မမှန်သည့်လူကို အသုံးပြုမိပြီးနောက် သုံးသပ်ဆင်ခြင်မှုများ

12.03.2023

ရှောင်ဖန် တရုတ်နိုင်ငံ

၂၀၂၀ခုနှစ် နွေရာသီမှာ၊ အသင်းတော်ရဲ့ စာအလုပ်ကို ကျွန်မ ကြီးကြပ်ခဲ့ရတယ်။ တစ်နေ့၊ ယန်ကန်က စကားလုံးတွေနဲ့ ပတ်သက်လို့ တော်ပြီး စာရေးတော်တော် ကောင်းတဲ့သူမှန်း ကျွန်မ သတိထားမိတယ်။ သမ္မာတရားနဲ့ ပတ်သက်လို့ မိတ်သဟာယမှာ သူ့ရဲ့ တွေးခေါ်မှုက ရှင်းလင်းပြီး တာဝန်မှာ စိတ်ထက်သန်တယ်။ သူ့ကို ကျွန်မ စာအလုပ် လုပ်စေချင်မိခဲ့တယ်။ စုံစမ်းစစ်ဆေးမှုတချို့ပြီးတဲ့နောက်မှာ၊ သူ့မှာ မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိတယ်၊ တခြားလူတွေကို သူ့အပေါ် အမြဲ နားထောင်စေချင်ပြီး၊ အတူပူးပေါင်းလုပ်ရခက်ပေမဲ့ သူက ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရတာကို လက်ခံနိုင်ခဲ့ပြီး၊ သူ့ကိုယ်သူ သုံးသပ် သိနိုင်ခဲ့တယ်လို့ ညီအစ်ကို မောင်နှမအများစုက ထင်ကြတာ သိလိုက်ရတယ်။ ကျွန်မဘာသာ တွေးမိတယ်၊ “သူ နည်းနည်း မာနထောင်လွှားရင်တောင်၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာ လက်ခံနိုင်သရွေ့၊ အနှေးနဲ့ အမြန် ပြောင်းလဲမှာဖြစ်လို့၊ ဘာကြီးမားတဲ့ ပြဿနာမှ ရှိမှာမဟုတ်ပါဘူး” လို့ပေါ့။ ဒါကြောင့်၊ စာအလုပ်စလုပ်ဖို့ သူ့အတွက် ကျွန်မ စီစဉ်လိုက်တယ်။ ကျွန်မတွေးမိတာကို အတည်ပြုဖို့၊ ယန်ကန်ကို ကျွန်မ မြင်တဲ့အခါ၊ သူ မာနထောင်လွှားပြီး တခြားလူတွေရဲ့ အကြံပြုချက်တွေ လက်မခံဘူးလို့ ဖော်ထုတ်ပြီး၊ သူ့ရဲ့ သိနားလည်မှုကို မြင်ရအောင်လို့ ဒါဟာ အန္တိခရစ်ရဲ့ လမ်းကြောင်းပဲလို့ ကျွန်မ မိတ်သဟာယပြုလိုက်တယ်။ နောင်တရတဲ့ပုံနဲ့ သူ ပြောတယ်။ “အစ်မရေ၊ အစ်မရဲ့ မိတ်သဟာယကြောင့်သာ မဟုတ်ရင်၊ ဒါ ဘယ်လောက်ဆိုးရွားတဲ့ ပြဿနာမှန်း ကျွန်မ မြင်မှာမဟုတ်ဘူး။ ကျွန်မမှာ မာနထောင်လွှားတဲ့ သဘာဝ တကယ်ရှိတယ်။ နောင်တရချင်တယ်”တဲ့။ သူ့မှာ အသိစိတ်တချို့ရှိပြီး နောင်တတချို့ ရှိပုံရတာမြင်ရတော့၊ ယန်ကန်မှာ ဘာအကြီးစား ပြဿနာတစ်ခုမှ မရှိဘူးဆိုတဲ့ အတည်ပြုချက်အနေနဲ့ ယူလိုက်တယ်။ ပြီးတော့ သူက သူ့တာဝန်မှာ စိတ်ထက်သန်လို့ အဖွဲ့ခေါင်းဆောင်အနေနဲ့ သူ့ကို ကျွန်မ ရွေးလိုက်တယ်။ ဒါပေမဲ့ အချိန်နည်းနည်း ကြာလာတဲ့အခါ၊ သူ စီမံတဲ့အလုပ်က သိပ်မထိမရောက် ဖြစ်လာတယ်။ လုပ်ဖော်ကိုင်ဖက် အစ်မလီရှင်မင်းက ဘာဖြစ်နေတယ်ဆိုတာကို သွားကြည့်တော့ ယန်ကန်နဲ့ တခြားညီအစ်မတစ်ယောက်က အလုပ်အတူ မလုပ်နိုင်ကြတာ တွေ့တယ်။ ဒါပေမဲ့ မိတ်သဟာယတချို့ကတစ်ဆင့် ယန်ကန်က ကိုယ့်ကိုယ်ကိုယ် သိစိတ်တချို့ ရခဲ့တယ်။ အဲဒီအကြောင်းကို ကျွန်မ သိပ်မတွေးမိတော့ဘူး။ တစ်ခါ စုဝေးပွဲတစ်ခုမှာ၊ ယန်ကန်က တော်တော် မာနထောင်လွှားပြီး တခြားလူတွေကို အမြဲ သူ့အပေါ် နားထောင်စေချင်ကြောင်း၊ သူက အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ် ရောက်နေပြီး၊ အရင်က ဆိုးရွားတဲ့ အပြစ်တွေ ကျူးလွန်ခဲ့တယ်လို့ ခေါင်းဆောင်က ကျွန်မကို သတိပေးခဲ့တယ်။ သူက ကျွန်မကို ယန်ကန်ရဲ့ အလုပ်ကို ပိုလိုက်ကြည့်ပြီး ကြီးကြပ်စေချင်သလို၊ သူဘာဖြစ်နေတယ်ဆိုတဲ့အပေါ် သတင်းအချက်အလက် မေးခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်းသေချာလွန်းခဲ့ပြီး ခေါင်းဆောင်ကို ယုံကြည်စိတ်ချစွာနဲ့ ပြောခဲ့တယ်။ “ယန်ကန် တော်တော် မာနထောင်လွှားတာ မှန်တယ်။ ဒါပေမဲ့ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာ လက်ခံနိုင်လို့၊ သူက သင့်တော်တဲ့ လူပါ” လို့ပေါ့။ ယန်ကန်ကို ကျွန်မ ကိုင်တွယ်ဖြေရှင်းခဲ့တုန်းက အဖြစ်ကိုလည်း ခေါင်းဆောင်ကို ပြောပြခဲ့တယ်။ အဲဒီနောက်မှာ၊ ခေါင်းဆောင်ရဲ့ သတိပေးချက်ကို အများကြီး မတွေးမိခဲ့ဘူး။

နှစ်လအကြာမှာ၊ ယန်ကန် ကြီးကြပ်တဲ့ အလုပ်က ပိုကောင်းမလာသေးဘူး။ ကျွန်မ သွားစစ်ဆေးကြည့်တော့၊ ယန်ကန်က အကြောင်းကြားတယ်။ အဖွဲ့ခေါင်းဆောင် အစ်မလင်းလန်က အစွမ်းအစညံ့ပြီး စည်းမျဉ်းတွေကို သဘောမပေါက်နိုင်သေးဘူးတဲ့။ ပြဿနာတိုင်းမှာ ယန်ကန်က သူ့ကို ကူညီရတယ်၊ အဲဒါက သူ့ရဲ့ အချိန် အတော်များများကို ကုန်ဆုံးစေခဲ့ပြီး၊ အလုပ်ကို သင့်လျော်စွာမပြီးစီးအောင် ဖြစ်စေခဲ့တယ်တဲ့။ အဲဒါက အလုပ်ကို နှောင့်နှေးစေခဲ့တဲ့အရာ ဖြစ်တယ်ပေါ့။ ဒါကို ကြားတော့ သူတို့တွေ ရလဒ်မထွက်တာဟာ အစ်မလင်းလန်နဲ့ ပတ်သက်တဲ့ ပြဿနာပဲ ဖြစ်ရမယ်လို့ ကျွန်မခံစားမိတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ရှင်မင်းက ပြောတယ်။ “ဒီအဖွဲ့ရဲ့အလုပ်ကနေ ဘာတစ်ခုမှ ထွက်မလာသေးဘူး။ ယန်ကန်က အဖွဲ့ခေါင်းဆောင်ဖြစ်လို့၊ ပြဿနာက သူနဲ့ ပတ်သက်တာ မဟုတ်လား”တဲ့။ အဲဒါကို ကြားတော့ ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ ကျွန်မ ပြောလိုက်တယ်။ “ယန်ကန်က တော်တော် မာနထောင်လွှားပေမဲ့၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာကို လက်ခံနိုင်တယ်၊ စည်းမျဉ်းတွေပေါ် ကောင်းမွန်တဲ့ သိနားလည်မှုရှိပြီး သူ့တာဝန်မှာ ဝန်ထုပ်ထမ်းတယ်။ ရလဒ်မရှိတာက သူနဲ့ပတ်သက်တဲ့ ပြဿနာ မဖြစ်နိုင်ဘူး။ လင်းလန်က တကယ်ကို အစွမ်းအစ ကင်းမဲ့လို့ သူ့ကြောင့်ပဲ အလုပ်တိုးတက်မှု နှောင့်နှေးကုန်တာ။ သင့်တော်တဲ့ ဝန်ထမ်း အပြောင်းအလဲကို ကျွန်မတို့ လုပ်သရွေ့၊ ယန်ကန်က သူ့အားသာချက်တွေကို သုံးနိုင်ပြီး၊ သူတို့အလုပ် တိုးတက်မှာ သေချာပါတယ်” လို့ပေါ့။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ယန်ကန်ကို သိပ်ကောင်းကောင်း မသိတော့ ကျွန်မပြောပြီးတဲ့နောက်မှာ လင်းလန်ကို ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြတယ်။ အဲဒီနောက် မကြာခင်မှာပဲ သူတို့အလုပ်မှာ ကူညီ လမ်းပြပေးနိုင်အောင်လို့ စာအလုပ်မှာ လေ့ကျင့်ခါစ ညီအစ်ကို မောင်နှမတချို့နဲ့ အလုပ် အတူလုပ်ဖို့ ယန်ကန်ကို ကျွန်မ ပို့လိုက်တယ်။ ယန်ကန်ကို ဒီညီအစ်ကို မောင်နှမတွေကို ခဏကြာ လေ့ကျင့်ခွင့်ပေးလိုက်ရင်၊ သူတို့အလုပ်မှာ တိုးတက်မှာ သေချာတယ်လို့ ကျွန်မ တွက်ဆမိခဲ့တယ်။

