အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဆယ့်လေးခုမြောက် မိန့်မြွက်ချက်

ခေတ်ကာလများတစ်လျှောက် မည်သည့်လူသားမျှ နိုင်ငံတော်အတွင်း ဝင်ရောက်ခဲ့ခြင်း မရှိသဖြင့် မည်သူမျှ နိုင်ငံတော်ခေတ်၏ ကျေးဇူးတော်ကို ခံစားခဲ့ရခြင်း မရှိ၊ မည်သူမျှ နိုင်ငံတော်၏ ရှင်ဘုရင်ကို မြင်ဖူးခဲ့ခြင်း မရှိပေ။ ငါ့ဝိညာဉ်၏ အလင်းပေးမှုအောက်တွင် လူအများအပြားသည် နိုင်ငံတော်၏အလှကို ဗျာဒိတ်ပေးခဲ့သော်လည်း ၎င်းတို့သည် နိုင်ငံတော်၏ပြင်ပကိုသာ သိ၍ အတွင်းရှိ ၎င်း၏အဓိပ္ပာယ်ကို မသိပေ။ ယနေ့ နိုင်ငံတော်သည် မြေကြီးပေါ်တွင် တရားဝင် ဖြစ်တည်လာသည်နှင့်အမျှ လူသားမျိုးနွယ်အများစုသည် နိုင်ငံတော်ခေတ်တွင် မည်သည်ကို အထမြောက်အောင်မြင်ရမည်မှန်း၊ လူသားသည် မည်သည့်လောကသို့ အဆုံးတွင် ခေါ်ဆောင်ခြင်း ခံရမည်မှန်း မသိကြသေးပေ။ ဤအကြောင်းနှင့်ပတ်သက်၍ ပြောရမည်မှာ အားနာသော်လည်း လူသားအားလုံးသည် ဇဝေဇဝါ အနေအထားတွင် ရှိနေကြသည်။ နိုင်ငံတော်ကို အပြည့်အစုံ အကောင်အထည်ဖော်သည့် နေ့ရက်သည် အပြည့်အဝရောက်မလာသေးသဖြင့် လူသားအားလုံးသည် စိတ်ရှုပ်ထွေးလျက် ရှင်းလင်းစွာ မမြင်နိုင်ပေ။ ဘုရားသဘောသဘာဝ၌ ငါ၏အမှုသည် နိုင်ငံတော်ခေတ်ဖြင့် တရားဝင်စတင်၏။ နိုင်ငံတော်ခေတ် တရားဝင်စတင်ခြင်းဖြင့် ငါ၏ စိတ်နေသဘောထားသည် မိမိကိုယ်ကိုယ် လူသားအား တိုး၍စတင်ဖော်ပြ၏။ ထို့ကြောင့် ဤအချိန်တွင် သန့်ရှင်းသော တံပိုးခရာသည် တရားဝင် စတင်မြည်၍ အားလုံးအား ကြေညာ၏။ ငါသည် ငါ၏တန်ခိုးကို တရားဝင်ယူ၍ နိုင်ငံတော်တွင် ရှင်ဘုရင်အဖြစ် အုပ်စိုးသည့်အခါ ငါ၏လူတို့အားလုံးသည် အချိန်ကြာလာသည်နှင့်အမျှ ငါ့အားဖြင့် ပြည့်စုံစေခြင်းခံရလိမ့်မည်။ လောကနိုင်ငံအားလုံး ဖရိုဖရဲပြိုကွဲခြင်း ခံရသည့်အခါသည် ငါ၏နိုင်ငံတော်တည်ထောင်၍ ပုံဖော်ခြင်းခံရမည့်အချိန် အတိအကျဖြစ်လျက် ငါသည်လည်း ပုံသဏ္ဌာန်ပြောင်းလဲခြင်းခံရ၍ စကြဝဠာတစ်ခုလုံးသို့ လှည့်သည့်အချိန်အတိအကျလည်း ဖြစ်၏။ ထိုအချိန်တွင် လူတို့အားလုံးသည် ငါ၏ဘုန်းကြီးသော မျက်နှာကို၊ ငါ၏စစ်မှန်သော မျက်နှာကို မြင်ကြရလိမ့်မည်။ လောကကိုဖန်ဆင်းချိန်မှ လက်ရှိအချိန်အထိ လူသားမျိုးနွယ်သည် ယနေ့တည်ရှိနေသည့်အတိုင်းအတာအထိ စာတန်၏ဖျက်ဆီးခြင်း