မိဘကျေးဇူးသည် ပြန်ဆပ်၍မကုန်နိုင်သည့် အကြွေးတစ်ခုလား

03.04.2026

မြောင်ရှောင်၊ တရုတ်ပြည်

ကျွန်မက ဆင်းရဲတဲ့ တောင်သူလယ်သမား မိသားစုမှာ ကြီးပြင်းလာခဲ့တာပါ။ ကျွန်မမိဘတွေက အသက် ၄၀ နားနီးမှ ကျွန်မကို မွေးစားခဲ့ကြတယ်။ ကျွန်မ နားလည်တတ်စအရွယ်ကတည်းက မိသားစုကိုထောက်ပံ့ရအောင် ပိုက်ဆံရှာဖို့ ကျွန်မမိဘတွေ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြတာကို တွေ့ခဲ့ရတယ်။ ကျွန်မအဖေဆိုရင် တစ်နှစ်ပတ်လုံး မိုးမလင်းခင်ကတည်းက အလုပ်ထလုပ်ပြီး ဇွန်လလို ပူပြင်းတဲ့နေ့တွေမှာတောင် ကျွန်မကျောင်းစရိတ်အတွက် အပြင်မှာ အလုပ်ထွက်လုပ်ခဲ့ရတယ်။ ကျွန်မအမေကလည်း အရမ်းအလုပ်ကြိုးစားခဲ့တာပါ။ နေမကောင်းဖြစ်ရင်တောင် ဆေးကုဖို့ ပိုက်ဆံကို မသုံးရက်ဘူး။ နေ့တိုင်း ယုန်မွေးဖို့ မြက်ခြောက်တွေလှီးဖို့ မြောင်းထဲသွားပြီး ကျွန်မကျောင်းလခအတွက် ပိုက်ဆံစုခဲ့ရတယ်။ မိဘတွေရဲ့ ဒုက္ခကိုမြင်ရတော့ ကျွန်မရင်ထဲမှာ နာကျင်ခဲ့ရပြီး ကြီးလာရင် သူတို့ကို သားသမီးဝတ်ကျေပွန်အောင် လုပ်ပေးမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ကျွန်မ ကြီးပြင်းလာတဲ့အခါ “ကိုယ်က လုပ်ကျွေးပြုစုချင်ပေမဲ့ မိဘတွေမရှိတော့တဲ့” အခြေအနေမျိုးကို ရှောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ခဏခဏ သတိပေးခဲ့တယ်။ မိဘအပေါ် သားသမီးဝတ်ကျေပွန်တဲ့ကိစ္စမှာ ဘာနောင်တမှ မကျန်ခဲ့စေရဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့တာပေါ့။ နောက်ပိုင်းမှာ ကျွန်မချစ်တဲ့သူကို စွန့်လွှတ်ပြီး မိဘတွေရဲ့ ဆန္ဒအတိုင်း အခုလက်ရှိခင်ပွန်းကို ရွေးချယ်ခဲ့တယ်၊ ပြီးတော့ သူ့ကို ကျွန်မတို့အိမ်မှာပဲ လိုက်နေစေခဲ့တယ်။

၂၀၁၁ ခုနှစ်မှာ ကျွန်မအဖေက ရုတ်တရက် ဆုံးသွားခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “ဘယ်လောက်ပဲ ပင်ပန်းခက်ခဲပါစေ၊ အမေ့ကို သားသမီးဝတ်ကျေအောင် ပြုစုရမယ်။ နောက်ထပ် နောင်တရစရာတွေ မဖြစ်စေရတော့ဘူး” လို့ပေါ့။ ကျွန်မအမေ့အတွက် အားဆေးတွေကို ခဏခဏ ဝယ်ပေးခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ အမေက ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားဟောခဲ့တယ်။ ခြောက်လကြာတော့ ကျွန်မက စုဝေးပွဲတွေတက်ဖို့၊ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ အပြင်ကို ခဏခဏ ထွက်ဖြစ်လာတယ်။ အမေက ကျွန်မကို ဧဝံဂေလိတရား ဟောပြောတဲ့အတွက် ကျွန်မခင်ပွန်းက စောင်းပြောလိုက်၊ တဲ့ပြောလိုက်နဲ့ ဝေဖန်ကဲ့ရဲ့လာပြီး ကျွန်မရှေ့မှာတောင် အမေ့ကို လှောင်ပြောင် သရော်ခဲ့တယ်။ ကျွန်မ အရမ်းဒေါသထွက်ပြီး ခင်ပွန်းကို ပြန်အော်ငေါက်မိတယ်၊ ဒီလိုဖြစ်တိုင်းမှာ အမေက စိတ်ဆင်းရဲပြီး ဘာမှမတတ်နိုင်တဲ့ပုံစံနဲ့ ထွက်သွားတာကို ကျွန်မ မြင်ခဲ့ရတယ်။ နောက်ပိုင်းမှာ ခင်ပွန်းရဲ့ ညှဉ်းပန်းနှိပ်စက်မှုက ပိုပိုပြီး ဆိုးလာပြီး ကျွန်မကို ရိုက်နှက် ဆဲဆိုတာတွေတောင် လုပ်လာတယ်။ အမေကလည်း ကျွန်မနဲ့အတူ အဆဲဆိုခံရတာကို ခါးစည်းခံခဲ့ရတော့ ကျွန်မ အမေ့အပေါ် အရမ်း အကြွေးတင်သလို ခံစားခဲ့ရတယ်။ ၂၀၁၅ ခုနှစ်အကုန်မှာ ကျွန်မကို တရားဟောဆရာမအနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ တစ်ခါက တာဝန်တွေနဲ့ အလုပ်များနေလို့ တစ်ပတ်လောက် အိမ်မပြန်ဖြစ်ခဲ့ဘူး။ ကျွန်မခင်ပွန်းက ဆွေမျိုးတွေနဲ့ပေါင်းပြီး အမေ့ကို ပြဿနာရှာတယ်၊ အသင်းတော်က ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို တိုင်မယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်။ ကျွန်မလည်း ကိုယ့်တာဝန်ထမ်းဆောင်တာကို ရပ်ပြီး အခြေအနေကို ပြန်ထိန်းဖို့ အိမ်ပြန်ခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ ခင်ပွန်းက အလုပ်မလုပ်တော့ဘဲ ကျွန်မကို စောင့်ကြည့်ဖို့ အိမ်မှာပဲ နေတော့တယ်။ ဒါကို ကျွန်မ အရမ်း စိတ်ကုန်ခဲ့ပေမဲ့ အမေ့ရှေ့မှာတော့ သူနဲ့ မငြင်းရဲခဲ့ဘူး။ ကျွန်မ သည်းခံနေရုံသာ တတ်နိုင်ခဲ့ပြီး စိတ်ထဲမှာ အရမ်းကို နာကျင်ပြီး မွန်းကျပ်ခဲ့ရတယ်။ ဘုရားကို စယုံကြည်ကတည်းက ခင်ပွန်းက အမေ့ကို ခဏခဏ အရှက်ခွဲ၊ လှောင်ပြောင်ခဲ့တာတွေကို ပြန်တွေးမိပြီး ကျွန်မ နှလုံးသား ကြေမွသွားသလိုပဲ အရမ်းကို စိတ်ဆင်းရဲခဲ့ရတယ်။ အမေ့ကို အသက်ကြီးမှ စိတ်ချမ်းသာအောင် မထားနိုင်တဲ့အပြင် ကျွန်မကြောင့် ဝမ်းနည်းနာကျင်စရာတွေ အများကြီး ခံစားစေခဲ့တယ်လို့ ခံစားမိတယ်။ အကျိုးဆက်အနေနဲ့ အပြင်ထွက်ပြီး ကိုယ့်တာဝန်ထမ်းဆောင်ဖို့ ကျွန်မမှာ စိတ်ပိုင်းဖြတ်ချက်မရှိတော့ဘူး။ ဘုရားကို ဆုတောင်းပြီး အားကိုးသင့်တယ်လို့ အမေက ကျွန်မကို မိတ်သဟာယဖွဲ့ပေးခဲ့ပေမဲ့ ကျွန်မက အပြင်ထွက်ပြီး ကိုယ့်တာဝန်ထမ်းဆောင်ရင် ခင်ပွန်းရဲ့ ညှဉ်းပန်းတာကို ထပ်ခံရမှာ၊ ပြီးတော့ အမေက နောက်ထပ် ဘယ်လောက်တောင် ဝမ်းနည်းစရာတွေ ခံရဦးမလဲဆိုတာ မသိလို့ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျွန်မ အိမ်မှာပဲ နေခဲ့ပြီး ကျွန်မရဲ့ အခြေအနေကလည်း ပိုပိုပြီး ဆိုးလာခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားသခင်က ကျွန်မအတွက် လမ်းဖွင့်ပေးခဲ့တယ်။ ခင်ပွန်းကို သူ့အလုပ်ခေါ်တဲ့ ကုမ္ပဏီက အလုပ်ပြန်ဆင်းဖို့ အကြောင်းကြားလာတယ်။ အဲဒီအချိန်ကျမှပဲ ကျွန်မ စုဝေးပွဲတွေ ပြန်တက်နိုင်ပြီး ကိုယ့်တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်။

