အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၃၁

လူတို့၏ စိတ်နှလုံများထဲတွင် ငါသည် ဘယ်သောအခါမျှ နေရာတစ်ခု မရှိခဲ့။ ငါသည် လူတို့ကို အမှန်တကယ် ရှာဖွေသောအခါ၊ ငါလုပ်သမျှသည် ၎င်းတို့ကို ကျေနပ်စေဖို့ရန် လုပ်ဆောင်ဘိသကဲ့သို့၊ ၎င်းတို့၏ မျက်စိများကို ဖျစ်ညှစ်ပိတ်ကာ ငါ၏ လုပ်ဆောင်ချက်များကို လျစ်လျူရှုထားကြလေသည်၊ ယင်း၏ အကျိုးရလဒ်အနေဖြင့်၊ ၎င်းတို့သည် ငါ၏လုပ်ရပ်များကို အစဉ်အမြဲ စက်ဆုပ်ကြ၏။ ယင်းမှာ ငါသည် ကိုယ့်ကိုယ်ကိုယ် သိခြင်းတစ်ခုတစ်လေမျှ မရှိသကဲ့သို့ဖြစ်သည်- "တည်ကြည်ပြီး ဖြောင့်မတ်သော" လူသား၏အထဲ၌ ဒေါသထွက်စေရင်း၊ ငါသည် လူသား၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် အမြဲကြွားရ၏။ ထို့သို့သော ဆိုးရွားသည့် အခြေအနေများအောက်တွင်၊ ငါသည် သည်းခံပြီး ငါ၏အမှုကို ဆက်ခဲ့သည်။ ထို့ကြောင့် ငါသည် လူသား အတွေ့အကြုံ၏ ချို၊ ချဉ်၊ ခါး ပြီး စူးရှသော အရသာများကို မြည်းစမ်းခဲ့ပြီဖြစ်သလို၊ ငါသည် လေ၌လာကာ မိုးနှင့်အတူ သွားပြီး မိသားစု နှိပ်စက်ညှဉ်းပန်းခံရခြင်းများကို တွေ့ကြုံပြီးဖြစ်သလို၊ ဘဝ၏ အတက်အကျများကို တွေ့ကြုံပြီးဖြစ်ကာ ခန္ဓာ ခွဲခွာခြင်း၏ နာကျင်မှုကိုလည်း ကြုံတွေ့ပြီးဖြစ်သည်ဟု ပြောခြင်းဖြစ်သည်။ သို့သော် ကမ္ဘာမြေသို့ ငါလာချိန်တွင်၊ ၎င်းတို့အတွက် ငါခံစားခဲ့ရသည့် ဆင်းရဲဒုက္ခများကြောင့် ငါ့ကို ကြိုဆိုခြင်းအစား၊ လူတို့သည် ငါ၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို "ယဉ်ယဉ်ကျေးကျေး" ငြင်းဆိုခဲ့ကြသည်။ ဤအရာကြောင့် ငါသည် မနာကျင်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ငါသည် စိတ်မထိခိုက်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ယင်းမှာ ငါသည် ဇာတိပကတိဖြစ်လာခဲ့ခြင်းက အရာအားလုံး ဤသို့အဆုံးသတ်ဖို့ရန် ဖြစ်နိုင်သလော။ အဘယ့်ကြောင့် လူသားသည် ငါ့ကို မချစ်သနည်း။ အဘယ့်ကြောင့် ငါ၏ချစ်ခြင်းမေတ္တာသည် လူသား၏ အမုန်းတရားနှင့် ဆပ်ပေးခံခဲ့ရသနည်း။ ယင်းမှာ ဤနည်းဖြင့် ငါသည် ဒုက္ခဝေဒနာခံစားဖို့ရန် မျှော်လင့်ခံထားရသည်မှာ ဖြစ်နိုင်သလော။ ကမ္ဘာမြေပေါ်က ငါ၏ ဆင်းရဲဒုက္ခကြောင့် လူတို့သည် ကိုယ်ချင်းစာ၍ မျက်ရည်များ စီးဆင်းခဲ့ကြပြီး ငါ့ဥပဒ်၏ မတရားမှုကို ကြိမ်းမောင်းကြခဲ့ပေပြီ။ သို့သော် အဘယ်သူသည် ငါ၏ စိတ်နှလုံးကို အမှန်တကယ် သိရှိခဲ့ဖူးသနည်း။ အဘယ်သူသည် ငါ၏ ခံစားချက်များကို ရိပ်မိနိုင်ဖူးသနည်း။ တစ်ချိန်က လူသားသည် ငါ့အပေါ် လေးနက်သော ချစ်ခင်ခြင်းတစ်ခု ရှိခဲ့ပြီး၊ တစ်ချိန်က ၎င်း၏ အိပ်မက်ထဲတွင် ငါ့ကို မကြာခဏ တမ်းတခဲ့ပေသည်၊ သို့သော် မြေကြီးပေါ်က လူတို့အနေဖြင့် ကောင်းကင်ဘုံက ငါ၏အလိုတော်ကို အဘယ်သို့ နားလည်နိုင်မည်နည်း။ လူတို့သည် တစ်ချိန်က ငါ၏ ဝမ်းနည်းမှု ခံစားချက်များကို ရိပ်မိသိရှိခဲ့ကြသော်လည်း၊ အဘယ်သူသည် ဒုက္ခဝေဒနာ ခံစားဖက်တစ်ဦးအနေဖြင့် ငါ၏ ဝေဒနာများကို ကိုယ်ချင်းစာတရားထားရှိဖူးပါသနည်း။ ကမ္ဘာမြေပေါ်က လူတို့၏ အသိစိတ်သည် ငါ၏ဝမ်းနည်းသော နှလုံးသားကို လှုပ်ရှားစေပြီး ပြောင်းလဲစေနိုင်သည်မှာ ဖြစ်နိုင်သလော။ ကမ္ဘာမြေပေါ်က လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများအတွင်းရှိ ပြောမထွက်နိုင်အောင် ဆိုးရွားသော ဆင်းရဲဒုက္ခအကြောင်းကို ငါ့အား မပြောနိုင်ကြသလော။ စိတ်ဝိညာဉ်များနှင့် ဝိညာဉ်တော်တို့သည် တစ်ချိန်က အချင်းချင်းအပေါ် မှီခိုခဲ့ကြသော်လည်း၊ ဇာတိပကတိ၏ အတားအဆီးများကြောင့်၊ လူတို့၏ ဦးနှောက်များသည် "ထိန်းချုပ်မှု မရှိခဲ့ပေ။" တစ်ချိန်က လူတို့ကို ငါ၏ ရှေ့မှောက်သို့ လာကြရန် ငါအသိပေးခဲ့သည်၊ သို့သော် ငါ၏ ဆင့်ခေါ်မှုများက လူတို့အား ငါတောင်းဆိုသောအရာများကို မဖြည့်ဆည်းစေခဲ့ဘဲ၊ ၎င်းတို့သည် ပြောမထွက်နိုင်အောင် ဆိုးရွားသော ဆင်းရဲဒုက္ခကို ထမ်းရွက်ရဘိသကဲ့သို့၊ ၎င်းတို့လမ်းတွင် တစ်စုံတစ်ရာ တားဆီးနေဘိသကဲ့သို့ဖြစ်ပြီး၊ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်ကာ၊ ကောင်းကင်သို့ မော့ကြည့်ရုံမျှသာ ကြည့်ကြ၏။ ထို့ကြောင့် ၎င်းတို့သည် ငါ့ကို အသနားခံတောင်းလျှောက်ကြသည့်အနေဖြင့် ၎င်းတို့၏လက်များကို ယှက်ကာ ကောင်းကင်အောက်တွင် ဦးညွှတ်ကြလေသည်။ ငါသည် သနားကရုဏာနှင့် ပြည့်စုံသောကြောင့်၊ ငါ၏ ကောင်းကြီးများကို လူတို့အကြားတွင် နှင်းအပ်ပြီး၊ မျက်စိတစ်မှိတ်အတွင်းတွင်၊ လူသားအကြား ငါကိုယ်တိုင်ကိုယ်ကျ ကြွရောက်ခြင်းအခိုက်အတန့် ရောက်ရှိလေသည်—သို့တိုင် လူသားသည် ကောင်းကင်ဘုံထံ သူ၏ ကျိန်ဆိုခြင်းကို မေ့လျော့ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဤသည်မှာ လူသား၏ နာခံမှုပင် မဟုတ်လော။ အဘယ့်ကြောင့် လူသားသည် "အတိတ်မေ့ရောဂါ" အမြဲ ခံစားရသနည်း။ ငါသည် သူ့ကို ဓားဖြင့် ထိုးခဲ့ပြီလော။ ငါသည် သူ၏ ခန္ဓာကိုယ်ကို ထုရိုက်ချခဲ့ပြီလော။ ငါ၏ နှလုံးသားတွင်းက ခံစားချက်များကို လူသားအား ငါပြော၏၊ အဘယ်ကြောင့် သူသည် ငါ့ကို အမြဲရှောင်ရှားသနည်း။ လူတို့၏ မှတ်ဉာဏ်များထဲတွင်၊ ၎င်းတို့သည် တစ်စုံတစ်ရာ ပျောက်ဆုံးပြီး မည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်သကဲ့သို့ဖြစ်သည်သာမက ၎င်းတို့၏ မှတ်ဉာဏ်များက တိကျမှန်ကန်မှုမရှိသကဲ့သို့လည်း ဖြစ်လေသည်။ ထို့ကြောင့် လူတို့သည် မေ့တတ်ခြင်းကို ၎င်းတို့၏ ဘဝများထဲ၌ အမြဲခံစားကြရပြီး၊ လူသားမျိုးနွယ်အားလုံး၏ ဘဝနေ့ရက်များက ဖရိုဖရဲဖြစ်ကြလေသည်။ သို့သော်လည်း ဤအရာကို အဘယ်သူမျှ မစီမံကြ၊ လူတို့သည် တစ်ဦးကို တစ်ဦး နင်းချေကြပြီး၊ အချင်းချင်း သတ်ဖြတ်ကြသည်ကလွဲ၍ ဘာမျှမလုပ်ကြ၊ ယင်းက ယနေ့ ဒုက္ခရောက်စေသော ကျရှုံးမှုအခြေအနေသို့ ပို့ဆောင်ပြီး၊ စကြ၀ဠာအောက် အရာအားလုံးကို ညစ်ပတ်ပေရေသော ရေနှင့် ရွှံ့နွံထဲသို့ ကယ်တင်ခြင်းအခွင့်တစ်စုံတစ်ရာ မရှိဘဲ ပြိုလဲစေလေသည်။

