ကျွန်မရဲ့ မိဘတွေကို အရှိအတိုင်း မြင်တယ်

22.05.2022

ရှင်းချယ် တောင်ကိုရီးယားနိုင်ငံ

ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မမိဘတွေက ဘုရားရဲ့နောက်ကိုလိုက်တဲ့အတွက် စံပြတွေအဖြစ် ကျွန်မက အမြဲတမ်းမြင်ခဲ့တယ်။ သူတို့က သူတို့ယုံကြည်မှုမှာ အရမ်းစိတ်တက်ကြွပြီး အနစ်နာခံလိုတဲ့ပုံစံရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်မအမေက တာဝန်တစ်ခုကို အချိန်ပြည့်လုပ်ဖို့အတွက် တော်တော်ကောင်းတဲ့အလုပ်တစ်ခုကနေ ထွက်ခဲ့တယ်။ သူက ကျွမ်းကျင်မှုနဲ့ အသိပညာတချို့ရှိပြီး အဖိုးအခပေးဆပ်ဖို့ ဆန္ဒရှိတယ်။ ဒါကြောင့် သူက အသင်းတော်မှာ အရေးကြီးတဲ့တာဝန်တွေ အမြဲတမ်းရှိတယ်။ နောက်ပိုင်းမှာ ကျွန်မတို့မိသားစုက ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်တာကို ခံခဲ့ရတယ်။ အဲဒါနဲ့ စီစီပီက ဖမ်းတာကို မခံရအောင် ကျွန်မမိဘတွေက ကျွန်မနဲ့အတူ ရှောင်ပုံးနေခဲ့ရတယ်။ ဒီလိုဖြစ်တာတောင်မှ သူတို့က တာဝန်တွေကို ဆက်လုပ်ကြတယ်။ ပြီးတော့ စိတ်နှစ်မြုပ်ပြီးတော့ ဝိညာဉ်ရေးရာဆန်တဲ့ သူတိုရဲ့ ဘဝနေမှုပုံစံနဲ့ ပုံမှန်အပြုအမူရဲ့ ရိုးရှင်းမှုနဲ့ ပေါင်းစပ်ပြီး အသင်းသားတွေက ကျွန်မမိဘတွေက လူ့သဘာဝကောင်းရှိတယ်၊ စစ်မှန်တဲ့ယုံကြည်သူတွေဖြစ်တယ် သမ္မာတရားကိုလိုက်စားတယ်လို့ ပြောကြတာကိုကျွန်မ ခဏခဏကြားရတယ်။ ပါတီရဲ့ ဖိနှိပ်မှုကြောင့် ကျွန်မ ၁၀နှစ်အရွယ်မှာ မိဘတွေနဲ့ ခွဲနေခဲ့ရပြီး ကျွန်မတို့အချင်းချင်း ထပ်မတွေ့နိုင်ကြတော့ဘူး။ ဒါပေမဲ့ ကျွန်မက သူတို့အပေါ်အရမ်းအထင်ကြီးတာက အမြဲတမ်းရှိနေခဲ့တယ်။ သူတို့ကို ကျွန်မ တကယ်ကို အထင်ကြီးလေးစားပြီး သူတို့က ဘုရားအပေါ်မှာ ကြီးမားတဲ့ ယုံကြည်ခြင်းရှိတယ်လို့ ခံစားမိတယ်။ သူတို့ရဲ့ အနစ်နာခံမှုတွေ၊ အရေးကြီးတဲ့တာဝန်တွေကို ယူတာတွေကြောင့် သူတို့ဟာ သမ္မာတရားကိုလိုက်စားပြီး လူ့သဘာဝကောင်းရှိမှာပဲ၊ ဘုရားက သူတို့ကို လက်ခံမှာပဲပေါ့။ သူတို့က ကယ်တင်ခြင်းခံရနိုင်တဲ့သူတွေဖြစ်တယ်လို့တောင် ကျွန်မ ခံစားမိခဲ့တယ်။ ဒီလိုမိဘတွေရှိတာကို တော်တော်ဂုဏ်ယူမိတယ်။

နောက်ပိုင်းမှာ ပါတီရဲ့ ဖိနှိပ်မှုကြောင့် နောက်ဆုံးတော့ ကျွန်မတို့အားလုံး နိုင်ငံခြားကို ထွက်ပြေးခဲ့ရတယ်။ အဲဒီနောက်မှာ ကျွန်မ သူတို့နဲ့ ဆက်သွယ်တဲ့အခါ သူတို့က နိုင်ငံခြားမှာ တာဝန်တွေထမ်းဆောင်နေတုန်းပဲဆိုတာ တွေ့လိုက်ရတယ်။ အထူးသဖြင့် ကျွန်မအမေက ကြီးကြပ်သူတစ်ယောက်အနေနဲ့ နေရာနည်းနည်းယူရတော့ သူ့ကို ပိုပြီးတော့တောင် အထင်ကြီးလေးစားခဲ့တယ်။ ကျွန်မမိဘတွေက အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ ယုံကြည်သူတွေဖြစ်ခဲ့ကြပြီး အများကြီး အနစ်နာခံခဲ့ကြတယ်။ အဲဒါအပြင် သူတို့မှာ အရေးကြီးတာဝန်တွေရှိကြတယ်။ သူတို့က သမ္မာတရားကို ရှာဖွေသူတွေဖြစ်ရမယ်၊ ဝိညာဉ်ရင့်ကျက်မှုရှိရမယ်၊ ဒါကြောင့် နောက်ကျရင် ကျွန်မမှာ ဘယ်လိုအခက်အခဲမျိုးမဆိုရှိတဲ့အခါတိုင်းမှာ အကူအညီတောင်းဖို့အတွက် သူတို့ဆီကို သွားလို့ရတယ်ဆိုပြီး တွေးမိတယ်။ တော်တော်ကောင်းပါတယ်။ ပြီးရင် တစ်ခါတလေမှာ ကျွန်မတို့ရဲ့ ကိုယ်ပိုင် လတ်တလော အခြေအနေတွေကို ပြောကြတယ်။ တစ်ခါတော့ ကျွန်မအဖေက ပြောတယ်။ သူ့အမြင်မှာ ဘာနည်းပညာကျွမ်းကျင်မှုမှမလိုတဲ့ အလုပ်တာဝန်ကို သူလုပ်နေပြီး သူ့ရဲ့ စိတ်ပါဝင်စားမှုနဲ့ပတ်သက်နေပြီး အခက်အခဲဖြစ်နေတယ်၊ တခြားအလုပ်တာဝန်တစ်ခုကို အမြဲပြောင်းချင်နေတယ်တဲ့။ အဲဒီအချိန်တုန်းက ကျွန်မလည်း လုံးဝ ဒီလိုအတွေ့အကြုံမျိုးပဲရှိနေတာ။ အဲဒါနဲ့ ကျွန်မတို့ အချင်းချင်း မိတ်သဟာယဖွဲ့ပြီး ဘုရားနှုတ်ကပတ်တော်တချို့ကို မျှဝေခဲ့တယ်။ အချိန်နည်းနည်းလောက်ကြာပြီးတော့ ဘုရားနှုတ်ကပတ်တော် စားသောက်ခြင်းနဲ့ သမ္မာတရားကို ရှာဖွေခြင်းကတစ်ဆင့် ကျွန်မက တာဝန်အပေါ် တွက်ကပ်နေတယ်ဆိုတာကို မြင်ခဲ့ပါတယ်။ ကျွန်မကို အမြင်ကောင်းစေမယ့် ဘယ်တာဝန်ကိုမဆို ကျွန်မ လိုချင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူးဆိုရင် ကျွန်မက ဖြစ်ကတတ်ဆန်းပဲလုပ်တယ်။ ဒါက တော်တော် တစ်ကိုယ်ကောင်းဆန်ပြီး စစ်မှန်တဲ့ ယုံကြည်ခြင်းကို မပြပါဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာပြီး အဲဒီအခြေအနေကနေ ထွက်လို့ရအောင်လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မအဖေက ပိတ်မိနေတယ်။ သူ့တာဝန်ကို ထမ်းဆောင်ဖို့ စိတ်ပါမနေဘူး။ ကျွန်မ ခေါင်းရှုပ်သွားတယ်။ သူက ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိ ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့တာကြောင့် သူ့မှာ ဝိညာဉ်ရင့်ကျက်မှုနည်းနည်းရှိသင့်တယ်။ သူ့တာဝန်ကို ရွေးချယ်တဲ့ အဲဒီပြဿနာကို သူ ဘာလို့ မဖြေရှင်းနိုင်တာလဲပေါ့။ ကျွန်မပြဿနာတွေအကြောင်းကို မိဘတွေကို ကျွန်မပြောတဲ့အခါမှာ သူတို့က ကျွန်မကို ဘုရားနှုတ်ကပတ်တော်တချို့ပို့ပြီး သူတို့အမြင်တွေကို မျှဝေတယ်၊ ဒါပေမဲ့ သူတို့ပြောတာက ကျွန်မကို တကယ်တမ်း အကူအညီမဖြစ်စေခဲ့ဘူးဆိုတာကိုလည်း ကျွန်မ သတိထားမိတယ်။ ကျွန်မ စိတ်ကူးမိသလိုမျိုး သမ္မာတရားကို သူတို့ တကယ်နားမလည်ဘူးဆိုတဲ့ မရေမရာခံစားချက်တစ်ခုကို ကျွန်မ စပြီးခံစားမိလာတယ်။

နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက သက်သေခံချက်ဆိုင်ရာ စာတွေကို ရေးတာနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့ကြတယ်။ ယုံကြည်သူဖြစ်တာကြာပြီဆိုတော့ ကျွန်မမိဘတွေက အတွေ့အကြုံတွေအများကြီးရှိရမယ်လို့ ကျွန်မ တွက်မိတယ်။ အထူးသဖြင့် ကျွန်မ အမေပေါ့။ သူက အန္တိခရစ်တစ်ယောက်ရဲ့ ဖိနှိပ်တာကို ခံရပြီး အသင်းတော်ကနေ တရားမျှတမှုမရှိဘဲ ထုတ်ပစ်တာခံခဲ့ရတယ်။ ဒါပေမဲ့ သူက ဧဝံဂေလိကို ဆက်ပြီး ဖြန့်ဝေနေခဲ့တယ်။ ပြန်ခေါ်ခံရပြီးတဲ့နောက်မှာ သူယူရတဲ့ ဘယ်တာဝန်ကိုမဆို အစွမ်းကုန်လုပ်တယ်။ သူ့တာဝန်က ခဏခဏပြောင်းတယ်။ ဒါကြောင့် အတွေ့အကြုံတွေ အများကြီးရှိရမယ်ပေါ့။ ဘုရားကို သက်သေခံဖို့အတွက် ဒါတွေကို သူရေးသင့်တယ်လို့ ကျွန်မ တွက်မိတယ်။ ကျွန်မအမေကို စာတစ်ပုဒ်ရေးဖို့ ရံဖန်ရံခါတိုက်တွန်းတယ်။ ဒါပေမဲ့ သူက ရှောင်ပဲရှောင်နေတယ်။ သူက လုပ်ချင်ပါတယ်၊ ဒါပေမဲ့ တာဝန်မှာ အရမ်းအလုပ်ရှုပ်နေပြီး အေးအေးဆေးဆေးဖြစ်တဲ့အချိန် မရနေဘူးလို့ပြောတယ်။ ကျွန်မ စဉ်းစားတယ်။ သူက တာဝန်နဲ့ တကယ်အလုပ်ရှုပ်နေတာပဲ၊ ဒါပေမဲ့ ဒါကို ဆင်ခြေပေးလို့မရဘူးပေါ့။ သူက မျှဝေဖို့အတွက် တကယ်ပဲ သက်သေခံချက်ရှိတယ်ဆိုရင် ချရေးဖို့ သိပ်အချိန်ကုန်မှာမဟုတ်ဘူး။ သူ့ယုံကြည်တဲ့နှစ်တွေကနေ ဘုရားအတွက် သက်သေခံချက်ရေးတာက သိပ်အဓိပ္ပာယ်ရှိမှာပဲ။ ကျွန်မ သူ့ကို ဆက်ပြီးဖိအားပေးတယ်။ ဒါပေမဲ့ သူက ဘာတစ်ခုမှ လုံးဝ မရေးဘူး။ တစ်ခါတော့ သူကပြောတယ်။ သူရေးဖို့ကြိုးစားတဲ့အချိန်မှာ သူ့အတွေးတွေကို