အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

သုံးဆယ့်သုံးခုမြောက်သော မိန့်မြွက်ချက်

ကမ္ဘာပေါ်တွင်ရှိသော ငါ၏ဘုန်းတန်ခိုးသည် မိုးမျက်နှာကြက်တွင် ပြည့်စေဖို့ရန် ငါ၏အိမ်၌ တစ်ချိန်က ငါ၏သန့်ရှင်းသော နာမကို ချီးမွမ်း ထောမနာပြုခဲ့ကြသည့်၊ မမောနိုင် မပန်းနိုင် လုပ်ဆောင်ကြသော သူတို့ရှိခဲ့သည်။ ထိုအကြောင်းကြောင့် ငါသည် အလွန့်အလွန် ဝမ်းသာကာ၊ ငါ၏နှလုံးသားသည် ကျေနပ်အားရခြင်းဖြင့် ပြည့်လျက်ရှိနေခဲ့သော်လည်း မည်သူသည် ညနှင့်နေ့တွင် မအိပ်ဘဲ ငါ၏ကိုယ်စား လုပ်ဆောင်နိုင်မည်နည်း။ ငါ၏ရှေ့ရှိ လူသား၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ ငါ့ကို သာယာမှုပေးသော်လည်း၊ သူ၏ ပုန်ကန်ခြင်းမှာမူ ငါ၏ ဒေါသအမျက်ကို နှိုးဆွပြီး၊ လူသားသည် အဘယ်သောအခါမှ သူ၏ တာဝန်ကို လိုက်နာနိုင်ခြင်း မရှိသောကြောင့် ငါ၏ သူ့အတွက် ဝမ်းနည်းရခြင်းသည် သာ၍ ကြီးထွားလာသည်။ လူတို့သည် အဘယ့်ကြောင့် သူတို့ကိုယ်သူတို့ ငါ့ကိုဆည်းကပ်ရန် မတတ်စွမ်းနိုင်သနည်း။ သူတို့သည် အဘယ့်ကြောင့် ငါနှင့် အစဉ်အမြဲ အပေးအယူပြုလုပ်ဖို့ရန် ကြိုးစားကြသနည်း။ ငါသည် ကုန်သွယ်ရေးဌာန၏ အထွေထွေ စီမံခန့်ခွဲရေးမှူး ဖြစ်သလော။ ငါသည် ငါ့အား လူတို့၏ တောင်းဆိုမူများကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဖြည့်ဆည်းပေးသော်လည်း၊ လူသားကို ငါတောင်းဆိုသည့်အရာမှာ အဘယ်ကြောင့် ဘာမျှဖြစ်မလာရသနည်း။ ငါသည် စီးပွားရေး နည်းလမ်းများတွင် မကျွမ်းကျင်ဘဲ၊ လူသားသည် ကျွမ်းကျင်သောကြာင့် ဖြစ်နိုင်သလော။ လူတို့သည် အဘယ့်ကြောင့် အစဉ်အမြဲ နှုတ်ချိုခြင်းနှင့် မြှောက်ပင့်ခြင်းတို့ဖြင့် ငါ့ကိုလိမ်လည်လှည့်ဖြားသနည်း။ လူတို့သည် အဘယ့်ကြောင့် အစဉ်အမြဲ “လက်ဆောင်များ” ယူဆောင်လာကြပြီး ပြန်လည် ဝင်ရောက်ဖိုလမ်းကို တောင်းဆိုကြသနည်း။ ဤကဲ့သို့ ပြုလုပ်ရန် ငါသည် လူကို သွန်သင်ခဲ့သလော။ လူတို့သည် အဘယ့်ကြောင့် ဤသို့သော အရာများကို လျှင်မြန်စွာနှင့် လွယ်ကူစွာ ပြုကြသနည်း။ လူတို့သည် အဘယ့်ကြောင့် ငါ့ကို အစဉ်အမြဲ လိမ်လည်လှည့်ဖြားဖို့ရန် စိတ်အားတက်ကြွ ကြသနည်း။ ငါသည် လူကြားထဲတွင် ရှိသောအချိန်၌ လူတို့သည် ငါ့ကိုဖန်းဆင်းခြင်းခံရသောသူအနေဖြင့် ကြည့်ကာ၊ ငါသည် တတိယကောင်းကင်၌ ရှိသောအချိန်တွင် ငါ့ကို အရာရာတိုင်းအပေါ် အုပ်စိုးသော အနန္တတန်ခိုးရှင်ဟု သူတို့သည် အသိအမှတ် ပြုကြကာ၊ ငါ့သည် မိုးမျက်နှာကြက်တွင် ရှိသောအချိန်၌ သူတို့သည် ငါ့ကို အရာရာတိုင်းအား ပြည့်စေသော ဝိညာဉ်အဖြစ် ရှုမြင်ကြသည်။ အချုပ်အားဖြင့်၊ လူတို့၏ နှလုံးသားများထဲ၌ ငါ့အတွက် သင့်တော်သော နေရာမရှိ။ ဖိတ်ကြားခြင်းမခံရသော ဧည့်သည်တစ်ဦးကဲ့သို့ လူတို့သည် ငါ့ကို စက်ဆုပ်ရွံ့ရှာပြီး၊ ထို့ကြောင့် ငါသည် လက်မှတ်ကို ထုတ်ကာ၊ ငါ၏ ထိုင်ခုံတွင် ဝင်ထိုင်နေစဉ်၊ သူတို့သည် ငါ့ကို အပြင်ဘက်သို့မောင်းထုတ်ပြီး ဤနေရာတွင် ငါ့အတွက် ထိုင်ရန် နေရာမရှိ၊ ငါသည် နေရာမှားကာ ရောက်လာပြီဟုပြောသောကြောင့် အပြင်ဘက်သို့ ဒေါသပုန်ထကာ ထွက်သွားဖို့ရန်မှတပါး၊ ငါ့ထံ၌ ရွေးချယ်စရာမရှိ။ သူတို့၏ သဘောထားကြီးခြင်း သည် အလွန်နုံချာအားနည်းကာ၊ လူတို့သည် အလွန် သဘောထား သေးသိမ်သောကြောင့် လူသားနှင့် ထပ်မံမတွေ့ဆုံရန် ငါသည် ဆုံးဖြတ်ချက်ချလိုက်သည်။ ငါသည် သူတို့နှင့်အတူ တစ်စားပွဲထဲ ထိုင်ကာ စားသောက်တော့မည် မဟုတ်၊ ငါသည် သူတို့နှင့်အတူ ကမ္ဘာပေါ်တွင် ပိုမို အချိန်ကုန်ဆုံးစေလိမ့်မည် မဟုတ်။ သို့သော် ငါစကားပြောသည့်အချိန်တွင်၊ လူတို့သည် အလွန်အံ့အားသင့်ကာ၊ ငါထွက်ခွာသွားမည်ကို သူတို့သည် ကြောက်ရွံ့ကြသဖြင့် သူတို့သည် ငါ့အား ဆက်လက် ဆွဲထားကြသည်။ သူတို့၏ ဟန်ဆောင်မှုများကို မြင်ရသောအခါ၊ ငါ၏ နှလုံးသားထဲ၌ ဝမ်းနည်းပူဆွေးခြင်းနှင့် အထီးကျန်ဖြစ်ခြင်းတို့အား ချက်ခြင်းပင် ငါခံစားရသည်။ ငါသည် သူတို့အားထားခဲ့မည်ကို လူတို့သည် ကြောက်ရွံ့ကြသောကြောင့် ငါသည် သူတို့နှင့် လမ်းများခွဲသွားသည့်အချိန်တွင် ငိုသံသည် ချက်ချင်းပင် မြေတပြင်လုံး ပြည့်လျှံသွားပြီး၊ လူတို့၏ မျက်နှာများသည် မျက်ရည်တို့ဖြင့် ဖုံးအုပ်ခြင်း ရှိကြသည်။ ငါသည် သူတို့၏ မျက်ရည်များကို သုတ်ကာ၊ သူတို့ကို နောက်တစ်ကြိမ် ငါသည် ပြန်လည် ချီမြှောက်ပြီး၊ သူတို့သည် ငါ့ကို ငေးကြည့်ကာ၊ သူတို့၏ အသနားခံနေသော မျက်လုံးများက ငါ့ကို ထွက်ခွာမသွားရန် တောင်းပန်နေပြီး၊ သူတို့၏ “ရိုးသားမှုကြောင့်” ပင် ငါသည် သူတို့နှင့်အတူ ရှိနေခြင်းဖြစ်သည်။ သို့တိုင်အောင် မည်သူသည် ငါ၏ နှလုံးသား အတွင်းမှ နာကျင်မှုကို နားလည်နိုင်မည်နည်း။ ငါ၏ ပြောမထွက်နိုင်အောင် ဆိုးရွားသော အရာများကို မည်သူသည် ဂရုထား သတိပြုမိသနည်း။ လူတို့၏ မျက်လုံးများထဲ၌ ငါသည် စိတ်ခံစားချက်များ လုံးဝမရှိသည့်အလား ဖြစ်ပြီး၊ ထို့ကြောင့်ပင် ငါတို့သည် မတူညီသော မိသားစုနှစ်ခုအဖြစ် အစဉ်အမြဲ ဖြစ်နေကြသည်။ ငါ၏ နှလုံးသားအတွင်းမှ ဝမ်းနည်းပူဆွေးခြင်းကို သူတို့သည် မည်သို့လျှင် မြင်နိုင်မည်နည်း။ လူတို့သည် သူတို့၏ ကိုယ်ပိုင်သာယာမှုများကိုသာ အငမ်းမရဖြစ်နေကြပြီး သူတို့သည် ငါ၏အလိုကို ဂရုထားသတိပြုကြခြင်းမရှိ၊ အဘယ့်ကြောင့်ဆိုသော် ယနေ့ အချိန်ထိတိုင်အောင် လူတို့သည် ငါ၏ စီမံခန့်ခွဲမှုအကြံအစည်၏ ရည်ရွယ်ချက်ကို မသိနားမလည်ကြသေးဘဲရှိသဖြင့် ယနေ့တွင် သူတို့သည် တိတ်ဆိတ်သော တောင်းပန်မှုများကို ပြုလုပ်နေကြဆဲဖြစ်ပြီး၊ ထိုအရာသည် အဘယ်ကဲ့သို့သော အကျိုးကျေးဇူးကို ရရှိနိုင်မည်နည်း။

ငါသည် လူကြားတွင် နေထိုင်သောအခါ လူသားတို့၏ နှလုံးသားများ၌ သေချာသော နေရာတစ်ခုကို ဆုပ်ကိုင်ထား နိုင်သည်။ ငါသည် ဇာတိခန္ဓာတွင် ပေါ်ထွန်းလာခဲ့ပြီး လူတို့သည် ဇာတိခန္ဓာဟောင်းတွင် နေထိုင်ကြသောကြောင့် ၎င်းတို့သည် ငါ့ကို အစဉ်အမြဲ ဇာတိခန္ဓာဖြင့်သာ ဆက်ဆံကြသည်။ လူတို့သည် ဇာတိခန္ဓာကိုသာ ပိုင်ဆိုင်ထားပြီး ထပ်မံ ဖြည့်စရာမရှိသောကြောင့် “သူတို့၌ရှိသမျှအားလုံး” ကို ငါ့အားပေးခဲ့ကြပြီ။ သို့သော်လည်း၊ သူတို့သည် အဘယ်အရာကိုမျှမသိ၊ ၎င်းတို့သည် “သူတို့၏ ဝတ်ပြုခြင်း” ကို ငါ့ရှေ့တွင် ပြုရုံမျှသာပြုကြသည်။ ငါရိတ်သိမ်းသည်မှာ သုံးမရသော အမှိုက်ဖြစ်သော်လည်း လူများသည် ထိုသို့ မထင်မှတ်ကြ။ ငါ၏ အရာတို့နှင့် သူတို့ ပေးသော “လက်ဆောင်များ” ကို ငါနှိုင်းယှဉ်သောအခါ လူတို့သည် ငါ၏ အဖိုးထိုက်တန်ခြင်းကို ချက်ချင်း မှတ်မိကြပြီး၊ ထိုမှသာ သူတို့သည် ငါ၏ အတိုင်းအဆမဲ့ခြင်းကို မြင်နိုင်ကြသည်။ ငါသည် သူတို့၏ ချီးမွမ်းမှုကြောင့် ဂုဏ်ယူဝင့်ကြွားခြင်း မခံစားရဘဲ လူတို့သည် ငါ့ကို ပြည့်ဝစွာ သိစေရန်၊ လူသားတို့ထံ ဆက်လက်ပေါ်ထွန်းသည်။ ငါ၏ အလုံးစုံကို သူတို့အား ပြသသော အချိန်တွင်၊ သူတို့သည် ငါ့အား ပြူးကျယ်သော မျက်လုံးများဖြင့် မော့ကြည့်ကာ၊ ငါ၏ ရှေ့တွင် ဆားတိုင်ကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။ ငါသည် သူတို့၏ အူကြောင်ကြောင်နိုင်ခြင်းကို