အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

သုံးဆယ့်ခြောက်ခုမြောက် မိန့်မြွက်ချက်

အရာခပ်သိမ်းသည် ငါ၏လက်များအားဖြင့် စီမံထားခြင်းဖြစ်၏။ မည်သူသည် ၎င်းနှစ်သက်သည့်အတိုင်း ပြုဝံ့သနည်း။ မည်သူသည် ဤသည်ကို အလွယ်တကူ ပြောင်းလဲနိုင်သနည်း။ လူတို့သည် လေထဲတွင် ဟိုဟိုသည်သည် လွင့်မျောနေလျက်၊ ဖုန်မှုန့်များရွေ့လျားသကဲ့သို့ ရွေ့လျားနေကာ၊ ၎င်းတို့၏မျက်နှာများသည် ညစ်ပေနေ၍ ဦးခေါင်းမှ ခြေဖျားအထိ ရွံ့ရှာဖွယ်ကောင်းနေစေ၏။ ငါသည် လေးလံသောနှလုံးသားဖြင့် တိမ်များကြားမှ ကြည့်၏- တစ်ချိန်က တက်ကြွမှုအပြည့်ရှိခဲ့သည့် လူသားသည် ဤအသွင်သို့ အဘယ်ကြောင့်ပြောင်းလဲခဲ့သနည်း။ ထို့အပြင် ထိုသို့ဖြစ်ခြင်းကို သူသည် အဘယ်ကြောင့်မသိသနည်း၊ အဘယ်ကြောင့် မခံစားနိုင်သနည်း။ သူ့ကိုယ်သူ “ဖြစ်ကတတ်ဆန်းနေ”လျက် အညစ်အကြေးဖြင့် ဖုံးလွှမ်းခွင့် အဘယ်ကြောင့်ပြုသနည်း။ ဤသည်မှာ သူ့အပေါ်သူ မေတ္တာနှင့် လေးစားမှု ကင်းမဲ့ခြင်းပင် ဖြစ်သည်။ လူသားသည် ငါတောင်းဆိုသည့်အရာကို အဘယ်အကြောင့် အစဉ်အမြဲ ရှောင်ရှားသနည်း။ ငါသည် သူ့အပေါ် အမှန်စင်စစ်ပင် ရက်စက်၍ လူမဆန်သည်လော။ ငါသည် အမှန်စင်စစ်ပင် ထင်ရာပြု၍ အကျိုးသင့် အကြောင်းသင့် မပြုသူ တစ်ဦးလော။ သို့ဖြစ်လျှင် လူတို့သည် ငါ့ကို အဘယ်ကြောင့် စိန်းဝါးသည့် မျက်လုံးများနှင့် အစဉ် ကြည့်သနည်း။ ထိုသူတို့သည် ငါ့ကို အဘယ်ကြောင့် အစဉ်မုန်းတီးသနည်း။ ငါသည် သူတို့အား လမ်းဆုံးသို့ ခေါ်ဆောင်ခဲ့ပြီလော။ လူသားသည် ငါ၏ပြစ်တင်ဆုံးမခြင်း၌ မည်သည့်အခါမျှ မည်သည့်အရာမျှ တွေ့ရှိခဲ့ဖူးခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရန်သူတစ်ဦးကို သတိဖြင့် ကြည့်နေသည့်အလား မျက်လုံးနှစ်လုံးကို ငါ့အပေါ်စူးစိုက်ကြည့်လျက်၊ သူ၏လည်ပင်းပတ်လည်ရှိ ထမ်းပိုးကို လက်နှစ်ဘက်နှင့် ဆုပ်ကိုင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ ပြုလုပ်ခြင်း မရှိသောကြောင့်ဖြစ်၏—ဤအချိန်တွင်သာ သူမည်မျှ ပိန်ချုံးချည့်နဲ့နေသည်ကို ငါသတိထားမိ၏။ ၎င်းအတွက်ကြောင့် စမ်းသပ်မှုများ အကြား မည်သူမျှ ခိုင်မြဲစွာရပ်တည်ခဲ့ခြင်းမရှိဟု ငါပြောခြင်းဖြစ်၏။ လူသား၏ဝိညာဉ်အသက်တာသည် အတိအကျအားဖြင့် ဤသို့ပင်မဟုတ်လော။ သူ၏ “အတိုင်းအတာများ”အတွက် ကိန်းဂဏန်းများကို ငါမှသူ့အားပြောပြရန် သူလိုအပ်သလော။ လူသား၏ “အရပ်”သည် မြေကြီးပေါ်တွင် လူးလွန့်နေသည့် တီကောင်လေးတစ်ကောင်၏ အရပ်ထက် သာ၍မမြင့်ပေ။ ထို့အပြင် သူ၏ “ရင်ဘတ်”သည် မြွေတစ်ကောင်၏ ရင်ဘတ်နှင့် အကျယ်ချင်းတူ၏။ ဤတွင် ငါသည် လူသားအား နှိမ်နေခြင်းမဟုတ်ပေ—ဤသည်တို့မှာ သူ့ဝိညာဉ်အသက်တာ၏ ကိန်းဂဏန်းများ အတိအကျပင် မဟုတ်လော။ ငါသည် လူသားအား သိက္ခာချ ခဲ့ပြီလော။ လူသားသည် မြူးတူး ဆော့ကစားနေသော ကလေးငယ်တစ်ဦးအလား ဖြစ်၏။ တိရစ္ဆာန်များနှင့် သူဆော့ကစားသည့် အချိန်များပင် ရှိ၏။ သို့သော်လည်း သူသည် ပျော်လျက်ရှိ၏။ ထို့အပြင် သူသည် ကြောင်တစ်ကောင်ကဲ့သို့ စိုးရိမ်ပူပန်မှုကင်းမဲ့သည့် ဘဝတစ်ခုတွင် နေထိုင်နေ၏။ ငါသည် မြေကြီးပေါ်ရှိ လူတို့၏လွန်ကဲသော နေထိုင်ပုံအပေါ် လွန်စွာ စိတ်ကုန်နေသည်မှာ ဝိညာဉ်တော်၏လမ်းပြမှုကြောင့် ဖြစ်နိုင်သည် သို့မဟုတ် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အခန်းကဏ္ဍကြောင့် ဖြစ်နိုင်သည်။ ကပ်ပါးပိုးတစ်ကောင် ကဲ့သို့သော လူသား၏အသက်တာကြောင့် “လူ့ဘဝ” ဟူသော စကားလုံးများအပေါ် ငါ၏ “စိတ်ဝင်စားမှု” သည် အနည်းငယ်တိုးလာသဖြင့် ငါသည် လူ့ဘဝအပေါ် အနည်းငယ် သာ၍ “ကြည်ညိုလေးစား” လာ၏။ အဘယ်ကြောင့်ဆိုသော် လူသားသည်သာ အဓိပ္ပာယ်ရှိသောဘဝတစ်ခုကို ဖန်တီးနိုင်စွမ်းရှိပုံရသည့်အတွက် ဖြစ်၏။ ငါမူကား ဤသို့ပြုရန် တတ်စွမ်းခြင်းမရှိပေ။ ထို့ကြောင့် ငါသည် လူသားအကြား အခက်အခဲများကို ကြုံတွေ့ကာ လေ့လာနိုင်ခြင်းမရှိသဖြင့် ငါသည် “တောင်များ”သို့ ဆုတ်ခွာနိုင်ရုံသာ ရှိ၏။ သို့ရာတွင် လူသားသည် ငါ့အား အတင်းအကျပ်ပြုစေ၏—ငါ့တွင် အခြားနည်းလမ်းမရှိပေ။ ငါသည် လူသားနှင့်အတူ အတွေ့အကြုံများကို အတိုချုံးပြောဆိုလျက်၊ သူနှင့်အတူ လူ့ဘဝကိုကြုံတွေ့ခံစားကာ သူ၏အစီအမံများကို နာခံရုံသာ ရှိ၏။ ကောင်းကင်ဘုံတွင် တစ်ချိန်တစ်ခါက