၂၀၁၆ ခုနှစ်မှာ ကျွန်မနဲ့ တွဲဖက်တဲ့ညီအစ်မ အဖမ်းခံခဲ့ရတယ်။ ကျွန်မတို့က အိမ်နီးချင်းတွေဆိုတော့ ကျွန်မလုံခြုံရေးအတွက်လည်း စိုးရိမ်စရာအခြေအနေတွေ ရှိနေခဲ့တာပေါ့။ ကျွန်မလည်း ခင်ပွန်းနဲ့ တခြားနေရာမှာ သွားပုန်းရှောင်ဖို့ တိုင်ပင်ခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုမှ မထင်ထားဘဲ ကျွန်မအိမ်ကထွက်သွားပြီး သုံးလေးရက်အကြာမှာပဲ သူက ကျွန်မ ဘုရားကိုယုံကြည်တဲ့အကြောင်း၊ အိမ်ကထွက်သွားတဲ့အကြောင်း ရဲစခန်းကို သွားတိုင်ခဲ့တယ်။ ရဲတွေက ကျွန်မကို စပြီးစုံစမ်းစစ်ဆေးကြတော့ ကျွန်မ အိမ်ကို ပိုလို့တောင် ပြန်လို့မရတော့ဘူး။ အနာဂတ်မှာ အိမ်ပြန်ပြီး အမေ့ကို မတွေ့နိုင်တော့တဲ့အကြောင်း ကျွန်မစဉ်းစားမိတယ် အမေ့ကို ဘယ်လိုလုပ် စောင့်ရှောက်ပြီး သားသမီးဝတ်ကျေပွန်နိုင်တော့မှာလဲ။ အဖေကလည်း ဆုံးသွားပြီ၊ ခင်ပွန်းကလည်း ဒီလိုမျိုး ညှဉ်းပန်းနေတယ်။ ကျွန်မထွက်သွားပြီးရင် သူက အမေ့ကို ဘယ်လိုဆက်ဆံမယ်ဆိုတာ ပြောလို့တောင်မရဘူး။ ကျွန်မက အမေ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးလေ။ ကျွန်မ သူ့နားမှာမရှိရင် သူ ဘယ်လောက်တောင် စိတ်ဆင်းရဲပြီး မခံမရပ်နိုင်ဖြစ်နေမလဲ။ ဒါပေမဲ့ အိမ်ပြန်သွားလို့ အဖမ်းခံရရင်ကော ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါ့မလား။ ကျွန်မစိတ်ထဲမှာ အရမ်းကို နာကျင်ပြီး ဝေခွဲမရဖြစ်နေခဲ့တယ်၊ ဒါကြောင့် ဘုရားသခင်ကို ကျွန်မကိုလမ်းပြပေးဖို့ ဆုတောင်းပြီး အသနားခံခဲ့တယ်။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိလိုက်တယ်။ “နေ့စဉ်နေ့တိုင်း လူတစ်ဦးသည် မည်သည့်နေရာသွားမည်၊ မည်သည့် အရာလုပ်မည်၊ အဘယ်သူကို သို့မဟုတ် မည်သည့်အရာကို သူကြုံတွေ့မည်၊ သူ မည်သည့်အရာကိုပြောမည်၊ ပြီးလျှင် သူ့အပေါ် မည်သည့် အရာဖြစ်မည်ဟူသည့် ဤအရာတစ်ခုတလေကို လူတို့ကြိုတင်ခန့်မှန်း နိုင်သလော။ လူတို့သည် ဤဖြစ်စဉ်များအားလုံးကို ကြိုမမြင်နိုင်ရုံသာမက ဤအရာများ မည်သို့ဖြစ်ပေါ်သည်ကို ပို၍ပင် မထိန်းချုပ်နိုင်ပေ။ လူတို့၏ နေ့စဉ်အသက်တာများတွင် ဤကြိုမမြင်နိုင်သည့် အဖြစ်အပျက်များက တစ်ချိန်လုံး ဖြစ်ပျက်လေသည်၊ ၎င်းတို့သည် တွေ့မြင်နေကျ ဖြစ်စဉ်များ ဖြစ်၏။ ဤ ‘နေ့စဉ်အသက်တာ၏ အသေးအဖွဲကိစ္စများ’ နှင့်သက်ဆိုင်သော ဖြစ်စဉ်များအပြင် ယင်းတို့ဖြစ်ပေါ်ပုံ၏ နည်းလမ်းများနှင့် ပုံစံများသည် မည်သည့်အရာမျှ ကြုံရာကျပန်း ဖြစ်ပျက်နေခြင်း မဟုတ်ကြောင်းနှင့် အဖြစ်အပျက်အသီးသီး၏ တိုးတက်ဖြစ်ပေါ်မှု ဖြစ်စဉ်၊ အဖြစ်အပျက်အသီးသီး၏ မရှောင်လွှဲသာသော သဘောတို့သည် လူသား၏ အလိုဆန္ဒအားဖြင့် ပြောင်းလဲမရနိုင်ကြောင်း လူသားမျိုးနွယ်အတွက် အစဉ်တစိုက် သတိပေးချက်များ ဖြစ်ကြလေသည်။ အဖြစ်အပျက်တိုင်း၏ ဖြစ်စဉ်က ဖန်ဆင်းရှင်ထံမှ လူသားမျိုးနွယ်သို့ သတိပေးချက်တစ်ခု ပါရှိပြီး ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို လူသားမျိုးနွယ် မထိန်းချုပ်နိုင်ကြောင်း သတင်းစကားကိုလည်း ပေးပို့လေသည်။ တစ်ချိန်တည်းတွင်ပင် ယင်းမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရန် အချည်းနှီးမျှော်လင့်နေသော လူသားမျိုးနွယ်၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒအတွက် ပြန်လည်ချေပချက်တစ်ခု ဖြစ်သည်။ ဤချေပချက်မှာ လူတို့အား ၎င်းတို့၏ ကံကြမ္မာကို အတိအကျ မည်သူက အချုပ်အခြာအာဏာ ကိုင်စွဲပြီး ထိန်းချုပ်သည်ကို ပြန်လည်သုံးသပ်ဖို့ တွန်းအားပေးလျက် လူသားမျိုးနွယ်၏ မျက်နှာကို တစ်ချက်ပြီး တစ်ချက် ရိုက်သည့် အားကောင်းသော ရိုက်ချက်များ ကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများသည် ထပ်တလဲလဲ ကဖျက်ကယက်လုပ်ခံရပြီး ပျက်စီးကြေမွသည်နှင့်အမျှ လူသားတို့သည် ကံစီမံသမျှကို မရည်ရွယ်ဘဲ နာခံခြင်း၊ လက်တွေ့အရှိတရားကို လက်ခံခြင်း၊ ကောင်းကင်ဘုံ၏အလိုနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းတို့ကို မပြုဘဲမနေနိုင်ကြချေ။ ‘နေ့စဉ်အသက်တာ၏ အသေးအဖွဲကိစ္စများ’ ၏ ထပ်တလဲလဲ ဖြစ်စဉ်မှ လူသားအားလုံး၏ အသက်တာတစ်ခုလုံး၏ ကံကြမ္မာအထိ ဖန်ဆင်းရှင်၏ အစီအစဉ်များနှင့် သူ၏ အချုပ်အခြာအာဏာကို မထုတ်ဖော်သည့်အရာ တစ်ခုမျှမရှိပေ။ ‘ဖန်ဆင်းရှင်၏ ဩဇာအာဏာထက် သာလွန်၍ မရနိုင်’ ဆိုသည့် သတင်းစကားကို မပေးသည့်အရာ၊ ‘ဖန်ဆင်းရှင်၏ ဩဇာအာဏာသည် အထွတ်အထိပ်ဖြစ်သည်’ ဟူသည့် ပြောင်းလဲ၍မရသော အမှန်တရားကို အသိမပေးသည့်အရာ တစ်ခုမျှမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ရင်းနဲ့ နေ့တိုင်းဖြစ်ပျက်နေတဲ့ အရာအားလုံးအပေါ်မှာ ဘုရားသခင်က အချုပ်အခြာအာဏာကိုင်စွဲတယ်ဆိုတာ ကျွန်မ နားလည်လာတယ်။ လူတွေက ဒါတွေကို ကိုယ်တိုင် ကြိုမသိနိုင်ဘူး၊ ထိန်းချုပ်လို့မရနိုင်ဘူး။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံသင့်တယ်။ ကျွန်မနဲ့တွဲဖက်တဲ့ညီအစ်မ ရဲအဖမ်းခံရပုံ၊ ခင်ပွန်းက ကျွန်မကို ရဲစခန်းမှာသွားတိုင်ပုံ၊ ပြီးတော့ ရဲတွေလိုက်ဖမ်းလို့ အိမ်မပြန်နိုင်ပုံတွေကို ကျွန်မ ပြန်စဉ်းစားမိတယ်။ ဒီအဖြစ်အပျက်တွေတသီတတန်းကြီးက ကျွန်မကြိုတွေးထားလို့မရတဲ့ အရာတွေပဲ၊ အားလုံးကို ဘုရားသခင် ခွင့်ပြုခဲ့တာ။ ဒီအရှိတရားကို ကျွန်မ လက်ခံခဲ့ရတယ်။ ဘုရားကို စယုံကြည်ခဲ့တဲ့အချိန်ကစပြီး ပြန်တွေးကြည့်လိုက်တယ်။ ခင်ပွန်းရဲ့ ညှဉ်းပန်းနှိပ်စက်တာ၊ အရှက်ခွဲတာတွေကို အမေခံနေရတာမြင်ရတိုင်း ကျွန်မစိတ်ထဲမှာ အရမ်းဝမ်းနည်းခဲ့ရတယ်၊ အမေ ညှဉ်းပန်းခံရမှာစိုးလို့ အပြင်ထွက်ပြီး ကိုယ့်တာဝန်မထမ်းဆောင်ချင်ခဲ့ဘူး။ ကျွန်မထွက်သွားရင် သူအသက်ကြီးလာတဲ့အခါ စောင့်ရှောက်ပေးမယ့်သူ မရှိတော့မှာကိုလည်း စိုးရိမ်ခဲ့တယ်။ ဒီလိုတွေးမိတော့ ကျွန်မဟာ မိသားစုချစ်ခင်တွယ်တာမှုမှာ အမြဲတမ်း ပိတ်မိနေခဲ့ပြီး သမ္မာတရားကို ကောင်းကောင်းမလိုက်စားနိုင်၊ ကိုယ့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်ခဲ့ဘူးဆိုတာ နားလည်သွားတယ်။ အခုလို အိမ်မပြန်နိုင်တဲ့ အခြေအနေ ကျွန်မအပေါ် ကျရောက်လာတာက ကိုယ့်စိတ်နှလုံးကို ကိုယ့်တာဝန်ထဲမှာ ရည်စူးနှစ်မြှုပ်ထားသင့်တယ်ဆိုတဲ့ ဘုရားရဲ့ ရည်ရွယ်ချက်ပဲ၊ ဒါက ကျွန်မရဲ့ အသက်တာကြီးထွားရင့်ကျက်မှုအတွက် အကျိုးရှိတယ်။ ဒါ့အပြင် ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်လေ။ အိမ်ကမထွက်ဘဲနေရင် အဖမ်းခံရတာနဲ့ ရဲတွေက အမေ့ကိုသုံးပြီး ကျွန်မကို ခြိမ်းခြောက်မှာပဲ။ အဲဒီအခါကျရင် ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါ့မလား။ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ ယုဒဖြစ်သွားပြီး ဘုရားကို သစ္စာဖောက်ခဲ့ရင် ဘုရားသခင်က ကျွန်မကို လုံးဝ ဖယ်ရှားရှင်းလင်းမှာပဲ။ အများကြီးစဉ်းစားပြီးတဲ့နောက်မှာတော့ အသင်းတော်မှာပဲ ဆက်ပြီး ကိုယ့်တာဝန်ထမ်းဆောင်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ အိမ်နဲ့ဝေးနေတဲ့အချိန်တွေမှာ မိုးရွာတိုင်း ကျွန်မတွေးမိတယ်၊ “ငါတို့အိမ်ခြံဝင်းထဲက မြေက ချောနေတာ၊ အမေများ ချော်လဲပြီး ဘယ်သူမှထူပေးမယ့်သူမရှိရင် ဘယ်လိုလုပ်မလဲ။” ဂျုံရိတ်သိမ်းချိန်ရောက်တော့လည်း “အမေတစ်ယောက်တည်း သီးနှံတွေကို ဘယ်လိုရိတ်မှာလဲ။ ခင်ပွန်းကကော အမေ့ကို ကူညီပါ့မလား မသိဘူး” ဆိုပြီး စိုးရိမ်မိတယ်။ နှစ်သစ်ကူးလို ပွဲတော်ရက်တွေမှာ ဧည့်ခံတဲ့မိသားစုက ပြင်ဆင်ပေးတဲ့အစာကို ကိုင်ရင်း မျက်ရည်တွေဝဲနေခဲ့တယ်။ “ငါက အပြင်မှာ အစားကောင်းတွေစားရပေမဲ့ အမေက အိမ်မှာ အဆင်ပြေရဲ့လားမသိဘူး။ ငါ့ယောကျ်ားများ ဆူပူ၊ ဆဲဆိုနေလေမလား။ ပွဲတော်ရက်တွေဆို တခြားမိသားစုတွေက ပြန်လည်ဆုံစည်းကြပေမဲ့ ငါကတော့ အမေ့ကို အိမ်မှာတစ်ယောက်တည်း ပစ်ထားခဲ့တယ်။ သူ သေချာပေါက် ခြောက်ကပ်ပြီး အထီးကျန်နေမှာပဲ၊ ဆွေမျိုးမိတ်ဆွေတွေရဲ့ လှောင်ပြောင်တာကိုလည်း ခံရဦးမယ်။ ငါ အမေ့အပေါ် အရမ်းအကြွေးတင်တာပဲ”လို့ပေါ့။ ကျွန်မ ဒီအကြောင်းကိုတွေးလေလေ ပိုပြီး စိတ်ဆင်းရဲလေလေဖြစ်ပြီး ကိုယ့်တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှု လုံးဝမရှိတော့ဘူး။ ကျွန်မ ငိုပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ဒီအပျက်သဘောဆောင်တဲ့ အခြေအနေကနေ ကျွန်မကို လမ်းပြခေါ်ထုတ်ပေးဖို့ အသနားခံခဲ့တယ်။