ခပ်သိမ်းသောလူတို့အကြား ငါလာသောအချိန်သည် လူတို့ ငါ့ကို သစ္စာရှိလာကြသော အခိုက်အတန့်ပင်ဖြစ်သည်။ ဤအချိန်တွင် အဆင်းနီသော နဂါးကြီးသည်လည်း ၎င်း၏သတ်ဖြတ်တော့မည့်လက်များကို လူတို့အပေါ် တင်ရန် စတင်ခဲ့သည်။ ငါသည် "ဖိတ်ကြားချက်"ကို လက်ခံပြီး၊ လူသားကြားတွင် "ဂုဏ်ပြုထမင်းစားပွဲ စားပွဲခုံတစ်ခု၌ ငါထိုင်" ရန် လာခဲ့သည်နှင့်အညီ လူ့ထံမှ "ဖိတ်ကြားစာ"ကို ယူဆောင်ခဲ့၏။ ငါသည် ခမ်းနားထည်ဝါသော အဝတ်အစားများဖြင့် မိမိကိုယ်ကို မဆင်မြန်းထားဘဲ လူနှင့်အတူ စားပွဲ၌ထိုင်ရန် ငါ၏ "သက်သေခံကတ်ပြား" ကိုသာ ယူဆောင်ခဲ့ခြင်းကြောင့် လူတို့သည် ငါ့ကို တွေ့သောအခါ အလေးမထားခဲ့ကြပေ။ ငါ၏ မျက်နှာတွင် စျေးကြီးသည့် မိတ်ကပ်များမရှိ၊ ငါ၏ ဦးခေါင်းတွင် ဦးရစ်သရဖူမရှိသကဲ့သို့၊ ငါ၏ ခြေများ စီးထားခဲ့သည်မှာ အိမ်တွင်းလုပ် သာမန် ဖိနပ်တစ်ရံသာဖြစ်၏။ လူတို့ စိတ်အပျက်ဆုံးသောအရာမှာ ငါ၏ နှုတ်ခမ်းတွင် နှုတ်ခမ်းနီ မရှိခြင်းဖြစ်သည်။ ထို့အပြင် ငါသည် ယဉ်ကျေးသောစကားများကို မပြောခဲ့သလို ငါ၏ လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး၏ကညစ်မဟုတ်ခဲ့ပေ၊ ယင်းအစား လူတို့ကို ငါ့နှုတ်၏ သာ၍ "ကောင်းသော" ထင်မြင်ချက်ကို ပေးခဲ့သည့် ငါ၏နှုတ်ကပတ်တော်များတစ်ခုစီက လူ၏ အတွင်းအကျဆုံး နှလုံးသားကို ထိုးဖောက်လေသည်။ အထက်ကအရာသည် ငါ့အား "အထူးဆက်ဆံမှု"တစ်ခုကို ပေးဖို့ လူတို့အတွက် လုံလောက်ခဲ့ပြီး၊ ထို့ကြောင့် ၎င်းတို့သည် ငါ့အား ထိုးထွင်းသိမြင်မှု သို့မဟုတ် ဉာဏ်အမြော်အမြင်မရှိသော ကျေးလက်ဒေသမှ ရွာသားချင်းတစ်ဦးကဲ့သို့ ဆက်ဆံခဲ့ကြ၏။ သို့တိုင် လူတိုင်း "ငွေလက်ဆောင်များ"ကို လွှဲပြောင်းပေးကြသောအခါ လူတို့သည် ငါ့ကို ဂုဏ်သရေရှိသူအဖြစ် သဘောမထားဆဲရှိခဲ့ကြသော်လည်း ၎င်းတို့၏ ဖိနပ်ခွာများကို တရွတ်တိုက်ဆွဲရင်း၊ စိတ်တိုကာ၊ ရိုလေလေးစားမှု တစ်စုံတစ်ရာမရှိဘဲ ငါ၏ရှေ့သို့ လာရုံမျှ လာခဲ့ကြ၏။ ငါ၏လက်ကို လှမ်းလိုက်သောအခါ၊ ၎င်းတို့ ချက်ချင်း အလွန်အံ့အားသင့်ကြကာ ဒူးထောက်ခဲ့ကြပြီး ကြီးသောအသံများကို ဟစ်အော်ကြ၏။ ငါ၏ "ငွေကြေးလက်ဆောင်များ" ကို ၎င်းတို့ စုသိမ်းခဲ့ကြ၏။ ပမာဏများပြားသောကြောင့် ၎င်းတို့သည် ချက်ချင်း ငါ့ကို သန်းကြွယ်သူဌေးအထင်နှင့် ငါ၏ ကိုယ်ခန္ဓာမှ ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်အစားများကို ငါ၏သဘောတူညီချက်မပါဘဲ ဆုတ်ဖြဲခဲ့ကြပြီး ယင်းတို့ကို သစ်လွင်သော အဝတ်အစားများဖြင့် အစားထိုးခဲ့ကြ၏၊ သို့တိုင် ဤအရာက ငါ့ကို မပျော်ရွှင်စေခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ငါသည် ထိုကဲ့သို့သော လွယ်ကူချောမွေ့သော ဘဝကို နေသားမကျခဲ့သလို ငါသည် "ပထမတန်းစား" ဆက်ဆံရေးကို စက်ဆုပ်ရွံရှာခဲ့ခြင်းကြောင့်၊ သန့်ရှင်းသော အိမ်မှ ငါမွေးဖွားလာခဲ့ခြင်းကြောင့်နှင့် ပြော၍ရသည့် ငါသည် "ဆင်းရဲမွဲတေမှု" ထဲ၌ မွေးဖွားခဲ့ခြင်းကြောင့် ငါသည် လိုလေသေးမရှိပြုစုခံခဲ့ရသည့် ဇိမ်ခံဘဝမျိုးနှင့် နေသားမကျခဲ့ပေ။ ငါသည် လူတို့အနေဖြင့် ငါ၏ စိတ်နှလုံးထဲမှ ခံစားချက်များကို နားလည်နိုင်ပြီး၊ ငါ၏နှုတ်မှ နာလိုခံခက်သော သမ္မာတရားများကို လက်ခံနိုင်ဖို့အလိုငှာ ဆင်းရဲဒုက္ခအနည်းငယ်ကို သည်းခံနိုင်သည်ကိုသာ ငါအလိုရှိသည်။ အယူအဆအကြောင်း ငါဘယ်သောအခါမျှ မပြောနိုင်ခဲ့သောကြောင့်၊ သို့မဟုတ် လူတို့နှင့်အတူ ပေါင်းသင်းနိုင်ရန်လို့ငှာ ၎င်းတို့၏ ရင်းရင်းနှီးနှီး ရောနှောဆက်ဆံမှု၏ လျှို့ဝှက်ချက်များကို အသုံးပြုနိုင်စွမ်းမရှိသောကြောင့်နှင့် လူတို့၏ မျက်နှာထား နှင့် ၎င်းတို့၏ စိတ်သဘောအရ ငါ၏ နှုတ်ကပတ်တော် များကို အံဝင်ခွင်ကျဖြစ်အောင် စီမံထားပေးနိုင်စွမ်းမရှိသောကြောင့်၊ လူတို့သည် ငါ့ကို အမြဲ ရွံရှာစက်ဆုပ်ကြကာ၊ ငါ့ကို အပြန်အလှန်ဆက်ဆံဖို့ မထိုက်တန်ဟု ယုံကြည်ကြပြီး၊ ငါ၌ မထောက်ညှာတတ်သော လျှာရှိပြီး လူတို့ကို အစဉ်အမြဲ ထိခိုက်စေသည်ဟု ဆိုခဲ့ကြပေပြီ။ သို့တိုင် ငါ၌ ရွေးချယ်စရာမရှိ၊ ငါသည် လူတို့ စကားပြောသည့် နည်းလမ်းများကို ကျွမ်းကျင်ပိုင်နိုင်ပြီး ၎င်းတို့၏ မျက်နှာရိပ်မျက်နှာကဲနှင့် လျော်ကန်သည်အတိုင်း စကားပြောရန်အလို့ငှာ၊ လူ၏ စိတ်သဘောကို တစ်ချိန်က ငါလေ့လာခဲ့၏၊ လူတို့၏ ဘဝဒဿနကို တစ်ချိန်က အတုခိုးခဲ့ပြီး လူသား၏ဘာသာစကားကို