တစ်လကြာပြီးတဲ့နောက်မှာ၊ သူတို့မှာ ညံ့ဖျင်းတဲ့ အစွမ်းအစတွေရှိကြတယ်လို့ ပြောရင်းနဲ့၊ သူတို့အားလုံး သူတို့တာဝန်မှာ အပျက်သဘောဆောင်၊ မတက်မကြွဖြစ်လာတာ တွေ့ရတယ်။ သူတို့က ပိုကောင်းကောင်း လုပ်မနေခဲ့ရုံမက၊ သူတို့ရဲ့ ထိရောက်မှုက ကျဆင်းနေတယ်။ ကျွန်မ တကယ် အကြံအိုက်သွားတယ်။ ယန်ကန် မရောက်ခင်က၊ အဲဒီညီအစ်ကို မောင်နှမတွေအားလုံး တကယ် စိတ်ထက်သန်ခဲ့ကြတာလေ။ ဒီတော့ သူရောက်ပြီးတဲ့နောက်မှာ ဘာလို့ စိတ်မချမ်းမသာဖြစ်သွားကြတာလဲ။ နောက်တော့ ရှင်မင်းက ယန်ကန်မှာ ပြဿနာရှိတယ်လို့ ခံစားရတဲ့အကြောင်း ပြောပြပြီး သူက ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ ကျွန်မကို မေးတယ်။ ဒါပေမဲ့ ယန်ကန်က သမ္မာတရားကို လက်ခံတဲ့ သူတစ်ယောက်လို့ ကျွန်မ မရမက ပြောနေမိတုန်းပဲ။ အဲဒီနောက် ရှင်မင်းက ဆက်ပြောတယ်။ “အစ်မရှေ့မှာ သူက ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာ လက်ခံနိုင်ပေမဲ့၊ သူ့ပြဿနာတွေကို ကျွန်မတို့ ထောက်ပြတဲ့အခါ တစ်ခါတလေ တကယ် ခုခံတတ်တယ်”တဲ့။ ကျွန်မ အံ့ဩသွားတယ်။ ယန်ကန်ဆီက အယောင်ဆောင် ပုံရိပ်နဲ့ ကျွန်မ လှည့်စားခံလိုက်ရပြီလားပေါ့။ ဒါကြောင့်၊ အဲဒီနောက် မကြာခင်မှာပဲ အစ်မရှင်းယီကို အဲဒီက အခြေအနေတွေ ပိုအနီးကပ် လေ့လာခိုင်းလိုက်တယ်။ ယန်ကန်က အဖွဲ့ပေါ် အမြဲ ဩဇာအာဏာ စွဲကိုင်တတ်ပြီး၊ တစ်ယောက်ယောက်က မတူညီတဲ့ စိတ်ကူးဖော်ပြရင်၊ သူတို့ရဲ့ အမြင်ကို သူက အဆက်မပြတ်ငြင်းဆိုပြီး နောက်ဆုံးမှာ သူဖြစ်ချင်တာကိုပဲ သူတို့ လုပ်ရတယ်ဆိုတာ အစ်မစင်းက တွေ့ခဲ့တယ်။ ခဏကြာတော့ ညီအစ်ကို မောင်နှမအားလုံးရဲ့ စိတ်ကူးတွေ ဆက်ပျက်ပြားနေခဲ့လို့ သူတို့ အစွမ်းအစက အဲဒီတာဝန်အတွက် အရမ်းနိမ့်ကျတယ်လို့ ခံစားရပြီး၊ အလုပ်ဆွေးနွေးမှုတွေမှာ ဘာထင်မြင်ချက်မှ ထပ်မတင်ပြတော့ဘဲ၊ ယန်ကန်ပြောတာပဲ နားထောင်လိုက်ကြတယ်။ ယန်ကန်က သူ့ကိုယ်သူ မသုံးသပ်နိုင်ခဲ့ရုံမက၊ သူက အရမ်းများတဲ့ ဖိအားအောက်မှာရှိပြီး၊ အလုပ်နဲ့ပတ်သက်လို့ ပူပန်တဲ့ တစ်ဦးတည်းသော သူလို့ မကြာခဏ ညည်းတယ်။ အလုပ်ကို အကျိုးမဖြစ်စေတာ သူတို့ပဲလို့ ခံစားစေရင်း၊ ပိုလို့တောင် စိတ်ဓာတ်ကျစေရင်းနဲ့ပေါ့။ ယန်ကန်က အဲဒီလိုအမြဲ ပြုမူတယ်လို့ ရှင်းယီက ပြောတယ်။ ဒီအရာအားလုံးကို ကြားတော့ ကျွန်မ ဆိုးဆိုးရွားရွား ခံစားလိုက်ရတယ်။ သူ့စကားတွေက ကျွန်မမျက်နှာကို တစ်ကြိမ်ပြီး တစ်ကြိမ် ဖြတ်ရိုက်နေသလိုပဲ။ ယန်ကန် ကျွန်မကို လှည့်စားဖို့ ဟန်ဆောင် မျက်နှာဖုံးတပ်ခဲ့မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ သူ့မှာ စစ်မှန်တဲ့ ကိုယ့်ကိုယ်ကိုယ် သိစိတ်တစ်ခုမှ မရှိသလို၊ သမ္မာတရားကို လက်ခံသူတစ်ယောက် လုံးဝ မဟုတ်ခဲ့ဘူး။ အဲဒီအခါမှပဲ သဘောပေါက်လိုက်တယ်။ စာအလုပ်ရဲ့ ရလဒ်ကင်းမဲ့မှုက ကျွန်မကြောင့်သက်သက် ဖြစ်ခဲ့တာပဲ၊ ဘာလို့လဲဆိုတော့ ကျွန်မက ချင့်ချိန်နိုင်စွမ်းမဲ့ပြီး မမှန်တဲ့လူကို သုံးရင်းနဲ့ မျက်ကန်းဖြစ်ခဲ့လို့လေ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မက ယန်ကန်ကို သူ့ရဲ့ ပြုမူပုံကြောင့် အဲဒီနောက်မှာ ထုတ်ပယ်လိုက်ကြတယ်။

