သမ္မာတရားအပေါ် ကျွန်တော် ငြီးငွေ့ခဲ့သည်ကို မြင်ရခြင်း
လီရှန် အမေရိကန်နိုင်ငံဒီနှစ်အစပိုင်း ရက်တစ်ရက်မှာ၊ အသင်းတော်မှာ ပါဝင်တာ မကြာသေးတဲ့ လူသစ်တစ်ယောက်က စုဝေးပွဲနှစ်ခု မတက်ခဲ့တာကို ကျွန်တော်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ မေလမှာ ကျွန်မက စာနဲ့ပတ်သက်တဲ့အလုပ်ကို တာဝန်ယူခဲ့တယ်။ အောက်တိုဘာလလယ်မှာ အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်က တကယ်အလုပ်မလုပ်လို့ ဖြုတ်ချခံလိုက်ရပြီး နောက်ပိုင်းမှာ ညီအစ်ကို လီကျစ်ကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးချယ်လိုက်တယ်။ အဲဒီအချိန်က ခေါင်းဆောင်က ကျွန်မကို သီးသန့် စာတစ်စောင်ပို့ပြီး သတိပေးခဲ့တယ်၊ လီကျစ်ရဲ့ အစွမ်းအစက သာမန်ပဲ၊ အလုပ်လုပ်နိုင်စွမ်းလဲ မရှိဘူး၊ သူ့ကို ပိုပြီးကူညီထောက်ပံ့ပေးဖို့ ကျွန်မကို တောင်းဆိုခဲ့တယ်။ ဒါနဲ့ အဲဒီနေ့မှာပဲ ကျွန်မ လီကျစ်ဆီကို စာရေးလိုက်တယ်။ အဖွဲ့ဝင်တွေရဲ့ အသေးစိတ်အခြေအနေတွေ၊ အဖွဲ့ထဲမှာ အရေးတကြီးဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေ စတာတွေကို မိတ်ဆက်ပေးပြီး အလုပ်တွေကို သင့်တော်သလို ဦးစားပေးလုပ်ဆောင်ဖို့ သူ့ကိုပြောခဲ့တယ်။ လီကျစ်က စာပြန်တယ်၊ အစပိုင်းမှာ သူ့အစွမ်းအစက မလုံလောက်ဘူး၊ အားနည်းချက်တွေ အများကြီးရှိတယ်၊ အဖွဲ့ခေါင်းဆောင်တာဝန်ကို မထမ်းဆောင်နိုင်ဘူးလို့ ခံစားခဲ့ရပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ သူ့ရဲ့မမှန်ကန်တဲ့အခြေအနေကို ပြုပြင်ပြောင်းလဲခဲ့ပြီး နောက်လုပ်ဆောင်မယ့်အလုပ်တွေအတွက် အစီအစဉ်ဆွဲပြီးပြီလို့ ပြောပြီး စာပြန်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “လီကျစ်မှာ အသက်ဝင်ရောက်မှု နည်းနည်းတော့ရှိသားပဲ။ သူ့အလုပ်လုပ်နိုင်စွမ်း ချို့တဲ့ပေမဲ့ သူက လူမှန်တစ်ယောက်ဖြစ်နေသရွေ့ ချို့ယွင်းချက်တွေကို ကြောက်စရာမလိုဘူး၊ ငါ သူ့ကို ပိုပြီးကူညီထောက်ပံ့ပေးလို့ရတာပဲ” လို့ပေါ့။ သူသာ စည်းမျဉ်းတချို့ကို နားလည်ပြီး အလုပ်အတွေ့အကြုံနည်းနည်းရသွားရင် အဆင်ပြေသွားမှာပါလို့ ကျွန်မ ခံစားမိတယ်။ အဲဒီနောက်မှာ လီကျစ်ရဲ့အလုပ်ကို ကျွန်မ အနီးကပ် လိုက်လံစစ်ဆေးခဲ့တယ်။ ကျွန်မပေးတဲ့ အကြံပြုချက်တွေကို သူက လက်ခံနိုင်တယ်၊ ပြီးတော့ အလုပ်ရဲ့အသေးစိတ်အခြေအနေတွေကိုလည်း အချိန်မီ ပြန်ပေးတယ်။
တစ်လကျော်ကျော်လောက်နေတော့ လီကျိက စာနဲ့ပတ်သက်တဲ့အလုပ်အဖွဲ့ဝင် သုံးယောက်ကို တဖြည်းဖြည်း ရှာတွေ့ခဲ့ပြီး သူတို့အားလုံးမှာ အစွမ်းအစတချို့ ရှိကြတယ်။ ကျွန်မ တော်တော်ပျော်သွားပြီး တွေးမိတယ်၊ “သင့်တော်တဲ့လူရှာဖို့ အမြဲရုန်းကန်ခဲ့ရတာ၊ လီကျစ်က အခုမှရောက်လာပြီးတော့ သင့်တော်တဲ့သူတွေကို ရှာတွေ့ထားတယ်ဆိုတော့ သူ့ရဲ့အလုပ်လုပ်နိုင်စွမ်းက သိပ်ဆိုးပုံမရဘူး” လို့ပေါ့။ ကျွန်မ အဖွဲ့သုံးဖွဲ့ရဲ့အလုပ်ကို တာဝန်ယူရတဲ့အပြင် လူတွေကိုပါ ပျိုးထောင်ပေးရတဲ့အချိန်ကို တွေးမိတယ်။ အဲဒီတုန်းက နေ့တိုင်းအရမ်းအလုပ်များခဲ့တာ၊ ဒါပေမဲ့ အခု လီကျစ်က သူ့အလုပ်ကို တော်တော်လေး ကျွမ်းကျင်နေပြီဆိုတော့ ကျွန်မ နည်းနည်း အနားယူလို့ရပြီပေါ့။ အဲဒီနောက်မှာ သူ့အလုပ်ကို အရင်လို အနီးကပ် လိုက်မကြည့်တော့ဘူး။ လဝက်လောက်ကြာတော့ လီကျစ်တာဝန်ယူတဲ့အဖွဲ့က အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေ တစ်ပုဒ်မှ မတင်တာကို ကျွန်မ သတိထားမိတယ်။ ကျွန်မ နည်းနည်း ဇဝေဇဝါဖြစ်သွားတယ်၊ “လီကျစ်က အဖွဲ့ထဲကို အခုမှဝင်လာတဲ့ ညီအစ်မသုံးယောက်မှာ အစွမ်းအစတချို့ ရှိတယ်လို့ ပြောခဲ့တာ၊ ဒါဆိုရင် ဘယ်လိုဖြစ်လို့ သူတို့တာဝန်တွေကနေ ဘာရလဒ်မှ မထွက်လာရတာလဲ။ သူတို့က အခုမှ လေ့ကျင့်ကာစမို့လို့ စည်းမျဉ်းတွေကို နားမလည်သေးလို့များလား” ပေါ့။ ဒီလိုတွေးပြီးတော့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေ စိစစ်တာနဲ့ပတ်သက်ပြီး အဖွဲ့က ဘယ်လိုအခြေအနေရှိလဲဆိုတာကို သွားစစ်ဆေးကြည့်လိုက်တယ်။ လီကျိက အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတွေနဲ့ပတ်သက်ပြီး ပြဿနာတချို့ကို ရွေးထုတ်နိုင်တာကို ကျွန်မ တွေ့ခဲ့တယ်၊ အလုပ်မှာလည်း သိသာတဲ့လွဲချော်မှုတွေ မရှိဘူး။ ကျွန်မ တွေးမိတယ်၊ “လီကျစ် တာဝန်ယူထားတဲ့အလုပ်က အရင်ကတည်းက ရလဒ်မကောင်းခဲ့တာပဲ။ ရလဒ်တွေ ချက်ချင်း တိုးတက်လာဖို့ မျှော်လင့်လို့ မဖြစ်နိုင်ဘူး။ အချိန်ကြာလာရင် တိုးတက်လာမှာပါ” လို့ပေါ့။ အဲဒီအချိန်တုန်းက ကျွန်မလည်း တွေးမိသေးတယ်၊ “ငါ ထပ်ပြီး စုံစမ်းစစ်ဆေးသင့်သလား” လို့ပေါ့။ ဒါပေမဲ့ တကယ်လို့ ပြဿနာတွေရှိခဲ့ရင် ပြဿနာတွေကို ဖြေရှင်းဖို့ အချိန်အများကြီး ကုန်မှာနဲ့ နောက်ထပ်အဖွဲ့နှစ်ဖွဲ့ရဲ့အလုပ်ကိုလည်း ကျွန်မ လိုက်ကြည့်ရဦးမှာကို တွေးမိတယ်၊ ဒါတွေအားလုံးမှာ ကျွန်မ ဝင်ပါရမယ်ဆိုရင် ကျွန်မ ပင်ပန်းသွားမှာပဲလို့ ခံစားခဲ့ရတယ်။ တော်တော်လေး စဉ်းစားပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ဒီကိစ္စကို လီကျိကိုပဲ စုံစမ်းပြီး ဖြေရှင်းခိုင်းလိုက်တာ ပိုကောင်းမယ်လို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ တစ်ခါတုန်းက အသစ်ပြောင်းလာတဲ့ ညီအမ လုယွမ်းက လီကျစ်ရဲ့ လိုက်လံစစ်ဆေးမှုနဲ့ ကြီးကြပ်မှုကို အတိုက်အခံလုပ်စိတ် ဖြစ်ခဲ့တယ်၊ အလုပ်ရဲ့တိုးတက်မှုကို အဆက်မပြတ် မေးမြန်းနေတာက သူ့အချိန်တွေကို ဖြုန်းတီးရာကျတယ်လို့ ခံစားခဲ့ရပြီး ဒီအမြင်ကို တခြားသူတွေရှေ့မှာတောင် ထုတ်ပြောတယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။ သူ့သဘောထားက မှားတယ်၊ ဒါက လီကျစ်ကို အလုပ်တွေဆက်ပြီး လိုက်ကြည့်လို့မရအောင် လုပ်လိမ့်မယ်ဆိုတာ ကျွန်မသိပေမဲ့ ဒီကိစ္စကို ဆက်စုံစမ်းပြီး ဖြေရှင်းဖို့လည်း မကြိုးစားခဲ့ဘူး၊ လီကျစ်ကိုပဲ လုယွမ်းနဲ့ မိတ်သဟာယဖွဲ့ခိုင်းလိုက်တယ်။ နောက်ပိုင်းမှာ လုယွမ်းက သူ့တာဝန်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်နေပြီလို့ လီကျစ်က သတင်းပို့တော့ ကျွန်မလည်း ဒီကိစ္စကို ဆက်ပြီး လိုက်မကြည့်တော့ဘူး။