မစီနိုင်ဘဲ ဘယ်ကနေစရမှန်းမသိဘူး၊ ဒါကြောင့် ကျွန်မနဲ့ ဆွေးနွေးချင်တယ်တဲ့။ ကျွန်မ အရမ်းပျော်သွားတယ်။ ဒီနှစ်တွေတစ်လျှောက် သူ့အတွေ့အကြုံတွေအားလုံးကို ကျွန်မ တကယ်ကြားချင်ခဲ့တာ။ ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာနဲ့ သူပြသခဲ့တဲ့ ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို သူပြောပြတဲ့အခါမှာ သူက စစ်မှန်တဲ့ နားလည်မှုတစ်ခုမှ မမျှဝေဘဲ အပျက်သဘောဆောင်တာတွေအများကြီးပြောပြီး သူ့ကိုယ်သူ ဘောင်ခတ်နေတော့ ကျွန်မ တော်တော်အံ့သြသွားတယ်။ သူ့ရဲ့ အရင်က အတွေ့အကြုံတွေကို ပြောရတာ တော်တော်နာကျင်နေသလိုပဲ။ သူက ရွေးချယ်မှုမရှိဘဲ နာခံခဲ့ရသလိုပဲ။ အဲဒီကနေ သူရခဲ့တဲ့အရာတစ်ခုခုကို ပြောတာကို ကျွန်မ မကြားရဘူး။ ကျွန်မတို့ စကားပြောပြီးတော့ တော်တော် စိတ်ပျက်သွားမိတယ်။ ကျွန်မ တွေးမိတယ်။ သူက တကယ်ပဲ တစ်ခုခုရခဲ့ရင် အဲဒီအချိန်တုန်းက ဘယ်လောက်ပဲ နာကျင်ရပါစေ ဘုရားနှုတ်ကပတ်တော်ကိုဖတ်တာ၊ သမ္မာတရားကို ရှာဖွေတာ၊ ဘုရားအလိုတော်ကို သင်ယူတာက သူ့ကိုယ်သူနဲ့ ဘုရားသခင်အကြောင်းကို တကယ် နားလည်စေမှာပဲ၊ ဒါဆိုရင် အဆုံးမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရမှာပဲ ပေါ့။ ဒါပေမဲ့ သူ့ရဲ့ အရင်က အတွေ့အကြုံတွေအကြောင်း သူပြောတဲ့ပုံစံက တော်တော်နာကျင်နေတဲ့ပုံစံရှိနေတုန်းပဲ။ သူက သူ့ကိုယ်သူ ထိုးထွင်းသိမြင်တဲ့၊ လက်တွေ့မကျတဲ့ နားလည်မှုရှိနေတယ်။ ဒါဆိုရင် သူက လက်တွေ့အတွေ့အကြုံမရှိဘူးဆိုတဲ့ သဘောမဟုတ်ဘူးလား။ ကျွန်မ သဘောပေါက်သွားတယ်။ သူက ဘုရားအတွက် သက်သေခံချက်ရေးဖို့ တွန့်ဆုတ်နေတာက မဆန်းဘူးလေ။ သူက အချိန်မရှိဘူးလို့ ပြောတာက ဖုန်းကွယ်မှုတစ်ခုပဲ။ သူက သမ္မာတရားကို မရခဲ့ဘူး၊ တကယ်ရခဲ့တာ ဘာမှမရှိဘူး။ ဒါကြောင့် သက်သေခံချက်ကို မရေးနိုင်တာပေါ့။ ကျွန်မအဖေက တစ်ခုခုရေးဖို့ ကြိုးစားဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ သူ့စာက အသေးအဖွဲတွေနဲ့ ပြည့်နေတယ်။ သူ့ကိုယ်သူသိတာ၊ သူရခဲ့တာတွေနဲ့ပတ်သက်ပြီး သိပ်မရှိဘူး။ သူယုံကြည်ခဲ့တဲ့နှစ်တွေနဲ့ မကိုက်နေဘူး။ ဘုရားသခင်က ဒီလိုပြောတာကို ကျွန်မ သတိရတယ်။ “သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ ကယ်တင်ခံရသူတို့သည် အသီးသီးသည့် ‘သစ်ပင်များ’ ဖြစ်ပြီး၊ စိမ်းလန်းစိုပြေသော သစ်ရွက်များ၊ အလျှံပယ်သော ပန်းပွင့်များနှင့် ဖြစ်သော်လည်း မသီးပွင့်သည့် သစ်ပင်များ မဟုတ်သည်ကို သင် သိသင့်သည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)) ဒါက ကျွန်မအတွက် သတိပြန်လည်စေခဲ့တဲ့ အရာပဲ။ မှန်တယ်။ လူတစ်ယောက်ရဲ့ ရာထူးကြီးမှု၊ အလုပ်နဲ့ အတွေ့အကြုံတွေ ဘယ်လောက်ရှိခဲ့တယ်ဆိုတာ အရေးမပါဘူး။ သူတို့ ဖြတ်သန်းခဲ့တဲ့အရာကနေ စစ်မှန်တဲ့ အကျိုးအမြတ် ဘာမှမရှိရင် သမ္မာတရားကိုမရရင်၊ သက်သေမခံရင် သူတို့က အသက်ကင်းမဲ့တယ်ဆိုတဲ့ သဘောပဲ။ အဲဒီလိုလူမျိုးက ဘယ်တော့မှ ကယ်တင်ခြင်းမခံရနိုင်ဘူး။ ဒါကို ကျွန်မ ရှင်းလာတော့ ကျွန်မဖြစ်တဲ့ ခံစားချက်ကို ပြောလို့မရနိုင်ဘူး။ ကျွန်မ မိဘတွေက သမ္မာတရားကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှုရှိတယ်ဆိုတဲ့ ကျွန်မ အမြင်က ပထမဆုံးအကြိမ် ပြိုလဲသွားတယ်။ ကျွန်မ နားမလည်ခဲ့ဘူးလေ။ ဒီယုံကြည်တဲ့နှစ်တွေအားလုံးနဲ့ အနစ်နာခံမှုတွေအများကြီးပြီးတဲ့နောက်မှာ သူတို့က ဘာလို့ သမ္မာတရားကို မရတာလဲပေါ့။ ကျွန်မ မထိန်းနိုင်တော့ဘဲ တိတ်တဆိတ် ငိုနေခဲ့မိတယ်။ အဲဒီနောက်မှာတော့ အရင်ကလောက် သူတို့ကို မလေးစားတော့ဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီနှစ်တွေအားလုံးမှာ အများကြီးပေးဆပ်ပြီးတဲ့နောက်မှာ အနည်းဆုံးတော့ သူတို့မှာ သင့်လျော်တဲ့ လူ့သဘာဝရှိပြီး စစ်မှန်တဲ့ယုံကြည်သူတွေဖြစ်တယ်လို့ ကျွန်မ ထင်နေတုန်းပဲ။ သူတို့က တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ပြီး သမ္မာတရားကို စပြီးလိုက်စားရင် ကယ်တင်ခံရနိုင်ပါသေးတယ်။ ဒါပေမဲ့ နောက်တော့ သူတို့အပေါ် ကျွန်မအမြင်ကို ပြောင်းသွားစေတဲ့အရာတချို့ ဖြစ်လာတယ်။

တစ်နေ့တော့ ကျွန်မအဖေက အမြဲတမ်း ပေါ့ဆပြီး ပျင်းရိတာကြောင့်၊ ကောင်းကောင်းမထမ်းဆောင်တာကြောင့် တာဝန်ကနေ ဖယ်ရှားခံရတာကို ကျွန်မ သိလိုက်ရတယ်။ အဲဒီနောက် မကြာခင်မှာပဲ ကျွန်မအမေကလည်း လူ့သဘာဝမကောင်းလို့၊ အသင်းတော်အကျိုးစီးပွားကို မထိန်းသိမ်းလို့၊ မာနကြီးလွန်းလို့ တာဝန်မှာ အနှောင့်အအယှက်ဖြစ်စေလို့ အထုတ်ခံရတာကို ကျွန်မ သိရတယ်။ ကျွန်မက အရမ်းအံသြသွားပြီး သိပ်မယုံနိုင်ဘူး။ ဘယ်လိုဖြစ်သွားတာလဲပေါ့။ တာဝန်တစ်ခုကို မထမ်းဆောင်နိုင်တာက အခြေခံအားဖြင့် အဖယ်ရှားခံရတာမဟုတ်ဘူးလား။ သူတို့မှာ မကောင်းတဲ့လူ့သဘာဝရှိတာလားပေါ့။ အရင်က ကျွန်မမိဘတွေကိုသိတဲ့သူတိုင်းက သူတို့မှာ သိပ်ကောင်းတဲ့လူ့သဘာဝရှိတယ်လို့ အမြဲတမ်းပြောကြတယ်။ ဒီလိုမဟုတ်ရင် သူတို့က ဘယ်လို အများကြီးစွန့်လွှတ်နိုင်မှာလဲပေါ့။ ကျွန်မတကယ်ကို စိတ်ရှုပ်ထွေးနေပြီး စိုးရိမ်မှုမျိုးစုံက ဆက်တိုက်ပေါ်နေတယ်။ သူတို့တွေ အဆင်ပြေကြရဲ့လား၊ စိတ်ညစ်နေကြလားတွေးမိတယ်။ ကျွန်မက ပိုမှောင်မိုက်လာသလိုခံစားရပြီး တစ်ချိန်လုံး စိတ်ဖိစီးနေခဲ့တယ်။ ဒါက သမ္မာတရားစည်းမျဉ်းတွေကို အခြေခံပြီးလုပ်ခဲ့တာဖြစ်ရမယ်၊ မှန်ကန်တယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ လက်ခံဖို့ ခက်ခဲနေတာ။ ကျွန်မ မိဘတွေက အများကြီး ဖြတ်သန်းခဲ့ရတယ်။ ကွန်မြူနစ်ပါတီကို အမြဲတမ်းရှောင်ပြေးနေခဲ့ရတယ်။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မတို့တွေ ခွဲပြီး အကြာကြီးနေခဲ့ရတယ်။ ဘုရားသခင်က သူ့အလုပ်ပြီးဆုံးပြီးတဲ့နောက်မှာ နိုင်ငံတော်မှာ ကျွန်မတို့ ပြန်ဆုံစည်းဖို့ အများကြီး မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အတက်အကျတွေ အများကြီးဖြတ်သန်းပြီး အလုပ်တွေအများကြီးလုပ်ပြီးတဲ့နောက်မှာ သူတို့က ဘယ်လိုဖြစ်ပြီး အလွယ်တကူ အထုတ်ခံရတာလဲပေါ့။ ကျွန်မက ဒီအပေါ်မှာ ပိုပိုပြီး စိတ်မကောင်းဖြစ်လာပြီး မျက်ရည်တွေမကျဘဲ မနေနိုင်ခဲ့ဘူး။ သုံးလေးရက်ကြာတဲ့အထိ ကျွန်မက အမြဲတမ်း သက်ပြင်းချနေပြီး တာဝန်အတွက် ဘာအားအင်မှမရှိဘူး။ ဒီအကြောင်းကို စဉ်းစားမိတိုင်း ကျွန်မက အရမ်းစိတ်မကောင်းဖြစ်ပြီး တစ်ကိုယ်လုံး ပျော့ခွေသွားတယ်။ လိုက်စားဖို့အတွက် စိတ်အင်အားတွေအားလုံး ရုတ်တရက်ပျောက်သွားတယ်။ ကျွန်မက ကောင်းတဲ့ အခြေအနေမှာရှိမနေဘူးဆိုတာ သိနေပြီး ကိုယ့်ကိုယ်ကိုယ် ဆက်တိုက်ပြောနေမိတယ်။ “အဖေနဲ့ အမေက ကောင်းတဲ့အကြောင်းပြချက်နဲ့ အထုတ်ခံရတာ။ ဘုရားက ဖြောင့်မတ်တယ်” ဆိုပြီးတော့။ ဒါပေမဲ့ ကျွန်မက စိတ်နှလုံးထဲမှာ လက်မခံနိုင်ဖြစ်နေပြီး ဘုရားနဲ့ ကျိုးကြောင်းပြပြောဆိုဖို့ ကြိုးစားနေခဲ့တာပါ။ အသင်းတော်အတွက် တကယ်ပံ့ပိုးတာ ဘာမှမရှိဘဲ၊ အရေးပါတဲ့တာဝန်တစ်ခုမှမလုပ်ဘဲ သူတို့တာဝန်ကို ယူထားနိုင်တဲ့ ညီအစ်ကိုမောင်နှမတွေရှိပါတယ်။ ဒါဆိုရင် အဖေနဲ့ အမေက ဘာလို့သူတို့တာဝန်ကို ယူမထားနိုင်တာလဲပေါ့။ သူတို့မှာ ဘာပြဿနာတွေပဲရှိပါစေ၊ အဲဒီနှစ်တွေအားလုံးမှာ ဘာမှ မပံ့ပိုးခဲ့ဘူးဆိုရင်တောင် သူတို့က ကြိုးစားခဲ့တယ်။ ဒါကြောင့် သူတို့ဒုက္ခခံရတာတွေအားလုံးနဲ့ သူတို့လုပ်ခဲ့တဲ့အလုပ်ကို ကြည့်ပြီး သူတို့က နောက်ထပ် အခွင့်အရေးမရနိုင်ဘူးလားပေါ့။ ကျွန်မက ကောင်းတဲ့ အခြေအနေမှာရှိမနေဘူးဆိုတာ၊ ကျွန်မက တင်းမာနေပြီး သမ္မာတရားကိုရှာဖို့ ဘာစိတ်ပါဝင်စားမှုမှမရှိဘူးဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ဘုရားရှေ့ကို ကျွန်မလာပြီး ဆုတောင်းတယ်။ “ဘုရားသခင်၊ ဒါဟာ သမီးအတွက် အရမ်းခက်ခဲပါတယ်။ သမီးကို လမ်းပြပြီး ကိုယ်တော့်အလိုတော်ကို သိအောင် ကူညီတော်မူပါ” ဆိုပြီးတော့။

