အခက်အခဲတစ်လျှောက် ကျွန်မရဲ့တာဝန်အပေါ် သစ္စာစောင့်သိခြင်း

07.07.2024

၂၀၁၆ မှာ ကျွန်မရဲ့ အသင်းတော် တာဝန်ကို ရေလောင်းတဲ့ သင်းထောက်အနေနဲ့ လုပ်ရတယ်။ အဲဒီတုန်းက၊ အန္တိခရစ်တစ်ယောက်ရဲ့ ဖိနှိပ်တာခံရတဲ့ အသင်းတော် ခေါင်းဆောင်တစ်ယောက်က အပျက်သဘောထဲမှာ အသက်ရှင်နေခဲ့တယ်။ သူက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ဆုံးရှုံးပြီး အထုတ်ခံလိုက်ရတယ်။ ကျွန်မရဲ့ အထက်လူကြီးက ကျွန်မကို ညွှန်ကြားချက်တွေ ပေးတယ်။ အသင်းတော်မှာရှိတဲ့ အန္တိခရစ်ကို အပြည့်အဝ မဖော်ထုတ်ရသေးသလို၊ တခြားလူတွေကလည်း ချင့်ချိန်နိုင်စွမ်း မရှိကြသေးဘူးဆိုတော့ ကျွန်မအနေနဲ့ ညီအစ်မ ရင်ယူးနဲ့ အလုပ်လုပ်ပြီး အသင်းတော် အလုပ်အမျိုးမျိုးကို တာဝန်ယူနိုင်မယ်လို့ သူ မျှော်လင့်တယ်ဆိုပြီး ပြောတယ်။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ ကျန်းမာရေးက သိပ်မကောင်းသလို၊ ကျွန်မမှာ ခွန်အား ဒါမှမဟုတ် အားအင် မရှိတဲ့အတွက် အသင်းတော်က ကျွန်မရဲ့တာဝန်ကို ပြောင်းတော့မှာ။ ဒါပေမဲ့ ပြောင်းရွှေ့တာ မလုပ်ခင်မှာ၊ တစ်ခု ဖြစ်သွားခဲ့တယ်။ အဲဒီတုန်းက၊ အထက်ခေါင်းဆောင်က ကျွန်မကို တခြားညီအစ်မ သုံးလေးယောက်နဲ့ အစည်းအဝေးလုပ်ဖို့ စီစဉ်ပေးတယ်။ ခါတိုင်းလိုပဲ၊ ဧည့်ခံတဲ့ အိမ်ကို ကျွန်မ အချိန်မှန်ရောက်ခဲ့ပေမဲ့၊ အံ့ဩစရာကောင်းတာက ကျွန်မ အကြာကြီး စောင့်ပေမဲ့ ဘယ်သူမှ မလာခဲ့ဘူး။ ဒါကြောင့် ရန်ယူးကို ကျွန်မ သူ့အိမ်မှာ သွားရှာတယ်။ ကျွန်မ တံခါးဆက်ခေါက်နေပေမဲ့ ဘယ်သူမှ မတုံ့ပြန်ဘူး။ ကျွန်မ နည်းနည်း စိတ်ပူလာတယ်။ သူ အဖမ်းခံရတာဖြစ်မှာ စိုးမိတယ်။ မမျှော်လင့်ဘဲ နှစ်ရက်အကြာမှာ၊ ချင်ဟွေးက ကျွန်မကို ပြောပြတယ်။ ရင်ယူးနဲ့ အထက်ခေါင်းဆောင်နှစ်ယောက်က အဲဒီနေ့မှာ ရဲတွေဖမ်းတာခံရပြီး သူ့ရဲ့ အိမ်တစ်ခုလုံးကို ရဲတွေက မွှေနှောက်ကြတယ်တဲ့။ ဒီလိုဆိုးဝါးတဲ့ သတင်းကို ကြားတော့၊ ဘုရားဆီကနေ စမ်းသပ်မှုနဲ့ စစ်ဆေးမှုတစ်ခု ကျွန်မ ရင်ဆိုင်နေရတာကို သိပေမဲ့၊ တကယ်ကို ကြောက်နေမိတုန်းပဲ။ အဲဒီနေ့တုန်းက ရင်ယူးရဲ့အိမ်ကို ကျွန်မသွားပြီး သူ့အိမ်တံခါး ခေါက်ခဲ့ပုံကို ပြန်တွေးမိတယ်။ ကံကောင်းထောက်မလို့၊ ဘုရားရဲ့ ကွယ်ကာမှုရှိခဲ့ပြီး၊ ရဲတွေနဲ့ ပက်ပင်းမတိုးခဲ့တာပဲ။ မဟုတ်ရင် သူတို့လက်က ကျွန်မ လွတ်မှာမဟုတ်ဘူ။ ကပ်သီလေးပဲ။

နောက်ပိုင်းမှာ၊ အဲဒီအဖမ်းအဆီးနဲ့ ပတ်သက်ပြီး မြို့နားတဝိုက်မှာ လူတွေ ပြောနေကြတာ ကြားရတယ်။ အဲဒီလိုနဲ့ ဒါက တစ်နိုင်ငံလုံးအနှံ့ စစ်ဆင်ရေးဖြစ်မှန်း ကျွန်မသိလိုက်ရတယ်။ ကျွန်မတို့ မြို့မှာ လက်နက်ကိုင် ရဲအရာရှိတွေ အများကြီး စုလာကြတယ်။ သူတို့က ဘုရားရွေချယ်ထားတဲ့လူတွေကို အရူးအမူး ဖမ်းပြီး တစ်မြို့လုံးအနှံ့ မွှေကြတယ်။ လမ်းတွေနဲ့ လမ်းသွယ်တွေတိုင်းမှာ နဖူးစည်းစာတန်းတွေ ရှိပြီးတော့ နံရံတွေပေါ်မှာ အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်စာမျိုးစုံ ရှိတယ်။ တစ်မြို့လုံးက ထိတ်လန့်တုန်လှုပ်နေကြတယ်။ တာဝန်တွေရှိကြတဲ့ ညီအစ်ကိုမောင်နှမ အတော်များများ အဖမ်းခံခဲ့ရပုံနဲ့ ငြိစွန်းတဲ့ အိမ်ထောင်စုအားလုံး စီးနင်းခံရနိုင်ပြီး၊ အဆင်းနီတဲ့ နဂါးကြီးက အသင်းတော် ပိုင်ဆိုင်မှုတွေကို အချိန်မရွေး သိမ်းသွားနိုင်ပုံကို ကျွန်မ တွေးမိတယ်။ ဒါကြောင့် ကျွန်မ အမြန်လုပ်ပြီး အသင်းတော်ပိုင်ဆိုင်မှုတွေနဲ့ စိတ်ပူရတဲ့ ညီအစ်ကို မောင်နှမတွေကို ဘေးကင်းတဲ့ တစ်နေရာရာဆီ ရွေ့ထားရမယ်။ ဒါပေမဲ့ ရဲတွေက ရှာနေပြီး စောင့်ကြည့်နေကြတုန်းပဲလေ။ ဘာလုပ်လို့ရမလဲပေါ့။ ကျွန်မ ဗျာများနေတယ်။ အိမ်ရောက်တော့၊ ကျွန်မသမီးက သူ့ဖုန်းကို လက်ညိုးထိုးပြီး ပြောတယ်။ “အမေ၊ သတိထား၊ နှစ်ရက်လောက် အပြင်မထွက်နဲ့။ သမီးရဲ့ ပြည်သူ့လုံခြုံရေး ဖောက်သည်တစ်ယောက်က ဗီဒီယိုတစ်ခု ပို့တယ်။ ယုံကြည်သူ အယောက် ၇၀ ကျော်ကို သူတို့ ဖမ်းထားပြီးပြီ။ ပြီးတော့ ရှာနေကြတုန်းပဲလို့ ပြောတယ်”တဲ့။ ဒါကို ကြားတော့ ကျွန်မ ပိုလို့တောင် ကြောက်သွားပြီး၊ တကယ်ကို ခြေမကိုင်မိ လက်မကိုင်မိလည်း ဖြစ်သွားတယ်။ ရင်ယူးနဲ့ကျွန်မ အမြဲ အတူတူ အလုပ်လုပ်ခဲ့ပုံကို ကျွန်မ တွေးနေမိတယ်။ သူ့အိမ်ကိုလည်း ကျွန်မ အရမ်းသွားခဲ့တာလေ။ အခု သူ အဖမ်းခံလိုက်ရတော့ ရဲတွေက စောင့်ကြည့်တာကနေတစ်ဆင့် ကျွန်မကို တွေ့သွားမလား တွေးမိတယ်။ ကျွန်မအကြောင်းကို သူတို့ သိပြီးသွားပြီဆိုရင်၊ ကျွန်မတာဝန်ကို ပြန်သွားလုပ်ရင် သေနတ်ပြောင်းဝဆီကို ကျွန်မ လမ်းလျှောက်နေတာ ဖြစ်မှာ မဟုတ်လား။ ကျွန်မမှာ အလုပ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်ခု ရှိနှင့်ပြီးသားဖြစ်ပြီး တကယ် အားနည်းနေတာလေ။ တကယ် အဖမ်းခံလိုက်ရရင်၊ ရိုက်တာနှက်တာ ဘယ်လောက်များများ ခံနိုင်မလဲ ကျွန်မ မသိဘူး။ ရဲတွေက ကျွန်မဆီကနေ ဝန်ခံချက်ယူဖို့ ကျွန်မကို ညှဉ်းဆဲဖို့ ကြိုးစားပြီး သေတဲ့ထိရိုက်ရင်၊ ကယ်တင်ခံရမဲ့ အခွင့်အရေး ကျွန်မ ဆုံးရှုံးသွားမှာလား။ ညီအစ်ကို မောင်နှမတွေ ညှဉ်းဆဲခံရတဲ့ ဗီဒီယိုတွေဆီပဲ ကျွန်မစိတ်က ပြန်ရောက်ရောက်သွားပြီး၊ အဲဒီအကြောင်းကို တွေးရင်းနဲ့ ကျွန်မ ပိုပြီး စိတ်တထင့်ထင့်ဖြစ်ရတယ်။ ကျွန်မ ချွေးစေးတွေ ပြန်သွားတယ်။ စိတ်ငြိမ်ငြိမ် မထားနိုင်ဘဲ တစ်ကိုယ်လုံး ကြက်သေသေသွားပြီး အားတွေ မရှိတော့ဘူး။ ကျွန်မ အန္တရာယ်ကနေ ချက်ချင်း ထွက်ပြေးသင့်တယ်၊ ပုန်းပြီး အဲဒီနေရာကနေ ထွက်သွားသင့်တယ်လို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ ဖြေရှင်းရမဲ့ အလုပ်တွေအကုန်ရှိနေတဲ့ အသင်းတော်အခြေအနေကို တွေးမိပြီး ရင်ယူးကလည်း အဖမ်းခံထားရတာဆိုတော့ အသင်းတော်အလုပ်ကို ကျွန်မ တာဝန်ယူရမှာပဲလို့ တွေးမိတယ်။ အန္တရာယ်ရှိတဲ့သူတွေကို ပုန်းနေဖို့ ကျွန်မ ပြောဖို့ လိုသလို၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ချက်ချင်း ရွှေ့ရမယ်။ ဒါက အရမ်းကြီးတဲ့ တာဝန်တစ်ခုပဲ။ ဒီအလုပ်ကို ကျွန်မ ကောင်းကောင်း မလုပ်ရင်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ပိုလို့တောင် ထိခိုက်မှာ။ ကျွန်မကိုယ်ပိုင် ဥစ္စာပစ္စည်း ဆုံးရှုံးရင် နေလို့ရတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ အသိမ်းခံလိုက်ရရင်၊ အဲဒါက ငွေနဲ့ တိုင်းတာလို့မရတဲ့ နည်းလမ်းနဲ့ ဘုရားရွေးချယ်ထားတဲ့ သူတွေရဲ့ ဘဝတွေကို ဆုံးရှုံးမှုတွေ ဖြစ်စေမှာပဲ။ အဲဒီလို