ငါသည် တစ်မြို့လုံး လည်ပတ်သွားလာခဲ့ကာ၊ ကောင်းကင်ဘုံအောက်တွင်၊ တစ်ချိန်တစ်ခါက ငါသည် နိုင်ငံခပ်သိမ်းသို့ လည်ပတ်သွားလာခဲ့၏။ သို့သော်လည်း မည်သူမျှ ငါ့ကို မည်သည့်အခါကမျှ တွေ့ရှိခဲ့ခြင်းမရှိ၊ ငါဟိုဟိုသည်သည် ရွေ့လျားသွားလာစဉ်က ငါ့ရွေ့လျားမှု၏ အသံကို ကြားခဲ့ရုံမျှသာရှိ၏။ လူတို့၏မျက်လုံးများထဲတွင် ငါသည် အရိပ်အယောင် စိုးစဉ်းမျှမရှိဘဲ သွားလာ၏။ ထိုသူတို့၏နှလုံးသားများထဲတွင် ငါသည် မမြင်နိုင်သော ကိုးကွယ်ရာရုပ်တုတစ်ခု ဖြစ်သွားသည့်အလား ဖြစ်၏။ သို့ရာတွင် ထိုသို့ဖြစ်သည်ဟု လူတို့မယုံကြပေ။ ဤအရာအားလုံးသည် လူသား၏နှုတ်မှ ဝန်ခံသည့်အချက်များ မဟုတ်ခြင်း ဖြစ်နိုင်သလော။ ယခုအချိန်တွင် ၎င်းတို့ပြစ်တင်ဆုံးမခြင်း ခံထိုက်သည်ဟု ဝန်မခံသူ မည်သူရှိသနည်း။ လက်ဆုပ်လက်ကိုင် အထောက်အထားရှေ့တွင် လူတို့သည် ခေါင်းမော့နေနိုင်သေးသလော။

ငါသည် လူသားအကြား လုပ်ငန်းဆိုင်ရာ အပေးအယူတစ်ရပ် လုပ်ကိုင်၏။ ငါသည် သူ၏မစင်ကြယ်မှုနှင့် ဖြောင့်မတ်ခြင်းမရှိမှု အားလုံးကို ဖယ်ရှားလိုက်ကာ ထိုနည်းအားဖြင့် ငါ၏စိတ်နှလုံးနှင့် ညီညွတ်နိုင်ရန် သူ့အား “ပြုပြင်”၏။ သို့သော် လူသားသည် ယခုပင်ဖမ်းမိသော ငါးတစ်ကောင်ကဲ့သို့ အစဉ် ဟိုခုန်သည်ခုန် ပြုနေသဖြင့် အမှု၏ဤအဆင့်တွင် သူ၏ ပူးပေါင်းလုပ်ဆောင်မှုသည် မရှိမဖြစ်လိုအပ်၏။ ထို့ကြောင့် မတော်တဆ ဖြစ်မှုများမှ ကာကွယ်တားဆီးရန် ငါသည် ဖမ်းမိခဲ့သောငါးအားလုံးကို သတ်လိုက်၏။ ၎င်းနောက် ထိုငါးတို့သည် နာခံမှုရှိသွား၍ အနည်းငယ်မျှ ညည်းညူခြင်းမရှိခဲ့ပေ။ ငါသည် လူသားကို လိုအပ်သည့်အခါ သူသည် အစဉ်ပင် ဖုံးကွယ်လျက်ရှိ၏။ ဤသည်မှာ သူသည် အံ့သြဖွယ်ရာမြင်ကွင်းများကို တစ်ခါမျှ မမြင်ဖူးသည့်အလား၊ ကျေးလက်အရပ်တွင် မွေးဖွားခဲ့၍ မြို့နေကိစ္စများကို ဘာမျှမသိသည့်အလားဖြစ်၏။ လူသား၌ ချို့တဲ့နေသည့် အစိတ်အပိုင်းများတွင် ငါသည် ငါ၏ဉာဏ်အမြော်အမြင်ကို ထည့်၍ သူ့အား ငါ့ကိုသိစေ၏။ လူသားသည် ဆင်းရဲလွန်းသဖြင့် ငါကိုယ်တိုင် လူသားအကြားလာ၍ သူ၏မျက်လုံးများကို ဖွင့်စေကာ သူ့အား “ကြွယ်ဝချမ်းသာခြင်း