တစ်နေ့ ဝတ်ပြုခြင်းလုပ်နေတုန်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို စဉ်းစားသည်ဖြစ်စေ၊ မည်သည့်အရာကို စီစဉ်သည်ဖြစ်စေ၊ ထိုအရာများသည် အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ ဖန်ဆင်းခံအားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် နားလည်နိုင်ကာ အမှန်တကယ် ယုံကြည်နိုင်ခြင်း ရှိမရှိဖြစ်သည်။ မိဘအချို့သည် ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်စုနှင့်ဆိုင်သည့် အိမ်တွင်း အတိသုခနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားနိုင်ရန် ထိုကောင်းချီးနှင့် ကံကြမ္မာရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် ကောင်းချီးတစ်ခု ဖြစ်သည်။ မိဘအချို့သည် ဤကံကြမ္မာမရှိကြချေ။ ၎င်းတို့အတွက် ဘုရားသခင်က ဤအရာကို မစီစဉ်ပေးခဲ့ပေ။ ပျော်ရွှင်သည့် မိသားစုတစ်စု ရှိခြင်းကို မွေ့လျော်ခံစားရန်၊ သို့မဟုတ် မိမိတို့ သားသမီးများက မိမိတို့နံဘေးတွင်ရှိနေခြင်းကို မွေ့လျော်ခံစားရန် ကောင်းချီးခံစားရခြင်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ပြီး လူတို့က ဤအရာကို အတင်းအကျပ်ပြု၍မရပေ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သားသမီးဝတ်ကျေပွန်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် အနည်းဆုံးအနေဖြင့် ကျိုးနွံနာခံမှုရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိရမည်။ ပတ်ဝန်းကျင်က အခွင့်ပေးပြီး ထိုသို့လုပ်ဆောင်ရန် သင့်ထံတွင် လူအင်အားငွေအင်းအားရှိလျှင် သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်နိုင်သည်။ ပတ်ဝန်းကျင်က အခွင့်မပေးသကဲ့သို့ သင့်ထံတွင် လူအင်အားငွေအင်းအားကင်းမဲ့လျှင် အတင်းမကြိုးစားနှင့်။ ဤသည်ကို မည်သို့ ခေါ်ဆိုသနည်း။ (ကျိုးနွံနာခံမှုဖြစ်သည်။) ဤအရာကို ကျိုးနွံနာခံမှုဟု ခေါ်သည်။ ဤကျိုးနွံနာခံမှုသည် အဘယ်သို့ ဖြစ်လာသနည်း။ ကျိုးနွံနာခံမှုအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာသည် ဘုရားသခင် စီစဉ်ထားပြီး ဘုရားသခင် အုပ်စိုးထားသည့် ဤအရာများအားလုံးပေါ်တွင် အခြေခံပေသည်။ လူတို့အနေဖြင့် ရွေးချယ်ရန် ဆန္ဒရှိကောင်းရှိနိုင်သော်လည်း မရွေးချယ်နိုင်ကြ၊ ရွေးချယ်ပိုင်ခွင့်မရှိကြဘဲ ၎င်းတို့ ကျိုးနွံနာခံသင့်ကြပေသည်။ လူတို့ ကျိုးနွံနာခံသင့်ပြီး အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားကြောင်းကို သင် ခံစားရသည့်အခါ သင်၏ စိတ်နှလုံးတွင် သာ၍ ငြိမ်သက်မှုခံစားရသည်မဟုတ်လော။ (ခံစားရပါသည်။) ထို့နောက်တွင် သင်၏ အသိစိတ်ထဲတွင် လိပ်ပြာမသန့်ဆဲ ဖြစ်လိမ့်မည်လော။ စဉ်ဆက်မပြတ် လိပ်ပြာမသန့်ဟု ခံစားရလိမ့်မည် မဟုတ်တော့ဘဲ သင်၏ မိဘများကို သားသမီးဝတ်မကျေပွန်သည့် စိတ်ကူးသည် သင့်ကို စိုးမိုးထားတော့မည် မဟုတ်ပေ။ ဤသည်တို့မှာ လူ့သဘာဝအတွင်းရှိ ပုံမှန်အတွေး သို့မဟုတ် ဗီဇအချို့ဖြစ်ပြီး မည်သူမျှ မရှောင်လွှဲနိုင်ကြသည်နှင့်အမျှ ထိုအကြောင်းကို သင် ရံဖန်ရံခါ တွေးကောင်းတွေးနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ပြီးတဲ့နောက်မှာ လူတစ်ယောက်ချင်းစီအတွက် ဘုရားသခင်က မတူညီတဲ့ ကံကြမ္မာကို စီစဉ်ပေးထားတယ်၊ လူတွေမှာ ဘာကိုမှ ပြောင်းလဲပစ်နိုင်စွမ်းမရှိဘူးဆိုတာ ကျွန်မ နားလည်သွားတယ်။ အမေက သားသမီးတွေ ဝိုင်းဝန်းပြုစုတဲ့ ကောင်းချီးကို မခံစားရဖို့ ဘုရားသခင်က အမိန့်နဲ့ ပြဋ္ဌာန်းထားတယ်ဆိုရင် ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘာကိုမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ ငယ်ငယ်ကတည်းက အမေနဲ့ ကျွန်မ တစ်ခါမှမခွဲဘဲ အတူတူနေခဲ့ကြပုံကို ကျွန်မ ပြန်တွေးမိတယ်။ နောက်ပိုင်းမှာ ဘုရားကိုယုံကြည်လို့ ရဲတွေလိုက်ဖမ်းတာခံရပြီး အိမ်ကနေ ထွက်ခွာခဲ့ရတယ်။ ဒါက ဘုရားသခင်ရဲ့ အစီအစဉ်နဲ့ ကြိုတင်ပြဋ္ဌာန်းချက်ပဲ။ အိမ်မှာ အမေက ခင်ပွန်းရဲ့ ညှဉ်းပန်းတာကို ခံရတာကလည်း သူတွေ့ကြုံရမယ့် အရာတစ်ခုပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို နားမလည်ခဲ့ဘဲ အမေ အထီးကျန်ပြီး ဒုက္ခရောက်မှာကို အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့တယ်။ ကျွန်မကိုယ်တိုင်လည်း အမှောင်နဲ့ နာကျင်မှုထဲမှာ နေခဲ့ရပြီး ကိုယ့်တာဝန်ထမ်းဆောင်တာလည်း ထိခိုက်ခဲ့တယ်။ အခုတော့ ကျွန်မနားလည်သွားပြီ၊ အမေ့အပေါ် သားသမီးဝတ်ကျေပွန်ဖို့ အခွင့်အရေးမရှိတဲ့အတွက် အခြေအနေအတိုင်းပဲ လက်ခံလိုက်သင့်တယ်။ အမေက ဘုရားကိုယုံကြည်တယ်၊ ဒါကြောင့် ကျွန်မနဲ့ဝေးနေပေမဲ့ သူ့မှာ ဘုရားသခင် ရှိသေးတယ်လေ၊ အနာဂတ်မှာ ကျွန်မတို့ရဲ့ လမ်းကြောင်းတွေကို လျှောက်တဲ့အခါ ဘုရားသခင်က ကျွန်မတို့ကို ဦးဆောင်လိမ့်မယ်။ အရာအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာရှိတယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒီလိုတွေးမိတော့ ကျွန်မ ကျိုးနွံနာခံလိုစိတ်နဲ့ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံရတဲ့အခါ ဘုရားသခင်က သူ့ကိုဦးဆောင်ပါစေလို့ အမေ့ကို ဘုရားသခင်လက်ထဲ အပ်နှံခဲ့တယ်။ နောက်ပိုင်းမှာ အမေရေးထားတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတစ်ပုဒ်ကို ကျွန်မ မမျှော်လင့်ဘဲ ဖတ်လိုက်ရတယ်။ ကျွန်မသူနဲ့အတူမရှိချိန် သူအားနည်းတဲ့အခါ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေက အိမ်ကိုလာပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့ မိတ်သဟာယဖွဲ့ပြီး သူ့ကိုကူညီခဲ့ကြတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို သူနားလည်သွားပြီးတဲ့နောက်မှာ အပျက်သဘောဆောင်တာနဲ့ အားနည်းတာတွေကနေ တဖြည်းဖြည်း ထွက်လာနိုင်ခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်ခဲ့တယ်။