လေ့လာသင်ယူရန် "ဘာသာစကားကောလိပ်"သို့ တစ်ချိန်က ငါသွားရောက်ခဲ့၏၊ သို့သော် ငါသည် များစွာကြိုးစားအားထုတ်ပြီး၊ "ကျွမ်းကျင်သူ" အများအပြားထံသို့ လည်ပတ်ခဲ့သော်လည်း၊ အရာအားလုံးက အချည်းနှီးဖြစ်ခဲ့လေသည်။ ငါ၏ အထဲ၌ လူ့သဘာဝတစ်ခုတစ်လေမျှ ဘယ်သောအခါမှ မရှိခဲ့၊ ဤနှစ်များစွာအားလုံးအတွက် ငါ၏ အားထုတ်မှုများသည် အနည်းငယ်မျှ အကျိုးသက်ရောက်မှုမရှိခဲ့၊ ငါသည် လူသား၏ဘာသာစကား၌ စွမ်းရည်အနည်းငယ်မျှပင် လုံးဝမရှိခဲ့၊ ထို့ကြောင့် လူသား၏ စကားလုံးများဖြစ်သည့် "ကြိုးစားလုပ်ဆောင်ခြင်းက အောင်မြင်သည်" ဟူသည်ကို ငါအားဖြင့် "ရောင်ပြန်ဟပ်"ခဲ့ရပြီး၊ ရလဒ်အနေဖြင့် ယင်းစကားလုံးများက ကမ္ဘာပေါ်တွင် အဆုံးသတ်ခြင်းသို့ ရောက်လာကြရ၏။ လူတို့ သတိထားမိခြင်းမရှိဘဲ ယင်းစကားလုံးများမှာ ရပ်တည်မရနိုင်သော စကားလုံးများဖြစ်ကြောင်း အတည်ပြုနိုင်ရန် လုံလုံလောက်လောက် စစ်ဆေးရင်း၊ ကောင်းကင်ဘုံမှ ဘုရားသခင်အားဖြင့် ဤဆောင်ပုဒ်မှာ မှားယွင်းကြောင်း ထင်ရှားစေသည်။ ထို့ကြောင့် ငါသည် လူသားကို တောင်းပန်၏၊ သို့သော် ဘာမျှ မတတ်နိုင်ပေ။ အဘယ်သူသည် ငါ့အား အလွန် "မိုက်မဲ"အောင် ပြုခဲ့သနည်း။ ငါသည် လူသား၏ ဘာသာစကားကို သင်ယူခြင်း၊ ဘဝဒဿနများ၌ ကျွမ်းကျင်လာခြင်း၊ လူတို့နှင့်အတူ ရင်းရင်းနှီးနှီးဆက်ဆံခြင်းတို့တွင် မစွမ်းသာပေ။ ငါသည် လူတို့ကို သည်းခံခြင်းရှိဖို့၊ ၎င်းတို့ စိတ်နှလုံးများထဲက အမျက်ဒေါသများကို ဖိနှိပ်ထားဖို့၊ ငါ့ကြောင့် မိမိတို့ကိုယ်ကိုယ် မနာကျင်စေကြဖို့ရန်သာ ငါအကြံပြုသည်။ အဘယ်သူသည် ငါတို့ကို အချင်းချင်း အပြန်အလှန်ဆက်ဆံစေ ခဲ့သနည်း။ အဘယ်သူသည် ဤအခိုက်အတန့်တွင် ငါတို့ တွေ့ဆုံစေခဲ့သနည်း။ အဘယ်သူသည် ငါတို့ကို တူညီသော စံနမူနာများ ရှိစေ သနည်း။