မြင်ရသည့်အချိန်တွင်၊ ငါ့ကိုယ်ငါ ရယ်မောနေခြင်းမှ မရပ်တန့်နိုင်။ သူတို့သည် အရာများကိုငါ့ထံတွင် တောင်းလျှောက်ဖို့ရန် လက်လှမ်းသောကြောင့်၊ ငါသည် သူတို့အား ငါ့လက်ထဲမှ အရာများကို ပေးလိုက်ပြီး၊ သူတို့သည် ထိုအရာများကို ရင်ဘက်တွင် ပိုက်ကာ မွေးကင်းစကလေးကဲ့သို့ ထိုအရာများကို ရင်ဝယ်ပိုက်ထားကြသည်၊ ၎င်းမှာတဒင်္ဂသာကြာသည့် သူတို့၏လှုပ်ရှားမှုဖြစ်သည်။ သူတို့နေထိုင်ရာပတ်ဝန်းကျင်ကို ငါသည် ပြောင်းလဲသောအခါ သူတို့သည် “ကလေး” ကို ချက်ချင်းပင် တစ်ဖက်သို့ ပစ်လိုက်ပြီး၊ သူတို့၏ လက်များဖြင့် သူတို့၏ ဦးခေါင်းများကို ကိုင်ကာ ပြေးသွားကြသည်။ လူတို့၏ မျက်စိများထဲတွင်၊ ငါသည် အချိန်မရွေး နေရာမရွေး အစဉ်ရှိသော ကူဖော်လောင်ဖက် အနေဖြင့်မြင်ကြသည်မှာ ငါသည် သူခေါ်သည်နှင့် ချက်ချင်းလာသော စားပွဲထိုးတစ်ဦးဖြစ်ဘိသည့်အလားတည်း။ ဤအကြောင်းကြောင့် ငါသည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးကို တိုက်ခိုက်နိုင်သော အဆုံးမဲ့တန်ခိုးရှိသည့်အလား လူတို့သည် ငါ့ကိုအစဉ်အမြဲ “မော်ကြည့်” ပြီး၊ ၎င်းတို့၌ အုပ်စိုးသူပါရှိသည်ကို အရာအားလုံးတို့သည် မြင်နိုင်၍ ထိုသို့အားဖြင့် မည်သူမျှ သူတို့ကို လှည့်စားခြင်းငှာ မဝံ့ရဲကြစေရန် သူတို့သည် ငါ၏လက်ကို အစဉ်အမြဲ စွဲကိုင်ကာ မြေပြင်အား ဖြတ်သန်းသည့် ခရီးတစ်လျှောက် ငါ့အား ဦးဆောင်သွားသည်။ လိမ်လည်လှည့်စားမှုဖြင့် အကျိုးအမြတ်ရရှိလို၍ “သူတို့၏စီးပွားရေးလုပ်ငန်းများကို စတင်ရန်” အတွက် သူတို့၏ “ကျားရဲ၏ ခံညားထည်ဝါသောအသွင် အယောင်ဆောင်သော မြေခွေး” ဟူသည့် လှည့်စားမှုကို ငါသည် ကြာမြင့်စွာကတည်းက မြင်ခဲ့သည်ပြီ။ သူတို့၏ မသိမသာ စိမ့်ဝင်ကူးစက်ပျံ့နှံ့တတ်သည့် မလိုမုန်းထားသော အကြံအစည်တို့ကို ကြာမြင့်စွာကတည်းက ငါမြင်ခဲ့ပြီဖြစ်ပြီး၊ ငါသည် ငါတို့၏ ဆက်ဆံရေးကို မထိခိုက်စေလိုခြင်းမျှသာ ဖြစ်သည်။ ငါသည် အလဟဿ ပြဿနာမရှာ၊ ထိုအရာ၌ တန်ဖိုး သို့မဟုတ် အရေးပါအရာရောက်ခြင်း မရှိ။ လူတို့၏ အားနည်းချက်များကိုအကြောင်းပြု၍ ငါလုပ်ရမည့်အလုပ်ကို ငါလုပ်ရုံမျှသာ လုပ်ဆောင်ခြင်းဖြစ်သည်၊ ထိုသို့မဟုတ်လျှင် ငါသည် သူတို့အား ပြာမှုန့်များအဖြစ် ပြောင်းလဲပြီး၊ သူတို့အား ဆက်လက် တည်ရှိနေစေမည်မဟုတ်။ သို့ရာတွင် ငါလုပ်သောအလုပ်၌ အဓိပ္ပာယ်ရှိသောကြောင့် ငါသည် လူသားကို သက်သာစွာ ပြစ်တင်ဆုံးမခြင်းမပြု။ ထိုအကြောင်းကြောင့်ပင် လူတို့သည် သူတို့၏ ဇာတိခန္ဓာကို အစဉ်အမြဲ ဇက်ကုန်လွှတ်ပေးကြခြင်းဖြစ်သည်။ သူတို့သည် ငါ၏ အလိုကို စောင့်ထိန်းခြင်းမရှိဘဲ ငါ၏တရားစီရင်ရာ ပလ္လင်ရှေ့တွင် ငါ့ကို အစဉ်လှည့်စားကြသည်။ လူတို့သည် အလွန်ရဲကြပေသည်။ နှိပ်စက်ညှဉ်းပန်းသည့် ကိရိယာများက သူတို့ကို ခြိမ်းခြောက်သည့်အခါ သူတို့ အနည်းငယ်မျှပင် မတုန်လှုပ်ပေ။ အဖြစ်အပျက်များမတိုင်မီ အချက်အလက်တစ်ခုတလေပင် ထောက်ပံ့ပေးလာရန် သူတို့သည် မစွမ်းနိုင်လျက်ရှိကြပြီး ငါ့ကို ခေါင်းမာစွာ ဆန့်ကျင်ခြင်းမှလွဲ၍ ဘာမျှမလုပ်။ ညစ်ညူးသည့်အရာအားလုံးကို ထုတ်ဆောင်ရန် ငါတောင်းဆိုသောအခါ သူတို့သည် လက်ဗလာနှစ်ဖက်ကိုသာ ပြဆဲရှိသည်။ ဤအရာကို အခြားသူများက “စံပြ” အဖြစ် မည်ကဲ့သို့ မသုံးဘဲ နေနိုင်မည်နည်း။ လူသားတို့၏ ယုံကြည်ခြင်းသည် အလွန်တရာ ကြီးမားသောကြောင့် သူတို့သည် “ချီးမွမ်း နှစ်လိုဖွယ်” ကောင်းကြသည်။

စကြဝဠာတစ်ခွင်လုံးတွင် ငါ၏ အမှုကို စတင်ခဲ့ပြီးဖြစ်သည်၊ စကြဝဠာရှိ လူတို့သည် ရုတ်တရက် နိုးထလာပြီး ငါ၏အမှုဖြစ်သည့် ဗဟိုချက်ကို လှည့်ပတ်လှုပ်ရှားကြပြီး၊ ငါသည် သူတို့အထဲ၌ “သွားလာ” သောအခါ အားလုံးသည် စာတန်၏ ချည်နှောင်ခြင်းမှ လွတ်မြောက်ပြီး၊ စာတန်၏ ဖိစီးနှိပ်စက်ခြင်း အလယ်၌ ညှင်းဆဲခြင်းကို မခံရပေ။ ငါ၏ နေ့ရက် ရောက်ရှိလာသောကြောင့်၊ လူတို့သည် ပျော်ရွှင်ခြင်းဖြင့် ပြည့်ဝကာ၊ ၎င်းတို့၏ နှလုံးသားအတွင်းရှိ ပူဆွေးခြင်း သောက ပျောက်ကွယ်သွားပြီး မိုးကောင်းကင်မှ ဝမ်းနည်းမှုတိမ်တိုက်တို့သည် လေထုအတွင်း အောက်စီဂျင် အဖြစ်သို့ ပြောင်းလဲကာ လွင့်မျောသွားပြီး၊ ထိုအချိန်တွင်၊ ငါသည် လူနှင့်ရင်းနှီးမှု၏ ပျော်ရွှင်ခြင်းကို မွေ့လျော်သည်။ လူသား၏ လုပ်ဆောင်မူများသည် ငါတစိမ့်စိမ့်ခံစားရန် အရာတစ်စုံတစ်ခုကို ငါ့အားပေးပြီး၊ ထို့ကြောင့် ငါသည် စိတ်ထိခိုက်ခြင်း မရှိတော့ပေ။ ထို့အပြင် ငါ၏ နေ့ရက် ကျရောက်ခြင်းနှင့်အတူ ကမ္ဘာပေါ်၌ရှိသော အသက်ရှိသည့်အရာများသည် ၎င်းတို့၏ ဖြစ်တည်ခြင်း အရင်းအမြစ်ကို ပြန်လည်ရရှိပြီး၊ ကမ္ဘာပေါ်ရှိအရာအားလုံးတို့သည် တဖန် ပြန်လည် အသက်ရှင်လာကြကာ၊ အရာအားလုံးကို