၂၀၂၂ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါက ထပ်ပြီးဖြစ်ပွားခဲ့တယ်။ သက်ကြီးရွယ်အိုအများကြီး ကပ်ရောဂါနဲ့ သေဆုံးနေကြတာကို တွေ့ရတော့ ကျွန်မ ထပ်ပြီး စိုးရိမ်လာပြန်တယ်၊ “အမေသာ ကပ်ရောဂါကူးစက်ခံရရင် သူ့ကို စောင့်ရှောက်မဲ့သူ ရှိပါ့မလား။ သူ ကျော်ဖြတ်နိုင်ပါ့မလား။ ငါသာ သူ့ဘေးမှာရှိပြီး ရေလေးတိုက်၊ ဆေးလေးခွံ့၊ ပြီးတော့ သူ့ကိုအားပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ မိတ်သဟာယဖွဲ့ပေးရင် သူ့စိတ်ထဲက နာကျင်မှုတွေကို သက်သာစေမှာမဟုတ်ဘူးလား” လို့ပေါ့။ ကျွန်မ ပြန်သွားပြီး အမေ့ကို အရမ်းတွေ့ချင်တာပဲ။ လွန်ခဲ့တဲ့သုံးလေးနှစ်တွေက ကျွန်မရဲ့ အတွေ့အကြုံတွေနဲ့ သူ့ကို ဘယ်လောက်လွမ်းဆွတ်နေတယ်ဆိုတာကို ကျွန်မ တကယ်ကို ပြောပြချင်ခဲ့တယ်။ အဲဒီနောက် မကြာခင်မှာပဲ ကျွန်မ နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေတုန်း အမေ့ကို ပိုလို့တောင် လွမ်းမိတယ်။ သူသာဆုံးသွားရင် သူ့ကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာမဟုတ်ဘူးလို့ စိုးရိမ်ပြီး စိတ်ထဲမှာ ဘုရားသခင်နဲ့ ငြင်းခုံနေမိတယ်။ “ချစ်ရတဲ့ ဘုရားသခင်၊ ဘာဖြစ်လို့ တခြားသူတွေက သူတို့မိသားစုတွေနဲ့ ပြန်ဆုံစည်းနိုင်ပြီး သမီးကတော့ အမေနဲ့ ခွဲနေရတာလဲ။ သမီးရဲ့ နောက်ခံအခြေအနေက တခြားသူတွေနဲ့ မတူဘူးဆိုတာ ကိုယ်တော်သိပါတယ်။ သမီးက မိသားစုမှာ တစ်ဦးတည်းသော သားသမီးပါ၊ ဒါပေမဲ့ သူ မဆုံးမချင်း ပြုစုစောင့်ရှောက်ပေးဖို့ကို မတတ်နိုင်တော့ဘူး။ သူသာ တစ်ယောက်တည်း ဆုံးပါးသွားခဲ့ရင် သမီး တစ်သက်လုံး လိပ်ပြာမလုံဖြစ်နေမှာပဲ” လို့ပေါ့။ ဒီလိုတွေးတာက မှားမှန်း ကျွန်မသိပေမဲ့ ဒီအခြေအနေကို ဘယ်လိုတွေ့ကြုံရမှန်းမသိလို့ ဘုရားသခင်ကို လမ်းပြပေးဖို့ ဆုတောင်းပြီး အသနားခံခဲ့တယ်။ အကြိမ်တိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အပျက်သဘောဆောင်တာနဲ့ အားနည်းတာကနေ ဉာဏ်ပွင့်စေပြီး ဦးဆောင်ခေါ်ထုတ်ခဲ့ပုံ၊ ကျွန်မအမေကလည်း အိမ်မှာ ဘုရားသခင်ရဲ့ ဦးဆောင်မှုနဲ့ ကွယ်ကာမှုကို တွေ့ကြုံခံစားခဲ့ရပုံကို ကျွန်မ ပြန်စဉ်းစားမိတယ်။ ကျွန်မတို့နှစ်ယောက်လုံး ဘုရားရဲ့မေတ္တာကို ခံစားနေရတာပဲ။ ဘုရားသခင်က ကျွန်မတို့ကို ဒီလောက်အများကြီး ပေးသနားခဲ့ပေမဲ့ ကျွန်မက ကျေးဇူးဆပ်ဖို့မသိတဲ့အပြင် ကိုယ်တော့်ကိုတောင် ပြန်ပြီး စောဒကတက်မိတယ်။ ကျွန်မ တကယ်ကို အသိစိတ်မရှိတာပဲ။ ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို အလေးအနက် ရှာဖွေလိုစိတ်နဲ့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် ရွတ်ဖတ်သံကို ကျွန်မ ကြားခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့နှင့်ပတ်သက်လျှင် သင့်မိဘများက သင့်အား စေ့စပ်စွာ ကြည့်ရှုစောင့်ရှောက်သည်ဖြစ်စေ၊ သင့်အား အလွန်ပင် ဂရုစိုက်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့က သင့်အား ပျိုးထောင်ပေးသည့် အကြောင်းရင်းက မည်သို့ဖြစ်စေ ၎င်းတို့၏ တာဝန်သာဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားခဲ့သောကြောင့် သင့်အတွက် တာဝန်ယူသင့်သည်။ ဤအရာကို အခြေခံကြည့်လျှင် သင့်မိဘများက သင့်အတွက် လုပ်ဆောင်ပေးသောအရာရာတိုင်းကို ကြင်နာခြင်းဟု သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင့်မိဘများက သင့်အပေါ် ၎င်းတို့၏တာဝန်အား ဖြည့်ဆည်းခြင်းသည် ကြင်နာမှုအဖြစ် အကျုံးမဝင်ပေ။ ထို့ကြောင့် ၎င်းတို့က ပန်းပွင့်၊ သို့မဟုတ် အပင်တစ်ပင်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းပြီး ရေလောင်းကာ မြေဩဇာကျွေးလျှင် ကြင်နာခြင်းအဖြစ် အကျုံးဝင်သလော။ (အကျုံးမဝင်ပါ။) ယင်းသည် ကြင်နာခြင်းနှင့် ပို၍ပင် အလှမ်းဝေးသည်။ ပန်းများနှင့် အပင်များသည် အပြင်ဘက်တွင် ပို၍ ကောင်းမွန်စွာ ကြီးထွားကြသည်၊ ၎င်းတို့ကို မြေကြီးထဲတွင် စိုက်ပျိုးပြီး လေ၊ နေနှင့် မိုးရေတို့ ရရှိပါက ၎င်းတို့သည် ပို၍ပင် ရှင်သန်ကြီးထွားကြသည်။ ၎င်းတို့သည် အပြင်ဘက်တွင် ကြီးထွားသည့်အပြင် အိမ်တွင်းရှိ ပန်းအိုးတစ်လုံးထဲတွင် စိုက်ပျိုးသည့်အခါ ကောင်းစွာ မကြီးထွားကြ သို့မဟုတ် မဖြစ်ထွန်းကြပေ။ လူတစ်ဦးသည် မည်သို့သော မိသားစုမျိုးတွင် မွေးဖွားလာသည်ဖြစ်စေ ယင်းမှာ ဘုရားသခင်က အမိန့်ဖြင့် ပြဋ္ဌာန်းတော်မူခြင်း ဖြစ်သည်။ သင်သည် အသက်ကို ပိုင်ဆိုင်သောသူတစ်ဦးဖြစ်ပြီး ဘုရားသခင်သည် အသက်တိုင်းအတွက် တာဝန်ယူကာ လူတို့အား အသက်ရှင်သန်နိုင်စေပြီး ဖန်ဆင်းခံအားလုံး လိုက်နာသည့် နိယာမတရားကို လိုက်လျှောက်စေသည်။ လူတစ်ဦးအနေဖြင့် သင်သည် သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သည့် ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ရုံသာဖြစ်ပြီး သို့ဖြစ်၍ သင်သည် ထိုပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။ သင်သည် ထိုပတ်ဝန်းကျင်တွင် မွေးဖွားခဲ့ရခြင်းမှာ ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကြောင့် ဖြစ်သည်။ သင်သည် သင်၏ မိဘများ၏ ပြုစုပျိုးထောင်မှုဖြင့် အရွယ်ရောက်လာခဲ့ရခြင်းမှာလည်း ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကြောင့်ပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင့်ကို ပြုစုပျိုးထောင်ခြင်းအားဖြင့် သင်၏ မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ပြုစုပျိုးထောင်ခြင်းသည် ၎င်းတို့၏ ဝတ္တရားနှင့် တာဝန်ဖြစ်ပြီး ဤအရာကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်ပေ။ ယင်းကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်သောကြောင့် ဤသည်မှာ သင် ပျော်မွေ့ခံစားသင့်သည့် အရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤသည်မှာ သင်ခံစားသင့်သော အခွင့်အရေးတစ်မျိုးဖြစ်သည်။ သင်သည် သင့်မိဘများ၏ ပျိုးထောင်ခြင်းကို ခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူကြီးဘဝသို့ သင်မရောက်ခင်တွင် သင်ပါဝင်သော အခန်းကဏ္ဍသည် လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းခံရသော သားသမီးတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်အပေါ် တာဝန်တစ်မျိုးကို ဖြည့်ဆည်းနေခြင်းသာဖြစ်ပြီး သင်က လက်ခံရရှိနေခြင်းသာ ဖြစ်သည်။ သို့သော် သင်သည် အသေအချာပင် ၎င်းတို့ထံမှ ကျေးဇူး၊ သို့မဟုတ် ကြင်နာမှုကို လက်ခံရရှိနေခြင်းမဟုတ်ပေ။ မည်သည့်သက်ရှိသတ္တဝါမဆိုအတွက် သားသမီးများအား မွေးဖွားခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ မျိုးပွားခြင်း၊ နောက်မျိုးဆက်ကို ပျိုးထောင်ခြင်းတို့သည် တာဝန်အမျိုးအစားတစ်ခုဖြစ်သည်။ ဥပမာ ငှက်၊ နွား၊ သိုး၊ နှင့် ကျားတို့သည်ပင် မျိုးပွားပြီးနောက်တွင် ၎င်းတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရသည်။ မိမိတို့၏ သားသမီးကို ပျိုးထောင်မပေးသော သက်ရှိသတ္တဝါမရှိပေ။ ခြွင်းချက်အချို့ရှိဖို့ ဖြစ်နိုင်သည်။ သို့သော် များစွာမရှိပေ။ ဤသည်မှာ သက်ရှိသတ္တဝါများ၏ ဖြစ်တည်မှုတွင် သဘာဝဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သက်ရှိသတ္တဝါများ၏ ပင်ကိုဗီဇစိတ် ဖြစ်သည်။ ယင်းကို ကြင်နာခြင်းအဖြစ် မမှတ်ယူနိုင်ပေ။ ၎င်းတို့သည် တိရစ္ဆာန်များအတွက်၊ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်က ပြင်ဆင်ပေးသော ဥပဒေအား လိုက်နာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်ခြင်းသည် ကြင်နာခြင်းအမျိုးအစားတစ်ခု မဟုတ်ပေ။ ဤအရာကို အခြေခံလျှင် သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သင့်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ ၎င်းတို့က သင့်အပေါ် မည်မျှအားထုတ်ပြီး ငွေကို သုံးစွဲပါစေ ၎င်းတို့က သင့်အား နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိဘများအနေဖြင့် ၎င်းတို့၏ တာဝန်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် တာဝန်နှင့် ဝတ္တရားတစ်ခုဖြစ်သောကြောင့် အခမဲ့ဖြစ်သင့်သည်။ နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများက ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းပေးနေခြင်းသာဖြစ်သည်။ ဤသည်မှာ အခမဲ့ဖြစ်သင့်သည်။ အပေးအယူ မဖြစ်သင့်ပေ။ ထို့ကြောင့် သင်သည် ၎င်းတို့အား နစ်နာကြေးပေးရန် စိတ်ကူးဖြင့် သင့်မိဘများကို ချဉ်းကပ်ရန်၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးကို ကိုင်တွယ်ရန် မလိုအပ်ပေ။ သင်က ဤအယူအဆအတိုင်း သင့်မိဘများအား တကယ်ကို ဆက်ဆံလျှင်၊ ပြန်လည်ပေးဆပ်လျှင်၊ ၎င်းတို့နှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်လျှင် ဤသည်မှာ လူသားမဆန်ပေ။ တစ်ချိန်တည်းတွင် ယင်းကြောင့် သင်သည် သင်၏ဇာတိပကတိ ခံစားချက်များ၏ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရဖို့များသည်။ ဤရစ်ပတ်မှုများမှ လွတ်မြောက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်လမ်းပင်ပျောက်နိုင်သည့် အတိုင်းအတာအထိ ဖြစ်သည်။ သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်။ ထို့ကြောင့် ၎င်းတို့၏ မျှော်မှန်းချက်များအားလုံးကို အကောင်အထည်ဖော်ရန် သင့်၌ ဝတ္တရားမရှိပေ။ သင်သည် ၎င်းတို့၏ မျှော်မှန်းချက်များအတွက် ဒကာခံရန် ဝတ္တရားမရှိပေ။ ဆိုလိုသည်မှာ ၎င်းတို့တွင် ကိုယ့်ကိုယ်ပိုင်မျှော်မှန်းချက်များနှင့်ကိုယ် ရှိနိုင်သည်။ သင့်တွင် ကိုယ်ပိုင်ရွေးချယ်မှုများရှိသည်။ ပြီးလျှင် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် ဘဝလမ်းကြောင်းနှင့် ကံကြမ္မာရှိသည်။ ယင်းတို့သည် သင့်မိဘများနှင့် သက်ဆိုင်ခြင်းမရှိပေ။...၎င်းတို့အပေါ် သင်၏တာဝန်အနည်းငယ်ကို ဖြည့်ဆည်းရန် အခြေအနေပေးလျှင် ဖြည့်ဆည်းလော့။ သင်၏ ပတ်ဝန်းကျင်နှင့် သင်၏ အရှိအတိုင်းဖြစ်သော အခြေအနေများက သင့်အား ၎င်းတို့အပေါ် သင်၏ ဝတ္တရားကို ဖြည့်ဆည်းရန် ခွင့်မပြုလျှင် သင်သည် များစွာတွေးတောရန် မလိုပေ။ ပြီးလျှင် သင်သည် ၎င်းတို့အပေါ် အကြွေးတင်သည်ဟုလည်း မထင်မြင်သင့်ပေ။ သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သောကြောင့် ဖြစ်သည်။ သင်က သင်မိဘများအပေါ် သားသမီးဝတ်ကျေပွန်သည်ဖြစ်စေ၊ ၎င်းတို့အပေါ် သင်၏တာဝန်ကို ဖြည့်ဆည်းသည်ဖြစ်စေ သင်သည် သားသမီးတစ်ယောက်၏ အမြင်ရှုထောင့်ကို ခံယူပြီး သင့်အား တစ်ချိန်က မွေးဖွားပေးပြီး ပျိုးထောင်ပေးခဲ့သောလူများအပေါ် သင်၏ တာဝန်အနည်းငယ်ကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ သို့သော် ၎င်းတို့အား နစ်နာကြေးပေးသည့် ရှုထောင့်မှနေ၍၊ သို့မဟုတ် ‘သင့်မိဘများသည် သင့်ကို ဖြည့်ဆည်းပံ့ပိုးသူများဖြစ်ပြီး သင်က ၎င်းတို့ကို နစ်နာကြေးပေးရမည်။ ၎င်းတို့၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရမည်’ ဟူသည့် ရှုထောင့်မှနေ၍ ဤသို့ လုပ်ဆောင်၍ မရနိုင်သည်မှာ သေချာပေါက်ပင် ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်ပြီးတဲ့နောက်မှာ မိဘတွေ ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့တာကို ကျေးဇူးကြွေးတစ်ခုလို ကျွန်မ သဘောထားခဲ့မိတယ်ဆိုတာ ရုတ်တရက် နားလည်သွားတယ်။ အချိန်အခါမရွေး ပြန်ဆပ်ရမယ်လို့ ကျွန်မခံစားခဲ့ရတယ်၊ ဒါပေမဲ့ ဒီအမြင်က သမ္မာတရားနဲ့ လုံးဝမကိုက်ညီဘူး။ တကယ်တော့ သားသမီးတွေကို ပြုစုပျိုးထောင်ပေးဖို့က မိဘတွေရဲ့ တာဝန်နဲ့ ဝတ္တရားပဲလေ။ ဒါက လုံးဝကို ကျေးဇူးမဟုတ်ပါဘူး။ တိရစ္ဆာန်တွေက သူတို့ရဲ့ သားပေါက်တွေကို ပြုစုစောင့်ရှောက်သလိုပဲ၊ ဒါက သဘာဝရဲ့ ဗီဇဖြစ်ပြီး သက်ရှိအားလုံးအတွက် ဘုရားသခင်ပြဋ္ဌာန်းထားတဲ့ ရှင်သန်ခြင်း နိယာမတစ်ခုလည်း ဖြစ်တယ်။ ဘုရားသခင်က လူကိုဖန်ဆင်းခဲ့တဲ့အတွက် သူတို့အတွက် သင့်တော်တဲ့ မိသားစုပတ်ဝန်းကျင်ကို စီစဉ်ပေးမှာပဲ။ ဥပမာ ကျွန်မကိုပဲကြည့်လေ။ ကျွန်မကို မွေးပြီးပြီးချင်းမှာပဲ အမေအရင်းက ဆုံးသွားခဲ့ပြီး မွေးစားမိဘတွေက ကျွန်မကို မွေးစားခဲ့တယ်။ အပေါ်ယံမှာတော့ ကျွန်မကို စောင့်ရှောက်ပြီး လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တာက ကျွန်မမိဘတွေလို ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ ကျွန်မရဲ့အသက်က ဘုရားသခင်ဆီက လာတာပါ။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ အသက်ရှင်နိုင်ခဲ့တာက ဘုရားသခင်က ကျွန်မကို ကြည့်ရှုစောင့်ရှောက်ပြီး ကွယ်ကာပေးနေလို့ပါ။ ကျွန်မငယ်ငယ်တုန်းက ဂျုံတွေကို လှေ့တဲ့ ပန်ကာအကြီးကြီးထဲ ခြေထောက်ညှပ်သွားပေမဲ့ မသန်စွမ်းဖြစ်မကျန်ခဲ့တာကို သတိရမိတယ်။ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲမတိုင်ခင် စာစစ်ဌာနကို စက်ဘီးနဲ့ သွားကြည့်တုန်း၊ ကားနှစ်စီးကြားညှပ်ပြီး တိုက်မိမလိုဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ အမေက ကျွန်မနဲ့အတူမရှိခဲ့ပေမဲ့ ကျွန်မ ဘာမှမဖြစ်ခဲ့ဘူး။ ကျွန်မရဲ့ အမေအရင်းအကြောင်းကိုလည်း ထပ်ပြီး စဉ်းစားမိတယ်။ သူက ကျွန်မကို ဒီလောကထဲ ပို့ဆောင်ပေးပြီးတော့ ဆုံးပါးသွားခဲ့တယ်၊ အခုလက်ရှိမိဘတွေက ကျွန်မကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့တာက ဘုရားသခင်ရဲ့ ကြိုတင်ပြဋ္ဌာန်းချက်နဲ့ စီစဉ်ညွှန်ကြားမှုကြောင့်ပဲ။ ကျွန်မကျေးဇူးတင်သင့်တဲ့ တစ်ဦးတည်းသောသူက ဘုရားသခင်ပဲ။ မွေးဖွားချိန်ကနေ အခုထိ ကျွန်မဟာ ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှု၊ ကွယ်ကာမှုနဲ့ ဘုရားသခင်ထောက်ပံ့ပေးသမျှအားလုံးကို အမြဲတမ်း ပျော်မွေ့ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုခံစားပြီး ကိုယ်တော့်နောက်လိုက်လို့ ကိုယ့်တာဝန်ထမ်းဆောင်နိုင်တဲ့အပြင်၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရဖို့ ထောင်စုနှစ်မှာတစ်ခါကြုံရခဲတဲ့ အခွင့်အရေးကိုတောင် ပျော်မွေ့ခံစားနေရတယ်။ ဒါပေမဲ့ ကျွန်မက ဘုရားရဲ့မေတ္တာကို ပြန်ဆပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်မှန်း မသိခဲ့ဘဲ၊ မိဘတွေရဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ပဲ စဉ်းစားနေခဲ့တယ်။ ကိုယ့်တာဝန်ကို ရွေးချယ်တဲ့ကိစ္စမှာတောင် အမေ့အပေါ် သားသမီးဝတ်ကျေပွန်နိုင်တာမျိုး ရှိမရှိဆိုတဲ့ အချက်ကို အခြေခံပြီး အမြဲချိန်ဆနေခဲ့တယ်။ အိမ်နဲ့အဝေးမှာ ကိုယ့်တာဝန်ထမ်းဆောင်တဲ့အချိန်ကတော့လည်း ကျွန်မရဲ့ အခြေအနေက အမြဲတမ်း အနှောင့်အယှက်ခံခဲ့ရတယ်။ ကျွန်မ တကယ်ကို နားဝေတိမ်တောင် ဖြစ်ခဲ့တာပဲ။ ကျွန်မဟာ “မိဘမေတ္တာ သမုဒ္ဒရာထက်နက်တယ်” တို့ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” တို့လိုမျိုး စာတန်သွတ်သွင်းပေးတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူအဆတွေရဲ့ လွှမ်းမိုးမှုကိုခံခဲ့ရပြီး ဒီကျေးဇူးကို မိုက်မိုက်မဲမဲ မစဉ်းမစား ပြန်ဆပ်ချင်ခဲ့တယ်။ တကယ်ကို အရူးမိုက်လိုက်တာ။ ဒီအကြောင်းကို နားလည်သွားတော့ ကျွန်မစိတ်ထဲမှာ ပိုပြီး လွတ်မြောက်သွားတယ်။ အမေ့အပေါ်ထားတဲ့ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုကို တဖြည်းဖြည်းချင်း လက်လွှတ်နေတုန်းမှာပဲ ကျွန်မရဲ့သမီးဆီက စာတစ်စောင် လက်ခံရရှိခဲ့တယ်။ သူက အသင်းတော်မှာ တာဝန်တစ်ခု စတင်ထမ်းဆောင်နေပြီဖြစ်ပြီး