အန္တိခရစ်တစ်ဦး၏ ဘက်တွင် ရပ်တည်လုနီး ဖြစ်ခဲ့သည်

12.03.2023

ဂျက်စီကာ ဖိလစ်ပိုင်နိုင်ငံ

၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ သုံးလကြာပြီးတဲ့နောက်မှာ မာဂျိုရီနဲ့ ကျွန်မတို့နှစ်ယောက်လုံး အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ မာဂျိုရီက ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ အရင်သုံးလမှာ လက်ခံခဲ့တာဖြစ်ပြီး၊ အသင်းတော်တစ်ခုတည်းမှာ မရှိပေမဲ့၊ လုပ်ဖော်ကိုင်ဖက် စုဝေးပွဲ အတူတက်ပြီး အသင်းတော်အလုပ်ကို ဆွေးနွေးကြတယ်။ တစ်ခါ၊ စုဝေးပွဲတစ်ခုအတောအတွင်းမှာ၊ မာဂျိုရီက သူ့မှာရှိတဲ့ အတွေ့အကြုံအကြောင်း ပြောတယ်။ သူ နေမကောင်းဖြစ်ခဲ့ပေမဲ့ သူ့တာဝန်ကို ဆက်လုပ်ခဲ့တယ်တဲ့။ သူ့ယောက်ျားက သူ့ကို ဖိနှိပ်ပေမဲ့၊ အပျက်သဘောဆောင်မလာခဲ့ဘူး၊ နောက်မတွန့်ခဲ့ဘူး။ သူ့ကို ကျွန်မ တကယ်လေးစားမိသလို၊ သူ့မှာ ဝိညာဉ်ရင့်ကျက်မှုကောင်းရှိတယ်လို့ တွေးမိတယ်။ အလားတူ အခြေအနေမှာ ကျွန်မ ရှိခဲ့မယ်ဆိုရင်၊ အဲဒါက ကျွန်မရဲ့တာဝန် လုပ်နိုင်စွမ်းကို လွမ်းမိုးခဲ့မှာပဲ။ သူ့ကို ကျွန်မ တကယ် အကောင်းမြင်ခဲ့တယ်။ သူ့တာဝန်မှာ ဝန်တာထားပြီး သူ့ယောက်ျားက ဖိနှိပ်နေချိန်မှာတောင် လက်မလျှော့ခဲ့ဘူး။ ဒါက သူဟာ သမ္မာတရားကို လက်တွေ့လုပ်ပြီး ဘုရားရဲ့ ချီးကျူးတာ ခံရတဲ့လူစားမျိုးဖြစ်မှန်း ပြတာပဲလို့ တွေးမိတယ်။ နောက်ပိုင်းမှာ၊ အသင်းတော်သစ် ပေါ်လာပြီး မာဂျိုရီနဲ့ ကျွန်မ လမ်းခွဲရတယ်။

ငါးလကြာပြီးတော့၊ တစ်ရက်မှာ၊ ကျွန်မတို့ ကြီးကြပ်ရေးမှူးဖြစ်တဲ့ မာရီယာက group chat မှာ စာတစ်ခု တင်ထားတယ်။ အဲဒီည ကျွန်မတို့ စုဝေးပွဲမှာ အန္တိခရစ်တွေကို ဘယ်လိုပိုင်းခြားရမယ်ဆိုတာ ဆွေးနွေးကြမယ်တဲ့။ ပြီးတော့ သူက မာဂျိုရီ ဖေ့ဘွတ်ခ်ပေ့ချ် ဆီသွားတဲ့ လင့်ခ်တစ်ခုပို့လိုက်ပြီး၊ သူက အန္တိခရစ်ဖြစ်လို့ သူနဲ့ အဆက်အဆံမလုပ်ကြဖို့ ပြောတယ်။ ကျွန်မ အံ့အားသင့်သွားတယ်။ မာဂျိုရီက အန္တိခရစ်ဖြစ်တာ ကျွန်မ ယုံကိုမယုံနိုင်ခဲ့ဘူး။ သူ့တာဝန်နဲ့ ပတ်သက်လို့ စိတ်ပြင်းပြပုံ၊ စတေးတာတွေ လုပ်နိုင်ခဲ့ပုံ၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ဆင်းရဲဒုက္ခ ကြုံနိုင်ခဲ့ပုံတွေကို တွေးမိတယ်။ နာမကျန်းဖြစ်ပြီး မိသားစုဆီက ဖိနှိပ်မှုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတောင် သူ့တာဝန်ကို ဆက်လုပ်နိုင်ခဲ့တယ်။ အဲဒီလို သမ္မာတရားကို ရှာဖွေနိုင်ခဲ့သူတစ်ယောက်က တကယ် အန္တိခရစ်ဖြစ်နိုင်ပါ့မလား။ မာရီယာက အမှားလုပ်မိတာပဲ ဖြစ်ရမယ်ပေါ့။ ဒါအမှန်ဆိုတာကို မယုံနိုင်ခဲ့တာ။ ကြီးကြပ်ရေးမှူးက စာနောက်တစ်စောင် ပို့တယ်။ မာဂျိုရီအားဖြင့် အနှောင့်ယှက်မခံရဖို့၊ လှည့်ဖြားမခံရဖို့ သူ့ကို ဖေ့စ်ဘုတ်မှာ ကျွန်မ ဘလော့ခ်မယ်လို့ မျှော်လင့်တယ်တဲ့။ ကျွန်မ အဲဒါကို နည်းနည်း လက်ခံရခက်ခဲ့တယ်။ မာဂျိုရီကို အဲဒီလို ဆက်ဆံတာ မမျှတဘူးလို့ ထင်ရတယ်လေ။ သူက သူ့တာဝန်မှာ စိတ်ပြင်းပြပြီး ထက်သန်သလို၊ အရင်တုန်းက ကျွန်မကိုတောင် အားပေးပြီး ကူညီခဲ့တာလေ။ သူနဲ့ပတ်သက်လို့ ဘာဖြစ်ခဲ့မှန်း၊ ဘာလို့ သူက အန္တိခရစ်အဖြစ် ယူဆခံရမှန်း မသိခဲ့ဘူး။ တကယ် စိတ်ရှုပ်ထွေးပြီး ဝမ်းနည်းမိသလို၊ သူ့ကို မဘလော့ချင်ခဲ့ဘူး။ ဒါကြောင့် ပြောလိုက်တယ်။ “မာဂျိုရီက အန္တိခရစ်မဟုတ်ပါဘူး။ သူ့မှာ အယူအဆတချို့ ရှိရုံလေးပါ။ သူ့ကို ဘလော့ဖို့ မလိုအပ်ပါဘူး။ ကိစ္စတွေကို သူ့ရဲ့ ရှုထောင့်အမြင်ကနေ မြင်ပြီး သူဘယ်လို ခံစားရတယ်ဆိုတာကို စိတ်ကူးကြည့်ဖို့ ကြိုးစားပါ”လို့ပေါ့။ အဲဒီတုန်းက ကြီးကြပ်ရေးမှူးက ကျွန်မကို မိတ်သဟာယပြုခဲ့ပေမဲ့၊ ကျွန်မ လက်ခံမနေခဲ့ဘူး။ အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ သက်သေခံချက် ဗီဒီယိုကုလည်း ပို့ပေးပြီး တစ်ချက်ကြည့်ဖို့ပြောတယ်။ အဲဒီဗီဒီယိုက ကျွန်မအတွက် အထောက်အကူပြုမယ်တဲ့။ ဒါပေမဲ့ ကျွန်မက လျစ်လျူရှုလိုက်တယ်။ အဲဒီနောက်မှာ၊ ဘာဖြစ်ခဲ့တယ်ဆိုတာ မေးဖို့ မာဂျိုရီဆီကို ကျွန်မ စာပို့တယ်။ မာဂျိုရီက ပြောတယ်။ “ကျွန်မက အယူအဆတချို့ ဖြန့်နေလို့ အုပ်စုလိုက်စကားဝိုင်းကနေ ဖယ်ရှားခံရပြီး လူတိုင်းက ကျွန်မကို ဘလော့ခ်ထားကြတယ်။ အဲဒါ ကျွန်မအတွက် တကယ် နာကျင်စရာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ရှင်းပြဖို့ မလိုဘူး၊ ဘုရားက ကျွန်မလုပ်ရပ်ကို ကြည့်ရှုစစ်ဆေးလိမ့်မယ်။ ရှင်တို့လည်း ကျွန်မကို ပိုင်းခြားနေကြတာလား။ ကျွန်မ တကယ် စိတ်ဓာတ်ကျတယ်။ လူတိုင်းက ကျွန်မကို ပိုင်းခြားပြီး စွန့်ပစ်နေကြတယ်”တဲ့။ ကြီးကြပ်ရေးမှူးနဲ့ ပတ်သက်လို့ သူ ဘယ်လိုမကျေမနပ်ဖြစ်တယ်ဆိုတာကိုလည်း အများကြီးပြောတယ်။ သူပြောတာကြားပြီးတော့ ကျွန်မလည်း ကြီးကြပ်ရေးမှူးအပေါ် အမြင်စောင်းခဲ့တယ်။ ကိစ္စတွေကို သူ မျှမျှတတ ကိုင်တွယ်မနေဘူးလို့ တွေးမိတယ်။ မာဂျိုရီမှာ အယူအဆ၊ ပြဿနာတချို့ ရှိခဲ့ရင်၊ သူ့ကို ကူညီပြီး မိတ်သဟာယပြုသင့်တယ်၊ ချက်ချင်း သူ့ကို အန္တိခရစ်အနေနဲ့ မဖယ်ကြဉ်သင့်ဘူးလို့ပေါ့။ အန္တိခရစ်တွေကို ပိုင်းခြားသိမြင်ခြင်းနဲ့ ပတ်သက်တဲ့ အဲဒီည စုဝေးပွဲမှာတော့ ကျွန်မ မတက်ခဲ့သလို၊ အဲဒီအစား သွားအိပ်နေလိုက်တယ်။ ကျွန်မ တော်တော် စိတ်ပျက်မိပြီး အခြေအနေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမှန်း မသိခဲ့ဘူး။ ဘုရားဆီကနေ လမ်းလွဲမသွားချင်သလို အဲဒီအခြေအနေမျိုးမှာ အသက်မရှင်ချင်လို့ မအိပ်ခင် ကျွန်မ ဆုတောင်းတယ်။ ဒီအရာအားလုံးမှာ သူ့အလိုတော်ကို နားလည်နိုင်အောင် ဉာဏ်အလင်းပေးဖို့ ဘုရားကို တောင်းလျှောက်ခဲ့တယ်။

နောက်နေ့မနက်မှာ၊ အများကြီး ပိုစိတ်အေးချမ်းရတယ်။ အရင်ညက မိတ်သဟာယ အကြောင်းအရာကို ကြည့်ပြီး၊ ကြီးကြပ်ရေးမှူးနဲ့ မာဂျိုရီတို့ကြားက စကားစမြည်ပြောတဲ့ ဗီဒီယိုအပိုင်းတစ်ခုကို အမှတ်မထင်တွေ့မိတယ်။ မာဂျိုရီက ပြောတယ်။ “ဘုရားက လူ့ဇာတိခံယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်မတို့ ညီအစ်ကို မောင်နှမတွေထဲမှာ ဘယ်သူက ဘုရားကို မြင်ဖူးလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျမ်းစာနဲ့ မကိုက်ဘူး၊ ကျမ်းစာကို ကျော်လွန်တယ်”တဲ့။ ဒီအရာတွေကို မာဂျို့ရီပြောတာ မြင်ရတော့ ကျွန်မ အံ့အားသင့်သွားတယ်။ သူက အကြောင်းမဲ့သက်သက် အယူအဆတွေကို ဖြန့်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကိုတောင် မယုံကြည်ဘူးပဲ။ အဲဒီအခါမှ ကျွန်မ သဘောပေါက်သွားတယ်။ မာဂျိုရီက ဘာလို့ အန္တိခရစ်အနေနဲ့ ယူဆခံခဲ့ရလဲဆိုတဲ့ အကြောင်းရင်းကို ကျွန်မ တကယ် နားမလည်ခဲ့သလို၊ သူ့အပြုအမူတွေကို တကယ် မစစ်ဆေးခဲ့ဘူး ဆိုတာကိုပေါ့။ ကျွန်မရဲ့ ကိုယ်ပိုင်ထင်မြင်ချက်ပေါ်မှာပဲ အခြေခံပြီး သူဟာ အန္တိခရစ်မဖြစ်နိုင်ဘူးလို့ပဲ ကောက်ချက်ချခဲ့တယ်။ အရမ်း ကြောင်းကျိုးမမြင်၊ မသိနားမလည်ခဲ့တာပဲ။ ဒီလိုပြောတားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “အချို့လူတို့သည် အခက်အခဲများကို သည်းခံနိုင်ခြင်း၊ အဖိုးအခကို ပေးနိုင်ခြင်း၊ အပြင်ပန်းတွင် အလွန်ဣန္ဒြေရခြင်း၊ ကောင်းစွာ လေးစားခံရခြင်း ရှိကြပြီး အခြားသူများ၏ လေးစားမှုကို အကျိုးခံစားကြသည်။ ဤကဲ့သို့ အပြင်ပန်း အပြုအမူမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အဖြစ် ယူဆနိုင်သည်ဟု သင်တို့ဆိုမည်လော။ လူတစ်ဦးက ဤသို့သော လူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေသည်ဟု ဆုံးဖြတ်နိုင်သလော။ လူတို့သည် ဤကဲ့သို့ လူပုဂ္ဂိုလ်မျိုးကို မြင်ရပြီး ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လမ်းကြောင်းကို လျှောက်လှမ်းကြသည်၊ ဘုရားသခင်၏ လမ်းအတိုင်း သွားကြသည်ဟု ကြိမ်ဖန်များစွာ ထင်ကြသည်မှာ အဘယ်ကြောင့်နည်း။ လူအချို့သည် အဘယ်ကြောင့် ဤကဲ့သို့ တွေးကြသနည်း။ ၎င်းအတွက် ရှင်းပြချက် တစ်ခုသာ ရှိသည်။ ယင်းမှာ မည်သည့်ရှင်းပြချက်နည်း။ ယင်းမှာ မြောက်မြားစွာသော လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေခြင်းနှင့်၊ သမ္မာတရား စစ်မှန်မှု အမှန်တကယ်ရှိခြင်းမှာ အဘယ်နည်း ဟူသော မေးခွန်းတချို့က သိပ်မရှင်းလင်းခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ လှည့်စားခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ ကျမ်းဟောင်းတရားများ နှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိ မရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင်၊ ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူ့သဘာဝ၏အနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် သိကျွမ်းလာသည့် ပထမခြေလှမ်းမှစတင်ကာ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ စိတ်ထဲတွင်ကား သူတို့ဆည်းကပ်သော ကိုးကွယ်ရာ ပုဂ္ဂိုလ်များ၊ ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်နိုင်ကြသည်ဟု သူတို့ ယုံကြည်သောသူများနှင့် အပေါ်ယံတွင် အဖိုးအခပေးနိုင်ဟန်ရှိသောသူများ၊ ထိုပုဂ္ဂိုလ်များမှာ ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများနှင့် အဆုံးသတ်ကောင်းများနှင့် ခရီးဆုံး ပန်းတိုင်ကောင်းများကို အမှန်တကယ် ရရှိနိုင်သောသူများပင် ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲတွင်မူ ဤကိုးကွယ်ရာ ပုဂ္ဂိုလ်များမှာ ဘုရားသခင် ချီးမွမ်းသောသူများ ဖြစ်ကြသည်။ ထိုသို့သောအရာကို သူတို့ အဘယ်ကြောင့် ယုံကြည်ရသနည်း။ ဤအရေးကိစ္စ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းက ဖြစ်စေနိုင်သော အကျိုးဆက်များမှာ အဘယ်နည်း။...ဤအရာ၏ တိုက်ရိုက် အကျိုးဆက်မှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် လူ၏ ကောင်းသောအပြုအမူကို အစားထိုးသည့် အရာတစ်ခုအဖြစ် အသုံးပြုကြသည်၊ ၎င်းက ဘုရားသခင်ထံ မျက်နှာလိုမျက်နှာရလုပ်ရန် လူတို့၏ လိုအင်ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်။ ဤအရာက သူတို့အား သမ္မာတရားနှင့် ဆန့်ကျင်ရန် အသာစီးရစေပြီး ယင်းကို လူတို့က ဘုရားအား အကြောင်းပြချက်ပေးပြီး ယှဉ်ပြိုင်ရန် အတွက်လည်း အသုံးပြုကြသည်။ တစ်ချိန်တည်းတွင် လူတို့သည် ဘုရားသခင်ကို မရိုးမဖြောင့်စွာဖြင့် ဘေးဖယ်ထားပြီး ၎င်းတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များကို ဘုရားသခင်၏ နေရာ၌ ထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့၊ စသုံးသပ်မိတယ်။ ကျွန်မက လူတွေကို သူတို့ရဲ့ အပြင်ပန်း အပြုအမူအားဖြင့် အမြဲ ဝေဖန်ခဲ့တယ်။ စတေးတာတွေ လုပ်တဲ့သူ၊ ဆင်းရဲဒုက္ခကို သည်းခံပြီး အဖိုးအခပေးဆပ်သူတွေက သမ္မာတရားကို ရှာဖွေပြီး ဘုရားကို ချစ်တဲ့သူတွေပဲလို့ တွေးရင်းနဲ့ပေါ့။ ဒါပေမဲ့ တရားစီရင်ခြင်းနဲ့ဆိုင်တဲ့ ဒီစံနှုန်းက သမ္မာတရားနဲ့ မကိုက်သလို၊ လူတွေရဲ့ အပြင်ပန်း အပြုအမူအားဖြင့် လှည့်ဖြားတာ ခံရစေခဲ့တယ်။ တရားစရပ်တွေမှာ ဖာရိရှဲတွေက ကျမ်းစာကို လူတွေဆီ မကြာခဏ ရှင်းပြခဲ့ကြပုံကို ကျွန်မ တွေးမိတယ်။ အပြင်ပန်းအရ၊ သူတို့က ဘုရားတရား ကိုင်းရှိုင်းပြီး ဆင်းရဲဒုက္ခသည်းခံသလို စတေးတာတွေလုပ်ပြီး ကောင်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်ပုံရပေမဲ့၊ သခင်ယေရှုက သူ့အမှုတော်ကို ပြုဖို့ ကြွလာချိန်မှာ၊ သူတို့က မရှာဖွေ၊ မစစ်ဆေးခဲ့ကြဘဲ၊ အဲဒီအစား သူ့ကို အကြောင်းမဲ့သက်သက် သူ့ကို ခုခံ၊ ရှုတ်ချနေခဲ့ကြပြီး၊ နောက်ဆုံးမှာ သူ့ကို ကားတိုင်မှာ သံမှိုရိုက်နှက်ခဲ့ကြတယ်။ ဒီအရာကနေ၊ အပြင်ပန်းအရ အပြုအမူကောင်း ပြသူတွေဟာ သေချာပေါက် လူကောင်းတွေ မဟုတ်မှန်း သဘောပေါက်မိတယ်။ ဘုရားကို ကျိုးနွံနာခံတဲ့သူ၊ သမ္မာတရားကို ချစ်ပြီး လက်ခံသူတွေပဲ တကယ် လူကောင်းတွေပဲဖြစ်တယ်။ သမ္မာတရားကို မချစ်သလို လုံးဝ လက်မခံကြသူတွေကတော့ အပြင်ပန်းအရ ကောင်းတာတွေ လုပ်ရင်တောင်၊ မှားယွင်းစွာနဲ့ ဘုရားတရား ကိုင်းရှိုင်းနေကြတာပဲ။ အပြင်ပန်းအရ၊ မာဂျိုရီက ဆင်းရဲဒုက္ခတချို့ကို သည်းခံနိုင်ပြီး အဖိုးအခပေးနိုင်ပေမဲ့၊ စိတ်ထဲမှာ သူက သမ္မာတရားကို ငြီးငွေ့ပြီး ဘုရားကို မုန်းတယ်။ ဘုရားကို လူသိရှင်ကြားတောင် ဝေဖန်ပြီး ငြင်းပယ်ခဲ့တာပဲ။ စာတန်ရဲ့ အမျိုးတစ်ယောက်ပဲ။ ဒါပေမဲ့ အပြင်ပန်းအရ ဆင်းရဲဒုက္ခကို သူ သည်းခံပြီး စတေးတာတွေ လုပ်ပုံကိုပဲ ကျွန်မ မြင်ခဲ့တယ်။ ဒါကြောင့် ကိုယ့်အယူအဆရ သူဟာ သမ္မာတရားကို ရှာတယ်၊ တာဝန်ယူတတ်ပြီး သူ့တာဝန်မှာ ဆက်ကပ်သလို အန္တိခရစ် ဖြစ်နိုင်ချေ မရှိဘူးလို့ ယုံကြည်ခဲ့တယ်။ ကြီးကြပ်ရေးမှူးက ကျွန်မတို့ကို ချင့်ချိန်နိုင်စွမ်းကို လက်တွေ့လုပ်ပြီး မာဂျိုရီကို ဘလော့ဖို့ ခိုင်းတဲ့အခါ၊ သူ့အပေါ်တောင် အမြင်စောင်းလာခဲ့ပြီး ကိုယ့်တာဝန်ကို မလုပ်ချင်ခဲ့ဘူး။ မာဂျိုရီအပေါ် ချင့်ချိန်နိုင်စွမ်း နည်းနည်းမှ မရှိခဲ့သလို၊ အကျိုးဆက်အနေနဲ့ လှည့်ဖြားခံခဲ့ရတယ်။ တကယ် မိုက်မဲခဲ့တာပဲ။

နောက်တစ်နေ့မှာ၊ မာဂျိုရီက ဖေ့စ်ဘုတ်မှာ ကောလာဟလနဲ့ အတွေးမှားတွေ ဖြန့်နေတာ တွေ့ရတယ်။ ကျွန်မတို့ အသင်းတော်က ဘုရားကို မဟုတ်ဘဲ၊ လူသက်သက်နောက် လိုက်နေတာတဲ့။ အသင်းတော်ကို သူ အသရေဖျက်ပုံကို မြင်တော့၊ သူ့ကို ဘလော့ပြီး ခါးခါးသီးသီး မငြင်းခဲ့သလို၊ ခုတောင် ခုခံပေးဖို့ ကြိုးစားခဲ့တာကို ကျွန်မ တကယ် နောင်တရမိတယ်။ ဒါကြောင့် သူ့ကို ဒီအရာတွေကို ဘာလို့ လုပ်နေတာလဲလို့ မေးပြီး စာပို့လိုက်တယ်။ မာဂျိုရီက ပြန်ဖြေပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်သလို၊ အသင်းတော်ကို စွန့်ဖို့တောင် တိုက်တွန်းခဲ့တယ်။ ကျွန်မသူ့ကို လျစ်လျူရှုလိုက်တယ်။ နှစ်လကြာပြီးတဲ့နောက်မှာ၊ မာဂျိုရီက ကြီးကြပ်ရေးမှူးကို အသင်းတော်ကို အသရေဖျက်ပြီး ရှုတ်ချတဲ့ စာတွေပို့ခဲ့ပြီး၊ လူသစ်တွေဆီကို အသရေဖျက်တဲ့ ဗီဒီယိုတွေ ပို့မယ်လို့တောင် ပြောခဲ့တယ်လို့ ကြီးကြပ်ရေးမှူးဆီကနေ ကျွန်မ သိခဲ့ရတယ်။ အုပ်စုလိုက်စကားဝိုင်းမှာလည်း ဘုရားရဲ့ အမှုတော်နဲ့ ပတ်သက်လို့ သူ့စိတ်ကူးတွေ အများကြီးကိုလည်း ဖြန့်တယ်။ မာဂျိုရီရဲ့ အန်တီလည်း အယူအဆတွေ ဖြစ်ပြီး အသင်းတော်ကို စွန့်သွားတယ်။ မာဂျိုရီက လူတွေကို လှည့်ဖြားဖို့ အယူအဆတွေ ဖြန့်တာဟာ စစ်မှန်တဲ့ လမ်းခရီးကို သိပေမဲ့ သိသိသာသာကို ခုခံနေတာပဲ။ အဲဒါ တကယ်ဆိုးရွားတဲ့ ပုန်ကန်ပြစ်မှားမှုပဲ။ သူက အန္တိခရစ်တစ်ယောက်ပဲ။ မာဂျိုရီရဲ့ အပြုအမူကတစ်ဆင့် သူ့မှာ ဘုရားရဲ့ အမှုတော်နဲ့ပတ်သက်လို့ အယူအဆတွေရှိပေမဲ့ အဲဒါတွေကို သမ္မာတရား ရှာဖွေခြင်းအားဖြင့် ဖြေရှင်းဖို့ မကြိုးစားခဲ့တာ ကျွန်မ မြင်နိုင်ခဲ့တယ်။ ကောလာဟလတွေနဲ့ အတွေးမှားတွေကိုတောင် ဖြန့်တယ်၊ ဘုရားကို ပြစ်မှားစော်ကားတယ်၊ အသင်းတော်ကို အသရေဖျက်ပြီး၊ ဘုရားကို ငြင်းပယ်ပြီး ဘုရားဆီက လမ်းလွဲအောင် ညီအစ်ကို မောင်နှမတွေကို လှည့်ဖြားခဲ့တယ်။ မာဂျိုရီက ဘုရားကို ငြင်းပယ်၊ ဘုရားဆီက လမ်းလွဲအောင် လူတွေကို လှည့်ဖြားတဲ့ မရိုးသားတဲ့ ဝံပုလေတစ်ကောင်လို တကယ် စိတ်မချရသလို၊ လှည့်ဖြားတတ်တယ်လို့ တွေးမိတယ်။ သူက ညီအစ်ကို မောင်နှမတွေအတွက် တကယ်ကို အရမ်း အန္တရာယ်များတယ်။ နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်ကို အမှတ်မထင် တွေ့မိတယ်။ “ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ပယ်ထုတ်ရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်- အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် သေချာပေါက် ပယ်ထုတ်ခြင်းခံရသည့်သူများဖြစ်သည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော စိတ်နှလုံးများနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရား၏ အောင်လံလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ လှည့်စားရင်းနေရာတကာ အထိန်းအကွပ်မဲ့၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ ပို၍ပင် တင်းကျပ်သော စံနှုန်းများရှိသည်မဟုတ်လော။ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များပို၍ပင်ရှိသည်မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့်၊ သဘောပေါက်မိတယ်။ အယူအဆတွေ အမြဲ ဖြန့်တဲ့သူ၊ အပျက်သဘောဆောင်တဲ့ မျိုးစေ့ကြဲပြီး အသင်းတော်ကို နှောင့်ယှက်သူတွေဟာ စာတန်ရဲ့ လက်ပါးစေတွေဆိုတာပဲ။ သူတို့က သမ္မာတရားကို မချစ်သလို၊ သူတို့ စိတ်နှလုံးတွေမှာ ဘုရားအပေါ် ကြောက်ရွံ့မှု တစ်စက်မှ မရှိကြဘူး။ အုပ်စုတွေဖွဲ့ပြီး သဘောကွဲလွဲမှုတွေ ဖြစ်စေသူတွေ၊ ဘုရားကို ငြင်းပယ်၊ ပြစ်မှားစော်ကားရင်း အယူအဆတွေနဲ့ ကောလာဟလတွေ ဖြန့်သူတွေအားလုံးက မကောင်းဆိုးဝါးတွေဖြစ်ပြီး၊ ဘုရားရဲ့ ထုတ်ပယ်၊ အပြစ်ပေးတာကို အားလုံး ခံကြရမှာပဲ။ ကောလာဟလကြောင့် လမ်းလွဲပြီး မကောင်းမှုပြုသူ၊ အန္တိခရစ်တွေနဲ့ ရပ်တည်သူတွေက အန္တိခရစ်တွေကို မငြင်းပယ်ရင် သူတို့လည်း ထုတ်ပယ်ခံရမယ်။ မာဂျိုရီက ဘုရားနှုတ်ကပတ်တော် မဖတ်ဘူး၊ သူ့အယူအဆတွေကို ဖြေရှင်းဖို့ သမ္မာတရား မရှာသလို၊ တခြား ညီအစ်ကို မောင်နှမတွေနဲ့လည်း မရှာဖွေဘူး။ အဲဒီအစား ဘုရားကို မေးခွန်းထုတ်ပြီး ငြင်းပယ်ခဲ့သလို၊ ဘုရားကို ပွင့်ပွင့်လင်းလင်း ဝေဖန်၊ ပြစ်မှားစော်ကားရင်းနဲ့ အယူအဆတွေ ဖြန့်တယ်။ သဘောကွဲလွဲမှု မျိုးစေ့ချပြီး တခြားညီအစ်ကို မောင်နှမတွေကို သူ့ဘက်ရပ်အောင် လှည့်ဖြားရင်း၊ ကြီးကြပ်ရေးမှူးတွေအပေါ် အမြင်စောင်းတာတွေ ဖြစ်စေရင်းနဲ့ သူတို့ကို ချောဆွဲတယ်၊ အဲဒါက အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ မာဂျိုရီက တကယ် ဆိုးယုတ်ခဲ့တာပဲ။ သူ့အနှစ်သာရက သမ္မာတရား မုန်းတဲ့၊ ဘုရားကို မုန်းတဲ့ အန္တိခရစ်ရဲ့ အနှစ်သာရပဲ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြခြင်းကြောင့် မဟုတ်ရင်၊ သူနဲ့ ရပ်တည်ပြီး ဘုရားကို ကိုယ့်ရန်သူလို သဘောထားအောင် လှည့်စားခံခဲ့ရမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရွတ်ခြင်းနဲ့ အန္တိခရစ်တွေအပေါ် ချင့်ချိန်နိုင်စွမ်းနဲ့ ပတ်သက်လို့ မိတ်သဟာယပြုခြင်းရဲ့ ရည်ရွယ်ချက်က ညီအစ်ကို မောင်နှမတွေက အန္တိခရစ်တွေအားဖြင့် အနှောင့်အယှက်မဖြစ်သလို လှည့်ဖြားမခံရအောင်လို့ သမ္မာတရား နားလည်ပြီး ချင့်ချိန်နိုင်စွမ်း ရရှိအောင် ကူညီဖို့ဖြစ်မှန်းလည်း သဘောပေါက်မိတယ်။ အသင်းတော်ကနေ အန္တိခရစ်တွေကို နှင်ထုတ်တာက ဘုရားရွေးချယ်ထားသူတွေကို ကာကွယ်ဖို့ လုပ်တာပဲ။ ခေါင်းဆောင်ဖြစ်ပေမဲ့၊ ဒီအန္တိခရစ်အပေါ် ချင့်ချိန်နိုင်စွမ်း ကျွန်မ မရှိခဲ့သလို၊ သူ့အလိမ်အညာတွေကို ယုံကြည်ခဲ့တယ်။ သူ့ဖက်မှာတောင် ရပ်တည်ပြီး ခုခံကာကွယ်ပေးခဲ့တယ်။ ကျွန်မ စာတန်ရဲ့ ကြံရာပါဖြစ်လာတာ မြင်ရတယ်။ အန္တိခရစ်ကို စာနာခဲ့တယ်၊ ကာကွယ်ပေးပြီး မေတ္တာ ပြခဲ့တယ်။ ဒါက ဘုရားရွေးချယ်ထားသူတွေပေါ် ရက်စက်မှု လုပ်ရပ်တစ်ခုပဲ။ ကျွန်မ မိုက်မဲခဲ့ပုံကို သဘောပေါက်မိပြီး တကယ် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မိတယ်။ ဒါကြောင့် နောင်တရပြီး ဘုရားရဲ့ ခွင့်လွတ်ခြင်းကို တောင်းလျှောက်ရင်း ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ကိုလာတယ်။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်။ “လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အယူအဆများ သိုထားသော်လည်း၊ သူ့ကို နာခံရန် အဆင်သင့်ရှိပြီး လိုလားနေသူများသည် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို သူ၏အတွေးများနှင့် စိတ်ကူးများအတွက် ဘယ်သောခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ၊ လူသား၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များပေါ် အခြေခံ၍ ပြစ်တင်ရှုတ်ချလေသည်။ အကယ်၍သာ သူသည် လူသား၏ ၎င်း၏ အတွေးများနှင့် စိတ်ကူးများပေါ် အခြေခံ၍ စီရင်မည်ဆိုပါက၊ လူတစ်ဦးမျှ ဘုရားသခင်၏ အမျက်ဒေါသနှင့်ပြည့်သော လက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်ကို တမင် ဆန့်ကျင်သော သူတို့သည် ၎င်းတို့၏ မနာခံမှုအတွက် အပြစ်ဒဏ်ပေးခံကြရမည် ဖြစ်သည်။ ဘုရားသခင်ကို တမင် ဆန့်ကျင်သောသူတို့နှင့် စပ်လျဉ်း၍၊ ၎င်းတို့၏ ဆန့်ကျင်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားသည့်အချက်မှ အစပြု၏၊ ယင်းကတစ်ဆင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်သည့် လုပ်ရပ်များသို့ ၎င်းတို့ကို သွေးဆောင်လေသည်။ ဤလူများသည် ဘုရားသခင်၏အမှုကို တမင်သက်သက် ခုခံကာ ဖျက်ဆီးကြလေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်သာ မဟုတ်ဘဲ၊ သူ၏အမှုကို နှောင့်ယှက်သည့် လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ပတ်သက်ကြကာ၊ ဤအကြောင်းကြောင့် ဤလူစားမျိုးများသည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေက ရှင်းတယ်။ ဘုရားက လူတွေကို သူတို့ရဲ့ အနှစ်သာရနဲ့ သမ္မာတရားအပေါ် သူတို့ သဘောထားပေါ် အခြေခံပြီး တရားစီရင်တယ်။ လူတချို့က ဘုရားအမှုတော်အပေါ် အယူအဆတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ သမ္မာတရားကို ရှာပြီး အယူအဆတွေ ဘေးဖယ်ထားနိုင်ရင် ဘုရားက သူတို့ကို ရှုတ်ချမှာ မဟုတ်ဘူး။ လူ့ဇာတိခံ ဘုရားနဲ့ ပတ်သက်လို့ အမြဲ အယူအဆတွေ ရှိကြသူတွေ၊ သမ္မာတရားကို လက်မခံသလို၊ ဘုရားကို မေးခွန်းတောင်ထုတ်ပြီး ငြင်းပယ်သူတွေအားလုံးက သူတို့ရဲ့ အပြင်ပန်း အပြုအမူ ဘယ်လိုပဲ ကောင်းပါစေ၊ ဘုရားရဲ့ ရန်သူတွေနဲ့ အန္တိခရစ်တွေဖြစ်တယ်။ အဲဒီလိုလူတွေကို ဘုရားက ရှုတ်ချပြီး ထုတ်ပယ်တယ်။ လူတွေရဲ့ အပြင်ပန်း အပြုအမူကိုပဲ ကျွန်မ စဉ်းစားလေ့ရှိခဲ့မှန်းကိုလည်း။ မာဂျိုရီက စိတ်ပြင်းပြတယ်၊ စတေးမှုတွေလုပ်တယ်၊ သူ့ကိုယ်သူ အသုံးခံပြီး၊ အသင်းတော် ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ ဘုရားကို ဆက်ကပ်မှုရှိပြီး သမ္မာတရား ရှာဖွေသူ ဖြစ်ရမယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ သူ့အနှစ်သာရ၊ ဒါမှမဟုတ် ဘုရားနဲ့ဘ သမ္မာတရားအပေါ် သူ့ သဘောထားကို မစဉ်းစားခဲ့ဘူး။ မာဂျိုရီမှာ ဘုရားရဲ့ အမှုတော်နဲ့ ပတ်သက်လို့ အယူအဆတချို့ ရှိခဲ့ပြီး၊ တခြား ညီအစ်ကို မောင်နှမတွေဆီက မိတ်သဟာယကို လက်မခံခဲ့ဘူး။ သူ့အယူအဆတွေကိုလည်း ဖြန့်ပြီး လူ့ဇာတိခံ ဘုရားသခင်ကို လူသိရှင်ကြား ငြင်းပယ်တယ်။ သူ့ အနှစ်သာရက ဘုရားကို မုန်းပြီး သမ္မာတရားကို မုန်းတာပဲ။ အန္တိခရစ်တစ်ယောက်ပေါ့။ မာဂျိုရီရဲ့ အပြင်ပန်း အရိပ်အယောင်တွေရဲ့ လှည့်စားတာ ခံခဲ့ရပြီး အန္တိခရစ်ဘက်မှာ ကျွန်မ ရပ်တည်ခဲ့တယ်။ ချင့်ချိန်နိုင်စွမ်း တကယ်မဲ့ခဲ့တာ။ အဲဒီအခါမှပဲ လူတွေနဲ့ ကိစ္စတွေကို လူတွေရဲ့ အပြင်ပန်း အပြုအမူတွေနဲ့ပဲ မဟုတ်ဘဲ၊ ဘုရားရဲ့ နှုတ်ကပတ်တော်၊ သမ္မာတရား စည်းမျဉ်းတွေနဲ့ အကဲဖြတ်ရမယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။