နောက်ပိုင်းမှာ ကျွန်မရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို အစ်မတစ်ယောက်ကို ကျွန်မ မေးခဲ့တယ်။ ကျွန်မ သူ့ကို ရှင်းပြရင်းနဲ့ မငိုဘဲ မနေနိုင်ခဲ့ဘူး။ သူက ကျွန်မကို ပြောတယ်။ “ညီမမိဘတွေက သူတို့တာဝန်တွေကို ရုတ်သိမ်းခံရတာ။ ဒါပေမဲ့ အထုတ်မခံရပါဘူး။ ဘာလို့ အရမ်းစိတ်မကောင်းဖြစ်နေတာလဲ။ ဒီအထဲမှာ ဘုရားရဲ့ချစ်ခြင်းပါတယ်ဆိုတာ ညီမ မြင်သင့်တယ်။ ဒါက သူတို့ကို နောင်တရဖို့ ဘုရားက အခွင့်အရေးပေးနေတာ” တဲ့။ သူ ဒီလိုပြောတော့ ကျွန်မ တကယ်ကို အမြင်ပွင့်သွားတယ်။ မှန်ပါတယ်။ တာဝန်ကို ရုတ်သိမ်းတာက အထုတ်ခံရတဲ့သဘောပဲလို့ ဘုရားက တစ်ခါမှ မပြောခဲ့ဘူး။ တချို့ညီအစ်ကိုမောင်နှမတွေက အထုတ်ခံရပြီးနောက်ကျမှ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်တယ်၊ နောင်တရတယ်၊ ပြီးမှ တကယ်ပြောင်းလဲပြီး ဝန်ချပါတယ်။ အဲဒီနောက်မှာ တာဝန်ကို ပြန်ယူကြရတယ်။ ဘာပဲဖြစ်ဖြစ် တာဝန်တစ်ခုကို ယူတာက အပြည့်အဝကယ်တင်ခြင်းခံရမယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ သမ္မာတရားကို မလိုက်စားရင် ဘုရားက ထုတ်ဖော်ပြီး ဖယ်ရှားတာကို ခံရနိုင်သေးတယ်။ တကယ်တော့ အထုတ်ခံရတာက ဘုရားက ကျွန်မမိဘတွေကို နောင်တရဖို့ အခွင့်အရေးပေးနေတာပါ။ ဒါပေမဲ့ ဒါက ဖယ်ရှားခံရတာနဲ့အတူတူပဲလို့ ကျွန်မ ထင်ခဲ့တာ။ ဒါက သမ္မာတရားနဲ့ မညီပါဘူး။ ဒီလိုစဉ်းစားကြည့်တော့ ကျွန်မ နည်းနည်းစိတ်သက်သာသွားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီအကြောင်းကို ကျွန်မ တွေးမိတိုင်း စိတ်မကောင်းဖြစ်နေတုန်းပဲ။ အသင်းတော်က သူတို့အပေါ်မှာ ကြမ်းလွန်းတယ်လို့ အမြဲတမ်း ခံစားမိခဲ့တယ်။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မဖတ်ပါတယ်။ “လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ ‘စောင့်ဆိုင်းခြင်း’ က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))ကိစ္စတစ်ခုခုတွင် သင်သည် နားလည်မှုကင်းမဲ့လေလေ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ရိုသေကိုင်းရှိုင်းသော စိတ်နှလုံးရှိသင့်လေလေဖြစ်ကာ ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရားကို ရှာဖွေရန် ဘုရားရှေ့မှောက်သို့ မကြာခဏ လာသင့်လေလေဖြစ်သည်။ အကြောင်းကိစ္စများကို သင်နားမလည်သောအခါ သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို လိုအပ်သည်။ သင်နားမလည်သောအရာများကို ကြုံတွေ့ရသောအခါ သင့်အပေါ်တွင် ဘုရားသခင်၏ လုပ်ဆောင်မှုကို ပို၍ သင်လိုအပ်၏၊ ဤသည်မှာ ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်ဖြစ်သည်။ ဘုရားသခင်ရှေ့သို့ သင်လာရောက်လေလေ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် နီးစပ်လေလေ ဖြစ်သည်။ ပြီးလျှင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် နီးစပ်လေလေ၊ ဘုရားသခင်သည် သင့်စိတ်နှလုံးအတွင်း၌ ကိန်းဝပ်လေလေဖြစ်သည်မှာ မှန်ကန်သည် မဟုတ်လော။ လူတို့၏ စိတ်နှလုံးတွင် ဘုရားသခင် ရှိလေလေ၊ ၎င်းတို့၏ လိုက်စားမှု၊ ၎င်းတို့ လျှောက်သည့် လမ်းကြောင်း၊ ၎င်းတို့စိတ်နှလုံးထဲရှိ အခြေအနေတို့က ပိုကောင်းလာလေလေဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နည်းနည်းစိတ်ပိုငြိမ်သွားတယ်။ တစ်ခုခုကို သိပ်ပြီး နားမလည်လေလေ၊ ဘုရားကို ကြောက်ရွံ့ခြင်းနဲ့ သမ္မာတရားကို ရှာဖွေသင့်လေလေပဲ။ ဒါဆိုရင် ကိုယ့်အခြေအနေက ဆက်ပြီးတိုးတက်လာနိုင်တယ်လို့ ဘုရားက ပြောတယ်။ ကျွန်မ မိဘတွေ အထုတ်ခံရတာနဲ့ပတ်သက်ပြီး အသင်းတော်က ဒီလိုလုပ်တာ သင့်တော်ပြီး ကျွန်မက မညည်းညူသင့်ဘူးဆိုတာ ကျွန်မသိခဲ့တယ်။ ကျွန်မက ဒီအပေါ်မှာ စိတ်အစွဲမထားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အထင်လွဲမှု၊ ဘုရားသခင်ဆီကနေ ဝေးကွာမှုကို ကျွန်မ တကယ်မဖြေရှင်းခဲ့ပါဘူး။ ဒါကို ကျွန်မ စဉ်းစားကြည့်တိုင်းမှာ ဒီနာကျင်တဲ့ခံစားချက်က ရှိနေတုန်းပဲ။ နောက်တော့ ကျွန်မတို့ဟာ တစ်ခုခုကို မရှင်းလင်းတဲ့အခါမှာ သမ္မာတရားကို ရှာဖွေဖို့လိုတယ်၊ စည်းမျဉ်းတွေနောက်ကိုလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ရမှာမဟုတ်ဘူး၊ ကိစ္စတွေကို သတိမထားမိဘဲ ပြီးမသွားစေရဘူး၊ ပြဿနာတွေက ဒီလိုမပြေလည်သွားဘူးဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ တကယ်တမ်း ကျွန်မမိဘတွေကို ကျွန်မ ကောင်းကောင်းမသိခဲ့ဘူး။ သူတို့က အများကြီးစွန့်လွှတ်ခဲ့ပြီး တခြားလူတွေက သူတို့အကြောင်းအကောင်းပြောတဲ့ပုံစံရှိတာကိုပဲ သိခဲ့တာပါ။ ဒါပေမဲ့ ဒါက တကယ်ကို တစ်ဖက်သတ်ဖြစ်ပြီး ကျဉ်းမြောင်းပါတယ်။ ကျွန်မ ကိုယ်တိုင်ရဲ့ ခံစားချက်အတိုင်းမသွားဘဲနဲ့ သူတို့နဲ့ အဆက်အသွယ်ရှိခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့နဲ့ ပတ်သက်ပြီး ဘာပြောစရာရှိသလဲဆိုတာကို ကျွန်မ သိချင်ခဲ့တယ်။ ကျွန်မမိဘတွေရဲ့ တာဝန်တွေမှာရှိတဲ့ သူတို့အပြုအမူတွေရဲ့ အသေးစိတ်အချက်တွေကို ကျွန်မစပြီး စူးစမ်းတယ်။ သူတို့အပေါ် သူများတွေရဲ့ အကဲဖြတ်ချက်တွေကို ကျွန်မ ဖတ်တဲ့အခါမှာ ကျွန်မအဖေက အမြဲတမ်း ပေါ့ဆပြီး ခက်ခဲတာမှန်သမျှကို ရှောင်တယ်၊ အဖိုးအခပေးဆပ်ရမယ့် ဘယ်အရာကိုမဆို သိပ်အားထုတ်ဖို့ ဆန္ဒမရှိဘူးဆိုတာ ကျွန်မ တွေ့ရတယ်။ သူ့မှာ ကျွမ်းကျင်မှုတွေရှိပါတယ်။ ဒါပေမဲ့ သူက ဘာကိုမှ သိပ်မအောင်မြင်ဘဲ သူ့တာဝန်မှာ အမြဲတမ်း မတက်မကြွဖြစ်နေခဲ့တယ်။ သူ့တာဝန်က ခဏခဏ ပြောင်းတယ်။ ဒါပေမဲ့ ဘာတစ်ခုမှ သူက ကောင်းကောင်းမလုပ်ခဲ့ဘူး။ ဧဝံဂေလိတာဝန်မှာ သူက ပေါ့ဆပြီး ခက်တဲ့အလုပ်ကို ရှောင်နေတုန်းပဲ။ ကြီးကြပ်သူက ကြီးကြပ်ပေးရတာမရှိဘဲနဲ့ သူက ကိစ္စတွေကို ပြီးအောင်မလုပ်ဘူး။ ညီအစ်ကိုမောင်နှမတွေက သူ့တာဝန်မှာ ပြဿနာတွေကို ထောက်တဲ့အခါ သူက ကိုယ့်ကိုယ်ကိုယ် ပြန်မဆင်ခြင်ဘဲ ဆင်ခြေတွေပေးတယ်။ သူက အသက်ကြီးလာပြီးတော့ ကျန်းမာရေးပြဿနာတွေရှိနေတယ်၊ အဲဒီတာဝန်က သူ့အားအင်တွေကို သုံးလို့မရဘူး၊ ဒါကြောင့် ပြဿနာတွေရှိတာ ပုံမှန်ပဲ။ သူများတွေက မျှော်လင့်တာ များလွန်းတယ်လို့ သူက ပြောတယ်။ သူက တာဝန်မှာ ဘယ်တော့မှ ရလဒ်ကောင်းတွေမရတဲ့အခါမှာ အထုတ်ခံခဲ့ရတယ်။ ပြီးတော့ ကျွန်မအမေက တကယ်ကို တက်ကြွပြီး အဖိုးအခပေးဆပ်နိုင်ပုံရတယ်။ ဒါပေမဲ့ အဲဒါက အပေါ်ယံပဲ။ သူက ဝတ်ကျေတန်းကျေပဲလုပ်နေတာ။ လက်တွေ့အလုပ်ကိုမလုပ်ဘူး။ ဒါကြောင့် အသင်းတော်အလုပ်ရဲ့ တိုးတက်မှုက နှောင့်နှေးသွားတယ်။ သူက အလုပ်တွေ အများကြီးလုပ်ပေမဲ့ ပြဿနာတွေနဲ့ သတိမထားမိတာတွေ အများကြီးရှိတယ်။ ဒါကြောင့် ဘုရားအိမ်တော်က အကြီးအကျယ်ဆုံးရှုံးရတယ်။ ပြီးတော့ သူက သူ့ကိုယ်သူ အမြဲတမ်း ကာကွယ်နေခဲ့ပြီး ဘုရားအိမ်တော်အစား သူ့ကိုယ်ပိုင်အကျိုးစီးပွားကိုပဲ ကာကွယ်တယ်။ တစ်ခါတလေမှာ တချို့အရေးတကြီးပြဿနာတွေကို သူသွားပြီး ကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံးဖြစ်တဲ့အချိန်မှာ တစ်ယောက်ယောက်စိတ်ဆိုးသွားမှာကြောက်ပြီး တခြားတစ်ယောက်ကို ပို့ဖို့ အတင်းလုပ်တယ်။ ဒါကြောင့် ဘုရားအိမ်တော်ရဲ့ အလုပ်က နှောင့်နှေးရတယ်။ သူက တော်တော်မာနကြီးပြီး ခေါင်းမာတယ်။ သူ့အတွေ့အကြုံကို အထောက်အပံ့အဖြစ်အသုံးပြုပြီး သူများတွေနဲ့ မဆွေးနွေးဘဲ သူလုပ်ချင်တာလုပ်တယ်လို့လည်း ညီအစ်ကိုမောင်နှမတွေက ပြောတယ်။ သူက သူများတွေရဲ့ အကြံပြုချက်တွေကို အတိုက်အခံလုပ်တယ်။ သူ့ရဲ့ကိုယ်ပိုင်အလုပ်ကို ပိုင်စိုးထားချင်တယ်။ ပွင့်လင်းမြင်သာမှုမရှိဘူး။ ညီအစ်ကိုမောင်နှမတွေက တချို့ကိစ္စတွေရဲ့ အသေးစိတ်အချက်တွေကို သေချာမသိဘူး။ ပြီးတော့ တစ်ယောက်ယောက်က သူမကြိုက်တာ တစ်ခုခုကိုလုပ်မိတာနဲ့ တစ်ပြိုင်နက် သူက ဒေါသထွက်လာပြီး လူတွေကို စိတ်ဆိုးမာန်ဆိုးနဲ့ ဆူငေါက်တယ်။ တခြားလူတွေက သူ့ကြောင့် စိတ်ကျဉ်းကျပ်ရတယ်။ အစ်ကိုတစ်ယောက်အတွက် တော်တော်ဆိုးသွားပြီးတော့ သူက “အစ်မ၊ ကျွန်တော်က အစွမ်းအစနည်းတယ်။ ကျွန်တော်နဲ့အလုပ်လုပ်ရတာ အစ်မအတွက် ဝန်လေးနေမှာပဲ။ တောင်းပန်ပါတယ်” လို့တောင် သူ့ကို ပြောရတယ်။ ပြီးတော့ တခြားလူတချို့ကပြောတယ်။ သူတို့တာဝန်ကြောင့်သာမဟုတ်ရင် ဒီလိုလူမျိုးနဲ့ လုံးဝ မဆက်ဆံချင်ဘူးတဲ့။ သူ့ပြဿနာတွေက အဲဒီလောက်ဆိုးတာ။ ဒါပေမဲ့ သူများတွေက ဒါတွေကို ထောက်ပြတဲ့အခါမှာ သူက လုံးဝ လက်မခံဘူး။ သူက တကယ်ကို တစ်ဖက်သတ်ဖြစ်နေပြီး သူ့အလုပ်ကို ကြီးကြပ်တဲ့အစ်မကို အတိုက်အခံလုပ်တယ်။ တခြားလူတွေကသာ အမြဲတမ်းပဲ အတူလိုက်လုပ်ဖို့ ခက်ခဲနေပြီး မမျှမတလုပ်နေတာလို့ သူက ထင်တယ်။

ကျွန်မ မိဘတွေက ဒီလိုမျိုးဖြစ်တယ်ဆိုတာကို ကျွန်မ ယုံကို မယုံချင်ဘူး။ နောက်တော့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ကျွန်မ ဖတ်တယ်။ “အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ပို၍ အသေးစိတ်ကြည့်လျှင် ဤလူသည် လူ့သဘာဝ ပျောက်ဆုံးနေသည့် မည်သည့်သရုပ်သကန်ကို ထုတ်ဖော်ပြသနည်း။ ဤကဲ့သို့သောလူတို့တွင် မည်သည့်စရိုက်လက္ခဏာများကို တွေ့ရပြီး မည်သည့် သီးသန့် သရုပ်သကန်တို့ကို တင်ပြသည်ဆိုသည်ကို ပိုင်းခြားစိစစ်ကြည့်ပါ။ (သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)လူတစ်ဦးသည် ကောင်းမွန်သော လူ့သဘာဝ၊ စစ်မှန်သော စိတ်နှလုံး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိသည့်အခါ၊ ဤသည်တို့မှာ မြင်၍မရ ထိတွေ့၍မရသည့် အနှစ်သာရမဲ့သောအရာများ သို့မဟုတ် မရေရာသောအရာများ မဟုတ်ဘဲ၊ ထို့ထက် ယင်းတို့သည် နေ့စဉ်အသက်တာတွင် မည်သည့်နေရာတွင်မဆို ရှာဖွေတွေ့ရှိနိုင်သည့် အရာများ ဖြစ်သည်။ ယင်းတို့သည် လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အရာများသာ ဖြစ်သည်။ လူတစ်ဦးသည် ကြီးမြတ်ပြီး စုံလင်သည်ဟု ဆိုပါစို့- ဤသည်မှာ သင်မြင်နိုင်သည့် အရာတစ်ခုဖြစ်သလော။ စုံလင်ဖို့ သို့မဟုတ် ကြီးမြတ်ဖို့ ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင် မမြင်နိုင်၊ မထိနိုင် သို့မဟုတ် စိတ်ပင်မကူးနိုင်ပေ။ သို့သော် တစ်စုံတစ်ဦးက တစ်ကိုယ်ကောင်းဆန်သည်ဟု သင် ပြောပါက၊ ထိုလူ၏ လုပ်ရပ်များကို သင် မြင်နိုင်သလော၊ ပြီးလျှင် သူသည် ဖော်ပြချက်နှင့် ကိုက်ညီပါသလော။ တစ်စုံတစ်ဦးသည် မှန်ကန်သော စိတ်နှလုံးတစ်ခုဖြင့် ရိုးသားသည်ဟု ပြောထားပါက၊ ဤအပြုအမူကို သင် မြင်နိုင်ပါသလော။ တစ်စုံတစ်ဦးသည် လှည့်ဖြားတတ်သည်၊ မရိုး‌ဖြောင့်သကဲ့သို့ ယုတ်ညံ့သည်ဟု ဆိုထားပါက၊ ထိုအရာများကို သင် မြင်နိုင်ပါသလော။ သင်၏ မျက်လုံးများကို သင် ပိတ်လျှင်ပင်၊ ထိုလူ၏ လူ့သဘာဝက နိမ့်ကျသည် သို့မဟုတ် သာလွန်သည်ဆိုသည်ကို သူ ပြောသည့်အရာနှင့် သူ ပြုမူပုံတို့မှတစ်ဆင့် သင် ခံစားနိုင်သည်။ ထို့ကြောင့်၊ ‘ကောင်းမွန်သော သို့မဟုတ် ဆိုးရွားသော လူ့သဘာဝ’ ဆိုသည်မှာ အနှစ်သာရမဲ့သော စကားရပ်တစ်ခု မဟုတ်ပေ။ ဥပမာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အသုံးမဝင်ခြင်း၊ ကောက်ကျစ်ခြင်းနှင့် လှည့်စားခြင်း၊ မာနကြီးခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းတို့ အားလုံးသည်လူတစ်ဦးနှင့် သင် ဆက်သွယ်လာချိန်တွင် အသက်တာ၌ သင် သဘောပေါက်နိုင်သည့် အရာများသာ ဖြစ်သည်။ ဤသည်တို့မှာ လူ့သဘာဝ၏ အပျက်သဘောဆောင်သော အရိပ်အယောင်များ ဖြစ်သည်။ ထို့ကြောင့်၊ လူတို့ ပိုင်ဆိုင်သင့်သည့်- ရိုးသားမှုနှင့် သမ္မာတရားကို ချစ်ခြင်းတို့ကဲ့သို့သော-လူ့သဘာဝ၏ အပြုသဘောဆောင်သော အရိပ်အယောင်များကို နေ့စဉ်အသက်တာတွင် သိမြင်နိုင်ပါသလော။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရရှိရန်၊ ဘုရားသခင်၏ လမ်းပြမှုကို လက်ခံရရှိရန်၊ အရာအားလုံးတွင် သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ လုပ်ဆောင်ရန် လူတစ်ယောက်သည် မည်သည့်အခြေအနေများကို ပိုင်ဆိုင်ရမည်နည်း။ ၎င်းတို့သည် ရိုးသားသော စိတ်နှလုံးရှိရမည်။ သမ္မာတရားကို ချစ်ရမည်။ အရာခပ်သိမ်းတွင် သမ္မာတရား ရှာဖွေရမည်။ နားလည်သည်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ဤအခြေအနေများ ရှိခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုရှိခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ခြင်း၊ သမ္မာတရားကို အလွယ်တကူ လက်တွေ့လုပ်ဆောင်နိုင်ခြင်းဟု ဆိုလိုသည်။ လူတစ်ယောက်သည် ရိုးသားသောသူ မဟုတ်ဘဲ သူ၏ စိတ်နှလုံးတွင် သမ္မာတရားကို မချစ်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ရရန် ခက်ခဲလိမ့်မည်။ သူနှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင်ပင် အကျိုးရှိမည်မဟုတ်ပေ။ လူတစ်ယောက်သည် ရိုးသားသူဖြစ်သည်ကို သင် မည်သို့ သိနိုင်သနည်း။ သူသည် လိမ်ညာခြင်းနှင့် လှည့်စားခြင်း