အရမ်းအရေးကြီးတဲ့ အချိန်မှာ ကျွန်မ ပုန်းနေလိုက်ရင်၊ ကျွန်မကို ယုံကြည်သူလို့ ခေါ်လို့ ရနိုင်ပါဦးမလား။ ကျွန်မ တကယ်ကို လူ့သဘာဝ ကင်းမဲ့နေမှာပဲ။ ကျွန်မရဲ့ တာဝန်သိစိတ်က ဘယ်ကိုရောက်သွားမလဲ။ ဒါပေမဲ့ ဒီအလုပ်တွေကို ကိုယ့်ဘာသာ ကျွန်မ ကောင်းကောင်း မလုပ်နိုင်ဘူး။ ရဲတွေက ကျွန်မကို စောင့်ကြည့်နေပြီဆိုတာမျိုး ဖြစ်နိုင်တယ်။ ကျွန်မ တကယ်ကို အဖမ်းခံခဲ့ရရင်၊ တာဝန်တွေကို ယူဖို့ လူတွေ ပိုလို့တောင် နည်းသွားမှာ မဟုတ်လား။ အဲဒီလိုနဲ့ ကျွန်မ ရုတ်တရက် အတွေးပေါက်သွားတယ်။ အဲဒီ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ချင်ဟွေးနဲ့ ကျန်းမင်းတို့က သူတို့လိုက်စားမှုမှာ အရမ်းတက်ကြွပြီး တာဝန်ကို ကိုင်တွယ်နိုင်တယ်။ နောက်ပိုင်းကိစ္စကို ကျွန်မ သူတို့ကို ကိုင်တွယ်ခိုင်းသင့်ပြီး၊ နောက်ကွယ်မှာ ကျွန်မ အလုပ်လုပ်လို့ရတယ် ပေါ့။ သူတို့က ကျွန်မ ကျန်းမာရေးမကောင်းတာ သိထားတော့ နားလည်ကြမှာပါပေါ့။ အဲဒီလိုနဲ့ အသင်းတော်အလုပ်က ကြန့်ကြာမှာမဟုတ်သလို ကျွန်မ အန္တရာယ်ကင်းသွားမှာပဲပေါ့။ အဲဒီအချိန်မှာ ကျွန်မကို အထက်ခေါင်းဆောင် ပြောခဲ့တဲ့အရာတစ်ခု ကျွန်မစိတ်ထဲ ပေါ်ပေါ်လာနေတယ်။ သူက အသင်းတော်အလုပ်ကို ရင်ယူးနဲ့ တာဝန်ယူဖို့ ကျွန်မကို ပြောခဲ့တာလေ။ သူ အဖမ်းခံရတာဖြစ်လို့ အဲဒီတာဝန်ကို ကျွန်မ ယူသင့်မှန်း ကျွန်မ သိပေမဲ့၊ အန္တရာယ်ကို ကျွန်မ ကြောက်ခဲ့တယ်။ ဒီလိုဘေးကျပ်နံကျပ်ကာလမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ထွက်ပြေးပုန်းရှောင်ချင်ခဲ့တယ်။ အဲဒီအန္တရာယ်နဲ့ အခက်အခဲကို တခြားညီအစ်မတွေပေါ်ကိုတောင် ကျွန်မ တွန်းတင်ချင်ခဲ့တယ်။ အရမ်းတစ်ကိုယ်ကောင်းဆန်တာပဲ။ ကျွန်မတာဝန်ကို ကျွန်မ စွန့်ပစ်နေတာ။ အဲဒါ မကောင်းမှုလုပ်နေတာပဲ။ ဘုရားနှုတ်ကပတ်တော်ကို ရုတ်တရက် ကျွန်မ တွေးမိတယ်။ “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန့်အလွန် အရေးကြီးသည်။ ဤအရာသည် အလွန်လေးနက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူတို့အပေါ် ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့ အပြစ်ဒဏ်ပေးခံရသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်တွေက ချက်ချင်း သတိပေးချက်တစ်ခု ဖြစ်ခဲ့တယ်။ အဲဒီလို စဉ်းစားမိလို့ ကျွန်မ လိပ်ပြာမလုံဖြစ်ပြီး နောင်တရမိတယ်။ အသင်းတော်အတွက် ကျွန်မတာဝန်ကို တခြားလူတွေပေါ် ဘာလို့ ကျွန်မ ပုံပေးရက်နိုင်တာလဲ။ ဘုရားသခင်က သမ္မာတရားနဲ့ထောက်ပံ့တာကို ကျွန်မ အများကြီးခံခဲ့ရတယ်လေ။ ဒီတော့ ဘုရားကျေးဇူးပြန်ဆပ်ဖို့ ကျွန်မတာဝန်ကို ဘယ်လိုကောင်းကောင်း လုပ်ရမယ်ဆိုတာကို ကျွန်မ သုံးသပ်နေခဲ့သင့်တယ်။ အသင်းတော်က အန္တရာယ်ရှိနေတဲ့အချိန်မှာ ညီအစ်ကို မောင်နှမတွေကို ကျွန်မ ကာကွယ်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို စောင့်ရှောက်သင့်တယ်။ ကျွန်မက ကြီးကြပ်တဲ့သူဖြစ်ပေမဲ့၊ ဒီလိုအရေးကြီးတဲ့အချိန်မှာ ကျွန်မက တွန့်ဆုတ်ပြီး ပုန်းကွယ်ချင်ခဲ့သလို၊ အန္တရာယ်ကို တခြားလူတွေပေါ် ညာချချင်ခဲ့တယ်။ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဘုရားနှုတ်ကပတ်တော် စာအုပ်တွေနဲ့ ဘုရားအိမ်တော်ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေက အဆင်းနီသော နဂါးကြီးရဲ့ လုယူတာခံရရင်၊ အဲဒါက ပြန်ပြင်လို့မရတဲ့ အပြစ်တစ်ခု ဖြစ်မှာ။ ကျွန်မက ခဏလောက် ဘေးကင်းသွားရင်တောင် ဘုရားအမြင်မှာ၊ ရှက်စရာ ဖြစ်တည်မှုတစ်ခုကို အသက်ရှင်နေထိုင်နေတဲ့ သူရဲဘောကြောင်တဲ့သူတစ်ယောက်၊ တိုက်ပွဲကနေ ထွက်ပြေးတဲ့ သစ္စာဖောက်ဖြစ်မှာပဲ။ အဲဒါဆိုရင် ဘုရားရှေ့မှာ ကျွန်မ အသက်ရှင်ထိုက်ပါ့မလား။ ကျွန်မတာဝန်ကို ကျွန်မ စွန့်ပစ်ရင် အဲဒါက ဘုရားကို သစ္စာဖောက်တာ ဖြစ်မှာ မဟုတ်လား။ အဲဒီလိုဆိုရင် ဘဝမှာ ကျွန်မ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဒီအတွေးနဲ့ ကျွန်မ စိတ်မသက်မသာဖြစ်ပြီး လိပ်ပြာမလုံဘူး။ ဘုရားကို ကျွန်မ အရမ်းအကြွေးတင်တယ်လို့ ခံစားရတယ်။ အရမ်းစက်ဆုပ်စရာဖြစ်ပြီး အရှက်မဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ကျွန်မက အမြဲတမ်း ကိုယ့်အတွက်ပဲ အသက်ရှင်ခဲ့ပေမဲ့၊ ဒီတစ်ခါတော့ သမ္မာတရားကို လက်တွေ့လုပ်ပြီး ဘုရားအတွက် အသက်ရှင်ဖို့ လိုတယ်။ ကျွန်မ ဘာကိုပဲ ကြုံရပါစေ၊ ဆုတောင်းပြီး ဘုရားအပေါ် မှီခိုတာက အမြော်အမြင်အရှိဆုံးပဲလို့ သိခဲ့တယ်။ ဒါကြောင့် ဘုရားဆီကို ကျွန်မ ဆုတောင်းတယ်။ “အို ဘုရားသခင်။ ရဲတွေက ကျွန်မကို စောင့်ကြည့်နှင့်နေပြီလားဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မ အားနည်းပြီး ကြောက်ပါတယ်။ ဒါပေမဲ့ ကျွန်မ အဖမ်းခံရခြင်း ရှိမရှိဆိုတာ ကိုယ်တော့်လက်ထဲမှာ ရှိပါတယ်။ ရှက်ဖို့ကောင်းတဲ့ ဖြစ်တည်မှုနဲ့ ကျွန်မ မရှင်ချင်ဘူး၊ ကျွန်မရဲ့ အသိစိတ်ကို ဆန့်ကျင်ပြီး ကိုယ်တော့်ကို မပုန်ကန်ချင်ပါဘူး။ အသင်းတော်အတွက် ချက်ချင်း ကိုင်တွယ်ရမဲ့ နောက်ပိုင်းကိစ္စတွေ အများကြီးရှိပါတယ်။ ကျွန်မတာဝန်တွေကို ကျွန်မ လုပ်ရပါမယ်။ ဘုရားသခင်၊ ကျွန်မ စိတ်နှလုံးကို စောင့်ရှောက်ပြီး အခက်အခဲကို ဒုက္ခခံလိုစိတ် ကျွန်မကို ပေးပါ။ ကျွန်မ တကယ် အဖမ်းခံပြီး သေတဲ့အထိ အရိုက်ခံရရင်၊ အဲဒါက ကိုယ်တော် အခွင့်ပေးတဲ့အရာ ဖြစ်မှာပါ။ ကိုယ်တော်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ အသင့်ပါပဲ။ ကိုယ်တော့်အိမ်တော်ရဲ့ အကျိုးစီးပွားတွေကို လုံးဝ ရောင်းစားမှာ မဟုတ်ပါဘူး”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ ဘုရားသခင်က ပြောသည်- “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...