အဲဒီနောက်မှာ ဒီလိုပြောတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေ့တယ်။ “ဘုရားသခင်သည် နှောင့်ယှက်သူများနှင့် မွှေနှောက်သူများ၊ အန္တိခရစ်များ၊ ဝိညာဉ်ဆိုးများ၊ ဆိုးယုတ်သော လူများ၊ ယုံကြည်ခြင်း မရှိသူများ၊ သူ့ကို အမှန်တကယ် မယုံကြည်ကြသောသူများနှင့် အစေခံမှုကိုပင် မပေးနိုင်သောသူတို့ကို ဖယ်ရှားပစ်ရင်း အသင်းတော်ကို သန့်စင်နေသည်။ ဤသည်ကို စိုက်ကွင်း ရှင်းလင်းခြင်းဟု ခေါ်သည်။ စပါးလှေ့ခြင်းဟု ခေါ်သည်။...ဘုရားသခင်သည် သူ့အချိန်နှင့်သူ အရာရာကို လုပ်ဆောင်ကြောင်း သင် မြင်နိုင်သည်။ သူသည် ကြုံရာကျပန်း အလုပ် မလုပ်ချေ။ သူ၏ စီမံခန့်ခွဲခြင်း အလုပ်သည် သူ ပြုလုပ်ထားသည့် အစီအစဉ်နောက်လိုက်ပြီး အရာရာကို ကြုံရာကျပန်း မဟုတ်ဘဲ တစ်ဆင့်ချင်းပုံစံဖြင့် သူလုပ်ဆောင်သည်။ ထိုအဆင့်များသည် အဘယ်နည်း။ လူတို့အပေါ် ဘုရားသခင် လုပ်ဆောင်သည့် အမှု၏ အဆင့်အသီးသီးသည် ထိရောက်ရမည်ဖြစ်ပြီး ထိရောက်သည်ကို သူမြင်သည့်အခါ အမှု၏ နောက်တစ်ဆင့်ကို သူလုပ်ဆောင်သည်။ သူ၏ အမှုတော် မည်သို့ ထိရောက်မည်၊ မည်သည့်အရာကို သူပြောဆိုပြီး လုပ်ဆောင်ရမည်ဆိုသည်ကို ဘုရားသခင်က မိမိဘာသာ အဖြေရှာပြီး ဖြစ်သည်။ သူသည် သူ၏ အမှုတော်ကို ကြုံရာကျပန်းမဟုတ်ဘဲ လူတို့ လိုအပ်သည့်အရာအတိုင်း လုပ်ဆောင်သည်။ လူတို့အပေါ် ထိရောက်မှုရှိမည့် မည်သည့်အမှုကိုမဆို ဘုရားသခင် လုပ်ဆောင်ပြီး ထိရောက်မှုအရ အရေးမကြီးသော မည်သည့်ရာကိုမဆို ဘုရားသခင် ဧကန်မုချ မလုပ်ဆောင်ပေ။ ဥပမာအားဖြင့် ဘုရားသခင် ရွေးချယ်ထားသည့် လူများက မိမိတို့၏ ချင့်ချိန်နိုင်စွမ်း ဖြစ်ပေါ်နိုင်မည့် အပျက်သဘောဆောင်သော လက်တွေ့သင်ခန်းစာ လိုအပ်သည့်အခါ အယောင်ဆောင် ခရစ်တော်များ၊ အန္တိခရစ်များ၊ ဝိညာဉ်ဆိုးများ၊ ဆိုးယုတ်သော လူများ၊ နှောင့်ယှက်သူများနှင့် မွှေနှောက်သူများသည် အသင်းတော်တွင် ပေါ်ထွက်ကြလိမ့်မည်။ ယင်းနှင့်ပတ်သက်၍ အခြားသူများသည် မိမိတို့၏ ချင်ချိန်နိုင်စွမ်း ဖြစ်ပေါ်နိုင်ကြပေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် သမ္မာတရားကို နားလည်ပြီး ထိုသို့သော လူများကို ပိုင်းခြားသိမြင်နိုင်ပါက ထိုလူများသည် မိမိတို့၏ အစေခံမှုကို ပေးကြပြီး ဖြစ်ကာ ၎င်းတို့၏ တည်ရှိခြင်းတွင် တန်ဖိုး မရှိတော့ချေ။ ထိုအချိန်တွင် ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားဖို့ ထကြွကြလိမ့်မည်ဖြစ်ပြီး အသင်းတော်က ၎င်းတို့ကို ချက်ချင်း ဖယ်ရှားလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်မှန်သမျှသည် သူ့အဆင့်များနှင့်သူရှိပြီး လူက မိမိဘဝနှင့် ဝိညာဉ်ရင့်ကျက်မှုတွင် လိုအပ်သော အရာအရ ဘုရားသခင်က ထိုအဆင့်များကို စီစဉ်ထားပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်၊ ကျွန်မ သဘောပေါက်သွားတယ်။ အသင်းတော်မှာ လူတွေအများကြီးက တာဝန်လုပ်ကြပေမဲ့၊ အားလုံးက ဘုရားရွေးချယ်ထားသူတွေ မဟုတ်သလို၊ သူ့သိုးတွေ မဟုတ်ဘူး။ သိုးအုပ်တွေကြားမှာ ဝံပုလွေတွေက သူ့တို့ကိုယ်သူတို့ ကွယ်ဝှက်နေကြတယ်။ ကျွန်မတို့ကို ချင့်ချိန်နိုင်စွမ်းရှိအောင်၊ သင်ခန်းစာ သင်ယူပြီး အကောင်းနဲ့ အဆုံး ခွဲခြားနိုင်အောင် ကူညီဖို့ ဘုရားက အန္တိခရစ်တွေ၊ မကောင်းမှုပြုသူတွေနဲ့ မယုံကြည်သူတွေကို အသင်းတော်မှာ ခွင့်ပြုတယ်။ အသင်းတော်မှာ သူ့တာဝန်ကို လုပ်နေပေမဲ့၊ မာဂျိုရီက ဘုရားကို တကယ် ယုံကြည်ခဲ့တာ မဟုတ်ဘူး။ ဘုရားရဲ့ အမှုတော်ကို စိစစ်ဖို့ပဲ အသင်းတော်ထဲကို ရောက်လာတာပဲ။ သမ္မာတရားကို ရှာဖွေပြီး နားလည်ဖို့ မဟုတ်ဘူး။ သူက သိုးအင်္ကျီနဲ့ ဝံပုလွေဖြစ်ပြီး ဘုရားရဲ့ ထုတ်ပယ်တာခံရတဲ့ ဆိုးယုတ်သူတစ်ယောက်ပဲ။ အခု ဘုရားက အသင်းတော်ကို သန့်စင်ပြီး လူအမျိုးအစား အသီးသီးကို ဖော်ထုတ်နေတယ်။ ဘယ်အန္တိခရစ်၊ မကောင်းမှုပြုသူ ဒါမှမဟုတ် မယုံကြည်သူမှ အသင်းတော်မှာ ကွယ်ဝှက်နေလို့ မရဘဲ၊ ဘုရားရဲ့ အမှုတော်ကတစ်ဆင့် ဖော်ထုတ်ခံရ၊ ထုတ်ပယ်ခံရမှာပဲ။ ဘုရားကို အမှန်တကယ် ယုံကြည်သူ၊ သမ္မာတရားကို ချစ်ပြီး ရှာဖွေသူတွေပဲ ကျန်ရှိမှာဖြစ်ပြီး၊ သူတို့ပဲ ဘုရားရဲ့ သန့်စင်၊ ကယ်တင်တာ ခံရမယ်။