အမေကလည်း ကျန်းမာတယ်၊ အိမ်မှာ ပုံမှန်စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုနေတယ်လို့ ဆိုတယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်မ ဘယ်လိုမှဖော်ပြလို့မရအောင်ပဲ အရမ်းကို တို့ထိခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ စိတ်ထဲမှာ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ သမီးအတွက် ကိုယ်တော်စီစဉ်ပေးခဲ့သမျှအားလုံးက အရမ်းကောင်းတယ်ဆိုတာ သမီးမြင်ရပါပြီ၊ ကိုယ်တော့်ရဲ့ ဒီလောက်ကြီးမားတဲ့ မေတ္တာနဲ့ သနားကရုဏာကို ခံယူဖို့ သမီး တကယ်ကို မထိုက်တန်ပါဘူး။ ကိုယ်တော့်အပေါ် လုံလောက်တဲ့ ယုံကြည်ခြင်း မရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းပါတယ်။ ချစ်ရတဲ့ ဘုရားသခင်၊ သမီး အကြွေးအတင်ဆုံးက ကိုယ်တော်ပါပဲ။ ဒီနေ့ကစပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ စိတ်နှလုံးကို အတည်တကျထားပြီး ကိုယ်တော့်ကို စိုးရိမ်ပူပန်အောင် မလုပ်တော့ပါဘူး” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ပြီး အမေ့အပေါ် အကြွေးတင်သလို ခံစားရတဲ့ ကျွန်မရဲ့ အခြေအနေက လုံးဝ ပြေလည်သွားခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူအချို့သည် ဘုရားသခင်ကို ယုံကြည်ကာ မိမိတို့ တာဝန်များကို ထမ်းဆောင်ကြသောကြောင့် မိမိတို့၏ မိသားစုများကို စွန့်လွှတ်ကြသည်။ ဤအရာကြောင့် ၎င်းတို့ လူသိများလာကြပြီး အစိုးရက ၎င်းတို့၏ အိမ်ကို မကြာခဏ ရှာဖွေကြသည်၊ ၎င်းတို့၏ မိဘများကို အနှောင့်အယှက်ပေးကြပြီး ၎င်းတို့ကို လွှဲအပ်ရန် ၎င်းတို့၏ မိဘများကိုပင် ခြိမ်းခြောက်ကြလေသည်။ ၎င်းတို့၏ အိမ်နီးချင်းများအားလုံးက ‘ဤလူတွင် အသိစိတ် မရှိပါ။ သူသည် မိမိ၏ သက်ကြီးရွယ်အို မိဘများကို ဂရုမစိုက်ပါ။ သူသည် သားသမီးဝတ်မကျေပွန်ရုံမက မိမိ၏ မိဘများအတွက် ဒုက္ခများစွာလည်း ဖြစ်စေသည်။ သူသည် သားသမီးဝတ် မကျေပွန်သော သားသမီးတစ်ဦး ဖြစ်သည်’ဟု ဆိုလျက် ၎င်းတို့နှင့်ပတ်သက်၍ ပြောဆိုကြလေသည်။ ဤစကားများထဲမှ တစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သို့ရာတွင် ဘာသာတရားမရှိသူများ၏ အမြင်တွင် ဤစကားများအားလုံးကို မှန်ကန်သည်ဟု ယူဆထားကြသည် မဟုတ်လော။ ဘာသာတရားမရှိသူများကြားတွင် ဤသည်မှာ သဘာဝအကျဆုံးနှင့် ယုတ္တိအတန်ဆုံး ရှုမြင်ပုံရှုမြင်နည်း ဖြစ်ကာ ယင်းသည် လူ့ကျင့်ဝတ်များနှင့် ကိုက်ညီသကဲ့သို့ လူသား အပြုအမူ၏ စံနှုန်းများနှင့်အညီဖြစ်သည်ဟု တွေးထင်ကြလေသည်။ ဤစံနှုန်းများတွင် မိဘများကို သားသမီးဝတ်နှင့်ညီသော ရိုသေလေးစားမှု မည်သို့ပြရမည်၊ ၎င်းတို့၏ အိုမင်းသော အရွယ်တွင် ၎င်းတို့ကို မည်သို့ စောင့်ရှောက်ကာ ၎င်းတို့၏ အသုဘကိစ္စများအား စီစဉ်ပေးရမည် သို့မဟုတ် ၎င်းတို့ကို မည်မျှ ပြန်ကျေးဇူးဆပ်ရမည်ဆိုသည်နှင့်၊ ဤစံနှုန်းများက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်တို့ကဲ့သို့သော အကြောင်းအရာ မည်မျှ ပါဝင်သည်ဖြစ်စေ ဘာသာတရားမရှိသူများ၏ အမြင်တွင် ထိုအရာများသည် အပြုသဘောဆောင်သော အရာများဖြစ်သည်၊ အပြုသဘောဆောင်သော စွမ်းအင်ဖြစ်သည်၊ ထိုအရာများက မှန်ကန်ပြီး လူအုပ်စုအားလုံးအတွင်းတွင် အပြစ်ကင်းသော အရာအဖြစ် ယူဆထားကြလေသည်။ ဘာသာတရားမရှိသူများကြားတွင် ဤသည်တို့မှာ လူတို့ အသက်ရှင်ရမည့် စံနှုန်းများဖြစ်ပြီး သင့်အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် လုံလုံလောက်လောက် ကောင်းမွန်ရန် ဤအရာများကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင် ယုံကြည်ကာ သမ္မာတရားကို နားမလည်မီတွင် ထိုသို့သော အပြုအမူသည် လူကောင်းတစ်ဦးဖြစ်ခြင်းဖြစ်သည်ကို သင်လည်း ခိုင်ခိုင်မာမာ ယုံကြည်ခဲ့သည် မဟုတ်လော။ (ယုံကြည်ခဲ့ပါသည်။) ထို့အပြင် သင်သည် မိမိကိုယ်ကို ဆန်းစစ်ရန် နှင့် မိမိကိုယ်ကို ချုပ်တည်းရန် ဤအရာများကို အသုံးပြုခဲ့ပြီး ဤလူစားမျိုးဖြစ်ရန် သင့်ကိုယ်သင် တောင်းဆိုခဲ့သည်။...သို့ရာတွင် ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ တရားဒေသနာများကို သင် နားထောင်ပြီးသည့်နောက်တွင် သင်၏ ရှုထောင့် စတင်ပြောင်းလဲခဲ့ပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အရာရာကို သင် စွန့်လွှတ်ရမည်ဆိုသည်နှင့် ဘုရားသခင်က လူတို့ကို ဤသို့ပြုမူနေထိုင်ရန် တောင်းဆိုသည်ဆိုသည်တို့ကို သင် နားလည်ခဲ့ပေသည်။ အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းက သမ္မာတရားဖြစ်သည်ကို သင် မသေချာမီတွင် သင်၏ မိဘများကို သင် သားသမီးဝတ် ကျေပွန်သင့်သည်ဟု သင် တွေးထင်ခဲ့သော်လည်း အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို သင် ထမ်းဆောင်သင့်သည်ကိုလည်း ခံစားခဲ့ရပြီး စိတ်ထဲတွင် ဒွိဟဖြစ်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အဆက်မပြတ် ရေလောင်းပေးခြင်းနှင့် ထိန်းကျောင်းပေးခြင်းမှတစ်ဆင့် သင်သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာခဲ့ပြီး ထိုအချိန်တွင် အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး တရားသည်ဟု သင် သဘောပေါက်ခဲ့ပေသည်။ ယနေ့ထက်ထိတိုင် လူများစွာတို့သည် သမ္မာတရားကို လက်ခံနိုင်ကြပြီးဖြစ်ကာ လူ၏ ရိုးရာ အယူအဆများနှင့် စိတ်ကူးများမှ အပြုအမူစံနှုန်းများကို လုံးဝ စွန့်ပစ်နိုင်ကြပြီးဖြစ်သည်။ ဤအရာများကို သင် လုံးဝ လက်လွှတ်လိုက်သည့်အခါ ဘုရားသခင်နောက်လိုက်ပြီး အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် ဘာသာတရားမရှိသူများထံမှ ဝေဖန်မှုနှင့် ရှုတ်ချမှု စကားများ၏ ဘောင်ခတ်ခြင်းကို သင် မခံရတော့သကဲ့သို့ ယင်းတို့ကို သင် အလွယ်တကူ စွန့်ပယ်နိုင်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။)ယခုအချိန်၌ ဘုရားသခင်က အလုပ်လုပ်နေသောကြောင့်၊ ဤအမှန်တရားများ အားလုံး၏ အဖြစ်မှန် လူတို့အား ပြောပြရန်၊ ၎င်းတို့အား သမ္မာတရားကို နားလည်စေဖို့ ထောက်ကူပေးရန် သမ္မာတရားကို ဖော်ပြနေသောကြောင့် သမ္မာတရားကို သင်နားလည်ပြီးနောက်တွင် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် အမြင်များသည် သင့်အပေါ် ဝန်လေးစေမည်မဟုတ်တော့ပေ။ ပြီးလျှင် ယင်းတို့သည် သင့်မိဘများနှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်ရန်နည်းလမ်းအတွက် လမ်းညွှန်အဖြစ် အသုံးတည့်တော့မည် မဟုတ်တော့ပေ။ ဤအခြေအနေတွင် သင်၏ဘဝသည် ပို၍ စိုးရိမ်သောက ကင်းလိမ့်မည်။ စိုးရိမ်သောကကင်းသောဘဝကို နေထိုင်ခြင်းက သင်သည် သင်၏တာဝန်များနှင့် ဝတ္တရားများကို သိမည်မဟုတ်ဟု မဆိုလိုပေ။ ဤအရာများကို သင်သိဦးမည်ဖြစ်သည်။ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ချဉ်းကပ်ရန်အတွက် မည်သည့်ရှုထောင့်နှင့် နည်းလမ်းများကို သင်ရွေးချယ်သည်ဆိုသည့်အပေါ်သာ မူတည်သည်။ လမ်းကြောင်းတစ်ခုမှာ ခံစားချက်များနှင့် သက်ဆိုင်သော လမ်းကို ရွေးချယ်ရန်ဖြစ်ပြီး စိတ်ခံစားချက်ဆိုင်ရာ နည်းလမ်းများအပြင် စာတန်က လူကို လမ်းညွှန်သည့် နည်းလမ်း၊ အယူအဆ၊ အမြင်များကို အခြေခံပြီး ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်။ အခြားလမ်းမှာ ဘုရားသခင်က လူကို သွန်သင်ပေးခဲ့သည့် နှုတ်ကပတ်တော်များအပေါ် အခြေခံပြီး ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။...