အားလုံးကို သင် ခံရပ်ရမည်။ ငါ့အတွက် သင်သည် သင်ပိုင်ဆိုင်သမျှ အရာရာတိုင်းကို စွန့်လွှတ်ဖို့နှင့် ငါ့နောက်လိုက်ရန် သင်လုပ်နိုင်သမျှ အရာရာကို လုပ်ဆောင်ဖို့ အဆင်သင့် ရှိရမည် ဖြစ်ကာ၊ သင်၏ အရာအားလုံးကို အသုံးပြုဖို့ အဆင်သင့် ရှိရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။ ဖြစ်သမျှအားလုံးသည် ငါ၏ကောင်းမွန်သော စိတ်သဘောအားဖြင့် ဖြစ်ပြီး၊ အရာရာသည် ငါ၏ စောင့်ကြည့်ခြင်းအောက်တွင် ရှိ၏။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀))ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။” လို့ ဘုရားပြောတာကို ဖတ်ရတဲ့အချိန်မှာ ကျွန်မ တကယ် တို့ထိခံရတယ်။ အဲဒါဟာ မိဘတွေက သူတို့ကလေးကို “မကြောက်နဲ့၊ ငါ ရှိတယ်”လို့ ပြောနေသလိုပါပဲ။ ကျွန်မ ရုတ်တရက် ယုံကြည်ခြင်းနဲ့ ခွန်အားရှိပြီး ကျွန်မမှာ အထောက်အပံ့ရှိတယ်လို့ ခံစားရတယ်။ အမြဲ ပူပန်သောကရောက်ပြီး အကြောက်တရားနဲ့ အသက်ရှင်ဖို့ ကျွန်မကို ဘုရားသခင် အလိုမရှိဘူးလို့ ခံစားရနိုင်ခဲ့တယ်။ ကျွန်မတာဝန်ကို ကောင်းကောင်း မလုပ်မှာကို ကျွန်မ မကြောက်သင့်ဘူး၊ ဒါမှမဟုတ် အဆင်းနီတဲ့ နဂါးကြီးက ဖမ်းတာခံရမှာကို မကြောက်သင့်ဘူး။ ဘုရားက ကျွန်မတို့နဲ့ အမြဲရှိတယ်ဆိုတာ ကျွန်မ အထူးသဖြင့် မမေ့သင့်ဘူး။ အဆင်းနီတဲ့ နဂါးကြီးက ဘယ်လိုပဲ ဉာဏ်များပြီး ဆိုးယုတ်ပါစေ၊ ဘုရားသခင် ပြီးမြောက်အောင်လုပ်ချင်တဲ့အရာကို မတားဆီးနိုင်ဘူး။ ရဲတွေက ယုံကြည်သူတွေကို နေ့တိုင်း စောင့်ကြည့်ရင်တောင်၊ အသင်းတော် အလုပ်ကို သူတို့ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အရာရာကို ဘုရားက အုပ်စိုးပြီး စီစဉ်ညွှန်ကြားလို့ပဲ။ ကျွန်မ ယုံကြည်ခြင်းရှိသင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ပေးအပ်ပြီး၊ နောက်ပိုင်းကိစ္စတွေကို အမြန်ဆုံး ပြီးအောင်လုပ်သင့်တယ်။ ဒီဆိုးရွားတဲ့ အခြေအနေက ကျွန်မတာဝန်ကို သစ္စာရှိဖို့၊ ညီအစ်ကို မောင်နှမတွေကို ကာကွယ်ပြီး အသင်းတော် အလုပ်ကို စောင့်ရှောက်ဖို့ ကျွန်မအသက်ကို စွန့်စားနိုင်မလားဆိုတာ သိရအောင်လို့ ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုကို ဘုရားက စမ်းသပ်၊ စစ်ဆေးနေတာပဲ။ အဲဒီအတွေးနဲ့ ကျွန်မစိတ်ထဲမှာ တစ်ခုပဲရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရှေ့က အခက်အခဲတွေကို အောင်မြင်ကျော်လွှားဖို့၊ ကျွန်မတို့ရဲ့ ဆုံးရှုံးမှုတွေကို နည်းနိုင်သမျှနည်းစေပြီး ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့ နည်းလမ်းတစ်ခု ကျွန်မ စဉ်းစားရမယ်။ မဟုတ်ရင် ငြိမ်သက်ခြင်း ရှာတွေ့မှာ မဟုတ်ဘူး။ ကျိုးနွံနာခံပြီး အဲဒီအခြေအနေကို ဖြတ်သန်းဖို့ အသင့်ဖြစ်နေချိန်မှာ အံ့ဩစရာကောင်းတာက နောက်ပိုင်းကိစ္စတွေ ကိုင်တွယ်တာကို ဆွေးနွေးဖို့ ချင်ဟွေးနဲ့ ကျန်းမင်းတို့က ကျွန်မရဲ့ ဧည့်ခံအိမ်ကို မမျှော်လင့်ပဲ ရောက်လာကြတယ်။ သူတို့ကို တွေ့တော့၊ ကျွန်မ တကယ်ကို ပျော်လဲပျော်၊ ရှက်လည်းရှက်မိတယ်။ သူတို့ကို ကျွန်မ အန္တရာယ်ပိစေချင်ခဲ့ပုံကို စဉ်းစားကြည့်တော့၊ ကျွန်မ ဘယ်လောက် စက်ဆုပ်စရာဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ သိခဲ့တယ်။ ကျွန်မရဲ့ အတွေးက မသတီစရာဖြစ်ပြီး ရှက်စရာကောင်းတယ်။ သူတို့ကို ကျွန်မ မဆက်သွယ်ခဲ့ပေမဲ့၊ ဘေးကျပ်နံကျပ် ကာလမှာ သူတို့က ဘုရားအိမ်တော်အတွက် ဘယ်ထိခိုက်နစ်နာမှုကိုမဆို တားဆီးဖို့ မတုံ့ဆိုင်းဘဲ အပြေးရောက်လာကြတယ်။ ကျွန်မ စိတ်ထဲမှာ အရမ်းခံစားရပြီး ဘုရားကို မရပ်မနား ကျေးဇူးတင်နေမိတယ်။ အရာရာကို ဘုရားက အုပ်စိုးပြီး စီစဉ်ညွှန်ကြားနေသလို၊ သူက ကျွန်မကို အရမ်းထမ်းရခက်တဲ့ ဝန်ထုပ်နဲ့ မပိစေခဲ့ဘူးဆိုတာကို ကျွန်မ မြင်နိုင်ခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်မတို့ အမြန်ဆွေးနွေးကြတယ်၊ တာဝန်တွေကို ခွဲပြီး၊ ချက်ချင်း စလိုက်ကြတယ်။ အရင်ဆုံး၊ သတိထားနေရမယ်ဆိုတာကို အိမ်ရှင်ကို အသိပေးဖို့ ရန်ယူး စုဝေးပွဲတွေ တက်ခဲ့တဲ့ အနီးအနားက အိမ်ကို ကျွန်မ ကိုယ့်ဘာသာ သွားတယ်။ ထီးကို ကျွန်မ အရမ်းနိမ့်နေအောင် ဆောင်းထားပြီးတော့ လမ်းတစ်လျှောက်လုံး ဆုတောင်းနေမိတယ်။ အဲဒီအိမ်ကို ကျွန်မ ခပ်မြန်မြန် ရောက်သွားပြီး အိမ်ရှင်အစ်မကို အသိပေးလိုက်တယ်။ ဒုတိယအိမ်မှာတော့၊ ချင်ဟွေးနဲ့ ကျွန်မက ဘုရားနှုတ်ကပတ်တော် စာအုပ်တချို့ကို အတူရွှေ့ရတယ်။ အဲဒီအိမ်က ဝေးပြီးတော့ လမ်းတစ်လျှောက်လုံးမှာစောင့်ကြည့်နေတာတွေ ရှိတယ်။ ခပ်ဝေးဝေးမှာ ရဲကားတွေ လှည့်ပတ်မောင်းနေကြတာကို ကျွန်မ မြင်နိုင်တယ်။ ကျွန်မ ပြန်ပြီး နည်းနည်း ကြောက်လာတယ်။ “ရဲတွေက ရှာဖွေစစ်ဆးတာတွေ တင်းတင်းကျပ်ကျပ် လုပ်နေတယ်။ တကယ်လို့ ငါက စောင့်ကြည့်တာကို ဖြတ်သွားပြီး ငါ့ကို သတိထားမိသွားရင်၊ ဒုက္ခရောက်မှာပဲ။ အဲဒါဆိုရင် ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ အသိမ်းခံရမယ်။ ပြီးတော့ ချင်ဟွေးလည်း အမှုပတ်သွားမှာ”လို့ ကျွန်မ တွေးမိတယ်။ ကျွန်မက ချင်ဟွေးရဲ့ လျှပ်စစ်စက်ဘီးနောက်မှာ ထိုင်နေတာ၊ သူ့အင်္ကျီကို ဖမ်းကိုင်ထားပြီး ကျွန်မ လက်ဖဝါးတွေမှာ ချွေးပြန်နေတယ်။ အိမ်ကို မရောက်ခင်မှာ ကျွန်မ နှလုံးက ခုန်နေတယ်။ ရဲတွေ စောင့်နေကြမှာကို ကျွန်မ စိုးရိမ်နေတာ။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားကို ဆက်ခေါ်နေမိတယ်။ ပြီးတော့ ဘုရားပြောထားတဲ့ အရာတစ်ခုကို တွေးမိတယ်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းခက်ခဲတဲ့ ဒီပတ်ဝန်းကျင်ကို ရင်ဆိုင်ဖို့ သတ္တိပေးခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ “ငါ့အသက်ကို စွန့်စားရမယ်ဆိုရင်တောင်၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ငါ ကာကွယ်ရမယ်။ ငါ ယုံကြည်ခြင်း ရှိပြီး အရာရာကို ဘုရား အုပ်စိုးတယ်ဆိုတာကို ယုံကြည်ရမယ်။ အဆင်းနီတဲ့ နဂါးကြီးက ဘယ်လိုပဲ ရူးသွပ်နေပါစေ၊ ဘုရားအခွင့်မပေးဘဲနဲ့ ငါတို့ကို ဘာတစ်ခုမှ မလုပ်နိုင်ပါ့ဘူး”လို့ပေါ့။ အဲဒီနောက် ကျွန်မ သိပ်တွန့်ဆုတ်ပြီး ကြောက်မနေတော့ဘူး။ ချင်ဟွေးနဲ့ ကျွန်မတို့က ဘုရားဆီကို တစ်စိတ်တစ်ဝမ်းတည်း ဆုတောင်းကြပြီး နောက်ဆုံးမှာ စာအုပ်တွေကို ပြဿနာမရှိဘဲ လုံခြုံတဲ့နေရာတစ်ခုဆီ ရွှေ့ခဲ့ကြတယ်။ ကျွန်မရဲ့ စိတ်နှလုံးကနေ ဝန်ထုပ်ကြီးတစ်ခု နောက်ဆုံးတော့ ပေါ့သွားတယ်။