ယန်ကန် အထုတ်ခံရပြီးတဲ့နောက်မှာ၊ ကျွန်မကျရှုံးခြင်းအတွက် တကယ့် အကြောင်းရင်းက ဘာဖြစ်တယ်ဆိုတာ စသုံးသပ်ခဲ့တယ်။ တစ်နေ့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါ ဖတ်ရတယ်။ “လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သည်ဟု မည်သည့်အရာအပေါ်တွင် အခြေခံ၍ မှတ်ယူနိုင်သနည်း။ ၎င်းတို့ပြောဆိုသည့်အရာကိုသာ ထည့်စဉ်းစား၍ မရပေ။ အဓိကအချက်မှာ ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး လက်ခံနိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ရန်ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့အတွက် ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်ရုံမကဘဲ အရေးကြီးဆုံးမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့၏ အမှန်တကယ် နားလည်မှုကိုသာ ပြောဆိုကြရုံမကဘဲ ၎င်းတို့ပြောဆိုသည့်အရာကို အမှန်တကယ် လုပ်ဆောင်နိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ အပြောနှင့် လုပ်ရပ်သည် လုံးဝ ကိုက်ညီသည်။ ၎င်းတို့ပြောသည့်အရာသည် ယုတ္တိရှိပြီး သဘောတူလက်ခံနိုင်သည့်အရာဖြစ်သော်လည်း ယင်းကို မလုပ်ဆောင်လျှင်၊ ယင်းအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိလျှင် ဤအခြင်းအရာတွင် ၎င်းတို့သည် ဖာရိရှဲများဖြစ်လာကြသည်။ ကြောင်သူတော်များဖြစ်သည်။ မိမိတို့ကိုယ်ကို အမှန်တကယ်သိသောသူများ လုံးဝမဟုတ်ပေ။ လူများစွာတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါတွင် ယုတ္တိရှိသည့်ပုံစံပေါ်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားကို ဖွင့်ပြမှုများ ၎င်းတို့တွင်ရှိသောအခါ နားလည်သဘောပေါက်ခြင်းမရှိကြပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကိုသိသောသူများဖြစ်သလော။ လူတို့သည် မိမိတို့ကိုယ်ကိုမသိလျှင် ၎င်းတို့သည် သမ္မာတရားကို နားလည်သောသူများဖြစ်သလော။ မိမိကိုယ်ကိုမသိသူများအားလုံးသည် သမ္မာတရားကို နားမလည်သောသူများဖြစ်သည်။ မိမိကိုယ်ကိုသိမြင်ခြင်းနှင့်ပတ်သက်ပြီး အနှစ်မရှိသောစကားများကို ပြောဆိုသူအားလုံးသည် မှားယွင်းသောဝိညာဉ်ရေးရာရှိကြသည်။ ၎င်းတို့သည် လူလိမ်များဖြစ်သည်။...ဤသို့ဆိုလျှင် လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်ခြင်းရှိမရှိကို အကဲဖြတ်ခြင်းအတွက် မည်သည့်အရာက အခြေခံအချက်ဖြစ်သင့်သနည်း။ ၎င်းတို့၏ နှုတ်မှ ထွက်လာသောအရာသာ မဖြစ်ရပေ။ ၎င်းတို့တွင် မည်သည့်အရာကို အမှန်တကယ် ဖော်ပြ နေသည်ကိုလည်း ကြည့်ရမည်။ ဤအရာအတွက် အရိုးရှင်းဆုံးနည်းလမ်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ဖို့ရန်ဖြစ်သည်။ ဤသည်မှာ အရေးပါဆုံးဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့၏ အရည်အချင်းသည် ၎င်းတို့ မိမိတို့ကိုယ်ကို အမှန်တကယ်သိသည်ကို သက်သေပြသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်သောသူတို့သည် နောင်တရခြင်းကို ဖော်ပြသည်။ လူတို့က နောင်တရခြင်းကို ဖော်ပြမှသာ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သည်။ ဥပမာ လူတစ်ဦးက မိမိ လှည့်ဖြားတတ်ကြောင်း၊ မိမိတွင် သိမ်ဖျင်းသော အကြံအစည်နှင့် လှည့်ကွက်များနှင့် ပြည့်ကြောင်း သိကောင်း သိနိုင်ပြီး အခြားသူများက လှည့်ဖြားခြင်းကို ထုတ်ဖော်ပြချိန်တွင်လည်း သတိပြုမိနိုင်မည်ဖြစ်သည်။ ထိုသို့သော ကိစ္စတွင် အချို့ဖြစ်ရပ်၌ ၎င်းတို့ လှည့်ဖြားတတ်သည်ကို ပြောပြီးနောက်တွင် ၎င်းတို့ အမှန်တကယ် နောင်တရပြီး မိမိတို့၏ လှည့်ဖြားမှုကို စွန့်ပစ်ခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ လှည့်ဖြားမှုကို ၎င်းတို့ ထပ်မံ ထုတ်ဖော်ပြလျှင် ထိုသို့လုပ်ဆောင်ခြင်းအတွက် အပြစ်တင်မှုနှင့် အရှက်ရသည့် အသိစိတ် ခံစားရခြင်း ရှိမရှိ၊ ၎င်းတို့ အစစ်အမှန် နောင်တရခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ နောင်တရဖို့မပြောနှင့် အရှက်ရသည့် အသိစိတ်မရှိပါက ၎င်းတို့၏ မိမိကိုယ်ကိုယ် သိခြင်းသည် သာမန်ကာလျှံကာ၊ ဖြစ်ကတတ်ဆန်း အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ အသိသည် စစ်မှန်သော အသိမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို တွေးဆရင်းနဲ့၊ ရာထူးအတွက် လူတွေကို အကဲဖြတ်၊ ရွေးချယ်တဲ့ ကျွန်မရဲ့ အစွမ်းအစ ချို့တဲ့နေတာ သဘောပေါက်လိုက်တယ်။ တခြားလူတွေပေါ် ကျွန်မတို့ရဲ့ အကဲဖြတ်ချက်တွေက သူတို့ ဘာသိနားလည်မှု ရှိတယ်ဆိုတဲ့အပေါ်ပဲ အခြေခံလို့မရဘူး။ အဓိကအချက်က သူတို့ကြုံရတဲ့ ပြဿနာတွေကို သူတို့ဘယ်လိုချဉ်းကပ်ပြီး ဘာလုပ်တယ်ဆိုတာကို ကြည့်ဖို့ပဲ။ သမ္မာတရားကို တကယ်ချစ်တဲ့သူက သမ္မာတရားကို လက်ခံနိုင်ပြီး၊ ကိစ္စတွေဖြစ်တဲ့အခါ၊ သမ္မာတရားကို ရှာဖွေပြီး သူတို့ကိုယ်သူတို့ သုံးသပ်နိုင်သလို၊ အမှန်တရားနောက်မှာ နောင်တရပြီး ပြောင်းလဲနိုင်ကြတယ်။ သမ္မာတရားကို မချစ်တဲ့သူတွေက ကြားကောင်းတဲ့ အရာတွေကို ပြောကောင်းပြောနိုင်တယ်၊ ဒါပေမဲ့ သမ္မာတရားကို လက်တွေ့လုံးဝမလုပ်ဘဲ ကိုယ်နှစ်သက်သလို ဆက်လုပ်ကြတယ်။ သူတို့ရဲ့ သိနားလည်မှု ဘယ်လိုပဲ ကောင်းပုံ၊ နက်ရှိုင်းပုံပေါ်ပါစေ၊ အားလုံး အတုအယောင်ပဲ။ ဖာရိရှဲတွေလိုပဲပေါ့။ သူတို့ပြောတာ တကယ်ကောင်းပုံ၊ တကယ် မြင့်မြတ်ပုံရပေမဲ့၊ စိတ်နှလုံးမှာတော့ သမ္မာတရားကို စိတ်ကုန်ကြတယ်။ သူတို့က ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ကြဘူး၊ ဘုရားရဲ့ ပညတ်ချက်တွေကို လုံးဝ မလိုက်လျှောက်ကြဘူး။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုပြုခဲ့ချိန်မှာ၊ သူတို့ကိုယ်ပိုင် အဆင့်အတန်းနဲ့ အသက်ရှင်မှုကို ကာကွယ်ဖို့ သူ့ကို အရူးအမူး ခုခံ၊ ရှုတ်ချခဲ့ကြတယ်။ နောက်ဆုံးမှာ၊ စက်ဆုပ်စရာအကောင်းဆုံး အပြစ်ကို ကျူးလွန်ရင်းနဲ့ သူ့ကို ကားတိုင်မှာ သံမှိုရိုက်နှက်ခဲ့ကြတယ်။ သိသိသာသာပဲ၊ ဖာရိရှဲတွေ အမြဲပြောခဲ့ကြတဲ့ ဝိညာဉ်ရေးရာ အသိပညာက မခြားလူတွေ ကြားကောင်းဖို့နဲ့ သူတို့ရဲ့ လေးစား၊ ကြည်ညိုမှုရဖို့ပဲ ဖြစ်တယ်။ အားလုံးက အတုအယောင်ပဲ။