အချိန်တွေကုန်မှန်းမသိ ကုန်သွားလိုက်တာ ဒီဇင်ဘာလလယ် ရောက်လာခဲ့တယ်။ လီကျစ်တာဝန်ယူတဲ့အဖွဲ့က အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေ အများကြီး မတင်ရသေးတာကို ကျွန်မတွေ့လိုက်တယ်။ တစ်ခုခုမှားနေပြီဆိုတာ ကျွန်မ သဘောပေါက်သွားပြီး လီကျစ်ဆီကို အခြေအနေမေးဖို့ အမြန်စာရေးလိုက်တယ်။ သူက သူ့အခြေအနေမကောင်းဘူး၊ ညီအစ်ကိုမောင်နှမတော်တော်များများက သူက တကယ့်အလုပ်မလုပ်နိုင်ဘူး၊ သူတို့တာဝန်တွေမှာ ကြုံနေရတဲ့အခက်အခဲတွေကို မဖြေရှင်းပေးနိုင်ဘူးလို့ ပြောကြတယ်၊ သူ့ကိုတိုင်ကြားဖို့တောင် စဉ်းစားနေကြပြီတဲ့။ အဲဒီအချိန်မှာ ကျွန်မ တုန်လှုပ်သွားတယ်။ သူ အရင်က အလုပ်နည်းနည်း လုပ်နိုင်ခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ရုတ်တရက် အတိုင်ခံရတဲ့အခြေအနေ ရောက်သွားရတာလဲ။ ကျွန်မ နည်းနည်းကြောက်သွားတယ်။ ဒီအဖွဲ့ရဲ့အလုပ်က ဒီလိုဖြစ်သွားတာဟာ ဒီတစ်လျှောက်လုံး ကျွန်မကိုယ်တိုင် တကယ့်အလုပ် မလုပ်ခဲ့တာနဲ့လည်း ဆက်စပ်နေတယ်။ ကျွန်မ အခြေအနေကို နားလည်ဖို့ အဖွဲ့ဆီကို အမြန်သွားလိုက်တယ်။ မမျှော်လင့်ဘဲ လီကျစ်က သူ့အစွမ်းအစက ညံ့တယ်၊ အဖွဲ့ခေါင်းဆောင် မလုပ်နိုင်ဘူးလို့ ခံစားရပြီး တာဝန်ယူပြီး နှုတ်ထွက်သွားတယ်။ ခေါင်းဆောင်က ဘယ်လိုပဲ မိတ်သဟာယဖွဲ့ပြီး ကူညီဖို့ ကြိုးစားပါစေ အရာမထင်ခဲ့ဘူး။ လီကျစ်ထွက်သွားပြီးနောက်မှာ သူတာဝန်ယူခဲ့တဲ့အဖွဲ့မှာ ပြဿနာတွေ အများကြီးရှိနေတာကို ကျွန်မတွေ့လိုက်ရတယ်။ လုယွမ်းက အမြဲတမ်း အပျက်သဘောဆောင်တဲ့စကားတွေ ရင်ဖွင့်နေခဲ့တာပါ။ လီကျစ်ရဲ့ ကြီးကြပ်မှုနဲ့ စစ်ဆေးမှုတွေက သူ့အချိန်ကို ဖြုန်းတီးရာကျတယ်လို့ သူထင်တယ်၊ ဒါကြောင့် လီကျစ်က အလုပ်တွေကို လိုက်လံစစ်ဆေးလို့ မရတော့ဘဲ စာနဲ့ပတ်သက်တဲ့အလုပ်ကို ပြင်းပြင်းထန်ထန် နှောင့်နှေးပြီး အဟန့်အတားဖြစ်စေခဲ့တယ်။ အခုမှ လေ့ကျင့်နေတုန်းဖြစ်တဲ့ ညီအစ်မအသစ်တွေက ထိန်းမနိုင်သိမ်းမရ၊ စည်းကမ်းမရှိဘဲ သူတို့ရဲ့တာဝန်တွေမှာ စည်းမဲ့ကမ်းမဲ့ဖြစ်နေခဲ့တယ်၊ အခက်အခဲကြုံရင် လီကျစ်ဆီကို ပုံချလိုက်တာပဲ။ ဒါပေမဲ့ လီကျစ်က သူတို့ရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားပြဿနာကို တစ်ခါမှ ထောက်ပြခဲ့ခြင်းမရှိသလို အထက်ကိုလည်း သတင်းမပို့ခဲ့ဘူး။ သူက အဖွဲ့ထဲမှာ သူတို့ဖြစ်သလိုနေပြီး ပေါ့ပေါ့ဆဆ လုပ်နေတာကို ဒီအတိုင်း ခွင့်ပြုထားခဲ့တယ်။ ဒါတွေအားလုံးသိပြီးတဲ့နောက်မှာ ကျွန်မ မှင်တက်သွားတယ်။ ဒီသုံးလအတွင်းမှာ လီကျစ်က အလုပ်တွေကို လိုက်လံစစ်ဆေးရာမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ဘူး။ အဖွဲ့ဝင်တွေက တာဝန်ကို အရမ်းကို ဝတ်ကျေတမ်းကျေ လုပ်နေခဲ့တာကို ကျွန်မ လုံးဝမသိခဲ့ဘူး။ ဒါက စာနဲ့ပတ်သက်တဲ့အလုပ်ရဲ့ ဒီအပိုင်းကို လုံးဝရပ်ဆိုင်းသွားစေခဲ့တယ်။ ကျွန်မ ပိုပြီး လုံ့လဝီရိယမရှိခဲ့တာကို တကယ်ပဲ နောင်တရခဲ့တယ်။ နောက်ပိုင်းမှာ အဖွဲ့ထဲက မသင့်တော်တဲ့အဖွဲ့ဝင်တွေကို ကျွန်မ ဖြုတ်ချပြီး လူအသစ်တချို့ကို ပြောင်းရွှေ့လိုက်တယ်၊ အဲဒီနောက်မှာမှ အလုပ်က တဖြည်းဖြည်း တိုးတက်လာတော့တယ်။
ဒီဖြစ်ရပ်ပြီးနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်းအပြစ်တင်မိတယ်။ လီကျစ်ရဲ့အစွမ်းအစက သာမန်ပဲ၊ သူ့အလုပ်လုပ်နိုင်စွမ်းကလည်း သိပ်မကောင်းဘူးဆိုတာ ကျွန်မ ကောင်းကောင်းသိရဲ့သားနဲ့ ဘယ်လိုလုပ်များ ဇက်ကြိုးလွှတ်ပြီး ဒီအဖွဲ့ရဲ့အလုပ်ကို လျစ်လျူရှုထားနိုင်ခဲ့ရတာလဲ။ ကျွန်မသာ အလုပ်တွေကို လိုက်လံစစ်ဆေးပြီး စုံစမ်းဖို့ အာရုံစိုက်ခဲ့မယ်ဆိုရင် လီကျစ်ရဲ့ပြဿနာတွေကို စောစောစီးစီး ရှာတွေ့နိုင်ခဲ့မှာဖြစ်ပြီး ဒီအကျိုးဆက်တွေကိုလည်း ရှောင်ရှားနိုင်ခဲ့မှာပဲ။ အလုပ်က ဒီလိုဖြစ်သွားရတဲ့အတွက် ကျွန်မမှာ ရှောင်လွှဲလို့မရတဲ့ တာဝန်ရှိတယ်။ အဲဒီအချိန်တုန်းက အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ခဏခဏ ကျွန်မ ရှာဖတ်ခဲ့တယ်။ အဲဒီထဲမှာ ကျွန်မရဲ့အခြေအနေနဲ့ အထူးသဖြင့် သက်ဆိုင်တဲ့ အပိုဒ်တစ်ပိုဒ် ရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “အယောင်ဆောင်ခေါင်းဆောင်များသည် အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများ၏ အလုပ်အခြေအနေများကို မည်သည့်အခါမျှ မေးမြန်းခြင်း သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့သည် မတူညီသော အဖွဲ့များမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အသက်ဝင်ရောက်မှုကိုလည်းကောင်း၊ အသင်းတော်အလုပ်နှင့် မိမိတို့၏ တာဝန်များအပေါ် ထားရှိသည့် ၎င်းတို့၏ သဘောထားများကိုလည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားနှင့် ဘုရားသခင်ကိုယ်တော်တိုင်အပေါ် ထားရှိသည့် သဘောထားများကိုလည်းကောင်း မေးမြန်းခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် နားလည်ထားခြင်းတို့လည်း မရှိကြပေ။ ဤလူများသည် အသွင်ပြောင်းလဲခြင်း သို့မဟုတ် ကြီးထွားတိုးတက်မှု တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ပြီးခြင်း ရှိမရှိကို ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့၏ အလုပ်တွင် တည်ရှိနိုင်သည့် အမျိုးမျိုးသော ပြဿနာများအကြောင်းကိုလည်း ၎င်းတို့ မသိကြပေ။ အထူးသဖြင့် အလုပ်၏ အဆင့်အမျိုးမျိုးတွင် ဖြစ်ပေါ်သည့် အမှားများနှင့် လွဲချော်မှုများက အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအပေါ် ရှိသော သက်ရောက်မှုများအပြင် ဤအမှားများနှင့် လွဲချော်မှုများ ပြင်ဆင်ပြီးခြင်း ရှိမရှိကိုလည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဤအရာအားလုံးနှင့်ပတ်သက်၍ လုံးဝ မသိနားမလည်ကြပေ။ အကယ်၍ ၎င်းတို့သည် ဤအသေးစိတ်အခြေအနေများအကြောင်းကို ဘာမျှမသိပါက ပြဿနာများ ပေါ်ပေါက်လာသည့်အခါတိုင်း ၎င်းတို့သည် ဘာသိဘာသာ ဖြစ်သွားကြသည်။ သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်နေစဉ်တွင် ဤအသေးစိတ်ပြဿနာများကို လုံးဝ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် အမျိုးမျိုးသော အဖွဲ့ခေါင်းဆောင်များကို စီစဉ်ပေးပြီး အလုပ်တာဝန်များ ချမှတ်ပြီးနောက်တွင် မိမိတို့၏ အလုပ်သည် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ယင်းမှာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်းနှင့် အခြားပြဿနာများ ပေါ်ပေါက်လာပါက ၎င်းတို့နှင့် မသက်ဆိုင်တော့ကြောင်း ယုံကြည်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများကို ကြီးကြပ်ရန်၊ လမ်းညွှန်ရန်နှင့် နောက်ဆက်တွဲလုပ်ဆောင်ရန် ပျက်ကွက်သောကြောင့်လည်းကောင်း၊ ဤနယ်ပယ်များတွင် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းသောကြောင့်လည်းကောင်း ဤသည်က အသင်းတော်၏ အလုပ်ကို ရှုပ်ထွေးသွားစေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ပေါ့လျော့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူ့စိတ်နှလုံး၏ နက်ရှိုင်းရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်၊ ဤသည်မှာ လူသားများ၌ ကင်းမဲ့သော လုပ်နိုင်စွမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် အလုပ်လုပ်သည့်အခါ လူတို့သည် ပို၍ လုံ့လဝီရိယရှိရန်နှင့် အာရုံစိုက်ရန် လိုအပ်ပြီး အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို သေချာစေရန်အတွက် အလုပ်နေရာသို့ ပုံမှန်သွားရောက်၍ နောက်ဆက်တွဲလုပ်ဆောင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်တွင် လုံးဝ တာဝန်မဲ့ကြပြီး အမျိုးမျိုးသော အလုပ်များကို မည်သည့်အခါမျှ ကြီးကြပ်ခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် လမ်းညွှန်ခြင်း မရှိကြသည်မှာ သိသာထင်ရှားပေသည်။ ရလဒ်အနေဖြင့် အချို့သော ကြီးကြပ်ရေးမှူးများသည် အလုပ်တွင် ပေါ်ပေါက်လာသည့် အမျိုးမျိုးသော ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို မသိကြဘဲ အလုပ်ကို လုပ်ဆောင်ရန် လုံလောက်သော အရည်အချင်း မရှိသလောက်ဖြစ်နေသည့်တိုင် ကြီးကြပ်ရေးမှူးများအဖြစ် မိမိတို့၏ အခန်းကဏ္ဍတွင် ဆက်လက်ရှိနေကြသည်။ အဆုံးတွင် အလုပ်သည် အကြိမ်ကြိမ်အခါခါ နှောင့်နှေးကြန့်ကြာပြီး ၎င်းတို့သည် အလုပ်ကို လုံးဝ ကမောက်ကမ ဖြစ်သွားစေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက ကြီးကြပ်ရေးမှူးများ၏ အခြေအနေများကို မေးမြန်းခြင်း၊ ကြီးကြပ်ခြင်း သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ခြင်း မရှိခြင်း၏ အကျိုးဆက်ဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်ပေါ့လျော့ခြင်းကြောင့် လုံးလုံးဖြစ်ပေါ်လာသည့် ရလဒ်တစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃)) ဘုရားသခင်က အယောင်ဆောင်ခေါင်းဆောင်တွေဟာ သူတို့ရဲ့တာဝန်တွေမှာ တာဝန်မဲ့ကြတယ်၊ တကယ့်အလုပ်မလုပ်ကြဘူးလို့ မိန့်ဆိုထားတယ်။ သူတို့က ကြီးကြပ်ရေးမှူးတစ်ယောက်ကို ရွေးချယ်ပြီးရင် အရာရာ အဆင်ပြေသွားပြီ၊ ချက်ချင်းပဲ လက်လွှတ်လိုက်လို့ရပြီလို့ ထင်ကြတယ်။ ဒါကြောင့် သူတို့က အလုပ်ရဲ့ အမျိုးမျိုးသော အကြောင်းအရာတွေရဲ့ အသေးစိတ်တွေကို မစုံစမ်းကြဘူး၊ နားလည်အောင် မလုပ်ကြဘူး။ ကြီးကြပ်ရေးမှူး ဒါမှမဟုတ် တာဝန်ထမ်းဆောင်နေတဲ့သူတွေက အရည်အချင်းပြည့်မီရဲ့လား၊ အလုပ်က ရပ်တန့်သွားပြီလားဆိုတာကိုတောင် သူတို့မသိဘူး၊ အလုပ်ကို ဆိုးရွားတဲ့ထိခိုက်မှုတွေ ဖြစ်စေတယ်။ ဒါဟာ အယောင်ဆောင်ခေါင်းဆောင် စစ်စစ်ပဲ။ ကျွန်မက ဘုရားသခင် ပြောခဲ့တဲ့ အယောင်ဆောင်ခေါင်းဆောင်မျိုး အတိအကျပဲ။ လီကျစ်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီးတဲ့နောက်မှာ သူက စာနဲ့ပတ်သက်တဲ့အလုပ်အဖွဲ့ဝင် သုံးယောက်ကို ရှာတွေ့ခဲ့တာကို ကျွန်မ တွေ့ခဲ့တယ်၊ ပြီးတော့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး သူနဲ့စကားပြောတဲ့အခါတိုင်းမှာ သူ့သဘောထားက အမြဲတမ်း တော်တော်ကောင်းခဲ့တယ်။ ဒါကြောင့် လီကျစ်က အလုပ်ကို ကောင်းကောင်းလုပ်တယ်၊ သူ့ကို အလုပ်နဲ့ပတ်သက်ပြီး စိတ်ချလက်ချ ယုံကြည်လို့ရတယ်လို့ ကျွန်မထင်ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မက ဗျူရိုကရက်တစ်ယောက် ဖြစ်လာခဲ့ပြီး သူ့အလုပ်ကို ကြီးကြပ်တာ၊ လိုက်လံစစ်ဆေးတာတွေ မလုပ်တော့ဘူး။ ရလဒ်အနေနဲ့ လီကျစ်က သူ့တာဝန်တွေမှာ ရုန်းကန်နေခဲ့ရတာကို ကျွန်မမသိခဲ့ဘူး၊ အဖွဲ့ဝင်တွေက လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို ပစ်ထားပြီး ဝတ်ကျေတမ်းကျေ လုပ်နေတာကိုလည်း လုံးဝမသိခဲ့ဘူး။ တကယ်တော့ သူတို့အဖွဲ့ရဲ့အလုပ်က အမြဲတမ်း ရလဒ်မထွက်ဘူးဆိုတာ ကျွန်မသိတယ်၊ ဒါပေမဲ့ အသေးစိတ်စုံစမ်းလိုက်ရင် ပြဿနာဖြေရှင်းဖို့ အချိန်နဲ့အားကုန်မှာကို စိုးရိမ်လို့ လီကျစ်ကိုပဲ ကိုင်တွယ်ခိုင်းလိုက်တယ်။ ဒါ့အပြင် လู่ယွမ်းက သူ့တာဝန်မှာ တခြားသူတွေကို ကြီးကြပ်ခွင့်မပေးဘူး။ အဖွဲ့ထဲမှာလည်း အပျက်သဘောဆောင်တဲ့စကားတွေ ဆက်ပြီးဖွင့်ချနေခဲ့တယ်၊ ဒါက စာနဲ့ပတ်သက်တဲ့အလုပ်ကို အဟန့်အတားဖြစ်ခဲ့တယ်။ ကျွန်မက သူ့ပြဿနာတွေကို မဖော်ထုတ်ဘဲ လီကျစ်ကိုပဲ ကိုင်တွယ်ခိုင်းခဲ့တယ်၊ အဲဒီနောက်မှာလည်း ရလဒ်ကို လိုက်မကြည့်ခဲ့ဘူး။ ဒါကြောင့် ပြဿနာတွေက မပြေလည်ဘဲ ရှိနေခဲ့ပြီး အလုပ်ရဲ့တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ ဒါကိုမြင်တော့ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် အမှန်တကယ်ဖြစ်နေမှန်း သဘောပေါက်သွားတယ်။ ကျွန်မရဲ့တာဝန်တွေမှာ ပြစ်မှားခြင်းတွေကလွဲပြီး ဘာမှမကျန်ခဲ့ဘူး။