အသက်နှင့် ထွန်းတောက်နေစေရန် ငါပြုသောကြောင့် သူတို့သည် ငါ့ကို မိမိတို့ဖြစ်တည်ခြင်း၏ အခြေခံအဖြစ် မှတ်ယူကြသည်။ ထို့ကြောင့် ငါသည်လည်း ၎င်းတို့ကို တိတ်တဆိတ် ပျောက်ကွယ်သွားစေသည်။ ဤသို့ဖြင့် အရာအားလုံးသည် ငါ၏ နှုတ်မှလာသော အမိန့်များကို စောင့်ဆိုင်းပြီး၊ ငါပြောဆိုလုပ်ကိုင်သော အရာတို့အားဖြင့် သာယာကြသည်။ အရာအားလုံးအထဲ၌ ငါသည် အမြင့်ဆုံးဖြစ်သည်၊ သို့တိုင် ငါသည် လူများကြားထဲတွင် နေထိုင်ကာ၊ လူသား၏ လုပ်ဆောင်မှုများသည် ငါ၏ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ လူတို့သည် ငါ၏ ရှေ့တွင် ချီးမွမ်းခြင်းကို ပြုသောအခါ ငါသည် အရာအားလုံးတို့အထက် ဂုဏ်တင်ချီးမွမ်းခြင်းခံရပြီး၊ ဤအကြောင်းကြောင့် ကမ္ဘာမြေပေါ်ရှိ ပန်းများတို့သည် ပူပြင်းသော နေရောင်အောက်၌ ပိုမိုလှပစွာ ဖြစ်ထွန်းကာ၊ မြက်ပင်တို့သည် ပိုမို စိမ်းလန်းစိုပြေပြီး၊ ကောင်းကင်မှ တိမ်တို့သည်လည်း ပိုမို အပြာရောင်သန်းသည်ဟု ထင်မြင်ရသည်။ ငါ၏ အသံကြောင့်၊ လူတို့သည် ဟိုဟိုသည်သည် ပြေးကြသည်။ ယနေ့တွင် ငါ၏ နိုင်ငံတော်၌ရှိသော လူတို့၏ မျက်နှာများသည် ပျော်ရွှင်ခြင်းဖြင့်ပြည့်ပြီး၊ သူတို့၏ အသက်တာမှာ ကြီးထွားဖွံ့ဖြိုးကြသည်။ ငါရွေးချယ်သော လူတို့အားလုံး အကြားတွင် ငါသည် အလုပ်လုပ်ပြီး၊ ငါသည် ငါ၏ ကိုယ်ပိုင်အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သောကြောင့်၊ လူသား၏ အကြံဉာဏ်နှင့် ငါ၏ လုပ်ဆောင်မှုကို စွန်းထင်းခြင်း ခွင့်မပြု။ ငါလုပ်ဆောင်သောအခါ ကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် ၎င်းတို့အထဲ၌ရှိသော အရာအားလုံးတို့သည် ပြောင်းလဲကာ အသစ်ဖြစ်ကြပြီး၊ ငါ၏ အမှုကို ငါပြီးစီးသည့်အချိန်တွင်၊ လူသည် အလုံးစုံ အသစ် ဖြစ်ကြကာ၊ ငါတောင်းဆိုသည့်အရာကြောင့် သူသည် ဆင်းရဲဒုက္ခ၌ ဆက်လက် အသက်မရှင်တော့ပေ။ အကြောင်းမှာ ပျော်ရွှင်ခြင်း အသံကို ကမ္ဘာမြေတစ်လျှောက်လုံး၌ ကြားရနိုင်သောကြောင့်ဖြစ်ပြီး၊ ငါသည် ဤအခွင့်အရေးကို အသုံးချကာ လူသားတို့အကြားတွင် ငါသူ့အား ပေးသော ကောင်းချီးမင်္ဂလာများကို အပ်နှင်းသည်။ ငါသည် နိုင်ငံတော်၏ ရှင်ဘုရင်ဖြစ်သောအခါ လူတို့သည် ငါ့ကို ကြောက်ရွံ့ကြသော်လည်း၊ ငါသည် လူတို့အကြားတွင် ရှင်ဘုရင် ဖြစ်သော အချိန်နှင့် လူတို့အကြားတွင် နေထိုင်သောအခါ လူတို့သည် ငါ၌ ပျော်ရွှင်ခြင်းကို ရှာမတွေ့ကြ။ အကြောင်းမှာ ၎င်းတို့၏ ငါ့အပေါ်ထားသော အယူအဆများသည် ဖယ်ရှားဖို့ပင် ခက်ခဲလှသည်အထိ အတွင်းထဲ၌ နက်ရှိုင်းစွာ စွဲခိုင်နေသဖြင့် အလွန်ဆိုးရွားလှသောကြောင့်ဖြစ်သည်။ လူသား၏သရုပ်သကန်ကြောင့်၊ သင့်လျော်သော ငါ၏အမှုကို ငါပြုပြီး၊ ငါသည် ကောင်းကင်သို့ မြင့်စွာ ပေါ်ထွက်လာပြီး ငါ၏ အမျက်ဒေါသကို လူသားအပေါ် ထုတ်လွှတ်လိုက်သည့်အခါ၊ ငါ့အပေါ်တွင် ထားရှိသည့် လူသား၏ အမျိုးမျိုးသော ထင်မြင်ယူဆချက်တို့သည် ပြာမှုန့်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ငါ့အပေါ်ထားရှိသော သူတို့၏ အယူအဆအချို့ကို ထပ်ပြောရန်အတွက် သူတို့ကို ငါတောင်းဆိုသော်လည်း၊ သူတို့တွင် ဘာမျှ မရှိသည့်အလားနှင့် သူတို့သည် နှိမ့်ချသောသူများဖြစ်ဘိသည့်အလား သူတို့သည် ဆွံ့အနေကြသည်။ လူတို့၏ အယူအဆများအထဲတွင် ငါသာ၍ နေထိုင်လေလေ သူတို့သည် ငါ့ကို သာ၍ ချစ်လာလေလေဖြစ်ပြီး၊ လူတို့၏ အယူအဆများ အပြင်တွင် ငါသာ၍ နေထိုင်လေလေ သူတို့သည် ငါ့ကို သာ၍ ရှောင်ရှားပြီး ၎င်းတို့၏ ငါ့အပေါ် ထင်မြင်ချက်များ ပိုမိုများပြားလာလေလေဖြစ်သည်။ အကြောင်းမှာ လောကကို ငါဖန်ဆင်းသောအချိန်မှစ၍ ယနေ့တိုင်အောင် ငါသည် အစဉ်အမြဲ လူတို့၏ အယူအဆများထဲ၌ နေထိုင်ခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ ငါသည် ယနေ့တွင် လူကြားထဲသို့ လာသောအချိန်၌ လူတို့၏ အယူအဆများအားလုံးကို ငါသည် လွင့်ပြယ်စေသဖြင့် လူတို့သည် ယတိပြတ် ငြင်းပယ်ကြသည်။ သို့သော်လည်း ငါ့ထံတွင် သူတို့၏ အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သင့်တော်သော နည်းလမ်းများ ရှိသည်။ လူတို့သည် စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ကြောင့်ကြခြင်း မရှိသင့်၊ လူသားအားလုံး ငါ့ကိုချစ်ခင်လာစေပြီး၊ သူတို့အား ငါ၏ ကောင်းချီးမင်္ဂလာများကို ကောင်းကင်နိုင်ငံတွင် ခံစားရန် အခွင့်ပေးလျက် ငါသည် လူသားမျိုးနွယ်စုအားလုံးကို ငါ၏ ကိုယ်ပိုင် နည်းလမ်းတို့ဖြင့် ကယ်တင်မည်။

ဧပြီလ ၁၇ရက်၊ ၁၉၉၂။

ယခင်က:နှစ်ဆယ့်ကိုးခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:သုံးဆယ့်လေးခုမြောက်သော မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