ယန်ကန်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးတွေမှာ၊ သူ့သဘာဝ မာနထောင်လွှားတယ်လို့ သူ ဝန်ခံနိုင်ခဲ့ပြီး၊ နောင်တရဖို့လိုလားတယ်လို့ ပြောနိုင်ခဲ့လို့ သမ္မာတရားကို သူလက်ခံနိုင်တယ်လို့ ကျွန်မ တွေးခဲ့မိတယ်။ ဒါပေမဲ့ တကယ်တော့၊ သူက ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာ လက်ခံနိုင်တယ်လို့ တွေးအောင် ကျွန်မရှေ့မှာပဲ အဲဒါကို သူပြောနေခဲ့တာပဲ။ သူ့နာမည်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ မျက်နှာဖုံးတပ်ဖို့ အဲဒါကို သူ လုပ်နေခဲ့တာပဲ။ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ကျွန်မကို လှည့်စားဖို့ အယောင်ဆောင်ပုံရိပ် ဖန်တီးနေခဲ့တာ။ သမ္မာတရားကို တကယ် သူ လုံးဝ လက်ခံခဲ့တာ မဟုတ်ဘူး။ သူ့မှာ နောတ ဒါမှမဟုတ် ပြောင်းလဲမှု ရှိဖို့ပြောနဲ့ ကိုယ့်ကိုယ်ကိုယ် သိစိတ်တောင် မရှိဘူး။ ဒါကြောင့် သူသွားတဲ့နေရာတိုင်းမှာ ကြီးကြပ်ချင်ခဲ့ပြီး၊ လူတိုင်းကို သူ့အပေါ် နားထောင်စေချင်ခဲ့တာပဲ။ သူနဲ့ ဘယ်သူမှ အတူ အလုပ်မလုပ်နိုင်ခဲ့ကြဘူး။ အဲဒါက သူတို့အလုပ်ကို ပရမ်းပတာဖြစ်စေခဲ့တာ။ အလုပ်ထိခိုက်တာ အဲဒီညီအစ်မကြောင့်လို့ ကျွန်မထင်အောင် တခြားညီအစ်မတစ်ယောက်က အစွမ်းအစမဲ့တယ်လို့ပြောပြီး အပြစ်တင်တာတောင် လွှဲချခဲ့တယ်။ သူပြောပြီး လုပ်သမျှတိုင်းက ဟန်ဆောင်မှုပဲ၊ အားလုံးက လှည့်ဖြားဖို့ပဲ၊ ဒါပေမဲ့ ကျွန်မက မိုက်မဲ၊ မျက်စိကန်းပြီး ချင့်ချိန်နိုင်စွမ်းမဲ့နေခဲ့တယ်။ သူ့အလိမ်ညာတွေရဲ့ သိမ်းသွင်းတာ ကျွန်မ လုံးဝ ခံခဲ့ရတယ်။ ဒါကြောင့် အဲဒီညီအစ်မကို ကျွန်မ ပြောင်းရွှေ့ခဲ့ပြီး၊ ယန်ကန်က တာဝန်ယူတတ်ပြီး သူ့တာဝန်မှာ ဝန်တာထားသလိုမျိုး မြင်ခဲ့တယ်။ အဲဒါက အသင်းတော်အလုပ်ကို နှောင့်နှေးသွားစေခဲ့တာပဲ။ ကျွန်မက ဘယ်နည်းနဲ့မဆို ကြောင်းကျိုးမမြင် ဖြစ်ခဲ့တာ။ အဲဒါကို သဘောပေါက်တော့ နက်ရှိုင်းတဲ့ နောင်တနဲ့ အပြစ်ရှိတဲ့စိတ် ခံစားမိတယ်။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော်တွေ ဖတ်မိချိန်မှာပေါ့။ “အယောင်ဆောင် ခေါင်းဆောင်များသည် အားလုံး မျက်ကန်း ဖြစ်ကြသည်။ မည်သည့် ပြဿနာကိုမျှ ၎င်းတို့ မမြင်ကြပေ။ မည်သူက ဆိုးယုတ်သောသူ၊ သို့မဟုတ် မယုံကြည်သူဖြစ်သည်ကို ၎င်းတို့ မခွဲခြားနိုင်ပေ။ တစ်ဦးတစ်ယောက်က အသင်းတော်၏ အလုပ်ကို စွက်ဖက်ချိန်၊ သို့မဟုတ် နှောင့်ယှက်ချိန်တွင် ၎င်းတို့ သတိမပြုဘဲ ရှိနေကြပြီး မိုက်မဲသူများကိုပင် အရေးကြီးသည့် ရာထူးများ ပေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ ရာထူးတိုးပေးသည့်သူတိုင်းကို အရေးကြီးသည့် အလုပ်အား ပေါ့ပျက်ပျက် ပေးအပ်ရင်း ထိုသူတို့၌ ကြီးမားသည့် ယုံကြည်ကိုးစားမှု ထားရှိကြသည်။ အကျိုးဆက်အနေဖြင့် ဤအရာက ဤလူတို့အနေဖြင့် အလုပ်ကို ကမောက်ကမဖြစ်စေပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ဆိုးရွားသည့် ထိခိုက်မှု ဖြစ်စေလေသည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များကမူ ထိုအကြောင်းကို မည်သည့်အရာမျှ မသိဟန်ဆောင်ကြသည်။...မမှန်သည့်လူကို အသုံးပြုရာတွင် ကြီးမားသည့် အမှားကို ၎င်းတို့ ပြုလုပ်နှင့်ပြီးဖြစ်သည်၊ ထို့နောက်တွင် ၎င်းတို့သည် မေးခွန်းများ မည်သည့်အခါမျှ မမေးမြန်းခြင်း၊ ပို၍ သိရအောင် မလုပ်ဆောင်ခြင်း၊ သို့မဟုတ် ဤလူ၏အလုပ်ကို မစစ်ဆေးခြင်းတို့အားဖြင့် ၎င်းတို့၏ အမှားကို ပို၍ဆိုးရွားစေသည်။ ကြီးကြပ်ခြင်း၊ သို့မဟုတ် စောင့်ကြည့်လေ့လာခြင်းလည်း မရှိချေ။ ၎င်းတို့ လုပ်သမျှမှာ ဤလူလက်လွတ်စပယ် ပြုမူနေသည်ကို သည်းခံခြင်း ဖြစ်သည်။ ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံ ဖြစ်သည်။ အလုပ်က လူလိုအပ်သည့်အခါတိုင်း အယောင်ဆောင် ခေါင်းဆောင်များက တစ်စုံတစ်ဦးအား တာဝန်ယူဖို့ရန်အတွက် ပေါ့ပေါ့တန်တန် စီစဉ်လိုက်ကြပြီး ယင်းမှာ ထိုအရာ၏ အဆုံးသတ်ဖြစ်သည်။ ၎င်းတို့သည် အလုပ်ကို မည်သည့်အခါတွင်မျှ မစစ်ဆေးကြ၊ သို့မဟုတ် အမှန်တကယ် ထိုလူကို တွေ့ရန်၊ လေ့လာစောင့်ကြည့်ရန် မသွားကြသကဲ့သို့ နောက်ထပ် သိရှိရန် မကြိုးစားကြချေ။ အချို့သော နယ်ပယ်များတွင် ထိုသူတို့နှင့် တွေ့ဆုံပြီး စကားစမြည်ပြောရန် အခြေအနေမပေးဘဲ သင့်အနေဖြင့် ၎င်းတို့၏ အလုပ်ကို မေးမြန်းပြီး မည်သည့်အရာ ၎င်းတို့ လုပ်ဆောင်နေခဲ့ကြသည်ဆိုသည်နှင့် မည်သို့ လုပ်ဆောင်နေခဲ့ကြသည်ဆိုသည်တို့ကို မေးမြန်းဖို့ နည်းလမ်း ရှာရမည် ဖြစ်သည်။ ၎င်းတို့နှင့် ရင်းနှီးသည့် ညီအစ်ကို မောင်နှမများ သို့မဟုတ် တစ်စုံတစ်ဦးကို မေးလော့။ ဤသည်မှာ ဖြစ်နိုင်ချေရှိသလော။ သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့် မေးခွန်းမျှ မေးပင်မပေးကြ၊ ယင်းမှာ ၎င်းတို့ စိတ်ချယုံကြည်မှု ရှိကြသည်ပုံ ဖြစ်သည်။ ၎င်းတို့၏ အလုပ်သည် စည်းဝေးခြင်းလုပ်ပြီး အယူဝါဒ ဟောဖို့ဖြစ်ကာ စည်းဝေးခြင်းပြီးသွားပြီး အလုပ် အစီအစဉ်များ ပြုလုပ်ပြီးချိန်တွင် နောက်ထပ် မည်သည့်အရာကိုမျှ မလုပ်ကြချေ။ ၎င်းတို့ ရွေးချယ်သည့် လူသည် တကယ့် အလုပ်လုပ်နိုင်သလားဆိုသည်ကို သွားမကြည့်ကြချေ။ အစတွင် ဤလူကို သင် နားမလည်သော်လည်း ၎င်းတို့၏ အစွမ်းအစ၊ အပြုအမူနှင့် စိတ်ထက်သန်မှုအရ၊ ၎င်းတို့သည် ဤအလုပ်အတွက် သင့်တော်သည်ဟု သင် ခံစားရသောကြောင့် ၎င်းတို့ကို အသုံးပြုလေသည်။ လူတို့သည် မည်သို့ဖြစ်သွားမည်ဆိုသည်ကို မည်သူကမျှ မသိသောကြောင့် ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာမျှ မမှားပေ။ သို့ရာတွင် ၎င်းတို့ကို ရာထူးတိုးပေးပြီးနောက်တွင် ၎င်းတို့အနေဖြင့် တကယ့် အလုပ် လုပ်ခြင်း ရှိမရှိ၊ ၎င်းတို့ အလုပ်လုပ်ပုံနှင့် ၎င်းတို့သည် မယုံရဖို့၊ ပျင်းရိပြီး ဝတ်ကျေတမ်းကျေဖြစ်ဖို့ ကြိုးစားနေခဲ့ခြင်း ရှိမရှိဆိုသည်ကို သင် စစ်ဆေးသင့်သည် မဟုတ်လော။ ဤသည်မှာ သင် အတိအကျ လုပ်ဆောင်နေသင့်သည့် အရာဖြစ်သော်လည်း ထိုအရာတစ်ခုတစ်လေမျှ သင် မလုပ်ပေ။ မည်သည့်တာဝန်မျှ သင် မယူပေ။ ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်ဖြစ်ပြီး သင်သည် အစားထိုးကာ ထုတ်ပယ်ခံရသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်က လက်တွေ့အလုပ် မလုပ်တဲ့၊ တခြားလူတွေကို ရာထူးတိုးပြီး၊ လေ့ကျင့်ပေးရာမှာ ဝတ်ကျေတမ်းကျေဖြစ်ပြီး မူမရှိသလို၊ အရေးပါတဲ့ အလုပ်တာဝန်တွေမှာ စည်းမျဉ်းနဲ့မကိုက်တဲ့သူတွေကို ကြုံရာကျပန်း တာဝန်ပေးတဲ့ အယောင်ဆောင် ခေါင်းဆောင်မျိုးကို ဖော်ထုတ်တယ်။ သူတို့က တကယ်ကို တာဝန်မဲ့ကြသလို၊ မသင့်တော်တဲ့လူကို ခန့်မိတဲ့အခါ၊ သူတို့ကို မကြီးကြပ်နိုင်၊ သူတို့အလုပ်ကို နောက်ဆက်တွဲ မလုပ်နိုင်ကြဘူး။ တစ်ယောက်ယောက် နေရာယူတာနဲ့ ဆက်လုပ်ကြတော့တာ။ ဒါက အသင်းတော်အလုပ်ကို တကယ် အနှောင့်အယှက်ပေးတယ်။ ကျွန်မလုပ်ခဲ့သမျှနဲ့ပတ်သက်လို့ ဆိုးဆိုးရွားရွား ခံစားလိုက်ရတယ်။ ကျွန်မက ချင့်ချိန်နိုင်စွမ်းနဲ့ ထိုးထွင်းအမြင်မဲ့ရုံမက၊ တကယ့်အလုပ်လည်း မလုပ်ခဲ့တဲ့ အယောင်ဆောင် အမှုဆောင်တစ်ယောက် ဖြစ်ခဲ့တာ မဟုတ်လား။ ယန်ကန်က သိသိသာသာကို အန္တိခရစ် လမ်းကြောင်းပေါ်က မာနထောင်လွှားတဲ့ လူတစ်ယောက်ဖြစ်တယ်၊ ညီအစ်ကို မောင်နှမတွေကို တိုက်ခိုက်ပြီး စိတ်ကျဉ်းကျပ်စေရင်းနဲ့ အဖွဲ့ကို နှောင့်ယှက်နေခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မက ဒါကို ဘာမှမသိခဲ့ဘူး။ ပြီးတော့ သူ့ရဲ့ အကာအကွယ်အနေနဲ့ ပြုမူရင်း၊ အသင်းတော်အလုပ်ကို ဖြိုဖျက်၊ နှောင့်ယှက်ခွင့်ပေးရင်းနဲ့ သူပြောသမျှကို ယုံကြည်ခဲ့တယ်။ မျက်စိဖွင့်လျက်သား မျက်ကန်းဖြစ်ခဲ့တာပဲ။ အစမှာ ကျွန်မက ချင့်ချိန်နိုင်စွမ်းမဲ့ပြီး ယန်ကန်ကို ရွေးခဲ့ပေမဲ့၊ သူ့စွမ်းဆောင်ရည် အမြဲ ညံ့ဖျင်းနေတဲ့အချိန်မှာ၊ အဲဒါကို မစစ်ဆေးခဲ့ဘူး၊ သူ့အလုပ်နဲ့ ပတ်သက်လို့ အခြေအနေကို မလေ့လာခဲ့သလို၊ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက အဲဒါကို ပြောပြတဲ့အခါ၊ သိပ်မတွေးခဲ့ဘူး။ အဲဒီအစား၊ ကိုယ့်ကိုယ်ပိုင် အမြင်ကိုပဲ ယုံကြည်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါက စွမ်းဆောင်ရည်ညံ့ဖျင်းမှုနဲ့ အလုပ်ကာလ အတော်များများ ကုန်သွားစေခဲ့တယ်။ ပိုဆိုးတာက ယန်ကန် ကြီးကြပ်တဲ့အလုပ်က ကမောက်ကမဖြစ်တာ ကောင်းကောင်း သိခဲ့ပေမဲ့၊ သူက ပါရမီရှိတယ်လို့ ကျွန်မ ခံစားရတုန်းပဲဖြစ်သလို၊ ဝန်ထမ်းအသစ်တွေကို လေ့ကျင့်ပေးဖို့ သူ့အတွက် စီစဉ်ခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ သူ့ရဲ့ သေးသိမ်စေမှုနဲ့ တိုက်ခိုက်မှုတွေကြောင့်၊ ညီအစ်ကို မောင်နှမတွေဟာ အထင်လွဲပြီး အပျက်သဘောဆောင်တဲ့ အခြေအနေမှာ သူတို့အလုပ် ထိခိုက်ရင်းနဲ့ အသက်ရှင်ခဲ့ကြတယ်။ ကျွန်မမှာ တာဝန်ယူစိတ်နဲ့ ရှာဖွေဖို့ဆန္ဒ နည်းနည်းလေး ရှိခဲ့ရင်တောင်၊ ယန်ကန်ရဲ့ အလုပ်ကို နောက်ဆက်တွဲလုပ်ပြီး ကြီးကြပ်ခဲ့မိမှာဖြစ်သလို၊ သူ့ပြဿနာတွေကို ရှာတွေ့ဖို့ သိပ်ကြာမှာ မဟုတ်ဘူး။ ဒါက အလုပ်ကို အရမ်း ထိခိုက်စေခဲ့တယ်။ စစ်မှန်တဲ့ တာဝန်သိစိတ်နဲ့ ဘုရားကို ကြောက်ရွံ့မှုရှိတဲ့ ခေါင်းဆောင်၊ အမှုဆောင်တစ်ယောက်က ဝန်တာထားပြီး ကိစ္စတွေကို စည်းမျဉ်းနဲ့ လုပ်တယ်။ သူတို့ ရာထူးတိုးပေးပြီး ခန့်အပ်တဲ့ သူနဲ့ပတ်သက်လို့ သူတို့ သတိထားကြတယ်၊ အဲဒီလူကို စစ်ဆေးပြီးတော့၊ အလုပ်နဲ့ တကယ်သင့်တော်လားဆိုတာ သိဖို့ အဲဒီလူရဲ့ အလုပ်ကို ဆက်ကြီးကြပ်ကြတယ်။ အထူးသဖြင့် မသေချာတဲ့အခါ၊ ကိစ္စတွေကို ပိုလို့တောင် ကြီးကြပ်ပြီး စစ်ဆေးကြသလို၊ မသင့်တော်တာ တွေ့တာနဲ့ လူတွေကို ပြောင်းရွှေ့ကြတယ်၊ ထုတ်ပယ်ကြတယ်။ ဒါက မမှန်ကန်တဲ့ ရွေးချယ်မှုကြောင့် အသင်းတော်အလုပ် ဆုံးရှုံးတာတွေကို တားဆီးပေးတယ်။ ဒါပေမဲ့ ယန်ကန်အပေါ် ကျွန်မရဲ့ ရွေးချယ်မှုက စည်းမျဉ်းတွေကို ဆန့်ကျင်ခဲ့ပြီး၊ အဲဒီနောက် သူ့အလုပ်ကို ကျွန်မ မကြီးကြပ်၊ နောက်ဆက်တွဲ မလုပ်ခဲ့ဘူး။ ကိုယ့်တာဝန်ကို လျစ်လျူရှုပြီး တာဝန်မဲ့ခဲ့တယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော် ဖော်ထုတ်တဲ့ လက်တွေ့အလုပ်မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်မျိုးပဲ။