သင်က မှန်ကန်ပြီး ဘုရားသခင်ထံမှလာသော သမ္မာတရားစည်းမျဉ်း၊ အယူအဆ၊ သို့မဟုတ် အမြင်ကို လိုက်နာလျှင် သင့်ဘဝက အလွန်ပင် စိုးရိမ်သောကကင်းလိမ့်မည်။ လူထုအမြင်၊ သို့မဟုတ် သင့်အသိစိတ်၏ သိမြင်မှု၊ သို့မဟုတ် သင့်ခံစားချက်များ၏ ဝန်ထုပ်ဝန်ပိုးတို့က သင့်မိဘများနှင့် သင်၏ဆက်ဆံရေးအား သင်ကိုယ်တွယ်သည့်ပုံစံကို ဟန့်တားတော့မည်မဟုတ်ပေ။ ယှဉ်ကြည့်လျှင် ဤအရာများသည် သင့်အား ဤဆက်ဆံရေးကို မှန်ကန်ပြီး ဆင်ခြင်တုံတရားရှိသောနည်းဖြင့် ရင်ဆိုင်နိုင်အောင် ထောက်ကူပေးလိမ့်မည်။ သင်သည် ဘုရားသခင်က လူအား ပေးအပ်ခဲ့သော သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်လျှင် လူတို့က သင့်နောက်ကွယ်၌ သင့်အား ဝေဖန်လျှင်ပင် သင်သည် ငြိမ်သက်ခြင်းကို ခံစားရပြီး သင်၏ စိတ်နှလုံးအတွင်းထဲတွင် တည်ငြိမ်မှုရှိလိမ့်မည်။ ပြီးလျှင် သင့်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သင်သည် စာနာစိတ်မရှိသော ကျေးဇူးကန်းသူတစ်ယောက်ဖြစ်ခြင်းအတွက် သင့်ကိုယ်သင် ဒေါသဖြင့် ဝေဖန်ပြောဆိုမည်မဟုတ်၊ သို့မဟုတ် သင့်စိတ်နှလုံးအတွင်းထဲ၌ လိပ်ပြာမလုံခြင်းကို ခံစားရမည်မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏ လုပ်ဆောင်မှုများအားလုံးသည် ဘုရားသခင်က သင့်အား သွန်သင်ပေးခဲ့သော နည်းလမ်းများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်ကိုလည်းကောင်း၊ သင်သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး ကျိုးနွံနာခံနေကာ သူ၏ လမ်းခရီးနောက်သို့ လိုက်နေသည်ကိုလည်းကောင်း သင်သိမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အား နားထောင်ခြင်းနှင့် သူ၏ လမ်းခရီးနောက်သို့ လိုက်ခြင်းသည် အားလုံးထဲတွင် လူတို့ အပိုင်ဆိုင်သင့်ဆုံးသော အသိစိတ်ဖြစ်သည်။ ဤအရာများကို သင်လုပ်ဆောင်နိုင်သောအခါမှသာ သင်သည် စစ်မှန်သော လူတစ်ယောက် ဖြစ်လိမ့်မည်။ သင်သည် ဤအရာများကို မဖြစ်မြောက်ခဲ့လျှင် သင်သည် စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ကျွန်မရဲ့ အမြင်ရှုထောင့်က မပြောင်းလဲသေးလို့ အမေ့အပေါ် အကြွေးတင်တယ်လို့ အမြဲတမ်း ခံစားခဲ့ရတာပါ။ ကျွန်မ ဘုရားကိုမယုံကြည်ခင်တုန်းက “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏” တို့၊ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” တို့လိုမျိုး စာတန်ရဲ့ ရိုးရာအတွေးအခေါ်တွေကို လက်ခံခဲ့တယ်။ ဒီလောကမှာနေထိုင်တဲ့ လူတစ်ယောက်အနေနဲ့ မိဘအပေါ် သားသမီးဝတ်ကျေပွန်တာကို ကိုယ့်ကျင့်ကြံပြုမူခြင်းရဲ့ အရေးကြီးဆုံး စည်းမျဉ်းအဖြစ် သတ်မှတ်သင့်တယ်၊ ဒါကိုမလုပ်နိုင်ရင် လူလို့ခေါ်ခံရဖို့တောင် မထိုက်တန်ဘူးလို့ ကျွန်မယုံကြည်ခဲ့တယ်။ ဒီအကြောင်းကြောင့်ပဲ အိမ်ထောင်ရေးနဲ့ပတ်သက်လာရင် မိဘတွေရဲ့ ဆန္ဒကိုနာခံပြီး ခင်ပွန်းကို ကျွန်မနဲ့အတူ မိဘတွေကို စောင့်ရှောက်ဖို့ အိမ်မှာလိုက်နေစေခဲ့တယ်။ ဘုရားကို စယုံကြည်ပြီးတဲ့နောက်မှာလည်း ဒီအမြင်တွေနဲ့ပဲ ကျွန်မ ဆက်ပြီးအသက်ရှင်ခဲ့တယ်။ ခင်ပွန်းက အမေ့ကို ညှဉ်းပန်းနှိပ်စက်နေတာကို မြင်ရတဲ့အခါ သမီးတစ်ယောက်အနေနဲ့ အမေ့ကို ကျွန်မနဲ့အတူ ပျော်ရွှင်အောင် မထားနိုင်တဲ့အပြင် အဲဒီအစား ကျွန်မကြောင့် ဒုက္ခရောက်စေတယ်လို့ ကျွန်မ သူ့အပေါ်မှာ တာဝန်မကျေခဲ့ဘူးလို့ ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ခင်ပွန်းက ကျွန်မကို ညှဉ်းပန်းပြီး ပြဿနာရှာလို့ အခြေအနေကို ထိန်းသိမ်းဖို့ အိမ်မှာပဲ နေခဲ့ရတယ်။ ကျွန်မကြောင့် အမေ ဒုက္ခအများကြီးရောက်နေတာကို မြင်ရတော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးအပြစ်တင်မိပြီး ကိုယ့်တာဝန်တွေကို ဆက်မထမ်းဆောင်ချင်တော့ဘူး။ ဒီရိုးရာအတွေးအခေါ်တွေက မမြင်ရတဲ့ ကြိုးတွေလိုပဲ ကျွန်မကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားခဲ့ပြီး ကိုယ့်တာဝန်နဲ့ပတ်သက်လာရင် အကြိမ်ကြိမ် အလျှော့ပေးစေခဲ့တယ်။ ဒါတွေက ကျွန်မရဲ့ အသက်တာကြီးထွားရင့်ကျက်မှု လိုက်စားရာမှာ အတားအဆီးတစ်ခု ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့နေချိန်မှာ အမေ ကူးစက်ခံရပြီး သူ့ကို အိပ်ရာထဲမှာ ပြုစုစောင့်ရှောက်နိုင်တာမျိုး မရှိမှာကို စိုးရိမ်ပြီး သူ့အပေါ် အကြွေးတင်သလို ခံစားခဲ့ရတယ်။ အမေ့အပေါ် သားသမီးဝတ်ကျေပွန်ဖို့ အခွင့်အရေးမပေးတဲ့အတွက် ဘုရားသခင်ကိုတောင် စောဒကတက်မိခဲ့တယ်။ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” နဲ့ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏။” ဆိုတဲ့ စာတန်သွတ်သွင်းပေးခဲ့တာတွေကို ကျွန်မ အခုမှပဲ ရှင်းရှင်းလင်းလင်း မြင်လာတယ်။ ဒီအရာတွေက သမ္မာတရားကို သိနေပေမဲ့ လိုက်စားလိုစိတ် ပျောက်ဆုံးစေရုံတင်မကဘဲ ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်စေခဲ့တယ်။ စာတန်က တကယ်ကို ကောက်ကျစ်ဆိုးယုတ်တယ်၊ စက်ဆုပ်စရာကောင်းတယ်၊ မကောင်းကြံတယ်၊ ကျွန်မ သူ့ကြောင့် တကယ်ကို ဒုက္ခရောက်ခဲ့ရတာ။ တကယ်တော့ ဘုရားကိုယုံကြည်ခြင်းလမ်းကြောင်းမှာ အမေနဲ့အတူ လျှောက်လှမ်းခွင့်မရအောင် တားဆီးခဲ့တဲ့ တကယ့်တရားခံအစစ်အမှန်တွေက တရုတ်ကွန်မြူနစ်ပါတီနဲ့ စာတန်နတ်ဆိုးပဲ။ ဘုရားကိုယုံကြည်တဲ့သူတွေက ကိုယ့်မိသားစုကို မလိုချင်လို့ တာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်သွားကြတာမဟုတ်ဘူး၊ ကျွန်မတို့ ရက်စက်လို့လည်း မဟုတ်ဘူး၊ ကောက်ကျစ်ဆိုးယုတ်တဲ့ စီစီပီက လူတွေကို စစ်မှန်တဲ့ ဘုရားသခင်နောက်လိုက်ပြီး မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်ခွင့်မပေးလို့ပဲ။ သူတို့က အသင်းတော်ကို နာမည်ဖျက်ဖို့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ ဖြန့်တယ်၊ ဒါကြောင့် ဘာသာတရားမရှိတဲ့ မိသားစုဝင်တွေကလည်း ကျွန်မတို့ကို ညှဉ်းပန်းပြီး တားဆီးကြတာပေါ့။ ဒါပေမဲ့ ကျွန်မကတော့ နားဝေတိမ်တောင်ဖြစ်ပြီး ချင့်ချိန်နိုင်စွမ်းမရှိခဲ့ဘူး၊ စာတန်ရဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်ခဲ့ဘူး၊ ဘုရားသခင်ရဲ့ အစီအစဉ်တွေက မသင့်တော်ဘူးလို့တောင် စောဒကတက်မိခဲ့တယ်။ ကျွန်မ တကယ်ကို အမှားနဲ့အမှန်ကို မခွဲခြားနိုင်ခဲ့ဘူးပဲ။ ဒီရိုးရာအတွေးအခေါ်တွေရဲ့ ချည်နှောင်တာနဲ့ အထင်အမြင်မှားစေတာကို ကျွန်မ ဆက်ပြီးမခံနိုင်တော့ဘူး၊ အမေ့ကို ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ဆက်ဆံရတော့မယ်။ အမေနဲ့ ကျွန်မ နှစ်ယောက်လုံးက ဖန်ဆင်းခံတွေဖြစ်ပြီး ကျွန်မတို့နှစ်ယောက်လုံး ဘုရားကိုယုံကြည်နိုင်တယ်၊ ဘုရားနောက်လိုက်နိုင်တယ်၊ ဖန်ဆင်းခံတွေရဲ့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ အသက်ရှင်နေကြတာပဲ။ ဒါက ဘုရားသခင် ကျွန်မတို့ကို ပေးသနားထားတဲ့ ကြီးမားလှတဲ့ ချီးမြှောက်ခြင်းနဲ့ ကျေးဇူးတော်တစ်ခုဖြစ်နေပါပြီ။ ဒီဘဝမှာ ကျွန်မတို့ ပြန်တွေ့နိုင်သည်ဖြစ်စေ၊ မတွေ့နိုင်သည်ဖြစ်စေ၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ဦးဆုံး ဘုရားကို စိတ်ကျေနပ်စေတဲ့အပြင် ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ပဲ ကျွန်မဆန္ဒရှိတယ်။ ဒါတွေအားလုံးကို နားလည်သွားတဲ့အခါ အမေ့အပေါ်ထားတဲ့ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အကြွေးတင်စိတ်တွေကို လုံးဝ လက်လွှတ်လိုက်နိုင်ခဲ့တယ်။ တစ်ခါတလေ အမေ့ကို ပြန်သတိရတဲ့အခါ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ “လူတစ်ဦး ဒုက္ခခံရမည့် ပမာဏနှင့် ၎င်း၏ လမ်းကြောင်းအပေါ် ၎င်း လျှောက်လှမ်းရမည့် အကွာအဝေးကို ဘုရားသခင်က စီမံထားပြီး မည်သူမျှ အခြားတစ်ဦးတစ်ယောက်ကို တကယ် မကူညီနိုင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၆)) ပြီးတော့ ကျွန်မ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းတယ်၊ အမေ့ကို ဘုရားလက်ထဲအပ်နှံပြီး ကိုယ့်တာဝန်ထမ်းဆောင်ဖို့ စိတ်ကို ငြိမ်သက်စေခဲ့တယ်။

