဲ့ဘူး။ တစ်ယောက်ယောက်က ကိုယ့်ကို စငြင်းခုံရင်တောင်၊ ပြေရာပြေကြောင်းပြောရင်း ဖြေရှင်းလိုက်တယ်။ ကျွန်မရဲ့ ရွာသားရောင်းရင်းတွေက ကျွန်မကို လူကောင်းဖြစ်လို့ အမြဲချီးမွမ်းကြတယ်။ အဲဒီနည်းလမ်းက လူကောင်းဖြစ်ဖို့ စံမီတာပဲလို့လည်း တွေးခဲ့တာ။ အခုတော့ ဒါဟာ ကျွန်မအတွက် သိသာလာပြီ။ ကျွန်မက မကောင်းမှုပြုပုံမပေါ်ပေမဲ့၊ အပြောနဲ့အလုပ်မှာ မရိုးသားခဲ့ဘူး။ အစ်ကိုကယ်ဗင်က သူ့တာဝန်ကို စည်းကမ်းမရှိဘဲ လုပ်နေပြီး အလုပ်ရဲ့ခရီးရောက်မှုကို ထိခိုက်နေတာကို ကျွန်မ မြင်ခဲ့တယ်။ လူကောင်းအနေနဲ့ ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့ သူ့ကို မဖော်ထုတ်၊ မကူညီခဲ့သလို၊ အသင်းတော်အကျိုးကို မထိန်းသိမ်းခဲ့ဘူး။ ဒီတော့ သူများတွေက ကိုယ့်ကို လူကောင်းလို့ ထင်ကြပေမဲ့ ဘုရားရှေ့မှာတော့၊ ကျွန်မက သူနဲ့ သမ္မာတရားကို ဆန့်ကျင်တုန်းပဲ။ ကျွန်မလုပ်ခဲ့သမျှက မကောင်းမှု ကျူးလွန်တာပဲ။ လူတစ်ယောက် ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို အပြင်ပန်း အပြုအမူတွေအရ အကဲဖြတ်တာက သင့်တော်တဲ့ စံနှုန်းမဟုတ်တာကို ကျွန်မ တွေ့ရတယ်။ တချို့လူတွေက ကောင်းတာတွေ အများကြီး လုပ်ပုံရပေမဲ့၊ သူတို့က ဘုရားအမှုနဲ့ နှုတ်ကပတ်တော်ကို ပြင်းပြင်းထန်ထန် ခုခံရှုတ်ချကြတာ။ သူတို့က မကောင်းမှုပြုသူတွေလေ။ ကျွန်မနဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ ညီအစ်မတစ်ယောက်ကို သတိရမိတယ်။ ကျွန်မ သိသလောက်တော့၊ သူက သူ့စကားမှာ နွေးထွေးတာ၊ ကြင်နာတာကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ သမ္မာတရားကို လက်ခံနိုင်ပြီး သူ့တာဝန်ကို သမ္မာတရား စည်းမျဉ်းတွေအတိုင်း လုပ်ဖို့ ကြိုးစားနိုင်တယ်။ သူများတွေ သမ္မာတရားအတိုင်း မပြုမူရင် သူပြောစရာရှိတာကို ပြောတယ်။ သူများတွေကို ပြဿနာတွေ ထောက်ပြနိုင်ပြီး ဖြောင့်မတ်စိတ်ရှိတယ်။ ဒါကို တွေးရင်း ကျွန်မ စိတ်ပိုင်းဖြတ်ချက်တချို့ ရခဲ့တယ်။ လူကောင်းတစ်ယောက်လို ထင်ရဖို့ ကြိုးစားတဲ့ ကိုယ့်ရဲ့တလွဲအမြင်တွေနောက် လိုက်တာကို ရပ်ဖို့၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း အသက်ရှင်ပြီး တကယ်လူကောင်း တစ်ယောက်ဖြစ်အောင် လိုက်စားဖို့တို့ပေါ့။

လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေးတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့ အများဆုံးရရှိရန် ကြိုးစားသင့်သည့်အရာမှာ ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အခြေပြုချက်အဖြစ်လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့၏ စံနှုန်းအဖြစ်လည်းကောင်း ပြုလုပ်ရန်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် အလင်း၌ အသက်ရှင်နိုင်ပြီး ပုံမှန်လူသားတစ်ဦးကဲ့သို့ အသက်ရှင်နိုင်လိမ့်မည်။ သင်သည် အလင်း၌ အသက်ရှင်လိုလျှင်၊ သမ္မာတရားအတိုင်း ပြုမူဆောင်ရွက်သင့်သည်။ သင်သည် ရိုးသားဖို့ဆိုလျှင်၊ ရိုးသားသည့် စကားများကို ပြောဆိုသင့်ပြီး ရိုးသားသည့်အရာများကို လုပ်ဆောင်သင့်သည်။ သမ္မာတရား၏ စည်းမျဉ်းများဖြင့်သာလျှင် သင်၏အပြုအမူတွင် အခြေခံအကြောင်းရင်း ရှိပေသည်။ လူများသည် သမ္မာတရား၏ စည်းမျဉ်းများကို ဆုံးရှုံးပြီး ကောင်းမွန်သည့်အပြုအမူကိုသာ အာရုံစိုက်သည်နှင့် ဤအရာသည် အတုအယောင်နှင့် အယောင်ဆောင်မှုကို မလွှဲမရှောင်သာ ဖြစ်ပေါ်စေသည်။ လူတို့၏ နေထိုင်ပြုမူခြင်းတွင် စည်းမျဉ်းမရှိလျှင် ၎င်းတို့၏ အပြုအမူက မည်မျှကောင်းသည်ဖြစ်စေ ၎င်းတို့သည် ကြောင်သူတော်များဖြစ်သည်။ ၎င်းတို့သည် သူတစ်ပါးတို့ကို ခဏတာ လှည့်စား၍ ရနိုင်သည်။ သို့သော် ၎င်းတို့သည် မည်သည့်အခါမျှ ယုံကြည်စိတ်ချ၍ရမည် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဆောင်ရွက်ပြုမူသည့်အခါမှသာ မှန်ကန်သော အခြေခံအုတ်မြစ်ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်‌တော်များအတိုင်း ပြုမူနေထိုင်ခြင်းမရှိဘဲ ကောင်းစွာပြုမူဖို့ ဟန်ဆောင်ခြင်းအပေါ်သာ အာရုံစိုက်လျှင်၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် လူကောင်းများ ဖြစ်လာနိုင်သလော။ လုံးဝ မဖြစ်နိုင်ပေ။ ကောင်းသောအပြုအမူသည် လူတို့၏ အနှစ်သာရကို မပြောင်းလဲနိုင်ပေ။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကသာ လူတို့၏ စိတ်သဘောထားများ၊ အတွေးများ၊ ထင်မြင်ချက်များကို ပြောင်းလဲနိုင်ပြီး ၎င်းတို့၏ အသက်ဖြစ်လာနိုင်သည်။...တစ်ခါတစ်ရံတွင် အခြားသူများ၏ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ အမှားများကို တိုက်ရိုက်ထောက်ပြပြီး ဝေဖန်ရန် လိုအပ်သည်။ ဤသည်မှာ လူတို့အတွက် အလွန်အကျိုးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် တကယ့်အကူအညီဖြစ်ပြီး ၎င်းတို့အတွက် အပြုသဘောဆောင်သည် မဟုတ်လော။ ဥပမာအားဖြင့် သင်သည် အထူးပင် တဇွတ်ထိုးလုပ်တတ်ပြီး မာနထောင်လွှားသည် ဆိုကြပါစို့။ သင့်အနေဖြင့် ဤအရာကို လုံးဝ သတိမထားမိသော်လည်း