ငါ၏ စိတ်သဘောထားသည် ငါ၏နှုတ်ကပတ်တော်များအားလုံးတစ်လျှောက် စိမ့်ဝင်ပျံ့နှံ့ပြီး၊ သို့တိုင် လူတို့က ငါ့နှုတ်ကပတ်တော်ထဲ၌ ယင်းကို နားလည်သဘောပေါက်နိုင်ခြင်းမရှိကြပေ။ ၎င်းတို့က ငါအဘယ်အရာကို ပြောဆိုသည်ကို ချစ်တီးခေါင်းသန်းရှာရုံသက်သက်ရှာကြပြီး ယင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ငါ၏အကြောင်းနှင့် ပတ်သက်၍ ၎င်းတို့၏ စိတ်ကူးများက ၎င်းတို့ကို စုံလင်စေနိုင်သလော။ ကမ္ဘာမြေပေါ်က အမှုအရာတို့သည် ငါ၏အလိုတော်ကို ပြီးမြောက်စေနိုင်သလော။ ငါ၏နှုတ်ကပတ်တော်များကို အဘယ်သို့ပြောရမည်အကြောင်း လူတို့ကို ငါသွန်သင်ရန် ဆက်လက်ကြိုးစားခဲ့၏၊ သို့သော် ယင်းမှာ လူသားက အာစေးထည့်ထားသကဲ့သို့ဖြစ်ပြီး၊ ငါ့ဆန္ဒရှိသည်အတိုင်း ငါ၏နှုတ်ကပတ်တော်များကို အဘယ်သို့ပြောဆိုရမည်ကို သင်ယူရန် ၎င်းသည် အဘယ်သောအခါမျှ မတတ်နိုင်ခဲ့ပေ။ ငါသည် နှုတ်ချင်းတေ့ သွန်သင်ခဲ့ပါသော်လည်း၊ ၎င်းက သင်ယူဖို့ရန် လုံးဝမတတ်နိုင်ခဲ့။ ဤနောက်တွင်မှ၊ အသစ်အဆန်းတစ်ခု ငါရှာဖွေတွေ့ရှိခဲ့၏၊ ကမ္ဘာမြေပေါ်မှ လူတို့သည် ကောင်းကင်ဘုံ၏ စကားများကို အဘယ်သို့ ပြောဆိုနိုင်မည်နည်း။ ဤအရာက သဘာဝတရား၏ နိယာမများကို ချိုးဖောက်သည် မဟုတ်လော။ သို့သော် ငါ့အပေါ် လူတို့၏ စိတ်အားထက်သန်မှုနှင့် စပ်စပ်စုစုဖြစ်ခြင်းတို့ကြောင့်၊ ငါသည် လူသားအပေါ် အမှု၏အစိတ်အပိုင်းနောက်ထပ်တစ်ခုကို စတင်လုပ်ဆောင်ခဲ့၏။ လူသား၏ ချို့တဲ့ခြင်းများကြောင့် ငါသည် သူ့ကို ဘယ်သောအခါမျှ အရှက်မရစေခဲ့၊ သို့သော် ယင်းအစား ၎င်း၏ လိုအပ်ချက်များနှင့်အညီ လူသားကို ငါထောက်ပံ့လေသည်။ ဤအရာကြောင့်သာလျှင်၊ လူတို့သည် ငါ့အား အတော်အတန် ကောင်းသော ထင်မြင်ချက်တစ်ခု ရှိကြခြင်းဖြစ်ပြီး၊ ငါ့စည်းစိမ်၏ အစိတ်အပိုင်းနောက်ထပ်တစ်ရပ်ကို ၎င်းတို့ပျော်မွေ့ကြစေခြင်းငှာ၊ ငါသည် ၎င်းတို့ကို တဖန်အတူတကွ စုရုံးဖို့ ဤအခွင့်အရေးကို အသုံးပြု၏။ ဤအခိုက်အတန့်တွင်၊ လူတို့သည် မိုးကောင်းကင်ထဲက နီတျာတျာ တိမ်တိုက်များအနီးတွင် လွင့်မျောရင်း ပျော်ရွှင်ခြင်း၊ ရွှင်လန်းခြင်းများနှင့် ရယ်မောခြင်းတို့ထဲ နောက်တစ်ဖန် နှစ်မြှုပ်ကြပြန်လေသည်။ လူသား၏စိတ်နှလုံးကို ငါဖွင့်ပြီး၊ လူသားသည် ချက်ချင်း