အဲဒီနောက်မှာ ကျွန်မ အချိန်အတော်ကြာ နေမထိထိုင်မထိ ဖြစ်မိတယ်။ ယန်ကန်က တကယ် မာနထောင်လွှားတာ ကျွန်မ သိတယ်။ ဒီတော့ သူ့အလုပ်ကို ကျွန်မ ဘာလို့ ကြီးကြပ်မနေခဲ့တာလဲ။ လူတိုင်းက သတိပေးနေခဲ့ပေမဲ့ သူ့ကို ဘာလို့ အရမ်းယုံကြည်မိခဲ့တာလဲ။ ဒါကို စိတ်ထဲမှာ အကြိမ်ကြိမ် စဉ်းစားနေမိတယ်။ ဒီလိုနဲ့ တစ်နေ့မှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ် တွေ့ခဲ့တယ်။ “အယောင်ဆောင် ခေါင်းဆောင်များ၌လည်း အကြီးစား အားနည်းချက် ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအပေါ်တွင် အခြေခံ၍ လူတို့ကို အလျင်အမြန် ယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်းကြောင့်ဖြစ်သည်မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရများကို မည်သို့ ထုတ်ဖော်သနည်း။ ဘုရားသခင်က မယုံကြည်ချိန်တွင် ၎င်းတို့သည် အဘယ်ကြောင့် လူတို့ကို ယုံကြည်သင့်သနည်း။ လူတို့ကို အသွင်အပြင်များအားဖြင့် ဝေဖန်မည့်အစား၊ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးကို အဆက်မပြတ် စောင့်ကြည့်နေသည်။ ဤသို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် အခြားလူများကို ဝေဖန်ပြီး ထိုသူတို့ကို ယုံကြည်ကြသောအခါ အဘယ်ကြောင့် အလွန်ပင် ပေါ့တန်သင့်မည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် စိတ်ကြီးဝင်လွန်းသည် မဟုတ်လော။ ၎င်းတို့ စဉ်းစားသည်မှာ၊ ‘ဤလူကို ငါ ရိပ်စားမိချိန်တွင် ငါမမှားပေ။ မည်သည့်အရာကမျှ မလွဲချော်နိုင်ပေ။ ၎င်းတို့သည် လျှောက်လုပ်သောသူ၊ အပျော်အပါးမက်ပြီး ပင်ပန်းသောအလုပ်ကို မုန်းသောသူ သေချာပေါက်မဟုတ်ပေ။ ၎င်းတို့သည် လုံးဝ အားကိုးရပြီး ယုံကြည်ထိုက်သည်။ ၎င်းတို့ ပြောင်းလဲလိမ့်မည်မဟုတ်။ ပြောင်းလဲလျှင် ၎င်းတို့နှင့်ပတ်သက်ပြီး ငါမှားယွင်းသည်ဆိုသည့် သဘောဖြစ်မည် မဟုတ်လော’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော တွေးခေါ်ပုံမျိုးနည်း။ သင်သည် ကျွမ်းကျင်သူတစ်ယောက်ယောက် ဖြစ်သလော။ သင့်တွင် အရာဝတ္ထုများကို ထိုးဖောက်မြင်နိုင်သည့် အမြင်အာရုံရှိသလော။ ဤသည်မှာ သင်၏ အထူး ကျွမ်းကျင်မှုလော။ သင်သည် ဤလူနှင့် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် နေထိုင်နိုင်သည်။ သို့သော် ၎င်းတို့၏ သဘာဝကို လုံးလုံး ဖွင့်ချပြရန် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုမရှိဘဲ ၎င်းတို့အမှန်တကယ် မည်သူမည်ဝါဖြစ်သည်ကို သင်မြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို မခံရလျှင်၊ သင်သည် ၎င်းတို့နှင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ပင် အတူယှဉ်တွဲနေထိုင်နိုင်ပြီး ၎င်းတို့က မည်သည့်သဘာဝနှင့် အနှစ်သာရအမျိုးအစားရှိသည်ကို မြင်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။ ပြီးလျှင် သင်သည် ၎င်းတို့ကို သိပ်မတွေ့ရသောအခါ၊ ၎င်းတို့နှင့်အတူ သိပ်မရှိသောအခါ ဤသည်မှာ မည်မျှပင်ပို၍ မှန်ကန်သနည်း။ သင်သည် တစ်ခဏတာအမြင်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားလူတစ်ယောက်၏ အပြုသဘောဆောင်သော သုံးသပ်ချက်အပေါ် အခြေခံ၍ ၎င်းတို့ကို မစဉ်းမစားယုံကြည်ပြီး ထိုသို့သောလူတို့ကို အသင်းတော်အလုပ်အား အပ်နှံရဲသည်။ ဤတွင် သင်သည် အလွန်အမင်း မျက်ကန်းဖြစ်နေသည်မဟုတ်လော။ စိတ်မြန်လက်မြန် ပြုလုပ်နေခြင်းမဟုတ်သလော။ ၎င်းတို့အနေဖြင့် ဤသို့ အလုပ်လုပ်သောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း တာဝန်မသိတတ်ခြင်း မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ)သင်၏ သဘောထားသည် ခေါင်းမာစွာဖြင့် မရမက သမ္မာတရားကို ငြင်းဆိုခြင်း၊ အခြားမည်သူမဆို၏ အကြံပြုချက်များကို ငြင်းပယ်ခြင်း၊ သမ္မာတရားကို မရှာဖွေခြင်း၊ သင့်ကိုယ်သင်သာ ယုံကြည်မှုရှိခြင်းနှင့် သင်အလိုရှိသည့်အတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်လျှင်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ၊ သို့မဟုတ် တောင်းဆိုသည့်အရာက မည်သည့်အရာဖြစ်စေ ဤသည်မှာ သင်၏ စိတ်သဘောထားဖြစ်လျှင် ဘုရားသခင်၏ တုံ့ပြန်မှုက အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ သင့်ကို ဘေးဖယ်ထားသည်။ သင်သည် ထိန်းကျောင်းရမခက်သလော။ သင်သည် မာနမထောင်လွှားသလော။ သင်သည် မိမိ မှန်ကန်သည်ဟု အစဉ်အမြဲမထင်သလော။ သင်သည် နာခံခြင်းမရှိလျှင်၊ မည်သည့်အခါမျှ မရှာဖွေလျှင်၊ သင်၏ စိတ်နှလုံးသည် လုံးလုံး ပိတ်ထားပြီး ဘုရားသခင်ကို အာခံလျှင်၊ ဘုရားသခင်က သင့်အား အလေးဂရုမပြုပေ။ အဘယ်ကြောင့် ဘုရားသခင်က သင့်အား အလေးဂရုမပြုသနည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်အတွက်ပိတ်ထားလျှင် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် လက်ခံနိုင်သလော။ ဘုရားသခင်က သင့်ကို အပြစ်တင်သောအခါ သင် ခံစားရနိုင်သလော။ လူတို့သည် ခေါင်းမာသောအခါ ၎င်းတို့၏ ဆိုးယုတ်သော၊ ရိုင်းစိုင်းသော သဘာဝက အလုပ်လုပ်သည့်အခါ၊ ဘုရားသခင်လုပ်ဆောင်သော မည်သည့်အရာကိုမျှ ၎င်းတို့ မခံစားရပေ။ အားလုံးက သက်ရောက်မှုမရှိပေ။ ထို့ကြောင့် ဘုရားသခင်က အသုံးမဝင်သောအလုပ်ကို မလုပ်ဆောင်ပေ။ သင်သည် ဤသို့သော ခေါင်းမာစွာ ဆန့်ကျင်တတ်သည့် သဘောထားမျိုးရှိလျှင် ဘုရားသခင်လုပ်ဆောင်သမျှမှာ သင့်ထံမှ ပုန်းကွယ်ခြင်းသာဖြစ်သည်။ ဘုရားသခင်က မလိုလားအပ်သောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် ဤသို့ ခေါင်းမာစွာ ဆန့်ကျင်နေသောအခါ၊ ဤသို့ ပိတ်ဆို့ထားသောအခါ၊ ဘုရားသခင်သည် သင့်အထဲတွင် မည်သည့်အရာကိုမျှ လုံးဝ အတင်းဆောင်ရွက်လိမ့်မည်မဟုတ်ပေ၊ သို့မဟုတ် သင့်အပေါ် မည်သည့်အရာကိုမျှ အတင်းလုပ်ဆောင်မည်မဟုတ်ပေ။ သူသည် သင့်အား တို့ထိပြီး ဉာဏ်အလင်းဖွင့်ပြရန် မည်သည့်အခါမျှ ဆက်လက်၍ ထပ်ခါထပ်ခါ ကြိုးစားမည်မဟုတ်ပေ။ ဘုရားသခင်က ဤသို့ မဆောင်ရွက်ပေ။ ဘုရားသခင်က အဘယ်ကြောင့် ထိုသို့ မလုပ်ဆောင်သနည်း။ အဓိကအားဖြင့် ဘုရားသခင်သည် သင့်တွင် စိတ်သဘောထားတစ်မျိုး၊ သမ္မာတရားကို စိတ်ကုန်ပြီး ဆင်ခြင်တုံတရား မရှိနိုင်သော အထိန်းအကွပ်မဲ့ကြမ်းတမ်းမှုကို မြင်တွေ့ပြီးဖြစ်သောကြောင့်ဖြစ်သည်။ ရိုင်းစိုင်းသော တိရစ္ဆာန်တစ်ကောင်က အထိန်းအကွပ်မဲ့ကြမ်းတမ်းနေသောအခါတွင် လူတို့သည် ယင်းကို ထိန်းချုပ်နိုင်သည်ဟု သင်ထင်သလော။ ယင်းကို အော်ဟစ်ပြောဆိုခြင်းက တစ်ခုခုထူးခြားစေသလော။ ယင်းကို ကျိုးကြောင်းပြပြောဆိုခြင်း၊ သို့မဟုတ် နှစ်သိမ့်ခြင်းသည် တစ်ခုခုအသုံးဝင်သလော။ ယင်းကို လူတို့က ချဉ်းကပ်ရဲသလော။ ဤအရာကို ဖော်ပြရန် နည်းလမ်းကောင်းတစ်ခုရှိသည်။ ထိုတိရစ္ဆာန်သည် ဆင်ခြင်တုံတရား မရှိနိုင်ပေ။ လူတို့၏ အထိန်းအကွပ်မဲ့ ကြမ်းတမ်းမှုက ဖြစ်ပေါ်နေပြီး ၎င်းတို့သည် ဆင်ခြင်တုံတရား မရှိနိုင်သောအခါ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သနည်း။ ဘုရားသခင်က ၎င်းတို့ကို အလေးဂရုမပြုပေ။ သင်သည် ဆင်ခြင်တုံတရား မရှိနိုင်ပါက၊ ဘုရားသခင်က သင့်အား မည်သည့်အရာကို ထပ်၍ ပြောရမည်နည်း။ တစ်ခုခုထပ်၍ ပြောဆိုခြင်းသည် အသုံးမဝင်ပေ။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုသောအခါ သင်သည် ကောင်းချီးခံစားရသလော၊ သို့မဟုတ် ဒုက္ခခံရသလော။ အကျိုးအမြတ်အချို့ရသလော၊ သို့မဟုတ် ဆုံးရှုံးမှုကို ခံရသလော။ သင်သည် ဧကန်မုချ ဆုံးရှုံးမှုကို ခံရလိမ့်မည်။ မည်သူက ဤအရာကို ဖြစ်စေသနည်း။ (ကျွန်ုပ်တို့ ဖြစ်စေပါသည်။) သင် ဖြစ်စေသည်။ သင့်ကို ဤသို့ပြုမူရန် မည်သူကမျှ အတင်းမတိုက်တွန်းပေ။ သို့တိုင်အောင် သင်က စိတ်မချမ်းမသာဖြစ်သည်။ သင့်အပေါ်သို့ ဤအရာကို သင်ကိုယ်တိုင် ဖြစ်စေသည်မဟုတ်လော။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ ဘုရားသခင်ကို သင်မခံစားရနိုင်ပေ။ သင်၏ စိတ်နှလုံးတွင် မှောင်မိုက်ခြင်းရှိသည်။ သင်၏ အသက်တာသည် အထိအခိုက်ခံရသည်။ သင့်အပေါ်သို့ ဤအရာကို သင်ကိုယ်တိုင်ဖြစ်စေသည်။ သင်နှင့် ထိုက်တန်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)

ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအခြေအနေ အတိအကျကို ထုတ်ဖော်ပြခဲ့တယ်။ ကျွန်မက တာဝန်မှာ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို လုံးဝ ရှာခဲ့တာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် သေချာခဲ့တယ်၊ မာနထောင်လွှားပြီး ခေါင်းမာခဲ့တယ်။ ကျွန်မက အကြိမ်ကြိမ် သတိပေးခံခဲ့ရပေမဲ့၊ နားမထောင်ခဲ့သလို၊ ကိုယ့်ထင်မြင်ချက်တွေကို ခေါင်းမာမာ ဖက်တွယ်ခဲ့တယ်။ အရမ်းကို ကျိုးကြောင်းမသင့်ဖြစ်ခဲ့တာ။ အရင်က ယန်ကန်ကို ကျွန်မ လုံးဝ သိခဲ့တာမဟုတ်သလို၊ သူ့အပေါ် တခြားလူတွေရဲ့ အကဲဖြတ်ချက်တွေကို ကြားတဲ့အခါ၊ သူ့မှာ မာနထောင်လွှားတဲ့ စိတ်သဘောထားပဲရှိတာဖြစ်ပြီး၊ အဲဒါ သိပ်အရေးမကြီးဘူးလို့ တွေးရင်း၊ ကိုယ့်စိတ်ကူးနဲ့ လုပ်ခဲ့တယ်။ သူ့ကို ကျွန်မ မိတ်သဟာယပြု၊ ဖော်ထုတ်ခဲ့ပြီး၊ အဲဒါကို သူ လက်ခံပြီး နောင်တရတဲ့ပုံရတာ မြင်တော့၊ သမ္မာတရားကို သူလက်ခံတယ်လို့ တွက်ခဲ့တယ်။ ကိုယ့်အမြင်ကို အရမ်းယုံကြည်ခဲ့ပြီး ရှာဖွေဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်ရတယ်။ “လူတို့ကို အသွင်အပြင်များအားဖြင့် ဝေဖန်မည့်အစား၊ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးကို အဆက်မပြတ် စောင့်ကြည့်နေသည်။ ဤသို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် အခြားလူများကို ဝေဖန်ပြီး ထိုသူတို့ကို ယုံကြည်ကြသောအခါ အဘယ်ကြောင့် အလွန်ပင် ပေါ့တန်သင့်မည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် စိတ်ကြီးဝင်လွန်းသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားက ဖန်ဆင်းရှင်ဖြစ်ပြီး အရာခပ်သိမ်းကို မြင်နိုင်တယ်။ လူတွေရဲ့ အသွင်အပြင်တွေနဲ့ ဘုရားမသွားဘူး။ ကျွန်မက သမ္မာတရား ဘာတစ်ခုမှရပိုင်ဆိုင်တဲ့ ဘာကိုမှ ထိုးထွင်းအမြင်မရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားသက်သက် ဖြစ်ပေမဲ့၊ ကိုယ်ခဏမြင်တဲ့အရာကို ယုံကြည်ရင်း၊ ယန်ကန်ကို သာမန်ကာလျှံကာ ယုံလိုက်ပြီး အဖွဲ့ခေါင်းဆောင်အနေနဲ့ သူ့ကို ရာထူးတိုးပေးရင်းနဲ့ အရမ်း မာနထောင်လွှားခဲ့တယ်။ ကျွန်မ ဘယ်လိုပဲ သတိပေးခံခဲ့ရပါစေ၊ သူ့အလုပ်က ဘယ်လိုပဲညံ့ဖျင်းပါစေ၊ သူ့ကိုကျွန်မ ထင်မြင်ချက်လွဲခဲ့တာ မဖြစ်နိုင်ဘူးလို့ သေချာနေတုန်းပဲ။ အဲဒါက အလုပ်ကို လအတော်များများ ကြန့်ကြာသွားစေခဲ့တယ်။ ကျွန်မ အရမ်းမာနထောင်လွှားပြီး ခေါင်းမာခဲ့တာပဲ။ အဲဒါ ဘယ်လိုလုပ် တာဝန်ကို လုပ်တာဖြစ်မလဲ။ မကောင်းမှုကိုသာ လုပ်နေခဲ့တာပဲ။ လူတွေက စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေတာ ခံရပြီး ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက နက်နက် အမြစ်တွယ်ထားတယ်။ သမ္မာတရားကို ရပြီး ကိုယ့်စိတ်သဘောထား မပြောင်းလဲခင်မှာ၊ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေအတိုင်း ကျွန်မတို့ အသက်ရှင်ကြတယ်။ မာနထောင်လွှားပြီး လှည့်ဖြားတတ်သလို၊ လုံးဝ မယုံကြည်ထိုက်ကြဘူး။ လူတစ်ယောက်ရဲ့ သဘာဝနဲ့ အနှစ်သာရက ဘာနဲ့တူလဲဆိုတာကိုတော့ သမ္မာတရားကို နားမလည်သလို၊ အချိန်အတော်ကြာ သူတို့ကို မသိရင်၊ ပြောဖို့အရမ်းခက်တယ်။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် သေချာခဲ့တယ်။ သမ္မာတရားကို နားမလည်ခဲ့သလို၊ လူတွေကို မမြင်နိုင်ခဲ့ဘဲ၊ ကိုယ့်အမြင်နဲ့ စိတ်ကူးတွေကိုပဲ ခေါင်းမာမာ ဖက်တွယ်ခဲ့တယ်။ လူတွေ ဘယ်လိုပဲ သတိပေးခဲ့ပါစေ၊ သူတို့ပြောတာကို လက်ခံဖို့ ငြင်းခဲ့တယ်။ ကိုယ်လုပ်ချင်တာမှန်သမျှကိုပဲ ဆက်လုပ်နေခဲ့တယ်။ အရမ်းကို ကျိူးကြောင်းမသင့်ဖြစ်ခဲ့တာ။ ဘုရားက ဖာရိရှဲတွေကို ပြောခဲ့တာ သတိရမိတယ်။ “ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) သူတို့က ဘုရားရဲ့အမှုတော်အပေါ် အယူအဆတွေ၊ စိတ်ကူးတွေနဲ့ အပြည့်ရှိကြတယ်။ သခင်ယေရှုက အမှုပြုဖို့ ပေါ်ထွန်းခဲ့ချိန်မှာ၊ သူတို့ကိုယ်ပိုင် အယူအဆတွေမှာ တင်းတင်း ပိတ်မိခဲ့ကြတယ်။ သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ဘယ်လိုပဲ ဩဇာအာဏာရှိပြီး တန်ခိုးကြီးမားပါစေ၊ လုံးဝ လက်မခံခဲ့ကြဘဲ၊ သူ့ကို အရူးအမူး ငြင်းပယ်၊ ရှုတ်ချကြတယ်၊ နောက်ဆုံး ကားတိုင်မှာ သံမှိုရိုက်နှက်ခဲ့ကြတယ်။ သူတို့ရဲ့ ခေါင်းမာမှု၊ မာနထောင်လွှားမှုနဲ့ ဆင်ခြင်တုံတရားမဲ့မှုက ဘုရားရဲ့အမှုတော်ကို လက်မခံအောင်၊ ဘုရားကို ရှုတ်ချခုခံအောင် လှုံ့ဆော်ခဲ့ပြီး၊ နောက်ဆုံးမှာ ဘုရားရဲ့ အပြစ်ပေး၊ ကျိန်ဆဲတာ ခံရစေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မပြခဲ့တဲ့ စိတ်သဘောထားက ဖာရိရှဲတွေအတိုင်းပဲဖြစ်သလို၊ ကျွန်မက ဘုရားကို ခုခံတဲ့ ဖာရိရှဲတွေရဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့မှန်း တွေ့ခဲ့ရတယ်။ ကိုယ့်ရဲ့ မာနထောင်လွှား၊ ခေါင်းမာတဲ့ စိတ်သဘောထားကို မဖြေရှင်းရင်၊ အဲဒါက ဘုရားကို ခုခံစေမှာဖြစ်ပြီး၊ အနှေးနဲ့အမြန် ဘုရားရဲ့ စိတ်သဘောထားကို ကျွန်မ ပုန်ကန်ပြစ်မှားမိပြီး သူ့ရဲ့ စွန့်ပစ်၊ ထုတ်ပယ်တာ ခံရမှာပဲ။ ဒါကို သဘောပေါက်လိုက်တာက ကျွန်မအတွက် တကယ် ထိတ်လန့်စရာဖြစ်ခဲ့သလို၊ အမြန်ဆုတောင်း၊ ဝန်ချပြီး နောင်တရခဲ့တယ်။