သင်နှင့် အကျွမ်းဝင်သောသူ တစ်ယောက်သည် ဤပြဿနာကို သင့်အား တည့်တည့်ကြီး ပြောပြသည်။ သင်က ‘ငါတဇွတ်ထိုးလုပ်တတ်သလော။ မာနထောင်လွှားသလော။ အခြားဘယ်သူမျှ ငါ့ကို မပြောပြဝံ့ကြ။ သို့သော် သူကမူ ငါ့ကို နားလည်၏။ ဤစကားမျိုးကို သူပြောရက်ခြင်းက ဤအရာ တကယ်မှန်ကြောင်း ပြနေသည်။ ဤအရာကို အချိန်ခဏယူပြီး ငါသုံးသပ်ကြည့်ရမည်’ ဟူ၍ စဉ်းစားသည်။ ထို့နောက်တွင် ထိုသူကို သင်က ‘အခြားလူများသည် ကျွန်ုပ်ကို ကောင်းသည့်အရာများသာ ပြောကြ၏။ ချီးမွမ်းကြ၏။ မည်သူကမျှ ကျွန်ုပ်ကို စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်း မပြောဖူးပါ။ ကျွန်ုပ်၌ရှိသည့် ဤအားနည်းချက်များ၊ ပြဿနာများကို မည်သူမျှ မထောက်ပြဖူးပါ။ သင်တစ်ဦးတည်းကသာ ကျွန်ုပ်ကို ပြောပြနိုင်၏၊ စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောနိုင်၏။ ဤသည်မှာ အင်မတန် ကောင်းပါသည်။ ကျွန်ုပ်အတွက် တော်တော်အထောက်အကူဖြစ်ပါ၏’ ဟုပြောသည်ဆိုပါစို့။ ဤသည်မှာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်းဖြစ်သည် မဟုတ်လော။ တဖြည်းဖြည်းချင်းဖြင့် အခြားလူသည် သူ၏ စိတ်တွင်ရှိသောအရာကို၊ သင်နှင့်ပတ်သက်သည့် သူ၏ အတွေးများကို၊ ဤကိစ္စနှင့်ပတ်သက်ပြီး သူ့တွင် အယူအဆများ၊ စိတ်ကူးများ၊ အပျက်သဘောဆောင်မှုများ၊ အားနည်းချက်များ ရှိခဲ့ပုံနှင့်သက်ဆိုင်သည့် သူ၏ အတွေ့အကြုံများကို သင့်အား သိစေပြီး သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် လွတ်မြောက်နိုင်သွားသည်။ ဤသည်မှာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်းဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ချင်း မိတ်သဟာယဖွဲ့မှု ဖြစ်သည်။ အနှစ်ချုပ်လျှင် စကားပြောဆိုခြင်းနောက်ကွယ်၌ရှိသော စည်းမျဉ်းမှာ အဘယ်နည်း။ ဤအရာဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ရှိသောအရာကို ပြောဆိုလော့။ သင်၏ တကယ့်အတွေ့အကြုံများနှင့် သင်အမှန်တကယ်ထင်မြင်သည့် အရာတို့ကို ပြောဆိုလော့။ ဤစကားများသည် လူတို့အတွက် အကျိုးအရှိဆုံးဖြစ်သည်။ လူတို့ကို ပံ့ပိုးပေးသည်။ လူတို့ကို ကူညီပေးသည်။ အပြုသဘောဆောင်သည်။ အတုအယောင်ဖြစ်သော စကားများ၊ လူတို့ကို အကျိုးမဖြစ်စေသည့်၊ မတည်ဆောက်ပေးသည့် စကားများကို ပြောဖို့ ငြင်းဆန်လော့။ ဤနည်းအားဖြင့် လူတို့ကို ထိခိုက်နစ်နာစေခြင်း၊ အမှားလုပ်မိစေခြင်း၊ အပျက်သဘောအတွင်းသို့ ထိုးကျစေခြင်း၊ အပျက်သဘောသက်ရောက်မှု ရှိခြင်းတို့ကို ရှောင်နိုင်လိမ့်မည်။ အပြုသဘောဆောင်သောအရာများကို သင်ပြောဆိုရမည်။ လူတို့ကို တတ်နိုင်သမျှ ကူညီရန်၊ အကျိုးပြုရန်၊ ပံ့ပိုးပေးရန်၊ လူတို့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာစေရန် သင်ကြိုးပမ်းရမည်။ ဘုရားနှုတ်ကပတ်တော်အပေါ် သင်၏ အတွေ့အကြုံများနှင့် ပြဿနာများကို သင်ဖြေရှင်းသည့် နည်းလမ်းမှတစ်ဆင့် လူတို့ကို အကူအညီယူခွင့် ပြုရမည်။ များစွာရရှိခွင့် ပြုရမည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်းလမ်းကြောင်းကို နားလည်နိုင်စေရမည်။ ဤသို့ဖြင့် ၎င်းတို့ကို အသက်သို့ ဝင်ရောက်စေပြီး ၎င်းတို့၏ အသက်တာကို ကြီးထွားအောင် ပြုလုပ်ရမည်။ ဤသည်မှာ စည်းမျဉ်းရှိသော၊ လူတို့ကို တည်ဆောက်ပေးသော သင့်စကားများ၏ သက်ရောက်မှုအားလုံး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၃)) ဘုရားနှုတ်ကပတ်တော်မှာ ပြုမူဆောင်ရွက်ဖို့ စည်းမျဉ်းတွေ ရှာတွေ့ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ရိုးသားတဲ့လူတွေဖြစ်ဖို့ လိုတယ်။ သူများတွေရဲ့ ပြဿနာတွေကို မြင်တဲ့အခါ၊ အဲဒါတွေကို ထောက်ပြပြီး သူတို့ကို ကူညီသင့်တယ်၊ ဒါဟာ သူတို့အတွက် အကျိုးရှိတယ်။ အသင်းတော်အလုပ်ကို ပံ့ပိုးပြီး သူများတွေအတွက် တည်ဆောက်စရာဖြစ်သင့်တယ်။ ဒီလမ်းကြောင်းကို နားလည်လိုက်တာနဲ့ အစ်ကို ကယ်ဗင်နဲ့ စကားပြောပြီး၊ သူ့ပြဿနာတွေကို ဆွေးနွေးပေးဖို့ သမ္မာတရားကို လက်တွေ့လုပ်ချင်ခဲ့တယ်။ ဒါမှ သူ့တာဝန်အပေါ် သူ့သဘောထားကို ပြင်နိုင်မယ်၊ သူ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ သူ့တာဝန်မှာရှိတဲ့ အားနည်းချက်တွေကို သိမယ်ဆိုတာ ကျွန်မ သိတယ်။ သူ့ကို ကူညီဖို့ပဲလေ။ ဒါနဲ့ သူ့ကို ရှာပြီး သူနဲ့ သူ့ပြဿနာတွေအကြောင်း ပြောဖို့ အဆင်သင့်ပဲ။ အဲဒီမှာတင်၊ စိုးရိမ်မှုတချို့ဖြစ်လာပြန်ရော။ သူက ကိုယ့်ကို ဘယ်လိုထင်မယ်ဆိုတာကို စိုးရိမ်မိတယ်။ ဒါပေမဲ့ ကျွန်မ ခုတစ်လော သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ပုံ၊ အဲဒါက ကျွန်မတို့အလုပ်ကို ထိခိုက်နေပုံကို တွေးမိပြီး ကျွန်မ တကယ်ကို အပြစ်ရှိသလို ခံစားရပါတယ်။ ဘုရားက ကျွန်မရဲ့ အတွေးတွေနဲ့ လုပ်ရပ်တွေကို ဆန်းစစ်တာရယ်၊ ကျွန်မ ရိုးသားတဲ့သူဖြစ်ရမယ်ဆိုတာရယ်ကို ကျွန်မ သိခဲ့ပါတယ်။ ကိုယ့်ပုံရိပ်ကို ကာကွယ်လို့မရဘူး။ သမ္မာတရားကို ထပ်ပြီး ကျောခိုင်းလို့မရတော့ဘူး။ ဒီအတွေးကြောင့် ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်လွှတ်ဖို့၊ အစ်ကိုဝမ်ကို သူ့ပြဿနာတွေအကြောင်း အစ်ကိုကယ်ဗင့်ကို အမှန်အတိုင်း ပြောပြဖို့ သတ္တိရလာတယ်။ အံ့ဩရတာကတော့၊ ကျွန်မပြောတာကို သူကြားပြီး လက်ခံနိုင်တာကိုပဲ။ သူက ပြောတယ်။ “စည်းမျဉ်းတချို့ကို ကျွန်တော် အပြည့်အဝ နားမလည်သေးဘူး။ နောင်မှာ အစ်မတွေ့သမျှ ဘယ်ပြဿနာကိုမဆို ကျွန်တော့်ကို ပြောပါနော်။ ကျွန်တော်တို့ အချင်းချင်း ကူညီပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်နိုင်တာပေါ့။” တဲ့။ သူဒီလိုပြောတာကို ကျွန်မကြားတော့ သိပ်ပျော်ပြီး ဘုရားကို သိပ်ကျေးဇူးတင်မိတယ်။ အရင်က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့တဲ့အတွက် ရှက်မိသလို၊ နောင်တလည်း ရခဲ့ရတယ်။ အရင်ကသာ ဒါကို သူနဲ့ဆွေးနွေးခဲ့ရင် ကျွန်မတို့အလုပ်ကို စောစောစီးစီး တိုးတက်အောင် လုပ်နိုင်မှာပဲ။ ပြီးတော့ သူလည်း သူ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စောစောစီးစီး သိခဲ့မှာပဲ။ အဲဒီနောက်မှာ တကယ်မြည်းစမ်းခဲ့ရတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာက သူများတွေရော၊ ကိုယ်ရော၊ ကိုယ့်တာဝန်ကိုပါ အကျိုးပြုတယ်ဆိုတာကိုပေါ့။ အခုတော့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ကျွန်မတွေ့တဲ့အခါ၊ သူတို့ကို ကိုယ်ကဦးအောင် ထောက်ပြတယ်။ ဒါဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ သူတို့ကို ကူညီတာမှန်း ကျွန်မ သိလို့လေ။ ဘုရားသတ်မှတ်ချက်တွေအတိုင်း အသက်ရှင်ပြီး သမ္မာတရား စည်းမျဉ်းအတိုင်း ကိစ္စတွေကို လုပ်တာကလည်း သမ္မာတရားကို လက်တွေ့လုပ်ဖို့နဲ့ လူကောင်းဖြစ်ဖို့ တစ်ခုတည်းသောနည်းပဲဆိုတာကို တွေ့ကြုံခဲ့ရတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ် အလွန်မာနထောင်လွှားလာပြီး ကိုယ်မှန်သည်ဟု ယူဆရသည့်အကြောင်းရင်း

မုတုံ ဂျပန်နိုင်ငံ ၂၀၁၇ ခုနှစ်မှာ အသင်းတော်က ကျွန်မအတွက် နိုင်ငံခြားလူသစ်တွေကို ရေလောင်းပေးဖို့ စီစဉ်တယ်။ နိုင်ငံခြားဘာသာစကားတွေမှာ ကျွန်မက...

ဝိညာဉ်ရေးရာ တိုက်ပွဲ

ယန်ကျိ အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှ ယနေ့အထိ၊ လူတွေသည်...

ရှောင်လွှဲမရသော တာဝန်

ဂလတာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀၊ စက်တင်ဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ အဲဒီနောက်မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။