လမ်းကြောင်း” ကို ပေး၏။ ဤသည်၌ ငါသည် သူ့အားကယ်တင်နေခြင်း မဟုတ်လော။ ဤသည်မှာ လူသားအပေါ် ငါ၏ကရုဏာ မဟုတ်သလော။ ချစ်ခြင်းမေတ္တာဟူသည် အကြွင်းမဲ့ ပေးဆပ်ခြင်းလော။ ပြစ်တင်ဆုံးမခြင်းသည် မုန်းတီးမှုသာဖြစ်သလော။ ငါသည် လူသားအား ရှုထောင့်အမျိုးမျိုးမှ ရှင်းပြခဲ့ပြီးဖြစ်၏။ သို့သော်လည်း သူသည် ဤသည်ကို စကားလုံးများနှင့် အယူဝါဒများအဖြစ်သာ သဘောထား၏။ ငါ၏ ဖွင့်ဆိုချက်များသည် လူသား၏လက်များထဲတွင် သုံးမရအောင်ပျက်စီးသွားသည့် အနေဖြင့်ရောင်းချသည့် ဒုတိယတန်းစား ကုန်ပစ္စည်းများအလား ဖြစ်၏။ ထို့ကြောင့် တောင်ပေါ်ကျေးရွာကို ဖုံးလွှမ်းရန် ကြီးမားသော မုန်တိုင်းတစ်ခု လာနေသည်ဟု လူတို့အား ငါပြောသည့်အခါ ဤသည်ကို မည်သူမျှ အလေးမထားပေ၊ ၎င်းတို့အနက် အချို့သာ သံသယရှိသော နှလုံးသားများဖြင့် သူတို့၏အိမ်များကို ပြောင်းရွှေ့ကြ၏။ ကျန်သူများသည် ဂရုမစိုက်သည့်အလား၊ ငါသည် ကောင်းကင်မှ ပျံလွှားငှက်တစ်ကောင်အလား၊ ပြောင်းရွှေ့ခြင်း မပြုကြပေ။ ထိုသူတို့သည် ငါပြောသည့်အရာ တစ်ခုကိုမျှ နားမလည်ပေ။ တောင်များပြိုလဲ၍ မြေကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲသည့်အခါမှသာ လူတို့သည် ငါ၏နှုတ်ကပတ်တော်တို့ကို စဉ်းစားကြ၏။ ထိုအခါမှသာ ၎င်းတို့သည် အိပ်မက်မှနိုးထကြသော်လည်း အချိန်ကား ကျရောက်ခဲ့ပြီးဖြစ်သည်။ ထိုသူတို့အား ကြီးမားသောရေကြီးမှုမှ ဖုံးလွှမ်းလျက် ၎င်းတို့၏ အလောင်းကောင်များသည် ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေကြ၏။ လောက၌ ကံဆိုးမိုးမှောင်ကျခြင်းကို မြင်တွေ့သည့်အခါ ငါသည် လူသား၏ ကံဆိုးခြင်းအတွက် သက်ပြင်းတစ်ချက် ချလိုက်၏။ လူသား၏ ကံကြမ္မာအတွက် ငါသည် အချိန်သုံးလိုက်ကာ ကြီးမားသည့် အဖိုးအခပေးခဲ့၏။ လူတို့၏စိတ်များထဲတွင် ငါ့တွင် မျက်ရည်ပြွန်များမရှိ—သို့သော် မျက်ရည်ပြွန်များမရှိသည့် ဤ “လူထူးလူဆန်း” ငါသည် လူသားအတွက် ကြိမ်ဖန်များစွာ ငိုကြွေးခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ဤသည်ကို လူသားသည် လုံးဝမသိပေ။ သူသည် ငါမရှိသည့်အလား