ရှိမရှိကိုသာ ကြည့်ရမည်မဟုတ်ဘဲ အရေးကြီးဆုံးမှာ သူက သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ကြည့်ရမည်။ ယင်းသည် အရေးပါဆုံးအရာဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် လူတို့ကို အစဉ်ဖယ်ရှားနေသည်။ ဤအချိန်တွင် များစွာတို့ကို ဖယ်ရှားပြီးဖြစ်သည်။ ၎င်းတို့သည် ရိုးသားသူများမဟုတ်ပေ။ အားလုံးက လှည့်စားသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် မဖြောင့်မတ်သောအရာများကို နှစ်သက်ကြသည်။ သမ္မာတရားကို လုံးဝ မနှစ်သက်ကြပေ။ ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှပင် ကြာပါစေ ၎င်းတို့က သမ္မာတရားကို နားမလည်နိုင်ကြ၊ သို့မဟုတ် ယင်း၏ စစ်မှန်မှုထဲသို့ မဝင်နိုင်ကြပေ။ ထိုကဲ့သို့သောသူတို့သည် အမှန်တကယ် ပြောင်းလဲနိုင်စွမ်း ပို၍မရှိကြပေ။ ထို့ကြောင့် ၎င်းတို့ စွန့်ပစ်ခံရခြင်းသည် ရှောင်လွှဲ၍ မရသောအရာဖြစ်သည်။ လူတစ်ယောက်နှင့် သင် ထိတွေ့သောအခါ မည်သည့်အရာကို အရင်ဆုံး ကြည့်သနည်း။ သူသည် အပြောနှင့်အလုပ်တွင် ရိုးသားခြင်းရှိမရှိ၊ သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်ခြင်းရှိမရှိကို ကြည့်လော့။ ဤအရာများက အရေးပါသည်။ လူတစ်ယောက်သည် ရိုးသားသူ ဟုတ်မဟုတ်၊ သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို သင် ဆုံးဖြတ်နိုင်သရွေ့ လူတစ်ယောက်၏ အနှစ်သာရကို အခြေခံအားဖြင့် သင်မြင်နိုင်သည်။ လူတစ်ဦး၏ နှုတ်သည် ချိုသာသော စကားများဖြင့် ပြည့်သော်လည်း စစ်မှန်သည့် မည်သည့်အရာကိုမျှ သူ မလုပ်ဆောင်ပါက- စစ်မှန်သော တစ်စုံတစ်ရာ လုပ်ဆောင်ရန် အချိန်ကျလာသည့်အခါ၊ သူသည် မိမိကိုယ်ကိုယ်ကိုသာ တွေးပြီး အခြားသူများကို မည်သည့်အခါတွင်မျှ မတွေးပါက- ဤသည်မှာ မည်သည့်လူ့သဘာဝမျိုး ဖြစ်သနည်း။ (တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်းဖြစ်သည်။ သူသည် လူ့သဘာဝမရှိပေ။) လူ့သဘာဝ မရှိသည့် လူတစ်ဦးအတွက် သမ္မာတရား ရရှိဖို့ လွယ်ကူသလော။ သူ့အတွက် ခက်ခဲပေသည်။...ထိုသို့သော လူတစ်ဦး ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ သူ၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူ၏ သစ္စာရှိခြင်းထက် ပိုလွန်ပါက၊ သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို ချစ်ခြင်းသည် ဘုရားသခင်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူပြသည့် အရေးထားမှုထက် သာလွန်ပါက၊ သူသည် လူ့သဘာဝရှိသည့် လူတစ်ဦး မဟုတ်ပေ။ သူ၏ အပြုအမူကို အခြားသူများနှင့် ဘုရားသခင်က မြင်နိုင်ပေသည်။ ထို့ကြောင့်၊ ထိုသို့သော လူတစ်ဦးအတွက် သမ္မာတရားကို ရရှိဖို့ အလွန်ခက်ခဲပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) လူတစ်ယောက်ရဲ့ လူ့သဘာဝကို အကဲဖြတ်ဖို့အတွက် ဘုရားရဲ့စေခိုင်းချက်နဲ့ သမ္မာတရားအပေါ် သူ့ရဲ့ သဘောထားကို ကျွန်မတို့ကြည့်ရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ပါတယ်။ လူ့သဘာဝကောင်းရှိတဲ့သူတွေက သမ္မာတရားကိုချစ်ပြီး တာဝန်မှာ ဘုရားအလိုတော်ကို ထည့်စဉ်းစားတယ်။ ဘုရားရဲ့စေခိုင်းချက်ကို တာဝန်သိသိနဲ့ ကိုင်တွယ်တယ်။ ယုံကြည်ထိုက်တယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်တယ်။ လူ့သဘာဝမကောင်းတဲ့သူတွေက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတယ်။ သူတို့ကိုယ်ပိုင်အကျိုးစီးပွားတွေကိုပဲ စဉ်းစားတယ်။ တာဝန်မှာ ဝတ်ကျေတန်းကျေလုပ်တယ်။ ကောက်ကျစ်တယ်။ အပြောပဲရှိပြီး တကယ့်အလုပ်တွေကို မပြီးဘူး။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကိုတောင် လျစ်လျူရှုပြီး သူတို့ကိုယ်ပိုင်အကျိုးအမြတ်အတွက် ရောင်းစားကြတယ်။ ကျွန်မမိဘတွေရဲ့ အပြုအမူကို ဘုရားနှုတ်ကပတ်တော်နဲ့ယှဉ်ပြီး ကြည့်တဲ့အခါမှာ သူတို့က တကယ်တမ်း ကျွန်မ ထင်သလိုမျိုးလူကောင်းတွေမဟုတ်ဘူးဆိုတာ မြင်သွားတယ်။ ကျွန်မ အဖေလိုပေါ့။ သူက အပေါ်ယံ အနစ်နာခံတာတွေလုပ်တယ်။ ဒါပေမဲ့ တာဝန်ခံယူမှုမရှိဘူး။ အဲဒီအစား ပေါ့ဆပြီး ခက်တဲ့အလုပ်ကို ရှောင်တယ်။ အဖိုးအခပေးဆပ်ရမယ့်အချိန်ကျတော့ သူ့ရဲ့ဇာတိပကတိကို ဂရုစိုက်ဖို့အတွက် ဆင်ခြေတွေအများကြီးရှာပြီး အသင်းတော်ရဲ့လိုအပ်ချက်တွေကို ထည့်မစဉ်းစားဘူး။ သူ့တာဝန်မှာ သူ့ကို အမြဲတမ်းကြီးကြပ်ပြီး တိုက်တွန်းနေရတယ်။ သူက တော်တော်ကို မတက်ကြွဘူး။ ကျွန်မအမေကတော့ အမြဲတမ်း အလုပ်ရှုပ်နေပေမဲ့ သူ့တာဝန်အတွက် ဒုက္ခခံနိုင်ပြီး အလုပ်တချို့ကို ပြီးအောင်လုပ်တဲ့ပုံစံရှိပေမဲ့ သူ့တာဝန်တွေမှာ တကယ့်ရလဒ်တွေမရှိဘူး။ အယောင်ပြဘဲ သူက လုပ်ခဲ့တာ။ သူက အရမ်းကို အလုပ်ရှုပ်တဲ့ပုံစံရှိပေမဲ့ သူက အမြန်အကျိုးအမြတ်ရတာတွေကို ရှာနေပြီး သူ့ကိုယ်ပိုင်နာမည်နဲ့ ဂုဏ်အဆင့်အတန်းအတွက် လုပ်နေတာပဲ။ အလုပ်မှာ သူရှိတဲ့အချိန်၊ ဘုရားကို ကြောက်ရွံ့ခြင်း မရှိခဲ့ဘူး။ ဒါကြောင့် ဘုရားအိမ်တော်အတွက် ဆုံးရှုံးမှုကြီးတွေ ဖြစ်ခဲ့ရတယ်။ အသင်းတော်အကျိုးစီးပွားပါဝင်တဲ့ ကိစ္စတွေမှာ အလုပ်အတွက် သူက အကောင်းဆုံးလူဆိုတာ သိပေမဲ့ တခြားတစ်ယောက်ကို ကိုင်တွယ်ခိုင်းဖို့ အတင်းပြောတယ်။ အရေးပါတဲ့ကိစ္စတွေမှာ အသင်းတော်ရဲ့ အကျိုးစီးပွားကို သူမကာကွယ်ခဲ့ဘူး။ ဘုရားနဲ့ စိတ်နှလုံးတစ်လုံးတစ်ဝတည်းမရှိဘူး။ သူက တာဝန်တွေအများကြီးပြီးခဲ့ပြီး အဖိုးအခကြီးကြီးပေးဆပ်တာကို ကျွန်မ မြင်ခဲ့ရပေမဲ့ ကျွန်မက သူ့ရည်ရွယ်ချက်တွေကို၊ သူ တစ်ခုခုကို တကယ်အောင်မြင်ခဲ့သလားဆိုတာကို၊ တစ်ခုခုကို သူ တကယ်ပံ့ပိုးကူညီခဲ့သလားဆိုတာကို၊ အကောင်းထက် အဆိုးပိုဖြစ်ခဲ့သလားဆိုတာကို ကျွန်မ ကြည့်မနေခဲ့ဘူး။ လူတစ်ယောက်ရဲ့ လူ့သဘာဝကို အကဲဖြတ်တာဟာ အပေါ်ယံအဆင့် အနစ်နာခံတာ၊ အားထုတ်တာနဲ့မသက်ဆိုင်ဘဲ သူတို့ရည်ရွယ်ချက်တွေက မှန်ကန်မှုရှိမရှိ၊ ဘုရားအိမ်တော်အတွက် တကယ်စဉ်းစားသလား၊ သူတို့ရဲ့ ကိုယ်ပိုင်နာမည်နဲ့ အဆင့်အတန်းအတွက် လုပ်နေတာလားဆိုတာနဲ့သက်ဆိုင်တာကို ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ လူ့သဘာဝကောင်းရှိတဲ့သူတွေက သမ္မာတရားကို နားမလည်တာဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့စိတ်နှလုံးက မှန်ကန်တဲ့နေရာမှာရှိတယ်။ သူတို့အသိတရားနောက်ကို သူတို့လိုက်တယ်။ ဘုရားအိမ်တော်နဲ့အတူ ရပ်တည်ပြီး သူ့အကျိုးစီးပွားကို ထည့်စဉ်းစားတယ်။ ဒါကြောင့် သူတို့က ကိစ္စတွေကို တကယ်အောင်မြင်နိုင်တာပဲ။ ဒါပေမဲ့ ဆိုးတဲ့ လူ့သဘာဝရှိသူတွေက ဘယ်လောက်ဒုက္ခခံပြီး အပင်ပန်းခံပါစေ၊ ဘယ်လောက်ကောင်းအောင် စကားပြောပါစေ သူတို့က လုပ်သမျှမှာ ဝတ်ကျေတန်းကျေပဲလုပ်တယ်။ ဘုရားအိမ်တော်အတွက် တကယ်မစဉ်းစားဘဲ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်အတွက်ပဲ စဉ်းစားပြီး စီစဉ်ကြတယ်။ ဒါကြောင့် သူတို့က အလုပ်မှာ သတိမထားမိတာတွေ အများကြီးရှိပြီး ဘာကိုမှ အမှန်တကယ် မဖြစ်မြောက်ဘူး။ ဒါမှမဟုတ် သူတို့က သူတို့ရဲ့ ဆုကျေးဇူးနဲ့ အတွေ့အကြုံကြောင့် တချို့ကိစ္စတွေကို ပြီးနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ လူ့သဘာဝနဲ့ စရိုက်လက္ခဏာက မကောင်းတာကြောင့် ရေရှည်မှာ ဆုံးရှုံးတာတွေက ရတာတွေထက်ပိုများသွားတယ်။ စိတ်မချရဘူး။ တကယ့်အလုပ်ကို မလုပ်ဘူး။ ဘယ်အချိန်မှာ ဘုရားအိမ်တော်ကို သူတို့ နစ်နာစေမလဲဆိုတာကို မသိရဘူး။ ဒါကို ကျွန်မသဘောပေါက်တော့ ကျွန်မမိဘတွေက လူ့သဘာဝကောင်းမရှိဘူးဆိုတာကို ကျွန်မလုံးဝ လက်ခံယုံကြည်သွားတယ်။