နောက်ပိုင်းမှာ ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်၊ “ငါ ဘာလို့ လီကျစ်ကို ဒီလောက်တောင် ယုံကြည်ခဲ့ရတာလဲ” ပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်၊ “အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်နေသော၊ သို့မဟုတ် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို ဂရုမစိုက်နေသော ကြီးကြပ်သူများနှင့်ပတ်သက်၍ မည်သည့်အခါမျှ စုံစမ်းမေးမြန်းခြင်း မရှိကြပေ။ ၎င်းတို့သည် ကြီးကြပ်သူတစ်ယောက် ရွေးချယ်ရန်သာလိုအပ်ပြီး ယင်းမှာ ထိုကိစ္စ၏ အဆုံးသတ်ဖြစ်သည်ဟုလည်းကောင်း၊ နောက်ပိုင်းတွင် ကြီးကြပ်သူက အလုပ်ကိစ္စအားလုံးကို သူကိုယ်တိုင် ကိုင်တွယ်နိုင်သည်ဟုလည်းကောင်း ထင်မြင်ကြသည်။ ထို့ကြောင့် အယောင်ဆောင်ခေါင်းဆောင်များသည် စုဝေးပွဲများကို မကြာခဏ ပြုလုပ်ပြီး အလုပ်ကို ကြီးကြပ်ခြင်းဖြစ်စေ၊ အလုပ်၏ အခြေအနေကို မေးမြန်းခြင်းဖြစ်စေ မရှိဘဲ လက်ရှောင်နေသော အထက်လူကြီးများကဲ့သို့ ပြုမူကြလေသည်။...၎င်းတို့သည် မိမိတို့ကိုယ်တိုင် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိသကဲ့သို့ အဖွဲ့ခေါင်းဆောင်များနှင့် ကြီးကြပ်သူများ၏ အလုပ်နှင့်စပ်လျဉ်း၍လည်း စေ့စပ်တိကျခြင်း မရှိချေ။ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ နောက်ဆက်တွဲလုပ်ခြင်းဖြစ်စေ၊ စုံစမ်းမေးမြန်းခြင်းဖြစ်စေ မရှိကြချေ။ လူများအပေါ် ၎င်းတို့၏အမြင်သည် ၎င်းတို့၏ ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးများအပေါ်တွင်သာ အခြေခံလေသည်။ တစ်စုံတစ်ယောက်သည် အချိန်တစ်ခုကြာ ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သည်ကို မြင်သည့်အခါတွင် ဤသူသည် အစဉ်ထာဝရ ကောင်းမွန်လိမ့်မည်ဟုလည်းကောင်း၊ သူသည် ပြောင်းလဲမည် မဟုတ်ဟုလည်းကောင်း ၎င်းတို့ ထင်ကြသည်။ ဤလူနှင့်ပတ်သက်၍ ပြဿနာရှိကြောင်း ပြောသည့်သူမည်သူ့ကိုမဆို ၎င်းတို့ မယုံကြည်ပေ။ ပြီးလျှင် ထိုလူနှင့်ပတ်သက်၍ လူတစ်ဦးက ၎င်းတို့ကို သတိပေးသည့်အခါတွင် ၎င်းတို့က လျစ်လျူရှုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိုက်မဲသည်ဟု သင်တို့ထင်သလော။ ၎င်းတို့သည် မိုက်မဲပြီး စဉ်းစားဉာဏ်မဲ့ကြ၏။ မည်သည့်အရာက ၎င်းတို့ကို မိုက်မဲစေသနည်း။ ၎င်းတို့သည် လူတစ်ဦးအပေါ် ပေါ့ပေါ့တန်တန် ယုံကြည်ကိုးစားကြသည်။ ဤလူ ရွေးချယ်ခံရသည့်အချိန်တွင် ဤလူသည် ကျမ်းကျိန်ခဲ့ပြီး သန္နိဋ္ဌာန်ချခဲ့ကာ သူ၏မျက်နှာတွင် မျက်ရည်များစီးကျလျက် ဆုတောင်းခဲ့သောကြောင့် ယင်းမှာ ထိုသူသည် အားကိုး၍ ရနိုင်သည့်သဘောဖြစ်သည်၊ ထိုသူက အလုပ်ကို ကြီးကြပ်ခြင်းနှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ လုံးဝ ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့၏ သဘာဝများအပေါ် သိနားလည်မှုမရှိပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တကယ့်အခြေအနေကို မသိနားမလည်ကြပေ။ ၎င်းတို့က ‘လူတစ်ယောက်သည် ကြီးကြပ်သူတစ်ယောက်အဖြစ် ရွေးချယ်ခံရပြီးသည့်အခါတွင် မည်သို့များ ပို၍ဆိုးသွားနိုင်သနည်း။ အလွန်လေးနက်ပြီး စိတ်ချယုံကြည်ရသည့်ပုံစံ ရှိသောသူတစ်ယောက်သည် အလုပ်ကို မည်သို့များ ခေါင်းရှောင်နိုင်သနည်း။ ၎င်းတို့ ခေါင်းရှောင်မည်မဟုတ်၊ ရှောင်မည်လော။ ၎င်းတို့ များစွာ တည်ကြည်မှုရှိကြသည်’ ဟု ဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ခံစားချက်များအပေါ် အလွန်အမင်း ယုံကြည်မှုထားသောကြောင့် ဤအရာက အဆုံး၌ ၎င်းတို့ကို အသင်းတော်အလုပ်တွင် ပေါ်ပေါက်သည့် ပြဿနာများစွာကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်စွမ်းမရှိဖြစ်စေကာ ပါဝင်ပတ်သက်သည့် ကြီးကြပ်သူကို ချက်ချင်း ဖြုတ်ချပြီး ၎င်း၏ တာဝန်ခန့်အပ်ခြင်းကို ပြုပြင်ခြင်းမှ ဟန့်တားလေသည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်များ ဖြစ်ပေသည်။...အယောင်ဆောင် ခေါင်းဆောင်များ၌ ဆိုးဆိုးရွားရွား အားနည်းချက် ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအပေါ်တွင် အခြေခံ၍ လူတို့ကို ယုံကြည်လွယ်ကြသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်းကြောင့်ဖြစ်သည်မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို မည်သို့ ထုတ်ဖော်သနည်း။ ဘုရားသခင်က မယုံကြည်ချိန်တွင် ၎င်းတို့သည် အဘယ်ကြောင့် လူတို့ကို ယုံကြည်သင့်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်ပင် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြသည် မဟုတ်လော။ ၎င်းတို့ စဉ်းစားသည်မှာ ‘ဤလူအပေါ် ငါ ထင်မြင်မှုလွဲခဲ့ခြင်း မဖြစ်နိုင်ပေ။ ငါက သင့်တော်သည်ဟု အကဲဖြတ်ခဲ့သည့် ဤလူနှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ မရှိသင့်ပေ။ ထိုသူသည် အစားအသောက်နှင့် ဖျော်ဖြေရေးများတွင် ပျော်မွေ့ခံစားသည့်သူတစ်ဦး သို့မဟုတ် သက်သာမှုကို နှစ်သက်ပြီး ခက်ခဲပင်ပန်းသော အလုပ်ကို မုန်းတီးသည့်သူတစ်ဦး လုံးဝ မဟုတ်။ ထိုသူသည် လုံးဝ အားကိုးရပြီး ယုံကြည်ထိုက်သည်။ ထိုသူသည် ပြောင်းလဲလိမ့်မည်မဟုတ်။ ပြောင်းလဲခဲ့လျှင် သူနှင့်ပတ်သက်ပြီး ငါမှားယွင်းသည်ဆိုသည့် သဘောဖြစ်မည် မဟုတ်လော’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော ဆင်ခြင်တွေးခေါ်မှုစနစ်မျိုးနည်း။ သင်သည် ကျွမ်းကျင်သူတစ်မျိုးမျိုး ဖြစ်သလော။ သင်သည် အရာဝတ္ထုများကို ထိုးဖောက်မြင်နိုင်သည့် အမြင်အာရုံရှိသလော။ သင်သည် ထိုသို့သောအထူးကျွမ်းကျင်မှု ရှိသလော။ သင်သည် ဤလူနှင့် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် နေထိုင်နိုင်သော်လည်း ၎င်းတို့၏ သဘာဝအနှစ်သာရကို လုံးလုံး ဖွင့်ချပြရန် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုမရှိဘဲ ၎င်းတို့အမှန်တကယ် မည်သူမည်ဝါဖြစ်သည်ကို သင်မြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ ထုတ်ဖော်ခြင်းကို မခံရလျှင် သင်သည် ၎င်းတို့နှင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ပင် အတူယှဉ်တွဲနေထိုင်နိုင်ပြီး ၎င်းတို့က မည်သည့်သဘာဝ အနှစ်သာရအမျိုးအစားရှိသည်ကို မြင်ရန် အပြင်းအထန်ကြိုးစားနေဦးမည်ဖြစ်သည်။ ပြီးလျှင် သင်သည် ၎င်းတို့ကို သိပ်မတွေ့ရသောအခါ၊ ၎င်းတို့နှင့်အတူ သိပ်မရှိသောအခါ ဤသည်မှာ မည်မျှပင်ပို၍ မှန်ကန်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည်ခဏတာအမြင်၊ သို့မဟုတ် လူတစ်ဦးအပေါ် အခြားလူတစ်ယောက်၏ အပြုသဘောဆောင်သော သုံးသပ်ချက်အပေါ် အခြေခံ၍ ထိုသူကို မစဉ်းမစားယုံကြည်ပြီး ထိုသို့သောလူကို အသင်းတော်အလုပ်အား အပ်နှံရဲသည်။ ဤတွင် ၎င်းတို့သည် အလွန်အမင်း ကျိုးကြောင်းမမြင်ဖြစ်နေသည်မဟုတ်လော။ မဆင်မခြင် ပြုလုပ်နေခြင်းမဟုတ်သလော။ ပြီးလျှင် ၎င်းတို့အနေဖြင့် ဤသို့ အလုပ်လုပ်သောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း တာဝန်မသိတတ်ခြင်း မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ဘာလို့ လူတွေကို အလွယ်တကူ ယုံကြည်ခဲ့လဲဆိုတာ နားလည်သွားတယ်။ အဓိကအကြောင်းအရင်းက ကျွန်မက သမ္မာတရားကို နားမလည်ဘဲ အရမ်းကို မာနထောင်လွှားတယ်၊ ကိုယ့်အယူအဆနဲ့ စိတ်ကူးတွေအတိုင်း လူတွေကို တိုင်းတာတယ်။ လူတစ်ယောက်က ခဏလေး ကောင်းကောင်းလုပ်ပြတာနဲ့ အဲဒီလူက တကယ်အလုပ်လုပ်နိုင်တယ်လို့ သတ်မှတ်လိုက်တယ်။ ဒါကြောင့် ကျွန်မက လူတွေကို အလွန်အကျွံယုံကြည်ပြီး အလုပ်ကို ကြီးကြပ်ဖို့နဲ့ လိုက်လံစစ်ဆေးဖို့ ပျက်ကွက်ခဲ့တာပဲ။ တကယ်တော့ ခေါင်းဆောင်က ကျွန်မကို သတိပေးခဲ့ပြီးသား၊ လီကျစ်ရဲ့အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းက သိပ်မကောင်းဘူး၊ အလုပ်ကို အသေးစိတ်လိုက်ကြည့်ပြီး သူ့ကို ပိုပြီးလမ်းညွှန်ကူညီပေးပါလို့ ပြောခဲ့တယ်။ ဒါပေမဲ့ လီကျိက စာနဲ့ပတ်သက်တဲ့အလုပ်အဖွဲ့ဝင် သုံးယောက်ကို ရှာတွေ့ခဲ့ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတွေနဲ့ပတ်သက်ပြီး ပြဿနာတချို့ကို သတိပြုမိခဲ့လို့ သူ့အပေါ်ထားတဲ့ ကျွန်မရဲ့အမြင်ကို ပြောင်းလဲလိုက်တယ်၊ သူ့မှာ အလုပ်လုပ်နိုင်စွမ်းနည်းနည်းရှိတယ်၊ သူ့အစွမ်းအစကလည်း သိပ်မဆိုးပါဘူးလို့ ထင်ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မက သူ့အလုပ်ကို လက်လွှတ်စပယ် ချဉ်းကပ်ခဲ့ပြီး အဲဒါကို လိုက်ကြည့်တာ၊ ဒါမှမဟုတ် မေးမြန်းတာ သိပ်မလုပ်တော့ဘူး။ ရလဒ်အနေနဲ့ ကျွန်မက ပြဿနာအများကြီးကို ရှာမတွေ့၊ မဖြေရှင်းနိုင်ခဲ့ဘဲ အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ တကယ်တော့ သေချာပြန်စဉ်းစားကြည့်တော့မှ အဖွဲ့ဝင်သုံးယောက်ထဲက နှစ်ယောက်ကို ခေါင်းဆောင်က ရှာပေးခဲ့တာဖြစ်ပြီး လီကျစ်က သူတို့ရဲ့တာဝန်တွေကို စီစဉ်ပေးရုံပဲ တာဝန်ယူခဲ့တာကို သဘောပေါက်သွားတယ်။ ပြီးတော့ သူက ဆောင်းပါးတွေထဲက ပြဿနာတချို့ကို ရှာတွေ့နိုင်ခဲ့တာကလည်း အရင်က ဆောင်းပါးရေးတာ လေ့ကျင့်ဖူးလို့ စည်းမျဉ်းတချို့ကို နားလည်နိုင်ခဲ့လို့ပဲ။ ဒါပေမဲ့ တကယ့်အလုပ်လုပ်တာနဲ့ သမ္မာတရားကိုအသုံးပြုပြီး ပြဿနာတွေကို ဖြေရှင်းတာနဲ့ပတ်သက်လာရင် အဖွဲ့ဝင်တွေက မမှန်ကန်တဲ့အခြေအနေတွေမှာ နေထိုင်ပြီး သူတို့ရဲ့တာဝန်တွေအပေါ် သဘောထားမကောင်းတာမျိုးတွေမှာတော့ သူ မလုပ်နိုင်တော့ဘူး။ ကျွန်မက သမ္မာတရားစည်းမျဉ်းတွေနဲ့ လူတွေကို မတိုင်းတာခဲ့ဘူး၊ ပြီးတော့ အဲဒီအပေါ်မှာ ကျွန်မက သက်သာမှုကို မွေ့လျော်ပြီး ဒုက္ခခံဖို့၊ အဖိုးအခပေးဖို့ စိတ်မပါဘဲ လီကျစ်ရဲ့အလုပ်ကို အသေးစိတ် လိုက်မကြည့်၊ လမ်းမညွှန်ခဲ့ဘူး၊ ဒါကြောင့် အလုပ်ကို ထိခိုက်စေခဲ့တယ်။ ဒါကို ဆင်ခြင်သုံးသပ်ရင်းနဲ့ ကျွန်မရဲ့စိတ်နှလုံးထဲမှာ အပြစ်ရှိစိတ်နဲ့ နောင်တရစိတ်တွေ ခံစားခဲ့ရတယ်။ ကျွန်မရဲ့ မျက်စိရော နှလုံးသားပါ တကယ်ကို ကန်းနေခဲ့တာပဲလို့ သဘောပေါက်သွားတယ်။
အဲဒီနောက်မှာ တကယ့်အလုပ်ကို ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ဖတ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာဖွေခဲ့တယ်။ ဘုရားသခင်က ပြောသည် “ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် မည်သည့်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ ဤအလုပ်၏ သဘောသဘာဝက မည်သည့်အရာဖြစ်စေ ၎င်းတို့၏ ပထမဦးစားပေးမှာ အလုပ်က မည်သို့သောအခြေအနေရှိနေသည်ကိုနားလည်ပြီး သဘောပေါက်ရန် ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို ဆက်လက်စစ်ဆေးပြီး မေးခွန်းများမေးကာ သတင်းအချက်အလက်များကို ကိုယ်တိုင်ရယူရန်အတွက် ထိုနေရာတွင် ရှိနေရပေမည်။ ၎င်းတို့သည် ကောလာဟလကိုသာ ယတိပြတ် အမှီပြု၍ မရပေ၊ သို့မဟုတ် အခြားလူတို့၏ အစီရင်ခံချက်များကိုသာ နားထောင်ခြင်း မပြုလုပ်ရပေ။ ထိုအစား ၎င်းတို့သည် ဝန်ထမ်းများ၏ အခြေအနေကိုလည်းကောင်း အလုပ်က မည်သို့ တိုးတက်နေသည်ကိုလည်းကောင်း မိမိတို့ကိုယ်တိုင် ကြည့်ရှုလေ့လာရမည်။ ပြီးလျှင် မည်သည့်အခက်အခဲများရှိသည်ကိုဖြစ်စေ၊ အထက်၏ တောင်းဆိုမှုများနှင့် မကိုက်ညီသည့် ကဏ္ဍတစ်ခုတလေ ရှိမရှိကိုဖြစ်စေ၊ စည်းမျဉ်းများ ချိုးဖောက်ခြင်း ရှိမရှိကိုဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် အနှောင့်အယှက်များ တစ်ခုတလေ ရှိမရှိကိုဖြစ်စေ၊ အတတ်ပညာပိုင်းဆိုင်ရာအလုပ်နှင့် စပ်လျဉ်း၍ ပစ္စည်းကိရိယာ လိုအပ်မှုရှိမရှိကိုဖြစ်စေ၊ ဆီလျော်သော သင်ကြားပို့ချမှုဆိုင်ရာ ပစ္စည်းများ လိုအပ်မှု ရှိမရှိကိုဖြစ်စေ နားလည်ရမည်။ ၎င်းတို့သည် ဤအရာအားလုံးကို နိုင်နိုင်နင်းနင်းဖြစ်ရမည် ဖြစ်သည်။ မည်မျှ များပြားသော အစီရင်ခံချက်များကို ၎င်းတို့ နားထောင်သည်ဖြစ်စေ၊ ကောလာဟလမှ ၎င်းတို့ မည်မျှ ကောက်ယူသည်ဖြစ်စေ ဤအရာတို့သည် ကိုယ်တိုင်သွားရောက်ကြည့်ရှုခြင်းလောက် မကောင်းပေ။ ၎င်းတို့အနေဖြင့် ကိုယ့်မျက်လုံးများဖြင့် အမှုအရာများကို တပ်အပ်မြင်ခြင်းသည် ပိုမို တိကျမှုရှိပြီး ယုံကြည်စိတ်ချရသည်။ ၎င်းတို့သည် အခြေအနေ၏ ကဏ္ဍအားလုံးကို အကျွမ်းဝင်သွားသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာဖြစ်ပျက်နေသည်ကို ကောင်းစွာ သိရှိလိမ့်မည်။ သူတို့သည် အစွမ်းအစကောင်းပြီး ပျိုးထောင်ရန် ထိုက်တန်သောသူသည် မည်သူဖြစ်သည်ကို အထူးသဖြင့် ရှင်းလင်းပြီး တိကျမှန်ကန်စွာ သိရှိနားလည်ထားရမည်။ ဤအရာကသာ သူတို့အား လူတို့ကို တိကျမှန်ကန်စွာ ပျိုးထောင်၍ အသုံးပြုနိုင်စေမည်ဖြစ်သဖြင့် ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် အလွန်အရေးကြီးပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) ဘုရားသခင်က လက်တွေ့အလုပ်ကို ကောင်းကောင်းလုပ်ဆောင်ဖို့အတွက် အဓိကကျတာက ဇာတိပကတိကို အလေးမထားဖို့နဲ့ တခြားသူတွေရဲ့ သတင်းပို့ချက်တွေကိုပဲ နားမထောင်ဖို့ပဲလို့ မိန့်ဆိုတယ်။ ကျွန်မတို့က ကိုယ်တိုင်ပါဝင်ရမယ်၊ အလုပ်လုပ်တဲ့နေရာထဲကို အတွင်းကျကျ ကိုယ်တိုင် ဆင်းပြီး အလုပ်ရဲ့အသေးစိတ်အချက်အလက်တွေကို နားလည်ရမယ်။ ပြဿနာတွေတွေ့ရင် ဖြေရှင်းရာမှာ ကိုယ်တိုင်ပါဝင်ရမယ်။ အချိန်အတိုင်းအတာတစ်ခုကြာပြီးရင် အလုပ်ရဲ့ရလဒ်တွေကို လိုက်လံစစ်ဆေးရမယ်၊ နောက်ဆက်တွဲမလိုက်ဘဲ အကောင်အထည်ဖော်ရုံသက်သက် မထားရဘူး။ ဒါနဲ့ ကျွန်မ စိတ်နှလုံးထဲကနေ နောက်ထပ် ဗျူရိုကရက် မလုပ်တော့ပါဘူးလို့ ပြောပြီး ဘုရားသခင်ကို ဆုတောင်းလိုက်တယ်။ အဲဒီနောက်မှာ ကျွန်မက အသေးစိတ်အလုပ်လုပ်ဖို့ကို စပြီးအာရုံစိုက်ခဲ့တယ်၊ ပြဿနာတချို့ကို ကိုယ်တိုင်မေးမြန်းပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ အဲဒီအချိန်တုန်းက ညီအမ ဆုကျင်း တာဝန်ယူတဲ့အဖွဲ့ရဲ့အလုပ်ကလည်း ဘာရလဒ်မှ မထွက်ဘူး၊ ကျွန်မက အလုပ်ကို သွားစုံစမ်းတဲ့အခါ သူက တကယ့်အလုပ်ကို ဘယ်လိုလုပ်ခဲ့လဲ၊ ပြီးတော့ ဘယ်လို ဒုက္ခခံပြီး အဖိုးအခပေးခဲ့လဲဆိုတာကို သတင်းပို့ခဲ့တယ်။ သူ့သတင်းပို့ချက်ကို ကြားရတော့ ဆုကျင်းက အများကြီး လုပ်ခဲ့တယ်လို့ ထင်ရပေမဲ့ ဒါက အလုပ်ရဲ့ရလဒ်တွေနဲ့ မကိုက်ညီခဲ့ဘူး၊ ဒါကြောင့် ကျွန်မက အလုပ်ကို အသေးစိတ်စပြီး စုံစမ်းကြည့်လိုက်တယ်။ ဆုကျင်းက သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်းအလေးထားတယ်၊ အလုပ်သတင်းပို့တဲ့အခါ သတင်းကောင်းကိုပဲ တင်ပြပြီး သတင်းဆိုးကိုတော့ မပြောဘူးဆိုတာ ကျွန်မတွေ့လိုက်ရတယ်။ အလုပ်ရဲ့အသေးစိတ်အချက်အလက်တွေကို ကျွန်မမေးမြန်းတဲ့အခါ သူက အဓိကကျတဲ့ပြဿနာတွေကို အမြဲရှောင်လွှဲတယ်၊ စုံစမ်းမေးမြန်းပြီးတဲ့နောက်မှာ ဆုကျင်းမှာ အလုပ်လုပ်နိုင်စွမ်းမရှိဘူးဆိုတာ ကျွန်မအတည်ပြုလိုက်ပြီး သူ့ကို ဖြုတ်ချလိုက်တယ်။ အဲဒီအချိန်မှာ အဖွဲ့ခေါင်းဆောင်လုပ်ဖို့ သင့်တော်တဲ့လူကို ရှာမတွေ့နိုင်ခဲ့လို့ အသေးစိတ်အလုပ်တချို့ကို ကျွန်မကိုယ်တိုင် တာဝန်ယူခဲ့တယ်။ အလုပ်မှာ တကယ်တမ်း ပါဝင်ပြီး လိုက်လံစစ်ဆေးခဲ့တဲ့ နှစ်လအတွင်းမှာ ဆောင်းပါးအလုပ်ရဲ့ရလဒ်တွေ တိုးတက်လာခဲ့ပြီး တကယ့်အလုပ်လုပ်ခြင်းရဲ့ ချိုမြိန်မှုကို ကျွန်မ မြည်းစမ်းခဲ့ရတယ်။
ကျွန်မ မသိလိုက်ခင်မှာပဲ ဧပြီလ ရောက်လာတယ်။ ကျွန်မတာဝန်ယူတဲ့ အဖွဲ့သုံးဖွဲ့ရဲ့အလုပ်က တဖြည်းဖြည်း တိုးတက်မှုတွေပြလာပြီး အဖွဲ့ခေါင်းဆောင်လောင်းတွေကိုလည်း ကျွန်မတို့ ရွေးထုတ်ခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ အစီအစဉ်ချနေမိတယ်၊ “အလုပ်က နောက်ဆုံးတော့ လမ်းကြောင်းပေါ်ရောက်နေပြီ၊ ပုံမှန်အတိုင်း လိုက်ကြည့်နေသရွေ့ အဆင်ပြေမှာပဲ၊ ငါ နောက်ဆုံးတော့ အနားယူလို့ရပြီ” လို့ပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်မက နေ့တိုင်းတင်တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေကိုပဲ အာရုံစိုက်တော့တယ်၊ ပြီးတော့ အလုပ်ရဲ့အသေးစိတ်တွေကို စုံစမ်းစစ်ဆေးဖို့ အစပြုလုပ်တာမျိုး မလုပ်တော့ဘူး။ ဇွန်လရဲ့တစ်ရက်မှာ ကျွန်မက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကြည့်ခဲ့တယ်၊ အဲဒီထဲက ညီအစ်ကိုက အသင်းတော်ခေါင်းဆောင်ဖြစ်ပြီး ဧဝံဂေလိအလုပ်ကို တာဝန်ယူတယ်။ သူက အလုပ်ကို တော်တော်လေး အသေးစိတ်လုပ်ပြီး ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတစ်ယောက်ချင်းစီရဲ့ အခြေအနေကို ကောင်းကောင်းသိတယ်။ သူနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်လိုက်တော့ ကျွန်မက အများကြီးနောက်ကျကျန်နေမှန်း သဘောပေါက်သွားတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့လဝက်အတွင်းမှာ ကျွန်မက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေ တင်လာတာနဲ့ပဲ ကျေနပ်နေခဲ့ပြီး အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ အလုပ်အသေးစိတ်ကို မစုံစမ်းခဲ့ဘူး။ ကျွန်မရဲ့အလုပ်မှာ နည်းနည်းပေါ့လျော့လာမှန်း သဘောပေါက်ပြီး အမြန်ပဲ အခြေအနေကို ပြုပြင်ပြောင်းလဲလိုက်တယ်။ ကျွန်မ အဖွဲ့တချို့ရဲ့အလုပ်ကို စတင်စစ်ဆေးလိုက်တော့မှ အဖွဲ့တစ်ဖွဲ့မှာ မစိစစ်ရသေးတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေ တောင်လိုပုံနေတာကို ရှာတွေ့ခဲ့တယ်၊ နောက်အဖွဲ့တစ်ဖွဲ့ကလည်း တာဝန်ထမ်းဆောင်ရာမှာ အရမ်းကို ထိရောက်မှုမရှိဘူး၊ သူတို့အလုပ်ရဲ့ရလဒ်တွေက သိသိသာသာကို ကျဆင်းနေခဲ့တယ်...။ စစ်ဆေးလေလေ ပြဿနာတွေ ပိုတွေ့လေလေပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်းစိတ်တိုသွားတယ်၊ “ဒီပြဿနာတွေကို ငါ ဘာလို့ စောစောစီးစီး မတွေ့ခဲ့ရတာလဲ။ ဘယ်လိုလုပ်ပြီး ငါကိုယ်တိုင်ဖြစ်နေရဲ့သားနဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ရဲ့လမ်းကို ထပ်လျှောက်မိရတာလဲ” ပေါ့။ အဲဒီနောက်မှာ ကျွန်မ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။
ကျွန်မရှာဖွေရာမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “‘ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ’ ဟူသည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့နေစဉ် မကြာခဏ ပြောဆိုဆွေးနွေးကြပြီးဖြစ်သည့် နောက်ထပ် အယောင်ဆောင် ခေါင်းဆောင်တစ်မျိုးရှိသည်။ ဤအမျိုးအစားတွင် အစွမ်းအစ အနည်းငယ်ရှိသည်။ ၎င်းတို့သည် ဉာဏ်မထက်မြက်သူများ မဟုတ်ကြပေ။ ၎င်းတို့၏ အလုပ်တွင် နည်းလမ်းများနှင့် နည်းစနစ်များ ရှိသည့်အပြင် ပြဿနာများကို ဖြေရှင်းခြင်းအတွက် အစီအစဉ်များလည်း ရှိကြပြီး ၎င်းတို့အား အလုပ်တစ်ခု ပေးအပ်သည့်အခါ မျှော်လင့်ထားသည့် စံနှုန်းများနှင့် နီးစပ်အောင် အကောင်အထည်ဖော်နိုင်ကြသည်။ အလုပ်တွင် ပေါ်ပေါက်လာသည့် မည်သည့်ပြဿနာကိုမဆို ၎င်းတို့က ရှာဖွေတွေ့ရှိနိုင်ပြီး အချို့ကိုလည်း ဖြေရှင်းပေးနိုင်ကြသည်။ အချို့လူများ တင်ပြသည့် ပြဿနာများကို ကြားရသည့်အခါ သို့မဟုတ် အချို့လူများ၏ အပြုအမူ၊ သရုပ်သကန်များ၊ စကားနှင့် လုပ်ရပ်များကို သတိပြုမိသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် တုံ့ပြန်မှုတစ်ခုရှိကြပြီး ၎င်းတို့တွင် ကိုယ်ပိုင်ထင်မြင်ချက်နှင့် သဘောထားတစ်ခု ရှိကြသည်။ ဤလူများက သမ္မာတရားကို လိုက်စားပြီး ဝန်တာစိတ်ရှိကြလျှင် ဤပြဿနာအားလုံးကို ဖြေရှင်း၍ရပေသည်။ သို့သော် ယနေ့ ငါတို့ မိတ်သဟာယဖွဲ့နေသည့် လူအမျိုးအစား၏ တာဝန်အောက်ရှိ အလုပ်တွင်မူ ပြဿနာများက မမျှော်လင့်ဘဲ မပြေမလည်ဖြစ်သွားရသည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤလူများသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သက်သာလွယ်ကူမှုကို နှစ်သက်ပြီး ကြိုးစားအားထုတ်ရခြင်းကို မုန်းတီးကြသည်။ ၎င်းတို့သည် အပေါ်ယံအားဖြင့် ဝတ်ကျေတမ်းကျေ အားထုတ်မှုများကိုသာ ပြုလုပ်နေကြသည်။ ၎င်းတို့သည် အလုပ်မရှိဘဲ အားနေခြင်းနှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းအား နှစ်သက်ကြပြီး လူများကို ဩဇာပေးခြင်းအား နှစ်သက်ကြသည်။ ၎င်းတို့သည် ပါးစပ်ကိုသာ အနည်းငယ် လှုပ်ရှားပြီး အကြံဉာဏ်အချို့ ပေးကာ ထို့နောက်တွင် မိမိတို့၏အလုပ် ပြီးပြီဟု မှတ်ယူကြသည်။ အသင်းတော်၏ လက်တွေ့ကျသော အလုပ် သို့မဟုတ် ဘုရားသခင်က ၎င်းတို့အား အပ်နှံသည့်အရေးကြီးသောအလုပ် တစ်ခုတလေကိုမျှ နှလုံးမသွင်းကြပေ။ ၎င်းတို့တွင် ဤဝန်တာစိတ် မရှိကြသည့်အပြင် ဘုရားအိမ်တော်က ဤအရာများကို ထပ်တလဲလဲအလေးပေးပြောဆိုလျှင်ပင် ၎င်းတို့က နှလုံးမသွင်းကြသေးပေ။...ဤလူအမျိုးအစားနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ (၎င်းတို့ အလွန်ပျင်းရိကြပါသည်။) မည်သူသည် ဆိုးရွားသော ပြဿနာ ရှိသလောဟူသည်ကို ငါ့အား ပြောလော့။ ပျင်းရိသောလူများလော၊ သို့မဟုတ် အစွမ်းအစနည်းသောလူများလော။ (ပျင်းရိသောလူများဖြစ်ပါသည်။) အဘယ်ကြောင့် ပျင်းရိသောလူများက ဆိုးသောပြဿနာရှိသနည်း။ (အစွမ်းအစနည်းသောလူများသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် မဖြစ်နိုင်သော်လည်း ၎င်းတို့တတ်စွမ်းနိုင်သမျှ တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါတွင် အတော်အတန် ထိရောက်နိုင်သည်။ သို့ရာတွင် ပျင်းရိသောလူများက မည်သည့်အရာကိုမျှ မလုပ်နိုင်ပေ။ ၎င်းတို့သည် အစွမ်းအစရှိလျှင်ပင် ယင်းက အကျိုးသက်ရောက်မှု မရှိပါ။) ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် လူများ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခများကို ခါးစည်းခံရန် ဆန္ဒမရှိကြ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မသင့်တော်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းတို့သည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) အစွမ်းအစရှိပေမဲ့ တာဝန်ကို ကောင်းကောင်းမထမ်းဆောင်တဲ့ အဲဒီလို အယောင်ဆောင်ခေါင်းဆောင်တွေကို ဘုရားသခင် ဖော်ထုတ်ထားတာကို ဖတ်ပြီး ကျွန်မရဲ့စိတ်နှလုံးထဲမှာ တုန်လှုပ်သွားတယ်။ အရင်က ကိုယ့်ကိုယ်ကိုယ် သိပ်မပျင်းဘူးလို့ အမြဲတမ်း ထင်ခဲ့တယ်၊ ဘုရားသခင်ဖော်ထုတ်တဲ့ အသုံးမကျတဲ့သူနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မဆက်စပ်ခဲ့ဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ အဖြစ်မှန်တွေရှေ့မှာ ကျွန်မ ဝန်ခံရတော့တယ်၊ ကျွန်မ လက်တွေ့အလုပ်မလုပ်နိုင်ရခြင်းရဲ့ အကြောင်းအရင်းက သက်သာရာကို ချစ်မြတ်နိုးတာ၊ အလုပ်ပင်ပန်းရမှာကို မုန်းတာ၊ သက်သောင့်သက်သာရှိမှုကို တပ်မက်တာ၊ ပြီးတော့ အရမ်းပျင်းတာတွေကြောင့်ပဲ။ အလုပ်ကို ကြီးကြပ်ခဲ့တဲ့အချိန်တွေကို ပြန်ကြည့်တဲ့အခါ အစပိုင်းမှာတော့ ကျွန်မ တာဝန်နည်းနည်းယူနိုင်တယ်၊ ဒုက္ခနည်းနည်းခံနိုင်တယ်၊ အဖိုးအခနည်းနည်းပေးဆပ်နိုင်တယ်၊ အလုပ်ကလည်း တိုးတက်မှုတချို့ ပြခဲ့တယ်။ ဒါပေမဲ့ အလုပ်မှာ ရလဒ်တချို့မြင်လိုက်ရတဲ့အခါ ကျွန်မရဲ့ သက်သောင့်သက်သာရှိမှုကို တပ်မက်တဲ့စိတ်က ပေါ်လာပြီး အလုပ်ကို အဖွဲ့ခေါင်းဆောင်တွေဆီ တွန်းပို့ပြီး ကျွန်မရဲ့ အားလပ်ချိန်ကို တိတ်တိတ်လေး ပျော်မွေ့ခဲ့တယ်။ နေ့တိုင်း ဆောင်းပါးတွေ စိစစ်ရုံနဲ့ပဲ ကျေနပ်နေခဲ့ပြီး အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ ပြဿနာတွေကို စိတ်အားထက်ထက်သန်သန်နဲ့ စဉ်းစားဖို့ စိတ်ပင်ပန်းမခံချင်တော့ဘူး။ ကျွန်မက တာဝန်ထမ်းဆောင်ရာမှာ အစပိုင်းမှာ အားကောင်းခဲ့ပေမဲ့ အဆုံးထိ မလိုက်နိုင်ခဲ့ဘူး၊ ပြီးတော့ အလွယ်ဆုံးလမ်းကို အမြဲတမ်း လိုက်ခဲ့တယ်။ ဒါကြောင့် အလုပ်ထဲက ပြဿနာတွေကို အချိန်မီ ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်ခြင်း မရှိခဲ့ဘူး။ ဘုရားသခင်က လူတွေကို မှန်ကန်တဲ့ကိစ္စတွေကို စဉ်းစားဆင်ခြင်ဖို့ စိတ်ကိုပေးထားတယ်၊ ဒါပေမဲ့ ကျွန်မက ကိုယ့်ဇာတိပကတိကိုပဲ အမြဲအလေးထားပြီး ကိုယ့်ဦးနှောက်ကို ဘယ်တော့မှမသုံးချင်ဘူး၊ ပြဿနာတွေကိုလည်း တွေးတောဖြေရှင်းချင်စိတ်မရှိခဲ့ဘူး။ အသင်းတော်က ကျွန်မကို ဒီလောက်အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့ပေမဲ့ ကျွန်မက အလုပ်ကို ထိရောက်အောင်လုပ်ဖို့ အဖိုးအခကို ဘယ်လိုပေးရမလဲဆိုတာကို မစဉ်းစားခဲ့ဘူး။ အဲဒီအစား ကျွန်မက သက်သာမှုမှာ မွေ့လျော်ပြီး ကိုယ့်ရဲ့တာဝန်တွေအပေါ် တာဝန်မဲ့နေခဲ့တယ်။ ကျွန်မမှာ တကယ်ကို အသိတရားနဲ့ လူ့သဘာဝ မရှိခဲ့ဘူး။ ကျွန်မက ဘုရားသခင်ပြောတဲ့ အသုံးမကျတဲ့သူမျိုး အတိအကျပဲ ဖြစ်မနေဘူးလား။ အဲဒီနောက်မှာ ကျွန်မရဲ့ဇာတိပကတိကို ပုန်ကန်ဖို့၊ ဘုရားသခင်ဆီ နောင်တရဖို့၊ ပြီးတော့ တကယ့်အလုပ်လုပ်ဖို့ ဆန္ဒနဲ့ ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့တယ်။
တစ်နေ့မှာ ဝတ်ပြုခြင်းလုပ်နေတုန်း ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “လက်ရှိတွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အခွင့်အရေးများစွာ မရှိပေ။ ထို့ကြောင့် သင်တတ်နိုင်သောအချိန်တွင် အခွင့်အလမ်းများကို အမိအရယူရမည်။ တာဝန်တစ်ခုကို ရင်ဆိုင်ရသောအခါတွင် အတိအကျပင် သင့်ကိုယ်သင် အသုံးပြုရမည်။ ဆိုလိုသည်မှာ သင့်ကိုယ်သင် ပေးဆပ်ရမည့်အချိန်၊ ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံရမည့်အချိန်၊ အဖိုးအခပေးဆပ်ရန် လိုသည့်အချိန် ဖြစ်သည်။ မည်သည့်အရာကိုမျှ ချုပ်တည်းမထားနှင့်၊ မည်သည့်အကြံအစည်မျှ သိမ်းမထားနှင့်။ လူးသာလွန့်သာ အခြေအနေကို ချန်မထားနှင့်။ သို့မဟုတ် သင့်ကိုယ်သင် ထွက်လမ်း မပေးနှင့်။ သင်သည် လူးသာလွန့်သာ တစ်စုံတရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) “သင်သည် အတိုင်းအတာတစ်ခုအထိ အစွမ်းအစကို အမှန်တကယ် ပိုင်ဆိုင်လျှင်၊ သင်တာဝန်ရှိသည့် နယ်ပယ်အတွင်းတွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို အမှန်တကယ် နားလည်သဘောပေါက်လျှင် သင်၏အလုပ်အကိုင်နှင့်ပတ်သက်ပြီး