ခံခဲ့ရ၏။ လူသား၏ဖောက်ပြန်ပျက်စီးမှုဖြင့် ငါသည် လူသားများထံမှ တိုး၍ကွယ်ဝှက်ထားခြင်း ခံရလျက် ၎င်းတို့အတွက် တိုး၍ မတွေးတတ်အောင် နက်နဲလာခဲ့၏။ လူသားသည် ငါ၏စစ်မှန်သောမျက်နှာကို မည်သည့်အခါကမျှ မမြင်ဖူးခဲ့၊ မည်သည့်အခါမျှ ငါနှင့် တိုက်ရိုက်ဆက်ဆံခဲ့ဖူးခြင်း မရှိခဲ့ပေ။ ကြားစကားနှင့် ဒဏ္ဍာရီ၌သာ လူသား၏စိတ်ကူးရှိ “ငါ” တစ်ဦး ရှိခဲ့သည်။ ထို့ကြောင့် ငါသည် နှစ်ပေါင်းများစွာ လူသားတို့ လက်ခံထားသည့် “ငါ့” အနေအထားကို ငါမှ ပြောင်းလဲနိုင်ရေးအတွက် ၎င်း၏စိတ်များတွင်ရှိသည့် “ငါ့” ကို ကိုင်တွယ်ရန် ငါသည် လူသား၏စိတ်ကူး၊ ဆိုလိုသည်မှာ လူသား၏ အယူအဆများနှင့် ကိုက်ညီခဲ့၏။ ဤသည်မှာ ငါ့အမှု၏ အခြေခံသဘောတရား ဖြစ်၏။ လူသားတစ်ဦးမျှ ဤသည်ကို အပြည့်အဝ သိနိုင်ခဲ့ခြင်း မရှိပေ။ လူသားတို့သည် ငါ့ထံ ဝပ်စင်းခဲ့၍ ငါ့အားဝတ်ပြုရန် ငါ့ရှေ့မှောက် လာရောက်ခဲ့သော်လည်း ငါသည် လူသား၏ ထိုကဲ့သို့သော လုပ်ဆောင်ချက်များကို မွေ့လျော်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ နှလုံးသားများတွင် ၎င်းတို့သည် ငါ၏ပုံရိပ်ကို စွဲကိုင်ထားခြင်း မရှိဘဲ ငါ၏ပြင်ပရုပ်ပုံတစ်ရပ်ကို စွဲကိုင်ထားသောကြောင့်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏စိတ်တွင် ငါ၏စိတ်နေသဘောထား ကင်းမဲ့နေကာ ၎င်းတို့သည် ငါ၏ စစ်မှန်သော မျက်နှာအကြောင်း ဘာမျှ မသိပေ။ ထို့ကြောင့် ၎င်းတို့သည် ငါ့အား ခုခံခဲ့ပြီးကြောင်း သို့မဟုတ် ငါ၏စီမံခန့်ခွဲမှုအမိန့်များကို စော်ကားခဲ့ပြီးကြောင်း ယုံကြည်သည့်တိုင် ငါသည် မသိကျိုးကျွန်ပြု၏။ ထို့ကြောင့် ၎င်းတို့၏မှတ်ဉာဏ်များတွင် ငါသည် ၎င်းတို့အား ပြစ်တင်ဆုံးမသည့် ဘုရားသခင် ဖြစ်မည့်အစား ငါသည် လူသားအပေါ် သနားကြင်နာသည့် ဘုရားသခင်၊ သို့မဟုတ် ငါသည် ပြောဆိုသည့်အတိုင်း ဆိုလိုခြင်းမရှိသည့် ဘုရားသခင်ကိုယ်တိုင်ဖြစ်နေသည်။ ဤသည်တို့သည် လူ့စိတ်မှ မွေးဖွားလာသည့် စိတ်ကူးစိတ်သန်းများဖြစ်၍ အမှန်တရားများနှင့် ကိုက်ညီခြင်း မရှိပေ။