တက်ကြွမှုအသစ်ရရှိကာ၊ ပျားရည်၏ ချိုမြိန်သောအရသာကို မြည်းခဲ့ပြီးသည့်အတွက် ငါ့ထံမှ နောက်ထပ် ဖုံးကွယ်ရန်ဆန္ဒမရှိတော့သောကြောင့် ငါသည် မှိုက်သရိုက် စုသိမ်းသောနေရာ သို့မဟုတ် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲသည့် ရုံတစ်ခုဖြစ်သွားဘိသကဲ့သို့ ၎င်း၏ တိုလီမိုလီအားလုံးကို ဖလှယ်ရန် ထုတ်ယူလာလေသည်။ ယင်းအကြောင်းကြောင့်၊ တင်ခဲ့ပြီးသော "ကြော်ငြာများ"ကို မြင်ပြီးနောက်၊ လူတို့သည် ငါ့ရှေ့မှောက်သို့ လာကြပြီး၊ စိတ်အားထက်သန်စွာ ပါဝင်ကြလေသည်။ ၎င်းတို့အနေဖြင့် "အမှတ်တရများ" အနည်းငယ် ရနိုင်သည်ဟု ထင်ရသည့်အတွက်ကြောင့်၊ ငါစီစဉ်ထားသည့် ဖြစ်ရပ်များတွင် ပါဝင်ကြရန်အလို့ငှာ ၎င်းတို့အားလုံး ငါ့အား "စာများ" ပို့ကြလေသည်။ ဤအခိုက်အတန့်တွင်၊ ၎င်းတို့သည် ဆုံးရှုံးမှုများနှင့်သက်ဆိုင်၍ ကြောက်ရွံ့မနေကြ၊ ဤလှုပ်ရှားမှုများ၏ "အရင်းအနှီး" သည် မကြီးသောကြောင့်၊ ၎င်းတို့သည် စွန့်စွန့်စားစား ပါဝင်ဆင်နွှဲနဝံ့ကြလေသည်။ ပါဝင်ဆင်နွှဲရာမှ မည်သည့် အမှတ်တရမျှ ရရှိဖို့မရှိခဲ့လျှင်၊ လူတို့သည် ပွဲခင်းကို စွန့်ခွာပြီး၊ ၎င်းတို့၏ ငွေကို ပြန်တောင်းဆိုကြမည်ဖြစ်ကာ၊ ၎င်းတို့အပေါ် ငါတင်ရှိသော "အတိုး"ကို တွက်ချက်ကြလိမ့်မည်ဖြစ်သည်။ ယင်းမှာ ယနေ့ လူနေမှု အဆင့်အတန်းများသည် တိုးတက်ခဲ့ပြီး၊ "ချမ်းသာကြွယ်ဝမှု၏ အတော်အသင့်အဆင့်"ကို ရောက်ရှိနေကာ၊ "အကြီးတန်း ကေဒါ" တို့ကိုယ်တိုင် အလုပ်ကို စီမံရန် "ကျေးလက်ဒေသသို့ သွားရောက်ရင်း" ခေတ်နှင့် အမီလိုက်ခြင်းကြောင့်၊ လူတို့၏ ယုံကြည်ချက်မှာ အကြိမ်များစွာ ချက်ချင်းတိုးပွားခဲ့ပြီး၊ ၎င်းတို့၏ "ဖွဲ့စည်းပုံအခြေခံ ဥပဒေ"မှာ ပို၍ ပို၍ ကောင်းမွန်လာခြင်းကြောင့်၊ ငါ့ကို လေးစားမှုနှင့် မျှော်ကြည့်ကြပြီး ငါ၏ ယုံကြည်မှုကို ရရှရန်အလို့ငှာ ငါနှင့် ထိတွေ့ဆက်ဆံဖို့ ဆန္ဒရှိနေကြလေသည်။

၁၉၉၂ ခုနှစ်၊ ဧြပီလ ၁၁ ရက်

ယခင်က:အခန်း ၃၀

နောက်တစ်ခုသို့:အခန်း ၃၂

သင်နှစ်သက်နိုင်သည့် အရာများ