အဲဒီနောက် ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်ခဲ့တယ်။ “သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သမ္မာတရားကို မည်သို့ ရှာဖွေပြီး နာခံရမည်ဆိုသည်ကို သင်ယူရမည်။ ယင်းမှာ သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ဖြစ်သရွေ့ မှန်ကန်ပေသည်။ ယင်းမှာ ကလေးတစ်ဦး၊ သို့မဟုတ် သာမန် ညီငယ်၊ သို့မဟုတ် ညီအစ်မငယ်တစ်ဦး၏ စကားများဖြစ်နိုင်သော်လည်း၊ ထိုအရာများသည် သမ္မာတရားနှင့်ကိုက်ညီသရွေ့ သင်သည် လက်ခံပြီး နာခံသင့်ကာ ထိုသို့ ဆောင်ရွက်ခြင်း၏ ရလဒ်မှာ ကောင်းမွန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြစ်လိမ့်မည်။ အဓိကအချက်မှာ သင်၏ ရည်ရွယ်ချက် မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် အမှုအရာများကို ကိုင်တွယ်ခြင်းအတွက် သင်၏ စည်းမျဉ်းနှင့် နည်းစနစ်များက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ ဖြစ်သည်။ အမှုအရာများကို ကိုင်တွယ်ခြင်းအတွက် သင်၏ စည်းမျဉ်းနှင့် နည်းစနစ်များက လူသား၏အလိုဆန္ဒမှ ပေါက်ဖွားပါက၊ လူသား စိတ်ကူးနှင့် အယူအဆများမှ ဖြစ်ပါက၊ စာတန်၏ အတွေးအခေါ်များမှ ဖြစ်ပါက သင်၏ စည်းမျဉ်းများနှင့် နည်းစနစ်များသည် လက်တွေ့မကျသကဲ့သို့ မထိရောက်ဖို့ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် သင်၏ စည်းမျဉ်းများနှင့် နည်းစနစ်များ၏ ဇာစ်မြစ်သည် မှားယွင်းပြီး သမ္မာတရား၏ စည်းမျဉ်းများနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ သင်၏ အမြင်များသည် သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ဖြစ်ပြီး အမှုအရာများကို သမ္မာတရား၏ စည်းမျဉ်းများအတိုင်း သင်ကိုင်တွယ်ပါက သင်သည် ထိုအရာတို့ကို မှန်မှန်ကန်ကန် ကိုင်တွယ်မည်မှာ သေချာပြီး ထိုအချိန်တွင် လူတို့က လက်မခံလျှင်ပင်၊ သို့မဟုတ် အယူအဆများရှိလျှင်၊ သို့မဟုတ် အတိုက်အခံလုပ်လျှင် အချိန်တစ်ခုကြာပြီးနောက် သင်သည် အသိအမှတ်ပြုခြင်းခံရလိမ့်မည်။ သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီဖြစ်သော အရာများ၏ အကျိုးတရားများမှာ ယခင်ထက် ပိုကောင်းလာသည်။ သမ္မာတရား၏ စည်းမျဉ်းများနှင့် အညီမဟုတ်သော အရာများသည် ထိုအချိန်တွင် လူတို့၏ အယူအဆများနှင့် ကိုက်ညီကောင်းကိုက်ညီနိုင်သော်လည်း အကျိုးဆက်များက ပိုဆိုးရွားလိမ့်မည်ဖြစ်ပြီး လူအားလုံးက ဤအရာကို အတည်ပြုကြလိမ့်မည်။ သင်လုပ်ဆောင်သည့် မည်သည့်အရာမျှသည် လူသား ကန့်သတ်ချုပ်ချယ်မှုများ၊ သို့မဟုတ် သင်ကိုယ်တိုင်၏ သရုပ်ဖော်ပြခြင်းကို မခံရ။ ပထမဦးစွာ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို သင်ရှာသင့်သည်။ ထို့နောက်တွင် လူတိုင်း အတူတကွ စူးစမ်းပြီး မိတ်သဟာယပြုသင့်သည်။ ပြီးလျှင် မိတ်သဟာယပြုခြင်း၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ အမှုအရာများကို ဘုရားသခင်၏ အလိုတော်နှင့်အညီ အတိအကျ လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ပြုမူခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း) ဒီစာပိုဒ်ကိုဖတ်ရတာက ရှေ့ဆက်ရမဲ့လမ်းကို ပေးတယ်။ တစ်ခုခု ရင်ဆိုင်ရတဲ့အခါ၊ သမ္မာတရား ရှာရမယ်။ မာနထောင်လွှားလို့မဖြစ်ဘူး။ ကိုယ့်ကိုယ်ပိုင် အယူအဆနဲ့ စိတ်ကူးတွေအတိုင်း ပြုမူလို့ မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ရမယ်၊ တုံ့ပြန်ချက်တွေ မေးရမယ်၊ တခြားလူတွေပြောတာ နားထောင်ပြီး၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေအတိုင်း ကိစ္စတွေကို လုပ်ရမယ်။ တာဝန်တွေကို ဒီလိုလုပ်ခြင်းအားဖြင့်ပဲ ကျွန်မတို့အလုပ်မှာ ဘုရားရဲ့ လမ်းပြမှုနဲ့ ရလဒ်တွေကို ရနိုင်တယ်။ ဒီလိုလုပ်တာက ကျွန်မတို့ဟာ မကောင်းမှု မလုပ်သလို ဘုရားကို မခုခံဘူးဆိုတာကိုလည်း သေချာစေနိုင်တယ်။ ဒီကျရှုံးမှုကနေ သင်ခန်းစာ သင်ယူပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း ပြုမူဖို့၊ တစ်ခုခု ဖြစ်လာတဲ့အခါ တခြားလူတွေရဲ့ အကြံပြုချက်တွေ ရှာဖွေဖို့နဲ့ ကိုယ့်ကိုယ်ပိုင် အယူအဆနဲ့ စိတ်ကူးတွေကို ဖက်တွယ်တာရပ်ဖို့ လုပ်ခဲ့တယ်။