ငါသည် တစ်ရက်ပြီးတစ်ရက် စကြဝဠာအပေါ်တွင် ရပ်လျက်လေ့လာနေကာ လူ့ဘဝကို တွေ့ကြုံခံစားရန် ငါကျိန်းဝပ်ရာအရပ်၌ ငါ့ကိုယ်ငါ ကျိုးနွံစွာ ကွယ်ဝှက်ထား၍ လူသား၏ လုပ်ဆောင်ချက်တိုင်းကို အနီးကပ် လေ့လာနေ၏။ မည်သူ့မျှ ကိုယ့်ကိုယ်ကိုယ် စစ်မှန်စွာ ငါ့အား ဆက်ကပ်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ မည်သည့်အခါမျှ သမ္မာတရားနောက် လိုက်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့အတွက် တာဝန်ကျေပွန်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့အတွက် သံန္နိဋ္ဌာန်ချမှတ်၍ သူ၏တာဝန်ကို ထမ်းဆောင်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့ကို ၎င်း၏အတွင်း ကျိန်းဝပ်ခွင့်မပြုခဲ့ဖူးချေ။ မည်သူမျှ သူကိုယ်တိုင်၏ အသက်ကို တန်ဖိုးထားသမျှ ငါ့ကို တန်ဖိုးထားခဲ့ခြင်း မရှိပေ။ လက်တွေ့ကျသောအမှန်တရားတွင် မည်သူမျှ ငါ၏ဘုရားသဘောသဘာဝ တစ်ရပ်လုံးကို တွေ့ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ လက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်နှင့် ထိတွေ့နေရန် လိုလိုလားလား မရှိခဲ့ဖူးချေ။ ရေတို့သည် လူသားတို့အား တစ်ကိုယ်လုံး မျိုချသည့်အခါ ငါသည် ၎င်းတို့အား ရေသေမှကယ်တင်၍ အသစ်သော အသက်တာရရှိရန် အခွင့်အရေးတစ်ရပ်ပေး၏။ လူသားတို့သည် အသက်ရှင်နေနိုင်ရန် ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ပျောက်ဆုံးသည့်အခါ၊ ၎င်းတို့သည် ငါ့အား ၎င်းတို့၏ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်အဖြစ် ခံယူရန် ငါသည် ၎င်းတို့အား မရဏချောက်ကမ်းပါးမှ ဆွဲတင်၍ ၎င်းတို့အား အသက်ရှင်နေထိုင်ရန် ရဲစွမ်းသတ္တိပေး၏။ လူသားတို့ ငါ့ကို မနာခံသောအခါ၊ ငါသည် ၎င်းတို့အား ၎င်းတို့၏ မနာခံမှု၌ ငါ့ကိုသိစေ၏။ လူသားမျိုးနွယ်၏ သဘာဝဟောင်းနှင့် ငါ၏ကရုဏာကို ထည့်သွင်းစဉ်းစားလျက် လူသားတို့အား ကွပ်မျက်မည့်အစား ငါသည် ၎င်းတို့ကို နောင်တရ၍ အသစ်စခွင့်ပြု၏။ လူသားတို့သည် ငတ်မွတ်ခြင်းဒုက္ခခံရသည့်အခါ ၎င်းတို့ အသက်တစ်ချက်ကျန်နေသမျှ ငါသည် ၎င်းတို့အား မရဏမှ ဆွဲနုတ်၍ ၎င်းတို့အား စာတန်၏လှည့်ဖြားမှု၏ သားကောင် မဖြစ်စေရန်ကာကွယ်၏။ လူတို့သည် ငါ၏လက်များကို အကြိမ်ရေမည်မျှ တွေ့ခဲ့ပြီးပြီနည်း။ ငါ၏ကြင်နာသောမျက်နှာ၊ ငါ၏ ပြုံးနေသောမျက်နှာကို ၎င်းတို့ အကြိမ်ရေမည်မျှ တွေ့ခဲ့ပြီးပြီနည်း။ ထို့အပြင် ၎င်းတို့သည် ငါ၏ဘုန်းအာနုဘော်၊ ငါ၏အမျက်ဒေါသတို့ကို