အတက်အကျတွေဖြစ်တဲ့ ဆယ်စုနှစ်နှစ်ခုနီးနီးမှာ သူတို့တာဝန်ကိုလုပ်ရင်းနဲ့ တကယ်ကို သက်သောင့်သက်သာရှိတဲ့ဘဝအပါအဝင် ဘယ်လောက်အထိ သူတို့စွန့်လွှတ်ခဲ့တာကို ကျွန်မ အမြဲတမ်းတွေးမိတယ်။ ဒါကြောင့် သမ္မာတရားကိုတောင် သူတို့မလိုက်စားရင်တောင်မှ အနည်းဆုံးတော့ စစ်မှန်တဲ့ယုံကြည်သူတွေ၊ လူကောင်းတွေဖြစ်တယ်ပေါ့။ ဒါပေမဲ့ ဆင်းရဲဒုက္ခကို တောင့်ခံပြနိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီမှာရှိတဲ့ အရင်းခံအကြောင်းရင်းနဲ့ အနှစ်သာရက ကွဲပြားနိုင်တယ်။ အရမ်းအလုပ်ကြိုးစားဖို့ ဘယ်အရာက သူတို့ကို တွန်းအားပေးနေတယ်ဆိုတာ၊ တစ်ခုခုကို သူတို့ အမှန်တကယ် အောင်မြင်ခဲ့သလားဆိုတာကို ကျွန်မ မကြည့်ခဲ့ဘူး။ သူတို့ရဲ့ အပေါ်ယံအဆင့်အားထုတ်မှုတွေကိုပဲ ကြည့်ပြီး သူတို့တွေက လူ့သဘာဝကောင်းရှိတဲ့ စစ်မှန်တဲ့ ယုံကြည်သူတွေဖြစ်တယ်လို့ ထင်ခဲ့တယ်။ ကျွန်မက ကျွန်မအမြင်ရှုထောင့်မှာ တကယ်ကို အပေါ်ယံဆန်ပြီး မိုက်မဲခဲ့ပါတယ်။ ဒီနှစ်တွေအားလုံးမှာ ယုံကြည်သူတွေအနေနဲ့ ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုနဲ့ ကျွန်မတို့ မိသားစုတွေ ခွဲခံရတဲ့ နာကျင်မှုတွေကို ကျွန်မတို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဘုရားရဲ့ ကျေးဇူးတော်တွေ အများကြီးကို ကျွန်မတို့ ခံစားခဲ့ရတယ်။ ဘုရားသခင်က ကျွန်မတို့ကို သမ္မာတရားတွေအများကြီးပေးရုံမကဘဲ အသက်တာမှာ ကျွန်မတို့လိုတဲ့အရာအတွက် ကြွယ်ဝတဲ့ အာဟာရကိုပေးတယ်။ ဆင်ခြင်တုံတရားနဲ့ အသိစိတ်ရှိသူတစ်ယောက်က တာဝန်ထမ်းဆောင်ပြီး ဘုရားရဲ့ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့အတွက် အစွမ်းကုန်လုပ်ဆောင်သင့်ပါတယ်။ ဒါပေမဲ့ ဒီယုံကြည်ခဲ့တဲ့ နှစ်တွေအားလုံးနဲ့ အယူဝါဒတွေအများကြီးသင်ယူပြီးတဲ့နောက်မှာ ကျွန်မမိဘတွေက တာဝန်တွေအပေါ် အခြေခံအကျဆုံးတာဝန်ခံယူမှုမရှိသေးဘူး။ အသင်းတော်အကျိုးစီးပွားကိုတောင် မကာကွယ်နိုင်ခဲ့ဘူး။ သူတို့လုပ်ခဲ့တာတွေအပေါ်အခြေခံရင် သူတို့တာဝန်တွေကို ရုတ်သိမ်းတာက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပဲ။ ဒါက အသင်းတော်အလုပ်အတွက် ကောင်းရုံတင်မဟုတ်ဘဲ သူတို့အတွက်ပါ ကောင်းတယ်။ ဒီလိုမျိုး ကျရှုံးပြီး လဲကျတာက သူတို့ကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး ဘုရားဘက်ကို ခြေဦးလှည့်ဖို့၊ တာဝန်တွေအပေး သူတို့သဘောထားကို ပြောင်းလဲဖို့ ကူညီပေးနိုင်ရင် ဒါက သူတို့အတွက် ကယ်တင်ခြင်းဖြစ်ပြီး သူတို့ယုံကြည်ခြင်းလမ်းကြောင်းမှာ ဘဝတစ်ဆစ်ချိုးဖြစ်မှာပဲ။ သူတို့က အဲဒီပုံစံနဲ့ ဆက်ပြုမူနေပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်တာ၊ နောင်တရတာ၊ ပြောင်းလဲတာမရှိရင် သူတို့တွေက တကယ်ကို ထုတ်ဖော်ခံရပြီး ဖယ်ရှားခံရနိုင်တယ်။ ဘုရားသခင်ပြောတာတစ်ခုကို ကျွန်မ စဉ်းစားမိတယ်။ “လူတစ်ဦး ဒုက္ခခံရမည့် ပမာဏနှင့် ၎င်း၏ လမ်းကြောင်းအပေါ် ၎င်း လျှောက်လှမ်းရမည့် အကွာအဝေးကို ဘုရားသခင်က စီမံထားပြီး မည်သူမျှ အခြားတစ်ဦးတစ်ယောက်ကို တကယ် မကူညီနိုင်ဟု ငါ အမြဲ ယုံကြည်ထားသောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၆)) ကျွန်မလုပ်နိုင်တာက ကျွန်မမြင်တဲ့ ပြဿနာတွေကို ထောက်ပြပြီး သူတို့ကို ကူညီဖို့အတွက် အကောင်းဆုံးလုပ်တာပဲ။ ဒါပေမဲ့ ဘယ်လမ်းကြောင်းကို သူတို့ရွေးချယ်ခဲ့သလဲဆိုတာကတော့ ကျွန်မ စိတ်ပူသင့်တဲ့အရာမဟုတ်ပါဘူး။ ဒါကို ကျွန်မ သဘောပေါက်တော့ စိတ်နှလုံးထဲမှာ အများကြီးလင်းလက်သွားလို ခံစားခဲ့ရတယ်။ သူတို့အတွက် သောကရောက်နေပြီး ငိုနေတာကို ရပ်ခဲ့ပြီး မှန်မှန်ကန်ကန် ချဉ်းကပ်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာ ဒီကျမ်းပိုဒ်နှစ်ခုကို ကျွန်မဖတ်တယ်။ “မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဒီကျမ်းပိုဒ်တွေက ကျွန်မအတွက် တကယ်ကို တို့ထိစရာပါပဲ။ လူတွေက ကယ်တင်ခံရနိုင်သလားဆိုတာကို တရားစီရင်ဖို့အတွက် ဘုရားရဲ့ တစ်ခုတည်းသော စံနှုန်းက သူတို့တွေက သမ္မာတရားကို ပိုင်ဆိုင်ပြီး သူတို့စိတ်သဘောထားတွေကို ပြောင်းလဲခဲ့ပြီးသလားဆိုတာပဲ။ ဘုရားသခင်က ဒီနှစ်တွေအားလုံးမှာ အလုပ်လုပ်ခဲ့ပြီး သမ္မာတရားတွေအများကြီးကို ဖော်ပြခဲ့တယ်။ သမ္မာတရားကို ဝင်ရောက်ပြီး ကယ်တင်ခြင်းကိုရရှိခြင်းလမ်းကြောင်းပေါ်က အသေးစိတ် မိတ်သဟာယကို ကျွန်မတို့ကို ပေးတယ်။ လူတစ်ယောက်က သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်သရွေ့ ဘုရားရဲ့ ကယ်တင်ခြင်းကို ရယူဖို့ မျှော်လင့်ချက်ရှိပါတယ်။ ဒါပေမဲ့ လူတစ်ယောက်က နှစ်ချီပြီး ယုံကြည်ခဲ့ပြီးတာတောင်မှ အပေါ်ယံအနစ်နာခံမှုတွေပဲလုပ်နိုင်ရင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ စိတ်သဘောထားပြောင်းလဲတာမရှိရင်၊ သူတို့က သမ္မာတရားကို လက်မခံဘူး။ သမ္မာတရားကို မုန်းတီးကြတယ်။ ဒီလိုလူမျိုးအတွက်က ဘယ်လောက်ပဲ အနစ်နာခံပါစေ၊ နှစ်ဘယ်လောက်ကြာအထိ လုပ်ခဲ့ပါစေ၊ တာဝန်တွေက ဘယ်လောက်ပဲ အရေးကြီးပါစေ အဆုံးမှာ သမ္မာတရားကို မရရှိခဲ့ရင်၊ စိတ်သဘောထားပြောင်းလဲမှုတစ်ခုမှ မရှိခဲ့ဘဲ ဘုရားကို ပုန်ကန်အာခံပြီးတော့ အသင်းတော်အလုပ်ကို နှောင့်ယှက်ရင် ကယ်တင်ခြင်းမခံရနိုင်ဘူး။ မကောင်းမှုတွေအများကြီးလုပ်သူတွေဟာ ဘုရားရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရမယ်။ ဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် သတ်မှတ်ဆုံးဖြတ်တာပဲ။ ဒါကို မြင်သွားတော့ ကျွန်မ မိဘတွေက အဲဒီနေရာကို ဘယ်လိုရောက်သွားလဲဆိုတာကို ပိုပြီး ရှင်းလင်းသွားတယ်။ သူတို့က သူတို့အိမ်နဲ့အလုပ်ကို စွန့်လွှတ်ခဲ့ကြပြီး အလုပ်ကြိုးစားတယ်။ ဒါပေမဲ့ သမ္မာတရားကို မချစ်ဘူး။ သူတို့ဟာ တာဝန်မှာ ဝတ်ကျေတန်းကျေလုပ်ပြီး တဇွတ်ထိုးနိုင်ကြတယ်။ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး သူတို့ကိုယ်သူတို့ မဆန်းစစ်ဘူး။ ညီအစ်ကိုမောင်နှမတွေက သူတို့ပြဿနာတွေကို ပြောကြတဲ့အခါမှာ သူတို့က ဆင်ခြေတွေပဲ ပေးကြပြီး ဒါ တခြားလူတွေရဲ့ ပြဿနာဖြစ်တယ်၊ သူတို့က မျှော်လင့်တာများလွန်းတယ်လို့ အမြဲတမ်း ထင်ကြတယ်။ ဒါက သူတို့ဟာ သမ္မာတရားကိုမုန်းတီးပြီး