သိပ်မကြာခင်မှာ ဝန်ဂျွမ်က ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးခံရကတည်းက သူ့အဖွဲ့ရဲ့ အလုပ် တိုးတက်မှု သိသိသာသာ ယိမ်းယိုင်နေခဲ့တာကို ကျွန်မတို့ သတိထားမိတယ်။ ဒါကို တချို့အမှုဆောင်တွေနဲ့ ကျွန်မ ဆွေးနွေးခဲ့တယ်။ အဲဒါဟာ ဝမ်ဂျွမ်နဲ့ တစ်ခုခု ပတ်သက်နေနိုင်မလားလို့ ရှင်းယီက တွေးတယ်။ ကျွန်မကတော့ ဝန်ဂျွမ်က နည်းနည်း မာနထောင်လွှားပေမဲ့ သမ္မာတရားကို တကယ် တောင့်တပုံရပြီး သူနဲ့ပတ်သက်တဲ့ ပြဿနာ ထောက်ပြခံရတဲ့အခါ ရိုးသားစစ်မှန်မှု ကြီးကြီးမားမား ပြတယ်လို့ တွေးနေမိခဲ့တယ်။ အဲဒါက သူနဲ့ ပတ်သက်တဲ့ပြဿနာမဟုတ်ဘူးလို့ ခံစားခဲ့တယ်။ ကိုယ့်အယူအဆကို ပြောတော့မဲ့အချိန်မှာ အရင်ကျရှုံးမှုကနေ သင်ယူခဲ့ရတဲ့ သင်ခန်းစာကို သတိရမိသွားတယ်။ ဝမ်ဂျွမ်မှာ ပြဿနာရှိနိုင်တယ်လို့ ရှင်းယီက ပြောတော့ ကျွန်မက သမ္မာတရား မသိသလို၊ အဲဒီပြဿနာနဲ့ ပတ်သက်လို့ မသေချာတာနဲ့အမျှ၊ မာနထောင်လွှားပြီး ခေါင်းမာလို့ မဖြစ်ဘူးလေ။ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “လူတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှု ခံရန်နှင့် ဘုရားသခင်၏ ကျေးဇူးတော်များကို လက်ခံရရှိရန် ဆန္ဒရှိပါက မည်သည့် သဘောထားမျိုး ၎င်းတို့ ရှိရမည်နည်း။ ၎င်းတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်ရှေ့တွင် ရှာဖွေပြီး နာခံသည့် သဘောထား ရှိရမည်ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ အခြားသူများနှင့် ဆက်ဆံသည်ဖြစ်စေ၊ သို့မဟုတ် သင်ရင်ဆိုင်နေရသည့် အထူးပြဿနာတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၌ ရှာဖွေခြင်းနှင့် နာခံခြင်း သဘောထား ရှိရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) အခြေအနေကို အပြည့်အဝ နားမလည်ဘဲနဲ့၊ ညံ့ဖျင်းတဲ့ အလုပ်ရလဒ်တွေက ဝန်ဂျွမ်နဲ့ ဆက်နွှယ်ခြင်းရှိမရှိဆိုတာက ကြောင်းကျိူးမမြင်ဘဲ ကျွန်မ အကဲဖြတ်လို့ရတဲ့အရာ မဟုတ်ဘူး။ ကိစ္စတွေအပေါ် တကယ် သိနားလည်မှုရပြီး လူတိုင်းရဲ့ အကြံပြုချက်တွေကို နားထောင်ရမယ်၊ အဲဒီနောက် စည်းမျဉ်းအရ ဆုံးဖြတ်ချက်ချရမယ်။ နောက်ပိုင်းမှာ၊ လက်တွေ့ကျတဲ့ စုံစမ်းမေးမြန်းတာတွေ လုပ်ပြီး၊ တခြားအမှုဆောင်တွေနဲ့ ဆီလျော်တဲ့ သမ္မာတရားတွေကို မိတ်သဟာယပြုခြင်းအားဖြင့်၊ ဝန်ဂျွမ်မှာ မာနထောင်လွှားတဲ့၊ မကောင်းသလို၊ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားရှိတာ ကျွန်မ တွေ့ခဲ့တယ်။ သူ့နာမည်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့၊ တခြားလူတွေနဲ့ အလုပ်ဆွေးနွေးမှုတွေမှာ၊ တခြားလူတွေရဲ့ ရှုထောင့်အမြင်တွေကို တိတ်တိတ်လေး ချေပပြီး သူ့စကား နားထောင်စေဖို့ သူ့ရဲ့ အဆင့်မြင့်ပုံရတဲ့ အယူအဆတွေကို လေကြောရှည်ပြီး သူ့ရဲ့ အတတ်ပညာဆိုင်ရာ အသိကို အမြဲ ကြွားလုံးထုတ်တယ်။ သူအာဏာရှင်ဆန်တယ်လို့ သူတို့မပြောအောင်၊ အယောင်ဆောင် နှိမ့်ချမှုနဲ့ ပြောတတ်တယ်၊ “ကျွန်မမှန်လား မသေချာဘူး”ဒါမှမဟုတ် “ကျွန်မ မှန်ကောင်းမှန်မှာ မဟုတ်ပါဘူး”လို့ပေါ့။ သူလုပ်နေတာ သူသိတယ်လို့ လူတိုင်းကို ထင်သွားစေရင်း၊ ကြောင်းကျိုးမမြင်ဘဲ သူနဲ့ သဘောတူပြီး သူလုပ်စေချင်တာကို လုပ်စေရင်းနဲ့ပေါ့။ အကျိုးဆက်အနေနဲ့ သူတို့အလုပ်က အမြဲ ကြန့်ကြာပြီး ဘယ်ကိုမှ မရောက်နိုင်တော့ဘူး။ ဝန်ဂျွမ်က တခြားလူအားလုံးရဲ့ အယူအဆကို ရှာနေခဲ့ပုံပေါ်ပေမဲ့၊ သူ့စိတ်နှလုံးမှာတော့ သမ္မာတရားကို လုံးဝ လက်မခံခဲ့ဘူး။ သူ့ရဲ့ အာဏာရှင်ဆန်တဲ့ သဘာဝကို ဖုံးကွယ်ဖို့၊ တခြားလူတွေကို လှည့်စားပြီး ထိန်းချုပ်ဖို့နဲ့ သူ့ကို နားထောင်စေဖို့ ဟန်ဆောင်မျက်နှာဖုံး တပ်နေခဲ့တာပဲ။ နောက်ပိုင်းမှာ ကိုယ့်အလုပ်မှာ ဆုကျေးဇူးတွေအပေါ် မှီခိုခြင်းနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ကြတယ်။ အဲဒါက ဝမ်ဂျွမ်မှာ စည်းမျဉ်းတွေပေါ် သိနားလည်မှုမရှိခဲ့တာကို ပိုလို့တောင် ပြခဲ့တယ်။ ကြွားဝါဖို့ သူ့ရဲ့ စကားပြောကောင်းတာ၊ မှတ်ဉာဏ်ကောင်းတာ၊ အယူဝါဒ မှတ်မိတာတွေကိုပဲ သုံးနေခဲ့ပေမဲ့၊ တကယ်တော့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုမှ ရှိခဲ့တာ မဟုတ်ဘူး။ သူ့ရဲ့ အပြောင်းအလဲမရှိတဲ့ စွမ်းဆောင်မှုအရ၊ သူဟာ အန္တိခရစ် လမ်းကြောင်းပေါ်မှာ ရှိတာကို ကျွန်မတို့မြင်ခဲ့ကြပြီး၊ စည်းမျဉ်းတွေနဲ့အညီ ထုတ်ပယ်လိုက်ကြတယ်။ သူ အထုတ်ခံရပြီးတဲ့နောက်မှာ၊ အဖွဲ့အလုပ်မှာ စိတ်ကျဉ်းကျပ်တာတွေ မြန်မြန်ဆန်ဆန် ပြေလည်သွားပြီး သူတို့အလုပ်လည်း တိုးတက်သွားတယ်။

ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်မ တကယ် နားလည်လာတယ်။ ကိုယ့်တာဝန်မှာ သမ္မာတရား စည်းမျဉ်းတွေကို မရှာဖွေသလို၊ ကိုယ့်လုပ်ရပ်တွေမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားကိုပဲ မှီခိုတာက ကျွန်မတို့ မကောင်းမှု အချိန်မရွေး မကောင်းမှုလုပ်ပြီး ဘုရားကို ခုခံနိုင်သလို၊ ဒီလိုနဲ့ သူ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်တယ် ဆိုတဲ့ သဘောပဲ။ သမ္မာတရားကို ရှာဖွေခြင်းနဲ့ လူတွေနဲ့ ကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ရှုမြင်ခြင်းရဲ့ အရေးပါမှုကိုလည်း နားလည်လာတယ်။ ဒါဟာ မမှန်တဲ့အရာတွေကို လုပ်မိတာရှောင်ရှားဖို့နဲ့ ကိုယ့်တာဝန်မှာ ဘုရားကို စိတ်ကျေနပ်စေဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ ဘုရားကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဆုတ်ဆိုင်းမှုမှ သင်ယူခဲ့ရသည့်အရာ

စွတ်ဖန့် ကိုးရီးယားနိုင်ငံ ၂၀၁၄ မှာ ကျွန်တော်က အသင်းတော်အတွက် ဗီဒီယိုထုတ်လုပ်သူအဖြစ် လေ့ကျင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗီဒီယိုအသစ်တစ်ခုကို...

ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

ဧဝံဂေလိ ဝေမျှရင်း အခက်အခဲများကို ရင်ဆိုင်ရန်နည်းလမ်း

ကယ်လ်ဗင် ပီရူးနိုင်ငံ ပီရူးက မြို့ငယ်လေးမှာ ကျွန်တော် နေတယ်။ တစ်မိသားစုလုံးနဲ့ အဲဒီက တခြားရွာသား အများစုက ကက်သလစ်ဘာသင်တွေ ဖြစ်တယ်။ ဒါပေမဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။