မြေကြီးထဲရှိ သူ၏လက်များထဲမှ ကစားစရာများနှင့် ကစားရုံသာကစား၏။ ထို့ကြောင့် ယနေ့ အခြေအနေများတွင် လူတို့သည် စာနာစိတ်ကင်းမဲ့ကာ အသိဉာဏ်ထုံထိုင်းလျက်ရှိကြ၏။ ထိုသူတို့သည် ဂူထဲတွင် လဲလျောင်းနေဆဲရှိသည်အလား မြေအောက်ခန်းများတွင် “အေးခဲ”နေဆဲရှိကြ၏။ လူသား၏လုပ်ဆောင်ချက်များကို တွေ့သည့်အခါ ငါ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ ထွက်ခွာရန်သာဖြစ်တော့၏ …

လူတို့၏မျက်လုံးများတွင် ငါသည်လူသားအတွက် ကောင်းသည့်အရာများစွာကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သောကြောင့် ၎င်းတို့သည် ငါ့အား လက်ရှိခေတ်ကာလအတွက် အတုယူရန် စံနမူနာထားထိုက်သူအဖြစ် မြင်ကြ၏။ သို့ရာတွင် ဤသူတို့သည် ငါ့အား လူသား၏ကံကြမ္မာကို အုပ်စိုးသူနှင့် အရာခပ်သိမ်း၏ ဖန်ဆင်းရှင်အဖြစ် မည်သည့်အခါကမျှ သဘောထားခဲ့ခြင်း မရှိဖူးပေ။ ဤသည်မှာ ၎င်းတို့သည် ငါ့ကို နားမလည်သည့်အလား ဖြစ်၏။ လူတို့သည် တစ်ချိန်က “နားလည်ခြင်း သက်တော်ရှည်ပါစေ” ဟု အော်ဟစ်ခဲ့သော်လည်း မည်သူမျှ အချိန်များစွာ အသုံးပြုလျက် “နားလည်ခြင်း” ဟူသည့် စကားလုံးကို သုံးသပ်ခဲ့ခြင်းမရှိပေ။ ဤသည်မှာ လူတို့သည် ငါ့ကို ချစ်လိုသည့်ဆန္ဒ လုံးဝမရှိကြောင်းကို ပြ၏။ ယနေ့ကာလများတွင် လူတို့သည် ငါ့ကို မည်သည့်အခါကမျှ တန်ဖိုးထားခဲ့ခြင်း မရှိ၊ ၎င်းတို့၏နှလုံးသားများတွင် ငါ့အတွက် နေရာမရှိပေ။ လာမည့် ဒုက္ခခံရာနေ့များတွင် ငါ့အပေါ် အချစ်စစ်ကို ထိုသူတို့ပြနိုင်မည်လော။ လူသား၏ဖြောင့်မတ်ခြင်းသည် မမြင်နိုင်၊ မတို့ထိနိုင်သည့် ပုံသဏ္ဌာန် ကင်းမဲ့သော အရာတစ်ခု ဖြစ်လျက်ရှိ၏။ ငါလိုလားသည်မှာ လူသား၏နှလုံးသားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသား၏ခန္ဓာကိုယ်ထဲတွင် နှလုံးသားသည် တန်ဖိုးအရှိဆုံးဖြစ်၍ ဖြစ်သည်။ ငါ၏လုပ်ဆောင်ချက်များသည် လူသား၏နှလုံးသားဖြင့် ပြန်လည်ပေးဆပ်ရန် မထိုက်တန်သလော။ လူတို့သည် ငါ့အား ၎င်းတို့၏ နှလုံးသားများကို အဘယ်ကြောင့် မပေးသနည်း။ ၎င်းတို့ကို လက်လွှတ်ရန် လိုလားစိတ်မရှိဘဲ ၎င်းတို့ကိုယ်တိုင်၏ ရင်ဘတ်တွင်သာ အဘယ်ကြောင့် အစဉ်ထွေးပိုက်ထားသနည်း။ လူသား၏နှလုံးသားသည် လူတို့၏ဘဝများ တစ်လျှောက် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ရှိရန် သေချာစေနိုင်မည်လော။ ငါသည် လူတို့ကို တောင်းဆိုမှုများ ပြုသည့်အခါ ၎င်းတို့သည် အမြဲပင် မြေကြီးပေါ်မှ မြေမှုန့်လက်တစ်ဆုပ်စာယူလျက် ငါ့အား အဘယ်ကြောင့် ပစ်ပေါက်ကြသနည်း။ ဤသည်မှာ လူသား၏ ပါးနပ်သည့် လျှို့ဝှက်ကြံစည်မှုလော။ သွားစရာနေရာမရှိသော ဖြတ်သွားသူတစ်ဦးအား ဆွဲဆောင်ကာ ၎င်းတို့၏အိမ်သို့ ပြန်ခေါ်သွား၍ ၎င်းတို့၏အိမ်တွင် ရက်စက်သူများအဖြစ် ပြောင်းလဲသွားကာ သူတို့ကို သတ်ဖြတ်ရန် ကြိုးပမ်းနေသည့်အလားဖြစ်၏။ လူတို့သည် ငါ့အားလည်း ထိုသို့သောအရာများကို ပြုလုပ်လိုကြ၏။ ဤသည်မှာ ၎င်းတို့သည် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ လူတစ်ဦးအားသတ်မည့် လက်မရွံ့သားတစ်ဦးကဲ့သို့၊ လူသတ်ရန်မှာ ပင်ကိုစရိုက်သဖွယ် အကျင့်ပါနေသည့် မာရ်နတ်တို့၏မင်းအလား ဖြစ်၏။ သို့ရာတွင် ယခု လူတို့သည် ဤသို့သောနည်းများကို အသုံးပြုလိုသည့်ဆန္ဒ ရှိနေဆဲဖြစ်လျက် ငါ၏ ရှေ့မှောက်ရောက်လာကြ၏—သို့ရာတွင် ထိုသူတို့တွင် ၎င်းတို့၏ အစီအစဉ်များရှိကာ ငါသည်လည်း ငါ၏ တန်ပြန်လုပ်ဆောင်ချက်များ ရှိ၏။ လူတို့သည် ငါ့ကို မချစ်သော်လည်း ယခုအချိန်တွင် ငါသည် ငါ၏တန်ပြန်လုပ်ဆောင်ချက်များကို အများသိစေရန် မလုပ်ဘဲ မည်သို့နေနိုင်မည်နည်း။ လူသားကို ကိုင်တွယ်ရာတွင် ငါ၌ အကန့်အသတ်မရှိ၊ အတိုင်းအတာမရှိသော ကျွမ်းကျင်မှု ရှိ၏။ သူ၏ အစိတ်အပိုင်းတိုင်းသည် ငါကိုယ်တိုင်၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ငါကိုယ်တိုင်၏ပြုပြင်ခြင်းကို ခံရ၏။ အဆုံးတွင် ငါသည် လူသားအား သူချစ်ခင်သည့်အရာမှခွဲခွာသည့် နာကျင်မှုကို ခံစားစေကာ ငါ၏စီမံမှုများကို နာခံစေမည်။ ထိုအချိန်၌ လူတို့တွင် ညည်းညူစရာ ဘာများရှိလိမ့်မည်နည်း။ ငါပြုသမျှခပ်သိမ်းသည် လူသားအတွက် မဟုတ်သလော။ လွန်လေပြီးသောအချိန်များက ငါသည် ငါ့အမှု၏အဆင့်များကို လူသားအား မည်သည့်အခါကမျှ မပြောခဲ့ပေ— သို့သော် အတိတ်ကနှင့် မတူသောအချိန်ဖြစ်သည့် ယနေ့တွင် ငါ့အမှုတွင်ပါဝင်သည့်အရာမှာ ကွဲပြားသည့်အတွက် ရလဒ်အနေဖြင့် လူတို့ကို လဲပြိုခြင်းမှ ကာကွယ်တားဆီးရန် ငါသည် သူတို့အား ငါ၏အမှုကို ကြိုတင်ပြောပြခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ လူသားအတွင်း ငါထိုးခဲ့သော ကာကွယ်ဆေး မဟုတ်သလော။ မည်သည့်အကြောင်းရင်းကြောင့်ပင် ဖြစ်စေ လူတို့သည် ငါ၏နှုတ်ကပတ်တော်များကို မည်သည့်အခါကမျှ အလေးအနက် မစဉ်းစားခဲ့ချေ။ ဤသည်မှာ ၎င်းတို့၏ ဝမ်းဗိုက်များအတွင်း ဆာလောင်မှုရှိနေကာ ၎င်းတို့စားသည့်အရာကို မရွေးသကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် ၎င်းတို့၏ဝမ်းဗိုက်များကို အားနည်းစေခဲ့ပေပြီ။ သို့သော် လူတို့သည် ၎င်းတို့၏ “ကျန်းမာရေးကောင်းမွန်သော ကြံ့ခိုင်မှုအခြေအနေ”ကို အရင်းအနှီးကဲ့သို့ သဘောထားကာ “ဆရာဝန်၏” အဆုံးအမများကို လုံးဝဂရုမပြုပေ။ ၎င်းတို့အပေါ် ထိရောက်မှုမရှိခြင်းကို မြင်သည့်အခါ လူသားအတွက် စိုးရိမ်ကြောင်း ငါ့ကိုယ်ငါ တွေ့မိ၏။ လူတို့သည် သေးငယ်လွန်း၍ လူ့ဘဝကို ကြုံတွေ့ရခြင်း မရှိသေးသဖြင့် ၎င်းတို့တွင် ကြောက်ရွံ့မှု မရှိပေ။ ၎င်းတို့၏နှလုံးသားထဲတွင် “လူ့ဘဝ” ဟူသည့် စကားလုံးများ မရှိပေ။ ၎င်းတို့သည် ဤစကားလုံးများကို လုံးဝဂရုပြုခြင်း မရှိပေ။ ငါသည် တောင်စဉ်ရေမရ ပြောနေသည့် အဘွားအိုတစ်ဦး ဖြစ်သွားခဲ့ပြီးသည့်အလား ငါ၏နှုတ်ကပတ်တော်တို့ကို စက်ဆုပ်ရွံရှာခြင်းသာ ရှိကြ၏။ အချုပ်ဆိုရသော် မည်သို့ပင်ဖြစ်စေ ငါသည် လူသားကို မရဏနိုင်ငံအတွင်း ပို့ရန်ဆန္ဒ လုံးဝ မရှိသောကြောင့် လူတို့သည် ငါ၏နှလုံးသားကို နားလည်နိုင်မည်ဟု ငါမျှော်လင့်၏။ ယခုအချိန်တွင် ငါ၏စိတ်ခံစားချက် မည်သို့ရှိမည်ကို လူသားသည် နားလည်နိုင်၍ ယခုအချိန်အတိအကျတွင် ငါထမ်းရသည့် ဝန်ထုပ်အပေါ် သက်ညှာနိုင်မည်ဟု ငါမျှော်လင့်၏။

၁၉၉၂ ခုနှစ် ဧပြီလ ၂၆ ရက်

ယခင်က:သုံးဆယ့်ငါးခုမြောက်သော မိန့်မြွက်ချက်

နောက်တစ်ခုသို့:လေးဆယ့်ခုနှစ်ခုမြောက် မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