လက်ခံမှာမဟုတ်ဘူးဆိုတာ ကျွန်မကို ပြပါတယ်။ ဒါကြောင့် နှစ်တွေအများကြီး ယုံကြည်ခဲ့တာတောင် သူတို့ရဲ့ စိတ်သဘောထားတွေက မပြောင်းတာပေါ့။ အဲဒီအစား ယုံကြည်သူတွေအဖြစ် သူတို့ရဲ့ အချိန်နဲ့ အလုပ်မှတ်တမ်းက တိုးပွားလာတာနဲ့အမျှ သူတို့က ပိုပိုပြီး မာနထောင်လွှားလာကြတယ်။ သူတို့ရဲ့ အနစ်နာခံမှုတွေအားလုံးက သမ္မာတရားနဲ့ အသက်ကိုရဖို့မဟုတ်ဘဲ ကောင်းကြီးရဖို့ စိတ်မပါတပါနဲ့ လုပ်ကြတာပဲဆိုတာ သမ္မာတရားကို သူတို့ ကိုင်တွယ်ပုံကနေ ကျွန်မ မြင်နိုင်တယ်။ ပေါလုလိုပဲ သူလုပ်သမျှက ဘုရားနဲ့ အပေးအယူလုပ်ဖို့ပဲ။ သူက ဘုရားအတွက် သူ့ကိုယ်သူ တကယ်အသုံးခံခဲ့တဲ့ စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်မဟုတ်ဘူး။ လူတစ်ယောက်က သမ္မာတရားကို လိုက်စားသလား၊ လူ့သဘာဝကောင်းရှိသလား၊ ကယ်တင်ခြင်းခံရနိုင်သလားဆိုတာ သမ္မာတရားအပေါ် သူတို့သဘောထားကို ကြည့်ပြီး အကဲဖြတ်ရမယ်ဆိုတာ ကျွန်မ ရှင်းသွားတယ်။ သူတို့ရဲ့ အပေါ်ယံ ကူညီပံ့ပိုးတာတွေ၊ အလုပ်ဘယ်လောက်လုပ်တာတွေ၊ ဘယ်တာဝန်တွေကို လုပ်တာတွေက အားလုံးက အရေးမပါဘူး။ တချို့ညီအစ်ကိုမောင်နှမတွေက အသင်းတော်အပေါ် အများကြီး ကူညီပံ့ပိုးတာ ရှိချင်မှရှိမယ်။ သူတို့တာဝန်တွေက အရေးမပါတဲ့ပုံစံရှိတယ်။ ဒါပေမဲ့ သူတို့က တည်ကြည်ခိုင်မာပြီး စိတ်နှစ်ပြီးလုပ်ကြတယ်။ တာဝန်မှာ သူတို့အာရုံစိုက်တာက သမ္မာတရားကိုရှာဖွေခြင်း၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ပြန်ဆင်ခြင်ကြည့်ခြင်း ကိုယ်တိုင်နောင်တရပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားမှာ အပြောင်းအလဲလုပ်ခြင်းဖြစ်တဲ့သူတွေဟာ ဘုရားအိမ်တော်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်တဲ့သူမျိုးဖြစ်ပါတယ်။ ကျွန်မ စဉ်းစားကြည့်လေလေ၊ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို မြင်လေလေပဲ။ လူတွေကို အကဲဖြတ်တဲ့ ဘုရားရဲ့ စံနှုန်းက ဘယ်တော့မှ မပြောင်းလဲပါဘူး။ ကျွန်မက ကယ်တင်ခြင်းကို ကံတရားနဲ့ဆိုင်တဲ့အရာတစ်ခုလို ကြည့်နေတာပါ။ အနစ်နာခံမှုတွေ အများကြီးလုပ်ပြီး အလုပ်ကြိုးစားတဲ့သူတွေကို သူတို့က ဘာကိုမှ ကူညီပံ့ပိုးတာမရှိခဲ့ရင်တောင်မှ ဘုရားက စွန့်ပစ်မှာမဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မ မိဘတွေရဲ့ ကိစ္စမှာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်မ တကယ်မြင်တွေ့ခဲ့ပါတယ်။ ဘုရားက လူသားရဲ့ စိတ်ခံစားချက်တွေ၊ အယူအဆတွေအပေါ် အခြေခံပြီး လူတွေကို အကဲမဖြတ်ပါဘူး။ သမ္မာတရားရဲ့ စံနှုန်းတွေအပေါ် အခြေခံပြီး လူတိုင်းကို တိုင်းတာ ကြည့်ရှုပါတယ်။ အသင်းတော်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကိုယူထားတဲ့လူတွေတောင် ပါပါတယ်။

နောက်ပိုင်းမှာ ကျွန်မအတွက် အရမ်းဉာဏ်အလင်းပွင့်လင်းစေပြီး လွတ်မြောက်စေတဲ့ နောက်ထပ် ကျမ်းပိုဒ်တချို့ကို ကျွန်မဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တစ်နေ့တွင် သမ္မာတရားအချို့ကို သင်နားလည်သွားသောအခါ သင်၏မိခင်က အကောင်းဆုံးသောပုဂ္ဂိုလ်ဖြစ်သည်၊ သို့မဟုတ် သင့်မိဘများက အကောင်းဆုံးသောသူများဖြစ်သည်ဟု ထင်မြင်တော့မည် မဟုတ်ပေ။ ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ဝင်များ ဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အားလုံးအတူတူပင် ဖြစ်သည်ကိုလည်းကောင်း သင်သဘောပေါက်လိမ့်မည်။ ၎င်းတို့ကို ခွဲခြားပေးသောအရာမှာ သင်နှင့် ရုပ်ပိုင်းဆိုင်ရာ သွေးသားဆက်နွှယ်မှုသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်လျှင် မယုံကြည်သူများနှင့် အတူတူပင်ဖြစ်၏။ သင်သည် ၎င်းတို့ကို မိသားစုဝင်ရှုထောင့်မှ၊ သို့မဟုတ် သွေးသားဆက်နွှယ်မှုရှုထောင့်မှ ကြည့်တော့မည်မဟုတ်ဘဲ သမ္မာတရားဘက်မှ ကြည့်မည်ဖြစ်သည်။ သင်ကြည့်ရှုသင့်သည့် အဓိကအချက်များမှာ အဘယ်အရာများနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များ၊ လောကအပေါ် ၎င်းတို့၏ အမြင်များ၊ အကြောင်းကိစ္စများကို ကိုင်တွယ်ရာတွင် ၎င်းတို့၏ အမြင်များ၊ အရေးကြီးဆုံးအနေဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများကို သင်ကြည့်ရှုသင့်သည်။ ဤအချက်များကို တိကျစွာကြည့်လျှင် ၎င်းတို့သည် လူကောင်းများလော၊ သို့မဟုတ် လူဆိုးများလောဆိုသည်ကို သင်ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ ၎င်းတို့သည် သင်ကဲ့သို့ပင် ဖြစ်ကြောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့်သူများ ဖြစ်ကြောင်း၊ ထို့ထက်ပို၍ ၎င်းတို့သည် သင်စိတ်ကူးထင်မြင်ထားသကဲ့သို့ သင့်အပေါ် အမှန်တကယ်ချစ်သော ကြင်နာတတ်သူများ မဟုတ်ကြောင်း၊ ၎င်းတို့သည် သင့်ကို သမ္မာတရားထံသို့၊ သို့မဟုတ် ဘဝတွင် မှန်ကန်သော လမ်းကြောင်းဆီသို့ လုံးဝ မခေါ်ဆောင်ပေးနိုင်ကြောင်းတို့ကို တစ်နေ့တွင် သင်သည် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါက၊ ထို့အပြင် သင့်အတွက် ၎င်းတို့လုပ်ဆောင်ပေးခဲ့သည့်အရာသည် သင့်အပေါ် ကြီးကြီးမားမား အကျိုးမပြုကြောင်း၊ ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းဖို့အရေး၌ ထိုအရာက သင့်အတွက် လုံးဝ အရေးမပါကြောင်းတို့ကို သင်ရှင်းရှင်းလင်းလင်း မြင်နိုင်ပါက၊ ပြီးလျှင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ထင်မြင်ချက်များစွာတို့သည် သမ္မာတရားနှင့် ဆန့်ကျင်နေကြောင်း၊ ၎င်းတို့သည် ဇာတိပကတိနှင့် သက်ဆိုင်ကြောင်း၊ ဤအတွက်ကြောင့် သင်သည် ၎င်းတို့ကို စက်ဆုပ်ရွံရှာကြောင်း၊ ၎င်းတို့အပေါ် မနှစ်သက်မှုနှင့် မုန်းတီးမှုတို့ ခံစားရကြောင်းတို့ကိုလည်း သင်တွေ့ရှိရပါက ဤအချက်အလက်များကို ထောက်ရှု၍ သင်သည် သင်၏ စိတ်နှလုံးတွင် ၎င်းတို့ကို မှန်မှန်ကန်ကန် ဆက်ဆံနိုင်လိမ့်မည်၊ ၎င်းတို့ကို သတိရလွမ်းဆွတ်တော့မည်မဟုတ်၊ စိုးရိမ်တော့မည်မဟုတ်၊ ၎င်းတို့နှင့် မခွဲနိုင်မခွာနိုင်ဖြစ်တော့မည်မဟုတ်ပေ။ ၎င်းတို့သည် မိဘများအဖြစ် ၎င်းတို့၏ တာဝန်ကို ပြီးမြောက်ခဲ့ပြီဖြစ်၍ သင်သည် ၎င်းတို့ကို အရင်းနှီးဆုံးလူများအဖြစ် ဆက်ဆံတော့မည်မဟုတ်၊ သို့မဟုတ် မြတ်နိုးကြည်ညိုတော့မည်မဟုတ်ပေ။ ထိုအစား သင်သည် ၎င်းတို့ကို သာမန်လူများအဖြစ် ဆက်ဆံလိမ့်မည်။ ထိုအချိန်တွင် သင်သည် စိတ်ခံစားမှုများ၏ ချည်နှောင်မှုမှ အပြည့်အဝ လွတ်မြောက်ပြီး သင်၏ စိတ်ခံစားမှုများနှင့် မိသားစုတွယ်တာမှုများမှ အမှန်တကယ် လွတ်မြောက်လာလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် သင်သည် အပျက်သဘောဆောင်သည့် အခြေအနေမှ လွတ်မြောက်နိုင်သည်”)လူများစွာတို့သည် အဓိပ္ပာယ်မရှိသော စိတ်ခံစားမှုဆိုင်ရာ ဒုက္ခများစွာကို တောင့်ခံကြရသည်။ ထိုအရာအားလုံးတို့သည် မလိုလားအပ်သော၊ အသုံးမဝင်သော ဒုက္ခများဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် အစဉ်သဖြင့် ၎င်းတို့ခံစားချက်များ၏ ချုပ်ချယ်ကန့်သတ်ခြင်းကို ခံရသဖြင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်၊ ဘုရားသခင်ကို မနာခံနိုင်သောကြောင့် ဖြစ်သည်။ စိတ်ခံစားချက်များ၏ ချုပ်ချယ်ကန့်သတ်ခြင်းကို ခံရခြင်းသည် မိမိတာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်နောက်သို့လိုက်ခြင်းအပေါ် အလွန်ပင် ထိခိုက်နစ်နာစေသည်။ အသက်ဝင်ရောက်မှုအတွက် ကြီးစွာသော အတားအဆီးလည်းဖြစ်သည်။ ထို့ကြောင့် စိတ်ခံစားချက်ဆိုင်ရာ အချုပ်အချယ်များကြောင့် ဒုက္ခခံရခြင်းသည် အဓိပ္ပာယ်မရှိပေ။ ယင်းကို ဘုရားသခင်က အောက်မေ့ဂုဏ်ပြုခြင်း မရှိချေ။ ဤသို့ဆိုလျှင် ဤအဓိပ္ပာယ်မရှိသည့် ဒုက္ခကို သင်မည်သို့စွန့်ပစ်နိုင်မည်နည်း။ သမ္မာတရားကို သင်နားလည်ရမည်။ ဤဇာတိပကတိ ဆက်ဆံရေးများ၏ အဖြစ်အနေကို သင်မြင်ပြီး နားလည်သွားသည်နှင့် ဇာတိပကတိ၏ ချုပ်ချယ်ကန့်သတ်ခြင်းများမှ လွယ်ကူစွာ လွတ်မြောက်နိုင်လိမ့်မည်။...စာတန်သည် လူတို့ကို ချုပ်ချယ်ကန့်သတ်ပြီး ချည်နှောင်ရန် မိသားစုတွယ်တာမှုကို အသုံးပြုသည်။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် အလွယ်တကူ လှည့်စားခံရလိမ့်မည်။ လူတို့သည် ၎င်းတို့၏ မိဘများနှင့် ဆွေမျိုးများအတွက် မကြာခဏ အဖိုးအခပေးပြီး ဒုက္ခခံ၏၊ ငိုကြွေး၏၊ အခက်အခဲများကို တောင့်ခံ၏။ ဤသည်မှာ မသိနားမလည်ခြင်းနှင့် မိုက်မဲခြင်းဖြစ်သည်။ သင်သည် ဤနည်းဖြင့် ဒုက္ခခံရန် လိုလားသည်။ ယင်းသည် မိမိကိုယ်ကို ဒုက္ခပေးခြင်းသက်သက်သာ ဖြစ်သည်။ တန်ဖိုးမဲ့ပြီး အချည်းနှီး တောင့်ခံခြင်း ဖြစ်သည်။ ယင်းကို ဘုရားသခင်က အောက်မေ့ဂုဏ်ပြုခြင်း လုံးဝ မရှိပေ။ ဤသည်မှာ ဒုက္ခခံခြင်းသက်သက်သာ ဖြစ်သည်ဟု ဆိုနိုင်သည်။ သမ္မာတရားကို သင်နားလည်သွားသည့်နေ့တွင် သင်သည် လွတ်မြောက်လိမ့်မည်။ ဤဆင်းရဲဒုက္ခများကို ခံစားရာတွင် သင်သည် မသိနားမလည်ဖြစ်ပြီး မိုက်မဲသည်ကိုလည်းကောင်း၊ မည်သူ၏ အမှားမျှ မဟုတ်ဘဲ သင်ကိုယ်တိုင်၏ မမြင်နိုင်မှု၊ မသိနားမလည်မှု၊ သမ္မာတရားကို နားလည်ခြင်း ကင်းမဲ့မှု၊ အကြောင်းကိစ္စများကို ကြည့်ရာတွင် ရှင်းလင်းခြင်း မရှိမှုတို့ ဖြစ်သည်ကိုလည်းကောင်း ခံစားရလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် သင်သည် အပျက်သဘောဆောင်သည့် အခြေအနေမှ လွတ်မြောက်နိုင်သည်”) ဒါကို ဖတ်ရတာ ကျွန်မအတွက် တကယ်ကို ခံစားရပါတယ်။ ဘုရားက ကျွန်မတို့ကို အရမ်းကို နားလည်တယ်။ ကျွန်မမျက်ရည်တွေနဲ့ မလိုအပ်တဲ့ဒုက္ခခံရတာတွေက ကျွန်မက ခံစားချက်ပြင်းလွန်းပြီး အကြောင်းအရာတွေကို နားမလည်တာကြောင့်ပါ။ အရင်က သမ္မာတရားကို ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မမိဘတွေကို မရိပ်စားမိခဲ့ဘူး။ သူတို့တွေက အရမ်းတော်တယ်။ တကယ်ကို လေးစားစရာကောင်းတယ်၊ သူတို့တွေက စံပြတွေဖြစ်ပြီး သူတို့လိုဖြစ်အောင် ကြိုးစားသင့်တယ်လို့ပဲ ထင်ခဲ့တယ်။ သူတို့တွေက ကယ်တင်ခြင်းခံရနိုင်သူတွေလို့တောင် ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ သမ္မာတရားနဲ့ ဘုရားနှုတ်ကပတ်တော်နဲ့ သူတို့ကို ယှဉ်ကြည့်တဲ့အခါမှာ ကျွန်မက ဘယ်လောက်တောင်မှားနေသလဲဆိုတာကို သဘောပေါက်သွားပြီး သူတို့တွေက ဘယ်လိုလူမျိုးတွေဖြစ်တယ်ဆိုတာကို နောက်ဆုံးမှာ နည်းနည်းရိပ်စားမှုရှိလာခဲ့တယ်။ ကျွန်မ မလေးစားရုံမက အထင်အမြင်သေးတဲ့အရာတွေအများကြီးကို သူတို့ဆီမှာ တွေ့ခဲ့ရတယ်။ သူတို့ကို ကျွန်မ အရမ်းမြှောက်စားပြီး အထင်ကြီးလေးစားတာတွေ မလုပ်တော့ဘူး။ ပြီးတော့ သူတို့အတွက် ဒုက္ခခံတာ၊ ငိုတာတွေ မလုပ်တော့ဘူး။ သူတို့ကို တိတိကျကျ၊ အရှိအတိုင်း ကျွန်မ မြင်နိုင်လာတယ်။

ဒီအခြေအနေကတစ်ဆင့် ကျွန်မက ကိုယ့်ခံစားချက်တွေကို အလေးထားလွန်းနေတာကို မြင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မက လောကီချစ်ခင်မှုတွေအတွင်းမှာ အသက်ရှင်တဲ့အခါမှာ ကျွန်မ မိဘတွေက ဘယ်လောက် ဒုက္ခခံနေရနိုင်တယ်ဆိုတာကိုပဲ ကျွန်မ စဉ်းစားနေပြီး ဘုရားအိမ်တော်က အကြောင်းကိစ္စတွေကို ကိုင်တွယ်တဲ့ပုံစံကို လက်မခံနိုင်ခဲ့ဘူး။ အတိုက်အခံဖြစ်နေပြီး ဘုရားက မဖြောင့်မတ်ဘူးလို့တောင် ခံစားမိခဲ့တယ်။ နောက်တော့ ဘုရားက ဘာကြောင့် လူသားချစ်ခင်မှုကို မုန်းသလဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဘာကြောင့်လဲဆိုရင် အဲဒါက ကျွန်မတို့ကို အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုးကို ရှုပ်ထွေးစေလို့ ဘုရားနဲ့ ဝေးကွာစေလို့ပါပဲ။ အရင်က ကျွန်မ ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက သူတို့အမျိုးတွေ အထုတ်ခံရတာ၊ နှင်ထုတ်ခံရတာကို မြင်တော့ ရက်နဲ့ချီပြီး မျက်ရည်ကျကြတယ်။ သူတို့ကို ကျွန်မ အထင်သေးခဲ့တယ်။ ကျွန်မမှာ အဲဒီလိုဖြစ်ခဲ့ရင် ကျွန်မက သိပ်အားလျော့နေမှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဒါကိုပဲ ကျွန်မ တကယ်တမ်း ရင်ဆိုင်ရတဲ့အခါမှာ တခြားလူတိုင်းထက် ကျွန်မက ပိုပြီးအားနည်းနေပြီး တော်တော်ကို ပြိုလဲသွားတယ်။ ကျွန်မက နည်းနည်းလောက် ငိုခဲ့ရုံမဟုတ်ဘဲနဲ့ စိတ်ဓာတ်ကျပြီး ကျွန်မတာဝန်ကို ထိခိုက်ခဲ့တယ်။ ကျွန်မက နုံအပြီး မိုက်မဲခဲ့တယ်၊ လုံးဝကို ကျိုးကြောင်းမသင့်ခဲ့ဘူးဆိုတာကိုလည်း မြင်ခဲ့ပါတယ်။ ဒီအတွေ့အကြုံကတစ်ဆင့် သူတို့ရဲ့ လောကီချစ်ခင်မှုတွေကနေ လွတ်မြောက်ဖို့ အခက်အခဲဖြစ်နေတဲ့ အဲဒီညီအစ်ကိုမောင်နှမတွေအတွက် နားလည်မှုနည်းနည်းရလာခဲ့ပါတယ်။ ပြီးတော့ ကျွန်မရဲ့ အရင်က မသိနားမလည်မှုနဲ့ ကြွားဝါမှုအတွက် နည်းနည်း ရှက်မိခဲ့တယ်။ ဖြစ်ပျက်သမျှ အရာတိုင်းမှာ ရှာဖွေဖို့ သမ္မာတရားရှိတယ်ဆိုတာကိုလည်း ကျွန်မ သင်ယူခဲ့ရတယ်။ သင်ခန်းစာတစ်ခုသင်ယူပြီး ပိုင်းခြားသိမြင်မှုရှိလာဖို့အတွက် အခွင့်အရေးတစ်ခုက အမြဲတမ်းရှိတယ်။ ကျွန်မတို့ဟာ ကျွန်မတို့နားမှာရှိတဲ့ လူတိုင်းကို၊ ကျွန်မတို့ မိဘတွေကိုတောင်မှ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားနဲ့အညီ ဆက်ဆံဖို့လိုတယ်။ ဒါဆိုရင် ကျွန်မတို့ဟာ သူတို့ကို ချစ်ခင်မှု၊ စိတ်ကူးထင်မြင်မှုတွေကတစ်ဆင့် မြင်မှာမဟုတ်ဘူး။ ဘုရားကို ဆန့်ကျင်ဖို့ လုပ်မှာမဟုတ်ဘူး။ ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သေခြင်းတရားအားဖြင့် စမ်းသပ်မှုကာလ

ရှင်တောက် တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ...

တာဝန်တွင် အပြောင်းအလဲများက ကျွန်မကို ဖော်ထုတ်ခဲ့သည်

မုကျိန်း အမေရိကန်နိုင်ငံ အသင်းတော်မှာ ဗီဒီယိုတွေကို ကျွန်မ လုပ်နေတာ။ ဒါပေမဲ့ လုပ်စရာသိပ်မရှိတော့ ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းတဲ့ဆီ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်