ဒီအတွေ့အကြုံကတစ်ဆင့် ရိုးရာယဉ်ကျေးမှုက ကျွန်မအပေါ် သက်ရောက်ခဲ့တဲ့ ချည်နှောင်မှုနဲ့ ထိခိုက်မှုတွေကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုက ရှင်းရှင်းလင်းလင်း မြင်စေခဲ့တယ်၊ အမေ့အပေါ်ထားတဲ့ စိုးရိမ်ပူပန်မှုနဲ့ အကြွေးတင်စိတ်တွေကို တဖြည်းဖြည်း လက်လွှတ်နိုင်အောင် ကူညီပေးခဲ့ပြီး စိတ်နှလုံးထဲမှာ လွတ်မြောက်ခြင်းကို ရရှိစေခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျေးဇူးတုံ့ပြန်ခြင်း ဝန်ထုပ်ဝန်ပိုးမှ လွတ်ငြိမ်းခြင်း

ကျွန်မ အသက်ကိုးနှစ်မှာ ကျွန်မအဖေ ဆုံးပါတယ်၊ ကျွန်မနဲ့ ကျန်တဲ့မောင်နှမလေးယောက်ကို အမေပဲ ကျပ်ကျပ်တည်းတည်းနဲ့ ကျွေးမွေးပြုစုခဲ့ရတယ်။...

မိခင်ကွယ်လွန်ခြင်းအရိပ်အောက်မှ လွတ်မြောက်ခြင်း

၂၀၁၂ခုနှစ်မှာ ကျွန်မတာဝန်ကိုလုပ်တဲ့အတွက် ကျွန်မက ရဲတွေဖမ်းတာခံခဲ့ရပြီး ထောင်ငါးနှစ်ချခံခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မအမေက အသက် ၆၀...

ကျွန်မအဖေ့အနားမှာ ပြုစုစောင့်ရှောက်ဖို့ မဖြစ်နိုင်တဲ့အခါ

လန်ယွီ၊ တရုတ်ပြည်ဆောင်းရာသီရဲ့ နေ့လယ်ခင်းနေရောင်ခြည်က နူးညံ့ပြီး နွေးထွေးနေတယ်။ ပြတင်းပေါက်ကနေတစ်ဆင့် အပင်တွေနဲ့ ပြည့်နေတဲ့...

ကျွန်ုပ်တို့ မိဘများ၏ ပြုစုပျိုးထောင်ပေးသော ကြင်နာမှုကို မည်သို့မှတ်ယူရမည်နည်း

၂၀၁၂ မှာ ကျွန်မတို့ တစ်မိသားစုလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။