အကျွမ်းတဝင်ရှိလျှင် သင်သည် စကားတစ်ရပ်ကို လိုက်နာရန်သာလိုပြီး သင်၏တာဝန်တွင် သစ္စာရှိနိုင်လိမ့်မည်။ ယင်းက မည်သည့်စကားဖြစ်သနည်း။ ‘စိတ်နှစ်လုပ်ကိုင်လော့။’ သင်သည် အမှုအရာများအပေါ် စိတ်နှစ်လျှင်၊ လူတို့အပေါ် စိတ်နှစ်လျှင် သင်၏တာဝန်တွင် သစ္စာရှိပြီး တာဝန်သိတတ်နိုင်လိမ့်မည်။ ဤစကားက လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသလော။ ဤအရာကို မည်သို့လက်တွေ့လုပ်ဆောင်သနည်း။ ယင်းမှာ ကြားရန် သင်၏နားကို အသုံးပြုဖို့ မဆိုလိုသကဲ့သို့ တွေးရန် သင်၏ စိတ်ကို အသုံးပြုရန်လည်း မဆိုလိုပေ။ ယင်းမှာ သင်၏ စိတ်နှလုံးကို အသုံးပြုခြင်းအား ဆိုလိုသည်။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို အမှန်တကယ် အသုံးပြုနိုင်ပါက တစ်စုံတစ်ယောက်က တစ်ခုခုလုပ်သည်ကို၊ တစ်နည်းနည်းဖြင့် ပြုမူသည်ကို သို့မဟုတ် တစ်စုံတစ်ခုအပေါ် တုံ့ပြန်မှုတစ်မျိုးမျိုးရှိသည်ကို သူ၏ မျက်လုံးများက မြင်သောအခါ၊ သို့မဟုတ် လူအချို့၏ ထင်မြင်ချက်များ သို့မဟုတ် ငြင်းခုံမှုများကို သူ၏ နားများက ကြားသောအခါ ဤအရာများကို တွေးတောချိန်ဆရန် သူ၏ စိတ်နှလုံးကို အသုံးပြုခြင်းအားဖြင့် သူ၏ စိတ်တွင် စိတ်ကူး၊ အမြင်နှင့် သဘောထားအချို့ ဖြစ်ပေါ်လာလိမ့်မည်။ ဤစိတ်ကူး၊ အမြင်နှင့် သဘောထားများသည် ထိုလူ၊ သို့မဟုတ် အမှုအရာအပေါ် လေးနက်သော၊ ထူးခြားသော၊ မှန်ကန်သော နားလည်မှုရှိစေလိမ့်မည်။ တစ်ချိန်တည်းတွင် သင့်တော်သော၊ မှန်ကန်သော အကဲဖြတ်မှုနှင့် စည်းမျဉ်းများဖြစ်ပေါ်လိမ့်မည်။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို အသုံးပြုသည့် ဤသရုပ်သကန်များရှိသည့်အခါမှသာ သူသည် မိမိ၏တာဝန်ကို သစ္စာစောင့်သိသညဟု ဆိုလိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို နားလည်စေခဲ့တယ်၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းပြီး တကယ့်အလုပ်လုပ်ဖို့အတွက် အရင်ဆုံး ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သတိရှိရှိ ပုန်ကန်ရမယ်၊ ကိုယ့်တာဝန်တွေမှာ စိတ်နှလုံးနှစ်ထားရမယ်။ စိတ်နှလုံးနှစ်ထားသရွေ့တော့ ပြဿနာတွေကို ရှာတွေ့နိုင်ပြီး တကယ်ပဲ ဖြေရှင်းနိုင်မှာပဲ။ ဒီလိုလုပ်မှသာ ကိုယ့်တာဝန်တွေကို သစ္စာရှိရှိ ထမ်းဆောင်နိုင်မှာဖြစ်ပြီး အဲဒါကိုမှ တကယ်အလုပ်လုပ်တယ်လို့ သတ်မှတ်နိုင်မှာပဲ။ စိတ်နှလုံး မနှစ်ဘဲ၊ အားမထုတ်ချင်ဘူး၊ အဖိုးအခမပေးချင်ဘူးဆိုရင် ပြဿနာတွေတွေ့တဲ့အခါ သမ္မာတရားကို ရှာဖွေဖို့ အားထုတ်မှာမဟုတ်ဘူး၊ ပြဿနာတွေကိုတောင် ရှာတွေ့ချင်မှတွေ့မယ်၊ ဖြေရှင်းဖို့ဆိုတာကတော့ ဝေးရောပဲ၊ နောက်ဆုံးမှာတော့ ကိုယ့်တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းနိုင်မှာမဟုတ်ဘူး။ နောက်ပိုင်းမှာ ကျွန်မနဲ့အတူ လုပ်နေတဲ့ ညီအမနဲ့ အဖွဲ့ထဲကပြဿနာတွေကို တစ်ခုချင်းစီ ဆွေးနွေးခဲ့တယ်။ ကျွန်မတို့ အဖွဲ့ထဲကအလုပ်ကို သေသေချာချာစစ်ဆေးပြီး လွဲချော်မှုတွေ၊ ဟာကွက်တွေကို ရှာတွေ့ခဲ့တယ်၊ အဲဒီနောက်မှာ လက်တွေ့ကျကျ ဆွေးနွေးဖို့ စာရေးခဲ့တယ်၊ အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ရာမှာ ထိရောက်မှုနည်းတဲ့ပြဿနာကလည်း တဖြည်းဖြည်း ပြေလည်သွားခဲ့တယ်။ ဒါပေမဲ့ ဒီအလုပ်တွေကို တစ်ခါစစ်ဆေး၊ တစ်ခါလိုက်ကြည့်ရုံနဲ့ ပြီးသွားမှာမဟုတ်ဘူး၊ ပုံမှန်လိုက်လံစစ်ဆေးမှုတွေနဲ့ ကြီးကြပ်မှုတွေ လိုအပ်တယ်၊ ဒါက ရေရှည်လုပ်ဆောင်ရမယ့်အလုပ်ဖြစ်တယ်ဆိုတာ ကျွန်မသိခဲ့တယ်။ တစ်ခါတလေ အလုပ်တွေများလာရင် ပျင်းချင်တဲ့ အခြေအနေကို ထုတ်ဖော်ပြမိတုန်းပဲ၊ ဒါပေမဲ့ ကျွန်မ ချက်ချင်းပဲ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲပြီး ဇာတိပကတိကို ပုန်ကန်နိုင်ခဲ့တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး တကယ့်အလုပ်လုပ်ခဲ့တယ်။ မသိလိုက်မသိဘာသာနဲ့ ကျွန်မတာဝန်ယူတဲ့အဖွဲ့တွေရဲ့ ဆောင်းပါးအလုပ်က သိသာတဲ့ရလဒ်တွေ ပြလာတော့ ကျွန်မ တကယ်ကို ပျော်ရွှင်မိတယ်။ ဒီလိုနည်းနဲ့ တာဝန်ထမ်းဆောင်ရတော့ ကျွန်မ စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းကို ခံစားခဲ့ရတယ်။
ဒီလိုတွေ့ကြုံပြီးတဲ့နောက်မှာ ကျွန်မသဘောပေါက်သွားတယ်၊ တကယ့်အလုပ်လုပ်ရတာ မခက်ပါဘူး။ စိတ်နှလုံးထားတတ်ဖို့ပဲ လိုတာပါ။ ကိုယ့်ရဲ့ရည်ရွယ်ချက်ကို မှန်ကန်အောင်ထားတဲ့အခါ ဇာတိပကတိရဲ့ သက်သာလွယ်ကူမှုကနေ ရှောင်ခွာပြီး အဲဒီအစား တကယ့်အလုပ်ကို ဘယ်လိုကောင်းကောင်း လုပ်ရမလဲဆိုတာ စဉ်းစားတဲ့ဘက်ကို စိတ်ကိုင်းညွတ်တဲ့အခါ၊ ကိုယ့်စိတ်နှလုံးက မှန်ကန်တဲ့ကိစ္စတွေအပေါ် ပိုပြီးအာရုံစိုက်လာတယ်၊ ကိုယ့်တာဝန်တွေမှာ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ကောင်းချီးမင်္ဂလာတွေကို တွေ့ကြုံခံစားနိုင်တယ်၊ ပြဿနာတွေကိုလည်း ပိုပြီးရှင်းရှင်းလင်းလင်း၊ တိတိကျကျ မြင်နိုင်တယ်။ အဓိကကျတာက တကယ်အလုပ်လုပ်ခြင်းနဲ့ ပြဿနာတွေကို ပိုရှာတွေ့နိုင်တယ်၊ သမ္မာတရားနဲ့ ပြဿနာဖြေရှင်းဖို့ လေ့ကျင့်နိုင်ပြီး သမ္မာတရားစည်းမျဉ်းတွေကို ပိုနားလည်လာနိုင်တယ်။ တကယ်အလုပ်လုပ်မှသာ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ပြီး စိတ်နှလုံးထဲမှာ တည်ငြိမ်အေးချမ်းမှု ရှိနိုင်တယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
လီရှန် အမေရိကန်နိုင်ငံဒီနှစ်အစပိုင်း ရက်တစ်ရက်မှာ၊ အသင်းတော်မှာ ပါဝင်တာ မကြာသေးတဲ့ လူသစ်တစ်ယောက်က စုဝေးပွဲနှစ်ခု မတက်ခဲ့တာကို ကျွန်တော်...
လုယီ၊ တရုတ်ပြည်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မဟာ အသင်းတော်မှာ စာနဲ့ပတ်သက်တဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေခဲ့ပါတယ်။ ကျွန်မဟာ...
ချန်မင် တရုတ်နိုင်ငံ အဲဒါက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဖြစ်ပြီး၊ ကျွန်မတို့ ဘုရားကျောင်းက ခေါင်းဆောင် နှစ်ယောက် ဖမ်းဆီးခံခဲ့ရတယ်။...
ကမ္ဘောဒီးယားနိုင်ငံမှ နာရှ်၁၉၉၅ ခုနှစ်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ သခင်ယေရှုကို ယုံကြည်ခဲ့ကြပြီး နှစ်နှစ်ကြာတော့ အနန္တတန်ခိုးရှင်...