ဒီအတွေ့အကြုံကတစ်ဆင့်၊ ချင့်ချိန်နိုင်စွမ်းတချို့ ရပြီး တချို့အရာတွေကို သိသွားခဲ့တယ်။ အရင်ဆုံး၊ လူတွေရဲ့ အပေါ်ယံအပြုအမူ၊ ဆင်းရဲဒုက္ခကို သူတို့ ဘယ်လောက် သည်းခံပြီး သူ့တို့ကိုယ်သူတို့ အသုံးခံတယ်ဆိုတာကို စဉ်းစားလို့ မရဘူး။ ဘာလို့လဲဆိုတော့ လူအတော်များများ၊ အထူးသဖြင့် ဘာသာရေးအယောင်ဆောင်တွေက ဒါတွေ လုပ်နိုင်လို့ပဲ။ ဒုတိယအနေနဲ့၊ လူသက်သက်ကို မကြည်ညိုသင့်ဘူး၊ ဘာလို့လဲဆိုတော့ ဘုရားက လူတွေအပေါ် ကြည်ညိုတာကို စက်ဆုပ်မုန်းတီးလို့ပဲ။ ဘုရားကိုပဲ ကြည်ညိုပြီး ကိုးကွယ်သင့်တယ်။ တတိယက၊ အသင်းတော်ခေါင်းဆောင်အနေနဲ့၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို စဉ်းစားပြီး သူတို့ကို အကျိုးပြုတဲ့အရာတွေကို ဦးစားပေးသင့်တယ်။ စတုတ္ထက၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိသင့်ပြီး၊ ရှာဖွေ၊ စောင့်ဆိုင်းဖို့ သင်ယူသင့်တယ်။ ကိုယ့်ကိုယ်ပိုင် အယူအဆတွေပေါ် အခြေခံပြီး မဆင်မခြင် ဝေဖန်ပြီး မရှုတ်ချသင့်ဘူး။ အဲဒါက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိဖို့ ဖြစ်တတ်တယ်။ ပဉ္စမအနေနဲ့၊ သမ္မာတရားကို နားလည်လို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုဖတ်သင့်တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုနဲ့ပဲ စာတန်ရဲ့ မကောင်းတဲ့ အကြံတွေကို ကျွန်မတို့ ရိပ်စားမိနိုင်ပြီး သမ္မာတရားဖက်မှာ ရပ်တည်နိုင်တယ်။ သမ္မာတရား အဖိုးတန်ပုံကိုလည်း သဘောပေါက်မိတတယ်။ သမ္မာတရားကို သိနားလည်ခြင်းအားဖြင့်ပဲ အမှုအရာတွေကို ကျွန်မတို့ တကယ် သဘောပေါက်နိုင်ပြီး၊ မကောင်းမှုပြုသူ၊ အန္တိခရစ်နဲ့ မယုံကြည်သူမျိုးစုံကို ပိုင်ခြားသိမြင်နိုင်တယ်။ နောင်အနာဂတ်မှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ပြီး၊ သမ္မာတရားကို ကိုယ့်စည်းမျဉ်းအနေနဲ့ ထားပြီး၊ ကိုယ့်လုပ်ရပ်နဲ့ လူတွေနဲ့ ကိစ္စတွေအပေါ် အကဲဖြတ်တာတွေကို ဘုရားနှုတ်ကပတ်တော်ပေါ် အခြေခံမယ်။ ဘုရားကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်စွာ ပျော်ရွှင်တဲ့ဘဝကို ကျွန်မ တွေ့ခဲ့ပြီ

ကျွန်မက သာမန်ကျေးလက်မိသားစုလေးတစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။ ကျွန်မတို့က လုံးဝ မချမ်းသာပေမယ့်လည်း အရမ်းတော့ ပျော်ရွှင်ခဲ့ရတယ်။ ကျွန်မအမေက...

ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကိုယ် သိရှိခြင်း

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောပါတယ်- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ကျွန်ုပ် အလွန်မာနထောင်လွှားလာပြီး ကိုယ်မှန်သည်ဟု ယူဆရသည့်အကြောင်းရင်း

မုတုံ ဂျပန်နိုင်ငံ ၂၀၁၇ ခုနှစ်မှာ အသင်းတော်က ကျွန်မအတွက် နိုင်ငံခြားလူသစ်တွေကို ရေလောင်းပေးဖို့ စီစဉ်တယ်။ နိုင်ငံခြားဘာသာစကားတွေမှာ ကျွန်မက...

လူလည်ကျပြီး လှည့်စားတတ်ခြင်းမှ ရရှိခဲ့သည့် နာကျင်စရာ သင်ခန်းစာ

အန်းန အီတာလီ ၂၀၂၀မှာ ကျွန်မက အသင်းတော်မှာ ဒီဇိုင်းအလုပ်လုပ်တယ်။ အဓိကက ပုံကြမ်းဆွဲတာပေါ့။ အချိန်နည်းနည်းကြာတော့ ပုံကြမ်းဆွဲရတာက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။