အကြိမ်ရေမည်မျှ တွေ့ခဲ့ပြီးပြီနည်း။ လူသားမျိုးနွယ်သည် ငါ့ကို မည်သည့်အခါကမျှ မသိခဲ့ဖူးသော်လည်း မလိုအပ်သောဒုက္ခပေးရန် ငါသည် ၎င်းတို့၏အားနည်းချက်ကို အသုံးချခြင်း မပြုပေ။ လူသားမျိုးနွယ်၏ အခက်အခဲများကို တွေ့ကြုံခံစားသဖြင့် ငါသည် လူသား၏အားနည်းချက်ကို စာနာ၏။ လူသား၏ မနာခံမှု၊ ၎င်းတို့၏ ကျေးဇူးကန်းမှုကို တုံ့ပြန်သည့်အနေဖြင့်သာ ငါသည် အတိုင်းအတာ အမျိုးမျိုးဖြင့် ပြစ်တင်ဆုံးမမှုကို ချပေး၏။

လူသားတို့အလုပ်များနေသည့်အခါများတွင် ငါသည် ငါ့ကိုယ်ငါဖုံးကွယ်ထားလျက် ၎င်းတို့ အားလပ်သည့်အခါများတွင် ငါ့ကိုယ်ငါ ထုတ်ဖော်၏။ လူသားမျိုးနွယ်သည် ငါ့အား သဗ္ဗညုတဉာဏ် ရှိ၍ တောင်းခံချက်အားလုံးကိုပေးသည့် ဘုရားသခင်ကိုယ်တိုင်ဖြစ်သည်ဟု စိတ်ကူးကြ၏။ ထို့ကြောင့် ၎င်းတို့ အများစုသည် ဘုရားသခင်၏အကူအညီ တောင်းခံရန်သာ ငါ့ရှေ့မှောက်လာကြ၍ ငါ့ကို သိလိုသော ဆန္ဒကြောင့် လာကြခြင်း မဟုတ်ပေ။ ဖျားနာမှုဖြင့် မချိတင်ကဲခံစားနေရသည့်အခါ လူသားတို့သည် ငါ၏အကူအညီကို အရေးတကြီးတောင်းခံကြ၏။ ဒုက္ခရောက်သည့်အခါ ၎င်းတို့သည် ၎င်းတို့၏ဒုက္ခကို ပိုမိုကောင်းမွန်စွာဖယ်ရှားနိုင်ရန် ၎င်းတို့ကိုယ်စွမ်းရှိသမျှဖြင့် ၎င်းတို့၏အခက်အခဲများကို ငါ့အား အသိပေးကြ၏။ သို့ရာတွင် လူသားတစ်ဦးမျှ ၎င်းတို့သက်သောင့်သက်သာရှိစဉ်တွင်လည်း ငါ့ကို မချစ်နိုင်ခဲ့ပေ။ ၎င်းတို့ ငြိမ်းချမ်းလျက် ပျော်ရွှင်နေသည့်အချိန်တွင် ငါသည် ၎င်းတို့၏ဝမ်းမြောက်ခြင်း၌ ပါဝင်ခံစားနိုင်ရန် လူသား တစ်ဦးမျှ ငါ့အား ဆက်သွယ်ခဲ့ခြင်းမရှိပေ။ ၎င်းတို့၏မိသားစုအရင်းအချာသည် ပျော်ရွှင်၍ နေကောင်းနေသည့်အခါ လူသားသည် ငါ့အား ဘေးဖယ်ထားပြီးဖြစ်သည်။ သို့မဟုတ် ငါ့အား ဝင်ရောက်ခြင်းမှ တားမြစ်လျက် တံခါးပိတ်ထားကာ ကျေးဇူးတော်ကြောင့် ရရှိသည့် ထိုမိသားစု၏ ဝမ်းမြောက်ခြင်းကို ဤသို့ခံစားနေကြ၏။ လူ့စိတ်သည် ကျဉ်းမြောင်းလွန်း၏။ ငါကဲ့သို့ ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝလျက်၊ သနားကြင်နာကာ ကိုင်တွယ်ထိတွေ့နိုင်သည့် ဘုရားသခင်ကို စွဲကိုင်ရန်ပင် ကျဉ်းမြောင်းလွန်းလှ၏။ လူသားတို့၏ ဝမ်းမြောက်စရာရယ်မောချိန်တွင် ငါသည် အကြိမ်မည်မျှ ငြင်းပယ်ခံရခဲ့သနည်း။ ၎င်းတို့ ခလုတ်တိုက်သည့်အခါ ငါသည် အထောက်အကူအဖြစ် လူသားတို့၏ မှီခိုအားထားခြင်းကို အကြိမ်မည်မျှ ခံခဲ့သနည်း။ နာမကျန်းမှုခံစားနေရသော လူသားတို့မှ ငါ့အား ဆရာဝန်အခန်းကဏ္ဍသို့ အတင်းအကျပ် ပြုစေခြင်းကို အကြိမ်မည်မျှ ငါခံခဲ့သနည်း။ လူသားမျိုးနွယ်သည် ရက်စက်လှ၏။ လျော်ကန်မှုလုံးဝ မရှိဘဲ လုံးဝအကျင့်ပျက်၏။ လူသားတို့တွင် ပါရှိသည်ဟုဆိုသော ခံစားမှုများကိုပင် ၎င်းတို့၌ တွေ့နိုင်ခြင်းမရှိပေ။ ၎င်းတို့တွင် လူသား၏လက်ရာမှန်သမျှ ကင်းမဲ့လုနီးပါးဖြစ်၏။ အတိတ်ကို စဉ်းစား၍ ပစ္စုပ္ပန်နှင့် နှိုင်းယှဉ်လော့။ သင်တို့အထဲ၌ အပြောင်းအလဲများ ဖြစ်ပေါ်နေသလော။ ပစ္စုပ္ပန်တွင် ၎င်းအတိတ်သည် သာ၍လျော့နည်းစွာ ပါဝင်နေသလော။ သို့မဟုတ် ၎င်းအတိတ်ကို အစားမထိုးရသေးသလော။

ငါသည် တောင်ကုန်းပေါ်နှင့် ချိုင့်ဝှမ်းအောက်ကို ဖြတ်ကျော်ခဲ့ကာ လောက၏အတက်အကျကို တွေ့ကြုံခဲ့ပြီး ဖြစ်၏။ လူသားတို့အကြား ငါသည် သွားလာခဲ့၍ လူသားတို့အကြား ငါသည် နှစ်များစွာ နေထိုင်ခဲ့ပြီးဖြစ်သော်လည်း လူသားမျိုးနွယ်၏ စိတ်သဘောထားသည် အနည်းငယ်သာ ပြောင်းလဲခဲ့ပုံ ရသည်။ ထို့အပြင် လူသား၏သဘာဝဟောင်းသည် ၎င်းတို့၌အမြစ်တွယ်လျက် ပေါက်လာသကဲ့သို့ ဖြစ်နေ၏။ ၎င်းတို့သည် မည်သည့်အခါမျှ ထိုသဘာဝဟောင်းကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ မူရင်းအခြေခံအုတ်မြစ်ကို အနည်းငယ် ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ရုံသာရှိ၏။ လူတို့ဆိုသည့်အတိုင်း အနှစ်သာရသည် ပြောင်းလဲခဲ့ခြင်း မရှိသော်လည်း ပုံသဏ္ဌာန်မူကား အလွန်ပြောင်းလဲခဲ့ပြီးဖြစ်၏။ လူတိုင်းသည် ငါ့အား လှည့်စားရန်၊ အံ့အားသင့်သွားစေရန်၊ သူသည် မသိမသာဖြတ်သွားလျက် ငါ၏ချီးမွမ်းခြင်းကို ရယူရန် ကြိုးစားနေပုံရ၏။ ငါသည် လူတို့၏လှည့်စားမှုများကို ချီးမွမ်းခြင်းလည်း မရှိ၊ သတိပြုခြင်းလည်း မရှိပေ။ ဒေါသူပုန်ထမည့်အစား ငါသည် ကြည့်နေသော်လည်း မြင်မနေသော သဘောထားကို ကျင့်သုံး၏။ ငါသည် လူသားမျိုးနွယ်အား အတိုင်းအတာတစ်ရပ်အထိ လျှော့ပေးရန်နှင့် ၎င်းနောက် လူသားအားလုံးကို တစ်ဦးတည်းအဖြစ် ကိုင်တွယ်ဖြေရှင်းရန် ကြံရွယ်ထားသည်။ လူသားအားလုံးသည် ၎င်းတို့ကိုယ်ကိုယ် လေးစားမှု မရှိဘဲ အသုံးမကျသည့် ကံဆိုးသူများ၊ ၎င်းတို့ကိုယ်ကိုယ် မြတ်နိုးမှုမရှိသူများဖြစ်သဖြင့် ငါမှ အားသစ်မာန်သစ်ဖြင့် ကရုဏာနှင့် ချစ်ခြင်းမေတ္တာပြရန်ပင် ၎င်းတို့ အဘယ်ကြောင့် လိုအပ်မည်နည်း။ ခြွင်းချက်မရှိ လူသားတို့သည် ၎င်းတို့ကိုယ်ကိုယ် ၎င်းတို့ မသိကြဘဲ ၎င်းတို့၏ဝန်ကိုလည်း မသိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလေးချိန်တိုင်းတာရန် ချိန်ခွင်ပေါ် တင်သင့်ကြသည်။ လူသားမျိုးနွယ်သည် ငါ့အား လုံးဝနာခံခြင်းမရှိ။ ထို့ကြောင့် ငါသည်လည်း ၎င်းတို့ကို အလေးအနက် သဘောမထားပေ။ လူသားတို့သည် ငါ့ကို လုံးဝဂရုမစိုက်သဖြင့် ငါသည်လည်း ၎င်းတို့အပေါ် အားထုတ်ရန် မလိုပေ။ ဤသည်မှာ လောကနှစ်ရပ်လုံးအတွက် အကောင်းဆုံးပင် မဟုတ်သလော။ ငါ့လူတို့ ဤသည်မှာ သင်တို့အပေါ် ဖော်ပြချက် မဟုတ်သလော။ ငါ့ရှေ့မှောက် သံန္နိဋ္ဌာန်များ ချမှတ်ပြီးနောက် ၎င်းတို့ကို လွှင့်ပစ်ခြင်း မပြုသူ မည်သူရှိသနည်း။ ထိုထိုသည်သည်တို့ကို မကြာခဏ ဖြေရှင်းမည့်အစား ငါ့ရှေ့မှောက် ရေရှည် သံန္နိဋ္ဌာန်ချမှတ်ခဲ့သူ မည်သူရှိသနည်း။ လူသားသည် အစဉ်ပင် သက်သောင့်သက်သာ ရှိနေချိန်များတွင် ငါ့ရှေ့မှောက် သံန္နိဋ္ဌာန်များ ချမှတ်လျက် ဒုက္ခရောက်ချိန်များတွင် ၎င်းတို့အားလုံးကို တန်ဖိုးမရှိဟု သဘောထားကြ၏။ နောက်ပိုင်းတွင် ၎င်းတို့သည် ၎င်းတို့၏ သံန္နိဋ္ဌာန်ကို ပြန်ကောက်ယူကာ ငါ့ရှေ့မှောက်ထား၏။ ငါသည် ဤမျှပင် မလေးစားထိုက်သောကြောင့် အမှိုက်ပုံမှ လူသားကောက်ယူခဲ့သည့် အမှိုက်သရိုက်ကို သာမန်ကာလျှံကာ လက်ခံမည်လော။ လူသားအနည်းငယ်သာလျှင် ၎င်းတို့၏ သံန္နိဋ္ဌာန်တို့ကို မြဲမြံစွာ စွဲကိုင်ကြ၏။ အနည်းငယ်သာ ဖြူစင်ကြကာ အနည်းငယ်သာ ၎င်းတို့၏ တန်ဖိုးအရှိဆုံးအရာကို ၎င်းတို့၏ယဇ်အဖြစ် ငါ့အား ပူဇော်ကြ၏။ သင်တို့အားလုံးသည် ဤသို့ပင် မဟုတ်သလော။ နိုင်ငံတော်ရှိ ငါ၏လူတို့မှ တစ်ဦးအနေဖြင့် သင်တို့သည် သင်တို့၏တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိပါက သင်တို့သည် ငါ၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။

၁၉၉၂ ခုနှစ် မတ်လ ၁၂ ရက်

ယခင်က:ဆယ့်သုံးခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:ဆယ့်ငါးခုမြောက် မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