နောက်ပိုင်းမှာ၊ အထက်ခေါင်းဆောင်တစ်ယောက်ဆီကနေ ကျွန်မ စာတစ်စောင်ရတယ်။ ကိစ္စတွေက အန္တရာယ်များပြီး အသင်းတော် စီမံကိန်းတွေက လုံးဝ ရပ်တန့်နေတယ်လို့ ပြောတယ်။ သူက ကျွန်မ၊ ချင်ဟွေးနဲ့ ကျန်းမင်းတို့ကို ကိစ္စတွေကို ဆက်ပြီး ကြီးကြပ်စေချင်တယ်။ ကျွန်မ တွေးမိတာက အန္တိခရစ်နဲ့ မကောင်းမှုပြုသူတွေကို မရှင်းလင်းရသေးသလို၊ သူတို့က ကိစ္စတွေကို နှောင့်ယှက်နေကြတုန်းဖြစ်ပြီး၊ ညီအစ်ကို မောင်နှမတွေက ပုံမှန် အသင်းတော် အသက်တာကို မကြာခင် ပြန်စနိုင်အောင်လို့ ကျွန်မက တာဝန်ယူပြီး အဲဒီလူတွေကို ရှင်းလင်းသင့်တယ်လို့ပေါ့။ ဒါပေမဲ့ အဲဒီအခြေအနေမှာ ဘာတိုးတက်မှုမှ လုံးဝ မရှိဘူး။ နှစ်ရက်သုံးရက်ကြာတိုင်း ညီအစ်ကို မောင်နှမတွေ အဖမ်းခံရပြီး သူတို့အိမ်တွေ အစီးခံရတဲ့ ဆိုးရွားတဲ့ သတင်းကြားရတယ်။ နောက်ပိုင်းမှာ ကျွန်မ သိလိုက်ရတာက အဆင်းနီတဲ့ နဂါးကြီးက အဖမ်းခံရတဲ့သူတွေကို အချင်းချင်းအပေါ် ရောင်းစားအောင်လို့ သူတို့တွေကို အထင်မှားအောင်လုပ်ပြီး မျှားခေါ်ဖို့အတွက် ယုတ်မာတဲ့ အကွက်မျိုးစုံသုံးတယ်၊ ရောင်းမစားဘူးဆိုရင် သူတို့ကို အစ်အောက်မေးဖို့အတွက် ညှဉ်းဆဲတာတွေကို သုံးတယ်ဆိုတာပါပဲ။ နောက်ပိုင်းမှာ ကြားရတဲ့သတင်းကတော့ ကျွန်မတို့ အသင်းတော်ကနေ အထုတ်ခံခဲ့ရတဲ့ အယောင်ဆောင် ခေါင်းဆောင် ကျူးဖန်က သူ အဖမ်းခံရတဲ့နောက် အဆင်းနီတဲ့ နဂါးကြီးရဲ့ အနုနည်းရော အကြမ်းနည်းပါရောထားတဲ့ အထင်အမြင်မှားစေတာ၊ စစ်ဆေးတာတွေကို မခံနိုင်ဘဲ နှစ်ရက်သုံးရက်အတွင်းမှာပဲ ယုဒဖြစ်လာခဲ့ပြီး ဘုရားကို သစ္စာဖောက်တယ်ဆိုတာပါပဲ။ ဒီသတင်းကို ကြားတော့ ကျွန်မ ထပ်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်တယ်။ ဒီအကြောင်းကို ကျွန်မ ဆက်တွေးနေမိပြီး အဲဒီညမှာ အိပ်လို့မရဘူး။ နှိပ်စက်တဲ့ ကုလားထိုင်တွေမှာ ညီအစ်ကို မောင်နှမတွေရဲ့ မချိမဆံ့ခံစားရတဲ့ မျက်နှာတွေကို ကျွန်မ မြင်နိုင်သလို ခံစားရတယ်။ ကျူးဖန်က အသင်းတော်အလုပ်နဲ့ ပတ်သက်သမျှနဲ့ ကျွန်မ ဘယ်မှာနေတယ်ဆိုတာကို သိနေပုံကိုလည်း ကျွန်မ တွေးမိတယ်။ ဘုရားကိုတောင် သူ သစ္စာဖောက်နိုင်ရင်၊ ကျွန်မကို သူ ဘယ်အချိန် ရောင်းစားမယ်ဆိုတာ ဘယ်သူသိမှာလဲ။ ကျွန်မအဖမ်းခံရရင်၊ ရက်စက်တဲ့ ညှဉ်းပန်းမှုကို ကျွန်မ ခံနိုင်ပါ့မလား။ ထောင်ထဲမှာ သေသွားရင် အရမ်းဆိုးမှာပဲ မဟုတ်လား။ ဒီအတွေးတွေကို တွေးနေတုန်းမှာ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အမှောင်ထဲ ကျဆင်းသွားတာ မြင်ရတယ်။ ကျွန်မ လုပ်သင့်တဲ့ တာဝန်အတွက် တာဝန်သိစိတ် မခံစားရဘဲ လုံးဝ အားချည့်နဲ့သွားတယ်။ စုဝေးပွဲလေးတွေဆီ ကျွန်မ သွားတဲ့လမ်းမှာ၊ ရဲကားတစ်စီး ဖြတ်သွားတဲ့အခါ ကျွန်မ အရမ်းကြောက်တယ်။ ညီအစ်ကို မောင်နှမတချို့ အဖမ်းခံရတဲ့နေရာကို ဖြတ်ရတဲ့အခါ၊ ကျွန်မ ရင်တထိတ်ထိတ်ဖြစ်ပြီး အဖမ်းခံရမှာ ကြောက်တယ်။ ကျွန်မ ခဏလေး ပုန်းရှောင်ပြီး၊ အခြေအနေတွေ ကောင်းလာမှ ညီကိုမောင်နှမတွေနဲ့ တွေ့လို့ရတာပဲလို့ ကျွန်မ တွေးနေမိတယ်။ ဒါပေမဲ့ အဲဒီအတွေးနဲ့ ကျွန်မ နေမထိထိုင်မထိဖြစ်တယ်။ အသင်းတော်မှာ လွတ်နေတဲ့ အန္တိခရစ်နဲ့ မကောင်းမှုပြုသူတွေကို တွေးမိတယ်။ သူတို့က ကိစ္စတွေကို ဆက်နှောင့်ယှက်နေမှာ။ ပြီးတော့ ကိုယ့်တာဝန်ကို ကောင်းကောင်းမလုပ်ဘဲ သူရဲဘောကြောင်ပြီး သေဖို့ကြောက်တဲ့ အခြေအနေမှာ ကျွန်မ ဆက်နေရင်၊ ကောင်းမှုကို ကျွန်မ လုပ်မှာမဟုတ်ဘူး၊ သက်သေခံချက် ပေးမှာမဟုတ်ဘူး။ ဒီလိုနဲ့ စာတန်ရဲ့ လှောင်ရယ်စရာ ဖြစ်လာမှာပဲ။ ကျွန်မ တွက်ကြည့်တယ်။ လူတိုင်းက မွေးတယ်၊ အိုတယ်၊ နာတယ်၊ သေကြတယ်။ ဒီတော့ ငါက ဘာလို့ သေဖို့အရမ်း ကြောက်ရတာလဲပေါ့။ အဓိကအနေနဲ့၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်လွန်းတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းရှိပေမဲ့ ကောင်းမွန်တဲ့ အဆုံးသတ် မရှိဘဲ အဲဒီအစား ဆိုးရွားတဲ့ ဝေဒနာကို ခါးစီးခံရင်းနဲ့ အဆင်းနီတဲ့ နဂါးကြီးက ညှဉ်းဆဲပြီး သေအောင်ရိုက်သတ်တာ ခံရမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ကျွန်မ ယုံကြည်သူ ဖြစ်တာ နှစ်တချို့တဝက်ပဲ ရှိသေးတယ်၊ သမ္မာတရားကို နားမလည်သေးဘူး။ အဲဒီလို ကျွန်မ သေခဲ့ရင်၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့၊ သူ့အမှုတော်ကို တွေ့ကြုံပြီး ကယ်တင်ခံရဖို့ ကျွန်မရဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာပဲ။ အဲဒီလိုဆိုရင် ကျွန်မရဲ့ ယုံကြည်ခြင်းက အလကားဖြစ်မှာ မဟုတ်လား။ အဲဒီအကြောင်းကို တွေးလေ၊ လက်ခံဖို့ ခက်ခဲလေပဲ။ ဒါကြောင့် ဘုရားဆီကို ကျွန်မ ချက်ချင်း ဆုတောင်းတယ်။ သမ္မာတရားကို နားလည်အောင်နဲ့ ဒီလိုကိစ္စမျိုးကို မှန်ကန်တဲ့ သိနားလည်မှုရအောင် ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ တောင်းလျှောက်တယ်။ နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို အမှတ်မထင် တွေ့ခဲ့တယ်။ “ဘုရားသခင်သည် သူ၏နောက်လိုက်များ အယောက်စီတိုင်းအတွက် အစီအစဉ်တစ်ခုရှိသည်။ ၎င်းတို့ တစ်ဦးချင်းစီတွင် ဘုရားသခင်က လူသားအတွက် ပံ့ပိုးပေးသော၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရမည့် ပတ်ဝန်းကျင်တစ်ခုရှိသည်။ ၎င်းတို့တွင် လူသားအတွက် ပျော်မွေ့ခံစားဖို့ဖြစ်သည့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်ခံမှုတို့ရှိသည်။ ၎င်းတို့တွင် ဘုရားသခင်က လူသားအတွက် စီစဉ်ထားသည့် အထူးအခြေအနေများလည်းရှိပြီး ၎င်းတို့ ကြုံတွေ့ရမည့် ဒုက္ခများစွာရှိသည်။ ယင်းသည် လူက စိတ်ကူးထင်မြင်သည့် အဆင်ပြေချောမွေ့မှုနှင့် လုံးဝမတူပေ။...သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်- သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ကမ္ဘာသူကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ကြရသောကြောင့်၊ စီရင်ခြင်းခံခဲ့ရသည်၊ ရိုက်နှက်ခြင်းခံခဲ့ရသည်၊ ဆူပူခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရသည်— ယင်းမှာ ၎င်းတို့ ညှဉ်းဆဲသတ်ဖြတ်ခံရသည့် ပုံစံဖြစ်သည်။ ထိုမာတုရများ၏ နောက်ဆုံး အဆုံးသတ်ကို မပြောကြစို့နှင့် သို့မဟုတ် ၎င်းတို့၏ အပြုအမူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အနက်ဖွင့်ဆိုခြင်းကို မပြောကြစို့နှင့်၊ သို့ရာတွင် ဤသည်ကို မေးလော့၊ ၎င်းတို့သည် အဆုံးသတ်ကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာများတွင် အဆုံးသတ်ကို ၎င်းတို့ကြုံရသည့် ပုံစံများသည် လူသားတို့၏ အယူအဆများနှင့် ကိုက်ညီသလော။ (မကိုက်ညီပေ။) လူသားအယူအဆများ၏ အမြင်ရှုထောင့်မှ၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ဝေဖို့ ထိုမျှကြီးမားသော အဖိုးအခကို ပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် စာတန်၏ အသေသတ်ခြင်းကို ခံခဲ့ကြရသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီသော်လည်း၊ ဤသည်မှာ ၎င်းတို့၌ ဖြစ်ပျက်ခဲ့သည့်အရာ အတိအကျပင် ဖြစ်သည်။ ယင်းမှာ ဘုရားသခင် ခွင့်ပြုခဲ့သည့် အရာပင်ဖြစ်သည်။ ဤအရာ၌ မည်သည့်သမ္မာတရားကို ရှာတွေ့နိုင်သနည်း။ ဘုရားသခင်က ၎င်းတို့အား ဤနည်းဖြင့် သေခွင့်ပြုခြင်းသည် သူ၏ကျိန်စာနှင့် ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် သူ၏အစီအစဉ်နှင့် ကောင်းချီးမင်္ဂလာလော။ ယင်းမှာ တစ်ခုမျှမဟုတ်ပေ။ ယင်းမှာ အဘယ်နည်း။ ယခု လူများသည် ၎င်းတို့၏ သေခြင်းတရားများကို စိတ်နှလုံးပူဆွေးခြင်းများဖြင့် ဆင်ခြင်သုံးသပ်ကြသော်လည်း ယင်းမှာ အမှုအရာများ ဖြစ်ပျက်ခဲ့သည့် ပုံစံပင် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်သူများသည် ထိုနည်းဖြင့် သေဆုံးခဲ့ကြသည့် ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ ဤအကြောင်းအရာကို ကျွန်ုပ်တို့ ဖော်ပြသည့်အခါ၊ သင်တို့က ၎င်းတို့၏ နေရာတွင် ကိုယ်ချင်းစာကြည့်သည်။ သို့ဆိုလျှင် သင်တို့၏စိတ်နှလုံးများသည် ဝမ်းနည်းပြီး ဖုံးကွယ်နေသည့် နာကျင်မှုတစ်ခုကို သင်တို့ခံစားရသလော။ သင်က ‘ဤလူများသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြပြီး လူကောင်းများအဖြစ် မှတ်ယူသင့်သောကြောင့်၊ ၎င်းတို့သည် ထိုသို့သော အဆုံးသတ်တစ်ခုနှင့် ထိုသို့သော ရလဒ်တစ်ခုသို့ အဘယ့်ကြောင့် ရောက်နိုင်ကြသနည်း’ ဟု တွေးသည်။ အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်တာများကို အသုံးပြုခဲ့သည်- ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်တာများ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်တာများကို အသုံးပြုခဲ့သည်- ဤအမှန်တရားသည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်တာများကို ပေးအပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်တာများဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တွင် ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအမှန်တရား တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့ဘဝ၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်- ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ၊ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤသည်နှင့်ပတ်သက်၍ ငါမည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့အား အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း၊ ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက၊ ယင်းကို ကျင့်ဝတ်သိက္ခာအရ သင်တို့ မဖြစ်မနေ လုပ်ရမည့်အရာတစ်ခုအဖြစ် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) သေခြင်းနဲ့ဆိုင်တဲ့ ကိစ္စကို ပိုရှင်းရှင်းလင်းလင်း မြင်အောင် ဘုရားနှုတ်ကပတ်တော်တွေက ကူညီခဲ့တယ်။ သေရေး ရှင်ရေး အခြေအနေတွေမှာ ဘယ်စိတ်နေစိတ်ထား ရှိရမယ်ဆိုတာနဲ့ ကျွန်မက အဓိကအနေနဲ့ ကျွန်မတို့ ကံကြမ္မာတွေကို ဘုရားအုပ်စိုးတယ်ဆိုတဲ့ သမ္မာတရားကို လုံးဝ နားမလည်ခဲ့လို့ ကျွန်မရဲ့ သေဖို့ကြောက်တဲ့စိတ်ရဲ့ ဘောင်ခတ်တာကို အမြဲ ခံခဲ့ရတယ်ဆိုတာကို ကျွန်မ သင်ယူခဲ့ရတယ်။ ယုံကြည်သူအနေနဲ့ ဘုရားနှုတ်ကပတ်တော်တွေ အများကြီး ကျွန်မ ဖတ်ခဲ့ပြီး၊ သဘောတရားအနေနဲ့ ကျွန်မတို့ အသက်တွေနဲ့ သေခြင်းကို ဘုရားအုပ်စိုးမှန်း နားလည်ခဲ့ပေမဲ့၊ ကျွန်မမှာ တကယ့် ကိုယ်တွေ့ အတွေအကြုံ၊ ဒါမှမဟုတ် သိနားလည်မှု တစ်ခုမှ မရှိခဲ့ဘူး။ ကျွန်မရဲ့ ဆိုးရွားတဲ့ ပြစ်ချက်ကိုလည်း မြင်ခဲ့တယ်။ ကျွန်မက အဓိကအနေနဲ့ မသေခင် ညှဉ်းဆဲခံရပြီး ရုပ်ပိုင်းအရ ဒုက္ခခံစားရမှာကို ကြောက်လို့၊ ပြီးတော့ ကျွန်မ သေရင် ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင် မရှိမှာကို ကြောက်လို့ သေခြင်းကို ကျွန်မ ကြောက်ခဲ့တာပဲ။ ကျွန်မကို သေအောင်ညှဉ်းဆဲဖို့ အဆင်းနီတဲ့ နဂါးကြီးကို အခွင့်ပေးတာက ဝမ်းနည်းစရာ သေခြင်းလိုမျိုး ခံစားရတယ်။ အထူးသဖြင့် ညီအစ်ကို မောင်နှမတွေ အများကြီး အဖမ်းခံရ၊ ညှဉ်းဆဲခံရတာကို တွေးပြီး၊ ကျူးဖန်က ဘုရားကို သစ္စာဖောက်တဲ့အကြောင်း ကြားရတဲ့အခါ၊ သူက ကျွန်မကို ရောင်းစားမှာကို ကျွန်မ ကြောက်ခဲ့တယ်။ အဲဒီလို စိတ်ထိခိုက်စေတဲ့ ညဉ်းဆဲမှုမျိုးကို ကျွန်မလည်း ခံရမှာကို၊ ဒါမှမဟုတ် ဒီဟာကြောင့် သေတောင်သေသွားမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ကျွန်မ တကယ်ကို ဝမ်းနည်းခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခက အဆိုးဆုံး နာကျင်မှု မဟုတ်ဘူး။ ညဉ်းဆဲတာကို ကျွန်မတို့ မခံနိုင်ဘဲ ဘုရားကို သစ္စာဖောက်မိရင်၊ ကျွန်မတို့ ဝိညာဉ်တွေ အပြစ်ပေးခံရမှာ။ အဲဒါက အကြီးမားဆုံးဒုက္ခနဲ့ မခံမရပ်နိုင်တဲ့ နာကျင်မှုပဲ။ ယုဒဖြစ်ပြီး ဘုရားကို သစ္စာဖောက်တဲ့သူတွေနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ စွန့်ပစ်တာခံရတဲ့သူတွေကို ကျွန်မ တွေးမိတယ်။ အဲဒါက သူတို့ နှလုံးတွေ ဆွဲဆုတ်ခံနေရသလောက်ကို ဆိုးပြီး၊ သူတို့က ဖုတ်ကောင်တွေထက် ဘာမှမပိုဘဲ ဝိညာဉ်မဲ့ အလောင်းကောင်တွေလိုမျိုး ဘယ်လိုရှေ့ဆက် အသက်ရှင်ရမလဲ မသိကြဘူးလို့ ပြောကြတယ်။ အဲဒီလို အသက်ရှင်တာက သေတဲ့ထိ ညှဉ်းဆဲခံရတာထက် အများကြီး ပိုနာကျင်မှာပဲ။ အဲဒီအချိန်မှာ ပေတရုကို ကျွန်မ တွေးမိတယ်။ ထောင်ကနေ သူ လွတ်တော့၊ သခင်ယေရှုက သူ့ဆီ ပေါ်လာခဲ့ပြီး ပြောတယ်။ “သင်သည် ကျွန်ုပ်ကို သင့်အတွက် နောက်ထပ်တစ်ဖန် ကားစင်တင်စေမည်လော(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်) ဘုရားသခင်ဆိုလိုတဲ့အရာကို ပေတရုက နားလည်ခဲ့ပြီး၊ သက်သေခံချက်ပေးဖို့ သူ့အတွက် ဘုရားရဲ့နေ့ရက်က ရောက်လာပြီဆိုတာ သိခဲ့တယ်။ သူ ကျိုးနွံနာခံခဲ့တယ်။ သေတဲ့အထိ ကျိုးနွံနာခံဖို့၊ သူ့ရဲ့ ရှိသမျှကို ပေးဆပ်ပြီး ဘုရားအတွက် ကားစင်တင်သတ်ခံရဖို့ အသင့်ဖြစ်ခဲ့တယ်။ ကားစင်တင်သတ်ခံရတာက အသည်းခိုက်အောင်နာကျင်မှုဝေဒနာကို ခံရတဲ့သဘောဖြစ်မှန်း ပေတရုသိခဲ့တယ်။ ဒါပေမဲ့ ဘုရားကို ကျိုးနွံနာခံဖို့၊ ဘုရားအတွက် လှပ၊ ထူးကဲတဲ့ သက်သေခံချက်ပေးပြီး စာတန်ကို အရှက်ရအောင်လုပ်ဖို့ သူ ရွေးချယ်တုန်းပါပဲ။ ဘုရားသခင်အပေါ် ပေတရုရဲ့ ကျိုးနွံနာခံမှုကြောင့် ကျွန်မ အရမ်းရှက်မိတယ်။ သေဖို့အတွေးက ကျွန်မကို အကြောက်တရားနဲ့ ပြည့်စေပြီး ဘုရားအပေါ် တောင်းဆိုတာတွေ ရှိခဲ့တယ်။ နာကျင်ခြင်းနဲ့ မသေဖို့၊ ပြီးတော့ လှပတဲ့ ခရီးပန်းတိုင်တစ်ခုရှိဖို့ မျှော်လင့်ခဲ့တယ်။ အဲဒါက ဘယ်လိုလုပ် ကျိုးကြောင်းသင့်တာ၊ ကျိုးနွံနာခံမှုရှိတာ ဖြစ်မှာလဲ။ ဒါပေမဲ့ နောက်တော့ သဘောပေါက်ခဲ့တယ်။ စာတန်က အန္တရာယ်ပြုတာကို ခံရပြီး သေခြင်းနဲ့ ရင်ဆိုင်ရချိန်မှာ၊ ကျွန်မကိုယ်ပိုင် အသက်ကို စတေးနိုင်တာကသာ တကယ် အဓိပ္ပာယ်ရှိပြီး အကောင်းဆုံး သက်သေခံချက် ဖြစ်တယ်ဆိုတာပေါ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး သိက္ခာမရှိဘဲ အသက်ရှင်ဖို့ ရွေးခဲ့ရင်၊ ကျွန်မ ခန္ဓာကိုယ်က ရှင်ပြီး နာကျင်မှု မခံစားရနိုင်ပေမဲ့၊ ဘုရားသခင်အတွက်၊ ဒါက သူ့ကို သစ္စာဖောက်တာ၊ သက်သေခံဖို့ ပျက်ကွက်တာပဲ။ ဘုရားအမြင်မှာ၊ ကျွန်မဝိညာဉ်က သေနှင့်ပြီးသားဖြစ်သလို၊ နောက်ဆုံးမှာ သူ့ရဲ့ အပြစ်ပေးတာ ကျွန်မ ခံရမှာပဲ။ အဲဒါကသာ တကယ်ကို သေတာ။ ကျွန်မအသက်ကို စတေးနိုင်ရင်၊ အသင်းတော် အလုပ်ကို ကာကွယ်နိုင်ရင်၊ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်းလုပ်နိုင်ရင်၊ ဘုရားအတွက် ကျွန်မရဲ့ သက်သေမှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ရစေရင်၊ ကျွန်မ သေတဲ့အထိ အရိုက်ခံရရင်တောင်၊ ကျွန်မရဲ့ ဝိညာဉ်က ဘုရားလက်ထဲမှာရှိနေဦးမှာဖြစ်ပြီး ဆက်အသက်ရှင်မှာပဲ။ အဲဒီအချိန်မှာ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ အရမ်းပုန်ကန်တတ်လွန်းပြီး ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံဖို့ မလိုလားခဲ့ဘူး။ ပြီးတော့ ဘုရားအတွက် သက်သေခံရအောင် ကျွန်မရဲ့အသက်ကို စွန့်ဖို့ မဆက်ကပ်ခဲ့ဘူး။ ဘုရားက သမ္မာတရားကို ကျွန်မ သင်ယူပြီး ပြင်ဆင်မယ်၊ ပြီးတော့ ဖန်ဆင်းခံတွေက ဘုရားကို ကျိုးနွံနာခံသင့်မှန်း သိလာမယ်၊ တစ်နေ့နေ့ အဲဒီလို သက်သေခံချက်မျိုးပေးဖို့ ဘုရားက ကျွန်မကို လိုအပ်ခဲ့ရင်၊ ကျွန်မအနေနဲ့ အကြွင်းမဲ့ ကျိုးနွံနာခံမယ်၊ ပေတရုလိုဖြစ်ပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆုံးဖြတ်မယ်လို့ မျှော်လင့်ရင်းနဲ့ ဘုရားသခင်က ဒီအခက်အခဲနဲ့ ဖိနှိပ်မှုကို တွေ့ကြုံခွင့်ကျွန်မကို ပေးခဲ့တာပဲ။ ဘုရားကို ကျွန်မ သိကျွမ်းမှုသိပ်မရှိသေးပေမဲ့၊ ဘုရားသခင် လုပ်သမျှတိုင်းက ဖြောင့်မတ်တယ်လို့ ကျွန်မ ယုံကြည်တယ်။ တစ်ယောက်ယောက်ကို သူ ရှင်ခိုင်းသည်ဖြစ်စေ၊ သေခိုင်းသည်ဖြစ်စေ အဲဒါက သူ့ရဲ့ ကောင်းမြတ်တဲ့ အလိုတော်နဲ့ အချုပ်အခြာအာဏာ ပါရှိတယ်။ ဒါတွေကို ကျွန်မနားလည်တာနဲ့၊ သေခြင်းနဲ့ဆိုင်တဲ့ အတွေးရဲ့ ဘောင်ခတ်တာကို သိပ်မခံရတော့ဘူး။ အဆင်းနီတဲ့ နဂါးကြီးရဲ့ နှိပ်စက်မှုက ဘယ်လောက်ပဲ ရူးသွပ်ပါစေ၊ ကျွန်မ အဖမ်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကျွန်မကိုယ်ကျွန်မ ဘုရားလက်ထဲထားပြီး ကျွန်မတာဝန်ကို ဖြည့်ဆည်းဖို့ အသင့်ဖြစ်ခဲ့တယ်။

အဲဒီနောက် အဆင်းနီတဲ့ နဂါးကြီးရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်၊ သူ့အပေါ် ချင့်ချိန်နိုင်စွမ်းရှိပြီး စိတ်နှလုံးအကြွင်းမဲ့ ငြင်းပယ်နိုင်အောင်၊ ဘုရားက သူ့ရည်မှန်းချက်တွေကို အစေခံဖို့၊ ကျွန်မတို့ကို စုံလင်စေဖို့ အဆင်းနီတဲ့ နဂါးကြီးကို အသုံးပြုနေတယ်၊ သူ့ရဲ့ ဖမ်းဆီး၊ နှိပ်စက်တာတွေကို သုံးနေတယ်၊ တစ်ချိန်တည်းမှာပဲ ဒီစမ်းသပ်မှုတွေကတစ်ဆင့် ကျွန်မတို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းတွေကို စုံလင်အောင်လုပ်နေတယ်ဆိုတာတွေကို လူတိုင်း နားလည်အောင်၊ ဘုရားနှုတ်ကပတ်တော်တွေကို ညီအစ်ကို မောင်နှမတွနဲ့ မိတ်သဟာယပြုဖို့ တွေ့ဆုံရမဲ့နေရာကို ကျွန်မ သွားခဲ့တယ်။ ကျွန်မတို့ကို ထိန်းမနိုင်သိမ်းမရ ဖမ်းဆီးနေတုန်းမှာ အန္တိခရစ်ကလည်း ဖျက်ဆီးရမ်းကားလာနေပြီး အသင်းတော်ကို နှောင့်ယှက်တာတွေ လုပ်နေတယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံးက ဘုရားကို အားကိုးရမယ်။ ကျွန်မတို့ တာဝန်ကို လုပ်ပြီး ဘုရားအတွက် သက်သေခံဖို့ သူ့နှုတ်ကပတ်တော်တွေကို စားသောက်ရဦးမှာဖြစ်ပြီး အဲဒီပတ်ဝန်းကျင်မှာ အန္တိခရစ်ကို သိမြင်ရမယ်။ ဘုရားရဲ့ ရည်ရွယ်ချက်ကို သူတို့ နားလည်တာနဲ့၊ ဒီအခက်အခဲကို ရင်ဆိုင်ဖို့၊ အသင်းတော်အသက်တာကို စောင့်ထိန်းလိုက်နာပြီး၊ စာတန်ကို အရှက်ရစေဖို့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ အားလုံး အသင့်ဖြစ်သွားကြတယ်။

အဲဒီနောက်မှာ ကိုယ့်ကိုယ်ကိုယ်လည်း ကျွန်မ သုံးသပ်မိတယ်။ အဲဒီအခြေအနေမှာ ဘာလို့ ငါက ကိုယ့်ကိုယ်ကိုယ်ပဲ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ အမြဲတွေးပြီး ယုံကြည်ခြင်း အရမ်းကင်းမဲ့ခဲ့ရတာလဲ။ တကယ့် အကြောင်းရင်းက ဘာလဲလို့ပေါ့။ ကျွန်မ ရှာဖွေရာမှာ၊ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ဖတ်မိတယ်။ “အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ၎င်းတို့၌ ဘုရားသခင်အပေါ် သစ္စာရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ၊ မိမိကိုယ်ကိုယ်သာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ၎င်းတို့ အသက်ရှင်နိုင်ပြီး အဖမ်းမခံရသရွေ့ အသင်းတော်၏အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ဤလူများ၏ စိတ်သဘောထားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် လုံးဝ မစဉ်းစားကြပေ၊ ၎င်းတို့က မိမိတို့၏ ဘေးကင်းလုံခြုံမှုအတွက်သာ စဉ်းစားကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသို့သော အရာများသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည့် သူများနှင့် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်မှုရှိသည့်သူများထံ ဖြစ်ပေါ်သည့်အခါ၊ ၎င်းတို့က ယင်းတို့ကို မည်သို့ ကိုင်တွယ်သနည်း။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာနှင့် အဘယ်သို့ ခြားနားသနည်း။ (ဘုရားသခင်ကို သစ္စာစောင့်သိသူများထံ ထိုသို့သော အရာများ ကျရောက်သည့်အခါ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စောင့်ရှောက်ရန်၊ ဘုရားသခင်၏ အလှူငွေများကို ဆုံးရှုံးမှုများအား ကာကွယ်ရန် ၎င်းတို့ နည်းလမ်းတစ်ခုခု စဉ်းစားကြလိမ့်မည်ဖြစ်ပြီး၊ ဆုံးရှုံးမှုများ နည်းပါးစေရန် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင်၊ ညီအစ်ကို မောင်နှမများအတွက် လိုအပ်သည့် အစီအစဉ်များကို ပြုလုပ်ကြလိမ့်မည်။ ထိုအချိန်အတောအတွင်းတွင်၊ အန္တိခရစ်များမှာမူ ၎င်းတို့ ကာကွယ်ခြင်းခံရဖို့ ဦးစွာပထမ သေချာအောင် လုပ်ကြသည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ် သို့မဟုတ် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများ၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ မပူပန်ကြပေ။ အသင်းတော်က အဖမ်းအဆီးများ ရင်ဆိုင်ရသည့်အခါ၊ အကျိုးဆက်အနေဖြင့် အသင်းတော်အလုပ်က ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်။) အန္တိခရစ်များသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင်၏ အလှူငွေများကို စွန့်ပစ်ကြပြီး နောက်ဆက်တွဲကိစ္စကို ကိုင်တွယ်ရန် လူတို့အတွက် မစီစဉ်ပေးကြပေ။ ဤသည်မှာ အဆင်းနီသော နဂါးကြီးအား ဘုရားသခင်၏ အလှူငွေများနှင့် သူ၏ ရွေးချယ်ခြင်းခံရသည့် လူတို့ကို ဖမ်းဆီးခွင့်ပေးခြင်းနှင့် တူသည်။ ဤသည်မှာ ဘုရားသခင်၏ အလှူငွေများနှင့် သူ၏ ရွေးချယ်ထားသောလူတို့အပေါ် ခိုးကြောင်ခိုးဝှက် သစ္စာဖောက်ဖျက်ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက ပတ်ဝန်းကျင်တစ်ခုသည် အန္တရာယ်ရှိသည်ကို ရှင်းလင်းစွာ သိသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်သည့် အလုပ်ကို လုပ်ဖို့ လိုလားဆဲဖြစ်ကာ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ ငါ့ကိုပြောလော့၊ အဆင်းနီသောနဂါးကြီး၏ ဤကောက်ကျစ်ဆိုးယုတ်သောနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် အန္တရာယ်လုံးဝ မရှိဟု မည်သူက သေချာစေနိုင်သနည်း။ မည်သည့်တာဝန်ကို တာဝန်ယူဆောင်ရွက်ပါစေ ယင်းက အန္တရာယ်အချို့ ပါဝင်သည်။ သို့တိုင် တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်စဉ်တွင် မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ကို ခံယူရမည် ဖြစ်သည်။ အကြင်သူသည် ဉာဏ်ပညာကို အသုံးပြုသင့်ပြီး မိမိ၏ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ချိန်ဆရန် လိုအပ်သော်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးကို ဦးစားမပေးသင့်ပေ။ ထိုသူသည် ဘုရားအိမ်တော်၏အလုပ်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို ဦးစားပေးလျက် ဘုရားရည်ရွယ်ချက်များကို အလေးထားသင့်သည်။ မိမိအတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်ပြီး ဦးစားပေးဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကိုသာ အဓိက ဦးစားပေးကြသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့နှင့် မသက်ဆိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ အခြားသူတစ်ဦးကို တစ်စုံတစ်ခုဖြစ်သည့်အခါ၊ ထိုသူ မည်သူဖြစ်နိုင်ပါစေ ၎င်းတို့ ဂရုမစိုက်ကြချေ။ အန္တိခရစ်များ ကိုယ်တိုင် မည်သည့်ဆိုးရွားသည့်အရာမျှ မဖြစ်သရွေ့၊ ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ ၎င်းတို့၌ သစ္စာစောင့်သိခြင်း တစ်စက်မျှ မရှိပေ၊ ယင်းကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ပေး၏။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မနှလုံးသားကို တန်းထိတယ်။ အန္တိခရစ်တွေက ပင်ကိုအားဖြင့် အရမ်းဆိုးယုတ်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်သလို၊ ဘုရားကို သစ္စာမရှိကြဘူးလို့ ဘုရားက ထုတ်ဖော်ပြတယ်။ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ၊ ညီအစ်ကို မောင်နှမတွေရဲ့ ဘေးကင်းလုံခြုံမှုက ဘယ်လိုပဲဖြစ်ပါစေ၊ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ပဲ ရွေးတယ်။ သူတို့ရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေနဲ့ သူတို့ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုကိုပဲ သူတို့ ထည့်တွက်တယ်။ ဘုရားရွေးချယ်ထားသူတွေနဲ့ ဘုရားရဲ့ အလှူငွေတွေ အသိမ်းခံရအောင်လုပ်တယ်။ ဒီကိစ္စမှာ၊ သူတို့က ညီအစ်ကို မောင်နှမတွေနဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို တိတ်တိတ်လေး ရောင်းစားတယ်။ အဲဒါ အန္တိခရစ်တွေ ပြုမူပုံပဲ။ ဒါပေမဲ့ အစတုန်းက ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ အတွေးတွေ၊ စိတ်ကူးတွေ ရှိခဲ့တယ်။ အဲဒါက ကျွန်မရဲ့ အန္တိခရစ် စိတ်သဘောထားကို တကယ် ထုတ်ဖော်ပြခဲ့တယ်။ ရင်ယူးက အဖမ်းခံရတဲ့အခါ၊ ညီအစ်ကို မောင်နှမအများကြီးကို အသိပေးဖို့ လိုခဲ့သလို၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို အမြန်ရွှေ့ဖို့အတွက် ကျွန်မ တာဝန်ယူဖို့ လိုခဲ့တယ်။ ဒါပေမဲ့ အဆင်းနီနဂါးကြီးက ဖမ်းခေါ်သွားတာခံရပြီး သေတဲ့အထိ ညှဉ်းဆဲ၊ ရိုက်နှက်ခံရပြီးတဲ့နောက် ကယ်တင်ခံရမဲ့ ကျွန်မရဲ့ အခွင့်အရေး ဆုံးရှုံးမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် ကျွန်မတာဝန်ကို ကျွန်မစွန့်ပစ်ချင်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မက အသင်းတော် အလုပ်အတွက် တာဝန်ရှိတယ်။ တခြားလူတွေရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ဖို့ နဲ့ အသင်းတော်ရဲ့ အကျိုးစီးပွားတွေ မထိခိုက်တာ သေချာအောင်လုပ်ဖို့က ကျွန်မတာဝန်ပဲ။ ဒါပေမဲ့ အန္တရာယ်ရှိတဲ့အခါ၊ တခြားလူတွေကို ကျွန်မလုံးဝ မစဉ်းစားခဲ့ဘူး၊ ကျွန်မ ကိုယ်တိုင်ရဲ့ ရှင်ခြင်း၊ သေခြင်းကိုပဲ စဉ်းစားခဲ့တယ်။ တခြားလူတွေနဲ့ အသင်းတော် အကျိုးစီးပွားနဲ့ပတ်သက်တာ ဘယ်ဟာမဆို အဲဒီအချိန်မှာ နောက်မှရတဲ့စိတ်ကူးပဲ ဖြစ်ခဲ့တယ်။ သူတို့ အဖမ်းခံရမလား၊ အရိုက်ခံရမလား၊ နာကျင်ခံစားရမလားဆိုတာကို သူတို့အတွက် စာနာတဲ့စိတ် မရှိသလိုမျိုးပဲ။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွား ဆုံးရှုံးတာတွေက ကျွန်မနဲ့ ဘာမှမပတ်သက်သလို၊ ကျွန်မကိုယ်ကျွန်မ ဘေးကင်အောင်ထားနိုင်ရင်ပဲ လုံလောက်ပြီလို့ ခံစားခဲ့တယ်။ ကျွန်မ ဘယ်လိုလုပ်ပြီး လူ့သဘာဝ အရမ်းကင်းမဲ့ရတာလဲ၊ စက်ဆုပ်စရာကောင်းပြီး မလိုမုန်းထားရတာလဲ။ ဘုရားကို သစ္စာစောင့်သိသူတွေက အရာအားလုံးမှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးကြတယ်။ ဒါပေမဲ့ တစ်ခုခုဖြစ်တဲ့အခါ၊ ကျွန်မက ကျွန်မတာဝန်ကို စွန့်ပစ်ပြီး နောက်ကွယ်မှာပဲ ပုန်းလိုက်ချင်ခဲ့တယ်။ အန္တရာယ်များတာ ဒါမှမဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်တာ တစ်ခုခုကိုလုပ်စရာ၊ ရင်ဆိုင်စရာမလိုဘူးလို့ မျှော်လင့်ခဲ့တယ်။ အန္တရာယ်များတဲ့အလုပ်ကို ချင်ဟွေးနဲ့ ကျန်းမင်းတို့အပေါ် ကျွန်မ ခဏခဏ တွန်းတင်ချင်ခဲ့တယ်။ အဲဒါတွေကို ကျွန်မ တကယ် မလုပ်ခဲ့ပေမဲ့၊ ကျွန်မရဲ့ အတွေးတွေ၊ စိတ်ကူးတွေက အားကောင်းကောင်းနဲ့ ပေါ်လာနေတယ်။ ကျွန်မရဲ့ ဒီစိတ်သဘောထားက အန္တိခရစ်တွေလောက်ကို ဆိုးယုတ်ပြီး စက်ဆုပ်စရာကောင်းခဲ့တယ်။ တကယ့်တော့၊ ကျွန်မက မကောင်းမှု ကျူးလွန်လုနီးပါး ဖြစ်နှင့်နေခဲ့တာပါ။ ကံကောင်းထောက်မလို့၊ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အချိန်မီ တရားစီရင်၊ ဖော်ထုတ်ပြီး လမ်းပြခဲ့တယ်။ ဒါကြောင့် မကောင်းမှုလုပ်တာကို ကျွန်မ သီသီလေး ရှောင်နိုင်ခဲ့တယ်။ မဟုတ်ရင်၊ ဘုရားက ကျွန်မကို စက်ဆုပ်ပြီး ငြင်းပယ်ခဲ့မှာ။ ဒါကို သဘောပေါက်တော့၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို တွေ့ကြုံဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာကို နောက်ဆုံးမှာ ကျွန်မနားလည်သွားတယ်။

နောက်ရက်တွေမှာ၊ အဆင်းနီတဲ့ နဂါးကြီးက အသင်းတော်ရဲ့ အသင်းသားတွေကို ဖမ်းဆီး၊ နှိပ်စက်တာ မရပ်မနားလုပ်ခဲ့တယ်။ တခြားတစ်နေရာကနေ ပြောင်းရွေ့ခံရတဲ့ ညီအစ်မတစ်ယောက်က သူ့တာဝန်ကို လုပ်နေတုန်း အဖမ်းခံလိုက်ရပြီး၊ ရှင်းလင်းတာခံရပြီးသားဖြစ်တဲ့ တခြားအသင်းသားလည်း အဖမ်းခံခဲ့ရတယ်။ အခြေအနေတွေက အရမ်းကို တင်းမာနေတုန်းပဲ။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒါကို ကျွန်မ ဖတ်ခဲ့ပါတယ်။ “သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်တကယ် မုန်းတီးသလော။ သင်တို့သည် အမှန်တကယ်၊ ရိုးသားစစ်မှန်စွာ ယင်းကို မုန်းတီးသလော။ ငါသည် ကြိမ်ဖန်များစွာ သင်တို့ကို အဘယ်ကြောင့် မေးလေပြီနည်း။ ငါသည် အဘယ်ကြောင့် ဤမေးခွန်းကို သင်တို့အား အဖန်ဖန် မေးမြဲမေးနေရသနည်း။ သင်တို့၏ နှလုံးသားထဲတွင် အဆင်းနီသောနဂါးကြီး၏ မည်သည့်ပုံရိပ် ရှိသနည်း။ ယင်းကို အမှန်တကယ် ဖယ်ရှားပြီးပြီလော။ ၎င်းကို သင်တို့၏ဖခင်အဖြစ် သင်တို့ အမှန်ပင် မမှတ်ယူပေဘူးလော။ ငါ၏မေးခွန်းများထဲက ငါ၏ရည်ရွယ်ချက်ကို လူအပေါင်းတို့ သိမြင်သင့်သည်။ ယင်းမှာ လူတို့၏ ဒေါသကို ဆွပေးရန်မဟုတ်သကဲ့သို့၊ လူသားတို့အလယ် ပုန်ကန်မှုကို လှုံ့ဆော်ရန် မဟုတ်၊ လူသားသည် မိမိ၏ ကိုယ်ပိုင် ထွက်ပေါက်ကို ရှာတွေ့နိုင်ရန် မဟုတ်ဘဲ၊ လူအားလုံးကို အဆင်းနီသောနဂါးကြီး၏ ကျေးကျွန်ဘဝမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေခွင့်ပေးရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)) ဘုရားနှုတ်ကပတ်တော်တွေက မှန်ပါတယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ နိုင်ငံက ကမ္ဘာမြေပေါ်က ငရဲလိုပဲ။ သူက လိုက်ဖမ်းပြီးနှိပ်စက်တာကို ကျွန်မကိုယ်တိုင် မခံရခင်တုန်းက၊ “သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်တကယ် မုန်းတီးသလော။” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတဲ့အခါ၊ ကျွန်မ မုန်းတယ်လို့ ပြောခဲ့ပေမဲ့၊ ကျွန်မ စိတ်နှလုံးမှာ သူ့ကို တကယ် မမုန်းခဲ့ဘူး။ ယုံကြည်သူတွေကို စီစီပီကနှိပ်စက်တာတွေ၊ သူ့ရဲ့ ရက်စက်တဲ့ နည်းလမ်းတွေ၊ ယုတ္တိယုတ္တာမရှိဘဲ လူကောင်းတွေဖြစ်တဲ့ သာမန်ယုံကြည်သူတွေကို ဖမ်းဆီးတာတွေ၊ သူတို့ကို ရက်ရက်စက်စက် ညှဉ်းဆဲပြီး တချို့ကို သေတဲ့ထိတောင် ရိုက်နှက်တာတွေကို ကျွန်မကိုယ်တိုင် မျက်လုံးနဲ့ မြင်မှပဲ နောက်ဆုံးမှာ၊ သူ့ကို ကျွန်မရဲ့ အူထဲ အသည်းထဲကနေ မုန်းခဲ့တယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖိနှိပ်မှုနဲ့ ရက်စက်မှုတွေကတစ်ဆင့် စာတန်ရဲ့ ရက်စက်၊ ဆိုးယုတ်တဲ့ အနှစ်သာရကို ကျွန်မ တကယ် မြင်ခဲ့တယ်။ ဘုရားရဲ့ အုပ်စိုးခြင်းနဲ့ ဩဇာအာဏာကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ပြီး၊ ဘုရားကို ယုံကြည်ခြင်း ရခဲ့တယ်။ နောက်ပိုင်းမှာ ဘယ်အခြေအနေမျိုးကို ကျွန်မ ရင်ဆိုင်ရသည်ဖြစ်စေ၊ ကျွန်မတာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်လုပ်လိုစိတ် ရှိခဲ့ပြီး၊ တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်းတဲ့၊ ကိုယ်ကျိုးရှာတဲ့ လူတစ်ယောက် မဖြစ်ချင်တော့ဘူး။ အဲဒီအစား၊ ဘုရားကို မှီခိုမယ်၊ သူ့ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားမယ်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးပြီး ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်မယ်။

အဲဒီနောက် အခြေအနေက ဘယ်လောက် ဆိုးရွားပါစေ၊ အန္တိခရစ်နဲ့ ဆိုးယုတ်တဲ့ မကောင်းမှုပြုသူတွေကို ဖော်ထုတ်တာက နှောင့်နှေးလို့မရဘူးလို့ ကျွန်မနဲ့ အလုပ်အတူလုပ်တဲ့ ညီအစ်မတွေနဲ့ ကျွန်မ မိတ်သဟာယပြုခဲ့တယ်။ ကျွန်မတို့ မိတ်သဟာယပြီးတော့ အရာရာကို စည်းမျဉ်းတွေအတိုင်း လုပ်ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကတစ်ဆင့်၊ အဖမ်းခံရမှာကို အရင်လို ကျွန်မ မကြောက်သလို၊ ကျွန်မတာဝန်ကို ပုံမှန် လုပ်နိုင်ခဲ့တယ်။ နောက်ဆုံးမှာ၊ ဘာအတားအဆီးမှမရှိဘဲ အန္တိခရစ်ကို အသင်းတော်ကနေ နှင်ထုတ်ခဲ့ကြတယ်။ ပြီးတော့ ညီအစ်ကို မောင်နှမတွေက ပုံမှန် အသင်းတော် အသက်တာကို တဖြည်းဖြည်း ပြန်ရောက်သွားကြတယ်။ လူတိုင်းက ဘုရားကို ကျေးဇူးတင်ပြီး ချီးမွမ်းကြတယ်။ ဒီတစ်ခါ၊ အဆင်းနီတဲ့ နဂါးကြီးက ဖမ်းဆီး၊ နှိပ်စက်တာကို ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မ အလျှော့မပေးဘူး။ ကျွန်မတာဝန်ကို မစွန့်ပစ်ခဲ့ဘူး။ ဒါက လုံးဝကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှု ရလဒ်တစ်ခုပါပဲ။ ဘုန်းအသရေရှိသမျှကို အနန္တတန်ခိုးရှင် ဘုရားသခင် ပိုင်ဆိုင်ပါစေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း ၏ အကျိုးဆက်များ

ပိုင်ဟွား တရုတ်နိုင်ငံ ၂၀၁၈ တုန်းက၊ အသင်းတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်ယူခဲ့ တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အရေးကြီးဆုံး...

မှားယွင်းသော တိုင်ကြားမှုတစ်ခု

ရှောင်ကျဲ ဩစတြေးလျ တစ်နှစ်ကျော်အထိ ဘုရားသခင်က အယောင်ဆောင်ခေါင်းဆောင်တွေကို ရိပ်စားမိခြင်း သမ္မာတရားတွေကို မိတ်သဟာယပြုခဲ့တယ်။...

မိမိတာဝန်အပေါ် မည်သို့သဘောထားသင့်ပုံ

ကျုံးချန် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော သတ်မှတ်ချက်မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။